Monday, April 8, 2019

ရဲလင်းဗိုလ် ရေအားလျှပ်စစ် FB Group

Hydropower Equation
**********************
Power in kilowatts can be determined by the following equation:

kW = H x Q x 62.4 x 0.746 ÷ 550 x e

where

H = head, in ft.

Q = flow, in cubic ft. per second

62.4 lbs. = weight of 1 cubic ft. of water

0.746 kW = 1 hp

550 foot-lbs./sec. = 1 hp

e = an overall efficiency factor* (usually 0.5 for small microhydro systems)

Combining and reducing all these factors results in the following equation:

kW = H x Q ÷ 24, when using cfs; or

W = H x Q ÷ 12, when using gpm

*Note that the efficiency factor can range from 9 for larger AC systems to 13 or more for smaller battery-based systems, and will need to be estimated for your specific site.

Discharge formula for the fluid flow is based on conservation of mass that is continuity equation.

Q=A×V

Where Q is discharge

A is area of cross section

And V is the velocity of fluid

For different cross sections the formula varies accordingly.

===============
.
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန(MOEE) Ministry of Electricity and Energy အား ဌာနကြီး(၄)ခု၊ လုပ်ငန်းကြီး(၅)ခု နှင့် ကော်ပိုရေးရှင်း(၂)ခု တို့ဖြင့် ပေါင်းစပ်ဖွဲ့စည်းထားပါသည်။

၁။ (Department)ဌာနကြီး(၄)ခု -
     1-DEPP (လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန)
         (Department of Electric Power Planning)

     2-OGPD(ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံရေးဦးစီးဌာန)
        (Oil and Gas Planning Department)

     3-DPTSC
        (လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန)
        (Department of Power Transmission and
          System Control)

     4-DHPI
       ( ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန)
       (Department of Hydropower Project
         Implementation)

၂။ (Enterprise)လုပ်ငန်းကြီး(၅)ခု -
     1-EPGE(လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း)
        (Electric Power Generation Enterprise)

     2-ESE(လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း)
        (Electricity Supply Enterprise)

     3-MOGE(မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း)
        (Myanmar Oil and Gas Enterprise)

     4-MPE(မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း)
        (Myanmar Petrochemical Enterprise)

     5-MPPE
        ( မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း)
        (Myanmar Petroleum Product Enterprise)

၃။ (Corporation)ကော်ပိုရေးရှင်း(၂)ခု -
     1-YESC
        (ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း)
        (Yangon Electricity Supply Corporation)

     2-MESC
        (မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း)
        (Mandalay Electricity Supply Corporation)
.

