Monday, January 28, 2019

RSE, PE လက်မှတ်ရအင်ဂျင်နီယာနဲ့ မြန်မာအင်ဂျင်နီယာကောင်စီ


RSE, PE လက်မှတ်ရအင်ဂျင်နီယာနဲ့ မြန်မာအင်ဂျင်နီယာကောင်စီ ကျနော် စင်ကာပူမှာ အလုပ်လုပ်တုန်းက သက်ဆိုင်ရာကဏ္ဍတွေမှာ PE လက်မှတ်ရထားသူက Drawing Approve လုပ်ဖို့ လက်မှတ်ထိုး၊ တုံးထု ပြီး တရွက်ကို ဒေါ်လာဘယ်လောက ဆိုပြီး စာရွက်တိုင်းကို တုံးထုခ ယူပါတယ်။ သူမနှစ်သက်ရင် ပြန်ပြင်ဖို့ PDF file ကိုပဲ ကွန်ပြူတာနဲ့ မှတ်ချက်တွေရေး၊ ဟိုဆွဲသည်ဆွဲ လုပ်ပြီး အီးမေးနဲ့ ပြန်ပို့ပါတယ်။ ကျနော်တို့က ပြန်ပြင်ရပါတယ်။ .. PE က သူအတည်ပြု လက်မှတ်ထိုးလိုက်တဲ့ ဆောက်လုပ်ရေး လမ်းတံတား၊ အဆောက်အဦ၊ စက်မှု ဘွိုင်လာ၊ ဓါတ်လှေခါး၊ လျှပ်စစ် ထရန်စဖွန်မာ၊ ဂျင်နရေတာ၊ Fire System, SCADA system , Lighting System စတဲ့ Drawing ပုံဒီဇိုင်းများကို ဖတ်မှတ်ပြီး အတည်ပြုလက်မှတ် ထိုးရပါတယ်။
.
PE အတည်ပြုတဲ့အတိုင်း လုပ်ငန်းပိုင်ရှင်က တပ်ဆင်၊ ဆောက်လုပ်ရပါတယ်။ တခုခု မှားရင် P.E ဆီကို အဆုံးအဖြတ် Drawing ပြင်သင့်ရင် ပြင်၊ လက်မှတ် အသစ်ပြန်ထိုးရပြန်ပါတယ်။ လက်မှတ်ထိုးတိုင်း ငွေပေးရပါတယ်။
.
မြန်မာပြည်မှာတော့ P.E ဆိုတာ ဘာမှ ရေရာစွာ မလုပ်နိုင်သေးပါဘူး။ နိုင်ငံခြားက တတ်ကြွမ်းတဲ့ မြန်မာအင်ဂျင်နီယာများကို လည်း ထိုင်ခုံ ပြသနာကြောင့် အ၀င်မခံချင်ပါဘူး။
.
.
ဒါပေမဲ့
.
အလွန်ကြီးမားတဲ့ Offshore Projects, Shwe Gas Pipeline, Copper Mine, Power Plants, စတဲ့ အဆောက်အဦးကြီးများကိုတော့ နိုင်ငံခြားကုမဏီ ကြီးများကပဲ တာဝန်ခံ ဆောက်လုပ်တယ်။ P.E က Drawing စစ်ဆေးရင် ရူးသွားနိုင်တယ်။ အလားတူTelenor, Mytel, Ooredoo, Mpt စတဲ့ ဆက်သွယ်ရေး ကုမဏီကြီးများရဲ့ လုပ်ငန်း Drawing ပုံဒီဇိုင်းကို မြန်မာ P.E စစ်ဆေးလို့ မဖြစ်နိုင်ပါဘူး။ P.E Communication မရှိသေးပါဘူး။ P.E Electronic ကလဲ ဘာမှ မလုပ်နိုင်ပါဘူး
.
.
ဒီတော့

မြန်မာ P.E တွေ လက်ရှိ ဘာလုပ်နေသလဲ ဆိုတော့ AGTI အဆင့်မဟုတ်သူတောင် ဆောက်နိုင်တဲ့ ကျောင်း၊ ဆေးခန်း၊ လမ်း၊ တံတားလေးတွေကို လက်မှတ်လိုက်ထိုး နေရတတယ်။ စိတ်မကောင်းမဖြစ်ပါနဲ့။ စခါစ ဆိုတော့ ဒီလိုနဲ့ပဲ စရမှာ ဖြစ်ပါတယ်။
.
.
နောက်ဆုံး

ကျနော်တို့ P.E ရွေးချယ်ရေး အဖွဲ့က ကိုးရိုးကားယား၊ အင်ဂျင်နီယာကောင်စီ ဥပဒေနဲ့ ဘောင်ဝင်အောင် RSE, PE တွေကို ရွေးချယ်ရပါတော့တယ်။ ဒီတော့လည်း ပုဂိုလ်ခင်ရာပဲ ရွေးကြတယ်။ ပါမောက္ခတိုင်း ၊ ညွန်ချုပ်တိုင်း P.E အတင်းပေးလို့ တချို့ မလုပ်ချင်လို့ ရှောင်ပြေးနေကြတယ်။ ဘယ်လုပ်ချင်စရာ ကောင်းမလဲ။ တနေ့ ကျပ် တသောင်းပဲ ရပြီးတော့ လူတွေကို အရည်အချင်းစစ်နေရတာ၊ အရည်အချင်း ရှိသူတွေကလဲ ..စာမေးပွဲလာမဖြေဘူး။ P.E လက်မှတ်ထိုးပြီး အသက်မွေးမယ် ဆိုသူများပဲ RSE, PE လက်မှတ်တွေ ရအောင် ယူကြတယ်။ ရပြီးလည်း တကယ်လက်မှတ်ထိုးချိန် မှာ ၉၀% RSE, PE တွေက လက်မှတ်ထိုးခွင့် မရှိပါဘူး။
.
.ကိုတင့်လွင် ပို့အောက်မှာ ရေးထားတယ်
https://www.facebook.com/groups/173723859950012/permalink/300560250599705/
.

