Monday, December 25, 2017

သင်္ဘောဆောက် လုပ်ငန်းအနည်းငယ် လုပ်ဖူးလို့ ရေးပါရစေ...



နီယာကျောင်းဆင်းတွေကို လက်ဆင့်ကမ်းနေပါတယ်။ MEC ဥက္ကဋ္ဌ ဆရာကြီးဦချာလီသန်းက စစ်အင်ဂျင်နီယာကျောင်းမှာ Naval Architecture ပညာကို မျိုးစေ့ချပေးခဲ့တယ်။ ဖရီဂိတ်ဒီဇိုင်းလုပ်စဉ် စစ်အင်ဂျင်နီယာကျောင်းဆင်း ရုရှားမှာ ပညာသင်ခဲ့တဲ့ ရေတပ်အင်ဂျင်နီယာတွေပါဝင်ဒီဇိုင်းဆွဲခဲ့တယ်။ ဒီဇီုင်းပိုင်းနဲ့လက်ရာလက်သား အနည်းငယ်အားနည်းချက်ရှိပေမဲ့ failure မရှိသေးပါ။ ကုန်ကျစရိတ်က အများအားဖြင့် ပြည်ပကဝယ်မဲ့ဈေးထက် ၃ ပုံ ၁ပုံ ခန့် သာ ကုန်ကျပါတယ်။ မီဒီယာမှာ သတင်းမှားတွေပြန့်မှာစိုးလို့ ဝင်ရေးခြင်းပါ။


Moe Zaw
10 hrs
မထော်မနန်းသိပ်ပြောတဲ့စစ်ဗိုလ်တွေ
“အရှေ့တောင်အာရှနိုင်ငံတွေထဲ၊ ဖရီးဂိတ်တွေကိုယ်ပိုင်ဆောက်နိုင်လို့ ဗမာပြည်ရေတပ်ဟာထိပ်တန်းရောက်နေ” ဆိုဘဲ။
ကိုယ်တွေလည်းကိုယ့်တိုင်းပြည်နဲ့ပါတ်သက်ပြီး ဂုဏ်ယူချင်လွန်းပေမယ့် မဟုတ်တမ်းတယားတွေပြောနေတာမျိုးကိုတော့ လုံးဝ လက်ခံပေးလို့မရပါဘူး။
သင်္ဘောတစ်စီးနဲ့ပါတ်သက်ပြီးအရင်ဆုံးပြောရမှာကတော့ ဒီဇိုင်းပေါ့။
ဒီဇိုင်းကိုဘယ်သူ့ဆီကဝယ်သလဲကနေစရမှာပါ။ ဒီဇိုင်းဝယ်ဖို့အတွက်ဆို ဒီဇိုင်းနဲ့ပါတ်သက်ပြီးဘယ်သူတွေက အကဲဖြတ်ကြ၊ လေ့လာကြ၊ သုံးသပ်ကြ၊ ဆုံးဖြတ်ကြမလဲဆိုတဲ့မေးခွန်းနဲ့တင် လူ့စွမ်းအားအရင်းအမြစ်အရာမှာတိုင်ခြေကပ်နေတဲ့ဗမာပြည်ဟာ အတော်ကလေးကိုဘဲ အကြပ်ရိုက်မယ့်ကိစ္စပါ။ ရုရှဆီကနေ တိုင်းပြည်တိုးတက်ရာတိုးတက်ကြောင်းလုပ်သူတွေအပေါ် ကဖျက်ယဖျက်လုပ်တဲ့အယုတ်တမာ ပဉ္စမံအလုပ်တွေကလွဲလို့ ဗမာစစ်ဗိုလ်တွေအခြားထူးခြားပြီးဘာမှတတ်ကြတာမဟုတ်ပါဘူး။ အခြားဘယ်သူ့ဆီကမှလည်း အပတ်တကုတ် လေ့လာသင်ယူထားတယ်မကြားမိလို့ ဖရီးဂိတ်စစ်သင်္ဘောတွေနဲ့ပါတ်သက်ပြီး နိုင်ငံတကာကိုဝင်ဆံ့တဲ့ ပညာရှင်ဗမာပြည်မှာ ဘယ်နှစ်ယောက်များရှိလေမလဲလို့ တကယ့်ကိုသိချင်မိပါတယ်။ ပြည်တွင်းမှာထင်တိုင်းကြဲတာကိုတော့ စကားထဲတောင်ထည့်မပြောပါဘူး။ ဒီတော့ ဖရီးဂိတ်နဲ့ပါတ်သက်လို့ ဒီဇိုင်းကိစ္စမှာတင် ဂွမ်းပါပြီ။

ပစ္စည်းဝယ်တာကိုဆက်ပြောပါ့မယ်။
ဒေါ်အောင်ဆန်းစုကြည်တို့အစိုးရ ရွေးကောက်ပွဲနိုင်ပြီးနောက်မှာမှ ပိတ်ဆို့မှုတွေလျော့ပါးလာတာပါ။ ဒေသတွင်းဖွတ်ကြားတွေဆီကရတဲ့ နည်းပညာ၊ ရေတပ်မှာအထင်ကြီးစရာမရှိလှတဲ့ တရုတ်၊ ရုရှ တို့ဆီကနည်းပညာတွေဆိုရင်တော့ ဘာမှဆက်မပြောတာကောင်းပါတယ်။ ဖရီးဂိတ်တွေကိုဘယ်လိုဒီဇိုင်းထုတ်ပြီး ဘယ်လိုပစ္စည်းတွေနဲ့ဆောက်ဖို့ကြံသလဲဆိုတာ ရင်မောစရာကြီးပါ။ ဘဝမှာ ၂၀၁၂ တုန်းက ရေတပ်ဗိုလ်မှူးတစ်ယောက်က စစ်သင်္ဘောကို Stainless Steel နဲ့ဆောက်ဖို့ခေါင်းမာမာနဲ့ပြောတာကိုယ်တွေ့ကြုံခဲ့ဖူးပါတယ်။ အဲသလို အရာရှိမျိုးတွေလူတွင်ကျယ်နေခဲ့ရင် ဖရီးဂိတ်စစ်စစ်အတွက်တကယ်လိုအပ်တဲ့ ပစ္စည်းတွေသိရှိ နားလည် လေ့လာ ဝယ်ယူနိုင်ဖို့ လုံးဝ မဖြစ်နိုင်ပါဘူး။ ဒါဖြင့် ပစ္စည်းဝယ်တာလည်း ဂွမ်းပြီပေါ့။
ဆောက်တဲ့ကိစ္စ။

သင်္ဘောတစ်စီးဆောက်တယ်ဆိုတာ Hull & Structure လို့ခေါ်တဲ့ သံခွံရယ်၊ Piping လို့ခေါ်တဲ့ ပြွန်တွေပိုက်တွေရယ်ကိုသာ အဓိက ဆောက်ကြပြီး ကျန်တာတွေမှာယူ့တပ်ဆင်ကြတာပါ။ ကမ္ဘာကျော် ဟွန်းဒေ၊ ဆမ်ဆောင်း၊ ဒေဝူး အစရှိတဲ့ကျင်းတွေကတော့ သူတို့ပစ္စည်း သူတို့ထုတ်ကြတာပေါ့။ စင်္ဂပူသင်္ဘောကျင်းတွေတောင် စက်ပစ္စည်းတွေ၊ အီလက်ထရောနစ်ပစ္စည်းတွေကို မှာပြီးတပ်ဆင်ကြရပါတယ်။ ကောင်းပြီ၊ Hull, Structure, Piping, Outfit တွေကိုကောင်းကောင်းဆောင်ရွက်နိုင်တဲ့သင်္ဘောကျင်း ဗမာပြည်မှာဘယ်နှစ်ခုရှိပါသလဲ ??? ဟုတ်ကဲ့၊ တစ်ခုမှမရှိပါ။ အတော့ကိုစိတ်မကောင်းစရာပါ။ အဆင့်မှီတဲ့ Welder တွေ၊ Fitter တွေမှ ကောင်းကောင်းမရှိပါဘဲ ဒီသင်္ဘောတွေ ဘယ်လိုလုပ်ပြီး စိတ်ချရပါ့မလဲ။ သင်္ဘောဆောက်တဲ့သံပြားတွေဆိုတာ ပီကေနဲ့ကပ်လို့ရတာမှမဟုတ်တာ။ DT တွေ၊ NDT တွေကိုလည်း အမိန့်အာဏာနဲ့ဘဲ ကျော်လွှားပုံရပါတယ်။ ဆေးသုတ်ပြီးလှတပတပြင်၊ အဆုံးသတ်မှာလိမ်တဲ့ပုံပါဘဲ။

တစ်နေ့ကို ၈ နာရီ သုံးဆိုင်းနဲ့၊ တစ်နေ့ ၂၄ နာရီဆောက်တောင်၊ အရည်အသွေးတကယ်ပြည့်မှီတဲ့ သင်္ဘောကိုယ်ထည်တစ်ခုရဖို့ (အခုလို ဖရီးဂိတ်ဆိုရင်) အချိန် ၈လ နဲ့ ၁၄ လကြားကြာမှာ ဧကန်မုချပါဘဲ။ ကျန်တဲ့အဆာပလာတွေတပ်ဆင်ဖို့၊ အချောသတ်ဖို့၊ စက်စမ်းဖို့အတွက် လူအင်အား ရာထောင်ချီပြီးအလုပ်လုပ်ကြရပါတယ်။ နွားမရွှံ့ပိတ်လုပ်ပြီး တပ်ချုပ်၊ ရေချုပ်၊ အကောင်ကြီးကြီးတွေကနေ ဘတ်ဂျက်ချပေး၊ အဆင့်ဆင့်ခိုး၊ ဆေးသုတ်ပြီးလိမ်၊ ပြုံးဖြီးဖြီးနဲ့နွားပြာအောက်သွားမရှိလုပ်ပြီး ခပ်တည်တည်ဖွင့်ပွဲလုပ်၊ တကယ်တန်းရေပြင်ရောက်တော့ လိုအပ်တဲ့စွမ်းအားကမပြည့်၊ ငါးခိုးဖမ်းတဲ့ဝါးလပ်ကိုတောင်မမှီတာမျိုး၊ ရေထဲတောင်ရဲရဲဝံ့ဝံ့မမောင်းနိုင်လို့ ကမ်းကပ်ထားရတာမျိုးဆိုရင် တိုင်းပြည်လည်းနစ်နာ တပ်လည်းနစ်နာလှပါတယ်။ မခံချင်စိတ်နဲ့အပေါ်ကအမိန့်ပေးလို့သင်္ဘောထွက်၊ ရေထဲရောက်တော့မှ အကျိုးနည်းပြီး သင်္ဘောနစ်ရင် စီးလာတဲ့အရာရှိအရာခံအကြပ်စစ်သည်များရဲ့ တန်ဖိုးရှိလှတဲ့အသက်တွေနှမြောစရာကောင်းလှပါတယ်။
အခုဖော်ပြခဲ့တာတွေဟာ သင်္ဘောတစ်စီးရုပ်လုံးပေါ်လာရုံကိုသာပြောနေခြင်းဖြစ်ပါတယ်။ SOLAS, MARPOL, LOADLINE, TONNAGE နဲ့ အခြား HITECH WEAPONERIES တွေအကြောင်းမပြောသေးပါဘူး။ စစ်ခေါင်းဆောင်တွေအနေနဲ့ မတတ်ရင်လည်း လေ့လာသင့်ပြီး တိုင်းပြည်ကိုလိမ်တာတွေ၊ အောက်လက်ငယ်သားကိုလိမ်တာတွေရပ်သင့်ကြပါပြီ။ ဒါမျိုးတွေရေးလို့ အောက်ကလိလာမအာကြေးပေါ့။ သတ္တိရှိရင် စိန်ခေါ်လိုက်ပါလေ။ မင်းတို့သင်္ဘောတွေရဲ့ INTERMEDIATE SURVEY ကိုလုပ်အားအလကားပေးပြီး လာစစ်ပေးလိုက်မယ်။ SURVEY ကျသွားရင်တော့ သင်္ဘောတွေကြက်တန်းမှာချရောင်းပေါ့ … ။ ။
ချဲလင်းခေါ်တဲ့
လင်းမြတ်








