Friday, July 21, 2017

တိုးတက်လာသော၂၀၁၇ မြန်မာအဂတိတိုက်ဖြတ်ရေး နှင့် စင်ကာပူ စံနှုန်း

တိုးတက်လာသော၂၀၁၇ မြန်မာအဂတိတိုက်ဖြတ်ရေး  နှင့် စင်ကာပူ စံနှုန်း


လာပ်စားမှုနဲ့ပတ်သက်ပြီး မြန်မာပြည်မှာ ဒေါသဖြစ်စရာတွေကို ရယ်စရာပဲ ပြောင်းပစ်လိုက်ရပါတယ်။ ဒီတော့ ရယ်စရာဖြစ်ရပ်တွေကတော့ အများကြီးပါ။ ၂၀၁၇ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် အစိုးရတက်လာချိန် ၁နှစ်ခွဲအတွင်းမှာ အဂတိလိုက်စားနေတုန်းပဲ ပြောကြပါတယ်။ တချို့လည်း ပိုဆိုးလာတယ် ပြောကြတယ်။ အတိုးတက်ဆုံးကတော့ အခြေခံပညာရေး မှာ ကျောင်းသားမိဘတွေ ဘာကြေးညာကြေး မကောက်တော့တဲ့ စနစ်သစ်ဖြစ်လာတာပါပဲ။  ဒေါ်အောင်ဆန်းစုကြည် အစိုးရခေါင်းဆောင် မဖြစ်မှီက အဂတိတိုက်ဖျက်ရေးကို များစွာပြောပေမဲ့၊ တကယ် အစိုးရအဖွဲ့ထဲ ၀င်သွားချိန်မှာ မပြောတော့ပါဘူး။ အာဏာရပါတီ NLD လွှတ်တော်အမတ်များနဲ့ အစိုးရထိပ်တန်းခေါင်းဆောင်များကိုပဲ လာပ်မစားတဲ့ဝန်ကြီး ဖြစ်အောင် ကြိုးစားပါတယ်။ ဒုဝန်ကြီးတစ်ယောက်ကို ထုတ်ပယ်ခြင်း နဲ့ တိုင်းဒေသ ၀န်ကြီးချုပ်တစ်ယောက်ကို နှုတ်ထွက်စေခြင်းပဲ တွေ့ရတော့ အခြေအနေကောင်းပါတယ်။ ပထမဆုံး အမိန့်ကြော်ငြာစားများမှာ ၀န်ကြီးတွေ ဆွေမျိုးများကို ကိုယ်ရေးအရာရှိမခန့်ရ၊ ကျပ်ငွေ၃သောင်းထက်ပိုပြီး လက်ဆောင်လက်မခံရ၊ လုပ်ငန်းကန်ထရိုက်များကို လက်မှတ်မထိုးရ စတဲ့ ငွေကြေးနဲ့ပတ်သက်တဲ့ တင်ဒါများကို ရှောင်ရှားစေခဲ့ပါတယ်။
.
.
အဂတိလိုက်စားမှုများ (လာပ်ပေးလာပ်ယူ)
.

မြန်မာတနိုင်ငံလုံး လာပ်ပေးလာပ်ယူမှု အမြစ်တွယ်နေတဲ့အတွက်၊ သမ္မတဦးသိန်းစိန် အစိုးရ ၅နှစ်တာ ကာလမှာ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်၊ ရင်းနှီးမြှတ်နှံသူများ နဲ့ဆိုင်တဲ့ လေဆိပ်၊ သင်္ဘောဆိပ်၊ ပါတ်စပို့ရုံး၊ နိုင်ငံခြားလိုင်စင်၊ပါမစအချို့တွေမှာ အဂတိနည်းအောင်ပဲ လုပ်နိုင်ပါတယ်။ သယံဇာတထုတ်ယူခြင်း  အရက်ဆေးလိပ်၊ ဘီယာ စက်ရုံများ၊ လောင်စာဆီ နဲ့ ကန့်သတ်သွင်းကုန်များမှာ လိုင်စင်ပါမစ်များစွာ အထပ်မြင့်အဆောက်ဦးပါမစ်များ ချပေးပါတယ်။ အခု အင်အယ်ဒီ အစိုးရသစ်မှာ အစိုးရ၀န်ကြီးများ အဂတိကင်းလာပေမဲ့  ညွန်မှုး၊ ညွန်ချုပ်၊ တိုင်းဦးစီးမှုး အရာရှိငယ်တွေ အဂတိပြသနာဖြစ်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ၀န်ခံပါတယ်။ ခေါင်မိုးလုံရင် အလတ်တန်း၊၊ အငယ်တန်း အစိုးရ၀န်ထမ်းတွေလဲ တဖြေးဖြေးကောင်းလာမယ် ဆိုတဲ့ မူဝါဒနဲ့ အဂတိအရေးယူမှုများ မတွေ့ရသလောက်ပါပဲ။
.
အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာနိုင်ငံထက် ၁၅နှစ်စောပြီး ပြုပြင်ပြောင်းလဲတဲ့အတွက် သူတို့ထံက များစွာအတုယူရပါတယ်။ အင်ဒိုနီးရှားမှာ အဓိက တရားရေးဌာနများ နဲ့ အစိုးရ၀န်ထမ်းဌာနများ ဒီနှစ်ခုမှာ ခက်ခဲစွာ ပြုပြင်ရပါတယ်။ မြန်မာနိုင်ငံလည်း ဒီဌာန နှစ်ခုကိုပဲ အင်အယ်ဒီအစိုးရက အဓိကထားပြီး  ပြုပြင်ပြောင်းလဲနေပါတယ်။


ကမ္ဘာ့  အဖွဲ့အဂတိအညွှန်း အဖွဲ့အစည်း (Corruption Index)
.

