Thursday, July 27, 2017

ပင်ကိုအစွမ်းအစဖေါ်ထုတ်ခြင်း(လေ့လာမှုလမ်းညွန်)၊ Tapping Our Own Resources


ပင်ကိုအစွမ်းအစဖေါ်ထုတ်ခြင်း(လေ့လာမှုလမ်းညွန်)၊ Rev 00
Technical Consideration of Personal Development.
TSP အဖွဲ့... ၂၀၁၆. (Technical Service Provider)
မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးထွက်ကုန်များကို ကမ္ဘာ့ ဈေးကွက်ရောက်အောာင် လုပ်ချင်သူများစွာ ရှိပါတယ်။ နိုင်ငံတကာကို ထိုးဖောက်ဖို့ ဦးနေမျိုးမောင်နဲ့အင်ဂျင်နီယာမိတ်ဆွေများက ပင်ကိုယ်အစွမ်းအစဖော်ထုတ်ခြင်း လေ့လာမှုလမ်းညွှန်စာအုပ် Rev 00 ပြုစုထုတ်ဝေပြီး RIT စက်မှုတက္ကသိုလ်ကျောင်းသား-ကျောင်းသူဟောင်းများ (၇)ကြိမ်မြောက် တွေ့ဆုံပွဲနဲ့ဆရာပူဇော်ပွဲ RIT-YIT-YTU ၂၀၁၆ ဒီဇင်ဘာလ ၂၉ရက် ပြုလုပ်တဲ့အချိန်မှာ (ပညာဒါန) အခမဲ့ ဝေငှခဲ့ပါတယ်။
.
စွမ်းရည်မြှင့်တင်ခြင်းကို ကွယ်လွန်သူ စတီဗင်ကိုဗေးရဲ့ အကျင့်တရာ(၇)ပါး 7 Habits of Highly Effective People ပို့ချချက်စာစဉ်များကို အခြေပြုပြီး TSP Technical Service Provider (ရေနံချောင်း) မှာ အစပြုခဲ့ပါတယ်။ နောက်ဆုံး ကောလင်းမြို့မှာ ၅ရက်သင်တန်းနဲ့ အများပိုင်ကုမဏီ တည်ထောင်ခြင်းများကို ကူညီလုပ်ကိုင်ခဲ့ပါတယ်။
.
စာမျက်နှာပေါင်း ၄၁၁ ရှိပြီး ရောင်စုံ A4 စာမျက်နှာများ ဖြင့် အလှုရှင်ပေါင်း၁၀၀ဦးခန့်မှ ကျပ်၇၂သိန်း ခန့် မတည်ပြီး အုပ်ရေ ၃၀၀၀ ထုတ်ဝေခဲ့ပါတယ်။ စာအုပ်ကို ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းများနဲ့ စိတ်ဝင်စားသူများ တွေ့ဆုံမှာယူနိုင်ပါတယ်။
.
စိတ်ဝင်စားသူများ ဆက်သွယ်ရန်
Ph 06021014, 092037750, 09250866791
ooasoo21st@gmail.com, naymmg@gmail.com, kopta568@gmail.com
.
.
စာ ၁၀-၁၈ ကျေးဇူးတင်လွှာ၊ မိတ်ဆက်စကားနှင့်နိဒါန်း
စာ ၂၁-၃၆ အကျင့်တရာ(၇)ပါး အကြောင်း၊ 1. Be Proactive, 2. Begin with end in mind, 3. Put first thing first, 4. Think Win-Win, 5. Seek first to understand, then to be understood, 6. Snergize, 7.Sharpen the saw တို့ကို ဥပမာများ၊ မြန်မာများနားလည်အောင်ရှင်းပြပြီး၊ ဆရာမဒေါ်ကြင်ကြင်စိန် (ရေနံချောင်း)ရဲ့ အကျင့်(၇)ပါး ကဗျာများနဲ့ အဆုံးသပ်ပါတယ်။
စာ ၄၁-၉၈ ဆန်းစစ်ချက်မှတ်တမ်း Evaluation Report မှာတော့ KDPN နဲ့ ဝေလုကျော်ဖောင်ဒေးရှင်း သဘောထားမှတ်ချက်၊ Learning by Teaching (TSP), ပိုင်းခြေညှိခြင်း၊၊ အမျှော်အမြင်တခုကို သွားခြင်း၊ နှလုံးသွင်းမှန်ဖို့ ပရောဖက်ရှင်နယ်ကိုတိုင်အကဲဖြတ်ဇယား၊ စမတ်ပေတံ SMART tool (TSP), စဉ်းစာတွေးခေါ်စွမ်းရည်များ၊ ဒီဘိုနိုး၏မှတ်ချက်၊ See-Do-Get-Principle, ဘ၀သုံးမျိုး၊ ထွန်ရေးနက်၊ထည်ရေးညှက်ဖို့ (အောင်စိုးဦးဆောင်းပါး)၊ ပင်ကိုယ်အစွမ်းအစဖော်ထုတ်ခြင်း သင်တန်းဆင်းပွဲ(မိန့်ခွန်းနမူနာ) များဖြစ်ပါတယ်။
.
