Saturday, May 27, 2017

ပြည်တွင်းaကြွးမြီ သမတဥိးသိန်းစိန် နောက်ဆုံးနှစ် ဘီလျံ ၁၈၆၈ ပိုထုတ်ယူခဲ့။ မြန်မာ့စိးပွားရေး ၂၀၁၆-၂၀၁၇


မေလ ၂၆ ရက်နေ့တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ၂၀၁၅-၁၆ ခုနှစ်အတွင်း အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာနှင့် ပတ်သက်၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်များကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၆ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် သက်တမ်းကုန်ဆုံးခဲ့သည့် သမ္မတ ဦးသိန်းစိန်၏ အစိုးရအဖွဲ့ အနေနှင့် အဆိုပါ ဘဏ္ဍာနှစ်အတွင်း ပြည်တွင်း၊ ပြည်ပ ချေးငွေ စုစုပေါင်းကျပ် ၅၇၆၈ ဒသမ ၂ ဘီလီယံ ချေးယူခဲ့ခြင်းဖြစ်ပြီး ဥပဒေပါ ခွင့်ပြုသည့် ပမာဏထက် ဘီလီယံ ၁၈၀ဝ ကျော် ပို၍ ချေးယူခဲ့ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ယင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ၂၊ ဇလွန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မင်းက ဆိုသည်။“၂၀၁၅ ခုနှစ် ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ပြဋ္ဌာန်းချက်အရ ချေးယူငွေဟာ ကျပ်ဘီလီယံ ၃၉၀ဝ ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ခွင့်ပြုထားတဲ့ ငွေထက် ကျပ် ၁၈၆၈ ဒသမ ၂ ဘီလီယံ ပိုမိုချေးယူခဲ့ကြောင်း တွေ့ရှိရပါတယ်” ဟု ၎င်းက ဆိုသည်။

ဦးသိန်းစိန်အစိုးရ ငါးနှစ်တာကာလ အတွင်း စုစုပေါင်း ပြည်တွင်း၊ ပြည်ပ ချေးငွေ ကျပ် ၉၃၇၁ ဘီလီယံကျော် ချေးယူခဲ့သည်။

အဆိုပါ ပမာဏအနက် အစိုးရ ငါးနှစ်သက်တမ်း၏ နောက်ဆုံးနှစ်တစ်နှစ်ထဲတွင် ချေးယူသည့် ပမာဏသည် စုစုပေါင်း၏ ၄၂ ရာခိုင်နှုန်းပင် ရှိသည်။<
The Voice .. 




ပြည်ထောင်စု လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လာကြသူများအား မေ ၂၆ ရက်က တွေ့ရစဉ်
၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာနှစ်အထိ နိုင်ငံတော်၏ရငွေသည် အသုံးစရိတ်ကို ကာမိအောင်ရရှိခြင်းမရှိသေးဘဲ နှစ်စဉ်ဘတ်ဂျက်လိုငွေ ဖြစ်ပေါ်နေ၍ အစိုးရငွေတိုက်လက်မှတ်နှင့် စာချုပ်လေလံများကို ပုံမှန်ဆောင်ရွက်မည်ဟု ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။
မေ ၂၆ ရက်က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ၂၀၁၅-၂၀၁၆ ခုဘဏ္ဍာရေးနှစ်အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာတင်သွင်းစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒုတိယ၀န်ကြီးက “၂၀၁၅-၂၀၁၆ ခုဘဏ္ဍာရေးနှစ်အထိ နိုင်ငံတော်ရဲ့ရငွေဟာ အသုံးစရိတ်ကိုကာ မိအောင်ရရှိခြင်းမရှိသေးပါ။ နှစ်စဉ်ဘတ်ဂျက်လိုငွေ ဖြစ်ပေါ်နေဆဲဖြစ်ပါတယ်။ ဘတ်ဂျက်လိုငွေဖြစ်ပေါ်သော်လည်း နိုင်ငံတော်မှာ ကြွေးမြီ ၀န်ထုပ်ဝန်ပိုး ကြီးမားမှုမဖြစ်ပေါ်စေဖို့ ဘတ်ဂျက်လိုငွေကို ဂျီဒီပီရဲ့ ငါးရာခိုင်နှုန်းထက် ကျော်လွန်ခြင်းမရှိစေဖို့ ထိန်းသိမ်းဆောင်ရွက်လျက် ရှိပါတယ်။ ဘတ်ဂျက်လိုငွေကို ဖြည့်ဆည်းရာမှာ အစိုးရရဲ့ ငွေချေးသက်သေခံ လက်မှတ်များဖြစ်တဲ့ အစိုးရငွေတိုက်လက်မှတ်များ၊ အစိုးရငွေတိုက်စာချုပ်များနဲ့ ဖြည့်ဆည်းမှာဖြစ်ပြီး အစိုးရငွေတိုက်လက်မှတ်နဲ့ အစိုးရငွေတိုက်စာချုပ် လေလံတွေကို ပုံမှန်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နှစ်စဉ်အစိုးရ၏ ကာလလတ်ကြွေးမြီ စီမံခန့်ခွဲမှုမဟာဗျူဟာကို ရေးဆွဲကာ ပြည်ထောင်စုလွှတ်တော်သို့ ဘဏ္ဍာငွေအရအသုံး ခန့်မှန်းခြေ စာရင်းတင်ပြချိန်မှာ တင်ပြသွားမှာ ဖြစ်ပါတယ်” ဟုဆိုသည်။
၂၀၁၅-၂၀၁၆ ခုဘဏ္ဍာနှစ်အတွင်း ဈေးကွက်ဖွံ့ဖြိုးတိုးတက်မှု မရှိသေးသည့်အတွက် အစိုးရငွေတိုက်လက်မှတ်များ လေလံစနစ်ဖြင့် ရောင်းချခြင်းမှာ ကျပ် ၁၂၂၅ ဘီလျံရရှိခဲ့သော်လည်း ပြန်လည်ရွေးနုတ်မှု ကျပ် ၆၆၈ ဒသမ ၁ ဘီလျံရှိ၍ အသားတင်ဖြည့်ဆည်းမှုမှာ ကျပ် ၅၅၆ ဒသမ ၉ ဘီလျံဖြစ်ကြောင်း၊ အစိုးရငွေတိုက်လက်မှတ် အတိုးနှုန်းမှာ ယခင်ကတစ်နှစ်လျှင် လေးရာခိုင်နှုန်းသာ ဖြစ်သော်လည်း လေလံစနစ်ဖြင့် ရောင်းချသည့်အခါတွင် တစ်နှစ်လျှင် ၇ ရာခိုင်နှုန်းမှ ၈ ဒသမ ၂ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း၊ ထို့အတွက် နိုင်ငံတော်အတွက် ပေးရသည့် အတိုးစရိတ်ပိုမိုလာကြောင်း၊ အစိုးရငွေတိုက်စာချုပ်များ ရောင်းချရမှုအနေဖြင့် ကျပ် ၈၀၉ ဒသမ ၂ ဘီလျံဖြစ်ပြီး ပြန်လည်ရွေးနုတ်မှုမှာ ကျပ် ၁၀၉၅ ဒသမ ၀ ဘီလျံဖြစ်သည့်အတွက် အနုတ်ဖြစ်ပေါ်ခဲ့ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
၂၀၁၆ ခုနှစ် မတ်လကုန်အထိ ပြည်တွင်းကြွေးမြီလက်ကျန် အခြေအနေမှာ အစိုးရငွေတိုက်စာချုပ်ကျပ် ၂၆၁၄ ဒသမ ၈ ဘီလျံဖြစ်ပြီး အစိုးရငွေတိုက်လက်မှတ်တွင် ကျပ် ၁၃၁၀၉ ဒသမ ၆ ဘီလျံဖြစ်ကြောင်း၊ အစိုးရငွေတိုက်လက်မှတ်များတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ကျပ် ၁၂၄၄၄ ဒသမ ၈ ဘီလျံဝယ်ယူထားကြောင်း သိရသည်။
ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက် အစီရင်ခံစာတွင် ၂၀၁၆ ခုနှစ် မတ်လကုန်အထိ ပြည်တွင်းကြွေးမြီလက်ကျန် ကျပ် ၁၅၇၂၄ ဒသမ ၄ ဘီလျံတွင် အစိုးရငွေတိုက်စာချုပ် ရောင်းရငွေ ကျပ် ၂၆၁၄ ဒသမ ၈ ဘီလျံ၊ အစိုးရငွေတိုက်လက်မှတ် ရောင်းရငွေ ကျပ် ၁၃၁၀၉ ဒသမ ၆ ဘီလျံပါဝင်ကြောင်း၊ အစိုးရငွေတိုက်လက်မှတ် ရောင်းရငွေ၏ ၉၄ ဒသမ ၉၃ ရာခိုင်နှုန်းဖြစ်သည့် ကျပ် ၁၂၄၄၄ ဒသမ ၈ ဘီလျံသည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ ရောင်းချထားခြင်းဖြစ်၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် နိုင်ငံတော်၏ အကြီးမားဆုံး မြီရှင်ဖြစ်နေသည်ကို တွေ့ရကြောင်း ဖော်ပြထားသည်။
Writer: 
စိုးမင်းထိုက်   





၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ပြည်တွင်းပြည်ပချေးငွေ ကျပ် ၅၇၆၈ ဒသမ ၂ ဘီလျံ ချေးယူခဲ့၍ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ပြဋ္ဌာန်းချက်အရ ချေးယူခွင့်ပြုထားသည်ထက် ကျပ် ၁၈၆၈ ဒသမ ၂ ဘီလျံ ပိုမိုချေးယူခဲ့၍ အစိုးရအဖွဲ့အနေဖြင့် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန်..


၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ပြည်တွင်းပြည်ပချေးငွေ ကျပ် ၅၇၆၈ ဒသမ ၂ ဘီလျံ ချေးယူခဲ့၍ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ပြဋ္ဌာန်းချက်အရ ချေးယူခွင့်ပြုထားသည်ထက် ကျပ် ၁၈၆၈ ဒသမ ၂ ဘီလျံ ပိုမိုချေးယူခဲ့၍ အစိုးရအဖွဲ့အနေဖြင့် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန်လိုအပ်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ မှတ်ချက်ပြု
====================================
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု အစိုးရအနေဖြင့် ပြည်တွင်းပြည်ပ ချေးငွေ ကျပ် ၅၇၆၈ ဒသမ ၂ ဘီလျံ ချေးယူခဲ့၍ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ပြဋ္ဌာန်းချက်အရ ချေးယူခွင့်ပြုထားသည်ထက် ကျပ် ၁၈၆၈ ဒသမ ၂ ဘီလျံ ပိုမိုချေးယူခဲ့သည့်အတွက် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများကို တိကျစွာ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက သဘောထား မှတ်ချက်ပြုထားသည်။
ထိုကဲ့သို့ ချေးယူခွင့်ပြုထားသည်ထက် ပိုမိုချေးယူခဲ့သည့်အတွက် နောင်အစိုးရအဖွဲ့၏ ငွေချေးယူမှုများတွင် တည်ဆဲဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများအလိုက် တိကျစွာ လိုက်နာဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာအပေါ် လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ တင်သွင်းခဲ့ခြင်းဖြစ်သည်။
၂၀၁၅ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေအခန်း ၂ တွင် “၂၀၁၅ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၁၆ ခုနှစ် မတ် ၃၁ ရက်တွင် ကုန်ဆုံးသည့် ဘဏ္ဍာရေးနှစ်အတွင်း ငွေချေးစာချုပ်များ ချုပ်ဆိုပြီးနောက် အမှန်တကယ် ချေးယူရရှိသည့် ငွေစုစုပေါင်းသည် ကျပ်သန်းပေါင်း သုံးဆယ့်ကိုးသိန်းထက် မပိုစေရ။ ယင်းကိစ္စရပ်တွင် ပြည်တွင်းပြည်ပ ချေးယူခြင်းနှစ်ရပ်လုံး အကျုံးဝင်သည်”ဟု ပြဋ္ဌာန်းထားကြောင်း သိရသည်။
ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်တွင် ကြွေးမြီဝန်ထုပ်ဝန်ပိုး ကြီးမားမှု မဖြစ်ပေါ်စေရန် ဘတ်ဂျက်လိုငွေကို ဂျီဒီပီ၏ ငါးရာခိုင်နှုန်းထက် ကျော်လွန်ခြင်း မရှိစေရန် ထိန်းသိမ်းဆောင်ရွက်လျက်ရှိခြင်းနှင့် ပတ်သက်ပြီး ဘတ်ဂျက်လိုငွေနှင့် ဂျီဒီပီအချိုး ငါးရာခိုင်နှုန်းသာဖြစ်သင့်ကြောင်း ပူးပေါင်းကော်မတီက သဘောထား မှတ်ချက်ပြုထားသည်။
ဘတ်ဂျက်လိုငွေဖြည့်ဆည်းမှုတွင် ပြည်တွင်းချေးယူမှု အထူးသဖြင့် အစိုးရငွေတိုက် လက်မှတ်များကို ဗဟိုဘဏ်သို့ရောင်းချခြင်းဖြင့် ချေးယူမှုကို လျှော့ချဆောင်ရွက်သင့်ကြောင်း ပူးပေါင်းကော်မတီက မှတ်ချက်ပြုထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချေးယူငွေ လက်ကျန် ကျပ် ၁၂၄၄၄ ဒသမ ၈ ဘီလျံသည် ပြည်တွင်း ကြွေးမြီ၏ ၇၉ ဒသမ ၁၄ ရာ ခိုင်နှုန်းနှင့် ပြည်တွင်းပြည်ပ ကြွေးမြီနှစ်ရပ်လုံး၏ ၄၄ ဒသမ ၅၀ ရာခိုင်နှုန်း ရှိနေသည့်အတွက် နိုင်ငံတော်၏ အကြီးမားဆုံး မြီရှင် ဖြစ်သည့်အပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချေးယူငွေသည် နိုင်ငံတော်၏ ငွေကြေးဖောင်းပွမှုကို အကျိုးသက်ရောက်စေနိုင်သော ကြွေးမြီဖြစ်ခြင်း၊၂၀၁၆ ခုနှစ် မတ် ၃၁ ရက်ရှိ ကြွေးမြီ လက်ကျန်စာရင်းအရ နိုင်ငံတော်၏ ပြည်တွင်းပြည်ပ ကြွေးမြီနှင့် ဂျီဒီပီအချိုးသည် ၃၈ ဒသမ ၁ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့သည့်အတွက် ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့တို့က သတ်မှတ်ထားသည့် အလယ်အလတ်အဆင့် ၀င်ငွေနည်းပါးသည့်နိုင်ငံများအတွက် ပြည်တွင်းပြည်ပ ကြွေးမြီနှင့် ဂျီဒီပီအချိုး ၃၈ ရာခိုင်နှုန်းထက် အနည်းငယ်ပိုမိုနေသည်ကို တွေ့ရှိရကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက အစီရင်ခံစာ တင်သွင်းခဲ့သည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာတွင် ၂၀၁၅ ခုနှစ်အတွင်း နိုင်ငံ၊ အဖွဲ့အစည်းအလိုက် ချေးငွေစာချုပ်ချုပ်ဆိုမှု ပြုလုပ်ထားသော်လည်း လုပ်ငန်းအကောင်အထည်ဖော် မှုမရှိသေးသည့် စီမံကိန်းများအား တွေ့ရှိရကြောင်း၊ ယင်းစီမံကိန်းများအား ထိထိရောက်ရောက် အလျင်အမြန်ဆောင်ရွက်ရန်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီက သဘောထားမှတ်ချက် အစီရင်ခံစာ တင်သွင်းခဲ့သည်။
၂၀၁၁-၂၀၁၂ မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ ငါးနှစ်အတွင်း ပြည်တွင်း ပြည်ပ ကြွေးမြီလက်ကျန်မှာ နှစ်စဉ်တိုးတက်လျက်ရှိ ပြီး ၂၀၁၅-၂၀၁၆ ခုနှစ် မတ် ၃၁ ရက် စာရင်းအရ ပြည်တွင်းပြည်ပ ကြွေးမြီလက်ကျန်မှာ ကျပ် ဘီလျံ ၂၇၉၇၀ ဖြစ်ကာ ကြွေးမြီနှင့် ဂျီဒီပီ အချိုးမှာ ၃၈ ဒသမ ၁ ဖြစ်သည်ကို တွေ့ရှိရကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားကြောင်း သိရသည်။
Writer: 
စိုးမင်းထိုက်၊ မျိုးမင်းထက် Eleven Media

http://www.news-eleven.com/politics/37117


.


သုံးသပ်ချက် Note:
.
- နိုင်ငံတော်အမြင့်ဆုံး ဘဏ္ဍာရေးကော်မရှင်တွင် သမတ၊ ဒုသမတ၂ဦး၊ ၀န်ကြီးချုပ်၁၄ဦး ၊ ရှေ့နေချုပ်၊ စာရင်းစစ်ချုပ်၊  နေပြည်တော်ကောင်စီဥက္ကဌ နှင့် အတွင်းရေးမှုး စီမံ/ဘဏ္ဍာဝန်ကြီး ဦးကျော်ဝင်း တို့ပါဝင်သည်။
- ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ တွင် ပြည်သူ့လွှတ်တော်အမတ်များပါဝင်သည်။

၂၀၁၅-၁၆ သမတဦးသိန်းစိန် နောက်ဆုံးနှစ်တွင်
ပြည်တွင်းချေးငွေ  ၇၄၄၄ ဘီလျံ  ၇၉.၄၄%၊ ဥပဒေကျော်လွန်ပြီး ပိုထုတ်ယူငွေ ၁၈၆၈ ဘီလျံ
ပြည်ပချေးငွေ ၁၉၂၆ ဘီလျံ  ၂၀.၅၆%
စုစုပေါင်  ၉၃၇၁ ဘီလျံ ထုတ်ယူသွားကြသည်။   ငွေတိုက်စာချုပ် Treasury Bonds ၁၉၆၈ ဘီလျံ ၂၆.၄၄% နှင့် ငွေတိုက်လက်မှတ် Treasury Bills ၅၄၇၆ ဘီလျံ = စုစုပေါင်း ၉၃၇၁ ဘီလျံ ဖြစ်သည်။
.
၂၀၁၆ မတ်လ ၃၁ ဘဏ္ဍာရေးနှစ်ကုန်ဆုံးချိန် မြန်မာနိုင်ငံ ပြည်တွင်းပြည်ပ ကြွေးမြီ စုစုပေါင်းလက်ကျန်မှာ ၂၇၉၇၀ ဘီလျံ ဖြစ်ပြီ၊ နိုင်ငံတကာစံနှုန်းဖြစ်သော ဂျီဒီပီ၏ ၃၈% ထက် ကျော်လွန်ပြီး ၃၈.၁% ဖြစ်နေသည်။ ထိုချေးငွေများတွင် ပြည်တွင်းချေးငွေ ၂၀.၁% နှင့် ပြည်ပချေးငွေ ၁၈% USD 9 billions  ဖြစ်ကြသည်။ (၂၀၁၅တွင် ဂျီဒိပီ ၏ ၃၀% မှာ ၂၀၁၆တွင် ၃၈.၁% သို့တက်သွားခြင်းဖြစ်သည်)။

အထက်ပါ ပြည်သူ့လွှတ်တော် အစီရင်ခံစာအရ ပြည်တွင်းချေးငွေများစွာကို အစိုးရအဆက်ဆက် ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များက ပူးပေါင်းပြီး ထုတ်ယူသွားကြသော ငွေများ ဖြစ်သည်။ ထိုချေးငွေများမှာ ပြန်ရရန် လမ်းမမြင်ပဲ သက်ဆိုင်ရာ ၀န်ကြီးဌာနများမှတဆင့် စစ်အာဏာရှင်များနှင့် အပါင်းအပါများက ထုတ်ယူသွားသော ငွေများဖြစ်သော ကြောင့် လျှော်ပစ်ရမည့်ငွေများ ဖြစ်သည်။
.
၁၉၈၇ ခုနှစ်ကလည်း ထိုကဲ့သို့ အစိုးရက ဗဟိုဘဏ်မှ ချေးငွေများလွန်းသည့်အပြင် ပြည်ပချေးငွေများလဲ ပြန်မဆပ်နိုင်သောကြောင့် ငွေစက္ကူ တရားမ၀င်ကြေငြာခြင်း၊ ၁၉၉၀ နောက်ပိုင်းတွင် ပုဂလိကဘဏ်များ ဒေ၀ါလီခံကြခြင်း တို့ဖြင့် ချေးငွေများကို လျှော်ပစ်ခဲ့ရသည်။ ထိုကဲ့သို့ အဖြစ်မျိုး ထပ်မဖြစ်ရန် ဒေါ်အောင်ဆန်းစုကြည် အစိုးရမှ ကာကွယ်လုပ်ဆောင်နေပါသည်။
.
ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများကို တိကျစွာ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက သဘောထား မှတ်ချက်ပြုထားသည်။
.
.
မြန်မာနိုင်ငံ၏ ဂျီဒီပီ ၏ ၃၈% အောက် ကြွေးမြီထိန်းထားနိုင်ရန်
နောက်နောင် မြန်မာအစိုးရက ငွေကို ဘုန်းဘောလအော သုံးစွဲပြီး၊ အကျိုးနည်းစေမည့် စက်ရုံ၊ အလုပ်ရုံ၊ နိုင်ငံတော်စီမံကိန်းများကို နိုင်ငံတော်ပိုက်ဆံ ဖြင့် ဥပဒေလက်တလုံးခြား အဂတိစနစ် Political Corruption ကိုသာ ဖျက်သိမ်းနေရပါသည်။  တနည်းအားဖြင့် အဂတိကြီးစိုးသော စနစ်ဟောင်းကို ပြုပြင်ပြောင်းလဲနေပါသည်။  ပြည်ပ ရင်းနှီးမြှတ်နှံမှုများကို ဖိတ်ခေါ်ပြိး အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖော်ဆောင်ခြင်းဖြင့် ဂျီဒီပီ တဟုန်ထိုးမြင့်မားလာပြီး ကြွေးမြီ % ရော့ ပါးသွားမည် ဖြစ်ပါသည်။
.
.
.
ထက်ခေါင်လင်း (Myanmar Now) ● ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေလိုပါတယ် (အင်တာဗျူး)
(မိုးမခ) ဒီဇင်ဘာ ၆၊ ၂၀၁၆
ကျွမ်းကျင်လုပ်သား လိုအပ်ချက်ကြီးမားနေတဲ့အတွက် အထက်တန်းကျောင်းမှာ အသက်မွေးဝမ်းကျောင်းပညာရပ်ကို အ ချိန် ပိုင်းထည့်သင်၊ လေ့ကျင့်ပေးဖို့ ပြည်ပရောက် စီးပွားရေးပညာရှင်တစ်ဦးက အကြံပေးပါတယ်

