Thursday, July 27, 2017

ဝေလုကျော်နှင်စိုက်ပျိုးရေးရင်းနှီးမြှတ်နှံမှု


ဝေလုကျော်နှင်စိုက်ပျိုးရေးရင်းနှီးမြှတ်နှံမှု
.
ရန်ကုန်မြို့ ဝေလုကျော်ဖောင်ဒေးရှင်း အဖွဲ့က မိတ်ဆွေများ ည၉နာရီမှာ ဆွေးနွေးခြင်းအတွေ့အကြုံပါ။ နေပြည်တော်က နိုင်ငံခေါင်းဆောင်များထံ တင်ပြဖို့ လယ်ယာစိုက်ပျိုးရေး။ လျှပ်စစ်ဓါတ်အား ကျေးလက်ဖွံ့ဖြိုါ်ရေးအတွက် အစီရင်ခံစာအကြောင့်း ဆွေးနွေးကြပါတယ်။ ညသန်းကောင်အချိန်မှာ နိုင်ငံခေါင်းဆောင်များက သူတို့အတွက် မနက်ဖန်၁၁နာရီမှာ တွေ့ဆုံခွင့်ပေးနိုင်မယ် အကြောင်းပြန်လာတဲ့အတွက် ည၁နာရီမှာ ဝေလုကျော်ဖောင်ဒေးရှင်း အဖွဲ့တွေ နေပြည်တော်ကို ထွက်ခွာသွားကြပါတယ်။ ကားပေါ်မှာပဲ အိပ်ကြမယ်..ပေါ့။ နေပြည်တော်က အစိုးရအုပ်ချုပ်ရေးဌာနကလည်း ညသန်းကောင်ကျော်လည်း နိုင်ငံအကျိုးအတွက် အလုပ်ကြိုးစားလုပ်ကိုင်နေတာကို သိလိုက်ရပါတယ်။ သူတို့အဖွဲ့ နေပြည်တော်ကို ထွက်ခွာသွားချိန် မနက်စောစော ၁၆၁ မိုင်မှာ အပြာရောင် ဂျူပီတာလိုင်းက ဘတ်စကားကြီးတစ်စီး လမ်းဘေးမှောက်နေတာတွေ့တော့ ကားရပ်ပြီး ရတဲ့အချိန်အတွင်းမှာ ခရီးသည်များကို ကားထဲကထုတ်၊ ဒဏ်ရရ စိတ်ဓါတ်ထိခိုက်နေသူများကို ရှေးဦးသူနာပြု ပညာနဲ့ မေတ္တာပြ၊ ကူညီပြုစုကြပါတယ်။ အသေအပျောက် မရှိတာလဲ ၀မ်းသာစရာပါ။
.
တကယ်လုပ်တဲ့ နိုင်ငံသားများအတွက်တော့ အချိန်ဆိုတာ အဖိုးတန်နေပါတယ်။ အချိန်ကို တတ်သိနားလည်ပြီး စိတ်စေတနာကောင်းမွန်တဲ့ ပညာရှင်များ၊ တက်ကြွလှုပ်ရှားသူများ၊ အုပ်ချုပ်ရေးပုဂ္ဂိုလ်များ ပူးပေါင်းလုပ်ဆောင်ကြရင် အချိန်တွေ အလွန်အကြိုးရှိမှာပါ။
.
ရုပ်ရှင်မင်းသား၊ မင်းသမီးတွေ ပရဟိတလုပ်တယ်ဆိုတာ ရှားပါးလှပါတယ်။ အစိုးရမဆန့်ကျင်တဲ့ လုပ်ငန်းကတော့ ပရဟိတ ဖြစ်ပေမဲ့ စစ်အာဏာရှင်အစိုးရလက်ထက်မှာ ပရဟိတလုပ်ရင်း လူထုနှလုံးသား သာမက အုပ်ချုပ်သူ စစ်တပ်အပါအ၀င် နိုင်ငံရေးခေါင်းဆောင်များရဲ့ ချစ်ခင်အရေးပေးခံရတဲ့ ဝေလုကျော် ရဲ့ စိတ်ဓါတ်ကို လေးစားစွာနဲ့ ဒီဆောင်းပါးတိုလေး ရေးသားလိုက်ပါတယ်။
.
.
ဟာကြူလီကသာ ကတော့ ဟိုတခါက နိုင်ငံကျော် စတီရီယိုတေးသံရှင်ဖြစ်ပြီး ဝေလုကျော်အပေါ် လေးစား၊ ကျေးဇူးတင်စာလေးကို ဦးစွာဖေါ်ပြပါရစေ။
.
