Monday, February 27, 2017

စီတီဇင်ဘက်ဂျတ် ၂၀၁၇ (ရသုံးမှန်းချေ ဥပဒေ)


ဘတ်ဂျတ် ၂၀၁၇ အတွက်
လျှပ်စစ် ၂၄.၃၂%
စီမံဘဏ္ဍာ ၂၀.၈၂%
ကာကွယ်ရေး ၁၄.၃၁%
ပညာရေး ၈.၀၅%
စိုက်ပျိုးဆည်မြောင်း ၅.၇၉%
ပို့ဆက် ၄.၂၉
နိုင်ငံတော်ပိုင်စီးပွားအဖွဲ့စည်းများ(ပြင်ပ) ၉.၆၃%
ပြည်ထဲရေး ၁.၄၉%
စက်မှု ၂.၇၈%
ဆောက်လုပ်ရေး ၂.၄၈%
သယံဇာတ ၁.၄% ..စသဖြင့်ပါ။
.
စီတီဇင်ဘက်ဂျတ် ၂၀၁၇ ကို အစိုးရဘဏ္ဍာရေးဝက်ဆိုဒ်မှာ တင်ထားလို့ ဒေါင်းလုပ်ခဲ့ပါတယ်။ အခုတော့ အဲဒီဘတ်ဂျတ်ကို ပြန်ရှာတာ မတွေ့တော့ပါ။ အကြောင်းအမျိုးမျိုးကြောင့် ဘတ်ဂျတ်ဖိုင် ရှာမတွေ့ပေမဲ့.. အင်တာနက်မှာတော့ ထပ်ဆင့်တင်ပြထားလို့ ပျောက်မသွားပါ။
.
အချိန်ရရင် ဖတ်ကြည့်လို့ကောင်းပါတယ်။
မုရန်...

ဒေါင်းလုပ်လင့်..
http://www.spectrumsdkn.org/en/home/economic-justice/budget-transparency/210-second-myanmar-citizen-budget/file