သင်္ဘောဆောက် လုပ်ငန်းအနည်းငယ် လုပ်ဖူးလို့ ရေးပါရစေ...။ 
Moe Zaw ရဲ့ ပို့စ်မှာ မြန်မာတွေ (စစ်တပ်အပါအ၀င်) သင်္ဘောနည်းပညာမှာ အဆင့်မရှိသေးကြောင်း ရေးထားတာကို Zaw Win က အဆင့်ရှိကြောင်း ပြန်လည်တင်ပြထားပါတယ်။ ဗဟုသုတ အတွေ့အကြုံ ရှယ်ကြတာ.. ကျေးဇူးတင်ပါတယ်။ အခုခေတ်ကြီးက ထီးထီးနေလို့ရတဲ့ ခေတ်မဟုတ်။ အင်တာနက်ခေတ် ဆိုတော့ မြန်မာရေတပ်မတော် နဲ့ မြန်မာ့သင်္ဘောကျင်းက အရာရှိကြီးတွေ အင်တာနက်ထဲ ခေါက်ကြည့်ရင် အခြေအနေမှန်ကို သိနိုင်ပါတယ်။ 
.
..သင်္ဘောဆောက်ခြင်း နည်းပညာကို ကမ္ဘာအဆင့်ထိအောင် ပါဝင်နေတဲ့ မြန်မာသင်္ဘောအင်ဂျင်နီယာများစွာ စင်ကာပူနိုင်ငံမှာ ရှိနေပါတယ်။ Keppel Far East မှာ သင်္ဘောကြီး၊ သေး နဲ့ ရေနံတူးစင်အထိ မိမိဒီဇိုင်းနဲ့ မိမိကွန်ထရိုးစနစ်တွေသုံးပြီး တည်ဆောက် ၊ ရောင်းချ၊ အော်ဒါလက်ခံနေတာ ကြာပြီ ဖြစ်ပါတယ်။ စင်ကာပူတက်ကနိုလိုဂျီ ဆိုတဲ့ အများပိုင်ကုမဏီမှာ တန်ချိန် ၅ထောင် ပတ်ဝန်းကျင် သင်္ဘောငယ်များစွာ ကိုယ်ပိုင်ဒီဇိုင်းနဲ့ ဆောက်နေကြပါတယ်။ သင်္ဘောဆောက်ခြင်းနည်းပညာက မြန်မာပြည်မှာ ကွန်ဒိုအထပ်မြင့်ဆောက်သလို သိပ်မခက်ပါဘူး။ ပထမတော့ သူများဒီဇိုင်းကို ၀ယ်ယူအသုံးပြုရင် တဖြေးဖြေး ကိုယ်ပိုင်ဒီဇိုင်းဖြစ်လာပါတယ်။ စင်ကာပူက ကမ်းလွန်ရေနံလုပ်ငန်း သင်္ဘောငှားစားတဲ့ POSH )www.posh.com.sg) ဆိုတဲ့ ကုမဏီမှာ ကျနော်အလုပ်လုပ်ခဲ့စဉ်က လေ့လာလုပ်ကိုင်ခဲ့ဖူးပါတယ်။ သင်္ဘောပေါင်း ၈၀လောက် ပိုင်ဆိုင်တဲ့ ကုမဏီဖြစ်ပါတယ်။ သင်္ဘောများစွာ ကုမဏီရဲ့ ဒီဇိုင်းနဲ့ စင်ကာပူအင်ဂျင်နီယာ၊ စူပရီတင်းဒင့် နဲ့ မန်နေဂျာ၊ ဒါရိုက်တာများက ကွပ်ကဲပြီး ဆောက်ခဲ့ကြပါတယ်။ ပထမတော့ အင်္ဂလန်၊ အမေရိကန် ကုမဏီကြီးများထံက မှာယူခဲ့ပေမဲ့ ၂၀၁၀ နောက်ပိုင်းမှာ တရုပ်နိုင်ငံက သင်္ဘောကျင်းများမှာ ကမ္ဘာ့ အဆင်မီ တည်ဆောက်နိုင်ပါတယ်။ တောင်ကိုးရီးယားနိုင်ငံကလဲ ဧရာမသင်္ဘောကြီးများ ဆောက်ရာမှ ထိပ်တန်းဖြစ်လာတယ်။ ဂျပန်သင်္ဘောဆောက်ပညာကတော့ ဒုတိယကမ္ဘာစစ်မတိုင်မီကတည်းက ကမ္ဘာထိတ်တန်းပါပဲ။ 
.
မြန်မာသင်္ဘောဆောက်ပညာ တိုးတက်ဖို့ ကတော့ နိုင်ငံရဲ့ စီးပွားရေး ဘယ်လောက်အောင်မြင်သလဲ ဆိုတဲ့အပေါ် မူတည်နေပါတယ်။ လက်ရှိ 2017 GDP 70 billion USD မှာ မြန်မာသင်္ဘောကျင်းနဲ့ တပ်မတော်ရေ ရတဲ့ ဘတ်ဂျတ်နဲ့ ပင်လယ်ကူးသင်္ဘော၊ စစ်သင်္ဘောတွေ ၀ယ်ရပါတယ်။ တချို့သင်္ဘောတွေ ပြည်တွင်းမှာ ဆောက်ပါတယ်။ ပြည်ပက ၀ယ်ရင် သင်္ဘောတစ်စီး အမှာစာပို့တိုင်း၊ ၀ယ်တိုင်း အင်ဂျင်နီယာ အငယ်များကို အဲဒီသင်္ဘောဆောက်ရာမှာ စေလွှတ် ပညာသင်ခိုင်းရပါတယ်။ သင်္ဘောဝယ်စဉ် စာချုပ်မှာ Training Package ထည့်သွင်း သင်တန်းပေးဖို့ ..နောင်တော် စီနီယာကြီးများက စီမံခန့်ခွဲရမယ်ဖြစ်ပါတယ်။ ခုချက်ခြင်း ခေတ်မီသင်္ဘောကို ဆောက်ဖို့ မဖြစ်နိုင်ပါ။ သင်္ဘောဆောက် အင်ဂျင်နီယာများ မိမိအကြောင်း မိမိအသိဆုံး ဖြစ်ပါတယ်။ မြန်မာပြည်က သင်္ဘောများ ပြည်တွင်း ကမ်းရိုးတန်းမှာ ကြိုက်သလို သွားလာနိုင်ပေမဲ့.. ပြည်ပထွက်ဖို့ဆိုတာ Certificates, Class Approval များစွာ လိုကြောင်း Five Star သင်္ဘောလိုင်းက အင်ဂျင်နီယာ၊ ကပတိန်များ ကောင်းကောင်းသိပါတယ်။ 
.
သိသမျှအနည်းငယ်ကို ရှယ်ပါတယ်။ 
Merry Christmas...
M Zaw Aung 

Tuesday, December 19, 2017

ပလာပီနန်ပင်စိုက်ခင်း အိုင်သဗျု ရွာ လေးမျက်နှာမြို့နယ်. . စိတ်ဝင်စားဘွယ် ကျဆင်းနေတဲ့ ဈေးကွက်အကြောင်း


ပလာပီနန်ပင်စိုက်ခင်း အိုင်သဗျု ရွာ

လေးမျက်နှာမြို့နယ်. .
စိတ်ဝင်စားဘွယ် ကျဆင်းနေတဲ့ ဈေးကွက်အကြောင်း

http://engrmyanmar.blogspot.com/2017/12/cassava-2017.html…
..
ဧရာဝတီတိုင်း ရှေးရိုးပလောမှုန့်ထုတ်ခြင်း
ပလော ဥတွေကိုတူးယူပြီး ချက်ခြင်းကြိတ်ရတယ်။ တူးပြီးတရက်ဆို မကြိတ်ရင်ပျက်စီးတယ်။ ဒါကြောင့် ဝယ်သူရှိမှ တူးထုတ်ရောင်းတယ်။ အခုလို ဈေးအကြီးကျယ်ကျဆင်းချိန် မတူးပဲအမြေကြီးထဲ အပင်အတိုင်းထားရင် နောက်နှစ်အထိ ပြသနာမရှိဘူး။ စက်ရုံရှိရင် အမှုန့်ကြိတ် သိုလှောင်ထားနိုင်တယ်။ ဆန်လိုပဲ တနှစ်ကျောရင် ကွာလတီကျလာတာပဲ။ တနှစ်ထွက်တာ တနှစ်ထဲစားပစ်တာ ကောင်းပါတယ်။ စိုက်ပျိုးချိန် ၃ခါ ပုလဲဓါတ်မြေသြဇာကြွေးပါတယ်။ အပင်ထွက်လာပီး တခါ. .အပင်လတ် အပင်ကြီး စုစုပေါင်း၃ခါ ကြွေးပါတယ်။ မိုးကျချိန် စိုက်တော့ ရေမလိုပါ။ အပင်ကြီးထွာချိန် ၇ လ ရေလောင်းစရာမလိုပါ။
.
အမှုန်ကြိတ်နည်း
ပလောဥတွေကို ရွှံ့တွေပါ ကြိတ်ပြီး အရည်တွေကို ဓါတုဆိုဒါတွေနဲ့ ကန်ထဲထည့်စစ်တော့ အဖြူအနှစ်ရည်တွေ အနယ်ထိုင်တယ်။ အပေါ်ရည်တွေစစ်ပစ်ပြီး အောက်ကအဖြူပုလောအနှစ်ကို အမှုန်အဖြစ် ကြိတ်ပါတယ်။ အရည်စစ်နည်းပညာ အမှုန့်ကြိတ်နည်းပညာတွေ မရှိတော့ မြန်မာပုလောမှုန့်က ထိုင်းလောက် အရောင်မဖြူပါ။ အရည်သွေးတော့ မဆိုးလောက်ပါဘူး။
.
.
.
ကမ္ဘာလူစားအများဆုံးက
ဆန်
ဂျုံ
ပလောပီနန် (သာကူ . မုန့်အမျိုးမျိုး)
ပြောင်း (နှံစား. . အာဖရိက. တောင်အမေရိက). .စသည်တို့ဖြစ်ပါတယ်။
.
စိတ်ဝင်စားဘွယ် ကျဆင်းနေတဲ့
ပုလောပီနန် ဈေးကွက်အကြောင်း
http://engrmyanmar.blogspot.com/2017/12/cassava-2017.html…
.
မကွေးတိုင်း
အောင်လံမြို့နယ် တောင်ပီးကျေးရွာအုပ်စုမှာ ပဲမျိုးစုံ စိုက်ကြပါတယ်။ ဒီနှစ်တော့ ကုမဏီတခု ပုလောပီနန်စိုက်ဖို့ စည်းရုံးပါတယ်။ မြန်မာကုမဏီ ထိုင်နိုင်ငံနည်းပညာ တဧက ကျပ်၂သိန်း ချေးမယ်။ အပင်ပေါက်လာမှ ၂သိန်းချေးမယ်။
ပံ့ပိုးပေးမဲ့ အရာများကတော့
မျိုးကိုင်းများ
ထွန်ယက်ရန်စက်များ
ဓါတ်မြေသြဇာ
ပိုးသတ်ဆေး
နည်းပညာများ
ကိုယ်စားလှယ်တရွာ၁ယောက်
၇လပြည့်ရင် တူးဖော်မယ်။ ၁ပေ၁ကျင်းခွာစိုက်မယ်။ တကျင်း၅ပိသာနှုန်းနဲ့ တဧက ပိသာ၆ထောင်ထွက်မယ်။ ၈၀၀ကျပ်ဈေးနဲ့ဆို ၄၈သိန်းရမယ်။ ကုန်ကျစရိတ်က ၆သိန်းခွဲပဲ ဆိုတော့ အနည်းဆုံးသိန်း၃၀ကျန်မယ်။
.
(ဟင်္သာတဖက် တကျင်းကို ၆ပေခွာစိုက်တာ တဧက ပိသာ၂ထောင်ထွက်တာထက် ၃ဆ အထွက်တိုးမယ်။)
.
.
ထိုင်းနည်းပညာနဲ့စက်ရုံ
စီမံကိန်း.ကတော့ ပုလောပီနန်ဝယ်ပြီး စက်ရုံတွေတည်မယ်။
.
အရက်ပြန်စက်ရုံ
အီသနောစက်ရုံ
ဖိုင်ဘာစက္ကူစက်
ဘီယာစက်ရုံ
ဘီယာစွန့်ပစ္စည်းကနေလျပ်စစ်ထုတ်ပြီး ၅မိုင်ပတ်လည် လျပ်စစ်မီးပေးမယ်..
.
.
မကွေးတိုင်း မှာ လောလောဆယ် ပဲတောင်သူများကို ပုလောပီနန်စိုက်ဖို့ စက်မှု လုပ်ငန်းများ ထူထောင်ဖို့ စည်းရုံးနေပါတယ်။
.
အကောင်းပဲမြင်ပါတယ် ဒါပေမဲ့ ကူညီဖို့လိုပါတယ်။
FREE DYNAMIC ဖရီးဒိုင်းနမစ် ဆိုတဲ့ မြန်မာကုမဏီက ရွာတွေကို တနာရီစည်းရုံးဝင်ပြီး တရွာတယောက် ကိုယ်စားလှယ်များ ခန့်ထားပြီးပါပြီ။
.
တောင်သူများမနစ်နာစေဖို့ လိုပါတယ်။
.
.
မကြာခင် တပတ်အတွင်း ပဲတောင်သူတွေ စာချုပ်လက်မှတ်ထိုးရတော့မယ် ပြောပါတယ်။
.
စာချုပ်ကို နားလည်သူ အစိုးရ ဖြစ်စေ အဖွဲ့အစည်းဖြစ်စေ တောင်သူများကို ကူညီကြဖို့လိုပါတယ်။
.
ပုံ
အိုသဗြု ကျေးရွာ. .ဧရာဝတီတိုင်းတွင်အကြီးဆုံး ကရင်နှစ်သစ်ကူး ကျင်းပရာ ရှိ ပုလောစိုက်ခင်း. .
Image may contain: 1 person, standing, plant, tree, outdoor and nature

Image may contain: 1 person, standing, outdoor and nature

Image may contain: one or more people and outdoor

Image may contain: plant, tree, outdoor and nature





ဟင်္သာတခရိုင်​ ​လေးမျက်​နှာမြို့နယ်​ အိုသဗြု​ကျေးရွာအုပ်​စု . . ပ​လောပိနန်​လုပ်​ငန်းနဲ့ အကြိမ်​၈၀ ကရင်​နှစ်​သစ်​ကူး​နေ့ ၅ရက်​. . ​ကေအင်​ယူ မန်းငြိမ်း​မောင်​လာ​ပြောမည်​။ 
စီစဉ်​သူတဦး မန်းသန်းထိုက်​ရှိန်​. .



