Sunday, February 12, 2017

Cell Tower လို့ခေါ်တဲ့ မိုဘိုင်းဖုန်းတာဝါတိုင်များအကြောင်း သိကောင်းစရာများ


Zarni Gyi
October 2, 2016
( တာဝါတိုင်ဝက်ဆိုဒ် - 
https://goo.gl/VA0gpG )
Cell Tower လို့ခေါ်တဲ့ မိုဘိုင်းဖုန်းတာဝါတိုင်များကို ရင်းနှီးမြှတ်နှံသူများက တည်ဆောက်ပြီး မိုဘိုင်းဖုန်းကုမ္ပဏီများကို အသုံးပြုခွင့်ရောင်းစားကြပါတယ်။
.
မြန်မာနိုင်ငံ မိုဘိုင်းဖုန်း တယ်လီနော၊ အော်ရီဒူး တို့ဝင်လာကာစ အမ်ပီတီ က သူတို့တာဝါတိုင်များကို ငှားရမ်းမပေးဘူး ဆုံးဖြတ်တဲ့အတွက် တယ်လီနောနဲ့အော်ရီဒူ တို့ ကိုယ့်ဖာသာ တာဝါတိုင်ထောင်ဖို့ ကြိုးစားရပါတယ်။
ဒီပြသနာများကြောင့် တာဝါတိုင်များကို မြေပိုင်ရှင်များများနဲ့ မြေငှားစာချုပ်နဲ့ တကမ္ဘာလုံးမှာ တာဝါတိုင်ဆောက်လုပ်ကြပါတယ်။


တာဝါတိုင် ငှားရမ်းမှု ၂မျိုးရှိပါတယ်

Rooftop Lease
၁။ တိုက်တာပေါ်မှာ တည်ဆောက်ခြင်းကတော့ အထပ်မြင့်တိုက်ကြီးများအပေါ်မှာ ထောင်ထားလို့.. တာဝါတိုင်ဆောက်စရိတ် ကုန်ကျသက်သာပါတယ်။ ဒါပေမဲ့ မြေပေါ်မှာ ဆောက်တာထက် အခကြေးငွေ ပိုများများ ပေးရပါတယ်။
Ground Lease

၂။ မြေပေါ်မှာတည်ဆောက်ခြင်း ကတော့ သတ်မှတ်ထားတဲ့ မြေအကျယ်အဝန်းပေါ်ကို တာဝါတိုင်တည်ဆောက်ခြင်းပါ။ မြေဘယ်လောက် ကျယ်ကျယ် သုံးသလဲ ပေါ်မူတည်ပြီး အခကြေးပေးရပါတယ်။ ပေ၅၀ ကနေ ပေ၃၀၀ အထိမြင့် တဲ့ တာဝါတိုင်များ ဖြစ်ပါတယ်။


လုပ်ထုံးလုပ်နည်းများ

ဇုံနယ်မြေသတ်မှတ်ခြင်း
တာဝါတိုင်ဆောက်တဲ့ ပတ်ဝန်းကျင်နေထိုင်သူများက ကျန်းမာရေးအတွက် ကန့်ကွက်မှု ကြုံရနိုင်ပါတယ်။ အမေရိကန်အစိုးရက မိုဘိုင်းဖုန်းများအတွက် စရိတ်သက်သာစွာနဲ့ ကွာလတီအမြင့်ဆုံး ရအောင် တာဝါတိုင်ထူထောင်ခြင်း ဥပဒေ Telecommunications Act of 1996 ကို ပြဌာန်းထားပါတယ်။ အမေရိကန်နိုင်ငံမှာသာမက ဒီဥပဒေက နိုင်ငံတကာ တယ်လီဖုန်းကုမ္ပဏီကြီးများအပေါ်လည်း သက်ရောက်ပါတယ်။


တာဝါတိုင်အပိုဆောက်ခြင်း Redundancy
လူနေထူထပ်တဲ့ နေရာများမှာ တာဝါတိုင်တခု နဲ့ နောက်တခုက ၅မိုင်ထက် ပိုဝေးနေရင် နောက်ထပ်တာဝါတိုင် ၁ခု၊ ၂ခု ထပ်ဆောက်ရပါတယ်။ အဲဒီအခါ ငွေပိုကုန်ကျတဲ့ ပြသနာဖြစ်လာပါတယ်။ မိုဘိုင်းဖုန်း ကုမ္ပဏီတွေ တခုနဲ့တခု ပူးပေါင်းခြင်း၊များကနေ တချို့တာဝါတိုင်များ အသုံးမကျဖြစ် သွားတတ်ပါတယ်။