စာ ၇၅-၉၈ Study Notes for Relevant Notes လေ့လာမှုလမ်းညွှန်
အောင်စိုးဦး ဆောင်းပါး၂ပုဒ် "နှင့်၏အလှသစ္စာ နဲ့ စက်ဝိုင်းနှစ်ဝိုင်း၊" ဒေါက်တာအောင်ထွန်းသက်ဆောင်းပါး ၂ပုဒ် "ကျွန်တော်နဲ့စင်နာဂျီ နဲ့ ပြောင်းလဲမှုကိုစီမံခြင်း"၊ ယုံကြည်မှုတည်ဆောက်ခြင်း၊ Trust Action Plan 13, ရွှေဥဒေါင်းဆောင်းပါး "မေတ္တာနဲ့ကိုယ်ချင်းစာတရားမှမှတ်စု"၊ ကုဋေသန်းလေးဆယ်ခြေလေးသန်း၊ ကိုယ်ပိုင်သစ္စာ(သို့)မူပိုင်သစ္စာ် စတဲ့ လမ်းညွှတ် ၉ချက် တင်ပြထားပါတယ်။
.
စာ ၁၀၃-၁၅၆ Technical Consideration of Organization Development အသင်းအဖွဲ့စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊
အသင်းခြေလှမ်း (၄)လှမ်း (TSP), Seven Chronic Problem နဲ့ ကိုမြတ်စိုးအဖွဲ့ဘာသာပြန်ချက်၊ အသင်းအဖွဲ့များရဲ့ နာတာရှည်ရောဂါများကို နားလည်ခံစားခြင်း (TSP), ဘသန်း(ဓမ္မကထိက)၏ကောင်းကြီးလူ့ဘောင်၊ 1P&8S Paradigm for Total Quality, Chronic Problem (Vision, Mission, Value - TSP), အသင်းအဖွဲ့ခြေလှမ်းများဆင်ခြင်းခြင်း မုန်တိုင်း၁ (Share Vision, ဂန္ဒီသွန်သင်ခြင်း၊ စတဲ့ကဏ္ဍများ)၊ သဒ္ဒါနဲ့ပညာ(အားနည်း/အားသာ) ၁၂ချက်။ ပြည့်ဖြိုးကျော် ရဲ့ စီမံခန့်ခွဲမှု၊ နေကျော်ဆန်းရဲ့လိုက်ပါစီးမျောခြင်း၊ အေးဖြူ ရဲ့ ယဉ်ကျေးမှုပြောင်းဖို့၊ ဆရာဖေမြင့် ရဲ့ မဖမ်းကောင်းတဲ့ငါး၊ အဖွဲ့ဝင်များအကဲဖြတ်ပေတံ ၁၀ချက် တို့ဖြစ်ပါတယ်။
.
စာ ၁၅၉-၁၈၂ Technical Consideration of Small Business (SME) လုပ်ငန်းငယ်များအတွက် ဂရုပြုဆင်ချင်ခြင်း
စာရေးဆရာ ကျော်ဝင်းရဲ့ ကမ္ဘာကြီးပြားပြီ လေ့လာမှု၊ လျှပ်စစ်ပညာရှင်တစ်ဥိးရဲ့ လေ့လာမှုလမ်းညွန် တို့ဖေါ်ပြထားပါတယ်။
.
စာ ၁၈၇-၂၆၈
Technical Consideration of New Product - New Service Development (Level -III) ထုတ်ကုန်သစ် / ၀န်ဆောင်မှုအသစ်ဆောင်ရွက်ခြင်း
နေမျိုး (စက်မှု ၈၃) ပြုစုသော "ပညာခေတ်အတွက်စွန့်ဦးတီထွင်သူ" နဲ့ TSP ပို့ချချက်များ၊ ဒေါက်တာအောင်မြင့်ဦးရဲ့ "စီမံကိန်းရေးဆွဲဆောင်ရွက်ခြင်း", ဒေါက်တာမောင်မောင်ရဲ့ "ဖွံ့ဖြိုးစေဖို့"၊ ဒေါက်တာသန့်မြင့်ဦးရဲ့ "၂၁ရာစုမြန်မာနိုင်ငံကို ဘယ်ကိုဦးတည်ပြီး တိုးတက်အောင်လုပ်မလဲ"၊ မကေသွယ်(သစ်တော) ရဲ့ "လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ်ကို ဆင်ခြင်ခြင်း" တို့နဲ့အတူ လေ့လာတင်ပြထားပါတယ်။
.
.
စာ ၂၈၅-၂၉၂ Key Preformence Indicator (KPI) သို့မဟုတ် Self - Accessment နှလုံးသွင်းမှန်ဖို့ ကိုယ်တိုင်အကဲဖြတ်ခြင်း
.
.