Image may contain: tree, outdoor and nature


Image may contain: 2 people, people standing and outdoor



Monday, December 11, 2017

လျှပ်စစ်ဓါတ်အားထုတ်တဲ့ တာဘိုင်များ နဲ့ မြန်မာလျှပ်စစ်ထုတ်လုပ်မှု


လျှပ်စစ်ဓါတ်အားထုတ်တဲ့ တာဘိုင်များ
အိမ်သုံးအသေးစားကနေ ညူကလီယာဓါတ်ပေါင်းဖိုမှာ သုံးတဲ့ ဧရာမ ရေနွေးငွေ့Steam Turbine အထိ ရှိပါတယ်။ အနည်းငယ် ရေးလိုက်ပါတယ်။ အသေးစိတ် ဖတ်လိုသူများကတော့ ဂူဂယ်မှာ steam turbine, gas turbine, water turbine, wind turbine လို့ အင်္ဂလိပ်လို ရိုက်နှိပ်ပြီး အင်္ဂလိပ်လို ဖတ်နိုင်ပါတယ်။ အခုဆို မြန်မာလို ရိုက်နှိပ်ပြီး မြန်မာလိုဖတ်ဖို့ ရှာလို့လဲ ရနေပါပြီ။ မကြာမီ မြန်မာယူနီကုတ်စနုစ် ခိုင်မာသွားရင်တော့ မြန်မာလို့ဘာသာပြန်ခြင်းကို လူနဲ့လုပ်စရာမလိုပဲ ဘင်တာနက် မိုဘိုင်းဖုန်းမှာပဲ အလိုအလျှောက် မြန်မာလို ဖတ်နိုင်ဖို့ နှစ်အနည်းငယ်အတွင်း ဖြစ်လာမှာပါ။
တာဘိုင်အမျိုးအစားတွေကတော့
၁။ ရေနွေးငွေ့တာဘိုင် steam turbine
၂။ ဂတ်စ်တာဘိုင် gas turbine
၃။ ရေအားလျှပ်စစ်တာဘိုင် water turbine
၎။ လေရဟတ်တာဘိုင် wind turbine. ..တို့ဖြစ်ပါတယ်။
.
လျှပ်စစ်ထုတ်နည်း မျိုးစုံ
အပူအား၊ နေရောင်ခြည်အား၊ ဒီရေ၊ မြေအောက်အပူဓါတ်အား ဘိုင်အိုဂက်စ် စပါးခွံစက် အမှိုက်/ပလပ်စတစ်ကထုတ်စက် စသဖြင့် နည်းမျိုးစုံရှိပါတယ်။ သွားဖက်ဆိုင်ရာ ဆရာဝန် ဒေါက်တာလှိုင်မြင့် @ Billy H. Mackenzie က ဧရာဝတီတိုင်းမှာ ဒီရေအတက်အကျကနေ လျှပ်စစ်ထုတ်ဖို့ မူပိုင်ခွင့် အဆိုပြုတယ်။ လွှတ်တော်ကိယ်စာလှယ်တစ်ဦးက မေးခွန်းမေးတော့ လျှပ်စစ်ဝန်ကြီးက ငွေမရှိလို့ တွက်သားမကိုက်လို့ ဒီရေလျှပ်စစ် အစီစဉ်မရှိပါ ဖြေခဲ့တယ်။ အခု အစိုးရသစ်မှာ ဂျပန်နဲ့ပေါင်းပြီး လုပ်နေပြီ သတင်းထွက်လာပြန်ပါတယ်။ မူလအဆိုပြုတဲ့ ဒေါက်တာလှိုမြင့်ကတော့ ပါဝင်ခွင့်မရဘူး။ အလားတူပဲ အမှိုက်က လျှပ်စစ်ထုတ်ခြင်းကို ဂျပန်ချေးငွေနဲ့ ရန်ကုန်မှာလည်ပတ်နေပါပြီ။ တခါတလေ ပုံမှန်မဟုတ် နည်းလမ်းတွေသုံးပြီး ဈေးကြီးတဲ့ တာဘိုင်တွေဝယ် ပြည်သူ့ဘဏ္ဍာ ကုန်ဆုံး ဖြုန်းတီးတာမျိုးတွေ ကာကွယ်ဖို့ မတတ်နိုင်သေးပါဘူး။ ဇီးသီဗန်းကတော့ မှောက်နေဦးမှာပါ။
.
ဇီးသီးဗန်း အမှောက်အနည်းဆုံးက မဟာဓါတ်အားလိုင်း တည်ဆောက်ခြင်းဖြစ်လို့ World.bank ADB များက ငွေချေးပေးပါတယ်။ ဓါတားစက်ရုံ (တာဘိုင်ဝယ်ခြင် တပ်ဆင်ခြင်း) အလုပ်က ဇီးသီးဗန်း တခုလုံးမှောက်ရုံမက အလျင်းမသင့်ရင် သန်း၃၀၀ စီမံကိန်းကနေ ၂ဆ၃ဆ သန်း၆၀၀ သန်း၉၀၀ အထိ ကုန်သွားကြောင်း အိန္နိယ ပါကစ္စတန် လျှပ်စစ်တာဘိုင်ကြီးများ တည်ဆောက်စီမံကိန်းများက ဖြစ်ပျက်ခဲ့ပါတယ်။ ဖိလစ်ပိုင် အင်ဒိုနီးရှား ပြည်တွင်းခရိုနီများနဲ့ ဖက်စပ်လုပ်စားသွားတာ ၁၉၉၀ - ၂၀၀၀ ကာလမှာ အများကြီးဖြစ်ခဲ့ပါတယ်။ အခု မြန်မာပြည်မှာလဲ ဖြစ်နေပါတယ်။
.
စံပြအနေနဲ့ ဂျပန်သီလဝါ စက်ရုံ အခုဆောက်နေတဲ့ ဒေါ်လာသန်း၃၀၀ မြင်းခြံ စင်ကာပူ ဓါတ်အားစက်ရုံများက တာဘိုင်ကြီးများကို စံနမူနာထားရပါမယ်။
.
.
တာဘိုင်သက်တမ်း
တာဘိုင်များမှာ အသက်ကတော့ တာဘိုင်ဘလိတ် turbine blade ဖြစ်ပါတယ်။ ဘလိတ်ဒီဇိုင်းကို အထူးပြုလုပ်ခြင်းနဲ့ လျှပ်စစ်ထုတ် efficiency စွမ်းအားကောင်းစေပါတယ်။
.
.
.
၁။ ရေနွေးငွေ့တာဘိုင် steam turbine
စင်ကာပူ ဂျူရောင်း နဲ့ စီနိုကို ပါဝါစက်ရုံကြီးများမှာ 1MW, 2MW ရေနွေးငွေ့တာဘိုင်လေးေ်ုတွ အမြောက်အများကို အသုံးပြုပြီး မဂ္ဂါဝပ်တွေ ပေါင်းရင် အများကြီးဖြစ်လာတဲ့ ဂျင်နရေတာများ ဆိုင်ခရိုနိုက်စ် Synchronize လုပ်ထားတာကို တွေ့ရပါတယ်။ သင်္ဘောကြီးများမှာလည်း ဂျင်နရေတာ၃လုံး အထက်ကို အပြိုင်ဆက်ပြီး လျှပ်စစ်ထုတ်ပါတယ်။ တခု ပျက်ရင်လဲ ပြသနာမရှိပါ။ ဒီလို ဓါတ်အားစက်ရုံများစွာကို မဟာဓါတ်အားလိုင်းနဲ့ ချိတ်ဆက်ပြီး တဖက်က ပျက်သွားရင် နောက်တဖက်က ဓါတ်အားယူသုံးခြင်းနဲ့ တိုးတက်တဲ့နိုင်ငံများမှာ စက်ခလုပ်များ Switch System လုပ်ထားကြပါတယ်။ မီးပျက်ရင်တောင် မိတ်တုပ်မဖြစ်ပဲ တခြားလိုင်းကို ပြောင်းပေးပါတယ်။ တချို့ စက်များ အထူးသဖြင့် ဆီးမီးကွန်ဒက်တာ Wafer Fabrication စက်ကြီးများကတော့ power dip ဖြစ်တာတောင် စက်ရပ်သွားတတ်ပါတယ်။ ဒါတွေကို ကာကွယ် လျှပ်စစ်ဓါတ်အားပေး ဖြန့်ဖြူးခြင်းက နည်းပညာတစ်ခုပါ။ ဒီနေရာမှာတော့ တာဘိုင်များအကြောင်း အနည်းငယ်ပဲ ရေးပါတယ်။
.
ရေကို အပူပေးပြီး ၁၀၀ ဒီဂရီစင်တီဂရိတ်မှ ရေနွေးငွေ့ရပါတယ်။ ရေနွေးငွေ့ကို ဖိအား နဲ့ အပူမြင့်အောင် high pressure 60kg/cm2 & high temperature 800 deg C အထိ မြှင့်ပေးပြီး တာဘိုင်ကြီးများကို လည်ပတ်စေပါတယ်။ တာဘိုင် အသေးဆိုရင် ဖိအားနဲ့အပူအား အရမ်းမြင့်စရာ မလိုပါဘူး။
.
အခုခေတ် ညူကလီယာ ဓါတ်အားစက်ရုံကြီးများ၊ ကွန်ဘိုင်းဂက်စ်၊ ကျောက်မီးသွေးစက်တွေမှာ ရေနွေးငွေ့ တာဘိုင်ကိုပဲ သုံးကြပါတယ်။
.
.
၂။ ဂတ်စ်တာဘိုင် gas turbine
သဘာဝဓါတ်ငွေ့ ဈေးချိုခြင်း ပေါမျာခြင်းတွေကြောင့် ဂတ်စ်တာဘိုင်များ ခေတ်စားလာပါတယ်။ ရေနွေးငွေ့ရဖို့ ရေကို အပူပေးစရာ လောင်စာ ထင်း ကျောက်မီးသွေး စက်သုံးဆီတွေ မလိုတော့ပါ။ ဘွိုင်လာ ထည့်သွင်းစရာမလိုပဲ ဓါတ်ငွေ့ကို မီးရှို့ ပြီး ဂတ်စ်တာဘိုင် လည်ပတ်စေပါတယ်။
.
ပေါက်ကွဲမှူဒဏ်ခံနိုင်ဖို့ ဂတ်စ်တာဘိုင်ဘလိတ်ပြားများ အလွန်ကောင်းရသလို ပြုပြင်ထိမ်းသိမ်းမှုလည်း ပိုလုပ်ရပါတယ်။ တာဘိုင်သက်တမ်းလည်း ရေနွေးငွေ့တာဘိုင်ထက် အများကြီး သက်တမ်းတိုပါတယ်။ သက်တမ်းရှည်အောင် မကြာခဏ ဖွင့်စစ်ဆေး ဘလိတ်များလဲလှယ်ပေးရမှာဖြစ်ပါတယ်။
.
အမြန်ဆုံးနဲ့ စက်ရုံတည်နိုင်တဲ့အတွက် ဓါတ်ငွေ့ အများပြားထွက်တဲ့ ဗီယက်နမ်နိုင်ငံမှာ ဂတ်စ်တာဘိုင် လျှပ်စစ်ဓါတ်အား အများဆုံး ထုတ်လုပ်နေပါတယ်။
.
.
၃။ ရေအားလျှပ်စစ်တာဘိုင် water turbine
နှစ်ပေါင်းများစွာခံတဲ့ တာဘိုင်စက်ဖြစ်ပါတယ်။ ဖိအားနဲ့ အပူချိန် သဘာဝအတိုင်း ဖြစ်လို့ပါ။ မြန်မာနိုင်ငံက လောပိတ ဂျပန် ဟိတာချီ ရေအားတာဘိုင်များက နှစ်၈၀ လောက်ကြာပေမဲ့ ကောင်းတုန်းပါပဲ။
.
ကချင်ပြည်နယ် ကျင်ခရန် ရေအားလျှပ်စစ်စက်ရုံ တရုပ်တာဘိုင်များနဲ့ဆောက်တယ်။ တာဘိုင် ၁၂လုံးလောက် တန်းစီလည်ပတ်တယ်။ တနှစ်အကြာ စက်အလုံးတွေ ပျက်တော့ တဝက်ပဲကျန်တယ်။ အပိုပစ္စည်း ဈေးကြီး မဝယ်နိုင်တော့ စက်တစ်လုံးကနေ ဖြုတ်ပြီး သုံးတော့ တစ်နှစ်အတွင်း ၅၀% ပဲ လည်နိုင်ပြီး နောက် ၃နှစ်ကျော်တော့ စက်အားလုံး မလည်ပတ်နိုင်တော့ပါ။ နောက်ပိုင်း ကေအိုင်အေ ကချင်လက်နက်ကိုင်များ ထုတ်တဲ့ ဘူးဂါးလျှပ်စစ်နဲ့ မြစ်ကြီးနားတဝိုက် မီးလင်းရပါတယ်။
.
ဘာကြောင့် တရုပ်ရေအား တာဘိုင်တွေပျက်ရပါသလဲ ဆိုတော့
.
* မြန်မာတွေ အရည်ချင်းမရှိလို့ မထိမ်းသိမ်းနိုင်လို့ skill မရှိလို့ ပြောရင် ရပါတယ်။ ရတဲ့လစာကလည်း နည်းတော့ မလုပ်ချင်ဘူးပေါ့။
.
* တရုပ်ပြည်မှာ သုံးမရတော့တဲ့ တာဘိုင်တွေကို လိမ်ညာရောင်းချခံရတယ် ပြောရင် မြန်မာတွေဒါလောက်တောင်ညံ့သလား မေးလဲ မေးစရာပါ။ မြန်မာအင်ဂျင်နီယာများက ဝယ်ဖို့ မဆုံးဖြတ်ပါ။ အဂတိ လိုက်စားတဲ့ အုပ်ချုပ်သူများ (စစ်ဗိုလ်များ) က ဝယ်ဆိုတော့ တရုပ်ချေးငွေနဲ့ ဝယ်ထားတာကို အင်ဂျင်နီယာများက ထိန်းသိမ်းရပါတယ်။ စိတ်ပျက်တော့ မထိမ်းသိမ်းချင် ခဏနဲ့ပျက်ပါလေရော။
.
