Sunday, April 23, 2017

ကျွန်တော်သိသော ဗိုလ်ချုပ်မှုးကြီးသန်းရွှေ - စာအုပ်အမြည်း နှင့် ဘဘသန်းရွှေမြေးတဦးပြောပြချက်


ကျွန်တော်သိသော ဗိုလ်ချုပ်မှုးကြီးသန်းရွှေ - စာအုပ်အမြည်း

ရေးသူ-သောင်းဝေဦး (2016 Jan, page 343)
'' စာရေးသူ၏အမှာ
၁'' ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ဖြတ်သန်းလာသော ငယ်ဘဝများ
၂'' ကျွန်တော်နှင့် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ စတင်နွေ့ဆုံခြင်း
၃'' ကျွန်တော်မှတ်မိသမျှ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ၏ ပြောပြချက်များ
၎'' အစိုးရအဖွဲ့အား နေပြည်တော်သို့ ပြောင်းရွှေ့လိုက်ခြင်း
၅'' အနုမြူ ဗုံး လုပ်သည်ဆိုသောကိစ္စ (to forget)
၆'' ဖွဲ့စည်းပုံအခြေခံဥပဒေ
၇'' ထောက်လှမ်းရေးအဖွဲ့ကြီးအား ဖျက်သိမ်းလိုက်ခြင်းအကြောင်း
၈'' မပြီးဆုံးသေးသော ဗိုလ်ချုပ်မှုးကြီးသန်းရွှေ
၉'' မရေးဖြစ်သော ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ပြောပြချက်များ
၁၀" ဗိုလ်ချုပ်မှုးကြီးသန်းရွှေလက်ထက် ထူးခြားချက်များ
၁၁'' ၂၀၀၃ ခုနှစ် ဒီပဲယင်းအရေးအခင်း
၁၂'' ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကြီး
၁၃'' နောက်ဆက်တွဲဖေါ်ပြချက်များ
၁၄'' နိဂုံးချုပ်ဖော်ပြချက်
.
.
ကျွန်တော်သိသော ဗိုလ်ချုပ်မှုးကြီးသန်းရွှေ - စာအုပ်အမြည်း
၂၀၁၆ ဇန္နဝါရီလ စစ်ဗိုလ်ဟောင်းစာရေးဆရာ သောင်းဝေဦး ပြုစုသော စာမျက်နှာ ၃၄၃ ရှိသည် ရောင်စုံဓါတ်ပုံများစွာဖြင့် စာအုပ်ထွက်လာခဲ့သည်။ ပထမ ထွက်လာသောစာအုပ်များကတော့
'' Benedict Rogers's Unmasking The Burma Tyrant's General Than Shwe (မြန်မာပြန်ရှိသည်)။
'' သန်းဝင်းလှိုင်၏ ဦးသန်းရွှေ (သို့မဟုတ်) နေပြည်တော်မင်းသားကြီး
'' တင်ညွန့်၏ ဦးသန်းရွှေ၏ယတြာများ
'' NDD ၏ ကြပ်ပြေးနန်းတွင်းအရှုပ်တော်ပုံများ ...ဖြစ်ကြပါတယ်။
.
.
စာရေးသူ သောင်းဝေဦး ကတော့ အထက်ပါစာအုပ်များဟာ မကောင်းမြင် စာအုပ်များဖြစ်ကြောင်း၊ ဗိုလ်သန်းရွှေနှင့်စကားပင် မပြောဖူးပဲ ရေးထားထားကြောင်း၊ မိမိစာအုပ်သာလျှင် ဗိုလ်သန်းရွှေနှင့် စကားပြောဆိုဖူးသူက ရေးသားထားလို့ ပို၍ပြည့်စုံသောပြီး ပို၍အမှန်တရားနှင့် နီးစပ်သည်ဟု ယူဆကြောင်း၊ ဗိုလ်သန်းရွှေ တပ်မမှုးဖြစ်စဉ်က သောင်းဝေဦး ဗိုလ်မှုးရာထူး ဖြင့် တပ်မမှုးထံ သတင်းပို့ ပထမဆုံး စကားပြောခွင့်ရှိခဲ့ကြောင်း၊ ကျွန်တော့်အမြင်၊ ကျွန်တော့်အတွေး၊ ကျွန်တော့်အသိဖြစ်သောကြောင့် လွတ်လပ်စွာသဘောကွဲလွဲခွင့်ရှိကြောင်း အမှာစာရေးထားပါတယ်။
စာအုပ်မှာ ၂၀၁၅ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အင်အယ်ဒီပါတီ ၈၀% မဲအပြတ်သတ် အနိုင်ရရှိပြီး လွှတ်တော်အသစ်ကာလ၊ အစိုးရသစ် မဖွဲ့စည်းမီ ရေးသားထားသဖြင့် လက်ရှိ ဒေါ်အောင်ဆန်းစုကြည် အစိုးရအပေါ် ဒွိဟရှိနေသော ဦးသန်းရွှေ ဘက်တော်သား၊ စစ်ဗိုလ်ဟောင်းတစ်ဦး ဖြစ်ပုံရသည်။ လက်ရှိ နာမည်ကျော် စာရေးဆရာတစ်ဦးဖြစ်သောကြောင့် သဘောတူညီချက်များစွာနှင့် သဘောကွဲလွဲချက်အချို့ကို တင်ပြပါမယ်။
.
.
သဘောတူညီချက်များ
စာရေးသူ သောင်းဝေဦးသည် စစ်ဗိုလ်ဟောင်း ဖြစ်ပေမဲ့ စာရေးဆရာ အမှန်တရားကို ချစ်မြတ်နိုးသူ ဖြစ်တဲ့အတွက် စစ်အာဏာရှင်စနစ်ကို မနှစ်သက်သူဖြစ်ပါတယ်။ ဒါပေမဲ့ စစ်တပ်ကျေးဇူးကြောင့် အထူးသဖြင့် ရန်ကုန်မြို့တော်စည်ပင်တွင် (၈)နှစ် လုပ်ကိုင်ပြီး လာဘ်စားမှုများစွာကို ကိုယ်တိုင်ပါဝင်ခဲ့သူဖြစ်ပါတယ်။ ဒီ လာဘ်စားမှု အကြောင်းများကို သမ္မတဦးသိန်းစိန်လက်ထက်တွင် ပွင့်လင်းမြင်သာစွာ ဆောင်းပါးရှည်ရေးသားခဲ့ပြီး လူထုကို ဖွင့်ချပေးသူဖြစ်ကြောင်း၊ သူကိုယ်တိုင် အနည်းကျဉ်း လာလ်စားခဲ့ကြောင်း ရေးသားခဲ့ပါတယ်။ စစ်ဗိုလ်ဖြစ်ရသည်ကို အရမ်းဂုဏ်ယူတာကြောင့် စစ်ဖက်မှ အရပ်ဖက်ပြောင်းပြီး ရန်ကုန်မြို့တော်စည်ပင်မှာ အလုပ်လုပ်ချိန် စစ်ယူနီဖောင်းကို ဝတ်ဆင်ရုံးတက်ခွင့် တောင်းခံပြီး ဝတ်ဆင်ခဲ့ပါတယ်။ ဒါ့ကြောင့် ယခု စာအုပ်မှာ ဗိုလ်သန်းရွှေ အကောင်းများနှင့် သူ့အောက်က စစ်ဗိုလ်ကြီးများ မကောင်းသောကြောင့် ဖြစ်သည့်ပုံစံ ရေးထားထားပါတယ်။ ကနဦး စစ်အာဏာရှင် ဗိုလ်နေဝင်းနှင့် တပည့်ကျော် ဗိုလ်ခင်ညွန့်အကြောင်းကိုတော့ သူတို့ဟာ မိမိဆရာသမားများဖြစ်သောကြောင့် မရေးသားပါရစေနှင့် ဟုဆိုပြီး ထောက်လှမ်းရေးအဖွဲ့ကြီးအခန်းမှာ အထူးမရေးတော့ပါ။
အင်အယ်ဒီ အစိုးရအဖွဲ့ကိုတော့ တိုင်းပြည်ကောင်းကြိုး လုပ်နိုင်မည်ဟု အားကိုးရေးသားထားပါတယ်။
.
.
ပညာရေး
တရုပ်ပြည် တိန်ရှောင်ဖိန့် ပြုပြင်ပြောင်းလဲမှုအရ .. ဆန့်ကျင်ဖက်ဖြစ်သူ အမေရိကန်များထံ အောက်ကျနောက်ကျ ခံပြီး တရုပ်လူငယ်များကို ပညာသင်ပေးရန် မေတ္တာရပ်ခံခဲ့သည်။ ၁၉၈၀ တဝိုက်မှ အမေရိကန်သို့ တရုပ်လူငယ်များ သောင်းနှင့်ချီပြီး ပညာသင်လွှတ်သည်။ အဆင့်မြင့်နည်းပညာများ သင်ယူစေပြီး ၁၉၉၀ လောက်တွင် အမေရိကန်မှ တရုပ်ပြည်သို့ ပြန်လာကြသည်။ ထိုပညာတတ်များကို တရုပ်ပြည်ကြီးကို ဆွဲတင်ကြသည်။ ၂၀၀၀ ခုနှစ်တွင် တရုပ်တို့ အလွန်တိုးတက်သွားပြီး စီးပွားရေးသာမက စစ်လက်နက်ဒုံးပျံများလည်း လုပ်တတ်သွားကြောင်း ရေးထားပါသည်။ တရုပ်ကဲ့သို့ မြန်မာများလည်း အမေရိကန်ပညာသင် စေလွှတ်ရပါမည်။
(စကားချပ်။ စစ်ဗိုလ်သားသမီးများက အမေရိကန်ပညာသင်ကြားခွင့်မရသော ၁၉၈၈ နောက်ပိုင်းကာလများတွင် အင်အယ်ဒီခေါင်းဆောင်များ၏ သားသမီးများစွာ အမေရိကန်နိုင်ငံတွင် ပညာသင်ခွင့် ရရှိသွားကြသည်။ ယခုအခါ နိုင်ငံခြားပြန် စစ်ဗိုလ်သားသမီးများထက် အင်အယ်ဒီ သားသမီးများက ပိုများနေပါပြီ။)
ရန်ကုန်မြို့တော်ဝန် ဦးကိုလေး နဲ့ ဗိုလ်သန်းရွှေ စကားပြောတဲ့အခါ ဗိုလ်ချုပ်မှုးကြီးက "ဟေ့ ..မင်းမှ ငရဲကျမှာမဟုတ်ဘူး၊ ငါလည်း ဘာထူးလဲကွ၊ တိုင်ပြည်ခေါင်းဆောင်လုပ်ရတာ ဖမ်းရ၊ ဆီးရ၊ ထောင်ချရ၊ လိုရင် သေဒဏ်ချခိုင်းရနဲ့ ငရဲကြီးတာပါပဲကွာ" .... " မထင်ပါနဲ့မြို့တော်ဝန်ရာ၊ ငါဘာလုပ်လုပ် လူတွေက အကောင်းထင်တဲ့သူ သိပ်မရှိပါဘူး၊ ဘာလုပ်ပေးပေး အကောင်းမမြင်ကြပါဘူးကွာ"..လို့ပြောကြတာကြောင့် ဗိုလ်သန်းရွှေ အမြင်မှန်ရနေမလားလို့ မြင်စရာပါပဲ။ ရယ်စရာရေးထားတာကတော့ ဗိုလ်သန်းရွှေ မကောင်းပြောသူများ စုဝေးပြောဆိုတဲ့အခါ "ကောင်းတာတခုတော့ ရှိပါတယ်" ..ဆိုလို့ ဘာများလဲ မေးကြပါတယ်။ " ကံ ..လေဗျာ၊ ဟဲ ..ဟဲ.. ကံကောင်းလို့ တိုင်းပြည်အုပ်ချုပ်မင်းလုပ်ရတာပေါ့"..ဟု ရေးထားပါတယ်။
ဗိုလ်သန်းရွှေ အုပ်ချုပ်စဉ် ထူးခြားဖြစ်စဉ် (၃)ရပ်ကတော့ ... ဒီပဲယင်းအကြမ်းဖက်မှု၊ သဃာသပိတ်နှိမ်နင်းခြင်း နဲ့ နာဂစ်မုန်တိုင်း ဖြစ်စဉ်များပါ။ ဒီပဲယင်းအကြမ်းဖက်မှုကို ဗိုလ်ခင်ညွန့် နဲ့ ဗိုလ်စိုးဝင်း (ကွယ်လွန်) တို့ရေးသားချက် ပြန်လည်တင်ပြထားပါတယ်။ ဗိုလ်စိုးဝင်း က ဗိုလ်ချုပ်အောင်ဆန်းသမီး ဒေါ်စုကြည် လို့ရေးသားထားတာကို ထပ်မံတင်ပြခြင်းအားဖြင့် ဗိုလ်စိုးဝင်းကို အခုချိန်ထိအောင် သောင်းဝေဦး ထောက်ခံထားသလို ဖြစ်နေပါတယ်။ ဗိုလ်စိုးဝင်းက ဒေါ်စုကြည်ကို အသက်ဘေးမဖြစ်အောင် ကယ်တင်ရင်း အကြမ်းဖက်လုပ်ကြံသလို လူတစ်စုက လုပ်ကြတယ်လို့ ရေးထားပါတယ်။ ဒါကတော့ လုံးဝလက်မခံနိုင်တဲ့ ဆင်ခြေဖြစ်ပါတယ်။ ဒီအကြမ်းဖက် လူစုကို စစ်တပ်နဲ့ရဲတပ်ဖွဲ့များက သိရက်နဲ့ လွှတ်ပေးထားတယ် ဆိုတာ သမိုင်းသက်သေရှိပီးသားပါ။ နိုင်ငံအကြီးကဲ့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ မှာ လုံးဝ ၁၀၀% တာဝန်ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လဲ တနည်းအားဖြင့် ကံကောင်းလွန်းတော့ အသက်မသေပဲ အခုလို နိုင်ငံအကြီးကဲဘဝ ရောက်လာတာပဲ ဝမ်းမြောက်စရာကြီးပါ။
ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည် အောင်မြင်သလဲ လို့ သောင်းဝေဦးအမြင့် အချက် (၅)ချက် ရေးထားပါတယ်။
၁။ ဗိုလ်ချုပ်အောင်ဆန်းသမီး ဖြစ်လို့
၂။ ပြောရဲဆိုရဲ လုပ်ကိုင်ရဲလို့
၃။ အင်္ဂလိပ်စာအထူးကြွမ်းကျင်လို့
၎။ အများအကျိုးသယ်ပိုးလိုစိတ်ရှိလို့
၅။ ဗဟုသုတပြည်စုံလို့ ...ဆိုပြီး ရေးထားပါတယ်။ နံပါတ်(၁) ဗိုလ်ချုပ်သမီး ဖြစ်လို့ နဲ့ နံပါတ်(၄) အများအကျိုး သယ်ပိုးလိုစိတ်ရှိလို့ ..ဆိုတာတွေက ဟုတ်သလိုရှိပေမဲ့ ကျန်တဲ့အချက်တွေ ပြောရဲဆိုရဲရှိခြင်း၊ အင်္ဂလိပ်စာအထူးကြွမ်းကျင်ခြင်း၊ ဗဟုသုတပြည့်စုံခြင်း ..တွေကတော့ ဒီလိုလူတွေ အများကြီးပါပဲ။
 .
တကယ်တော့ ...အရေးကြီးဆုံး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရည်အချင်းကတော့ "မေတ္တာနဲ့သစ္စာ အလွန်ပြည့်ဝလှကြောင်း" ဖြစ်ပါတယ်။ ပြည်သူလူထုအတွက် အသက်ပေးရမလား အချိန်မရွေး ဆိုတဲ့ထိအောင် ကိုယ်ကျိုးစွန့်လွှတ်သူဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် လုပ်ဆောင်ရမဲ့အချက် (၉)ချက်ကိုလည်း သောင်းဝေဦး ရေးသားထားပါတယ်။ နံပါတ်(၈) အချက်က တပ်မတော်နဲ့ဆက်ဆံရေးကောင်းအောင် လုပ်ရမယ်လို့ ရေးထားပါတယ်။ အမှန်တကယ်ကတော့ ဒီအချက်က နံပါတ်(၁) ဖြစ်ရမှာပါ။ တပ်မတော်ဟာ ခပ်တည်တည်နဲ့ နိုင်ငံတော်အာဏာကို ထိန်းချုပ်ထားပါတယ်။ နောက်တဖန် စစ်အာဏာသိမ်းတာမျိုး မဖြစ်အောင်..တချိန်မှာ တပ်မတော်က လွှတ်တော်က ထွက်ခွာမှာပါလို့ ..သူ့အမြင်ရေးထားပါတယ်။
.
.
ရွေးကောက်ပွဲ အင်အယ်ဒီ အပြတ်သတ် ၈၀%နိုင်ခြင်း
.
ဒီအကြောင်းကို စာရေးသူ သောင်းဝေဦး နှစ်သက်တဲ့ စာရေးဆရာများရဲ့ ဆောင်းပါးများကို စုစည်းဖေါ်ပြထားပါတယ်။ ဒေါက်တာအောင်မျိုး၊ ဦးလှဝင်း(လေသူရဲ)။ ကျော်ဇောလင်း၊ ဇေယျာသူ၊ ပွင့်ဇင်မော်ဟိန်း (နေရွှေသွေးအောင်အကြောင်း)၊ နှင်းမော်ဦး၊ အောင်ဇေ ၊ နိုင်လင်း၊ ဒေါက်တာရန်မျိုးသိမ်း၊ ဇော်သက်ထွေး ..တို့ရဲ့ ဆောင်းပါးများ စုစုပေါင်း စာမျက်နှာ ၁၃၀ လောက် ဖော်ပြထားပါတယ်။ စာရေးသူ သောင်းဝေဦး အမြင်ကတော့ မမျှော်လင့်ပဲ အင်အယ်ဒီအပြတ်သတ် နိုင်သွားပေမဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ တဖန်ပြန်လာမယ် ဆိုပဲ။ (စကားချပ်။ မဖြစ်နိုင်တော့ပါ။ ကြံခိုင်ရေးပါတီနဲ့တပ်မတော်တို့ ဖြစ်ရပ်မှန်ကို လက်ခံပြီး အင်အယ်ဒီနဲ့ပြည်သူများရဲ့ ဒီမိုကရေစီနိုင်ငံတော်ကို အနည်းဆုံး နောက် ၁၀နှစ်အထိ လက်ခံရပါတော့မယ်)။
.
တိုင်းရင်းသားတွေရဲ့ အင်အယ်ဒီပါတီ အပြက်သတ်အနိုင်ရရှိမှုကို စိုးရိမ်ခြင်းအကြောင်း နိုင်လင်း - ရေးသားတဲ့ဆောင်းပါးကို တင်ပြထားပါတယ်။ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးမှုများက တဆင့် တိုင်းရင်းသား လက်နက်ကိုင်များနဲ့ ငြိမ်းချမ်းရေးရဖို့ အကောင်းမြင် ရေးသားထားပါတယ်။
.
ရယ်စရာအဖြစ် သမ္မတဦးသိန်းစိန် လက်ထက်က ဝန်ကြီးနဲ့အစိုးရလူကြီးများ ပြောစကားများကို စုစည်းရေးထားပါတယ်။
- နယ်တကာလှည့်ပြီး ပါးရိုက်ရဲတယ်ကွ
- အကြွေးကျေဖို့ဆိုရင် ထမင်းတနပ်လျှော့စား
- တနေ့ ငွေ၂၀၀၀ နဲ့လောက်အောင်သုံး
- ဆိုက်ကားသမားလည်း သန်းကြွယ်သူဌေးဖြစ်နိုင်တယ်
- အိုဘားမား နှစ်ခါလာတော့ နှစ်ခါအနမ်းခံရတာပေါ့
- မီးပြတ်ရင် ဖယောင်းတိုင်ထွန်းနေပေါ့ ...စတဲ့ ပြောစကားများဖြစ်ပါတယ်။
.
.
မှတ်တမ်းအဖြစ်
ရွေးကောက်ပွဲရလဒ်များ၊ အစိုးရအဖွဲ့အာဏာလွှဲအပ်ခြင်းများကို အချက်လက်များနဲ့ သမိုင်းမှတ်တမ်းစာအုပ်အဖြစ် ရေးသားတင်ပြထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်အယ်ဒီ ရောင်စုံဓါတ်ပုံများစွာကို ဖေါ်ပြပေးထားတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံသလိုလို ရောင်းကောင်းတဲ့စာအုပ်ဖြစ်အောင် ဈေးကွက်ဖေါ်ထားပါတယ်။ ဖြစ်ရပ်မှန်ကတော့ စာရေးသူ သောင်းဝေဦး ရေးတဲ့ ဒီစာအုပ်က ဗိုလ်သန်းရွှေ အကောင်းမြင်စာအုပ်ဖြစ်ပြီး၊ သန်းဝင်းလှိုင်ရဲ့ စာအုပ်ကို ၁၀% တောင် အဆင့်မမှိဘူးလို့ သဘောထားကွဲလွဲလိုက်ပါတယ်။ စာအုပ်ရေးတယ်ဆိုတာ ကိုယ်တိုင် အတူနေဖူးမှ စာအုပ်ကောင်းမဖြစ်ပါ။ အဖက်ဖက်က သုတေသနကောင်းစွာ ပြုစုနိုင်မှသာ သမိုင်းစာအုပ်ကောင်းဖြစ်ပါတယ်။ ဘာပဲဖြစ်ပါစေ... ဗိုလ်သန်းရွှေအတွက် ထောက်ခံရေးသားတဲ့ ဗိုလ်သန်းရွှေကို လေးစားသူတစ်ဦး စာအုပ်ထွက်လာခြင်းကို ကြိုဆိုရပါတယ်။ သမိုင်းဝင် စာအုပ်ကောင်းတော့ မဟုတ်ပါ။ ရောင်းကောင်းတဲ့ စာအုပ်တော့ ဖြစ်နိုင်ပါတယ်။ လွတ်လပ်စွာသဘောကွဲလွဲခွင့်ရှိတယ် ဆိုတဲ့အတွက် ကွဲလွဲချက်အနည်းငယ် မေတ္တာနဲ့ ရေးလိုက်ရပါတယ်။ နောက်နှစ်အနည်းငယ်ကြာရင် ဆရာ သောင်းဝေဦး နဲ့ ကျနော်တို့နှစ်ယောက် တထပ်တည်းသဘောတူလာမယ် မျှော်လင့်ပါတယ်။
.
.
နိဂုံး
သောင်းဝေဦး စာရေးသူရဲ့ ထုတ်ဝေခဲ့တဲ့ စာအုပ်ပေါင်း ၈၅အုပ်မြောက် စာအုပ်ဖြစ်ပါတယ်။ အများအားဖြင့် သောင်းဝေဦး စာအုပ်များက စစ်ပွဲအကြောင်းများဖြစ်ပါတယ်။ သူကိုယ်တိုင် စစ်သားကောင်း၊ စစ်တိုက်မှု ပရောဖက်ရှင်နယ်တစ်ဦးဖြစ်ပါတယ်။
.
စစ်ဗိုလ်များကို အရပ်ဖက်ဆိုင်ရာ ရာထူးများ ပေးတဲ့အခါ နီရေး နဲ့ ချွန်ရေး အကြောင်း ပေါ်လွင်အောင် ရေးသားပြပါတယ်။ စစ်အာဏာရှင်ခေတ်မှာ နီရေး = အလွန်သစ္စာရှိသူ များသာ ရာထူးတက်ကြပါတယ်။ ချွန်ရေး = ထူးချွန်ပညာတတ်သူများ ရာထူးမတက်၊ အလုပ်ဖြုတ်ခံရပါတယ်။ နီရေး = ပထမ၊ ချွန်ရေး = ဒုတိယ ဖြစ်ပါတယ်။
 .
ဗိုလ်ချုပ်မှုးကြီးသန်းရွှေလဲ တပည့်နောက်လိုက် ဖြစ်ချိန်မှာ လုံးဝ နောက်လိုက်ကောင်း ဖြစ်ခဲ့ပါတယ်။ အထက်က ခိုင်းတာ တလုံးမှပြန်မပြောပဲ လုပ်တယ်။ စောဒကတက်မှု မရှိ၊ ထိုးထွင်းဥာဏ်မှ ရှိရဲ့လား လို့အောက်မေ့ရသူများ ရာထူးတက်ကြပါတယ်။ စာရေးသူ သောင်းဝေဦး ကတော့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေက ထိုကဲ့သို့ မဟုတ်ပါဗျာ ..တဲ့။ ဇော်အောင်(မုံရွာ)။
.
(စာအုပ်မထုတ်ဖြစ်သော ဆောင်းပါးပေါင်းချုပ်) LINK..
http://www.slideshare.net/myan…/thanshwewhereareyouapril2012





