Thursday, August 4, 2016

၁၀တန်းအောင် အင်/ယာ သားသမီးများ ပညာချွန်ဆုပေးပွဲ 2016


နှစ်စဉ်ကျင်းပနေကျ ၁၀တန်းအောင် အင်/ယာ သားသမီးများ ပညာချွန်ဆုပေးပွဲ စာရင်းပေးပါရန်။ ၂၇.၈.၂၀၁၆ စနေနေ့ မွန်းလွဲ၁ - ၅ နာရီ ရန်ကုန်စက်မှုတက္ကသိုလ်စုဝေးခန်းမမှာကျင်းပပါမယ်။ 
.
စာရင်းပေးရန်
ဦးနွဲ့ဝင်း ၅၀၁၀၃၉၇
ဦးခင်မောင်လွင်(ကြက်တော) ၅၀၀၄၁၈၉
ဒေါ်မြဝင်း ၅၁၀၂၃၇၃
ဒေါ်ခင်စန္ဒာလွန်း ၅၀၀၀၇၃၅
ဒေါ်ကေသီလွင် ၇၃၀၀၉၂၉၂
ဒေါ်မြင့်မြင့်ရီ ၅၁၀၂၄၅၄
ဦးမျိုးနိုင် ၅၁၄၄၂၂၄
ဦအောင်မြင့် ၅၁၈၂၄၅၅
ဦဇေိာနိုင် ၅၀၁၈၃၁၆
နံပါတ်ရှေ့ ၀၉ ထည့်ပါ။
.
ဂုဏ်ထူးမပါလဲ တန်းတူချီးမြှင့်ပေးပါတယ်။

ကာတွန်း - အင်ဂျင်နီယာ MEC လက်မှတ်


ကျောက်မီးသွေး ဒါတ်အားထုတ်စက် Coal Power


ဦးဝင်းထိန်ဦး post ကိုဖတ်ပြီးတော့ရေးလိုက်တာပါ။
ကျွန်တော်တို့တစ်ခါက coal power တွေအကြောင်းငြင်းကြပါတယ် အပြင်က postမှာ ဒီgroup မှာမဟုတ်ဘူး ဦးမော်သန်းထွေး ဦးဆန်းလွင် ဦးဝင်းကျော် ကိုလိုင်ဦး ဒေါ်အေးကြည် ဦးဖြူ ဒီလူတွေအကုန်ပါတယ် ဒါဆိုစဉ်းစားကြည့်ပါ ဘယ်လောက်ငြင်းကြမလဲ ပြင်းထန်လာတာက pro coal တွေဟာ နိုင်ငံထဲကို စက်အစုတ်တွေသွင်းဘော်ချက်ဖို့နည်းပညာမျက်နာဖုံးစွပ်ပွဲစားတွေလို့ပြောတဲ့အထိဖြစ်လာတယ် pro-coal တွေကလဲ anti coal တွေကို ပြန်ပြောတာပါပဲ စိတ်မဆိုးကြပါဘူး အစပေါ်လာရင်ငြင်းကြတာပဲ စိတ်မဆိုးကြပါ ဒီလိုပဲငြင်းကြတာပါပဲ စိတ်မပူကြပါနဲ့ အပြင်မှာလဲငြင်းဖို့ကောင်းတဲ့ post တွေရှိပါတယ်
ဒါနဲ့စကားမစပ်ပြောရဦးမယ် MES ရဲ့ business arm အနေနဲ့ consulting company က QA QC ကို gov project တွေကိုင်မယ်ပြောပါတယ် ကိုတင်လတ်ရှိနေတော့ COI ကို ကောင်းကောင်းကိုင်မယ်ထင်ပါတယ်



Moe Aung MES ကနေ Consultancy Firm ထောင်တာကောင်းပါတယ်။ ဒါမျိုးတွေ Int'l မှာ လုပ်နေကြတာပါ။ နမူနာတစ်ခု ပြောပါ့မယ်၊ တိုက်ဆိုင်ရင် လေ့လာအသုံးပြုနိုင်အောင်ပါ။
Australia National University (ANU) မှာ ANUE ဆိုတဲ့ profit seek business wing တစ်ခုရှိပါတယ်။ ANUE က funding ရှာပါတယ်။ ရလာတဲ့ funding ကိုသုံးပြီး တက္ကသိုလ်က ပညာရှင်တွေ နဲ့ ပြင်ပ ပညာရှင်တွေကို အသုံးပြုပြီး project implementation လုပ်ပါတယ်။ more or less reasearch related တွေပါ။ တစ်ခြားတက္ကသိုလ်တွေအတွက် capacity building နဲ့ ပြည်ပ ကျောင်းသားတွေအတွက် ပညာသင် funding လည်းရှာပါတယ်။
MES အနေနဲ့ မိမိအသင်းဝင်တွေအတွက်လည်း job opportunity ဖြစ်စေပါ။ ဒါပေမယ့် လက်သင့်ရာ စားတော်မခေါ်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားရမှာပါ။
နောကဆုံးတော့ transprancy နဲ့ enthic ပါဘဲ

Sewage System ရန်ကုန်ရေမြောင်းစနစ်



သိတ်တတ်သိနားလည်လို့တော့မဟုတ်ပါ။
GG ထဲရှာဖတ်ထားတာမျှဝေပါတယ်။
2040 မှ ရန်ကုန် မြို့တော် sewage system က လက်ရှိလူဦးရေနဲ့ သဟဇာတ စောဆုံးဖြစ်နိုင်ချေရှိတယ်လို့ နားလည်ပါတယ်။
အခုကတော့ ကိုလိုနီလက်ထက်က မူလလက်ဟောင်းကြီး သုံးတဲ့နေရာမြိ့ထဲနဲ့ အခြားနေရာအချို့ဘဲရှိနေပြီး အများစုက specific ug tank တွေပါဘဲ။
စဉ်းစားကြ လူတွေအားလုံးစဉ်းစားကြ
ပိုတတ်သူတွေလည်း သုံးသပ်ကြပါခင်ဗျား။
...........


ကား ပတ်ကင် စည်ပင်ဌာန ယာဉ်ထိန်းရဲ..ကားပိုင်ရှင် Parking and Problem/ Fine ..etc

7Days News
မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသော ယာဉ် အစီးရေသည် ၂၀၁၆ က စတင် များပြားလာကာ ၂၀၁၇ နှစ်စ ဇန်န၀ါရီအထိ စာရင်းများအရ ကားအစီးရေ ၇၇၂, ၇၈၈ စီးအထိ ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
မော်တော်ယာဉ်အပြင် မော် တော်ဆိုင်ကယ်သည် အစီးရေ လေးသန်းကျော်နှင့် သုံးဘီးဆိုင် ကယ် ၇၀,၀၀၀ ကျော်ကိုမှတ်ပုံတင်လိုင်စင် ထုတ်ပေးပြီးဖြစ်သည်။
မှတ်ပုံတင်ထုတ်ပေးထားပြီး ဖြစ်သော ကားအများစုတွင် အိမ် စီးကားပမာဏက အများဆုံးဖြစ် ကာ သုံးပုံနှစ်ပုံသည် ရန်ကုန်မြို့၌ အသုံးပြုနေသော ကားများဖြစ် သည်။ ရန်ကုန်မြို့တွင်ခရီးသည် တင်ယာဉ်ထက် လူစီးယာဉ်အရေ တွက် ပိုမိုများပြားနေပြီးနောက်ပိုင်း၌ လူစီးယာဉ်များ တင်သွင်းခြင်း ကို ထိန်းချုပ်ကန့်သတ်မည့်သဘောရှိကြောင်း မော်တော်ယာဉ် တင် သွင်း ရောင်းချသူများက ခန့်မှန်း ပြောကြားသည်။
.....
http://www.7daydaily.com/story/90250



စည်ပင်ကားကရိန်းတဲ့ တွေ့ဖုးကြားဖူးတာတော့ wheel clamp တွေသုံးတယ် private လမ်း owner တွေလဲ ကိုယ်ပိုင်တဲ့လမ်း ကားလာရပ်ရင် wheel clamp သုံးခွင့်ပြုတာကြားဖှုးတယ်


Zarni Gyi with Win Myint and 9 others.
Car Crane & Ygn Traffic
ကားကြပ်တာတွေ ကားကရိန်းဆွဲ ဒါဏ်ငွေ၇သောင်းနဲ့ ဖြေရှင်းနေတာ စာတင်တိုင်စာပို့ဖို့ လုပ်နေတယ်..ကျနော့်ကား လမ်း၅၀ အနော်ရထာလမ်းထောင့် မနက်၁၀နာရီ ဆွဲခံလိုက်ရလို့..လူ၂၀လောက် မြို့နယ် စည်ပင် နဲ့ ယဉ်ထိန်းရဲ အုပ်ချုပ်ရေးမှုးတွေထိ လိုက်ပြောပါတယ်။
ကားတစီး ဖမ်းဆွဲဖို့ စည်ပင် ယဉ်ထိန်ရဲ ကားဆွဲကုမဏီ ဒဏ်ငွေပေးစနစ် လူတွေ အများဆိုအများကြီး အစီရင်ခံစာ ရီပို့ ဖောင်တင် ရှုပ်ထွေးနေတာ မြန်မာ့နည်းနဲ့လုပ်ကြတော့ မြန်မြန် ပြီးသွားပါတယ်။ လာပ်ပေးစရာမလိုပါ။
ရန်ကုန်မှာ ကားကရိန်းကုမဏီ (တခုပဲ မြေနီကုန်းမှာရှိတယ်)။ ကံဆိုးသူ ကျနော် မဲပေါက်သွားတယ်။
မတရားခံရတာ စာရေးတိုင်မလို့။ ကားကြပ်တဲ့ပြသနာက စည်းကမ်းမလိုက်နာတာပဲ ..ဒီဒါဏ်ငွေတွေ အထက်ပိုင်းက ပရိုဂျက်အကြံဖန်တွေ စည်ပင်က ဘုန်းနေတာ တွေကအစ နာမည်နဲ့ တိုင်မယ်..သတင်းစာရှင်း ဆောင်းပါးရေးဖို့ အခုတော့ ရန်ကုန်လူထု ယဉ်စည်းကမ်းဖောက်တာတွေ (ကိုယ်ကအစ) ချို့ယွင်းချက်ကြောင့် ဆိုတော့လဲ..နောက်ဆုံး ကားကရိန်းဆွဲခ ၅သောင်း စည်ပင်ဒဏ်ကြေး ၂သောင်း ..စုစုပေါင်း ၇သောင်းပဲပေးလိုက်ပါတော့တယ်။ ကားကရိန်ဝန်းခြံမှာ ၆နာရီ သိမ်းထားခ ၁၂၀၀ကျပ် ပါ ပေးရတယ်။
ဆိုင်းဘုတ်မရှိ အမှတ်သားတွေ ဖြူနီ ပျက်နေတာတွေ မရှိပဲ ကားကရိန်းဆွဲယူသွားတာ..လူတယောက်တော့ ရဲစခန်းကို ကားခိုးမှုနဲ့ တရားစွဲလို့ ဒဏ်မဆောင်ရ ကားကိုအိမ်ထိ လာပို့ပေးတယ် ဆိုပဲ..
ရယ်စရာ မြန်မာပြည်.. ဆန်ဖရန်မှာ ကားကရိန်း ဒေါ်လာ ၁ထောင် ဖမ်းခံဖူးသူများကတော့ ၇သောင်း ဒေါ်လာ၇၀ ဘာမမရှိပေမဲ့ ဒီမှာက တရက်လုပ်ခ ၅ထောင်ကျပ် ၁၄ရက်လုပ်စာလေ။
*****
မြို့တွင်း ကားစည်းကမ်းမလိုက်နာတဲ့ကားတွေ ဓါတ်ပုံရိုက် ဝက်ဆိုဒ်မှာကြေငြာ ပညာပေးကာလ ၆လ ကန်ထရိုက် တင်ဒါအကြံပေးပေါ့..ရန်ကုန်.မန်းလေး အမြန်လမ်းမှာ အရှိန်ပိုမောင်းဘတ်စကားတွေ ပညာပေးကာလ ကုန်သွားလို့ ဖမ်ဒဏ်ချတော့မယ် တဲ့။ ရန်ကုန်မြို့တွင်း အမြန်မောင်းနဲ့ စည်းကမ်းမဲ့ ရပ်နားတာတွေ ပညာပေးလုပ်ပြီး ဖမ်းဖို့ မလုပ်ကြပါ။

