Saturday, December 22, 2018
ဆရာဝန်ငယ်. ​ဒေါက်​တာစိုးသူရ​ဇော်​၊ ... အင်ဂျင်နီယာများ အတုယူဖို့..
........#ဇီးပင်ကြီး_စစ်တမ်း ( အပိုင်း - ၁+၂+၃ )
အခုရေးသားထားသော ရေးသားချက်များအားလုံးကို ကျွန်တော့အနေနဲ့ အပြည့်အ၀တာဝန်ယူကြောင်း
ရေးသူ - ​ဒေါက်​တာစိုးသူရ​ဇော်
ဇီးပင်ကြီး တနည်းအားဖြင့် ဗဟိုဝန်ထမ်းတက္ကသိုလ် အထက်မြန်မာပြည် နဲ့ ဖောင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ် အောက်မြန်မာပြည်မှာ ဘာတွေသင်နေသလဲဆိုတာ အစိုး၇၀န်ထမ်းမဟုတ်တဲ့လူတွေက အင်မတန်မှကို သိချင်ကြပါတယ်။ စကားကြုံတိုင်းလည်း မေးလေ့ရှိကြတယ် ။
ဇီးပင်ကြီးမှာ တွြေ့ကုံခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ အဖြစ်အပျက်တွေကို ကိုယ်တိုင်လည်း ဖောက်သည်ချချင်တာကြာလှပြါ့ပီ
အလုပ်စ၀င်ကတည်းက မအားတာနဲ့ မရေးဖြစ်တာပါ ၊
ဒီနေရာမှာ ပထမဆုံး ပြောပြလိုတာက
ဗ၀တရဲ့ နေ့စဉ်လည်ပတ်ပုံ ဇယားပါ
မနက် ငါးနာရီခွဲကို အိပ်ယာကထ၇ပါတယ်။ မနက်ခြောက်နာရီကနေ ခုနစ်နာရီမတ်တင်းထိ ကျန်းမာရေးလေ့ကျင့်ခန်း ဆင်းရပါတယ် ။ပြီးရင် ရေမိုးချိုး မနက်စားစားပြီးတာနဲ့ ၅ ယောက်တတွဲတန်းစီပြီး မိမိတို့ သက်ဆိုင်ရာ အိပ်ဆောင်ကနေ စာသင်ခန်းမကို ချီတက်ကြရပါတယ်။
လက်ချာတွေက မနက် ၈ နာရီမှာ စပါတယ်။ နေ့လည် ၁၂ နာရီမှာ သင်တန်း ခဏနားပြီး မိမိတို့ သက်ဆိုင်ရာ အိပ်ဆောင်  အဆောင်ဝင်း ထဲမှာ ရှိတဲ့ ထမင်းစားဆောင်မှာ ထမင်းပြန်စားရပါတယ် ။
ထမင်းစာြး့ပီးတာနဲ့ တပြိုင်နက် နေ့လည်တစ်နာရီလက်ချာချိန်အမီကို မနက်ကလိုဘဲသင်တန်းခန်းမဆီ ငါးယောက်တတွဲ ချီတက်ကြရပြန်ပါတယ်။
ညနေခင်းလက်ချာတွေက ညနေလေးနာရီထိသင်ပါတယ်။
လက်ချာပြီးတာနဲ့ မိမ်တို့အိပ်ဆောင်တွေမှာ ညနေခင်း PT ဆင်းရပြန်ပါတယ်
ပြီး၇င်တော့ ညစာကို ည၇နာရီ မတိုင်ခင် စားရပါတယ်။ အိပ်ဆောင်ကကျွေးတဲ့ထမင်းကို စားချင်ရင်စား မစားချင်ရင်တော့ ဈေးတန်းမှာ သွားစားလို့ရပါတယ် ။ ည ၇နာရီ လူစစ်အမီကိုတော့ ပြန်ကိုပြန်လာရပါတယ်။
( အမျိုးသမီး သင်တန်းသူတွေအနေနဲ့ကတော့ တပါတ်ကို နှစ်ရက်သာ ဈေးတန်းထွက်ခွင့်ရပ့ါတယ်)
ဒီဇယားထဲမှာ ပထမဆုံး တွေ့ရတဲ့ ပြသနာကတော့ အိပ်ရာသိမ်း ကြိုးတိုင်း ဖိနပ်စီ ဆိုတဲ့ ကိစ္စပါဘဲ ။
ဒါကို မပြောခင် ကျတော်တို့ရဲ့ အိပ်ဆောင်အနေအထားကို အရင်ရှင်းပြပါရစေ
ချင်းတွင်း သံလွင် အစရှိသဖြင့်နာမည်ပေးထားတဲ့ အဆောင်ဝင်းကြီးတွေထဲမှာ အနည်းဆုံး အိပ်ဆောင် တန်းလျား ရှစ်ဆောင်နဲ့ ထမင်းစားဆောင် တဆောင်ပါပါတယ် ။ အိပ်ဆောင်တဆောင်မှာ အနည်းဆုံး သင်တန်းသား ၂၅ ယောက်က အလယ်စင်္ကြန်ရဲ့ တဖက်တချက်စီမှာ ကုတင်တလုံးစီနဲ့ အိပ်ကြရပါတယ်
မနက်ခင်း ချိန်အပြီး မနက်စာမစားခင်မှာ ကုတင်တလုံးစီရဲ့  ခြေရင်းမှာ သေတ္တာတလုံးနဲ့ PT ဆငိးရင်စီးတဲ့ ကင်းဘတ်ဖိနပ် အဖြူတရံဘဲထားခွင့်ရှိပါသတဲ့လေ ။
ကုတင်ခြေရင်းတွေမှာ ရှိနေတဲ့ သေတ္တာတွေကို အိပ်ဆောင်ဟိုဘက်ထိပ် ဒီဘက်ထိပ် ကြိုးနဲ့တန်းပြိး ညီနေအောင်စီရပါသတဲ့
သေတ္တာနဲ့ကပ်ရပ်ထားထားတဲ့ ကင်းဘတ်ဖိနပ် ကိုလည်း တ၇ံနဲ့တရံ ညီနေအောင်ထားရပါတယ်တဲ
ဒီတော့မေးစရာရှိလာတာက မိမိတို့နဲ့ ပါလာတဲ့ အခြားသောအသုံးဆောင်တွေကိုဘယ်လို ထားမလဲပေါ့နော် 🔕🔔
သေချာတာတခုကတော့ ဒ်သင်တန်းကို ရက်ရှည်လများ လာတက်နေရတဲ့ သင်တန်းသားတွေဟာ သူတို့ရဲ့စည်းကမ်းချက်အတိုငိး လူတကိုယ် သေတ္တာတလုံး ဖိနပ်တ၇ံနဲ့လာတဲ့လူ ဘယ်သူမှမရှိပါဘူး
ဒီတော့
မိမိတို့ပါလာသမျှ ပိုင်ဆိုင်မှုအားလုံးကို စုပြုံ့ပီး အိပ်ဆောင်ထဲမှာရှိတဲ့ နှာခေါင်းပေါက်လောက်သာသဲာ့ စတိုခန်းထဲ စုပြုံထည့်ရပါသတဲ့လေ ။
ကိုယ်သုံးနေတဲ့ ခေါင်းအုံး စောင် ခြင်ထောင်တွေက ကုတင်ပေါ်မှာ ထားခွင့်မရှိပါ ။
သင်တန်းစ၀င်တဲ့ နေ့ကစပြိး သူတို့အိပ်ဆောင်ကနေ ပိုက်ဆံပေးငှားထာရတှဲ့လှလှပပလေး ထုပ်ပိုးထားတဲ့ အိပ်ယာလိပ်ကလေးကိုဘဲ ကုတင်ပေါ်မှာ ကျောကျော့လေး ဟန်ပြအဖြစ် တင်ထားရပါတယ် ။ အဆောင်ဝန်းကျင် မှာလည်း အ၀တ်လှန်းထားခဲ့ခွင့်မရှိတဲ့ အတွက်ေ၇လဲပုဆိုးတွေရော လျှော်ထားသမျှအ၀တ်စို ထဘီစို အားလုံး အားလုံးကို စုပြုံပြီး အဆိုပါ စတိုခန်းငယ်ထဲ ဖိသိပ်ထည့်ထားဘဲ။
ကိုယ်တွေအားလုံး သင်တန်းခန်းမမှာ လက်ချာတက်နေချိန်မှာ ကျွန်တော်တို့ရဲ့ အိပ်ဆောင်တာဝန်ခံတွေက တဆောင်ချင်းစီအလိုက် သေတ္တာတွေ ညီမညီ သူတို့ဆီက ပိုက်ဆံပေးငှားထားရတဲ့ အိပ်ရာလိပ်ကလေးတွေ ညီမညီ အလှပျက်မပျက် ကို လိုက်စစ်ပြီး သင်တန်းသား တဦးချင်းစီအလိုက်အမှတိလေးတွေပေးပါသတဲ့လေ 💯💯
စတိုခန်းထဲမှာ ရှိသမျှပစ္စည်းတွေ စုပြုံထည့်ထားသည်ကို အနှီဆရာများမှ သိရှိသော်လည်း အဆိုပါစတိုခန်းလေးသည် အိပ်ဆောင်ထဲတွင် မရှိသကဲ့သို့ပင် သဘောထားကာ ကုတင်လေးများ သေတ္တာလေးများ အိပ်ယာလိပ်ကလေးများ For Show လှမလှ ကိုဘဲ စစ်သွားလေ့ရှိပါသည်
အယ့် …..တခါတရံတော့ စတိုခန်းတံခါးသော့မပိတ်မိထားလျှင်တော့  ``စတိုခန်းတံခါးပိတ်မထား ´´ဆိုသော မှတ်ချက်အား မှင်နီကြီးနှင့် ရေးသွားကာ တဆောင်လုံးအား အမှတ်လျော့လေတော့ သည်။⚠⚠⚠
 အင်းပေါ့လေ …..
အားလုံးကြေညက်အောင် တိုက်ထားတဲ့ ပြဇာတ်တပုဒ်မှာ တယောက်ယောက်က ဖောက်လိုက်ရင် ဒါရိုက်တြာ့ကီးတွေမှာ ရွှေစိတ်တော်ကောက်သလိုနေမှာပေါ့……
ညနေခင်း သင်တန်းကပြန်လာတဲ့ အချိန် စတိုခန်းတံခါးဖွင့်လိုက်လို့ကတော့ ရေစိုဝတ်တွေရဲ့ အောက်သိုးသိုး မှိုနံ့တွေ တဦးချင်းစီရဲ့ကိုယ်ပိုင် ကိုယ်သင်းရနံ့တွေ စုပေါင်းကာ လျှံထွက်လာသော ငြီးစ၊ီစီ အနံ့လေးတွေနဲ့ အလွန်တရာမှ စိတ်ချမ်းမြေ့၇တာပါဘဲ😍😙😘😚
ဒီလို အပြုံ့ကီးထဲကနေ မြွေပွေး မြွေဟောက်အစရှိသော မြွေပေါင်းစုံ ကင်းခြေများ ကင်းမြီးကောက် အစရှိသော သတ္တ၀ါတွေတွေ့ရရင်တော့ ပိုလို့တောင်ပျော်စရာ စိတ်ချမ်းမြေ့စရာကောင်းတာပါဘဲ
ဆက်ပါဦးမည်
အရေးကြီးဆုံး ဖြစ်တဲ့ လက်ချာချိန်မှာ ဘာတွေသင်သလဲ ဆိုတာနဲ့ နေ့စဉ် စားသောက်မှု ပုံစံမျာကို ဆက်လက်တင်ပြပါအံုးးမည်
ဇီးပင်ကြီး စစ်တမ်း ( အပိုင်းနှစ်)
``ဝန်ထမ်းသတ်လို့ အစိုးရသေခြင်း ´´
မှတ်မှတ်ရရ အဲ့ဒီနေ့က Political Science နိုင်ငံရေးသိပ္ပံ ဘာသာရပ် အချိန်ပါ
ပထမဆုံးအနေနဲ့
နိုင်ငံ့ဝန်ထမ်းအနေနဲ့ ပထမဆုံး တာဝန်ထမ်းဆောင်မယ့်လူတွေကို ဇီးပင်ြ့ကီး တက္ကသိုလ်ပြည်ကနေသင်ပေးလိုက်တဲ့ အဌာရသ တဆယ့်ရှစ်ရပ် တွေအကြောင်း အရင်ရှင်းပြပါရစေ ။
လက်ချာတွေက မနက် ၈ နာရီကနေ ညနေ ၄ နာရီထိပါ
ဌာနာဆိုင်ရာငွေစာရင်းထားသိုနည်း
နိုင်ငံရေးသိပ္ပံ
အင်္ဂလိပ်စာ
ဘောဂဗေဒ
သတင်းအချက်အလတ်နဲ့ နည်းမညာ စတာတွေအပြင် ကျွန်တော်တို့ကတော့ ဆရာဝန်တွေနဲ့ သွားဆရာဝန်တွေချည်းသီးသန့် သင်တန်းဖြစ်တဲ့ အတွက် မိခင် ကမ၀ ရဲ့လက်အောက်မှာရှိတဲ့ ဦးစီးဌာနတွေကလည်း မိတ်ဆက်အနေနဲ့ လာရောက်သင်ကြားပါတယ် ။
မှတ်မှတ်ရရ အဲ့နေ့က နိုင်ငံရေးသိပ္ပံရဲ့ ပထမဆုံး လက်ချာနေ့ပါ
ဌာနမှူး ပါမောက္ခကိုယ်တိုင် ပထမဆုံးလက်ချာကိုသင်မယ်ဆိုလို့ ကျွန်တော့အနေနဲ့ အတော့ကို စိတ်ဝင်စားနေခဲ့တာပါ ။
ရှေ့ရှေ့ ဘာသာရပ်တွေကတော့ ကိုယ်နဲ့ မရင်းနှီးတဲ့ ဘာသာတွေဖြစ်တာကတြေ့ကာင်း လူပေါင်း ခြောက်ရာကျော်ကို ခန်းမကြီးထဲမှာ စုပြုံထည့်ထားပြီးသင်တာတစ်ကြောင်း ကိုယ်ကိုယ်တိုင်လည်း ပျင်းတာတကြောင်းး😂😂😂 စတဲ့ အကြောင်းကြောင်းတွေကြောင့် ပြီးခဲ့တဲ့ လက်ချာတွေက အတော့ကို စိတ်ဝင်စားမှုမရှိခဲ့ပါ။