ရန်ကုန် (Myanmar Now)
 – ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းဆင်း ဒေါက်တာမြင့်မိုးချစ်ဟာ ၂ဝဝ၂ မှာ မုံရွာစီးပွားရေး တက္ကသိုလ်ကနေ စီးပွားရေးစီမံခန့်ခွဲမှုမဟာဘွဲ့ ရရှိခဲ့သူဖြစ်ပါတယ်။ အဲဒီနောက် ဗြိတိန်မှာ ဘဏ်လုပ်ငန်းဆိုင်ရာ မဟာဘွဲ့ သင်တန်း (MSc in Money, Banking and Finance) တက်ရောက်ကာ ၂ဝဝ၉ မှာ စီးပွားရေးဆိုင်ရာ ပါရဂူဘွဲ့ ရခဲ့သူပါ။ လန်ဒန် Middlesex တက္ကသိုလ် စီးပွားရေးပညာကထိက၊ စင်္ကာပူ ပုဂ္ဂလိက ပညာရေးအဖွဲ့တစ်ခုရဲ့ အကြီးတန်းကထိကအ ဖြစ် တာဝန်ထမ်းခဲ့ပါတယ်။ မလေးရှားနိုင်ငံ Nottingham တက္ကသိုလ်မှာ သင်ကြားရေးနဲ့ သုတေသနလုပ်ငန်းတွေ လုပ်ကိုင် နေတာ ၂ နှစ် ရှိပါပြီ။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရလက်ထက် နိုင်ငံရဲ့စီးပွားရေးအခြေအနေ၊ အနာဂတ်မျှော်မှန်းချက်၊ ကျွမ်းကျင်လုပ်သား မွေးထုတ်ရေးတို့နဲ့ပတ်သက်ပြီး ဒေါက်တာမြင့်မိုးချစ်က မကြာသေးခင်က Myanmar Now ကို သုံးသပ်ပြောပြထားပါတယ်။
မေး –  အစိုးရသစ်ရဲ့ စီးပွားရေးစီမံချက်တွေကို ဘယ်လိုရှုမြင်ပါသလဲ။
ဖြေ –   ဇူလိုင်လက ထုတ်ပြန်ခဲ့တဲ့ စီးပွားရေးမူဝါဒ ၁၂ ချက်ဟာ ယေဘူယျဆန်ပေမယ့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ဆင်းရဲမှု ကို လျော့ချရေးအတွက် အရေးကြီးတဲ့မူဝါဒတွေဆိုတာကို လက်ခံပါတယ်။ ပိုပြီးအရေးကြီးတာကတော့ ဒီမူဝါဒတွေကို ထိ ရောက်အောင် ဘယ်လိုအကောင်အထည်ဖော်မလဲ၊ လိုအပ်တဲ့ အရင်းအမြစ်နဲ့ စွမ်းဆောင်ရည် (resources and capabilities) တွေကို ဘယ်လိုတည်ဆောက်မလဲဆိုတဲ့အချက်ပဲ။ အရင်းအမြစ်ဆိုတာက မူဝါဒတွေကို အကောင်အထည် ဖော်ရတဲ့ အစိုးရဝန်ထမ်းတွေရဲ့ အတွေ့အကြုံရင့်ကျက်မှု၊ ပညာဗဟုသုတပြည့်ဝမှုကိုဆိုလိုပြီး စွမ်းဆောင်ရည်ကတော့ အစိုးရဝန်ထမ်းတွေအပါအဝင် ပြည်သူတစ်ရပ်လုံးရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုကို ဆိုလိုတာပါ။
မေး –  အစိုးရသစ်တက်လာပြီးနောက်ပိုင်း မြန်မာ့စီးပွားရေးအခြေအနေ ဘယ်လို ဖြစ်ထွန်းနေတယ်လို့ သုံးသပ်မိလဲ။ 
ဖြေ – ဒေါ်အောင်ဆန်းစုကြည်က မျှော်မှန်းသလောက် သိသိသာသာ တိုးတင်မှုမရှိသေးဘူးဆိုတာကို အောက်တိုဘာ ၂၂ ရက်နေ့ကပြုလုပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲမှာ အသိအမှတ်ပြုသွားတာ ကြားလိုက်ရပါတယ်။ ကဏ္ဍ တော် တော်များများမှာ လိုအပ်ချက်တွေရှိနေတဲ့ နိုင်ငံအနေနဲ့ ရက် ၁ဝဝ မပြောနဲ့၊ တစ်နှစ်အတွင်းမှာ သိသာတဲ့အကျိုးဖြစ်ထွန်းမှု တစ်ခုတလေ မြင်ရရင်ကိုပဲ ကျေနပ်စရာ ထင်ပါတယ်။ စီးပွားရေး သိသိသာသာ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ အစိုးရရဲ့ လုပ် ဆောင်ချက်တွေပေါ်ပဲ မူတည်နေတာ မဟုတ်ဘူး၊ ကျွန်တော်တို့အားလုံးက ကိုယ်တိုင်ပါဝင်ပြီးတော့ တစ်ဦးချင်း တစ် ယောက်ချင်း တိုးတက်မှုအတွက် ပြောင်းလဲသင့်တာကို ပြောင်းလဲဖို့၊ ဖြည့်ဆည်းသင့်တာကို ဖြည့်ဆည်းဖို့လိုအပ်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ အစိုးရသစ်က ဒီ ၅ နှစ်သက်တမ်းအပြီးမှာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် လိုအပ်တဲ့ အခြေခံကောင်းတွေ ဖန်တီးတည်ဆောက်ထားနိုင်ပြီဆိုရင် ကျေနပ်မိမှာပါ။
မေး –  တိုင်းပြည်စီးပွားရေးမှာ အဓိကကျတဲ့ အလုပ်သမားရေးရာနဲ့ပတ်သက်ပြီး ထိရောက်တဲ့လုပ်ဆောင်မှုမျိုး မတွေ့ရသေး ဘူးလို့ ကျွမ်းကျင်သူတချို့က မှတ်ချက်ပြုပါတယ်။ ဆရာက ဘယ်လိုသုံးသပ်ချင်ပါသလဲ။ 
ဖြေ –  နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့အတွက်ဆိုရင် အသက်မွေးဝမ်းကျောင်းပညာရပ်တွေကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက် ထားတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေလိုပါတယ်။ ပြည်ပရင်းနှီးမြှုပ်နှံသူတွေအနေနဲ့လည်း သူတို့လုပ်ငန်းတွေအတွက် လို အပ်တဲ့ ကျွမ်းကျင်လုပ်သားတွေ ပြည်တွင်းမှာရနိုင်သလားဆိုတဲ့အချက်က ဘယ်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမလဲဆိုတာကို စဉ်းစား တဲ့အခါမှာ အရေးပါတဲ့အချက်ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ လိုအပ်တဲ့ကျွမ်းကျင်လုပ်သားတွေ လုံလုံလောက် လောက်မရှိသေးဘူးဆိုတာကို အခုလောလောဆယ်ပြဋ္ဌာန်းလိုက်တဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေမှာ အသိအမှတ်ပြုထား တာကို တွေ့ရပါတယ်။ ဒီဥပဒေပုဒ်မ ၅၁ မှာ ပြည်ပမှ လုပ်ငန်းကျွမ်းကျင်သူတွေကို ခေါ်ယူခန့်ထားခွင့်ပေးထားပြီး၊ ကျွမ်းကျင်မှုမလိုသောလုပ်ငန်းများမှာတော့ နိုင်ငံသားများကိုသာ ခန့်ထားရမည်လို့ ဖော်ပြထားပါတယ်။ ကျွန်တော့်အမြင်ပြောရရင် ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေခံပညာရေးစနစ်က တက္ကသိုလ်ဝင်တန်းကို အောင်အောင်ဖြေပြီး အမှတ်မှီတဲ့ တက္ကသိုလ် ကိုသွားဆိုတဲ့ လမ်းကြောင်းကလွဲရင် ကျွန်တော်တို့ကလေးတွေကို ရွေးချယ်စရာ မပေးပါဘူး။  လိုအပ်တဲ့ ကျွမ်းကျင်လုပ်သား တွေကို မွေးထုတ်ပေးဖို့အတွက် သိပ်မကြာသေးခင်က စင်ကာပူနိုင်ငံက အကူအညီနဲ့ဖွင့်လိုက်တဲ့ သင်တန်းကျောင်း၊ လက် ရှိ စက်မှုလက်မှုအထက်တန်းကျောင်းအနည်းငယ်နဲ့ စက်မှုဝန်ကြီးဌာနအောက်က သင်တန်းကျောင်းတွေလောက်နဲ့ လုံ လောက်မယ်မထင်ပါဘူး။ လိုအပ်နေတဲ့ သင်တန်းကျောင်းတွေကို မြန်မြန်ဆန်ဆန်ဖွင့်နိုင်ဖို့လုပ်နေတာ မတွေ့ရသလို၊ ဖွင့် ချင်ရင်တောင်မှာ လိုအပ်တဲ့အရင်းအမြစ်တွေကို အချိန်ယူပျိုးထောင်ယူရမယ်ထင်ပါတယ်။ ဒီနေရာမှာ အလေးအနက်အကြံပြု ချင်တာက ၁၉၇၅-၈ဝ ကျွန်တော်တို့ အထက်တန်းကျောင်းသားဘဝကရှိခဲ့ဖူးတဲ့ စက်မှုလက်မှုနဲ့ အိမ်တွင်းမှုပညာ ဘာသာ ရပ်ကို အထက်တန်းကျောင်းသင်ရိုးမှာ ထိထိရောက်ရောက် ပြန်လည်ပြဋ္ဌာန်းဖို့ပါ။ အထက်တန်းကျောင်းတွေမှာ၊ အခြေခံ အသက်မွေးဝမ်းကျောင်းပညာရပ်ကို စာသင်ချိန်မှာ ထည့်သွင်း၊ တက္ကသိုလ်ပညာရေးကိုသွားဖို့ စိတ်မဝင်စားတဲ့ ကျောင်းသား တွေအတွက် ခေတ်နဲ့လျော်ညီတဲ့ အသက်မွေးဝမ်းကျောင်း ပညာရပ်တွေဖြစ်တဲ့ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းစတဲ့ လျှပ်စစ်ပစ္စည်း ပြုပြင်နည်း၊ မော်တော်ယာဉ်စက်ကိရိယာပြုပြင်နည်း၊ အိမ်တွင်းလျှပ်စစ်မီးကြိုးသွယ်တန်းနည်း စတဲ့ပညာရပ်တွေကို အ ခြေခံကစပြီး တစ်ပတ် တစ်ချိန် နှစ်ချိန်လောက် ကျောင်းမှာ စနစ်တကျသင်ပေးပြီး၊ နွေရာသီကျောင်းပိတ်ရက်တွေမှာ အ လုပ်သင်အဖြစ်နဲ့ ဒေသခံလုပ်ငန်းရှင်တွေထံမှာ ဆက်လက်သင်ယူနိုင်တဲ့ အခွင့်အရေးတွေဖန်တီးပေးဖို့ပါ။ လိုအပ်တဲ့ သင်ရိုးညွန်းတမ်းကို တစ်နိုင်ငံလုံးအတွက် စံသတ်မှတ်ရေးဆွဲ၊ သင်တန်းပို့ချဖို့အတွက် ဆရာမလုံလောက်ရင် ဒေသခံ လုပ် ငန်းရှင်တွေကို အကူအညီတောင်းရင် ဖြစ်နိုင်ပါတယ်။ သင်တန်းတွေပြီးဆုံးတဲ့အခါမှာ အရည်အချင်းပြည့်မီတဲ့ ကျောင်း သားတွေကို အသိအမှတ်ပြုလက်မှတ်ထုတ်ပေးပြီး လုပ်ငန်းခွင်ဝင်ဖို့၊ ဒါမှမဟုတ် အဆင့်မြင့် အသက်မွေးဝမ်းကျောင်း ပညာရပ်တွေဆက်လက်ဆည်းပူးဖို့ စီစဉ်ပေးမယ်ဆိုရင် ကျွမ်းကျင်လုပ်သားလိုအပ်ချက်ပြဿနာကိုဖြေရှင်းဖို့ တဖက်တ လမ်းက အထောက်အကူဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။