အချိန်ကျပြီ It's Time (သောင်းဝေဦး)
ကျွန်တော်သိသောဗိုလ်ချုပ်မှုးကြီးသန်းရွှေ စာအုပ် အခန်း(၁၃)
ရွေးကောက်ပွဲကြီး ပြီးသွားပြီ။ မမျှော်လင့်ပဲ NLD ပါတီအကြီးအကျယ်နိုင်ပြီ။ ကြံခိုင်ဖွံ့ဖြိုးရေးပါတီ USDP မရှုမလှ အရေးနိုမ့်သွားသည်။ ကျွန်ုပ်တွေ့ရှိချက်များမှာ
.
.
၁။ လက်ရှိခေါင်းဆောင်များကို ပြည်သူများက ညီးငွေ့သွားခြင်း
၁၉၆၂ ခုနှစ်မှစ၍ စစ်ဗိုလ် စစ်သားများ တိုင်းပြည်အုပ်ချုပ်နေသည်ကို ပြည်သူတွေ မမြင်မတွေ့လိုတော့ပါ။
.
.
၂။ အုပ်ချုပ်မှုလူတန်းစားများ အရင် Mindset ဟောင်းများကိုမပြောင်းလဲနိုင်ခြင်း၊
ဝန်ကြီးဝန်ကလေး အားလုံးသည် စစ်သားလူထွက်များဖြစ်သည်။ အချို့က နယ်လှည့်ပါးရိုက်သူ၊ ထမင်းတနပ်သာစားခိုင်းသူ၊ ဘိုက်သေနပ်မှန်တာကို လှန်ပြသူများ ဖြစ်၏။ ပြည်သူတွေက သည်လိုအပြောတွေ မကြိုက်ကြပါ။
ကျွန်တော်သည် စစ်ယူနီဖောင်းအစိမ်း အနှစ်၄၀ခန့် ၀တ်ခဲ့သည့် ကြည်းတပ်က စစ်သားဖြစ်ခဲ့ပါသည်။ ယခု အငြိမ်းစားယူကာ ၁၀နှစ်ကျော်ခဲ့ပြီ၊ မိသားစု ကိုယ်ပိုင်စီးပွားရေးတခု တည်ထောင်ထားသည်။ ၀န်ထမ်း ယောင်္ကျားလေး ၁၅ယောက်ရှိသည်။ အိမ်မှာနေစရာပေးပြီး ကျွေးမွေးထားသည်။ အားလုံး နယ်ကလာသူများ၊
သူတို့သည် မနက်နေမြင့်မှ အိပ်ယာထသည်။ ညဆို တော်တော်နှင့်မအိပ်၊ နေ့တိုင်းလို အလုပ်ခွင်ဝင်ဖို့ နှိုးရသည်။ ဒါကို ကျနော်က မကြိုက်၊ တန်းစီခိုင်းသည်။ စကားပြောသည်၊ ဆုံးမသည်၊
ဇနီးသည်နှင့် သားသမီးများက မကြိုက်ကြ။
"ကို ဒီလိုလုပ်ရင် အားလုံးပြန်ပြေးကြလိမ့်မယ်"
"ပြေးပြေးပေါ့၊ စည်းကမ်းရှိအောင် လုပ်တာပါ"
စစ်သားလူထွက် ကျနော်က စစ်ပုံနှင့်ပြော၏။
ဇနီးသည်က လက်မခံ။
"နေသာသလိုနေပါ ကိုရယ်၊ မလုပ်ပါနဲ့။ ကို ၀င်မရှုပ်နဲ့"
ဟု အတင်းတားပါသည်။
စစ်ပုံနှင့်အုပ်ချုပ်လို့မရပါခင်ဗျား။ သူတို့ အရပ်ဘက်ပုံစံနှင့် သားရေ၊ ကလေးရေ၊ လူလေးရေ နှင့် ချော့ မော့ ပြီး ခိုင်းရသည်။ သူ့ဟာနှင့်သူတော့ ဟုတ်နေ၏။ အိမ်မှာမဲပုံးထောင်ရင် ကျနော် အပြတ်အသတ် အရေးနိုမ့်မှာပါ။ ကျနော် အိမ်ဝင်းထဲ ဘောလုံးကန်တာမကြိုက်ပါ။ ထမင်းစားပြီး ပန်းကန်တွေ ပစ်ထားခဲ့တာလည်း မကြိုက်ပါ။ တယ်လီဖုန်း ခဏ ခဏ လာဆက်တာလည်း မကြိုက်ပါ။ အပြင်ဧည့်သည် အလုပ်ချိန်အတွင်း ခဏခဏ လာတာလည်း မကြိုက်ပါ။ စစ်ပုံစံဖြစ်နေပါသည်။
ဒါတွေပင်လျှင် စစ်သားလူထွက်များ ကြီးစိုးနေသော USDP ၏ အားနည်းချက်ကြီး တခုပါခင်ဗျား။
.
.
၃။ အလုပ်လက်မဲ့ ပေါများခြင်း
နိုင်ငံတွင် ၁၉၆၂ မှစတင်ပြီး ပေါများသည့် အလုပ်လက်မဲ့များ၊ Brain drainage ဦးနောက်ယိုစီးမှု ပညာရှင်များအပါဝင် နိုင်ငံသူ၊ နိုင်ငံသား အတော်များများ ပြင်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်နေရသည်။ ထိုသူအားလုံးလိုလိုက အစိုးရကို အပြစ်မြင်၊ အပြစ်တင်ကြသည်။ NLD ကို မဲထည့်ကြသည်ဟု ဆိုသည်။
.
၎။ ပညာရေးနိုမ့်ကျခြင်း
ပညာရေးမှာလည်း ပြင်ရင်ပြင်ရင်းနှင့် ယခုအချိန်ထိ မတိုးတက်လာခဲ့၊ ကျနော်တို့ခေတ်က ပညာတတ်များ အလုပ်မရှားခဲ့၊ ယခုဘွဲ့ရများကား အလုပ်လက်မဲ့ အလွန်များသည်။ ရရာအလုပ် ၀င်လုပ်ကြသည်။ ပညာရေးက နိုမ့်ကျပြီး ကွာလတီ မမီသူတွေများသည်။ လိုချင်တာမသင်ရ၊ အမှတ်ပေးစနစ်ဖြင့် ရသည့်ဘာသာ သင်ယူကြရသည်။ ၀ါသနာမပါတာတွေ သင်ယူရတော့ ဘယ်မှာ ပညာရေးက တော်လာပါ့မလဲ။ ကျတော် ၀ိဇ္ဖာဘာသာရပ်နှင့် ဘွဲ့ရခဲ့သည်။ ကျနော် သင်ခဲ့ရသော ဘာသာရပ်များကို စစ်ဆေးခံနိုင်ပါသည်။ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သမိုင်း မေးချင်တာမေးပါတော့။ ဖြေနိုင်ပါသည်။ ယခုခေတ်လူတွေ ဒီလိုမဟုတ်တော့၊
.
.
၅။ ထောက်လှမ်းရေးအဖွဲ့အစည်းများ၏ ဒုက္ခပေးမှုများ
တပ်မတော်ကို လူမုန်းသွားရခြင်းမှာ အဓိက ထောက်လှမ်းရေးအဖွဲ့အစည်းများကို လိုသည်ထက်ပို၍ လုပ်ပိုင်ခွင့်ပေးခဲ့ခြင်းကြောင့် ဖြစ်၏။ အာဏာပိုင်များက ဆန့်ကျင်သူမှန်သမျှကို နှိပ်ကွပ်ခိုင်းသည်။ ဒါက ၁၉၆၂ ခုနှစ်က စတင်ခဲ့သည်။ ကြလေ ဆိုးလေနှင့် န၀တ၊ နအဖ အစိုးရလက်ထက်တွင် ပိုလက်သံပြောင်ခဲ့၏။ ၂၀၀၄ ခုနှစ်ထောက်လှန်းရေးအဖွဲ့ကြီး လက်စတုန်းချေမှုန်းခံလိုက်ရမှ သက်သာသွားတော့သည်။ သို့သော် ဒဏ်ရာဒဏ်ချက်များကာ နေရာအနှံ့ ကျန်ခဲ့သည်။ မီဒီယာများက ထောက်လှမ်းရေး အလွန်ဆိုးဝါးကြောင်း၊ ရက်စက်မှုအပေါင်း သရဖူဆောင်းကြောင်း ဖော်ပြခဲ့ကြသည်။
ဤအမွေဆိုးကို USDP ဆက်ခံခဲ့ရသည်။
.
.
၆။ လာဘ်ပေး လာဘ်ယူမှု ထူပြောခြင်း
ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည် လာဘ်ပေးလာဘ်ယူမှု ဒုတိယလိုက်သည်ဟု ဆိုကြသည်။ ၀န်ကြီးဌာနတိုင်း ရှိသည်။ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးပိုင်းက အဆိုးဆုံးဖြစ်သည်။ ဌာနတိုင်းမှာလဲ သူ့ဂွင်နှင့်သူ ရှိသည်။ ရာထူးတက်နှင့် နေရာအရွှေ့အပြောင်း၊ အလုပ်ရရှိရေး၊ တင်ဒါနှင့် လိုင်စင်ရရှိရေး၊ နိုင်ငံခြားသွားရေး၊ ကုန်ကုန်ပြောရလျှင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ထံမှ ထောက်ခံစာ တစောင်အတွက် ငွေ သုံးလေး၊ငါးထောင် ပေးမှ ရသည်။ နောက်ဆုံး သမတကပင် ၃သိန်းအထိ ပေးလို့ရသည်ဟု ခွင့်ပြုရသည်။ မပြုပြင်နိုင်ခဲ့ပါ။ ဒါသည်လည်း USDP ကျဆုံးခန်းဖြစ်သည်။
.
.
၇။ ပြိုင်ဖက်ကို လျှော့တွက်ခြင်း
USDP ကလူများသည် သူတို့ကိုယ်ကို ၂၀% အထက်တော့ ရမည်၊ တပ်မတော်က ၂၅% နှင့်ပေါင်းပြီး ပါတီငယ် ၁ခု၊ ၂ခုနှင့် ပေါင်းပြီး အစိုးရဆက်လုပ်မည်။ NLD ကိုလည်း ၃၀%ထက်တော့ မပိုနိုင်ဟု ပြောဆိုခဲ့ကြသည်။ တကယ် အဖြေထွက်တော့ ကိုယ်က ၁၀%ပင် မပြည့်တော့၊ အပွဲပွဲ နွဲလာခဲ့ပြီး ဤပွဲတွင် USDP အကွဲကြီး ကွဲသွားတော့သည်။ မိုးကျရွှေကိုယ်များကို ပြည်သူက စိတ်ပျက်နေပြီ ဖြစ်သည်။
.
.
၈။ စည်းလုံးညီညွတ်မှုပြိုကွဲခြင်း
USDP အတွင်းလည်း တကယ် ကြက်ရေး၊ ငှက်ရေး ကျမှ စည်းရုံးညီညွတ်မှု ပြိုကွဲခဲ့၏။ ဒါသည် USDP ကျဆုံးခြင်း၏ Immediate Cause ဖြစ်၏။ စောစောက တင်ပြချက်များမှာ Remote Causes များဖြစ်ပါသည်။
.
သောင်းဝေဦး
မြရတနာစာပေး၊ ရန်ကုန်မြို့၊
ဖုန်း ၀၁-၅၇၈၆၇၀၊ ၀၁-၃၇၉၇၇၃
.
.
.
My Notes...
ဗိုလ်ချုပ်မှုးကြီးဦးသန်းရွှေ (ဗိုလ်သန်းရွှေ) ရဲ့ မြေးတယောက်နဲ့ စကားပြောတော့ ဘဘသန်း နဲ့ အဖွားဒေါ်ကြိုင်ကြိုင်တို့ ကြီးမားလှတဲ့ ဆွေမျိုးအသိုင်းအ၀ိုင်းမှာ အနည်းအကျဉ်းပဲရှိတဲ့ ခရစ်ယန်မျိုးတွေအကြောင်း မေးခဲ့ပါတယ်။ သောင်းဝေဦး စာအုပ်ကတော့ မျှတစွာရေးသားထားတာကို တွေ့ရပါတယ်။ သေချာတခုတော့ ဗိုလ်သန်းရွှေ ဆိုသူက သူလုပ်ချင်တာကို ရအောင်လုပ်တဲ့နေရာမှာ ဒေါ်ကြိုင်ကြိုင်ကိုချစ်ကြိုက်နှစ်သက်ပေမဲ့ မရတော့၊ ဒေါ်ကြိုင်ကြိုင်ကို သြဇာလွမ်းမိုးတဲ့ ဒေါ်ကြိုင်ကြိုင် အစ်မကြီးဆီ ပြေးကပ်၊ လူကြီးတွေ မင်္ဂလာဆောင်ပေးပြီး ရအောင်ယူခဲ့ကြောင်း၊ ဒေါ်ကြိုင်ကြိုင်ဟာ ယခင်ယောင်္ကျားသေသွားလို့ ဆိုတာ မဟုတ်မှန်ကြောင်း၊ ဗိုလ်သန်းရွှေမှာ စိတ်ကောင်းများစွာရှိကြောင်း၊ သူလုပ်ပိုင်ခွင့်ရှိချိန်မှာ သူတို့ကိုကာကွယ်တဲ့ အခြေခံဥပဒေကြီးနဲ့ အာဏာလွှဲသွားကြောင်း၊ နောက်တက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ချက်ချင်းတွေ့ဆုံခဲ့ပြီး သားရွှေအိုးထမ်းလာတာ မြင်ရတော့မယ်လို့ ပြောသွားကြောင်းတွေက သတင်းကောင်းတွေဖြစ်ပါတယ်။




