Tuesday, December 13, 2016

မိုဘိုင်းဒေတာ ဈေးနှုန်းတွေ အပြိုင်ဆိုင် ချပေး (Internet Myanmar) - ဒီဇင်ဘာ၂၀၁၆

မြန်မာပြည် MPT က ဂျပန်ရင်းနှီးမြှတ်နှံမှုနဲ့ မိုဘိုင်းဒေတာ ဈေးနှုန်တွေ အပြိုင်ဆိုင် ချပေးလိုက်တော့ . အိုကေလာပြီ။ အရင်က အမ်ပီတီခရိုနီအုပ်စု အိုရီဒူ တယ်လီနောတို့နဲ့ ပူး ပေါင်းပြီး မြန်မာလူထုကို ကမ္ဘာ့ ဈေးအကြီးဆုံး မိုဘိုင်ဖုန်း နဲ့ ရိတ်စားခဲ့ကြတာ . . ၄နှစ်အကြာမှာ . .
.
အခု ဈေးနှုန်းတွေချို လာ ပါ ပီ။ Myanmar Net လို ဝိုင်ဖိုင်နက်ဝပ်တွေ အစိုးရ ဆ.ည.န ကခွင့်ပြုလိုက်တော့ Red Link ကလည်း ဈေးနှုန်းချပေးရတော့မှာပါ။ အင်တာနက်လိုင်းတွေလည်း မြန်ဆန်လာပါပြီ။ တနိုင်ငံလုံး Fiber Optic လိုင်းတွေ ချပေးတဲ့ ရင်းနှီးမြှတ်နှံသူတွေ လုပ်နေပါပြီ။ Land Phone Internet အိမ်ဖုန်းသုံး မိုဒမ်များ အမြန်ဆုံးပေါ်လာမယ် အကောင်းမြင်ပါတယ်။

1GB = US$2.00. Welcome




 အင်တာနက်မရှိသော တက္ကသိုလ်အတွက် အခမဲ့-ဝိုင်ဖိုင်

February 4, 2016
နိဂုံး
နိုင်ငံတော် အစိုးရအသစ် မတ်လ ၂၀၁၆ မှာ တက်ရောက်လာမယ်ဖြစ်ပါတယ်။ တက္ကသိုလ်များ အခမဲ့-ဝိုင်ဖိုင် ပေးခြင်းအားဖြင့် မြန်မာ့ပညာတတ် လူငယ်များရဲ့ တန်ဖိုးရှိလှတဲ့ ကိုယ်ပိုင်အချိန်များကို ပညာရေး၊ စီးပွားရေး တိုးတက်မှုအတွက် အသုံးချလာကြမှာပါ။ ဒါက မြန်မာ့ ပညာတတ်လူငယ်များကို မြှင့်တင်ပေးတဲ့ အစစ်မှန်ဆုံး ရင်းနှီးမြှတ်နှံခြင်း ဖြစ်တဲ့အတွက် အစိုးရ တာဝန်ရှိသူများ၊ အထူးသဖြင့် ပညာရေးဝန်ကြီးဌာန (သို့မဟုတ်) ပညာရေးပြင်ပ အင်စတီကြု (အဖွဲ့အစည်းများ) အတွက် တိုက်တွန်းလိုက်ရပါတယ်။ 
အခုချိန်က ပညာရေးဘတ်ဂျတ်အမြောက်အများ ဒေါ်လာ ဘီလျံနဲ့ချီ အကုန်ခံ ချပေးနေပါတယ်။ အဆောက်အဦချည်း ဆောက်လုပ်နေခြင်းကနေ Human Resource ဆိုတဲ့ ကျောင်းဆရာအရည်ချင်း မြှင့်တင်ရေး၊ ကျောင်းသားအရည်ချင်း မြှင့်တင်ရေးအတွက် အင်တာနက်နည်းပညာ အလွန်အရေးတကြီး မြှင့်တင်နေကြပါတယ်။ နိုင်ငံတကာနဲ့ အင်္ဂလိပ်လို ပြောဆို ဆက်သွယ်နေချိန်မှာ တက္ကသိုလ်နယ်မြေများက အခမဲ့-ဝိုင်ဖိုင်များကြောင့် တက္ကသိုလ် ဆရာများ၊ ကျောင်းသူကျောင်းသားများ အရည်အချင်း တဟုန်ထိုးမြင့်တက်လာကြမှာဖြစ်ပါတယ်။ 
 မြန်မာ့ တက္ကသိုလ်ပညာရေး မြန်ဆန်စွာ တိုးတက်အောင်မြင်ပါစေ။




ကမ္ဘာ့အမြန်ဆုံးအင်တာနက်ပိုင်သူများ – ကိုးရီးယား၊ ဟောင်ကောင်နဲ့ မြန်မာအလားအလာ…
ဇွန် ၃၀၊ ၂၀၁၃


မြန်မာဒီဂျစ်တယ်ဖိုရမ်ကို မေလ၂၀၁၃၊ ရန်ကုန်မြို့၊ ထရိတ်ဒါးဟိုတယ်မတွင် ကျင်းပခဲ့သည်။  မြန်မာစွမ်းအင်၊ မြန်မာ့လယ်ယာ၊ မြန်မာ့ ကျောက်မြတ် ..ဖိုရမ်ကြီးများကဲ့သို့၊ နိုင်ငံတကာက ကုမ္ပဏီးအကြီးစားတွေနဲ့ လူတစ်ယောက်ကို ဒေါ်လာ၂ထောင်၊ ၃ထောင် အကုန်ခံပြီးလာစရာမလိုပါ။ ၀ါသနာပါသူများလူငယ်များ စုစည်း၊ ဆွေးနွေးပွဲလေးဖြစ်သည်။ မြန်မာပြည်မှ ကွန်ပြူတာပညာရှင် လူကြီးများနဲ့၊ လူငယ်များစွာ တက်ရောက်ကြသည်။ MRBC မှ စည်းရုံးကျင်းပခဲ့သည်။ စင်ကာပူ myanmarsme.com မှလူငယ်များလည်း ပါဝင်နားထောင်ကြသည်။ မြန်မာပြည် အိုင်တီပညာရပ်ပိုင်း တွင် အခြေခံအဆောက်အဦး လုံးဝမရှိသေးသောကြေင့်၊ နိုင်ငံခြားပညာရှင်များ လာရောက်လုပ်ကိုင်ဖို့ အခြေအနေမရှိသေးကြောင်း၊ စင်ကာပူပညာရှင် လူငယ်များကပြောပါသည်။ သို့သော် အိုင်တီပညာကိုသုံးသည့် အကြီးဆုံး တဟုန်ထိုးတက်နေသောလုပ်ငန်းမှာ အင်တာနက်လုပ်ငန်းဖြစ်ပါတယ်။ မီဒီယာလုပ်ငန်းမှာ နိုင်ငံခြားမြှတ်နှံမှု၊ အကြီးကျယ်ဝင်နေပါတယ်။ ဗွီဒီယို၊ ကြော်ငြာရိုက်ကူးသူ မြန်မာပရိုဖက်ရှင်နယ်များ ၀င်ငွေအလွန်ကောင်းပါသည်။ ကမ္ဘာ့အဆင့်မီ ကြော်ငြာ၊ ဒီဇိုင်းများကို တီဗွီ၊ သတင်းစာ၊ ကုမ္မဏီလက်ကမ်းစာစောင်များ၊ ကုမ္ပဏီကြော်ငြာ၊ စာစောင်များတွင် မြန်မာမီဒီယာ ပရိုဖက်ရှင်နယ်များ၏ ဗွီဒီယို၊ဂရပ်ဖစ်ဒီဇိုင်းများကို အသုံးပြုနေပါသည်။ ထို့ကြောင့် မီဒီယာလုပ်ငန်းရှင် မြန်မာလူငယ်များစွာ အလုပ်ကိုင်ကောင်းပါသည်။ ပြည်တွင်း သတင်းစာ၊ ဂျာနယ်များမှာပင်လျှင် အင်တာနက်သုံးပြီး သတင်းထောက်၊ အယ်ဒီတာအလုပ်ကိုင် မြောက်များစွာ ရှိနေပါပြီ။ မြန်မာအစိုးရက အင်တာနက်ကို ပြည်သူများအား ဖွင့်ပေးလိုက်တဲ့အတွက် လူငယ်များစွာ အလွန်အကျိုးရှိသွားပါသည်။
 နိုင်ငံခြား တယ်လီဖုန်းကုမ္ပဏီကြီးများစွာ အကြိတ်အနယ်၊ ဈေးကွက်ရဖို့ ပြိုင်ဆိုင်၊ ငွေရင်းနှီးမှုတွေ လုပ်ကိုင်ရာမှ ဆက်သွယ်ရေးဝန်ကြီးဌာန လပ်စားမှုကြီးပေါ်ပေါက်လာရသည်။  ငွေများများသုံးစွဲသည့် နေရာတွင် အညှီရှိရာယင်အုံ ဆိုသကဲ့သို့ လပ်စားမှုများပါသည်။ အစိုးရမှ လပ်မစားနိုင်အောင် ငွေများစွာသုံးစွဲသည့် အစိုးရဌာနလူကြီး၊မိသားစုများကို ထောက်လှမ်းရေးဖြင့် စောင့်ကြည့်ရန် လိုပါသည်။