မေး –  ရွေးကောက်ပွဲအကြိုကာလ ဆရာသုံးသပ်ထားတဲ့ မြန်မာ့စီးပွားရေးတိုးတက်ဖို့ လုပ်ငန်းတွေအားလုံး မျှမျှတတ ယှဉ် ပြိုင်ခွင့်ကို ဖောင်ဆောင်ရမယ်ဆိုတဲ့အချက်က ဘယ်အတိုင်းအတာ ရောက်နေပြီလဲ။
ဖြေ –  ရွေးကောက်ပွဲကြိုကာလကတင်ပြခဲ့တဲ့ ကျွန်တော့အမြင်က ဘဏ္ဍာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စက်သုံးဆီ ဖြန့်ဖြူး ရေး စတဲ့ကဏ္ဍတွေကို မိုဘိုင်းဖုန်းကဏ္ဍလို စားသုံးသူပြည်သူလုထု ပိုအကျိုးရှိမယ်ဆိုရင် ပြည်တွင်းပြည်ပ ကုမ္ပဏီမခွဲခြားဘဲ မျှမျှတတ ယှဉ်ပြိုင်ခွင့်ကို ဖော်ဆောင်ပေးဖို့ ဆိုလိုတာပါ။ ပြည်တွင်းက လုပ်ငန်းရှင်တချို့ရဲ့အမြင်က သူတို့လုပ်နိုင်တဲ့ ကဏ္ဍတွေမှာ နိုင်ငံခြားကုမ္ပဏီကြီးတွေကို ဝင်ရောက်လုပ်ကိုင်ခွင့်ပေးလိုက်ရင် နည်းပညာ၊ အရင်းအနှီးအားနည်းတဲ့  ပြည် တွင်းလုပ်ငန်းရှင်တွေ ယှဉ်ပြိုင်နိုင်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။ စီးပွားရေးသဘောတရားအရတော့ ယှဉ်ပြိုင်မှုရှိမှ တိုးတက် တီထွင်ဖန်တီးမှုရှိမှာဖြစ်ပြီး သယံဇာတအရင်းအမြစ်တွေကို အလေအလွှင့်မရှိ အသုံးချနိုင်မှာဖြစ်ပါတယ်။ အစိုးရအနေနဲ့ လုပ်သင့်တာက လွတ်လွတ်လပ်လပ် ယှဉ်ပြိုင်ခွင့်ပေးပြီး၊ နိုင်ငံခြားကုမ္ပဏီကြီးတွေအနေနဲ့ သူတို့ရဲ့နည်းပညာ၊ အရင်းအနှီး အားသာချက်တွေကို အခွင့်ကောင်းယူပြီး ဈေးကွက်ကိုလက်ဝါးကြီးအုပ် အမြတ်ထုတ်တာတွေ မလုပ်နိုင်အောင် လိုအပ်တဲ့ ဥပဒေတွေပြဋ္ဌာန်းပြီး ထိန်းကျောင်းပေးဖို့ပါ။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေသစ်မှာတော့ တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ တားမြစ်ထားတဲ့လုပ်ငန်းတွေမဟုတ်ရင် ပြည်တွင်းပြည်ပ ကုမ္ပဏီ မခွဲခြားဘဲ ရင်းနှီးမြှုပ်နှံခွင့်ပြုမယ့်သဘော ပြဋ္ဌာန်းထား တာကို တွေ့ရပါတယ်။
မေး –  ဆရာသုံးသပ်ထားတဲ့ အစိုးရယန္တရားကို ပြုပြင်ပြောင်းလဲရမယ်ဆိုတာကရော။ 
ဖြေ –  သိသာတဲ့အပြောင်းအလဲ မတွေ့ရသေးပါဘူး။ ကျွန်တော်တင်ပြခဲ့တာက ရာထူးခန့်ထားတဲ့နေရာ၊ ရာထူးတိုးဆုံးဖြတ် တဲ့နေရာတွေမှာ အရည်အချင်းနဲ့ လုပ်ရည်ကိုင်ရည်ပေါ်မူတည်ပြီး လူမှန်၊ နေရာမှန် ရွေးချယ်ခန့်ထားဖို့ အရေးကြီးတဲ့ အ ကြောင်းပါ။ ဒါမှလည်း ပြည်သူ့ဝန်ထမ်းတွေအနေနဲ့ လိုအပ်တဲ့အချိန်မှာ မှန်ကန်တဲ့ဆုံးဖြတ်ချက် တွေချမှတ်နိုင်မှာဖြစ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှု ပိုရှိလာမှာ ဖြစ်ပါတယ်။
မေး –  ကလေးနဲ့ မိခင်လောင်းတွေရဲ့ အာဟာရချို့တဲ့မှုနဲ့ နိုင်ငံဖွံ့ဖြိုးရေးက ဘယ်လိုပတ်သက်နေပါသလဲ။
ဖြေ –  ကျွန်တော့်အမြင်ကတော့ ကလေးတွေနဲ့ မိခင်လောင်းတွေ အာဟာရချို့တဲ့မှုဟာ ကျွန်တော်တို့ မြန်မာနိုင်ငံ ရေရှည် တိုးတက်ဖွံ့ဖြိုးရေးမှာ အလွန်အရေးကြီးတဲ့ပြဿနာကြီးတစ်ခုပါ။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီးရဲ့ အဆိုအရ အဟာရချို့တဲ့မှု မှာ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ တတိယအဆင့်မှာရှိပြီး မြန်မာနိုင်ငံမှာရှိတဲ့ ကလေးတွေရဲ့ သုံးပုံတစ်ပုံကျော် (၃၅) ရာခိုင်နှုန်းခန့်ဟာ အာဟာရချို့တဲ့မှုကြောင့် ကြီးထွားသင့်သလောက် မကြီးထွားတဲ့ ပြဿနာနဲ့ရင်ဆိုင်နေရပါတယ်။ သုတေသနတွေ့ရှိချက်တွေအရ ငယ်ရွယ်စဉ်မှာ အာဟာရချို့တဲ့မှုဒဏ်ခံခဲ့ရတဲ့သူတွေဟာ မခံခဲ့ရတဲ့သူတွေထက် ပညာရေး ပြီးမြောက်မှုနဲ့ ကုန်ထုတ်စွမ်းအားမှာ နိမ့်ကျနိုင်တဲ့ အလားအလာပိုများပြီး၊ အကျိုးဆက်အနေနဲ့ အလုပ်အကိုင်ကနေရတဲ့ ဝင်ငွေကိုလည်း ထိခိုက်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်မှာ အိုင်အိုဒင်းဓာတ် အပြည့်အဝရခဲ့တဲ့ မိခင်လောင်းက မွေးဖွား လာတဲ့ကလေးတယောက်ဟာ အိုင်အိုဒင်းဓာတ်အပြည့်အဝမရခဲ့တဲ့ မိခင်လောင်းက မွေးဖွားလာတဲ့ ကလေးနဲ့ယှဉ်ရင် စာ သင်နှစ် တစ်ဝက်လောက် ကျောင်းမှာ ပိုနေဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။ ပညာရေးပြီးမြောက်မှုမှာ တစ်နှစ်ပိုလာတိုင်း ပျမ်းမျှ ဝင်ငွေ ၈ ရာခိုင်နှုန်းတိုးလာတယ်လို့ သုတေသနတစ်ခုက ဆိုပါတယ်။
မေး –  နေရာတိုင်းမှာ ဥပဒေစိုးမိုးမှုရှိရမယ်လို့ ဆရာဆိုထားပါတယ်။  မြို့ပြကြီးတွေမှာ မှုခင်း ပိုများလာတယ်လို့ ယူဆသလား။ 
ဖြေ –  ကျွန်တော်ပြောခဲ့တဲ့ တရားဥပဒေစိုးမိုးရေးဆိုတာ စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်တဲ့နေရာမှာ တရားသဖြင့် ယှဉ်ပြိုင် ခြင်းကိုအားပေးတဲ့၊ ပိုင်ဆိုင်မှုတွေကို အာမခံတဲ့၊ အကျင့်ပျက်ချစားမှုတွေကင်းတဲ့ စီးပွားရေးပတ်ဝန်းကျင်ကို ဖော်ဆောင်ပေး နိုင်တဲ့ တရားဥပဒေစိုးမိုးရေးမျိုးကို ဆိုလိုတာပါ။ ဒီနေရာမှာ စာရင်းအင်းပညာအမြင်အရကြည့်ရင်တော့ ရာဇဝတ်အမှုအခင်း တွေ အရင်ကထက် ပိုများလာတယ်ဆိုတာ အမှန်တကယ်ပိုများလာတာ ဖြစ်နိုင်သလို၊ ဆက်သွယ်ရေးနည်းပညာတွေ ပိုမိုတိုး တက်လာတာ၊ လူမှုမီဒီယာကို အသုံးပြုသူတွေပိုများလာတာ၊ သတင်းမီဒီယာတွေပိုမိုပွင့်လင်းလာတာ စတဲ့အ ချက် တွေကြောင့် ရာဇဝတ် အမှုအခင်းတွေဖြစ်တာကို အရင်ကထက် ပိုပြီး သိရှိခွင့်ရှိလာတာလည်း ဖြစ်နိုင်ပါတယ်။  လုယက်မှု တွေ၊ ရာဇဝတ်အမှုအခင်းတွေများလာတယ်ဆိုတဲ့အမြင်ရှိလာရင်လည်း  စီးပွားရေးပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်တာပါဘဲ။
မေး –  ဥပဒေစိုးမိုးမှုက ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဘယ်လောက်ထိ တိုက်ရိုက်ပတ်သက်မလဲ။
ဖြေ –  ကျွန်တော့်အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ကိစ္စတွေကို သိပ်မလေ့လာမိပါဘူး။ တရားဥပဒေစိုးမိုးမှုရှိလာပြီး၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုပွင့်လန်းလာရင်၊ စီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာပြီး၊ ဒီဖွံ့ဖြိုးတိုးတက်မှုရဲ့အသီး အပွင့်တွေကို ပြည်ထောင်စုသားအားလုံး တရားသဖြင့် မျှဝေခံစားနိုင်ကြပြီဆိုရင် ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်မှု လည်း အောင်မြင်လာမယ်လို့ ထင်ပါတယ်။     ။
http://moemaka.com/archives/55361