အခု နောက်ဆုံး နေပြည်တော်ကို မီးပေးတဲ့ ပေါင်းလောင်း သောက်ရေခပ် စတဲ့ တရုပ်စက်များကတော့ အသစ်ဖြစ်ပါတယ်။ အဟောင်း ခဏပဲခံတယ်။ အသစ်ပေး ဆိုတော့ ဂျပန် အမေရိကန် ရောင်းတဲ့ စက်ဈေးပေးပြီး တရုပ်စက်အသစ်ကို အတိုးကြီးတဲ့တရုပ်ချေးငွေနဲ့ ဝယ်ပါတယ်။ ဒါလဲပျက်ပြန်တယ်။ ပြင်တော့ တရုပ်ပဲပြင်ရမယ် ဆိုတဲ့ စာချုပ်စည်းကမ်းရှိတော့ တရုပ်အင်ဂျင်နီယာမဟုတ်သူ စက်ပြင်တွေပဲ လာပြင်ကြတယ်။ ပြင်ခကတော့ အမေရိကန်ဈေးအတိုင်း မြန်မာပြည်က ပေးရတယ်။ မိအေး၂ခါမက ၃ခါနာနေတာကတော့ တရုပ်စက်တွေ ပြင်လဲပျက်နေဆဲပါပဲ။ ပြင်ခနဲ့ပဲ လုံးပါးတော့မယ်။ ဒီအကြောင်းလဲ ဆောင်းပါး ရေးခဲ့ဖူးပါတယ်။ ပေါင်းချုပ်ပေးဖို့ မိုးမခ လျှပ်စစ်ဆောင်းပါး စာအုပ်လုပ်နေပါတယ်။
.
နောင် ချေးငွေရရင် ဂျပန် ဂျာမဏီ စက်ကောင်းတွေဝယ်ပြီး တပ်ဆင်မယ်။ အရှုံးများတဲ့ တရုပ်စက်တွေတော့ ဖျက်သိမ်းပစ်မှ အေးမယ်။
.
တနိုင်တပိုင်ရေအားလျှပ်စစ်
လက်ရှိ ကချင်ပြည်နယ်မှာ ၃ဆလောက်ပိုလျှံ နေပါပြီ။ 11kv လိုင်းနဲ့ပို့ရင် ဓါတ်အားဆုံးတော့ 230kv မဟာဓါတ်အားလိုင်း ဆွဲခွင့်ပေးဖို့ လိုနေပါပြီ။ အလားတူ ရှမ်း ကယား ကရင် ချင်းပြည်နယ်တွေမှာ အသေးစား 10kw to 1mw ရေအားတာဘိုင်များစွာ တပ်ဆင်နိုင်ပါတယ်။ ရေအားမရှိတဲ့ တိုင်းဒေသများမှာ ကျောက်မီးသွေး ဂက်စ် အက်အို(Fuel Oil) ဒီဇယ် ဘိုင်အိုဂက်စ် စတဲ့လောင်စာများသုံးပြီး ဘွိုင်လာအိုနဲ့ ရေနွေးငွေ့သုံး တာဘိုင်များ တပ်ဆင်ဖို့ပါ။ အင်ဒိုနီးရှား ဖိလစ်ပိုင် ကျွန်းထောင်ချီရှိတာ ဒီနည်းနဲ့ပဲ မီနီဂရစ် လျှပ်စစ်ထုတ်နေကြပါတယ်။ နေရောင်ခြည် (Solar) ကတော့ တနိုင်တပိုင် မီးထွန်းတာပဲသုံးကြပါတယ်။
.
.
၎။ လေရဟတ်တာဘိုင် wind turbine.
ဆောင်းပါးတပုဒ်ရေးခဲ့ဖူးပါတယ်။ နောက်၁၀နှစ်အကြာ ပင်လယ်ပြင်မှာပေါ်နေတဲ့ Floating Wind Turbine ဧရာမ 1MW - 10MW တာဘိုင်ကြီးတွေ ရေအာလျှပ်စစ်လို ဈေးချိုလာမယ်လို့ ဈေးကွက်ခန့်မှန်းထားပါတယ်။ အခုတော့ ထုတ်လုပ်မှုစရိတ် တော်တော်ကြီးလို့ ငွေတတ်နိုင်တဲ့ Offshore ကမ်းလွန်ရေနံ ဓါတ်ငွေ့လုပ်ငန်းတွေအတွက်ပဲ သုံးနိုင်ပါတယ်။ ဂျာမဏီ တရုပ် နော်ဝေး ဒိန်းမတ် ကုမ္ပဏီများက ဈေးကွက်ဦးစီးထားပါတယ်။ တရုပ်ကုမ္ပဏီ ၃ခုက ထိပ်တန်း၁၀ခုမှာ ပါနေပါတယ်။
.
လေရဟတ်တာဘိုင်ကတော့ ရေအားလျှပ်စစ်ထက် ထိန်းချုပ်မှု ရှုပ်ထွေးပါတယ်။ တိုင်ဖွန်းမုန်တိုင်း တနာရီမိုင်၁ရာကျော် တိုက်ခတ်တာ ခံနိုင်ရမယ်။ လေတိုက်နှုန်း အနည်းအများက သဘာဝ ထိန်းချုပ်လို့မရတော့ Control System ထိန်းချုပ်မှု နည်းစနစ်နဲ့ ဘရိတ်စနစ် ကောင်းကောင်း သုံးရပါတယ်။ ပင်လယ်ထဲ ဆွဲယူသွားလို့ရတော့ ရေပေါ်ဓါတ်အားပေးစက်ရုံအဖြစ် ကန်ထရိုက်နဲ့ ငှားရမ်းတဲ့ ငှားစားတဲ့လုပ်ငန်းအဖြစ် တွင်ကျယ်နေပါတယ်။
.
.
.
ထိန်းချုပ်မှုစနစ် Control System
အခုခေတ်က အလိုအလျောက် ထိန်းချုပ်တဲ့ ကွန်ပြူတာ မိုဘိုင်းဖုန်း အင်တာနက်ခေတ် ဖြစ်ပါတယ်။ လူတွေအားကိုးလို့ စက်တွေပိုနစ်နာလေ့ရှိပါတယ်။ ဒါကြောင့် စက်တွေ မပျက်စီးအောင် ရှေည်ခံအောင် အလိုအလျောက် အပူချိန် ဖိအား လည်ပတ်နှုန်း သက်တမ်းအချိန် အဖွင့်အပိတ် ဓါတ်ငွေနဲ့အရည် ကွာလတီ စီးဆင်းနှုန်း သိပ်သည်းခြင်း စတဲ့ စက်အခြေအနေကို ကွန်ပြူတာထိန်းချုပ်စနစ်သုံးကြပါတယ်။ ပစ္စည်းကို ပုံမှန် လာမကြည့်ရင် လာကြည့်ပါ လာကြည့်ပါ လို့ ဖေ့ဘုတ်မက်ဆေ့ အီးမေးတွေ တယ်လီဖုန်းဆီပို့ပေးပါတယ်။ Alarm အချက်ပေးမှု အသံများပေးတယ် ပိုဆိုးလာရင် အလိုအလျောက် Trip စက်ရပ်ပစ်ပါတယ်။ Safety Device များက အလွန်တန်ဖိုးကြီးတဲ့ တာဘိုင်စက်ကြီးကို ကာကွယ်ပေးပါတယ်။ Bearing Temp, Shaft Displacement စတဲ့ အရေးကြီးတဲ့ တာဘိုင်လည်ပတ်မှု အချက်တွေကို ထိန်းချုပ်စနစ်က အလွန်အရေးကြီးလာပါတယ်။ ဒါကြောင့် စက်ရုံကြီးများသာမက အိမ်သုံး လျှပ်စစ်ဂျင်နရေတာများမှာလဲ မိုက်ကရိုပရိုဆက်ဆာ Chip တွေ ထည့်ထားပါတယ်။
.
.
နိဂုံး သုံးသပ်ခြင်း
တာဘိုင်အကြီးတွေက နည်းပညာအဆင့်မြင့်လို့ တည်ဆောက်သူ နိုင်ငံခြားသားများက မြန်မာလူငယ်များကို အတူခေါ်ပြီး သင်ပေးရပါမယ်။ မသင်ပေးချင်ဘူး သင်ပေးရတာ သူတို့အလုပ်ဖင့်နှေးတယ် ဆိုပြီး ငြင်းလို့မရအောင် စာချုပ်မှာ သင်တန်းကိစ္စ အထူပြုရပါမယ်။ ဗီယက်နမ်မှာ အင်ဂျင်နီယာငယ် များစွာကို စီမံကိန်းထဲထည့်ပြီး look see. look see လုပ်ခိုင်း မှတ်ခိုင်း လေ့လာခိုင်းပါတယ်။ စက်တပ်ဆင်နေတုန်း သင်တန်းကျောင်းဖွင့်ထားပေးရပါမယ်။
.
အသေးစားတာဘိုင်များ 1mw အောက် တာဘိုင်တွေဆို စရိတ် ကျပ်သိန်း၁ထောင်ကျော် usd$100,000 လောက်ပဲရှိပါတယ်။ မြန်မာတွေ တာဘိုင်စက် မတီထွင် မလုပ်နိုင်သေးပေမဲ့ စက်တပ်ဆင် ပြုပြင်ထိမ်းသိမ်း ရာမှာတော့ ထိတ်တန်းအဆင့်ဖြစ်ပါတယ်။
.
နေရောင်ခြည် မီနီဂရစ်ကတော့ ဘက်ထရီပြသနာကြောင့် ညမီးထွန်းဖို့ တီဗွီကြည့်ဖို့ပဲ ကောင်းပါတယ်။ တအိမ်တခု Home System ပဲ သုံးသင့်ပါတယ်။ ရေပန့်လည်ဖို့ အပူပေးဖို့ မော်တာစက်လည်ဖို့တော့ နေရောင်ခြည် မီနီဂရစ်ကိုသုံးလို့မသင့်ပါဘူး။ မြန်မာနိုင်ငံမှာလုပ်နေတဲ့ ဘက်ထရီသိုလှောင် မီနီဂရစ်များက ပြည်သူဘဏ္ဍာဖြုန်းတီးသလိုပါပဲ။ မြန်မာတွေ အများစုမှာ ဘက်ထရီထိန်းသိမ်းနိုင်တဲ့skill အရည်သွေးမရှိသေးပါ။ မှားရင်လဲခွင့်လွှတ်ပါ။ မိမိအမြင် ဖြစ်ပါတယ်။
.
မြန်မာများမှာ စာတွေ့ သက်မွေးပညာ စာသင်ခန်းအဆင့်ပဲရှိတယ်လို့ ရိုးသားစွာ ရှုမြင်ပါတယ်။ လျှပ်စစ်စီမံကိန်း ကွပ်ကဲသူများလဲ မြန်မာပရိုဂျက်အရာရှိအများစုက အလုပ်ပဲကြွမ်းကျင်ပါတယ်။ နိုင်ငံခြားသား ပရိုဂျက်မန်နေဂျာများလို လစာသိန်း၁၀၀ ကျော်မရတော့ လုပ်ပိုင်ခွင့်လဲမရှိ အထူးသဖြင့် လော်ဂျစ်စတစ်နဲ့ ပါချေ့စင်း Logistic & Purchasing မှာ နိုင်ငံခြားပရိုဂျက်မန်နေဂျာ ပြောတာပဲ Yes Yes ဟုတ်ကဲ့ပါ လုပ်နေရတဲ့လစာနည်း မြန်မာအင်ဂျင်နီယာများကို ပါဝါမြှင့်တင်ပေးဖို့ အထူးလိုအပ်နေပါတယ်။ လစာမမြှင့်တင်ချင်ရင် Project Allowrance ကို နိုင်ငံခြားသားကို ပေးသလောက် နေစရိတ် စားစရိတ် ပေးတဲ့နည်းဖြစ်ပါတယ်။ ဒါနည်းကို အခွင့်ရင် လွှတ်တော်မှာ ကိုယ်စားလှယ်တစ်ဦးအကူညီနဲ့ အဆိုပြုချင်ပါတယ်ဗျာ။ မြန်မာဘက်က အတွေ့ကြုံရင့်ကျက်သူ ဆုံးဖြတ်ခွင့်ရှိသူ Decision Maker အင်ဂျင်နီယာ နဲ့ ဒါရိုက်တာများကို တလ သိန်း၂၀လောက် အနည်းဆုံး စရိတ်မပေးရင် ဇီးသီးဗန်းမှောက်နေတာလဲ သူတို့က ထိုင်ကြည့်နေမှာ သေချာပါတယ်။ ဇီသီဗန်း ကတော့ ပြည်ပကုမဏီတွေက ပိုမှောက်ယူလေ့ရှိပါတယ်။ တဖြေးဖြေး ကာကွယ်တားဆီးနိုင်မှာပါ။
.
ပရိုဂျတ် ဒေါ်လား၁၀သန်း သန်း၁၀၀ တွေ ထားလိုက်ပါတော့။ မိမိတို့ အင်ဂျင်နီယာများအဖို့ တာဘိုင်အကြီးကြီးတွေ မကိုင်တွယ်နိုင်သေးပေမဲ့လည်း .. ဒေါ်လာ ၁သိန်းတန် တာဘိုင် ဂျင်နရေတာအသေးစား အလတ်စားများ ဝယ်ယူတပ်ဆင် ထိမ်းသိမ်းပြီး မီနီဂရစ် ဓါတ်အားစက်များစွာ ပေါ်လာမယ် မျှော်လင့်မိပါတယ်။
.
ဇော်အောင်
၃.ဒီဇင်ဘာ.၂၀၁၇
.
မှတ်ချက်
စင်ကာပူ စကင်နေဗီးယားနိုင်ငံသားများရဲ့ ဗိုက်ကင်း Viking Engineering Pte Ltd "Steam Turbine Service Company, http://viking.com.sg " မှာ ၆နှစ် Turbine Control System လုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံနဲ့ ရေးသားပါတယ်။ eBook , "Myanmar Electricity 2017" pdf file ရယူလိုရင် Chat Box ဗိုငိဘာ 09976922584, အီးမေး uzawaung@gmail.com နဲ့တောင်းပါ။ ပို့ပေးလိုပါတယ်။ တိုက်ရိုက် ဒေါင်းလုပ်သူများအတွက် ဒေါင်းလုပ်လင့်ကတော့..
https://www.slideshare.net/…/electricitymyanmarrev5oct2017t…
စိတ်ဝင်စား၊ဖတ်ရှု သူများကို ကျေးဇူးတင်ပါတယ်။