ကျနော့် ဝေါ မှာလဲ သက်မွေးပညာနဲ့မိုက်ကယ်ဖာရာဒေး အကြောင်း ရေးထားပါတယ်။ 
https://www.facebook.com/myanmarjobstudent/posts/10156307447078472
.
မြန်မာပြည် MEngC PE flow chart မှာတော့ AGTI လည်း PE ဖြေခွင့်ရှိပေမဲ့ တယောက်မှ မပေးသေးဘူး ဆိုပဲ..
. . .
သုံးသပ်ရရင်တော့
.
တလောက် အင်ဂျင်နီယာကောင်းစီ ၆၀ဦး ရွေးကောက်တော့ ဥပဒေအဟောင်းက သိပ်မစွံတော့ အသစ်ပြဌာန်းလိုက်တယ်။ ထုံးစံအတိုင်း ဆူညံနေကြတယ်။
.
နောက်တဖန် AGTI ဒီပလိုမာ သမားတွေက သူတို့ကို ခွဲခြားတယ် ပြောပြီး ဆူပူကြပြန်တယ်။
.
၂၀၁၆ တုန်းက လူလိမ်တင်ထွန်း ဆိုသူကို ၁၀တန်းမအောင်ပေမဲ့ (ကွယ်လွန်သူ) ၀ါရင့်အင်ဂျင်နီယာကြီး တစ်ဦးနဲ့ အဖွဲ့က P.E ပေးလိုက်တယ်။ နောက် အဲဒီလူလိမ် တင်ထွန်းက အာစီယံပီအီး၊ ကျနော်တို့ YTU (RIT) မှာ ဧည့်ပါမောခ ဖြစ်လာပြီး၊ စီမံကိန်းများစွာကို အခြေခံပညာမတတ်ပဲ လက်မှတ်ထိုး လိမ်စားနေတာ မိသွားပေမဲ့ အဲဒီလူလိမ်ကို အရေးမယူရဲဘူး။ လမ်မဲကြီးတွေ နောက်ကွယ်မှာ ရှိတယ် ပြောကြတယ်။
.
ဒါနဲ့ပဲ P.E ရထားသူတွေ အရည်အချင်းမရှိ၊ ၁၀တန်း ကျူရှင်ပဲ ပြစားနေတဲ့လူ၊ အသက်အလွန်ငယ်ရွယ်သူ စသဖြင့် PE လက်မှတ် ရထားတာတွေ ဆူညံလာတယ်။ P.E ရပြီးရင် နှစ်စဉ် စာတမ်းတစ်စောင်၊ စာအုပ်တစ်အုပ် စသဖြင့် ပြုစုရမယ် ဆိုတဲ့ လမ်းညွန်ချက် မရှိ။ P.E လက်မှတ်ကိုင်ပြီး အီလက်ထရွန်းနစ် တင်ဒါ ဆိုရင် Ec P.E လက်မှတ်ထိုးရမယ်၊ Civil, Road/Bridge တင်ဒါဆိုရင် P.E လက်မှတ်ထိုးရမယ်၊ စက်မှု P.E တော့ ဘာ တင်ဒါတွေ ထိုးသလဲ မသိရ။
. တကယ်တော့ Engineer Council က လူကြီးတွေခမြာ အကောင်းဆုံး လုပ်နေပေမဲ့ ယိုယွင်းနေတဲ့ စနစ်ဆိုးကြီးကြောင့် ဆူပူမှုဒဏ်ကို အလူးအလဲ ခံနေရပါတယ်။ အလွန် သနားစရာ ကောင်းတာကတော့ လစာလဲ မရပဲ မြန်မာပြည် အင်ဂျင်နီယာလောက ပညာရပ်ဆိုင်ရာ တိုးတက်အောင် လုပ်နေကြတဲ့ စီနီယာ ၀ါရင် အင်ဂျင်နီယာကြီးများ ဖြစ်ပါတယ်။ ဘာပဲ ဖြစ်ပါစေ၊ အင်ဂျင်နီယာများ စိတ်ထား ကောင်းကြမယ် ဆိုရင် မြန်မာနိုင်ငံ တိုးတက်မှု မြန်ဆန်မှာ ဖြစ်ပါတယ်။ . မြန်မာအင်ဂျင်နီယာကောင်စီ ပြုလုပ်တဲ့ သင်တန်းများ၊ ဆွေးနွေးပွဲများ၊ ဥပဒေများမှာ ကိုယ်ကျိုးစီးပွား ပါဝင်မှာတော့ မလွဲဧကန် ဖြစ်ပါတယ်။ မြန်မာအင်ဂျင်နီယာအသင်း၊ မြန်မာအင်ဂျင်နီယာကောင်စီ၊ အခု အရည်အသွေးစစ်ဆေးရေး စသဖြင့် မြန်မာပြည်မှာ ဖြစ်နေတဲ့အတိုင်း လူတစ်စု လက်ဝါးအုပ်ဖို့ ကြိုးစားနေကြတာ ခေတ်ကာလရဲ့ ပြယုတ်ဖြစ်ပါတယ်။ . ဒီ လူနဲ့မူ ပြသနာကတော့ ဆက်လက် ရှိနေဥိးမှာပဲ ဖြစ်ပါတယ်။ အမြင့်ဆုံးသော မြန်မာပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေ က အစ တပ်မတော်က ၂၅% နေရာယူထားသလို၊ အဖွဲ့အစည်း၊ အစိုးရဌာန အသီးသီးမျာလည်း အလားတူ ပဲ ဖြစ်ပါတယ်။ အခု သမ္မတဦးဝင်းမြင့် လက်ထက်မှာ တပ်မတော်နဲ့ အစိုးရ နားလည်မှု ရှိလာပြီး၊ အဂတိများ ( တနည်းပြောရရင် ..COI Conflict of Interest ကိုယ်ကျိုးစီးပွား) ကို စတင် အရေးယူနေချိန်မှာ.. အင်ဂျင်နီယာလောက ပညာရှင်များလည်း စိတ်နှလုံးကောင်းများ ထားနိုင်ကြပါစေ။ . ဇော်အောင် (M Zaw Aung) Website: http://www.myanmarengc.org/ Facebook: https://www.facebook.com/Myanmar-Engineering-Council-596849123795862/ Date: 28.1.2019

Thursday, January 24, 2019

ကျောင်းပြီးကတည်းက ဆယ်တန်းကျူရှင် ပြစားနေတဲ့သူမျိုးကို P.E ပေးနိုင်ပြီး..


ကျောင်းပြီးကတည်းက 
ဆယ်တန်းကျူရှင် ပြစားနေတဲ့သူမျိုးကို 
P.E ပေးနိုင်ပြီး..
ကျောင်းမပြီးခင်ကတည်းက လုပ်ငန်းခွင်ဝင်ကာ၊ 
အင်ယာလောကထဲ တစ်စိုက်မတ်မတ် လုပ်လာသူ ကျနော့်ကိုကျ 
P.E နဲ့ မထိုက်တန်သေးဘူး ဆိုတာ..