ဘဘသန်း လို့ခေါ်တဲ့ ဗိုလ်သန်းရွှေ ဆွေမျိုး မြေးတစ်ဦးကို ပြောပြချက်များ ဖြစ်ပါတယ်။ 
.
၁။ ဗိုလ်သန်းရွှေ ရဲ့ ဖခင်ကြီးက မြေစာရင်းဌာန၊ အင်စပတ်တာ ဖြစ်ပြီး၊ တင့်သင့်စွာနေထိုင်နိုင်ပါတယ်။ အစ်မ၃ယောက်အပါဝင်၊ ညီအစ်ကိုမောင်နှမများစွာနဲ့ နေထိုင်နေထိုင်ပြီး အင်္ဂလိပ်ပညာသင်နိုင်ခဲ့ပါတယ်။ ဗိုလ်သန်းရွှေ ငယ်စဉ်က စာတိုက်စာရေးလုပ်ခဲ့ပြီး၊ သူ့ကိုစောင့်ရှောက်တဲ့အစ်မကြီးဆီကို ငွေကျပ်၃၀၀ လာကန်တော့ခဲ့လို့ အဲဒီခေတ် ကျေးဇူးသိတတ်တဲ့ ပညာတတ်အဆင့်လို့ ဆိုနိုင်ပါတယ်။ ဗိုလ်သင်တန်းတက်ပြီး စစ်ဗိုလ်ဖြစ်လာတယ်။ အဲဒီအစ်မကြီး အသက်၉၀ ကျော်၊ အခုတော့ ရန်ကုန်မှာပဲ အသက်ရှင်နေဆဲပါ။ ဗိုလ်သန်းရွှေကတော့ နေပြည်တော်မှာ မိန်းမဒေါ်ကြိုင်ကြိုင် နဲ့ မြေးများစွာနဲ့ အေးဆေးစွာ စာဖတ်နေမှာပါ။ 
.
၂ ဒေါ်ကြိုင်ကြိုင် ယောင်္ကျားဟောင်းရှိပြီး သေသွားလို့ ဗိုလ်သန်းရွှေနဲ့ပေးစားခံရတယ် ရေးကြတာမဟုတ်ပါဘူး။ တကယ်တော့ ဒေါ်ကြိုင်ကြိုင်ကို ဗိုလ်သန်းရွှေက ကြိုက်နှစ်သက်ပြီး၊ ဒေါ်ကြိုင်ကြိုင်က မကြိုက်ပါဘူး။ ဒါပေမဲ့ ကိုယ်ကြိုက်တာကို ရအောင်ယူတတ်တဲ့ ဗိုလ်သန်းရွှေက ဒေါ်ကြိုင်ကြိုင်ကို သြဇာလွှမ်းမိုးတဲ့ ဒေါ်ကြိုင်ကြိုင်အစ်မကြီးကို ပြေးကပ်တော့၊ အစ်မကြီးဆွေမျိုးတွေက အနိုင်ထက်လက်ထပ်ပေးခံလိုက်ရတယ်။ နောက်တော့ သားသမီး၈ယောက် မွေးဖွားလာပါတယ်။ ကိုယ့်နေရာကို မြဲအောင် အလုပ်ကြိုးစားတတ်တဲ့ ဗိုလ်သန်းရွှေ တဖြေးဖြေး စင်ပေါ်ရောက်လာခဲ့ပါတယ်။ 
.
၃။ ဗိုလ်သန်းရွှေ ကာ/ချုပ် မဖြစ်ခင်မှာတော့ အနောက်မြောက်တိုင်း တိုင်းမှုး ဗိုလ်ထွန်းကြည် ကပဲ အသိုင်းအ၀ိုင်းကောင်းလွန်း၊ ပေါက်ရောက်လှပါတယ်။ ဒါပေမဲ့ နောက်ပိုင်းတော့ ဗိုလ်နေ၀င်းတပည့် ထောက်လှမ်းရေး ဗိုလ်ခင်ညွန့်တို့ရဲ့ ရှင်းလင်းခြင်းခံရပြီး တိုင်းမှုးအားလုံး ၀န်ကြီးရာထူးနဲ့ စစ်တပ်က ဖယ်ထုတ်ခံရပါတယ်။ အရှေ့ပိုင်းတိုင်းက ဗိုလ်မောင်အေး ပဲ ဒုကာ/ချုပ် ရာထူးရသွားပြီး ဗိုလ်သန်းရွှေရဲ့ သစ္စာခံဖြစ်သွားပါတယ်။ ဗိုလ်ရွှေမန်း၊ ဗိုလ်စိုးဝင်း(ကွယ်လွန်)၊ ဗိုလ်သိန်းစိန် တို့ကို ရာထူးမြှင့်ပေးပြီး တတိယတန်း ရောက်နေတဲ့ ဗိုလ်ခင်ညွန့် ထောက်လှမ်းရေးအကြီးကဲအဖြစ်က ဖယ်ရှားနိုင်ပြီး တဦးတည်းအာဏာရှင် ဖြစ်လာခဲ့ပါတယ်။ 
.
၎။ ဧရာဝတီတိုင်းမှုး ဘ၀ကတည်းက သူ့မှာ အုပ်စုမရှိ၊ တပည့်တပန်းမရှိပဲ နေခဲ့ပါတယ်။ နောက် ဒုကာ/ချုပ်ဖြစ်ပြီး ရန်ကုန်မှာနေထိုင်တဲ့ ၁၉၈၈ နောက်ပိုင်းမှာလည်း သူနေတဲ့အိမ်မှာ စစ်သားတယောက်ပဲ အစောင့်နဲ့နေခဲ့ပါတယ်။ အရေးမပါတဲ့ ကာချုပ် ဗိုလ်စောမောင်၊ ဒုကာ/ချုပ် ဗိုလ်သန်းရွှေ တို့ခေတ်ကာလ အရာရာကို ထောက်လှမ်းရေးအကြီးကဲ ဗိုလ်ခင်ညွန့်ကပဲ နောက်ကွယ်ဝင်သွားတဲ့ စစ်အာဏာရှင်ဗိုလ်နေ၀င်း သစ္စာခံ စစ်အစိုးရဖြစ်ခဲ့ပါတယ်။ ၂၀၀၃ ခုနှစ် ဗိုလ်နေ၀င်းကို ကာ/ချုပ် ဗိုလ်သန်းရွှေတို့က အောင်မြင်စွာ အကျယ်ချုပ် ထိန်းသိမ်းနိုင်ပြီးတဲ့နောက် နောက်တနှစ်မှာ ဗိုလ်ခင်ညွန့်ကိုလဲ ဖယ်ရှား၊ အကျဉ်းချနိုင်ခဲ့ပါတယ်။ 
.
၅။ ဗိုလ်သန်းရွှေ ဖက်က ဆွေမျိုးတွေအားလုံး ဗိုလ်သန်းရွှေက အနားမှာခေါ်မထားပါဘူး။ သူ့အနားမှာ ကာရံထားတဲ့ အတားအဆီးတွေကတော့ သူတို့အသိုင်းအ၀ိုင်း ဦးသောင်း၊ ဦးအောင်သောင်း တို့လို တပည့်တပန်းတွေဖြစ်ပါတယ်။ ဗိုလ်သန်းရွှေ ကာချုပ်ဖြစ်သွားပြီးနောက်ပိုင်း သူ့ဆွေမျိုးတွေနဲ့ အဆက်သွယ်လုံးဝနီးပါး ပြတ်သွားပါတယ်။ ဆွေမျိုးအားလုံးနဲ့ ၂၀၀၀ ခုနှစ်က တကြိမ်တွေ့ဆုံပွဲ လုပ်စဉ်ကလည်း ပြောချင်တာ၊ တောင်းချင်တာ တင်ပြခွင့်မရပါဘူး။ အုပ်စုလိုက် သူတို့စီရင်တဲ့အတိုင်း ထိုင်နားထောင်ပြီး၊ အခြွေအရံများက သီးခြားတွေ့ခွင့် လုံးဝမပေးပါဘူး။ ဒေါ်ကြိုင်ကြိုင် ဆွေမျိုးတွေနဲ့တော့ ပိုမိုနီးစပ်ပါတယ်။ 
.
၆။ ညီအစ်ကိုမောင်နှမ ၈ယေက်မှာတော့ အစ်ကိုကြီး မီးရထားရုံပိုင်ကြီး၊ အဒေါ် ဒေါ်စောဖြူ၊ ဒေါ်စောရီ၊ ဒေါ်စောသီ နာမည်တွေကတော့ လှပါတယ်။ အခုတော့ သူ့သားသမီး၊ မြေးမြစ်တွေနဲ့ပဲ နေပြည်တော်မှာ နေထိုင်ပြီး မြန်မာ့နိုင်ငံရေးကို စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။ 
.
၇။ သူ့တပည့် ဗိုလ်ရွှေမန်းကို အင်တာဗျူးတဲ့အခါ လက်ရှီ စစ်အာဏာရှင်ခေါင်းဆောင်တွေ နှစ်စဉ်လိုလို သွားရောက်ကန်တော့၊ ဂါရ၀ပြု သွားတွေ့နေဆဲလို့ ဖြေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ ရွေးကောက်ပွဲ အပြတ်အသတ် နိုင်သွားပြီးချိန် ချက်ခြင်းလိုလို ဗိုလ်သန်းရွှေနဲ့ တွေ့ဆုံပွဲကို ဦးရွှေမန်းကတဆင့် မြေးဖြစ်သူ နေရွှေသွေးအောင်က စီစဉ်တဲ့အကြောင့် နေရွှေသွေးအောင် ဖေ့ဘုတ်မှာ ရေးသားထားပါတယ်။ 
.
၈။ ဗိုလ်သန်းရွှေ ဒုကာ/ချုပ်ဘ၀ ကတည်းက မောင်နှမအရင်းတွေ၊ ၀မ်းကွဲတေနဲ့ တွေ့ဆုံရင် ထုံးစံအတိုင်း တောင်းဆိုကြပါတယ်။ သူတို့နေထိုင်တဲ့ ရွာအတွက် လုပ်မယ်ဆိုရင်တော့ ရအောင်ကြိုးစားပေးမယ်၊ တကယ်လဲလုပ်ပေးပါတယ်။ လမ်းခင်း၊ လျှပ်စစ်မီး၊ တယ်လီဖုန်း စသဖြင့် ရွာအတွက်လုပ်ပေးပါတယ်။ ကိုယ့်အတွက်ဆိုရင်တော့ ဗိုလ်ချုပ်ကြီးရဲ့ မောင်နှမ၊ တူတူမ ဖြစ်ပါတယ် ပြောပြီး သက်ဆိုင်ရာ တာဝန်ခံတွေကို ကိုယ်တိုင်ပဲ ပြောယူလုပ်နိုင်တဲ့လူပဲ အခွင့်အရေးရပါတယ်။ သူ့သားတယောက် ထိုင်းအမျိုးသမီးနဲ့ အိမ်ထောင်ကျပြီး ပြသနာဖြစ်ချိန် ဥပဒေအတိုင်းစီရင်ပါလို့ နှုတ်မိန့်ပေးပါတယ်။ တူ၊တူမတွေ ၈၈ အရေးအခင်းမှာ၊အကြမ်းဖက် ခဲပေါက် ပါဝင်သူများကို ဆွေမျိုးများနဲ့တွေ့ချိန်မှာ ဒီလိုလုပ်ရပ်မလုပ်ကြဖို့ ဆုံးမပါတယ်။ ၈၈ အရေးအခင်းပြီး ၀န်ထမ်းတွေ အချက်၃၃ချက် ဖြည့်ရပါတယ်။ သူ့မောင်နှမ၊၀မ်းကွဲ၊ ခယ်မများ ၃၃ချက်နဲ့ညိပြီး ၀န်ထမ်းအလုပ်ပြုတ်တော့ ဒုကာ/ချုပ် ဖြစ်နေတဲ့ သူ့ဆီကို စာရေးတိုင်ကြားလဲ ဘာမှလုပ်မပေးပါဘူး။ 
.
၁၀။ ဆွေမျိုးတွေကို ဆက်လက် မေးမြန်းပြီး၊ ဆက်လက်ရေးပါဦးမယ်။ ဗိုလ်သန်းရွှေရဲ့ ရှားပါး ခရစ်ယန်အမျိုးအနွယ်များအကြောင်း မှတ်တမ်းတင်ခြင်လို့ မေးမြန်းခြင်းပါ။ သောင်းဝေဦးရေးသားသော အကောင်းမြင် "ကွန်တော်သိသောဗိုလ်ချုပ်မှုးကြီးသန်းရွှေ" စာအုပ်၊ သန်းဝင်းလှိုင်ရေးသားတဲ့ စစ်အာဏာရှင်ဆိုးဝါးကြောင်း "နေပြည်တော်မင်းသားကြိး" စာအုပ် ၂အုပ်တော့ ထွက်ပြီးပါပြီ။ 
.
ဘဘသန်းရဲ့မြေးတဦး
.
Image: သောင်းဝေဦးရေးသားသော စာအုပ်