PS လက်ချာစသင်သင်ချင်း မကြာခင်မှာဘဲ လာသင်တဲ့ ဌာနမှူးပါးစပ်ကနေ
တပ်မတော်သာ အမိ တပ်မတော်သာ အဖ 🚩🚩
တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် 🔫
မျိုးချစ်တပ်မတော် အဖတပ်မတော်
ချောက်ထဲ ကျခံနီး မှ တခုတ်တရ ကယ်တင်ပေးခဲ့ပါသော တပ်မတော် ⚠⚠
ဆိုတဲ့ ဆိုတဲ့ ဆိုတဲ့ Slogan တွေကို ခုနစ်ဆယ်နဲ့ ငါးကြိမ်လောက်ကြားနေရတော့ ……………….😆😆
( စိတ်ထဲတော့ တွေးလိုက်ပါတယ် …..အင်း ဇီးပင်ကြီး ဆိုတာ မေမြို့နဲ့ နီးတော့ ဒီအသံတွေ ပဲ့တင်ရိုက်တာနေမှာပါလေလို့စ်😂😂 )
အဲ့ဒီနေ့က တနေ့လုံး PS လက်ချာဘဲယူပါတယ.် အဆိုပါ ဌာနမှူးကဘဲ နေ့လည်ခင်းမှာဆက်သင်ပါတယ်
နေ့လည်ခင်း လက်ချာမှာ သင်ရင်း သင်ရင်းကနေ ပြည်တွင်းငြိမ်းချမ်ရေးဘက်ရောက်သွားတော့ သူ့ဘက်က ဘာပြောလာသလဲ ဆိုတော့
မှန်တာပြောရရင် အခုပြည်တွင်းငြိမ်းချမ်းရေး မအောင်မြင်နိုင်တာ လက်ရှိ အစိုးရ (NLD )က စေတနာမရှိလို့ မအောင်မြင် ရတာပါတဲ့
ဘု၇ားစူးရစေ့ ……ကြားကြားချင်း မျက်လုံးကို ဇကောလောက် ကျယ်သွာြး့ပီး ပါးစပ်ကို တဆယ့်နှစ်ယူဇနာလောက် ဟ သွားတော့တာပါဘဲ
အစိုးရဟာ စတက်လာကတည်းက ပြည်တွင်းငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစဉ်ကိုကိုင်ဆြွဲ့ပီး ငြိမ်းချမ်းရေးရအောင် (ကန်တော့ပါ ရဲ့ )ချီးပြဲ့ အီးပြဲ လုပ်နေရတာကို သိနေမြင်နေပါရက်နဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ် အထက်မြန်မာပြည် နိုင်ငံရေးသိပ္ပံ ဌာနရဲ့ ဌာနမှူးတယောက် ပါးစပ်ကနေ ဒီလိုစကားမျိုးထွက်လာတာက အင်မတန်မှ စဥ်းစားစရာကောင်းပြီး မေးခွန်းထုတ်စရာပါ။
တကယ်လည်း မေးခွန်းဝိုင်းထုတ်ခဲ့ကြပါတယ်
သူ့ စကားဆုံးတာနဲ့တပြိုင်နက် လက်ချာမပြီးသေးခင်မှာ ဘဲ သင်တန်းသားအချို့က မိုက်တောင်းပြီး အတိအလင်း
Counter question တွေ ထုတ်ပါတော့တယ်
ဒီလိုမေးခွန်းတွေ ထုတ်လာတဲ့အခါမှာတော့ ခုနကပြောခဲ့တဲ့ စကားတွေက သူ့ပါးစပ်က မပြောခဲ့သလို လျောချပစ်ပြီး လက်ချာချိန်ကို တန်းဖြုတ်ပစ်လိုက်ပါတော့တယ်။
အင်မတန်မှ ရုပ်ပျက်တဲ့ လက်ချာဖြစ်ခဲ့ပါတယ် ၊
နောက်ရက်မှာတော့ နိုင်ငံရေးသိပ္ပံဘာသာရပ်အောက်က ပထ၀ီနိုင်ငံရေး ဘာသာရပ်ကို တခြားဆရာတယောက် လာသင်ပြန်ပါတယ်
ဒီလက်ချာမှာက ပိုဆိုးပါတယ် ..။
ဘာပြောသလဲဆိုတော့
မြန်မာနိုင်ငံဟာ လူမျိုးကြီး နိုင်ငံကြီး နှစ်ခုကြားမှာတည်ရှိတဲ့ အတွက် မိမိတို့ နိုင်ငံကို မပျောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်သင့်ကြောင်းပြောရာကနေ
မိမိတို့ အမျိုးမပျောက်ဖို့ အတွက် ဘာသာခြားတွေနဲ့ လက်ထပ်ထိမ်းမြားတာမလုပ်ကြဖို့
ဘာသာခြားတွေရဲ့ ဆိုင်တွေကို အားမပေးကြဖို့
786 ဆိုတဲ့ အဓိပ္ပါယ် ကိုသိကြသလားတို့
သာကီဝင်မျိုး ဗုဒ္ဓဘာသာဘာသာ အ၇ိုးစည်းရိုးထိုး blah blah blah အစရှိသော တရားတွေကို အဆိုပါဆရာမှ အာပေါင်အာရင်းသန်သန်နဲ့ ဟောပြောပါတော့တယ်.....💣💣
ငါတို့ဟာ နိုင်ငံရေးသိပ္ပံသင်နေရတာလား မဘသ တရားပွဲထဲရောက်နေသလားဆိုတာ ကိုယ့်ကိုကိုယ်မနည်းပြန်စဥ်းစားယူရတယ်💤💤💤💤
တနိင်ငံလုံးက လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံနဲ့ သင်တန်းသားပေါင်းး ခြောက်ရာကျော်ရှိနေတဲ့ သင်တန်းမှာ ဒီလို ထိလွယ်ရှလွယ်တဲ့ Isssue မျိုးကို ပြောဆိုတဲ့ အဲ့ဒီဆရာဟာ အတော့ကို ဦးနှောက်မရှိတာလျှင်သော်လည်းကောင်း ဖြစ်ရင်ဖြစ်ရမယ် ။ မဟုတ်ဘူးဆိုရင်တော့ ဒါဟာ တမင်ကို ရည်၇ွယ်ချက်ရှိရှိနဲ့ ပြောတာဘဲ။
အစိုးရရဲ့ ပေါ်လစီကို လက်တွေ့အကောင်အထည်ဖော်တော့မယ့် သစ်လွင်ဝန်ထမ်းတွေရဲ့ ဦးနှောက်တွေထဲကို ဒီလို Idealogy အမှားတွေကို ရိုက်သွင်းနေတာဟာ ဂျင်းအြ့ကီးစားဖြစ်သွားပါပြီ
တိုင်းပြည်ကို ငါးပါးမှောက်စေမယ့် ဒုက္ခလှလှ ရောက်စေမယ့် ဂျင်းတွေပါ။
ပြောတော့ သူတို့ တက္ကသိုလ်ရဲ့ ဆောင်ပုဒ်က ၀န်ထမ်းကောင်းမှ တိုင်းပြည်ကောင်းမည်တဲ့
တဖက်ကလှည့်တွေးကြည့်ပြန်ရင်တော့
အောက်ခြေက ၀န်ထမ်းတွေရဲ့ mindset ကို မှိုင်းတိုက်နိုင်ရင်
ဝန်ထမ်းတွေကို ဂျင်းထည့်နိုင်ရင် အပေါ်ကအစိုးရမ၇ှုမလှ ကျဆုံးပါတယ် ။
သူငယ်ချင်း
K pop fan  တွေ သူတို့ ဖန်တွေအချင်းချင်းရန်ဖြစ်ရင် ပြောနေကျစကားရှိပါတယ်
Fan သတ်ရင် Idol သေတယ်တဲ့
အဲ့လိုပါဘဲ....ဝန်ထမ်းသတ်ရင် အစိုးရသေပါတယ်
တိုင်းပြည်လည်း မုချနစ်မွန်းပါတယ်
တကယ့်လက်တွေ့မှာတော့ ပြည်သူကို မျက်နှာမမူတဲ့ အတွေးအခေါ်တွေ
ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရသွားနေတဲ့လမ်းမှာ ဟပ်ထိုးလဲစေမယ့် ခြေထိုးနေတာတွေနဲ့ဘဲ ဒီတက္ကသိုလ်ဟာ တိုင်းပြည်ဘဏ္ဍာကို ဖြုန်းတီးနေသလားဆိုတာ နောက်အပိုင်းမှာ တင်ပြပါအုံးမယ်
(အခုရေးသားထားသော ရေးသားချက်များအားလုံးကို ကျွန်တော့ အနေနဲ့ အပြည့်အ၀တာဝန်ယူကြောင်း အာမခံပါသည်)
ဇီးပင်ကြီး စစ်တမ်း ( အပိုင်း သုံး )
``ပလုံ ပလုံ မြည်သွားသော ၂၅၂ သိန်းနှင့် ဖော်ရှိုးနိုင်ငံတော်ကြီးတည်ထောင်တော်မူခဏ်း´´
အလုပ်တခု အောင်မြင်တယ် မအောင်မြင်ဘူုးဆိုတာ အဆိုပါအလုပ်ကထွက်လာတဲ့ result ပေါ်အခြေခံပါတယ်။ ဘယ်လောက်ဘဲ ပြဲနေအောင်လုပ်လုပ် Result က မကောင်းရင် ပင်ပန်းတာဘဲ အဖက်တင်ပါလိမ့်မယ် ။
#ပြာသာပြာတယ်ဖွဲမထွက်ဘူး ဆိုတဲ့ စကားပုံလိုပေါ့ ။
အခု ဗ၀တ နှစ်ကျောင်းမှာလဲ အဲ့လိုပါဘဲ ၊
(1) မိမိတို့ သင်ကြားပို့ချလိုက်တဲ့ ပို့ချချက်တွေဟာ သင်တန်းသားတွေရဲ့ တဦးချင်းစီဘ၀မှာ ဘယ်လောက်များ အကျိုးရှိသွားလဲ ၊
(2) ၀န်ထမ်းတဦးချင်းစီကနေရော ၀န်ထမ်းလောက ကိုဘယ်လောက်သက်ရောက်မှူ ရှိသွားလဲ
ဒီသက်ရောက်မှု ကရော ပြည်သူကို ဘယ့်လောက် အကျိုးရှိသွားစေလဲ
တဖန် ဒီလို Training ရထားတဲ့ ၀န်ထမ်းတွေကရော ပြည်သူကို ဘယ့်လောက်မျက်နှာမူသလဲ စသဖြင့် စသဖြင့် အားလုံးက တခုနဲ့တခု ဆက်စပ်မှု ရှိနေပါတယ်။
ဒီ ၀န်ထမ်းတက္ကသိုလ် နှစ်ခုကနေ တိုင်းပြည်ဘဏ္ဍာကို သုံးစွဲနေတာ မနည်းပါဘူး
ကျွန်တော်တို့ အရာထမ်းလောင်းအခြေံသင်တန်းဆိုရင် သင်တန်းသားတယောက်ရဲ့ အစားအသောက်အတွက် တနေ့စာ နေ့တွက်စားရိတ်က ၇၀၀ ကျပ်ပါ ။
တယောက်ကို ၇၀၀
ဆယ်ယောက်ဆို ၇၀၀၀
အယောက်တရာ ၇၀၀၀၀
ကျွန်တော်တို့သင်တန်းသည် အယောက် ခြောက်ရာနီးပါးရှိတော့ လေးသိန်းနှစ်သောင်း
တရက်ကို ၄၂၀၀၀၀ ကျပ်. တလကို ၁၂၆ သိန်း
သင်တန်းကာလက နှစ်လဆိုတော့ ၂၅၂ သိန်း 😆😆😆
ဒီကုန်ကျစရိတ်သည် အရာထမ်းလောင်းအခြေခံ အထူးသင်တန်း အမှတ်စဉ် (၅) တခုတည်း အတွက် ကုန်ကျစရိတ်ပါ ။
ကျွန်တော်တို့သင်တန်း တက်နေစဉ် အတွင်းမှာ တခြားသော သင်တန်းအမျိုးအစားတွေဟာလည်း တပြိုင်တည်း တနှစ်ပတ်လုံး အဆက်မပြတ်ရှိနေတာပါ ၊
ရာထူးမြင့်သင်တန်းတွေဆိုရင် နေ့တွက်စားရိတ်သတ်မှတ်ချက်က ပိုများပါတယ်၊
ဒီတော့ သင်တန်းသားတွေအတွက် ကုန်ကျစားရိတ်တွေ တက္ကသိုလ် ကြီး တခုလုံးက ၀န်ထမ်းတွေရဲ့လစာတွေ တက္ကသိုလ်ကြီးလည်ပတ်ဖို့အခြားသော အသေးသုံး အကြီးသုံး နဲ့တကွ အထွေထွေအသုံးစရိတ်တွေနဲ့ တွက်ကြည့်ရင် တိုင်းပြည်ဘဏ္ဍာ ကိုမနည်းမနောသုံးစွဲထားတာပါ
ဒီလို နိုင်ငံတော်က အကုန်အကျခံနေလို့သင်တန်းသားတွေဘက်ကလည်း ကုန်ကျစားရိတ်မရှိဘူးလားဆိုတော့ အဲ့လိုလည်း မဟုတ်ပြန်ပါဘူး ။
