Friday, March 30, 2018

အင်ဂျင်နီယာကောင်စီကို မြန်မာ့စီးပွားပြုပြင်ပြောင်းလဲရေးမှာ စံပြဖြစ်စေချင်ပါတယ်။


လက်ရှိဝက်ဆိုက်မှာတော့ PE အရေအတွက်တွေကို ဖော်ပြထားတာ တွေ့လို့ တိုးတက်လာပါတယ်။ ကြေငြာ်ချက် အမြောက်အများ၊ ဥပဒေများကိုလဲ ဒေါင်းလုပ်ကြည့်နိုင်တာ ၀မ်းသာစရာပါ။ ကျေးဇူးပါပဲ။ 
.
PE RE RSE တွေကို အမြဲဖုန်းနဲ့အီးမေးနဲ့ ဆက်သွယ်ပြီး Update လုပ်ဖို့ပြီး မေးမြန်းရင် တရက် လူ၅၀နှုန်းဆို ခဏနဲ့ပြီးသွားမှာပါ။ ရန်ကိုန်တိုင်းမှာ နေထိုင်ရင် ရန်ကုန်တိုင်း အဓိက၊ ကျန်တိုင်းပြည်နယ်များ ဒုတိယဦးစားပေး အဲလို သတ်မှတ်ရမှာပါ။ နိုင်ငံခြားနေမှာနေရင်တော့ အီးမေးနဲ့မေးရမှာပါ။ လူတထောင်လောက်ကို အီးမေးနဲ့ပို့ပြီး မေးလို့လဲရပါတယ်။ အီးမေးထက် ဖုန်းဆက်မေးခြင်းက ပိုပြီး ကောင်းပါတယ်။ Voice Record System လည်း လုပ်ထားလို့ရပါတယ်။ 
.
PE RE RSE list , စာအုပ်နှစ်စဉ် မထုတ်ပြန်နိုင်ရင်တောင်မှာ ၀က်ဆိုဒ်မှာ ဒီစာရင်းတွေနဲ့ လက်မှတ်ရရှိထားသူများ ကိုယ်ရေးအကျဉ်းကို ပွင့်လင်းစွာဖော်ပြသင့်ပါတယ်။ လျို့ဝှက်နေစရာ မလိုတော့ပါဘူး။ နိုင်ငံတော် အစိုးရ၀န်ကြီးများနဲ့လွှတ်တော်အမတ်များ နေရပ်လိပ်စာနဲ့ စာရင်းတောင် https://pyidaungsu.hluttaw.mm/ မှာ ဖော်ပြနေပါပြီ။ ဒီလိုဖော်ပြထားရင် စည်ပင် အစိုးရဌာနတွေ ကုမဏီတွေ အဖွဲ့အစည်းတွေက လွတ်လပ်စွာ မေးမြန်းစုံစမ်း ငှားရမ်းနိုင်မှာ ဖြစ်ပါတယ်။ အင်ဂျင်နီယာ ပညာရှင် အချင်းချင်းလဲ ဆက်သွယ် မေးမြန်း ကူညီနိုင်မယ်ဖြစ်ပါတယ်။ လူနဲ့မူ .. မူကိုပြင်ပြီး လူတွေက မလိုက်နာရင် အလဟသပါပဲ။ အင်ဂျင်နီယာကောင်စီအတွင်းမှ လူများ အကောင်းဆုံးလုပ်နိုင်ပါစေ။ အင်ဂျင်နီယာများလဲ ဘာမဆိုကန့်ကွက်နေရင်လဲ အခကြေးမယူပဲလုပ်ပေးနေတဲ့ ကောင်စီဝင်၆၀ဥိး အတွက် စိတ်ပျက်စရာဖြစ်နိုင်ပါတယ်။ အင်ဂျင်နီယာကောင်စီ ၆စဦးရဲ့ ကိုယ်ရေးအကျဉ်းကိုလဲ ၀က်ဆိုဒ်မှာ တင်ပြနိုင်ဖို့ ကြိုးစားနိုင်ကြပါစေ။ 
.
အင်ဂျင်နီယာကောင်စီကို မြန်မာ့စီးပွားပြုပြင်ပြောင်းလဲရေးမှာ စံပြဖြစ်စေချင်ပါတယ်။

လေးစားစွာဖြင့်.. 
. Thanks. .





ကိုယ်မသိဘဲ အလွဲသုံးစားမှုတွေ သတိထားနိုင်အောင်လို့ပါ
ပြောသာ ပြောတယ် ခုလိုကွယ်ရာမှာ လုပ်နေကြလဲ အကျိုးအကြောင်း မတိုက်ဆိုင်ရင် (အတု အစစ် ခွဲခြားနိုင်တဲ့ စိတ်ချရတဲ့ secure ဖြစ်တဲ့ စနစ်တစ်ခု မတည်ဆောက်မနိုင်မချင်း) ကိုယ်တိုင်သိဖို့မလွယ်ပါ။



Thura Naing
တု နဲ့ ကိုယ့်လက်မှတ်တုကြီးထိုးလို့)
အစိုးရ body ဖြစ်တဲ့ YCDC ကို မခန့်လေးစားနဲ့ ရဲရဲဝင့်ဝင့် submission လုပ်ထားတယ်။ တိုက်ဆိုင်မှုရှိလို့ ခုကိစ္စပေါ်လာတာ။ submission မှာထိုးထားတဲ့ လက်မှတ်နဲ့တံဆိပ်တုံး အတုအစစ်ခွဲခြားဖို့ အားနည်းချက်တွေရှိနေတယ်။ တကယ်စိတ်ပူရတာက ကိုယ်မသိဘဲ projects ဘယ်နှစ်လုံးလောက် အခုလို လူမသိသူမသိ အလွဲသုံးစား လုပ်ခံထားရလဲတော့ မသိသေးဘူး။ ဒီလိုကိုယ်မသိဘဲ အလုပ်ခံနေရတဲ့ တခြား Engr တွေရော ဘယ်နှစ်ယောက်ရှိနိုင်မလဲ မသိနိုင်ဘူး။