ဝေလုကျော် နှစ်ကိုယ်ခွဲ..(ဟာဂျူလီ-ကသာ)
********************
ဒီကနေ့(၁၈၊၁၂၊၂၀၁၃)ရက်နေ့ထွက်တဲ့ ဂျာနယ်တစ်စောင်မှာ " ဝေလုကျော်တစ်ယောက် ဆီးဂိမ်းကစားသမားတွေကို အတွက် ပရဟိတတွေ လုပ်ကိုင်နေတဲ့အကြောင်း၊ကြက်ခြေနီအဖွဲ့ကနေပါဝင်ပြီးအားကစားသမားတွေရဲ့ ကျန်းမာရေးကို ဆောင်ရွက်နေကြောင်း"
သတင်းဖတ်လိုက်ရပါတယ်၊မကြာခင်ရက်ပိုင်းကလည်း စကိုင်းနက်ရုပ်သံကနေ ကြက်ခြေနီဝတ်စုံ ၀တ်ထားတဲ့ ဝေလုကျော်ရဲ့ အင်တာဗျူးကို ကြည့်လိုက်ရပါသေးတယ်၊အဲဒီမှာ ဝေလုကျော်ပြောသွားတာက ဆီးဂိမ်းအတွင်းမှာ ကြက်ခြေနီတပ်ဖွဲ့ဝင်တစ်ဦးအနေနဲ့
ပြိုင်ပွဲဝင်ဆီးဂိမ်းကစားသမားတွေရဲ့ ကျန်းမာရေးကို ဆောင်ရွက်ပေးသွားမှာဖြစ်တဲ့အကြောင်း ဖြေကြားသွားပါတယ်၊ သာဓု သာဓုလို့ (၂)ကြိမ်ပဲခေါ်မိလိုက်ရပါသေးတယ်၊ဆီးဂိမ်းကျင်းပရာ နေပြည်တော်နဲ့ မိုင်(၄၀၀)နီးပါးဝေးတဲ့ကသာမြို့ရဲ့ ပွဲတစ်ပွဲမှာ ဝေလုကျော်
ဇာတ်ပွဲတစ်ခုနဲ့ ပါလာတာကို တွေ့လိုက်ရပါတယ်၊ အဲဒီပွဲနဲ့ ဝေလုကျော် တွဲဘက်ကပြသွားတဲ့ရက်ကတော့ (၁၃၊၁၂၊၁၃) ရက်နေ့ကနေ (၁၇၊၁၂၊၁၃)ရက်နေ့ အထိဖြစ်ပါတယ်၊(ဆီးဂိမ်းအတွင်းပေါ့)၊ဒါကိုကြည့်ပြီး ကျွန်တော် တွေးလိုက်မိတာကတော့ ဝေလုကျော်ဟာ
ရုပ်ရှင်ထဲမှာသာ နှစ်ကိုယ်ခွဲသရုပ်ဆောင်တတ်ခြင်း မဟုတ်ဘဲ အပြင်မှာလည်း လက်တွေ့ နှစ်ကိုယ်ခွဲတတ်ကြောင်း အံ့သြဖွယ် တွေ့လိုက်ရပါတယ်။(ဘာပဲဖြစ်ဖြစ် ကသာမြို့ရဲ့ သွေးလှူရှင်အသင်းအတွက် အလှူခံထွက်ပေးခဲ့တဲ့ အတွက် ဝေလုကျော်ကို ကျေးဇူးတင်မိပါတယ်)
.(ဟာဂျူလီ-ကသာ) http://herjulekatha.com
.

.
.


မြန်မာနိုင်ငံရင်းနှီးမြှတ်နှံမှုကော်မရှင်က မူဝါဒအသစ်ကို ဇူလိုင် ၂၀၁၇ မှာ ထုတ်ပြန်ပါတယ်။
.
မြန်မာ့ရင်းနှီးမြုပ်နှံမှုဥပဒေသစ်အရ ဦးစားပေးမည့် ရင်းနှီးမြုပ်နှံမှုများ
၁) လယ်ယာစိုက်ပျိုးထုတ်လုပ်မှု၊ ၀န်ဆောင်မှုနှင့် စိုက်ပျိုးရေး အခြေခံတန်ဖိုးမြှင့်ကုန်ထုတ်လုပ်ငန်းများ
၂) တိရစ္ဆာန် မွေးမြူထုတ်လုပ်ခြင်းနှင့် ရေထွက်ပစ္စည်း မွေးမြူထုတ်လုပ်ခြင်းလုပ်ငန်းများ
၃) ပို့ကုန်မြှင့်တင်နိုင်မည့်ကုန်ထုတ်လုပ်ငန်းများ
၎) သွင်းကုန်အစားထိုးကုန်ထုတ်လုပ်ငန်းများ
၅) လျှပ်စစ်ဓာတ်အားပေးရေးဆိုင်ရာ လုပ်ငန်းများ
၆) ထောက်ပံ့ပို့ဆောင်မှုဆိုင်ရာ လုပ်ငန်းများ
၇) ပညာရေးဝန်ဆောင်မှု လုပ်ငန်းများ
၈) ကျန်းမာရေးဆိုင်ရာ ၀န်ဆောင်မှု လုပ်ငန်းများ
၉) တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ခြင်း လုပ်ငန်းများ
၁၀) စက်မှုမြို့တော် တည်ဆောက်မှု လုပ်ငန်းများ 
အထက်ပါ လုပ်ငန်းများတွင် စိတ်ဝင်စားသူ မြန်မာနိုင်ငံသား နိုင်ငံခြားသား လုပ်ငန်းရှင်များ အဆိုပြုလွှာတင်ပြလာပါက မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင်နှင့် တိုင်း ပြည်နယ် အစိုးရတို့က လိုအပ်သည်များ ပံ့ပိုးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင်က ဇွန်လကုန်ပိုင်းက ကြေညာလိုက်ပါတယ်။
.
ဒါကြောင့် လယ်ယာထွက်ကုန်များကို ကမ္ဘာ့ ဈေးကွက်တင်ပို့ရောင်းချနိုင်ရေးကို မြန်မာကုမဏီများစွာ နဲ့ အဖွဲ့အစည်းများက ကြိုးစားနေကြပါတယ်။ သမရိုးကျ ပြည်တွင်းဈေးကွက်ကို ရောင်းချ



.