တာဝါတိုင်မြေငှား ရပ်တန့်ခြင်း
အများအားဖြင့် ၅နှစ်စာချုပ် ချုပ်ပြီး လစဉ် (သို့မဟုတ်) တနှစ်တခါ မြေငှားခ ပေးရပါတယ်။ တာဝါတိုင် မလိုအပ်တော့ဘူး ဆိုရင် ၁လ ကနေ ၃လ အတွင် နို့တစ်စာ မြေပိုင်ရှင်ထံ စာပို့အကြောင်းကြားရပါတယ်။


တာဝါတိုင်အတွက် မြေငှားခ
ဈေးနှုန်း ဘယ်လောက်ပေါက်တယ် ဆိုတာ ခန့်မှန်းဖို့ ခက်ခဲပါတယ်။ ဒါကြောင့် တာဝါတိုင်ကုမ္ပဏီများနဲ့ မြေပိုင်ရှင်တို့ ၂ဦးသဘောတူ ညှိနှိုင်းကြရပါတယ်။ မြန်မာနိုင်ငံအတွက် ၂၀၁၅ ဈေးနှုန်းများကတော့ တောနယ်ဘက်မှာ ၄၀ x ၆၀ ပေ မြေကွက်ကို တလ ၂သိန်း ကနေ ၃သိန်း ဈေးပေါက်ပါတယ်။ တိုက်အမိုးပေါ်တင်တာမျိုးတော့ တလ ၅သိန်းလောက် ဈေးပေါက်ပါတယ်။
ကန်ထရိုက်စာချုပ်အရ မြေပိုင်ရှင်က မငှားလိုတော့ဘူးဆိုရင် ကုမ္ပဏီက ရော်ကြေးတောင်းပါတယ်။ ကုမ္ပဏီက မငှားတော့ဘူးဆိုရင် တာဝါတိုင်ဖျက်မပေးပဲ ဒီအတိုင်းထားလိုက်လို့ မြေပိုင်ရှင်နဲ့ ပတ်ဝန်းကျင်တွေ စိတ်ပျက်ရပါတယ်။
တာဝါတိုင် အေးဂျင့်များက ပေါက်ဈေးထက် နည်းအောင် မြေပိုင်ရှင်ကို စည်းရုံးနိုင်ရင် အေးဂျင့်ကို တာဝါတိုင်ကုမ္ပဏီက ဘောနပ် (ဆုကြေး) အပိုပေးပါတယ်။
တာဝါတိုင်ပတ်လည်မှာ လူနေစည်ကားပြီး မိုဘိုင်းဖုန်းအသုံးများရင် မြေငှားခလည်း ဈေးနှုန်းမြင့်ပါတယ်။


တာဝါတိုင်ကို ရောင်းချခြင်း
မိုဘိုင်းဖုန်း ကုမ္ပဏီများ တာဝါတိုင်အော်ပရေးရှင်း အျတွက် ရောင်းချမှုတွေ ရှိပါတယ်။ ၂၀၁၃ မှာ အမေရိကန် AT&T တယ်လီဖုန်းကုမ္ပဏီကြီးက သူတို့ပိုင်တဲ့ တာဝါတိုင်ပေါင်း တသောင်းလောက်ကို ကန်ဒေါ်လာ ၅ ဘီလျှံနဲ့ ရောင်းချဖို့ ကြိုးစားပါတယ်။ ဝယ်သွားတဲ့ ကုမ္ပဏီများထံက ပြန်ငှားမှာပါ။ ငှားခ တနှစ် ကန်ဒေါ်လာ ၃၂၆ သန်း ကုန်မယ်။ ငွေအရင်းအနှီး ဒေါ်လာ ၅ဘီလျှံ တချက်တည်းနဲ့ ရသွားချင်လို့ပါ။
အလားတူ ၂၀၁၂ တုန်းက အမေရိကန် မိုဘိုင်းဖုန်းကုမ္ပဏီ T-Mobile က သူတို့ပိုင်တဲ့ တာဝါတိုင်ပေါင်း ၇၂၀၀ ကို ရောင်းချလိုက်လို့ ကန်ဒေါ်လာ ၂.၄ ဘီလျှံ ရသွားခဲ့ပါတယ်။
တချုက်ကုမ္ပဏီများ လူများက တာဝါတိုင်များကို ဝယ်ယူပြီး ပြန်ငှားစားတဲ့ အလုပ်က တွက်ခြေကိုက်တယ် ယူဆကြတဲ့အတွက် ကုမ္ပဏီကြီးများက အမြတ်ထုတ်ကြခြင်းဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ ဒါမျိုး တာဝါတိုင် ရောင်းချမှုတွေ မရှိသေးပါဘူး။


ကော်နုတ်ချက်ချရရင် ..