Transparency International TI ဆိုတဲ့ အဖွဲ့အစည်းက နှစ်စဉ် နိုင်ငံပေါင်း ၁၇၆ ခုကို လေ့လာပြီး အဆင့်သတ်မှတ်ပေးပါတယ်။ လွန်ခဲ့တဲ့ ၅နှစ်အတွင်းမှာ အဂတိတိုက်ဖြတ်ရေးကို အင်ဒိုနီးရှား၊ အိန္နိယ၊ လာအို နဲ့ မြန်မာနိုင်ငံများက များစွာလုပ်ဆောင်ခဲ့ကြောင်း အချက်လက်များက ဖေါ်ပြနေပါတယ်။ မြန်မာနိုင်ငံဟာ ၂၁မှတ်ကနေ ၂၆မှတ် အထိ ၁၁မှတ် တက်လာခြင်းကို တွေ့ရပါတယ်။ ကိုယ့်ပြည်တွင်ျးမှာ အဂတိတွေ များလွန်းတော့ ပိုဆိုးလာတယ်ပဲ ထင်နေပေမဲ့ နိုင်ငံအပြင်က လှမ်းကြည့်သူများကတော့ တော်တော် တိုးတက်လာတယ်ကြောင်း မှတ်တမ်းတင်ပါတယ်။
.
၅နှစ်အတွင်း အဂတိရမှတ်ပြောင်းလဲပုံ 2012 - 2016
စင်ကာပူ 87 - 84 (ဂုဏ်ထူးမှတ် top 10)
မလေးရှား 46 - 49 (၃မှတ်တက်)
တရုပ် 39 - 40 (မထူးခြား)
အိန္နိယ 36 - 40 (၄မှတ် များစွာတိုးတက်)
အင်ဒိုနီးရှား 32 - 37 (၅မှတ်တက်)
ဖိလစ်ပိုင် 34 - 35 (၁မှတ်တက်)
ထိုင်း 37 - 35 (၂မှတ်ကျဆင်း)
ဗီယက်နမ် 31 - 33 (၂မှတ်တက်)
လာအို 21 - 30 (၉မှတ်တက်)
မြန်မာ 15 - 28 (၁၁မှတ်တက်။ ၂၀၁၆ အကောင်းဆုံး)
ကမ္ဘောဒီးယား 22 - 21 (၁မှတ်ကျဆင်း)
ကိုးကား၊ https://en.wikipedia.org/wiki/Corruption_Perceptions_Index

၅နှစ်ဇယားကို ကိုးကား ၀က်ဆိုဒက်မှာ ကြည့်တော့ အရင်နှစ်တွေက နှစ်တိုင်း ၁မှတ်လောက်ပဲ တိုးတက်ရာက ၂၀၁၆ တစ်နှစ်ထဲနဲ့ ၆မှတ်တောင် တိုးတက်သွားတာ အံ့သြစရာပါ၊ စင်ကာပူက လာဘ်မစားမှုမှာ ကမ္ဘာ့အဆင့်၅ရပါတယ်။ အမှတ် ၁၀၀မှာ ၈၆မှတ်ရတယ်ဆိုတော့ လူ၁၀၀မှာ ၈၆ယောက် အဂတိကင်းရှင်းတယ်။ ကျန်တဲ့ ၁၄ယောက်က လစ်ရင်လစ်သလို လာဘ်စားမယ် ဆိုတဲ့သဘောပါပဲ။ မြန်မာနိုင်ငံ အဆင့် ၁၇၀ ကနေ ၁၃၅ ထိ တိုးတက်လာပါတယ်။ ၂၁မှတ်ပဲ ရတယ်ဆိုတော့ လူ၁၀၀မှာ ၂၁ယောက်ပဲ အဂတိကင်းရှင်းတဲ့သဘောပါ။ အဲဒီ ၂၁ယောက်ထဲမှာ ကျနော်လည်း ပါချင်ပါတယ်ဗျာ။ ဆိုလိုတာက မြန်မာပြည်မှာ ၂၁% လူထုက အဂတိကင်းရှင်းပါတယ်။ အထူးသဖြင့် လူငယ်၊ ကျောင်းသားတွေ ဖြစ်မှာပါ။ ထင်သလောက် မဆိုးပါဘူး။ အခု ၂၈မှတ် ရနေတာ တနှစ်ကို ၃မှတ်နှုန်း တိုးတက်ရင်၊ နောက်၁၀နှစ်ဆို အရှေ့တောင်အာရှမှာ အဂတိနည်းတဲ့ နိုင်ငံဖြစ်လာမှာပါ။ အဂတိကင်းတာနဲ့ နိုင်ငံလဲ တိုးတက်၊ ကုန်ဈေးနှုန်းတွေလဲ ကျဆင်း၊ အလုပ်အကိုင်တွေလဲ အလွန်ပေါလာပြီး၊ နိုင်ငံခြားအလုပ် သွားလုပ်နေစရာမလိုတော့ပါ။ ပြည်တွင်းမှာပဲ အလုပ်ကိုင်တွေ လစာကောင်းကောင်း ရပါမယ်။


စင်ကာပူနှင့်အိမ်နီးခြင်းနိုင်ငံများ
တိုးတက်စ နိုင်ငံတိုင်း နိုင်ငံရေးအမြင်မတူသူများကို မကြိုက်ရင် လာဘ်စားမှုကို ခုတုံးလုပ်ပြီး၊ အမှုစွဲချက်တင်၊ ရာထူးကဖြုတ်လေ့ရှိပါတယ်။ ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို စစ်တပ်က အာဏာသိမ်း၊ ဖြုတ်ချပြီး၊ လာဘ်စားမှုနဲ့ တရားစွဲခံရပါတယ်။ နောက်ပိုင်း သက်ဆင်ရဲ့ ညီမ ရင်လတ် ရွေးကောက်ပွဲအနိုင်ရ ၀န်ကြီးချုပ်ဖြစ်လာတော့လဲ နိုင်ငံရေးပါတီတွေ ညှိနှိုင်းမရတော့ စစ်တပ်အာဏာ အပြီးသိမ်းလိုက်ပါတယ်။  ဖိလစ်ပိုင်သမ္မတဟောင်းများစွာလဲ သမ္မတသက်တမ်းကုန်မှ၊ အရေးယူခံနေရပါတယ်။  မြန်မာနိုင်ငံ စစ်အာဏာရှင်စနစ် အုပ်ချုပ်ရေးခေတ်က လာဘ်စား၊ အလွဲသုံးစားမှုနဲ့၊ ဖြုတ်ခံလိုက်ရတဲ့ စစ်ခေါင်းဆောင်များစွာ ရှိပါတယ်။ စင်ကာပူမှာတော့ ဝန်ကြီးအဆင့် လာဘ်ကိစ္စ အပုပ်သတင်းလဲ မထွက်ပါ။ အရေးယူခံရတာ မရှိသလောက်ပါ။ စင်ကာပူဟာ အာရှမှာသာမက ကမ္ဘာမှာ အဂတိတိုက်ဖြတ်ရေး စံပြနိုင်ငံဖြစ်နေပါတယ်။ ဒီစံပြနိုင်ငံမှာ မြန်မာလူမျိုး ၃သိန်းလောက်နဲ့ မြန်မာပညာရှင်များစွာ အလုပ်လုပ်နေကြတာ အနာဂါတ်မြန်မာနိုင်ငံအတွက် အလွန်အားကိုးရမဲ့ လူသားအရင်းအမြစ်တွေ ဖြစ်ပါတယ်။