Friday, February 24, 2017

တိန့်ရှောင်ဖိန်ရဲ့ ပြုပြင်ပြောင်းလဲရေး by Ye Htut, image by Zarni Gyi


တိန့်ရှောင်ဖိန်ရဲ့ ပြုပြင်ပြောင်းလဲရေး
တရုတ်ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန် ကို သြဂုတ် ၂၂ ၁၉ ၀၄ ခုနှစ်မှာမွေးတယ်၊ ၁၉ ၉ ၇ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ကွယ်လွန်တယ်ဆိုတော့ သူကွယ်လွန်ခဲ့တာ အနှစ်နှစ်ဆယ် ရှိပြီပေါ့။
တိန့်ရှောင်ဖိန်ဟာ မော်စီတုံးလက်ထက်မှာ နှစ်ခါတိတိ အပုတ်ချခံရပြီးရာထူးက ဖယ်ရှားခံခဲ့ ရတယ်။ ပထမတစ်ခါက ယဉ်ကျေးမှုတော်လှန်ရေးကာလ ၁၉ ၆၇ ခုနှစ်၊ ပါတီအထွေထွေအတွင်း ရေးမှူးတာဝန်ထမ်းဆောင်နေချိန်မှာ တန်ပြန်တော်လှန်ရေးသမားအဖြစ် စွတ်စွဲခံရပြီး ရာထူးက ဖယ်ရှားခံရတယ်။နယ်နှင်ဒဏ်ပေးခံရတယ်။
ဒါပေမယ့် မော်စီတုန်းက တိန့်ရှောင်ဖိန်ကို လူရှောက်ချီအပါအ၀င် ယဉ်ကျေးမှုတော်လှန် ရေး အတွင်း အရေးယူထုတ်ပယ်ခံရတဲ့ ထိပ်တန်းခေါင်းဆောင်အများစုလို သဘောမထားဘူး။ တိန့် ရှောင်ဖိန်ဟာ ပြုပြင်လို့ရတယ်လို့ သတ်မှတ်ထားတယ်။ ဒါ့ကြောင့် သူ့ကို ရာထူးက ဖယ်ရှားပေ မယ့် ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်မပစ်ဘူး။ ပြန်လည်လေ့လာသင်ယူဖို့အချိန်ပေးခဲ့တယ်။
မော်စီတုန်းက တိန့်ရှောင်ဖိန်ကို အဲဒီလိုသဘောထားတာက သမိုင်းကြောင်းအရဖြစ်ပါတယ်။ ၁၉ ၂၇ နောက်ပိုင်းမှာ တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်တွေက မြို့ကြီးတွေကို အခြေခံပြီးတော်လှန် ရေးလုပ်ရမယ်လို့ခံယူတယ်။ မော်စီတုန်းက ကျေးလက်ကိုအခြေခံပြီးတော်လှန်ရေးလုပ်ရမယ်လို့ ယုံကြည်တယ်။ သူ့ဒေသမှာအဲဒီလိုပဲလုပ်တယ်။ တိန့်ရှောင်ဖိန်ကလည်း မော်စီတုန်းအယူအဆကို ထောက်ခံပြီး သူ့ဒေသမှာ အခြေခံနယ်မြေတည်ဆောက်ပြီး တော်လှန်ရေးလုပ်တယ်။
ကွန်မြူနစ်ပါတီဗဟိုကော်မတီက မော်စီတုန်းအယူအဆကို ကမ်းကုန်အောင်မှားတဲ့ လယ်သမားဝါ ဒ၊ ဒေသစွဲအယူအဆဆိုပြီး ဝေဖန်တိုက်ခိုက်တဲ့အခါ တိန့်ရှောင့်ဖိန်လည်း မော်အုပ်စုဝင်ဆိုပြီး ဝေဖန်ရှုံ့ချခံရတယ်။ ရာထူးချအပြစ်ပေးတာကို ခံခဲ့ရတယ်။ ဒါဟာ သူရဲ့ပထမဆုံး အပုတ်ချခံရ တဲ့ဖြစ်စဉ်ပဲ။ အဲဒီအချိန်က တိန့်ရှောင်ဖိန်ရဲ့ပထမဇနီးက တောင် သူကို ကွာရှင်းပြီး ဝေဖန်တိုက်ခိုက် ခဲ့ တယ်။ နောင်မှာ မော်စီတုန်းရဲ့ အယူအဆမှန်ကန်ကြောင်း လက်တွေ့ ဖြစ်ရပ်တွေက သက်သေ ပြလာမှ ၁၉ ၃၅ စွင်းယိ အစည်းအဝေးကျမှ မော်စီတုန်းကို ပါတီခေါင်း ဆောင်အဖြစ် ရွေးချယ် ခဲ့ကြတာပါ။ မော် က တော့ ၁၉ ၃၁-၃၄ ကာလကို လက်ဝဲအချောင်သမားဝါဒခေတ်လို့ ပြောခဲ့ တယ်။ မော် နေရာပြန်ရလာတော့ တိန့် လည်း နေရာပြန်ရလာခဲ့တယ်။
အဲဒီအဖြစ်အပျက်ကြောင့် မော်စီတုန်းက တိန့်ရှောင်ဖိန်ဟာ အမှားလုပ်ကောင်းလုပ်မယ်၊ ဒါပေမယ့် သူ့အပေါ်မှာ ဘယ်တော့မှသစ္စာမဖောက်ဘူးလို့ ယုံကြည်ထားတယ်။ ဒ့ါကြောင့်လည်း နှစ်ကြိမ် တိတိ (၁၉ ၆၇ နဲ့ ၁၉ ၇၆) အရေးယူခဲ့ပေမယ့် ပါတီက ထုတ်ပစ်တာကိုမလုပ်ဘူး၊ တစ်ခြား ခေါင်းဆောင်တွေလို အကျဉ်း ချထားတာမျိုးမလုပ်ဘူး။ မော်စီတုန်းက တိန့်ရှောင်ဖိန်နဲ့ ပြဿနာ ကို ရန်ဘက်ပဋိပက္ခမဟုတ်ဘူး၊မိတ်ဘက်ဝိရောဓိသာဖြစ်တယ်လို့ မှတ်ချက်ပေးဖူးတယ်။
ဝန်ကြီးချုပ်ချူအင်လိုင်း ကင်ဆာရောဂါခံစားရတော့ မော်စီတုန်းက တိန့်ရှောင်ဖိန်ကို ၁၉ ၇၄ ခုနှစ်မှာ ပထမဒုတိယ၀န်ကြီးချုပ်အဖြစ် ပြန်ပြီးတာဝန်ပေးခဲ့တယ်။ ဒါပေမယ့် ၁၉ ၇၆ ခုနှစ် ဇန်န၀ါရီလ ၀န်ကြီးချုပ် ချူအင်လိုင်း ကွယ်လွန်ပြီးချိန်မှာတော့ တိန့်ရှောင်ဖိန်ကို ပြန်လည်ပြင်ဆင် ရေးသမားလို့ စွတ်စွဲပြီး တာဝန်ကနေအနားပေးခံရပြန်တယ်။ ၁၉ ၇၆ ခုနှစ် စက်တင်ဘာ ၁၉ ရက် နေ့ မော်စီတုန်းကွယ်လွန်ပြီးတဲ့နောက်မှ တိန်ရှောက်ဖိန်ဟာ နိုင်ငံရေးဇာတ်ခုံပေါ်ကို ပြန်တက်လာ ခဲ့ပြီး ၁၉ ၇၈ ခုနှစ်မှာတော့ တရုတ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို စတင်ခဲ့တယ်။
တိန့်ရှောင်ဖိန်ဟာ ကွန်မြူနစ်တစ်ယောက်ဖြစ်ပေမယ့် လက်တွေ့ဝါဒီလည်းဖြစ်တယ်။ “ ကြောင် ဖြူ တာ၊ မည်းတာအရေးမကြီးဘူး၊ ကြွက်ခုတ်ဖို့က အရေးကြီးတယ်” ၊ “ ဆိုရှယ်လစ်ဝါဒဆိုတာ လူတွေ ကိုဆင်းရဲအောင်လုပ်တဲ့ဝါဒ မဟုတ်ဘူး” ဆိုတဲ့ သူ့အဆိုတွေဟာ ထင်ရှားတဲ့အဆိုအမိန့်တွေပဲ။
တိန့်ရှောင်ဖိန်ဟာ ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်ခဲ့ပေမယ့် အဲဒီပြုပြင်ပြောင်းလဲရေးဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဦးဆောင်မှုအခန်းကဏ္ဍကို ခိုင်မာရေးအတွက်ပဲဖြစ်တယ်။ သူဟာ ကွန်မြူ နစ်ပါတီရဲ့ ဦးဆောင်မှုကို ထိခိုက်မယ်ဆိုရင် လိုအပ်တာမှန်သမျှလုပ်ဆောင်ဖို့အသင့်ရှိတယ်ဆိုတာ ဟူယောင်ဘန်း၊ ကျောက်ကျိယန်တို့ကို ဖယ်ရှားခဲ့မှု၊ ၁၉ ၈၉ တိန်အန်မင်ရင်ပြင်အရေးအခင်းကို ကိုင်တွယ်ဖြေရှင်းခဲ့မှုတွေမှာတွေ့ရမှာဖြစ်ပါတယ်။
တရုတ်နိုင်ငံကို ပြုပြင်ပြောင်းလဲစေတဲ့ တိန့်ရှောင်ဖိန်ရဲ့ အဓိက အတွေးအခေါ်လေးရပ် ရှိပါတယ်။ အဲဒါတွေကတော့
၁။ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ဝါဒ
၁၉ ၇၈ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ကျင်းပတဲ့ တရုတ်ကွန်မြူနစ်ပါတီ ၁၁ ကြိမ်မြောက် ဗဟို ကော်မတီအစည်းအဝေးက အတည်ပြုခဲ့တဲ့ မူဝါဒဖြစ်ပါတယ်။ အဲဒီမူဝါဒအရ စိုက်ပျိုးရေး၊ စီးပွား ရေး ပြုပြင်ပြောင်းလဲမှုတွေဖြစ်လာတယ်။ တရုတ်နိုင်ငံသားတွေကို ပြည်ပစေလွှတ်ပြိး ပညာသင်ခိုင်း၊ လေ့လာခိုင်းတယ်။ အထူးစီးပွားရေးဇုန်တွေပေါ်လာတယ်။ ရလဒ်ကတော့ စီးပွားရေးတိုးတက်လာ ပြီး လူဦးရေ သန်းတစ်ထောင်ကျော်ကို ဆင်းရဲတွင်းကလွတ်မြောက်အောင်လုပ်ပေးနိုင်ခဲ့တယ်။ ၁၉ ၇၈ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ ဂျီဒီပီက ကမ္ဘာ့စီးပွားရေးရဲ့ ၁% ပဲရှိပေမယ့် ၂၀၁၅ ခုနှစ်မှာတော့ ၁၅.၅% အထိဖြစ်လာခဲ့ပြီ။
၂။ ဖူလုံတဲ့ လူ့အသိုင်းအ၀န်း
၁၉ ၇၉ ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့ တိန့်ရှောက်ဖိန် ဂျပန်ခရီးစဉ်မှာစပြောခဲ့တဲ့အယူအဆဖြစ် တယ်။ ဆိုရှယ်လစ်ဝါဒ ဆိုတာ လူတွေဆင်းရဲအောင်လုပ်တာမဟုတ်ဘူးဆိုတဲ့ တိန့်ရှောင်ဖိန်က တရုတ် နိုင်ငံသားတွေရဲ့ တစ်ဦးချင်းဝင်ငွေကို လက်ရှိ ၂၅၃ ဒေါ်လာကနေ ၂၀ ရာစု ကုန်ဆုံးချိန်မှာ ဒေါ်လာ ၈၀၀ ဖြစ်အောင်လုပ်ရမယ်။ တရုတ်နိုင်ငံသားတွေဟာ အခြေခံစားဝတ်နေရေးဖူလုံမှုရှိရမယ်လို့ ပြောခဲ့တယ်။ ဒီကနေ့အချိန်မှာ တရုတ်နိုင်ငံရဲ့ တစ်ဦးချင်းဝင်ငွေဟာ ဒေါ်လာ ၄၅၀၀ ဖြစ်နေပါပြီ။
၃။ တရုတ်စရိုက်လက္ခဏာနဲ့ ဆိုရှယ်လစ်ဝါဒ
၁၉ ၈၂ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ တရုတ်ကွန်မြူနစ်ပါတီ ၁၂ ကြိမ်မြောက် ပါတီညီလာခံ မှာ တိန့်ရှောင်ဖိန်ပြောခဲ့တဲ့ အယူအဆဖြစ်ပါတယ်။ တိန့်ရှောက်ဖိန်က တရုတ်နိုင်ငံဟာ ဆိုရှယ်လစ် ၀ါဒ ကနဦးအဆင့်မှာပဲရှိသေးတယ်။ ဒါကြောင့် စီးပွားရေး၊လူမှုရေး၊ နိုင်ငံရေးတိုးတက်မှုတွေရ အောင်အရင်လုပ်ရမယ်လို့ဆိုပါတယ်။ အဲဒီအယူအဆဟာ တရုတ်နိုင်ငံ စီးပွားရေးပြုပြင်ပြောင်းလဲ မှုရဲ့ အခြေခံအယူအဆဖြစ်လာပါတယ်။ တရားသေဆိုရှယ်လစ်စီးပွားရေးမူဝါဒတွေကို စွန့်လွှတ် လိုက်တာလည်းဖြစ်ပါတယ်။
၎။ တစ်နိုင်ငံ၊ စနစ်နှစ်ခု
ဟောင်ကောင်၊ မကာအို၊ တိုင်ဝမ် တို့ကို တရုတ်ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းနိုင်ဖို့လုပ်ဆောင် ရမှာ လိုက်နာရမယ့်အခြေခံမူဝါဒဖြစ်ပါတယ်။ အဲဒီအချက်ကို ၁၉ ၈၂ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ တရုတ်နိုင်ငံအခြေခံဥပဒေပြင်ဆင်ရာမှာထည့်သွင်းခဲ့တယ်။
တရုတ်ပြည်မကြီးနဲ့ပြန်လည်ပေါင်းစည်းရာမှာ ကွန်မြူနစ်စနစ်ကို ကျင့်သုံးဖို့မလိုဘူးဆိုတဲ့ အယူ အဆကြောင့် တရုတ်နိုင်ငံဟာ ၁၉ ၉ ၇ ဇူလိုင်လ ၁ ရက်နေ့မှာ ဟောင်ကောင်ကျွန်း၊ ၁၉ ၉ ၉ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ မကာအိုတို့နဲ့ ပြန်လည်ပေါင်းစည်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ တစ်နိုင်ငံ စနစ်နှစ်ခုမူဝါဒရဲ့ အောင်မြင်မှုပဲ။
တိန့်ရှောင်ဖိန်မှာ လေးစားစရာ၊ စံနမူနာယူစရာ သုံးချက်တွေ့ရပါတယ်။
ပထမအချက်ကတော့ ပြန်လည်ထူမတ်နိုင်စွမ်းပေါ့။ ကွန်မြူနစ်စနစ်လို ပြင်းထန်တဲ့ စနစ် အောက်မှာ သုံးကြိမ်တိတိ ( ၁၉ ၃၀၊ ၁၉ ၆၇၊ ၁၉ ၇၆) အရေးယူအပြစ်ပေးခံရပေမယ့် ပြိုလဲမသွား ပဲ ပစ်တိုင်းထောင်လို၊ ဖီးနစ်ငှက်လို ပြန်လည်ထူမတ်လာနိုင်ဖို့ဆိုတာ တော်ရုံ စိတ်ဓာတ်ခိုင်မာမှု နဲ့ မဖြစ်နိုင်ပါဘူး။
ဒုတိယအချက်ကတော့ လက်တွေ့ကျမှုဖြစ်ပါတယ်။ ယုံကြည်ချက်ခိုင်မာတာနဲ့ ခေါင်းမာတာနဲ့ မတူဘူးဆိုတာကို တိန့်ရှောင်ဖိန်ရဲ့ လုပ်ဆောင်ချက်တွေကို လေ့လာရင်တွေ့နိုင်ပါတယ်။
တတိယအချက်ကတော့ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုကို ဖယ်ရှားပြီး စုပေါင်းခေါင်းဆောင်မှုနဲ့ တာဝန်ယူ စနစ်ကိုတည်ထောင်ခဲ့တာပါပဲ။သူသြဇာ ၊ အာဏာ အထွတ်အထိပ်ကိုရောက်နေချိန်မှာ ပါတီ ဥက္ကဌ၊ သမ္မတ၊ အထွေထွေအတွင်းရေးမှူး၊ဆိုတဲ့ ထိပ်ဆုံးရာထူးတွေကို မယူခဲ့ဘူး။ ဒါ့အပြင် ငါးနှစ် သက် တမ်းနှစ်ကြိမ်ပဲ တာဝန်ယူဖို့၊ ပေါ်လစ်ဗျူရိုဝင်အဖြစ်ကနေ အနားယူရမယ့် အသက် စတဲ့ အစဉ် အလာတွေကိုလည်းချမှတ်ပေးသွားခဲ့တယ်။ ခေါင်းဆောင်တွေဟာ နတ်ဘုရားတွေမဟုတ်ဘူးဆို တဲ့ စကားကို အမြဲပြောခဲ့တယ်။
တိန့်ရှောင်ဖိန်ကတရုတ်နိုင်ငံကို ဘယ်လိုဦးဆောင်ခဲ့လဲလို့မေးရင်၁၉၈၇ ခုနှစ်မတ်လမှာ ကင်မရွန်း နိုင်ငံသမ္မတ Paul Biya နဲ့တွေ့ချိန်မှာပြောခဲ့တဲ့ နိုင်ငံရေးစနစ်တစ်ခု၊အစိုးရတစ်ခု ကောင်း၊ မကောင်း တိုင်းရ မယ့်စံလေးချက်ကိုပဲကိုးကားရမှာပဲ။ အဲဒါတွေကတော့
၁။ နိုင်ငံရေးတည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ခြင်း။
၂။ နိုင်ငံစည်းလုံးညီညွတ်မှုကို ထိန်းသိမ်းနိုင်ခြင်း။
၃။ နိုင်ငံသားတို့၏လူနေမှုအဆင့်အတန်းကို မြှင့်တင်နိုင်ခြင်း။
၎။ ကုန်ထုတ်စွမ်းအားစု၏ ထုတ်လုပ်မှုစွမ်းအားကို မြှင့်တင်နိုင်ခြင်း။
အဲဒီမှတ်ကျောက်တွေနဲ့တိုင်းပြီး တိန့်ရှောင်ဖိန်က အနောက်ပုံစံဒီမိုကရေစီကသာ တိုင်းပြည်ဖွံ့ဖြိုး တိုးတက် အောင်လုပ်နိုင်တာ မဟုတ် ဘူးဆိုတာကို ကွန်မြူနစ်ပါတီရဲ့ ဦးဆောင်မှုနဲ့ တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပြီး သက်သေပြသွားခဲ့တယ်။
တရုတ်ပြည်သူတွေ တိန့်ရှောင်ဖိန်ကို ဘာ့ကြောင့်လွမ်းတယ်ဆိုတာ တိန့်ရှောင်ဖိန်နဲ့ မကြုံဘူး တဲ့ ကျွန်တော်တို့တစ်တွေ နားလည်ဖို့ခက်မှာ သေချာပါတယ်။