ဒီသင်တန်းလာတက်ဖို့ ၀ယ်၇ခြမ်းရကုန်ကျစားရိတ်တွေ သင်တန်းတက်နေစဉ်မှာ အမျိုးမျိုးသော ကုန်ကျစားရိတ်တွေ ခရီးသွားလာရစရိတ်တွေ နဲ့ ထိုက်သင့်သလောက်တော့ ကုန်ကျတာပါဘဲ၊ အထူးသဖြင့်တော့ တဦးချင်းစီမှာ ပေးဆပ်လိုက်ရတဲ့ အချိန်တွေက ပိုလို့ တန်ဖိုးရှိတာအမှန်ပါ
ဒီတော့ ဒီလိုတွေအကုန်အကျခံပြီးမှ ထိုက်သင့်တဲ့ အကျိုးရလဒ်ရော ရကြရဲ့လား
``နိုင်ငံတော်ဘက်ကရော ကုန်ကျခံလိုက်ရတာနဲ့ တန်တဲ့ ၀န်ထမ်းတွေ ရလိုက်ရဲ့လား´´
``သင်တန်းသားတွေဘက်ကရော ကိုယ်ပေးလိုက့်် ရတဲ့ အချိန်တွေအတွက် အကျိုးရှိတာကို
မြိုးမြိုးမြတ်မြတ်ရလိုက်ရဲ့လား ´´
ဆိုတာကို ကျွန်တော်တို့ ၀န်ထမ်းတွေ နဖူးပေါ်လက်တင်ပြီး စဉ်းစားချိန်တန်နေပါပြီ
ဒီတက္ကသိုလ်ကို တည်ထောင်ရတဲ့ ရည်ရွယ်ချက်က လက်ရုံးရည် နှလုံးရည် နဲ့ပြည့်စုံတဲ့ ပြည်သူ့ဝန်ထမ်းတွေကို မွေးထုတ်ပေးဖို့်ပါ ။
လက်ရုံးရည် ဆိုတဲ့နေရာမှာ ၀န်ထမ်းတွေရဲ့ သက်ဆိုင်ရာလုပ်ငန်းခွင်မှာ ကျွမ်းကျွမ်းကျင်ကျင် စွမ်းဆောင်နိုင်မှုကို ဆိုလိုတာပါ ။
အခု ဗဟိုဝန်ထမ်းတက္ကသိုလ်မှာ သင်တန်းသားတွေကို သင်နေရတဲ့ သိုင်းသင်တန်းတွေကို မဆိုလိုပါဘူးနော်😂😂😂
ဤကားစကားချပ်
( အင်းပေါ့လေ ……နိုင်ငံတော်ကြီးကို စစ်လက်နက်အားကိုးနဲ့မှ ကာကွယ်နိုင်မယ်လို့ ထင်နေကြတဲ့ အထုံကလည်း ဖျောက်ဖို့အတော်ခက်တာပါကလား အရပ်ကတို့ရေ😆😆😆)
အရေးကြီးဆုံးက နှလုံးရည်တဖြစ်လဲ Mindset ပါ ။
Mindset သည် အင်မတန့် အင်မတန်မှကို ပြောင်းလဲဖို့ခက်ပါတယ်
လက်ရှိ မြန်မာနိုင်ငံ ၀န်ထမ်းလောကကို လေ့လာကြည့်ရင် သုံးမျိုးသုံးစားတွေ့ရပါလိမ့်မယ်
ပထမ အမျိုးအစားကတော့ ပြီးခဲ့တဲ့ အာဏာရှင်စနစ်မှာ အသားကျပြီးသား ထိုစဉ်ကရွှေရောင်တောက်ပခဲ့သော နေ့ရက်များကိုသာ နှစ်သက်သဘောကျပြီး လက်ရှိ ဒီမိုကရေစီ စနစ်နဲ့ အံချော်နေတတ်သောာ ပြန်လည်တမ်းတ ငယ်ဘ၀ ပိုင်ရှင်များ
( ဒီဝန်ထမ်း အမျိုးအစားကတော့ နည်းပါတယ်)
ဒုတိယအမျိုးအစားကတော့ ခေတ်စနစ်ြ့ကီးကို ပြောင်းလိုက်မဟဲ့ အလုပ်တွေကို ကြိုးစားလုပ်လိုက်မဟဲ့ လို့ကြုံးဝါးကာ ကြိုးစားနေသော ၀န်ထမ်းများ
( ဒီအမျိုးအစားကလည်း ၊ များသောအားဖြင့်ကတော့ ၀န်ထမ်းပါးမ၀သေးတဲ့ သစ်လွင်ဝန်ထမ်းပေါက်စလေးတွေ များပါတယ်)နည်းတော့နည်းသေးပါတယ်
တတိယအမျိုးအစားကတော့ မလုပ် မရှုပ် မပြုတ် ထားရာစေ နေရာသွား ပြန်မပြော ခိုင်းတာမှန်သမျှ ပြန်လှန်မေးခွန်းမထုတ်ဘဲ အကုန်လုပ်ပေးတတ်သော ဘာသိဘာသာ နေတတ်တော်မူပေထသော အကြင် ၀န်ထမ်းအမျိုးအစားသည်ကတော့ အများစုပင်ဖြစ်ချေတော့သည်တကား......
ဝန်ထမ်းလောကမှာအရိုးစွဲနေတဲ့ mindset ကို လက်ရှိသွားနေတဲ့ ဗ၀တမှာသင်ကြားနေတဲ့ ပုံစံနဲ့တော့ ဘယ်လိုမှ အစွဲချွတ်လို့ရမှာမဟုတ်ဘူးဆိုတာ မြေကြီးလက်ခတ်မလွဲပြောရဲတယ်။
ဘာလို့လဲ........ ရှင်းပြပါရစေ
သင်တန်းသားတွေကို သင့်တင့်လျောက်ပတ်တဲ့ အိပ်ဆောင်မစီစဉ်ပေးနိုင်တော့ ဘားတိုက်တခုထဲမှာ အယောက် အစိတ်လောက်ထည့်ထားရတယ် ။ ဒီအယောက် အစိတ်က တယောက်ချင်းစီရဲ့ ပစ္စည်းတွေနဲ့ဆိုရင် ဘားတိုက်က ကြွက်သိုက်သာသာဖြစ်သွားမှာဆိုတော့ နေ့လည်နေ့ခင်း လြူ့ကီးတွေလာစစ်တဲ့အခါ တခါတရံ သသည်တော်တွေကို လိုက်ြ့ပတဲ့အခါ အရာရာဟာ အစီစဉ်တကျနဲ့ သန့်ရှင်းသပ်ရပ်နေပါတယိလို့ ယူဆသွားအောင် ၇ှိသမျှပစ္စည်း စတိုထဲသိမ်းကြုံးထည့်လို့ အိပ်ရာပေါ်မှာ Kit ခင်းခိုင်းတယ်
#ဒါဟာ For Show ဘဲ
လက်ခုပ်တီးရင် အခမ်းအနားအဖွင့် အပိတ်ဆိုရင် ဘယ်နှစ်ချက် မိန့်ခွန်းပြီးသွားရင် ဘယ်နှစ်ချက်ဘဲတီးရမယ်ဆိုပြီး ကြိုတင်မှာထားတယ်
#ဒါဟာ For Show ဘဲ
လူကြီးတွေနဲ့ သည်တွေလာရင် ဒံပေါက်တို့ ၀က်သားဟင်းတို့ချက်ပြီး ဒီလူကြီးတွေ ည်တွေကိုပါ
သင်တန်းသားတွေနဲ့ ထမင်းအတူစားခိုင်းတယ် ၊
#ဒါဟာလည်း For Show ဘဲ
သင်တန်းဆင်းစုပေါင်း ဓါတ်ပုံရိုက်ဖို့ဆြို့ပီး ရှိသမျှ သင်တန်းသားအကုန်လုံးကို အရပ်တိုင်းပြီး အနိမ့်အမြင့်စီတယ် ။ ၇ီဟာဇယ်လုပ်တယ်
#ဒါတွေဟာလည်း for Show ဘဲ
သင်ခနုးစားတွေပို့ချပြန်တော့ရော မူဝါဒနဲ့ မကိုက်ညီတာတွေကို သင်တဲ့ဆရာတွေက သူတို့ရဲ့ Emotion အရ ထည့်ပြောကြတယ်
သင်တန်းကာလတွေမှာ ဖော်ရှိုးတွေ သင်ရင် သင်တန်းသားတွေက ဖော်ရှိုးတွေဘဲ တတ်မှာဘဲ
ဖော်ရှိုးတွေတတ်ပြီး လုပ်ငန်းခွင်ထဲ ရောက်သွားတော့ဖော်၇ှိုးအလုပ်တွေလုပ်ကြ့ပီး ဖော်ရှိုးသမ္မတမြန်မာနိုင်ငံတော်ကြီးကိုတည်ဆောက်ကြပေရော့ဘဲ
ဒါကိုပြင်ချင်ရင် ရာထူးဝန်အဖွဲ့အနေနဲ့ အမြစ်ကစပြီးဖြတ်မှဘဲရမှာ
သားဖွားဆရာမ တိုက်နယ်ဆရာဝန် လက်ထောက်ဆရာဝန် အငယ်တန်းစာရေး ရုံးအုပ် အထက်တန်းစားရေး စတဲ့ တကယ့်အောက်ခြေက ၀န်ထမ်းတွေရဲ့ အသံကို များများနားထောင်ပေးပါ
တကယ့် On Ground မှာ ဘာတွေဖြစ်နေလဲ ၀န်ထမ်းတွေမှာ ဘာအခက်အခဲတွေကြုံနေကြလဲ
ဒါတွေကို အခြေခံပြီးမှ
ဝန်ထမ်းတွေရှဲ့Quality ကိုတိုးတက်စေဖို တကယ်တမ်းလက်တွေ့ကျတဲ့ သင်တန်းတွေ မွမ်းမံတွေ ဖွင့်လှစ်ကြပါလို့ အလေးအနက်တိုက်တွန်းလိုက်ရပါတယ်
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ပြည်သူ့ဝန်ထမ်းများ စကားဝိုင်း ဆိုတာမျိုးလည်း မြင်ပါရ ကြားပါရစေ
ခုနစ်ပြည်ထောင်မင်းသားတွေဟာ တက္ကသိုလ်ပြည်ကြီးမယ် အဌာရသ ဆယ့်ရှစ်ရပ်တွေ သင်ကြာြး့ပီး မိမိတို့ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေပြန်ရောက်တဲ့အခါ မှာ ယခုလို ဇီးပင်ကြီးစစ်တမ်းမျိုးတွေလည်း နောက်ထပ်နောက်ထပ်မရေးပါရစေနဲ့လို့ ဆုတောင်းရင်း
Dr. Soe Thuya Zaw
#Copy Credit.....
.
.
...........................
.
Dr. စိုးသူရကျော်
သူလုပ်ချင်လို့ လုပ်တာပဲ..
လုပ်ရပ်က ကောင်းလွန်းတော့ ညံ့ဖျင်းတဲ့ ဗဟိုဝန်ထမ်း တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့ကို အကြီးကျယ် ထိခိုက်တယ်။ စာထုတ်ပြီး D.E တရားခံ စစ်ဆေးဖို့ လုပ်တော့.. အခု တနိုင်ငံလုံး ပျားအုံတုတ်ထိုးသလို ဖြစ်သွားပြီ။ လူကောင်းတွေ ငြိမ်နေရင် လူဆိုးတွေ ဆက်ကြီးစိုးနေမယ်.. ဒီတော့ လူကောင်းတွေ Dr. စိုးသူရကျော် ကို ဝန်းရံကြပါ။
ရှယ်ကြပါ..။
........................
.
အင်ဂျင်နီယာ လူငယ်တွေ
လဲ ဒီလို ညံဖျင်း ရုံမက လိမ်လည်တဲ့ လူကြီးတွေကို ဖော်ထုတ် နေကြပါတယ်။ ဘယ်သူ့ မှမထိခိုက် စေလိုပါ။ လူလိမ် တင်ထွန်း ဆိုတဲ အင်ဂျင်နီယာ အတုကြီး. ကို MEngC က မစီစစ်နိုင်ပဲ..
.................
....အမြင့်ဆုံး ပရိုဖက်ရှင်နယ် P.E ဘွဲ့ပေးရုံသာမက ၊
....အမြင့်ဆုံး အင်ဂျင်နီယာတက္ကသိုလ် YTU(RIT ကြို့ကုန်း) မှာ ဧည့်ပါမောက္ခ ရာထူးပေးတယ်။
....အာစီယံနိုင်ငံများ ကလဲ P.E လက်မှတ်ချီးမြှင့်တယ်။
.................
အခု အားလုံး ပြန်ရုတ်သိမ်းလိုက်ပြီး၊ ဒီလူလိမ်ကို လိမ်လည်မှု ပုဒ်မ၄၂၀ နဲ့ တရားစွဲတယ် ဆိုပေမဲ့ အမှု က နှစ်ချီကြာနေပြီ။
.
လူလိမ် တင်ထွန်း အေးအေးဆေးဆေး မြန်မာပြည်မှာ ရှိနေတယ် သိရတယ်။ သူ့ကို အရေးယူ ထေါင်၁လ ဖြစ်စေ ပြစ်ဒဏ်ချနိုင်မှ ကျနော်တို့ အင်ဂျင်နီယာ လောက အနာဂါတ်မျိုးဆက်သစ် အတွက် အားအင်သစ် ဖြစ်မယ်။ အင်ဂျင်နီယာ အများစု စိတ်ထား ပိုကောင်းလာကြပါမယ်။
..
ဖတ်ရှုသူ အားလုံးကို ကျေးဇူးတင်ပါကြောင်း။
.
ဇော်အောင်(မုံရွာ) MZawAung
24.Dec.2018
..............
