Saturday, July 29, 2017

ကျောက်မီးသွေးလျှပ်စစ်ဓါတ်အားစက်ရုံ နဲ့ Clean Coal Technology


ကျောက်မီးသွေးလျှပ်စစ်ဓါတ်အားစက်ရုံ။ မစ္စတာကျောက်မီးသွေး၊ အင်ဒိုနီးရှားကလာမည်တဲ့၊
၂၀၁၃ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံပိုင် ကျောက်မီးသွေး တူးဖော်ရေးလုပ်ငန်း Bukit Asam သည် မြန်မာနိုင်ငံတွင် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ တည်ထောင်ရေးကဲ့သို့ စီမံကိန်းများ ပြုလုပ်ရန်အတွက် ဒေါ်လာ သန်း ၉၀၀

ရင်းနှီးမြှုပ်နှံရန် စီစဉ်လျက်ရှိကြောင်း အင်ဒိုနီးရှားနိုင်ငံ သတင်းစာ The Jakarta Globe ၏ ဖော်ပြသည်။ ဂျကာတာ အခြေစိုက် ကုမ္ပဏီသည် မြန်မာနိုင်ငံမှ လုပ်ဖော်ကိုင်ဖက် အချို့နှင့် ချိတ်ဆက်ထားပြီး ဖြစ်ကြောင်း သဘောတူညီချက်၏ ပထမပိုင်း အဆင့်အရ Bukit Asam ကုမ္ပဏီသည် မဂ္ဂါဝပ် ၁၀၀ ထုတ်ပေးနိုင်သည့် ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံတစ်ခု ဒေါ်လာသန်း ၃၅၀ တည်ဆောက်မည်ဖြစ်ပြီး ၎င်းနောက်တွင် အဆိုပါ ဓာတ်အားပေး စက်ရုံထက် နှစ်ဆပိုမို ကြီးမားမည့်စက်ရုံ သန်း ၄၅၀ တည်ဆောက်မည် ဖြစ်သည်။ အင်ဒိုနီးရှားမှ ကျောက်မီးသွေးတွေကို မြန်မာနိုင်ငံ အခုတည်ဆောက်မယ့် ဓာတ်အားပေး စက်ရုံသို့ တင်ပို့မည်ဟု သိရသည်။

ကမ္ဘာ့ကြောက်မက်ဖွယ်အကောင်းဆုံး ခရိုနီများတွင် အရှေ့တောင်အာရှမှ၊ ဖိလစ်ပိုင်ခရိုနီက နံပါတ်(၁)၊ အင်ဒိုနီးရှားခရိုနီက နံပါတ်(၂)ဖြစ်သည်။ ထိုင်း၊မလေးရှားခရိုနီများက သိပ်မဆိုးလှ။ ဂျပန်၊ကိုးရိုးယား ကုမ္မဏီရင်းနှီးမှုများသည် အကောင်းဆုံးဖြစ်ကြောင်း၊
.
.
ဂျပန်နှင့်ဥရောပလူမျိုး နှိုင်းယှဉ်ချက်ကိုကြုံတုံးရေးလိုပါသည်။
အမေရိကန်၊ဥရောပ၊သြစတြေလျား မှရင်းနှီးဖို့လာသူများတွင် သတိထားစရာများစွာရှိကြောင်း မြန်မာအစိုးရလူကြီးများ သိကြပါသည်။ အထူးသဖြင့် မြိတ်ကျွန်းစုတွင် စစ်အာဏာရှင်ဦးနေဝင်းလက်ထက်ကတည်uး ပုလဲလုပ်ငန်းများကိုခွင့်ပြုခဲ့ရာ ယခုအခါတွင် မွေးပုလဲ ကန်ဒေါ်လာ၈ဘီလျှံခန့် ထုတ်လုပ်နေသည်။ ပုလဲအလုံး၁၀၀ ရလျှင် ၂၅လုံး အခွန်ပေးရသည့်စနစ်ဖြင့် လုပ်ကိုင်ရာ၊ မြန်မာအစိုးရက ၂၅% တန်ဖိုးရှိသော ပုလဲများကို လေလံတင်ရာတွင် မူလထုတ်လုပ်သော ကုမ္ပဏီများကသာ ပြန်ဝယ်သွားကြသည်။ ၉၀ရာနှုန်းသော ကုမ္ပဏီများသည် ဂျပန်ကုမ္ပဏီများဖြစ်သည်။ ဂျပန်နိုင်ငံမှ ပုလဲလုပ်ငန်းသည် စီးပွားတွက်သားမကိုက်သောကြောင့် ဂျပန်များ ပုလဲမွေးဖို့နေရာလိုက်ရှာရာတွင် မြိတ်ကျွန်းစုကိုတွေ့ရှိပြီး နှစ်ရှည်စီးပွားစာချုပ်ဖြင့် လာရောက်လုပ်ကိုင်လျှက်ရှိသည်။ ထိုအခါ သြစတြေးလျှားမှ ပုလဲကုမ္ပဏီများလည်း အခွင့်အရေးရသည်နှင့် လာရောက်လုပ်ကိုင်ရာ၊