စာ ၂၉၇-၃၁၇ Professional 4 in 1 ပရောဖက်ရှင်နယ်လူစွမ်းကောင်း
TSP စာစဉ်များနဲ့ ကိုမြတ်စိုး(အဖွဲ့) နဲ့ မဆုရည်ဝင်းတို့ရဲ့ Consideration of Human Nature, စတိဂျော့ခ်ျ ပြောပြသော ပုံပြင်(၃)ပုဒ်၊ အများပိုင်ဂုဏ်သတ္တိ၎ခု အကြောင်း ရေးထားပါတယ်။
.
စာ ၃၂၃-၃၃၈ KPI - 02, Bloom's Taxonomy of Learning ပညာရေးလောက အညွန်းဘောင် အကြောင်းကို အောင်စိုးဦး ဆောင်းပါး၊ အမျိုးသားပညာဝန်ဦးဖိုးကျားရဲ့ "မြန်မာ့ဂုဏ်ရည် ဖတ်စာကောက်နုတ်ချက်"၊ ဦးကျော်သူရဲ့ "စဉ်းစားခြင်းနည်းပညာ၊"၊ အောပီကျယ်ရဲ့ "Careful Thought for Remembering မျောက်များပုံပြင်" တို့နဲ့ သရုပ်ဖော်ရှင်းပြထားပါတယ်။
.
စာ ၃၄၃-၃၆၂ KPI-03 Freedom and Poser in People to Choose လွတ်လပ်စွာရွေးချယ်နိုင်သော ဘုန်းတန်ခိုးအာဏာ အခန်းမှာ ပြသနာဖြေရှင်းနည်းခြောက်မျိုး၊ ဆရာနေ၀င်းမောင်ရဲ့ စကားလုံးများဖြင့်အပြစ်ပေးခြင်၊ ဆရာသော်တာဆွေရဲ့ ကိုယ့်ရုပ်နှင့်ကိုယ့်အသံ၊ ဦးရွှေအောင်ရဲ့ ဘ၀အမြင်သစ် တင်ပြချက်များဖြစ်ပါတယ်။
.
စာ ၃၆၉-၄၀၃ Poser & Potential for the Principle & Practice စက်မှုခေတ်နှင့် သတင်းနည်းပညာခေတ် နှိုင်းယှဉ်ချက်ဇယာများ (TSP) ဖြစ်ပါတယ်။
.
စိတ်ဝင်စားသူများ ဆက်သွယ်ရန်
Ph 06021014, 092037750, 09250866791
ooasoo21st@gmail.com, naymmg@gmail.com, kopta568@gmail.com

.
.
.
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

Kawlin Development Parahita Network added 14 new photos.


``ဝေဠုကျော်ဖောင်ဒေးရှင်း နှင့်
ကောလင်းမြို့နယ်လုံးဆိုင်ရာ ဖွံ့ဖြိုးတိုး
တက်ရေး ပရဟိတကွန်ယက်(KDPN)´´
``လူငယ်ခေါင်းဆောင်မှုနှင့်ဘက်စုံစွမ်းဆောင်ရည်မြင့်တင်ရေးသင်တန်း´´
မျှဝေပို့ချသည့်ဆရာများ
.........................
(၁) ဦးနေမျိုးမောင်(B.E-MECH)
(၂) ဦးအောင်စိုးဦး(B.E-MECH)
(၃) ဦးခင်မောင်ထွေး(ဝေဠုကျော်ဖောင်ဒေရှင်း)
(၄)ဦးအောင်မျိုးဝေ(KDPN)
သင်တန်းရက်
...............
၎.၀၅.၂၀၁၆ ရက်မှ ၈.၀၅.၂၀၁၆ရက်ထိ
သင်တန်းသားဦးရေ
.....................
၈၄.ယောက်တိတိ
သင်တန်းရည်ရွယ်ချက်
........................
(၁)ခေါင်းဆောင်မှုဆိုင်ရာများ
(၂)အသင်း၊အဖွဲ့ဆိုင်ရာကျွမ်းကျင်မှု
(၃)ကျန်းမာရေး၊ပညာရေး၊လူမှုစီးပွား
ရေး၊စိုက်ပျိုးရေးဆိုင်ရာများအား
8-Habits ကိုအခြေခံ၍ မိမိမြို့၊တိုင်း၊နိုင်ငံ မှာစနစ်ကျကျလူငယ်အင်အားစုတစ်ရပ်ပေါ်ထွန်းတည်တံ့နိုင်ရေး
သင်တန်းအောင်မြင်ထိရောက်မှုရှိ/မရှိ
..........................................