လာဘ်စားမှုတိုက်ဖျက်ရေး နဲ့ အရှေ့တောင်အာရှ ၄နိုင်ငံ (စာတန်း)

စာတမ်း၂ခုလေ့လာကြည့်ပါတယ်။ Corruption Control in Singapore by Loh Tech Hin,  ANTI-CORRUPTION AGENCIES IN FOUR ASIAN COUNTRIES: A COMPARATIVE ANALYSIS by Jon S.T. Quah (စင်ကာပူ၊ ဟောင်ကောင်၊ ထိုင်း၊ ကိုးရီးယား) ၄နိုင်ငံအကြောင်းဖြစ်ပါတယ်။ 


၎နိုင်ငံ၂၀၀၅ အချက်အလက်ဆိုပေမဲ့ လာဘ်စားမှုနှိုင်းယှဉ်ရေးအတွက် အသုံးကျနေဆဲပါ။ လေးနိုင်ငံ အကျင့်ပျက်ထိန်းချုပ်မှုအဖွဲ့များ ၂၀၀၄-၂၀၀၅ နှိုင်းယှဉ်ကြည့်ရင် အဖွဲ့ဝင်ဦးရေမှာ စင်ကာပူ ၈၂ဦး၊ ဟောင်ကောင် ၁၁၉၄ဦး၊ ထိုင်းနိုင်ငံ ၇၀၁ဦး၊ တောင်ကိုးရီးယာ်း ၂၀၅ဦးတို့နဲ့ ဖွဲ့စည်းထားပါတယ်။ နိုင်ငံလူဦးရေနဲ့ နှစ်စဉ်ဘတ်ဂျတ် သုံးစွဲမှုကို ယှဉ်ကြည့်ရင် ဟောင်ကောင် ကန်ဒေါ်လာ ၈၅သန်းနဲ့ ထိပ်ဆုံးရှိနေပါတယ်။ ဟောင်ကောင်ရဲ့ လာဘ်စားမှုထိန်းချု့ပ်ရေးဟာ အလွန်အောင်မြင်ပြီး တရုပ်ပြည်မကြီးအတွက် စံနမူနာပြတဲ့ အထူးဒေသဖြစ်ပါတယ်။ တရုပ်ပြည် နိုင်ငံခြားရင်းနှီးမြှတ်နှံမှုရဲ့ တဝက်ကျော်ဟာ ဟောင်ကောင်တဆင့် တရုပ်ပြည်မကြီးဆီကို ဝင်လာပါတယ်။ ဒါကြောင့် တရုပ်အစိုးရရဲ့ စီးပွားရေးပေါ်လစီဟာ၊  ဟောင်ကောင် ဖြစ်ပါတယ်။ ဟောင်ကောင်ကို အခြေပြုပြီး၊ ငွေကြေးအကုန်ခံပါတယ်။ 

တစ်ဦးချင်း တစ်နှစ်ငွေသုံးမှု per capital ကိုကြည့်ရင် စင်ကာပူ = CPIB US$ 1.71, ဟောင်ကောင် ICAC = US$ 12.32 , ထိုင်း NCCC = US$ 0.13, ကိုးရီးယား KACAC = US$ 0.37 ဖြစ်ပါတယ်။ ကိုးရီးယားနဲ့ထိုင်း အကျင့်ပျက်ထိန်းချုပ်မှုများ အထူးတိုးတက်လာပြီဖြစ်ပါတယ်။ လာဘ်စားမှုထိန်းချုပ်ရေးအတွက် ငွေလဲပိုသုံးနိုင်ပါပြီ။ အဖွဲ့တွေလဲ အာဏာထက်မြတ်နေပါပြီ။
.
မြန်မာနိုင်ငံအတွက် အဂတိတိုက်ဖျက်ရေး အဖွဲ့ဝင်ဘယ်နှစ်ယောက်လဲ၊ တနှစ်ကို ဘယ်လောက်သုံးမှာလဲ။ ပွင့်လင်းမှုရှိဖို့လိုပါတယ်။
 


အင်ဒိုနီးရှားနိုင်ငံ အဂတိတိုက်ဖြတ်ရေး

လက်ရှိမြန်မာခေါင်းဆောင်များ စိတ်ဝင်စားကြပါတယ်။ မြန်မာနိုင်ငံထက် ၁၀နှစ်ကျော် စောပြီ အာဏာရှင်စနစ်ကို ပြုပြင်ပြောင်းလဲမှုများ လုပ်နေပါတယ်။  လက်ရှိသမ္မတယိုဒိုရိုနို ၂၀၀၄-၂၀၁၄ ၂ကြိမ်သက်တမ်းအပြီး၊ ယခုလ ဇူလိုင် ၂၀၁၄မှာ သမ္မတရွေးကောက်ပွဲ မှာ အင်ဂျင်နီယာဘဝ၊ စီးပွားရေးသမားဘဝ၊ ဂျာကာတာအုပ်ချုပ်ရေးမှုးဘဝ ကနေတက်လာတဲ့ ဂျိုကိုဝီ၊ အနိုင်ရရှိပြီး ပထမဆုံး ပြည်သူလူထုထဲက လာတဲ့ သမ္မတ ဖြစ်လာပါတယ်။  ပြည်သူဘက်လာသူဖြစ်လို့ ပြည်သူလူထုအမြင်ကို လုပ်ဆောင်မယ်ရင်း အင်ဒိုနီးရှားနိုင်ငံရဲ့ အဂတိများစွာ ကျဆင်းသွားသလို၊ တစ်ဦးချင်းဝင်ငွေ၊ အလုပ်ကိုင်များလည်း ပေါများလာတာ မျက်ဝါးထင်ထင် တွေ့နေရပါတယ်။   လာဘ်စားမှုတိုက်ဖျက်ရေးကော်မရှင်  Indonesia - Corruption Eradication Commission (CEC)  က တော်တော် သြဇာအာဏာ ရှိပါတယ်။ ၀န်ကြီးအဆင့်တွေကို စွပ်စွဲ နှုတ်ထွက်စေတဲ့အထိ သီးခြားအာဏာ ပေးထားပါတယ်။