အမေရိကန် ဂျာနယ်လစ်စ် သောမတ်ဖရက်မင် Thomas Friedman ၏  World is Flat စာအုပ်ကို ဆရာကျော်ဝင်းက ကမ္ဘာကြီးပြားပြီ ..စာအုပ်ဖြင့် မြန်မာပြန်ခဲ့သည်။ The Lexus and the Olive Tree မောင်စွမ်းရည် ဘာသာပြန်ပေးသောစာအုပ်ကို အမေရိကန်သံရုံးမ ထုတ်ဝေခဲ့သည်။ ထိုစာအုပ်များသည် အိုင်တီပညာကြောင့် ကမ္ဘာကြီးတိုးတက်ပြောင်းလဲခဲ့ကြောင်း၊ သို့သော် လူသားများ၏ အမုန်းတရား၊ ငါဝါဒများက ကမ္ဘာကြီးကို ပျက်စီးရန်လုပ်ဆောင်နေသူများလည်း ရှိနေကြောင်း…ဖတ်ရပါသည်။ 
အိုင်တီပညာသည် ၂၀၀၀နောက်ပိုင်းတွင် တဟုန်ထိုး တိုးတက်ရာတွင်၊ အထူးသဖြင့် Knowledge Share လုပ်ရတွင်၊ ကုန်ဈေးနှုန်းများ၊ နိုင်ငံရေးအခြေအနေများကို ဖြက်ကနဲ့၊ အားလုံးကသိသွားအောင် လုပ်နိုင်သည့် အင်တာနက်နည်းပညာ ဖြစ်နေပါသည်။ အင်တာနက်နည်းပညာသည် ဆက်သွယ်ရေး စီးပွားလုပ်ငန်းတွင် အကျုံးဝင်နေသဖြင့်၊ ကမ္ဘာ့ဆက်သွယ်ရေးလုပ်ငန်းများ အထူးဝင်ငွေကောင်းသော ခေတ်ကြီးဖြစ်သည်။ နိုင်ငံတိုင်းတွင် ဆက်သွယ်ရေးလုပ်ငန်းကို အစိုးရက တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ချုပ်ကိုင်ထားရသည်။ ထိုလုပ်ငန်းကို သူဌေးကြီးများက ၀င်ရောက်အပိုင်စီးလာလျှင် တိုင်းပြည်အလွန် နစ်နာသွားလေ့ရှိသည်။
နိုင်ငံအစိုးရတိုင်း အင်တာနက်ကို ဈေးနှုန်းအသက်သာဆုံး၊ အမြန်ဆုံးဖြစ်အောင် လုပ်ပေးထားရသည်။ သို့မှသာ တီထွင်ကြံဆသူ၊ ပညာထူးချွန်၊ စီးပွားထူးချွန်၊ လူငယ်များ၊ တိုးတက်ကြီးပွားလာမည်။ လူငယ်များ တိုးတက်ကြီးပွားမှ နိုင်ငံစည်ပင်သာယာ လာမည်ဖြစ်သည်။ လူငယ်များအင်အားကို ကြည့်ပါ။ စစ်ဖြစ်လျှင်လည်း လူငယ်များ၊ အားကစား၊ ဂီတ၊ ရုပ်ရှင် ထိပ်သီးများကိုကြည့်လျှင် လူငယ်များသာ ရှိသည်။ လူကြီးများက လူငယ်များကို မြှင့်တင်ပေးရပါသည်။ 

စာရေးသူ ကိုးရီးယားနိုင်ငံ မရောက်ဖူးပါ။ သို့သော် ၂၀၁၀ နောက်ပိုင်းတွင် ကိုးရီးယားများ ကမ္ဘာကျော်ဖြစ်လာသည်။ အထူးသဖြင့် စီးပွားရေးကုမ္ပဏီများတွင် ကိုးရီးယား ဆမ်ဆောင်း၊ ဟွန်ဒိုင်း၊ အယ်ဂျီ၊ ဒေ၀ူး စသည့် နာမည်များ Brands ကျော်ကြားလာသည်။ အားကစား၊ ဂီတ၊ ရုပ်ရှင်၊ သိပ္ပံပညာ၊ စာပေ စသည့် ဘက်စုံထူးချွန်သူများစွာ ပေါ်လာသည်။ ကုလအကြီးအကဲပင်လျှင် ကိုးရီးယားလူမျိုးဖြစ်လာသည်။ မြန်မာလူဦးရေမျှသာရှိသော ကိုးရီးယားသည် အဘယ့်ကြောင့် ကမ္ဘာ့ထိပ်တန်း ရောက်လာပါသလဲ။ မြောက်ကိုးရီးယား၏ အနီးကပ်ခြိမ်းချောက်မှုကို အမေရိကန်၊တရုပ်များဖြင့် ထိန်းချုပ်ကာ စိုးရိမ်မှုကို၊ အလုပ်များစွာလုပ်ခြင်းဖြင့် ဖြေဖြောက်ပြီး၊ ကမ္ဘာနှင့်ယှဉ်ဘောင်သွားနိုင်ခြင်းဖြစ်သည်။ အထူးသဖြင့် အင်တာနက်နည်းပညာတွင် ကမ္ဘာ့နံပါတ်(၁)၊ အမြန်ဆုံး အင်တာနက်လိုင်းကို တောင်ကိုးရီးယားပြည်သူများ ရရှိထားသည်မှာ အံ့ဘွယ်တစ်ခုဖြစ်သည်။ ၂၀၁၃တွင် ဟောင်ကောင်က နံပါတ်(၁)ကို ရယူသွားပါသည်။ 

အမေရိကန်နိုင်ငံရောက်ရှိသူများအဆိုအရ အမေရိကန်မြို့ကြီး၊မြို့လေးများတွင် အင်တာနက်စာမျက်နှာများကို တစ်ခုမှတစ်ခု ကလစ်လုပ်လိုက်တိုင်း ဖြတ်ကနဲ၊ ဖြတ်ကနဲ ကူးပြောင်းသွားသည်မှာ လျှပ်ပစ်သလို မြန်ဆန်လှသည်။ ဗီယက်နမ်၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား အရှေ့တောင်အာရှနိုင်ငံများသို့ ရောက်စဉ်ကလည်း အင်တာနက်စာမျက်နှာများ ကလစ်လုပ်လိုက်ပါက အသင့်တင့်မြန်သည်ကို တွေ့ရသည်။ တရုပ်ပြည်ကြီးလည်း အင်တာနက်တော်တော်မြန်သည်။ စင်ကာပူ၊ဟောင်ကောင်၊ကိုးရီးယားများသည် အလွန်မြန်သော အင်တာနက်လိုင်းများ ရှိသဖြင့် လူငယ်များ၊ ငွေကြေးကိစ္စ၊ ပညာရပ်ကိစ္စများကို အဟုန်လျှင်မြန်စွာ လုပ်နိုင်ပါသည်။ 
အမြန်ဆုံး နံပါတ်(၁)၊ (၂) တို့မှာ  ဟောင်ကောင်-တရုပ် (54.1 Mbps), တောင်ကိုးရီးယား၊ (48.8 Mbps) ဖြစ်သည်။ စင်ကာပူက အဆင့်-၁၀ (30.7 Mbps). အမေရိကန်က နံပါတ်-၁၄ဖြစ်ပြီး၊ ဥရောပနိုင်ငံကြီးများ ဂျာမဏီ၊ ပြင်သစ်၊ အီတလီ၊ စပိန်၊ ဆွဒ်ဇာလန်..များက ထိပ်ပိုင်းတွင်မရှိကြ၊ အင်္ဂလန်နိုင်ငံက အဆင့်-၁၆ (28.1 Mbps) ဖြစ်သည်။ နောက်ကျ ကျန်နေရစ်ပြီ..ဆိုသည့်သဘောဖြစ်သည်။ 