နိုင်ငံကျော် ရုပ်ရှင်မင်းသား တစ်ယောက်ဖြစ်တဲ့ ဦးအောင်လွင်၊ ခင်သီတာထွန်း တို့ကိုတော့ ပထမဆုံး သတိရမိပါတယ်။ ရုပ်ရှင်မင်းသားကြီး ထွန်းဝေ ဆိုရင် သေတဲ့တိုင် အနုပညာလောကက ပိတ်ပင်ခြင်းကို ခံယူပြီး ယုံကြည်ချက်အတွက် အဆုံးတိုင်တည်ကြည်စွာ လုပ်ကိုင်သွားပါတယ်။ တတ်သိပညာရှင်အဖြစ် အင်အယ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ခဲ့တဲ့ အဖွဲ့ထဲမှာ ဦးအောင်လွင် ကိုလဲ သတိရပါတယ်။ သူလဲ ယုံကြည်ချက်နဲ့ သူ့ရဲ့ သာယာတဲ့ဘ၀ကို စွန့်လွှတ်ခဲ့သူ ဖြစ်ပါတယ်။ ခင်သီတာထွန်း ကိုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပထမဆုံး လူထုမိန့်ခွန်း ရွှေဓိဂုံစေတီကုန်းမှာ ဓါတ်ပုံမှတ်တမ်း တွေ့နိုင်ပါတယ်။ အနုပညာသမားများ နိုင်ငံရေးပါတီ မလုပ်နိုင်ပေမဲ့လဲ ပရဟိတ အလုပ်များ လုပ်ခြင်းအားဖြင့် အမျိုးသားစိတ်ဓါတ် ပြင်းပြမှ မှုကို ပြသခြင်းဖြစ်ပါတယ်။ နာရေးအသင်း ဦးကျော်သူ ဆိုရင် အံ့သြဘွယ်ဖြစ်သလို၊ ဝေလုကျော် ဆိုရင်လည်း အံ့သြဘွယ်ဖြစ်ပါတယ်။ သူတို့ပဲ ပြည်သူလူထုကို မှန်ကန်တဲ့ နိုင်ငံရေး၊ အမျိုးသားရေး အသိစိတ်ဓါတ် နှလုံးသားထိရောက်အောင် လုပ်ရပ်နဲ့စိတ်အားမြှင့်တင်ပေးနိုင်ကြပါတယ်။ ကျေးဇူးတင်လှပါတယ်။
.
ဝေလုကျော် ပရဟိတ လုပ်ကိုင်ရင်း သူ့ရဲ့ ရုပ်ရှင်လောကကို အချိန်မပေးနိုင်တော့ပါဘူး။ ၂၀၁၂ ခုနှစ် ပင်လယ်ထက်ကနေ၀န်းနီ ဇတ်ကားမှာ အမျိုးသားဇတ်ပို့ အကယ်ဒမီဆု ရရှိခဲ့ပြီး နာမည်ကျော်ရုပ်ရှင်မင်းသားတစ်ယောက် မြန်မာတနိုင်ငံလုံး ရေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အထူးလူသိများလာပါတယ်။
.
.
ဝေလုကျော်ဖောင်ဒေးရှင်းရဲ့လယ်ယာစီးပွားလုပ်ငန်း
အခုနှစ်ပိုင်းအတွင်း ဝေလုကျော် ဖောင်ဒေရှင်းရဲ့ အဓိကအလုပ်ကတော့ လူတွေကို လယ်ယာစိုက်ပျိုးရေး၊ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်း အားဖြင့် ပလပ်မြေများကို အစိုးရကြေညာထားတဲ့အတိုင်း ခေတ်မှီနည်းပညာနဲ့ စိုက်ပျိုးရေး ဝေလုကျော် ကိုယ်တိုင် ပါဝင်၊ တကယ်လုပ်ကိုင်ရင်း စက်မှုလယ်ယာကျေးရွာတစ်ခု တည်ထောင်ခြင်း စီမံကိန်း ဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ သဘာဝအလျောက် ပေါက်နေတဲ့ ၀ါးပင်များစွာ တွေ့နိုင်ပါတယ်။ ရိုးရိုးဝါးပင်မဟုတ်ပဲ ကမ္ဘာ့ ဈေးကွက်ဝင်တဲ့ ၀ါအမျိုးများကို ၅နှစ်တာအချိန်ယူပြီး စိုက်ပျိုးပါမယ်။ ၀ါးမျိုးဝါးသန့် တွေကိုအသုံးပြုပြီး မြန်မာ့လက်မှုပညာသည်များက မြန်မာ့ယဉ်ကျေးမှု လက်ဆောင်ပစ္စည်းများစွာကို အရည်အသွေးမြင့်စွာနဲ့ ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။ ကမ္ဘာ့ ၀ါးလုပ်ငန်း ပစ္စည်းများက ဒေါ်လာ၂ဘီလျံ ဈေးကွက်ကြီးဖြစ်ပြီး၊ တရုပ်၊ ဗီယက်နမ်များက ဈေးကွက်ကြီးစိုးထားပါတယ်။ ရိုးရိုး တောမှာပေါက်တဲ့ ၀ါးကို