Saturday, April 6, 2019

အကောင်းမြင်ချက်. Myanmar Politic 2018.may

အကောင်းမြင်ချက်
ကျနော် ရေးချင်တာကိုလဲ လူတွေနားမလည်ဘူး။ ဒါလဲ ကျနော့်  အားနည်းချက်ပါပဲ။  အခု မြန်မာနိုင်ငံမှာ ဦးသိန်းစိန်ခေတ်ကတည်းက အားလုံးနီးပါး မြေရရှိရေး (မောင်နှမတွေ ဘိုးဘွားပိုင်မြေခွဲယူဖို့ .. အစိုးရအရာရှိဆိုရင်လဲ ဌာနပိုင်မြေကို ငှားဖို့) ဒါပဲ စိတ်ဝင်စားနေကြတာလဲ ၀မ်းနည်းစရာပါ။ အကြမ်းဖျင်းသုံးသပ်ကြည့်ရင်..။
.
၂နှစ်ခွဲအတွင် အထိရောက်ဆုံးလုပ်ရပ်တွေက
.
* တိုင်းရင်းသားလက်နက်ကိုင် အားလုံးကို ပွင့်လင်းစွာ ပြောလာအောင် လမ်းဖွင့်ပေးတယ်။ ပြောချင်တာ ပြောလိုက်၊ ရေးပြလိုက်တော့ တင်းမာမှု အတိုင်းတာတခု အထိ ရော့ ကျသွားပါတယ်။ ၂နှစ် အချိန်ပေးလိုက်ရပါတယ်။
.
* ပညာရေးစနစ်မှာ ဆရာတွေကို နေ့တွက်အနည်းငယ် ပေး၊ လုပ်ပိုင်ခွင့်ပေး၊ ရာထူးတိုးဖို့ ပွင့်လင်းမြင်သာအောင်လုပ်ပေးပြီး၊ ဘတ်၈ျတ်ကို မိုဘိုင်းဖုန်း ၅% ထည့်၊ 3% to 7.1% of Budget  တိုးပေးပါတယ်။ ကလေးတွေကို ကျောင်းစိမ်း၊ ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နဲ့စာရေးကရိယာများ အခမဲ့ ပံ့ပိုးတယ်။  ၁၀တန်းအထိ မအောင်မနေရ . အဆင့်၁ ၂ ၃ စနစ် ကနေ Grade A, B, C, D ပြောင်းပေးလိုက်တော့ မိဘတွေ ကျောင်းအုပ်၊ အတန်းပိုင်ဆရာတွေကို လာပ်ပေးစရာမလိုတော့ပါ။ ဆရာတွေ ကျူရှင်ပြတာ ၀ိုင်းလောက်ပဲ ရှိတော့မယ်။ ဆရာတွေ အင်္ဂလိပ်စာ သင်တန်းပို့ချနေတာပါ။ ကလေးတွေတော့ မတတ်သေးပါဘူး။ ဂျပန် သင်ရိုး ပထမတန် စတင်နိုင်တယ်။၊ ဒုတိယတန်းတွေ ဒီနှစ်စပါမယ်။ ဒါက ရေရှည် မြန်မာနိုင်ငံရဲ့ အဆိုးဝါးဆုံး စိတ်ဓါတ်တွေ ပျက်စီးနေတာကို ကျောင်းဆရာ ၄သိန်း ကိုပဲ စတင်ပြောင်းလဲ ဖို့ ကြိုးစားပါတယ်။ တက္ကသိုလ် ဆရာတွေကတော့ သိပ်မထူးခြားပါ။ ကျောင်းသား မိဘချမ်းသာသူတွေက ဆရာမတွေကို လာပ်ပေးနေဆဲပါပဲ။ ကျောင်းသားတွေ အရက်၊ မူးရစ် နဲ့ မပျက်စိးအောင် ကလေးထိန်းခ တဲ့။
.
* တရားရုံးတွေက အဂတိအလွန်များလို့ အမြင့်ဆုံး တရားသူကြီးချုပ်အဖွဲ့ကို လူတွေလဲခြင်း၊ လူသစ်၎ယောက်ထပ်ဖြည့်ခြင်း တွေကလဲ ချီးကျူးစရာပါ။
.
* မြေသိမ်း အမှုတွေကိုလဲ တရားရုံးမသွားပဲ မြေယာကော်မတီနဲ့ ပြီးပြတ်အောင်လုပ်နေကြပါတယ်။ လွှတ်တော်က အစိုးရကို မောင်းနှင်နိုင်ခဲ့တယ်။
.
* ၂နှစ်ကျော်အကြာမှာ သမ္မတဦးဝင်းမြင့် တက်လာပြီး၊  လွှတ်ထားတဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ တိုင်းဒေသ ၀န်ကြီးချုပ် နဲ့ ၀န်ကြီးတွေကို ..ပိုင်ဆိုင်မှု ကြေငြာခိုင်ပါတော့တယ်။ အဂတိလည်း စတင် အရေးယူပါတော့တယ်။ ပြည်ထောင်စု ၀န်ကြီးအဆင့်ထိ အရေးယူနေတဲ့ အခြေအနေရောက်နေပါတယ်။
.
* စီးပွားရေး ကတော့ ဦးအောင်နိုင်ဦး တို့ ကုမဏီမှတ်ပုံတင်ခြင်းနဲ့ ရင်းနှီးမြှတ်နှံမှု ဌာနက ဥပဒေတွေ အများကြီးရှော့ ပေါ့ပေးလိုက်ပါတယ်။ စိုက်ပျိုးမွေးသမျှ ..တိုးတက်နေတဲ့ တရုပ်နိုင်ငံကြီးက ၀ယ်စားနေတော့ ဆန်တောင်မှာ မြန်မာသမိုင်းတွင်အောင် အများဆုံး တင်ပို့နိုင်ပါတယ်။
.
* Corruption Index ဆိုတဲ့ အဂတိအညွန်း တော်တော်လေး တိုးတက်လာပါတယ်။ ၂၀၁၁ တုံးက အဆင့် ၁၇၀ (ရမှတ် ၇) ကနေ ၂၀၁၇ မှာ အဆင့် ၁၃၀ (ရမှတ် ၃၀) တိုးတက်လာတာ အံ့သြစရာ လုပ်ရပါ။
.
.
အားနည်းချက်တွေကတော့
အများကြီးပါ။ စစ်တပ်ကို ခေါင်းဆောင်ပိုင် ရင်ကြားစေ့စပ်နိုင်ပုံ ရပေမဲ့ လွှတ်တော်ကိုယ်စားလှယ် အဆင့်တောင် စစ်တပ်ကို မနိုင်သေးပါဘူး။ အလုပ်အကိုင်တွေလဲ နည်းပါးနေဆဲ၊ ဆင်းရဲမွဲတေလွန်းတာ ၀ိသမ ငွေချေးစားသူများကို မထိန်းနိုင်သေးဖြင်း ကြောင့်ပါ။ အဂတိ တိုက်ဖျက်ရေးကို ဥက္ကဌ ဦးအောင်ကြည် အဖွဲ့သစ်နဲ့ လှုပ်ရှားနေပြီး FDA ညွန်ချုပ် (မိုးကျကိုယ်တော်) ကို ဖမ်းဆီးနိုင်ပေမဲ့ ငါးကြီးကြီး ကြော်ဖို့တော့ မလွယ်သေးပါဘူး။ ဦးသိန်းစိန် ခေတ်မှာ ရာထူးချ၊ နယ်ပြောင်း၊ အလုပ်ထုတ် ဒါတွေပဲ လုပ်ပြီး အရေးယူ၊ ထောင်ချ၊ ပိုင်ဆိုင်မှုသိမ်း မလုပ်နိုင်သလို ဒေါ်အောင်ဆန်းစုကြည် ၂နှစ်ခွဲ ကာလမှာလဲ မလုပ်နိုင်သေးပါဘူး။ ထွက်ပြေးနေတဲ့ တရားသူကြီးတွေ၊ မြေစာရင်းအရာရှိတွေ များပါတယ်။
.
တောင်သူတွေကို ငွေတိုးချေးစား နေတဲ့ ငွေရှင်များကို မထိန်းကွပ်နိုင်ပါ။ စိုက်ပျိုးစရိတ် ချေးငွေများအစား စိုက်ပျိုးပစ္စည်း ၀ယ်ယူတဲ့ တိုကင် ပေးနိုင်ရင် တောင်သူများ ငွေရလို့ ဖြုန်းတီး၊ ပျော်ပါး ခြင်းများကို ကာကွယ်နိုင်မှာပါ။ ရိတ်သိမ်းချိန်လွန် နည်းပညာ (ကုန်လှောင်ရုံစနစ် နိုင်ငံတော်က ရင်းနှီးမြှတ်နှံရင်) စပါး၊ ပဲ ပွဲစားများကြောင့် တောင်သူများ နစ်နာမှုတွေ ကာကွယ်နိုင်မှာပါ။ တောင်သူများလည်း သူတို့ဒေသတွေမှာ အဖွဲ့စည်းနဲ့ လုပ်ကိုင်တတ်ဖို့ ကျေးရွာအုပ်ချုပ်ရေးမှုးများကို မောင်းနှင်ဖို့လိုပါတယ်။ ရပ်ကျေး အုပ်ချုပ်ရေးမှု ရွေးကောက်ပွဲများမှာ ပညာတတ်များ ၀င်အရွေးမခံပဲ၊ ၁၀တန်းမအောင်သူများပဲ လုပ်နေဆဲပါ။ ရန်ဖြစ်၊ မူရစ်၊ လောင်းကစား၊ အရက်၊ လူမှုရေးတွေချည်း ဖြေရှင်းနေရလို့ အရည်အချင်းရှိသူများက ရပ်ကျေး အုပ်ချုပ်ရေးမှု (ထွေအုပ်) မလုပ်ချုင်ကြပါ။
.
ခြုံကြည့်လိုက်ရင် ဒေါ်အောင်ဆန်းစုကြည် ကို ဆက်ခံနိုင်မဲ့ လူမရှိပါ။ အမှားတွေ အများကြီး ရှိပေမဲ့ သူ့လူတွေကလဲ လူသစ်တွေချည်းပါပဲ။ စစ်တပ်က ခံနေတော့ နောက်ကွယ် လက်မဲကြီးတွေ ရဲ့ ခရိုနီလုပ်ငန်းများက ပန်းပန်နေဆဲ ဖြစ်ပေမဲ့ ၂၀၁၈ မတ်လ နောက်ပိုင်း ခေါင်းဆောင်တွေ ခေါင်မိုးလုံဖို့ ဒေါ်အောင်ဆန်းစုကြည်က သမ္မတဦးဝင်းမြင့် ကို တာဝန်ပေးနေတာ .. အောင်မြင်ပါစေပဲ မျှော်လင့်ပါတယ်။ ကျနော် အမြင်ကတော့ (အကောင်းမြင်စိတ်၊ ဒေါ်အောင်ဆန်းစုကြည် ကြည်ညိုစိတ်) နဲ့ဆိုတော့ အခြေအနေ ကောင်းနေတဲ့ ပုံပါပဲ။
.
ကျွန်တော်လို စီးပွားရေး ပညာရှင်မဟုတ်သူက နောက်ဆုံးသုံးသပ်ချက်ကတော့ ကြွေးမြီ (ပြည်တွင်း၊ ပြည်ပ) နဲ့ ဂျီဒီပီ အချိုးက ၃၈.၀ ထက် ရော့ နည်းသွားတာပဲ ၀မ်းသာစရာပါ။ ချေးငွေ ပီပီပီ နိုင်ငံခြားရင်းနှီးမှျုွှေကို ကုန်ထုတ်လုပ်ငန်း ဂျီဒီပီ နဲ့ လျှပ်စစ်၊လမ်းတံတား တွေမှာ အကျိုးရှိအောင် သုံးနိုင်ဖို့လိုပါတယ်။ အဂတိ နည်းပါးရေးပဲ အလွန်အရေးကြီးနေပါတယ်။ အောက်ခြေ ၀န်ထမ်းများကို ပေးရတာ အရေးယူစရာမလိုပါ၊ ခေါင်မိုးလုံအောင် ပြည်ထောင်စုအဆင့် ၀န်ကြီး၊ တိုင်းဒေသ ၀န်ကြီးချုပ်နဲ့ဝန်ကြီးများကို ရိုးသားကြိုးစားရုံမက၊ ထက်မြတ်တဲ့ အကြံပေးပုဂ္ဂိုလ်များ ပံ့ပိုးပေးဖို့လိုပါတယ်။ သူတို့မှားယွင်း သုံးသပ်ခြင်း၊ အဂတိပါရှိခြင်း တွေက ဘတ်ဂျတ်ရဲ့ ၅% ကနေ ၁၀% အထက် အများကြီး နစ်နာ သွားနိုင်ပါတယ်။
.
ပုံ - ၂၀၁၁ မှ ၂၀၁၇ အထိ ကြွေးမီနှင့် ဂျီဒီပီ အချိုး ၊ ပြည်ထောင်စုလွှတ်တော် ငွေကြေးပူးပေါင်းကော်မတီ မှ အစီရင်ခံစာဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော် ၀က်ဆိုဒ်မှာ အလွယ်တကူ ပွင့်လင်းမြင်သာစွာ ဒေါင်းလုပ်နိုင်ပါတယ်။
.
Ref,
https://m.facebook.com/story.php?story_fbid=10155769901973472&id=755653471
.