စင်ကာပူကိုပဲ Role Model စံနမူနာထားသင့်ပါတယ်။ 
တရုပ်နိုင်ငံကတော့ သေဒဏ်ချမှတ်၊ အုပ်ချုပ်ရေးမှုး အသစ်ပြောင်းတိုင်း အဂတိနဲ့သူဌေးကြီးတွေကို ဖမ်းဆီး၊ သေဒဏ်ချ၊ ပိုင်ဆိုင်မှုသိမ်း ပြင်းထန်ပါတယ်။ အောက်ခြေအဆင့်ထိ အဂတိတိုက်ဖျက်ရေး အဖွဲ့နဲ့၊ ထိမ်းသိမ်းစခန်းများစွာ နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ မြန်မာနိုင်ငံအတွက် တရုပ်နိုင်ငံလို လုပ်ဆောင်ဖို့ မလွယ်လှပါဘူး။ စင်ကာပူကိုပဲ စံနမူနာထား၊ ဥပဒေကတော့  ပြုစု၊ ပြဌာန်းပါပြီး တကယ်အရေးယူ ပြစ်ဒဏ်ချမှတ်ဖို့ပဲ လိုပါတယ်။
.

လာဘ်စားမှုတိုက်ဖြတ်ရေးအတွက် စင်ကာပူအစိုးရခေါင်းဆောင် လီကွမ်းယူကိုယ်တိုင် နှုတ်ကလဲပြောတယ်။ ဥပဒေကို အကောင်းဆုံးပြဌာန်းတယ်။ လက်တွေ့လဲ ဥပဒေအတိုင်း အရေးယူတယ်။ လာဘ်စားမှု အရေးယူတဲ့ အဖွဲ့ CPIB ဆိုတာ အလွန်ကြောက်စရာကောင်းပါတယ်။ အဖွဲ့ဝင်များဟာ သန့်ရှင်းသူများဖြစ်ပါတယ်။ လူလူချင်းတောင် ငွေချေးခွင့်မရှိပါဘူး။ ဘဏ်တွေ အကြွေးယူရင်လဲ လစာ၃ဆအထက် အကြွေးဝယ်ခွင့်မရှိပါဘူး။ CPIB ဝန်ထမ်းတွေဟာ သူတို့ပိုင်ဆိုင်မှုတွေကို ကြေငြာထားရပါတယ်။ မိမိတို့စုံစမ်းနေရသူများနဲ့ အပျော်အပါး၊ စားသောက်ပွဲ၊ကပွဲတွေ မသွားရပါဘူး။  တစ်နှစ်ကုန်ရင် အဲဒီဝန်ထမ်းတွေကို ဆုကြေးငွေ အမြောက်အများ ပေးပါတယ်။ ဒေါ်လာသိန်းနဲ့ချီပြီး ဆုကြေးရပါတယ်။ မြန်မာနိုင်ငံက မိုဘိုင်း တရားမဝင်ပစ္စည်းလိုက်ဖမ်းတဲ့ အဖွဲ့လိုမျိုးပေါ့။ အခုခေတ်ဆိုရင် အင်တာနက် စီးပွားလုပ်ငန်းတွေ၊ ငွေပေးငွေချေ၊ လုံခြုံရေးတွေကြောင့် CPIB ဝန်ထမ်းများ နောက်ဆုံးပေါ်နည်းပညာများနဲ့ လေ့ကျင့် တပ်ဆင်ထားရပါတယ်။ ပြည်သူလူထုထံမှာ လာဘ်စားမှုအတွက် တိုင်ကြားချက်များ၊ အကြံပေးချက်များကို စုံစမ်းပါတယ်။ သတင်းပေးသူကို လုံးဝလုံခြုံမှုပေးပါတယ်။ 

CPIB ဝန်ထမ်းများဟာ အစိုးရ၊ ဝန်ကြီးချုပ်၊ ဝန်ကြီး၊ လွှတ်တော်အမတ်များ၊ အစိုးရဌာနဆိုင်ရများကို မေးမြန်း၊စစ်ဆေးခွင့် ရှိပါတယ်။ ငြင်းလို့မရပါဘူး။ အာဏာပေးထားပါတယ်။ CPIB စုံစမ်းမှုလိုအပ်တယ်ဆိုရင် ဝန်ကြီးချုပ်က သဘောမတူရင် ရွေးကောက်တင်မြောက်ထားတဲ့ စင်ကာပူသမ္မတဆီကို တင်ပြခွင့်ပေးထားပါတယ်။ သမ္မတအမိန့်နဲ့ အစိုးရအဖွဲ့ အကြီးကဲ ဝန်ကြီးချုပ်ကိုလဲ လိုအပ်ရင် စုံစမ်းစစ်ဆေးနိုင်ပါတယ်။ စင်ကာပူမှာ လာဘ်စားမှုဆိုရင် အစိုးရဝန်ထမ်းဖြစ်ဖြစ်၊ ပုဂ္ဂလိက ဘယ်အဖွဲ့အစည်းမဆို စုံစမ်းစစ်ဆေးလို့ ခွင့်ရှိပါတယ်။ အတော်လေး လွတ်လပ်စွာ လှုပ်ရှားခွင့် ပေးထားခြင်း ခံရပါတယ်။ အခြားနိုင်ငံများမှာ တော့ ရဲတပ်ဖွဲ့၊ မြန်မာပြည်က စ.သုံးလုံးပုံစံမျိုး တာဝန်ခွဲယူကြပါတယ်။ CPIB ဆီရောက်လာတဲ့ လာဘ်စားမှု အားလုံးရဲ့ ၃ပုံ၂ပုံဟာ အရေးယူ၊ အပြစ်ပေးခံကြရတယ်။ 