အဖြူကောင်များသည် ပုလဲများကို နည်းမျိုးစုံဖြင့် ခိုးထုတ်နေကြသည်မှာ မျက်နှာဓါးနှင့်လှီးရလောက်အောင် ခပ်ပြောင်ပြောင် ခိုးစားနေသည်ဟု မြိတ်ကျွန်းစုမှလုပ်ငန်းရှင်တစ်ဦးက ပြောပြပါသည်။ Offshore ဓါတ်ငွေ့လုပ်ငန်းများနှင့် ပုလဲလုပ်ငန်းများအတွက် လိုအပ်သောကုန်ကြမ်း၊ လူသုံးကုန်၊ လောင်စာဆီများကို သဘောတူစာချုပ်အရ ရေလမ်းဖြင့် တိုက်ရိုက်မြန်မာနိုင်ငံသို့ Supply Boat (Tug Boat) များဖြင့်တင်သွင်းသည်။ ထိုပစ္စည်းပို့သင်္ဘောလေးများသည် ကွန်တိန်နာ အလုံး၂၀လောက်အထိ၊ ဒီဇယ်ဆီ၊ လောင်စာဆီ တန်ချိန် ၂၀၀၀ အထိ တင်ပို့နိုင်သည်။ ကြိုးနီစနစ်မြန်မာ့အကောက်ခွန်နှင့်ရေတပ်ကို ကျော်ပြီး နိုင်ငံတော်စီးပွားအထူးဇုံအဖြစ် သတ်မှတ်ထားသည်။ ထိုနေရာမှ ပုလဲများကို ခိုးမထုတ်ရန် နိုင်ငံတော်မှ အထူးကြပ်မတ်စစ်ဆေးသည့်ကြားမှ အဖြူကောင် ပုလဲကုမ္ပဏီဝန်ထမ်းများ ခိုးယူပြီး၊ ဖမ်းခံရသည်။ ခပ်ပြောင်ပြောင်ပဲ ..အသိမ်းခံရသည်။ လာဘ်ပေးပြီးပြန်ယူဖို့ကြိုးစားသည်။ အလွန်ရှုပ်သော ဥရောပတိုက် ပုလဲသူဌေးများဖြစ်သည်။ ဂျပန်ဝန်ထမ်းများသည် ထိုကဲ့သို့မလုပ်ကြပါ။ ရိုးသားဖြောင့်မတ်စွာလုပ်ကိုင်ကြသည်။ ၂၅% အခွန်ဆိုသည်မှာ ဂျပန်နိုင်ငံတွင် ၄၅% အခွန်ထက်အများကြီးသက်သာနေပြီဖြစ်သည်။
.
.
လျှပ်စစ်ဓါတ်အားပေးစက်ရုံရင်းနှီးမှုများ
မြန်မာများသည် အကောင်းကြိုက်သည်။ တိုယိုတာကားများ၊ တိုရှိဘာ၊ ဆိုနီတီဗွီများကို သုံးကြသည်။ ကောင်းလဲကောင်းတာကိုး..ဟုပြောနိုင်သည်။ ယခုအခါ မြန်မာများ စက်ပစ္စည်းများကို ဂျာမဏီနိုင်ငံမှ ဝယ်ယူဖို့ကြိုးစားကြသည်။

ဂျပန်နိုင်ငံမှဝယ်ဖို့ကြိုးစားကြသည်။ အကောင်းကြိုက်သောကြောင့်ဖြစ်သည်။ ဂျာမဏီ၊ ဂျပန် ၂နိုင်ငံသည် ကမ္ဘာ့စီးပွားရေးတွင် အမေရိကန်ကဲ့သို့ အခြေအနေကောင်းသည်။ သို့သော် သူတို့ပစ္စည်းများမှာ ဈေးကြီးလှသည်။ ဥပမာ.. တယ်လီဖုန်းဝယ်လျှင် ကားဝယ်စီးလျှင် ဂျပန်ပစ္စည်းသုံးမလား၊ ဂျာမဏီ ဝယ်စီးမလား၊ တရုပ်ပစ္စည်းသုံးမလား မိမိဖာသာဆုံးဖြတ်ရန်ဖြစ်သည်။ တရုပ်ဓါတ်အားပေးစက်ရုံ အကြွေး ဝယ်သုံးရာ အနှစ်၂၀မပြောနှင့် ၅နှစ်ပင်မခံနိုင်ပါ။  Third Party Consultant ကုမ္ပဏီကို ငှားရမ်းရမည်။ သုံးသပ်ချက်ရလဒ်များကို ဖတ်ရှုတတ်ဖို့ နိုင်ငံတကာအတွေ့ကြုံ (လက်တွေ့) ရှိသူမြန်မာများလိုသည်။ အစိုးရအဖွဲ့တွင် ထိုသို့လက်တွေ့သမားမရှိပါက နိုင်ငံခြားအတွေ့အကြုံ (လက်တွေ့) လုပ်ခဲ့သူများကို ထပ်မံ Internal Consultant အဖြစ်ငှားရမည်ဖြစ်သည်။ သို့သော် နိုင်ငံခြားအတွေ့အကြုံ (လက်တွေ့) ရှိသောမြန်မာများမှာ မြန်မာပြည်ပြန်လာဖို့ မဖြစ်နိုင်၊ ဒီတော့ စာတွေ နိုင်ငံခြားအတွေ့ကြုံရှိသော မြန်မာ အငြိမ်းစားများပဲ ပြန်လာပြီးအစိုးရကို အကြံပေးကြသည်။ Better than nothing ဖြစ်သည်။