မြစ်ဆုံရေကာတာ..2018.2019

မြစ်ဆုံရေကာတာ
ကျနော်တို့ မြစ်ကြီးနားမြို့ မိဖ လူအားလုံးနီးပါး က ကန့်ကွက်တယ်။ အထပ်၅၀ (ပေ၅၀၀ မြင့်တဲ့ ရေလှောင်ကန်ကြီး.. တခုခုဖြစ်လို့) ရေတွေ ပြိုကျလာရင် တနာရီ မိုင်၁ရာကျော် နှုန်းနဲ့ ရေထုကြီး .. သြော်. ကချင်ပြည်နယ် မြို့တော်ကြီး မိနစ်၂၀အတွင်း မြုတ်သွားမယ်။ နာဂစ်မုန်တိုင်းမှာ လူ၂သိန်းသေတာက သဘာဝဘေးဒဏ်..မြစ်ဆုံရေကာတာကျိုးလို့. ရေကျော်လို့. ဖွင့်ချလိုက်လို့.. လူ၂သိန်းသေရင်..ဆောက်ဖို့..ဆုံးဖြတ်တဲ့.ရန်ကုန်၊ နေပြည်တော် နေထိုင်သူတွေက ဘာမှမဖြစ်ဖူးလေ.. အရင် ဦးသန်းရွှေခေတ် ဆုံးဖြတ်သူများ လာပ်ငွေ ယူကြမှာ သေချာပါတယ်။ ထားပါတော့။ .မြန်မာ့ဆက်သွယ်ရေး အင်ဂျင်နီယာဟောင်းကြီး. ဆရာ ဦးဟံသာမြင့် တို့က ရန်ကုန်သား ဆိုတော့. တမျိုးသားလုံး စီးပွားရေး နဲ့ ယှဉ်ပြီး စဉ်းစား..ဆိုတော့ အများစုက အမြင်တူပါတယ်။ ရှယ်လိုက်ပါတယ်။ ဒါပေမဲ့ ဆက်လုပ်မယ် မလုပ်ဖူး တော့ ဆရာဦးဟံသာမြင့် မရေးထားဘူး။ အမြင်တူ မှာမဟုတ်ပါ။.အမြင် မတူသူများ စုပေါင်း ဆွေးနွေးခြင်း. ဆုံဖြတ်မှုကို လိုက်နာခြင်း တွေက ဒီမိုကရေစီ ရဲ့ ကောင်းချက် ဖြစ်ပါတယ်။ အစိုးရ.မြစ်ဆုံရေကာတာ အဖွဲရဲ့ အစီရင်ခံစာလဲ ထွက်ပြီ လားမသိ။
.
ကျနော် ရေအားလျှပ်စစ် အမြန်လုပ်မဲ့  ဘက်တော် သားပါ။ ဧရာဝတီ မြစ်ကိုပိတ် ဆည်လုပ်မယ်ဆိုလဲ မြစ်ညှာ မှာ လုပ်ရင် ကချင်ပြည်နယ်သားတွေ.. သဘောတူနိုင်မယ်။ အကျိုးစီးပွား ရလာတဲ့ လျှပ်စစ် ၁၀% ပဲ မြန်မာအစိုးရက ရပြီး. ကချင်ပြည်နယ်အစိုးရက ဘယ်လောက်ရမှာလဲ..ဘာမှ ရေးမထားတဲ့ 'တဖက်သပ် စာချုပ်' က အဓိက ပြသနာ အကြီးဆုံးပါပဲ။
.
မြစ်ကြီးနား နဲ့..၂၁မိုင်ပဲ ဝေးတဲ့ မြစ်ဆုံ.. ကချင်ပြည်နယ်သားများ အသဲနှလုံး နေရာကို တရုပ် ကုမဏီထံ ရောင်းစားမဲ့အစား..မြစ် အညာဘက်မှာ စရိတ်ပိုကြီးပေမဲ့ ဆောက်လို့ ရပါတယ်။ မြစ်ဆုံဆည်ကို ထာဝရ ရပ်ဆိုင်းပေးကြပါ ခင်ဗျား။ . စစ်ကိုင်းရိုးမ. ငလျင်ကျောနဲ့လဲ နီးတယ်လေ။
.
မနေ့က မြန်မာတိုင်း အင်တာဗျူး ဖုန်းခေါ်လို့ ဒီအကြောင်း ပြောပြလိုက်တယ်။ ၂၀၂၀ မတိုင်မီ မြစ်ဆုံ ကိစ္စ ချပြမယ် မျှော်လင့်ကြောင်း။ ဒေါ်လာ သန်း၈၀၀ ကုန်သွားပြီ..နှစ်စဉ် ၄% အတိုးနဲ့ စာချုပ်နှောင့်နှေးခ တနှစ် ၅၅သန်း ပေးနေရကြောင်း. ဖတ်မိတယ်။..စဉ်းစားတယ်။ သူတို့ တောင်းတိုင်း. NLD အစိုးရသစ်က ပေးမှာ မဟုတ်ပါ။ လက်ရှိ ကမ္ဘာဘဏ်၊ ဂျပန် JICA, ဂျာမဏီ၊ အီးယူ၊ တောင်ကိုးရီးယား ချေးငွေတွေက နှစ်ရှည် 0.1% အတိုးပေးရပြီး၊ တရုပ်က အဲဒီကာလမှာ 4% အတိုးတောင်းသမျှ စာချုပ်ချုပ်ခဲ့တာတွေ..အဲဒီ စာချုပ် တာဝန်ရှိသူများ အသက်ရှင် သြဇာရှိနေဆဲ.. ဆိုတာတွေ စဉ်းစားနေမိပါတယ်။
ဇော်အောင် (မုံရွာ)
...
မိမိသုံးသပ်ချက် link
https://m.facebook.com/story.php?story_fbid=10156298737828472&id=755653471
.
Ref Data
https://en.m.wikipedia.org/wiki/Myitsone_Dam
.==============
.
သခင်သိန်းဖေ (သိန်းဖေမြင့်)ရဲ့ သား၊ NLD ဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့် ရေးထားတဲ့ ဆောင်းပါး။

" ဧရာဝတီကို သိမ်မွှန်းလွန်းရင် ဗမာလူမျိုးကြီးကို ဗဟိုပြုတဲ့အတွင်းစိတ်တွေက ဖုံးမရပဲ ပေါ်လာခြင်းပဲလို့ ကျွန်တော်ခံစားရပါတယ်။ "

"ဧရာဝတီကို ကယ်တင်ရမှာလား ဧရာဝတီကို ထိန်းကွပ်ရမှာလား ရည်ရွယ်ချက်က ပီပြင်ဖို့လိုပါတယ်။ x x x ဆည်တွေဆောက်ရင် မြစ်ကြီးပျောက်သွားမယ်လို့ တကယ်ပဲ စိုးရိမ်နေကြသူတွေကို ဘာကြောင့်ပညာရှင်တွေက ရေငုံနှုတ်ပိတ်နေကြသလဲ။"

"ဧရာဝတီမို့လို့ ရေအားလျှပ်စစ်မထုတ်ရဘူး။ ဧရာဝတီမြစ်ပေါက်ဖွားရာ မြစ်လက်တက်နှစ်ခုမို့လို့ ဆည်မဆောက်ရဘူး။ ဒါထက်ပိုပြီး ဘယ်ဆည်မှ မဆောက်နဲ့တော့လို့ မျက်စိမှိတ်ပြီး ငြင်းနေတာ မသင့်ဘူးထင်ပါတယ်။ "

(ဒီလှိုင်းဂျာနယ် အတွဲ(၅) အမှတ် (၃၂)ထုတ်ဂျာနယ်ထဲက ဆောင်းပါး)
----------------------------------------------------------------------------------
မြစ်ဆုံစီမံကိန်းနှင့် ရေအားလျှပ်စစ်စီမံကိန်း
ဟံသာမြင့်

သြဂုတ်လ ၁၂ ရက်က နိုင်ငံတော်သမ္မတက ဧရာဝတီမြစ်ဆုံမြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းများလေ့လာစိစစ်သုံးသပ်ရေးကော်မရှင်ကိုဖွဲ့စည်းလိုက်ပါတယ်။ ကော်မရှင်ရဲ့ တာဝန်များထဲမှာ ကော်မရှင်ဟာ အကြုံပြုချက်၊သုံးသပ်ချက်များကို ပြန်လည်တင်ပြရာမှာ ဒေသခံပြည်သူများနှင့် လူမှုအဖွဲ့အစည်းများရဲ့ ဧရာဝတီမြစ်အပေါ်ရင်ထဲမှာ ခံစားအလေးထားသည့် ခံစားချက်များကို ထည့်သွင်းစဉ်းစားရမယ်လို့ ပါဝင်ပါတယ်။ ဧရာဝတီမြစ် ဟာ တစ်ပြည်လုံးနဲ့ ဆိုင်တာလို့ ဆိုကြလေတော့ ကျွန်တော်လဲ ဒေသခံပြည်သူတစ်ဦးပဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ ခံစားချက် သဘောထားအမြင်များကို တင်ပြလိုက်ပါတယ်။
ဘယ်သူဘယ်အဖွဲ့အစည်းနဲ့မှ မပက်သက်ပါဘူး။ကျွန်တော့် တင်ပြချက်များဟာ ကျွန်တော်အလွန်လေးစားရင်းနှီးနေတဲ့ လုပ်ဖော်ကိုင်ဖက်များရဲ့ အမြင်နဲ့ ဆန့်ကျင်နေမယ်ဆိုတာလည်းသိပါတယ်။ ဒါပေမယ့် ပြောပါရစေ။