မြန်မာတပ်မတော်၏ ဦးပိုင်လစ်မစ်တက်


မြန်မာဘီယာကို ဦးပိုင် ကုမ္ပဏီက ရှယ်ယာ အများစု ပိုင်သည် (ဓာတ်ပုံ – Reuters)


စီးကရက် ဘီယာမှ ဆောက်လုပ်ရေး လုပ်ငန်း အထိ စီးပွားရေး လုပ်ငန်းမျိုးစုံ လုပ်ကိုင် aနသော စစ်တပ်ပိုင် မြန်မာ စီးပွားရေး ဦးပိုင် လီမိတက် ကုမ္ပဏီသည် အများပိုင် ကုမ္ပဏီ တခုဖြစ် လာပြီးနောက် အများပိုင် ပြုလုပ်ခြင်း အားထုတ်မှု တခု အနေဖြင့် ရှယ်ယာများ စတင် ရောင်းချရန် ပြင်ဆင်လျက် ရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ဇွန်လ ၁၀ ရက်နေ့တွင် ပြောသည်။

ဦးပိုင်ကုမ္ပဏီက မတ်လနှောင်းပိုင်းတွင် စစ်တပ်ပိုင် သတင်းစာတခု၌ ၎င်းတို့ကုမ္ပဏီအား အများပိုင် ကုမ္ပဏီ အဖြစ် ပြောင်းလဲ သွားမည်ဟု ကြေညာ ခဲ့သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်လက်အောက်ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ မှတ်ပုံတင်ရေးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ဦးပိုင်ကုမ္ပဏီသည် အများပိုင်အဖြစ် ပြောင်းလဲရန် တရားဝင် လုပ်ငန်းများ အပြည့်အစုံ ဆောင်ရွက်ပြီးဖြစ်ပြီး နိုင်ငံပိုင်လုပ်ငန်းတခု မဟုတ်တော့ကြောင်း ပြောသည်။

“တရားဝင်ကတော့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်း တခုပါပဲ”ဟု ဦးပိုင်ကုမ္ပဏီက စီးပွားရေးကို အလေးပေးပြီး ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရန်နှင့် ရေရှည်တွင် မြန်မာစတော့ အိတ်ချိန်း၌ စာရင်းသွင်းနိုင်ရန် ရည်ရွယ်ခဲ့ကြောင်း ဦးအောင်နိုင်ဦးက ပြောသည်။ ထို့နောက် ဦးပိုင်ကုမ္ပဏီသည် လက်ရှိတွင် ရှယ်ယာဖွဲ့စည်းမှု ပုံစံ ပြောင်းလဲနေပြီး ရှယ်ယာ အမျိုးအစား အချို့ကိုလည်း စတင် ထုတ်ရောင်းနေသည်။ ထိုလုပ်ငန်းစဉ်မှာ နှစ်အနည်းငယ် ကြာမြင့်မည်ဖြစ်သည်။

အများပိုင်အဖြစ် ပြောင်းလဲရန် ကြိုးပမ်းမှုများမှာ မြန်မာနိုင်ငံမှ သီးခြားရပ်နေသော စီးပွားရေးအစုအဖွဲ့များအနက် တခု ဖြစ်သည့် ဦးပိုင်ကုမ္ပဏီအတွက် သိသာထင်ရှားသော အပြောင်းအလဲတခု စတင်ခြင်းဖြစ်သည်။ ဦးပိုင်ကုမ္ပဏီသည် အမေရိကန် ကုမ္ပဏီများနှင့် စီးပွားရေးမလုပ်ရန် တားမြစ်ထားသည့် အမေရိကန်၏ ပိတ်ဆို့တားဆီးမှု စာရင်းတွင် ပါဝင်ဆဲဖြစ်သော်လည်း ပို၍ခေတ်မီပြီး ပွင့်လင်းမြင်သာမှု ရှိလာစေရန်နှင့် ရင်းနှီးမြှုပ်နှံသူများ အပါအ၀င် နိုင်ငံခြား စီးပွားရေး လုပ်ဖော် ကိုင်ဖက်များကို ဆွဲဆောင်ရှိစေရန် စစ်တပ်၏ အားထုတ်မှု ဖြစ်ကြောင်း ဖော်ပြနေသည်။

၁၉၉၀ ခုနှစ်တွင် တည်ထောင်ခဲ့သော ဦးပိုင်ကုမ္ပဏီ ရှယ်ယာများကို ကာကွယ်ရေး ၀န်ကြီးဌာနတွင် လက်ရှိ တာဝန်ထမ်းဆောင်နေသူများနှင့် စစ်မှုထမ်းဟောင်းများကသာ ပိုင်ဆိုင်ပါသည်။ ဦးပိုင်ကုမ္ပဏီတွင် အကြီးအကဲအဖြစ် ၂၀၁၄ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သော အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ဖြစ်သည့် ဦးခင်ဇော်ဦးက အုပ်ချုပ်ရေး ရာထူးတခုတွင် စစ်တပ်အတွက် အလုပ်လုပ်နေသော ၀န်ထမ်းများ၊ အထည်ချုပ်စက်ရုံများ၊ စားသောက်ကုန် စက်ရုံများနှင့် ဦးပိုင်၏ အခြားရင်းနှီမြှုပ်နှံမှု လုပ်ငန်းများတွင် လုပ်ကိုင်နေသူများကို ပထမဆုံးအနေဖြင့် ရှယ်ယာအချို့ကိုသာ စတင် ရောင်းချလိမ့်မည်ဖြစ်ကြောင်း ပြောသည်။

ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများကိုလည်း ကုမ္ပဏီမှ ရှယ်ယာများ ၀ယ်ယူရန် နောက်ပိုင်းတွင် ခွင့်ပြုသွားမည်ဖြစ်ကြောင်း သူက ပြောသည်။ လက်ရှိရှယ်ယာများ၏ ၃၀ ရာခိုင်နှုန်းခန့် ၀ယ်ယူခွင့်ပြု သွားမည်ဟု သိရသည်။

“တပ်မတော်သားတွေ သူတို့တွေရဲ့ မိသားစုတွေနဲ့ ကျနော်တို့ရဲ့ ကိုယ်ပိုင်ဝန်ထမ်းတွေကို ကျနော်တို့ရဲ့ အမြတ်တွေကို ပေးချင်ပါတယ်”ဟု ဦးခင်ဇော်ဦးက ပြောသည်။

စစ်တပ်ပိုင် စီးပွားရေးအစုအဖွဲ့ ၂ ခုအနက် တခုဖြစ်သော ဦးပိုင်ကုမ္ပဏီသည် စီးပွားရေးအပေါ် စစ်တပ်က နှစ်ပေါင်းများစွာကြာ ပိတ်ဆို့မှု၏ သာဓကဖြစ်ခဲ့ပြီး အဓမ္မ မြေသိမ်းယူရန်နှင့် အခွန်ရှောင်ရန် စစ်တပ်ပုံရိပ်ကို အသုံးပြုခဲ့သည့်အတွက် စွပ်စွဲ ဝေဖန်ခံခဲ့ရသည်။

သို့သော် ၂၀၁၁ ခုနှစ် စစ်တပ်အုပ်ချုပ်ရေး ပြီးဆုံးသောအခါ အခွန်ကင်းလွတ်ခြင်းနှင့် အချို့ကဏ္ဍများတွင် လက်ဝါးကြီးအုပ်သည့် ကုမ္ပဏီ၏ အထူးအခွင့်အရေးများ အဆုံးသတ် ခဲ့သည်။ ထို့နောက် ကုမ္ပဏီသည် ပြည်သူ့ဆက်ဆံရေးအကြံပေးများ ငှားရမ်းခြင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို တက်ကြွစွာ ဆွဲဆောင်ခြင်း စသည်တို့ ဖြင့် ၎င်းတို့၏ပုံရိပ်ကို စတင်ပြောင်းလဲခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် နိုင်ငံ၏ အများဆုံး အခွန်ထမ်းဆောင်သူများ စာရင်းတွင် အဆင့် ၄ နေရာ၌ ရပ်တည်ခဲ့ကြောင်း အစိုးရမှတ်တမ်းများအရ သိရသည်။

အခွန်ကင်းလွတ်ခွင့် ဆုံးရှုံးရခြင်းက “စစ်တပ်ရဲ့ စီးပွားရေးအစုအဖွဲ့နဲ့ သူရဲ့ လက်အောက်ခံကုမ္ပဏီတွေကို အဆင့်မြင့်တင်ဖို့ ပိုပြီး ယှဉ်ပြိုင်လိုစိတ်ရှိဖို့ အထူးသဖြင့် သူတို့က စစ်တပ်ဘဏ္ဍာအတွက် အရေးကြီးတဲ့ အရင်းအမြစ်တခုဖြစ်တာကြောင့် ဖိအားသက်ရောက်စေပါတယ်”ဟု ရန်ကုန်မြို့ရှိ အတိုင်ပင်ခံကုမ္ပဏီတခုဖြစ်သည့် Vriens & Partners၏ မန်နေးဂျင်း ဒါရိုက်တာ ဦးဥာဏ်သာမော်လွင်က ပြောသည်။

၂၀၁၃ ခုနှစ်တွင် ဦးပိုင်ကုမ္ပဏီသည် Myanmar Brewery ကုမ္ပဏီတွင် နိုင်ငံခြားစီးပွားဖက်ဖြစ်သော စင်ကာပူအခြေစိုက် Fraser & Neave ကုမ္ပဏီ၏ ရှယ်ယာများကို ပြန်လည် ၀ယ်ယူရန် ကြိုးစားရာမှ ကုမ္ပဏီ၂ ခုအကြား ကာလရှည်ကြာစွာ အငြင်းပွားမှု ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် စင်ကာပူနိုင်ငံ တရားခုံရုံးတွင် ဦးပိုင်ကုမ္ပဏီက သွားရောက် အဆုံးအဖြတ် ခံယူခဲ့ရသည်။ ဦးပိုင်ကုမ္ပဏီက ထိုသို့ သွားရောက် အဆုံးအဖြတ်ခံယူရခြင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ရရှိစေရန် ဖြစ်ကြောင်း လေ့လာ သုံးသပ်သူ များက ပြော ကြသည်။

နောက်ပိုင်းတွင် Japan နိုင်ငံမှ Kirin က မြန်မာနိုင်ငံ၏ အကြီးဆုံး ဘီယာလုပ်ငန်းဖြစ်သော Myanmar Brewery မှ F&N ကုမ္ပဏီ၏ ရှယ်ယာများကို ၀ယ်ယူခဲ့သည်။