၅ရက်ထိထိ မနက်၊နေ့၊ည ပို့ချလေ့လာ
ချိန်. ၄ဦးပျက်ကွက်ခဲ့သော်လည်း သင်တန်းသားအားလုံး တက်ရောက်နိုင်ခဲ့ပြီး ၇၈ဦးအရည်အချင်းစစ်စာမေးပွဲဖြေဆိုခဲ့ရာ
အမှတ် ၁၀၀ ပေးမှတ် မှ ရမှတ်အများဆုံး ၉၇မှတ်
ထိဖြေဆိုနိုင်ခဲ့ကြပြီး
(၃၃)ဦးမှာ ဂုဏ်ထူးမှတ်အထိအောင်မြင်မူရှိခဲ့ပြီး။သင်တန်း၌ တက်ရောက်ကြသည့်သင်တန်းသား/သူ ၇၈ဦးလုံးသည် တက်ကြွ စည်းလုံး ညီညွတ်စွာ ဖြင့် ပင်ကိုယ်အစွမ်းအစများ ထုတ်ဖော် ခဲ့ကြပါသည်။လူငယ်များ၏တိမ်မြုပ်နေသောအရည်အချင်းများကို ကိုယ်တိုင်သိမြင် ခံစားတတ်လာစေသော ရင်တွင်းသယံဇာတ တူးဖော်ရေး သင်တန်းကြီးအဖြစ် အသိအမှတ်ပြုမှတ်တမ်းတင်နိုင်ခဲ့ပါသည်။
KDPN၏မှတ်ချက်
.......................
ဤသင်တန်းကြီးအား ဝေဠုကျော်ဖောင်ဒေးရှင်းနှင့်KDPNတို့မှကုန်ကျစရိတ်များကျခံသုံးစွဲ ပြုလုပ်ပေးခဲ့ခြင်းဖြစ်ပါသည်။
မိမိတို့ကောလင်းမြို့နယ်၌လူမှုရေးအသင်းအဖွဲ့
ပေါင်း ၂၄ဖွဲ့ရှိပြီး ထိရောက်အောင်မြင်ခိုင်မာသည့်အခြေအနေမျိုး မရောက်ရှိသေးပါက ထိရောက်အောင်မြင်ခိုင်မာလာအောင် လုပ်ဆောင်နိုင်သည့် စွမ်းရည်ရှိလူငယ်၊လူလတ်ပိုင်းများ ကိုထပ်ဆောင်းအသိပညာများမျှဝေပို့ချခဲ့ခြင်းဖြစ်ပါသည်၊၊
နောင်မကြာတော့သည့်အချိန်အတွင်းမှာ မိမိတို့ကောလင်းမြို့နယ်သည်KDPNနှင့်အားလုံးလက်တွဲ၍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ
အိမ်မက်မက်ခဲ့ကြသည့် အိမ်မက်များအားလုံးကို အလှဆုံးပုံဖော်ကြပါစို့လို့ မိမိတို့KDPNအဖွဲ့ကြီးမှ ဆန္ဒပြုလိုက်ရပါသည်။
မှတ်တမ်း/ပြန်ကြားရေးအဖွဲ့
KDPN,
KAWLIN.
.
.
.။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဇော်အောင်(မုံရွာ) - TSP Technical Service Provider လှုပ်ရှားမှုများ
TSP Technical Service Provider လှုပ်ရှားမှုများ
ဇော်အောင် (မုံရွာ)၊ ဧပြီ ၃၀၊ ၂၀၁၄
မြန်မာနိုင်ငံတွင် သယံဇာတပေါများကြွယ်ဝလှသည်ဟု ငယ်စဉ်က ကျောင်းစာများတွင် လေ့လာ၊ ကျက်မှတ်ခဲ့ပါသည်။ ဆန်စပါး၊ သီးနှံ၊ သားငါး၊ ကျောက်စိမ်း၊ ပတ္တမြား၊နီလာ၊ ပုလဲ၊ တွင်းတွက်ကျောက်မျက်ရတနာများ၊ ကြေးနီ၊နီကယ်၊ ရွှေ၊ ငွေ၊ စသည့် သတ္တုတွင်းများ .. အင်မတန်ဂုဏ်ယူဘွယ်ကောင်းလှပေသည်။ ယခု ၂၀၁၄ခုနှစ် အချိန်ကာလများသည် အထက်ပါသယံဇာတများထက် အဖိုးထိုက်တန်လွန်းလှသော လူသားအရင်းမြစ် (လူစွမ်းအား) ဖြင့်အကြိတ်အနယ်ပြိုင်ဆိုင်နေသော ခေတ်ကာလကြီးဖြစ်သည်။ ယခင်က စစ်အင်အားဖြင့် နယ်ချဲ့ခဲ့သည်။ စစ်အင်အားကောင်းသူက နိုင်ငံများကိုသိမ်းပိုက်၊ ကိုလိုနီပြုလုပ်ပြီး သယံဇာတများရယူသည်။ ယခုခေတ်တွင် နှလုံးရည်၊လက်ရုံးရည် (လူသားအရင်းမြစ်)ဖြင့် အပြိုင်အဆိုင်ကြိုးစားနေကြသည်။