ကျွန်တော့်အသက်ဆယ်နှစ်ပြည့်မယ့် နွေရာသီကျောင်းပိတ်ရက်မှာ ပုဂံရက်သတ္တပတ်ဆိုတဲ့ ယဉ်ကျေးမှုဌာနက ကြီးမှူးတဲ့ ခရီးစဉ်ကို အဖေနဲ့ အတူလိုက်ခဲ့ရတယ်။ ပုဂံဘုရားတွေကို ဖူးရင်း ဧရာဝတီမြစ်ကို စတင်မြင်ဖူးပါတယ်။ အဲဒီအစီအစဉ်ကြီး အပြီး ပုဂံကနေ မြင်းမူကို သဘော်နဲ့၊ မြင်းမူကနေ မုံရွာကိုမီးရထားနဲပ ခရီးဆက်ပြီး မုံရွာရောက်တော့ ချင်းတွင်းမြစ်နဲ့ ကိုက်တစ်ရာလောက်သာဝေးတဲ့ ဦးလေးတို့အိမ်မှာ တည်းရလေတော့ ချင်းတွင်းမြစ်ကိုတွေ့ဖူးရပြန်ပါတယ်။ မုံ၇ွာက အပြန် မ္နလေးကို ရထားနဲ့အသွားတဲ့အခါကျတော့လဲ အင်းဝတံတားအောက်က ဧရာဝတီမြစ်ကိုထပ်ပြီး မြင်ရပြန်တာပေါ့။ မူလတန်းပထ၀ီဝင်ဘာသာထဲမှာ ဧရာဝတီမြစ်ထဲကို ချင်းတွင်းမြစ်က စီးဝင်တယ်ဆိုတာကို သင်ထပြီးသားဖြစ်ပေမယ့် အဲဒီတုန်းကတည်းက ကျွန်တော့်စိတ်ထဲမှာ ကျွန်တော်အရင်က မြင်ဖူးတဲ့ ပုဂံကမြစ်နဲ့ မုံရွာက
မြစ်က တစ်ဆက်တည်းဖြစ်ပြီး အင်းဝတံတားအောက်က မြစ်က မြစ်လက်တက်လို့ခံစားလိုက်ရတယ်။ မှားမှန်းတော့သိတယ်။ ခံစားရတာဆိုတော့ ဘယ်တတ်နိုင်မလဲ။

ဒါတင်မကပါဘူး။ ဆယ်တန်းလောက်ရောက်တော့ ရန်ကုန်တက္ကသိုလ်မှာ ရူပျေဒဆရာမလုပ်တဲ့ ကျွန်တော့်အမေက လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက ဧရာဝတီမြစဟ်ဟာ စစ်တောင်းမြစ်နဲ့ တစ်ဆက်တည်းပဲလို့ နောက်တော့မှရေကြောင်းပြောင်းသွားလို့ အနောက်ဖက်ကို ကွေ့ပြီး ချင်းတွင်းနဲ့ သွားပေါင်းတာလို့ ပြောလိုက်တော့ ကျွန်တော့်ခံစားချက်က ယုတ``တိနဲပပေါင်းပြီး ပိုခိုင်သွားတာပေါ့။ အခုနောက်ပိုင်း ဧရာဝတီအကြောင်းရေးကြတာ ပြောကြတာ များပေမယ့် ချင်းတွင်းနဲ့ ဧရာဝတီဆုံတဲ့ မြစ်ဆုံရဲ့ အပေါ်ဘက်မှာ ဘယ်မြစ်ကပိုကြီးသလဲ (တစ်နှစ်အတွင်းဘယ်မြစ်ကရေပိုစီးလဲ) ဆိုတာ မပြောနိုင်ကြတော့ ပိုပြီးခံစားရပါတယ်။

ချင်းတွင်းကိုပိတ်ပြီးရေအားလျှပ်စစ်ထုတ်မယ့် ထမံသီစီမံကိန်းဆိုတာ ကျွန်တော်တို့ကြားဖူးနေတာ နှစ်ပေါင်းငါးဆယ်လောက်ရှိနေပါပြီ။ တိုင်းထွာလိုက်၊ဒီဇိုင်းထုတ်လိုက်လုပ်နေတာလဲ ဆယ်စုနှစ်သုံးခုလောက်ရှိနေပြီထင်ပါရဲ့။ ဘယ်သူမှ ကန့်ကွက်ကြတာလဲ မကြားခဲ့ဖူးပါဘူး။ မြန်မာနိုင်ငံရဲ့ အသည်းနှလုံးမဟုတ်လို့လား။ ချင်းတွင်းရဲ့ မြစ်လက်တက် ဥရုမြစ်လဲ ပျက်နေတာကြာပါပြီ။

ဘယ်သူမှ မအော်ကြပါဘူး။ မြစ်ကိုလာဖျက်နေတာ ဗမာပြည်ကတက်လာပြီး ရွှေတူး၊ကျောက်တူးနေတဲ့ ဗမာတွေမို့လို့ ထင်ပါရဲ့)။

ဧရာဝတီမြစ်ကြီးက မြန်မာနိုင်ငံရဲ့ အသည်းနှလုံးဆိုရင် သံလွင်တို့၊စစ်တောင်းတို့၊ ကုလားတန် တို့ကရောဘာတွေလဲ။ သရေခေတ္တရာယဉ်ကျေးမှုတို့ ပုဂံတို့ အင်းဝတို့ ဒေသတွေဆိုရင်သံလွင်မြစ်ဝက မုတ္တမတို့ သထုံတို့ စစ်တောင်းကမ်းပါးက တောင်ငူတို့ ပဲခူးမြစ်ဘေးက ဟံသာဝတီတို့ ဒဂုန်တို့ကတော့ မြို့ဟောင်းတို့ထားဝယ်တို့ ကကောအရေးမပါဘူးလား။ ဧရာဝတီမြစ်ကြီးအရေးပါတာမှန်ပါတယ်။ ဒါပေမယ့် ဧရာဝတီကို သိမ်မွှန်းလွန်းရင် ဗမာလူမျိုးကြီးကို ဗဟိုပြုတဲ့အတွင်းစိတ်တွေက ဖုံးမရပဲ ပေါ်လာခြင်းပဲလို့ ကျွန်တော်ခံစားရပါတယ်။ ကိုယ့်ခံစားချက်ကိုယ်ပြောတာပါ။ သူများတွေတော့မသိပါ။

ဧရာဝတီကို ကယ်တင်ကြလို့ အော်နေကြပြန်ပါပြီ။ တကယ်ဖြစ်နေတာက ဧရာဝတီကမှ ကယ်တင်ကြဖြစ်နေတာ မမြင်လို့ လား၊ ရေကြီးတာ၊သစ်တောတွေခုတ်ပြစ်လို့ဆိုတ မှန်ပုံရပါတယ်။

အင်္ဂလိပ်တွေ မြန်မာပြည်ကို သိမ်းကာစတုံးက ရေကြီးတော့လဲ ဒီလိုပဲပြောခဲ့တာပါပဲ။ ဒါပေမယ့် ကျွန်တော်မှတ်မိသမျှ သ်စတောတွေပြုန်းကုန်ရင် မိုးခေါင်မယ်လို့ ဆိုတာ မကြာသေးပါဘူး။ အခုတော့စံချိန်တင်တွေ တစ်ခုပြီး တစ်ခု ချိုးရင်းရွာချနေပါလား။ အယ်နှညိုလား လာနီညာလား ထားလိုက်ပါတော့။ မိုးလေ၀သပညာရပ်မှာ သေချာပေါက်ပြောလို့မရဘူးဆိုတာ သဘောပေါက်ပါတယ်။ သေချာပေါက်ပြောပြောနေတာ ခက်နေတာပါ။

ဧရာဝတီကို ကယ်တင်ရမှာလား ဧရာဝတီကို ထိန်းကွပ်ရမှာလား ရည်ရွယ်ချက်က ပီပြင်ဖို့လိုပါတယ်။ ဧရာဝတီက ရေကြီးချင်ရင်ကြီးလိုက် သောင်ထွန်းရင် ထွန်းလိုက်နဲ့နေတာကို ချိန်ညှိချင်ရင် လူသားတွေ အနေနဲ့ လုပ်လို့ရတာ လုပ်ခဲ့ကြတာက တာတမံတွေ ဆည်တွေ ဆောက်ဖို့ပါပဲ။ (သိကြားမင်းဆိုရင်တော့ တစ်မျိုးပေါ့) မိုးများတုန်းမှာ ရေလှောင်ထား မိုးမရွာတော့လွှတ်ပေးပေါ့. ဒါပေမယ့် အခုတော့ ဆည်တွေဆောက်ရင် မြစ်ကြီးပျောက်သွားမယ်လို့ တကယ်ပဲ စိုးရိမ်နေကြသူတွေကို ဘာကြောင့်ပညာရှင်တွေက ရေငုံနှုတ်ပိတ်နေကြသလဲ။