အခြားဒေသတွင်း ရင်းနှီးမြှုပ်နှံသူများကလည်း ဦးပိုင်ကုမ္ပဏီနှင့် အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ကိုရီးယားနိုင်ငံမှ Inno Group သည် အမေရိကန်ဒေါ်လာ သန်း ၁၂၀ တန်ဖိုးရှိ “Inno City” အဆောက်အအုံ စီမံကိန်းကို ဦးပိုင်နှင့် ဖက်စပ် ဆောက်လုပ်နေပါသည်။ ဦးပိုင်က မြန်မာနိုင်ငံအလယ်ပိုင်းမှ ကြေးနီစီမံကိန်းအပါအ၀င် တရုတ်နိုင်ငံသားများ ဦးဆောင်သော စီမံကိန်း အများအပြားတွင်လည်း စီးပွားဖက်တဦးအဖြစ် ပါဝင်ပါသည်။

လက်ရှိတွင် ကုမ္ပဏီအနေဖြင့် အနောက်တိုင်းရင်းနှီးမြှုပ်နှံမှုများ ရရှိရန် အလားအလာ နည်းနေပါသေးသည်။ ထိုသို့ ဖြစ်ရခြင်းမှာ မြန်မာစစ်တပ်နှင့် ပူးပေါင်း၍ စီးပွားရေးလုပ်ခြင်းက ဂုဏ်သိက္ခာ ထိခိုက်နိုင်သည့်အတွက်ဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ပြောသည်။

( The Wall Street Journal ပါ Shibani Mahtani ၏ Myanmar Military’s Vast Conglomerate Goes Public ကို ဆုမွန်ဖြိုး ဘာသာပြန်ဆိုသည်)

ဧရာဝတီ by Hsu Wai Linn 

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: အများပိုင်ဖြစ်လာတဲ့ ဦးပိုင် ရှယ်ယာ ထုတ်ရောင်းမည် 




မြန်မာ့ စီးပွားရေး ဦးပိုင် ၏ လီမိတက် လုပ်ငန်းများ

by FNG on November 30, 2012 
by Clean Text မှ ကူးယူ ဖော်ပြ ပါသည်။
Union of Myanmar Economic Holdings Limited operates as an industrial conglomerate that engages gem production and marketing, garment factories, wood industries, goods and beverages and other trading companies, supermarket, banking, hotels, tourism, transportation, construction and real estate, computers, telecommunications, electronics and equipment, and steel and cement industries. The company is based in Yangon, Myanmar.
Address:
189-191 Maha Bandoola Road
Botahtaung Township
Yangon,
Myanmar

ရာနှုန်းပြည့် ထောက်ပံ့ထားတဲ့ လုပ်ငန်းများ (၁၆)မျိုး    
(က) ကုန်ထုတ်လုပ်မှုလုပ်ငန်းများ (၉)မျိုး    
၁။ မြန်မာရူဘီအင်တာပရိုက်စ်         (Myanmar Ruby Enterprise)
၂။ မြန်မာအင်ပီးရီးရယ်ဂျိတ်ကုမ္ပဏီလီမိတက်  (Myanmar Imperial Jade Co.,Ltd.)
၃။ မြန်မာရာဘာဝုဒ်ကုမ္ပဏီလီမိတက်            (Myanmar Rubber Wood Co., Ltd.)
၎။ မြန်မာနာနတ်ရည်ထုတ်လုပ်ရေးလုပ်ငန်း
၅။ မြဝတီရေခဲစက်လုပ်ငန်း
၆။ မြဝတီသောက်ရေသန့် လုပ်ငန်း   (Myawaddy Purified Drinking Water)
၇။ ဆင်မင်း(၁/၂)ဘိလပ်မြေထုတ်လုပ်ရေးလုပ်ငန်း(ကျောက်ဆည်)         (Sinmin Cement Production)
၈။ အပ်ချုပ်လုပ်ငန်း
၉။ ရွှေပင်လယ်မွေးမြူရေးနှင့်ရေလုပ်ငန်းကုမ္ပဏီလီမိတက်         (Shwe Pin Lel)
(ခ) ကုန်သွယ်မှုလုပ်ငန်းများ(၁)မျိုး   (Trading)
၁။ မြဝတီထရေးဒင်းလီမိတက်         (Myawadding Trading Limited.)
(ဂ) ဝန်ဆောင်မှုလုပ်ငန်းများ (၆)မျိုး   (Service)
၁။ မြဝတီဘဏ်လီမိတက်   (Myawaddy Bank)
၂။ ဗန္ဓုလသယ်ယူပို့ ဆောင်ရေးကုမ္ပဏီလီမိတက်        (Bandoola Transportation Co., Ltd.)
၃။ မြဝတီခရီးသွားလုပ်ငန်း (Myawaddy Travel and Tour)
၎။ နဝဒေးဟိုတယ်နှင့်ခရီးသွားလုပ်ငန်းလီမိတက်        (Nawaddy Hotel & Tourism)
၅။ မြဝတီစိုက်ပျိုးရေးဝန်ဆောင်မှုလုပ်ငန်းကုမ္ပဏီလီမိတက်
၆။ မြန်မာ့အားဆောက်လုပ်ရေးလုပ်ငန်း         (Myanma Arr Construction)


ဆင့်ပွားထောက်မ ပါဝင်ပူးပေါင်းမှု ပြုသော ဖက်စပ်လုပ်ငန်းများ (၂၁)မျိုး    (Joint Venture)
(က) ကုန်ထုတ်လုပ်မှုလုပ်ငန်းများ (၁၄)မျိုး     (Production)
၁။ မြန်မာဆေးဂဲလ် အင်တာနေရှင်နယ်လီမိတက်         (Myanmar Segye Int. Limited.)
၂။ မြန်မာဒေဝူး အင်တာနေရှင်နယ်လီမိတက်  (Myanmar Daewoo Int. Limited.)
၃။ မြန်မာယူနီမစ် အင်တာနေရှင်နယ်လီမိတက်           (Myanmar Unimix Int. Limited.)
၎။ ရော့သ်မင်အော့ဖ်ပေါလ်ဖေါလ်မြန်မာ ပရိုက်ဗိတ်လီမိတက်      (Paul Maul Myanmar Private Limited.)
၅။ မြန်မာဘရူဝါရီ လီမိတက်           (Myanmar Brewery Limited.)
၆။ မြန်မာပေါ်စကိုစတီးလ် ကုမ္ပဏီလီမိတက်   (Myanmar Posco Steel Co., Ltd.)
၇။ မြန်မာနိုဗိုစတီးလ် ကုမ္ပဏီလီမိတက်         (Myanmar Novo Steel Co., Ltd.)
၈။ ဘာဂျာပိန့် မင့်နုဖက်ချားရင်း ကုမ္ပဏီလီမိတက်
၉။ သည်ဖက်စ်အော်တိုမိုးတစ် ကုမ္ပဏီလီမိတက်         (The Fast Automotive Co., Ltd.)
၁ဝ။ အမ်ဂျီယူဘီ ကုမ္ပဏီလီမိတက်   (MGUB Co., Ltd.)
၁၁။ မြန်မာနိုဗို ကုမ္ပဏီလီမိတက်      (Myanmar Novo Co., Ltd.)
၁၂။ ရတနာကုဋေကုဋာ ကုမ္ပဏီလီမိတက်
၁၃။ မြန်မာဂျိတ်အင်တာနေရှယ် လီမိတက်     (Myanmar Jade Int. Limited.)
၁၄။ မြန်မာဆီးမင့် ကုမ္ပဏီလီမိတက် (Myanmar Cement Co., Ltd.)


ခ။ ကုန်သွယ်မှုလုပ်ငန်းများ (၃)မျိုး    (Trading)
၁။ မြန်မာ့ရှေ့ ဆောင်ထောက်ပံ့ရေး လီမိတက်
၂။ မြန်မာဖဲယားပရိုက် ပရိုက်ဗိတ်လီမိတက်    (Myanmar Fair Price Private Limited.)
၃။ ဘန့်ဟော့ဟင်မြန်မာ လီမိတက်

ဂ။ ဝန်ဆောင်မှုလုပ်ငန်းများ (၄)မျိုး   (Service)
၁။ စီးမင်း(စ်)လီမိတက်မြန်မာ          (Siemens Limited Myanmar)
၂။ မြန်မာလင်း(ဒ်)အင်(န်)ဒဲဗဲလော့မင့် လီမိတက်         (Myanmar Land and Development Limited)
၃။ နေရှင်နယ်ဒီဗဲလုပ်မင့် ကော်ပိုရေးရှင်း        (National Development Corporation.)
၎။ ဟံသာဝတီဂေါက်ကွင်းနှင့်မြို့ တော်ကလပ်အသင်း လီမိတက်  (Hanthawaddy Golf Club and City Golf Club Limited.)


ရာနှုန်းပြည့် တိုင်းရင်းသား၊ နိုင်ငံခြားသား၊ ရင်းနှီးမြှုပ်နှံမှုပြုသော လုပ်ငန်းများ (၁၁)မျိုး
(က) ကုန်ထုတ်လုပ်မှုလုပ်ငန်းများ (၈)မျိုး       (Manufacturing)
၁။ မာကျူရီရေးမင်နှူဖက်ချာရင်းကုမ္ပဏီလီမိတက်       (Mercury Ray Manufacturing Co., Ltd.)
၂။ ပန်ကာကြိုးထုတ်လုပ်ရေးလုပ်ငန်း
၃။ မြန်မာဟွာဖူးအင်တာနေရှင်နယ် လီမိတက်
၎။ မြန်မာထရိုင်းယင့်အင်တာနေရှင်နယ် လီမိတက်
၅။ မြန်မာမာမီးဒါဘယ်ဒက်ကာ လီမိတက်
၆။ မြန်မာဆမ်ဂေါင်းအင်ဒက်စရီရယ် လီမိတက်
၇။ မြန်မာတိုကီဝါ ကော်ပိုရေးရှင်း     (Myanmar Tokiwa Corporation.)
၈။ မြန်မာကုရိုဆာဝါထရပ်(စ်) ကုမ္ပဏီလီမိတက်          (Myanmar Kurosawa Trust Co., Ltd.)
(ခ) ကုန်သွယ်မှုလုပ်ငန်းများ (၁)မျိုး  (Trading)
၁။ ဒိုင်းမွန်းဒရက်ဂွန်ကုမ္ပဏီလီမိတက်           (Diamond Dragon Co. Ltd.)
(ဂ) ဝန်ဆောင်မှုလုပ်ငန်းများ (၂)မျိုး  (Service)
၁။ မိုးကုတ်မိုတယ်လုပ်ငန်း (Mogoke Motel)
၂။ မြန်မာဟိုတယ်နှင့်ခရုဆက်စ် လီမိတက်     (Myanmar Hotel & Cruise Limited.)