တာဝါတိုင်တခုက ဒေါ်လာ ၃သိန်းလောက် တန်တယ်၊ ဒါကို ဝယ်ပြီး ငှားစားရင် ၁၅နှစ်ဆို အရင်းကြေတယ်လို့ .. ဆိုပြီး တာဝါတိုင်ဝယ်ယူ ရင်းနှီးမြှတ်နှံသူများ ပေါ်လာခြင်းကို AT&T နဲ့ T-Mobile မိုဘိုင်းဖုန်း ကုမ္ပဏီကြီးများက အသုံးချသွားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ ဒေါ်လာ ၃သိန်းတန် တာဝါတိုင်ကို တည်ဆောက်ခ ဒေါ်လာ ၄သောင်းနဲ့ ဆောက်ပေးနေကြပါတယ်။ ဆပ်ကွန်း ကုမ္ပဏီ တဆင့်ခံများ ၁၅% ယူနေခြင်း၊ ငွေလဲနှုန်းပြသနာ၊ အထွေထွေ အလုပ်များကြောင့် မိုဘိုင်းဖုန်း ဆောက်လုပ်တဲ့ ကန်ထရိုက်တာများ ၂၀၁၂-၂၀၁၅ အတွင်း အလူးအလဲ ခံရပါတယ်။ အခု ၂၀၁၆ မှာတော့ မိုဘိုင်းတာဝါ ဆောက်ခြင်း ပြသနာ၊ ကုမ္ပဏီလေးများအပေါ် ငွေမပေးပဲ ချန်ထားခြင်း နည်းပါလာပါတယ်။ ကောင်းပါတယ်။

မိုဘိုင်း တာဝါတိုင် တည်ဆောက်ခြင်း ကန်ထရိုက်များ နောက်ထပ် ၃နှစ်လောက်ထိ အမြောက်အများ ရှိနေဦးမျာ ဖြစ်ပါတယ်။


ကမ္ဘာ့  နိုင်ငံများ တာဝါတိုင်ဥပဒေအရ မိမိအိမ်ဘေး မိမိရပ်ရွာ တာဝါတိုင် ဆောက်မယ်ဆိုရင် မိမိမြို့နယ်အုပ်ချုပ်ရေး အဖွဲ့ဆုံးဖြတ်ချက်ကို တာဝါတိုင် ကော်မတီက လိုက်နာရပါတယ်။
မြန်မာနိုင်ငံမှာတော့ မိုဘိုင်းဖုန်း တာဝါတိုင်များကို ရပ်ကွက်က မကျေနပ်လို့ ဖျက်သိမ်းပေးဖို့ ပြသနာဖြစ်နေကြပေမဲ့ မြန်မာအစိုးရ အတည်ပြုထားတဲ့ ပြည်ထောင်စုအဆင့် စာချုပ်ဥပဒေမှာ နိုင်ငံတော်စီးပွားရေး လို့ သတ်မှတ်ကာကွယ်ပေးထားပါတယ်။
ဒါဟာ ကြေးနီတောင်စီမံကိန်းလို တဖက်သတ် စာချုပ်ဖြစ်တယ်။ အစိုးရဖက်က ပြည်သူကို အကာကွယ်ပေးတဲ့အနေနဲ့ ဘေးအိမ်တွေ သဘောတူ လက်မှတ်ထိုးရင် ရပ်ကွက်အုပ်ချုပ်ရေးမှုး လက်မှတ်ထိုးမယ်။ ဒါဆို စည်ပင်ပါမစ် ကျပြီး အမြန်ဆောက်မယ်။ လျှပ်စစ်ဆူညံသံ ပြိုကျမလား ကျန်းမာရေးထိခိုက်မလား ရပ်ကွက်က စိုးရိမ်လာပြီး ကန့်ကွက်စာတင်လဲ မလွယ်တော့ပါဘူး။
တာဝါတိုင်ဖြတ်သိမ်း ရပ်တံ့ဖို့ ဆောင်ရွက်ချက်ကို နိုင်ငံတော်စီးပွားရေး ဖျက်မှြုောက်တယ် ဆိုပြီး တာဝါတိုင် အေးဂျင့်တွေက ခြိမ်းခြောက်သလို ပြောချင်ပါတယ်။ ကန်ထရိုက်တာ တွေကလည်း ပြည်သူလူထု ဆက်သွယ်ရေး ကောင်းဖို့ပါ ဘာ ညာ နဲ့ လေပြေသွေးပါတယ်။