Friday, December 21, 2018
(SME ကုမ္မဏီများအတွက်) NEP ( National Electrification Project ) တွေအတွက် Distribution Line
Credit Ko Myo Zaw (SME ကုမ္မဏီများအတွက်)
NEP ( National Electrification Project )  တွေအတွက်   Distribution Line များပြေးဆွဲခြင်း
ကျနော် ( သို့မဟုတ် )  တောကြိုအုံကြား လိုင်းသမား
လျှပ်စစ်တပ်ဆင် လုပ်ငန်းတွေ ထဲမှာ ကျနော် အထူးတလည်စိတ်ဝင်စားပြီး လေ့လာ လုပ်ကိုင်ဖြစ်သော လုပ်ငန်းအချို့ထဲမှာ  TRANSMISSION &  DISTRIBUTION အပိုင်းကလည်း လုပ်ငန်းတစ်ခုအနေနဲ့ ပါဝင်ပါတယ်။ ကိုယ်တိုင်လည်း COMPANY ဝန်ထမ်းအနေဖြစ်  ( ပြင်ပ IPP PROJECTS) တွေအနေနဲ့  230 kV အဆင့် TRANSMISSION LINE များ ၊ TOWER များ ကို ကိုတိုင်တာဝန်ယူ တည်ဆောက်ဖူးသလို ၊ 33 kV အဆင့် TRANSMISSION LINE ( မိုင် ) များစွာကို လေ့လာတည်ဆောက်ဖူးပါတယ်။
 ဒီနေရာမှာ ကျနော်  ကြုံတွေ့လုပ်ကိုင်ဖူးသော အခြေခံအချက်များမှာ  သက်ဆိုင်ရာ ( လမ်းအူကြောင်း )သွယ်တန်းလမ်းကြောင်းအတွက်  LINE ROUTE ရှာခြင်း ( LINE ROUTE SURVEY ) ၊ မြေမျက်နှာသွင်ပြင် အနိမ့်အမြင့်များ ကို သက်ဆိုင်ရာ တိုင်းထွာပစ္စည်းများဖြစ် တိုင်းတာခြင်း ၊ မြစ်ကူး ချောင်းကူး အချက်အလက်များ  ( အကျယ် / အကွာအဝေး )  ၊ လမ်းကျော် တောင်ပေါ် စသည့်အခြေအနေများအလိုက် GPS  POINT များထောက်ခြင်း မှတ်သားခြင်း  ၊ သက်ဆိုင်ရာ POINT အလိုက်  GOOLE MAP တွင် နေရာချခြင်း ၊ လိုင်း အကောက်အကွေ့နည်းစေရန် ပြန်စီစစ်ခြင်း ၊ လိုအပ်လျှင် လမ်းကြောင်း ပြန်ပြောင်းခြင်းများ ကို ( ကြိမ်ဖန်များစွာ )  ပြုလုပ်ရပါသည်။
.
ဒီနေရာမှာ နောက်ဆုံးအနေဖြစ် LINE TABULATION များကို ပြုစုခြင်း  ၊ LINE PROFILE များကို သက်ဆိုင်ရာ ဌာနအသီးသီးမှာ တွက်ချက်ပါသည်။ ဒီနေရာမှာ ( ကျနော် အနေနဲ့ စိတ်ဝင်တစားလေ့လာဖြစ်တာက )
• လိုင်းမိုင် အရှည်က ဘယ်လောက်လဲ  ( KM) 
• လိုင်းပေါ်မှာသုံးဆွဲမယ့် ( POWER ) ကဘယ်လောက်လဲ ( KW/ MW)
• လိုင်းကြိုးဆိုက် ( SIZE ) ကဘယ်လောက်လဲ ( ဆွဲအား/တင်းအား/လျှပ်စီး ခံနိုင်ဝန် )
• ဓာတ်တိုင် ( SIZE ) ကဘယ်လောက်လဲ
• ဓာတ်တိုင် နှစ်တိုင်ကြား အကွာအဝေးက ( SPAN ) ကဘယ်လောက်လဲ
• ကြိုးတင်းအား ဘယ်လောက်လဲ  /  ဓာတ်တိုင်ခံနိုင်ဝန်
• GROUND CLEARANCE ( မြေပြင်ကင်းလွတ်အမြင့် )
• SAG ဘယ်လောက်ရှိနိုင်မလဲ
• LINE FITTING  များရဲ့ SIZE များ ( ခံနိုင်ဝန်များ )
• CROSS ARM / BRACING နဲ့ AERIAL AERTH အတွက် DESIGN များ
• မြစ်ကျော် / ချောင်းကျော် များအတွက် SPAN နဲ့ တိုင် အသုံးပြုရန်များ
ပုံမှန်တွေ့မြင်နေကျ မြို့တွင်း မြေပြန့်ကဒေသတွေက Transmission & Distribution Line တွေလို မဟုတ်ဘဲတောအတွင်းမှာ လယ်ကွင်းပြင်၊လျို တွေ ၊တောတောင်တွေကို ဖြတ်သန်းပြီး ( TRANSMISSION & DISTRIBUTION ) ဓါတ်အားလိုင်း တွေကို တည်ဆောက်လုပ်ကိုင်ရင်း လေ့လာကြုံတွေ့ရတာတွေပါ။
မြို့ပြလိုမြေပြန့်မဟုတ်ဘဲ အနိမ့်အမြင့်ဖြစ်နေတဲ့တောတောင်တွေကို ဖြတ်သန်း ရရင် ဓါတ်အားလိုင်း တွေက မြေပြန့်လို ( SUSPENSION ) တိုင်တွေထက် ကြိုးတင်းအား၊ ဆွဲအားကို ပိုအသုံးပြုရတဲ့ ( TENSION ) တိုင်တွေက မြေပြင် အနိမ့်အမြင့်အခြေအနေအရ ပိုမိုများပြားလာမှာဖြစ်ပါတယ်။
ဒီအချိန်မှာ ကျွန်တော်တို့ ဂရုတစိုက် လုပ်ကိုင်ရတာက
၁။ ဓာတ်တိုင်တွေရဲ့ မြေဝင်အနက်
တောင်ပေါ်ဒေသ၊လျှိုတွေမှာ မြေပြင် အနိမ့်အမြင့်၊ကမ်းပါးစောင်း ပေါ်မူတည်ပြီးဓာတ်တိုင်တွေရဲ့ မြေဝင်အနက်တွေကတသတ်မှတ်ထဲမဟုတ်ဘဲ ကွာခြားနိုင်ပါတယ်။ကျောက်မြေ၊သာမန်မြေ ပေါ်မူတည်ပြီးမြေဝင်အနက်တွေ ကွာခြားနိုင်ပါတယ်၊တချို့နေရာတွေဆိုရင် ( UPLIFTED)ဖြစ်နေတာတွေ ( ဓာတ်တိုင်ထိပ်နဲ့ ကြိုးလွတ်နေတာတွေ၊ဓာတ်တိုင်တွေရဲ့မြေအဝင်နည်းမှုကြောင့် တိုင်ကလိုအပ်သော ကြံ့ခိုင်မှုမရဘဲ တိမ်းစောင်းနေတာတွေဖြစ်နိုင်ပါတယ်။
၂။ ဓာတ်တိုင်အမျိုးအစားအလိုက် စိုက်ထူခြင်း
စနစ်ကျသေသပ်သော ဓာတ်အားလိုင်းက အရပ်အခေါ် ( လိုင်းပေါက်တည့်ရန် ) လိုအပ်ပါတယ်။သဘောကတော့ လိုင်းထိပ်ကနေ လိုင်းအဆုံးထိ ဓာတ်တိုင်များတညီတညာတည်း ဖြောင့်တန်းရန်လိုအပ်ခြင်း POLE ALIGNMENT ၊ဓာတ်တိုင်အချင်းချင်းကြား အကွာအဝေး ( SPAN ) ညီညာရန်လိုအပ်ချင်း၊ သတ်မှတ် GROUND CLEARANCE အတိုင်းကြိုးဆွဲတပ်ဆင်ထားခြင်းတို့ကို လိုအပ်ပါတယ်။ဒီလိုအခြေအနေက မြေပြန့်လိုင်းတွေမှာ လွယ်ကူစွာ စိုက်ထူ/ကြိုးဆွဲလို့ရပေမယ့် ၊ အနိမ့်အမြင့် ( LEVEL DIFFERENCE ) ရှိသော ၊ အကွေ့အကောက်ရှိသော နေရာ၊တောင်ပေါ် တောင်အောက် ၊ မြစ်ကျော် ချောင်းကျော် တွေမှာ ဓာတ်အားလိုင်းတွေ ပြေးဆွဲတပ်ဆင်ရရင်ဖြစ် အထက်ဖော်ပြပါ လိုင်းပေါက်တဲ့ ဖို့က အတော့်ကို မလွယ်ကူသော ကိစ္စတစ်ခုပါ။ ဒီနေရာမှာ နေရာဒေသပေါ်မူတည်ပြီး ( ဓာတ်တိုင်အမျိုးအစားအလိုက် ) SINGLE POLE သုံးရမလား၊ H POLE သုံးရမလား ၊ DOUBLE H POLE သုံးရမလား TRI POLE သုံးရမလား၊ 4 POLE သုံးရမလား၊ ဒီလိုတိုင်အမျိုးအစားတွေကို သက်ဆိုင်ရာ လိုင်း ထောင့်ချိုးအလိုက် ( TURNING ANGLE ) အရ မှန်ကန်စွာ ရွေးချယ်တပ်ဆင်ရမှာပါ။ ဒီနေရာမှာ ဓာတ်အားလိုင်းက ကြိုးတင်းအားမလိုဘဲ ဆွဲထားရုံသက်သက်
• SUSPENSION တိုင်လို ( 180 DEGREE ) တဖြောင့်တည်းဆို SINGLE POLE လိုမျိုး ၊
• လိုင်းအချိုးအကွေ့က ( 60 DEGREE အထိ ) အချိုးဆို TRI POLE ၊
• လိုင်းအချိုးအကွေ့က ( 90 DEGREE အထိ ) အချိုးဆို FOUR POLE ၊မြစ်ကူးချောင်းကူး ၊ အနိမ့်အမြင့် ပြောင်းလဲရင် ဓာတ်တိုင်အမျိုးအစားအလိုက် လိုအပ်သလို စိုက်ထူရမှာဖြစ်ပါတယ်။
• ( ဒီအခြေအနေပေါ် မူတည်ပြီး ( SURVEY  RESULT အရ )  LINE ပစ္စည်းစာရင်းများ ကွာခြားနိုင်ပါတယ် )
၃။ တိုင်ဆိုင်းကြိုးများ ( STAY WIRE / GUY WIRE )
ဒီလို ( H POLE / TRI POLE / FOUR POLE ) လို အချိုးအကွေ့တိုင်တေ ကွို TENSION တိုင်တွေလို့ခေါ်ပြီး ဒီ TENSION တိုင်တွေမှာ တိုင်ဆွဲအားပေါ်မူတည်ပြီး သက်ဆိုင်ရာ ဆိုင်းကြိုးတွေကို တပ်ဆင်ပေးရမှာဖြစ်ပါတယ်။ အခြေခံအားဖြစ် တိုင်ဆိုင်းကြိုးကို ( TENSION ) တိုင်တွေအပြင်
• လိုင်းအဆုံးနေရာများ ( DEAD END TERMINALS )
• လိုင်းထောင့်စွန်းနေရာများ ( CORNORS )
• လိုင်းထောင့်ချိုးနေရာများ ( ANGLES)
• လိုင်းခွဲရန်နေရာများ ( BRANCHES/FEEDERS )
• မီးရထားသံလမ်းကူးများ ( RAIL CROSSING )
• ဖြတ်တိုင်နေရာများ ( INTERVAL IN LINES) နေရာတွေမှာတပ်ဆင်ရပါတယ်။
၎။ ဓာတ်ကြိုးလျော့အိမှု ( SAG )
ဓာတ်တိုင်အချင်းချင်း ကြား အကွာအဝေး SPAN ရှည်လွန်းရင် ဖြစ်စေ၊ ဓာတ်တိုင် အခန်းများကြား ဓာတ်ကြိုး ဆွဲတင်းအား ( TENSION ) လျော့နေလျှင်သော်၎င်း ဓာတ်တိုင်အချင်းချင်း ကြားအနိမ့်အမြင့် ( ELEVATION ) မညီရင်ဖြစ်စေ ဓာတ်ကြိုးလျော့အိမှုဖြစ်နိုင်ပါတယ်၊လွန်ကဲသောဓာတ်ကြိုးလျော့အိမှုကတဆင့် မြေပြင်ပေါ်မှာ သွားလာနေသော သက်ရှိများကို ( လျှပ်စစ်စီးကူးခြင်း၊ညို့ဝင်ခြင်းကတဆင့် ) အသက်အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ဒီလိုဘဲ လျှပ်စစ်ဓာတ်ကြိုးများနဲ့ သစ်ပင် သစ်ကိုင်းမလွတ်ရင် LINE FAULT ဖြစ် များဖြစ်ပေါ်ခြင်းနဲ့ အဆိုးရွားဆုံးဖြစ်ရပ်တွေမှာ ဒီ LINE FAULT ကတဆင့် တောမီးလောင်ခြင်းတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
ဒီနေရာမှာ ဓာတ်ကြိုး နဲ့ မြေပြင်ကြား ဗို့အားအဆင့်အလိုက် အနည်းဆုံးလိုအပ်သော GROUND CLEARANCE အကွာအဝေးတွေကို ကြိုတင်သိရှိထားရမှာဖြစ်ပါတယ်။ဒီ GROUND CLEARANCE နေရာမှာ က လမ်းကိုဖြတ်ရင်၊လမ်းကိုကျော်ရင်၊လမ်းနဲ့ယှဉ်ပြိုင်နေရင်ဆိုပြီး GROUND CLEARANCE အကွာအဝေးတွေက ကွာခြားနိုင်ပါတယ်။
၅။မိုးကြိုးလွှဲ ( OVER HEAD EARTH WIRE / AERIAL EARTH WIRE )