#နည်းနည်းတော့_ရင်နာတယ်၊

ဆယ်တန်းတောင် မအောင်တဲ့သူကို P.E ပေးနိုင်ခဲ့ပြီး...
ME ဆက်တက်ခွင့်ရပါလျက်နဲ့ မတက်ဖြစ်ခဲ့ဘဲ
လုပ်ငန်းခွင်မှာ နှစ် ၂၀ ကျော် စာတွေ့လက်တွေ့ ကြိုးစားခဲ့ရတဲ့ ကျနော့်ကျမှ
P.E interview ကျတယ်ဆိုတာ..

#နည်းနည်းတော့_ရင်နာတယ်၊

ဘာသာပြန် translation တွေလောက်နဲ့ သင်ကြားရေးဖက် ရောက်နေတဲ့ 
TU ကျောင်းအုပ်တွေကို P.E ခေါ်ပေးဖို့ ကြိုးစားခဲ့ကြပြီး...
လက်တွေ့လုပ်ငန်းခွင်မှာ textbook တွေ ဘာသာပြန်ပြ၊ လက်တွေ့ပါ လုပ်ပြပြီး တပည့်ပေါင်းများစွာ မွေးထုတ်ပေးနေတဲ့ ကျနော့်ကိုကျ 
P.E မပေးချင်သေးဘူး ဆိုတဲ့အပေါ်..

#နည်းနည်းတော့_ရင်နာတယ်၊

ရန်ကုန်မှာ နေနေတဲ့သူတွေကျ
အစ်ကိုကြီး ညီလေး နဲ့
အလွယ်တကူပဲ P.E ရနိုင်ကြပြီး...
ပြည်နယ်မှာ နေနေတဲ့ 
ကျနော်တို့လို တစ်ကောင်ကြွက်တွေအတွက်
P.E ရဖို့ ခက်နေရတဲ့ အပေါ်..

#နည်းနည်းတော့_ရင်နာတယ်၊

ပြည်နယ်တွေမှာ 
P.E တွေ ရှိကုန်ကြရင်...

P.E တွေ စုကာ
တောခို သူပုန်ထ
မိုင်းထောင် လူသတ် 
ဆက်ကြေးကောက်
မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကား
ကုန် ကြမှာကို
စိုးရိမ်နေလို့ များလား..
.
.
Facebook link
https://m.facebook.com/story.php?story_fbid=1994722327232223&id=100000834260595