စင်ကာပူ၊ ဟောင်ကောင်၊ ဂျပန်၊ တိုင်ဝမ်၊ ကိုးရီးယား စသည့်နိုင်ငံများသည် သယံဇာတမရှိပဲ၊ လူသားအရင်းမြစ်ဖြင့် တဟုန်ထိုး တိုးတက်လာသော၊ ကမ္ဘာ့ထိတ်တန်းနိုင်ငံများဖြစ်သည်။ အထူးသဖြင့် စင်္ကာပူကို ကြည့်ပါက သောက်စရာရေပင်မရှိသော နိုင်ငံလေးဖြစ်သော်လည်း ယခုအခါ ကမ္ဘာ့ထိပ်တန်းမြို့ကြီးအဖြစ် ဝင်ငွေအမြင့်ဆုံးနိုင်ငံဖြစ်လာသည်။ ဝင်ငွေမြင့်မားတိုင်း တိုးတက်သည်ဟု မသတ်မှတ်နိုင်ပါ။ စီးပွားရေးသာမက၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ အနုပညာ စသည့် ဘက်စံတိုးတက်မှ ကမ္ဘာ့အဆင့်သို့ရောက်မည်ဖြစ်သည်။
ထိုသို့တိုးတက်ရန်အတွက် အဓိကအကျဆုံးမှာ လူသားအရင်းမြစ် (လူ့စွမ်းအား)ဖြစ်သည်။ လူ့စွမ်းအားကို မြှင့်တင်ရန် နိုင်ငံတော်အစိုးရတွင် တာဝန်ရှိသည်။
လူ့စွမ်းမြှင့်တင်မှုလုပ်ရပ် (ရေနံချောင်းမြို့၊ TSP )
သင်္ကြန်မတိုင်မီ ပူပြင်းလှသောမြန်မာပြည်အလယ်ပိုင်း ရေနံချောင်းမြို့ရှိ ဦးနေမျိုးမောင်၊ ဦးမျိုးအောင်၊ ဦးမိုးကြီး စသည့်မြို့လူကြီးများနှင့် လူငယ်များ TSP Workshop တစ်ပါတ်တာလုပ်ငန်းစဉ်ကို လေ့လာမိပါသည်။ TSP ရေနံချောင်းကို စတင်လုပ်ဆောင်စဉ်က ဒေသဖွံ့ဖြိုးရေးအဖြစ်သာ ဦးတည်ခဲ့သည်။ ရေနံချောင်းမြို့ရှိ ကုန်သည်ကြီးများအဆောက်ဦတွင် လူငယ်ဘွဲ့ရ၊ ကျောင်းသား ပေါင်း ၅၀ဦးခန့်ကို ရန်ကုန်မြို့ Black Pearl Engineering မှဝန်ထမ်းများ ပါဝင်ခဲ့သော အလုပ်ရုံဆွေးနွေးပွဲဖြစ်သည်။ စာအုပ်များကို ဖြန့်ဝေခဲ့သည်။ စာအုပ်ခေါင်းစဉ်မှာ Design Thinking Workshop for Wisdom Age ပညာခေတ်အတွက်အတွေးဒီဇိုင်း အလုပ်ရုံဆွေးနွေးပွဲ ဟု ခေါ်ပါသည်။ စာအုပ်မျက်နှာဖုံးတွင် ပင်လယ်ပေါ်တွင် ပေါ်နေသောရေခဲတုံးပုံကို တွေ့ရသည်။ ၈၀-၂၀ စည်းမျဉ်း 80-40 rule အတိုင်း၊ ရေခဲတုံးကြီး၏ ၂၀%သာလျှင် ရေပေါ်တွင် ပေါ်နေပြီး၊ ၈၀%မှာ ရေတွင်မြုတ်နေသည်။ ထို့ကြောင့် လူတစ်ဦး၏ အရည်အချင်းကို အပေါ်ယံကြည့်ရုံဖြင့်မရပါ။ မြုတ်နေသောရေခဲတုံးကဲ့သို့ အရည်အချင်းများစွာ မြုတ်နေသည်။ ဖေါ်ထုတ်မြှင့်တင်ပေးရမည်။ ထိုသို့ မြှင့်တင်ပေးသော အဖွဲ့အစည်းများစွာ မြန်မာပြည်တွင် ရှိသည်။ TSP သည် လူ့အရည်အသွေးမြှင့်တင်ပေးသော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။
S.M.A.R.T စကားလုံးတစ်လုံးစီ၏ အဓိပ္ပါယ်
S = Specific
M = Measurable,
A = Achievable, Attainable, Assignable
R = Realistic, Reliable
T = Timed, Traceability
ပရိုဂျက်၊ လုပ်ငန်းတစ်ခု၊ စီးပွားရေး၊ စီမံကိန်းတစ်ခုခုကို အစဦးဆုံး အဓိပ္ပါယ်ဖွင့်ဆိုပါက