မြန်မာပြည် ဘယ်အဆင့်ရောက်နေသနည်း ဆိုသည်မှာ၊ မရေးတော့ပါ။ တော်တော်လေး တိုးတက်လာပါသည်။ လွန်ခဲ့သော ၂နှစ်က အင်တာနက်ကဖေးကို သာမန်လူတစ်ယောက် သုံးဖို့ လုံးဝမဖြစ်နိုင်သော အချိန်မှ ယခု၊ လူတိုင်း အင်တာနက်ကဖေးဆိုင်သို့ ဈေးနှုန်းချိုသာစွာ ထိုင်ပြီး၊ နိုင်ငံတကာသို့ တစ်မိနစ် ၂ကျပ်နှုန်း ဖုန်းပြော၊ အင်တာနက်ကြည့်နိုင်သည်မှာ အံ့သြဘွယ် ဖြစ်နေသည်။ ဆက်လက် ဈေးချိုပြီး၊ ပိုမိုမြန်ဆန်အောင် လုပ်ပေးခြင်းဖြင့် အနည်းဆုံး ဗီယက်နမ်လောက်တော့ အင်တာနက်မြန်ဆန်လိုပါသည်။ ယူကြု၊ ဗွီဒီယိုများကို ကြည့်လိုပါသည်။ စာရေးသူမှာ ပြဿနာတစ်ခုတွေ့လျှင် ဂူဂယ်၊ ယူတြု Google, Youtube အင်တာနက်များတွင် လူငယ်များ အခမဲ့တင်ပေးသော ဖြေရှင်းနည်းများကို ရယူလေ့ရှိသူဖြစ်သည်။ ထိုနည်းဖြင့် ပညာရေး၊ စီးပွားရေး များစွာ အထောက်ကူရခဲ့ပါသည်။ အာရှတိုက်တွင် ကမ္ဘာ့အမြန်ဆုံး အင်တာနက်နိုင်ငံများစွာ ရှိသလို ကမ္ဘာ့အနှေးဆုံး အင်တာနက်နိုင်ငံများရှိပါသည်။ မြန်မာတို့ အင်တာနှေး ဘ၀မှ၊ မြန်မာဟေ့ ကြွေးကြော်ပြီး အမြန်ဆုံးမလုပ်စေလိုပါ။ မျောက် အုန်းသီးရသလို ဒုက္ခရောက်သွာနိုင်သည်။  ဗီယက်နမ်၊ ကမ္ဘောဒီယားကို မီရန်သာ ကြိုးစားသင့်ပါသည်။ 

မြန်မာပြည်တွင် နိုင်ငံခြားကုမ္ပဏီးကြီးများက ဒေါ်လာသုံး၊ လေး၊ ငါးထောင် အထက် လစာပေးသော လုပ်ငန်းများမရှိသောကြောင့်၊ အိုင်တီပညာရှင် လခစားလုပ်ငန်းလုပ်ကိုင်လိုသူများအတွက် အခွင့်အလမ်းနည်းပါသည်။ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်ပါကလည်း အခြေခံအဆောက်အဦးမရှိသေး၊ ဈေးကြီးနေသည်။ မိမိအချက်အလက်များကို ထိမ်းသိမ်းမည့် Data Center မရှိသေး။ သို့သော် ကိုယ်ပိုင်လုပ်ငန်းအသေးစား လုပ်ကိုင်ပါက ဥပမာ ပုံနှိပ်လုပ်ငန်းများတွင် စာစီစာရိုက်အလုပ်များ၊ ဘာသာပြန်အလုပ်များလည်း များစွာလိုအပ်နေသည်။ အင်တာနက်ကဖေးဆိုင်တစ်ခု တစ်လ ကျပ်၁၀သိန်းမျှ ၀င်ငွေရပါသည်။ ဗီဒီယိုအယ်ဒစ်လုပ်သူတစ်ဦးလည်း တစ်လ ၁၀သိန်းအထက် ၀င်ငွေရှိနေသည်။  ရိုးရိုး ကြော်ငြာ၊ဒီဇိုင်းလုပ်သူပင် ၁၀သိန်းကျော် ၀င်ငွေရနေသည်။ လူစည်ကားရာနေရာတွင် လုပ်နိုင်ပါက ၅ဆ၊ ၁၀ဆ ၀င်ငွေတိုးမည်ဖြစ်သော်လည်း ဆိုင်ခန်းငှားခ ဈေးကြီးသောကြောင့် မစွန့်စားရဲကြ။ အင်တာနက် တယ်လီဖုန်း၊ ကွန်ပြူတာ တပ်ဆင်ပေးသူများလည်း အလွန်အလုပ်ဖြစ်နေသည်။ ရောင်းဝယ်သူများက ပိုပြီးတွက်သားကိုက်သော်လည်း ငွေရှင်ကြီးများက လက်ဝါးအုပ်ထားပါသည်။ ကိုယ်ပိုင်လုပ်ငန်းများ Crowd Funding, Advertising, IT Help Desk စသည့် အဆင့်နိုမ့်လုပ်ငန်းများစွာလိုအပ်နေသည်။ အဆင့်နိုမ့်သော်လည်း ၀င်ငွေမဆိုးလှပါ။ 

မြန်မာလူငယ်များအတွက် အရှေ့တောင်အာရှအဆင့်၊ မြန်ဆန်သည့် ဈေးသက်သာသည့်၊ အင်တာနက်လိုင်းကို မြန်မာအစိုးရမှ ဆက်လက်ပံ့ပိုးသွားဖို့၊ တနည်းအားဖြင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ၀န်ကြီး၊ ဒုဝန်ကြီးများ၊ ဦးဆောင်ညွန်မှုး၊ ဌာနမှုးများ၊ လိုင်စင်ချပေးသည့် ဌာနဆိုင်ရာများ ..အားလုံးမှာ တာဝန်ရှိသည်။ မြန်မာပြည် အင်တာနက်အမြန်နှုန်းတိုးတက်မှု အောင်မြင်ပါစေ။
MDG Series