Wynn Htainoo is with Nilar Kyaw and Tin Latt.
ပြင်ဆင်ဖို့အလွန်တရာအရေးကြီးတယ်လို့အကြံပြုပါရစေ
ကိုယ်ကောင်းအောင်လုပ်သမျှလူသိအောင်မလုပ်ဘဲ imageတက်လာမည်မဟုတ်ပါရှင်းလင်းစရာရှိလျင်မရှင်းဘဲထားလျင်image ကျပါသည်
image သည် အဖွဲ့အစည်းတိုင်းအတွက်အသက်သွေးကြောတခုဖြစ်ပါတယ်
၁။ Water Treatment & Sanitation လုပ်ပိုင်ခွင့်နဲ့ ပတ်သက်လို့ ကောင်စီကို အပြန်အလှန်တိုင်တယ်။ ကောင်စီက တိုင်တဲ့ မေဂျာတွေနဲ့ ကြား မေဂျာတွေပါတဲ့ စုံစမ်းရေး ကော်မရှင် ဖွဲ့တယ်။ ကော်မရှင်က ဖိတ်ခေါ်သင့်တဲ့လူတွေကို ဖိတ်ခေါ်ပြီး ကြားနာမှု ပြုတယ်။ ကော်မရှင်ရဲ့ သဘောထားကို EC တင်တယ်။ CC တင်တယ်။ ပြီးတော့ focal ministry ကို တင်တယ်။ အခု focal ministry က အတည်ပြုပြီး ဖြစ်တယ်။
၂။ Plumbing ကို Mechanical BS တွေ indenpendent charge ယူခွင့် ရှိတယ်။
၃။ Water Treatment & Sanitation ကို Mechanical တွေ independent charge ယူချင်ရင် သက်ဆိုင်ရာနယ်ပယ်မှာ လုပ်သက် ၁၀နှစ်နဲ့ ရေးဖြေ၊ နှူတ်ဖြေ ဖြေရမယ်။ ရေးဖြေမှာ ၇၀% (?) နှူတ်ဖြေမှာ ၆၀% (?) ရမှ အောင်ပြီး လိုင်စင်ရမယ်။ စစ်ရင် CIvil တွေ Water အတွက် ဖြေရတဲ့ scope ကို သုံးမယ်။
၎။ စည်ပင်ကို လိုင်စင် အင်ယာတွေရဲ့ လုပ်ပိုင်ခွင့် ပေးရင် အဲဒီအတိုင်း ပေးလိမ့်မယ်။
DIsclaimer
၁။ အခေါ်အဝေါ်နဲ့ % နဲနဲ လွဲနိုင်တယ်။ အတိအကျ ပြန် ပြင်ပေးမယ်။
၂။ ဒါ အသိပေးတဲ့ status ဖြစ်တယ်။ မငြင်းဘူး။ အမှားအမှန် အဆိုးအကောင်း မပြောဘူး။ ငြင်းချင်ရင် အမှားအမှန် အဆိုးအကောင်း ပြောချင်ရင် ဒီ status အောက်မှာ မပြောနဲ့။ တခြားမှာ သီးသန့် status တင် ပြော၊ ကျနော်လဲ ဘာမှ လာရေးမှာ မဟုတ်ဘူး။ ဒီ status အောက်မှာ ငြင်းရင်၊ အမှားအမှန် အဆိုးအကောင်း ဝေဖန်ရင် ဖျက်ခွင့်ကို reserve လုပ်ထားတယ် ဆိုတာ ကြို အသိပေးတယ်။
၃။ သိချင်တဲ့လူတွေ အတွက် ရေးတာ ဖြစ်တယ်။ ငြင်းချင်တဲ့လူတွေ အပြစ်တင် ဝေဖန်ချင်တဲ့လူတွေအတွက် ရေးတာ မဟုတ်ဘူး။ ဖတ်ရတာ မျက်စိစပ်ရင် ကျော်သွားပါ။
.
Soe Nyunt မဆိုင်ရင်တော့ တောင်းပန်တယ်ဗျာ။ Industrial wastewater ကို မြန်မာပြည်မှာ civil ရော chemical ရော မနိုင်ကြသေးပါဘူး။ International co. တွေရဲ့ design နဲ့လုပ်နေတာကိုရော အသိအမှတ်ပြုလား။ ပြည်တွင်းက PE ဘာညာလက်မှတ်ကိုင်သူတွေမပါပဲလုပ်ခွင့်ရှိပါသလား။ တကယ်လုပ်ဖို့ရှိလို့ အတည်မေးတာပါ။
Manage
Reply4d
Tin Latt It is in the scope of PE (Chemical). MEngC will soon engage with ECD, DISI, all CDCs and regional authorities to discuss who and how will take the responsibility and accountability in this area to safeguard the public interest.
Manage
Reply3d
Soe Nyunt thanks
**********************

DIsclaimer
၁။ဒါ အသိပေးတဲ့ status ဖြစ်တယ်။ မငြင်းဘူး။ အမှားအမှန် အဆိုးအကောင်း မပြောဘူး။ ငြင်းချင်ရင် အမှားအမှန် အဆိုးအကောင်း ပြောချင်ရင် ဒီ status အောက်မှာ မပြောနဲ့။ တခြားမှာ သီးသန့် status တင် ပြော၊ ကျနော်လဲ ဘာမှ လာရေးမှာ မဟုတ်ဘူး။ ဒီ status အောက်မှာ ငြင်းရင်၊ အမှားအမှန် အဆိုးအကောင်း ဝေဖန်ရင် ဖျက်ခွင့်ကို reserve လုပ်ထားတယ် ဆိုတာ ကြို အသိပေးတယ်။
၃။ သိချင်တဲ့လူတွေ အတွက် share တာ ဖြစ်တယ်။ ငြင်းချင်တဲ့လူတွေ အပြစ်တင် ဝေဖန်ချင်တဲ့လူတွေအတွက် share တာ မဟုတ်ဘူး။ ဖတ်ရတာ မျက်စိစပ်ရင် ကျော်သွားပါ။
Myanmar Engineering Council
၁။ ၂၀၁၈ မတ်လ (၃၁) ရက်နေ့တွင် စည်ပင်မှ LS, SEC များ သက်တမ်းတိုးခြင်းကို ရပ်နားမည် ဖြစ်ပြီး ကောင်စီမှ RE, RSE, PE လက်မှတ်ရရှိထားသူများကိုသာ အသိအမှတ်ပြု လုပ်ကိုင်ခွင့် ပြုသွားမည် ဖြစ်ပါသည်။
၂။ မူလက LS, SEC ဖြင့် ဆောက်လုပ်ခွင့် ရရှိထားသော ဆောက်လုပ်ဆဲ အဆောက်အဦးများ ဆောက်လုပ်ခွင့် သက်တမ်း ရှိသရွေ့ ဆက်လက် လုပ်ဆောင်နိုင်သော်လည်း အဆောက်အဦး ဆောက်လုပ်ခွင့် သက်တမ်းတိုးလျှင် ကောင်စီ၏ RE, RSE, PE ရရှိထားသူ တာဝန်ခံလက်မှတ်ရေးထိုးမှသာ စည်ပင်မှ သက်တမ်းတိုးခွင့်ပြုမည် ဖြစ်ပါသည်။
၃။ ကောင်စီမှ RE, RSE, PE ကို လုပ်သက်ပေါ်မူတည်ရွေ့ စာမေးပွဲ ကင်းလွတ်ခွင့်ဖြင့် ရယူခွင့် ၂ကြိမ် ဆောင်ရွက်ပေးပြီး ဖြစ်ပြီး PE ၈၀၀ ခန့် ၊ RSE ၂၅၀၀ ခန့်၊ RE ၅၅၀၀ ခန့် စိစစ် အသိအမှတ်ပြု လက်မှတ် ထုတ်ပေးပြီး ဖြစ်ပါသည်။
၎။ ဆောက်လုပ်ဆဲ အဆောက်အဦးများ၏ လုပ်ငန်းရှင်များအနေဖြင့် အဆောက်အဦး ဆောက်လုပ်ခွင့် သက်တမ်းတိုးရာတွင် တာဝန်ခံ လက်မှတ်ရေးထိုးနိုင်မည့် RE, RSE, PE ရှာဖွေနိုင်ရေးအတွက် ကောင်စီ၏ RE, RSE, PE စာရင်းကို စည်ပင်မှ ကောင်စီသို့ တောင်းခံထားပါသည်။
၅။ ကောင်စီမှ RE, RSE, PE စာရင်း အပြည့်အစုံကို စည်ပင်သို့ ပေးအပ်ပြီး ဖြစ်သော်လည်း လုပ်ငန်းရှင်များမှ ဆက်သွယ် စုံစမ်းသောအခါ RE, RSE, PE အချို့ သွားရောက်နိုင်သော တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ကိုက်ညီခြင်း မရှိသဖြင့် full list အတိုင်း တစ်ဦးပြီး တစ်ဦး ဆက်သွယ် နေရသည့် မလိုလားအပ်သော ကြန့်ကြာမှုများ ဖြစ်ပေါ်နေပါသဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် အလိုက် လိုအပ်လျှင် လုပ်ငန်းဆောင်ရွက်ပေးနိုင်မည့် RE, RSE, PE စာရင်း ရရှိရေး စည်ပင်မှ ညှိနှိုင်းတောင်းခံလာပါသည်။
၆။ LS, SEC မှ RE, RSE, PE အပြောင်းအလဲတွင် မလိုလားအပ်သော လုပ်ငန်းနှောင့်နှေးကြန့်ကြာမှုများ မဖြစ်ပေါ်စေရန် ကူညီပံ့ပိုးလိုသော ဆန္ဒဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် လုပ်ငန်း ဆောင်ရွက်ပေးနိုင်သော RE, RSE, PE စာရင်းကို မေတ္တာရပ်ခံ တောင်းခံပါသည်။
၇။ ကောင်စီမှ အရည်အသွေး စိစစ် ထုတ်ပေးထားသော RE, RSE, PE လက်မှတ်များဖြင့် မြန်မာနိုင်ငံ တ၀ှမ်းလုံးတွင် အင်ဂျင်နီယာလုပ်ငန်း လုပ်ဆောင်ခွင့် ရှိပါသည်။
၈ ။ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် ဒေသန္တရ အာဏာပို်င်များမှ မိမိနယ်မြေအတွင်း မည်သူ လုပ်ငန်းလုပ်ဆောင်နေသည်ကို သိရှိရန် လိုအပ်ကြောင်း အသိပေးလာခြင်းများ ရှိပါသည်။
၉ ။ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် လုပ်ငန်း အပ်နှံခံရပြီး လုပ်ငန်းလုပ်ဆောင်မည် ဆိုလျှင် သက်ဆိုင်ရာ ဒေသန္တရ လုပ်ထုံးလုပ်နည်းအရ သတ်မှတ် ပုံစံ ဖြည့်စွက်ပြီး စိစစ်မှု မဟုတ်သော မှတ်ပုံတင်ခြင်း ပြုလုပ်ရန် လိုအပ်ပါမည်။ (PE ရရှိပြီးသူများ CQHP တွင် National Counterpart အတွက် အခမဲ့ မှတ်ပုံတင် ရခြင်းနှင့် သဘောသဘာဝတူပါသည်)
၁၀။ မူလဆန္ဒပြုထားသော လုပ်ငန်း လုပ်ဆောင်လိုသည့် တိုင်းဒေသကြီး၊ ပြည်နယ်စာရင်းကို ပြုပြင်ပြောင်းလဲလိုသောအချိန်တွင် ကာယကံရှင်မှ ကောင်စီသို့ အသိပေးအကြောင်းကြားလာတိုင်း ကောင်စီမှ စည်ပင်သို့ လစဉ် update လုပ်မည့် စာရင်းတွင် ထည့်သွင်း အကြောင်းကြားပေးမည် ဖြစ်ပြီး ဆန္ဒပြု စာရင်း အပြည့်အစုံ ကို FB Page နှင့် Website တွင် လစဉ် တင်ထားပေးပါမည်။
၁၁။ ယခုဆောင်ရွက်မှုသည် မေတ္တာ ရပ်ခံမှု ဖြစ်သဖြင့် နောက်ဆုံးရက်ကို ထည့်သွင်းထားခြင်း မရှိပါ။ ယခုလကုန်အထိ လက်ခံရရှိသော RE, RSE, PE များ၏ ပြန်ကြားမှုများကို ဧပြီလဆန်း ကောင်စီမှ စည်ပင်သို့ update တွင် ထည့်သွင်းဖော်ပြပါမည်။ ထိုရက်နောက်ပိုင်း လက်ခံရရှိသည်များကို သက်ဆိုင်ရာ လအလိုက် ထည့်သွင်း update လုပ်ပေးပါမည်။
၁၂။ ယခု ဆောင်ရွက်မှုသည် YCDC, MEngC နှင့် MAC ညှိနှိုင်းမှုများကို အခြေပြုပါသည်။ YCDC မှ အပဖြစ်သော အခြား CDC များနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် ယခုမူများကို အခြေပြု ဆောင်ရွက်ပါမည်။
(ယခု status အောက်တွင် လုပ်ကိုင်လိုသော တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဆန္ဒပြု တင်ပြခြင်းနှင် ဆက်စပ်သည်များကိုသာ comment ရေးသားပါရန် နှင့် အခြား စုံစမ်းလိုသည်များကို message ဖြင့်ဖြစ်စေ၊ mengc.ict@gmail.com သို့ email ဖြင့်ဖြစ်စေ ဆောင်ရွက်ပါရန်)