Specific ဟူသော တိကျသည့်စကားလုံးဖြင့်ဖွင့်ဆိုရမည်။ လိုရင်းတိုရှင်း၊ အားလုံးနားလည်လွယ်သောစကားလုံးဖြစ်ရမည်။ ဆွေးနွေးပွဲတွင် ဥပမာ ဆွေးနွေးသော ဖက်ရှင်လုပ်ငန်းတစ်ခုကို တည်ထောင်မည်ဆိုပါက၊ ဖက်ရှင်ဒီဇိုင်းလုပ်ငန်းဟု တိုရင်းလိုရှင်း ဆိုင်းဘုတ်ထောင်နိုင်သည်။ အသေးစိတ် အဓိပ္ပါယ်သတ်မှတ်လျှင့် အမျိုးသမီး၊ အကျီအဝတ်အစား၊ ဖက်ရှင်ဒီဇိုင်းလုပ်ငန်းများဟု တိကျစွာအဓိပ္ပါယ်သတ်မှတ်နိုင်ပါသည်။
Measurable တိုင်းတာပြနိုင်ရမည်။ တကယ့်ဆိုင်ဖွင့်ပြီး မြို့လယ်ခေါင်တွင်လုပ်မည်။ ဖက်ရှင်လုပ်ငန်းသည် ရေနံချောင်းမြို့အတွက်သာ
Achievable အောင်မြင်နိုင်သောလုပ်ငန်းဖြစ်သည်။ လူငယ်များကို ဦးစားပေးမည်လား၊ ကြေးရေတတ်လူကြီးများကို ဦးစားပေးမည်လား။ အလုပ်သမားများကို ဦးစားပေးမည်လား၊ ဝန်ထမ်း ၁၀ဦးခန့်ဖြင့်လုပ်ဆောင်ပြီး၊ လစာငွေ ကျပ်တစ်သိန်းခွဲခန့် ရအောင်လုပ်မည်။ ဝင်ငွေ တစ်လ သိန်း၂၀ကျော်မှ အမြတ်ထွက်မည်။
Realistic ဖြစ်နိုင်သည်။ မိတ်ဆွေများ၊ ကြော်ငြာများအပြင် တကယ်ဒီဇိုင်းကို ကြွမ်းကျင်သော ပရိုဖက်ရှင်နယ်များဖြင့် လုပ်မည်
Timed ၃လအတွင်း ဆိုင်ကိုတည်ထောင်မည်၊ ပထမသုံးလတွင် အမြတ်ထွက်နိုင်ရန် ဒီဇိုင်းသစ်လွင်လှပမှုများဖြင့် လုပ်ဆောင်မည်။ မိမိတို့လုပ်သော အဝတ်အစားဒီဇိုင်းများသည် မြို့ကြီးများနှင့်နိုင်ငံတကာအဆင့်မီ ဖြစ်လျှင့် ပထမတစ်နှစ်အတွင်း လုပ်ငန်းအောင်မြင်မည်ဖြစ်သည်။ လုပ်ငန်းဦးဆောင်သူသည် အချိန်ပြည့် အားသွန်ခွန်စိုက်လုပ်ဆောင်ရမည်... စသဖြင့် S.M.A.R.T ၏အဓိပ္ပါယ်ဖွင့်ချက်ကို ရေးထားပါသည်။
သင်ယူခြင်းဥပဒေများ
- 80/20 rule သဘာဝလောကကြီးတွင် ၂၀%သည် ၈၀%ကို ကြီးစိုးကြသည် ဟူသည့် သဘာဝစည်းမျဉ်းကို နားလည်ရသည်။ နိုင်ငံ၏ကြွယ်ဝမှု ၈၀% ကို လူ၂၀% ကပိုင်ဆိုင်သည်။ စပါးအထွက်နှုန်း၈၀%ကို လယ်ကွက်၂၀%ထံမှ ရရှိသည်။ ကုန်ထုတ်လုပ်မှု အဓိကပြသနာ၂၀%ကို ဖြေရှင်းနိုင်လျှင် ပြသာနာ၈၀% ပြေလည်သွားသည် .. စသဖြင့် လောကနည်းဥပဒေရှိသည်။ လူစွမ်းဆောင်နိုင်မှု ၈၀%သည် ပင်လယ်ပြင်မှရေခဲတုံးကဲ့သို့ မြုတ်နေသည်။ စသည်တို့ကို နားလည်ရန်ဖြစ်သည်။
- ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ စီမံကိန်းလုပ်ငန်းများတွင် ၁။ အုပ်ချုပ်ဆိုင်ရာခွင့်ပြုချက် ၁။ ကျွမ်းကျင်မှုဆိုင်ရာခွင့်ပြုချက် ၃။ ငွေကြေးဆိုင်ရာခွင့်ပြုချက် စသည့် ၃ချက်လိုအပ်ကြောင်း။
- ပိုင်ခြေညှိခြင်း။ ဥပမာ ၁/၂ နှစ်ပိုင်းတစ်ပိုင်း နှင့် ၁/၃ သုံးပိုင်းတစ်ပိုင်း ပေါင်းလိုပါက ပိုင်းခြေတူအောင်ညှိရပါသည်။ ၃/၆+ ၂/၆ = ၅/၆ ပိုင်းခြေ ၆ ဂဏန်းဖြစ်အောင်လုပ်ပြီးမှ ပေါင်းလို့ရပါသည်။ ထိုနည်းတူ မြန်မာပြည်ပြုပြင်ပြောင်းလဲရာတွင် နိုင်ငံခြားသားနှင့်မြန်မာနိုင်ငံသားတို့ ပူးပေါင်းလုပ်ဆောင်ရာတွင် ကမ္ဘာ့နည်းဟန်နှင့် မြန်မာ့နည်းဟန်တို့ ပိုင်းခြေညီအောင် ဦးစွာလုပ်ဆောင်ရပါမည်။