Reference

စက်မှုဇုံ SEZ Special Economic Zone မြန်မာ သီလဝါ၊ ထားဝယ် နဲ့ ကျောက်ဖြူ


Myanmar State Counsellor Office added 4 new photos.
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မြန်မာအထူးစီးပွားရေးဇုန်ဗဟိုအဖွဲ့ဝင်များ နှင့်တွေ့ဆုံ
နေပြည်တော် နိုဝင်ဘာ ၁၅
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာအထူးစီးပွားရေးဇုန် ဗဟိုအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ဗဟိုလုပ်ငန်းအဖွဲ့ဝင်များ၊ စီမံခန့်ခွဲမှုကော်မတီဝင်များ နှင့် ယနေ့ နံနက် (၁၀) နာရီ နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံအတွင်းရှိ တိုင်းရင်းသား လူမျိုးပေါင်းစုံ၊ ပြည်သူပြည်သားများ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် နေထိုင်နိုင်ရန် အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် အဓိကဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်မှုမရှိဘဲ ရုပ်ပိုင်းဆိုင်ရာအရ ဖွံ့ဖြိုးတိုးတက်မှု မရှိနိုင်သလို အခြားစိတ်ပိုင်း ဆိုင်ရာ၊ ဉာဏ်ပိုင်းဆိုင်ရာ၊ အနုပညာပိုင်းဆိုင်ရာ တိုးတက်မှုလည်း မရှိနိုင်ပါကြောင်း၊ နိုင်ငံ တည်ငြိမ်အေးချမ်းရန် ပြည်သူများအနေဖြင့် ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု အလုံအလောက် ရှိရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် စီးပွားရေးဇုန်များကို တည်ဆောက်ရာတွင် ပြည်တွင်း တည်ငြိမ်အေးချမ်းမှုအတွက် ပံ့ပိုးပေးနိုင်ရေးကို ထည့်သွင်းစဉ်းစားရမည် ဖြစ်ပါကြောင်း။
ကမ္ဘာ့ကုလသမဂ္ဂ၏ ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များ အောင်မြင်မှုရရန် စီးပွားရေး ဇုန်များ ဖွံ့ဖြိုးတိုးတက်မှုသည် များစွာအရေးကြီးပါကြောင်း၊ ယခုရေတိုအတွင်း ဖြစ်မြောက် အောင် လုပ်ကိုင်ရမည့်ကိစ္စသည် အလုပ်အကိုင် အခွင့်အလမ်း ဖြစ်ပါကြောင်း၊ အလုပ်အကိုင် မရှိခြင်းသည် မိမိတို့နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသာမက လူသားများ၏ အကျင့် စာရိတ္တကို ပျက်စီးစေပါကြောင်း၊ အကျင့်စာရိတ္တမကောင်းပါက မည်သို့မျှ ဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံကိုထူထောင်နိုင်မည် မဟုတ်ပါကြောင်း၊ ပြည်သူလူထုအတွက် ပညာရေးနှင့် ကျန်းမာရေး စနစ်ကို ပြည့်ပြည့်စုံစုံ ပံ့ပိုးပေးနိုင်ရန် ငွေကြေးတောင့်တင်းရေးသည် အရေးကြီးပါကြောင်း၊ မိမိတို့ ပြည်သူများ ဖူဖူလုံလုံ ပြည့်ပြည်စုံစုံ ဖြစ်အောင် အချိန်တိုတွင်း ရောက်ရှိအောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
အထူးစီးပွားရေးဇုန်များတွင် လာရောက်ရင်းနှီးမြုပ်နှံထားသည့် နိုင်ငံတကာ စီးပွားရေး အဖွဲ့အစည်းများ၏ အောင်မြင်မှုဖြင့် မိမိတို့နိုင်ငံ၏ တည်ငြိမ်မှုနှင့်စီးပွားရေး ဖွံ့ဖြိုးမှုအပေါ် နိုင်ငံတကာမှ ယုံကြည်မှုရရှိရေးကိုလည်း တည်ဆောက်သွားရမည်ဖြစ်ပါကြောင်း၊ အထူး စီးပွားရေးဇုန်များသည် နိုင်ငံရေးနှင့် စီးပွားရေးအရ သိမ်မွေ့သည့်နေရာတွင် ရှိပါကြောင်း၊
မိမိတို့ အထူးစီးပွားရေးဇုန်များနှင့်စပ်လျဉ်း၍ သတိပြုရမည်မှာ လုပ်ရမည့်ကိစ္စ မလုပ်ခြင်း၊ အမုန်းမခံနိုင်ခြင်း၊ ကျွမ်းကျင်ပိုင်နိုင်မှု မရှိခြင်းနှင့် လုပ်ငန်းကို ဆုံးခန်းတိုင်အောင် ဆောင်ရွက်နိုင်မှုမရှိခြင်းတို့ကြောင့် နောက်ဆုံးတွင် မိမိတို့ပြည်သူများ နစ်နာမည်ကို စိုးရိမ်မိပါကြောင်း။
ယခုစီးပွားရေးဇုန်များသည် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ပြေး စီမံကိန်းများ ဖြစ်ပါကြောင်း၊ ရှေ့ပြေးကောင်းမှ အနာဂတ်ကောင်းမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် လုပ်ငန်းလက်တွေ့ အကောင်အထည်ဖော်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ ရှိပါက ပွင့်ပွင့်လင်းလင်းတင်ပြ ကြစေလိုပါကြောင်းဖြင့်ပြောကြားသည်။
ဆက်လက်၍ မြန်မာအထူးစီးပွားရေးဇုန် ဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ က အထူးစီးပွားရေးဇုန်များသည် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုနှင့် တိုက်ရိုက် ဆက်စပ်မှု ရှိပါကြောင်း၊ ထို့ကြောင့်မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် သီလ၀ါ၊ ထားဝယ်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဝင်များအနေဖြင့် စေတနာ ရှေ့ထားပြီးပေးဆပ်လိုမှုဖြင့် အစွမ်းကုန်ကြိုးစား ဆောင်ရွက်သွားကြရန် ပြောကြားသည်။
ထို့နောက် မြန်မာအထူးစီးပွားရေးဇုန် ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ သီလ၀ါ အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဆက်အောင်၊ ထားဝယ် အထူးစီးပွားရေး ဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာထွန်းနိုင်၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစိုးဝင်းနှင့် တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော် တို့က ဇုန်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်လက် ဆောင်ရွက်ရမည့် အစီအမံများကို ရှင်းလင်းတင်ပြ ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဦးဖေဇင်ထွန်း၊ ဦးသိန်းဆွေ၊ ဒေါက်တာသန်းမြင့်၊ ဦးဝင်းခိုင်နှင့် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး တို့က အထူး စီးပွားရေးဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အအုံဆိုင်ရာ ကိစ္စများနှင့် ဥပဒေပိုင်းဆိုင်ရာ ဆောင်ရွက်သင့်သည်များကို ဖြည့်စွက်အကြံပြုဆွေးနွေးတင်ပြကြသည်။
တင်ပြချက်များအပေါ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြန်လည်ဆွေးနွေးကာ ပေါင်းစပ် ညှိနှိုင်းပေးသည်။

မဂ်လာပါခင်ဗျား
ကမ္ဘာတလွှားSEZ(Special Economic Zone) အထူးစီးပွားရေးဇုန်များနဲ့
ပတ်သက်လို့ထူးထူးခြားခြားသတိပြုမိတာသုံးချက်လောက်မှတ်သား
ဘူးပါတယ်။ မထမအချက်-အမေရိကန်ဟာSEZရဲ့ရှေ့ဆောင်ဖြစ်ပြီး၊ ၁၉၄၂
ထဲက FTZ (Foreign Trade Zone) စတင်ခဲ့ပါတယ်။ဒုတိယအချက်-တရုတ်
ပြည် Shenzhen-SEZဟာအအောင်မြင်ဆုံးSEZ model ဖြစ်ကြောင်းနဲ့တတိယ
အချက်ကတော့အန္ဒိယမှာSEZ တွေအများဆုံးတည်ရှိပြီးကမ္ဘာ့အကြီးဆုံးSEZဖြစ်
ကြောင်းပါ။ ဒေသတည်နေရာ၊မူဝါဒကွဲပြာမှု့တွေကြောင့်SEZ တွေတခုနဲ့အခြေခံ
အချက်အလက်တွေအနည်းနဲ့အများကွဲပြားလေ့ရှိပါတယ်။
အဓိကအားဖြင့်တော့SEZမှာFTZ (Foreign Trade Zone), EPZ(Export ProcessionZone), FZ(Free Zone), IE(Industrial Estates),Free Port နဲ့ Urban Enterprise Zone and Others စသည်ဖြင့်ပါဝင်ကြောင်းသိရပါတယ်။

မြန်မာပြည်မှာလည်းSEZ စီမံကိန်းသုံးခုဖြစ်တဲ့၊ 

သီလဝါ၊ 
ထားဝယ် နဲ
ကျောက်ဖြူ   စတဲ့

စီးပွားရေးအထူးဇုန်တွေအကောင်အတည်ဖေါ်နေကြောင်းသိရပါတယ်။ SEZ နဲ့ပတ်
သက်တဲ့ဥပဒေ (SEZ Law- ပြည်ထောင်စုလွတ်တော်ဥပဒေအမှတ် ၁/၂၀၁၄) ကို
၂၃ ဇန္နဝါရိလ ၂၀၁၄)မှာပြဒန်းပြီးဖြစ်ပါတယ်။
အန္ဒိယမှာSEZ ကို EPZ (Export Procession Zone) အဖြစ် ၁၉၆၅ မှာ Gujarat
ပြည်နယ် Kandla မြို့မှာတည်ထောင်ခဲ့ကြောင်းသိရပါတယ်။ အန္ဒိယရဲ့SEZအကြောင်းတစေ့တစောင်းကိုသိရဘို့slide ၂၁ ပါတဲ့ Presentation ကိုမျှဝေပါရစေ။ စိတ်ဝင်စားရင်အလွယ်တကူကြည့်နိုင်ဘို့ပါ။ ကျေးဇူးတင်ပါတယ်။ TK, ၃၁ ဖူလိုင်လ ၂၀၁၅