စီးပွားရေးပေါ်လစီနဲ့မြစ်ဆုံအရေး


စီးပွားရေးပေါ်လစီနဲ့မြစ်ဆုံအရေး
 ဒေါ်အောင်ဆန်းစုကြည် အဖြေ (၂၀၁၅ အစိုးရမဖြစ်ခင် ပြောစကားကို သုံးသပ်ချင်လာပါတယ်။ ရေအားလျှပ်စစ် တခြားနေရာတွေမှာ ဆက် လုပ်စေ ချင်လို့ပါ။ ဒေါ်အေါင်ဆန်းစုကြည် ပြောတဲ့အတိုင်း  လုပ်လေ့ ရှိပေမဲ့..မြစ်ဆုံကိစ္စကို ဘေးကကြည့်ပြီး မကြေနပ်သူတွေ ပိုများလာပါတယ်)။
.........
မဲနှုက်ပြီး ရသောမေးခွန်းစာရွက် ကို ဖတ်ပါတယ်။
.
မေး...အမေစုတို့ စီးပွားရေးပေါ်လစီကို သိလိုပါတယ်။ အန်တီသမ္မတဖြစ်ရင် နိုင်ငံခြားရင်းနှီးမြှတ်နှံမှု FDI Foreign Direct Development တွေ ဝင်လာအောင် ဘယ်လိုလုပ်ရပါမလဲ။.. မြစ်ဆုံဆည် ရေအားလျှပ်စစ်အကြောင်းလဲ သိလိုပါတယ်။
.......
ဖြေ...ကျမတို့ စီးပွားရေး ပေါ်လစီနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် FDI ဝင်လာဖို့အတွက် ထိုင်ပြီးတော့ ရင်းနှီးမြှတ်နှံ မှုတွေ ဝင်လာဖို့ စောင့်နေတယ်လို့ သဘောရှိတယ်လို့ ကျမ မြင်ပါတယ်။ ကျမ အနေနဲ့ကတော့ အဲဒီလို သဘောရှိနေလို့တော့ မဖြစ်ဘူးလို့ မြင်ပါတယ်။(လက်ခုပ်.အားပေးသံများ)။ အဲဒီလို လုပ်လို့ မဖြစ်ဘူးလို့ ကျမ ထင်ပါတယ်။ စီးပွားရေး ကောင်အောင်လုပ်ဖို့ နိုင်ငံတော် စီမံကိန်းတွေ ရှိဖို့ လိုပါတယ်။ စီးပွားရေး စီမဲကိန်းတွေ ကလည်း ပွင့်လင်းမြင်သာ ရှိဖို့ လိုပါတယ်။
.
.
FDI ပြည်ပရင်းနှီးမှု
အဲဒီအချက်တွေကလည်း FDI ရရှိရေးနဲ့ ဆက်နွယ်နေပါတယ်။ FDI ရဖို့အတွက် ဘယ်လိုပြင်ဆင်ပါသလဲ ဆိုတော့ FDI ဥပဒေ ထွက်ပြီ။ ဒီ ဥပဒေ ထွက်ပြီ ဆိုတော့ ရင်းနှီးမြှုတ်နှံမှုတွေ စုပြုံပြီး ဝင်လာပါသလား ဆိုတော့ မျှော်မှန်းသလို ဝင်မလာပါဘူး။ အဲဒီလို ဝင်မလာတာကို ကျမ နိုင်ငံတကာ စီးပွား ပညာရှင်များနဲ့ ဆွေးနွေးပါတယ်။ သူတို့ရဲ့ ပြောတာ အကြားရဆုံး အဖြေကတော့ ၂ခု ပဲ တွေ့ရတယ်။
.
တခုကတော့ သူတို့ လုံခြုံမှု မရှိလို့ပေါ့နော်။  သူတို့ တရားဥပဒေစိုးမိုးရေး အပေါ် ယုံကြည်မှု မရှိလို့။ ဥပဒေတွေကတော့ ခုပြောတဲ့ FDI ဥပဒေ ကတော့ ရှိနေပါပြီ။ ဒါပေမဲ့ အဲဒီဥပဒေအတိုင်း လုပ်ပါ့မလား၊ အဲဒီ ဥပဒေ စိုးမိုးမှု ရှိနိုင်မလား ဆိုတဲ့ စိုးရိမ်မှုတွေ ရှိတယ်။ အဲဒါက တခုပေါ့နော်။
.
Infrastructure အခြေခံအဆောက်အဦ
နောက်တခုကတော့ အခြေ ခံ အဆောက်အဦ။ အင်ဖရာ စထရပ်ချာ Infrastructure ပေါ့နော်။ အဲဒါ အားနည်းတဲ့အတွက် တချို့ စီးပွားရေးကုမဏီကြီးတွေက သိပ်စိတ်မပါဘူး ဖြစ်သွားတယ်။ ဥပမာ တခု ပြောရရင် စက်ရုံကြီး သူတို့လုပ်ငန်းအတွက် ဆောက်မယ်ဆိုပါတော့။ ဒါပေမဲ့ စက်ရုံဆီကို လမ်းတွေလဲ ဆောက်ရမယ် ဆိုရင်တော့ စိတ်ပျက်သွားတယ်။ (ရယ်မောလျက်..ပရိတ်သတ်ရယ်သံများ)။ အဲဒါအပြင် လျှပ်စစ်ရရှိရေး အတွက် သူတို့ကပဲ ရုန်းကန်ရမယ် ဆိုရင်ဖြင့် ပိုပြီး စိတ်ပျက်သွားတယ်။ ဒါကြောင့်မို့ ဒီဟာတွေ ရရှိရေးအတွက် အစိုးရက စီမံကိန်းချ လုပ်ဆောင်မှ စီးပွားရေး တိုးတက်မယ် ဖြစ်ပါတယ်။
.
စီးပွားရေးတိုးတက်ဖို့ ဆိုတာ တလမ်းထဲသွားလို့ မရပါဘူး။ လမ်းအမျိုးမျိုးကို တချိန်တည်း သွားရမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် စီမံကိန်းများကို တပြိုင်တည်းလုပ်ဆောင်ရမယ်။ စွမ်းအင်အတွက် လျှပ်စစ်စီမံကိန်းကြီးများ၊ လမ်းပန်း ဆက်သွယ်ရေး စီမံကိန်းကြီးများ လိုပါတယ်။ အခြေခံအဆောက်အဦ InfraStructure တွေ  တပြိုင်တည်း လုပ်ဆောင်ရပါမယ်။ အဲ ဒီဟာတွေ မပြည့်မစုံပဲ တော်ရုံတန်ရုံ လုပ်ငန်းရှင်တွေက သိပ်မလာချင်ကြဘူး။ စောစောက ပြောသလို လုံခြုံမှု လိုတယ်။ ဘဝအာမခံချက် လိုတယ်ပေါ့။ ကျမတို့ လူငယ်တွေ ပြောသလိုပေါ့၊ ဒီစီပွားရေး လုပ်ငန်းရှင်တွေလဲ လုံခြုံမှု အာမခံ လိုတယ်။ စီးပွားရေး လာလုပ်တယ် ဆိုတာ အကျိုးအမြတ်အတွက် လာကြတာဖြစ်တယ်။ ဒါပေမဲ့ သူတို့ အကျိုးအမြတ် ရှိသလို ပြည်သူပြည်သားတွေလဲ အကျိုးအမြတ် ရှိဖို့ လိုတယ်။ ပြည်သူတွေ အကျိုးအမြတ် ရဖို့ကတော့ အစိုးရရဲ့ တာဝန်ဖြစ်တယ်။