No automatic alt text available.


No automatic alt text available.

No automatic alt text available.


Image may contain: text


No automatic alt text available.

No automatic alt text available.

Image may contain: 1 person, smiling

No automatic alt text available.

No automatic alt text available.


No automatic alt text available.


No automatic alt text available.

Image may contain: sky, cloud, mountain, outdoor and nature

Image may contain: outdoor

Image may contain: text

Sunday, December 10, 2017

ပလောပီနန် Cassava (ဈေးကွက်ပျောက်နေခြင်း) 2017

Image may contain: food and text
ပလောပီနန် Cassava (ဈေးကွက်ပျောက်နေခြင်း)
ဒီကနေ့ လေးမျက်နှာမြို့နယ် (ဟင်္သာတခရိုင်) က မိတ်ဆွေတစ်ယောက်နဲ့ စကားပြောချိန် သူတို့မြို့နယ်ကထွက်တဲ့ ပုလောပီတန်မှုန့် တန်ချိန်၎သောင်း (တစ်တန် အိတ်၂၀) အတွက် အင်အယ်ဒီအစိုးရသစ် လက်ထက်မှာ အရမ်းဆိုးဝါးသွားတာကို ပြောပြပါတယ်။ တနိုင်ငံလုံး စီးပွားမကောင်းတဲ့အထိ ဆန်၊ ပဲမျိုးစုံတွေလဲ ဈေးကွက်ပြသနာ ဖြစ်နေပါတယ်။ 
.
စင်ကာပူက ကုန်သည်၂ယောက် လာပြီး ပလောပီနန်အမှုန့်တွေ ကြိုက်တယ်။ ကွာလတီကောင်းတယ်။ ဒါပေမဲ့ LC FOB စနစ်နဲ့ဝယ်ချင်တယ် ဆိုတော့ ကုမဏီလည်းမရှိလို့..လက်ငင်းငွေချေစနစ်ပဲ တောင်သူများက သိတယ်။ အကြွေး ဘယ်ရောင်းနိုင်ပါ့မလဲ။ 
.
ကိုကျော်မျိုးထွန်း ရေးတဲ့ ကုန်လှောင်ရုံစနစ် လယ်ယာမြေပြုပြင်ပြောင်းလဲရေး ကို သတိရမိတယ်။ လေးမျက်နှာမြို့နယ်က စိုက်သမျှ ပလောပီနံတွေ ဟင်္သာတ ကုန်သည်တွေလက်ထဲမှာပဲ အဆုံးသတ်ရတယ်။ ဈေးနိုမ်ခံရ၊ နိုင်ငံခြား ပို့ဖို့လည်း ဈေးကွက်ကမရှိ၊ အစိုးရဆိုတာလဲ ဈေးကွက်လုပ်ပေးရမှာ ..သမ္မတဦ်းသိန်းစိန် လက်ထက်ကတည်းက အစိုးရလုပ်ပေးရင် ပိုဆိုးလေ့ရှိပြီး အခု အင်အယ်ဒီ မဲပေးခဲ့ကြတယ်။ အခုမှ အရင်ထက် ပိုဆိုးနေတဲ့ ခေတ်ဖြစ်နေလို့ ပလောပီနန် စိုက်ပျိုးသူလဲ ရှုံး၊ အမှုန့်ကြိတ် ရောင်းဝယ်သူလဲ ရှုံး ဖြစ်နေတယ်။ 
.
.
နိုင်ငံခြားဈေးကွက် ကြည့်ပေးပါဦး၊ ပလောပီနန်ကုန်သည်များအသင်း ရှိသလားလဲ ကျနော် မသိဘူး။ လေးမျက်နှာမြို့နယ်မှာ အရင်က ဖွဲ့ထားတဲ့ ပလောပီနန်အဖွဲ့လည်း ယုံကြည်ချက်ပျက်၊ ကြံခိုင်ရေးကလူတွေပဲ ကြီးစိုးတော့ အဖွဲ့အစည်း ပျက်နေတယ်။ အသစ်ပဲ ပြန်ဖွဲ့တော့ဗျာ လို့ ပြောလိက်ရတယ်။ 
.
.
ဈေးကွက်လေ့လာခြင်း
http://www.fao.org/docrep/007/y5287e/y5287e0a.htm
.
ပလောပီနန်အကြောင်း
https://en.wikipedia.org/wiki/Cassava
.
.ကမ္ဘာ့ စားနပ်ရိတ်ခါ FAO အချက်လက်များ
http://www.fao.org 
.
ပလောပီနန်ဈေးနှုန်းထိုးကျသွားခြင်း
http://www.khmertimeskh.com/…/cassava-export-prices-down-s…/
စတဲ့အချက်လက်များကို ကြည့်မိတယ်။ သူတို့ကို ဘယ်လိုနည်းနဲ့ ကယ်တင်နိုင်မလဲ စဉ်းစားတယ်။ ဈေးကွက်လေ့လာခြင်း ကို ဖတ်ကြည့်တော့ ပလောပီနန်က ဆန်၊ ဂျုံ ပြီးရင် တတိယ အများဆုံး လူစားတဲ့ သီးနှံဖြစ်ပြီး အာဖရိက၊ တောင်အမေရိက အများဆုံးစားကြတယ်။ အများဆုံး ၀ယ်တဲ့
import လုပ်သူများကတော့
နယ်သာလန် တန်ချိန် ၃သန်း
တရုပ် တန်ချိန် ၂.၃သန်း
အင်ဒိုနီးရှား နဲ့ မလေးရှား တန်ချိန် ၁သန်းနီးပါးစီ
အမေရိကန် တန်ချိန် ၂သိန်း .. စသဖြင့် တွေ့ရပါတယ်။ 
.
ဒီတော့ တရုပ်၊ က ဈေးနှိမ်တော့.. အင်ဒိုနီးရှား၊ မလေးရှား ဈေးကွက်တွေ ထိုးဖောက်ဖို့ လိုအ်ပ်နေတယ်။ ကမ္ဘာ အများဆုံးထုတ်လုပ်တဲ့ ထိုင်းကုန်သည်တွေကို ချဉ်းကပ်ရမှ ဆိုတာ စဉ်းစားမိတယ်။ 
.
ကမ္ဘာ့  စားသောက်ကုန်ဈေးကွက်ကို ထိုင်းနိုင်ငံက ကြီးစိုးထားပါတယ်။ ပဲမျိုးစုံ ဈေးကွက်ကတော့ မြန်မာက ကြီးစိုးထားတယ်။ အခု ပလောပီနန်ဈေးကွက်ကို ထိုင်း၊ (တန်ချိန်၃၀သန်း) ကို ဘယ်လို ဈေးကွက်ယှဉ်နိုင်မလဲ။ 
.
.
ဘယ်လိုဈေးကွက်ရှာမလဲ..
ဈေးကွက်ကို စီးပွားကူးသန်း ၀န်ကြီးဌာနက ရှာပေးဖို့ ဖြစ်ပေမဲ့ ၊ ပလောပီနန်အဖွဲ့ကပဲ ရှာရပါမယ်။ မိမိလဲ ကူညီချင်ပေမဲ့ ဘာမှမတတ်နိုင်။ အကြံလေးတွေ ရှိရင် ပေးကြပါလို့...မြန်မာထွက်ကုန်တွေကို ၀ယ်မဲ့ အင်ဒိုနီးရှား၊ မလေးရှား ကုန်သည်များကို စည်းရုံးဖို့.. အထူးသဖြင့် မြန်မာနိုင်ငံရောက် မလေးရှားလူမျိုးများ၊ မလေးရှားပြန် မြန်မာများ နဲ့ မြန်မာ၁သန်းလောက် နေထိုင်ကြတဲ့ စင်ကာပူ၊ မလေးရှားက မြန်မာများ စဉ်းစားပေးကြပါလို့ အကြံပေးကြဖို့ မေတ္တာရပ်ခံပါတယ်ဗျာ။
.
ဈေးကွက်ကို စီးပွားကူးသန်း ၀န်ကြီးဌာနက ရှာပေးဖို့ ဖြစ်ပေမဲ့ ၊ ပလောပီနန်အဖွဲ့ကပဲ ရှာရပါမယ်။ မိမိလဲ ကူညီချင်ပေမဲ့ ဘာမှမတတ်နိုင်။ အကြံလေးတွေ ရှိရင် ပေးကြပါလို့...မြန်မာထွက်ကုန်တွေကို ၀ယ်မဲ့ အင်ဒိုနီးရှား၊ မလေးရှား ကုန်သည်များကို စည်းရုံးဖို့.. အထူးသဖြင့် မြန်မာနိုင်ငံရောက် မလေးရှားလူမျိုးများ၊ မလေးရှားပြန် မြန်မာများ နဲ့ မြန်မာ၁သန်းလောက် နေထိုင်ကြတဲ့ စင်ကာပူ၊ မလေးရှားက မြန်မာများ စဉ်းစားပေးကြပါလို့ အကြံပေးကြဖို့ မေတ္တာရပ်ခံပါတယ်ဗျာ။
.
.ငုပ်ငန်း ၁၀ခုမှာ ၁ခု၊ ၂ခုလောက်ပဲ ဈေးကွက်ရပြီး အောင်မြင်ပါတယ်။ အင်ဂျင်နီယာ လူငယ်ျများ ဈေးကွက် ထိုးဖောက်၊ ထိုးထွင်းဥာဏ် များနဲ့ စဉ်းစားကြည့်ကြစေလိုပါတယ်။
.
ကိုရှိန် 09250435365
လေးမျက်နှာမြို့...

No automatic alt text available.

.
No automatic alt text available.


No automatic alt text available.