သီလဝါ အထူးစီးပွားရေးဇုန် ထူထောင်ရန် ဂျပန်စီးပွားရေးလုပ်ငန်းစုကြီးနှင့် မြန်မာအစိုးရ သဘောတူညီမှုရရှိ
ရန်ကုန်၊ သြဂုတ် - ၂၈
စီးပွားရေးအရ အချက်အချာကျသည့် မြို့တော်ဟောင်း ရန်ကုန်နှင့်ကပ်လျက်ရှိသည့်သီလဝါဆိပ်ကမ်းတွင် အထူးစီးပွားရေးဇုန်(Special Economic Zone) တည်ထောင်ရန် မြန်မာနိုင်ငံအစိုးရနှင့် ဂျပန်စက်မှုစီးပွားရေးလုပ်ငန်းအုပ်စုကြီးတို့ သဘောတူညီမှုရယူနိုင်လိုက်ပြီဖြစ်ကြောင်း Reuters သတင်းဌာနက မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်ကြီးများအသင်းချုပ်(UMFCCI) မှ အကြီးအကဲတစ်ဦး၏ ပြောကြားချက်ကို ကိုးကားရေးသားဖော်ပြသည်။
ယင်းသဘောတူညီချက်အရ ဂျပန်မှ နာမည်ကျော် မစ်ဆူဘစ်ရှီ Mitsubishi Corp၊ မာရူဘီနီ Marubeni Corp နှင့် ဆူမီတိုမို Sumitomo Corp တို့သည် သီလဝါဆိပ်ကမ်းရှိ ၂၄၀၀ ဟက်တာကျယ်ဝန်းသည့် မြေနေရာတွင် အစုရှယ်ယာ ၄၉ ရာခိုင်နှုန်းရယူပြီး မြန်မာအစိုးရနှင့်အကျိုးတူပူးပေါင်းကာ အထူးစီးပွားရေးဇုန်တည်ဆောက်သွားမည်ဖြစ်သည်။ အဆိုပါ အစီအစဉ်သည် မြန်မာအစိုးရ၏ စက်မှုလုပ်ငန်းများတိုးချဲ့ရေးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများရရှိရေးဟူသည့် လုပ်ဆောင်ချက်တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အထူးစီးပွားရေးဇုန်စီမံကိန်း၌ ပြည်တွင်းမှပုဂ္ဂလိကလုပ်ငန်းကြီးများ ပါဝင်လုပ်ကိုင်လာအောင်လည်း ဖိတ်ကြားသွားရန် စီစဉ်ထားသည်။
"မြန်မာနိုင်ငံဘက်ကတော့ အများပြည်သူ အစုစပ်လုပ်ငန်းကြီးတစ်ခုတည်ထောင်သွားမှာပါ၊ အဲဒါမှ အများပြည်သူအနေနဲ့ အဲဒီမှာ ဝင်ရောက်ရင်းနှီးမြှုပ်နှံနိုင်မှာပါ" ဟု Reuters သတင်းဌာနနှင့် ပြုလုပ်သော အင်တာဗျူးတွင် UMFCCI ဥက္ကဌ ဦးဝင်းအောင်က ပြောကြားသည်။
စက်ရုံများ၊ အလုပ်ရုံများ နှင့် သဘာဝဓာတ်ငွေ့စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်စက်ရုံတစ်ခုပါဝင်မည့် ယင်းသီလဝါ အထူးစီးပွားရေးဇုန်၏ အခြေခံအဆောက်အဦဖွံ့ဖြိုးရေးအတွက် ဂျပန်အစိုးရက ဘဏ္ဍာရေးဆိုင်ရာ ကူညီထောက်ပံ့မှုများပြုလုပ်သွားလိမ့်မည်ဖြစ်ကြောင်း ဦးဝင်းအောင်က ဆိုသည်။




သီလဝါတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာသန်း ၇၆၀ အထိ ရောက်ရှိ



သီလဝါအထူးစီးပွားရေးဇုန် စတင်တည်ဆောက်သည့် အခမ်းအနား ကျင်းပနေစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ
 17 Jul 2016
ရန်ကုန်မြို့၊ အရှေ့တောင်ဘက်ရှိ သီလဝါ အထူးစီးပွားရေးဇုန်မှ မြေကွက်များအား ၂၀၁၄ ခုနှစ်၊ မတ်လတွင် စတင် ရောင်းချချိန်မှ စတင်ကာ လာရောက် ရင်းနှီးမြှုပ်နှံမှုများမှာ အမေရိကန်ဒေါ်လာ သန်း ၇၆၀ အထိ ရှိသွားပြီဖြစ်သည်ဟု Nikkei Asian Review က ဇူလိုင် ၁၄ ရက်နေ့က ရေးသားထားသည်။
အဆိုပါပမာဏမှာ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် နိုင်ငံတွင်းရှိ အထူးစီးပွားရေးဇုန် သုံးခု၏ ပြင်ပတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ လာရောက် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းဖြစ်သည်ဟု ဖော်ပြထားသည်။ 
သီလဝါဇုန်တွင် ရင်းနှီးမြှုပ်နှံမှုပမာဏအား ၂၀၂၀ ပြည်နှစ် ဘဏ္ဍာနှစ် အရောက်တွင် ဒေါ်လာ တစ်ဘီလျံအထိ ရှိလာစေရန် မျှော်မှန်းထားသည်။
နိုင်ငံနှင့် ဒေသပေါင်း ၁၆ ခုမှ ကုမ္ဗဏီ ၇၃ ခုက သီလဝါတွင် လုပ်ငန်းများ တည်ထောင်ထားပြီး ဖြစ်သည်။ အများစုမှာ ကုန်ထုတ်လုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေကြပြီး တစ်ဝက်ကျော်မှာ ဂျပန်များ ဖြစ်ကြသည်။
အထူးစီးပွားရေးဇုန်၏ ပထမအဆင့်ဖြစ်သည့် မြေဟတ်တာ ၄၀၀ ၏ ၈၀ ရာခိုင်နှုန်းခန့်အား ရောင်းချပြီး ဖြစ်သည်။ ဟတ်တာ ၂,၄၀၀ ကျယ်ဝန်းမည့် ဒုတိယအဆင့် စက်မှုဇုန်ဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း ယခုနှစ်အတွင်း စတင်ဆောင်ရွက်မည်ဟု ရေးသားထားသည်။
သီလဝါအထူးစီးပွားရေးဇုန်အား ဂျပန်နိုင်ငံမှ ဆူမီတိုမိုကော်ပိုရေးရှင်း၊ မစ်ဆူဘီရှီကော်ပိုရေးရှင်းနှင့် မာရူဘီနီတို့ ဦးဆောင်သည့် စီးပွားရေးလုပ်ငန်းစုက တည်ဆောက်လုပ်ကိုင်ခြင်းဖြစ်ကာ မြန်မာအစိုးရနှင့် ဒေသခံ စီးပွားရေးသမားများလည်း ပါဝင်သည်။
ပြီးခဲ့သည့် စက်တင်ဘာက ဖွင့်လှစ်ခဲ့သည့် ဇုန်၏ ပထမအဆင့်က အလုပ်အကိုင် ၄၀,၀၀၀ ဖန်တီးပေးနိုင်မည်ဟု မျှော်လင့်ထားသည်။
မြန်မာနိုင်ငံတွင် တည်ထောင်နေသည့် အခြားစီးပွားရေးဇုန်များမှာ ထားဝယ်နှင့် ကျောက်ဖြူတို့ ဖြစ်ကြသည်။
မြန်မာ-ဂျပန် စက်မှုဇုံ Official Website
http://www.myanmarthilawa.gov.mm/