ယခု အင်ဒိုနီးရှား မစ္စတာကျောက်မီးသွေး ကိစ္စမှာ လယ်ပြင်ဆင်သွားသလို ထင်ရှားနေပါသည်။ သီလဝါ၊ အလုံ Combined Gas Turbine စက်ရုံကြီးများမှာ ကိုးရီးယား၊ ဂျပန် နာမည်ရှိကုမ္ပဏီများက လာလုပ်သောကြောင့် မြန်မာများလက်ထဲရောက်လျှင် အိုကေမည်ဖြစ်သည်။ ယခု အင်ဒိုနီးရှားမှလာရောက်လုပ်ကိုင်မည် ဆိုသည်မှာ သူတို့ရင်းနှီးမြှတ်နှံမှု ဒေါ်လာနှင့် ဓါတ်အားပေးစက်ရုံ မဂ္ဂါဝပ်ကို ကြည့်ရုံဖြင့် ဆူဟာတိုလက်ထက်က ခရိုနီများ၊ သူတို့နိုင်ငံတွင် လုပ်စားခဲ့သည့်နည်းကို မြန်မာနိုင်ငံမှ ခရိုနီကုမ္ပဏီများနှင့် ပူပေါင်းလုပ်ကိုင်စားသောက်တော့မည်မှာ ထင်ရှားနေသည်။ ကမ္ဘာဓါတ်အားပေးစက်ရုံ ရင်းနှီးမြှတ်နှံမှုသည် ပျှမ်းမျှ 1 mW = US$1 million ရှိသဖြင့်မြန်မာနိုင်ငံသို့ အင်ဒိုနီးရှားကလာလုပ်မည့် 100mW စက်ရုံမှာ US$ 100 million သာရှိမည်ဖြစ်သည်။ Eleven Mediaသတင်းက မှန်သလားတော့မသိ 100mW စက်ရုံကို US$350 million investment ဟုရေးထားသည်။ လုပ်စားဖို့ကြိုးစားကြသည်။
.
ကံအားလျော်စွာ အကြောင်းအမျိုးမျိုးကြောင့် အဆိုပါကျောက်မီးသွေးဓါတ်အားစက်ရုံ စီမံကိန်းမလုပ်ဖြစ်ပါ။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

၂၀၁၇ ခုနှစ်တွင် 640-megawatt coal-fired power plant x 2 တနင်္သာရီတိုင်း ကျောက်မီးသွေးဓါတ်အားစက်ရုံ၂ခု ဆောက်လုပ်ရေးစီမံကိန်း  လေ့လာဆန်းစစ်မှု လုပ်ပြီးရင် တည်ဆောက်ပြီးတော့ ၂၀၂၂ ခုနှစ်လောက်မှာ စတင်လည်ပတ်မယ်လို့ လူထုထံချပြပါတယ်။ ပြည်သူလူထုကတော့ ကျောက်မီးသွေး ဆိုရင ပတ်ဝန်းကျင်ညစ်ညမ်းတယ် ဆိုပြီး ကန့်ကွက်ကြပါတယ်။  ထားပါတော့၊ နည်းပညာပဲ ဆွေးနွေးပါမယ်။
.
အရေးကြီးတဲ့ ၂ချက်ကတော့
* ငွေကြေးနဲ့ပတ်သက်ပြီး ဘယ်ကပိုက်ဆံနဲ့လုပ်မှာလဲ အရေးကြီးပါတယ်။ Power Purchase Agreement လုပ်ပြီးတော့၊ တကယ် ၅နှစ်လောက်အကြာ ပြီးသွားချိန်မှာ ကုန်ကျစရိတ်တွေ ၂ဆလောက် တက်သွားတာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။ ကမ္ဘာ့ လျှပ်စစ်ဓါတ်အားစက်ရုံကြီးတွေက တစ်မဂ္ဂါဝပ်ကို ဒေါ်လာ၁သန်း၊ ပျှမ်းမျှ ကုန်ကျပါတယ်။ အခု စီမံကိန်းမှာ ၂ဆကုန်နေပါတယ်။ တကယ်လုပ်ရင် ပိုပြီးကုန်ကျဖို့များလေ့ရှိပါတယ်။
* နည်းပညာကိုတော့ Toyo-Thai Corporation (TTCL) ဆိုတာ၊ ဂျပန် TOYO Engineering ကုမဏီနဲ့ထိုင်း Italian-Thai ကုမဏီ၂ခု ဖက်စပ်ကုမဏီ ဖြစ်ပါတယ်။ TOYO Engineering ဂျပန်ကုမဏီက ပြည်ပအစိုးရ ပရိုဂျက်တွေ လိုက်လုပ်တဲ့ ဆောက်လုပ်ရေးကုမဏီပါ။ အီတာလျှံ ထိုင်း ကုမဏီကတော့ ထားဝယ်ရေနက်ဆိပ်ကမ်း ဘာမှဖြစ်မလာ သေးတဲ့ ကုမဏီပါ။ ပွဲစားတွေ အဆင့်ဆင့်နဲ့ လုပ်နေတဲ့ ပရိုဂျက်တွေအတွက် ရင်လေးပါတယ်။ ပွင့်လင်းစွာ လုပ်သင့်ပါတယ်။
.
ပြည်သူ့ဘဏ္ဍာမပြုန်းတီးရအောင်..မြန်မာပြည်မှာ အကြီးဆုံးစက်ရုံ ၆၄၀ မဂ္ဂါဝပ်စက်ရုံကြီး ၂ခု၊  အဂတိတွေနဲ့ မလုပ်တတ်၊ မကိုင်တတ်နဲ့ စစ်ဆေးရေးအဖွဲ့ အရည်သွေးမမှီ၊ နောက်ကျမှုတွေ မဖြစ်အောင် JICA ကို