ခုတ်ပြီးသုံးတဲ့ ခေတ် ကုန်သွားပါပြီ။ အခုခေတ်က ပညာခေတ် ဖြစ်တဲ့အတွက် ၀ါးပင်များကို မျိုးကောင်းစိုက်ပျိုးမွေးမြူရပါတယ်။ လူသားအရင်းအမြစ်ကောင်းနဲ့ စတင်ရပါတယ်။ ပညာခေတ် ဖြစ်တဲ့အတွက် နည်းပညာကောင်းလိုပါတယ်။ ခေတ်မီ မျိုးကောင်း၊ သဘာဝမြေသြဇာ၊ သဘာဝပိုးသတ်ဆေး များကို သုံးနိုင်ရင် လယ်ယာထွက်ကုန်များက ၁၀ဆ မက ဈေးကောင်းသွားပါတယ်။ ဥပမာ အရှေ့အလယ်ပိုင်းက အစ္စရေးတွေရဲ့ သဲကန္တာရကို စိမ်းလန်းစိုပြေစေတဲ့ ကမ္ဘာကျော် စိုက်ပျိုးရေးခြံကြီးများက အောဂင်းနစ် ဆိုတဲ့ သဘာဝ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များကို ဥရောပဈေးကွက်၊ စူပါမတ်ကက်များဆီ ၁၂နာရီအတွင်း အရောက် ဈေးကြီးစွာနဲ့ တင်ပို့ရောင်းချနေတာ အံ့သြဘွယ်ဖြစ်ပါတယ်။ အလားတူ ဂျပန်နည်းပညာနဲ့ နိုင်ငံတကာမှာ လုပ်နေကြတဲ့ တန်ဖိုးကြီး စိုက်ပျိုးရေး၊ မွေးမြူရေး နည်းပညာများကို တွေ့နိုင်ပါတယ်။ အဲဒီလောက် နည်းပညာမရသေးပေမဲ့ ရှိနေတဲ့ လူ၊ မြေ၊ နည်းပညာများကို အစိုးရပံ့ပိုးမှုနဲ့ လုပ်ဆောင်သွားဖို့ ဝေလုကျော် ဖောင်ဒေးရှင်းက ဆုံးဖြတ် သံဓိဌာန် ချထားပါတယ်။
.
အဓိက အကျဆုံးကတော့ လူတွေကို အလုပ်ပေးဖို့ ဖြစ်ပါတယ်။ လူတွေကို ပိုက်ဆံပေး၊ ဆန်ဆီဆားထောက်ပံ့ပေးနည်းက ဒုက္ခသည်စခန်းများအတွက်ပဲ ကောင်းပါတယ်။ ရေဘေး၊ လေဘေး ဒုက္ခရောက်နေသူများကို မေတ္တာနဲ့ပံ့ပိုးခြင်းက ချက်ခြင်းလုပ်ကိုင်ကြတယ်။ ဒုတိယအဆင့်ကတော့ အဲဒီဒုက္ခရောက်သူများဘ၀ကို ပြန်လည်ထူထောင်ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံက စိုက်ပျိုးရေးအခြေခံကောင်းပြီး ဆင်းရဲနိုင်ငံဖြစ်တော့ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကို သုံးရပါတယ်။ ဝေလုကျော် ဖောင်ဒေးရှင်းကလည်း လူတွေ အလုပ်လုပ်လာအောင်၊ အလုပ်လုပ်ရင်းကနေ စားဝတ်နေရေး ဖူလှုံလာတာကို တွေ့ပြီး၊ ကြိုးစားအားထုတ် စိုက်ပျိုးနည်းပညာများ တတ်မြောက်အောင် သင်ယူလာကြပါတယ်။ ဗဟုသုတ၊ ငွေကြေးကိုင်တွယ်ခြင်း၊ ချွေတာစုဆောင်းခြင်းများကို အစိုးရပံ့ပိုးမှု ရယူ၊ တခြားအဖွဲ့အစည်း၊ ကုမဏီများလည်း အကျိုးမြတ်ရလာရင် ပုပေါင်းပါဝင်လာမယ် ဖြစ်ပါတယ်။
.
အကောင်ထည်ဖေါ်တဲ့ လူသားအရင်းအမြစ်က ပရဟိတစိတ်အား ထက်သန်သူများ ဖြစ်ရပါမယ်။ တနည်းအားဖြင့် အမျိုးသားစိတ်ဓါတ် ကောင်းမွန်သူများဖြစ်နေရင်၊ နည်းပညာရှင်များကလည်း ကူညီပံ့ပိုးလာကြမယ်။ ရင်းနှီးမြှတ်နှံမှုများလည်း ပါဝင်လာမယ် ဖြစ်ပါတယ်။ ဒါကတော့ ဝေလုကျော် ဖောင်ဒေးရှင်းရဲ့ နိုင်ငံတော်အစိုးရ ဇူလိုင်၂၀၁၇ မှာ ထုတ်ပြန်တဲ့ နံပါတ်(၁)
လယ်ယာစိုက်ပျိုးထုတ်လုပ်မှု၊ ၀န်ဆောင်မှုနှင့် စိုက်ပျိုးရေး အခြေခံတန်ဖိုးမြှင့်ကုန်ထုတ်လုပ်ငန်းများ ကို လက်တွေ့အကောင်းထည်ဖေါ်မယ် ဖြစ်ပါတယ်။
.
.
လက်၇ှိမြန်မာနိုင်ငံရေး အခြေအနေ
.