ရဲနဲ့စည်ပင်ကို အရင်ပညာပေးရမယ်။ ငွေပေးစနစ်လဲ အေတီအမ်မှာပေးလိုက် ပြီးရော..ရှုပ်ထွေးခက်ခဲ ပေပါဝပ်တွေ တုံးတွေ ထုလိုက်ကြတာ...
.
.
ငွေပေး ဖြတ်ပိုင်းတွေ အားလုံး တခုမကျန် ပြန်သိမ်းသွားတယ်။ အစဖြောက်နည်းပေါ့။ ဖြတ်ပိုင်းကို ဓါတ်ပုံရိုက်ထားခွင့် ပေးတော့မဆိုးပါဘူး။ ဝန်ထမ်းအားလုံး အပြောတော့ ချိုသာလို့ တော်ပါသေးတယ်လေ။
အားလုံးစည်းကမ်းမဲ့တွေချည်းပဲ..ကိုယ်ကအစ..ဟားဟား..ကိုဖြိုးတော့ ညတိုင်း ၁၂နာရီအလုပ်လုပ်နေရတယ် ဆိုပဲ..
.
.

ရန်ကုန်မြို့လည် ကားပတ်ကင်ပြသနာ
၁။ နိုင်ငံခြားတွေမှာ ပြည်သူပိုင်နေရာကို ကုမဏီ (သို့မဟုတ်) အစိုးရဌာနက ကားရပ်ဖို့နေရာယူချင်ရင် တန်ဖိုးကြီးမားစွာ ပေးပြီးမှ ဝယ်ရပါတယ်။ ကုမဏီကြီးတွေက ပေးရတာမတန်လို့ အပိုင်မဝယ်ကြပါဘူး။ အစိုးရဌာန ဖြစ်ရင်လည်း ပြည်သူပိုင်လမ်းမပေါ်မှာ ကားပတ်ကင်ကို သူတို့အာဏာနဲ့ ယူလို့မရပါ။ ကားပတ်ဌာန (မြန်မာပြည်ဆို ..စည်ပင်ဌာန) ဆီက ဝယ်ရပါတယ်။
ရန်ကုန်နဲ့ မြန်မာပြည်မြို့ကြီးများမှာတော့ အစိုးရဌာဆိုင်ရာတွေက ဗိုလ်ကျလို့ ရပါတယ်။

အခုဆို ကုမဏီကြီးတွေကလည်း ပြည်သူပိုင်လမ်းက ကားပတ်ကင် နေရာတွေကို အပိုင် ခပ်တည်တည်နဲ့ နေရာယူထားပါတယ်။

ရန်ကုန်လမ်းကြားတွေမှာလည်း ကိုယ့်တိုက်ရှေ့က နေရာကို ကိုယ်မပိုင်ပါဘူး။ ဒါပေမဲ့ လူတွေက ခပ်တည်တည်နဲ့ ထိုင်ခုံချထားပြီး နေ၇ာဦးကြပါတယ်။ လမ်းကော်မတီကလည်း ပြက်ပြက်သားသား ကြေငြာထားပြီးသားပါ။ နေရာ ဦးထားသောကြောင့် ပြသနာဖြစ်ပါက နေရာဦးသူ၏ တာဝန်သာ ဖြစ်သည်။ နေရာဦးခွင့်မရှိပါ...လို့ ဆိုင်းဘုတ်တွေ လမ်းကော်မတီက တင်ထားပေမဲ့လဲ ခပ်တည်တည် နေရာဦးနေကြတာပါပဲ။
.
စည်ပင်ဌာန အလွန်လာဘ်လာဘ များတဲ့ ဌာနဖြစ်လို့ အစိုးရသစ် ၂၀၁၆ မှာ ဘယ်လိုကိုင်တွယ်မလဲ ကြည့်နေရုံမရပါဘူး။ တိုင်သင့်ရင် စာရေးတိုင်ဖို့ လိုပါတယ်။

End...