အကူညီတောင်းပြိး ရလဒ်ကို Analyse လုပ်ပြီးပြီထင်ပါတယ်။ တတ်နိုင်ရင် ဂျပန် JICA Recommended Consultant firm ကို ငှားသင့်ပါတယ်။
.
ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းသည် ပွင့်လင်းမြင်သာမှု မရှိသောကြောင့် အရပ်ဘက် အဖွဲ့အစည်း ၁၄၇ ဖွဲ့က ကန့်ကွက်ကြပြီး၊ ကုမ္ပဏီမှ Clean Coal Technology ကို အသုံးပြုပြီး စီမံကိန်း အကောင်အထည်ဖော်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုသည် ၁၀၀ ရာခိုင်နှုန်းထက်ပိုပြီး ကောင်းမွန်တယ်လို့  ၀တ်ကြီးဒေသခံလူထုနှင့် တွေ့ဆုံစဉ် ပြောဆိုခြင်းတာ လိမ်လည်သော စည်းရုံးလှုံ့ဆော်ခြင်းသာ ဖြစ်ကြောင်း၊ အစိုးရသစ်ကာလမှာ ကြားကာလအတွင်း ခိုင်မာ၊လုံခြုံ၊အာမခံရှိတဲ့ ဥပဒေပြဋ္ဌာန်းချက်များ မရှိသေးလို့ ကြီးမားသော စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မပြုလုပ်သင့်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

တနင်္သာရီတိုင်း ၀န်ကြီးချုပ် ဒေါ်လဲ့လဲ့မော် က သူ့အစိုးရလက်ထက်မှာ ဒီစီမံကိန်းကို မလုပ်ဘူး ပြောပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံအနှံအပြား တည်ဆောက်ပြီးတဲ့ ဘိလပ်မြေစက်ရုံများစွာကတော့ ကျောက်မီးသွေးလောင်စာကို လွတ်လပ်စွာ သုံးစွဲနေကြပါတယ်။
.
.
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
.
.
ကျောက်မီးသွေးဓါတ်အားပေးစက်ရုံနဲ့ Clean Coal Technology
.
Clean Coal ဆိုတာမရှိပါ…ဒါပေမဲ့ Clean Coal Technology တော့ ရှိပါတယ် ဆိုတဲ့ Tun Htun ရဲ့ဆောင်းပါး အရ၊ ဖွံ့ဖြိုးပြီးနိုင်ငံတွေက ကျောက်မီးသွေး ဓါတ်အားပေးရုံတွေမှာ တွင်ကျယ်စွာ သုံးနေကြပါတယ်။ Clean Coal

Technology အမျိုးအစား(၁၅)ခုထဲက.PM,SO2(SOx),NO2(NOx),Mercury.CO2..လျှောချနှိုင်တဲ့ နည်းစနစ်တွေကို စီစစ်သုံးစွဲရပါမယ်။ မြန်မာနိုင်ငံမှာ သုံးချင်ရင်တော့ အဲဒီ.နည်းပညာပါတဲ့စက်မျိုးတွေဖြစ်ရပါမယ်။

ဒါ့အပြင်စနစ်တကျစောင့်ကြည့့််..စစ်ဆေးတဲ့..အစိုးရအဖွဲ့အစည်းရှိရပါမယ်။ အစိုးရအဖွဲ့အစည်းက.အရေးယူစရာရှိလာရင်ထိထိရောက်ရောက်အရေးယူနှိုင်ဘို့ပါ.။

ဒါအပြင်လေထု..ရေထု့.သဘာဝပါတ်ဝန်းကျင်ညစ်ညမ်းမှုတွေကို..ကာကွယ်ဘို ဥပဒေ၊နည်းဥပဒေတွေရှိဘို့လိုပါလိမ့်မယ်။ ဒါတွေလုပ်ပြီးရင်တော့...ကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်အားပေစက်ရုံတွေ