Zawmyint Naing မပြောကောင်းမဆိုကောင်း
မဆလ နိုင်ငံရေးနှင့်တံခါးဖွင့်စီးပွားရေး
အတွဲအစပ်လုပ်လို့ မရဘူးလားခင်ဗျာ့
Ye Htut လုပ်ရင်ရတာပေါ့ဗျာ။ လမ်းစဉ်ပါတီမှာ တိန့်ရှောင်ဖိန်မှ မရှိတာ

Minn Thu တိန့်ရှောင်ဖိန်က ၁၆နှစ်သားကနေ ၂၂ နှစ်သားလောက်အထိ ပြင်သစ်မှာ ပညာသင် အလုပ်လုပ် နေခဲ့ဘူးတယ်။ အဲဒီနောက် ရုရှားကိုသွားခဲ့တယ်။
ငယ်စဉ်ကတည်းက အနောက်နိုင်ငံ အတွေ့အကြုံရှိခဲ့တယ်။ မြင်ဘူး တွေ့ဘူးခဲ့တယ်။

မော်စီတုံးက တရုတ်ပြည်ကြီးကို စုစည်းပေးခဲ့ပြီး အစဉ်အလာ၊ အယူအဆ အတွေးပေါင်းစုံရှိနေတဲ့ တရုတ်တွေရဲ့ဦးနှောက်ကို ဘာမှမကျန်အောင်ရှင်းပေးခဲ့တယ်။

ဒါပေမယ့် ထင်ရာစိုင်း ကွန်မြူနစ်စနစ်ကြောင့် ဒုက္ခရောက်တော့မယ့်အချိန်မှာ ကံကောင်းစွာနဲ့ နိုင်ငံတကာအတွေ့အကြုံရှိတဲ့ ခေါင်းဆောင်ဖြစ်တဲ့ တိန်ရှောင်ဖိန်လက်ထဲကို ဦးဆောင်ခွင့်ရောက်ရှိလာပြီး မှန်ကန်တဲ့ဦးဆောင်မှုကို ပေးလိုက်နိုင်တယ်။
တရုတ်ပြည်ကြီးရဲ့များပြားလှတဲ့လူဦးရေနဲ့သယံဇာတကြွယ်ဝမှုတွေဟာ နိုင်ငံခြား FDI တွေကို စွဲဆောင်မှု အပြည့်ရှိနေတာလည်း အဓိကကျပါတယ်။

တရုတ်တွေကတော့ လွမ်းမှာပေါ့။
တိန်ရှောင်ဖိန် မလာဘဲ နောက်ထပ်သာ မော်စီတုံးလိုလူမျိုးနဲ့ဆိုရင် သေဘီဆရာဘဲတဲ့။

Francis Lim သမ္မတဟောင်း ဦးသိန်းစိန်မှာတော့ တိန့်ရှောင်ဖိန်နဲ့ တူတဲ့ အချက်ရယ် စွမ်းဆောင်ရည်ရယ် တစ်ချက်မှ မရှိခဲ့တာ ၀မ်းနည်းစရာပါ။ အင်တာနက် ဆက်သွယ်ရေး မထွန်းကားတဲ့ အချိန် တိန့်နဲ့ ခေတ်ပြိုင်ဆိုရင်တော့ တမျိုးပေါ့လေ။ 
Ye Lin Aung ကျနော်ကတော့တူတယ်လို့ထင်တာပဲ
Francis Lim Ye Lin Aung တူတော့တူတယ်။ သိန်းစိန်နဲ့ DSA အပါတ်စဉ် အတူတူ တက်ခဲ့ဖူးတဲ့ NLD လွှတ်တော် ကိုယ်စားလှယ် ဗိုလ်ကြီးဟောင်း တစ်ယောက်ပြောတယ်။ စောက်ပြိန်းနဲ့ တူတူပါပဲတဲ့။
Aung Tun နိုင်ငံကောင်းရာကောင်းကျိုး အတွက် အတတ်နိုင်ဆုံး ကြိုးစားသွားခဲ့တဲ့ နိုင်ငံတော်သမ္မတ ဟောင်းတစ်ယောက်ကို အပုတ်ချ တာကတော့ အောက်တန်းစား ဆန်လွန်းပါတယ်ဗျာ ..၊

Cho Htun But the important thing is getting the investment and technology from US,Japan and Europe.China has got privilege from US long time ago.And China has no pressure from big countries like us.And no insurgency as well
Zarni Gyi Yes, right.
US President Nixon's visit to the People's Republic of China in 1972 & US President Obama's visit to Myanmar in 2014 & 2015 two times. Japan 1945, Taiwan, Hong Kong, Singapore, S.Korea, Vietnam even the Thailand .. all country benefits from USA visits.
Myanmar (@ Burma) is almost 100% lifted US economic sanction after DASSK's NLD party government in 2016. DASSK visited USA in 2016.
.
Anyway, first and second US President Obama visit to Myanmar during Myanmar President U Thein Sein, who also visited USA white house.
.
How to prevent China's influence? 2015 article. Yes, only support DASSK.
https://www.facebook.com/kyawko.kokyaw.7/posts/834698783242487
.
All are wonderful events to change Myanmar people.
.
DASSK has capability of Deng Xiaoping. Sorry, for image of promotion book cover. . Thank You , U Ye Htut.
LikeReplyJust now
Nay Thu Moe အဲ့ဒီကာလ က တရုတ်​ပြည်​ရဲ့ နိုင်​ငံ​ရေးအ​ခြေ​နေနဲ့ ​မော်​စီတုံး တိန့်​​ရှောင့်​ဖိန်​ အ​ကြောင်း အရ်းစိတ်​ဝင်​စားပါတယ်​ခဗ..အန်​ကယ်​ ​ရေးတင်​​ပေးတာ ​ကျေးဇူးပါခဗျ..
အပြည့်​အစုံ သိချင်​ဘယ်​စာကိုဖတ်​ရင်​ အဆင်​​ပြေနိုင်​မလဲ အန်​ကယ်​ ​ပြောပြ​ပေးပါဦးဗျ.. မြန်​မာပြန်​ စာအုပ်​ထဲက​ပေါ့
ကို ဟန် ကျမဖေဖေ တိန့်ရှောင်ဖိန်း... သူ့သမီးရေးတာကို မြန်မာလိုပြန်ထားတာရှိတယ်ထင်ပါတယ်ခင်ဗျ..