ထပ်မံ တိုးချဲ့လာသော လုပ်ငန်းများ
၁။ အထည်ချုပ်စက်ရုံလုပ်ငန်းကို မလေးရှားမှ Comfort International Incorporate (CII) နှင့် ပူးပေါင်းလုပ်ကိုင်ခြင်း
၂။ ငပလီကမ်းခြေနှင့် ကမ်းသာယာကမ်းခြေတို့တွင် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများကိုကမ္ဘောဇ၊ ထူးမော်၊ အေးရှားဝေါလ်၊ ဝုဒ်လန်း၊ ယုဇန၊ ထွန်းလင်းရောင်၊ ဆဲဗင်းဖိုးဆဲဗင်းကုမ္ပဏီတို့ နှင့် ပူးပေါင်း လုပ်ကိုင်ခြင်း
၃။ဆပ်ပြာစက်ရုံတည်ဆောက်ခြင်းကို မွန်ပြည်နယ်၊ပေါင်မြို့ နယ်မှာ တည်ဆောက်ခြင်း
၎။မင်္ဂလာဒုံမြို့ နယ်၊ပျဉ်းမပင်မြေများကို မြန်မာမာမီးဒါဘယ်ဒက်ကာလီမိတက်ကို ခေါက်ဆွဲခြောက်စက်ရုံ
လုပ်ရန် ငှားရမ်းခြင်း
၅။ ဂရက်နိုက်အလှဆင်ကျောက်ပြားစက်ရုံကို ကျိုက်ထိုမြို့ မှာတည်ဆောက်ခြင်း
၆။ သူဌေးကျွန်းဟိုတယ်နဲ့ ကာဆီနိုလုပ်ငန်းကို ထိုင်းမှ အက်ဒမန်ကလပ်လီမိတက်ဒ်နဲ့ ပူးပေါင်းလုပ်ကိုင်ခြင်း
အခြားတွေ့ရှိသော လုပ်ငန်းများ
  1. မိုးကုတ် ကျောက်မျက်ရတနာ တူးဖော်ရေးလုပ်ငန်း
  2. မိုင်းရှူး ကျောက်မျက်ရတနာ တူးဖော်ရေးလုပ်ငန်း
  3. နန်းယားဒေသ ကျောက်မျက် တူးဖော်ရေးလုပ်ငန်း
  4. ရွှေသတ္ထု တူးဖော်ခြင်းလုပ်ငန်း
  5. မော်ချီးဒေသ ခဲသတ္ထု တူးဖော်ခြင်းလုပ်ငန်း
  6. ကျောက်စိမ်း ထုတ်လုပ်မှုလုပ်ငန်း
  7. ကျောက်စိမ်း ကျောက်မျက်ရတနာ အချောထုတ်လုပ်ခြင်းလုပ်ငန်း
  8. ဂရင်းနှိပ် ကျောက်ပြားစက်ရုံ (ကျောက်ဆည်)
  9. ပလပ်စတစ် ရက်ထည်အိပ်စက်ရုံ (ကျောက်ဆည်)
  10. မြန်မာပေါ်စကို စတီးလ် သွပ်ပြားစက်ရုံ (Myanmar Posco Steel Co., Ltd.)
  11. မာမီး ခေါက်ဆွဲစက်ရုံ
  12. Red Rubby စီးကရက်စက်ရုံ
  13. ဒူးယားစီးကရက်စက်ရုံ (ပခုက္ကူ)
  14. မြန်မာဘီယာ ဖြန့်ဖြူးရေးလုပ်ငန်း
  15. လန်းပီ ပင်လယ်ရေကြောင်းခရီး ပို့ဆောင်ရေးလုပ်ငန်း
  16. ငွေပင်လယ် မွေးမြူရေးနှင့်ရေလုပ်ငန်း
  17. ပင်လယ်ငါးဖမ်းခြင်းလုပ်ငန်း
  18. ရေထွက်ပစ္စည်း ပို့ကုန်လုပ်ငန်း
  19. မွေးမြူရေးလုပ်ငန်းများ (ကြက်/ငါး/ပုဇွန်)
  20. ရေလုပ်ငန်း စက်မှုရုံ ဖော်ထုတ်ခြင်းလုပ်ငန်း
  21. တနင်္သာရီတိုင်း ငှက်သိုက် ထုတ်ယူခြင်းလုပ်ငန်း
  22. ဆီအုန်း စိုက်ပျိုးရေးလုပ်ငန်း (ကော့သောင်း)
  23. သကြားစက်ရုံ (ဥက္ကံ)
  24. ပဒုမ္မာ ဆပ်ပြာစက်ရုံ (ပေါင်)
  25. သကြားစက်ရုံ (အင်းငါးခွ)
  26. တော်ဝင် ပလပ်စတစ် လူသုံးကုန်စက်ရုံ (ကျောက်ဆည်)
  27. ဆာလဖြူရစ် အက်စစ်စက်ရုံ (မုံရွာ)
  28. နိုင်ငံခြားငွေ လဲလှယ်မှုလုပ်ငန်း
  29. တပ်မတော်သား သက်သာချောင်ချိရေး အရောင်းဆိုင်
  30. ဒို့ယာမြေ စိုက်ပျိုးရေးလုပ်ငန်း
  31. ပြည်သာယာ စိုက်ပျိုးရေးလုပ်ငန်း
  32. Ruby Mart Supermarket
  33. Pyininbin Industrial Park (in North Yangon’s suburbs)
  34. Myanmar Five Stars Shipping
  35. Gandamar Wholesale
  36. Myanandar Purified Drinking Water
  37. Myanmar Nobel College (Ahlone, Yangon)
  38. လွယ်ဂျယ်။မောတောင် (ကျောက်မီးသွေးမိုင်း)
  39. Myin Gyan Steel Mill
  40. Ywama Insein Steel Mill
  41. Kyauk Swe Gyo(near Aung LAN) Steel Mill
  42. Maymyo Iron Mill
  43. တာရာစက်ရုံကြီး (အင်းစိန် ရွာမ)
  44. တန် ၄၀၀၀ ဘိလပ်မြေစက်ရုံ (ဘားအံ)
အချက်အလက် အားလုံး မှန်ကန်ကြောင်းကိုတော့ အတည်မပြုနိုင်သေးပါဘူး။ မှားယွင်းနေတာ ဖြည့်စွက်စရာ ရှိခဲ့ရင် သိသူများက ထပ်မံ ပြင်ဆင် ဖြည့်စွက်စေလိုပါတယ်။ တစ်ချို့ဟာတွေက ကုမ္ပဏီတစ်ခုရဲ့ နာမည်အောက်က လုပ်ငန်းခွဲတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ အသေးစိတ် အချက်အလက်တွေကို အောက်ဖော်ပြပါ Reference Links တွေမှာ ဖတ်ရှုနိုင်ပါတယ်။

Thursday, May 25, 2017

ကိုရီးယားသမတနှင့်အဂတိပြသနာ Park Geun-hye (2013-2017)၊

ကိုရီးယားသမတနှင့် ချမ်းသာခြင်း ဓမ္မဆရာများ
(မိုးမခ) မတ် ၁၉၊ ၂၀၁၇
တောင်ကိုးရီးယားရဲ့ ပတမဆုံးအမျိုးသမီးသမ္မတ Park Geun-hye (2013-2017) တာဝန် ၅ နှစ်ထမ်းဆောင်နေစဉ် ပြီးဖို့ တနှစ်အလိုမှာ တောင်ကိုးရီးယားလွှတ်တော်က ရာထူးကရပ်နားခြင်း ခံလိုက်ရပါတယ်။ အိမ်ပြာတော် Blue House ဆိုတဲ့ သမ္မတအိမ်တော်က ပြုံးရွှင်စွာထွက်ခွာသွားပြီး၊ တောင်ကိုးရီးယားနိုင်ငံရေးသမားများနဲ့ သတင်းမီဒီယာများ အုပ်စု ၂ ခု ကွဲ ပြီး ဝက်ဝက်ကွဲဖြစ်နေပါတယ်။ ယခင်သမ္မတတဦးဖြစ်တဲ့ Roh Moo-hyun (2003-2008) တုန်းကတော့ သမ္မတသက်တမ်း ကုန်ပြီးချိန် အလားတူ အဂတိလိုက်စားမှုနဲ့ (ဇနီးမြစ်သူရဲ့အဂတိကြောင့်) ဝက်ဝက်ကွဲဖြစ်ပြီး တိုင်းပြည်ညီညွတ်ကြဖို့ စာ ရေးတယ်။ မိမိကိုယ်အဆုံးစီရင်သွားတော့မှ နိုင်ငံရေးသမားများ မီဒီယာများ ငြိမ်သွား၊ အမှုတွေပိတ်သွားကြပါတယ်။

Park Geun-hye ရဲ့ ဘဝဖြစ်စဉ်ကလည်း စိတ်ဝင်စားစရာပါ။ နာမည်ကျော် အလွန်တင်းမာတဲ့ စစ်ဗိုလ်ချုပ်ကြီး ပတ်ချုံဟီး Park Chung-hee (1961-1972) ရဲ့သမီးကြီးဖြစ်ပြီး၊ မိခင်အသတ်ခံရတဲ့အချိန် ဥရောပမှာ ပညာသင်နေဆဲက ပြန်လာပြီး ဖခင် သမ္မတကြီးကို First Lady အဖြစ် ကူညီလုပ်ကိုင်ပေးတယ်။ ၃ ကြိမ်တိုင်သမ္မတအရွေးခံရတဲ့ ဖခင်လည်း လုပ်ကြံခံရလို့ သမ္မတအိမ်တော်က ဝမ်းနည်းခြင်းများစွာနဲ့ စွန့်ခွာခဲ့သူပါ။ နှစ်ပေါင်းများစွာ ပျောက်ကွယ်နေပြီး ၂၀၁၂ မှာ ရွေးကောက်ပွဲအနိုင်ရလို့ သမ္မတဖြစ်လာတဲ့ အိမ်ထောင်မရှိ ဘာသာမရှိ အမျိုးသမီးကြီး ဖြစ်ပါတယ်။



● ဘာသာရေးခေါင်းဆောင် Choi Tae-min နဲ့ သမီး Choi Soon-sil
ဒီဆောင်းပါးကတော့ တောင်ကိုးရိးယားနိုင်ငံမှာ ဘာသာရေးဂိုဏ်အုပ်ကြီး တနည်းအားဖြင့် ဘာသာရေးခေါင်းဆောင်နဲ့ မလိုက်အောင် ကြွယ်ဝချမ်းသာလှတဲ့ ခရစ်ယာန်ဂိုဏ်အုပ်ကြီး Choi Tae-min (1912-1994) အကြောင်း တစေ့တစောင်း ဖြစ်ပါတယ်။ သူဟာ Park Geun-hye စိတ်အားငယ်နေတဲ့ ကာလပတ်လုံး အားပေး မြှင့်တင်ပေးသူဖြစ်ပြီး၊ မှော်ဆရာတဦးပမာ တင်စားပြီး ကိုးရီးယားရက်စပြူတင် Korean Rasputin လို့ နာမည်ပေးခံရသူ ဖြစ်ပါတယ်။ Choi Tae-min ဟာ ၁၉၉၄ ခုနှစ်မှာ ကွယ်လွန်သွားပေမဲ့ သူ့ရဲ့သမီးဖြစ်က သမ္မတရွေးကောက်ပွဲ ဝင်ဖို့၊ အောင်နိုင်ဖို့လဲ နောက်ကွယ်က မားမားမတ်မတ် ရပ်တည်၊ ထောက်ပံ့ပေးခဲ့သူဖြစ်ပါတယ်။
Choi Tae-min ဟာ ယခင်က ဗုဒ္ဓဘာသာဘုန်းကြီးဖြစ်ပြီး ရိုမင်ကာသိုလစ်ခရစ်ယာန်ဖြစ်လာတယ်။ ဓမ္မဆရာဖြစ်လာပြီး “Church of Eternal Life” ဆိုတဲ့ အသင်းတော်တခု တည်ထောင်ခဲ့ပါတယ်။ Park Geun-hye အပေါ် များစွာလွှမ်းမိုးနိုင်သူ ဖြစ်ပါတယ်။