ရေအားလျှပ်စစ်အတွက်သုံးတဲ့ဆည်ဟာ စိုက်ပျိုးရေးအတွက်သုံးတဲ့ဆည်လို မဟုတ်ဘဲ သုံးသမျှရေဟာ ဒီမြစ်ထဲကို ပဲ ပြန်လွှတ်ရတယ်ဆိုတာကို ဘာကြောင့် မရှင်းနိုင်ရတာလဲ။ မြစ်ကမ်းပါးကို ရေတိုက်စားတယ်ဆိုတာ မြစ်ထဲမျာရေပြည့်ချိန်မှ ဖြစ်တာပါ။ အဲဒီအချိန်မှာ ရေအားလျှပ်စစ်ကြောင့်ဖြစ်ရတဲ့ ရေအနည်းအများပြောင်းလဲမှုဆိုတာ ရှိနေတဲ့ မြစ်ရေနဲ့စာရင်ဘာမှမပြောပလောက်ပါဘူး။ နွေရာသီရေနည်းနေချိန်မှာ ရေစီးမငိမ်
လို့ရေတိုက်စားရင်လဲ သောင်ခုံတွေကိုပဲ တိုက်စားမှာပါ။ မြစ်ဝကျွန်းပေါ်မှာ ဆားငန်ရေ၀င်မှာ စိုးရိမ်တယ်ဆိုတဲ့ ကိစ္စလည်းဒီသဘောပါပဲ။ ဆားငန်ရေ အဝေးဆုံး အများဆုံးဝင်တာ ဧရာဝတီမြစ်မကြီးမှာ
ရေအနည်းဆုံး အချိန်မှာပါ။ ဧရာဝတီ ရေအနည်းဆုံးဖြစ်နေကျကာလမှာ ရေချိုထပ်တိုးပေးရင် ဆားငန်ရေ၀င်တာ သက်သာသွားမယ်။ အခုတော့ ဘာကြောင့် ပြောင်းပြန်ပြောနေကြပါလိမ့်။

လူတွေကော သဘာဝတရားကို ဂရုမစိုက်သလိုနဲ့ လိုအပ်တဲ့တိုင်းတာမှု တွက်ချက်မှုတွေမပါဘဲ လိုအပ်တဲ့ အကာအကွယ်တွေမယူဘဲမြစ်ဆုံဆည်ကို တည်ဆောက်ခဲ့တာ ကျွန်တော်လဲ မကြိုက်ပါ။

အဲဒီတုန်းက EIA ကိုမြန်မာဘက် တာဝန်ယူလုပ်ခဲ့တဲ့ (အခုကွယ်လွန်သွားပြီဖြစ်တဲ့) ပုဂ္ဂိုလ်ဟာ ရင်းနှီးသူဖြစ်လို့ စကတည်းက မဟန်တာ သိခဲ့ပါတယ်။ နောက်ပိုင်းကိစ္စတွေကိုလည်းသိသင့်သလောက်
သိပါတယ်။ ဒါပေမယ့် ဧရာဝတီမို့လို့ ရေအားလျှပ်စစ်မထုတ်ရဘူး။ ဧရာဝတီမြစ်ပေါက်ဖွားရာ မြစ်လက်တက်နှစ်ခုမို့လို့ ဆည်မဆောက်ရဘူး။ ဒါထက်ပိုပြီး ဘယ်ဆည်မှ မဆောက်နဲ့တော့လို့ မျက်စိမှိတ်ပြီး
ငြင်းနေတာ မသင့်ဘူးထင်ပါတယ်။ ဧရာဝတီမြစ်လို ကမ္ဘာ့မြစ်ကြီးများ စာရင်းဝင်မြစ်ကိုမဆိုနဲ့ ဘီလူးချောင်းကို မိုးဗြဲဆည်မှာပိတ်ပြီး ရေအားလျှပ်စစ်ထုတ်နေတာ နှစ်၄၀ကျော်ခဲ့ပါပြီ။ အခုထက်ထိ လွိုင်ကော်
မြို့ကိုပါတ်ပြီး စိးဆင်းနေတုန်းပါပဲ။ လောပိတ ရေတံခွန်လဲရှိတုန်းပါပဲ။ ကယားပြည်နယ်က ပြည်နယ်သူ ၇၅ ရာခိုင်နှုန်းလောက်က ထင်းနဲ့ ထမင်းချက်နေရတုန်းပါပဲဒ အဲဒါက ပြသနာပါ။ အဲဒီလိုပြသနာတွေကို
သေသေချာချာထည့်မတွက်ဘဲ ဇွတ်ပြောနေရင်တော့ Intellectual Honesty မရှိကြဘူးလို့ ကျွန်တော်ခံစားရပါတယ်။

ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌလုပ်ခဲ့တဲ့ ရောဘတ်မက္ကနာမာရဲ့ စကားတစ်ခုရှိပါတယ်။ You need a soft heart and a hard head to solve thedevelopment problems တဲ့။ နူးညံ့တဲ့နှလုံးသားရှိတာသိပ်ကောင်းပါတယ်။ ဒါပေမယ့် ပြသနာတွေကို ရှင်းရာမှာတော့ ခေါင်းမာမာနဲ့ပဲ လက်တွေ့ကျကျဖြေရှင်းဖို့လိုမယ်ထင်ပါရဲ့။