Clean Coal ဆိုတာမရှိပါ…ဒါပေမဲ့ Clean Coal Technology တော့ ရှိပါတယ်။ Tun Htun /Wynn Htainoo


Clean Coal ဆိုတာမရှိပါ…ဒါပေမဲ့ Clean Coal Technology တော့ ရှိပါတယ်။
အခုတလော စာစောင်တွေနဲ့လူမှုကွန်ရက်ဖြစ်တဲ့ Facebook စာမျက်နှာတွေမှာ ကျောက်မီးသွေးဟာသဘာဝပါတ်ဝန်းကျင်ကိုပျက်စီးစေနိုင်တယ်၊ရာသီဥတုတွေဖေါက်ပြန်သွားစေနှိုင်တယ်၊Clean Coalဆိုတာမရှိဘူး၊
ဒါကြောင့်ကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံတွေမဆောက်ကြပါနဲ့။
မဆောက်ဖြစ်အောင်ပြည်သူတွေက၀ိုင်းဝန်းတားစီးကြပါဆိုတာတွေကိုဆက်တိုက်ဆိုသလိုဖတ်ရ၊ကြားရနေပါတယ်။

Clean Coalဆိုတာမရှိပါဘူးမှန်ပါတယ်။
ဘယ်တွင်းထွက်သယံဇာတမှမြေကြီးထဲကထွက်လာရင်သန်ံ့စင်တယ်၊Clean ဖြစ်တယ်ဆိုတာမရှိပါဘူး။ဒါပေမဲ့ သူတို့ကိုသန့်စင်အောင်ပြုပြင်လို့ရပါတယ်။ကျောက်မီးသွေးနဲ့ပါတ်သက်ရင် Clean Coal Technology ဆိုတာရှိပါတယ်။
ဒီနည်းပညာကိုထိထိရောက်ရောက်သုံးစွဲပြီးကျောက်မီးသွေးကိုလောင်စာအဖြစ်သုံးလို့ရပါတယ်။