.
အခုဆိုရင်ဖြင့် ကျမတို့ ပြည်သူပြည်သားတွေက နိုင်ငံခြား ရင်းနှီးမြှတ်နှံမှု တွေအတွက် မကျေမနပ် ဖြစ်တယ်။ ခေါင်းပုံဖြတ်တယ်ပေါ့နော်။ ခေါင်းပုံဖြတ်တယ်ဆိုတာ . ခေါင်းပုံမဖြတ်အောင်လို့ ဘယ်သူက ကာကွယ်ရမလဲ။ အစိုးရက ကာကွယ်ရမှာပေါ့။ ကိုယ့်လူမျိုးကို ကိုယ့်အစိုးရက မကာကွယ်ပေးရင် ဘယ်သူက ကာကွယ်ပေးမှာလဲ။ အဲဒီတော့ အခုမေးတဲ့ မေးခွန်းမှာ မြစ်ဆုံစီမံကိန်း ကို မေးထားတယ်။
.
.
မြစ်ဆုံစီမံကိန်း
အန်တီ သမ္မတဖြစ်တာ၊ မဖြစ်တာက သတ်သတ်၊ ဒီကိစ္စကို မူအရ ပြောသွားမယ်။ စီမံကိန်းတခုကို ပြင်ပနိုင်ငံ တစ်ခုက အစိုရကပဲဖြစ်ဖြစ်၊ လုပ်ငန်းရှင်တစ်ဦးက ဖြစ်ဖြစ် သဘောတူညီမှု ယူတဲ့အခါ  အဲဒီစီမံကိန်းမှာ ဘာတွေပါသလဲဆိုတာ ပြည်သူတွေ သိခွင့်ရှိတယ်။ ကျမတို့ ဘာမှမသိဘူး။ မြစ်ဆုံ စီမံကိန်းမှာ ကျမကို ဘာလုပ်မလဲလို့ မေးရင် ဘာသဘောတူညီမှု ရှိသလဲ ဆိုတာ ကျမ မသိပဲနဲ့ ကျမ ဘယ်လိုလုပ် ဖြေမလဲ။ ကန်ထရိုက် ဆိုတာရှိတယ်နော်။ ဘာတွေ သဘောတူညီ ခဲ့သလဲ ဆိုတာ ကျမမသိဘူး။ နောက်ပြီးတော့ သဘောတူညီထားတဲ့ အတိုင်း မလုပ်ခဲ့ရင် ကျမတို့က ဘာတွေ ပြန်ဆပ်ရမလဲ ဆိုတာလဲ ကျမ မသိဘူး။
.
ဒါမျိုးဆိုတာ ပွင့်လင်းမြင်သာမှု ရှိရတယ်။ ကျမတို့ အစိုးရကလဲ ပွင့်လင်းရမယ်။ နောက်ပြီးတော့ အမှန်ပြောလို့ရှိရင် လက်မှတ်ထိုးတဲ့သူတွေက ဘာဖြစ်လို့ တာဝန်ယူပြီး မရှင်းသလဲလို့ မေးချင်တယ်။
.
End of Video
...............................
FDI သုံးသပ်ဆောင်းလင့်ပါ
https://m.facebook.com/groups/1410110412651955?view=permalink&id=1747185695611090
(or) shot cut www.goo.gl/bT8ES5
.
မိမိ သုံးသပ်ချက်
ဒီဗွီဒီယို က ဒေါ်အောင်ဆန်းစုကြည် အတိုက်အခံဘဝ ပြောခဲ့ပြီး၊ အခု အဏာ ၇၅ရာနှုန်း ရတာ ၃နှစ်နီးပါး အထိ ငြိမ်နေချိန် (စုံစမ်းရေးကော်မရှင် ဖွဲ့ပေးပြီး အစီရင်ခံစာ တရားဝင် မထွက်လာသေးချိန်) မြန်မာပြည်က တရုပ် သံရုံးရဲ့ သဘောထားထွက်လာလို့ ပြည်သူတွေ ဒေါသထွက်နေချိန်ကာလပါ။ တရုပ်အစိုးရက မြန်မာပြည်သူအာလုံးနီးပါး မလိုလားမှန်း သိရက် ဒီသတင်းထုတ်ပြန်တာပါ။ နိုင်ငံရေးပါ။  ဆက်လုပ်ရင်လဲ စတိ အလတ်စားရေအား ၁၀၀ အမြင့် ရေကာတာ လောက်ပဲ လုပ်ကြရင်ရင် တရုပ်က လက်ခံမလား။ ရေအားလျှပ်စစ် စီမံကိန်း အားလုံး ရပ်သွားတာ မြစ်ဆုံရပ်ဆိုင်းလို့ အဓိကပါပဲ။ ပြန်မဆွေးနွေး သေးတာလဲ အစိုးရမှာ မမျှော်လင့်တဲ့ ဘင်္ဂါလီ.ရခိုင်အရေးလိုမျိုး ပေါ်လာတာကြောင့်ပါ။
.
အရေးထဲ မြစ်ဆုံ နဲ့ ကျောက်စိမ်း သယံဇာတကြွယ်ဝတဲ့ ကချင်ပြည်နယ် အစိုရဝန်ကြီး၃ဦး နှုတ်ထွက်ခြင်း၊ ရပ်စဲခြင်း Jan2019 မှာ ဖြစ်လာတယ်။ မြစ်ဆုံ စာချုပ်ကို အမေစု ပြောတဲ့ လက်မှတ်ထိုးခဲ့သူများခမြာ ရာထူးမရှိတော့တာ ၂၀၁၆ ကတည်းကပဲ ဆိုတော့.. အခု အမေစုပဲ ရှင်းနေရပြီ။ ပြန်ခေါ်လဲ လာမှာမဟုတ်။ အသေပဲ ခံတော့မလား မသိ။
.
 ကချင်တိုင်းရင်းသား လက်နက်ကိုင်နဲ့ သူတို့မဟာမိတ် ရခိုင် အေအေ ဌာနချုပ်ရှိရာ ကချင်ပြည်နယ်မှာ၊..  အင်အားကြီးမားလှတဲ့ မြန်မာ့တပ်မတော်ကြီးလဲ ရှိနေတယ်။ ငြိမ်းချမ်းရေး ကို မထိခိုက်ဖို့ လောလောဆယ် မကြုံစဖူး တဖက်သတ် အပစ်ခတ်ရပ်ထားတဲ့ တပ်မတော်သဘောထားလဲ.. မြစ်ဆုံအရေးမှာ အရေးကြီးတယ်။ မြစ်ဆုံ စုံစမ်းကော်မရှင်ရဲ့ အစီရင်ခံစာ မကြာခင်ထုတ်ပြန်မှာလား၊ မကြာခင် အလည်ပတ် ရောက်လာတော့မဲ့ တရုပ်အကြီးကဲ ကျီရှင်ပင်း မြန်မာပြည်ခရီးစဉ် အတွက် ပြင်ဆင်ဖို့ မြန်မာအစိုးရ အကောင်းဆုံး လုပ်နိုင်ပါစေ။
.
ဇော်အောင်(မုံရွာ)
22.Jan.2019

