Saturday, July 29, 2017

USAID Private Sector Development Activity Grants စိုက်ပျိုးမွေးမြူစီးပွား.. ချေးငွေ၊ ပံ့ပိုးငွေ လျှောက်ထားရန်...


စာနပ်ရိက္ခာ ဖူလုံမူ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့၏ အတွေ့အကြုံဗဟုသုတဖြန့်ဝေခြင်းကဏ္ဍတစ်ခုအနေနဲ့ သတင်းအချက်အလက်နှင့် နည်းပညာအရင်းမြစ်ဖြန့်ဝေရေးဌာန ၅ခုကို ဖွင့်လှစ်ထားပါသည်။ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တော၊ လယ်ယာမြေဥပဒေဆိုင်ရာအသိပေးစာစောင်များ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဂျာနယ်များ၊ ကျားမရေးရာအသိပညာပေးစာစောင်များ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ သုသေသနစာအုပ်များ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးဆိုင်ရာဥပဒေစာအုပ်များနှင့် စာနပ်ရိက္ခာဖူလုံမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှထုတ်လုပ်သောစာစောင်များကိုလာရောက်ငှားရမ်းဖတ်ရူနိုင်ပါသည်။ FSWG ၏ သတင်းအချက်အလက်နှင့် နည်းပညာ အရင်းအမြစ်ဖြန့်ဝေရေးဌာနလိပ်စာများမှာအောက်ပါအတိုင်းဖြစ်ပါသည်။
.
No.17 Karuna Social Canten
မင်းကြီးလမ်းနှင့်အောင်ရတနာလမ်းထောင့်
၎ရပ်ကွက်၊ ပုသိမ်
ph 09250444501
.
.
From: FSWG Communications Officer <fswg.communicationsofficer@gmail.com>
Date: 2017-07-13 14:17 GMT+06:30
Subject: [FSWG] USAID Private Sector Development Activity Grants
To: fswgteam <fswgteam@googlegroups.com>


လေးစားအပ်ပါသော FSWG အဖွဲ့ဝင်များရှင့်

USAID မှ ပုဂ္ဂလိကကဏ္ဍဖွံ့ ဖြိုးရေးစီမံကိန်း နှစ်စဉ်စီမံကိန်းကြေညာချက် ကို နေ့စဉ်ထုတ်ကြေးမုံသတင်းစာမှ တဆင့်အောက်တွင် ကူးယူဖော်ပြပေးထားပါသည်။ အဖွဲ့ဝင်များ လျှောက်လွှာတင်မည်ဆိုပါကလိုအပ်သောလျှောက်လွှာအပြည့်အစုံနှင့်လိုအပ်သော Concept template အပါအ၀င် နှစ်စဉ်စီမံကိန်းကြေညာချက်အပြည့်အစုံကို ပူးတွဲပါဖိုင်တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ ရရှိနိုင်သည့် ရန်ပုံငွေတောင်းခံနိုင်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၀၀၀၀၀ အထိသတ်မှတ်ထားပြီး လျှောက်လွှာတင်ရမည့်ကာလမှာ ဇွန်လ ၅ရက်၊ ၂၀၁၇ မှ ဇွန်လ ၄ရက်၊ ၂၀၁၈ ခုနှစ်အတွင်းဖြစ်ပါသည်။ နည်းပညာပိုင်းဆိုင်ရာ လိုအပ်သော အကူအညီရှိပါက စားနပ်ရိက္ခာဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့သို့ အကြံဥာဏ်၊ အထောက်အပံ့များရယူနိုင်ပါသည်။ 