အစိုးရ ကူညီမည်လား
ဒီမေးခွန်းရဲ့ အဖြေကတော့ . ကူညီချင်ပါတယ်။ ဒါပေမဲ့ ငါတို့ဖက်ကလည်း ခက်တယ်ကွ။ တနိုင်ငံလုံး တာဝါတိုင် သောင်းနဲ့ချီရှိတာ ဘေးအိမ်နဲ့ လူမှုရေးအဆင်မပြေတိုင်း ကန့်ကွက်နေရင် အစိုးရအခက်ကြုံတော့မှာပေါ့။ ကိုယ့် ဒေသအစိုးရက ရပ်ဖို့ ဆုံးဖြတ်ရင် ကုမဏီကလည်း ရပ်ပေးမှာပါ. .တဲ့။

အကောင်းဆုံးကန့်ကွက်စာ
ကျန်းမာရေး အကြောင်းပြ ကန့်ကွက်နည်းကလဲ မနိတ်လှပါဘူး။ အကောင်းဆုံး နိုင်ငံတကာက ကန့်ကွက်နည်းကတော့ . .
''' တာဝါတိုင်ကြောင့် မိမိ အိမ်ခြံမြေ ရောင်းမရ ငှားမရ ရလျှင်လဲ ဈေးကျသွားမည် ဖြစ်သောကြောင့် အလွန်နစ်နာရပါသဖြင့် တာဝါတိုင် ဖယ်ရှားပေးပါရန် . .'''
ဒီနည်းနဲ့ပဲ နိုင်ငံတကာက တာဝါတိုင် မိမိအိမ်အနား ဆောက်ခြင်းကို ကန့်ကွက်ကြကြောင်းပါခင်ဗျား။


*****

မိုဘိုင်းအော်ပရေတာများ
၂၀၁၄ နောက်ပိုင်းမှာ ဂျပန်ကုမ္ပဏီ KDDI နဲ့ ဆူမစ်တိုမို တို့က အမ်ပီတီကို အများပိုင်ကုမ္ပဏီဖြစ်ဖို့ ရင်းနှီးမြှတ်နှံ ဝယ်ယူလိုက်ကြပါတယ်။ ဘယ်လိုအကျိုးအမြတ် ခွဲဝေယူကြသလဲ ဆိုတာတော့ စာချုပ်စာတန်းများရှိမှာပါ။ သေချာတာကတော့ လက်ပတောင်းကြေးနီ၊ ရွှေဓါတ်ငွေ့ စတဲ့ တရုပ်စီးပွားရေးစာချုပ်များလို တဖက်သတ် ဝိသမမဟုတ်မှာ သေချာပါတယ်။ ဂျပန်ကုမ္ပဏီများကလည်း သူတို့အကျိုးစီးပွားအတွက် လာရောက်ရင်းနှီးမြှတ်နှံပေမဲ့ တရုပ်ဝိသမ ကုမ္ပဏီများလို့ "ရေတို - တနပ်စား" မလုပ်ကြပါဘူး။ "ရေရှည် နှစ်ဦးအကျိုးတူ" လုပ်ကြပါတယ်။ မြန်မာနိုင်ငံ လောပိတ လျှပ်စစ်ဓါတ်အားစက်ရုံကြီးက ပုံသက်သေဖြစ်ပါတယ်။ အမ်ပီတီ ကို ဆူမစ်တိုမို ဝယ်လိုက်ပြီး၊ ကော်မာရှယ် ရုံးမှာဆို ဂျပန်တွေချည်းပဲ ..လို့ ပြောကြတယ်။ ထားပါတော့။
ပထမဆုံး အော်ပရေတာကတော့ ပြိုင်ဖက်မရှိ အမ်ပီတီ ပါပဲ။ ဒုတိယ အော်ပရေတာကတော့ တယ်လီနောက ဈေးကွက်အပိုင်ရဖို့ လိုင်စင်ကြေး ဒေါ်လာသန်းပေါင်း ၁၀၅၀ အကုန်ခံပြီး .. ပြိုင်ဖက် အော်ရီဒူး အရင် တနှစ် စောပြီးလုပ်ကိုင်ခွင့်ရပါတယ်။ အော်ရီဒူးကတော့ ဒေါ်လာသန်း၅၀၀ လိုင်စင်ကြေးပေးရပါတယ်။ ဒါကြောင့် ဈေးကွက်မှာ ၂၅% အထိ နေရာရထားပါတယ်။ အော်ရီဒူးကတော့ ၁၀% လောက်ပဲ ဈေးကွက်ရပါတယ်။ အမ်ပီတီကတော့ ၆၀ရာနှုန်းနဲ့ အမြင့်ဆုံး ဖြစ်ပေမဲ့ နောက်ဆုံး စစ်တပ်စီးပွားပွားအော်ပရေတာကို ရှယ်ယာပေးရမဲ့ သဘောဖြစ်နေပါတယ်။ စတ္တုထ အော်ပရေတာ ကတော ဗီယက်နမ်စစ်တပ်နဲ့ မြန်မာစစ်တပ် ၂ခုပေါင်းထားတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ဈေးကွက်နောက်ကျလို့ ဒေါ်လာသန်း၃၀၀ပဲ ပေးရပါတယ်။
မိုဘိုင်းဖုန်း ကုမ္ပဏီများရဲ့ တာဝါတိုင်နဲ့ အခြေစိုက်စခန်းများ မြန်မာပြည်အနှံ တည်ဆောက်ရာမှာ တဆင့်ခံ ကန်ထရိုက်တာအကြီးစားများကို တာဝါတိုင်မြောက်များစွာ တလုံးတခဲ တည်ဆောက်ခွင့်ပေးပါတယ်။