မတည်ဆောက်နှိုင်စရာအကြောင်းမရှိပါဘူး။ နိုင်ငံရဲ့လျှပ်စစ်ဓါတ်အား အထူးဆာငတ်၊ လိုအပ်ချက်အရ ထုတ်လုပ်မှုကုန်ကျစရိတ်သက်သာတဲ့ ကျောက်မီးသွေးသုံး
လျှပ်စစ်ဓါတ်အားပေစက်ရုံတွေတည်ဆောက်ရပါမယ်။ ကုန်ကြမ်းကျောက်မီးသွေးကိုတော့ Hard Coal ဖြစ်တဲကျောက်မီးသွေးအကောင်းစားကို လျှပ်စစ်ဓါတ်အားထုတ်ဘို့မသုံးကြပါဘူးဒ။ Low Rank Coal တွေသုံးရမှာ ဖြစ်လို့

ထွက်လာတဲ့ ကျောက်မီးသွေးပြာ Fly Ash တွေကို အလွန်ထိန်းသိမ်းဘို့ခက်တဲ့အတွက် Dry Scrubber နဲ့ ကျောက်မီးသွေးပြာ၊ အမှုန်အမွှား PM.(.Particulate Matter) တွေကို ဖယ်နှိုင်ရပါမယ် ..လို့ ရေးသားထားပါတယ်။
ကိုးကား။ ။
http://engrmyanmar.blogspot.com/2017/04/clean-coal-clean-coal-technology.html
.
ပညာရှင်အများစုက တရုပ်၊ အိန္နိယ ကျောက်မီးသွေးဓါတ်အားပေးစက်ရုံများစွာ ကြောင့် မြန်မာလေထုလဲ အသင့်တင့်ညစ်ညမ်းပြီးဖြစ်လို့၊ နောက်ဆုံးနည်း Clean Coal Technology သုံးရင် ဈေးကြီးမယ်၊ အရမ်းလိုအပ်နေတဲ့

လျှပ်စစ်ဓါတ်အားကို ဈေးအသက်သာဆုံးနဲ့ အမြန်ဆုံးရနိုင်မှာမို့ တည်ဆောက်ဖို့အားပေးကြပါတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်ပညာရှင်တွေက ကန့်ကွက်နေကြဆဲဖြစ်ပါတယ်။  
.
.
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။



ကျောက်မီးသွေးဓါတ်အားစက်ရုံ (ရေနွေးငွေ့ဘွိုင်လာ) နည်းပညာ
.
ဒီနည်းလမ်းကတော့ သမရိုးကျ ရှေးခေတ်ကလ ၁၈ရာစု ကတည်းက နည်းလမ်းဖြစ်ပါတယ်။ ဘွိုင်လာအိုးထဲက ရေကို ကျောက်မီးသွေးနဲ့ အပူပေးပါတယ်။ ထွက်လာတဲ့ ရေနွေးငွေ့ကို အပူချိန် 700 degree, ၊ ဖိအား 80 Kg/cm2 အထိ စူပါဟိတက် Super Heated ပြုလုပ်ပြီး၊ ရေနွေးငွေတာဘိုင်ကြီးကို လည်ပတ်စေပါတယ်။ တွဲရက် ပါဝါဂျင်နရေတာ လည်ပတ်ပြီး လျှပ်စစ်ဓါတ်အား 230KV, 66KV စတဲ့ ဗို့အားမြင့်မားစွာ ထုတ်လုပ်ပါတယ်။ ကျောက်မီးသွေးကို ဘွိုင်လာမီးထိုးတဲ့စနစ်၊ ဘွီုင်လာမီးရှို့စနစ်နဲ့ လောင်စာဆီ Fuel Oil & Burners၊ ချောဆီစနစ် Lub Oil System,  ဘွိုင်လာအအေးခံတဲ့ Cooling Tower စနစ်၊ ဘွိုင်လာ ရေဖြည့်ပေးတဲ့ Feed Pumps, ရေနွေးငွေ့တာဘိုင်၊ လျှပ်စစ်ထုတ်တဲ့ ဂျင်နရေတာ အထွက်၊ ပါဝါထရန်စမစ်ရှင်း Power Transmittion System, မီးသတ်စနစ် Fire Water System, အရေးပေါ်လျှပ်စစ်ဓါတ်အားစက် Backup Power Generator, လေကွန်ပရက်စာ Air Compressor စတဲ့စနစ်များနဲ့ ဘွိုင်လာ၊ တာဘိုင် ထိန်းသိမ်းစနစ် Comburstion Control System, လျှပ်စစ်ဓါတ်အားထိန်းချုပ်စနစ် Power Control Switchboard တွေဖြစ်ပါတယ်။
http://beaudaniels-illustration.com/exxon-2015/Coal-power.html
.
ရေနွေးငွေ့ဘွိုင်လာ နည်းလမ်းက ယခုခေတ်မှာလည်း စက်ပစ္စည်းအသက်သာဆုံး နည်းလမ်းဖြစ်ပါတယ်။ ညူကလီယာ ဓါတ်ပေါင်းဖိုမှာလဲ ဒီနည်းလမ်းပဲသုံးပါတယ်။  ညူကလီယာ အပူစွမ်းရည်ကို ဘွိုင်လာများက ရေနွေးငွေ့တာဘိုင် ကတဆင့် ဂျင်နရေတာကို လည်ပတ်စေပြီး လျှပ်စစ်ထုတ်လုပ်ပါတယ်။
.
ဒီဇယ်၊ ဓါတ်ငွေ့ သုံးတဲ့ လျှပ်စစ်ဓါတ်အားစက်ကြီးများကတော့ ပေါက်ကွဲမှုအင်အားနဲ့ လည်ပတ်တဲ့အတွက် ဆူညံ့ပြီး၊ တာဘိုင်၊ အင်ဂျင် စက် သက်တမ်းလဲတိုပါတယ်။ ပြုပြင်ထိန်းသိမ်း စရိတ်ပိုကြီးပါတယ်။ ပြုပြင်ထိန်းသိမ်းစရိတ်အနည်းဆုံးကတော့ ရိုးရိုး ရေအားလျှပ်စစ် တာဘိုင်ကြီးတွေ ဖြစ်ပါတယ်။ နှစ်၄၀၊ ၅၀ အထိ ရေရှည်ခံကြပါတယ်။
.