ရန်ပုံငွေရရှိရန်အခွင့်အလမ်းကြေညာခြင်း
USAID ပုဂ္ဂလိကကဏ္ဍဖွံ့ ဖြိုးရေးစီမံကိန်း နှစ်စဉ်စီမံကိန်းကြေညာချက်
USAID ပုဂ္ဂလိကကဏ္ဍဖွံ့ ရေးစီမံကိန်းသည် USAID မှငွေကြေးထောက်ပံ့မှုဖြင့်  မြန်မာနိုင်ငံအတွင်းရှိ အလုံးစုံ ပါဝင်သော စီးပွားရေးဆိုင်ရာအုပ်ချူပ်မှုစည်းမျဉ်းစည်းကမ်းများ ပေါ်ပေါက်လာရေးနှင့် ဖွံ့ဖြိုးဆဲဖြစ်သော စီးပွားရေး ဆိုင်ရာလုပ်ငန်းကဏ္ဍများအတွက် ငွေကြေးအခွင့်အလမ်းများ တိုးမြင့်ပေါ်ပေါက်လာရေး တို့ကို ရည်ရွယ်၍ Nathan Associates Inc.(Nathan) လက်တွေ့ ကောင်အထည်ဖော်ဆောင်ရွက်နေသော အစီအစဉ်ဖြစ်ပါသည်။
ယခု နှစ်စဉ်စီမံကိန်းကြေညာချက်အရ USAID ပုဂ္ဂလိကကဏ္ဍဖွံ့ ဖြိုးရေးစီမံကိန်းသည် လူမှုရေးအသင်းအဖွဲ့များ (CSOs)၊ လူထုအခြေပြုအဖွဲ့ အစည်းများ(CBOs)၊ အကျိုးအမြတ်အဓိကမထားသောစီးပွားရေးလုပ်ငန်းများ၊ ဘဏ်များနှင့် အသေးစားငွေချေးအဖွဲ့အစည်းများ ပါဝင်သော ငွေကြေးဆိုင်ရာအဖွဲ့အစည်းများအား ရန်ပုံငွေ ရရှိနိုင်ရန် လျှောက်ထားနိုင်ကြောင်းဖိတ်ခေါ်အပ်ပါသည်။ ထိုရန်ပုံငွေများကိုအသုံးပြုပြီးလျှောက်လွှာရှင်များမှ လုပ်ငန်းဆောင်ရွက်ချက်အသစ်များစတင်ရန် သို့မဟုတ် လက်ရှိလုပ်ငန်း ဆောင်ရွက်ချက်များတွင် ဆန်းသစ် တီထွင်မှုများ ရရှိလာစေရန် အသုံးပြုသင့်ပါသည်။
ရရှိနိုင်သည့် ရန်ပုံငွေတောင်းခံနိုင်မှု ပမာဏမှာအမေရိကန်ဒေါ်လာ ၁၀၀၀၀၀ အထိသတ်မှတ်ထားပြီး လျှောက်လွှာတင်ရမည့်ကာလမှာ ဇွန်လ ၅ရက်၊ ၂၀၁၇ မှ ဇွန်လ ၄ရက်၊ ၂၀၁၈ ခုနှစ်အတွင်းဖြစ်ပါသည်။ ယခုလက်ရှိအချိန်တွင် အမေရိကန်ဒေါ်လာ ၁၀၀၀၀၀ အထက်သို့ မဟုတ်အကောင်အထည်ဖော် ဆောင်ရွက်ရန် ၁၂လအထက်လိုအပ်သောတောင်းခံတင်ပြချက်များကိုစဉ်းစားမည်မဟုတ်ပါ။
Concept Papers လျှောက်လွှာများကှိ ပုံမှန်တောက်လျှောက်လက်ခံနေမည်ဖြစ်ပြီး USAID မှလစဉ်စီစစ်သုံးသပ်ရွေးချယ် သွားမည်ဖြစ်သည်။
လျှောက်လွှာရှင်များမှ တင်ပြလာသောမိမိတို့အကောင်အထည်ဖော်မည့်ဆောင်ရွက်ချက်များသည် အောက်ပါ ရည်ရွယ်ချက်များနှင့် ကိုက်ညီရမည်။
·         ကဏ္ဍပေါင်းစုံပါဝင်သော ရေရှည်တည်တံ့ခိုင်မြဲသည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သောစီးပွားရေးပြုပြင်ပြောင်းလဲမှုများ ထိရောက်စွာဖွံ့ဖြိုးလာစေရန်၊ မူဝါဒရေးရာဆွေးနွေးမှုများ ပေါ်ပေါက်လာစေရန်နှင့် လက်တွေ့ အကောင်အထည်ဖော်ရန်ရည်ရွယ်သည်။
·         ဘေးဥပဒ်ကင်းသောအစားအသောက်များထုတ်လုပ်ရောင်းချစေရန် ရည်ရွယ်သည်။
·         စားသုံးသူဘေးအန္တရာယ်ကင်းရေးအလေ့အထများခိုင်မြဲလာစေရန် ရည်ရွယ်သည်။
·         ဈေးကွက်ဗဟိုပြုသောစိုက်ပျိုးရေးနှင့်အစားအသောက်ကဏ္ဍ ပေါ်ပေါက်လာစေရန်ရည်ရွယ်သည်။
·         ပြည်တွင်းပြည်ပကုန်သွယ်မှု(ပို့ကုန်၊သွင်းကုန်) တို့တိုးတက်လာစေရန်နှင့် တရားမ၀င် ကုန်သွယ်မှု တို့ကို လျှော့ချနိုင်ရန် ရည်ရွယ်သည်။
·         ပွင့်လင်းမြင်သာမှုရှိပြီးအားလုံးပါဝင်သော စီးပွားရေးဆိုင်ရာမူဝါဒချများမှတ်ခြင်းနှင့် အကောင်အထည် ဖော်ခြင်း လုပ်ငန်းစဉ်များကိုတိုးမြှုင့်ပေးနိုင်ရန် ရည်ရွယ်သည်။