လယ်ကွင်း၊ကွင်းပြင် ၊တောင်ပေါ်တွေမှာ ဖြတ်ဆွဲထားသော လျှပ်စစ် ဓာတ်အားပေးလိုင်း အတွင်းသို့ မိုးကြိုးပစ်ခြင်း/ဝင်ရောက်ခြင်းကို ကာကွယ်နိုင်ရန်အတွက် ဓာတ်တိုင်တို့၏ထိပ် တလျှောက် တွင် မြေစိုက်ကြိုးအနေဖြစ် OH EARTH WIRE ကိုတပ်ဆင်သွယ်တန်းပေးရသည်။ OH EARTH WIRE ကို GOOD GROUNDING RESISTANCE အမြဲရရှိနိုင်စေရန် တမိုင်လျှင် EARTH ROD ငါးနေရာခန့် နေရာခွဲခြား ရိုက်ကာ ထို EARTH RODနှင့် OH EARTH WIRE ကို ဆက်သွယ်ပေးရမည် ဖြစ်သည်။ OH EARTH WIRE သည် တပ်ဆင်ထားသော ကြိုး အောက် တဖက်တချက် 45 DEGREE AREA အတွင်းရှိနေသော လျှပ်စစ်ဓာတ်ကြိုးကို မိုးကြိုးပစ်ခြင်းမှ အကာအကွယ်ပေးနိုင်ပါသည်။ထို့ကြောင့် လုံလောက် မှန်ကန်သော မိုးကြိုးအကာအကွယ်ပြု ဧရိယာအတွင်း ( လျှပ်စစ်ဓာတ်ကြိုးများ ) ရောက်ရှိနေစေရင် သက်ဆိုင်ရာ CROSS ARM များ POST INSULATOR ကြွေသီးများကို မိုးကြိုးအကာအကွယ်ပြု ဧရိယာ ( 45 DEGREE ) အတွင်းကျရောက်တည်ရှိနေအောင်တပ်ဆင်ရမည်ဖြစ်သည်။ ထို့အတူ သီးခြား LINE to LINE , LINE to EARTH CLEARANCE များဖြစ်သော ကြွေသီး ( INSULATOR ) အချင်း ချင်းကြား အကွာအဝေး၊ ကြွေသီး ( INSULATOR ) နဲ့ CROSS ARM ကြားအကွာအဝေးတို့ကို သေချာစနစ်တကျ တပ်ဆင်ခဲ့ရပါတယ်။
၆။ FIRE WAY / SAFETY CLEARANCE
တော တောင်အတွင်း တပ်ဆင်ပြီးစီးသွားသော TRANSMISSION လိုင်းများအား တပ်ဆင်လိုင်း ၏ ဘယ်/ညာ ဧရိယာ့အား သတ်မှတ် အကွာအဝေးအတိုင်း မီးတားနယ်မြေအဖြစ် တောခုတ်ရှင်းလင်းရမည်ဖြစ်သည်။ ဉပမာ။ ။ 33 KV TRANSMISSION ဆိုလျှင် ၁၅ ပေ ပတ်လည် ရှင်းလင်းရန်လိုအပ်ပြီး၊ ဓာတ်တိုင်ဘေးပတ်ဝန်းကျင် တွင် မိုးဒဏ် လေဒဏ်ကြောင့်လဲနိုင်သော အပင်ကြီးရှိပါက ၎င်းအပင်ကြီးများကို လိုင်းကြိုးမတင်ခင် ကြိုတင်ရှင်းလင်းခုတ်ထွင်ရမည်ဖြစ်သည်။
ဟုတ်ကဲ့ ခင်ဗျာ တချို့ ကိစ္စလေးတွေက လုပ်ငန်းပမာဏအရ သေးငယ်ပေမယ့် ၊ ဂရုတစိုက်လုပ်ကိုင်ရချင်း စနစ်တကျလေ့လာသင်ယူမှုကိုတော့ ဘယ်လုပ်ငန်းကိုမဆို ဝိရိယစိုက်ထုတ်လုပ်ကိုင်ရပါတယ်။လိုအပ်ချက်တွေများစွာရှိနေသေးလို့ ဆက်လက်လေ့လာလုပ်ကိုင်ရဦးမည် ဖြစ်ပါကြောင်းပါခင်ဗျာ။
ဆရာ့ ဦးတင်မောင်ထွန်း ၏ မှတ်ချက် ( comment ) ကို ကျေးဇူးအထူးပြု၍ လေ့လာသူများအတွက် ပြန်ထည့်ပေးလိုက်ပါတယ် ခင်ဗျာ။
........'''''.ရှေးခေတ်က Tension မှာ disc တချပ်ပိုထည့်လေ့ရှိတယ် ၊ ဘာလို့လဲ ၊ suspension ထက် လဲရတာခက်လို့ ၊ တချပ်ကွဲရုံနဲ့ ချက်ချင်းမလဲပဲ ၊ မီးပေးထားပြီး ၊ plan shutdown ကျမှ အေးအေးဆေးဆေး ကြိုတင်ပြင်ဆင်ပြီးလဲတယ် ၊ အခုလူငယ်တွေ ဒီအမြင်မျိုးရှိစေချင်တယ် ။ """"
MyoZaw
.
Link fb
https://m.facebook.com/story.php?story_fbid=10156241923488472&id=755653471
Thursday, December 13, 2018
မဟာဓာတ်အားလိုင်း  (တရုပ်/လာအို to မြန်မာ)
Power Grid
မြန်မာအစိုးရ လိုအပ်တဲ့ 3000mW လျှပ်စစ်ကို ၂နှစ်အတွင်း ရရှိရေး အတွက် LNG ဓာတ်ငွေ့ရည် စီမံကိတန်းကြီး ၂ခုကို မွန်ပြည်နယ် (Total ပြင်သစ်) နဲ့ ဓရာဝတီတိုင်း (တရုပ်) ပင်လယ်ကမ်းခြေ တွေမှာ အမြန်ဆုံး တည်ဆောက်ဖို့  ကုမဏီကြီး ၂ခုနဲ့ ၂၀၁၈ နှစ်ဆန်းမှာ စတင်ပါတယ်။
.
ရုတ်တရက် ရေနံ.နဲ့ LNG ဓာတ်ငွေရည် ဈေးနှုန် ၅၀% ဈေးတက်သွားလို့ စီမံကိန်း အခက်ခဲ ဖြစ်သွားရတယ်။ သမ္မတ ဦးဝင်းမြင့် ဖြစ်လာပြီး အဂတိကော်မရှင်က LNG တရုပ်စီမံကိန်း (~us$ 2billion) မှာ ဘဏ္ဍာရေး. ပြည်ထောင်စု ဝန်ကြီးရဲ့ ဇနီးနဲ့ သား COI Conflict of Interests စုံစမ်းစစ်ဆေး ချိန်မှာ ဘဏ္ဍာရေးဝန်ကြီး ရာထူးက နှုတ်ထွက် သွားပါတယ်။
.
.
စွမ်းအင်နဲ့ လျှပ်စစ် ကို ကမ္ဘာကြည့် ကြည့်မယ်
ဦးသိန်းစိန်ခေတ်က လျှပ်စစ် ဒုဝန်ကြီး (ရေအားလျှပ်စစ် ပညာရှင်) ဦးမော်သာထွေး ကတော့ ပေါ်လစီ နဲ့ လက်တွေ့စီမံကိန်း အကောင်ထည်ဖော် ဖို့.စာအုပ်များ ထုတ်ဝေခဲ့ပါတယ်။ ပထမ စာအုပ်က Right Choice and Bright Night ဖြစ်ပါတယ်။ အခု ဒုတိယ လျှပ်စစ် အကြံပြု စာအုပ် " စွမ်းအင်နဲ့ လျှပ်စစ် ကို ကမ္ဘာကြည့် ကြည့်မယ်" ထွက်လာပါပြီ။ ပေါ်လစီ ရေးသူများ၊ ပလန် Plan လုပ်သူ ပညာရှင်များ ဖတ်ရှု သင့်ပါတယ်။ Hlaing Oo ရဲ့ ဒီစာအုပ် ကြော်ငြာ ပို့စ် မှာ ကွန်မင့် အချို့ ကတော့....
+++++++++++++
Win Kyaw ပြောနေတာ ကြာပါပြီဗျာ ။ ပထမ တော့ generation mix ဆိုတာနဲ့ပြောတယ်၊ နောက်တော့ least cost system generation ဆိုတာနဲ့ပြောတယ်။ နားလည်ရဲ့သားနဲ့မလုပ်တာတော့ဟုတ်ဟန်မတူဘူး၊ ဝန်ကြီးရုံး အဆင့်ကပုဂ္ဂိုလ်တွေ ဟာ ထိပ်တန်း ပညာရှင်တွေဖြစ်တာကြောင့် သူတို့လည်း တကယ့် ဆုံးဖြတ်ချက်ချမှတ်ပေးမဲ့ ပုဂ္ဂိုလ်တွေကိုရှင်းပြ ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ အခုအဖြစ်အပျက်ကတော့ မျှော်လင့်တာနဲ့ ဖြစ်လာတာနဲ့တခြားစီပဲ။
.
Monywa Aung Shin ဖတ်မှတ် လေ့လာ အတုယူ ပြုပြင်ပြောင်းလဲရေး ရဲရဲလုပ်
M Zaw Aung လွှတ်တော်မှာ LNG, နဲ့ မဟာဓာတ်အားလိုင်း (တရုပ်.လာအို က လျှပ်စစ် ဖြတ်သန်း.ဝယ်ယူမှု လက်မှတ်ထိုးထားတဲ့ MoU တွေကို မေးခွန်း မေးသင့်ပါတယ်။ Politic တွေ မရှုပ်ထွေးနေ ရင်တော့ ၂၀၂၀ မှာ ရန်ကုန် FDI များ အတွက် ဓာတ်အားဝယ်ယူ တင်သွင်းနိုင်ပါလိမ့်မယ်။
Link (Hlaing Oo)
https://m.facebook.com/story.php?story_fbid=2291300100944620&id=100001939578418
+++++++++++++++
.
COI ဆိုတဲ့ အကျိုးစီးပွား ပဋိပက္ခ (အရပ်စကား. အဂတိ) အကြောင်း RFA က လျှပ်စစ်ကဏ္ဍ အိမ်သုံး မီတာ လက်ဝါးအုပ် စီးပွားစနစ် အကြောင်း အသံဖိုင် တင်ပြထားပါတယ်။ အခု ပြုပြင်နေပါပြီ။
https://www.facebook.com/39218993127/posts/10158307782488128?sfns=0
.
.
မဟာဓာတ်အားလိုင်း Power Grid
COI ဆိုတဲ့ ကုမဏီကြီးများ အကျိုးစီးပွား ပဋိပက္ခ နည်းပါးတဲ့အတွက် ပြည်ပရင်းနှီးမြှတ်နှံမှု ရရှိဖို့ သိပ်မခက်ပါ။ လက်ရှိ ကမ္ဘာ့ဘဏ် WorldBank (USA) နဲ့ ဂျပန် (JICA) များက ချေးငွေများစွာ ရရှိထားပါတယ်။ P.P.P/B.O.T တွေနဲ့လည်း ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများ ရင်းနှီး မြှတ်နှံ ဖို့ အသင့်ရှိနေကြပါတယ်။
.
မဟာဓါတ်အားလိုင်းအကြောင်း (ကုန်ကျငွေ၊ ပြည်ပနှင့်ဆက်သွယ်ခြင်း၊ ရပ်ကျေးများသို့ပို့လွှတ်ခြင်း) နည်းပညာနဲ့ Project Management ဆောင်းပါး များကတော့ မြန်မာအစိုးရ အကြံပေး နဲ့ စီမံကိန်း ပညာရှင်များ သိပြီးသား ဖြစ်ပါမယ်။ Refresh ဖတ်ရှု ကြည့်စေ လိုပါတယ်။ https://goo.gl/G8GVBR  . အလွန်ရှည်လျှားသော မဟာဓါတ်အားလိုင်း HVDC https://goo.gl/n44wGg တို့ကို လျှပ်စစ် စိတ်ဝင်စားသူတိုင်း ဖတ်စေချင်ပါတယ်။
.
မဟာဓာတ်အားလိုင်း မှတဆင့် လျှပ်စစ် တင်သွင်းဖို့ တရုပ်.မြန်မာ.ဘင်္ဂလားဒေ့ခ်ျ 1000mW MoU နဲ့ လာအို.မြန်မာ MoU များ ၂၀၁၈ မှာ လက်မှတ်ထိုးပြီးပါပြီ။ အသေးစိတ် စီမံကိန်း ကိုတော့ မကြေငြာသေးပါဘူး။ လာအို.ထိုင်း.မြန်မာ မဟာဓာတ်အားလိုင်း ပြီးစီးသွားရင် တာချီလိတ် နယ်စပ်မှ ရှမ်ပြည်နယ်၊ မြဝတီ နယ်စပ်မှ ကရင်၊ မွန်ပြည်နယ် များ အမြန် ဖွံ့ဖြိုး လာမှာ ဖြစ်ပါတယ်။
.
.
နိဂုံး (မိမိ မျှော်လင့်ချက်)
လျှပ်စစ် ကဏ္ဍမှာ
...ထုတ်လုပ်ရေး
...မဟာဓတ်အားလိုင်း
...မြို့ရွာများသို့ ဖြန့်ဖြူးခြင်း
အထက်ပါ ၃ပိုင်းစလုံး ပြည်ပ မဟာဓာတ်အားလိုင်း တွေနဲ့ ချိတ်ဆက်ဖို့ ဟောင်းနွမ် အိုမင်းနေ ပါတယ်။ အများကြီး ကြိုးစား ငွေကုန် လုပ်ရပါမယ်။ ထပ်ရေးရရင် လူတော်လူကောင်း အစိုးရ၊ တပ်မတော် ခေါင်းဆောင်များ၊ ပညာရှင်များ (အထူး) လိုအပ်ပါတယ်။ ဟန်ချက်ညီညီ လုပ်နိုင်ဖို့. COI (တနည်း. အဂတိ) နည်းပါးစွာ တည်ဆောက်နိုင်မယ် လို့ မျှော်လင့်ပါတယ်။
.
ဇော်အောင် (မုံရွာ)
12.Dec.2018
.
Ref..
Engr Myanmar
ဆင်းရဲခြင်းလွတ်ကင်းရန် စက်မှုတည်ထောင်ရမည်။ အင်ဂျင်နီယာများ စိတ်နှလုံးကောင်းရမည်။
https://engrmyanmar.blogspot.com
.