မြန်မာအင်ဂျင်နီယာများ..Singapore PE တယောက်ဖြစ်အောင်ကြိုးစားမှု့များ


The Trail of a Myanmar Engineer towards Singapore PE
ကိုခင်မောင်လွင်သတိပေးလို့ Engr Group တနှစ်ပြည့်သွားတယ် ဆိုတာသိရတဲ့အချိန်၊ ကိုဝင်းထိန်ဦး၊ ကိုတင်လတ်တို့  ကောင်စီဥပဒေ ကိုကောင်းမွန်အောင်ပြင်ဆင်ဖို့ ကြိုးစားနေတာ အောင်မြင်စပြုနေပြီဆိုတာလည်း သတင်းကောင်းတွေကြားနေရတဲ့အချိန်၊ အမေရိကက နောင်တော်ကြီးကလည်း US PE အကြောင်း ရှင်းပြတဲ့အချိန်၊ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်တော်လည်း သက်ဆိုင်ရာပုဂ္ဂိုလ်များနဲ့ မြန်မာ လူငယ်အင်ဂျင်နီယာတွေသိဖို့ လိုအပ်တယ်ထင်လို့ ဒီပိုစ့်ကိုတင်လိုက်ပါတယ်။ ဗဟုသုတရစေလို့ တဲ့ရည်ရွယ်ချက်သက်သက်ပါ။
Singapore PE တယောက်ဖြစ်အောင်ကြိုးစားမှု့များ (အပိုင်း ၁)
လွန်ခဲ့တဲ့ ၁၅နှစ်ကျော်လောက်က စင်ကာပူမှာPE ဖြစ်အောင်ကြိုးစားမယ် ဆိုရင် ၁) Singapore PE Board ကအသိအမှတ်ပြုတဲ့ တက္ကသိုလ်က Degree ရှိရပါမယ်။ ၂) အဲ့ဒီဘွဲ့ ရပြီး နောက်ပိုင်း လုပ်ငန်းခွင် အတွေ့ အကြုံ အနည်းဆုံး ၁၀ နှစ်ရှိရပါမယ်။ ၃) ထိုအချက် တွေပြည့်စုံရင် PE လျှောက်ခွင့်ရှိပါပြီ။ ၄) လျှောက်လွှာ ကို အသိအမှတ်ပြုရင် Interview ၀င်ရပါတယ်။ ၅) Interview အောင်ရင် PE ဖြစ်ပါပြီ။ဘာစာမေးပွဲမှ ဖြေစရာမလိုပါဘူး။ Singapore PE Board ကလည်း RIT ကဘွဲ့ ကိုအသိအမှတ်မပြုပါဘူး။ (အခုထိအသိအမှတ်မပြုသေးပါ) အဲ့ဒီလို အခြေအနေတွေကြောင့် မြန်မာအင်ဂျင်နီယာတွေ စင်ကာပူမှာ PE ဖြစ်စရာလမ်း လုံးဝမရှိခဲ့ပါ။ ဒါပေမဲ့ ၂၀၀၆ ကစပြီး စနစ်ပြောင်းလိုက်ပါတယ်။ PE လျှောက်တဲ့သူတိုင်း စာမေးပွဲ ၂ခုကို မဖြစ်မနေဖြေဆိုရပါမယ်။ တခုက Fundamentals of Engineering Examination (FEE) နဲ့ နောက်တခုက Practice of Professional Engineering Examination (PPE) ပါ။ နောက်တခုပြောင်းလိုက်တာကတော့ Master Degree ကို NUS / NTU ကရတဲ့သူတွေလည်းဖြေခွင့်ရလာပါတယ်။ အဲ့ဒီအချက်ကြောင့်မိမိ 1st Degree ကို အသိအမှတ်ပြုခြင်းမခံရတဲ့ အင်ဂျင်နီယာတွေ Master Degree ကို NUS / NTUကရရင်ဖြေလို့ ရပါပြီ။ မြန်မာတော်တော် များများဖြေ လို့ ရသွားပါတယ်။ ဖြေခွင့်ရတဲ့သူတွေက စင်ကာပူနိုင်ငံသားဖြစ်စရာမလိုပါဘူး။ PR / EP ကိုင်ထားတဲ့သူအကုန် ဖြေလို့ ရပါတယ်။
စတင်ကြိုးပမ်းခြင်း (FEE Exam ဖြေရန်)
အဲ့ဒီသတင်းကြားတာနဲ့ ကျွန်တော်တို့ သူငယ်ချင်းတွေတိုင်ပင်ပြီး လျှောက်လွှာစတင်ပါတယ်။ လျှောက်လွှာကို Online ကတင်ရပါတယ်။မိမိရခဲ့တဲ့ ဘွဲ့ တွေကို ကျောင်းစတက်တဲ့ရက်နဲ့ နောက်ဆုံး ဘွဲ့ ယူတဲ့ရက်ကို တိတိကျကျဖြည့်ရပါတယ်။ ပြီးတော့ လျှောက်လွှာတင်သွင်းခ ပေးရပါတယ်။ ကျွန်တော်တို့ ဖြေတုန်းက စင်ကာပူဒေါ် လာ ၃၅၀ သွင်းရပါတယ်။ ပြီးရင် ကိုယ့်ဆီကို email ပြန်လာပြီး ဖောင်နဲ့ အတူ သက်ဆိုင်ရာ လက်မှတ်တွေကို တပတ်အတွင်းလူကိုယ်တိုင် လာတင်ဖို့ အကြောင်းကြား ပါတယ်။ တင်ရမဲ့လက်မှတ်တွေမပြည့်စုံရင် လုံးဝ လက်မခံပါ။ တပတ် ကျော်သွားရင်လည်းလက်မခံပါ။ ဖောင်တင်တုန်းမှာအရေးကြီးတဲ့စာရွက် ၂ရွက်လက်မှတ်ထိုးပေးရပါတယ်။ သက်ဆိုင်ရာတက္ကသိုလ်ကို မိမိရ ခဲ့တဲ့ဘွဲ့ တွေဟာ အမှန်အကန်ဖြစ်ကြောင်း ထောက်ခံပေးဖို့ ပါ။ တရွက်ကRIT, နောက်တရွက်က NUS. အဲ့ဒီစာကို သူတို့ ကိုယ်တိုင်ပို့ ပါတယ်။ အဲ့ဒီတက္ကသိုလ်တွေက ပြန်စာမလာမချင်း ဖြေဆိုခွင့်မပေးပါဘူး။ ၅လလောက်ကြာမှ မိမိတင်ထားတဲ့ လျှောက်လွှာကိုအသိအမှတ်ပြုကြောင်းနဲ့  FEE Exam ဖြေနိုင်ကြောင်း ကိုအကြောင်းကြားပါတယ်။ ကျွန်တော့်သူငယ်ချင်းအချို့ ဖြေခွင့်မရပါဘူး။ အကြောင်းကတော့ သူတို့ ရထား တဲ့ Master Degree က Mechanical မဟုတ်ပဲ တခြားဘာသာရပ်ဖြစ်နေလို့ ပါ။ Mechanical PE ဖြေချင်ရင် MSc / ME (Mechanical ) ဖြစ်ရပါ့မယ်။ Building Science ဆိုရင်မရပါ။ Electrical PE ဖြေချင်ရင် MSc / ME (Electrical ) ဖြစ်ရပါ့မယ်။ Mechatronics ဆိုရင်မရပါ။ (ဆက်လက်ရေးသားပါမည်)
Singapore PE တယောက်ဖြစ်အောင်ကြိုးစားမှု့များ (အပိုင်း ၂)
၁) စာစကြည့်ခြင်း
(FEE Exam )Mechanical PE, FEE Exam အတွက် ၆ဘာသာဖြေဆိုရပါတယ်။ အဲ့ဒီဘာသာတွေကတော့ 1. Control & Instrumentations, 2. Dynamics & Vibrations, 3.Fluid Mechanics, 4. Mechanics & Materials, 5. Manufacturing Technology, 6. Thermodynamics & Heat Transfer တို့ ပါ။ ကျောင်းပြီးတာကလည်း ကြာပြီဆိုတော့ အဲ့ဒီဘာသာတွေကိုအချိန်တိုတို အတွင်းမှာပြန်ဖတ်ဖို့ ဆိုတာတော်တော်လေးကိုမလွယ်တဲ့အလုပ်ပါ။ RIT မှာတုန်းကလည်း Control ဆိုတဲ့ဘာသာရပ်မသင်ခဲ့ရလို့ ဘာဆိုဘာမှ မသိပါ။ ကိုယ်လိုလူတွေများနေမယ်ဆိုတာ သိလို့ ထင်ပါတယ်။ The Institute of Engineers Singapore (IES) က သင်တန်းဖွင့်ပေးပါတယ်။ အဲ့ဒီ ၆ ဘာသာစလုံးကို NTU ကဆရာတွေလာသင်ပေးပါတယ်။ စာကို ပြန်နွေးပေးတဲ့သဘောပဲသင်ပေးတာပါ။ သင်တန်းခ စင်ကာပူဒေါ် လာ ၁၄၀၀ ပေးရပါ တယ်။ အလကားမဟုတ်ပါ။ သင်ပေးတာကိုပဲကျေးဇူးတင်ရမှာပါ။ ကိုယ့်ဖာသာကိုယ် ဖတ်လို့ ကတော့ ဘယ်ကစကိုင်ရမှန်းမသိတာအမှန်ပါ။ မေးခွန်းပေါက်မှာစိုးလို့  NTU ကဆရာသင်ပေမဲ့ မေးခွန်းကို NUS ကထုတ်ပါတယ်။ စာကြည့်တာပိုပြီးထိရောက်အောင် ကျွန်တော်တို့ တယောက်ကို တဘာသာ အပိုင်ကြည့်ပါတယ်။ တနင်္ဂနွေနေ့ တိုင်း ဆုံကြပြီး စာဆွေးနွေးကြပါတယ်။ ကိုယ်ကြည့်ထားတဲ့ဘာသာကို အကုန်လုံးကိုပြန်သင်ပေးရပါတယ်။ မရှင်းတာ ရှိလို့ ပြန်မေးရင်လည်းဖြေနိုင်အောင်ကြိုးစားရပါတယ်။ တယောက်တလှည့် စာသင်ပေးရင်းနဲ့ ပဲ ၆ဘာသာစလုံးကို မှတ်မိနားလည်လာပါတယ်။ မလွယ်လှပါဘူး။ အချိန်အတော်ပေးရပါတယ်။ခေါင်းလည်းခြောက်ပါတယ်။ အသက်ကမငယ်တော့လို့ မှတ်ဥာဏ်ကလည်းထင်သလိုမမှတ်နိုင် တော့ပါဘူး။ အလုပ်ကတဖက်နဲ့ ဆိုတော့ တခါတလေ အလုပ်ကstress တွေပါလာရင် စာကြည့်လို့ မရတော့ပါဘူး။
စာမေးပွဲက အပိုင်း ၂ ပိုင်းဖြေရပါတယ်။ မနက်ပိုင်း ၃ နာရီမေးခွန်းက 40 Multiple Choice Questions ပါ။ Multiple Choice ဆိုပေမဲ့ မှန်တာ ကိုရွေးဖို့ အစကနေပြန်တွက်ရပါတယ်။ ထင်ရာရွေးလို့ မရပါ။ တွက်ရမဲ့ Formula လည်း သိမှရပါတယ်။ အချိန်လုံးဝမလောက်ပါဘူး။ တပုဒ်ကို ၃ မိနစ်ပဲရပါတယ်။ ၃မိနစ်ကျော်တာနဲ့ နောက်တပုဒ်ကို ကြိုးစားရ ပါတယ်။ ပြီးတာကပြီး။ ကျန်တာကကျန်နဲ့ ပေါ့။ညနေပိုင်း ၃နာရီမေးခွန်းကတော့ အလွန်မှပင်ခက်ခဲတဲ့ပုစ္ဆာကြီးတွေပါ။ ၇ ပုဒ်မေးထားပြီး ကြိုက်တဲ့ ၅ ပုဒ်ဖြေရပါတယ်။ Control ကလုံးဝမတတ် ကျွမ်းတာကြောင့် လက်လွှတ်ရပါတယ်။ အဲ့တော့ရွေးစရာ ၆ ပုဒ်ပဲရှိပါတော့ တယ်။ ကံဆိုးလို့  Control ၂ ပုဒ် ပါလာရင်တော့ ရွေးစရာမရှိတော့ပါဘူး။ စာမေးပွဲက Open Book ပါ။ ကြိုက်တဲ့စာအုပ်အကုန်ယူနိုင်ပါတယ်။ ဖြေတဲ့သူအကုန်နီးပါး ခရီးဆောင်အိတ် ကြီးတွေနဲ့ လာကြပါတယ်။ ကျွန်တော့်သူငယ်ချင်းဆိုရင် စာအုပ်တွေသပ်သပ် ရပ်ရပ် ထားဖို့ စာအုပ်စင်အသေးလေးတောင်သယ်လာပါတယ်။ သူ့ ကိုအခန်းစောင့်ဆရာတွေက ပြုံးစိစိလုပ်နေပါတယ်။ ကျွန်တော်ဆိုရင် စာအုပ်တွေမတန်တဆထည့်လို့ ခရီးဆောင်အိတ် ဘီးကျိုးသွားပြီး တွန်းမရတာနဲ့  ဒီအတိုင်း မနေရလို့ ချွေးတော်တော်ပြန်သွားပါတယ်။ အိတ်လည်းသုံးမရတော့ပါဘူး။ စာအုပ်ရှာလိုက်၊တွက်လိုက်၊ မှားလို့ ပြန်တွက်လိုက်နဲ့  ၃ နာရီ ခဏလေးကုန်သွားပါတယ်။ ပြီးတာကပြီး၊ မပြီးတာကတန်းလန်းနဲ့ ပဲ အဖြေလွှာ အပ်လိုက်ရပါတယ်။ ၃လ ကျော်တော့ စာမေးပွဲအောင် မအောင် အကြောင်းကြားပါတယ်။ အဲ့ဒီ FEE Exam က Expiry Dateမရှိပါဘူး။ အောင်တဲ့သူတွေ ကတော့ နောက်တဆင့်တက်ဖို့ ကြိုးစားရပြန်ပါတယ်။ နောက်တဆင့်က PPE Exam ဖြေဖို့ ပါ။ (ဆက်လက်ရေးသားပါမည်)
Singapore PE တယောက်ဖြစ်အောင်ကြိုးစားမှု့များ (အပိုင်း ၃)
၂) PPE Exam အတွက်ပြင်ဆင်ခြင်း