·         နည်းပညာပိုင်းနှင့် နည်းပညာပိုင်းမဟုတ်သောစွန့် ဦးတီထွင်မှု၊ဆန်းသစ်တီထွင်ခြင်းနှင့် ဥာဏပစ္စည်းများအားအကာအကွယ်ပေးနိုင်ရန်ရည်ရွယ်သည်။
·         ပဋိပက္ခလွန်ပြန်လည်ထူထောင်နေသည့် နေရာဒေသများတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပက်သက် သောအထောက်အပံ့များပေးနိုင်ရန် ရည်ရွယ်သည်။
·         အမျိုးသမီးများနှင့်တိုင်းရင်းသားလူမျိုးစုများအား အကျိုးကျေးဇူးပေးစွမ်းနိုင်သည့် စီးပွားရေးပြုပြင် ပြောင်းလဲမှုများ ပေါ်ပေါက်လာစေရန် ရည်ရွယ်သည်။
·         စီးပွားရေးပြုပြင်ပြောင်းလဲသည့်ဖြစ်စဉ်တွင် မီဒီယာ၏အခန်းကဏ္ဍကိုတိုးမြှင့်ပေးနိုင်ရန်ရည်ရွယ်သည်။
·         စီးပွားရေးမူဝါဒများနှင့် ကုန်သွယ်ရေးဥပဒေများအားပြည်သူလူထုမှ အသိပညာတိုးပွားလာစေရန် သုတေသနပြုလုပ်မှုများ၊ အသိပညာဖြန့်ဝေခြင်းများ ပြုလုပ်ရန်ရည်ရွယ်သည်။
·         သက်သေရလဒ်များအပေါ်အခြေခံသော စီးပွားရေးဆိုင်ရာမူဝါဒနှင့် စီးပွားရေးဆိုင်ရာဥပဒေများ ပြုပြင် ပြောင်းလဲနိုင်ရန်ချေပပြောဆိုနိုင်သော လူမှုအဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် အများပြည်သူဆိုင်ရာ ကဏ္ဍများမှ အဖွဲ့အစည်းများ၏စွမ်းဆောင်ရည်များ မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်သည်၊
·         တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ပေါ်ပေါက်လာရန် ရည်ရွယ် သည်။
·         အသေးစားနှင့်အလတ်စားလုပ်ငန်းများမှ ငွေကြေးအခွင့်အလမ်းများရရှိခြင်းနှင့် စုငွေများပိုမို စုဆောင်း နိုင်ရေး နိုးဆော်ပေးရန်ရည်ရွယ်သည်။
·         ဘဏ်များဘဏ်မဟုတ်သောငွေကြေး အဖွဲ့အစည်းများ၊ အာမခံလုပ်ငန်းများနှင့် ငွေကြေးစီမံခန့်ခွဲမှု အတတ်ပညာပိုင်းတို့ပါဝင်သော ငွေကြေးနှင့်ဘဏ္ဍာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများတွင် ကူညီရန် ရည်ရွယ်သည်။
ဤဂရမ်မှရန်ပုံငွေများသည် မြန်မာနိုင်ငံရှိအဖွဲ့အစည်းအားလုံးနှင့် အမေရိကန်ပြည်ထောင်စု အခြေစိုက်အဖွဲ့ အစည်းများအားလုံးအတွက် အကျူံးဝင်သည်။ ရန်ပုံငွေရရှိသည့်အဖွဲ့ အစည်းများကို အထက်ပါ ရည်ရွယ်ချက်များ အကောင်အထည်ဖော်ရာတွင် ၄င်းတို့ ၀န်ထမ်းများနှင့် အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်များကိုတည်ဆောက်ရာတွင် အသုံးပြုနိုင်သည်။ အမေရိကန်ပြည်ထောင်စုအခြေစိုက် မဟုတ်သော အခြားနိုင်ငံတကာအဖွဲ့အစည်းများအတွက် ရန်ပုံငွေများရယူနိုင်ရန်ုကြိုဆိုသော်လည်း ၄င်းအဖွဲ့ အစည်းများသည် မြန်မာနိုင်ငံတွင်လုပ်ငန်းလည်ပတ်နိုင်ရန် အပြည့်အ၀မှတ်ပုံတင်ထားရမည်ဖြစ်ပြီး ထောက်ပံ့ငွေစုစုပေါင်းမှ၈၀ရာခိုင်နှုန်းကိုပြည်တွင်းတွင်သာသုံးစွဲရမည်ဖြစ်ကြောင်းသတ်မှတ်ထားသည်။
လျှောက်လွှာတင်မည်ဆိုပါကလိုအပ်သောလျှောက်လွှာအပြည့်အစုံနှင့်လိုအပ်သော Concept template အပါအ၀င် နှစ်စဉ်စီမံကိန်းကြေညာချက်အပြည့်အစုံကို ပူးတွဲပါဖိုင်တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