Sunday, March 18, 2018

တကယ်အောင်မြင်ဖို့လိုအပ်တဲ့ ICT Infrastructure…..eServices ….. HR …Action Plan……..Law regulation

အပြောင်း အလဲဖြစ်တဲ့ အချိန်လေးလောက်သာ ဖုတ်ပူမီးတိုက်..ကောက်ရိုးမီးလိုဘဲ .ပြီးရင် ပွဲပြီးမီးသေံပြစ်ထားလိုက်ကြတော့တာပါဘဲ….
#တကယ်အောင်မြင်ဖို့လိုအပ်တဲ့ ICT Infrastructure…..eServices ….. HR …Action Plan……..Law regulation ဒါတွေက တစ်စိုက်မတ်မတ်နဲ့ တည်ဆောက်လာရမှာဖြစ်ပါတယ်..လက်ရှိ အစိုးရသက်တမ်း (၂)နှစ်ကျော်မှာ ယခင်ရှိပြီးသားဌာနတွေပြောင်းလဲဖွဲ့လိုက်မှုဟာလည်း တာဝန်ယူမှုကိုပိုမိုလျော့ပါးသွား စေတယ်လို မြင်မိပါတယ်..လွတ်တော်အတွင်းမှာ e-Government နဲ့ပတ်သက်လို အဆိုတင်ဆွေးနွေးတာ တစ်ကြိမ်ဘဲ ကြားလိုက်ဖူးတယ်…လွတ်တော်ကိုယ်စားလှယ်ဦးရေ ရဲ့ ၁% ဘဲ IT Field ထဲကပါတယ်..အဲအတွက် အသံတွေငြိမ်ချက်သားကောင်းတာဖြစ်နိုင်ပါတယ်…နောက်ဆုံးမှာ အစိုးရရော လွတ်တော်ရောက အီးဆိုတဲ့အသံမထွက်သလောက်ဖြစ်လာတယ်…Public ပိုင်းမှာတော့အရင်ကထက် ပိုမို awareness လုပ်လာ နိုင်တာ တွေ့ရပါတယ်…
#နောက်တစ်ခုကပြန်သုံးသပ်စေချင်ပါသည်….လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်ကတည်းကလုပ်ခဲ့တဲ့ e-Government လုပ်ငန်းတွေမှာ ဘယ်အပိုင်းကအောင်မြင်နေလဲ …မအောင်မြင်ဘူးလဲဆိုတာမျိုး.. တစ်ချိန်က ဆောက်ခဲ့တဲ့ data center တွေ G2G eService တွေဘယ်လောက်အသုံးချနိုင်ပြီလဲ ဘာတွေ လိုအပ်နေလဲ…overlap ဖြစ်နေလည်းစတာတွေကို ၀န်ကြီးဌာနတစ်ခုချင်းအလိုက်ရော.. တာဝန်ရှိတဲ့ ဌာနတွေကရော ပြန်သုံးသပ်ပြီး တကယ်အလုပ်ဖြစ်အောင် ပြင်ဆင်တွန်းအားပေးဆောင်ရွက်သင့်ပါတယ်….. လူကြောင့်လား…မူကြောင့်လား…နည်းပညာကြောင့်လား ပြန်သုံးသပ်သင့်ပါတယ်..
နိုင်ငံတော်အဆင့်မှာ eGovernmrnt Master Plan (2014/2016) ဒေါ်လာသန်းချီအကုန် အကျခံပြီးဆွဲထား တယ် လက်ရှိမှာရော အဲအတိုင်း ဆောင်ရွက်နေလား…၀န်ကြီးဌာနတွေရော အဲထဲကအတိုင်းသွားနေလား ပြန်စိစစ်ကြည့်ပါ..သက်ဆိုင်တဲ့ဌာနက တာဝန်ရှိသူအချို့ကလွဲလို့ ၀န်ကြီးဌာန တွေမှာ စာရွက်ရေ ဘယ်နှရွက်ပါတယ်ဆိုတာတောင်သိတဲ့သူခပ်ရှားရှားပါဘဲ…သူလည်းစာအုပ်စင်ပေါ်မှာ မိန့်မိန့်ကြီးဖြစ်နေလောက်ပြီ
ဝန်ကြီးဌာနတွေမှာ သူလုပ်ငန်း service တွေအလိုက် eServices တွေပေးလာကြတယ်.. အခုလောလောဆယ်မှာ ကညန နဲ့ passport ရုံးတွေမှာ ကြိုတင်နံပတ်ယူတဲ့အပိုင်း (serial token)ကို အွန်လိုင်းပေါ်ကနေ လုပ်ပေးနေတာတွေ့ရပါတယ်….ယခင်ထက်တော့ ပိုအဆင်ပြေလာပါလိမ့်မယ်… ဒီလုပ်ငန်းတွေရဲ့ ၅၀ % လောက်က စာရွက်စာတမ်းပေါ်မှာအခြေခံ လုပ်ရတာ…အဲဒါတွေအကုန်သာ အွန်လိုင်းပေါ်က ဖြည့်စွက်စစ်ဆေးမှတ်တမ်း ထားနိုင်ရင် ဘယ်လောက်များအဆင်ပြေကြမလဲ… သိပ်အများကြီးမစဉ်းစားပါနဲ့…ဘတ်ဂျတ်တွေခဏထား …….လုပ်နိုင်တဲံ IT company တစ်ခုကိုသာ လုပ်ခိုင်းလိုက်ပါ… အစိုးရတစ်ပြားမှမကုန်ဘဲ Customerဆိက ထိုက်သင့်တဲ့ ၀န်ဆောင်ကြေး ယူပြီး လုပ်ချင်တဲ့ သူတွေ မြန်မာပြည်မှာပုံလို့ပါဘဲ…. အဲဝန်ဆောင်ကြေးက လက်ရှိလုပ်နေတဲ့ စာရွက်ကော်ပီကူးခ လောက်မကုန် ပါဘူး…… ၀န်ထမ်းက ckeck & decision ထိုင်လုပ်နေရုံပါဘဲ… လုပ်ချင်တဲ့စိတ်လေးရယ်….လုပ်တက်တဲ့သူတွေကို တာဝန်ပေးတက်ဖို့ဘဲလိုတာပါ…..
#ဒီလုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေမှာ CIO တွေခန့်အပ်ပြီးလုပ်ခဲ့ကြပါတယ်…ပိုမိုတာဝန်ယူလုပ်နိုင်ဖို့ CIO ကို ညွှန်မှူးအဆင့်ထားရှိရမယ်ဆိုပြီး သတ်မှတ်ခဲ့ကြပါတယ်….နောက်ဆုံးတော့ အချို့ဌာနတွေမှ CIO တွေက ညွှန်မှူးမဖြစ်လာကြဘဲ ..ညွှန်မှူးတွေက CIO ဖြစ်လာကြတဲ့လွှဲချော်မှုတွေလည်းအများကြီးတွေ့နိုင်ပါတယ်…တကယ်တော့ အစိုးရဌာနတွေမှာလည်း ဒီ နည်ပယ်မှာရေရှည်ရပ်တည်လုပ်နိုင်ဖို့ဆိုတာ အခက်အခဲအများ ကြီးရှိကြပါတယ်… အများစုကမလုပ်ချင်ကြပါဘူး…ခဏတဖြုတ်နားခိုပြီး အဆင်ပြေတဲ့အရပ်ကို ပြန်ထွက်သွားကြသူ တွေများပါတယ်….IT ဆိုတဲ့ စကားလုံး ကို မြန်မာလက်ကွက်နဲ့ရိုက်ရင် “ငအ” ဆိုတဲ့စကားလုံးထွက်လာ တာကလည်း တိုက်ဆိုင်မှုတစ်ခုဘဲလားမသိ……
#၂၀၁၀ နောက်ပိုင်း ဒီမိုကရေစီအစိုးရပြောင်းပြီး ပြည်ပအကူအညီတွေအများကြီးဝင်လာတယ်… IT project မျိုးစုံကို Aid/loan/grant မျိုးစုံနဲ့ရောက်လာကြတယ်….project တစ်ခုကို ဒေါ်လာသန်းချီအကုန်အကျခံပြီး အကူအညီပေးတယ်လို့နာမည်တပ်ခံရပေမဲ့လည်း ကိုယ်ရလိုက်တဲ့ နည်းပညာက ဒေါ်လာသောင်ဂဏန်းမရှိပါဘူး…..International ဆိုတိုင်းအောင်မြင်တိုးတက် တာတော့မဟုတ် ပါဘူး….ကုလားခပ်တဲ့ရေ ကုလားဖင်ဆေးတာနဲ့ကုန်ဆိုသလိုပါဘဲ…အင်တာနေရှင်နယ်တိုင်းကောင်းတာ တော့မဟုတ်ပါ