မြန်မာနိုင်ငံက ရေခံ၊ မြေခံ အလွန်ကောင်းပါတယ်။ သယံဇာတများစွာ ရှိပေမဲ့ သစ်တော၊ ကျောက်သံပတ္တမြား၊ပုလဲ၊ ကျောက်စိမ်း၊ ရွှေ၊ ကြေးနီ၊ သတ္တု၊ ဓါတ်ငွေ့၊ နောက်ဆုံး ပညာရှင်နဲ့အိမ်ဖော်များအထိ ပြည်ပကိုရောင်းချနေတဲ့ ဘရိန်းဒရိန်း Brain Drain ဖြစ်နေပါတယ်။ ထိုင်း၊ ဗီယက်နမ်၊ တရုပ်၊ တောင်ကိုးရိးယား နိုင်ငံများကတော့ ယခင်က ပညာတတ်များ နိုင်ငံခြားသွားအလုပ်လုပ်တဲ့ ခေတ်ကို ကျော်လွှားနိုင်ပြီး၊ ပြည်ပက သူတို့လူမျိုးများစွာ ပြန်မလာပေမဲ့ ကမ္ဘာ့ ဈေးကွက် Marketing လုပ်ဆောင်နေကြပါပြီ။ မြန်မာနိုင်ငံကတော့ လွန်ခဲ့တဲ့ ၅နှစ်ကာလမှာ သယံဇာတထုတ်ရောင်း၊ ရလာတဲ့ငွေများကို မြေနဲ့အဆောက်အဦးများ ဆောက်လုပ်ရင်းနှီးထားပါတယ်။ စူပါသူဌေးကြီးများကတော့ စင်ကာပူဘဏ်များမှာ ဘီလျံဒေါ်လာ ထည့်ထားပြီး စောင့်ကြည့်နေကြပါတယ်။ စင်ကာပူဘဏ်များမှာ ၂ဘီလျံအထက် စူပါသူဌေးကြီးပေါင်း ၂၀လောက် ရှိတယ်၊ ဘီလျံ၅၀အထိတောင် ရှိတယ်လို့ စင်ကာပူနိုင်ငံရောက် ငွေကြေးပညာရှင်များက ပြောပါတယ်။ အဲဒီ စူပါသူဌေးတွေဆီက ရင်းနှီးမြှတ်နှံမှု မမျှော်ကိုးသင့်ပါဘူး။ သူတို့ကိုလဲ အရမ်းဆွဲဆောင်ပြီး အချိန်မဖြုန်းသင့်ပါဘူး။
.
လယ်ယာစိုက်ပျိုးရေး လုပ်မယ်ဆိုပြီး တနီုင်ငံလုံးက လယ်မြေ၊ ပလပ်မြေ၊ သစ်တောမြေတွေကို လူတစ်စုက ခွဲဝေရယူသွားကြပါတယ်။ လယ်ယာလုပ်ငန်းမလုပ်ပဲ မြေငှား၊ မြေအကွက်ချရောင်း ကြပါတယ်။ ရန်ကုန်မြို့တွင်းက မြေတွေ ဈေးအကောင်းဆုံးဖြစ်ပါတယ်။ လက်ရှိလြ မြေယာများစွာ အစိုးရဌာနဆိုင်ရာများနဲ့ တပ်မတော် ပိုင်ဆိုင်မှုအောက်မှာ ရှိနေကြပါတယ်။ အရှေ့တောင်အာရှ မကဘူး၊ ကမ္ဘာ့ မြေဈေးအကြီးဆုံး၊ အထွေထွေ ကုန်ပစ္စည်း ဈေးအကြီးဆုံး ဖြစ်နေပါတယ်။ အခု အစိုးရသစ်လက်ထက်မှာ ဖြေလျော့လာတာ ကျေနပ်စရာဖြစ်ပါတယ်။ နိုင်ငံခြားက လာရင်းနှီးသူများကို ငှားစားဖို့ကြံစည်နေခြင်းက နိုင်ငံခြား ရင်းနှီးမြှတ်နှံသူများကို ပတ်ပင်နေပါတယ်။  မြန်မာနိုင်ငံမှာ လယ်ယာလုပ်နိုင်တဲ့ မြေဧက သန်း၄၀ လောက်ရှိတာ၊ ၄သန်းကျော် ပြန်လည်ပေးအပ်ကြပါတယ်။
.
နိုင်ငံခြားရင်းနှီးမြှတ်နှံသူများက တိုက်ရိုက်လာတဲ့ နိုင်ငံက ဂျပန်နိုင်ငံပဲ ဖြစ်ပါတယ်။ ကျန်တဲ့ အမေရိက၊ ဥရောပ၊ အရှေ့အလယ်ပိုင်းနိုင်ငံများက ဟောင်ကောင်၊ စင်ကာပူ နိုင်ငံများကတဆင့် မြန်မာနိုင်ငံကို ရင်းနှီးမြှတ်နှံကြမှာဖြစ်ပါတယ်။ တရုပ်ပြည်မကြီးကို ရင်းနှီးမြှတ်နှံမှု ၆၀%က ဟောင်ကောင်ကတဆင့် ရောက်လာသလို ဗီယက်နမ်၊ နိုင်ငံခြားရင်းနှီးမြှတ်နှံမှု အများစုက ဟောင်ကောင်၊ စင်ကာပူကတဆင့် ရောက်လာတာဖြစ်ပါတယ်။
.