ကိုးကား..ဗွီဒီယို..
https://m.facebook.com/story.php?story_fbid=439907313213423&id=100015824744006

လူလိမ်တင်ထွန်း. အင်ဂျင်နီယာ. ပရောဖက်ဆာ

လူလိမ်တင်ထွန်း
မယမင်း (အင်ဂျင်နီယာ ဂန့်ဂေါ အမတ်) ဘက်က ၁၀၀% ထောက်ခံတယ်။ Personal Attack နဲ့ ဘာမဟုတ်တဲ့ကိစ္စကို AGTI,  နဲ့ BE သွေးခွဲ တိုက်ခိုက်တယ်။  ဒီ MEngCအင်ဂျင်နီယာ ကောင်စီက လူတွေ ပိုက်ဆံလဲ သိပ်မရပဲနဲ့ ငွေ၊ အာဏာရှိသူတွေ ပြည်ပကုမဏီကြီး တွေ အကျိုးပဲ လုပ်ချင် လက်ဝါးအုပ်ချင်နေတယ်။ လူတစု ကြီးစိုးနေတယ်။ အဲဒီလူတစု  ကြီးကျယ်နေတာ ဇီးပိန်ဖောင်ကြီး လိုမျိုး.. အရေးယူဖို.့လိုနေပါပြီ။ အရေးယူရမဲ့ ပထမ အမှုကတော့...လူလိမ်တင်ထွန်း အမှုနဲ့ အပိုင်ကိုင်ရတော့မယ်.. သူတို့ ခွင့်ပြုလို့ (အသုံးမကျလို့) အလိမ်ခံရတာ.. ၁၀တန်း မအောင်တဲ့ စကာပူမှာ အလုပ်လုပ်သူ က B.E အတု ဟန်ဆောင်ပြီး. ကပ်ဖားလုပ်ပြီး. P.E လျှောက်တာ ရတယ်။ ..အဲဒီ လူလိမ်တင်ထွန်းက အာစီယံ P.E လျှောက်တာ ရပြန်တယ်။ အဆောက်အဦများစွာ ဒီ လူလိမ်တင်ထွန်း လက်မှတ်နဲ့ ဆောက်ခဲ့ပုံရတယ်။ နောက်ဆုံး ရှက်စရာအကောင်းဆုံးက RIT, YTU ကျောင်းတော်ကြီးမှာ ဧည့်ပါမောက္ခ ဖြစ်လာပြီး. ဆရာကြီး တစ်ဆူ ဖြစ်လာတယ်။ လူမိ လူသိသွားတဲ့ အခါ..လူမသိသူမသိ PE, Professor အဖြစ်က  ပြန်ရုတ်သိမ်းလိုက်တယ်။ 
.
အော်.အခုကျမှ P.E အင်တာဗျူးတဲ့ PE ညီလေး. ညီမလေး တွေက. အစ်ကိုကြီး အင်ယာကြီးတွေရဲ့ BE လက်မှတ်ကို ပွတ်ကြည့်ပြီး အတုဖြစ်မှာစိုးနေတယ်။.. 1984 batch Ec ဆိုရင် အဲဒီ batch. P.E ရထားသူတွေကို ဖုန်းဆက်ခိုင်းလိုက်.. အသေချာဆုံး အတု အစစ် စစ်ဆေးနည်းပဲ.။ .ထားပါတော့။
.
စစ်အစိုးရခေတ်က..ရပ်ကွက်ထောက်ခံစာ တောင်းသလို...အကျင့်စာရိတ္တမကောင်းသူ ထံက အကျင့်စာရိတ္တကောင်းကြောင်း ထောက်ခံစာ တောင်း သလို..အတွေကြုံရှိတဲ့ အင်ဂျင်နီယာကြီးတွေက PE လာမလျှောက် ချင် ဘူးး...တဲ့။..သိက္ခာ ကျတယ် ..တဲ့။  ငွေလိုလို့.. လက်မှတ်ထိုးစားဖို့ လျှောက်သူများပေမဲ့ ကျနော်လိုလူကတော့ ကိုယ်မသိတဲ့ အလုပ်ကို ၅သောင်း၊ ၁သိန်း နဲ့ လက်မှတ်မထိုးချင်ဘူး။ အခု ပေါက်ဈေး ၁၅ သိန်း လဲ မလိုချင်ဘူး။ ..ပိုက်ဆံ မရှိပေမဲ့ လိမ်စားတဲ့ အလုပ် မလုပ်ချင်ဘူး။ လုပ်နေရသူများကိုလဲ အပြစ်မတင်ဘူး။ စနစ်ကြီးက တနိုင်ငဲလုံး ကဏ္ဍအသီးသီး ဒီလို စနစ်ကြီးဖြစ်နေတာလေ။ ပြောင်းလဲမှုတွေ မြန်လာမှ သေချာပါတယ်။
...
MEngC က လူတွေ ကောင်စီဝင် ဥက္ကဌ အတွင်းမှုး လူကြီးတွေ.. နာယက လူကြီးတွေတော့ အရမ်းအားနာ လှပါတယ်။ လူလိမ်တင်ထွန်းကို ၅၀၅ နဲ့ အမြန်ဆုံး အရေးယူပါတော့။ ..တခြားအင်ဂျင်နီယာ MEngC လူကြီးတွေ သိက္ခင်္ာ ကျမကျ မသိဘူး.. ကျုပ် သိင်္ခါ အင်မတန် ညှိုးနွမ်းလှတယ်ဗျာ.. ။ ဝမ်းနည်းစရာ အင်ဂျင်နီယာ ပကတိ မြေပြင်အခြေအနေပါ။
.
ကိုယ်လူ ကိုယ်ရွေးတဲ့ ကောင်စီဝင် ၆၀ ၊ နယ်ပယ်၎ခု က ရွေးတဲ့ Nepotism စနစ်ကို မကြာခင်လေးက မျှတတဲ့ ရွေးကောက်ပွဲစနစ် နဲ့ အစားထိုးလိုက်တယ်။ အစိုးရ၊ တက္ကသိုလ်၊ အဖွဲ့အစည်း နဲ့ ပြင်ပပညာရှင် ၄မျိုး မှာ ၁၀ဦးစီရွေးချယ် တင်မြှောက်ပြီး ကျန် ၂၀ဦးကိုတော့ အစိုးရခန့်ထားတဲ့ နာယကကြီး ၄ဦးက ယခင်၆၀ဦးထဲက ရွေးချယ်ပေးမယ် ဆိုတဲ့ ဥပဒေသစ်ပါ။ အရေးအကြီးဆုံးက စိတ်ရင်းကောင်းသူများ ကောင်စီဝင်လုပ်ရပါမယ်။ ဒေါ်အောင်ဆန်းစုကြည် အလုလ ကချင်ပြည်နယ်မှာ  ပြောစကား အတိုင်း ရေးရရင်.. သူဌေးဖြစ်ချင်ရင် ကုမဏီထောင်ပါ။ အင်ဂျင်နီယာကောင်စီ မှာ ဝင်ပြီး သူဌေးဖြစ်ဖို့ မကြိုးစားပါနဲ့...။
.
.
လူလိမ်တင်ထွန်း အရေးမယူ ထောင်မကျသရွေ့တော့..MEngC ကောင်းလာဖွယ်မရှိသေးပါ။ ရိုးသားစွာ မြင်ပါတယ်။
.
P.E ရွေးချယ်စနစ်.
အင်ဂျင်နီယာ Ethic, Discipline, PE experience တွေမှာ ဥပမာ လျှပ်စစ်၊ အီလက်ထရွန်းနစ် Project ဒေါ်လာ ၁သန်းဖိုးတောင်မှ ခေါင်းဆောင် မလုပ်ဖူးပဲ.. နိုင်ငံခြားကုမဏီက Project Manager ပြောသမှ ခေါင်းငြိမ့်.. လက်မှတ်ထိုး လုပ်နေတဲ့ လျှပ်စစ်. အီလက်ထရွန်းနစ် P.E တွေ.အိမ်သုံး uto Stepup Transformer , Inverter တလုံးမှ ကိုယ်တိုင် ဝက်အူလှဲ့ ဖွင့် တိုင်း တာ မပြင်ဆင်ဖူးသူတွေ P.E လက်မှတ် ရထားရင်လဲ. အသာလေးငြိမ်နေတာ မဟုတ်..အဲဒီ P.E တွေက. တကယ်လုပ်ဖူးတဲ့ ရထိုက်တဲ့ P.E တွေက စိတ်ပျက် ဘေးထိုင်နေရ.. P.E ဘုတ်အဖွဲ့ထဲ ဝင်ထိုင်ပြီး. P.E, RSE, RE တွေ ရွေးချယ် နေရတာကတော့.. စစ်အစိုးရ လက်ထက်..@ အကျင့်စာရိတ္တမကောင်းတဲ့လူဆီက အကျင့်စာရိတ္တကောင်းကြောင်း ခေါက်ခံစာ ယူနေရသလို.. လူငယ်များစွာ ခံစားနေရတယ်။ လက်မှတ်ထိုး အခကြေးယူခွင့် မရှိတဲ့ Honor P.E တွေ ပြည်တွင်း ပြည်ပ မြန်မာပညာရှင်တွေကို Head Hunter လိုက်ရှာ ပြီး..အဝေးကနေ ကူဖို့ အကူညီတောင်းရမယ်။ Honor PE တွေက Technical Document & Law တွေကို ရေးရမယ်။ ကမ္ဘာအဆင့် ကုမဏီကြီးများ မြန်မာပြည် တဖွဲဖွဲ ရောက်လာနေပါတယ်။ ကိုယ့် မြန်မာ အင်ဂျင်နီယာတွေ ကမ္ဘာ့အဆင့် မရှိတာ ဝန်ခံပြီး၊ စင်ကာပူ၊ ဗီယက်နမ် ပညာရှင်တွေကို တိုင်ပင်ခ ၅% ပေးပြီး MoU စာချုပ်တွေ အားကိုးရပါမယ်။ မြစ်ဆုံစီမံကိန်း၊ ကြေးနီစီမံကိန်း၊ ကျောက်ဖြူစီမံကိန်း တွေလို မဖြစ်သင့်တော့ပါဘူး။ လူငယ် သွေးသစ်တွေကို ဗီယက်နမ်၊ စင်ကာပူလို ပျိုးထောင်ရပါမယ်။
.
စနစ်ကို ပြောင်းဖို့ ပထမဆုံး လူလိမ်တင်ထွန်း ကို အင်ဂျင်နီယာလောက ဂုဏ်သိက္ခာ ညှိုးနွမ်း စေမှုနဲ့.. အရေးယူ၅၀၅ နဲ့ အာမခံမပေးပဲ  ဖမ်းဆီးရမယ်။
.
ဇော်အောင် (မုံရွာ)
17.Jan.2019
.
Ref Links
https://engrmyanmar.blogspot.com/2018/04/blog-post_16.html