Choi Tae-min ကွယ်လွန်အပြီး သမီးဖြစ်သူ Choi Soon-sil နဲ့ Park Geun-hye တို့ ရင်းနှီးမှုဟာ ဆက်လက်တည်မြဲပါတယ်။ သမ္မတဖြစ်လာဖို့ နောက်ကွယ်က အားပေးထောက်ခံ ပံ့ပိုးပါတယ်။ အာဏာရလာတဲ့ကာလအတွင်းမှာတော့ တရားမဝင် အကြံပေးအရာရှိလို လုပ်ဆောင်တယ်။ သမ္မတကလည်း နိုင်ငံတော်လျှို့ဝှက်ချက်တွေကို အဲဒီအမျိုးသမီးထံ ဖေါ်ပြ အကြံ ဉာဏ်တောင်းပြီး လိုက်လုပ်တယ်၊ အခုတရားရုံးမှာ ကမ္ဘာကျော် Sumsung ကုမ္ပဏီအကြီးကဲပါ တရားစွဲခြင်းခံနေရပါတယ်။ Choi Soon-sil နဲ့ နီးစပ်သူများစွကိုလည်း အရည်ချင်းမရှိပဲ ရာထူးကြီးတွေကို ခန့်အပ်ခဲ့တယ်လို့ တောင်ကိုးရီးယား လွှတ် တော်မှာစွတ်စွဲပြီး မဲခွဲ၊ တာဝန်က ရပ်စဲလိုက်ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ သံအမတ်ကြီးလုပ်ခဲ့သူလည်း အရည်အချင်းမရှိပဲ Choi Soon-sil နဲ့ နီးစပ်သူဖြစ်လို့ အလုပ်ခန့်ခံခဲ့ရတယ်လို့ ထွက်ဆိုပါတယ်။


● ကျန်းမာခြင်းနဲ့ ချမ်းသာခြင်းဓမ္မဆရာများ Prosperity Gospel
ခရစ်ယာန်လောကမှာ လူကြိုက်များ တရားတွေဟောတယ်၊ ရောဂါတွေပျောက်ကင်းစေတယ်၊ ချမ်းသာကြွယ်ဝနည်းလမ်းများ ဟောတဲ့ ဓမ္မဆရာများစွာဟာ အလွန်ဝင်ငွေကောင်းပြီး အလွန်ချမ်းသာကြွယ်ဝတဲ့ ဘာသာရေးဆရာများလို့ သတ်မှတ်ပါ တယ်။ ဒီပုဂ္ဂိုလ်များက အခြေခံ ဘာသာရေးပညက်ချက်များကို အခြေခံပြီး လူတွေရဲ့ စိတ်ဓါတ်မြှင့်တင်ရေးအတွက် စကား ပြော အလွန်ကောင်းသူများဖြစ်ပါတယ်။ သူတို့က ကျန်းမာချမ်းသာတရား Prosperity Gospel ကိုဟောကြားပြီး ကျော်ကြား လာပါတယ်။ လေယာဉ်၊ စက်မှုလုပ်ငန်းများ၊ မိုးမျှော်တိုက်များ ပိုင်ဆိုင်လာကြပါတယ်။
တောင်ကိုးရီးယားနိုင်ငံရေးသမားများနဲ့ မီဒီယာများက Choi Tae-min ကို ဒီထက်မက မှော်ဆရာအဆင့်ထိအောင် ညှို့နိုင် စွမ်းအားကြီးသူအဖြစ် အလွန်ချမ်းသာကြွယ်ဝတဲ့မိသားစုအဖြစ် ဖေါ်ပြထားပါတယ်။
မြန်မာနိုင်ငံမှာလည်း ဗုဒ္ဓ၊ ခရစ်ယန်၊ မွတ်ဆလင် ဘာသာရေးခေါင်းဆောင်များစွာ ကျမ်းမာချမ်းသာတရားများ ဟောကြားပြီး အလှူငွေမြောက်များစွာရရှိနေတဲ့ ဆရာကြီးတွေ ရှိပါတယ်။ သူတို့ဟာ အစိုးရဥပဒေကို လက်တလုံးခြားလုပ်တဲ့ ဂိုဏ်သားများကြောင့် အစိုးရရဲ့ တရားစွဲဆိုခြင်းများ ခံရပါတယ်။ အခု တောင်ကိုးရီးယားသမ္မတရဲ့ တာဝန်မှရပ်စဲခံရပေမဲ့ သူမကတော့ ခပ်ပြုံးပြုံးပါပဲ။
ဇာနီကြီး
၁၈-၃-၂၀၁၇
ကိုးကား
မိုးမခဆောင်းပါး http://moemaka.com/archives/57412



။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

တောင်ကိုးရီးယား အမျိုးသမီးသမတ ပတ်ဂွမ်ဟီး
သမတသက်တမ်းမကုန်ခင်မှာ သူငယ်ချင်းအမျိုးသမီးနဲ့ဂိုဏ်တခုရဲ့ လုပ်ရပ်ကြောင့်လာပ်စားမှု၊ နိုင်ငံတော်လုံခြုံရေး စသဖြင့် တောင်ကိုးရိးယားလွှတ်တော်က တရားစွဲဆို ဖြုတ်ချလိုက်ပါတယ်။ သမတအသစ် ရွေးချယ်လိုက်ပါတယ်။
.
သမတဟောင်းခမြာ လက်ထိပ်နဲ့ တရားရုံး ပထမဆုံးအကြိမ်ထုတ်ခံရပါတယ်။ အမေလဲ လုပ်ကြံခံရတယ်၊ အဖေလဲ လုပ်ကြံခံရတယ်။ နှစ်ပေါင်း ၃၅နှစ်လောက် အကြာမှာ သမီးဖြစ်သူ သမတရွေးခံပြီး ၄နှစ်သမတလုပ်ပြီး ၀မ်းနည်းစရာ ဖြစ်သွားပါတယ်။

သူမရဲ့ဖခင် တောင်ကိုးရီးယား။ သမ္မတပတ်ချုံဟီး (စစ်ဗိုလ် ချုပ်ဟောင်း) လက် ထက် ကတည်းက အစိုးရအရာရှိကြီးတွေ လာဘ် စားမှု ထိန်းချုပ်တဲ့ ဥပဒေကိုပြဌာန်း၊ အကောင်ထည် ဖော် ၊ အပြစ်ဒဏ် ချ ခဲ့ပါတယ် ။ ၁၉၆၃မှာ Audit and Inspection (BAI) စာရင်းစစ်အဖွဲ့ဟာ တောင်ကိုးရီးယားရဲ့ ပထမဆုံး လာဘ် စားမှုတိုက် ဖျ က် မှုဖြစ်ပါတယ် ။ သမ္မတကင်ယုံဆမ် ၁၉၉၃-၁၉၉၈ လက် ထက် မှာ သမ္မတဟောင်း၂ဦး (စစ်ဗိုလ် ချုပ်ဟောင်း၂ဦး လာဘ် စားမှုနဲ့အမှုရင်ဆိုင်ရပြီး၊ သေဒဏ် ချ မှတ် ခံရပါတယ် ။ ကြားလို့မကောင်းပါဘူး။ နောက် လွတ် ငြိမ်းချ မ်းသာခွင့် ပေးလိုက် ပါတယ် ။ နောက် တက် တဲံ အတိုက် ခံခေါင်းဆောင် သမ္မတကင်ဒေဂျုံ ၁၉၉၈-၂၀၀၃ လက် ထက် မှာ၊ ပွင့်လင်းမြင်သာမှုများ စတင်လာခဲ့ပြီး၊ လာဘ် စားမှုကို သံဓိဌာန်နဲ့ တိုက် ဖျ က် ခြင်းစတင်ပါတယ် ။ ကော်မတီဖွဲ့တယ် ။ ပိုထက် မြတ် တဲ့ ဥပဒေပြဌာန်းပါတယ် ။ ပါမစ်၊ လိုင်စင်လျှောက် ခြင်းတွေ ရှုပ်ထွေး၊ လာဘ် စားမှုမရှိအောင် လုပ်ပါတယ် ။ ဥပမာ စက် ရုံလုပ်ငန်းတစ်ခု ပါမစ်ရဖို့ အစိုးရထံမှာ စာချုပ်ပေါင်း ၄၄ခု လျောက် လွှာတင်ရပြီး၊ ပါမစ်ကျ အောင် လာဘ် ပေးမှုများစွာနဲ့ လပေါင်းများစွာကြာအောင်လုပ်ရပါတယ် ။ ဒါတွေကို ပြည် သူလူထုအားနဲ့ ပြုပြင်ပါတယ် ။ အွန်လိုင်းစနစ်ကိုသုံးပြီး လာဘ် စားမှုများကို တိုင်ခြင်း၊ တိုင်ကြားသူများကို ကာကွယ် ပေးပါတယ် ။

၂နှစ်အတွင်း အပြင်းအထန် ငွေရှင်၊ အာဏာရှင်များရဲ့ တိုက် ခိုက် မှုများစွာနဲ့ ကြုံရပါတယ် ။ ၁၉၉၉ခုနှစ်မှာ ဆိုးလ် မြို့တော်အုပ်ချုပ်ရေးအဖွဲ့က လာဘ် စားမှုတိုင်ကြားရေး Online Procedure Enhancement for Civil Application (OPEN System) ကိုစတင်ခဲ့ပါတယ် ။ အမှုပေါင်း ၂၈၀၀၀ ပေါ်လာပြီး၊ဝက် ဆိုဒ်ပေါ်တင်ထားပါတယ် ။ တစ်နိုင်ငံလုံး အဲဒီဝက် ဆိုဒ်ကို ကြည့် ကြပါတယ် ။ ၂၀၀၁ ခုနှစ်မှာ အကျ င့်ပျ က် ထိန်းချုပ်ရေးအဖွဲ့ KICAC ကိုဖွဲ့စည်းခဲ့ပါတယ် ။

၂၀၀၆ မှာ KICAC အဖွဲ့တာဝန်များကို တိကျ ပြတ် သားစွာ ချ က် မှတ် လုပ်ဆောင်၊ အရေးယူနိုင်ခဲ့ပါတယ် ။ အခုချိန် ၂၀၁၄မှာ လာဘ် စားမှုစတင်တိုက် ဖျ က် ခဲ့တဲ့ သမ္မတပတ် ချုံဟီးရဲ့ သမီး၊ ပတ် ဂျီဟီ Park Geun Hye သမ္မတလက် ထက် ၂၀၁၄မှာ တောင်ကိုးရီးယားဟာ ကမ္ဘာစီးပွားထိပ်တန်းနိုင်ငံ ဖြစ်နေပါပြီး။
.
ဝမ်းနည်းစရာကတော့ သမတတောင်မှာ ပထမဆုံးအမျိုးသမီးသမတ ပတ်ဂွမ်းဟီး လာပ်စားမှုနဲ့ သမတရာထူးပြုတ်၊ တရားစွဲခံ လက်ထိပ်ခတ်ခံရခြင်းပါ။