နိုင်ငံခြားရင်းနှီးမြှတ်နှံရာမှာ လူတွေကို အလုပ်အကိုင်နဲ့ နည်းပညာပေးတဲ့ ကုန်ထုတ်လုပ်ငန်းများစွာ ရောက်လာဖို့ပဲ မျှော်ကိုးသင့်ပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် အစိုးရသစ်က အခြေခံအဆောက်အဦများ ဖြစ်တဲ့ တယ်လီဖုန်း၊ အင်တာနက်၊ လမ်းတံတားများ၊ လျှပ်စစ်မိးများ ဦးစားပေး ဘတ်ဂျတ်သုံးစွဲနေသလို၊ မမြင်ရတဲ့ အာမခံစနစ်၊၊ စာရင်းစစ်စနစ် တွေကို ကမ္ဘာ့ အဆင့်လုပ်ငန်းကြီးများ Audit & Insurance firms များလက်ခံနိုင်အောင် ကြိုးစားနေပါတယ်။ ယုံကြည်မှုတိုးတက်ရရှိလာဖို့ စတော့ရှယ်ယာ ဈေးကွက်ကိုလည်း တည်ထောင်ပြီး ဖြစ်ပေမဲ့၊ လူဟောင်း၊ လူမကောင်း၊ မလုပ်မရှုပ်မပြုတ် သန့်စင်ရေး (အဂတိတိုက်ဖျက်ရေး) ကို တပ်မတော်နဲ့ ပူးပေါင်းလုပ်ဆောင်နေပါတယ်။ တပ်မတော်က လက်ခံပေမဲ့ ရင်ကြားစေ့စပ်ပြီးမှာ တသားထဲ ပူးပေါင်းလာမဲ့ကာလ နီးနေပါပြီ။
.
.
.
မြေအသုံးချမှုမူဝါဒ (အစိုးရအကောင်ထည်ဖေါ်ရန်)

အလွန်အရေးကြီးပါတယ်။ ရေးဆွဲနေတာလဲ မပြိးသေးပါ။ ဌာနဆိုင်ရာ ၂၀ ခုလောက်က ဥပဒေပေါင်း ၃၀ ကျော်နဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ဥပဒေတစ်ခုလိုအပ်နေပါတယ်။ လက်ရှိအခြေအနေမှာ သစ်တောမြေ စိုက်ပျိုးမြေတွေကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုးနဲ့ မြေစာရင်းမှုးတို့ပဲ အဓိက ဖြေရှင်းနေကြပါတယ်။ အမျိုးသား
ဦးရွှေသိန်း (တင်ပြချက်)၊ လက်ရှိ မြေယာမဏ္ဍိုင်အဖွဲ့ အားဖြင့် အမေရိကန်အကူညီနဲ့ ဂျပန်၊ တိုင်ဝမ်၊ တောင်ကိုးရီးယာ၊ အာဖရိက နဲ့ နောက်ဆုံး တရုပ်နဲ့ဗီယက်နမ်တို့မှာ အကြီးအကျယ်အောင်မြင်ခဲ့ပါတယ်။ အမေရိကန်က စိုက်ပျိုးရေးနဲ့ငွေကြေးနည်းပညာများ ထောက်ပံ့မယ်ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ၁။ လယ်လုပ်သူ လယ်ပိုင်ဖို့ (အစိုးရ သို့မဟုတ် ပုဂ္ဂလိက လယ်မြေများက) ဧက သေးသေးတွေ ခွဲဝေပေးခြင်း၂။ လယ်မြေသိမ်းခံရတဲ့ ပြသနာတွေ ဖြေရှင်းခြင်း ၃။ မြေမရှိတဲ့ လယ်သမားများ မြေဧက သေးသေးများ ပိုင်ဆိုင်ပြီး လယ်သမားများဝင်ငွေကောင်းလာမယ်။ သားသမီးများ ပညာသင်နိုင်ပြီး မြို့ပြကို ရွှေ့ပြောင်းကြမယ်။ နောင်တချိန် လယ်လုပ်သူ ဦးရေနည်းသွားပြီး စက်မှုလယ်ယာ နည်းပညာနဲ့ စိုက်ပျိုးရေးလုပ်ဖို့ ဖြစ်ပါတယ်။
.
မြန်မာနိုင်ငံက စိုက်ပျိုးမွေးဖြူရေး ရေခံ၊ မြေခံ အလွန်ကောင်းပါတယ်။ မြစ်ဝကျွန်းပေါ်ဒေသ ရေလွှမ်းပြသနာကြောင့် လယ်ယာစီးပွားနဲ့ ကြက်ဘဲ၊ ငါးပုဇွန်မွေးမြူရေး ထိခိုက်ပေမဲ့၊ မြေဆီလွှာပျက်စီးမှု နည်းပါးပါတယ်။ ဥပမာ ငါးမွေးရင် ငါးစာကြွေးလို့ ၂လနဲ့ ငါးတွေ ၅၀သားလောက် ကြီးလာပြီး ပြည်ပရောင်းချရတယ်။ ပြည်ပက မ၀ယ်တဲ့အတွက် ငါးကန်ထဲက ငါးတွေကို ငါးစာမကြွေးပဲထားတာတောင် ၅လလောက် အကြာ ၅၀သားလောက် ကြီးလာကြတယ်။ ရေမြေအခံ ကောင်းတော့ စိုက်ပျိုးမွေးမြူရေးတွေ အောင်မြင်ပါတယ်။ နည်းပညာ နဲ့ ရင်းနှီးမြှတ်နှံပေးရင် ကမ္ဘာ့ အဆင့် အိတ်စပို့ထုတ်ကုန်များစွာ ထိုင်း၊ ဗီယက်နမ်တို့ကို ယှဉ်နိုင်လာမယ် ဖြစ်ပါတယ်။
.