#ကိုယ်လုပ်ဖူးတဲ့ပတ်ဝန်းကျင်မှာဆယ်စုနှစ်တစ်ခုကျော် eService G2B လုပ်ငန်းဝန်ဆောင်မှုပေးနေတဲ့လုပ်ငန်း တစ်ခုရှိပါတယ်….eSevice အပြည့်ပေးနိုင်ဖို့လိုအပ်တဲ့ online Payment ပိုင်းတွေ….ဆက်စပ်အဖွဲ့အစည်းဌာနတွေနဲ့ အွန်လိုင်းချိတ်ဆက်မှုတွေ Data integration ပေးနိုင်ဖို့ လွန်ခဲ့တဲ့နှစ်တွေက ပြင်ဆင်ပြောင်းလဲစတင်ခဲ့တယ်…တကယ်လုပ်တဲ့အချိန်မှာ လက်ရှိရှိနေတဲ့ ဘဏ္ဍရေးလုပ်ထုံးလုပ်နည်းဥပဒေမူဝါဒအချို့တွေ Audit လုပ်ငန်းစဉ်တွေဟာ eServices လုပ်ငန်းစဉ်တွေမှာ လုပ်ရကိုင်ရာတာအတော်လေးခက်ခဲ့ပါတယ်…..အချို့ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းဥပဒေအချို့ဟာ 1940 လောက်ကဆွဲထားတဲ့ လက်ရှိအခြေအနေနဲ့ လိုက်လျောညီထွေတဲ့ ပြင်ဆင်မှုတွေလည်း လုပ်သင့်ပါတယ်.. ဖြစ်အောင်သာလုပ်နေရတယ် အောက်ခြေမှာ DJ နဲ့ ရုပ်သေးရုပ်ကနေရသလိုပါဘဲ…… #ဒါတွေကဘယ်သူတွေက တာဝန်ယူ ပြင်ဆင်လုပ်ပေးကြမှာလဲ…
ဒီလို အစိုးရဌာနအချင်းချင်းကိုပေါင်းစပ်ညှိနှိုင်းပေးနိင်အောင်…တူညီတဲ့ဝန်ဆောင်မှု တွေစုစည်း လုပ်နိုင်အောင် နဲ့ Drive လုပ်နိုင်ဖို့ ဦးခင်ညွှန် တို့ ဦးစိုးဝင်းတို့လက်ထက်ကစပြီး လက်ရှိ ဒေါ်အောင်ဆန်းစုကြည့် အထိ ဖွဲ့ခဲ့တဲ့ ဦးဆောင်ကော်မတီတွေ အမြောက်အမြားပါဘဲ…အကျိုးဆက်ကတော့ လူကြီးတစ်ယောက်ပြောင်းသွားတာနဲ့/ အစိုးရတစ်ဆက်ပြောင်း သွားတာနဲ့ မူတစ်ခု ပြောင်းပြီး အဖွဲ့သစ်တစ်ခုပြန်ဖွဲ့ တစ်ကပြန်စနေ လောက်လောက်လားလားမဖြစ်နဲ့ သံသရာကလည်နေတုန်းပါဘဲ… အခုလည်း eGovernment ဦးဆောင်ကော်မတီကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ဖွဲ့ဖိုပြင်ဆင်နေကြပါတယ်(ဖွဲ့ပြီးမပြီးမသိပါ) …သူခမျာမှာလည်း မြန်မာတပြည်လုံးရဲ့အဖွဲ့မျိုးစုံ အလုပ်မျိုးစုံကို ဦးဆောင်လုပ်နေရသူ..လက်ရှိနိုင်ငံရေး ရခိုင်အရေးတွေ..စီးပွားရေး (take off) တွေ….အခြားအခြား လူမူရေး..ပညာရေး..တရားဥပဒေစိုးမိုးရေ…စတဲ့ ..အရေးအခင်းပေါင်းစုံ… .အစုံအစုံပါဘဲ….အရေးမကြီးတာ ကိုမရှိ သူသည်လည်းပုထုဇဉ်ဖြစ်တဲ့အတွက် ဒီလောက်များပြားတဲ့အလုပ်တွေ ထောင့်စေ့အောင်လုပ်နိုင်ဖို့ လွယ်မည်မထင်ပါ…ဘဲအုပ်ကတစ်ရာနှစ်ရာ မဗေဒါကတစ်ပင်ထဲ လိုဖြစ်နေသည်…ဒီအလုပ်တွေဆိုတာလည်း ပရောဂ ကုသလို ရေမန်းလေးခေါင်းပေါ်ကသပ်ချပြီး ပျောက်စေ လိုလုပ်ရုံနဲ့ ပြီးသွားတာမဟုတ် တစိုက်မက်မက် လုပ်ရမှာ……ရေရှည်ကိုလုပ်နိုင်ဖို့လိုပါတယ်… 
#လက်ရှိအချိန် တောရောမြို့ပါ ဆက်သွယ်ရေး တယ်လီဖုန်းမိုဘိုင်းအင်တာနက် တွေသုံးနေ နိုင်ပြီ..Infra ပိုင်းတွေအများကြီးကောင်းလာပြီး ……..အစိုးရရဲ့ ၀န်ဆောင်မှုတွေကို ပြည်သူတွေကသုံးနိုင်တဲ့အချိန်မှာ အစိုးရကပေးရတဲ့ အွန်လိုင်းဝန်ဆောင်မှုတွေက လောက်လောက် လားလားမရှိ…..ခနော်နီခနော်နဲ့သာသာဖြစ်နေသည်…..e-Government တင်မဟုတ် m-Government ဆိုတဲ့ mobile government ထိကို အဆင့်တက်သွားနိုင်တဲ့အချိန်ဖြစ်နေပါပြီ..လက်ရှိမှာတော့ အွန်လိုင်းပေါ်က အပြန်အလှန်တရားစွဲနေတဲ့၆၆ ဆားဗစ်တွေဘဲရောင်းကောင်းနေကြသလိုပါဘဲ
#တာဝန်ရှိသူ လူကြီးမင်းများခင်ဗျာ…ဒီတစ်ခါတော့ eGovernment ကို For Show မဟုတ်ဘဲ ဖြစ်ဖြစ်မြောက်မြောက်ဖြစ်အောင် တစ်စိုက်မက်တက်လုပ်ပေးကြပါ…လုပ်နိုင်လောက်တဲ့သူတွေကိုလည်း သက်ဆိုင်ရာ အစိုးရအဖွဲ့ လွတ်တော်တွေထဲ တာဝန်ပေးဆောင်ရွက်ပေးကြပါခင်ဗျာ…
.
.
Comment
M Zaw Aung shared Myo K Win's post — with Tint Lwin and 23 others.
9 minsPathein
ဆောင်းပါးကောင်းပါ...
ဒီမှာ m-Government (Mobile Phone) ဆိုတာ အရမ်းမှန်ကန်တယ်... အခု အွန်လိုင်းအရောင်းဝယ်တွေ ကြော်ငြာတွေမှာ ဈေးကြီးတဲ့ တီဗွီ၊ သတင်းစာတွေမှာ မသုံးနိုင်သူများ SME များအတွက် ဖေ့ဘုတ်မှာပဲ ကြော်ငြာရပါတယ်။ အီးမေးကတော့ အဆင့်မြင်ပါမယ်။ မြန်မာနိုင်ငံက မိုဘိုင်းဖုန်းကို ခုန်ပျံကျော်လွှား သွားတော့ မိုဘိုင်းဖုန်းကပဲ ကလစ်လုပ်၊ ဖောင်ဖြည့် ..လူတိုင်းအလွယ်တကူလုပ်တတ်ပါတယ်။ Send လုပ်လိုက်ရင် အကုန်မဖြည့်မချင်း ပြန်ဖြည့်ခိုင်းတဲ့ မိုဘိုင်း (ဖေ့ဘုတ် App) တွေ လုပ်ရတာလဲ တော်တော်လွယ်နေပါတယ်။ ခက်တာက ဒေတာသိမ်းဆည်းထားဖို့ Data Center လိုပါတယ်။ Cloud လို ဆာဗာများလည်း ရှိပေမဲ့ အစိုးရကိစ္စတော့ ကိုယ်ပိုင် ဒေတာစင်တာ ရှိဖို့လိုပါတယ်။ အဂတိလုပ်ချင်သူများက e-Gov ဟန့်တားနေခြင်းဖြစ်ပါတယ်။ နောက်ဆုံးတော့ (ခက်ခဲပေမဲ့) မြန်မာ့တပ်မတော် ဦးပိုင်နဲ့ဗီယက်နမ် မိုင်တဲလ်နဲ့ပဲ လုပ်ပေးရင်တော့ အကောင်းဆုံးပါ။ မြန်မာနိုင်ငံရဲ့ ၅၂% ဘတ်ဂျတ်ရငွေက အစိုးရနဲ့စစ်တပ် လုပ်ငန်းကြီးများဖြစ်နေလို့ပါ။ သူတို့ကပဲ တောင့်ခံနေကြပါတယ်။
.
.
.....