ဖွံ့ဖြိုးပြီးနိုင်ငံတွေဖြစ်တဲ့အမေရိကန်၊အင်္ဂလန်၊သြစတေလျှ၊ဂျာယမဏီ၊ရုရှား၊ဂျပန်၊တရုတ်စတဲကနိုင်ငံတွေမှာတွင်တွင်ကျယ်ကျယ်သုံးနေကြပါတယ်။အိမ်နီးချင်းနီုင်ငံတွေဖြစ်တဲ့မလေးရှားဘင်္ဂလားဒက်။အိန္ဒိယ၊ဖီလစ်ပိုင်စတဲ့နိုင်ငံတွေမှာလဲ Clean Coal Technology သုံးပြီးကျောက်မီးသွေးလောင်စာသုံးစက်ရုံတွေတည်ဆောက်နေကြပါပြီ။ဒီတော့. Clean Coal Technology ဆိုတာ ဘာလဲသိကြရအောင်ကျနော်နားလည်ထားသလောက်တင်ပြပေးပါရစေ။

ဒီနေ့အထိ Proven Technology လို့ပြောလို့ရတဲ့။ Clean Coal Technology ..(၁၆)ခုရှိပါတယ်..။
ဒါတောင်(၁၆)ခုမြောက်ဖြစ်တဲ့(CCS) Carbon Capture and Storage..'နည်းပညာကိုဒီနေ့အထိကျောင်မီးသွေးသုံးဓါတ်အားပေးစက်ရုံတွေမှာကျယ်ကျယ်ပြန့်ပြန့်.မသုံးနှိုင်သေးပါဘူး..။

ကျန်တဲ့(၁၅)ခုက.
(1) Wet Scrubbers..(Wet FGD)..FGD=Flue Gas Desulfurization.........
(2)Dry Scrubbers(Dry FGD).
(3)Dry Sorbent Injection(DSI). .
(4) Low-NOx Burners(LNB).
(5) Low-NOx Burners with Overfire Air(LNB with OFA).
(6)Selective Non-catalytic Reduction(SNCR)..
(7)Selective catalytic Reduction(SCR)
(8)Actinvated Carbon Injection (ACI)
(9)Halogenated ACI..(HACI).
(10) Fabric Filter SysTems /Baghouses.
(11)electrostatic Precipitatiors (ESPs).
(12)(ESPs) with Baghouse..
(13)Supercritical Boilers.
(14)Ultra-Supercritical Boilers.(USC).
(15)Intigrated Gasification Combined Cycle (IGCC).
(16)Carbon Capture and Storage (CCS)..။

အမှတ်စဉ်..13ကSOx(SO2)ကိုဖယ်ထုတ်တာပါ..၇၅%..ကနေ..၉၈%..လောက်အထိဖယ်နှိုင်ပါတယ်.။
အမှတ်စဉ်4-5 -6-7ကတော့NOx(NO2) ကိုဖယ်တာပါ.။.4..က..NOx..40%လောက်ဖယ်နှီုင်ပြီး.။.5 ကတော့ ..NOx..70%လောက်အထိဖယ်နှိုင်ပါတယ်။6 က...35%လောက်နဲ့ ..7 ကတော့.NOx 90%ဖယ်နှိုင်ပြီး(SCR)ပါပေါင်းစပ်တည်ဆောက်ရင် SOx 80%နဲ့Mercury..ပြဒါးကိုပါဖယ်နှိုင်ပါတယ်။

အမှတ်စဉ် 8-9 ကတော့Mercury..ပြဒါးကို 90%လောက်အထိဖယ်တာပါ။
အမှတ်စဉ် 10-11-12ကတော့PM.(.Particulate Matter)..အမှုန်အမွှားတွေကိုဖယ်တာပါ။
10နဲ့11ဆိုရင်၉၉.၉%လောက်အထိဖယ်နှိုင်ပါတယ်။အမှတ်စဉ်..12မှာ.. Sorbent Injection ကိုပါထည့်သွင်းလိုက်ရင်.့Mercury..ပြဒါးကိုပါ90%လောက်အထိဖယ်ထုတ်နှိုင်ပါတယ်..။
အမှတ်စဉ်13-15-16တွေကတော့ thermal efficiencies တက်လာအောင်လုပ်ပြီးကျောက်မီးသွေးအသုံးကျသွာစေတဲ့အတွက်CO2ထုတ်လွှတ်မှုကိုပုံမှန်စက်တွေထက်10%ကနေ30%လောက်အထိလျှော့ချနှိုင်ပါတယ်.။

Carbon Capture and Storage(CCS)..ကိုတော့ကျောက်မီးသွေးသုံးဓါတ်အားပေးစက်ရုံတွေမှာ
ကျယ်ကျယ်ပြန်ပြန့်မသုံးနှိုင်သေးပါဘူး..အဓိကအကြောင်းကတော့ (CCS)..ကိုထည်မယ်ဆိုရင်.စက်ရုံတည်ဆောက်မှုကုန်ကြစရိတ်ရဲ့ 40% ကနေ90%လောက်အထိကုန်ကျစရိတ်ထပ်မံအပိုကုန်မှာဖြစ်လို့.
.စီးပွားရေးအရမလုပ်နှိုင်ကြသေးပါဘူး..small-scale demonstration plant..လေးတွေဆောက်ပြီးစမ်သပ်ကြတုံးဘဲရှိပါတယ်.။အဓိကပြောခြင်တာကတော့.. Clean Coal Technology ထဲက..တစ်ခုလောက်သာထည့်ပြီးကျနော်တို့ကျမတို့ရဲ့စက်မှာClean Coal Technology ကိုသုံးပါတယ်ဆိုတာကိုလက်ခံရင်တော့..
သဘာဝပါတ်ဝန်းကျင်ထိခိုက်မှုကိုလျှော့ချလို့ရမှာမဟုတ်ပါဘူး..။

(၁၅)ခုထဲက.PM,SO2(SOx),NO2(NOx),Mercury.CO2..လျှောချနှိုင်တဲ့ Clean Coal Technology အများဆုံးပါမပါ..စစ်ကြဘို့လိုပါ့မယ်..။

မပါရင်ခွင့်မပြုဘဲပါတယ်ဆိုရင်တော့ခွင့်ပြုသင့်သလို။ပြည်သူတွေ့စိတ်
မှာသံသယကင်းအောင်စနစ်တကျရှင်းလင်းချပြဘို့တော့လိုပါမယ်။ Clean Coal Technology ပေါ်လာတဲ့အတွက်
လျှပ်စစ်ဓါတ်အားထုတ်လုပ်တဲ့လုပ်ငန်းတွေမှာတော့ကျောက်မီးသွေးသုံးစက်ရုံတွေ့ကတော့ရှိနေမှာပါ။
ကမ္ဘာမှာဒီနေ့အထိတွေ့ရှိပြီးကျောက်မီးသွေးတန်ချန်ဟာ2011ခုနှစ်မှာတန်ချိန်သန်းပေါင်း(၈၃၁၈၂၄)
ရှိတယ်လို့Europe's energy Potal..ကထုတ်ပြန်ထာပါတယ်.။

နှစ်တစ်နှစ်ရဲ့သတ္တုသိုက်လက်ကျန်နဲ့ထုတ်လုတ်မှုတန်ချိန်အချိုး(Reserves-to-Production Ratio ),(R/P)
အရတွက်ရင်ကျောက်မီးသွေးကို နောင်နှစ်ပေါင်း(၁၁၂)နှစ်အထိသုံးနှိုင်အုံးမှာပါ။

ရုပ်ကြွင်းလောင်စာတွေထဲက.ရေနံ..ဆိုရင်..၄၆..နှစ်စာ..။သဘာဝဓါတ်ငွေ့ဆိုရင်..၅၄..နှစ်စာဘဲရှိပါတော့တယ်။
ထပ်မတွေ့ဘူးဆိုရင်တော့၊ကမ္ဘာမှာ ရေနံနဲ့သဘာဝဓါတ်ငွေတွေနောက်နှစ်(၅၀)ကျော်ရင်ကုန်ပါပြီ။
ထပ်တွေ့လာရင်တော့တစ်မျိုးပေါ့။ဒါကြောင့်လည်း ရေရှည်အတွက်ကတော့ကျောက်မီးသွေ ကိုဘဲသုံးနေကြရတော့မှာပါ..။
ဒီတော့သဘာဝပါတ်ဝန်းကျင်မထိခိုက်အောင်လည်းကျိုးစားနေကြရမှာပါ။
ကမ္ဘာမှာကျောက်မီးသွေးသတ္တုသိုက်အများဆုံးပိုင်ဆိုင်တာက..အမေရိကန်..ပါ..တန်ချိန်သန်းပေါင်း(၂၃၇၂၉၂)သန်းရှိပါတယ်။ဒုတိယက..ရုရှားပါ..တန်ချိန်သန်းပေါင်း(၁၅၇၀၀၇)သန်းရှိပါတယ်..။တတိယကတော့.တရုတ်ပါ..တန်ချိန်သန်းပေါင်း(၁၁၄၄၉၉)သန်းရှိပါတယ်..။ ဒီတော့ ဒီနိုင်ငံတွေဟာ..ဒီသယံဇာတတွေကို..သဘာဝပါတ်ဝန်းကျင်ထိခိုက်လို့ဆိုပြီး..
မတူးဘဲ..မသုံးဘဲနေမှာမဟုတ်ပါဘူး...။တူးကြ..သုံးကြမှာပါ..။

ဒါပေမဲ့ဒီအတိုင်းတော့မဟုတ်ပါဘူး။ သဘာဝပါတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုအနည်းဆုံးဖြစ်အောင်..နည်းပညာတွေထည့်သွင်းအသုံးချကြမှာပါ..။ဒါ့ကြောင့်လည်း..အထက်ကပြောခဲ့တဲ့ Clean Coal Technology ဆိုတာပေါ်လာတာပါ..။
ဒီတော့ကျနော်တို့နိုင်ငံမှာသုံးခြင်သလား..သုံးခြင်ရင်တော့ အဲဒီ.နည်းပညာပါတဲ့စက်မျိုးတွေဖြစ်ရပါမယ်။ဒါ့အပြင်စနစ်တကျစောင့်ကြည့့််..စစ်ဆေးတဲ့..အစိုးရအဖွဲ့အစည်းရှိရပါမယ်။အစိုးရအဖွဲ့အစည်းလို့ပြောရတာက.အရေးယူစရာရှိလာရင်ထိထိရောက်ရောက်အရေးယူနှိုင်ဘို့ပါ.။ဒါအပြင်လေထုညစ်ညမ်းမှု..ရေထုညစ်ညမ်းမှုနဲ့.သဘာဝပါတ်ဝန်းကျင်ညစ်ညမ်းမှုတွေကို..ကာကွယ်ဘို့စံနှုန်းသတ်မှတ်ချက်တွေ.ဥပဒေ၊နည်းဥပဒေတွေရှိဘို့နဲ့တိကျဘို့လိုပါလိမ့်မယ်။
ဒါတွေပြည်စုံအောင်အရင်လုပ်ပြီးရင်တော့...ကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်အားပေစက်ရုံတွေ မတည်ဆောက်နှိုင်စရာအကြောင်းမရှိပါဘူး။နိုင်ငံရဲ့လျှပ်စစ်ဓါတ်အားလိုအပ်ချက်အရထုတ်လုပ်မှုကုန်ကျစရိတ်သက်သာတဲ့ကျောက်မီးသွေးသုံး
လျှပ်စစ်ဓါတ်အားပေစက်ရုံတွေတည်ဆောက်ရပါမယ်။

နောက်တစ်ချက်ကတော့ကျောက်မီးသွေးပါ..။

အကြမ်းဖျင်း..နှစ်မျိုးခွဲခြားထာပါတယ်..Hard Coal နဲ့ Soft coal.(Low Rank Coal).ပါ.။
.Hard Coal မှာ Anthracite Coal..နဲ့ Bituminous Coal နှစ်မျိုးပါပါတယ်။
Energy Content အနေနဲ့..25 million BTU /ton.(11300 BTU/lb).နဲ့24 million BTU /ton.
(10900 BTU/lb)l အသီးသီးရှိပါတယ်။
Soft coal.မှာ Subbituminous Coal နဲ့ Lignite Coal
တွေပါပါတယ်.။.Energy Content အနေနဲ့.17-18million BTU /ton.(7700-8300BTU/lb).နဲ
13 million BTU /ton.(5900BTU/lb) အသီးသီးရှိပါတယ်။

.Hard Coal ဖြစ်တဲကျောက်မီးသွေးအကောင်းစားကို လျှပ်စစ်ဓါတ်အားထုတ်ဘို့မသုံးကြပါဘူး..စက်မှုလုပ်ငန်း.အထူးသဖြင့်..သံနဲ့သံမဏိလုပ်ငန်းတွေမှာအများဆုံးသုံးပါတယ်။ကျောက်မီးသွေးလောင်စာသုံးစက်ရုံတွေဟာ..Low Rank Coal (Soft coal) ကိုဘဲသုံးကြတာဖြစ်ပါတယ်..။
Low Rank Coal တွေမှာ..Ash..ပါဝင်မှုများပါတယ်။
Ash များတဲ့အတွက် ကျောက်မီးသွေးကိုမီးလောင်တဲ့အခါမှာလည်း ကျောက်မီးသွေးပြာ Fly Ash တွေ အမြောက်အမြားထွက်လာမှာပါ..။ဒါတွေဟာအလွန်ထိန်းသိမ်းဘို့ခက်တဲ့အတွက်..ပြန်လည်အသုံးချနိုင်အောင်ပြုလုပ်တဲ့အစီအစဉ်ကိုပါလျှပ်စစ်စက်ရုံတည်ဆောက်ရေးနဲ့တစ်ပါတည်းတွဲဖက်ပါဝင်စေရပါမယ်။