Bodhi Pakkhiya အမိမြန်ပြည်သားတွေက သူဌေးသား တွေဗျ ဆင်းရဲဒုက္ခကို ဘဝနာအောင်မခံ စားခဲ့ဘူးလေ ။နောက်လုံးလဝိရီယနဲ့ကြ တယ်လေ။တရုတ်တွေက အငတ်ဘေး ဆင်းရဲဒုက္ခရောက်ခဲ့ကြတာလေ*ဘဝ*နာခဲ့ကြတယ်လေ ။အဲဒါ တရုတ်နဲမြန်မာ ရေခံမြေခံကွာခြားချ က်ပဲလေ ။တရုတ်က ကြိုးစားမှဆင်းရဲဒုက္ခ လွတ်မြောက်မယ် ဆင်းရဲမှာကို ငရဲရောက်မှာထက်ကြော က်ကြတယ်လေ ။ကွန်မြူနစ်စနစ်ဆိုတာ ထက် ကွန်ဖြူးရှစ်အခြေခံယဉ်ကျေးမူရှိ တယ်ထကြွလုံလဝိရီယရှိကြိုးစားအားထုတ်ရမယ်လို့သင်ကြားထားတယ်လေ

Thaw Da သိပ်အကျိုးရှိတဲ့ပိုစ့်ပါ
အိမ်နီးချင်းနိုင်ငံရဲ့အတုယူစရာ
ခေါင်းဆောင်မှုအရည်အသွေးတွေ
လုပ်ဆောင်ချက်တွေသိရတာဗဟုသုတရပါတယ်
အစိုးရတစ်ရပ်ရဲ့ကောင်းမကောင်းစံလေးရပ်ကိုသိရတဲ့အတွက် ကျေးဇူးတင်ပါတယ်


။။။။။။။။။။။။။။။။။။။။။။။။။။။။။။



လွှတ်တော်ကိုယ်စားလှယ်များကို တရုပ်ပြည်အကြောင်း တရုပ်ပြည်ပြုပြင်ပြောင်းလဲမှုကို အသေးစိတ်ရှင်းလင်းပါတယ်။
.
ရည်ရွယ်ချက်ကတော့
မြန်မာလိုပဲ တရုပ်ပြည်ကြီး ဆင်းရဲမွဲတေမှုကို ဘယ်လိုကျော်လွှားခဲ့ကြောင်း . . မြန်မာများ သင်္ခန်းစာယူကြဖို့ ဖြစ်ပါတယ်။
.
.
.
တခါက လွန်ခဲ့တဲ့နှစ်ပေါင်း၎ထောင်ကတည်းက တရုပ်ပြည်ကြီးဟာ ကြီကျယ်ခန်းနား တတ်သိပညာများရဲ့ဗဟိုကြီး ဖြစ်ပါတယ်။ ၁၆၀၀ ဥရောပ ပြုပြင်ပြောင်းလဲရေး ပြင်သစ်နဲ့ နပိုလီယန် ခေတ်ကစပြီး ဥရောပနိုးကြားတက်ကြွလာပြီး တရုပ်ပြည်က စိုးရိမ်လို့ တခါးပိတ်ဝါဒ ကျင့်သုံးခဲ့ပါတယ်။ နောက်ဆုံး အနောက်နိုင်ငံနယ်ချဲ့များရဲ့ ''ဘိန်းစစ်ပွဲ'' နဲ့ အစိတ်စိတ်မွှာ ဖြစ်ရပြီး စစ်ဝါဒီ ဂျပန်နိုင်ငံရဲ့ ကျူးကျော်သိမ်းပိုက် ညှင်းပမ်းနှိပ်စက်ခံခဲ့ရပါတယ်။
.
မြန်မာပြည်မှာ ငတ်သေတဲ့လူ မရှိဘူး ပြောကြပေမဲ့ တရုပ်ပြည်မှာတော့ အငတ်ဘေး မိုးခေါင်ရေရှား လူပေါင်း သန်းနဲ့ချီ သေဆုံးလေ့ရှိပါတယ်။ အလွန်ဆင်းရဲမွဲတေခဲ့ပါတယ်။
.
ကွန်မြူနစ်ပါတီ မော်စီတုန်းခေါင်းဆောင်ပြီး ခေတ်သစ်တရုပ်ပြည် ပြန်တည်ထောင်နိုင်ခဲ့ပါတယ်။ ဒါလဲ ဆင်းရဲမွဲတေမြဲ ဖြစ်ပြီး မော်စီတုန်းက ပညာနဲ့တိုင်းပြည်တည်ထောင်ဖို့ တိန်ရှောင်ဖိန့်ကို ပြန်ခေါ်ပါတယ်။ မော်စီတုန်း ကွယ်လွန်ပြီး ၁၉၇၈ နောက်ပိုင်း တရုပ်ပြုပြင်ပြောင်းလဲမှု စတင်ခဲ့ပါတယ်။
.
..
ပထမဆုံး ပညာရေးနဲ့ပဲ အနောက်နိုင်ငံများကို အမီလိုက်ပါတယ်။ အခုတော့ GDP မှာ ဂျာမဏီ ဂျပန် တွေကို ကျော်လွှားပြီး ၂၀၁၅ မှာ အမေရိကန်ကို ကျော်ပြီး ကမ္ဘာ နံပါတ်(၁) ဖြစ်သွားပါပြီး။ မြန်မာပြည်မှာလဲ ပညာရေးပြုပြင်မှု အင်္ဂလိပ်စာဗဟိုပြု ကမ္ဘာကို ထိုးဖောက်ဖို့ စတင်နေပါပြီ။
ပညာရေးနဲ့ နည်းပညာများကို ဘယ်လိုနည်းနဲ့ ရယူသွားပုံများ . . ပညာခေတ်ကို ရောက်ရှိသွားပုံ။ တရုပ်ခေါင်းဆောင်များက အမျိုးသားစိတ်နဲ့ အခက်ခဲများကြားများက ဘက်စုံ တိုးတက်ပြီး ယခုကမ္ဘာ့ထိတ်တန်း နိုင်ငံ အဖြစ် ရောက်နေပုံ တရားဝင် တရားမဝင် လုပ်နည်းများသုံး ပြီး . . တဦးခြင်းကြိုးစားသွာပုံ တရုပ်အစိုးရ ပံ့ပိုးမှုများကို ပြောပြသွားပါတယ်။
.
စီးပွား ကုန်ထုတ်လုပ်ငန်းများကို ပြောသွားပါတယ်။ မြန်မာသမ္မတကြီးကလည်း စိတ်သဘောကောင်းဖို့ လူငယ် လူလတ်ပိုင်းတွေမှာ လုပ်ခဲ့ပါတယ်။
.
.
Comment. .
သူ့ရဲ့ စာတန်းမှာ Good Attitude ကိုတော့ များများ မပြောပေမဲ့ . . အုပ်ချုပ်သူ တရုပ်အစိုးရ ခေါင်းဆောင်များ ကို ရွေးချယ် အုပ်ထိန်းသူကြီး တိန်ရှောင်ဖိန့် အလား မြန်မာပြည်မှာ ထူးချွန် မေတ္တာစွမ်းအားကြီးတဲ့ ဒေါ်အောင်ဆန်းစုကြည် ရှိနေပါတယ်။ အောင်မြင်မှာ ယုံကြည်ပါတယ်။
ဒေါ်လာဈေးဆိုတာ Inflation ငွေဖေါင်းပွနှုန်းပေါ်မူတည်ပါတယ်။
.
ဥပမာ တရုပ်ပြည်ပြုပြင်ပြောင်းလဲလုပ်တဲ့ တိန်ရှောင်ဖိန့် ၁၉၇၈ စတင်ချိန်မှာ ခရိုနီများကြောင့် အခုမြန်မာပြည်ဖြစ်သလို ငွေဖောင်းပွနှုန်း 10% ပတ်ဝန်ကျင်နဲ့ လုပ်ငန်းရှင်လေးတွေ ဒုက္ခရောက်ကြပါတယ်။ တောင့်မခံနိုင်သူတွေ လုပ်ငန်းပြုတ်ကြပါတယ်။
.
1989 တရုပ်ပြည် အရေးခင်းကြီးအပြီး စနစ်တကျပြုပြင်ပြောင်းလဲတာ ငွေဖောင်းပွနှုန်း 3% လောက်ကျသွားပါတယ်။ မကြာပါဘူး စီးပွားရေးပြန်ကောင်းလာတော့ ငွေဖောင်းပွနှုန်းလဲ 10% လောက် ဖြစ်လာပြန်ပါတယ်။ 1992 နောက်ပိုင်းမှာ ငွေဖောင်းပွနှုန်းပြန်ကျသွားပြီး 1995 နောက်ပိုင်း တရုပ်ပြည် ငွေဖောင်းပွနှုန်း 3% လောက် အိုကေသွားတာ အခု ၂၀၁၆ အထိပါ။
.
ဒါကြောင့် နောက်၂နှစ် ၃နှစ်ကတော့ မြန်မာပြည် စီးပွားပြန်ဖြစ်လာချိန် ငွေဖောင်းပွနှုန်း 10% အထက်ဖြစ်မှာမို့ ဒေါ်လာဈေး မလွဲမသွေ တက်မှာ အသေအချာပါပဲ။
http://www.tradingeconomics.com/china/inflation-cpi