လယ်ယာမြေပြုပြင်ပြောင်းလဲခြင်း Land Reform

နောက်အရေးကြီးချက်တခုက လယ်ယာမြေပြုပြင်ပြောင်းလဲရေးဖြစ်ပါတယ်။ အိမ်ခြံမြေတွေ ဈေးအရမ်းကြီးနေပါတယ်။ တောင်ကိုးရီးယား၊ တိုင်ဝမ်၊ ထိုင်းနိုင်ငံများလို့  တောင်သူလယ်သမားများ လယ်မြေပိုင်ဆိုင်ဖို့ ဘယ်လိုလုပ်ပေးမလဲ ဆိုတဲ့ ဥပဒေပြဌာန်း အကောင်ထည်ဖေါ်ဖို့ အလွန်အရေးကြီးပါတယ်။ 

အင်အားကြီးနိုင်ငံကတော့ အမေရိကန်အားဖြင့် ဂျပန်၊ တိုင်ဝမ်၊ တောင်ကိုးရီးယား၊ စင်ကာပူတို့ Land Reform အောင်မြင်ခဲ့ပြီး၊ ကမ္ဘာထိတ်တန်းနိုင်ငံဖြစ်လာတာပါ။ တရုပ်ပြည်ကြီးလဲ အမေရိကန်အကူညီနဲ့ အနှစ်၂၀အတွင်း တိုးတက်သွားတာ မျက်မြင်အခြေအနေဖြစ်ပါတယ်။ တကယ်လယ်ယာလုပ်ကိုင်သူပဲ လယ်မြေပိုင်ဆိုင်သင့်ပါတယ်။ လယ်သမား ဆင်းရဲမွဲတေမှုက လွတ်ပြီး၊ သားသမီးများ ပညာသင်နိုင်မယ်။ စက်မှုလယ်ယာဖြစ်လာပြီး၊ လယ်သမား သားသမီးများ စက်မှုလုပ်ငန်းများကို ကူးပြောင်းလာနိုင်မယ်ဖြစ်ပါတယ်။ အလားတူ  မြို့ပေါ်မှာလည်း အိမ်ခြံမြေ ပြုပြင်ပြောင်းလဲမှုတွေ အလုပ်သမားများ နေစရာဈေးနှုန်းသက်သာမယ်။ ပညာသင်နိုင်မယ်။ ဘဝတိုးတက်လာမယ်ဖြစ်ပါတယ်။ ဒါကြောင့် မြို့နယ်၊တောရွာများမှာ လယ်ယာမြေဈေးနှုန်းတွေ ဈေးကြီးနေတာကို ဖြေရှင်းနိုင်တဲ့နည်းလမ်းကတော့ လယ်ယာမြေပြုပြင်ပြောင်းလဲခြင်းပဲ ဖြစ်ပါတယ်။ လွှတ်တော်မှာ နည်းဥပဒေ အမြန်ပြဌာန်း၊ အကောင်ထည်ဖေါ်ဖို့ လုပ်နေပါတယ်။ 

.
ကိုးရီးယား အပစ်ခတ်ရပ်စဲရေးသင်ခန်းစာ
.

နောက်ထပ် ထူးခြားချက်ကြီးတစ်ခုကတော့ မြောက်ကိုးရီးယားရဲ့ ညူကလိယာဗုံးနဲ့ ခြိမ်းခြောက်မှု အောက်မှာ စိုးရိမ်ထိတ်လန့်စွာ နေထိုင်ရပါတယ်။ အံ့သြစရာကောင်းတာက ၁၉၅၄ တောင်မြောက် ကိုးရိးယားစစ်ပွဲပြီးတဲ့နောက်  သန်းပေါင်းများစွာ သေကြေပြီး၊ ကမ္ဘာ ဆင်းရဲအမွဲတေဆုံး နိုင်ငံဖြစ်သွားခဲ့ပါတယ်။ တောင်ကိုးရီးယားကတော့ ဒီမိုကရေစီစနစ်နဲ့ အခုဆို ကိုးရီးယား ဆမ်ဆောင်း။ ဒေ၀ူး၊ ဟွန်ဒိုင်း၊ အယ်ဂျီ စက်ပစ္စည်း ကွန်ပြူတာ။ မိုဘိုင်းဖုန်းများက ကမ္ဘာကို လွှမ်းနေပါပြီး၊ ကိုးရီးယား နှစ်နိုင်ငံ လေနဲ့ပဲ စစ်တိုက်ကြပါတယ်။ စစ်ရေးတွေပဲ ပြနေရင်း တောင်ကိုးရီးယားက ကမ္ဘာ ထိပ်တန်းရောက်၊ မြောက်ကိုးရီးယားက ကမ္ဘာ့ အဆင်းရဲမွဲတေဆုံး ငတ်ပြက်နေတာကို မြင်ရပါတယ်။ ဒါကို သင်ခန်းစာယူရရင် မြန်မာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်များ အပစ်ခတ်ရပ်စဲရေး အခိုင်အမာ လုပ်ပြီးရင် အစိုးရထိန်းချုပ်တဲ့ ပြည်မစီးပွားရေး တဟုန်ထိုးတိုးတက်မှာ သေချာပါတယ်။ တိုင်းရင်းသားများ လက်နက်စွန့် ငြိမ်းချမ်းရေး ဆိုတာထက် အပစ်ခတ်ရပ်စဲရင် ယခုလုပ်နေတဲ့ NCA လက်မှတ်ထိုး၊ အပစ်ခတ်ရပ်စဲနိုင်ရင် အဂတိတိုက်ဖက်ရေး အောင်မြင်တာနဲ့အမျှ  မြန်မာနိုင်ငံ စီးပွားရေး တဟုန်ထိုး တက်သွားမှာပါ။




မြန်မာနိုင်ငံ-လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင် ၂၀၁၇

မြန်မာလွှတ်တော်က ဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပြဌာန်အတည်ပြုပြီးပါပြီ။ သမ္မတကိုယ်တိုင် အကျင့်ပျက်ဝန်ထမ်းများ အထူးသဖြင့် လေဆိပ်၊ သင်္ဘောဆိပ်၊ အခွန်ဌာန၊ နဲ့ နာမည်ကြီးတဲ့ အစိုးရအရာရှိကြီးများကို တာဝန်ကအနားယူခြင်း၊ နယ်ပို့လိုက်ခြင်းများ လုပ်ဆောင်ခဲ့ပါတယ်။ 