Facebook Ref: 
https://www.facebook.com/myanmarjobstudent/posts/10155351826993472?pnref=story

Wednesday, December 6, 2017

SME Development , ဧရာဝတီတိုင်း အလုပ်ရုံဆွေးနွေးပွဲ


.ရည်ရွယ်ချက်.. မြန်မာနိုင်ငံမှာ sme များအတွက် စာရင်းစစ် နဲ့ ပိုင်ဆိုင်မှုတန်ဖိုးဖြတ်လုပ်ငန်း ၀န်ဆောင်မှုငန်းများ လျင်မြန်လွယ်ကူလာစေရန်..(လောလောဆယ်တော့ မြန်မာနိုင်ငံဟာ Ease of Doing Business 2016 ကမ္ဘာ့ ၁၈၀ နိုင်ငံမှာ အဆင့် ၁၈၀ ဖြစ်နေပါတယ်)။
.
SME Development ညွန်ချုပ် ဒေါ်အေးအေးဝင်း အင်တာဗျူး နဲု့အသေးစားအလတ်စားစက်မှုဖွံ့ဖြိုးမှုဘဏ် CEO ကိုဇေယျာထွန်း၊ UMFCCI sme အဖွဲ့က ဦးအောင်သိန်း၊ မြန်မာ – ဂျပန်စင်တာ ဒေါက်တာမျိုးသက်၊ ဒေါ်အေးအေးသန့် ILO (SIYB)သင်တန်းဆရာမ တွေကို ဖတ်ကြည့်ပါတယ်။
ဧရာဝတီတိုင်းသင်တန်း Germany FNF ၂ရက် workshop သုံးသပ်ချက်တွေကို ဖေ့ဘုတ်မှာ ရေးပါဦးမယ်။ မကွေးတိုင်းက ဧ၇ာဝတီတိုင်းထက် အများကြီးသာပါတယ်။
.
ဧရာဝတီတိုင်းမှာ sme ဌာန ခရိုင်၅ခု + တိုင်းရုံးတစ်ခု .. ၀န်ထမ်းပေါင်း ၂၅+၁၀=၃၀လောက်ရှိပြီး လစာနဲ့စရိတ် တစ်နှစ် သိန်း၁၀၀၀ (S$100,000 ၁သိန်း) လောက်သုံးပါတယ်။ တစ်နိုင်ငံလုံးမှာတော့ ခရိုင်ရုံး ၅၀ နဲ့ တိုင်းရုံးတွေပေါင်းရင် ၀န်ထမ်း ၅၀၀ လောက်၊ လစာချည်းပဲ ၁ဘီလျံကျပ် S$1 million လောက်ရှိပါတယ်။ ဦးစီးဌာနရဲ့ ဘတ်ဂျတ်ကို ကြည့်မှ ဖြစ်ပါတယ်။ ဘတ်ဂျတ်တွေလဲ စာရင်းစစ်နည်း စာရင်းစစ်လုပ်ငန်းလုပ်သူတွေက ပိုသိမှာပါ။
.
ဧ၇ာဝတီတိုင်းမှာ sme မှတ်ပုံတင်ထားတာ 6000 ခြောက်ထောင်ရှိတာ ချေးငွေ သိန်းပေါင်း ၂၃၀၀၀ ကို sme ပေါင်း ၉၀ ရရှိပါတယ်။ အများစု sme တွေက CB ဘဏ်သတ်မှတ်ချက် ပိုင်ဆိုင်မှုအထောက်ထား (မြေစာရင်းဌာန) အခက်ခဲကြီးကြောင့်ဖြစ်ပါတယ်။ မြေစာရင်းဌာနကို ဗဟိုက ချုပ်ကိုင်ထားပြီး မြေပိုင်ဆိုင်မှု ဂရမ် ပုံစံ-၇၊ ၁၀၅ ရဖို့ သွေးအန်မလောက် ခက်နေပါတယ်။
.
ဧ၇ာဝတီတိုင်းမှာ ၀န်ကြီးဦးဝင်းဌေး 93 Mech ထင်တယ်၊ သူက ချင်းပြည်နယ်မှာ Germany FNF အားဖြင့် workshop လုပ်၊ report review, road map ရေးပြီး ပြည်ထောင်စုအစိုးရဆီ တင်ပြ၊ လုပ်ငန်း၃ခုအတွက် ဘတ်ဂျတ်တွေ၇ပြီး အကောင်ထည်ဖော်နေပါပြီ။ အဲဒီကတည်းက ဧရာဝတီတိုင်းမှာ လုပ်ဖိြုံ့ကိုးစားတာ ၅လအကြာ အလုပ်ရုံဆွေးနွေးပွဲ workshop စတင်းပါတယ်။ sme ၂၅၀ ခေါ်ထားတာ sme ၇၀ လောက်က လူ၁၄၀ လာတယ်။ ဒုတိယနေ့မှာ ၈၀ လောက်ပဲကျန်ပါတ်။ တက်သူများကလဲ ချေးငွေရရှိရေးပဲ စိတ်ဝင်စားကြပါတယ်။
.
အတိုချုပ်ရေးရရင် ဧရာဝတီတိုင်း sme workshop 2 days အတွက် ငွေအများကြီး ကုန်ကျမှာပါ။ ရန်ကုန် FNF GERMANY အဖွဲ့ ၁၀ဦးလောက်၊ ဧရာဝတီ sme အစိုးရဌာနက ၁၀ယောက်ကျော်၊ အစိုးရအဖွဲ့ ဧရာရွှေဝါခမ်းမကြီးမှာ မနက်၉း၀၀ ကနေ ညနေ ၅နာရီ ၂ရက် လဘက်ရည်၊ကိတ်မုန့် cafe cafe နဲ့ ထမင်းဟင်း ပုဇွန် ကြက်သား ငပိကြော် အစိမ်းကြော်များနဲ့ အခမဲ့ ကြွေးမွေးပါတယ်။
.
.
မကွေးတိုင်း SME သုံးသပ်ချက်တခုက
ဌာနဆိုင်ရာတွေနဲ့ ထိတွေ့ရသလို အသင်းအဖွဲ့တွေနဲ့လည်း ထိတွေ့ဖို့လိုပါတယ်။ ဒီနေ့ခေတ်မှာ GIZ ၊ UNIDO နဲ့ JICA တို့လို နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း SME တွေကို တအားအားပေးချင်ကြပါတယ်။ သူတို့က SMEတွေရှိတဲ့နေရာတွေအထိ ဆင်းပြီးတော့ သင်တန်းတွေ ဖွင့်ပါတယ်။ ပညာပေးဟောပြောတာတွေ လုပ်ပါတယ်။ SME လုပ်ငန်းရှင်တွေအနေနဲ့ကလည်း ခေတ်နဲ့အမီလိုက်နိုင်ဖို့၊ နောက်ကျမကျန်ခဲ့ဖို့၊ ယှဉ်ပြိုင်နိုင်စွမ်းအားတွေ မြင့်လာဖို့
အဲဒီသင်တန်းတွေ၊ ဟောပြောပွဲတွေကို စုံစမ်းပြီးတော့တက်ရောက်ဖို့ လိုအပ်ပါတယ်။
.
.
.
ချေးငွေ
SME ဘဏ် (SMIDB) ကို နိုင်ငံတကာချေးငွေတွေ ၀င်ပါတယ်။ SMIDB ဘဏ်က အစိုးရ SME ဌာနနဲ့စီမံဘဏ္ဍာ အစရှိတဲ့ အစိုးရက share ထည့်ပြီး စတင်မတည်ခဲ့ပေမဲ့ အခုတော့ ပုဂ္ဂလိကဘဏ် ဖြစ်နေပြီး Chairစman ကလည်း အစိုးရမဟုတ်တော့ပါဘူး။ ၂၀၁၅ မှာ CB Bank နဲ့ ဘဏ်၅ခုကို ရွေးချယ်ပြီး ကုမဏီတွေကို ချေးငွေထုတ်ပေးစေပါတယ်။ Credit Gurantee Insurance System နဲ့ချေးပါတယ်။
.
မြန်မာ – ဂျပန်စင်တာ (လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဗဟိုဌာန) ဒေါက်တာမျိုးသက် ဒါရိုက်တာ ... ပြောပြချက်ကတော့ ၂၀၁၆ ခုနှစ်က ကျပ်ဘီလီယံခြောက်ဆယ်ဝန်းကျင် ပေးလိုက်ပြီးပါပြီ။ အစိုးရကိုပေးတာဖြစ်ပြီး အသေးစားအလတ်စားလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးဘဏ်ကနေ စီမံခန့်ခွဲမှုနဲ့ တစ်ဆင့်ပြန်ချေးပေးပါတယ်။ ဂျပန်က အခုတစ်ခါစနစ်တကျနဲ့ Credit Guarantee Insurance ဆိုပြီး အပေါင်ပစ္စည်းမဲ့အာမခံစနစ်နဲ့ချေးဖို့အတွက် လုပ်ခဲ့ပါတယ်။
.
Two Steps Loan (နှစ်ဆင့်ချေးငေ)ွ ကို SME တွေအတွက် ချေးပေးဖို့ လိုအပ်ာတဲ့နည်းပညာပိုင်းဆိုင်ရာ သင်တန်းတွေကို ဒီမှာစတင်ပေးနေပြီ။ UMFCCI ရဲ့ Training ကဏ္ဍမှာလည်း Basiness Consultancy Service Provider ဆိုပြီးတော့ SME တွေကို လိုတဲ့အကူအညီတွေကို ကူညီထောက်ပံ့ပေးမယ့်သင်တန်းကို UMFCCI မှာ ပထမဆုံး သင်တန်းစပေးပြီးသွားပြီး လူ ၂၆ ယောက်သင်တန်းဆင်းသွားပါပြီ။ SME တွေကို ငွေချေးတာတွေ၊ SME တွေလို
၂၀၁၆ ခုနှစ်က ကျပ်ဘီလီယံခြောက်ဆယ်ဝန်းကျင် ပေးလိုက်ပြီးပါပြီ။ အစိုးရကို
ပေးတာဖြစ်ပြီး အသေးစားအလတ်စားလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးဘဏ်ကနေ စီမံခန့်ခွဲမှုနဲ့ တစ်ဆင့်ပြန်ချေးပေးပါတယ်။ ဂျပန်က အခုတစ်ခါစနစ်တကျနဲ့ Credit Guarantee Insurance ဆိုပြီး အပေါင်ပစ္စည်းမဲ့အာမခံစနစ်နဲ့ေ ချးဖို့အတွက် လုပ်ခဲ့ပါတယ်။
Two Steps Loan (နှစ်ဆင့်ချေးငေ)ွ ကို SME တွေအတွက် ချေးပေးဖို့ လိုအပ်တဲ့နည်းပညာပိုင်းဆိုင်ရာ သင်တန်းတွေကို ဒီမှာစတင်ပေးနေပြီ။ UMFCCI ရဲ့ Training ကဏ္ဍမှာလည်း Basiness Consultancy Service Provider ဆိုပြီးတော့ SME တွေကို လိုတဲ့အကူအညီတွေကို ကူညီထောက်ပံ့ပေးမယ့်သင်တန်းကို UMFCCI မှာ ပထမဆုံး သင်တန်းစပေးပြီးသွားပြီး လူ ၂၆ ယောက်သင်တန်းဆင်းသွားပါပြီ။ SME တွေကို ငွေချေးတာတွေ၊ SME တွေလို
အပ်တဲ့ နည်းပညာတွေ၊ SME တွေကို ဈေးကွက်ရှာပေးတာတွေ အကုန်လုံးကူညီပြီးလုပ်ပေးနိုင်တဲ့ ကျွမ်းကျင် လုပ်သား တွေ မွေးထုတ်ပေးတာမျိုးပါ။
အဲဒါတွေအပြင် အပေါင်မပါဘဲ ငွေချေးဖို့နည်းပညာတွေ၊ Business Plan ရေးဆွဲတာတွေကို ကူညီပေးသွားမှာပါ။ လက်ရှိလည်း စပြီးလုပ်နေပြီးတော့ ၂၀၁၈ ခုနှစ်မှာတော့ အပြည့်အ၀အကောင်အထည်ဖော် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒါအပြင် MJC က SME Networking Course အနေနဲ့ ဂျပန်နိုင်ငံက Nobeoka မြို့နဲ့ မန္တလေးမြို့တို့ကို ချိတ်ဆက်ပေးပြီး အဲဒီက စီးပွားရေးသမားတွေ အပြန်အလှန်ချိတ်ဆက်လုပ်နေကြပြီ။ မကြာခင် မုံရွာနဲ့ ဂျပန်က နောက်မြို့တစ်ခု နဲ့လည်း ထပ်ချိတ်ပေးဖို့ လုပ်နေပါပြီ။
.
၂၀၁၈ ခုနှစ်မှာ ထူးထူးခြားခြားစပြီးတော့ SME တွေအတွက် ကူညီပေးမှာပါ။ အခုဆိုနိုင်ငံတော်ကလည်း ဘာကိုအားပေးနေလဲဆိုတော့ အသေးစားအလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး SME Development အတွက်Special သင်တန်းတွေလုပ်မယ်။ အထူးသဖြင့်တော့ SME တွေအတွက် အရေးကြီးဆုံးလိုနေတဲ့ ဘဏ်ချေးငွေနဲ့ပတ်သက်လို့ သင်တန်းတွေ လုပ်ပေးသွားမှာပါ။
.
အပေါင်မပါဘဲနဲ့ချေးမှာဆိုတော့ နံပါတ်တစ်က စာရင်းဇယားတွေ စနစ်တကျလုပ်တတ်ဖို့၊ ၀င်ငွေထွက်ငွေဘယ်လောက် ရှိလဲ၊ တစ်နှစ်မှာအမြတ်ဘယ်လောက်ရှိလဲ စတာတွေပေါ်မှာ Financial Statement ကိုဆွဲဖို့စနစ်စတာတွေ Budget Plan ၊ Business Plan စတာတွေအတွက်လည်း သင်ပေးပါမယ်။ အဲဒါက Two-step loanဆိုတဲ့ ဂျပန်အစိုးရဘဏ်ကနေ မြန်မာအစိုးရဘဏ်ကိုပေးတယ်၊ ပြီးတော့မှ မြန်မာအစိုးရဘဏ်ကမှ ပုဂ္ဂိလ်က ဘဏ်ကို
ပေးတဲ့ချေးငွေကိုရဖို့အတွက် လျှောက်တဲ့ကုမ္ပဏီတွေကိုပေးမယ့် သင်တန်းတွေပါ။
ဂျပန်နိုင်ငံက Japan International Corporation Agency (JICA) ၊ Small & Medium Enterprises Regional Support of Japan (SMRJ) စတာတွေနဲ့ Banking နဲ့ ပတ် သက်တဲ့ ကျွမ်းကျင်သူတွေ ပါဝင်သင်ကြားပေးပါမယ်။
.
ဒါတွေကို MJC က ဆောင်ရွက်ပေးပြီး အဲဒီအတွက် လိုအပ်တဲ့ငွေကြေးကို JICA ထောက်ပံပေးပါတယ်။ ကျွန်တော်တို့က ဒီကပေါ်လစီချပေးတာပါ။
.
SME လုပ်ငန်းရှင်တွေအပေါ် အကြံပေးချက် . . .
အခု SME စီးပွားရေးအခြေအနေတွေက တော်တော်မကောင်းပါဘူး။ မကြာခင် AEC ၀င်လာပြီဆိုရင် မယှဉ်ပြိုင်နိုင်ဘဲပြိုလဲနိုင်ပါတယ်။ လက်ရှိအခြေအနေမှာတင် ၃၀ ရာခိုင်နှုန်းလောက်က ပြိုလဲကုန်ပြီလို့ ထင်ပါတယ်။ တချို့တောင့်ခံနိုင်တဲ့သူတွေလောက်ပဲ ကျန်ပါတယ်။ အခက်အခဲတွေကတော့ တချို့ကငွေလိုနေတယ်၊ တချို့က ငွေလေးအသင့်အသင့်တော့ ထိန်းနိုင်တယ် Technology မရှိဘူး၊ တချို့ကလည်း Market မရှိဘူး။ အဲဒီတော့ SME လုပ်ငန်းတွေ
အောင်မြင်ဖို့အတွက်ဆိုတာ Access to Finance အရင်းအနှီး၊ Access to Management စနစ်ကောင်း၊ Access to Market ဈေးကွက်၊ Access to Technology နည်းပညာ၊ လူသားအရင်းအမြစ် ဒီငါးခုက အရေးကြီးပါတယ်။
အဲဒီအချက်တွေ အားလုံးနီးပါး မြန်မာပြည်က အကုန်လိုနေတာတွေ့ရပါတယ်။
.
.
SME Association ပေါ်ပေါက်လာဖို့ ပြင်ဆင်ဆောင်ရွက်နေမှုတွေ . . .
၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်က UMFCCI မှာ ကျင်းပပြုလုပ်ခဲ့တဲ့ SMEs Development Strategy "Issues & Solutions" Forum မှာ တက်ရောက်ဆွေးနွေးခဲ့တဲ့ SME လုပ်ငန်းအများစုက SME လုပ်ငန်းတွေကို တစ်စုတစ်ဝေးတည်းစုစည်းနိုင်ဖို့ SME Association တစ်ရပ် ဖွဲ့စည်းဖို့လိုအပ်တယ်လို့ အားလုံးက တစ်ပြေးညီသုံးသပ်ခဲ့ကြပါတယ်။
.
End....
.
.
ပုံများ
၁။ FNF ရန်ကုန်မှလာရောက်သူများနဲ့ SME ဌာနမှ အစိုားရ၀န်ထမ်းအချို့...ဗမာဘာသာပြန်သူ၊ အဒမ် ဟာ သြစတြေးလျားနိုင်ငံသား ဖြစ်ပြီး ဗီယက်နမ်မှာ အခြေစိုက်ပါတယ်။ သူရဲ့ ကိုယ်ပိုင်လုပ်ငန်း မြန်မာပြည်မှာလဲ ရုံးခွဲဖွင့်ထားပါတယ်။ FNF မြန်မာအကြီးကဲ Ms. Katharina လာရောက် ပြောသွားပါတယ်။
.
၂။ FNF ရန်ကုန်မှလာရောက်သူများနဲ့ SME ဌာနမှ အစိုးရ၀န်ထမ်းအချို့...။ FNF အဖွဲ့က တကယ်ကြွမ်းကျင်သူ မြန်မာပြည်မှာ မရှိပေမဲ့ Mr. Adam ကို ငှားရမ်းသင်စေပါတယ်။ ဒိထက်ကောင်းသူကတော့ မြန်မာအချင်းချင်း သင်တန်းတွေ မြို့နယ်အဆင့်ထိ လိုက်လုပ်ဖို့ပါ။ ပိုပြီးအရေးကြီးတာတော့ ချေးငွေအတွက် မြေစာရင်းဌာနမှ တစ်နေတာကို ဖြေရှင်းပေးဖို့ပါ။
.
၃။ ဧရာရွှေဝါ အစိုးရခမ်းမ နဲ့ တက်ရောက်သူများ။
လျှပ်စစ်စက်မှုဆက်သွယ်ရေး ၀န်ကြီး ဦးဝင်းဌေး
နေပြည်တော်မှ ဒုညွန်ချုပ် ဒေါ်အိရွှေစင်ထွန်း (Dr. Ei Shwesin Htun)
.
၎။ SME အဓိပါယ်သတ်မှတ်ချက် မြန်မာ၊ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်..
.
၅။ SMIDB နဲ့ ချေးငွေလုပ်ပိုင်ခွင့်ရထားသော ဘဏ်များ၊ နိုင်ငံတကာမှ အတိုးနှုန်း ၁်% ပင်မရှိ၊ နှစ်ရှည် မြန်မာအစိုးရကို ချေးပေးသော်လည်း ပုဂ္ဂလိကဘဏ်များသို့ ရောက်သောအခါ သူတို့က ၁၃% အတိုးဖြင့် တစ်နှစ်တည်း ချေးပေးခြင်းသည် ငွေဖောင်းပွနှုန်း inflation 10% ကြောင့်ဖြစ်နေသည်။ အားနည်းချက်များ အားလုံးမှာ System Error ဖြစ်ပါသတည်း။
.
SME WORKSHOPျမှတ်တမ်း (U Zaw Aung)
၎.ဒီဇင်ဘာ.၂၀၁၇