MDG Series. .
Dec 2016

ဦးသန်းရွှေ အကြောင်းလဲ တိန့်ရှောင်ဖိန့် အကြောင်းနဲ့ယှဉ်ပြီး မြန်မာတွေ သိသင့်ပါတယ်။ ဦးသန်းရွှေကောင်းကြောင်း ရေးထားတဲ့ စာအုပ်။ 
https://www.facebook.com/myanmarjobstudent/posts/10153760730818472
.
.
တိန့်ရှောင်ဖိန့် လို တွေးခေါ်လုပ်ဆောင်နိုင်သူ၊ အရည်အချင်းရှိပြီး ကမ္ဘာတခုလုံးက လေးစားကြည်ညိုတဲ့သူ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်ဖြစ်လာတာ မြန်မာနိုင်ငံအတွက် အလွန်ကံကောင်းပါတယ်။ (ဘုရားသခင်ကောင်းကြီးဖြစ်ပါတယ်)။ နောက်ကွယ်ဝင်သွားတဲ့ စစ်အာဏာရှင်ဟောင်းကြီး ဦးသန်းရွှေ ကိုယ်တိုင် လက်ခံပြီး ထောက်ခံနေတာလဲ အနာဂါတ်မြန်မာနိုင်ငံအတွက် သားရွှေအိုးထမ်းလာသလို ပါပဲ။ အချိန်တန်ရင်တော့ ဒေါ်အောင်ဆန်းစုကြည် အာဏာရှင်ဖြစ်လာမလား၊ တိန်ရှောင်ဖိန့်လို အနားယူပြီး တိန်ရှောင်ဖိန့်လို နောက်ကွယ်က အေးဆေးစွာ နေထိုင်သွားမလား ..ဆိုတာ စောင့်ကြည့်ကြပါစို့။

ဇာနီကြီး
၂၅-ဖေ-၂၀၁၇ 

Tuesday, February 21, 2017

ကျွန်တော်နဲ့ ဆိုးလ်မြို့ Korea Development Institute (KDI) - ဒေါက်တာအောင်ထွန်းသက်

ကျွန်တော်နဲ့ ဆိုးလ်မြို့ =================

ကျွန်တော်နဲ့ ဆိုးလ်မြို့ 
================= 
ကျွန်တော်ဟာ တစ်လောက တောင်ကိုးရီးယား နိုင်ငံဆိုးလ်မြို့ကို ရောက်ခဲ့ပါတယ်။ 

နိုင်ငံတော်က စေလွှတ်တာမို့ ပထမအကြိမ် အစိမ်းရောင်နိုင်ငံကူး လက်မှတ်ကို ပြန်လည်ကိုင်ခွင့်ရခဲ့တယ်။ တစ်ချိန်က တော့ နိုင်ငံ့တာဝန်ယူနေတာမို့ ခရီးထွက်တဲ့အခါ အစိမ်းရောင် ကိုင်ခွင့်ရခဲ့ပါတယ်။ နောက်တော့ အနီ ရောင်ကိုပဲ ကိုင်ဆောင်ပြီးသွားခဲ့ပါတယ်။ အဆင့်မြင့်အရာရှိများအဖွဲ့နဲ့ သွားခဲ့တာမို့ နေရာ တိုင်း VIP အနေနဲ့ ဆက်ဆံခံရပါတယ်။ ကျွန်တော်က ဥရောပခရီးစဉ်က ပြန်ပြီး တစ်ညအိပ် အိမ်မှာနားပြီး နောက်တစ်နေ့ည ခရီးထွက်ရမှာမို့ အနောက်ကအရှေ့ကို တစ်ကြိမ်တည်း ကူးခဲ့တာပါ။ နည်းနည်းပင်ပန်းပေမယ့် မသွားမဖြစ်တဲ့ခရီးမို့ သွားခဲ့ရခြင်းဖြစ်ပါတယ်။ 

အဖွဲ့ ခေါင်းဆောင်က ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း ဖြစ်ပြီး ကျွန်တော်နဲ့အတူ ဒေါက်တာဇော်ဦး၊ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် နှစ်ဦးနဲ့ စီမံ/စီးပွားဝန်ကြီးဌာနက ဒုတိယညွှန်ကြား ရေးမှူး စုစုပေါင်းခြောက်ဦး ပါဝင်တာဖြစ်တယ်။ ဒေါက်တာဇော်ဦးက ကြိုတင်ပြီးသွားနှင့်တာမို့ ရန်ကုန် ကထွက်တော့ ငါးဦးသာဖြစ်တယ်။ လေယာဉ်က သန်းခေါင်ကျော်မှာ ထွက်တယ်။ လေယာဉ်ပျံကခပ် သေးသေးမို့ ကောင်းကောင်းမအိပ်ခဲ့ရပါဘူး။ နောက် တစ်နေ့ မနက်စောစော ဆိုးလ်မြို့က အင်ချွန်းလေယာဉ် ကွင်းမှာ မြန်မာနိုင်ငံသံအမတ်ကြီးနဲ့ စီးပွားရေး အတွင်းဝန်တို့ကလာကြိုပြီး တည်းခိုမယ့် ဟိုတယ်ကို ကားနဲ့ထွက်ခဲ့ကြတယ်။ ဒီခရီးကို စိတ်တထင့်ထင့် နဲ့လာခဲ့တာဖြစ်တယ်။ တောင်ကိုရီးယားနိုင်ငံမှာ MERS ရောဂါတွေ ဖြစ်နေတာကို ရုပ်မြင်သံကြားမှာရော၊ စာနယ်ဇင်းတွေမှာပါ ရောဂါပျံ့နေတဲ့အကြောင်း သိရ တော့ စိတ်ထဲက စိုးရိမ်မိတာအမှန်ပါ။ ဒါပေမယ့် တကယ် အန္တရာယ်ရှိရင် တောင်ကိုရီးယားအစိုးရက ကျွန်တော်တို့အဖွဲ့ကို အကြောင်းကြားမှာပဲဆိုပြီး ထွက် ခဲ့ဖြစ်တယ်။ ဟိုတယ်ရှိရာ ဆိုးလ်မြို့ရောက်တော့လည်း လူတွေ က စည်းကားနေပြီး ရိုးရိုးသားသား သွားလာနေကြ တယ်။ ရောဂါပျံ့နေတာ ဟုတ်မှဟုတ်ရဲ့လားဆိုပြီး သံသယတောင် ဝင်ခဲ့တယ်။ ဟိုတယ်မှာ ကြိုဆိုနေတဲ့ သူတွေကိုမေးတော့လည်း သူတို့က ဘာမှမဖြစ်သလို ဘဲ ဟိုတယ်ရောက်ရောက်ချင်း နားချင်ပေမယ့် အခန်း က အဆင်သင့်မဖြစ်သေးတာနဲ့ နားနေဆောင်မှာပဲ နားခဲ့ကြတယ်။ ဆွေးနွေးစရာ တိုင်ပင်စရာတွေကို ညှိနှိုင်းကြပြီး ခရီးစဉ်နဲ့ပတ်သက်လို့ ဝန်ကြီးလုပ်သူက လမ်းညွှန်မှုပေးခဲ့ပါတယ်။ ညဘက်မှာ ဟိုတယ်အနီး မှာရှိတဲ့ စားသောက်ဆိုင်မှာ ညစာသွားစားကြတယ်။ ကျွန်တော်တို့အဖွဲ့လာရတဲ့ရည်ရွယ်ချက်က တောင် ကိုရီးယားအစိုးရနဲ့ မြန်မာနိုင်ငံတော်အစိုးရ နှစ်ဦးပိုင်းမှာ သဘောတူစာချုပ်ချုပ်ဆိုခဲ့တဲ့ စီမံချက်တစ်ရပ်ကို အကောင်အထည်ဖော်နိုင်ဖို့ ညှိနှိုင်းဆွေးနွေးအဆုံးသတ် တဲ့ ခရီးစဉ်ဖြစ်ပါတယ်။ 