အမျိုးသား မြေအသုံးချ မူဝါဒနှင့် National Land Use Policy ဥပဒေ ပြဌာန်းရန် လိုအပ်


မိုးသု မန္တလေး ခရိုနီ 20-11-2016 The Voice ဆောင်းပါး ဖတ်မိပါတယ်။ ခရိုနီ မြေတွေ ပြန်သိမ်းသင့်ကြောင်း ရေးထားလို့ . .
.
ပြန်မသိမ်းပဲ သူတို့ဂတိပေးထားတဲ့ လယ်ယာလုပ်ငန်းကို ငွေတွေသုံးဖို့ အစိုးရသစ်က တွန်းအားပေးနေပါတယ်. .ဥပမာ . .ရာဘာစိုက်မယ် လိမ္မော်စိုက်မယ် လိမ်ညာယူထားတဲ့ မြေတွေကို လူနေအကွက်ချရောင်းဖို့ ငှားစားဖို့ လုပ်နေသူများစွာ (တနိုင်ငံလုံးမှာ) ယခင်အာဏာပိုင်များရဲ့ ဇနီးသားသမီးအမည်နဲ့ ရှိနေပါတယ်။
.
ရာဘာ လိမ္မော် စသဖြင့် တကယ်စိုက်ရင် တဧက သိန်း၂၀၀ လောက် ရင်းနှီးရမှာ ဘယ်လုပ်ပါမလဲ။ လယ်ယာဥယျာဉ်ခြံ မလုပ်ရင်တော့ သိမ်းရပါမယ်။
.
လယ်ယာဥယျာဉ်ခြံ လုပ်ငန်းက နှစ်စဉ် အမြတ်ငွေ နည်းတော့ မြေရောင်း မြေငှားပဲ လုပ်စားချင်တယ်။
.
ခရိုနီ ငွေကြေးတွေ လယ်ယာစီးပွားထဲ မရောက်ရောက်အောင် တွန်းပို့မှ ၇၀% ဆင်းရဲသားလယ်သမားဘဝ တနေ့ ကျပ် ၃၀၀၀ အောက် ဝင်ငွေကနေ တရှိန်ထိုးတက်လာမယ် ဖြစ်ပါကြောင်း။
.
.
နောက်တခု လယ်ဆည်ဒုဝန်ကြီး ဦးထွန်ဝင်း . . Ko Ne Oo share လုပ်တာဖတ်ပြီး ရေးမိပါတယ်။
လယ်ဆည်ပြသနာ ရှုပ်လွန်းပြီး ဒုဝန်ကြီးတော့ ထွက်ရပြီ. . ဟဲဟိုးမြေ လိုမျိုးတွေ အများကြီးပါ။
.
ကိုယ်သိတာတော့ မြိတ်ကျွန်းစုမှာ ဂျပန်ကုမဏီများ ပုလဲမွေးလုပ်ငန်း ပုလဲ ၃လုံးရင်တလုံးပေး အခွန်စနစ်နဲ့ လုပ်ကြတာ နှစ်ပေါင်း၃၀ကျော်ပါပြီ။ ဂျပန်ကုမဏီတွေ သစ္စာရှိစွာ ပုလဲပေးပြီး နှစ်စဉ် လေလံတင်တော့ သူတို့ပုလဲတွေ ဈေးအများဆုံးပေး ရအောင်ပြန်ဝယ်သွားတာ နှစ်စဉ် ဒေါ်လာသန်းပေါင်း၂၀၀၀ ကျော်ပါ။ အဲ သြဇီပုလဲမွေး ကုမဏီတွေလဲ လာစီပွားရှာတော့ အခွန်မပေးပဲ ပုလဲတွေ အိပ်ကပ်ထဲအထိ ခိုးထုတ်ကြတယ် ရုပ်ပျက်ဆင်းပျက် သြဇီဝိသမတွေပါ။ . . ဗီယက်နမ်မှာ အမေရိကန်စီးပွားရေးသမားတွေ ဝင်လာတာ စက်အသစ် ကွာလတီမမှီလို့ သူများမယူတော့တဲ့ နေရောင်ခြည်လျပ်စစ်ထုတ်စက်လိုမျိုးတွေ ညာရောင်းလွန်းလို့ ဗီယက်နမ်အစိုးရက အမေရိကန် ဝိသမတွေကို တရုပ်ဝိသမတွေလို သိပ်ရွံမုန်းနေကြတယ်။
.
လယ်ယာပြုပြင်ပြောင်းလဲမှု . .အနည်းဆုံးဝန်ကြီးဌာန ၄ခု ပါဝင်တဲ့ နဲ့ ဥပဒေပေါင်း ၃၀ကျော် အရင်ရှင်းရမယ်လို့ ၂၀၁၆ လွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။ လယ်သမားတိုင်း လယ်၂ဧကစီ အနည်းဆုံး ပိုင်ဆိုမယ်။ အမေရိကန်က အထွက် အဆများစွာတိုးဖို့ နည်းပညာအကူညီပေးမယ် . . စသဖြင့် တင်ပြခဲ့ပါတယ်။ လက်တွေ့ကတော့ အကောင်ထည်ဖော်ဖို့ နှေးနေပါတယ်။
.
တကယ်တော့ ခရိုနီပိုက်ဆံနဲ့အတူ . နိုင်ငံခြားရင်းနှီးမှု ချေးငွေ ဘီလျံဒေါ်လာတွေကို အခု လာမဲ့၅နှစ်မှာ ဗီယက်နမ်လို လယ်ယာဥယျာဉ်ခြံလုပ်ငန်းမှာ ဒလဟော အမြန်ဆုံး ရင်းနှီးမှ နောက်၅နှစ် ဗီယက်နမ်ခြေဖျားကို မှီပါမယ်။
.
စကားမစပ် မြန်မာ ဝန်ဆောင်မှု Service Industry မြို့နေလူနေမှုက လွန်ခဲ့တဲ့ ၅နှစ်မှာ အပြင်းထန် လုပ်ကြ ဆောက်ကြတာ ဗီယက်နမ်ကို မှီသွားပါတယ်။ ဥပမာ ဘဏ် ကွန်ဒို မိုဘိုင်းဖုန်း အင်တာနက် ကွန်ကရစ်လမ်း လေကြောင်း ဘတ်စကား စသဖြင့်။ ဒါပေမဲ့ မြန်မာလယ်သမား ဘဝက ဗီယက်နမ် ထက် အရင်၅နှစ် ၃ဆနိုမ့်ရာက . . အခုဆို ၄ဆလောက် နိုမ့်ကျသွားရှာပါတယ်။ (လယ်သမားတွေလဲ သူတို့မွဲတေမှန်းမသိ . . ရိတ်ခံရမှန်လဲမသိ မုဒိတာနဲ့ ပျော်နေတာပဲလေ အံ့စရာတခု)။
.
ဒုဝန်ကြီးက ပိုသိမှာသေချာပါတယ်။ သိပ်သိတတ်ခြင်းက အဆင်မပြေဖြစ်တယ်။ ဦးဝင်းထိန် NLD က သိပ်မသိတတ်ပါ။ သို့ပေမဲ့ ပျော်ပျော်နေတတ် လူရည်လည်တော့ စကားကြမ်းပေမဲ့ အဆင်ပြေနေပါတယ်။ ဒီ ပို့စ် ကိုလည်း ဦးဝင်းထိန်ကို တယောက်ယောက်က ဖတ်ပြမှာ ယုံကြည်ပါတယ်။
ပုံ . .(မိုးမခ)
၂၀၁၆ လွှတ်တော်စစ်တပ်ကိုယ်စားလှယ်များ အမေရိကန်အဖွဲ ၏ မြန်မာ့လယ်ယာမြေပြုပြင်ပြောင်းလဲမှု လွှတ်ကိုယ်စားလှယ်အားလုံးနှင့်အတူ ဆွေးနွေးပွဲ
ဇာနီကြီး
21-11-2016

Zarni Gyi ဒီနေ့ လွှတ်တော်မှာ ဥပဒေအဖွဲ့က ၂၀၁၆ ဇန္နဝါရီ (ကြာလှပြီ) တင်ထားတဲ့ မြေယာမူဝါဒ ကို အကြိမ်ကြိမ်စီစစ် တင်ပြကြောင်း ဖတ်ကြားပါတယ်။
* မြေယာအဖွဲ့ သီးသန့်ဖွဲ့ဖို့မလိုကြောင်း
* မြေယာပြသနာများကို အဖွဲ့တခုသီးသန့် ဖွဲ့စရာမလို။ လက်ရှိတရားရုံးကပဲ ဖြေရှင်းပေးနိုင်ကြောင်း . .
.
အခြား ဖြည့်ဆွတ်ချက်များစွာနဲ့ တင်ပြပြီး လွှတ်တော်က မှတ်တမ်းတင် အစိုးရအဖွဲ့ထံ တင်ပြမယ် ဆုံးဖြတ်ပါတယ်။
လာမယ် . . ကြာမယ်။







Zarni Gyi added 5 new photos — with U Tin Lin and 48 others.
October 18
နိုင်ငံကြီးပွားဖို့ လယ်ယာမြေပြုပြင်ရေး အမေရိကန်အဖွဲ့ နဲ့ မြန်မာ ပညာရှင်တွေ လုပ်နေကြပါပြီ။
၇၀% ဆင်းရဲမွဲတေတဲ့ လယ်သမားတွေနဲ့ Land Reform အကြောင်း ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမေရိကန်အကူညီအဖွဲ့ လွှတ်တော်ကိုယ်စားလှယ်များကို တင်ပြသွားပါပြီ။
အမေရိကန်အဖွဲ့ တင်ပြချက်
မဟာဗျူဟာ စတင်နေပြီး လယ်လုပ်သူတိုင်းလယ် ဧက သေးသေးတွေ (ဥပမာ ၂ဧက လောက်စီ) ပိုင်ရေး, မျိုးစေ့ နည်းစနစ် ငွေ အားလုံးထောက်ပံ့ရင်း ၂ဧက ထွက်နှုန်းက ယခု၁၀ဧက ထွက်နှုန်းထက် သာမယ်။
အမေရိကန် စနစ်နဲ့ ဂျပန် တောင်ကိုးရီးယား ဗီယက်နမ် တရုပ် တိုင်ဝမ်တွေမှာ အောင်မြင်ပုံ . . အမေရိကန်က မြန်မာကို နှစ်၅၀ နောက်ကျပြီးမှ လာရောက်ကူညီခွင့်ရပုံများကို ဆွေးနွေးတင်ပြပါတယ်။
မူဝါဒ ဆွဲပြီး လုပ်ရင်း ပြင်ရင်း စတင်နေပြီဖြစ်ပါတယ်။ ခရိုနီက မြေပြန်ပေးရပါမယ်။ ခရိုနီလို့ မပြောပဲ မြေအများကြီး ပိုင်တဲ့လူတွေလို့ ပြောရအောင်။ သူတို့ အဆင့် မလာခင် အခု နိုင်ငံတော်ပိုင် မြေဧက သန်းနဲ့ချီ တွေ့ထားပါပြီ။ အခုပဲ ဧရာဝတီတိုင်းမှာ လယ်ဧက သောင်းနဲ့ချီ ဝေငှပေးနေပါပြီ။
မဟာဗျူဟာ (ရေတို ရှေည် စီမံကိန်းများ)
၁။ မြေယာမရှိသူများကို မြေ၂ဧကစီဖြစ်စေ ခွဲဝေပေး
၂။ သူတို့ကို ကူညီထောက်ပံ့ပေး
၃။ ချေးငွေရအောင်လုပ်ပေး။ အခုဖြစ်နေတဲ့ တလ၁၀% မတရားအတိုးနှုန်းမဟုတ်ပဲ တနှစ်လုံးနေမှ ၅% လို ချေးငွေမျိုးပါ။
* * * * *