၂၀၁၄ လွှတ်တော်က လာဘ်ပေးလာဘ်ယူမှုပပျောက်ရေး ကော်မရှင်ကို သမ္မတနဲ့လွှတ်တော်တို့ ညှိနှိုင်းဖွဲ့စည်းခဲ့ပါတယ်။ ဦးမြ၀င်း(စစ်မှုထမ်း)က ဥက္ကဋ္ဌအဖြစ် အားမရှိတဲ့ အဖွဲ့ပါ။ ၂၀၁၇ မှာ လုပ်ကြံခံလိုက်ရတဲ့ အင်အယ်ဒီပါတီ ဥပဒေအကြံပေး ဦးကိုနီ မှတ်ချက်အရ ၂၀၁၃ အဂတိတိုက်ဖြတ်ရေး ဥပဒေဟာ နိုင်ငံတကာအဆင့်မှာ အကောင်းဆုံးဥပဒေအဆင့် ဖြစ်ကြောင်း၊ လစာနဲ့မမျှအောင် မတရာချမ်းသာကြွယ်ဝနေရင် တိုင်သူမရှိ၊ သက်သေမရှိလဲ ဖမ်းဆီးတရားစွဲနိုင်။ ပိုင်ဆိုင်မှု သိမ်းနိုင်ကြောင်း ပြောပါတယ်။

တရားသူကြီးများအဂတိလိုက်စားမှုတွေကြောင့် လွှတ်တော် တရားဥပဒေစိုးမိုးရော ကော်မရှင်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဘာမှလုပ်မရလို့ ငြိမ်နေရပါတယ်။ လာဘ်ပေးလာဘ်ယူ ပပျောက်ရေးကော်မရှင် ဥက္ကဌ ဦးမြဝင်းက အကောင်ထည်ဖေါ်ရာမှာ အခက်အခဲ ကြီးကြီးမားမား မရှိနိုင်ကြောင်း ပြောတယ်လို့ Eleven Media မှာရေးထားပါတယ်။ 


တရားဥပဒေစိုးမိုးရေး အားကောင်းလာခြင်းများကတော့...(၂၀၁၇)

၁။ တရားရုံးနှင့်တရားသူကြီးများ (ခေါင်မိုးလုံရေး)
(က) မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး အမြင့်ဆုံးအာဏာပိုင် အဖွဲ့အစည်းဖြစ်တဲ့၊ တရားသူကြီးချုပ်အဖွဲ့ကို လွှတ်တော်မှာ တရားဥပဒေအလွန်ဆိုးနေကြောင်း၊ တည့်မတ်ဖို့ အောင်မြင်စွာအဆိုတင်၊ ဆွေးနွေးပြီး၊ အတည်ပြုနိုင်ခဲ့ပါတယ်။ လွှတ်တော်ကစွတ်စွဲမှုကို သဘောမတူတဲ့ တရားသူကြီးချုပ်ကို သတိပေးခဲ့ပြီး အရေးယူဖို့လုပ်စဉ်၊ တရားသူကြီးချုပ်က လွှတ်တော်မှာ ပြန်လည်တောင်းပန်ခဲ့ပါတယ်။ 
(ခ)
မြန်မာနိုင်ငံ တရားစီရင်ရေးကဏ္ဍ၏ ပထမဆုံးသော တရားရုံးနှစ်စဉ်အစီရင်ခံစာ ၂၀၁၆ အတွက် တရားရုံး နှစ် စဉ်အစီရင်ခံစာကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ၂၀၁၇ ဇွန်လ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့ပါတယ်။ တရားရေးဝန်ထမ်း ၁၁၆ဦးကို ၂၀၁၆ တစ်နှစ်အတွင်း အရေးယူခံရပြီး၊ တရားသူကြီး ၅၄ဦးလည်း ပါဝင်တယ်လို့ ထုတ်ပြန်ပါတယ်။ (အလုပ်ထုတ်ခံရသူ တစ်ဦးသာရှိပါတယ်)။
(ဂ) အသက်၇၀ အထိ လဲလှည်ခွင့်မရှိတဲ့ တရားသူကြီးအဖွဲ့ဝင်များမှာ နောက်ထပ် တရားသူကြီးအသစ် ၄ဦးကို လွှတ်တော်အတည်ပြုပြီး၊ နိုင်ငံတော်သမတက  ခန့်အပ်နိုင်ခဲ့ပါတယ်။ တရားဥပဒေစိုးမိုးရေး ဆက်လက်ပူးပေါင်း လုပ်ကိုင်ဖို့ဖြစ်ပါတယ်။
(ဃ)
တရားစီရင်ရေးအာဏာ အမှုသည်များအပေါ် မောက်မာစွာ ဆက်ဆံနေဆဲဖြစ်ပြီး တရားခွင်အတွင်း ဂျာနယ်ဖတ်ခြင်း၊ သတင်းစာဖတ်ခြင်း၊ အပြင်ထွက်ဖုန်းပြောခြင်းများနှင့် မိမိအနိုင်ပေးလိုသော အမှုသည်၏သက်သေကိုသာ အသာပေးသုံးသပ်၍ တစ်ဖက်သတ်အမိန့် ချမှတ်ခြင်းများ တွေ့ရှိရကြောင်း ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ ၂၀၁၇ ဇူလိုင်လမှာ အစီရင်ခံစာတင်သွင်း အတည်ပြုခဲ့ပါတယ်။
.
မူးယစ်ဆေးဝါးဖမ်းဆီးမှုများ က အကြီးမားဆုံး အောင်မြင်မှုတခု ဖြစ်ပါတယ်။ ၂၀၁၅ သမတဦးသိန်းစိန် နောက်ဆုံးနှစ်က စပြီး၊ မူးရစ်ဆေးဝါးများကို အကြီးအကျယ် ပိုင်ရှင်မဲ့ ဖမ်းဆီးမှုများစွာ အောင်မြင်စွာလုပ်ဆောင်ခြင်းနဲ့ ၀ိသမမူးရစ်ကုန်သည်များကို ပြင်းထန်စွာသတိပေးပါတယ်။ အင်အယ်ဒီအစိုးရလက်ထက်မှာ အရှိန်မြှင့် ဖမ်းဆီးပြီး ပြည်သူ့ရဲတပ်ဖွဲ့ စွမ်းရည်မြှင့်တင်ပါတယ်။  နောက်ပိုင်းမှာ မူရစ်ရောင်းဝယ်သူများကို ဆက်တိုက်ဖမ်းဆီးနိုင်ခြင်းကြောင့် အကျဉ်းထောင်များမှာ ၅၀% အထက်က မူးရစ်ဆေးအမှုဖြစ်နေပါတယ်။ အကျဉ်းစခန်းများ လူမဆန့်အောင်အထိ ဖြစ်နေပါတယ်။ နှစ်စဉ် သတင်းမီဒီယာများရှေ့မှာ ဒေါ်လာသန်းရာနဲ့ချီပြီး ဖျက်ဆီးပြနေပါတယ်။
.