နိုင်ငံတော်သမ္မတကြီးရဲ့ တောင်ကိုးရီးယားခရီးစဉ်မှာ သူတို့ရဲ့သမ္မတကြီး မဒမ် ဘတ်က (Myanmar Development Institute-MDI) မြန်မာဖွံ့ဖြိုးမှုအဖွဲ့အစည်းကို တည်ထောင်ပေးဖို့ ကတိပြုခဲ့ပါတယ်။ ဒီအဖွဲ့အစည်းတည်ထောင်ဖို့ လိုအပ်တဲ့ ငွေရေး ကြေးရေးနဲ့ နည်းပညာပိုင်းဆိုင်ရာ အကူအညီတွေပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီအဖွဲ့အစည်း တည်ထောင်ဖို့ ပြင်ဆင်တဲ့အဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့ပြီး ကျွန်တော်နဲ့ ဒေါက်တာဇော်ဦးတို့ကို တာဝန်ပေးအပ်ခဲ့ တာဖြစ်ပြီး ဒီစီမံချက်ကို သမ္မတရုံးကဝန်ကြီးများက လမ်းညွှန်မှုတွေပေးခဲ့ပါတယ်။ သမ္မတကြီးမဒမ်ဘတ်က မြန်မာပြည်မှာ သူတို့နိုင်ငံမှာရှိတဲ့ Korea Development Institute (KDI) လို အဖွဲ့စည်းတစ်ခုရှိသင့်ကြောင်း အကြံပြုတဲ့အတွက် လူကြီးလုပ်သူတွေက အခုလိုဖွဲ့စည်းဖို့ သဘောတူခဲ့တာ ဖြစ်ပါတယ်။ ကိုရီးယားမှာKDI မြန်မာပြည်မှာ MDI ဖြစ်ပါတယ်။ KDI နဲ့ပတ်သက်ပြီး ကျွန်တော်က လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅ နှစ်လောက် ကတည်းက စိတ်ဝင်စားခဲ့ပါတယ်။

 တောင်ကိုရီးယား နိုင်ငံဟာ ဖွံ့ဖြိုးမှု စီးပွားရေးပညာရှုထောင့်က သုံးသပ်ရင် အလွန်ထူးခြားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အမှန်စင်စစ် တစ်ကမ္ဘာလုံးမှာ သူတို့တစ်နိုင်ငံတည်းရှိတယ်လို့ ပြော လို့ရပါတယ်။ ၁၉၅၃ ခုနှစ်မှာ ကိုရီးယားစစ်ပြီးခဲ့ပါ တယ်။ ဒုတိယကမ္ဘာစစ်ပြီးချိန်အထိ ကိုရီးယားနိုင်ငံတစ်နိုင်ငံ လုံးဟာ ဂျပန်နိုင်ငံရဲ့ ကိုလိုနီအဖြစ် နှစ်ပေါင်းရာကျော် အုပ်ချုပ်ခြင်းခံခဲ့ရတယ်။ ဒုတိယကမ္ဘာစစ်ပြီးချိန် နိုင်ငံရဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ရုရှားက သိမ်းပိုက်ခဲ့ပြီး တောင်ပိုင်းမှာတော့ အမေရိကန်က အုပ်ချုပ်ခဲ့ပါတယ်။ အခုလို နိုင်ငံနှစ်ခြမ်းဖြစ်ပြီး မြောက်နဲ့ တောင် စစ်ဖြစ်ကြတယ်။ တစ်ဖက်နဲ့တစ်ဖက် အကြီး အကျယ် တိုက်ခိုက်ခဲ့ကြပြီး အဆုံးအရှုံးတွေ ရင်ဆိုင် ခဲ့ကြတယ်။ ထူးဆန်းတာက အမေရိကန်က ဒီစစ်ပွဲကို ကုလသမဂ္ဂလက်အောက်ကနေ ပါဝင်ဆင်နွှဲခဲ့တဲ့ဖြစ်ရပ်ပဲ ဖြစ်တယ်။

 အခုလိုစစ်ပြီးချိန် မြောက်နဲ့တောင်ကိုရီးယားကို လတ္တီကျု ၃၈ အရ ခွဲခြားခဲ့တယ်။ တစ်နိုင်ငံလုံးပဲ ရစရာမရှိအောင် ပျက်စီးခဲ့တဲ့ တောင်ကိုရီးယားဟာ ၁၉၆ဝ ပြည့်နှစ်ကစတင်ပြီး အံ့သြလောက်တဲ့ တိုးတက်မှုတွေဖြစ် ရတယ်။ တစ်ဦးကျဝင်ငွေ အမေရိကန်ဒေါ်လာ ၁ဝဝ အောက်ရှိခဲ့တဲ့နိုင်ငံဟာ အခုချိန်မှာ အမေရိကန်ဒေါ်လာ ၂၅ဝဝဝ ကျော်ခဲ့ပြီး ပိုပြီးထူးခြားတာက တောင်ကိုရီးယား ဟာ အခုချိန်မှာ OECD နိုင်ငံများအဖွဲ့ဝင်နိုင်ငံဖြစ် ခဲ့တယ်။ OECD နိုင်ငံဆိုတာက အချမ်းသာဆုံး နိုင်ငံတွေ ဖွဲ့စည်းထားတာဖြစ်တယ်။ 

အခုလို အံ့မခန်းလောက်အောင် တိုးတက်ခဲ့တဲ့ အကြောင်းရင်းတွေ ရှာဖွေတဲ့အခါ ပဟေဠိတစ်ခုလိုဖြစ် နေခဲ့တယ်။ သယံဇာတဆိုလို့ ဘာမှမည်မည်ရရမရှိတဲ့ နိုင်ငံဟာ ဘာကြောင့်အခုလောက် တိုးတက်ခဲ့သလဲ။ 


တစ်ဖက်မှာလည်း ကိုရီးယား စတင်တိုးတက်ချိန်ကစပြီး နှစ်အတော်ကြာကြာအထိ စစ်အုပ်ချုပ်မှုအောက်မှာ ရပ်တည်ခဲ့တယ်။ အခုလို အဖြေရှာခက်တဲ့ပုစ္ဆာတစ်ပုဒ်ကို ကိုရီးယားနိုင်ငံသားတွေကတော့ ၁၉၆ဝ ကျော်က စစ်အစိုးရဦးစီးသူ ဗိုလ်ချုပ်ကြီး ဘတ်ချွန်ဟီးကြောင့်လို့ လက်ခံကြတယ်။ အထူးသဖြင့် ဗိုလ်ချုပ်ကြီး ဘတ်ချွန်ဟီး တည်ထောင်ခဲ့တဲ့ (Korea Development Institute-KDI) ကိုရီးယားဖွံ့ဖြိုးရေး အဖွဲ့အစည်းကြောင့်လို့ လက်ခံကြတယ်။ ဒါကြောင့် KDI ကို ကျွန်တော်က အစကတည်းက စိတ်ဝင်စားတာဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး ဘတ်ချွန်ဟီး(နောင်သမ္မတကြီးဖြစ်လာသူ) ဟာ KDI ကို တည်ထောင်ရာမှာ နိုင်ငံခြားအထူးသဖြင့် အမေရိကန်နိုင်ငံမှာ နာမည်ရနေတဲ့ ကိုရီးယားစီးပွားရေး ပညာရှင် ၁၂ ဦးကို နိုင်ငံကိုပြန်ခေါ်ယူပြီး KDI ကို စတင်ခဲ့တယ်။ ဒီပညာရှင်များကို နိုင်ငံ့စီးပွားရေးတိုးတက် မှုအတွက် လိုအပ်တဲ့ အကြံဉာဏ်များ တောင်းခံခဲ့ တယ်။ ရလာတဲ့အကြံပြုချက်တွေကို လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်အောင် ပေါ်လစီတွေချမှတ်ခဲ့ တယ်။ အမှန်တော့ KDI ဟာ Think-tank ကတစ်ခု ဖြစ်တယ်။Think ဆိုတဲ့စဉ်းစားတွေးခေါ်မှုကို ပညာရှင် များနဲ့ စုစည်းထားတဲ့ tank အစုအဖွဲ့တစ်ခုဖြစ်တယ်။ နိုင်ငံတိုင်းလိုလို Think-tank တွေရှိကြပါတယ်။ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံစတဲ့ နိုင်ငံတွေမှာရှိကြပါတယ်။ KDI ရဲ့ ထူးခြားချက်က နိုင်ငံသမ္မတကြီးနဲ့ တိုက်ရိုက်ဆက်သွယ် နေတဲ့ အကြံပေးအဖွဲ့တစ်ခုဖြစ်နေတာ။ ကိုရီးယားနိုင်ငံ မှာလည်း အခုဆိုရင် Think-tank တွေအများကြီး ရှိကြပါတယ်။ ဒါပေမယ့် KDI လို သမ္မတကြီးနဲ့ တိုက်ရိုက် ဆက်သွယ်မှုတော့ မရှိကြဘူး။ KDI ဟာ အခုလိုသမ္မတကြီးကို အကြံပေးတဲ့နေရာ မှာ အဓိကအားသာချက်ကတော့ စနစ်တကျဆောင်ရွက် ခဲ့တဲ့ သုတေသနလုပ်ငန်းတွေဖြစ်တယ်။ 