သင်တန်းအစီအစဉ်များ
BMC the Business Model Canvas ပုံစံကို ဂျပန်၊ သြစတြေလျား၊ စင်ကာပူ စသည့်နိုင်ငံများသို့ သွားရောက်၊ အလုပ်ရုံဆွေးနွေးပွဲများစွာ အတွေ့အကြုံများဖြင့် ဖန်တီးထားပါသည်။ BMC တွင် အလုပ်ရှင်နှင့်ဆိုင်ရာအခန်းကဏ္ဍ (Key Project, Key Activities, Key Resources)၊ ပစ္စည်းဝယ်ယူသုံးစွဲသူ Customers နှင့်ဆိုင်ရာအခန်းကဏ္ဍ (Customer Relationships, Channels, Customer Segments) ၊ ငွေကြေးစိုက်ထုတ်သူနှင့်ဆိုင်ရာအခန်းကဏ္ဍ (Cost Strusture, Revenue Streams) စသည်တို့ကို ဇယားနှင့်တင်ပြထားပြီး၊ အဖွဲ့ငယ်ကလေးများဖြင့် ဆွေးနွေးကြသည်။ စီးပွားလုပ်ငန်းဆိုင်ရာ အတွေးအခေါ်များဖြင့် ဥပမာယူသဖြင့်၊ ပေါ်ပင်လုပ်ငန်းများဖြစ်သော ဟိုတယ်လုပ်ငန်း၊ လောင်စာဆီအရောင်းဆိုင်လုပ်ငန်း၊ စတိုးဆိုင်လုပ်ငန်း၊ ဖက်ရှင်ဒီဇိုင်းလုပ်ငန်း၊ လဘက်ရည်ဆိုင်၊ စားသောက်ဆိုင်လုပ်ငန်း ...စသည်တို့ကို နမူနာယူပြီး ဆွေးနွေးကြပါသည်။
သင်ကြားခြင်းထိရောက်မှုကို ၃ရက်အကြာ လေ့လာဆန်းစစ်ပါက၊ အကြားအာရုံဖြင့် ၁၀%သာ မှတ်မိနိုင်သည်။ အမြင်အာရုံဖြင့်သင်ကြားပါက ၂၀% မှတ်မိသည်။ အကြားနှင့်အမြင်ပေါင်းစပ်သင်ကြားပါက ၅၀% မှတ်မိသည်။ မိမိသိထားသည်ကို သူ့တပါးအား တဖန်ပြန်လည်သင်ကြားလျှင့် ၇၀% မှတ်မိလာသည်။ လက်တွေ့အသုံးချနိုင်ပါက ၈၉% မှတ်မိနိုင်သည်ဟု ဆိုသည်။ Learning by Teaching ဟု ခေါ်သည်။
စက်မှုခေတ် (လည်လမ်းမှ) ပညာခေတ် (လွတ်လမ်း)သို့ ဖေါ်ပြချက်ကိုလည်း ဇယား၊ ပုံစံများဖြင့် ရှင်းပြ၊ အလုပ်ရုံအပြန်လှန်ဆွေးနွေးကြသည်။ အချုပ်မှာ သင်ယူပါ၊ သင်ပေးပါ၊ လုပ်ဆောင်ပါ ဟူသော (၃)ချက်ပင်ဖြစ်သည်။ မြန်မာ့လူအဖွဲ့အစည်းအတွက် ခေတ်အလိုက် နှိုင်းယှဉ်ချက်များကိုလည်း စက်မှုခေတ်နှင့် အပြောင်းအလဲခေတ် နှစ်မျိုးကို People Mindset နှင့် Business Mindset နှစ်မျိုး နှိုင်းယှဉ်ဆွေးနွေးကြသည်။ စိုက်ပျိုးရေးခေတ်တွင် ယနေ့တိုင် ရှင်သန်ဆဲ မြန်မာ့လူ့အဖွဲ့အစည်းသည် ထိတ်တန်းရောက်နိုင်ငံကြီးများထက် Value Creation ထိရောက်စွာ ပြောင်းလဲနိုင်ရန် အခြေအနေကောင်းများ ရှင်သန်နေဆဲဖြစ်သည်ဟု TSP သင်တန်းစာအုပ်မှာ ကောက်နုတ်ထားပါသည်။