ဒီစာမေးပွဲဖြေဖို့ အတွက်လည်း လျှောက်လွှာကို Online ထပ်တင်ရပါတယ်။ အရင် FEE Exam လိုပဲEmail ရပြီး တပတ်အတွင်း လိုအပ်တဲ့စာရွက် စာတမ်းတွေတင်ရပါတယ်။ စာမေးပွဲကြေးက စင်ကာပူဒေါ် လာ ၄၅၀ ပါ။ ဒီတခါတော့ ကိုယ်လုပ်ခဲ့တဲ့ လုပ်ငန်းအတွေ့ အကြုံတွေကို ရေးထားတဲ့ Summary of Post-Graduate Professional Experience စာတမ်းတခုတင်ရပါတယ်။ အဲ့ဒီစာတမ်းကို Singapore PE တယောက်က မှန်ကန်ကြောင်း ဆိုင်းထိုး၊ တံဆိပ်တုံး ထုပေးရပါတယ်။ ကိုယ့်အလုပ်ထဲမှာ PE ရှိရင်ထိုးခိုင်းလို့ လွယ်ကူကောင်းလွယ်ကူမှာပါ။ မရှိရင်တော့ အရင်အလုပ်တူတူလုပ်ဖူးခဲ့တဲ့ PE ကိုပြန်ရှာပြီးထောက်ခံခိုင်းရ ပါတယ်။ ဒီက PE တွေက မသိရင် မခင်ရင် မယုံကြည်ရင် လက်မှတ်ကို လွယ်လွယ်နဲ့ မထိုး ပေးပါ။ လက်မှတ်အထိုးမှားရင် PE အဖြစ်မှရုတ်သိမ်းခြင်း၊ ၆လ ၁ နှစ်တန်သည်အထိ PE လုပ်ခွင့် ရပ်ဆိုင်းထားခြင်း၊အပြစ်ကြီး လို့ ဆိုရင် ထောင်ပါကျနိုင်ကိန်း ရှိပါတယ်။ ဖောင်တင်ပြီး ၂လအကြာမှာ စာမေးပွဲဖြေနိုင်ကြောင်းအကြောင်းကြားပါတယ်။ဒီစာမေးပွဲဟာ Singapore Code of Practice (CP), Singapore Standard (SS), Energy Conservation for Building M&E System, ASME Codes, API Codes, BS Standards, တွေကိုအဓိကထားပြီးမေးပါ တယ်။ CP နဲ့  SS တွေက ACMV, Lifts, Fire Alarm, Escalators & Passenger Conveyors, Energy Efficiency, Safety, Fire Hydrant & Hose Reels, Liquid Oxygen Storage, Steel Wire Rope for Hoisting, Mobile Crane, Storage of flammable Liquids, Water Services, Gas Pipes, Automatic Fire Sprinkler System, Portable Fire Extinguishers, Tower Cranes, Lifting Platforms, တွေနဲ့  သက်ဆိုင်တဲ့ စာအုပ်တွေပါ။ စုစုပေါင်း ၁၇ အုပ်ရှိပါတယ်။ အားလုံးကိုနားလည်အောင်ဖတ်ရှု့ လေ့လာရပါတယ်။ တခြား ASME, API, BS နဲ့ ပတ်သက်တဲ့ စာအုပ်တွေအများကြီးရှိပါသေးတယ်။ အဲ့ဒီစာအုပ်တွေအပြင် BCA, NEA, PUB, MOM, EMA ကထုတ်ထားတဲ့ Codes , Laws တွေလည်းလေ့လာရပါတယ်။ တကယ်မှ အများကြီးပါ။အဲ့ဒီစာအုပ်တွေကို လေ့လာမှတ်သားထားတာက စာမေးပွဲရဲ့ ၃ပုံ ၁ပုံစာ ပဲဖြေလို့ ရပါသေးတယ်။ ကျန်တဲ့အပိုင်းက System Design မေးခွန်းပါ။ ၇ ပုဒ်မေးထားပြီး ၄ပုဒ်ဖြေရပါတယ်။ ACMV Design, Chiller Design, Sprinkler Design, Plumbing & Sanitary Design, Swimming Pools Design, ETTV Design, Pressure Vessel Design, စတဲ့ Mechanical PE သိထားသင့်တဲ့ အပိုင်းတွေ အကုန်မေးပါတယ်။ အဆောင်အဦ အလွတ်တခုကိုပေးထားပြီး Design လုပ်ခိုင်းတာပါ။ တချို့ ကိစ္စတွေကျတော့ ကိုယ်သင့်တော်မဲ့ data တခုကို assume လုပ်ပြီး တွက်ရတာပါ။ အဲ့ဒါကြောင့် အဖြေတိုက်ရင် တယောက်နဲ့ တယောက် အဖြေတူစရာလုံးဝမရှိပါဘူး။ ဘယ်သူမှန်သလဲဆိုတာ စာစစ်တဲ့ သူပဲသိပါတယ်။ အလွန်မှပင် မလွယ်ကူသောစာမေးပွဲပါ။ ၁၀ ယောက်ဖြေ၊ ၄ ယောက်ပဲအောင်တဲ့စာမေးပွဲပါ။ အဲ့ဒီ System Design ကလည်း စာမေးပွဲရဲ့ နောက်ထပ် ၃ပုံ ၁ပုံပဲ ဖြေနိုင်ပါသေးတယ်။အချိန် လုံးဝမလောက်ပါ။အိမ်သာသွားချင်တာတောင် အချိန်ကုန်မှာစိုးလို့ မသွားခဲ့ရပါ။နောက်ထပ်အရေးကြီးတဲ့အပိုင်းကတော့ Professional Conduct and Ethics အပိုင်းပါ။ PE တယောက် လိုက်နာရမဲ့ အချက်တွေ ရှောင်ကျဉ်ရမဲ့အချက်တွေကို အဓိကထားပြီးမေးတာပါ။ အဲ့ဒီအပိုင်းက စာမေးပွဲရဲ့နောက်ထပ် ၃ပုံ ၁ပုံပါ။ စင်ကာပူ ကထုတ်တဲ့ Professional Engineers Act, Professional Engineers (Code of Professional Conduct and Ethics) Rules, Professional Engineers Rules တွေကိုလေ့လာရပါတယ်။ အဲ့ဒါတွေအပြင် PE တွေကိုအရေးယူခဲ့တဲ့ case study တွေပါလေ့လာရပါတယ်။ ဘာကိုချိုးဖောက်လို့ ဘယ်လို အရေးယူခဲ့ပါတယ်။ ဘယ် ပုဒ်မကို ကိုးကားခဲ့ပါတယ်။ ပြစ်ဒဏ်က ဘယ်လောက် စသည်ဖြင့် ပေါ့။ နိုင်ငံတကာက case study တွေလည်း လေ့လာရပါတယ်။စာမေးပွဲက တနေကုန် ၂ ပိုင်းဖြေရပါတယ်။ မနက်ပိုင်း ၂ နာရီမေးခွန်းက Professional Conduct and Ethics အပိုင်းပါ။ အဲ့ဒီအပိုင်းက PE (Mech, Elect, Civil) အကုန်ဖြေရပါတယ်။ အပိုင်း ၂ပိုင်းရှိပါတယ်။ ပထမအပိုင်းက 10 Compulsory Multiple Choice Questions ပါ။ ပေးထားတဲ့အဖြေတွေက တခုနဲ့တခုမတိမ်းမယိမ်းတွေ ပါ။ သေသေချာချာမစဉ်းစားရင် အကုန်မှန်နေတဲ့အဖြေတွေပါ။ နောက်တပိုင်းကတော့ Essay Questions တွေပါ။Problem တခုကိုပေးထားပြီး PE တယောက်အနေနဲ့  ဘယ်လိုဖြေရှင်းမယ်၊ ဘယ်ပုဒ်မတွေကို အသုံးပြုမလဲ၊ ဆိုတာတွေကို Act, Law တွေကိုကိုးကားပြီး အဖြေထုတ်ပေးရပါတယ်။ Essay ပုံစံမျိုးရေးရတာဖြစ်လို့  English Grammar , spellings မှန်အောင်လည်း ဂရုစိုက်ရပါသေးတယ်။ မှားသွားရင် သိပ်မကောင်းပါဘူး။ညနေပိုင်း ၄ နာရီမေးခွန်းကတော့ CP, SS, System Design အပိုင်းတွေပါ။ အားလုံး မေးခွန်း ၈ပုဒ်ပါ။ မေးခွန်း နံပါတ် ၁ က မဖြေမနေရပါ။ CP,SS တွေကိုမေးတာပါ။ မေးခွန်း အတို ၂၀ ကျော်ကို လိုတိုရှင်းဖြေရပါတယ်။ စီကာပတ်ကုံး ရေးနေရင် အချိန်မလောက်ပါ။ကျန်တဲ့ မေးခွန်း ၇ ခုထဲက ကြိုက်တဲ့မေးခွန်း ၄ခုဖြေရပါတယ်။ system design အပိုင်းပါ။ မေးခွန်း ၁ မှာမြန်မြန်ဖြေခဲ့ရင် ဒီအပိုင်းအတွက် အဆင်ပြေပါလိမ့်မယ်။ အချိန်ပို နည်းနည်းထွက်လာတာပါ။ ဒီစာမေးပွဲ လည်း open book ပါပဲ။ ၄နာရီ အချိန်အတွင်းမှာ တွက်လိုက်၊ဖျက်လိုက်၊ ပြန်ပြင်လိုက်နဲ့  အချိန်ကုန်သွား ပြီး အဖြေလွှာကို အပ်လိုက်ရပါတယ်။ အဲ့ဒီ စာမေးပွဲအတွက်နောက်ထပ် ခရီးဆောင်အိတ်တလုံးထပ်ဝယ်လိုက်ရပါတယ်။ စာအုပ်ထည့်ဖို့ ပါ။ဒီစာမေးပွဲက အောင်စာရင်းကို ၂ပိုင်းခွဲထုတ်ပေးပါတယ်။ Professional Conduct and Ethics အပိုင်းနဲ့  system design အပိုင်းပါ။ တပိုင်းအောင်ပြီး နောက်တပိုင်းကျတဲ့သူတွေလည်းရှိပါတယ်။ ကျတဲ့အပိုင်းကိုနောက်တနှစ်မှာပြန်ဖြေရပါတယ်။ ၂ပိုင်းလုံး အောင်မှ နောက်တဆင့် ကိုဆက်တက်လို့ ရပါတယ်။စာမေးပွဲဖြေပြီး ၃လ အကြာမှာအောင်စာရင်းထွက်ပါတယ်။ ၁ပိုင်းအောင်လား၊ ၂ ပိုင်းလုံးအောင်လားဆိုတာတခါတည်း ပါပါတယ်။ အဲ့ဒီစာမေးပွဲက (၂ပိုင်းလုံးအောင်မှ) ၅ နှစ်ခံပါတယ်။ ၅ နှစ်အတွင်းမှာ PE မဖြစ်ဖြစ် အောင် လုပ်ရပါတယ်။ ၅ နှစ်အတွင်းမှာ PE မဖြစ်ခဲ့ဘူးဆိုရင် PPE Exam ကိုပြန်ဖြေရပါတယ်။ PPE Exam အောင်သွားပြီဆိုရင် နောက်တဆင့်ကတော့ Professional Interview ၀င်ဖို့ ပါပဲ။ အရေးကြီးဆုံး အချိန်ကိုရောက်ပါပြီ။ ရေရေလည်လည် အတွယ်ခံရတဲ့ အပိုင်းပါ။ (ဆက်ရေးပါမည်)
Singapore PE တယောက်ဖြစ်အောင်ကြိုးစားမှု့များ (အပိုင်း ၄)
၃) Professional Interview အတွက်ပြင်ဆင်ခြင်း
PPE Exam အောင်တော့ အောင်စာရင်းနဲ့ အတူ စာရွက် ၁ရွက်ပါလာ ပါတယ်။ ရေးထားတာကတော့ “သင်စာမေးပွဲအောင်လို့ ဂုဏ်ယူကြောင်း၊ PE ဖြစ်ဖို့ အတွက် အခုရှိနေတဲ့အရှိန်အတိုင်း ဆက်ကြိုးစား စေလိုကြောင်း၊ သင့်ကို PE တယောက်အဖြစ်နဲ့ မြင်လိုကြောင်း “ စသည်တို့ ပါဝင်ပြီး Singapore PE Board President လက်မှတ်ထိုးထားတာပါ။ ငါတော့ PE ဖြစ်ဖို့ မဝေးတော့ဘူး၊ Interview ၀င်ပြီး ဟိုမေးဒီမေး၊အလာပသလာပပြော၊ လူကြည့်ပြီး ပေးတော့မယ် ထင်ခဲ့တယ်။ တကယ်တမ်း Interview ၀င်တော့မှပဲ ကိုယ်ထင်သလို လွယ်လွယ်မဟုတ်ပါလားဆိုတာသိခဲ့ရပါတယ်။PPE Exam ဖြေတုန်းက တင်ခဲ့တဲ့ Summary of Post-Graduate Professional Experience ထပ်တင်ရပါတယ်။ ဒီတခါတော့အရင် ကထက်စာရင် ပိုအသေးစိတ်ရေးရပါတယ်။ ကိုယ်လုပ်ခဲ့တဲ့ Project မှာ Design လုပ်တာလား၊ Management လုပ်တာလား၊ Decision ချတာလား၊ စုံနေတာပါပဲ။ အဲ့ဒီ စာတမ်းကိုလည်း Singapore PE တယောက်က မှန်ကန်ကြောင်းထောက်ခံပေးရပါတယ်။ပြီးတော့ မိမိရဲ့ အကျင့်စာရိတ္တအတွက် Singapore PE၂ ယောက်က ထောက် ခံစာရေးပေးရပါတယ်။ ကျွန်တော့်ကိုဘယ်တုန်းက သိပါကြောင်း၊ အကျင့်ကောင်းပြီး PE တကယ်ဖြစ်ထိုက်သူဖြစ်ကြောင်း ရေးပြီး စာအိတ်ပိတ်ပြီး တင်ရပါတယ်။နောက်တခုကတော့ Report on Post Graduate Engineering Experience ကိုရေးပြီးတင်ရပါတယ်။ ဘွဲ့ ရပြီးနောက်ပိုင်း ကိုယ်လုပ်ခဲ့တဲ့ Project အကြောင်းရေးရပါတယ်။ Project ၄ ခုထက်မပိုရပါ။ စာလုံးရေ ၂၀၀၀ နဲ့  ၄၀၀၀ ကြားမှာရေးရပါတယ်။ ရေးတဲ့အခါမှာလည်း ကိုယ်ထင်သလို စိတ်ကြိုက်ရေးလို့ မရပါဘူး။ PE Board Guidelines အတိုင်း ၀င်အောင်ရေးရပါတယ်။ ဓါတ်ပုံတွေ၊ Tables , Drawings, Charts, ထည့်သင့်ရင်ထည့်ရပါတယ်။ စာလုံးရေ မနည်းအောင်၊မကျော်အောင်လည်း သတိထားရပါတယ်။Report ပြီးသွားရင် Singapore PE တယောက်ကမှန်ကန်ကြောင်းထောက် ခံပေးရပြန်ပါတယ်။ Summary of Post-Graduate Professional Experience တုန်းက ထောက်ခံပေးခဲ့တဲ့ PE ကပြန်ထောက်ခံပေးရင် အကောင်းဆုံးပါ။ အဲ့ဒီ PE ကဖတ်ပြီး မကြိုက်ရင်ပြန်ရေးပေးရပါတယ်။ သူကိုယ်တိုင်ကလည်း ဘာတွေပြင်သင့်ကြောင်း၊ ဘာတွေကို မထည့်သင့်ကြောင်းပြောပြရင်ကောင်းပါတယ်။ ပြန်ရေးရတာလွယ် သွားတာပေါ့။Report အဆင်ပြေသွားရင်တော့ Interview အတွက် ရက်ချိန်းတောင်း လို့ ရပါပြီ။ လိုအပ်တဲ့ စာရွက် စာတမ်း တွေကို လူကိုယ်တိုင် သွားတင် ရပါတယ်။ လက်ခံတဲ့နေရာက Report ကိုသေသေချာချာ စစ်ပါတယ်။ ဘွဲ့ ရတဲ့နှစ်နဲ့ တိုက်ကြည့်ပြီး Experience နှစ်ကိုတွက်ပါတယ်။ လွဲနေရင် ပြန်ပြင်ခိုင်းပါတယ်။ကျွန်တော်တို့ ကျတော့ RIT က B.E ကိုအသိအမှတ်မပြုတဲ့အတွက် Master Degree ရတဲ့ နှစ်ကစတွက် ရပါတယ်။ အားလုံး အဆင်ပြေပြီဆိုရင် လက်ခံပြီး ရက်ချိန်းကို စာပို့ မယ်ပြောပါတယ်။ Interview အတွက် စင်ကာပူဒေါ် လာ ၃၀၀ ပေးခဲ့ရပါတယ်။တလလောက်အကြာမှ Interview ၀င်ရမဲ့ရက်ကို အကြောင်းကြားပါတယ်။ ပထမဆုံးဆိုတော့ ဘယ်လိုဝတ်ရမယ်၊ ဘာတွေမေးတယ်ဆိုတာ အရင် နှစ်က ၀င်ဖူးတဲ့သူကိုမေးရပါတယ်။ ကျွန်တော်တို့ အရင် PE ဖြစ်သွားတဲ့ မြန်မာ ၂ ယောက်ရှိပါတယ်။ သိလည်းသိ၊ ခင်လည်းခင်တော့ သိချင်တာအကုန်မေးတာပါပဲ။ ကျွန်တော်တို့ က မြန်မာတွေဖြစ်နေလို့ နှိမ်မလားမသိဘူး၊ဆိုတဲ့အတွေးတွေ လည်းပေါ် ခဲ့ပါသေးတယ်။ တကယ်တော့ ဘာမှမဖြစ်ခဲ့ပါဘူး။ ကိုယ်ရေးထားတဲ့ Report ကို စာရွက်မကြည့်ပဲ ပြန်ရှင်းပြရမှာဆိုတော့တယောက်တည်း လေထဲမှာ အခေါက်ခေါက် အခါခါ ပြန်လေ့ကျင့်ရပါတယ်။ တယောက်တည်း စကားပြော နေတာဖြစ်လို့ ဘေးက မသိတဲ့သူဆိုရင် အရူးလို့ ထင်ကောင်းထင်သွားပါ့မယ်။အင်တာဗျူးဝင်ရမဲ့ရက်ကိုရောက်တော့ အကျီင်္လက်ရှည်၊ နက်ကတိုင်စီးပြီး ကိုယ့်အလှည့်ကျတော့ခပ်တည်တည်ပဲအခန်းထဲဝင်သွားပါတယ်။ လက်ဆွဲနှုတ်ဆက်၊ ကျွန်တော့်ရဲ့ IC ကိုစစ်ပြီး တော့စပြီး ပြောခိုင်းပါတော့ တယ်။ ကိုယ်တင်ခဲ့တဲ့ Report ထဲက အကြောင်းအရာတွေကို ၁၀ မိနစ်အတွင်း ပြီးအောင်ပြောရပါတယ်။ လူကြီးတွေကဂရုတစိုက်နားထောင်နေပါတယ်။ Interview Panel မှာ ၀ါရင့် PE ၃ ဦးပါပါတယ်။ တယောက်က Chairman ဖြစ်ပြီး ကျန်တဲ့ ၂ ယောက်က Member ပါ။ ၃ ယောက်ထဲမှာ တယောက်က PE Board Member ဖြစ်ပြီး ကျန်တဲ့ ၂ ယောက်ကတော့ Volunteer တွေပါ။ကျွန်တော်ပြောလို့ ဆုံးသွားတော့ သူတို့ မရှင်းတာတွေ၊ သိချင် တာတွေမေးပါတော့တယ်။ တယောက်ဆီမှာ ကျွန်တော့်ရဲ့ Report တအုပ်စီရှိပြီး အမှတ်အသားလေးတွေလုပ်ထားတာရှိပါတယ်။ သဘောကတော့သူတို့ မေးချင်တာတွေကိုမှတ်ထားတာပါ။ တယောက်မေးတာဖြေလို့ မှမဆုံးသေးဘူး၊ နောက်တယောက်ကထပ် မေးနေပြီ။ ဖြေနိုင်တာတွေရှိသလို မဖြေနိုင်တာတွေလည်းရှိပါတယ်။ Report ထဲမပါတာလည်းမေးတာပဲ။သဘောကတော့ PE တယောက်က အကုန်နီးပါးသိထားရမယ်ဆိုတဲ့သဘောပါ။ မဖြေနိုင်ရင် ပိုပြီးခက်တာ မေးပြီး ချောင်ပိတ်အောင်လုပ်တယ်။ ဒါလေးတောင်မသိဘူးလားဆိုပြီး စိတ်တိုအောင်ဆွတယ်။ စိတ်ကိုစမ်းတာပါ။ သက်သက်ညစ်ပတ် တာမဟုတ်ပါဘူး။ အစအဆုံး မိနစ် ၄၀ လောက်ကြာပါတယ်။ အဲ့ဒီမိနစ် ၄၀ ကတော့ရေရေလည်လည် စိတ်ကျဉ်းကြပ်လှပါတယ်။ ၀ါရင့် PE ၃ ယောက်ရဲ့ပညာစမ်းသပ်ခြင်းကိုလူးလိမ့်အောင်ထောင့်ပေါင်းမျိုးစုံက ခံစားလိုက်ရပါတယ်။ ဖြေပြီးကတည်းကသိလိုက်ပါပြီ။ ငါတော့ သွားပြီလို့ ။ စာမရောက်ခင်ကြားထဲ website မှာ ကိုယ့်နံမည်များ ပါမလားလို့ ဝင်ဝင်ကြည့်မိပါတယ်။ထင်တဲ့အတိုင်းပါပဲ။ ၂ ပတ်အကြာမှာ စာရောက်လာပါတယ်။ စာထဲမှာရေးထားတာက “သင်ရဲ့ Interview ကမအောင်မြင်ကြောင်း၊ လုပ်ငန်းအတွေ့ အကြုံထပ်ယူဖို့ လိုသေးကြောင်း ၊ တနှစ်ကြာတဲ့အခါမှာ ပြန်ပြီး ကျိုးစားနိုင်ကြောင်း” ရေးထားပါတယ်။ စာနဲ့ အတူတူ ပြန်အမ်းငွေ စင်ကာပူဒေါ် လာ ၁၅၀ ချက်လည်းပါလာပါတယ်။ ဘယ်တတ်နိုင်မလဲ။ တနှစ်ထပ်စောင့်ပေါ့။ (ဆက်လက်ရေးပါမည်)
Singapore PE တယောက်ဖြစ်အောင်ကြိုးစားမှု့များ (အပိုင်း ၅)
၎) ဒုတိယအကြိမ် Professional Interview အတွက်ပြင်ဆင်ခြင်းကျွန်တော်တို့ စာအတူတူဖတ်တဲ့အဖွဲ့ ထဲက PPE Exam အောင်လို့  အင်တာဗျုး ၀င်တာ မြန်မာ ၆ ယောက်ပါ။ ၂ ယောက်က တော့ အင်တာဗျုးအောင်ပြီး ကျွန်တော်အပါအ၀င်ကျန်တဲ့ ၄ ယောက်ကတော့ မအောင်ပါ။ အရင်က PE ဖြစ်ပြီးသား ၂ ယောက်နဲ့ ဆိုတော့ မြန်မာ Mechanical PE ၄ ယောက်ဖြစ်လာပါပြီ။ အဲ့ဒီနှစ်မှာပဲ မြန်မာ Civil တယောက်လည်း အင်တာဗျုးအောင်ပြီး PE ဖြစ်လာပါတယ်။ စုစုပေါင်း မြန်မာ PE ၅ ယောက်ရှိလာပါပြီ။အချိန်ကလည်းတဖြေးဖြေး စားလာလိုက်တာ တနှစ်ပြည့်ခါနီးပြီဆိုတော့ အင်တာဗျုး နောက်တခါဝင်ဖို့ ပြင်ဆင်ရပြန်ပါတယ်။ ဒီတခါ အင်တာဗျုး ၀င်ရမှာ ပထမအကြိမ်လောက်တော့စိတ်မလှုပ်ရှားတော့ပါ။ အရေနည်းနည်းထူ သွားတာပါ။ အရင်အတိုင်းလိုအပ်တဲ့စာရွက်စာတမ်းတွေပြင်၊ Report ကိုကောင်းအောင်အသစ်ရေး၊ အမှန်အတိုင်းပြောရမယ် ဆိုရင် ကျွန်တော်ပထမတင်ခဲ့တဲ့ Report က အဆင့်သိပ်မရှိပါ။ အင်တာဗျုးခြင်ဇောနဲ့ ကမန်းကတန်းရေးခဲ့တာပါ။စာသားတွေနဲ့ ဇယားတွေကလည်း ဖတ်ရတဲ့သူအဆင်မပြေလှပါ။ စာတွေကရှေ့ မှာ၊ ဇယားနဲ့  Drawings တွေကနောက်ဆုံးမှာ။Report မှန်ကန်ကြောင်းထောက်ခံပေးမဲ့ PE ကိုလည်း သေသေချာချာ စစ်ပေးဖို့ ပြောထားရပါတယ်။ PE ကလည်းကိုယ့်ထက်ပို တိကျတဲ့သူဖြစ်နေတော့ ၅ခါလောက်ပြန်ရေး လိုက်ရတယ်။ အားလုံးအဆင်ပြေတော့ အင်တာဗျုးရက်အတွက် စာရွက်စာတမ်းတွေသွားတင်ပါတယ်။ စင်ကာပူဒေါ် လာ ၃၀၀ လည်းပေးလိုက်ရပါတယ်။ဒီတခါ အင်တာဗျုးအတွက်တော့ အင်္ကျီ၊ နက်ကတိုင်အသစ်မ၀ယ်တော့ပါဘူး။ အရင်နှစ်က၀တ်ထားတာပဲပြန်ဝတ်တော့မယ်။ ဇနီးက အင်္ကျီဟောင်း ကိုပြန်လျှော်၊ မီးပူတိုက်။ ဘောင်းဘီကတော့တော်တော်လေး ဟောင်းသွားလို့ အသစ်ပြန်ဝယ်၊ ဘိနပ်ကတော့အဟောင်းကိုပဲ ပေါ် လစ်ပြန်တင်ပေါ့။ သပ်သပ်ရပ်ရပ်ကြည့်ကောင်းအောင် ၀တ်ရင်တော်ပြီ။ အ၀တ်အစားကြည့်တာမဟုတ်ပဲ အရည်အချင်းကိုပဲကြည့်တာလေ။ထုံးစံအတိုင်း၂ပတ်လောက်ကြာတော့အင်တာဗျုးရက်ကိုအကြောင်းကြားလာတယ်။ မေတ္တာသုတ်ကိုလည်းနေ့ တိုင်းတောက်လျှောက်ရွတ်တယ်။ သူတို့ တွေကိုနေ့ တိုင်းမေတ္တာပို့ တယ်။ အင်တာဗျူးရက်ရောက်တော့ အပြင်မှာအေးအေးဆေးဆေးထိုင်ပြီး ကိုယ့်အလှည့်စောင့်နေလိုက်တယ်။ ကိုယ့်အလှည့်ရောက်တော့ အခန်းထဲဝင်၊ မိတ်ဆက်ပြီး စပြောတော့ မယ်လည်းဆိုတော့ Chairman က “ မင်းဘာမှပြောစရာမလိုဘူး။ ငါတို့ မင်း Report ကိုအကုန်ဖတ်ပြီးပြီ။ ငါတို့ သိချင်တာပဲဖြေပေးပါ “ ဆိုပြီးစာရွက်အလွတ်တွေနဲ့ ခဲတံတချောင်း ထိုးပေးပြီး မေးပါတော့တယ်။ဒီတခါ Report မှာ ကျွန်တော် လုပ်ခဲ့တဲ့ Project က လူသိနည်းတဲ့ System တခုထည့်ရေးထားလိုက်တယ်။ အဲ့ဒီ System ကို သူတို့  ၃ယောက်စလုံး နားမလည်ကြဘူး။ သူတို့ ၃ယောက်စလုံးက ရိုးသားတဲ့ သူတွေဖြစ်လို့ သူတို့ အဲ့ဒီ System ကိုလုံးဝနားမလည်ဘူးဆိုပြီး ၀န်ခံတယ်။ သူတို့ နားလည်အောင်ရှင်းပြပေးပါဆိုပြီးတောင်းဆိုလာတာပါ။ တော်တော်တော့ထူးဆန်းနေပါပြီ။အမြဲတမ်းအမေးခံခဲ့ရတာ ဒီတခါတော့ ငါဆရာဖြစ်ပြီဆိုပြီးအားရ၀မ်းသာ သူတို့ ကိုရှင်းပြလိုက်တယ်။ ပေးထားတဲ့ စာရွက်ပေါ် မှာခဲတံနဲ့ ကျကျနန ပုံတွေဘာတွေဆွဲပြီး သေသေချာချာရှင်းပြလိုက်ပါတယ်။ အားလုံးငြိမ်ပြီး စိတ်ဝင်တစားနားထောင်နေကြတယ်။ မရှင်းတာရှိရင် ကြားကဖြတ်မေးတယ်။ အင်တာဗျုးနဲ့ မတူတော့ပဲ Group Discussion ပုံစံမျိုး ဖြစ်လာတယ်။ကျွန်တော့်မှာကြောက်စိတ်လုံးဝမရှိတော့ပဲ သူငယ်ချင်းတွေနဲ့ စကားပြောနေသလို ခံစားလာပါတယ်။ ကျွန်တော်ရှင်းပြတာတွေကိုတောင် သူတို့ ၃ ဦး အချင်းချင်း ပြန်ငြင်းနေကြသေးတယ်။ အခြေအနေကတော့ကောင်းနေပါတယ်။ ပြီးတော့ ရေးထားတဲ့ Project တွေထဲက သိချင်တာတွေကို ဟိုမေးဒီမေးနဲ့ ပဲ နာရီဝက်ကြာတော့ မင်းသွားနိုင်ပြီ။ မေးစရာမရှိတော့ဘူးဆိုပြီး အင်တာဗျူး အဆုံးသတ် လိုက်ပါတယ်။ဒီတခါတော့ ငါ PE ရဖို့ သေချာသလောက်ရှိပြီးဆိုပြီး ခံစားလိုက်ရပါတယ်။ Website ကို မကြာခဏ ကြည့်နေရင်း တနေ့ တော့ New PE List Update လုပ်တဲ့ရက်မှာစောင့်ကြည့်နေတုန်း ပထမ Civil PE List တွေတက်လာတယ်။ တော်တော်လေးကြာမှ Electrical PE List ထပ်တက်လာတယ်။ နေ့ လည်ထမင်းစားချိန် အထိ အသစ်ထပ်မတက်ပါ။ ငါတော့ဒီတခါသွားပြန်ပြီလားမသိဘူးဆိုပြီး စိတ်ပျက်စပြုလာပါတယ်။ အဲ့ဒါနဲ့ ပဲ ကိုယ့်အလုပ်ကိုယ်လုပ်နေတုန်း တခါလောက်တော့ထပ်ကြည့်ဦးမှဆိုပြီး ကြည့်လိုက်တော့ ကျွန်တော့်နံမည်က Mechanical PE List ထဲမှာပါနေပြီ။ အချိန်ကုန်ငွေကုန်ပြီး၎ နှစ် ကြာကြိုးစားခဲ့ရတာ အခုတော့အောင်မြင် သွားပြီဆိုပြီး ၀မ်းသာပါတယ်။ ဂုဏ်လည်းယူမိပါတယ်။ မိသားစုနဲ့ အတူတူ စာကြည့်ခဲ့တဲ့ သူငယ်ချင်းတွေကလည်း ၀မ်းသာကြပါတယ်။ ဒုက္ခတွေအတူတူခံ၊ ကိုယ့်အတွက်စိတ်ပူပေးခဲ့ကြတဲ့ ဇနီးနဲ့ သမီးကို လည်းကျေးဇူးတင်မိပါတယ်။ တိုက်ပွဲတခုကို အနိုင်ရပြီး အောင်မြင်စွာ ပြီးဆုံးသွားပါပြီ။ (ဆက်လက်ရေးပါဦးမည်)