အထက်မှာတင်ပြခဲ့တဲ့နည်းပညာတွေမပါဘူးဆိုရင်တော့..ကျောက်မီးသွေးသုံး..လျှပ်စစ်ဓာတ်အားပေးစက်ရုံဟာ.မလုပ်သင့်ဘူးလို့ဘဲပြောရပါမယ်.။ပါအောင်ထည့်ခိုင်းပြီးကျောက်မီးသွေးလောင်စာသုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံတွေကိုခွင့်ပြုပေးရပါမယ်။

Dry Scrubber ဆိုတာကို နည်းနည်းရှင်းပြပါမယ်။
Dry Scrubberကို ဟိုးအချိန်ကတဲကသုံးခဲ့ကြတာပါ..ပထမပိုင်းမှာရိုးရိုး Baghouses..တွေနဲ့ Flue Gas မျာမှာပါလာတဲ့ Fly Ash တစ်ချို့နဲ့ P Mတွေကိုဖမ်းတာပါ။ Fly Ash တစ်ချို့နဲ့ P Mတွေ လို့ပြောရတာက..
ကျောက်မီးသွေးကိုအမှုန့်ဖြစ်အောင်ကြိတ်နှိုင်တဲ့စနစ်နဲ့ Coal Burner.တွေမပေါ်ခင်ကကျောက်မီးသွေးအတုံးလေးတွေကို.
ထုံးကျောက်အတုံးလေးတွေနဲ့မီးလောင်ခန်းထဲပို့လွှတ်တဲ့..Fluidized Coal Combustion( FBC)စနစ်ဆိုတော့
ကျောက်မီးသွေးမီးလောင်ပြီးရင်.. Flue Gas..မှာကျောက်မီးသွေးပြာကသိပ်မပါဘူး၊သူကအောက်မှဘဲအခဲအနေနဲ့
ချော်အဖြစ်ကျန်ခဲ့တာပါ.။နောက်တော့ကျောက်မီးသွေးကို..ကိုယ်လိမ်းပေါင်ဒါလောက်အထိအမှုန့်ကြိတ်ပြီးတော့ အဲဒီအမှုန့်ကို Coal Burnerတွေသုံးပြီးမီးရှိတဲ့ Pulverize Coal Combustion ကိုသုံးလာတဲ့အခါမှာကျောက်မီးသွေးပြာ
Fly Ash အားလုံးလောက်လောက်က Flue Gas နဲ့ရောတက်လာပါတော့တယ်။အဲဒီ Fly Ash နဲ့
P Mတွေကိုဖမ်းဘို့ Dry Scrubberတွေ အပြင်.Electrostatic Precipitators(E S Ps) ကိုပါပေါင်းပေးလိုက်ရတာပါ။ဒီလိုပေါင်းထဲ့လိုက်တော့..Fly Ash နဲ့ PM 99.9%..အထိဖမ်းနှိုင်တယ်ဆိုတာကို EPA.(Environmental Protection Agency ).ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်.။

ဒီတော့Clean Coal Technology (၁၅)ခုထဲက..အတော်များများကို
စနစ်တကျပေါင်းစပ်ပြီးပါဝင်စေတဲ့စက်ရုံဆိုရင်သုံးသင့်ပါတယ်။အဲဒီမှာလည်း ရိုးရိုး Boilers ကိုသုံးတာထက်..Supercritical Boilers ဒါမှမဟုတ် Ultra-Supercritical Boilers ကိုသုံးမယ်ဆိုရင်.ကျောက်မီးသွေးအသုံးနှုန်း သွားပြီး လေထဲကိုCO2..ထုတ်လွှင်မှုကို30%လောက်အထိလျှော့ကျသွားစေမှာပါ။ဒီနေ့အမေရိကန်အပါအ၀င်ဖွံ့ဖြိုးပြီးနှိုင်ငံတွေမှာ၊ကျောက်မီးသွေးလောင်စာသုံးစက်ရုံတွေဟာ.အထက်ကပြောခဲ့တဲ့Clean Coal Technologyတွေကိုစက်ရုံအသစ်တွေမှာမထည့်မဖြစ်ထည့်ရသလို၊စက်ရုံအဟောင်းတွေမှာလည်းထည့်လို့ရအောင်စီမံပြီးပြန်လည်တည်ဆောက်လည်ပါတ်နေကြတာပါ။ကျောက်မီးသွေးစက်ရုံတွေဖျက်တယ်ဆိုတာကပြောခဲ့တဲ့နည်းစနစ်တွေထည့်ပြီးဆက်လက်လည်ပါတ်ဘို့စက်ရုံရဲ့လက်ရှိဒီဇိုင်းအရမဖြစ်နှိုင်တာ၊ခက်ခဲတာ၊.ငွေကြေးစိုက်ထုတ်ရမှာနဲ့ မကာမိတာ တွေကြောင့်ဖျက်ကြတာပါ်။ဒီတော့မြန်မာပြည်မှာလည်း သူတို့လိုClean Coal Technology အပြည့်အ၀ပါတဲ့စက်တွေနဲ့လျှပ်စစ်ဓါတ်ထုတ်ရမှာပါဘဲ..။
ဒါပေမဲ့ပြည်တွင်းကကျောက်မီးသွေးကိုသုံးဘို့ဆိုတာမဖြစ်နှိုင်ပါဘူး။တစ်ကယ်တန်းပြောရရင်မြန်မာပြည်မှာသတ္တုတွင်းအဖြစ်တည်ဆောက်ထုတ်လုပ်ဖို့..ကျောက်မီးသွေးများများစားစားမရှိပါဘူး။

ဒီနေ့အထိမြန်မာပြည်မှာရှာဖွေတွေ့ရှိပြီးကျောက်မီးသွေးတန်ချိန်ဟာ..သန်း.၂၀၀လောက်ဘဲရှိပါတယ်.တူးဖေါ်ထုတ်လုပ်လို့ရနှိုင်တဲ့တန်ချိန်ကဒီထက်နည်းပါတယ်။ပြီးတော့ရှိတာကတစ်စုတစ်စည်းထဲမဟုတ်ဘဲ.ဟိုနဲနဲဒီနဲနဲပါ.။ဒီတော့ကျောက်မီးသွေးကိုအင်ဒိုနီးရှားကဘဲဝယ်ရပါမယ်။ဒီလိုဝယ်ရတော့မယ်ဆိုရင်တော့ကျောက်မီးသွေးချဆိပ်ကမ်း ကအကြီးကြီးလိုအပ်ပါမယ်..။ကျောက်မီးသွေးကိုတစ်ကြိမ်မှာတန်ချိန်..၃.သောင်းကနေ..၅သောင်းအထက်သင်္ဘောကြီးများနဲ့သာသယ်ပို့လေ့ရှိကြလို့ပါ.။

နောက်တစ်ချက်ကတော့ကျောက်မီးသွေးတန်ချိန်..၁.သိန်းကနေ ၃သိန်းလောက်အထိစုပုံနှိုင်တဲ့နေရာလိုပါမယ်။
၆၀၀မီဂါဝပ်လောက်လျှပ်စစ်ဓါတ်အားထုတ်ပေးနှိုင်တဲ့စက်ရုံတစ်ခုအတွက်အပူစွမ်းအင်(CV)10500 Btu/llb လောက်ရှိတဲ့
ကျောက်မီးသွေးကိုသုံးမယ်ဆိုရင်တစ်နှစ်ကိုကျောက်မီးသွေးတ်န်ချိန်( ၁ )သန်းလောက်လိုမှာပါ။ဒီတော့တစ်လကိုကျောက်မီးသွေးတန်ချိန်.၁သိန်းကျော်သုံးမှာဖြစ်တောအနည်းဆုံး ၄ လစာလောက်စုရမှာပါ..။ဒါကြောင့်ကျောက်မီးသွေးစုပုံ့နှိုင်းဘို့ကလည်းအတော်နေရာယူပါလိမ်းမယ်.။နောက်တစ်ချက်ကတော့ကျောက်မီးသွေးကိုတွင်းထွက်( ROM ) အတိုင်း တန်းအမှုန့်ကြိတ်လို့မရပါဘူး..။

သူနဲအတူပူးတွဲပါလေ့ရှိတဲ့သဲနဲ့ရွှံ့တွေကိုကြိတ်ခွဲ၊ရေဆေးဇကာချပြီးသန်စင်ပေးရပါမယ်..။ဒီလိုလုပ်တဲ့အတွက်ထွက်လာမဲ့ရေဆိုးတွေကို..အနယ်ထိုင်ကန်တွေမှာစုပြီးအနယ်ထိုင်စေရပါမယ်။ပျမ်းမျှခြင်း၁၀%လောက်အထိထွက်လာမှာဖြစ်လို့အဲဒီသဲနဲ့ရွှံ့တွေကိုတစ်နည်းနည်းနဲ့အသုံးချတဲ့စနစ်ပါမှရပါမယ်။ဒါတွေဟာစနစ်တကျလုပ်မယ်ဆိုရင်လုပ်လို့ရတာတွေဖြစ်တော့သဘာဝပါတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံဖြစ်မဲ့ကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံတွေတည်ဆောက်လို့ရပါတယ်။ မရနှိုင်စရာမရှိပါ..။

ဒီတော့ နိုင်ငံတိုးတက်ဖို့အတွက်အခြေခံလိုအပ်ချက်ဖြစ်တဲ့ လျှပ်စစ်ဓါတ်အားအတွက်ကျောက်မီးသွေးသုံး
လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေတည်ဆောက်မှာကို သဘာဝပါတ်ဝန်းကျင်အကြောင်းပြချက်နဲ့ပြည်သူတွေကို
နားယောင်အောင်လုပ်ပြီးမတားစီးသင့်ဘူးလို့မြင်ပါတယ်.။

ကမ္ဘ္ဘာမှာဖွံ့ဖြိုးတိုးတက်ပြီးဖြစ်တဲ့အမေရိကန်၊အင်္ဂလန်၊သြစတေလျှ၊ရုရှား၊တရုတ်စတဲ့နိုင်ငံတွေဟာသူတို့နီုင်ငံအသီးသီးအတွက်လိုအပ်တဲ့လျှပ်စစ်ဓါတ်အားကို ကျောက်မီးသွေးလောင်စာသုံးလျှပ်စစ်ဓါတ်အာပေးစက်ရုံ
တွေကနေအများဆုံးထုတ်ယူနေကြတာဖြစ်ပြီးနောင်ကိုလည်းဆက်လက်သုံးနေကြအုံးမှာပါ။ဟိုတနေ့ကဘဲ
အမေရိကန်သမတ ဒေါ်နယ်ထရန်ဟာအရင်ကကန့်သတ်ထားတဲ့ကျောက်မီးသွေးသုံးစွဲမှုနဲ့ပါတ်သက်တာ
တွေကိုဖြေလျှော့တဲ့ဥပဒေကိုလက်မှတ်ထိုးပြီးကန့်သတ်ချက်တွေကိုပယ်ဖျက်ခဲ့ပြီးပါပြီ။ကျနော်တို့နိုင်ငံလိုကမ္ဘ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေထဲကနီုင်ငံငယ်လေးတစ်ခုကကမ္ဘ္ဘာ့သဘာသပါတ်သန်းကျင်ထိခိုက်ပျက်စီးမှုမရှိရလေအောင် ကိုယ့်နိုင်ငံတိုးတက်တက်မှုကိုလှစ်လျှူရှုပြီးကျောက်မီးသွေးသုံးစက်ရုံနဲ့တော့လျှပ်စစ်ဓါတ်အားထုတ်တာခွင့်မပြုဘူးဆိုတာဖြစ်သင့်သလားချင့်ချိန်ကြည့်ကြပါ။


Refrence:-
(1) Clean Coal …
(2) Coal and Clean Energy
(3) Pulverized Coal Technologies
(4) Higher Efficiency Power Generati0n Reduces Emissions
(5) Advance Coal Technologies
(6) Pulverized Coal-Fired Boiler
(7) Converting Coal into Electricity
(8) Improving Efficiencies
(9) Australia’s Electricity
(10) Coal-fired power generation is garnering renewed interest.
(11) Coal power in the United States
(12) Countries with the biggest coal reserves
(13) World coal statistics
(14) United States leads world in coal reserves
(15) Coal
(16) Properties of coal
(17) Reserves-to-production ratio
(18) Types and Composition of Coal
(19) Coal Mining & the Environment
(20) National Economic Council approves Bangladesh power plant
(21) Philippines: NEGROS ENERGY to invest P 14 billion for a 150 MW coal-fired power plant
(22) India: 1320 MW thermal Powertech Krishnapatnam Coal Plant
တိုင်းပြည်အတွက်ကောင်းမည်ထင်လို့ရေးသာလိုက်ပါတယ်။
သဘောကျသူများရှိသလို သဘောမကျသူများလဲရှိမှာပါ။
ထွန်းထွန်း(သတ္တုတွင်း)