https://engrmyanmar.blogspot.com/2018/03/2016.html

Tuesday, January 22, 2019

မီးစက်တလုံးပျက်သွားရင်...Ship Electrician &, CE


မီးစက်တလုံးပျက်သွားရင်

မီးစက်တလုံးပျက်သွားရင်သဘောင်္သွားလို့ရပါသလား။
ဘယ်သူမှမသိရင်ရနိုင်ပါတယ်။ ဘယ်သူမှမသိရင်ဆိုတာကြိတ်ပြီးပြင်နေတာမျိုးကိုပါ။ ကုမ္ပဏီကလည်း class တို့ ဆိုက်ရောက်မဲ့ဆိပ်ကမ်းတို့မှာအသိမပေးတာမျိုးပါ။
သွားလို့ရမရက သဘောင်္အမျိုးအစားပေါ်မူတည်နိုင်သလို၊ အခြေအနေ အချိန်အခါနဲ့ အတိုင်းအတာပေါ်မူတည်ပါသေးတယ်။

ဥပမာ အအေးခန်းသဘောင်္လို၊ Reefer container လိုမျိုးဆိုရင် cargo operations အတွက် မီးစက်က power တွေလိုနေပါတယ်။ သို့သော်လည်း Reefer container တွေမတင်တော့တဲ့အခါမျိုးမှာမီးစက်ကပျက်တယ်ဆိုပါဆို့၊ ပြင်ဖို့ spare parts တွေကလိုနေတယ်ဆိုရင် သဘောင်္က chief engကနေ load analysis ကို update လုပ်ပြီး class ကိုတင်ပြပြီးယာယီ approval ရယူကာ နောက်ဆိပ်ကမ်းကို သွားလို့ရနိုင်တဲ့အခွင့်အရေးရှိနိုင်ပါတယ်။ တခြားစဉ်းစားရမယ့်အချက်တွေလည်းရှိပါတယ်။ လိုက်နာရမယ့်စည်းကမ်းနဲ့ဆိုင်သလို၊ Surveyor ရဲ့ တင်းကျပ်မှုနဲလည်းဆိုင်ပါတယ်။

ပင်လယ်ပြင်မှာသွားဖို့အတွက် ရှိနေရမယ့် မီးစက်အရေအတွက်နဲ့ သူ့ရဲ့capacityလိုအပ်ချက်ကြို သဘောင်္ classတွေမှပြဌာန်းထားတာရှိပါတယ်။ Primary essential services၊ Secondary Essential Service တွေ နဲ့ Minimum Comfortable Condition of Habitability (MCCH) တွေဆိုတဲ့ electrical loads တွေကို အပိုထားထားတဲ့မီးစက်မပါပဲ ကျန်တဲ့မီးစက်တွေကနေ အခြေနေအားလုံးမှာလုံလောက်စွာပေးနိုင်ရပါမယ်။ ဆိုလိုတာကတော့ ပင်လယ်ပြင်မှာသွားပြီဆိုရင် မီးစက်တလုံးအမြဲအပိုရှိနေရပါမယ်။ ( အခြေအနေ-ကမ်းဝင်၊ကမ်းထွက်၊ကုန်တင်၊ကုန်ချ၊ ပင်လယ်သွား၊ကမ်းမှာနဲ့ အရေးပေါ် စသည့်အခြေနေများ)

MCCH ဆိုတာကတော့အရေးမကြီးတဲ့ cooking, heating, domestic refrigeration, mechanical ventilation, sanitary and fresh water တို့ကိုဆိုလိုတာပါ။ SOLAS သဘောင်္ဆိုရင် electrical power ဟာ နာရီဝက်အတွင်းdead ship အခြေနေကနေ propulsion အတွက်လိုအပ်တဲ့ power ရတဲ့အထိလုံလောက်နေရပါမယ်။  ဒါပဲလားဆိုတော့မဟုတ်သေးပါဘူးတဲ့။ သဘောင်္မှာ Special Notation တွေပါနေရင် သူ့တို့အတွက်ပါထည့်စဉ်းစားရပါမယ်တဲ့။