3 comments:

  1. AVS Video Editor Crack Free Download a full featured editor to develop professional video processing. AVS Video Editor With the serial key, you can use the video using the video editor, impose an extension of the consequences, create and burn DVDs, export films to various video codecs, convert videos to iPod, PSP, mobile phones and other portable devices gadgets.

    The activation key for AVS Video Editor supports all important video codecs. Edit and buy video files in codecs AVI, VOB, MP4, DVD, WMV, 3gp, MOV, Mkv, h.263 / h.264 etc.
    AVS-Video-Editor-Patch-2020-Download Trim, reduce, split, merge, rotate and mix films with AVS-Video Editor-Key 2020. Choose from 300 revolutionary video effects and transitions. Include menus, audio, text annotations, and subtitles. Stabilize shaky video digital camera recordings.
    Accelerate HD movie enhancement
    AVS-Video Editor 2020 Free Download Manage AVI HD, WMV HD, Tod, AVCHD, Mod, MTS / m2ts and many others. With AVS video editor. Due to the integrated video cache generation, HD video editing is faster.
    Method Blu-ray films
    Open and edit your Blu-ray movies with AVS Video Editor Full Crack Download. Practice the consequences and add specially designed menus. Upload audio, video and snapshots to your films. Shop files in any major video format. Or burn movies to Blu-ray discs. Downlaoded from this site

    ReplyDelete
  2. But that doesn't mean action movies 2017 ​was a complete disappointment. Instead, the year has brought us many surprises of new voices in Asia. Of course, these weren't the only movies that impressed, as you are about to see. To wrap up another year, we'll look back at some of the best Asian titles released in 2017, as well as "older" titles we first discovered (or in some cases revisited!).
    It seems normal that after a good year for action movies 2017 at showbizclan.com, 2016 is inevitably slowing down. Outside of Okja, Bong Joon-ho's allegorical cross-border adventure on Netflix, there weren't too many new releases from top directors to look forward to or look forward to (at least on the Australian calendar).

    ReplyDelete
  3. Accent RAR Password Recovery - is the professional solution for recovering lost passwords to RAR and WinRAR archives. The search algorithm is uniquely.
    https://cracks4soft.com/accent-rar-password-recovery-crack/
    https://hdlicensed.com/accent-rar-password-recovery-crack/
    https://windowscrack.net/actual-multiple-monitors-crack/
    https://maccracked.com/acunetix-crack/

    ReplyDelete