SME Workshop in Irrawaddy Gov
ဂျာမဏီနိုင်ငံအခြေစိုက် ကုမဏီက ချင်းပြည်နယ်၊ မကွေးတိုင်းမှာ အလုပ်ရုံဆွေးနွေးပွဲလုပ်ပြီးသွားပါပြီ။ အခု အဲဒီ အချက်လက်များနဲ့ မစ္စတာ အဒမ် ဆိုသူနဲ့ ရန်ကုန်အဖွဲ့လာကြပါတယ်။ ၂ရက်အချိန်ကာလမှာ ဧ၇ာဝတီတိုင်း လိုအရပ်ချက်များကို ရယူ၊ အစီရင်ခံစာ တလအကြာ တင်ပြပေးပါမယ်။ ချေးငွေ ရလိုခြင်းကိုပဲ လုပ်ငန်းရှင် ၁၄၀ က အဓိကလိုချင်ကြပါတယ်။ အမှန်တကယ်တော့ Ease Of Doing Business in Irrawaddy ဖြစ်အောင် ကြိုးစားခြင်းဖြစ်ပါတယ်။
.
ဂျာမဏီနိုင်ငံမှ မြန်မာနိုင်ငံ ဧရာဝတီတိုင်း SME (small and median enterprise) Development Strategy Workshop အတွက် ၂ရက် ဖိတ်ကြားလွှာ။ ဘယ် အက်စ်အမ်အီး လူ၁၄၀ လာအချိန်ပေးနိုင်ကြပါတယ်။ မြန်မာနိုင်ငံရဲ့ အက်အမ်အီး အဓိပါယ်ဖွင့်ချက် သိန်း၅ရာ ဝန်ထမ်း၁၀-၂၀၀ ဆိုတာ မပြောင်းသေးပါ။ နိုင်ငံတကာမှာတော့ အလုပ်သမား၁၀ယောက်အောက်ကို small အငယ်စားလုပ်ငန်း လို့သတ်မှတ် ငွေချေး ပံ့ပိုးပေမဲ့ မြန်မာနိုင်ငံမှာတော့ ၃နှစ်လုပ်ငန်း အခွန်ဆောင်မှု၊ ပိုင်ဆိုင်မှု အဆောက်ဦ မြေဂရံတွေ ပြနိုင်သူတွေပဲ ချေးငွေရပါတယ်။ ဒါကတော့ ဖွံ့ဖြိုးဆဲ နိုင်ငံတိုင်းလို ဖြစ်နေကြပါ။
.
စီမံဘဏ္ဍာ ဒုဝန်ကြီး (ယခင် သီလ၀ါစက်မှုဇုံ) ဦးဆက်အောင်မှ
လွှတ်တော်မှာ ရသုံးမှန်းခြေငွေစာရင်း nov.2017 ရှင်းလင်းပြရာမှာ SME အကြောင်း ဗီယက်နမ်နဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများကို လေ့လာရာမှ ချေးငွေရရှိရေးဦးတည်ပြီ လုပ်ကြကြောင်း။ ငွေပြန်ရဖို့ သေချာအောင် အခြေကျနေတဲ့ ချမ်းသာတဲ့ကုမဏီကြီးများကိုပဲ ချေးပေးလေ့ရှိကြောင်း၊ ပြည်ပက အစိုးရဘဏ်ကို အတိုးနှုန်းသက်သာစွာ ချေးပေးပြီ၊ အစိုးရဘဏ်က ပုဂလိကဘဏ်များကို ထပ်ချေးပေးကြောင်း၊ အဲဒီမှာ risk နည်းအောင် ငွေကြေးခိုင်မာတဲ့ လုပ်ငန်းများကိုပဲ ချေးလေ့ရှိကြောင်း။ SME ချေးငွေ ငွေရရှိရေးထက် .ငွေကိုဘယ်လိုသုံးမလဲ ဆိုတာ ပိုပြီးအရေးကြီးပါတယ်။ လုပ်သားအရည်သွေး၊ ကုန်ထုတ်လုပ်ရေး စတဲ့ ရည်ရွယ်ချက်ုများ နဲ့ နောက်ဆုံးပိတ် ဈေးကွက်ရရှိရေးကို ဒေသအစိုးရ၊ ပြည်ထောင်စုအစိုးရအထိ ကူညီထောက်ပံ့ဖို့ နည်းပညာပံ့ပိုးဖို့ ရှိကြောင်း ပြောသွားပါတယ်။ nov 2017.
ဒီ အလုပ်ရုံဆွေးနွေးမှုကနေ ဒေသလိုအပ်ချက်ကိုဖော်ထုတ်ပြီး ပေါ်လစီရေးဆွဲမယ်။ ပြည်ထောင်စုအစိုးရထံ တင်ပြပြီး စနစ်တကျ ဘတ် ဂျတ်တောင်းခံ စနစ်တကျ လုပ်ငန်းဖော်ဆောင်မဲ့ ရေရှည် SME စီမံကိန်းအစ ဖြစ်ပါတယ်။ နိုင်ငံတိုင်းမှာ SME ကုန်ထုတ်လုပ်မှုက နိုင်ငံ GDP ရဲ့ ၈၀-၉၀% အထိဖြစ်ပါတယ်။
.
SME အရေအတွက် အချက်အလက်စုဆောင်းဖို့ APP လုပ်ပေးနိုင်သူများ ကုန်ကျစရိတ်နှင့်အချိန်ကာလ အတွက် ဆက်သွယ်ရန် (မက်ဆေ့ဘောက်စ် ချက်ဘောက်စ် ဗိုင်ဘာ).
TSP Technical Service Provider နည်းပညာပံ့ပိုးရေးလုပ်ငန်း ..
09976922584



Credit: Facebook link
https://www.facebook.com/myanmarjobstudent/posts/10155355617263472