Singapore PE တယောက်ဖြစ်အောင်ကြိုးစားမှု့များ ( နောက်ဆံုးုပိုင်း)
၅) PE အသိအမှတ်ပြုလက်မှတ်ပေးပွဲတက်ရောက်ရန်ပြင်ဆင်ခြင်း
နောက်တနေ့ ကျတော့ PE Board ကစာတစောင်အိမ်ကိုရောက်လာပါတယ်။ Mechanical PE အဖြစ်မှတ်တမ်းတင်လိုက်ပြီဖြစ်ကြောင်း၊ Registration Number ကဘယ်လောက်ဖြစ်ကြောင်း၊မိမိအမည်ရှေ့ မှာ “Er.” or “Engr.” ထည့်နိုင်ပြီဖြစ်ကြောင်း၊ မိမိအမည်နောက်တွင် P.Eng ထည့်နိုင် ကြောင်း၊ မိမိအမည်ဖြင့် PE’s seal လုပ်နိုင်ပြီဖြစ်ကြောင်း ( နောက်ဖက်မှာလုပ်ပုံလုပ်နည်း အရွယ်အစား နမူနာတွဲပါပါသည်) ၊ PE အသိအမှတ်ပြုလက်မှတ်ပေးပွဲ (Day of Dedication) ကိုဘယ်နေ့ မှာပြုလုပ်ပါ မည် စသည်ဖြင့် စာထဲမှာဖော်ပြထားပါတယ်။ ကျွန်တော့ကို Professional Engineer Board, Singapore က ၆ ယောက်မြောက် မြန်မာ Mechanical PE အဖြစ် တရားဝင်သတ်မှတ်လိုက်ပါပြီ။နောက်တပတ်ကြာတော့ အိမ်ကိုဖိတ်စာရောက်လာပါတယ်။ လက်မှတ်ပေးပွဲကို Ritz Carlton Hotel, Grand Ballroom မှာကျင်းပမှာဖြစ်ကြောင်း နဲ့ အတူအစီအစဉ်တွေပါဖော်ပြထားပါတယ်။ မိမိနဲ့ အတူတူ ဧည့်သည်တဦးကိုလည်းဖိတ်လို့ ရပါတယ်။ သမီးကိုလည်းအတူတူလိုက်စေချင်တာကြောင့် မိမိဇနီးနှင့်အတူတူ သမီးကိုပါတက်ခွင့်ပြုဖို့ တောင်းဆိုတာကိုခွင့်ပြုပါတယ်။ မိမိအတွက်ကတော့ ပိုက်ဆံပေးစရာမလိုပဲ ဇနီး နဲ့ သမီးအတွက်ပဲပေးရပါတယ်။ ဒီပွဲအတွက်လည်း အ၀တ်အစားအသစ်ထပ်ဝယ်စရာမလိုပဲအင်တာဗျုးမှာဝတ်ခဲ့တဲ့ အ၀တ်အစားတွေပဲပြန်ဝတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ လက်မှတ်ပေးပွဲကို Mr Lee Yi Shyan, Senior Minister of State for Trade and Industry and National Development တက်ရောက်ပြီး ဂုဏ်ပြုစကားပြောပါတယ်။ New PE တွေအကုန်လုံးကို သူကိုယ်တိုင်အသိအမှတ်ပြုလက်မှတ်ပေးပါတယ်။ အဲ့ဒီနေ့ မှာပဲ Professinal Engineer’s Pledge လက်မှတ်မှာ ကိုယ်တိုင်လက်မှတ်ထိုးရပါတယ်။ သဘောကတော့ PE ဖြစ်သွားပြီဖြစ်တဲ့အတွက် PE တယောက် အနေနဲ့ လိုက်နာကျင့်ကြံရမဲ့ ၀တ္တရားတွေကို မသွေမတိမ်း လိုက်နာ ပါ့မယ်လို့ ဂတိပြုလိုက်ခြင်းပါပဲ။ အဲ့ဒီအခမ်းအနားမှာကျွန်တော်တယောက်တည်းကြောင်တိကြောင်တောင်ဖြစ်နေမှာစိုးလို့ အရင်နှစ်တွေကPE ဖြစ်ပြီးသား သူငယ်ချင်း မြန်မာ ၂ ယောက်လိုက်တက်ပေးပါတယ်။ သူတို့ စရိတ်နဲ့ သူတို့ ပါ။တသက်မှာတခါပဲတက်နိုင်တဲ့ပွဲကို မြန်မာလူမျိုးတဦးအနေနဲ့ ဂုဏ်ယူဝင့်ကြွားစွာ တက်နိုင်ခဲ့ပါပြီ။ အဲ့ဒီလိုတက်နိုင်အောင်အတွက် မငြီးမညူ လိုအပ်တာတွေကိုကူညီပေးခဲ့တဲ့ ဇနီးနဲ့ သမီးကိုအထူးကျေးဇူးတင်ပါ တယ်။ နားမလည်တဲ့စာတွေကို စိတ်ရှည်လက်ရှည်ရှင်းပြပေးခဲ့တဲ့ စာအတူကျက် စိတ်တူကိုယ်တူသူငယ်ချင်းများကိုလည်း ကျေးဇူးတင်ပါတယ်။ မိမိရဲ့အရည်အချင်းကို တောက်ပြောင်အောင်ပြုလုပ်ပေးခဲ့တဲ့RIT နှင့် NUS မှဆရာများကိုလည်း ဂါရ၀ပြုပါတယ်။ မိမိရဲ့အရည်အချင်းကိုအသိအမှတ်ပြုပေးခဲ့တဲ့ Professional Engineers Board, Singapore ကိုလည်းကျေးဇူးအထူးတင်ပါတယ်။ မိမိနိုင်ငံရပ်ခြားမှာ အသက်မွေးဝမ်းကျောင်းပြုနိုင်ရန်ခွင့်ပြုတဲ့မြန်မာအစိုးရနဲ့ စင်ကာပူအစိုးရကို လည်းကျေးဇူးတင်ပါတယ်။ မြန်မာလူမျိုးများ ဒီထက်ပိုပြီးအဆင့်မြင့်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
၆) မြန်မာလူမျိုး Singapore PE များ
လက်ရှိအချိန်အထိမြန်မာလူမျိုး Singapore PE ၇ယောက်ရှိပါတယ်။ ထို့ အတူ FEE, PPE Exam တွေ အောင်ပြီးသားသူများလည်းရှိပါတယ်။ အင်တာဗျုး ၁ ကြိမ်ဝင်၊ ၂ ကြိမ်ဝင်ပြီးသားသူများလည်းရှိပါတယ်။ မြန်မာလူမျိုး Singapore PE List ကို Senior အလိုက် ဖော်ပြလိုက်ပါတယ်။ ပထမဆုံး မြန်မာလူမျိုး Singapore PE က ကိုလူမင်းသက်ပါ။
၁) ကိုလူမင်းသက် (Mechanical PE) (95 Jan Batch YIT) ၂) ကိုသူရ၀င်းတင် (Mechanical PE) (93 Batch YIT) ၃) ကိုမိုးကျော်အောင် (Civil PE) (94 Batch YIT) ၄) ကိုကျော်ဟိန်း (Mechanical PE) (91 Batch YIT) ၅) ကိုအောင်ကြွယ်ညွန့်  (Mechanical PE) (95 Sept Batch YIT) ၆) ကိုသွင်ဇော်တိုး (Mechanical PE) (92 Batch YIT) ၇) ကိုသိန်းကျော် (Mechanical PE) (94 Batch YIT)PE
ဖြစ်ပြီးသူများ၊ကြိုးစားနေဆဲသူများအားလုံးသည်ကျွန်တော်ဖြတ်သန်းခဲ့ရသောလမ်းကြောင်းအတိုင်းဖြတ်သန်းခဲ့ကြရသူများဖြစ်ကြပါတယ်။ လွယ်လွယ်နဲ့ ဖြတ်သန်းခဲ့ကြရခြင်းမဟုတ်ပါဘူး။အခက်အခဲပေါင်း များစွာကိုရင်ဆိုင်ခဲ့ကြရပါတယ်။ နောင်လည်းရင်ဆိုင်ရဦးမှာပါ။ကျွန်တော်တို့ စာအတူတူကြည့်ခဲ့ကြတဲ့သူငယ်ချင်းများဟာ အရင်တုန်းက တဦးနဲ့ တဦးသိရုံလောက်ပဲရှိခဲ့ကြပါတယ်။ ခင်တဲ့သူလည်းပါတာပေါ့။ မသိတဲ့သူတွေလည်းပါပါတယ်။ စာမေးပွဲအတွက် အတူတူစာကြည့် တဲ့အချိန်ကစပြီး ခင်သွားကြပါတယ်။ ကိုယ်သိတာကို ပြောပြဖို့ ဝန်မလေးကြပါဘူး။ မသိတာကိုမေးဖို့ လည်း အားမနာကြတော့ဘူး။ကျွန်တော်တို့ အဖွဲ့ အခုချိန်အထိတဦးနဲ့ တဦးအဆက်အသွယ်မပြတ်ကြပါဘူး။တယောက်မသိတာကိုတယောက်ကရှင်းပြနေဆဲပါ။ စည်းလုံးလျှက်ရှိနေကြပါတယ်။
၇) မြန်မာနိုင်ငံ၏ အနာဂတ်
နှစ်ပေါင်းများစွာအဖိနှိပ်အချုပ်ခြယ်ခံခဲ့ရတဲ့မြန်မာနိုင်ငံဟာအခုအချိန်မှာ ပြည်သူကရွေးချယ်ခဲ့တဲ့အစိုးရဦးဆောင်မှု့ နဲ့ တိုင်းပြည်ကိုပြန်လည်ထူထောင်နေပါပြီ။ နိုင်ငံခြားမှ အကူအညီများ၊ ရင်းနှီးမြုပ်နှံမှု့များလည်းလာရောက်တော့ မှာဖြစ်ပါတယ်။ ထိုအကူအညီ၊ ရင်းနှီးမြုပ်နှံမှု့များနဲ့  အတူ ခေတ်မှီနည်းပညာများလည်းပါလာမှာဖြစ်ပါတယ်။ ထိုကဲ့သို့ သောအခြေအနေတခုရောက်ချိန်မှာ PE တယောက်ရဲ့တာဝန်ဟာဘယ်လောက်ကြီးမားပြီး ဘယ်လောက် တန်ဖိုးရှိတယ်ဆိုတာသိလာကြပါလိမ့်မယ်။ အဲ့ဒီလို သိလာတဲ့အချိန်ကျရင် မိမိနဲ့ ပတ်သက်တဲ့ဘာသာရပ်မှာ မတတ်ကျွမ်းသော၊ တာဝန်မခံ ရဲသောPE တွေသူ့ ဖာသာသူ နောက်ဆုတ်သွားပါလိမ့်မယ်။ တတ်ကျွမ်းသော၊ တာဝန်ခံရဲသော PE တွေရှေ့ ကိုရောက်လာပါလိမ့်မယ်။ မြန်မာလူငယ်အင်ဂျင်နီယာများ အနေနဲ့ အချိန်ကိုအကျိုးရှိရှိ အသုံးချပြီးခေတ်မှီပညာများကိုလေ့လာသင့်ပါပြီ။ တတ်ကျွမ်းနားလည်တဲ့ ၀ါရင့်အင်ဂျင်နီယာများကလည်း မိမိတို့ တတ်တဲ့ပညာကိုဖြန့် ဝေသင့်ပါပြီ။ဒေါ် အောင်ဆန်းစုကြည်စင်ကာပူလာတုန်းကပြောခဲ့တဲ့စကားတခွန်းကိုမှတ်မိနေပါသေးတယ်။“ မြန်မာနိုင်ငံတိုးတက်မှ ပြန်လာမယ်လို့ ပြောနေတာထက် ကိုယ့်နိုင်ငံ တိုးတက်အောင် ကိုယ့်ဖာသာကိုယ်ပြန်လာပြီး လုပ်ကြပါလို့ ကျွန်မ တိုက်တွန်းခြင်ပါတယ် “ တဲ့။ကျွန်တော်တို့ အဖွဲ့ လည်းကိုယ်တတ်တဲ့ပညာနဲ့ မြန်မာပြည်တိုးတက်အောင်ကူညီနေပါတယ်။ ထို့ အတူပြည်တွင်းပြည်ပမှ မြန်မာအင်ဂျင်နီယာများလည်း ကိုယ်တတ်နိုင်တဲ့ဖက်ကနေ မြန်မာပြည်တိုးတက်အောင်ကူညီကြပါလို့ တိုက်တွန်းရင်း ကျွန်တော့ဆောင်းပါးကိုအဆုံးသတ်လိုက်ပါတယ်။စာကြွင်း ။ ။ ဒီဆောင်းပါးဟာကျွန်တော်နဲ့ အတူ သူငယ်ချင်းများ ကြုံတွေ့ ခဲ့ရသောအတွေ့ အကြုံများကိုဗဟုသုတရအောင်မျှဝေစေလိုသောစေတနာနဲ့ ရေးခြင်းဖြစ်ပါတယ်။ မည်သည့်အဖွဲ့ အစည်းတခုခု၊ လူပုဂ္ဂိုလ် တဦးဦးကို ရည်ညွှန်းတိုက်ခိုက်ခြင်းမဟုတ်ကြောင်းအသိပေးပါရစေ။