16 Comments
Comments
Myo Thwin ကြေးမုံတို့ မြန်မာ့အလင်းတို့ကို ဆောင်းပါးအဖြစ်ရေးပို့ဖို့အကြံပြုပါရစေ။ ခုတလော တဘက်ပိတ် ပတ်ထိန်းတွေရဲ့ ကျားကျားမီးယပ်ဆန့်ကျင်သံတွေချည်း ညံစီနေလို့ပါ။
Linn T Houston Great. Where would the coal be imported from?
Tun Kyaw အရမ်းကောင်းပါတယ်။ဂျာနယ်ကြီးတွေ အသံလွှင့်ဌာနတွေကနေပြည်သူတွေကိုရှင်းပြနိုင်ရင်ပိုကျယ်ကျယ်ပြန့်ပြန့်သိနိုင်မယ်။ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် လေ ရေ Solar အပြင် ကျောက်မီးသွေးဆီကလဲယူသင့်ပါတယ်။ စွမ်းအင်မရှိရင်ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။
Aung Than Htut အများကြီးဗဟုသုတရပါတယ်။
အကြံပေးချက်တွေကကောင်းမွန်ပြည့်စုံပါတယ်။
ဥပဒေတွေပြဌာန်းဖို့ရယ်
...See More
Zarni Aung ကျေးဇူးတင်ပါတယ်
ယခုအချိန်
တိုင်းပြည်အတွက်
...See More
U Thaung Myint I copy it and post on my wall
thanks
Min San တင်ပြတာလက်ခံပါတယ်။ ပြည်တွင်း အခြေအနေ အရ အခုအချိန်မှာ မသုံးသင့်ပါဘူး။
စည်းကမ်း ထိန်းဖို့ ၁၀၀% ပြည်သူ့ အစိုးရ အာဏာ မရှိသေးပါဘူး။
ဝန်ထမ်း တွေရဲ့ လစာ ကို ထိုက်ထိုက်တန်တန် ပေးဖို့ လုပ်ရပါအုံးမယ်( ဒါမှ ပြုပြင်ထိန်းသိမ်းမှု အပိုင်းကို ထိန်းနိုင်မှာ )
Aye Cho ဝိရောဓိ တွေ အလယ်မှာ တွေ့ဆုံ ပြေလည်ကြပါစေ၊
တိုင်းပြည်ရဲ့ သယံဇာတတွေ အဘိုးတန်စွာ သုံးတတ်ကြပါစေ...
ဆိုချင်တာပါဘဲ။
Myint Thein Perfect explaination Sir. Thank you for it.
M Zaw Aung ရေးတာ သိပ်ကောင်းပါတယ်ပါဗျာ. . နောက်ထွက်မဲ့ ဂတ်စ် . .တရုပ် ဗီယက်နမ် တွေလို Gas Turbine တွေပဲလုပ်ရတော့မယ်. .. . နည်းပညာမနိုင်သေးပါ. . ရေအား အများကြီးလုပ်နိုင်ပေမဲ့ ငွေ အချိန် လိုပါတယ်။ ခေတ်မီ လေ နေ ဓါတ်အားတွေလဲ အသေးစား မီးထွန်းဖို့ပဲ ကောင်းပါတယ်။ 
.
...See More
LikeReply116 hrs
Khin Maung Htay စွမ်င်္းအင်​နဲ့ပတ်​သက်​ပြီး ပြည်​သူ​တွေ technical knowledge ​တွေ များများသိ​အောင်​လုပ်​​ပေးဘို့လိုပါသည်​သတင်းစာဂျာနယ်​​တွေမှာပုံမှန်​​ရေးသင့်​ပါသည်
LikeReply17 hrs
Aung Than Kyi Very good article. Balance in pros and cons. Well done.
LikeReply7 hrs
LikeReply7 hrs




WHOအတွေး
အမေရိကန်သမတ ဒေါ်နယ်ထရန်ဟာအရင်ကကန့်သတ်ထားတဲ့ကျောက်မီးသွေးသုံးစွဲမှုနဲ့ပါတ်သက်တာ
တွေကိုဖြေလျှော့တဲ့ဥပဒေကိုလက်မှတ်ထိုးပြီးကန့်သတ်ချက်တွေကိုပယ်ဖျက်ခဲ့ပြီးပါပြီ။
ကျနော်တို့နိုင်ငံလိုကမ္ဘ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေထဲကနီုင်ငံငယ်လေးတစ်ခုက
ကမ္ဘ္ဘာ့သဘာသပါတ်သန်းကျင်ထိခိုက်ပျက်စီးမှုမရှိရလေအောင် ကိုယ့်နိုင်ငံတိုးတက်တက်မှုကိုလှစ်လျှူရှုပြီး
ကျောက်မီးသွေးသုံးစက်ရုံနဲ့တော့လျှပ်စစ်ဓါတ်အားထုတ်တာခွင့်မပြုဘူးဆိုတာဖြစ်သင့်သလားချင့်ချိန်ကြည့်ကြပါ(Credit..Tun Htun)
သူငယ်ချင်းထွန်းထွန်းဟာ..ကျနော်တို့RIT72ဆိုတဲ့၁၉၇၂ခုနှစ်ကျောင်းပြီးတဲ့သတ္တုတွင်းအင်ဂျင်နီယာပဂေးကြီးပါ.
.ပဂေးကြီးဆိုတာဒီခေတ်အသုံးနည်းသွားပေမဲ့..တကဲ့ကောင်ကြီးလူတော်ကြီးရှာမှရှားလို့အဓိပ္ပါယ်ရပါတယ်..သူမကြာသေးမီကရေးတင်ထားတဲ့ကျောက်မီးသွေးနဲ့လျပ်စစ်ထုတ်ဖို့ကိစ္စရေးထားတာအတော်ကောင်းပါတယ်..သူရေးတာတွေထဲမှာအကြိုက်ဆုံးကတော့အပေါ်မှာတင်ထားတဲ့အပိုဒ်ပါဘဲ
ကျနော်တို့လျပ်စစ်မီးအသည်းအသန်လိုနေတယ်
ကြောက်စရာတွေတွေးပြီးနောင်ဖြစ်လာမဲ့ကိစ္စတွေကိုကြောက်ပြီးဘာမှမလုပ်တော့ဘူးလား
ကျနော်တယောက်ထဲလူပိန်းအမြင်ပြောမယ်
လွန်ခဲသော့နှစ်၂၀ကတင်ပုဆုံရိုးခွဲလဲတော့ဆရာဝန်ကိုကျနော်မေးတယ်..အခုထည့်လိုက်တဲ့အရိုးတုကဘယ်လောက်ခံမလဲ..လို့
ဆရာဝန်ကဖြေတယ်..အနှစ်၂၀..ပေါ့
အနှစ်၂၀ပြီးတော့ဘာဖြစ်မလဲ..မေးတော့
ချိုင်းထောက်လေးနဲ့သွားရမှာပေါ့..(ဒါပေမဲ့တဆက်ထဲဖြေပါတယ်)
မင်းအခုခွဲတဲ့တက်ကနိုလိုဂျီကလွန်ခဲ့တဲ့အနှစ်၂၀ကမရှိဘူးကွတဲ့..နောက်အနှစ်၂၀ဆိုရင်..တက်ကနိုလိုဂျီအသစ်တွေထပ်ပေါ်ပြီးမင်းလဲခွဲနိုင်လမ်းလျှောက်နိုင်မယ်ငါယုံကြည်ပါတယ်တဲ့
လမ်းမလျှောက်နိုင်ကာမှနေရောအနှစ်၂၀လမ်းလျှောက်ရင်ဘဲတော်ပြီကွာဆိုပြီးတင်ပုဆုံရိုးလဲခဲ့တယ်
အခု..ဆရာဝန်ပြောသလိုတက်ကနော်လော်ဂျီအသစ်ပေါ်ပါပြီ..ကျနော်ဂျိုင်းထောက်နဲ့သွားစရာမလိုတော့ပါ.
အဲ..လိုတာက..တော့ငွေဘဲ..ငွေရှိဖို့လိုတယ်
ဒီလိုဘဲ..ကျနော်တို့တိုင်းပြည်ငွေလိုတယ်..ငွေရှိဖို့လျပ်စစ်လိုတယ်..ဘယ်နည်းနဲ့ရရ..လျပ်စစ်လိုချင်တယ်..ကင်ဆာဘဲဖြစ်အုံးမလားတိုင်းပြည်ချမ်းသာဖို့ကျနော်တို့မျိုးဆက်အသက်ပေးလိုက်မယ်..
နောက်ချမ်းသာလာတော့မကောင်းတာတွေမသုံးနဲ့ပေါ့ဗျာ..နောက်မျိုးဆက်တွေကောင်းဖို့ကျနော်တယောက်ထဲကတော့စတေးခံဆိုလဲခံမှာဘဲ
သိပ်မကြောက်ကြပါနဲ့ဗျာ.
.ကျနော်တို့ကလေးတွေနောင်ရေးအတွက်လျပ်စစ်လိုတယ်