၃။ ၂၀၀၆ ခုနှစ် ထင်ရှားသော အရေးယူဖမ်းဆီးမှုများ
(က) လူ့အခွင့်အရေး ကော်မရှင်ကို အင်းဝအပ်ချုပ်ဆိုင်အမှုကို လစ်လျူပြုခြင်းအတွက် လွှတ်တော်အထိ အဆိုတင်သွင်း၊ အမှုမှန်ဖွင့်နိုင်ခဲ့ပါတယ်။
(ခ) အင်အယ်ဒီပါတီရဲ့ ဥပဒေအကြံပေး  ဦးကိုနီကို လုပ်ကြံမှုမှာ စစ်ဗိုလ်ဟောင်းများ ပါဝင်မှုကို ဖော်ထုတ်နိုင်ခြင်းကလည်း အတိုင်းတာတစ်ခုအထိ အောင်မြင်ပါတယ်။
(ဂ)
 အဂတိတိုက်ဖျက်ရေး ကော်မရှင်မှ အရာရှိကြီးများကို ပထမဆုံးဖမ်းဆီး အရေးယူခြင်း၊  ပြည်တည်းရေးဝန်ကြီးဌာန တပ်မတော်အရာရှိဟောင်းကြီးများ အဆင့်မြင့်အရာရှိ၃ဦးအပါဝင်၊ ကရင်ပြည်နယ်အုပ်ချုပ်ရေးမှု ဦးပြုံးချိုနဲ့ စုစုပေါင်း (၆)ဦးကို ရန်ကုန်အိမ်ခြံမြေအရောင်းဝယ် ကိစ္စနှင့်ပတ်သတ်ပြီး လာပ်ယူမှုနဲ့ ဖမ်းဆီးလိုက်ကြောင်း ကြေငြာပါတယ်။

၅။ ၀န်ထမ်းများ အဂတိတိုက်ဖျက်ရေး စီမံချက်များ
(က) အဂတိလိုက်စားမှု (လာဘ်ပေးလာဘ်ယူမှု) ကျဆင်းရန်အတွက် အစိုးရရုံးများနှင့် ပြည်သူလူထု ဆက်ဆံရေးပြေပြစ်ရန် အစိုးရုံးများက အကြောင်းပြချက်မခိုင်လုံဘဲ ရုံးချိန်းခဏခဏ မပြောင်းရန်အတွက် ထိန်းသိမ်းကြပ်မတ်ပေးရန် လိုအပ်သော အရေးယူမှု၊ အမိန့်၊ ဥပဒေများ ချမှတ်ပေးပါရန် အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ၂၀၁၇ မေ ၃၀ ရကမှာ ပြည်သူ့လွှတ်တော်က မှတ်တမ်းတင်ပါတယ်။
(ခ) ၂၀၁၆ ဇူလိုင်လမှာ ပြည်ထောင်စုလွှတ်တော်က အဂတိတိုက်ဖြတ်ရေးဥပဒေကို  အသက်၇၅နှစ်အထိ အသက်တိုးမြှင့်သတ်မှတ်တဲ့ ဥပဒေသစ်ကို လွှတ်တော်က အတည်ပြုပြီး၊  လူသစ် အတွေ့ကြုံကြီးသူများနဲ့ အားမနာတမ်း အရေးယူတော့မယ့်ပုံစံ ပြနေပါပြီ။
(ဂ)
 ဇူလိုင် ၁၀ ရက်ကကျင်းပခဲ့သည့် မြန်မာနိုင်ငံ၊ နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက်အား ထုတ်ပြန်ကြေညာရာမှာ ဒေါ်အောင်ဆန်းစုကြည်က ၀န်ထမ်းများအတွက် အိုးအိမ်၊ အခွင့်ရေးများ လုပ်ဆောင်နေပြီး၊ အဂတိလိုက်စားမှုသည် အယုံအကြည်ရှိမှု၊ ကောင်းမွန်သည့်အုပ်ချုပ်မှုနှင့် ပြည်သူ့ဝန်ထမ်း ယန္တရားကြီးတစ်ခုလုံး၏ ဂုဏ်ရှိမှုအားတိုက်စားဖျက်ဆီးကြောင်း၊ အဆင့်မြင့်ရာထူးရာခံရှိသူများ၏ ပိုင်ဆိုင်မှုများအား ထုတ်ဖော်ကြေညာရန်၊ နည်းပညာအသစ်များနှင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များအား ပံ့ပိုးဆောင်ရွက်ခြင်းသည် အဂတိလိုက်စားနိုင်မှု အခွင့်အလမ်းအား နည်းပါးစေသည့် အစီအစဉ်များ ထည့်သွင်းထားကြောင်း ပြက်သားစွာ ပြောကြားခဲ့ပြီးဖြစ်ပါတယ်။
(ဃ) စင်ကာပူမှာ CBIP ဆိုတဲ့ အဂတိတိုက်ဖျက်ရေး ရဲအဖွဲ့က အလွန်တန်ခိုးကြီးသလို၊ မြန်မာနိုင်ငံမှာလဲ စသုံးလုံး ဆိုတဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန က တန်ခိုးကြီးပါတယ်။ အဲဒီ စ သုံးလုံး အဖွဲ့ကို အကြီးအကဲ အသစ်  ညွှန်ကြားရေးမှူးချုပ်အဖြစ် ဦးမောင်မောင်ကျော်ကို အတည်ပြုခန့်အပ်လိုက်ပါတယ်။  ဦးမောင်မောင်ကျော်ဆိုတာ တစ်ချိန်က စစ်အစိုးရလက်ထက် ပါဆယ်စာအုပ်နဲ့ ဗုံးခွဲလုပ်ကြံခံလိုက်ရတဲ့ ဒေါ်ချိုလဲ့ဦး ရဲ့ အမျိုးသားဖြစ်ပါတယ်။ ယခင်က ထက်မြက်တဲ့ လုပ်ရည်ကိုင်ရည်ရှိသူများကို ပြန်လည်ခန့်ထားခြင်းနဲ့ အဂတိ တိုက်ဖျက်မယ်လို့ ယုံကြည်မိပါတယ်။
.
အထက်ပါ အရေးယူမှု၊ ဥပဒေပြုမှု၊ ရာထူးခန့်မှုများဟာ မြန်မာ့တပ်မတော် (လက်ရှိ) ခေါင်းဆောင်များသဘောတူညီမှုကြောင့် ဖြစ်ပါတယ်။ တနည်းအားဖြင့် ရင်ကြားစေစပ်နိုင်တဲ့အတွက် အကျင့်ပျက်ဝန်ထမ်း နဲ့ အကျင့်ပျက်တပ်မတော်အရာရှိဟောင်းအချို့ကို ဖမ်းဆီး အရေးယူနိုင်ခြင်းဖြစ်ပါတယ်။ တပ်မတော် ဆက်လက် ပူးပေါင်းကူညီခြင်းနဲ့ အောင်မြင တိုးတက်လာမယ် ဖြစ်ပါတယ်။