e-Government နှင့် NLD အစိုးရ
07-Mar-2018  tagged as အစိုးရ e-Government 
e-Government ဆိုတာ Process တစ်ခုပါ။ Package တစ်ခု၊ Product တစ်ခု ဝယ်တာမဟုတ်ပါဘူး။ အချိန်တိုင်းတာလို့ ရမှာမဟုတ်ဘူး။ ဘယ်တော့မှလည်း ပြီးဆုံးမယ့်ကိစ္စ မဟုတ်ပါဘူး”
အဲဒီစကားကို ပြီးခဲ့တဲ့နိုဝင်ဘာ ၇ ရက်နေ့တုန်းက နေပြည်တော် MICC2 မှာ ကျင်းပခဲ့တဲ့ -Government Conference မှာပါတဲ့ VIP Discussion Panel မှာ KMD ဦးသောင်းတင်က ပြောသွားခဲ့တာပါ။ တစ်နည်းအားဖြင့် e-Government ဆိုတာ ဘယ်လောက်အချိန်ကြာမှာလဲ၊ ဘယ်တော့ပြီးမှာလဲ၊ ငွေဘယ်လောက်ကုန်မှာလဲဆိုပြီး မေးခွန်းထုတ်နေခြင်းဟာ နားလည်မှုလွဲနေကြတာဖြစ်တယ်လို့ ဆိုလိုလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ NLD အစိုးရရဲ့ တာဝန်ရှိသူတွေအနေနဲ့ e-Government ဆိုတဲ့ ဖြစ်စဉ်ကြီးအပေါ် ဘယ်လိုပါဝင်နေပြီလဲဆိုတာ စိတ်ပါဝင်စားတဲ့ပြည်သူတွေက စောင့်ကြည့်လေ့လာမှုတွေ၊ ဝေဖန်မှုတွေ တဖြည်းဖြည်း စတင်ပေါ်ထွက်လာနေပြီဖြစ်ပါတယ်။ အွန်လိုင်းသုံးစွဲသူတွေအတွက် လိုအပ်နေတဲ့ Cyber Law၊ အိုင်စီတီ နည်းပညာဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအရေးပါတဲ့ ICT Master Plan၊ NLD အစိုးရရဲ့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်ရဲ့ အိုင်စီတီအပေါ်မှာ စိတ်ဝင်စားမှု စတာတွေကို -Government Conference မှာ အနည်းငယ် တီးခေါက်လေ့လာခွင့်ရခဲ့ပါတယ်။