သုတေသန ဆိုတာ စနစ်တကျ သိပံ္ပနည်းကျကျ သက်သေအထောက် အထားတွေ ရှာဖွေပြုစုမှုသာဖြစ်တယ်။ ပုဂ္ဂိုလ်စွဲမပါဘဲ ခိုင်မာတဲ့ အချက်အလက်တွေကို အခြေခံမှုဖြစ်တယ်။ သုတေသနလုပ်တဲ့နေရာ လုပ်တဲ့သူရဲ့ အရည်အချင်း ဟာ အရေးကြီးပါတယ်။ 

KDI ကို စတင်တည်ထောင်ခဲ့စဉ် ရွေးချယ်ခန့်ထားခဲ့တဲ့ ပညာရှင် ၁၂ ဦးဟာ ထူးချွန် ပြောင်မြောက်သူတွေဖြစ်ခဲ့တယ်။ နိုင်ငံခြားတက္ကသိုလ် တွေမှာ သုတေသနလုပ်ငန်း အကျွမ်းတဝင်ရှိသူတွေ၊ စာသင်ကြားခဲ့သူတွေ၊ စာအုပ်စာတမ်းတွေပြုစုတဲ့ သူတွေဖြစ်တယ်။ အခုဆို သူတို့ကို ပြည်တော်ပြန်ဖို့ သမ္မတကြီးဘတ်က မက်လုံးတွေပေးခဲ့တယ်။ အထူး သဖြင့် တက္ကသိုလ်တွေမှာ အလုပ်လုပ်နေတဲ့ ပါမောက္ခ တွေထက် အဆပေါင်းများစွာ လုပ်ခလစာတွေပေး ခဲ့တယ်။ ကားတွေ၊ တိုက်ခန်းတွေ စီစဉ်ပေးခဲ့တယ်။ ဒါကြောင့်လည်း အတော်ဆုံးတွေရခဲ့တာဖြစ်တယ်။ (comment: I don't think so)

သမ္မတကြီးကိုယ်တိုင် ဂရုတစိုက်အားပေးတဲ့အတွက် ကျန်တဲ့တာဝန်ရှိသူတွေကလည်းKDI ကပေးတဲ့ အကြံÓဏ်တွေကို တလေးတစား တစ်စိုက်မတ်မတ် လုပ်ခဲ့တယ်။ ၁၂ ဦးနဲ့ စတင်ခဲ့တဲ့ KDI ဟာ အခုဆိုရင် ပညာရှင် ရာကျော်ရှိနေပြီး တစ်ကမ္ဘာလုံးမှာ Think-tank အများကြီးရှိပေမယ့် KDI လို နေရာပေးခဲ့ရတဲ့ အဖွဲ့အစည်းမျိုးတော့မရှိပါဘူး။ သတိပြုစရာတစ်ချက်က သမ္မတဘတ်က စတင် တည်ထောင်ခဲ့တဲ့ KDI ကို ခေတ်အဆက်ဆက် နိုင်ငံခေါင်းဆောင်တွေက လက်ဆင့်ကမ်း တာဝန် ပေးခဲ့ပြီး ပေးတဲ့အကြံဉာဏ်တွေကို လက်ခံအကောင် အထည်ဖော်ခဲ့ကြတယ်။ စစ်အစိုးရ အုပ်ချုပ်မှုကတစ်ဆင့် ဒီမိုကရေစီကိုစတင်ကူးပြောင်းခဲ့ပေမယ့် နိုင်ငံတော် သမ္မတတိုင်းဟာKDI ကို အရေး တယူ အသိအမှတ် ပြုခဲ့တယ်။ အခုဆို သမ္မတမဒမ်ဘတ် ဟာKDI ကို စတင်တည်ထောင်ခဲ့တဲ့ သမ္မတကြီးရဲ့ သမီးဖြစ်ပါတယ်။ ဖခင်ဖြစ်သူစတင်ခဲ့တဲ့ KDI ကို ဆက်လက်ပြီး ထိန်းသိမ်းရုံမက ဂရုတစိုက်အားပေးခဲ့ပါတယ်။ ကျွန်တော်တို့အဖွဲ့ တောင်ကိုရီးယားခရီးစဉ်တွေမှာ တာဝန်ရှိသူနဲ့တွေ့ခဲ့ရတယ်။ အဖွဲ့အစည်းတွေနဲ့လည်း တွေ့ခွင့်ရခဲ့တယ်။ ပညာရှင်တွေနဲ့လည်း ဆွေးနွေးခွင့်ရ ခဲ့တယ်။

 နေရာတိုင်း၊ လူတိုင်းနဲ့တွေ့တိုင်းကြားရတဲ့ စကားပုံတစ်ခုက "Miracle on the Han River" ဖြစ် တယ်။ ဆိုးလ်မြို့အနီးမှာရှိတဲ့ ဟန်မြစ်ကိုတင်စားပြီး ''ဟန်မြစ်သောက အံ့သြဖွယ်ရာ'' ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါ တယ်။ သူတို့နိုင်ငံရဲ့ အံ့မခန်းနိုင်အောင်ဖြစ်လာတဲ့ တိုးတက်မှုကို အံသြဖွယ်ရာဆိုပြီး တင်စားအသိအမှတ် ပြုခြင်းဖြစ်တယ်။ တွေ့ဆုံတဲ့အခါတိုင်း စစ်ပြီးကာလ ဆိုးလ်မြို့ရဲ့ ပုံရိပ်နဲ့ မျက်မှောက်ခေတ်အနေအထားကို ယှဉ်တွဲပြီးဖော်ပြလေ့ရှိတယ်။ အင်မတန်မှ ရစရာမရှိ အောင် ပျက်စီးနေတဲ့ ဆိုးလ်မြို့ကြီးနဲ့ ခုချိန်မှာရှိနေမယ့် အခြေအနေတွေကို ယှဉ်တွဲပြီးဖော်ပြလေ့ရှိတယ်။ ကျွန်တော်တို့အဖွဲ့ KDI ရှိတဲ့ မြို့သစ်ကို ရောက်ခဲ့တယ်။ ဒီမြို့သစ်ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ မြို့တော်အသစ်ဖြစ်တယ်။ အစိုးရဝန်ကြီးဌာနတွေအားလုံး ရုံးစိုက်တဲ့နေရာ နိုင်ငံတော်သမ္မတက အခုချိန်အထိ ဆိုးလ်မြို့မှာပဲရုံးစိုက်ပြီး လွှတ်တော်ကလည်း ဆိုးလ် မြို့မှာပဲ ရှိတယ်။ ဒါကြောင့်လည်း ကသိကအောက် နည်းနည်းဖြစ်တယ်လို့ ပြောပြ ပါတယ်။ KDI ကိုတော့ K ပုံစံနဲ့ တည်ဆောက်ထားတယ်။ တစ်ဖက်မှာ သုတေသနလုပ်တဲ့လုပ်ငန်းတွေဆောင်ရွက်တဲ့ အဆောက်အအုံဖြစ်ပြီး တစ် ဖက်မှာတော့ ဘွဲ့လွန်သင်တန်းကျောင်း တည်ထောင်ထားတာတွေ့ရ ပါ တယ်။

 KDI ဟာ ကိုရီးယားနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာဗျူဟာတွေ ကို စနစ်တကျဖော်ထုတ်ခဲ့ပြီး လိုအပ်တဲ့ ပေါ်လစီများ ထုတ်ဖော်ခဲ့ကြတယ်။ ဒါကြောင့်လည်း ကိုရီးယားနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အပိုင်းသုံးပိုင်း ခွဲခြားပြီး ဆောင်ရွက်ခဲ့ပါတယ်။ ပထမအပိုင်းမှာတော့ အပေါ့စားစက်မှုလုပ် ငန်းတွေနဲ့စတင်ခဲ့တယ်။ အလုပ်အကိုင်အခွင့်အရေးတွေဖန်တီးပေးနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုနည်းနည်းနဲ့လုပ်နိုင်တဲ့ အထည်ချုပ်လုပ်ငန်းတွေနဲ့ စတင်ခဲ့တယ်။ ရင်းနှီးမြှုပ်နှံမှုတွေရအောင် ထူးခြားတဲ့အစီအစဉ်တစ်ခုကို အကောင် အထည်ဖော်ခဲ့တယ်။ ဒါကတော့ဂျာမနီနိုင်ငံနဲ့သဘောတူညီမှုရခဲ့တဲ့ စီမံချက်။ ဂျာမနီနိုင်ငံက ငွေချေးဖို့ဆွေးနွေးတဲ့အခါ ဂျာမနီနိုင်ငံမှာအလုပ်လုပ်နေတဲ့ စက်မှုလက်မှုလုပ်သားတွေ၊ သူနာပြုတွေကို အပေါင်ခံတဲ့သဘောနဲ့ ဆောင် ရွက်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ အကြီးစားစက်မှုလုပ်ငန်းဖြစ်တဲ့ သံမဏိလုပ်ငန်း သင်္ဘောတည်ဆောက်မှုလုပ်ငန်းတွေဘက် ဦးလှည့်ခဲ့ပါ တယ်။ ဒါကြောင့်လည်း အခုချိန်မှာ တစ်ကမ္ဘာလုံးမှာ သံမဏိထုတ်လုပ်မှု အများဆုံးကုမ္ပဏီဟာ ကိုရီးယားနိုင်ငံကposco ဖြစ်နေတယ်။ ဒီကုမ္ပဏီ ဟာ မြန်မာပြည်မှာ အိမ်မိုးသွပ်ပြားတွေထုတ်လုပ်ရောင်းချနေပါတယ်။ နောက်ဆုံးအပိုင်းမှာတော့ နည်းပညာ၊ အသိပညာကိုအခြေခံတဲ့ စီးပွားရေး လုပ်ငန်းများကို ဖော်ထုတ်ခြင်းဖြစ်တယ်။ ကမ္ဘာကျော် Samsung တို့၊ LG တို့ဟာ ဒီဖွံ့ဖြိုးမှုစီမံချက်ကပေါက်ဖွားလာခဲ့တဲ့ လုပ်ငန်းကြီးများဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးကို လွှမ်းခြုံနိုင်တဲ့အထိ ဖြစ်ခဲ့တယ်။