နောက်ဆုံးတွင် ပိဋကတ်တော်ထဲမှာ မဟာဓနသူဌေးသားအကြောင်း ပထမအရွယ်၊ ဒုတိယအရွယ်၊ တတိယအရွယ်များတွင် စီးပွားရှာခြင်း၊ တရားအားထုတ်ခြင်း နှစ်မျိုးကို လုပ်ဆောင်ရန်အားပေးထားပါသည်။ သို့မဟုတ်ပါက အသက်ရွယ်ရချိန်တွင် ခွက်ဆွဲကတောင်းစားနေသူများအဖြစ်သို့ ရောက်သွားနိုင်ကြောင်း ၊ အရွယ်ငယလေလေ ရမဲ့အဆင့်များလေလေ ဖြစ်ကြောင်း တင်ပြထားပါသည်။ ထို့နောက် စတိဂျော့ (Apple iPhone တီထွင်သူ) မသေခင်က ပြောပြသော ပုံပြင်(၃)ပုဒ်ဖြင့် အဆုံးသပ်ထားပါသည်။ နောက်ဆုံးပုံပြင်သည် သေခြင်းတရားအကြောင်းဖြစ်သည်။ သင်တန်းဆရာနှင့်သင်တန်းသားများ အားလုံးသည် ငယ်ရွယ်သူ လူငယ်များဖြစ်ကြသော်လည်း နံနက်တိုင်း သေခြင်းတရားကို သတိရအောက်မေ့ပြီး လုပ်ငန်းစတင်သော စတိဂျော့၏ တရားဖြစ်သည်။
သင်တန်းနှင့်ပတ်သက်ပြီး သုံးသပ်ချက်
TSP အဖွဲ့၏ ရည်ရွယ်ချက်မှာ လူငယ်ဘွဲ့ရများစွာ အင်္ဂလိပ်စာနှင့်ကွန်ပြူတာပညာ တတ်မြောက်ရေးအတွက် အခြေခံသဘောထားပါသည်။ ရေနံချောင်းမြို့တွင် ပညာအခြေခံကောင်းသည်။ လူငယ်များကို အင်္ဂလိပ်စာ ရေးဖတ်တတ်ရုံသာမက၊ နားထောင်၊ ပြောဆိုတတ်အောင်လည်း လေ့ကျင့်ပေးသည်။ ကွန်ပြူတာ လက်နှိပ်စက်ရိုက်နှိပ်ခြင်းကို အင်္ဂလိပ်၊ မြန်မာ စာနှစ်မျိုးစလုံး 30 words per minute အထိ တစ်လအတွင်း ရိုက်နှိပ်တတ်အောင် လေ့ကျင့်စေပါသည်။ အထူးသဖြင့် ထိုသင်တန်းကို တက်ရောက်သူ လူငယ်များစွာတို့သည် ရေရှည်တွင် စဉ်းစားတတ်သော၊ ဆုံးဖြတ်ချက်မှန်သော၊ ပေါင်းသင်းဆက်ဆံပြီး အဖွဲ့ဖြင့် လုပ်ဆောင်တတ်သူများ ဖြစ်လာရန် ရည်မှန်းသည်။ သို့သော် လူငယ်အားလုံးနီးပါးသည် ထိုသင်တန်းတက်ရောက်ခြင်းဖြင့် မိမိတို့ အလုပ်ကိုင်ကောင်းကောင်း မြန်မာပြည်တွင်း (သို့မဟုတ်) နိုင်ငံခြားသို့ အလုပ်အကိုင်ရရှိရန်၊ ပညာဆက်လက်သင်ကြားရန် မျှော်လင့်နေကြကြောင်း လူငယ်များအား အင်တာဗျူးခြင်းဖြင့် သိခဲ့ရသည်။
မည်သို့ပင်ဖြစ်စေ TSP ရေနံချောင်းသည် အလွန်မြင့်မြတ်သော လူသားအရင်းမြစ် ပြုစုရေးဖြစ်သည်။ ပါတီစွဲ၊ အဖွဲ့အစည်းစွဲမရှိပဲ လူတန်းစားမခွဲခြား၊ သင်ကြားလေ့ကျင့်ပေးသော အဖွဲ့ငယ် တစ်ခုဖြစ်သည်။ ယခုခေတ်စားနေသော Capacity Building ဆိုသည် စကားလုံးကြီးကြီးကို တတ်နိုင်သည့် အခန်းကဏ္ဍမှ ဖေါ်ဆောင်နေခြင်းဖြစ်သည်။ အလားတူ သင်တန်းများစွာ မြန်မာပြည် ရန်ကုန်၊ နေပြည်တော်နှင့် မြို့ကြီးများစွာတို့တွင် အရှိန်ဟုတ်ကြီးစွာ ပေါ်ပေါက်လျှက်ရှိသည်။ လူသားအရင်းမြစ် ပြုစုရေးတွင် Myanmar Good Attitude စိတ်နေစိတ်ထားကောင်းသူများစွာ ပေါ်ထွက်လာရေးသည် မြန်မာနိုင်ငံ၏ အနာဂါတ်ဖြစ်သည်။ သင်တန်းဆရာများနှင့် သင်တန်းသားအားလုံး ရွှင်လန်းချမ်းမြေ့၊ တိုးကက်ကြီးပွားရန် မျှော်လင့်သည်။
.
.
TSP စာအုပ် (Facebook Link)
https://www.facebook.com/myanmarjobstudent/posts/10154719343773472

No comments:

Post a Comment