.
နိဂုံး
 


ဘာပဲဖြစ်ပစေ ပြည်သူလူထုကတော့ အဂတိတွေ၊ တရားဥပဒေမစိုးမိုးမှုတွေ ဒီမိုကရေစီခေတ် ၂၀၁၁ နောက်ပိုင်းမှာ ပိုပြီးများပြားနေတယ် လို့ပဲ သတ်မှတ်ထားပါတယ်။ အမှုမဖြစ်အောင်ပဲ ပိုက်ဆံအကုန်ခံ အမြန်ပိတ်ဆို့တဲ့ နည်းလမ်းပဲ လက်ရှိကာလမှာ အကောင်းဆုံးလို့ ခံယူဆဲပါ။ ဥပမာ ယာဉ်တိုက်မှုဖြစ်တာနဲ့ ကားဒရိုက်ဘာထွက်ပြေး၊ ကားပိုင်ရှင်နဲ့ ယာဉ်ထိန်းရဲ၊ မှုခင်းရဲတွေနဲ့ ငွေကုန်၊အချိန်ကုန်၊ ရှည်လျားတဲ့တရားရုံးအမှု ဖြစ်ရတယ်။ စီးပွားလုပ်ငန်းတစ်ခု လုပ်နေရင် ဌာနဆိုင်ရာတွေနဲ့ လိုင်စင်ပါမစ် အခွန်၊ စည်ပင်၊ လျှပ်စစ် စတဲ့ဌာနဆိုင်ရာတွေနဲ့ ရှုပ်ရှက်ခတ် တောင်းနေဆဲ၊ ပေးကမ်းနေရဆဲဖြစ်ပါတယ်။ ရာဇ၀တ်မှု ခိုးဆိုး၊လုယက်၊ သောက်စား၊ မူးရစ် များပြားလွန်းလာတဲ့အတွက် ရပ်ရွာအိမ်နီးချင်းတွေနဲ့ အဆင်ပြေအောင်၊ ညီညွတ်စွာ နေထိုင်ရတဲ့ ကာလဖြစ်ပါတယ်။ မတရားမှုတွေ ကြီးစိုးနေဆဲ ကာလ ဖြစ်ပါတယ်။
.
အဂတိမရပ်တံ့နိုင်တဲ့ နိုင်ငံဘဏ္ဍာကို အကြီးကျယ်အလွဲသုံးသူ အစိုးရ၀န်ထမ်းကြီးများ(ငါးအကြီးအချို့) ကို အလားတူ အဂတိလိုက်စားမှုဥပဒေဖြင့် ဖမ်းဆီး၊ တရားရုံးတင်နိုင်ရန် မျှော်လင့်မိပါတယ်။
 

အဲဒီလိုဖြစ်လာခဲ့ရင် မြန်မာနိုင်ငံနိုင်ငံ ပြုပြင်ပြောင်းလဲရေးအစိုးရ၏ အဂတိလိုက်စားမှု တိုက်ဖြတ်ရေးလုပ်ငန်း သမိုင်းဝင်ဖြစ်သွားပါမယ်။ အရာရှိကြီးများ အလွန်အကျွံ လာဘ်စား၊ အလွဲသုံးစားနေခြင်းများ ထိန်းချုပ်လာနိုင်ပြီး၊ တိုင်းပြည်လမ်းကြောင်းမှန်သို့ ရောက်လာမယ်၊ နိုင်ငံခြားရင်းနှီးမြှတ်နှံမှုများစွာ ကုန်ထုတ်လုပ်ငန်းများစွာ ၀င်ရောက်လာမယ် ဖြစ်ပါတယ်။

မြန်မာတစ်နိုင်ငံလုံးတွင် လာဘ်ပေးခြင်း နှစ်တိုအတွင်း ပပျောက်ဖို့ လမ်းမြင်နေရပါပြီ။ ဒါပေမဲ့ အများဖြစ်စေချင်သလို ငွေကြေးအမြောက်အများ မတရားရရှိထားတဲ့ သူဌေးကြီးများကိုတော့ ဖမ်းဆီးအရေးယူဖို့ ဖြစ်နိုင်မှာမဟုတ်သေးပါ။ ထိုလူများ နောက်နောင် (လုံးဝ) အဂတိမလုပ်ကြဖို့ပဲ မျှော်လင့်မိကြောင်းပါခင်ဗျား။

ဇော်အောင် (မုံရွာ)
၈-ဇူလိုင်-၂၀၁၇

Edmund Burke: “All it takes for evil to triumph is for good men to do nothing.”
.
ကိုးကား။ မိုးမခ၂၀၁၄ဆောင်းပါး
http://moemaka.com/archives/38584

No comments:

Post a Comment