Internet နဲ့ ပတ်သက်ပြီး ဆက်သွယ်မှုအကြီးမားဆုံး နိုင်ငံတစ်နိုင်ငံဖြစ်နေတယ်။ ကျွန်တော့်ကိုယ် တွေ့ပါ အင်တာနက်နှုန်းဟာ အလွန်မြန်လှပါတယ်။ 

ဒီအောင်မြင်မှုတွေဟာ KDI ဖြစ်တယ်လို့ ကျွန်တော်တို့အဖွဲ့နဲ့ တွေ့တဲ့ တာဝန်ရှိသူတိုင်း ထုတ်ဖော်ပြခဲ့ပါတယ်။ သူတို့ဟာ သူတို့နိုင်ငံရဲ့ အောင်မြင်မှုကို အလွန်ဂုဏ်ယူနေတာတွေ သိရပါတယ်။ တစ်ခုတော့ရှိပါတယ်။ အောင်မြင်မှုတွေရဲ့နောက်ကွယ်မှာ ဆုံးရှုံးမှုတွေ လည်း ရှိခဲ့တာတွေ့ရပါတယ်။ ဒါကိုကျွန်တော်သတိထားမိလို့ မေးခွန်း တွေလည်း ထုတ်ဖော်ခဲ့ပါတယ်။ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုနဲ့ယှဉ်တွဲပြီး လက်ဝါး ကြီးအုပ် စီးပွားရေးစနစ်တစ်ခု ပေါ်ပေါက်လာခဲ့တယ်။ လက်တစ်ဆုပ် စာလောက်ရှိတဲ့ ကုမ္ပဏီကြီးတွေဟာ သြဇာကြီးမားပြီး စီးပွားရေးသာမက၊ နိုင်ငံရေးနယ်ပယ်မှာတောင် လွှမ်းမိုးနေတာတွေ့ရပါတယ်။ အခုလိုဖြစ်တာကို KDI က ကြိုတင်ခန့်မှန်းမှုရှိ မရှိဆိုတာကတော့ မေးခွန်းတစ်ရပ်ပဲဖြစ်ပါတယ်။ 

မျက်မှောက်ခေတ်ကာလမှာ ကိုရီးယားယဉ်ကျေးမှုဟာ ကမ္ဘာကိုလွှမ်းမိုးစပြု လာတာကို တွေ့ရပါတယ်။ သူတို့ရဲ့ချဉ်ပတ်ကင်(မ်)ချီကို ကမ္ဘာမှာပျံ့နှံ့အောင် လုပ်နိုင်ခဲ့တယ်။ ကိုရီးယားရုပ်ရှင် ဗီဒီယိုတွေဟာ အာရှတစ်လွှားပျံ့နှံ့နေတာတွေ့ရတယ်။ တစ်လောက Gangnam Style အကနဲ့ Youtube မှာစံချိန်တင် နိုင်ခဲ့တယ်။ ဒါကို KDI က ကြိုတင်ခန့်မှန်းခဲ့သလားလို့ မေးတဲ့နေရာမှာ ပါဝင် ပတ်သက်မှုရှိကြောင်း ဖြေကြပါတယ်။ တစ်ခါတလေ စီးပွားရေးသုတေသန လုပ်ရာမှာ ကိန်းဂဏန်းကိုအခြေခံပြီး ဆောင်ရွက်ကြရာတွင် အတိအကျစာရင်း ဇယားနဲ့ မဖော်ပြနိုင်တဲ့အကြောင်းအချက်တွေကို တစ်ခါတစ်ရံ လျစ်လျူရှုခဲ့ တာမျိုး ဖြစ်နိုင်ပါတယ်။

 KDI ရုံးချုပ်ကို ရောက်တဲ့အချိန်မှာ သုတေသနလုပ်ငန်းနဲ့တွဲဖက်ပြီး ဖွင့်လှစ်ထားတဲ့ KDI School ကို ရောက်ခဲ့ပါတယ်။ှSchool ဆိုတဲ့ အဓိပ္ပာယ်ကို ကျွန်တော်တို့နိုင်ငံမှာ နားလည်မှုတစ်ခါတစ်ရံ လွဲမှားနေတာ တွေ့ရပါတယ်။ School ကို ကျောင်းလို့ အကြမ်းဖျင်းဘာသာပြန်လိုက်တာမို့ ကျောင်းဆိုတာဟာ မူလတန်း၊ အလယ်တန်းနဲ့အထက်တန်းကျောင်းအဖြစ် သာ တွေ့ကြတယ်။School ဆိုတာဟာ အတွေးအခေါ်တစ်ရပ်ကို ဖော်ထုတ် မှုဖြစ်ပါတယ်။ 

စင်ကာပူနိုင်ငံအမျိုးသားတက္ကသိုလ်မှာ Lee Kuan Yew School of Public Policy ဆိုတဲ့နာမည်ကြီး ဘွဲ့လွန်သင်တန်းကျောင်းရှိ သလို အမေရိကန်ပြည်ထောင်စုမှာလည်း Harvard တက္ကသိုလ်မှာKennedy School ofGovernment ဆိုပြီး ဘွဲ့လွန်သင်တန်းကျောင်း ရှိပါတယ်။KDI မှာတော့ Public Policy and Management ဘွဲ့လွန်သင်တန်းတွေအပြင် ပါရဂူသင်တန်းတွေလည်း ဖွင့်လှစ်ထားတာတွေ့ရပါတယ။ KDI School ရဲ့ စာကြည့်တိုက်ကိုလိုက်ပြတဲ့အခါ IT ပညာတိုးတက်မှုကို ထူးခြားစရာ တွေ့မြင်ခဲ့ရပါတယ်။ ဆိုး(လ်)ခရီးကတစ်ဆင့် ကျွန်တော်တို့နိုင်ငံမှာ ဖွင့်လှစ်မယ့် MDI နဲ့ ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်တွေကို စဉ်းစားခွင့်ရခဲ့ပါတယ်။ 

အရာရာ ဟာ သင်ခန်းစာတွေဖြစ်ပါတယ်။ သူတို့ရဲ့အောင်မြင်မှု၊ သူတို့ရဲ့စိန်ခေါ်မှု တွေကို သုံးသပ်ပြီး ကိုယ်တိုင်ဆောင်ရွက်ရာမှာ ဆင်ခြင်ခွင့်ရခဲ့ပါတယ်။ ကိုရီးယားနိုင်ငံရဲ့တိုးတက်မှုကို တာဝန်ရှိသူတွေတင်ပြတိုင်း ကိုယ့်နိုင်ငံရဲ့ အခြေအနေနဲ့နှိုင်းယှဉ်ပြီး စဉ်းစားမိခဲ့တယ်၊ အုပ်ချုပ်ရေးပုံစံ တူညီမှုရှိခဲ့ပါတယ်။ ဒါပေမယ့် ထူးခြားချက်က ကောင်းမွန်တဲ့စီမံအုပ်ချုပ်မှု စွမ်းဆောင်ရည်ပြည့်ဝ တဲ့ ဖွဲ့စည်းမှုနဲ့ တိကျပြတ်သားတဲ့ခေါင်းဆောင်မှုတွေဟာ သူတို့နိုင်ငံရဲ့ အောင်မြင်မှုရဲ့အခြေခံကောင်းတွေ ဖြစ်ကြပါတယ်။ ကျွန်တော်တို့ကြိုးစားကြဖို့ လိုပါတယ်။ သဘာဝအခြေခံကောင်းလှတဲ့ ကျွန်တော်တို့နိုင်ငံ ပထဝီအနေ အထားအရ အားသာမှုအပြည့်နဲ့ ကျွန်တော်တို့နိုင်ငံ အရည်အသွေးအပြည့် ရှိတဲ့လူငယ်တွေနဲ့ စုစည်းဖွဲ့စည်းထားတဲ့ ကျွန်တော်တို့နိုင်ငံဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းကို မရောက်ရောက်အောင်ချီ တက်ရမှာသာဖြစ်ပါတယ်။ 

ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်

Myanmar government (President U Thein Sein sent so many government officers to Soul (South Korea) by G.to.G training program.  Similarly, sent to Singapore.
MDG editor.. 
Ref..
http://myitsonmedia.blogspot.com/2015/07/blog-post_194.html