အာရှတိုက်က ၅နိုင်ငံ အကြီးကျယ် အောင်မြင်မှုများအကြောင်း

၁။ ဂျပန်
၁၉၄၆ အမေရိကန်က လာရောက် ပြုပြင်ပြောင်းလဲပေးတယ်။ လယ်ယာမဲ့တွေကို တဦး ၁ဧက လောက်ခွဲဝေ လယ်ပိုင်ဖြစ်စေတယ်။ တရားမဝင် မြေလွှဲပေးတာမျိုး မရှိစေရ။ လယ်လုပ်သူပဲ လယ်ပိုင်စေတယ်။ ၁၀နှစ်အကြာ လယ်သမားဘဝအရမ်းတိုးတက် စက်မှုလယ်ယာ ဖြစ်သွားပါတယ်။
မြန်မာပြည်က အသက်၉၀ စီးပွားပညာရှင် ဦးလှမြင့် နဲ့ အဒမ်စမစ် ပေါင်းပြီး Smit-Myint အဖွဲ့လည်း ပါဝင်လုပ်ဆောင်ပါတယ်။

၂။ တောင်ကိုးရီးယား
၁၉၄၉ စတင်ခဲ့ပါတယ်။ ကိုးရီးယားစစ်ပွဲ အပြီး လယ်မြေပြုပြင်ရေး လုပ်ပါတယ်။ ၄% လူဦးရေက လယ်မြေအများကြီးကို ပိုင်ရာကနေ လယ်မြေမရှိတဲ့ လယ်သမား (သီးစား) တွေကို ခွဲဝေပေးပါတယ်။ အခုတော့ အကြီးကျယ်အောင်မြင်ရာက ကမ္ဘာ့ထိပ်တန်း စက်မှုနိုင်ငံ ဖြစ်နေပါပြီ။

၃။ ဗီယက်နမ်
၁၉၆၈ စတင်ခဲ့ပါတယ်။ တောင်မြောက် ၂နိုင်ငံ စစ်ပွဲအပြီး ကွန်မြူနစ်ခေါင်းဆောင်များက တောင်ဗီယက်နမ် လယ်သမားများ အရမ်းအောင်မြင်တာကို တွေ့ပါတယ်။ မြောက်ပိုင်း ကွန်မြူနစ် ဘုံလယ်ယာစနစ်ကနေ အမေရိကန်စန်အတိုင်း လယ်သမားတွေကို လယ်ပိုင်အဖြစ် ခွဲဝေလုပ်ကိုင် ပံ့ပိုးပါတယ်။ အခု ၂၀၁၆ မှာ အကြီးကျယ်အောင်မြင်ပြီး စက်မှုဗီယက်နမ်အဖြစ် ချီတက်နေပါပြီ။
ကမ္ဘာ့ ကော်ဖီအများဆုံး တင်ပို့တဲ့နိုင်ငံ လဘက်ခြောက် ရာဘာ သီဟိုစေ့ အများဆုံးတင်ပို့ ရောင်းချတာ မြေဧက ၂ဧက ၃ဧက သေးသေးလေးတွေမှာ စိုက်ပျိုးတဲ့ စနစ်နဲ့ လုပ်နေကြတာပါ။ ကိုယ်ပိုင်မြေဆိုတော့ ကြိုးစားလုပ်တယ်။ အစိုးရနဲ့ အဖွဲ့အစည်းတွေက ထောက်ပံ့ကူညီပေးကြပါတယ်။

၎။ တရုပ်ပြည်မကြီး
၁၉၄၉ - ၁၉၅၆ မှာ တဦး ၂ဧက ခွဲဝေလုပ်စေတာ အောင်မြင် ဝင်ငွေ ၈၀% ထိ တိုးတက်လာပါတယ်။ ဒါပေမဲ့ ကွန်မြူနစ် ဘုံလယ်ယာမြေ အများစုကြောင့် တရုပ်ပြည် အခြေနေ ဆိုးသွားရတယ်။ ၁၉၇၀ နောက်ပိုင်း small firm ခွဲဝေလုပ်ကိုင်စေတယ်။ ၁၉၉၀ မှာ ၈၆% တက်သွားပြီး အခုတော့ အရှိန်ရနေပါတယ်။ မကြာမီက လယ်သမားတွေကို မြေပိုင်ခွင့် အနှစ် ၃၀ ထပ်တိုးပေးပြီး ဒီလမ်းကြောင်းပဲ အောင်မြင်စွာ သွားနေပါတယ်။

၅။ တိုင်ဝမ်
၁၉၅၀-၅၃ မှာ လယ်သမားတယောက် တဧကခွဲနှုန်း ခွဲဝေလုပ်ကိုင်ရင်း နှစ်မကြာခင် ဝင်ငွေ ၁၅၀% တိုးတက်ခဲ့ပါတယ်။ အခုတော့ လယ်သမားမိသားစုတွေ ပညာတတ် စက်မှု ပညာရှင်တွေ ဖြစ်နေပါပြီ။
မြန်မာပြည်ကို အနှစ်၅၀ နောက်ကျရောက်လာတဲ့ အမေရိကန်အဖွဲ့ . .လယ်သမားတွေကို သင်တန်းတွေလဲ မပေးတော့ပါ။ WorkShop အလုပ်ရုံဆွေးနွေးပွဲတွေလဲ မလုပ်တော့ပါ။ တခါထဲ လက်တွေ့ လုပ်ရင်း လယ်ယာမြေပြုပြင်ပြောင်းလဲ နေပါပြီ။


ပေါ်လစီစတင်ပြီး ဥပဒေများနဲ့ အကောင်ထည်ဖေါ်တာ ၅နှစ်ကြာပေမဲ့ အရင်အစိုးရ စိုးရိမ်မှုတွေကြောင့် အခြေနေဆိုးခဲ့ရပါတယ်။ အခု (၃)ဆင့် လုပ်မှာကတော့
၁။ လယ်လုပ်သူ လယ်ပိုင်ဖို့ (အစိုးရ သို့မဟုတ် ပုဂ္ဂလိက လယ်မြေများက) ဧက သေးသေးတွေ ခွဲဝေပေးခြင်း
၂။ လယ်မြေသိမ်းခံရတဲ့ ပြသနာတွေ ဖြေရှင်းခြင်း
၃။ မြေမရှိတဲ့ လယ်သမားများ မြေဧက သေးသေးများ ပိုင်ဆိုင်
အစိုးရနဲ့တာဝန်ရှိသူများက လယ်သမားများကို ကူညီကြပါ။ သူတို့စိတ်ဖိစီးမှုများကို မျှဝေခံစား ပံ့ပိုးကူညီပေးကြပါ။

မြန်မာပြည်မှာ ယခုအချိန်ထိ လေ့လာရှိထားချက်အရ အစိုးရပိုင် လယ်မြေ လုပ်နိုင်တဲ့ မြေဧက သန်းနဲ့ချီရှိနေပါတယ်။ ခွဲဝေပေးမှာပါ။
ငွေကြေးနဲ့နည်းပညာကို
* ဆွဒ်ဇာလန်
* ဥရောပဘုံဈေး EU
* အမေရိကန် တို့က စတင်ခဲ့ပါတယ်။ တခြားအဖွဲများ ပါဝင်ကူညီရင် ပါဝင်နိုင်ပါတယ်။
* * * * * * * *


ဦးရွှေသိန်း (တင်ပြချက်)
လက်ရှိ မြေယာမဏ္ဍိုင်အဖွဲ့ . .