လုပ်ငန်းရှင်လေးများအတွက် ...
တယ်လီနော ထုတ်ပြန်ချက်အရ တယ်လီနောမှာ တာဝါတိုင်ပေါင်း ၆၈၀၀ ကျော် ရှိနေပါတယ်။ အလားတူ အော်ရီဒူး မှာလည်း မြောက်များစွာရှိပြီး အများဆုံးကတော့ အမ်ပီတီ ဖြစ်ပါတယ်။ အမ်ပီတီ Myanmar Post & Telecom ကတော့ အစိုးရပိုင် ဝန်ကြီးဌာနဖြစ်တဲ့အတွက် အကြီးဆုံးနက်ဝပ် ပိုင်ဆိုင်ထားပေမဲ့ အရည်အသွေးမရှိတဲ့အတွက် ပြည်သူလူထု မနှစ်သက်သော်လည်း နေရာတကာမှာ လိုင်းရရှိတဲ့အတွက် ဒါပဲသုံးစွဲနေရပါတယ်။

Writer: နေမျိုးထွန်း ဆောင်းပါး ...
edotco တာဝါတိုင် ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံတွင် လာမည့်သုံးနှစ်အတွင်း တာဝါတိုင် ၅၀၀၀ အထိ တည်ဆောက်ရန် ရည်မှန်းထားပြီး ဒေါ်လာ သန်း ၂၀၀ ရင်းနှီးမြှုပ်နှံမည်
ElevenMedia Published on Thu, 01/14/2016 - 17:57
ဇန်န၀ါရီ ၁၄ ရက်က ပြုလုပ်သည့် edotco တာဝါတိုင် တည်ဆောက်ရေး ကုမ္ပဏီရှင်းလင်းပွဲကို တွေ့ရစဉ်
edotco တာဝါတိုင်ကုမ္ပဏီ အနေဖြင့် မြန်မာနိုင်ငံတွင် လာမည့်သုံးနှစ်အတွင်း တာဝါတိုင်ပေါင်း ၅၀၀၀ အထိ တည်ဆောက်သွားရန် ရည်မှန်းထားပြီး လာမည့်ငါးနှစ်အတွင်း ဒေါ်လာ သန်း ၂၀၀ ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း သတင်းရရှိသည်။
edotco တာဝါတိုင် တည်ဆောက်ရေး ကုမ္ပဏီ မိတ်ဆက်ရှင်းလင်းပွဲကို ဇန်န၀ါရီ ၁၄ ရက်က Park Royal ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ edotco အနေဖြင့် ပြည်တွင်းမှ Yoma Strategic Holdings Ltd နှင့် ပူးပေါင်း၍ လုပ်ငန်းများ ဆောင်ရွက်သွားမည်ဟု သိရသည်။
“ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံမှာ အရည်အသွေးမြင့် ဆက်သွယ်ရေးကွန်ရက်ကို တည်ဆောက်သွားမှာပါ။ သဘာဝသယံဇာတကို မထိခိုက်စေတဲ့ စွမ်းအင်ထုတ်ယူ အသုံးပြုမှု နည်းပညာတွေ၊ နောက်ဆုံးပေါ် စောင့်ကြည့်လေ့လာရေး နည်းပညာဝန်ဆောင်မှု ဖြစ်တဲ့ echo နဲ့ စီမံခန့်ခွဲမှုစနစ် စတဲ့ ရေရှည်တည်တံ့ပြီး အရည်အသွေး ကောင်းမွန်တဲ့ ၀န်ဆောင်မှုတွေကို ပေးသွားမှာဖြစ်ပါတယ်” ဟု edotco ၏ အမှုဆောင်အရာရှိချုပ် Suresh Sidhu က ပြောကြားသည်။