အဓိကတာဝန်ရှိတဲ့ ဝန်ကြီးဌာန 

e-Government နဲ့ပတ်သက်ပြီး အဓိကတာဝန်ရှိတဲ့ဝန်ကြီးဌာန ကတော့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနပဲ ဖြစ်ပါတယ်။ ယခင် ဦးသိန်းစိန်အစိုးရလက်ထက်တုန်းကတော့ အဲဒီဝန်ကြီးဌာနကို ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနလို့ သတ်မှတ်ထားရာကနေ NLD အစိုးရတက်လာတဲ့အချိန်မှာ ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနဆိုတဲ့ ဝန်ကြီးဌာနနှစ်ခုကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနအဖြစ် တစ်ခုတည်းပေါင်းစည်းခဲ့ပါတယ်။ အဲဒီကနေမှတစ်ဆင့် ဦးသန့်စင်မောင်ဟာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ဝန်ကြီးအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ခြင်းပဲဖြစ်ပါတယ်။ “ရေရှည် တည်တံ့ ဖွံ့ဖြိုးမှုကို ရရှိချင်ရင် e-Government ရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးကြီးပါတယ်။ e-Government အခန်းကဏ္ဍမပါရင် ပြည့်စုံတဲ့ဖွံ့ဖြိုးတိုးတက်မှု မဖြစ်နိုင်ပါဘူး။ လက်ရှိမြန်မာနိုင်ငံရဲ့ e-Government ညွှန်းကိန်းကိုကြည့်ရင်တော့ နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှာ ၁၆၉ ပဲ ရှိပါတယ်”ဆိုပြီး ဝန်ကြီးဟာ e-Government ကွန်ဖရင့်အဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားပုံကိုကြည့်ရင် e-Government အရေးပါတယ်ဆိုတာ အစိုးရအနေနဲ့ နားလည်ထားပြီးဖြစ်သလို မြန်မာနိုင်ငံဟာ e-Government မှာ အဆင့်အလွန်နိမ့်ကျနေတာကို သိရှိပြီးသားဖြစ်တယ်လို့ သုံးသပ်နိုင်မှာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံရဲ့ e-Government ခရီးစဉ်

မြန်မာနိုင်ငံဟာ e-Government ခရီးစဉ်ကို ၂၀၀၄ ခုနှစ်ကနေ စတင်လျှောက်လှမ်းခဲ့တာဖြစ်ပြီး ယခုအချိန်ထိ အလွန်နှေးကွေးစွာနဲ့ အိပဲ့အိပဲ့ လျှောက်လှမ်းနေဆဲပဲ ရှိပါသေးတယ်။ “e-Government က ခုအချိန်ထိ မအောင်မြင်သေးဘူး”လို့ ပြည်တွင်းက နည်းပညာကုမ္ပဏီပိုင်ရှင်တစ်ဦးက သုံးသပ်လိုက်ပါတယ်။ သို့ပေမယ့် အရင်ထက်စာရင် e-Service အတော်များများရနေတာကိုတော့ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ e-Government ဆိုတာ e-Service တွေကိုစုပေါင်းထားတာဖြစ်လို့ အစိုးရရဲ့ဝန်ဆောင်မှုတွေ၊ ပုဂ္ဂလိကလုပ်ငန်းတွေရဲ့ ဝန်ဆောင်မှုတွေကို ပြည်သူတွေဟာ အီလက်ထရွန်နစ်နည်းပညာနဲ့ ရရှိလာတဲ့အမျှ e-Government ကဏ္ဍ တဖြည်းဖြည်း တိုးတက်လာတယ်လို့ ယူဆရမှာ ဖြစ်ပါတယ်။ e-Government ခရီးစဉ် နှောင့်နှေးကြန့်ကြာခဲ့တာဟာ ဆီးသီးဗန်းမှောက်ခဲ့တဲ့ ကိစ္စတွေဖြစ်ခဲ့လို့ဆိုပြီး ယူဆသုံးသပ်ကြသူ အများအပြားလည်း ရှိနေပါတယ်။ 

ဝန်ကြီးဌာနတွေရဲ့ e-Services

အစိုးရဝန်ကြီးဌာနအတော်များများဟာ သူတို့တွေရဲ့ဝန်ဆောင်မှုလုပ်ငန်းတွေကို တိကျမှန်ကန်မြန်ဆန်စေဖို့အတွက် အီလက်ထရွန်နစ်ဝန်ဆောင်မှုများ၊ အွန်လိုင်းဝန်ဆောင်မှုများနဲ့ အစားထိုးလုပ်ဆောင်နေကြပါပြီ။ ဝန်ကြီးဌာနအတော်များများမှာတော့ ပြည်သူ့ထံကို ဌာနရဲ့ သတင်းအချက်အလက်တွေ ဖြန့်ဝေပေးနိုင်ဖို့အတွက် Website တွေ ရှိနေကြပြီဖြစ်ပါတယ်။ သို့ပေမယ့် တချို့ဝန်ကြီးဌာနတွေက ရှေ့ပြေးသလောက် တချို့ဝန်ကြီးဌာနတွေက နောက်ကောက်ကျကျန်နေဆဲပါပဲ။ လုပ်ငန်းအစအဆုံးကို အွန်လိုင်းကနေ လုပ်ဆောင်လို့ရတဲ့ဌာနဆိုတာကတော့ လက်ချိုးရေလိုရတဲ့အဆင့်ပဲ ရှိပါသေးတယ်။ ဒါ့အပြင် ဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုအားနည်းတာကြောင့် ထပ်တူသွားကျနေတာတွေလည်း အများကြီးရှိနေပါတယ်။ ဥပမာ-ဝန်ကြီးဌာနတစ်ခုက လုပ်ဆောင်ထားတဲ့ ရုံးလုပ်ငန်းဆိုင်ရာဖိုင်များ စီမံခန့်ခွဲမှုစနစ် ရှိပြီးသားဖြစ်ပေမယ့် တခြားဝန်ကြီးဌာနတစ်ခုကလည်း အဲဒီစနစ် အကောင်အထည်ဖော်ဖို့အတွက် တခြားကုမ္ပဏီတစ်ခုကို တင်ဒါခေါ်ပြီး လုပ်ဆောင်ထားတာတွေကို တွေ့ရပါတယ်။ ဒါ့အပြင် နိုင်ငံတော်အဆင့် ကော်မတီတစ်ခုခုကနေ ဝန်ကြီးဌာနအားလုံးကို နည်းပညာနဲ့ပတ်သက်ပြီး ကိုင်တွယ်အကြံပြု ဖြေရှင်းပေးတာမျိုး မရှိသေးတာကြောင့် ဝန်ကြီးဌာနတွေဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ e-Service တွေကို လုပ်ဆောင်ကြရင်း စံနှုန်းမညီတာတွေ၊ ထပ်တူမကျတာတွေ ဖြစ်ပေါ်နေဆဲပါပဲ။ အစိုးရသစ်လက်ထက်မှာ ဝန်ကြီးဌာနတွေရဲ့ e-Government ဆိုင်ရာ အကောင်အထည်ဖော်မှုတွေကို ပဲ့ကိုင်မောင်းနှင်ပေးဖို့အတွက် နိုင်ငံတော်အဆင့်ကော်မတီတစ်ခု လိုအပ်နေပြီဆိုတာ တာဝန်ရှိသူအားလုံး နားလည်ထားပြီးဖြစ်ပါတယ်။ 