credit to the red

Thursday, April 4, 2019

(Three Gorges Dam ရေအား လျှပ်စစ်) China

(Three Gorges Dam လျှပ်စစ်)
တရုပ်ပြည်ပြုပြင်ပြောင်းလဲမှုနဲ့မြန်မာ (၄) လျှပ်စစ်ကဏ္ဍ
မိတ်ဆွေတစ်ဦး ရေးတဲ့စာလေးကို သတိရနေပါတယ်။ မြန်မာနိုင်ငံကလဲကွာ လျှပ်စစ်တယူနစ်ကို ၃၀ကျပ်လောက် အစိုးရက အရှုံးခံတယ်၊ တယူနစ် ၃၅ကျပ် နဲ့ ရောင်းတော့.. များများသုံးနိုင်တဲ့လူ အစိုးရဆီက ငွေများများရနေသလိုပဲ.. မီတာခ တလ ၅ထောင်ပဲ ကုန်တဲ့အိမ် အစိုးရထောက်ပံ့ကြေး တလ၅ထောင်ရတယ်။ မီတာခ တစ်လ ၁သိန်း သုံးနေတဲ့ သူဌေးက အစိုးရဆီက တလ၁သိန်း ထောက်ပံ့ကြေးရနေတယ်။ စနစ်ကြီးအကြောင်း ဖတ်လိုက်ရပါတယ်။ ဒီဆောင်းပါးမှာ စနစ်နဲ့လူအကြောင်း အနည်းငယ်သုံးသပ်ပါမယ်။
.
Three Gorges Dam ကမ္ဘာပေါ်မှာ အကြီှးှဆုံး ရေအားလျှပ်စစ် ဖြစ်ပါတယ်။ တရုပ်ပြည်ရဲ့ အရှည်ဆုံးဖြစ် ယန်ဇီမြစ်ပေါ်က ဟူပေပြည်နယ် ဆန်းတုန်ဖိန့်မြို့အနီး၊ တရုပ်ပြည်ရဲ့ အရှည်ဆုံး ယန်ဇီမြစ်ပေါ်က ပိတ်ပြီးဆောက်ထားတဲ့ ရေကာတာလျှပ်စစ်ဓါတ်အားစက်ရုံ ဖြစ်ပါတယ်။ မြစ်ကျဉ်းသုံးသွယ်ရေကာတာ လို့အဓိပါယ်ရပါတယ်။ အမြင့်ပေ ၅၉၄ ပေ မြင့်ပါတယ်။
.
အင်္ဂလိပ်၊ ဂျပန် အုပ်စိုးစဉ်ကတည်းက ရေအားလျှပ်စစ်ထုတ်ဖို့ တိုင်းတာ၊ စီမံကိန်းတွေ လုပ်ခဲ့ပြီး၊ ၁၉၄၉ တရုပ်ကွန်မြူနစ်များ အာဏာရလာချိန်မှာ ခေါင်းဆောင်မော်စီတုန်းက စိတ်ဝင်စားခဲ့ပါတယ်။ ယန်ဇီမြစ် နှစ်စဉ် ရေလွမ်းမိုးလို့ လူနဲ့သီးနှံတွေ ပျက်စီးခြင်းကိုလဲ ကာကွယ်လိုပါတယ်။ ၁၉၅၈ခုနှစ်မှာ Hundred Flowers  Campaign ဆိုပြီး အင်ဂျင်နီယာကြီးများအပါအ၀င် အကြီးအကျယ် ကန့်ကွက်ကြလို့ ရပ်နားသွားခဲ့ရပါတယ်။ ဒါပေမဲ့ ၁၉၈၀ ခုနှစ်မှာ စီမံကိန်းပြန်ပေါ်လာပြီး ၁၉၉၂ ကွန်မြူနစ်ပါတီကွန်ကရက်မှာ  ဆွေးနွေးမဲခွဲတော့ ထောက်ခံမဲ ၁၇၆၇ နဲ့ ကန့်ကွက်မဲ ၁၇၇ ၊ ကြားနေမဲ ၆၆၄ နဲ့ အတည်ပြုလိုက်ပါတယ်။ ၁၉၉၄ ဒီဇင်ဘာ ၁၄ ရက်နေ့မှာ တည်ဆောက်ရေးလုပ်ငန်း စတင်ပါတယ်။ အမေရိကန်ဒေါ်လာ ၂၂.၅ ဘီလျံ ကုန်မယ် ခန့်မှန်းခဲ့ပါတယ်။  ၂၀၀၃ ခုနှစ်မှာ ပထမဆုံး တာဘိုင်၆လုံးကနေ လျှပ်စစ် 8.607 Twh ထုတ်လုပ်ရောင်းချရင်း အဆင့်ဆင့် နှစ်စဉ် လျှပ်စစ်တာဘိုင်များ တပ်ဆင်၊ လျှပ်စစ်ထုတ်လုပ်ခဲ့တာ ၂၀၁၂ ခုနှစ်မှာ စုစုပေါင်း တာဘိုင်အလုံးရေ ၃၂ခု အားလုံး တပ်ဆင်ခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ စုစုပေါင်းထုတ်လုပ်မှု 98.100 TWh (98100 million KWh) ထုတ်လုပ်ပြနိုင်တဲ့ ကမ္ဘာပေါ်အကြီးမားဆုံး ရေအားလျှပ်စစ် ဖြစ်ပါတယ်။
.
မူလက တနိုင်ငံလုံးလိုအပ်ချက် ရဲ့ ၁၀% ရည်မှန်းခဲ့ပေမဲ့လည်း တကယ်အခြေအနေက 2016 ခုနှစ်မှာ ၁.၇% လောက်ပဲ ဖြစ်သွားပါတယ်။ ကျောက်မီးသွေး လျှပ်စစ်ဓါတ်အားစက်ရုံတွေ အမြောက်အများ တည်ဆောက်ကြလို့ ဖြစ်ပါတယ်။ တရုပ်နိုင်ငံမှာ အလွန်များပြားလှတဲ့ ကျောက်မီးသွေးသိုက်ကြီးများရှိလို့ ကျောက်မီးသွေးဓါတ်အားစက်ရုံ အမြောက်အများ တပြိုင်တည်း တည်ဆောက်ရင်းနဲ့ ကျောက်မီးသွေးလျှပ်စစ်က တနိုင်ငံလုံးရဲ့ ၆၅% အထိ အသုံးပြုနေပါတယ်။ ၂၀၁၆ တစ်နိုင်ငံလုံး လျှပ်စစ်သုံးစွဲမှု 5930 TWh (installed 1646000 MW) မှာ ကျောက်မီးသွေးက 64.9% ၊ ရေအား 19.6%၊ လေရဟတ်၊နေရောင်ခြည်၊ ဘိုင်အိုမက်စ် စုစုပေါင်း 6.2%၊ ညူကလီယာ 3.5%၊ ဓါတ်ငွေ့ ၃.၁% ထုတ်ယူသုံးစွဲကြပါတယ်။ (ပုံ) 
.
.
တရုပ်နိုင်ငံခေါင်းဆောင် လီပင်း Li Peng
Three Geoges Dam ရေအားလျှပ်စစ် စီမံကိန်းကို ဦးဆောင်တည်ဆောက်ခဲ့တဲ့ တရုပ်နိုင်ငံခေါင်းဆောင်ကြီး ဖြစ်ပါတယ်။ တရုပ်ပြည် Tiannamen Protest အရေးအခင်းကြီးကို အကြမ်းဖက်နှိမ်နင်းဖို့ ဦးဆောင်ခဲ့တဲ့ လီပင်း Li Peng ဆိုတဲ့ နိုင်ငံခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။  လီပင်း ဟာ မြို့ပြအင်ဂျင်နီယာတစ်ဦး ဖြစ်ပြီး နာမည်ကျော်ရေအားလျှပ်စစ် Three Geoges’ Dam (22,500 MW, hight 594ft) ကိုဦးဆောင် တည်ဆောက်ခဲ့ပါတယ်။ ၁၉၉၂ စီမံကိန်းစတင်ချိန်ကတည်းက အဂတိပြသနာနဲ့၊ အမြတ်အစွန်းရရှိရန် နဲ့ အဂတိပြသနာတို့ကို ကာကွယ်ဖို့ ပုဂ္ဂလိက ကုမဏီအဖြစ် China Three Georges Corporation ကို စတင်တည်ထောင် လုပ်ကိုင်စေပါတယ်။
.
ယန်စီမြစ်ကြီးရေအားလျှပ်စစ်ကုမဏီ China Three Georges Corporation
လီပင်း ဟာ ဒီစီမံကိန်းကြီးကို အထူးအချိန်ပေး ဆောင်ရွက်ပြီး၊ နောက်ပိုင်းမှာ ယန်စီမြစ်ကြီးအထက်ပိုင်း ရေအားလျှပ်စစ်စီမံကိန်း ၉ခု ကို ဒီကုမဏီက ဦးဆောင်တည်ဆောက်ခဲ့ပါတယ်။ အများပိုင်ကုမဏီအဖြစ် ကြေငြာပြီး နှစ်စဉ် အမြတ်အစွန်းများစွာ ရရှိနေပါတယ်။ ကွန်ကရက်ဥက္ကဌ ၁၀နှစ်လုပ်ကိုင်စဉ် တရုပ်ပြည်ကြီးရဲ့ လျှပ်စစ်လုပ်ငန်း ၇၂%ကို သူ့မိသားစုပုံစံ  State Power Corp က အုပ်စီးခဲ့ပါတယ်။ သူ့ဆွေမျိုးများရဲ့ ကြီးစိုးမှုကို လို Li Power Company ပြောဆိုကြပါတယ်။ လီပင်း ဟာ တရုပ်နိုင်ငံ စွမ်းအင်ပေါ်လစီအတွက် ၁၉၉၂ နောက်ပိုင်းမှာ အချိန်များစွာပေးပြီး ကြိုးစားရေးဆွဲခဲ့ပါတယ်။ ၁၉၉၈ ခုနှစ် တရုပ်နိုင်ငံကွန်ကရက်ဥက္ကဌ တာဝန်က အနားယူသွားပြီးမှာ တရုပ်အစိုးရက လီပင်း သားသမီး၊ ဆွေမျိုးများ ကြီးစိုးတဲ့ State Power Corp ကို ပါဝါထုတ်လုပ်တဲ့ ကုမဏီကြီး (၅)ခု နဲ့ ပါဝါဂရစ် ဖြန့်ချိရေးကုမဏီကြီး ၂ခု ခွဲထုတ်ပြီး၊ လက်ဝါးကြီးအုပ် လျှပ်စစ်လုပ်ငန်းကြီး ရပ်ဆိုင်းသွားခဲ့ပါတယ်။