ပုံ.. ပုသိမ်၊ မင်းကြီးလမ်း ဖြန့်ဖြူးရေး ဓာတ်တိုင်တစ်ခု။ လမ်းမီးမှာ ဘေးအိမ်များက စုပေါင်း လှုဒါန်း တပ်ဆင် ထားပြီး၊ EPC ဝန်ထမ်းက လမ်းမီးပျက် တိုင်း ပြင်ပေးရန် ကျပ်၎ထောင် တောင်းသည်။
စတုတ္ထမဏ္ဍိုင် ဂျာနယ်တွေရဲ့ အစဟာ ဘယ်က စ သလဲ
the voice
လူထုခေါင်းဆောင်ကို ဖေါင်းထုနေတဲ့
မီဒီယာသမားတွေရဲ့ Sponsor Background ဆိုလို့
**********************************
စတုတ္ထမဏ္ဍိုင် ဂျာနယ်တွေရဲ့ အစဟာ
ဘယ်က စ သလဲ
ဘယ်လို စ ခဲ့သလဲမေးလာရင် ..
လူကြီး သား/သမီး တွေနဲ့
လက်ဝါးရိုက်ပြီး စခဲ့ကြတာချည်း ..။
အဲဒါကြောင့် ..
ကြာကြာ ရေမငုပ်နိုင်တဲ့
"အဘ ယိမ်း မီဒီယာသမားတွေ"
စတုတ္ထမဏ္ဍိုင် ခေါင်းစဉ် အသွင်ယူပြီး
(၁) လူထုခေါင်းဆောင် ကို ဖေါင်းထုနေတဲ့
လုပ်ရပ်တွေ
(၂) ပုံဖျက်ထားတဲ့သတင်းခေါင်းစဉ်
(လိုသလိုဖြတ်ညှပ်ကပ်လုပ်) တွေ နဲ့
လူထုအစိုးရ ကို သိက္ခါချနေတဲ့ လုပ်ရပ် တွေကို ..
ဘယ်သူတွေ က
ဘယ်သူတွေ အတွက်
အလုပ်လုပ်ပေးနေကြသလဲဆိုတာ
မေးစရာ တောင် လိုမယ် မထင်ဘူး ..။
     ---------------------------------------
((( စတုတ္ထမဏ္ဍိုင်ရဲ့ခေတ်ဦး အစ
ဂျာနယ်များနှင့် ပိုင်ရှင်များ )))
(၁) Messenger  Journal 
ပိုင်ရှင် ....    (ဦးတင်အေး သား)
(၂) Popular Journal   
ပိုင်ရှင် ....    (ဦးဝင်းမြင့် သမီး)
(၃) 7 days Journal   
ပိုင်ရှင် ....    (ဦးဝင်းအောင် သား)
(၄) Hot News Journal 
ပိုင်ရှင် ....    (ဦးခင်မောင်သန်း သမီး)
(၅) Trade Times Journal
ပိုင်ရှင် ....    (ဦးအောင်သောင်း သား)
(၆) Street view journal 
ပိုင်ရှင် ....    (ဦးသူရရွှေမန်းသား/ဇေကမ္ဘာ ဦးခင်ရွှေ)
(၇) The Voice Journal 
မူလပိုင်ရှင် ....    (ဦးခင်ညွန့်သား)
(၈) Job seekers  Journal   
ပိုင်ရှင် ...      (ဦးမြင့်ဆွေ သမီး)
(၉) သံတော်ဆင့် Journal
ပိုင်ရှင် ...      (ဦးဆန်းဆင့် သား)
ဖေါ်ပြ မထားသော ကျန်ဂျာနယ် အများစုသည်လည်း လူကြီးသား ၊ သမီး များနှင့် ချိတ်ဆက်ပြီးမှ ထုတ်ဝေခွင့် ရခဲ့ကြတာချည်း ဖြစ်သည်။
( Just for your information .. :-)  )
-------------------------------------
photo - ၂၀၁၅ ဧပြီလ က လူထုခေါင်းဆောင်ကို the voice ဂျာနယ်မှ တာဝန်ရှိသူတစ်ဦးမှ (ရည်ရွယ်ချက် ရှိရှိ) ဓါတ်ပုံဖြင့်လုပ်ကြံ အပုပ်ချ ခဲ့ သည့်အချိန် က မှတ်တမ်းပုံများ ဖြစ်သည်။
.
ref
https://m.facebook.com/story.php?story_fbid=10217859307383261&id=1500365839
The Voice ဂျာနယ်
ကျနော်သိသမျှ.. လွန်ခဲ့တဲ့ နှစ်၂၀ နီးပါးက Living Color ပုံနှိပ်လုပ်ငန်းက စတင်ထုတ်ဝေပြီး. စစ်တပ် ဗိုလ်ချုပ်ကြီးများနဲ့ အဆင်ပြေတယ်။ ဗိလ်ခင်ညွန့်သား (MICT park ) လဲ ရှယ်ယာ ပါနိုင်ပါတယ်။ ၂၀၀၃ ဗိုဦးဆောင်သူတဦးလ်ခင်ညွန့်ပြုတ် သွားတော့ ဗိုလ်ခင်ညွန်သား လဲ ထောင်ကျ၊ ဇတ်သိမ်းသွားတယ်။  the Voice က စစ်တပ်နဲ့ နီးစပ်ပြီး အယ်ဒီတာချုပ် ဦးနေဝင်းမောင်(ကွယ်လွန်) က စစ်တပ် ပြုပြင်ပြောင်းလဲရေး ပံပိုးခဲ့တယ်။ အယ်ဒီတာချုပ် ကျောင်မင်းဆွေ လက်ထက် ကြံခိုင်ရေး+ စစ်တပ် ဘက်ကို တိမ်း နေဆဲ ဖြစ်တယ်။  ၂၀၀၆ NLD အာဏာရပြီး တဖြေးဖြေး ကြားနေဖို့ ကြိုးစားလာ ရင်း. ၂၀၁၇ မှာ ကျည်ထောင်စု သရော်စာ ကြောင့် စစ်တပ်က အယ်ဒီတာချုပ် ကိုကျော်မင်းဆွေ ကို ၆၆(ဃ) နဲ့ ထောင် ၃လ ချပြီး ပြန်လွှတ်ပေးတယ်။ စစ်တပ်ကို စတင်ဝေဖန်လာတော့ စစ်တပ်က မကျေနပ် ဖြစ်တဲ့ သဘောပါ။  အခုချိန် ဒီဇင်ဘာ ၂၀၁၈ အထိ DASSK သတင်းများကို (အများအားဖြင့်) သတင်းစာ အတွင်းမှာ ဖော်ပြလေ့ ရှိပြီး..ဆူပူမှု ဆန္ဒပြ  သတင်းများကို မျက်နှာဖုံးမှာ ဖော်ပြတတ်တယ်။ စစ်တပ်ဘက် သိပ်မလိုက် တော့ပေမဲ့ ကြံခိုင်ရေး ဖက်ပါ တဲ့သတင်းတွေ .ပြန်မြင် နေရ တယ်။
.
နောက်ကွယ်က လက်မဲတော့ ပါမယ်မထင်ဘူး။ Living Color ပုံနှိပ်တိုက် က ပံပိုးနေရတယ်။ ၂၀၁၄ လောက်က နေ့စဉ်သတင်းစာ ထုတ်ခဲ့ပြီး သတင်းစာက အမြဲ ရှုံးလို့ ရပ်မလို ရပ်မလို ဖြစ်နေတယ်။ ဂျာနယ်ကတော့ ကြော်ငြာ တွေ ရပြီး.အိုကေပုံရတယ်။
My View Only
မီဒီယာသမားတွေရဲ့ Sponsor Background 2018.Dec
the voice
လူထုခေါင်းဆောင်ကို ဖေါင်းထုနေတဲ့
မီဒီယာသမားတွေရဲ့ Sponsor Background ဆိုလို့
**********************************
စတုတ္ထမဏ္ဍိုင် ဂျာနယ်တွေရဲ့ အစဟာ
ဘယ်က စ သလဲ
ဘယ်လို စ ခဲ့သလဲမေးလာရင် ..
လူကြီး သား/သမီး တွေနဲ့
လက်ဝါးရိုက်ပြီး စခဲ့ကြတာချည်း ..။
အဲဒါကြောင့် ..
ကြာကြာ ရေမငုပ်နိုင်တဲ့
"အဘ ယိမ်း မီဒီယာသမားတွေ"
စတုတ္ထမဏ္ဍိုင် ခေါင်းစဉ် အသွင်ယူပြီး
(၁) လူထုခေါင်းဆောင် ကို ဖေါင်းထုနေတဲ့
လုပ်ရပ်တွေ
(၂) ပုံဖျက်ထားတဲ့သတင်းခေါင်းစဉ်
(လိုသလိုဖြတ်ညှပ်ကပ်လုပ်) တွေ နဲ့
လူထုအစိုးရ ကို သိက္ခါချနေတဲ့ လုပ်ရပ် တွေကို ..
ဘယ်သူတွေ က
ဘယ်သူတွေ အတွက်
အလုပ်လုပ်ပေးနေကြသလဲဆိုတာ
မေးစရာ တောင် လိုမယ် မထင်ဘူး ..။
     ---------------------------------------
((( စတုတ္ထမဏ္ဍိုင်ရဲ့ခေတ်ဦး အစ
ဂျာနယ်များနှင့် ပိုင်ရှင်များ )))
(၁) Messenger  Journal 
ပိုင်ရှင် ....    (ဦးတင်အေး သား)
(၂) Popular Journal   
ပိုင်ရှင် ....    (ဦးဝင်းမြင့် သမီး)
(၃) 7 days Journal   
ပိုင်ရှင် ....    (ဦးဝင်းအောင် သား)
(၄) Hot News Journal 
ပိုင်ရှင် ....    (ဦးခင်မောင်သန်း သမီး)
(၅) Trade Times Journal
ပိုင်ရှင် ....    (ဦးအောင်သောင်း သား)
(၆) Street view journal 
ပိုင်ရှင် ....    (ဦးသူရရွှေမန်းသား/ဇေကမ္ဘာ ဦးခင်ရွှေ)
(၇) The Voice Journal 
မူလပိုင်ရှင် ....    (ဦးခင်ညွန့်သား)
(၈) Job seekers  Journal   
ပိုင်ရှင် ...      (ဦးမြင့်ဆွေ သမီး)
(၉) သံတော်ဆင့် Journal
ပိုင်ရှင် ...      (ဦးဆန်းဆင့် သား)
ဖေါ်ပြ မထားသော ကျန်ဂျာနယ် အများစုသည်လည်း လူကြီးသား ၊ သမီး များနှင့် ချိတ်ဆက်ပြီးမှ ထုတ်ဝေခွင့် ရခဲ့ကြတာချည်း ဖြစ်သည်။
( Just for your information .. :-)  )
-------------------------------------
photo - ၂၀၁၅ ဧပြီလ က လူထုခေါင်းဆောင်ကို the voice ဂျာနယ်မှ တာဝန်ရှိသူတစ်ဦးမှ (ရည်ရွယ်ချက် ရှိရှိ) ဓါတ်ပုံဖြင့်လုပ်ကြံ အပုပ်ချ ခဲ့ သည့်အချိန် က မှတ်တမ်းပုံများ ဖြစ်သည်။
.
ref
https://m.facebook.com/story.php?story_fbid=10217859307383261&id=1500365839
The Voice ဂျာနယ်
ကျနော်သိသမျှ.. လွန်ခဲ့တဲ့ နှစ်၂၀ နီးပါးက Living Color ပုံနှိပ်လုပ်ငန်းက စတင်ထုတ်ဝေပြီး. စစ်တပ် ဗိုလ်ချုပ်ကြီးများနဲ့ အဆင်ပြေတယ်။ ဗိလ်ခင်ညွန့်သား (MICT park ) လဲ ရှယ်ယာ ပါနိုင်ပါတယ်။ ၂၀၀၃ ဗိုဦးဆောင်သူတဦးလ်ခင်ညွန့်ပြုတ် သွားတော့ ဗိုလ်ခင်ညွန်သား လဲ ထောင်ကျ၊ ဇတ်သိမ်းသွားတယ်။  the Voice က စစ်တပ်နဲ့ နီးစပ်ပြီး အယ်ဒီတာချုပ် ဦးနေဝင်းမောင်(ကွယ်လွန်) က စစ်တပ် ပြုပြင်ပြောင်းလဲရေး ပံပိုးခဲ့တယ်။ အယ်ဒီတာချုပ် ကျောင်မင်းဆွေ လက်ထက် ကြံခိုင်ရေး+ စစ်တပ် ဘက်ကို တိမ်း နေဆဲ ဖြစ်တယ်။  ၂၀၀၆ NLD အာဏာရပြီး တဖြေးဖြေး ကြားနေဖို့ ကြိုးစားလာ ရင်း. ၂၀၁၇ မှာ ကျည်ထောင်စု သရော်စာ ကြောင့် စစ်တပ်က အယ်ဒီတာချုပ် ကိုကျော်မင်းဆွေ ကို ၆၆(ဃ) နဲ့ ထောင် ၃လ ချပြီး ပြန်လွှတ်ပေးတယ်။ စစ်တပ်ကို စတင်ဝေဖန်လာတော့ စစ်တပ်က မကျေနပ် ဖြစ်တဲ့ သဘောပါ။  အခုချိန် ဒီဇင်ဘာ ၂၀၁၈ အထိ DASSK သတင်းများကို (အများအားဖြင့်) သတင်းစာ အတွင်းမှာ ဖော်ပြလေ့ ရှိပြီး..ဆူပူမှု ဆန္ဒပြ  သတင်းများကို မျက်နှာဖုံးမှာ ဖော်ပြတတ်တယ်။ စစ်တပ်ဘက် သိပ်မလိုက် တော့ပေမဲ့ ကြံခိုင်ရေး ဖက်ပါ တဲ့သတင်းတွေ .ပြန်မြင် နေရ တယ်။
.
နောက်ကွယ်က လက်မဲတော့ ပါမယ်မထင်ဘူး။ Living Color ပုံနှိပ်တိုက် က ပံပိုးနေရတယ်။ ၂၀၁၄ လောက်က နေ့စဉ်သတင်းစာ ထုတ်ခဲ့ပြီး သတင်းစာက အမြဲ ရှုံးလို့ ရပ်မလို ရပ်မလို ဖြစ်နေတယ်။ ဂျာနယ်ကတော့ ကြော်ငြာ တွေ ရပြီး.အိုကေပုံရတယ်။
My View Only..