နဲနဲလေးပိုမြင်ရအောင် လွန်ခဲ့တဲ့ ၂နှစ်လောက်က ကျွန်တော် စစ်ဆေးပြီး ယာယီအတည်ပြုခဲ့တဲ့ ဒီဇိုင်းလေးတခုကိုမျှဝေပါမယ်။

ကမ္ဘာ့နာမည်ကြီး ဒိန်းမတ် container သင်္ဘောကုမ္ပဏီ က အအေးခန်းသေတ္တာတွေတင်လာတဲ့ သဘောင်္တစီးဟာ မီးစက်တလုံးပျက်ပါတယိ။ ပြင်ဖို့ ပစ္စည်းတွေမှာထားချိန်မှာ သဘောင်္ကိုမရပ်ထားချင်လို့ ကျွန်တော့်ကိုအကြောင်းကြား ဒီဇိုင်းသက်သေပြုပေးဖို့ ပြောပါတယ်။ ကျွန်တော်ကလည်းလိုအပ်ချက်တွေပြောပြပြီး နောက်ဆိပ်ကမ်းရောက်ရင်ပြင်ရမှာဖြစ်ကြောင်း approval မှာထည့်ရေးပေးပါတယ်။ နောက်တလလောက်ကြာတော့ surveyor ကဖုန်းဆက်လာပါတယ်။ သဘောင်္ဟာ ဒီဆိပ်ကမ်းကနေမပြင်ပဲပေးထွက်နိုင်ဘူးဆိုတာပါ။ အဲဒီတော့မှ သူတို့မပြင်သေးပဲလျောက်သွားနေမှန်းသိတော့တယ်။ surveyor ကခြင့္မျပဳေတာ့ သေဘာၤကမထြက္ရပါဘူး။ ဒါနဲ့ ကျွန်တော်ဆီဆက်သွယ်အကူညီတောင်းပြန်တယ်။ ကြည့်လိုက်တော့ သူတို့သဘောင်္မှာRefrigeration notation ကမပါဘူး။ ဒါကြောင့် ကမ်းဝင်ကမ်းထွက်နဲ့ ပင်လယ်သွားချိန်မှာရှိတဲ့ Load တွေကိုတွက်ချက်ကြည့်လိုက်တော့ အအေးခန်းသေတာတွေမသုံးရင် မီးစက်တလုံးထဲနဲ့လောက်ရုံရပါတယ်။ အဲဒီတော့ သူတို့နဲ့ surveyorကို ဒီသဘောင်္ဟာ Reefer containers တွေမတင်ပဲ၊ အချို့electrical load တွေ့လျော့ရင် မီးစက်တလုံးစာအပိုထွက်လာနိုင်တယ်။ ပင်လယ်ပြင်မှာသွားဖို့ မီးစက်အပိုရလို့ သူတို့ Reefer containerတွေမတင်ရင် နောက်ဆိပ်ကမ်းအထိမောင်းဖို့ မင်းခွင့်ပြုလို့ရတယ်လို့ Surveyor ကိုပြောပြီးပြန်ညှိပေးလိုက်တယ်။

ကျွန်တော်စစ်ဆေးပြီးလုပ်ခိုင်းတဲ့အခြေအနေအချို့ကတော့
-ပျက်တဲ့မီးစက်ရဲ့ လေလိုင်း၊ ဆီလိုင်းတွေ၊ ဆားကစ်ဘရိတ်ကာတွေ၊ Electrical connections အကုန် isolateလုပ်ခိုင်းပါတယ်။
-ယာယီ load balance sheet မှာ ရီဖားloadတွေမပါစေပဲ၊ ကမ်းဝင်ကမ်းထွက် thrusterသုံးချိန်၊ ပင်လယ်မှာသွားချိနိမှာ အထက်ကအရေးကြီးတဲ့ load တွေအားလုံးလုံလောက်ပြီး မီးစက်တလုံးပိုတဲ့အထိတွက်ချက်ပြီး ရီဗြူးလုပ်ဖို့ပြန်တင်ခိုင်ပါတယ်။
-requirements တွေနဲကိုက်ညီတာနဲ့ surveyor ကိုပြောပေးပြီး နောက်ဆိပ်ကမ်းမှာမလွဲမသွေပြင်ဖို့ approval မှာ restrictions တွေ၊ commentsတွေရေးပေးပြီးကူညီခဲ့ပါတယ်။
-နောက်ဆိပ်ကမ်းရောက်လို့ ပြင်ပြီးတော့ ကျွန်တော်ကပုံမှန်ဒီဇိုင်းပြန်အတည်ပြု၊ surveyor ကတက်စစ်ပြီး  ဇတ်လမ်းလေးပြီးသွားပါတယ်။

မှတ်ချက်၊
Essentail  Loads (Primary essential services၊ Secondary Essential Service) တွေ ဟာများသောအားဖြင့်တူတတ်ကြလို့မရှင်းပြတော့ပါဘူး။
အထက်ကလုပ်ခိုင်းတဲ့ နည်းလမ်းကို မီးစက် decommissioning procedures လို့ခေါ်တတ်ပါတယ်

ဆက်စပ်လို့ရအောင် FB မှာ အရင်တခါရေးခဲ့ဖူးသော
"Power Factor မဟုတ်သော ဖက်တာလေးတခု" မှာ load analysis အကြောင်းဖတ်ကြည့်လို့ရပါတယ်။
https://www.facebook.com/1483146204/posts/10216571657392242/

load balance sheets ပုံစံများ;
https://goo.gl/images/PwwRfZ
https://goo.gl/images/dEc3fA
https://goo.gl/images/6L5em3

Technical Guide
http://www.caa.co.za/Airworthiness%20TGM/Electrical%20Load%20Analysis.pdf

Ref: Book
https://apps.dtic.mil/dtic/tr/fulltext/u2/a568950.pdf

ELECTRIC POWER LOAD ANALYSIS (EPLA) FOR SURFACE SHIPS
https://onlinelibrary.wiley.com/doi/abs/10.1002/9781118098844.ch6

LOAD ANALYSIS ရှင်းပြထားပုံ
http://shipmind.net/load-analysis
.
Cred Teo Min fb