အစိုးရသစ်ရဲ့ခြေလှမ်းများ

၂၀၁၇ ဧပြီလ ၁ ရက်နေ့တုန်းက နိုင်ငံတော်သမ္မတရုံးကနေ ဝန်ကြီးဌာနအားလုံးဆီကို မြန်မာယူနီကုတ်ကိုပဲ စံသတ်မှတ်ချက်အနေနဲ့ သုံးစွဲဖို့ အမိန့်ညွှန်ကြားချက် ထုတ်ခဲ့ပါတယ်။ အဲဒီအမိန့်ညွှန်ကြားချက်ဟာ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုရမယ့်ကိစ္စဖြစ်ပေမယ့်လည်း အစိုးရသစ်ဟာ ပြည်သူတွေကြားမှာ သုံးစွဲနေတဲ့ စံနှုန်းမညီတဲ့ မြန်မာစာစနစ် (ဥပမာ-ဇော်ဂျီ) ကို သုံးစွဲနေတာကိုတော့ အခုချိန်ထိ ရပ်တန့်ပေးနိုင်စွမ်း မရှိသေးပါဘူး။ နောက်တစ်ခုအနေနဲ့ နိုင်ငံတော်သမ္မတရုံးဟာ ဝန်ကြီးဌာနအသီးသီးရဲ့ Chief Information Officer (CIO) များကို သီးခြားတာဝန်ပေးဖို့၊ CIO တွေရဲ့ စွမ်းရည်ကို မြှင့်တင်ပေးဖို့၊ e-Government အကောင်အထည်ဖော်ဖို့ တွန်းအားပေးရမယ်ဆိုတဲ့ အချက်တွေပါဝင်တဲ့ အမိန့်ညွှန်ကြားချက်ကိုလည်း ထုတ်ပြန်ခဲ့ပါသေးတယ်။ ဒါ့အပြင် အစိုးရဝန်ကြီးဌာနတွေအနေနဲ့ Government Personnel Management System နဲ့ EDMS (Electronic Document Management System) တွေကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲဖို့ ညွှန်ကြားထားမှုတွေလည်း ရှိတယ်လို့ သိရပါတယ်။ 

၂၀၁၇ ဇန်နဝါရီကစတင်ပြီး Myanmar Web Portal ပရောဂျက်ကို စတင်အကောင်အထည်ဖော်ခဲ့ပြီး ၂၀၁၈ မှာ အပြီးသတ်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ မည်သူမဆို အစိုးရဌာနအသီးသီးရဲ့ ကိန်းဂဏန်းတွေ၊ အချက်အလက်တွေကို အဲဒီကနေတစ်ဆင့် သိရှိကြည့်ရှုနိုင်မယ်လို့ ဆက်သွယ်ရေးနှင့်ပို့ဆောင်ရေးဝန်ကြီးက ပြောပါတယ်။ 

မကြာသေးခင်ကာလဖြစ်တဲ့ ၂၀၁၈ ဇန်နဝါရီလကုန်တုန်းက ဒေါ်အောင်ဆန်းစုကြည်က နာယကအနေနဲ့တာဝန်ယူပြီး e-Government ဦးဆောင်ကော်မတီကို ဖွဲ့စည်းလိုက်တာကိုလည်း တွေ့ရပါတယ်။ အရင်အစိုးရတုန်းက e-Government ကော်မတီဥက္ကဋ္ဌဟာ ဝန်ကြီးအဆင့်ပဲ ကိုင်တွယ်တာမို့ ဝန်ကြီးဌာနအချင်းချင်း ပေါင်းစပ်လုပ်ကိုင်တဲ့အချိန်မှာ နှေးကွေးမှု၊ မအောင်မြင်မှုတွေ ရှိတယ်ဆိုတဲ့ ဝေဖန်သံတွေကြားမှာ လက်ရှိအစိုးရအနေနဲ့ e-Government ကော်မတီကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်လိုက်ပြီဖြစ်ပါတယ်။ ဒါပေမဲ့ အလုပ်တာဝန်တွေ များပြားလွန်းတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိလ်အနေနဲ့ e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းစဉ်မှာ လမ်းညွှန်ကြီးကြပ်မှု အပြည့်အဝလုပ်နိုင်ပါ့မလားဆိုတာ စောဒကတက်စရာတော့ရှိပေမယ့် e-Government လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရေး ကော်မတီဆိုတာကိုလည်း ဦးဆောင်ကော်မတီနဲ့အတူတူ ဖွဲ့စည်းပြီးဖြစ်တာမို့ အဆိုပါအကောင်အထည်ဖော်ဆောင်ရေးကော်မတီရဲ့ လုပ်ကိုင်နိုင်စွမ်းကို စောင့်ကြည့်အကဲခတ်ရမှာပဲ ဖြစ်ပါတယ်။ အခုထိတော့ ကော်မတီအစည်းအဝေးတွေ မစတင်နိုင်သေးဘူးလို့ သိရပါတယ်။ 

ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုများ 

e-Government အကောင်အထည်ဖော်ရာမှာ အစိုးရသစ်အတွက် ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု ၄ ချက်ရှိနေပါတယ်။ ပထမအချက်ကတော့ အစိုးရဌာနအဖွဲ့အစည်းအသီးသီးတွေရဲ့ စွမ်းဆောင်ရည် အားနည်းမှုပါပဲ။ နည်းပညာဆိုင်ရာ တတ်ကျွမ်းမှု အားနည်းတာတွေ၊ ခေါက်ရိုးကျိုးနေတဲ့ ပုံစံအတိုင်း ဆက်သွားချင်တဲ့ဝန်ထမ်းတွေ၊ အပြောင်းအလဲကို ကြောက်ရွံ့တဲ့ ဝန်ထမ်းတွေကလည်း ဒုနဲ့ဒေး ရှိနေဆဲပါပဲ။ -Government နဲ့အတူ ပွင့်လင်းမြင်သာမှုဆိုတာကလည်း တွဲကပ်ပါလာတာမို့ တချို့က ကိုယ့်ရဲ့လုပ်ကွက်လေး ပျောက်သွားမှာ စိုးရိမ်ကြသူတွေလည်း ရှိပါသေးတယ်။ ဒုတိယအချက်ကတော့ ဌာနဆိုင်ရာအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်းပါပဲ။ ဌာနတစ်ခုက အကောင်အထည်ဖော်ပြီးသွားပြီဖြစ်တဲ့ အွန်လိုင်း သို့မဟုတ် အိုင်တီနည်းပညာ ထုတ်ကုန်တစ်ခုကို အခြားဌာနက မသိဘဲ အဲဒီဌာနကလည်း တင်ဒါခေါ်ပြီး လုပ်ဆောင်နေတာတွေကြောင့် ပြည်သူတွေရဲ့ အခွန်ငွေတွေ အလဟဿဖြစ်နေတာတွေ၊ ဌာနဆိုင်ရာအချင်းချင်း ပူးပေါင်းဆောင်ရွက်အောင် စောင့်ကြည့်ထိန်းချုပ်ပေမယ့် နိုင်ငံတော်အဆင့် ကော်မတီတစ်ရပ် မရှိသေးတာတွေပဲ ဖြစ်ပါတယ်။ တချို့နိုင်ငံတော်အဆင့်အနေနဲ့ ဆောင်ရွက်မယ့်ပရောဂျက်တွေ (ဥပမာ- National Identity Card Project) မှာ ဝန်ကြီးဌာနတွေ ပူးပေါင်းဆောင်ရွက်ရတော့မှာ ဖြစ်ပါတယ်။ တတိယအချက်ကတော့ နည်းပညာအခြေခံအဆောက်အဦ (IT Infrastructure) တွေ လိုအပ်နေတဲ့အချက်ပါပဲ။ ဥပမာ-မီးပွိုင့်တစ်ခုမှာ ဖြတ်သန်းသွားတဲ့ ကားတစ်စီးဟာ လိုင်စင်ရှိလား၊ လိုင်စင်မဲ့လားဆိုပြီး စစ်ဆေးမယ့်စနစ် (RFID Vehicle Registration System) ကို အစိုးရသစ်ဟာ စတင်အကောင်အထည်ဖော်ဖို့ ကြိုးစားနေပြီဖြစ်ပေမယ့် စနစ်ကို စတင်ဖို့အတွက် အခြေခံအဆောက်အဦတွေ လိုအပ်နေတဲ့ စိန်ခေါ်မှုတွေကိုလည်း ကြုံတွေ့နေရပါတယ်။ သို့ပေမယ့် အခြေခံအဆောက်အဦဆိုတာကတော့ ဘတ်ဂျက်နဲ့နည်းပညာရှိရင် ဖြေရှင်းလို့ရတဲ့ကိစ္စတစ်ခုလည်း ဖြစ်ပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ ကြီးမားပါတယ်။ e-Government ဇီးသီးဗန်းမှောက်တဲ့ကိစ္စပါ။ e-Government ကို အကြောင်းပြပြီး မတန်တဆပစ္စည်းဝယ်ယူမှုတွေ၊ ကုမ္ပဏီတွေဘက်က လုံးဝမဖြစ်သင့်တဲ့ နှုန်းထားတွေရယူပြီး လုပ်ခဲ့တာတွေ စတဲ့ ဆီးသီးဗန်းမှောက်ခဲ့တာတွေဟာ အရင်အစိုးရတုန်းကလည်း ဖြစ်ခဲ့ပြီးပါပြီ။ အခုလက်ရှိ အစိုးရလက်ထက်မှာ e-Government ဆီးသီးဗန်း ထပ်မမှောက်ဖို့ အလွန်အရေးကြီးပါတယ်။ အထူးသဖြင့် ဝန်ကြီးဌာနတွေဘက်ကတင်ပြလာတဲ့ e-Government ဆိုင်ရာ အသုံးစရိတ်တွေဟာ ဖြစ်သင့်သောနှုန်းထားများ ဟုတ်၊ မဟုတ်၊ ပြင်ပပေါက်ဈေးနှင့် ညီ မညီ စသည်တွေကို လွှတ်တော်အမတ်တွေက သေချာစိစစ်ရမှာ ဖြစ်ပါတယ်။ ၂၀၁၈ ဖေဖော်ဝါရီလ ၂၂ ရက်တုန်းက ပြည်ထောင်စုလွှတ်တော်မှာ တင်ပြဆွေးနွေးသွားကြတဲ့ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီအစီရင်ခံစာအရ ပညာရေးဝန်ကြီးဌာနက ကွန်ပျူတာဝယ်ယူဖို့ တောင်းခံထားတဲ့စာရင်းမှာ Desktop တစ်လုံး ၁၃ သိန်း၊ Laptop တစ်လုံး ၁၅ သိန်းနှုန်းနဲ့ Desktop အလုံးပေါင်း ၁၂၀၀ ကျော်၊ Laptop အလုံးပေါင်း ၂၀၀ ကျော် စတဲ့ ပြင်ပပေါက်ဈေးထက် အဆများစွာ တင်ပြတောင်းခံမှုကို ကြည့်ခြင်းအားဖြင့် သေချာစိစစ်ကြပ်မတ်မှု လိုအပ်နေပြီလို့ ပြောရတော့မှာပဲ ဖြစ်ပါတယ်။ 

မချိတင်ကဲဖြစ်စရာတွေ

စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ညည်းတွားနေကျစကားတစ်ခွန်း ရှိပါတယ်။ ဒီအစိုးရဟာ စီးပွားရေးကို စိတ်မဝင်စားဘူးဆိုတဲ့ စကားပါပဲ။ တကယ့်အခြေအနေမှာလည်း အစိုးရသစ်ဟာ ငြိမ်းချမ်းရေးကိုသာ အားသွန်ခွန်စိုက် ကြိုးစားနေဆဲဖြစ်ပြီး ကျန်ရှိတဲ့ကဏ္ဍများကို အနောက်ကို ရွှေ့ထားတာကို တွေ့ရပါတယ်။ အဲဒီထဲမှာ e-Government အကောင်အထည်ဖော်ရေးကိစ္စဆိုတာကလည်း တစ်ခုအပါအဝင်ပါ။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ထဲမှာ နည်းပညာတတ်ကျွမ်းတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ မပါဝင်တာကြောင့် e-Government စနစ် မြန်မြန်ဆန်ဆန် အောင်မြင်ဖို့အတွက် လိုအပ်တဲ့ဥပဒေတွေ ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။ ပြင်ဆင်သင့်တဲ့ဥပဒေတွေလည်း မပြင်ဆင်နိုင်သေးပါဘူး။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေနဲ့လည်း အချိုးအကွေ့တစ်ခုသဖွယ် ဖြစ်သွားစေမယ့် e-Government ဆိုင်ရာ ခြေလှမ်းသစ်လှမ်းတာမျိုး ယခုအချိန်ထိတော့ မတွေ့ရသေးပါ။ သို့ပေမယ့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနဝန်ကြီးကတော့ “e-Government သမိုင်းစာမျက်နှာသစ်ကို ကျွန်တော်တို့ ဖွင့်လှစ်ကြရအောင်” ဆိုပြီး e-Government Conference အဖွင့်မိန့်ခွန်းအဆုံးသတ်မှာ ထည့်သွင်းပြောကြားသွားတာကို ကြည့်ခြင်းအားဖြင့် သမိုင်းစာမျက်နှာသစ်အား တစ်ချိန်ချိန်မှာတော့ ဖွင့်လှစ်နိုင်မည်ဟု ယုံကြည်ရင်း...။

ဇော်သူရိန်ထွန်း
မူလဆောင်းပါး The Voice
http://thevoicemyanmar.com/opinion/18269-egn