M zaw aung (မုရွာ M)
Wednesday, December 12, 2018
အင်ဂျင်နီယာကောင်စီ ဥပဒေ ဆွေးနွေး (ဆက်သွယ် ဆောက် လုပ် ကော်မတီ)
Yinmin Hlaing
အင်ဂျင်နီယာကောင်စီဥပဒေ ပြင်ဆင်ရန်
 (လွှတ်တော် မတင်မီ မူကြမ်း ဆွေးနွေး နေပြီ)
......
 10.12.18
ဒီနေ့ပြည်ထောင်စုလွှတ်တော်အပြီး
အင်ဂျင်နီယာကောင်စီဥပဒေပြင်ဆင်ရန်
ဥပဒေကြမ်းကော်မတီသို့
အစည်းအဝေးမစတင်မီ
......................
.
ဒေါ်ယမင်းလှို င် (NLD အမတ်) ဟာ ဂန့်ဂေါ မြို့နယ်က ကြံ့ခိုင်ရေးပါတီ ဖေ့ဘုတ် မင်းသားကြီး စစ်ဗိုလ်ဟောင်း (ဘူးလက်လှဆွေ) လို့ နာမည်တွင်တဲ့ ဦးလှဆွေ ကို ၂၀၁၅ ရွေးကောက်ပွဲ. အပြတ် အနိုင်ရခဲ့သူ RIT/YIT (1997 Mechnical) အင်ဂျင်နီယာ အမျိုး သမီး ဖြစ်ပါတယ်။
.
ပထမနေ့ ဆွေးနွေးမှု အသံဖိုင် နဲ့ ဗွီဒီယိုများ နားဆင် ကြည့်ရှု နိုင်ပါပြီ။
Link
.
...........
ဘယ်သူတွေအင်ဂျင်နီယာ အမည်တပ်ခွင့်
ရှိသလဲ
                 မြန်မာနိုင်ငံအင်ဂျင်နီယာ
ကောင်စီ နည်းဥပဒေ ပုဒ်မ ၇၈ အရ                       အမည်ရှေ့မှာ Engr. တပ်ခွင့်ရှိသူ ၃ မျိုး
ရှိပါတယ်။
(1)မှတ်ပုံတင်အင်ဂျင်နီယာ
   (Registered Engineer, R.E)
(2) အကြီးတန်းမှတ်ပုံတင်အင်ဂျင်နီယာ
   (Registered Senior Engineer, R.S.E) နဲ့
(3) အင်ဂျင်နီယာပညာရှင်
     (Professional Engineer, P.E)   တို့ပဲ
       ဖြစ်ပါတယ်။
                 တကယ်လို့ အမည်ရှေ့မှာ
Engr. တပ်ခွင့်မရှိပဲတပ်ခဲ့ရင် မြန်မာနိုင်ငံ
အင်ဂျင်နီယာကောင်စီ ဥပဒေ ပုဒ်မ ၃၈ နဲ့
ပုဒ်မ ၄၁ အရ တနှစ်ထက်မပိုတဲ့ ထောင်ဒဏ်
ဖြစ်စေ   ငွေဒဏ်ဖြစ်စေ နှစ်မျိုးစလုံးဖြစ်စေ
 ကျခံရမှာဖြစ်ပါတယ်။
               ငွေဒဏ်ရဲ့ပမာဏ ကိုတော့
သတ်မှတ်ထားခြင်းမရှိပါဘူး။
                အခု နည်းပညာကျောင်းဆင်း
B.E တွေ ဘယ်အချိန်မှာ ကိုယ့်အလုပ်
အကိုင်ကို " အင်ဂျင်နီယာ" လို့ဖော်ပြခွင့်
ရမလဲ ပြောပြပါမယ်။
            B.E ဘွဲ့ရပြီးရင် အလုပ်သင်
အင်ဂျင်နီယာ ၄ နှစ်လုပ်ရပါမယ်။ ပြီးရင်
ကိုယ့်ရဲ့ အလုပ်က P.E ရဲ့ ထောက်ခံစာ
ကိုယူပြီး R.E လျောက်ရပါမယ်။
            လိုအပ်တဲ့ သင်တန်းတွေ
ရေးဖြေတွေ အင်တာဗျူးး တွေ ဖြတ်သန်းပြီး
တဲ့အခါ R.E လက်မှတ်ရပါမယ်။
            R.E လျောက်တဲ့ ကာလကို
ပျမ်းမျှ ၁ နှစ်နဲ့တွက်ရင် B.E ကျောင်းဆင်း
တယောက်ဟာ ကျောင်းပြီးလို့ ၅ နှစ်အကြာမှ
အလုပ်အကိုင်ကို " အင်ဂျင်နီယာ" လို့
ဖော်ပြခွင့် ရပါမယ်။
             တကယ်လို့သာ မိမိ company
မှာ P.E မရှိခဲ့ရင် (သို့) မိမိက အလုပ်ပြောင်း
ခဲ့ရင် (သို့) P.E ကအလုပ်ပြောင်းသွားရင်
(သို့) P.E က မိမိကို အမြင်မကြည်လို့
ထောက်ခံစာ မရေးပေးဖူးဆိုရင်တော့
အလုပ်သင်အင်ဂျင်နီယာ အဖြစ် ၆ နှစ်
ကြာမှ R.E လျောက်ခွင့်ရပါမယ်။
ဒါဆိုရင်ကျောင်းပြီးလို့ ၇ နှစ်လောက်
ကြာမှ R.E ဖြစ်ပါမယ်။
             ဒါက B.E ကျောင်းဆင်းအတွက်
တွက်ပြထားတာပါ။ B.Tech ဆင်းအတွက်
နောက်ထပ် ၂ နှစ်ပိုကြာပါမယ်။
        A.G.T.I ကျောင်းဆင်းအတွက်
နောက်ထပ် ၄ နှစ်ပိုကြာပါ့မယ်။
                 R.E မဖြစ်ခင် အချိန်မှာ
ကိုယ့်အမည်ရှေ့မှာ Engr. တပ်ချင်ရင်တော့
ထောင်ဒဏ် ၁ နှစ်နဲ့ ဘယ်လောက်မှန်း
မသိတဲ့ငွေဒဏ်ကို သတိရဖို့ လိုပါလိမ့်မယ်။
×××××××××××××××××××××
MEC Law နဲ့ Bylaw ကိုပြင်ဖို့   
    TU ကျောင်းသားတချို့က                    Save Myanmar Engineers       
      လှုပ်ရှားမှုကိုစတင်လိုက်ပါပြီ။
           MEC နဲ့ပတ်သက်တဲ့     
    post တွေကို   
  Save Myanmar Engineers  group
ပြည်နည်းပညာတက္ကသိုလ်         
    ကျောင်းသားသမဂ္ဂ page                   
Shadow Government group နဲ့
Kyaw Thet Aung   
   account       မှာ ဖတ်ရှုနိုင်ပါတယ်။                         ဝန်းရံပေးဖို့တောင်းဆိုပါတယ်။
Wednesday, November 7, 2018
G-Hall ဂျီဟောသူ မစန္တာ ဝတ္ထု နဲ့ ကဗျာများ (ကိုလူပေ)
ဂျီဟောအကြောင်း အမှတ်တရ
တချိန်သောအခါက အာအိုင်တီကျောင်းတော်မှာ ပညာသင်ကြားကြသော ပျိုပျိုမေကျောင်းသူတွေ ခိုနားရာအဆောင်လေးကို ဂျီဟော(G Hall) ဟူ၍ခေါ်တွင်ခဲ့သည်။ ထိုဂျီဟောဆောင်မှ အင်ဂျင်နီယာပျိုမေများကား အခုအချိန်တွင် အင်ဂျင်နီယာအန်တီကြီးတွေ အန်တီလေးတွေ ဖြစ်နေကြပေပြီ။ ထိုပျိုမေများကို ဂျီဟောသူဟု ခေါ်တွင်ခဲ့ပါ၏။
ဂျီဟောဆောင်သည် ဗမာ့စက်မှုတက္ကသိုလ် BIT(Burmese Institute of Technology) ခေတ်အခါက ဆရာအချို့၏ခိုနားရာဖြစ်ခဲ့ပါသည်။
ရန်ကုန်စက်မှုတက္ကသိုလ် RIT(Rangoon Institute of Technology) ဟူ၍ ပညာရေးစနစ်သစ်ကို ပြောင်းလည်းခဲ့သော ၁၉၆၄ခုနှစ် နိုဝင်ဘာလမှစပြီး 'ဥတ္တရဆောင်' ဟူသောအမည်သစ်ဖြင့် စက်မှုကျောင်းမဟာမှာပညာသင်ကြားကြမည့် အင်ဂျင်နီယာကျောင်းသူ ပျိုပျိုမေများအတွက် သီးသန့်အဆောင် ဖြစ်လာခဲ့သည်။ သို့သော်လည်း ဥတ္တရဟူသည် မြောက်အရပ်မို့ မြောက်ဆောင်ဟု အမည်ရသောကြောင့် မြောက်(မျောက်)ဆောင်အမည်ကို မည်သူမျှမခေါ်ကြပဲ ဂျီဟောဟုသာ ဆက်လက်ခေါ်တွင်ခဲ့ကြသည်။
နယ်မှရောက်ရှိလာကြသူ အင်ဂျင်နီယာကျောင်းသူ ပျိုပျိုမေများအတွက်သာမက ရန်ကုန်မှ အင်ဂျင်နီယာကျောင်းသူများ နေထိုင်ရေးအခက်အခဲရှိပါကလည်း လက်ခံပေးခဲ့သည့် အစဉ်အလာရှိခဲ့သည်။
ဂျီဟောသူပျိုပျိုမေများအထဲတွင် မင်းသမီးရှုံးအောင် ဖလန်းဖလန်းထသူများရှိခဲ့သလို ဝါတော်ခြောက်ဆယ်ရ သီလရှင်ဆရာကြီးအလား မျက်နှာထားတည်စွာဖြင့် မပြုံးမရယ် ရှုတည်သူများလည်း ပါဝင်ခဲ့သည်။ ထိုအကြောင်းကို ကျောင်းသားကာတွန်းဆရာများက ကျောင်း၏ကာတွန်းဘောက်စ်(Cartoon Box) တွင် ရေးဆွဲခဲ့ကြဖူး၏။
ဂျီဟောသူဟူသည့် နာမည်ကျော်ဝတ္ထုတစ်ပုဒ်ကို ရေးသားခဲ့သူမှာ ဂျီဟောသူဟောင်းတစ်ယောက်ဖြစ်ခဲ့သော စာရေးဆရာမမစန္ဒာ (ဒေါ်ချိုချိုတင်) ဖြစ်ပါ၏။
ဂျီဟောသူပျိုပျိုမေများမှာ အင်ဂျင်နီယာမကြီးများ ဖြစ်သော်လည်း ကဗျာရေးရာတွင်လည်း ထူးချွန်လှပါ၏။ ထိုဂျီဟောသူများထဲမှ ဒေါ်ကြူကြူသင်းရေးသောကဗျာလေးကို တင်ပြပါရစေ။
" ပန်းတွေရဲ့သခင်..ပန်းဘုရင်မလေးလို့တင်စားမလား!!
**ရွှေကံကော်နဲ့ပန်းစွယ်တော်တွေကြားအမိတက္ကသိုလ်မှာ ငှားငှားစွင့်ပွင့်ပါတဲ့ ပန်းတွေရဲ့ သခင်ဆိုလဲမမှား!!
***A to F ကိုကို မောင်မောင်တို့ ရွှေစွန်ညိုပွဲမှာ ရွှေသဲကျော် မယ်ထွေး ရွှေ G လေးရယ်ဆို....,,,, ဘယ်သူဘယ်ဝါ ရှာကာတွေးမနေပါနဲ့>>>>
****မောင် အင်/ယာတွေကို ရင်ဘောင်တန်းပါလို့.., မယ် အင်/ယာ ဆို ထင်ပေါ်ကာ စင်တော်ကောက်ခံရပါတဲ့..,
*****ရွှေဂန္တဝင် G hall သူရှင့် !!! ပါတဲ့။
ဂျီဟောသူတွေများ၏ လေးကြိမ်မြောက် reunion ပွဲအတွက်လည်းကဗျာတွေ စာတွေရေးထားကြတာ ဖတ်ရ၏။ အင်ဂျင်နီယာမကြီးများ၏ ကဗျာများကား ပြောင်မြောက်လှသဖြင့်ဆက်လက် တင်ပြပါရစေ။ မဥမ္မာမြင့်၏ ကဗျာကား ဧည်သို့ဖြစ်၏။
"ဂျီဟောသူဆိုတာ
မိတ်ကပ်မကူ
သနပ်ခါးမလိမ်း
မျက်နှာအပြောင်သားနဲ့
တွေ့ဆုံရာ နေရာတိုင်းမှာ
တဟားဟားရယ်တတ်တဲ့သူ
ဂျီဟောသူဆိုဆိုတာ
အပြောမချို
အပိုမပြော
ရင်ဘတ်ထဲကစကား
မျက်နှာမှာ အတိုင်းသားပေါ်တတ်တဲ့သူ
ဂျီးဟောသူဆိုတာ
ကျားဆိုရင်မောင်ဘွား
မဆိုရင် ညီအမ အလား
မခွဲခြားဘဲ
တသွေးတသားထဲ နေတတ်တဲ့သူ
ဂျီဟောသူဆိုတာ
ပုပု ဝဝ ပိန်ပိန် ရှည်ရှည်
လှလှ ပပ ခန့်ခန့် ထည်ထည်
ပန်းပျိုးတဲ့လက်နဲ့
မျိုးဆက်ကို ပျိုးထောင်
ဆေးစက်ကျရာ အရုပ်ထင်လို့
လောကကို အလှဆင်တတ်သူ
ဂျီဟောသူဆိုတာ
အမိတက္ကသိုလ် မဆိုထား
ဗမာပြည် တနံတလျား
ဘယ်နေရာမှာ ဘာလိုသတဲ့
နှစ်ခါမတွေးဘဲ မျှတတတ်သူ
ဂျီဟောသူဆိုတာ
မနာလိုကင်း ဝန်တိုရှင်းပြီး
ကွန်းခိုရာ ဒီစခန်းမှသည်
သဒ္ဒါတရား ပညာအားနဲ့
နိဗ္ဗာန်တိုင်အောင် လှမ်းကြမယ့်သူ။" တဲ့။
နောက်တစ်ယောက်သော ဂျီဟောသူ၏ ကဗျာကလည်း မခေ။
"ဂျီဟော ဆိုတာလေ
မဒီချောတွေအစီအရီနှောတဲ့
နေရာပါအေ။
ပုံမလာရုပ်ဆိုး ဂျမ်းတောမျိုးရယ်လို့ 
ညအခါ အဆောင်ရှေ့
ရွှေနားတော်သွင်းဧချင်းများနဲ့ ညွှတ်တွားခယ တသသ ဖြစ်ဖူးကြပါတယ်လေ။
မျက်နှာလို မျက်နှာရ ဆက်သတဲ့
ခေါက်ဆွဲကြော် အဖေါ်တွေနဲ့ ဟား
ဝါးကြရင်း ရယ်မော 
ဟာသတွေလဲ ပြောဖူးတယ်။
လျှောက်ပြန်သံပေး
ခြေအေးဝမ်းယောင်
ကြောင်တောင်တောင်
အမောင်တို့  ကြား
ဂျီဟောသူတွေမာနကြီးသလား
သတင်းစကားနဲ့ 
စပျစ်သီးများလဲမချဉ်ခဲ့ ပေါင်
အခုတော့ တစ်နယ်စီ
အမိရင်ခွင်မှခွဲ 
တကွဲစီပြန့် ကာကြဲပေမဲ့ 
စိတ်အတွေးထဲအမြဲဝင်
အရင်းချာ ညီအမလိုခင်သူတွေမို့ 
အပြေးသာလှမ်းကာနွှဲ
                                မရွှေထား 
                                 ၇ .၁၁.၁၈  ပါတဲ့။
အနှီအနှီ ကဗျာရေးကောင်းကြသောဂျီဟောသူများ၏ကဗျာများကို ဆက်လက်တင်ပြပါရစေ။
ငါဟာလေ...