နောက်ကြောင်းပြန်အရေးမယူပါ...စစ်ကိုင်းတံတား၂ခု



Kyaw Zay Ya with Maung Maung Shae Gyi.
‪#‎ကျနော်အခု‬ စစ်ကိုင်းရောက်နေတယ်
ကမ်းနားက ရေတိုးတာကိုသွားကြည့်ရင်းနဲ့ မြန်မာတို့ရဲ့ရှက်စရာ အချက်တစ်ခုကိုသွားတွေ့ရတယ်
အပြစ်တင်တာ အပြစ်စကားပြောတာမဟုတ်ပါဘူးလေ
စစ်ကိုင်းမှာ ဧရာဝတီတံတား(ရတနာပုံ) နှင့် စစ်ကိုင်းတံတား(အင်းဝ) နှစ်စင်းအပြိုင်ဆောက်ထားတာ အားလုံးအသိပဲပါပဲ
အခုဧရာဝတီ မြစ်ရေတိုးချိန်မှာ သံုးထပ္သေဘာၤ နွစ္ထပ္သေဘာၤ နိုင်ငံခြားခရီးသွားဧည့်သည်တွေစီးတဲ့ ဇိမ်ခံသဘောင်္တွေ တံတားရဲ့ ဟိုဘက်ဒီဘက်မှာ ပိတ်မိနေတာပါပဲ တံတားကင်းလွတ်အမြင့်မရှိတော့လို့ပါ ရေက တံတားနဲ့ကပ်နေပြီ
ထူးခြားတာက လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀ ကျော်ကဆောက်ခဲ့တဲ့ စစ်ကိုင်းတံတား(အင်းဝ) က ရှေးအင်္ဂလိပ်တွေ ဘယ်လိုတိုင်းတာ တွက်ချက်ပြီးဆောက်ခဲ့သလဲမသိဘူး အခုစိုးရိမ်ရေမှတ်ထိ တံတားကင်းလွတ်အမြင့်မှာပဲ လွတ်လွတ်ကျွတ်ကျွတ်ရှိနေသေးပြီး မလွတ်တာ ရေမျက်နှာပြင်နဲ့ကပ်ပြီး သဘောင်္တွေပိတ်မိနေတာက အခုနောက်ပိုင်းစစ်အစိုးရခေတ်က ဆောက်တဲ့ ဧရာဝတီတံတား(ရတနာပုံ) ကြောင့်ပါ
ခက်တယ်ဗျာ တံတား၂စင်း ယှဉ်ထိုးထားတယ် လွန်ခဲ့တဲ့ နှစ် ၁၀၀ က အင်္ဂလိပ်ဆောက်တဲ့ တံတားက မြစ်ရေအမြင့်ဆုံးအချိန်မှာ သဘောင်္ကြီးတွေအေးဆေးလွတ်ပြီး အခုနောက်မှ မြန်မာဆောက်တဲ့တံတားက မြစ်ရေပြင်နဲ့ကပ်နေပြီ
စစ်ကိုင်းကမ်းနားကနေသွားကြည့် အရှင်းကြီးမြင်နေရတယ် ရေကျချိန်မှာ မသိသာပေမဲ့ အခုရေတတ်ချိန်မှာ အဘက်ဘက်က ထည့်သွင်းစဉ်းစားမှု့က အဖြေအရှင်းကြီးပေါ်နေတယ် မလိုအပ်ပဲ သဘောင်္တွေပိတ်ပြီး ရေလမ်းစီးပွားရေးတစ်ချို့ထိခိုက်နစ်နာရတယ် ဇိမ်ခံသဘောင်္နဲ့အတူပိတ်မိနေတဲ့ နိုင်ငံခြားသားတွေ ဘယ်လိုသုံးသပ်မလဲတော့မသိဘူး အခု သူတို့ကတော့ စစ်ကိုင်းမြို့ပေါ်မှာ လမ်းသလားနေလေရဲ့
အေးဗျာ အခုလိုတံတားက တားထားတာ တစ်ခုတော့ရှိတာပေါ့ အဘတို့လော့ဂျစ် ကာကွယ်ရေးအမြင် စစ်ရေးအမြင်အရ နိုင်ငံခြားက ကျူးကျော်လာသူ စစ်သဘောင်္ကြီးတွေ အလွယ်တကူဝင်ထွက်မရအောင်တားထားတယ် ထင်ပ နိုင်ငံရဲ့အဲ့ဒီတစ်ခေတ်မှာက ကာကွယ်ရေးအမြင်က စန်းစန်းတင့်ခဲ့တာကိုး....