Monday, November 27, 2017

ရိက္ခာနဲ့ သိက္ခာလဲတဲ့ အင်ဂျင်နီယာများ ခိုးမှ ထမင်းစားရမှာလား


Aung Kyaw SanFollow
ရိက္ခာနဲ့ သိက္ခာလဲတဲ့ အင်ဂျင်နီယာများ
ခိုးမှ ထမင်းစားရမှာလား
Crd. .M Swe Fone
ရင်နာစရာတော့ကောင်းပါတယ်။
အင်္ဂျင်နီယာပညာတွေသင်၊ အင်္ဂျင်နီယာအလုပ်လုပ်တဲ့သူတွေကို သူခိုးတွေလို့ပြောကြတယ်။ ဘယ်အင်္ဂျင်နီယာက ခိုးချင်ပါ့မလဲ။ ခိုးချင်တဲ့သူလည်း ရှိချင်ရှိမှာပေါ့လေ။
ဒါပေမယ့် ဒီလောက်ပညာတွေသင်လာပြီးမှ ခိုးမှ စားရမယ်ဆိုတာကိုတော့ အများစုကဘဝင်ကျနိုင်မည်မဟုတ်ပါ။ ဒါဆို မခိုးကြဘူးလား။ ဟုတ်ကဲ့ ခိုးပါတယ်။ ကျွန်တော်လည်း အစိုးရအင်ဂျင်နီယာဝန်ထမ်းဘဝနဲ့
ဆယ်နှစ်ကျော် ခိုးပြီး မိသားစုကို ကျွေးမွေးခဲ့ရပါတယ်။ မိသားစုကို ကျွေးမွေးဖို့လောက်ဆို အင်ဂျင်နီယာတွေ ခိုးဖို့လိုမည်မထင်ပါ။ ကိုယ့်မိသားစု မဟုတ်တဲ့ သူတွေအတွက်ပါ ခိုးပြီး ကျွေးရ၊ ပေးရလို့၊ မင်းတို့လည်းခိုး၊ ငါတို့ကိုလည်း percentage ပေးဆိုတဲ့ လူတန်းစားတစ်ရပ် ဖန်​တီးဖြစ်ပေါ်လာတဲ့အတွက် ကျွန်တော်တို့ အင်ဂျင်နီယာတွေ သူခိုးဘဝကို ရောက်ကြပါတော့တယ်။
Yellow Book လို့ခေါ်တဲ့ Analysis of Rates မှာ လုပ်ငန်း items အလိုက် materials ကို Wastage ရာခိုင်းနှုံးက material အပေါ်မူတည်ပြီး 5% ကနေ 50% အထိ ခွင့်ပြုထားပါတယ်။ ပစ္စည်းအလေအလွင့်မရှိအောင် လုပ်တတ်ရင် ကိုယ်တွက်ကျန်ပြီးသာပါ။ ဝယ်တဲ့ဆိုင်က ဖောက်သည်ဖြစ်အောင် commission ပေးတာလည်း ရှိပါတယ်။
ဟုတ်ပြီ။ ဒါဆို ဘာဖြစ်လို့ခိုးတာလဲ။ ဒီနေရာမှာ ဘာကို ဘယ်လိုခိုးသလဲဆိုတာ ရှင်းပြပါမယ်။
(၁) Quality အပေါ်မှ ခိုးခြင်း
လုပ်ငန်းတစ်ခုဆောင်ရွက်ဖို့ drawings နဲ့ estimate တွေ ရှိရပါတယ်။ details drawing ကိုဖတ်ပြီး estimate ဆွဲရပါတယ်။ ဥပမာ brick work ဆိုပါစို့။ details drawing မှာ 1:3 cement mortar နဲ့ပြထားပြီး estimate ကလည်း 1:3 cement mortar နဲ့ materials ထုတ်တယ်။ field မှာလုပ်တော့ composite mortar သုံးတယ်။ သို့မဟုတ် 1:5 cement mortar ကိုသုံးတယ်ဆိုရင် cement ရဲ့ quantity လျှော့သုံးလိုက်တဲ့အတွက် quality အပေါ်မှ ခိုးခြင်းဘဲဖြစ်ပါတယ်။
(၂) Substituted ခိုးခြင်း
ဒါကတော့ ပစ္စည်းတစ်ခုကို တန်ဘိုးနည်း အမျိုးအစားတူပစ္စည်းဖြင့် အစားထိုး ထည့်သုံးခြင်းဘဲဖြစ်ပါတယ်။ ဥပမာ estimate မှာ cement ကို တံဆိပ်တွေ၊ made တွေ ရေးမထားဘူး။ ဒါပေမယ့် price ကတော့ Thai brand နဲ့ cost ပြထားတယ်။ တကယ်သုံးတော့ China made နဲ့ တွယ်လိုက်တယ်ဆိုရင် ဒါ ခိုးတာဘဲပေါ့။ တစ်ချို့ဆို hardwood အစား Inn
နဲ့တောင် ထည့်သုံးခဲ့ကြတယ်။ ဒီမှာက Thai ရယ်၊ China ရယ် Local ရယ်ဆိုပြီး လွတ်လပ်စွာ ဝယ်ယူအသုံးချခွင့် ရှိတော့ ပက်ပက်စက်စက်ကို လုပ်နေကြတာ။ အရင်ခေတ်တွေက ပိုဆိုးပေါ့။
(၃) Measurement ကို ခိုးခြင်း
အများအားဖြင့်တော့ အလွယ်တကူမြင်တွေ့လို့မရတဲ့ Foundation အပိုင်းတွေမှာ ခိုးတာများပါတယ်။ depth ကို လျှော့တူးတာ၊ Retaining wall တွေမှာ steps တွေ မထည့်တာတွေပေါ့။ Roads တွေမှာ လမ်းခင်းကျောက်ထု မပြည့်တာ၊ လမ်းအကျယ်တွေ လျော့တာတွေလည်း ဒီခိုးနည်းမှာ ပါတာပေါ့။
(၄) အပျောက်ရိုက်ခိုးခြင်း
ဒီခိုနည်းကို ဥပမာပေးဖို့ တော်တော်စဉ်းစားရတယ်။ ဘယ်မှာတွေ့လည်းဆိုတော့ ​လွန်ခဲ့တဲ့ ၂လလောက်က fb မှာ ကျောင်းဆောက်တာနဲ့ ပတ်သက်ပြီး tender အောင်လို့ လုပ်ခွင့်ရတဲ့ ကုမ္ပဏီက စာသင်ကျောင်းဆောက်ရာမှာ 9"x9" R.C.C plinth beam ထည့်ရမှာကို သံချောင်းမထည့်ဘဲ ထု 6" လောက်နဲ့ concrete လောင်းထားတယ်။ "ခိုးချင်တာလည်း ပြာလို့၊ အ,လိုက်တာလည်းချာလို့" ပြောရမလိုဖြစ်နေပြီ။ တကယ်ဆို သံချောင်းမထည့်မှတော့ 2" ထုနဲ့ D.P.C
ဘဲ လောင်းလိုက်ပေါ့။ သိတဲ့သူက စစ်လို့ပေါ်တော့ ရှက်စရာဖြစ်ရော။ 2" ထု D.P.C လောင်းထားလို့ စစ်တဲ့သူလာရင် အင်ဂျင်နီယာကို လွှဲချလို့ရတာပေါ့။
ကုမ္ပဏီပိုင်ရှင်တွေအတွက် အင်ဂျင်နီယာတွေရဲ့ အသုံးဝင်ပုံ တစ်ခုပေါ့။ ဒီနည်းကတော့ ခပ်တည်တည်နဲ့ သုံးရမယ့်ပစ္စည်းကို လုံးဝထည့်မသုံးလို့ အပျောက်ရိုက်ခိုးခြင်းမည်ကြောင်း ဂဏှာဟိ မှတ်လေလော့။
(၅) Rate ကို ခိုခြင်း
ဒီခိုးနည်းကိုတော့ Local Rate ဆိုတဲ့ ဒေသပေါက်ဈေးနှုန်းအပေါ်မှီပြီး ခိုးတာပါ။ လက်တွေ့သိချင်ရင်တော့ မိမိတို့မြို့က အတည်ပြု ထုတ်ပေးထားတဲ့ ဒေသပေါက်ဈေးနှုန်းစာအုပ်ထဲက
ဆောက်လုပ်ရေးပစ္စည်းဈေးနှုန်းတွေနဲ့ အပြင် ကုန်မာဆိုင်တွေက ရောင်းတဲ့ ဈေးနှုန်းတွေကို သုတေသနလုပ်ကြည့်ကြပါ။ ဘယ်မြို့မှာမဆိုပေါ့။
ဒီလောက်ဆို ပြည့်စုံသလောက်ရှိပါပြီ။ ဒါကိုဖတ်ပြီး ကုမ္ပဏီတွေနဲ့ တစ်ချို့ အင်ဂျင်နီယာတွေက အကျွန်ုပ်ကို မေတ္တာတွေ ပို့ကြရော့မယ်။ ကိစ္စမရှိပါဘူး။ ဆဲချင်လည်း ဆဲလို့ရပါတယ်။ ကျွန်တော် အထက်မှာပြောခဲ့သလိုဘဲ။ အင်ဂျင်နီယာပညာဆိုတာ လူတိုင်းသင်ယူခွင့် မရကြပါဘူး။ နောက်ပြီး အင်ဂျင်နီယာဖြစ်ရတာလည်း ဂုဏ်ယူစရာတစ်ခုပါ။
ဒါပေမယ့် ခိုးစားရတယ်ဆိုတာကတော့ ပညာတတ်တွေရဲ့ အလုပ်မဟုတ်သလို ဂုဏ်ယူစရာနဲ့လည်း လုံးဝ ဆန့်ကျင်ဖက်ကြီးပါ။
ခိုးတယ်ဆိုမှတော့ အဒိန္နဒါနကံ မြောက်နေပါပြီ။
ဒါကို မသိလို့လုပ်နေတာလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ သိသိကြီးနဲ့ လုပ်နေကြတာပါ။ ဘာသာတရားနဲ့ပြောရင်လည်း ဗုဒ္ဓဘာသာနိုင်ငံဖြစ်ပြီး အခြေခံ ၅ ပါးသီလမှ လုံခြုံအောင် မစောင့်ထိန်းနိုင်တဲ့လူမျိုးတွေပါလားဆိုပြီး ရှက်ဖို့လည်း ကောင်းပါတယ်။ နောက်ပြီး နိုင်ငံတစ်ခုကို တိုးတက်အောင် တည်ဆောက်ရာမှာ စာရိတ္တမဏ္ဍိုင် မခိုင်ဘဲနဲ့ တည်ဆောက်လို့မရပါ။ လူမျိုးတစ်မျိုးရဲ့ စာရိတ္တမဏ္ဍိုင်ဟာ အဆောက်အဦတစ်ခုရဲ့ အုတ်မြစ် Foundation ပါ။ အားလုံးရဲ့အကြံဥာဏ်တွေနဲ့ စုပေါင်းပြီး လက်ရှိ ဖြစ်ပျက်နေတာတွေကို ပြုပြင်ဖို့ လိုနေပါပြီ။
ဒီလိုပြောတော့ မင်းက ဝန်ထမ်းကထွက်ပြီး သောက်ကြီးသောက်ကျယ်ပြောတယ် ထင်ချင် ထင်ကြမယ်။ ကြိုက်သလို ထင်နိုင်ပါတယ်။ ကျွန်တော် ဝန်ထမ်းဘဝကတင် ထွက်ခဲ့တာမဟုတ်ပါ။ နောက်ဘဝတွေမှာ သီလမလုံလို့၊ အဒိန္နဒါနကံကြောင့် ဖြစ်မယ့်၊ ခံရမယ့် အပါယ်​​ဘုံဘဝတွေကနေကို လွတ်ဖို့ဆိုပြီး တတ်နိုင်သလောက် ရှောင်ထွက်ခြင်းပါ။ ကျွန်တော့်အဖိုးတွေနဲ့ ကျွန်တော့်အဖေဟာ ဘာသာရေးလိုက်စားသူတွေပါ။ ကျွန်တော် အလုပ်ထွက်စာတင်ပြီးတာနဲ့ ရွာက ကျွန်တော့်အဖေဆီ စာတစ်စောင်ရေးပို့ပါတယ်။
ကျွန်တော်အလုပ်ထွက်ရခြင်းကို ကျွန်တော့အဖေ နားလည်စေဖို့ပါ။ အဓိကအကြောင်းပြတာကတော့ ကျွန်တော် အင်ဂျင်နီယာလုပ်ပြီး ပြည်သူ့ဘဏ္ဍာကို မခိုးချင်တော့ကြောင်း၊ လုပ်တာတမျိုး၊ စာရင်းပြတော့တစ်မျိုးဆိုတော့ မုသာဝါဒကံပါ ချိုးဖောက်နေသလိုဖြစ်လို့ အလုပ်ထွက်လိုက်တာဖြစ်ပါကြောင်း၊ ဒီလိုမခိုး၊မလိမ်ညာဘဲ ဘဝကိုရပ်တည်လို့ရမယ်လို့ ယုံကြည်ကြောင်းတွေ ရေးလိုက်တာပါ။ အဖေလည်း ကျေနပ်မှာပါလေ။
2009 ခုနစ် ရန်ကုန်မှာ ကျွန်တော့်ကို Staad. Pro သင်ပေးတဲ့ ဆရာမလေးက သူ့အကြောင်းကို ပြောပြပါတယ်။ ကျနော့်ထက် အသက် ၁၀ နှစ်လောက် ငယ်ပါတယ်။ သူ့အဖိုး၊ သူ့အဖေလည်း အင်ဂျင်နီယာတွေဖြစ်ကြောင်း။ ဆည်မြောင်းနဲ့ ဆောက်လုပ်ရေးဌာနတွေမှာ ဝန်ထမ်းတွေ လုပ်ခဲ့ကြပြီး သူ့ကိုတော့ ဝန်ထမ်းမလုပ်ခိုင်းလို့ အခုလို ရန်ကုန်မှာလာပြီး အချိန်ပိုင်း သင်တန်းဆရာ
လုပ်နေကြောင်းပြောပါတယ်။ သူဘာကိုဆိုလိုတယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။ အဲဒီ 2009 က ကျွန်တော် ဝန်ထမ်းက ထွက်တဲ့နှစ်ပါ။ အခု ကျွန်တော် အပြင်က ပုဂ္ဂလိက အဆောက်အဦးတွေ လိုက်ဆောက်းပေးတယ်။ ကြိုက်ရောင်း၊ ကြိုက်ဝယ်ဘဲ။ ဘာမှ ခိုးစရာ၊ လိမ်စရာ မရှိတော့ဘူး။ ဘယ်သူ့မှ မပေးချင်ပေးချင်နဲ့ ပေးရတဲ့ percentage တွေလည်း မရှိဘူး။ ရှင်းတယ်။ ဘဝဆိုတာ အရှုပ်ထဲမှာ ရှင်းအောင်နေတတ်ရမယ်လို့ မဟာမြိုင်ဆရာတော် ရေးတဲ့ စာအုပ်မှာ ဖတ်ဖူးပါတယ်။
စာဖတ်ပေးသူအားလုံးကို ကျေးဇူးအထူးတင်ပါတယ်ဗျာ။ များများလည်း share ပေးကြပါ။ မျိုးဆက်သစ်တွေအတွက်ပေါ့။
အိပ်မက်လှလှလေးတွေ မက်ပါစေ။
Crd. .M Swe Fone
Credit # Sayar Kaung
Photo # Facebook