.
အရင်းကြေသွားပြီ
စုစုပေါင်း ကုန်ကျစရိတ်ငွေအားလုံး ငွေအတိုး၊ အရင်း အားလုံးကို ပုဂ္ဂလိက ကုမဏီအဖြစ် China Three Georges Corporation ကို စတင်တည်ထောင်ပြီး တာဝန်ယူ ဆောက်လုပ်ပါတယ်။ တရုပ်အစိုးရက ပြည်တွင်းပြည်ပ ဘဏ်များကနေ ချေးယူသုံးစွဲခဲ့ပြီး လျှပ်စစ်ရောင်းချငွေများလဲ ရင်းနှီးမြှတ်နှံခဲ့ပါတယ်။ ဆောက်လုပ်ရေးစရိတ်က စုစုပေါင်းကုန်ကျစရိတ်က ၃၅% ဖြစ်ပြီး၊ လူပေါင်း ၁.၂သန်းကို ရွှေ့ပြောင်းစရိတ်က ၃၈% ကုန်ကျပါတယ်။ ဘဏ်တိုးနဲ့စရိတ်က ၈% ကုန်ကျပြီး၊ ၂၈နှစ်အကြာမှာ ၂၀၁၂ ခုနှစ်မှာ စီမံကိန်း ချေးငွေ အကြွေးအားလုံးကို အပြီးအပိုင် ပေးဆပ်ပြီး ဖြစ်ပါတယ်။ Three Geoges Corporation တိုးချဲ့ကြီးထွားလာပြီး ၂၀၁၄ ခုနှစ်မှာ ပိုင်ဆိုင်မှု US$ 77.3 billion ဖြစ်လာပြီး  အမြတ်ငွေ US$ 4 billion ခွဲဝေပေးနိုင်ခဲ့ပါတယ်။.
.
. .
.
ဗိုလ်ကျကြီးစိုး တရုပ်အစိုးရပိုင်ကော်ပိုရေးရှင်း ရပ်တံ့စေခြင်း
၁၀နှစ်ခန့် အချိန်ယူရပါသည်။ တရုပ်ခေါင်းဆောင် လီပင်း အာဏာမရှိတော့ချိန် ၂၀၀၂မှာ တရုပ်နိုင်ငံ လျှပ်စစ်ဓါတ်အားကော်ပိုရေးရှင်းကို အုပ်စုများအဖြစ် ခွဲပစ်လိုက်ပြီး၊ တစ်ခုနှင့်တစ်ခု အပြိုင်အဆိုင် လုပ်စေခဲ့ပါတယ်။ ယခုအခါ အစိုးရ လျှပ်စစ်ထုတ်ရောင်းသည့် အကြီးစား ကုမဏီကြီးများ SOE (State Owned Enterprise), IPP (Independent Power Provider) အားလုံးဟာ အများပိုင် စတော့အိတ်ချိန်းများမှာ ၀င်ထားကြတဲ့ ပုဂ္ဂလိကကုမဏီကြီးများဖြစ်နေပါတယ်။  အဂတိ အလွန်ခဲယဉ်းသွားပြီဖြစ်ပါတယ်။ ငွေစာရင်းနဲ့ စီမံကိန်းများကို ပွင့်လင်းမြင်သာစွာ လုပ်ကိုင်နေကြပါတယ်။
.
လျှပ်စစ်ဓါတ်အား ထုတ်လုပ်ခြင်း
အုပ်စုများ ၅ခုကတော့ Datang Group, Guodian Group, Huadian Group, Huaneng Group နဲ့ CPI Group တို့ဖြစ်ပါတယ်။ ဟောင်ကောင်၊ ရှန်ဟိုင်း ၊ ဥရောပ၊ အမေရိက စတော့ဈေးကွက်များအထိ တင်ထားကြပါတယ်။ Datang Group, အဓိက China Datang Corporation ကို China Energy Investment Corporation လို့ အမည်ပြောင်းပြီး ကွန်မြူနစ်ပါတီက တိုက်ရိုက်အုပ်ချုပ်ပါတယ်။ ကျန်တဲ့အုပ်စုများ အစိုးရမပါဝင်ပဲ  လက်အောက်ခံ Subsidiaries အများပိုင်၊ ကုမဏီအမြောက်အများ ပါရှိကြတယ်။ CPI Group ကတော့ မြန်မာနိုင်ငံမြစ်ဆုံ ရေအားလျှပ်စစ် ရင်းနှီးမြှတ်နှံတဲ့ ကုမဏီဖြစ်ပါတယ်။ Subsidiary ကုမဏီတစ်ခုဆို ဒေါ်လာဘီလျှံ များစွာ တန်ဖိုးရှိပါတယ်။
.
လျှပ်စစ်ဖြန့်ဖြူးခြင်း
State Grid Corporation ဆိုတဲ့ ဧရာမ မဟာဓါတ်အားလိုင်းကုမဏီကြီး ရှိပါတယ်။ နောက်ကုမဏီအငယ်တစ်ခုကတော့ China Southern Power Grid Company ဖြစ်ပါတယ်။ စီးပွားရေး အမြတ်အစွန်း ရဖို့ ပြိုင်ဆိုင်လုပ်ရတော့.. အမြတ်အစွန်းသေချာတဲ့ ဘဏ်နဲ့ငွေကြေးလုပ်ငန်းများ၊ အာမခံလုပ်ငန်းများလည်း အကြီးအကျယ်လုပ်ကိုင်တဲ့အပြင်၊ နိုင်ငံခြားတိုင်းပြည်များအထိ MNC ကုမဏီကြီးများကို အပြိုင်လုပ်နိုင်ဖို့ တရုပ်နိုင်ငံအစိုးရ ပေါ်လစီ၊ မဟာဗြူဟာများနဲ့ ပံ့ပိုးပေးလျှက်ရှိပါတယ်။
.
ထုတ်လုပ်ပြီး လျှပ်စစ်ဓါတ်အားများကို ဖြန့်ဖြူးရေး ကုမဏီကြီး နှစ်ခုထံ ရောင်းချပါတယ်။ ရောင်းချတဲ့ ဈေးနှုန်းကတော့  ပြည်နယ်ပေါ်မူတည်ပြီး US$ 32.6 - $57.2 per MWh စသဖြင့် ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းချပါတယ်။ တယူနစ်ကို  3.2 - 5.7 cents ဈေးနဲ့ကျသင့်ပါတယ်။ တရုပ်တနိုင်ငံလုံးရဲ့ လျှပ်စစ်ဈေးနှုန်းကိုတော့ အစိုးရက သတ်မှတ်ထားပါတယ်။ တရုပ်နိုင်ငံမှာ လျှပ်စစ်ကို အလွန်ဈေးချိုစွာ (ကမ္ဘာပေါ်မှာဈေးအချိုဆုံးဈေးနှုန်း) နဲ့ ထုတ်လုပ်ရောင်းချ နေပါတယ်။ တယူနစ် ပျမ်းမျှရောင်းဈေးနှုန်းက စီးပွားရေး Commercial 6.8 cents , အိမ် residential 8.98 cents, စက်ရုံ Industrial 4.8 cents ဖြစ်ပါတယ် (2017 rate)။ လိုအပ်ရှင် လျှပ်စစ်ဓါတ်အား ကုမဏီများကို အခွန်အတုတ် လျှော့ပေါ့သတ်မှတ်ပေးလေ့ ရှိပါတယ်။
.
State Grid Corporation ဆိုတဲ့
ဧရာမ လျှပ်စစ်ဖြန့်ဖြူးရေး မဟာဓါတ်အားလိုင်း ကုမဏီကြီး၊ . .၂၀၀၂ ခုနှစ်မှာ အစိုးရကော်ပိုရေးရှင်းကနေ သီးခြား ခွဲထုတ်ရပ်တည်စေပါတယ်။ ၂၀၁၇ တရုပ်နိုင်ငံ China Top 500 Enterprises စာရင်းမှာတော့ အကြီးဆုံး ဖြစ်ပြီး  အမေရိကန်နိုင်ငံ ဖော်ကျွန်းမဂ္ဂဇင်းက ထုတ်ပြန်တဲ့ 2017 Fortune Global 500 မှာလည်း  Walmart ပြီးရင် ဒုတိယအကြီးဆုံး ကုမဏီဖြစ်နေပါတယ်။ ၀န်ထမ်းပေါင်း ၉သိန်း၂သောင်းကျော် ရှိပါတယ်။ revenue of $315.1986 billion ရှိပြီး China, Philippines, Australia, Brazil, Italy, Portugal နိုင်ငံများမှာ ဓါတ်အားဖြန့်ဖြူးလုပ်ငန်းများ လုပ်ကိုင်နေပါတယ်။ ဓါတ်အားဖြန့်ဖြူးရေး ဒီစီမဟာဓါတ်အားလုင်ကြီး ကမ္ဘာပထမဆုံး ±800 kV UHVDC project အောင်မြင်ပြီးစီးခဲ့တယ်လို့ ကြေငြာထားပါတယ်။
.
.
ရေကာတာ ကောင်းကျိုးများ