မြန်မာပြည်က Consultant

Lai Lai Win
စင်ကာပူမှာ အလုပ်စလုပ်ရတဲ့အချိန်တုန်းက Consultant ဆိုတဲ့ စကားလုံးတစ်လုံးအကြောင်း နားမလည်ခဲ့ပါဘူး။
ရန်ကုန်မှာ အလုပ်လုပ်ခဲ့ပေမယ့်လည်း ဆောက်လုပ်ရေးလောကမှာ Consultant ဆိုတာဘာမှန်း ကြားမှမကြားဖူးခဲ့ပဲ။
ပြောပြမယ့်သူလည်း မရှိဘူးလေ။
တစ်နေ့တော့ ကိုယ့်မန်နေဂျာက ခေါ်ပြောတယ်။
နောက်ဆို ဖုန်းကိုင်ရင် ဘယ်ကလဲ၊ ဘယ်သူလဲ သေချာမေးပါ၊ အလုပ်ဝင်ကာစဖြစ်လို့ ဘယ်သူမှန်း မသေချာရင် ငါ့ဆီလွှဲလိုက်ပါ၊ ငါတို့က Nominated Subcontractor ဖြစ်တဲ့အတွက် ဖုန်းဆက်တဲ့သူက Consultant ကဖြစ်နေရင် စိတ်အနှောက်အယှက် ဖြစ်သွားလို့ မဖြစ်ဖူးတဲ့။
အဲ့ဒီကစလို့ Consultant ဆိုတဲ့ စကားလုံး၊ Consultant ဆိုတဲ့ Rank ကို ကိုယ်စိတ်ဝင်စားခဲ့ပါတယ်။
Design Consultant , QS Consultant, Architect Consultant , Project Management Consultant စသည်ဖြင့် Consultant သေးသေး၊ ကြီးကြီး Contractor တွေဟာ လေးစားသမှုနဲ့ ဆက်ဆံကြပါတယ်။
ဘာဖြစ်လို့ အဲ့ဒီလိုဆက်ဆံကြသလဲဆိုတာ ကိုယ်ကိုယ်တိုင် Consultant QS ဖြစ်လာတဲ့အချိန်၊ Conditions of Contract ကို နားလည်လာတဲ့အချိန်ကျမှ သဘောပေါက်ခဲ့ပါတယ်။
Consultant ဆိုတာ PE တွေ Registered Architect တွေ စုဝေးရာ ပတ်ဝန်းကျင်တစ်ခုလို့ အလွယ်ဆိုကြပါစို့။
QS Consultant ဆိုရင်လည်း Professional QS ပေါင်းများစွာ စုဝေးရာ နေရာတစ်ခုဖြစ်တယ်။
သူတို့တွေဟာ Contractor တွေလို အဆောက်အဦးကို တည်ဆောက်ခွင့်ရသူတွေ မဟုတ်ဖူး။
Consultant ဆိုတာ Contractor တည်ဆောက်ထားတဲ့ အဆောက်အဦးတစ်ခု၊ စီမံကိန်းတစ်ခုကို တာဝန်ခံ စစ်ဆေးခွင့် ရသူတွေပါ။
QA, QC , Costing အစစအရာရာကို Consultant တွေက PE တွေ၊ QS တွေ အနေနဲ့ Client ရဲ့ကိုယ်စား စစ်ဆေးကြရပါတယ်။
Client ကိုယ်စား လုပ်ရတဲ့အတွက်၊ Client ဆီက Consultation fees ရထားတဲ့အတွက် Client လိုသမျှ ခေါင်းငြိမ့်မယ့် သူတွေလားလို့ ပြောရင်လည်း မှားပါတယ်။
Consultant သည် Client ထက်ပိုပြီး Technical ကို နားလည်တဲ့သူများ ဖြစ်ကောင်းဖြစ်နိုင်သလို၊ Client အနေနဲ့လည်း ကိုယ့်အဆောက်အအုံကို အရည်အသွေးပြည့်အောင် စစ်ဆေးပေးမှာပါလေ ဆိုတဲ့ ယုံကြည်ချက်နဲ့ အပ်ထားတာမျိုးလည်း ဖြစ်တဲ့အတွက် Consultant PE တွေသည် Technical မျက်နှာ တစ်ခုတည်းသာ သူတို့ရဲ့ ဦးစားပေး ဖြစ်ရပါတယ်။
Conditions of Contract အရလည်း Project တစ်ခုရဲ့ Superintending Officer ရာထူးကို PE သို့မဟုတ် Architect ကို power ပေးထားတဲ့အတွက်လည်း Consultant PE, Consultant Architect ရဲ့ စကားတစ်လုံး၊ လက်မှတ်တစ်ခုရဲ့ အတိမ်အနက်ကို မှန်းဆလို့ရပါတယ်။
ဘာမှ ရှည်ရှည်ဝေးဝေး မစဉ်းစားရင်တောင် Professional ဆိုတဲ့ သူတို့ရဲ့ Title အရ ရွတ်ဆိုခဲ့တဲ့ Ethics ကို စောင့်ထိန်းပြီး ပညာရှင်ဆိုတဲ့ကိုယ့်သိက္ခာကို ကိုယ်စောင့်ရပါတယ်။
ဒါဟာ Contractor တွေဘာလို့ Consultant ကို လေးစားသမှုနဲ့ ဆက်ဆံသလဲ ဆိုတာကို ကိုယ်နားလည်ခဲ့တဲ့ အကြောင်းပါ။
ဒါပေမယ့် Consultant နေရာမှာ နေဖို့ဆိုတာ စီးပွားရေးအရတော့ ကြံ့ကြံ့ခံနိုင်ဖို့ လိုတာပေါ့။
စီမံကိန်းတစ်ခုမှာ Contractor အနေနဲ့ သိန်းပေါင်းထောင်ချီမြတ်နိုင်ပေမယ့် Consultant ဆိုတာ ၀န်ဆောင်ခ စီမံကိန်းတန်ဖိုးရဲ့ ၁ ရာခိုင်နှုန်း ဆိုတာ အများဆုံးပါပဲ။
ဒါကြောင့်လည်း အင်ဂျင်နီယာရယ်လို့ ဖြစ်လာရင် Consultant နဲ့ Contractor ယှဉ်ရွေးကြစတမ်းဆိုရင် Consultant Role ကို ရွေးမယ့်သူ ရှားပါတယ်လို့ ပြောရင် မမှားပါဘူး။
မြန်မာနိုင်ငံဟာ Consultant ဆိုတဲ့ စကားလုံးနဲ့ အရမ်းကို စိမ်းပါသေးတယ်။
အခုနောက်ပိုင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာမှ တစ်ချို့တစ်လေက Consultant Role ကိုနားလည်ကြပါတယ်။
ကိုယ်စာသင်တဲ့အခါ စာစသင်တာနဲ့ Construction Industry မှာ Owner, Developer, Consultant , Main Contractor, Sub-Contractor, Nominated Sub-Contractor, Supplier, Nominated Supplier စသည်ဖြင့် organization တွေရဲ့ role ကို နားရည်ဝအောင် ရှင်းပြရတာ ၁ နာရီကျော်ကြာပါတယ်။
နောက်ဆိုရင် Qualified Person ရဲ့ Role ကို ရှင်းပြရပါဦးမယ်။
PE ချင်းတူရင်တောင် QP ဘယ်သူဖြစ်သလဲ ဆိုတာ ထည့်သွင်း ရှင်းပြရပါဦးမယ်။
ဘာကြောင့်လဲဆိုတော့ Professional Body, Professional Certificate တွေနဲ့ အသားမကျသေးတဲ့ နောင်လာနောက်သား တွေကို PE ရဲ့ တန်ဖိုး၊ PE ရဲ့ ဂုဏ်သိက္ခာ ဆိုတာ လက်မှတ်ထိုးစားဖို့ ဆိုတာမျိုး လွယ်လွယ်မှတ်သွားမှာ ကြောက်ပါတယ်။
စည်ပင်က အင်ယာ အရာရှိဟောင်းတစ်ဦးက ပြောဖူးပါတယ်။
LS ဆိုတာ တကယ်တော့ အဆောက်အဦ ဆောက်လုပ်ခွင့် ပေးထားတဲ့ လက်မှတ်မဟုတ်ဖူး၊ အဆောက်အဦ စစ်ဆေးခွင့်ကို ပေးထားတဲ့ လက်မှတ်တဲ့။
ဒါပေမယ့် အားလုံးက လွဲခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီတဲ့။
ဒီလိုပါပဲ။ PE တွေ၊ RSE တွေမွေးထုတ်လာတဲ့အခါ ကိုယ်တွေက ၀မ်းသာခဲ့ပါတယ်။ အားလည်းပေးခဲ့တယ်။ Consultant ဆိုတဲ့ လမ်းကြောင်းကို ဦးတည်တော့မယ်လို့ နားလည်ခဲ့တယ်။
မျိုးဆက်သစ်တွေဟာ ဒါကို နားလည်ချင်မှ နားလည်ခဲ့လိမ့်မယ်။
ဒါပေမယ့် Consultant ဟာ ပွဲထွက်နောက်ကျလေသလားလို့ ကိုယ်က ယူဆတယ်။
ဘာလို့လဲဆိုတော့ PE, RSE တွေရဲ့ ပထမ ပွဲထွက်ဟာ Consultant မဟုတ်ပဲ Contractor ဖြစ်ခဲ့တဲ့အတွက်ပါ။
Contractor capacity ရှိဖို့ Professional တွေကို Contractor roof ထဲ ထည့်ပေးတာ မပြောလိုပေမယ့် Independent Professional တွေရဲ့ တန်ဖိုး၊ သိက္ခာ တွေက ပြောင်းပြန် ဖြစ်သွားတယ်လို့ ခံစားရပါတယ်။
Client တွေ ရဲ့ PE ကို ချဉ်းကပ်ပုံ၊ Contractor တွေရဲ့ PE ကို ချဉ်းကပ်ပုံဟာ ဇောက်ထိုးဖြစ်သွားတယ်လို့ ဆိုလိုချင်တယ်။
အခုလက်ရှိ အနေအထားမှာ PE , RSE တွေကို ချဉ်းကပ်ခြင်းဟာ ပညာရှင်ကို ချဉ်းကပ်ပုံနဲ့ တူသေးရဲ့လား။
ပိုက်ဆံပုံပေးရင် လက်မှတ်တစ်ခုရတယ် ဆိုတဲ့ အနေအထားကိုတော့ ကိုယ်က ရင်နာတယ်။
လူလုံလောက်တာ၊ မလုံလောက်တာထက် သွားမယ့်လမ်းကြောင်းဟာ Consultant ဖြစ်ရင် သူတို့အတွက် သိက္ခာ ရှိရှိ Consultant လမ်းကြောင်းကို အရင်ဖွင့်ပေးခဲ့သင့်တယ်။
အခုအချိန်မှ Consultant ကိုပြန်လာပါဆိုရင် အားလုံးနီးပါးဟာ Contractor roof ထဲမှာ။
တစ်နေ့တော့ လူမှန်၊ နေရာမှန် ပြန်ရောက်သွားဖို့ ကြိုးစားရဦးမှာပါ။