LikeShow more reactions
Comment

Soewin Thant Optimum Solution ဖြစ်ပါစေ၊ Rules & Regulation ကြပ်ကြပ်ထိမ်းပါ ပြောနေရက် နဲ့ ကို No နေကြရင် ကျောက်ခေတ်မှာသွားနေကြပစေတော့ဗျာ။(ပညာတတ်ဆိုသူတွေ ကို အထူးပြုပြောပါတယ်။)
LikeReply2April 22 at 1:27pm
Shwe Than Thida မှန်ပါတယ်..
Kyaw Win စည်းကမ်း ထိန်းသိမ်း မှု နဲ့ အစဉ် ကြပ် မတ် စစ်ဆေး မှု တော့ လိုပါ တယ် ၊
LikeReply1April 22 at 1:45pm
U Saw Hlaing ရှေးလူကြီးတွေပြောတာငယ်ငယ်ကမှတ်မိနေတယ်
ဆင်းရဲနေတုံးတချို့အလုပ်တွေမလုပ်ချင်ပေမဲ့မျက်စိမှိတ်
လုပ်သင့်တယ် နောက်အဆင်ပြေတော့လည်းရပ်ပြစ်
...See More
LikeReply2April 22 at 1:58pm
Nyan Myint Kyaw ဘယ်ဟာ သုံးသုံး ပြဿနာ အနည်း နဲ့ အများ ရှိမှာပဲ။ ကောင်းတာ များအောင် လုပ်နိုင်ရင် ပြီးတာပဲ။ အရေးကြီးတာ ကို အရင် မလုပ်ပဲ ချေးများ နေရင် သူများ တွေကို ငေးကြည့်နေ ရတဲ့ ဘဝ က တက်မှာ မဟုတ်ဘူး။
LikeReply2April 22 at 1:59pm
Than Po ဘေးထွက်ဆိုးကျိုး ဆိုတာကတော့ နေရာတိုင်းမှာရှိပါတယ်။ ဒါကိုကြောက်ပြီး ရှေ့မတိုးရင် ကောင်းကျိုးဖြစ်မလာနိုင်ဘူးပေါ့။ အရေးကြီးတာက အနစ်နာခံ ဒေသသားတွေအတွက် ကြေနပ်လောက်တဲ့ အကျိုးကျေးဇူး တွေဖန်တီး ပေးခြင်းဖြင့် ဆောင်ရွက်သင့်ပါတယ်။ ကျွန်တော် ဓာတ်ငွေ့ ပိုက်လိုင်းေ...See More
LikeReply5April 22 at 2:01pm
Wynn Htainoo မှန်တယ်..ဒီလိုလုပ်ပေးဖို့တွေသာလိုမယ်ဗျာ
LikeReply2April 22 at 2:11pm
Tin Zaw ပတ် ထိန်းတွေအော်နေတာပေါ်
ပြူလာဖြစ်ခြင်လို့ပါ။
Tun Htun မင်းရေးထာတာပိုကောင်းတယ်သူငယ်ချင်း။
ငါတို့နိုင်ငံကိုစက်မှုထွန်းကားစေခြင်တယ်၊ရင်းနှီးမြှုပ်နှံမှုတွေလာစေခြင်တယ်၊အဓိကကျတဲ့လျှပ်စစ်မရှိဘူး၊ဘယ်သူမှမလာခြင်းဘူး၊လာတဲ့သူကလဲနေရာဦး၊ဖျာခင်းထားရုံလောက်ဘဲလုပ်တယ်၊လျှပ်စစ်ဖေါ်ဖေါ်သီသီမရှိတော့မရင်နှီးဘူး၊လျှပ်စစ်အရဘဲစေ
...See More
LikeReply9April 22 at 2:21pmEdited
Wynn Htainoo ဒီမိုကရေစီဆိုတာဘာမှမသိတဲ့လူတွေအများကြီးပြောတာကိုလိုက်နားထောင်တာဒီမိုကရေစီမဟုတ်ဖူးကွ..မှန်တာကိုရဲ၇ဲလုပ်တာလဲဒီမိုကရေစီကျင့်စဉ်ဘဲ..ငါတို့တွေအများသိအောင်ပြောကြရမယ်..မင်းကိုအထူးကျေးဇူးတင်ပါတယ်.
LikeReply4April 22 at 2:23pm
Shwe Thaung အစိုးရကလုပ်သင့်တာရဲရဲလုပ်ရေလျင်တယ်လျပစစ်လိုတယ်ပြော
Myat Soe Kyaw ဘာလာလာ No ဆိုတဲ့ အဆိုးမြင်ကို
ပညာတတ်ဆိုတဲ့သူတွေမှာတောင်တော်တော်ကူးစက်နေပြီ
လုပ်မှဖြစ်မယ်ဆိုတာသိရက်နဲ့
...See More
LikeReply1April 22 at 2:26pm
Pho Angel အဲဒီအတွေးအခေါ်မျိုးကြိုက်တယ်သူငယ်ချင်း၊ အလုပ်မဖြစ်တာ အတွေးအခေါ်ကြောင့်။ ဒို့တတွေလဲ ဘေးထိုင်ပြီးစာရေးဆရာဖြစ်မှန်မသိဖြစ်နေကြတယ်။ WHO စုစည်းပြီးစာအုပ်ထုတ်ကွာ။
Myo Oo ငါတို့က ဒီ field ကိုသိပ်မသိတော့ environmentalist တွေကို ပြန်မညင်းနိုင်ဘူး အခုမင်းရေးလာတော့မှသိရတယ် lobby ဘယ်လောက်လုပ်သလဲဆိုရင် သက်ဆိုင်ရာဒေသ ကလူတွေ ဂျပန်ဖိတ်ပြီး clean coal technology ဆိုတာဒီလိုဆိုတာ ပြ လည်း အလကားပဲ ခေါင်းမာနေကြတယ် အဲတော့စဉ်းစားသာကြည့်တော့ စစ်အာဏာရှင် ကို ပြန်မျှော်ရ မလိုဖြစ်နေပြီကွ WHO ရ--
LikeReply6April 22 at 2:29pm
Wynn Htainoo သူငယ်ချင်း၇ာအတွေးရှင်းမှအလုပ်ရှင်းမှာပေါ့..အမှတ်တမဲ့ထားလို့ပါ..အမေစုက..လျပ်စစ်ရဖို့ကို..စစ်တပ်ကိုတန်းလျားပြန်ပို့တာနဲ့တန်းတူထားပြောနေတာကွအရမ်းအေ၇းကြီးတယ်..လျပ်စစ်မရဘဲတိုင်းပြည်မချမ်းသာဘူး..စီးပွားရေးမကောင်းရင်ဘာလုပ်လုပ်အစိုးရကိုပြည်သူမကျေနပ်ဖြစ်မှာဘဲ.
LikeReply3April 22 at 2:36pm
Thein Htun Aung The most important thing to get first is peace and electric now.
LikeReply1April 22 at 5:39pm
Aung Khine ဥပမာ လေးကောင်း တယ်။ပြော တတ် တယ်။
LikeReply1April 22 at 2:39pm
Wynn Htainoo ပီကင်းမှာမီးခိုးတွေဘာဖြစ်တယ်ညာဖြစ်တယ်.ပြောတယ်.ပီကင်းကဒီစက်ရုံတွေကြောင့်ချမ်းသာလို့ဘတ်စကားတောင်လျပ်စစ်ကားဘဲဆွဲရမယ်လုပ်နေပြီ..ကျောက်မီးသွေးစက်ရုံတွေရွှေ့နေပြီ..တရုပ်အရင်ပေါ်လစီဟောင်းကြီးနဲ့နေရင်လဲမိးခိုးကတော့လာမှာဘဲစက်ရုံပိုစုတ်တာတွေသုံးရတာမို့..ဒါပေမဲ့အခုလိုပြင်ဖို့စိတ်တောင်ကူးနိုင်မှာမဟုတ်
LikeReply3April 22 at 2:51pm
Kyaw Soe Optimum solution is the best for practical.
There is no ever ideal things in the world. Ideal or all the best in all aspects is in theory or in dreaming.
Be wise in deciding for practically the best.
MyoMyint Pe ကို Tun Htunထွန်းထွန်း..​သေချာ technically ရှင်းပြထားတာ.နားလည်​သ​ဘော​ပေါက်​ကြဘို့.​ကောင်းပါသည်​။ ဘာစက်​ရုံမျိုးတည်​တည်​..အနည်းနဲ့အများ..environmental impact ရှိစမြဲပါ။ဒါကိုဥပ​ဒ​​ဘောင်တွင်းကထိန်းချုပ် နိုင်​​အောင်​လဲတင်​ပြချက်​မှာပါပြီးသားပါ.။
တကယ
...See More
LikeReply8April 22 at 3:38pmEdited
Wynn Htainoo အေးပါမျိုးမြင့်ဖေရာ..ပြောသမျှတွေကအချည်းနှီးမဖြစ်စေရပါဘူး.
LikeReply2April 22 at 3:43pm
Teddy Mya Bu ငါကတော့တို့နိုင်ငံဝဲနှင့်ယာမှာရှိနေတဲ့နိုင်ငံတွေမှာလျှပ်စစ်ဓာတ်တွေကိုကျောက်မီးသွေးကနေထုတ်နေတာဘဲ။ကိုယ့်နိုင်ကအနည်းနှင့်အများenvioramental impact တော့ခံနေရတာဘဲ၊ကိုယ့်တိုင်းပြည်ကအရမ်းချမ်းသာနေလို့တခြားနီးနှင့်ထုတ်လုပ်ခြင်းကိုဘဲစဉ်းစားမယ်ဆိုရင်တမျိုးပေါ့။clean coal technology method နှင့်လျှပ်စစ်ဓာတ်ထုတ်သင့်တယ်ဆိုတာလူတွေနားလည်လွယ်တဲ့နည်းပညာကိုရှင်းပြပြီးဆောသ်ရွက်သင့်ပါကြောင်း။
LikeReply2April 22 at 3:54pm
U Tin Oo Comment တတင်မကဘဲ Post ရေး
ကြပါ။
LikeReply1April 22 at 4:56pm
Thein Htun Aung ဆရာများသားသေဆိုသလို၊ဖြစ်နေလေမလားဘဲ၊မြန်မာပြည်ကဆရာသိပ်များတယ်။ပထဝီအနေအထားအရ၊မြန်မာပြည်ဟာ၊Asean မှာ၊အတော်ကောင်းတဲ့အနေအထားမှာရှိပါတယ်၊မြစ်ကြီး၃မြစ်၊မြောက်မှတောင်ဖက်ကိုစီးဆင်နေပါတယ်၊ဒါမျိုးမြန်မာမှာဘဲရှိပါတယ်။
မြစ်ဆုံနေရာ Hydro electric ထုတ်ဘို့မြန်မာအင်ယာ
...See More
LikeReply1April 22 at 11:51pmEdited
San Wai ကျွဲပါးစောင်းတီးဆိုသလိုပါဘဲဗျာ။ကျုပ်တို့တွေကျောက်ခတ်ဟောင်းလောက်မှာဘဲနေကြရတော့မှာထင်ပါရဲ့။
Ngwe Tun Tun ကျောက်မီးသွေးနဲလျှပ်စစ်ထုတ်တာကိုမကန့်ကွက်သင့်ပါလျှပ်စစ်master plan မှာလည်းကျောက်မီသွေးနဲ့လျပ်စစ်ထုတ်ရန်ပါရှိပါတယ်သူကအချိန်တိုအတွင်းလျှပ်စစ်ရရှိနိုင်ပါတယ်(compare to Hydro)။Generation mix အရသူ့ကိုအရင်အကောင်အထည်ဖော်
ပြီးတချိန်ထဲမှာရေအားစီမံကိန်းတွေအ
ကောင်အထည်ရမှာပါအချိန်တော့ယူရမှာပါယခင်အစိုးရကကိုယ့်အိတ်ထဲထည့်တာများသွားတော့ယခုpower shortage ဖြစ်ရတာပါတရားခံကငပွကြီးဘဲကိုဝင်း
...See More
LikeReply1April 22 at 5:31pm
Ye Gaung လှိုက်လှဲစွာထောက်ခံပါသည်
Tun Kyaw အမေရိကန်က ဒေါ်နယ်ထရန့်က ဒီဇယ်ဆီ M.D.O ရဲ့ Sulphur ပါဝင်မှု ရာနှုံးကိုလဲဖြေလျော့ပေးတယ်လို့ကြားတယ်။ အရင်ကအာနိုးကြီးသူ့ပြည်နယ်အတွက်တင်းကြပ်ခဲ့တာ။လက်ရှိသင်္ဘောလိုက်တဲ့သူတွေပိုတိတိကျကျသိပါလိမ့်မယ်။ ဆိုချင်တာက ထိပ်တန်းနိုင်ငံကြီးတွေတောင်နိုင်ငံတိုးတက်မှုအတွက် Possible way တွေရှာကြံဖြေလျှော့နေပါတယ်။ ကျွန်တော်တို့အားလုံးထဲထဲဝင်ဝင်သိအောင်လေ့လာပြီးချင့်ချိန်ကြရအောင်။
U Thein Swe မှန်ပါတယ် ထောက်ခံတယ်
U Thein Swe နေရာတကာကလန့်တာမကောင်းပါဘူး ညီညီညွတ်ညွတ်နဲ့ဖြေရှင်းရင်အဖြေထွက်လာမှာဘဲ
Aye A Kyi ဒေါ်နယ်ကစိတ်ကူးယဉ်ပြောသော်လည်းကန်တတ်ကီပြည်နယ်လိုကျောက်မီးသွေးထွက်တဲ့နေရာမှာတောင်အခုSolarm Farm ကြီးဆောက်နေပါပြီ။ဒေါ်နယ်ဟာစိတ်မူမမှန်တဲ့သူဖြစ်လို့အမေရိကန်လိုတိုင်းပြည်ကြီးကိုဦးဆောင်ဖို့မသင့ှ်ကြောင်းကိုလည်းစိတ်ပညာရှင်၃၅ယောက်ကမကြာခင်ကစည်းဝေးပြီးပြောပြီးပြါ...See More
San San Mya I totally agree to the facts of considering coal fired power plants with the flue treatment process. However it is necessary to consider the unit cost of energy and operation cost based on the coal international market price. I think the investment of ...See More
LikeReply3April 22 at 8:13pm
Nilar Kyaw တချို့ကကလေးတွေကိုသရဲနဲ့ခြောက်သလို
အခြောက်ခံထားရလို့ကြောက်တာ။
တချို့ကပယောဂပူးနေလို့ကြောက်ချင်ယောင်
...See More
LikeReply1April 22 at 9:55pm
Aye A Kyi မြန်မာပြည်မှာခုဘဲကျောက်မီးသွေးဓါတ်အားပေးစက်ရုံထဆောက်အခုဘဲဓါတ်အားထွက်တော့မဲ့ပုံစံမျိုးထင်နေကြတာအံ့သြမိပါတယ်။အမေရိကန်ပြည်မှာတော့ခုချိန်ဆောက်မယ်ဆိုရင်တောင်သဘာဝပတ်ဝန်းကျင်ပါမစ်ယူရတဲဖြစ်စဉ်ကလည်းနှစ်နဲ့ချီကြာပါတယ်။လည်ပတ်ရင်လည်းလိုက်နာရမဲ့စည်းကမ်းတွေလည်းအင်မတ...See More
LikeReply2April 22 at 11:50pmEdited
Ko Naing ကျွန်တော်မြင်တာကို ဆွေးနွေးရရင် economic development နဲ့ environmental impact တို့ဟာ ဒွန်တွဲနေတတ်ပြီး policy maker တွေက systematic analysis တွေလုပ်ပြီးမှ decision ချသင့်တယ်လို့ထင်ပါတယ် ။ လေ့လာတွေ့ရှိချက်တွေ ဖြစ်တန်စွမ်းတွေအပေါ်မူတည်ပီး economic developm...See More
Ko Naing ကျွန်တော်လည်း ရေးချင်ဇောကြီးပြီး main theme ဖြစ်တဲ့ electricity ကို မေ့ပြီး ကျန်ခဲ့တာ sorry ပါဗျာ ။ ကျွန်တော်တို့နိုင်ငံမှာ electricity အပါအဝင် infrastructure တွေ ပြည့်စုံလာရင် ပြည်တွင်းပြည်ပ ရင်းနှီးမြှပ်နှံမှုတွေ တိုးတက်လာပါမယ် ။ အစပိုင်းမှာတော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု policy ကို ဦးစားပေးပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ technology တွေ တိုးတက်လာပြီး alternative energy source ( ဥပမာ , remewable energy ) တွေနဲ့ အစားထိုးလာနိုင်ပါတယ် ။ ယနေ့ဖွံဖြိုးတိုးတက်တဲ့နိုင်ငံတိုင်းဟာ ဒီ process တွေ ဖြတ်ကျော်ခဲ့ကြတာပါပဲ ။ ကျွန်တော်တို့နိုင်ငံမှာလည်း technology အမြင်ကျယ်တဲ့ပညာရှင်တွေ ပညာတတ်တွေ ( ပြည်တွင်း ပြည်ပ ပညာရှင်တွေ ) အများကြီး ရှိပါတယ် ။ သူတို့အားလုံးရဲ့အားနဲ့ ပြိုင်တူတွန်းလျင် အရွေ့တစ်ခုတော့ပေါ်လာနိုင်မယ်လို့ ယူဆမိပါတယ်ခင်ဗျာ ။
Sanwai La မြန်မာပြည်က ရပ်ကွပ်ထဲမှာရွှေထုပ်စိန်ထုပ်တွေနဲ့ရှေးခေတ်ပျဉ်ထောင်အိမ်နဲ့ချမ်းသာတဲ့အပျိုကြီးတွေနဲ့တူလေးတွေအိမ်နဲ့တူပါသည်။တူလေးတွေကခေတ်အလိုက်အလုပ်တွေလုပ်ချင်အပျိုကြီးတွေကလဲငါတို့အထုပ်ကဆယ်သက်စားမကုန်ဘူးအေးအေးဆေးဆေးနေစမ်းပါငါ့တူတို့ရယ်ပေါ့။အတွေးတွေကများပြီးလု...See More
LikeReply21 hrs



U Thaung Myint shared a photo to Tun Htun's Timeline.
12 hrs
Engineering books with U Thaung Myint and 4 others.
13 hrsYangon
Clean Coal Technologies in Japan
download link 01