edotco ကုမ္ပဏီမှာ Axiata က အပြည့်အ၀ ပိုင်ဆိုင်ပြီး ကိုယ်ပိုင်စီမံခန့်ခွဲ လည်ပတ်သည့် ဆက်သွယ်ရေး အခြေခံ အဆောက်အအုံ တည်ဆောက်သော လုပ်ငန်းခွဲတစ်ခုအဖြစ် ၂၀၁၂ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည်။ edotco သည် အာရှဒေသတွင်း စီမံကိန်းနေရာ မျှဝေအသုံးပြုခြင်း၊ တည်ဆောက်ငှားရမ်းခြင်း၊ စွမ်းအင်၊ ထုတ်လွှင့်မှု၊ လုပ်ငန်းလည်ပတ်မှုနှင့် လုပ်ငန်းထိန်းသိမ်းမှု စသည့် ပြီးပြည့်စုံသော ၀န်ဆောင်မှုများကို ဆောင်ရွက်လျက်ရှိသည်။
edotco အနေဖြင့် မလေးရှား၊ ဘင်္ဂလား ဒေ့ရှ်၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာနှင့် ပါကစ္စတန် စသည့်နိုင်ငံပေါင်း ငါးနိုင်ငံတွင် တာဝါတိုင်ပေါင်း ၁၅၀၀၀ ဖြန့်ကြက်လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။
ပြည်တွင်း၌ လက်ရှိ တာဝါတိုင်ပေါင်း ၇၉၀၀ ကျော်ရှိပြီး ၂၀၂၄ နှစ်ကုန်တွင် တာဝါတိုင်ပေါင်း ၂၉၀၀၀ ကျော်ရှိလာမည့် ပြည်တွင်းတာဝါတိုင် ဈေးကွက်၏ ကြီးမားသည့် ဖွံ့ဖြိုးတိုးတက်မှု အလားအလာမှ အကျိုးအမြတ် ရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
edotco က Digicel တည်ဆောက်ခဲ့သော အူရီဒူးအတွက် တာဝါတိုင် ၁၂၅၀ ကို လွှဲပြောင်းရယူခဲ့ပြီး လာမည့်ကာလအတွင်း တယ်လီနော၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် စတုတ္ထမြောက် ဆက်သွယ်ရေး အော်ပရေတာတို့ အတွက်ပါ တာဝါတိုင်များတည် ဆောက်ပေးမည် ဖြစ်ကြောင်း သိရသည်။
မလေးရှားနိုင်ငံ အခြေစိုက် Axiata Group Berhad (Axiata) ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သော edotco Group (edotco) သည် စင်ကာပူနိုင်ငံ အခြေစိုက် Digicel Asian Holdings Pte.Ltd. (DAH) မှတစ်ဆင့် Myanmar Tower Company Ltd (MTC) ၏ စတော့ရှယ်ယာ ၇၅ ရာခိုင်နှုန်းခန့်ကို ၂၀၁၅ ဒီဇင်ဘာလအတွင်း အပြီးသတ် ၀ယ်ယူပြီးစီးခဲ့ကြောင်း သိရသည်။

ဇာနီကြီး October 2, 2016
*********************


Reference Links..
ဆက်လက်ဖတ်လိုသူများအတွက် လင့် (ဝီကီ)
https://en.wikipedia.org/wiki/Telecommunications_lease
Blog
https://goo.gl/VA0gpG (မြန်မာဘာသာ ဝက်ဆိုဒ်)


No comments:

Post a Comment