နိဂုံး(ကောက်နုတ်ချက်)
အင်ဒိုနီးရှားစစ်အာဏာရှင်ဆူဟာတို (ကွယ်လွန်) တပည့်ခရိုနီများနှင့်မြန်မာခရိုနီများ ပူပေါင်းလုပ်ကိုင်စားကြမည့် မစ္စတာကျောက်မီးသွေး လျှပ်စစ်ပရိုဂျက်အဆင်ပြေလျှင် ပိုဆိုးသည့် ဖိလစ်ပိုင်စစ်အာဏာရှင်မားကိုးစ် (ကွယ်လွန်) ၏ တပည့်ခရိုနီများက မြန်မာခရိုနီများနှင့်ပေါင်းပြီး လာရောက်ရင်းနှီးကြဦးမည်ဖြစ်သည်။ အမေရိကန်၊ ဥရောပ၊ သြစတြေးလျ၊ တရုပ်ပြည် စတဲ့နိုင်ငံများကလည်း မြန်မာအစိုးရကို ဆွဲဆောင်ပြီး လျှပ်စစ်ဓါတ်အားစက်ရုံကြီးများအတွက် ချေးငွေများ ကမ်းလှမ်းကြဦးမယ် ဖြစ်သည်။ လျှပ်စစ်အကြီးစားဓါတ်အားစက်ရုံများကို နိုင်ငံခြားမှ လာရောက်ရင်းနှီးတည်းဆောက်ပေးခြင်းကို အထူးသတိပြုရန်လိုပါသည်။ စာချုပ်များ တဖက်သတ်ဖြစ်နေခြင်းကြောင့် ပထမ ၅နှစ်တွင် ဟုတ်သလိုဖြစ်သော်လည်း ရေရှည်တွင်၊ မြန်မာနိုင်ငံ ပိုပြီးမွဲပြာကျသွားနိုင်ပါသည်။