.
.
ပင်ကိုအစွမ်းအစဖေါ်ထုတ်ခြင်း(လေ့လာမှုလမ်းညွန်)
ဝေလုကျော်ဖောင်ဒေးရှင်း
.
ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားဟောင်းများက ဗိုလ်ချုပ်အောင်ဆန်းရဲ့ဇာတိမြို့ ရေနံချောင်းအခြေပြု TSP Technical Service Provider လူငယ်များကို လွန်ခဲ့တဲ့ ၁၀နှစ်ခန့်က စတင်ပျိုးထောင်ခဲ့ပါတယ်။ လက်တွေ့ သင်တန်းများစွာ မြို့ရွာများမှာ ပြုလုပ်ခဲ့ပြီး၊ သဘောတရားနဲ့လက်တွေ အကောင်ထည်ဖေါ်ခဲ့ပါတယ်။ နောက်ဆုံး ကောလင်းမြို့မှာ `ဝေဠုကျော်ဖောင်ဒေးရှင်း နှင့် ကောလင်းမြို့နယ်လုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ပရဟိတကွန်ယက်(KDPN)  တို့ ပူးပေါင်းပြီး လူငယ်ခေါင်းဆောင်မှုနှင့်ဘက်စုံစွမ်းဆောင်ရည်မြင့်တင်ရေးသင်တန်း´ ပြုလုပ်ခဲ့ပါတယ်။ ရလဒ်များအားလုံးကို ပညာရှင်များနဲ့ သင်ကြားမှုအထောက်ကူ စာအုပ်ထုတ်ဝေခဲ့ပါတယ်။ စာအုပ်ကို ၂၀၁၆ ရန်ကုန်စက်မှုတက္ကသိုလ် ကြို့ကုန်း၊ အင်းစိန်မှာ  RIT ဆရာပူဇော်ပွဲနှင့်ကျောင်းသားဟောင်းများတွေ့ဆုံပွဲ ကျောင်းသားဟောင်းများကို ဒီစာအုပ် ဝေငှလက်ဆောင် ပေးခဲ့ပါတယ်။ အသုံးချနိုင်သူများ အကျိုးရှိမှာ ဖြစ်ပါတယ်။ ဝေလုကျော် ဖောင်ဒေးရှင်း အတွက် အဓိက နည်းပညာ ကိုးကားတဲ့ စာအုပ်ဖြစ်ပါတယ်။


.
.
နိဂုံး.
.
မြန်မာနိုင်ငံဟာ စိုက်ပျိုးမွေးမြူရေးအတွက် ရေခံမြေခံ အလွန်ကောင်းပါတယ်။ ဒါကြောင့်လဲ ပေါ့ပေါ့နေထိုင်ကြတဲ့ မြန်မာကျေးလက် ၇၀% လူထုကြီးရှိနေပြီး၊ စစ်အာဏာရှင်စနစ် ကြာရှည်ဖြစ်နေတာလဲ ပညာနည်းပါလို့ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ ထွန်းကားတဲ့နိုင်ငံကြီးဖြစ်လို့ ဘာသာရေးကို အလွဲသုံးတဲ့ စစ်အာဏာရှင်များကြောင့် ပိတ်လှောင်ခံရပြီး ဆင်းရဲမွဲတေမှန်းတောင် မသိလောက်အောင် ဖြစ်သွားရပါတယ်။ နောက်ပိုင်း မြန်မာအမြောက်အများ ၆သန်းကျော် (လူဦးရေရဲ့ ၁၀%) နိုင်ငံခြားအလုပ်သွားလုပ်၊ ထွက်ပေါက်ရှာရင်းကနေ အသိပညာ၊ အလင်းများ ရရှိလာပါတယ်။ စစ်အာဏာရှင် သားသမီးများလည်း စစ်အာဏာရှင်စနစ်ကို မလိုလားတော့ပါဘူ။ ဒီမိုကရေစီ စနစ်ကို ပြောင်းလဲလာတော့လည်း ပြည်သူအခြေမပြုပဲ ခရိုနီအခြေပြု တဲ့စနစ်ဆိုးကြီး ၅နှစ်ကြာအောင် လုပ်မိရက်သားဖြစ်သွားပါတယ်။ အခုတော့ ပြည်သူ့အစိုးရအနေနဲ့ တကယ်ပဲ အခြေခံလူတန်းစားကို ပညာပေးမဲ့ လယ်ယာစိုက်ပျိုးရေး၊ မွေးမြေူရေး အခြေပြုတဲ့ ရင်းနှီးမြှတ်နှံမှုနဲ့ စီးပွားရေးစနစ်သစ်ကို အကောင်ထည်ဖော်ဖို့ မူဝါဒ ပြောင်းလဲလိုက်ပါတယ်။
.