မူဝါဒနဲ့ပြုပြင်ပြောင်းလဲမှု အခြေအနေများကို ရှင်းပြပါတယ်။ မြန်မာပြည် မြေ ရေ လေ နဲ့ လုပ်အား ၇၀% ရှိတဲ့ တောင်သူလယ်သမား အင်အားနဲ့ စိမ်ခေါ်မှုများစွာကို ကျော်လွှား အောင်မြင်ဖို့ပါ။
မြေရေ သစ်တော အရင်းမြစ်များ ပျက်စီး ရာသီဥတုဖေါက်ပြန်မှုတွေ ဘာကြောင့်ဖြစ်သလဲ အားလုံးသိပြီးပေမဲ့ ပြောရပါမယ်။
မြေအသုံးချဖို့ ဌာနဆိုင်ရာ ၂၀ ခုလောက်က ဥပဒေပေါင်း ၃၀ ကျော်နဲ့ ပူးပေါင်းဆောင်ရွက်မှု အာနည်းလှပါတယ်။ သစ်တောမြေ စိုက်ပျိုးမြေတွေကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုးနဲ့ မြေစာရင်းမှုးတို့ပဲ အဓိက ဖြေရှင်းနေကြပါတယ်။
မြေအရင်းမြစ် စီမံရေးစနစ် အားနည်းနေပါတယ်။ အားကောင်းလာဖို့ . .လူမှုအဖွဲ့အစည်းတွေ အားလုံးပူးပေါင်း ဆောင်ရွက်ရပါမယ်။ လျှို့ဆော်ပွဲတွေ လုပ်တဲ့အဖွဲ နဲ့ စေ့စပ်ညှိနှိုင်းတဲ့ အဖွဲ့တွေ အစိုးရနဲ့ မတူညီတဲ့အဖွဲ့တွေ စွမ်းရည်တွေကို အသုံးချနိုင်ရင် အောင်မြင်မှာလို့ ယုံကြည်ပါတယ်။

မြေအသုံးချမှုမူဝါဒ
အပိုင်း(၁၂) ခုနဲ့ ရေးဆွဲပြီးပါပြီ။ ဒီမူဝါဒက အသေမဟုတ်ပါ။ လိုထည့် မလိုဖြုတ် လုပ်ရင်း တော်တော် ပြီးပါပြီ။ ၅နှစ်တာ လုပ်ခဲ့ပြီး ရှေ့ဆက် ပွင့်လင်းမြင်သာစွာ သွားရပါမယ်။
''အမျိုးသားမြေဥပဒေ''
ဥပဒေပေါင်း ၃၀ ကျော် ဌာနဆိုင်ရာပေါင်း ၂၀ ကျော် ရှုပ်ထွေးနေတာ အားလုံး ချိတ်ဆက်မိအောင် ပြင်ဖို့ ''အမျိုးသားမြေဥပဒေ'' အရင် ပြဌာန်း အတည်ပြုရပါမယ်။
မူဝါဒကို အစိုးရ (သို့) လွှတ်တော် ဘယ်သူရေးမလဲ။ အကောင်ထည်ဖေါ်ဖို့ အားလုံးအထက်က အဖွဲ့စည်းတခုလဲ ဖွဲ့ရပါဦးမယ်။
လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းခြင်းကို အမေရိကန်အဖွဲ့နဲ့ ဦးရွှေသိန်း တို့က ဖြေသွားပြီး နောက်လဲ လွှတ်တော်ကို လာရောက်တင်ပြပါမယ် ပြောသွားပါတယ်။

ဇာနီကြီး
၁၇. အောက်တိုဘာ ၂၀၁၆
Ref link . .
ကျော်မျိုးထွန်း ရဲ့ လယ်ယာမြေ ပြုပြင်ရေးမှာ အဓိကကျတဲ့ ကုန်စည်ဒိုင်ကြီး စနစ်နဲ့ ပေါင်း လုပ်ကိုင် ကူညီကြဖို့ပါ။
Link..
https://goo.gl/CLo4Rc
လယ်ယာမြေပြုပြင်ရေး eBook
http://www.slideshare.net/…/myanmarjobstu…/landtransform2016



စိုက်ပျိုးစရိတ်ချေးငွေ ထိရောက်ရေးအဆို ၁၇ဦးဆွေးနွေးပြီး လယ်ဆယ်ဝန်ကြီးမှ စီမံဘဏ္ဍာဝန်ကြီးဌာနနှင့် ဆက်လက်လုပ်ဆောင်ရန် မှတ်တမ်းတင်ရန် အကြံပြု။ အဆိုရှင် ဒေါက်တာခင်စိုးစိုးကြည် ကိုယ်တိုင်က မှတ်တမ်းတင်စောင့်ကြည့်ရန် သဘောတူပြီး လွှတ်တော်မှ လက်ခံသည် (ပြည်)
.
တောင်သူလယ်သမား ဝင်ငွေတိုးရေး အရေးကြီးသောအချက်များစွာ ဆွေးနွေးကြသည်။



အမျိုးသား မြေအသုံးချ မူဝါဒနှင့် ဥပဒေ ပြဌာန်းရန် လိုအပ် Myanmar Independent Journal News (fb)
▬▬▬▬▬▬▬▬▬▬▬▬▬
နေပြည်တော်၊ နိုဝင်ဘာ ၃၀၊ ၂၀၁၆
အငြင်းပွားမြေယာ ပြဿ နာများ ဖြေရှင်းနိုင်ရေးအတွက် အမျိုးသားမြေ အသုံးချမှု မူဝါဒ ပြဌာန်းပေးရန် လိုအပ်သည်ဟု ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်က နိုဝင်ဘာလ ၃၀ ရက်နေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ တင်ပြခဲ့သည်။
“မြန်မာနိုင်ငံတွင် မြေယာ ပြဿ နာများ ဖြစ်ပေါ်ပြီး အငြင်းပွားဖွယ် ဖြစ်စဉ် ဖြစ်ရပ် များစွာ ရှိနေပါသည်။ ၎င်းတို့ ကို ထိရောက် ကောင်းမွန်စွာ ဖြေရှင်းနိုင်မည့် နည်းလမ်းမှာ ကောင်းမွန် မျှတသည့် အမျိုးသား မြေအသုံးချမှု မူဝါဒနှင့် အမျိုးသား မြေဥပဒေ ပေါ်ပေါက်ရေးပင် ဖြစ်ပါသည်။” ဟု ပြည်ထောင်စု လွှတ်တော် ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်၏ ဒုတိယ ဥက္ကဋ္ဌ (၂) ဒေါက်တာ သန်းဝင်းက ဆိုသည်။
ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် အမျိုးသား မြေဥပဒေ ပြဌာန်းရေးအတွက် အမျိုးသား မြေအသုံးချမှု မူဝါဒ (National Land Use Policy) ကို ပြန်လည် သုံးသပ် ရေးဆွဲနိုင်ရေး အတွက် ကော်မရှင်၏ တိုက်တွန်းချက်ကို ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“နိုင်ငံတော်ရဲ့ မြေ သယံဇတကို စဉ်ဆက် မပြတ် စီမံခန့် ခွဲ အသုံးပြုနိုင်ရေး အတွက် အမျိုးသား မြေဥပဒေကို ပြဌာန်းဖို့ လိုအပ်ပါတယ်” ဟုလည်း ၎င်းက ပြောသည်။
၂၀၁၆ ဇန်နဝါရီလတွင် ထုတ်ပြန်ခဲ့သည့် “အမျိုးသား မြေအသုံးချမှု မူဝါဒ” ကို ပြည်ထောင်စု လွှတ်တော် ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်က လေ့လာ ဆန်းစစ်ပြီးနောက် အမျိုးသား မြေအသုံးချမှု ကောင်စီ ဖွဲ့စည်းရာ၌ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ် များသာမက နေပြည်တော် ကောင်စီ ဥက္ကဋ္ဌကိုလည်း အဖွဲ့ဝင်အဖြစ် ထည့်သွင်းရန် ကော်မရှင်က အကြံပြုထားသည်။
ထို့ အပြင် လက်ရှိ ထုတ်ပြန်ထားသည့် အမျိုးသား မြေအသုံးချမှု မူဝါဒကို သက်ဆိုင်ရာ လွှတ်တော် အဖွဲ့အစည်းများ၊ ပြည်ထောင်စု အဆင့် သက်ဆိုင်ရာ ဌာန အဖွဲ့ အစည်းများ၊ ပညာရှင်များ၊ စိတ်ဝင်စားသူ ပြည်သူများ ပါဝင်သော ကော်မတီ တစ်ရပ် ဖွဲ့စည်းကာ အချိန်ကာလ သတ်မှတ်၍ ဆောလျင်စွာ ပြန်လည် ရေးဆွဲရန် လိုအပ်ကြောင်း ပြည်ထောင်စု လွှတ်တော် ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်က လွှတ်တော်သို့တင်ပြခဲ့သည်။
ထိုသို့ ကော်မရှင်၏ တင်ပြချက်များကို ပြည်ထောင်စု လွှတ်တော်က မှတ်တမ်းတင်ကြောင်းနှင့် တင်ပြပါ အမျိုးသား မြေအသုံးချမှု မူဝါဒကို ကျင့်သုံး ဆောင်ရွက်နိုင်ရန် ပြည်ထောင်စု အစိုးရ အဖွဲ့သို့ဆက်လက် ပေးပို့ သွားမည် ဖြစ်ကြောင်း လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ကြေညာခဲ့သည်။
မြန်မာအင်ဒီပဲန်ဒင့်ဂျာနယ်
www.myanmarij.com