ဖိလစ်ပိုင်၊ အင်ဒိုနီးရှား နဲ့ သြစတြေးလျှား နိုင်ငံများတွင် IPP Independent Power Production ပုဂ္ဂလိက လျှပ်စစ်ဓါတ်အားစက်ရုံများကို ခွင့်ပြုခြင်းကြောင့်၊ ပြည်တွင်း၊ပြည်ပ ကုမဏီတွေ ဖက်စပ်ပေါင်းပြီး၊ နိုင်ငံတော်ဘဏ္ဍာတွေကို နှစ်၄၀၊ ဈေးကြီးတဲ့ လျှပ်စစ်ဓါတ်အား ၀န်ထုတ်ကြီး ပြည်သူလူထု ခံစားနေရပါတယ်။ လွန်ခဲ့တဲ့ နှစ်၂၀ ဖိလစ်ပိုင်နိုင်ငံက စစ်အာဏာရှင် သမတမားကို့စ်၊ အင်ဒိုနီးရှားနိုင်ငံက စစ်အာဏာရှင် သမတဆူဟာတို ၊ သူတို့အုပ်ချုပ်ချိန် စစ်အာဏာကို အလွဲသုံးပြီး၊ လျှပ်စစ်ဖက်စပ်ထုတ်တယ်။ တယူနစ် ကန်ဒေါ်လာ၅ဆင့် ပဲပေးရမယ်၊ ပြည်သူလူထုနဲ့အစိုးရကို သွေးဆောင်ပြီး ဓါတ်အားစက်ရုံများကို ဈေးကြီးကြိးနဲ့ တည်ကြတယ်။ လာပ်ငွေတွေ အစိုးရကိုပေးတယ်။ တစ်ကျပ်ဆိုပြီးရောင်းတယ်၊ တကယ်ဝယ်ပြီးတော့ ၃ကျပ်လောက် ကျသင့်နေတယ်။ ပြည်သူကို မပြပဲ ဖွက်ထားပြီး၊  စက်ရုံတကယ်လည်ပတ်တော့၊ အစိုးရကို ဈေးကြီးကြီးနဲ့ လျှပ်စစ်ဝယ်ခိုင်းတယ်။ အရင်အစိုးရလူကြီးတွေ မသိနားမလည်လို့ဖြစ်စေ၊ သိရက်နဲ့မတတ်သာလို့ဖြစ်စေ၊ လာပ်စားလို့ဖြစ်စေ လက်မှတ်ထိုးပေးလိုက်ရတဲ့ IPP လျှပ်စစ်ပရိုဂျတ်တွေကြောင့် ဖိလစ်ပိုင်၊ သြစကြေးလျား နိုင်ငံသားတွေ လျှပ်စစ် တယူနစ် ၂၄၀ကျပ် 20cents per unit အလွန်ဈေးကြီးပေးနေရပါတယ်။ အင်ဒိုနီးရှားအစိုးရက ကြားဝင်ပံပိုးလို့ 11cents တ၀က်ဈေးဖြစ်သွားပါတယ်။  ဒီလို IPP အမြတ်ထုတ်ခံရတဲ့ အကြောင်းကို စင်ကာပူနေရှင်နယ်တက္ကသိုလ် NUS၊  Lee Kuan Yew School of Public Policy, National University of Singapore မှာ ပါမောက္ခနှစ်ယောက်ဖြစ်တဲ့ Xun Wu and Priyambudi Sulistiyanto တို့က မှတ်တမ်းတင်၊ စာတန်းပြုစုထားပါတယ်။
http://www.darryljarvis.com/uploads/2/2/6/9/22690064/ipp_debacle1.pdf

ကျောက်မီးသွေးသည် CO ကာဗွန်မိုနောက်ဆိုဒ်ကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းသည် ဆိုသော်လည်း အိမ်နီးချင်းနိုင်ငံကြီးတရုပ်နှင့်အိန္နိယတို့က အများဆုံးလျှပ်စစ်သည် ကျောက်မီးသွေးဓါတ်အားဖြစ်နေပါသည်။

တိုးကက်သောနိုင်ငံများတွင် ကျောက်မီးသွေးစက်ရုံဟောင်းများကို ဖျက်သိမ်းပြီး၊ Clean Coal Technology စက်ရုံအသစ်များ ပြန်လည်တည်ဆောက်နေကြပါသည်။ ကျောက်မီးသွေး ဆိုလျှင် အစိုးရက လူအများစိုးရိမ်မှုကို လွှတ်တော်တွင် ပွင့်လင်းစွာတင်ပြစေပြီး၊ သူတို့စိုးရိမ်မှုကို မဖြစ်အောင် အကာကွယ်ပေးရမည်ဖြစ်သည်။ အိန္နိယ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား နိုင်ငံများမှ လျှပ်စစ်ဓါတ်အားစီမံကိန်း တယူနစ်ကုန်ကျစရိတ်အလွန်ကြီးပြီး နိုင်ငံတော်

နိုင်ငံတော်အစိုးရ အရှုံးကြီးရှုံးရ၊ ကုမ္ပဏီများသာ အကျိုးမြတ် ယူသွားသည်များကို သင်္ခဏ်းစာယူရန်ဖြစ်ပါသည်။

 ဇော်အောင်(မုံရွာ)




Zhang Yue
ကာဘွန်ဆန့်ကျင်သည့် စွမ်းအင်လုပ်ငန်းရှင်

ဘ၀အစပြုခြင်း
၁၉၆၀မှာ Changsha ဒေသမှာ မွေးဖွားခဲ့သည်။ ကောလိပ်မှဝိဇ္ဖာဘွဲ့ရရှိပြီး နှစ်အနည်းငယ် ကျောင်းဆရာလုပ်ခဲ့သည်။ နောက်ပိုင်းတွင် ပုံဆွဲခြင်း၊ ကြော်ငြာခြင်း၊ အိမ်ဒီဇိုင်း စသည့်စီပွားရေးလုပ်ငန်းများလုပ်ကိုင်ရင်၊ မော်တော်ဆိုင်ကယ်နှင့် လေအေးစက်များ ရောင်းဝယ်လုပ်ငန်းကိုလည်း လုပ်ကိုင်ခဲ့သည်။

အပြောင်းအလဲကြီး
၁၉၈၈ခုနှစ်တွင် Broad ကုမ္ပဏီကို ကန်ဒေါ်လာ ၄၅၀၀ ဖြင့် စတင်ခဲ့သည်။ တရုပ်အသံထွက် ..ကြီးမားပြီးဈေးကြီးသည် ဟု..အဓိပ္ပါယ်ရသည်။ ရည်ရွယ်ချက်မှာ မန်ချုးရီးယားတွင် အင်ဂျင်နီယာဘွဲ့ရသော ညီဖြစ်သူက မူပိုင်ခွင့်တစ်ခုကို တီထွင်နိုင်ခဲ့သည်။ ထိုမူပိုင်ခွင့်မှာ ဖိအားမရှိသောဘွိုင်လာ pressure-free boiler ထုတ်လုပ်ပြီး၊ စက်ရုံများသို့ ရောင်းချရန်ဖြစ်သည်။