အဓိက မြစ်ရေကြီးခြင်းနဲ့ စိုက်ပျိုးရေးအတွက် ရေနည်းချိန် ရေလှောင်ကန်မှ ရေများလွှတ်ပေးခြင်းကြောင့် မြစ်အောက်ပိုင်းက စိုက်ပျိုးရေးလုပ်ငန်းများကို များစွာ အကျိုးကျေးဇူး ဖြစ်စေပါတယ်။ ၁၉၉၈ နဲ့ ၂၀၀၉ ရေအလွန်ကြီးချိန်များမှာ ရေလှောင်ကန်အားဖြင့် ရေအမြောက်အများ အောက်ဖက်ကို စိးဆင်းမသွားစေလို့ ရေလွှမ်းမှု သက်သာရစေပါတယ်။ အသက်၊ အိုးအိမ်၊ စိုက်ပျိုးသီးနှံ ဆုံးရှုံးမှု နည်းပါးစေပါတယ်။ လျှပ်စစ်ဓါတ်အား စရိတ်သက်သာစွာ ထုတ်လုပ်နိုင်တဲ့အပြင်၊ ကျောက်မီးသွေး သုံးရင်ပျက်စီးမဲ့ လေထုညစ်ညမ်းမှုများ သက်သာစေပါတယ်။ ဘေးမှာတည်ဆောက်ထားတဲ့ သင်္ဘောသွားတဲ့ Ships Lock လမ်းကြောင်းများကြောင့် ယန်ဇီမြစ်မှာ ကုန်စည် ၆ဆ ပိုပြီး သယ်ဆောင်နိုင်ပါတယ်။
.
ရေကာတာ ဆိုကျိုးများ
မြန်မာနိုင်ငံ မြစ်ဆုံဆည် ကန့်ကွက်စဉ်ကအတိုင်းပါပဲ။ ယန်ဇီမြစ်ကမ်း ဘေးတစ်လျှောက်က ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ၊ လူနေကွက်သစ်များ၊ ရေအောက်နစ်မြုပ် သွားခဲ့သလို လူဦးရေ ၁.၃သန်းခန့် ဌာနေကို စွန့်ခွာပြီး ရွှေ့ပြောင်းရပါတယ်။ မြေပြိုခြင်းလို ပတ်ဝန်းကျင်အပြောင်းအလဲ အန္တရယ် ပိုကြီးမားလာစေပါတယ်။ ရေကာတာကြီးကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများ၊ ပထ၀ီမြေအနေထား ထိခိုက်မှုများ၊ စီးပွားးရေးပြသနာများ ရှိနေကြာင်း တရုပ်အစိုးရကလည်း ၀န်ခံထားပါတယ်။.
.
မြစ်နှုံးမြေများ ဆက်မစီးဆင်းနိုင်ပဲ မြစ်အညာဖက်မှာ ကမ်းပါး ၈၀% ပြိုကျနေတယ်၊ အနယ်များ စုပုံလာတဲ့ပြီး ၊ရေစီးနှုန်းလဲ နည်းသွားလို့ မြစ်အောက်ဖက်ပိုင်း တွေမှာ မြစ်ကမ်းပါးတွေ မြေပြိုမှုပိုမိုဖြစ်စေနိုင်တယ်။ ရှန်ဟိုင်းမြို့ဟာ သဲနှုန်းမြေများပေါ် ရပ်တည်နေတာ သဲနှုန်းများ ရောက်မလာရင် ရှန်ဟိုင်းမြို့ ရေကြီးမှုဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ ရေလှောင်ကန်ကြီးရဲ့ ရေမျက်နှာပြင်မြင့်တက်လာမှုကြောင့် ဧရာမ မြေပြိုမှုကြီးများ ဖြစ်လာနိုင်တယ်။ ၂၀၀၉ ခုနှစ်မှာ ဧရာမမြေပြိုမှု ၂ကြိမ်ဖြစ်ခဲ့ပါတယ်။ ရေလှောင်တဲ့နေရာက သစ်တောမျာ ၁၀% ပိုပြီး ရေမြုတ်သွားခြင်းက မြစ်ရေမထိမ်းနိုင်ပဲ ရေကြီးမှုများ ဖြစ်ပေါ်စေပါတယ်။ မြစ်ညှာဖက်မှာ ရေလှောင်ကန်ကြောင့် သစ်တောများ ရေမြုတ်ခြင်းကြောင့် သဘာဝ ရှားပါးသစ်ပင်၊ တောကောင်၊ ကျေးငှက်များ မျိုးပြုန်းသွားမယ်လို့ မဆောက်ခင်ကတည်းက သတိပေးခဲ့ပါတယ်။ သတိပေးခဲ့တဲ့အတိုင်း ရှားပါး အပင်၊သတ္တ၀ါ မျိုးနွယ်များစွာ မျိုးတုန်းသွားခဲ့ရပါတယ်။ အစိုးရိမ်ရဆုံးကတော့ ၅၉၄ပေ (အထပ်၆၀ တိုက်လောက်မြင့်တဲ့) ရေကာတာကျိုးပေါက်သွားခြင်း၊ သို့မဟုတ် ဖောက်ခွဲ ဖျက်ဆီးခံရခြင်း ဖြစ်ပါတယ်။
.
.
.
မြန်မာနိုင်ငံ လက်ရှိနှင့်အနာဂတ်ရေအားလျှပ်စစ်
ပတ်ဝန်းကျင်ထိန်းသိမ်းမှု အဖွဲ့များက ကန့်ကွက်လို့ ရေအားနဲ့၊ ကျောက်မီးသွေးစီမံကိန်းများ ရပ်ဆိုင်း ထားရပါတယ်။ အရင်အစိုးရက ချုပ်ဆိုခဲ့တော့ လုံးဝ (လုံးဝ) မတရားတဲ့ တဖက်သတ် စာချုပ်များ ဖြစ်ပါတယ်။ ၂၀၁၂ ခု သမ္မတဦးသိန်းစိန် အစိုးရလက်ထက်ရပ်ဆိုင်းထားပါတဲ့ ရေအားလျှပ်စစ်နှစ်ခု ၁။ မြစ်ဆုံ Myitsone စီမံကိန်း ၊ ဧရာဝတီမြစ်မှ 3600 MW ထုတ်လုပ်ရန် တရုပ်နိုင်ငံသို့ အားလုံးရောင်းချရန်၊ ၂။ တာစန် TaSang စီမံကိန်၊ သံလွင်မြစ်မှ 7110 MW ထုတ်လုပ်ပြီး ထိုင်းနိုင်ငံသို့ အားလုံးရောင်းချရန် တို့ဖြစ်ပါတယ်။ လက်ရှိ ၂၀၁၇ ခုနှစ် မြန်မာတစ်နိုင်လုံး လျှပ်စစ်ထုတ်နိုင်စွမ်းက 7144 MW သာရှိပြီး၊ ရေအားလျှပ်စစ်က 3857 MW (၅၄%) ထုတ်လုပ်နေပါတယ်။ ကျန်တာတော့ ဓါတ်ငွေ့စက်ရုံသစ် များစွာရှိပြီး ကျောက်မီးသွေး လျှပ်စစ်စက်ရုံက စီမံကိန်းအဆင့်ပဲ ရှိပါသေးတယ်။ ရေအားလျှပ်စစ် အရင်းအမြစ် စုစုပေါင်း 46,330 MW ရှိတော့ အားရစရာပါ။
.
ပညာရှင်များရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ ၆နှစ်အတွင်း မိမိဖာသာ တည်ဆောက်နိုင်တဲ့ ရေအားလျှပ်စစ် များစွာကို တင်ပြထားပါတယ်။ သဘောတူညီချက်များက အခက်အခဲပါ။ ဒါကြောင့် NEP National Electric Plan မှာ သဘာဝဓါတ်ငွေ + ဓါတ်ငွေရည် LNG ၊ ကျောက်မီးသွေး နဲ့ နေရောင်ခြည်၊ ရေအား စတဲ့ မီနီဂရစ်များကို မဟာဓါတ်အားလိုင်းပြင်ပ ထုတ်လုပ်ဖို့ အားပေးနေပါတယ်။ ၂၀၁၆ ကျမှ အစိုးရသစ်က မြန်မာနိုင်ငံစွမ်းအင် မဟာဗြူဟာချမှတ်ဆောင်ရွက်နေပြီး ဒေသတွင်းနိုင်ငံများရဲ့ အကောင်းဆုံး ပုဂ္ဂလိကလျှပ်စစ် နည်းလမ်းယူပြီး၊ ထုတ်နိုင်ပါတယ်။ အိမ်နီးချင်းနိုင်ငံအားလုံး တရုပ်၊ ထိုင်း၊ အိန္နိယ များကလဲ သူတို့ပိုလျှံ ရေအားလျှပ်စစ်တွေ ရောင်းချင်နေပါတယ်။
.
နိုင်ငံတော်က ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လျှပ်စစ်ကဏ္ဍ တိုးတက်ဖို့ဦးဆောင်နေပြီ ဖြစ်ပေမဲ့၊ အစိုးရပိုင် ပွင့်လင်းမှုမရှိသေးတဲ့ မြန်မာလျှပ်စစ်ဝ
န်ကြီးဌာန အရှုံးချည်း ဖြစ်နေပါတယ်။ စနစ်နဲ့လူတွေကို ပြုပြင်ပြောင်းလဲရပါမယ်။ လူမှန်နေရာမှန် လိုအပ်နေပါတယ်။ မလိုအပ်သူများကို အနားပေးရပါမယ်။ Three Geoges ရေအားလျှပ်စစ်နဲ့ တရုပ်နိုင်ငံ လျှပ်စစ်ပြုပြင်ပြောင်းလဲမှု ပုဂ္ဂလိကနဲ့ အစိုးရပေါ်လစီများ ထိမ်းကျောင်းပုံကို နမူနာယူရပါမယ်။ ရေအားလျှပ်စစ်ကို ယခင်စာချုပ်များ ဖျက်သိမ်းပြီး တရားမျှတတဲ့ စာချုပ်များနဲ့ အမြန်ဆုံးပြန်လည် အကောင်အထည်ဖော်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။
.
(ခေါင်းဆောင်ပျိုးထောင်ခြင်း) တရုပ်နိုင်ငံပြုပြင်ပြောင်းလဲရေးနှင့် မြန်မာ (၅) မှန်ကန်တဲ့ မျိုးချစ်စိတ်ရှိသူများအလိုရှိသည် ဆောင်းပါးကို အဆုံးသပ် တင်ပြပါမယ်။
.
ဇော်အောင်
၁၆.ဖေဖော်ဝါရီ.၂၀၁၈