တကယ်ပဲ နိုင်ငံအရေး စိတ်ဆန္ဒရှိသူ၊ ကျော်ကြားသူများက သူတို့ကိုယ်တိုင် နည်းပညာမတတ်ပေမဲ့၊ တတ်ကြွမ်းသူ ပြည်တွင်း မြန်မာပညာရှင်များ ၊ ပြည်ပရောက်မြန်မာပညာရှင်များနဲ့ ပူးပေါင်းလုပ်ဆောင်ပြီး၊ အစိုးရနဲ့ တပ်မတော်ကိုပါ အသိအမှတ်ပြုမှု၊ ပံ့ပိုးပေးမှုများ လုပ်ဆောင်နေကြပါတယ်။ ပရဟိတ အဖွဲ့များစွာရှိနေပါတယ်။ ဝေလုကျော် ဖောင်ဒေးရှင်းက အဖွဲ့ငယ် တစ်ခုပဲ ဖြစ်ပါတယ်။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း။ ဦးသန့်ဖောင်ဒေးရှင်း၊ နာရေးအသင်းအဖွဲ့၊ မျိုးဆက်သစ်ဖောင်ဒေးရှင်း စတဲ့ အဖွဲ့အစည်းများစွာ ရှိပါတယ်။ ပရဟိတအဖွဲ့များက ရှေ့ဆောင်သွားပြီး၊ နောက်က နည်းပညာအဖွဲ့အစည်းများ အင်ဂျင်နီယာအဖွဲ့များ၊ ဆရာဝန်အဖွဲ့များ၊ ရှေ့နေအဖွဲ့များ၊ လုပ်ငန်းရှင်အဖွဲ့များ စတဲ့အဖွဲ့များက လိုက်ပါလာကြပါတယ်။ ဒီလို ပူးပေါင်းလာတဲ့ အဖွဲ့အစည်းများကို နိုင်ငံတော်က ပံ့ပိုးခြင်းအားဖြင့် စီးပွားလုပ်ငန်းများ အောင်မြင်လာပါမယ်။ ငွေပဲကုန်နေတဲ့ ပရဟိတ လုပ်ငန်းများကို ထောက်ပံ့နိုင်ပါမယ်။
.
သူဌေး တစ်ယောက်ထဲ ၊ ကုမ္ပဏီတစ်ခုထဲက လုပ်မယ်ဆိုရင် အောင်မြင်ချင် အောင်မြင်မယ်။ ဒါပေမဲ့ သူဌေးပဲ ပိုချမ်းသာလာပြီး၊ လူအများကတော့ ဆင်းရဲမြဲ ဆင်းရဲနေမယ်ဖြစ်ပါတယ်။ ကုမ္ပဏီတွေကလဲ လူသားအရင်းမြစ်ပေါ် အခြေခံရတဲ့ လယ်ယာစိုက်ပျိုးရေးကို စိတ်မ၀င်စားကြပါ။ မြန်မာမြေယာဥပဒေနဲ့ ပတ်ဝန်းကျင်လူထု အသိပညာနည်းမှုတွေကြောင့် တနိုင်တပိုင် လယ်ယာစိုက်ပျိုးရေးပဲ လုပ်ကိုင်ဆဲဖြစ်ပါတယ်။ ပရဟိတ လူငယ်၊ ဝေလုကျော် က ခေါင်းဆောင်ပြီး၊ လုပ်အားပေးမိသားစု ၂၀၀ လောက်ကို မြေနေရာပေး၊ စိုက်ပျိုးရေး မျိုးစေ့၊နည်းပညာနဲ့ပံ့ပိုး လုပ်ကိုင်စေရင် စံပြလုပ်ငန်းဖြစ်လာပါမယ်။့ တနှစ်အတွင်း အလားတူ၊ စိုက်ပျိုးရေးဘုံမြေယာစနစ်တွေ မြန်မာနိုင်ငံမှာ အများအပြားပေါ်လာမယ် မျှော်လင်ပါတယ်။  ၅နှစ်ကြာရင်တော့ ၀ါး စိုက်ပျိုးရေး လုပ်ငန်းအခြေခိုင်ပြီး မိသားစု၂၀၀ ကျေးလက်ဒေသ ဖွံ့ဖြိရေး အောင်မြင်လာမှာမလွဲပါဘူး။ ဒါကတော့ ပရဟိတသမား ရုပ်ရှင်မင်းသားလေး ဝေလုကျော်ဖောင်ဒေးရှင်းရဲ့ အများအကျိုး၊ အများဆင်းရဲဒုက္ခမှ လွတ်ငြိမ်းရေး နေ့ညမပျက် ကြိုးစားနေပုံ ဖြစ်ပါတယ်။ အချိန်၊ လူအား၊ ငွေအားနဲ့ လူအများကို ပညာပေးနေတဲ့ ဝေလုကျော်ဖြစ်ပါတယ်။
.
ဝေလုကျော် ဖောင်ဒေးရှင်း ပရဟိတနဲ့ စိုက်ပျိုးရေးရင်းနှီးမြှတ်နှံမှု အောင်မြင်ပါစေ။
.
ဇော်အောင်(မုံရွာ)
၂၇.ဇူလိုင်.၂၀၁၇
.
.
ကိုးကားချက်။
ဝေလုကျော် ဖောင်ဒေးရှင်းရဲ့ ပင်ကိုအစွမ်းအစဖေါ်ထုတ်ခြင်း(လေ့လာမှုလမ်းညွန်)၊
Tapping Our Own Resources
https://www.facebook.com/myanmarjobstudent/posts/10154719343773472.
http://engrmyanmar.blogspot.com/2017/07/tapping-our-own-resources.html



 http://engrmyanmar.blogspot.com/2017/07/tapping-our-own-resources.html

No comments:

Post a Comment