ကြီးပွားလာခြင်း
၁၉၉၂ တွင် လျှပ်စစ်မသုံးသည့် လေအေးစက်များ အမြောက်အများထုတ်လုပ်ရောင်းချရန် ကုမ္ပဏီ ဦးစားပေးခဲ့သည်။ ထိုအချိန်က တရုပ်ပြည်တွင် လျှပ်စစ်ဓါတ်အား မလုံလောက်မှုပြသနာကြီးကြောင့် ဖြစ်သည်။ Broad နည်းပညာမှာ အခြားလေအေးစက်များနှင့်မတူ၊ သဘာဝဓါတ်ငွေ (သို့မဟုတ်) အခြားလောင်စာဖြင့် အအေးပေးအရည် lithium bromide ကိုအပူပေးခြင်းဖြင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုနည်းပါးသည်။ အငွေများ အရည်ဖြစ်လာသောအခါ ပတ်ဝန်းကျင်ကို အေးစေသည်။ စွမ်းဆောင်မှု Efficiency မှာ လျှပ်စစ်သုံးခြင်းထက် ၂ဆခန့် ကောင်းသည်။ Broad ထုတ်လုပ်အားမှာ ၁၉၉၂တွင် ကန်ဒေါ်လာ ၀.၃ သန်းမှ ၁၉၉၆တွင် ကန်ဒေါ်လာ ၂၉၈သန်း အထိဖြစ်လာသည်။

၁၉၉၇တွင် နှေးကွေးသွားသည်။ သို့သော် ကုမ္ပဏီမှာ ၁၉၉၆ ကတည်းက အကြွေးမရှိပါ။ ရှယ်ရာပိုင်ရှင်များက အများပိုင်ကုမ္ပဏီအဖြစ်ပြောင်းလဲရန် တောင်းဆိုသော်လည်း Zhang က ငြင်းဆိုသည်။ ၂၀၁၂တွင် ဆောက်လုပ်ရေးလုပ်ငန်းသို့ ၀င်ရောက်လုပ်ကိုင်ပြီး၊ ကမ္ဘာအမြင့်ဆုံး မျှော်စင်ကို Changsha တွင် ၇လအတွင်း အပြီးဆောက်မည် ဟု သတင်းထွက်နေသည်။

သူ့အကြောင်း
Zhang သည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ၁၉၉၉-၂၀၀၁ အတွင်း စိတ်ဝင်စားခဲ့သည်။ လက်ရှိ ကာဘွန်ထုတ်လုပ်မှုများကြောင့် ကမ္ဘာကြီး ပျက်စီးမည့်အရေးကို သတိပေးခဲ့သည်။ သူကိုယ်တိုင်လည်း လက်တွေ့ကျင့်သုံးသည်။ ဥပမာ တရုပ်ပြည်၏ ပထမဆုံး ကိုယ်ပိုင်ဂျက်လေယဉ်ပျံ ပိုင်ဆိုင် ခရီးသွားခဲ့သူအဖြစ် ကြော်ကြားခဲ့သည်။ သို့သော် ပတ်ဝန်ကျင်ထိန်းသိမ်းရေးအတွက် ထိုလေယာဉ်၃စီးကို ရောင်းချပြီး လူစီးလေယာဉ်ဖြင့်ခရီးသွားခဲ့သည်။ သူ့ကုမ္ပဏီ ဌာနချုပ် Broad Town သည် Changsha တွင်တည်ဆောက်ထားသည်။ အဆောက်အဦမှာ ကုမ္ပဏီအမှုထမ်း ၁၀၀၀ကျော် အတွက် ကမ္ဘာ့ပထမဆုံး ငလျှင်ခံနိုင်ပြီး၊၊ စွမ်းအင်အကျိုးရှိစွာ အသုံးချနိုင်ဆုံးဖြစ်သည်။ ၁၈၉၃

Bourneville တွင် George Cadbury က သူ့အမှုထမ်းများအတွက် စံနမူနာအဖြစ် ရွာတည်ထောင်ခြင်းကဲ့သို့ ဒီဇိုင်းပြုလုပ်ထားသည်။ သူ့အလုပ်သမားများ ပျော်ရွှင်စွာနေထိုင်ဖို့ ဌာနချုပ်အဆောက်အဦများကို ပိရမစ်ပုံစံ၊ ရွိုင်ယယ်ပုံစံ၊

နန်းတော်ပုံစံများဖြင့် ဆောက်ပေးထားသည်။
ပိုင်ဆိုင်မှု - ကန်ဒေါ်လာ ၉၁၀သန်း၊ Rank 186 on Huran Rich List 2011.

No comments:

Post a Comment