G hall  သူ
မင်းပြောဖူးတယ်
ငါ့ကိုပဲ......
ပါးစပ်ကကြမ်းနှုတ်သရမ်းနဲ့
မုဆိုးတပိုင်းမိန်းမရိုင်းတဲ့
မျက်နှာထားကဆိုး
မာနမိုးထိုး
ကြည့်ရင်းနဲ့တောင်ကြောက်သတဲ့
တကယ်ဆိုရင်
မွန်မြတ်စိတ်ထား
နူးညံ့နှလုံးသားအား
မင်းမမြင်ခဲ့ပါလေ
တကယ်ဆိုရင်
ငါ့ဘဝမှာချမ်းသာတာဆိုလို့
မာနပဲရှိတဲ့
ဘဝသမားတယောက်ဆိုတာ
မင်းသိပါစေ
ချစ်မိတ်ဆွေ.....
Ssn(မစိုးစိုးနု)
.     "#အိုဘယ့်ဂျီဟောသူ "
.
.     ပုခက်လွှဲဖို့ထက်
ကမ္ဘာကို တည်ဆောက်မဲ့ လက်တွေပေါ့
လက်ဖက်သုပ်ဆို ကျွမ်းချက်က
အဆောင်ဘေးက ကန်စွန်းရွက်ပါမကျန် ။
.   စာကြိုးစားမဟဲ့ လို့
ပူငန်စပ်ခါးတွေနဲ့
တဝါးဝါး တဟားဟား
တညလုံးလည်း မအားရပေါင် ။
.   နေ့တွေ ညတွေ အမှတ်မှား
မနက်နဲ့ ညစာပေါင်းစားလို့
ကျောင်းသွားမှ အိပ်ချင်
စာသင်ခုံ ရောက်မှ မှောက်အိပ်တတ်သူတို့ ။
.   နှင်းဖွေးဖွေးနဲ့
ဒီဇင်္ဘာမနက်ခင်းလေး တစ်ခုပေါ့
လုံခြုံရေးက လာပေးတဲ့ စာကလေးတစ်စောင်
အိပ်မက်ထဲက မောင် . .  မောင်များလား
ဝမ်းသာအားရ ဖွင့်ဖတ်မိကာမှ
ဟိုအကောင် လဒပေါ့
ငွေ တစ်ရာ လောက် ချေးပါလားတဲ့ . . ။
.      နွေဦး(ရွှေဇာ)
"ဥတ္ကရ လေညင်း"
# ရွှင်ကြည် မနောဖြူကြတဲ့
   အိုဘယ့်..ခင်ဂျီဟောသူအလှတို့။
#  ငါတို့ နှလုံးသားမှာ ထာဝရ ခိုအိပ်
    ဘဝ အမောတွေကို  ချွေးသိပ်တတ်တဲ့
    ငယ်ဘဝ ပုံရိပ်များ
    လွမ်းမောစွာ ပြန်လည် ခံစားကြရအောင်။
# ဒီမြေမှာ စိမ်းလန်း၊  ရဲရင့်စွာ ခံ့ကျန်းခဲ့
    ပန်းတို့ရဲ့ ဝိဥာဉ်
    သာမာန် မျက်စေ့ နဲ့တော့  ဘယ်မြင်နိုင်မလဲ၊
    မတူကွဲပြားသင်းရနံ့များကို ဆောင်
     အထောင်ထောင် အသောင်းသောင်းသော
     ပန်းတို့ဟာ
    ဆန်းပြားစွာ တရောင်ထဲ  ခြယ်
    အဲဒါဟာ အဖြူ ထည်  သက်သက်တဲ့။
# ရယ်ရွှင်ခြင်း ဟာသဥာဏ်
   မောင်ကြီးတို့လိုပဲ ရှင်သန်သူများပါ့
   အပြန်အလှန် ပေးခဲ့ Nick Name များ
   တသက်စာ အမည်ပွားဖြစ်စေ။
#ရေများ ရေနိုင်
  ငါတို့ ခြေလှမ်းကို ယိုင်စေခဲ့သူတွေ
  ကလဲ့စားချေခဲ့ရ
  သံဇကာကွက်ကြား က ဂျီဟော ရဲ့အမှတ်တရညနေများ
  အဆောင်မှုးတွေ မကြားပါစေနဲ့။
 #ရွှင်ကြည် မနောဖြူကြတဲ့
  အိုဘယ့်...ခင်ဂျီဟောသူအလှတို့....
  ၁၅% ထဲမို့ အင်အားသုံး ဖိနှိပ်ခံခဲ့ရ
  ခေတ်အဆက်ဆက်က  ဂျီဟောသူများရဲ့ သမိုင်းကြွေး
  ပေးဆပ်ချိန်တန်ပြီလေ၊
  အလှဆုံးဆင်ယင်ခဲ့ အလှပဆုံးပြုံး
  စပျစ်သီးချဉ်မဆုံး တဲ့
  မြေခွေးငတုံးတို့ရဲ့ မျက်ရည်စက်
  သဘောထားကြီးတဲ့လက်နဲ့ သုတ်ပါအံ့။
# ချစ်ခြင်းသက်သက် နဲ့ထိတွေ့
   မမေ့ရက်စရာ ကာလများ
   တို့ပြန်လည်ခံစားကြမယ်လေ၊
   ဝေးဆဲခဏ နင့်ရင်ကစကား
   ငါ့နှလုံးသားနဲ့ကြားရလဲ
   နွေးထွေးပွေ့ဖက် ကျွက်ကျွက်ညံညံ
   နင့်ရယ်သံကို နားမှာဆတ်ဆတ်
   ထပ်ထပ်ခါခါ ကြားလိုပါလှ
   တို့ ဆုံတွေ့ကြမယ်လေ။
မလဲ့လဲ့ရီ(ခ) မလေး(ချောက်)
  G hall သူတွေ့ဆုံပွဲ
အမှတ်တရ ကဗျာ(၇)
ညီမလေး ဥမ္မာအောင် Mon Mon ရဲ့လက်ရာလေးပါ ကျေးဇူးအထူးတင်ပါတယ်နော်
.................................
ရီသောသူ အသက်ရှည်၏
------------------
ဂျီဟောသူမျက်နှာ  စဉ်ချိုပြုံးလို့ 
ယဉ်တစ်ကိုယ်လုံးလည်း  လှရက်တယ်။
ညဖက်မှာ  အဆောင်ရှေ့ ဝဲလည်
ကဲတယ်နော့  ကိုလူပျိုတို့ 
အေဘီကဘဲတွေလား။
စီဒီဆောင်က   ဝဲနေသလား။
အတည်မတွဲ  အသည်းတွေများရင်တော့
လာကြံဖို့  စိတ်မကူးလေနဲ့။
တီစကွဲယားစာမိမယ်သာပြင်ထား။
အပီပဲများတဲ့ ဂျီဟောသူမမဆိုတာ
နန်းမြင့်သူ  သဇင်ခက်ကဖွားတာမို့ 
လှမ်းဆင့်ယူ  ချူ ဖို့ ရန်ခက်ပါတဲ့
စက်မှု ပျို  များ။
(မဥမ္မာအောင်)
ငယ်သူငယ်ချင်း ဌေးဌေးဝင်း(ဒိုက်ဦး) ရဲ့ ကဗျာလေးလည်း ခံစားကြည့်ပါဦး။
#သံယောဇဉ်..ပွဲ
ဟိုး...တချိန်ထဲက
ဂျီဟောနဲ့ သဇင်
အမည်နာမတွေက
ရင်မှာ အစဉ်ကိန်းပါလို့
သမုဒယ..စွဲ~
ခုချိန်ခါ...ဂျီဟောသူများ
တွေ့ဆုံပွဲမှာဖြင့်
အနိစ္စ ဒုက္ခ အနတ္တ
သံဝေဂဥာဏ်နဲ့
ဘဝတွေ..အေးချမ်းပါစေကြောင်း...
မေတ္တာရေလောင်းကြမယ့်
သံယောဇဉ်..ပွဲ~🌷 တဲ့။
ကဗျာများစွာကျန်ရှိနေပါသေး၏။ မူရင်းကဗျာဆရာမများ(ဂျီဟောသူများ) ကို ခွင့်မတောင်းပဲ ကိုယ့်ဝေါမှာ တင်လိုကိမိသည့်အတွက်လည်း ကဗျာပိုင်ရှင်မမ၊ညီမ ဂျီဟောသူအပေါင်းအားတောင်းပန်အပ်ပါ၏။
ဂျီဟောကား မောင်လူပေနှင့် မစိမ်းပါ။အာအိုင်တီမှာ ခေတ္တကွန်းခိုဖူးခဲ့သူများနှင့်လည်း စိမ်းမည်မထင်။ အင်ဂျင်နီယာကျောင်းမို့ မိန်းကလေးရှားသည်။ ရှားပါးလှသောအင်ဂျင်နီယာကျောင်းသူ ဂျီဟောသူများမှာလည်း စာဂျပိုးတွေကများများ။ စာဂျပိုးမဟုတ်ပဲ ဗရုတ်ကျခဲ့သည့် ဂျီဟောသူအပေါင်းလည်း မနည်း။ ဂျူဒိုလက်ရွေးစင်၊ ခရာတေးခါးပတ်နက်ဂျီဟောသူတွေလည်းပါခဲ့၏။ အလှပဂေးတွေလည်း ရှိခဲ့လေတော့ ဂျီဟောဆောင်နှင့် မစိမ်းခဲ့တာ ဘာဆန်းမည်နည်း။
ဂျီဟောဆောင်ထဲမှ ဂျီဟောသူများနှင့် နီးစပ်လိုပါသော်လည်း သတ္တိအခံကခေါင်းပါးခဲ့သဖြင့် ဂျီဟောရှေ့မှာ လျှောက်ပြန်သံပေး၊ ခြေအေးဝမ်းယောင်၊ ချောင်းကြည့်ပြုံးပြန်၊ ချုံတိုးခြင်ကိုက်၊ ညောင်းကိုက်ဒူးနာ၊ အအေးပတ် အသံဝင် ဘဝများဖြင့် ပေးဆပ်ခဲ့ဖူးကြကုန်သော အာအိုင်တီကျောင်းသားများလည်းမနည်းလှသဖြင့် ထိုကျောင်းသားများအား အထူးအခွင့်အရေးပေးသည့်အနေဖြင့် အထူးဧည့်သည်တော်များအဖြစ် ဂျီဟောသူတွေဆုံပွဲမှာ ဖိတ်သင့်ပါကြောင်း ထပ်လောင်းတင်ပြရင်း ဂျီဟောအမှတ်တရ ဆောင်းပါးလေး အဆုံးသတ်ပါရစေ။
ချစ်တဲ့
မောင်လူပေ
( ဆရာဦးလှမင်း၊ နန်းခင်နွဲ့တို့၏ ဖေ့ဘွတ်မှ ဓါတ်ပုံ၊ကဗျာများ စာများကို ခွင့်မတောင်းပဲ ခပ်တည်တည် ယူ၍ရေးသည်။ ကဗျာပိုင်ရှင် ဂျီဟောသူအပေါင်း ကဗျာဖိုးတောင်းလိုပါက ယူအက်စ်သို့ ကြွရောက်တောင်းယူနိုင်ပါကြောင်း။😄
https://m.facebook.com/story.php?story_fbid=10157059496896122&id=736046121
......
အင်ဂျင်နီယာဆိုတာ သူခိုးလား ဆွေးနွေးခြင်း
၂၀၁၈၊ နိုဝင်ဘာလ ၅-ရက် (ယနေ့) ထုတ် မြန်မာတိုင်းမ် နေ့စဉ်သတင်းစာ (Myanmar Times Daily) အတွဲ ၂၊ အမှတ် (၂၉၂) မှာ ဖော်ပြပါရှိတဲ့ ကျနော့် ဆောင်းပါး "အင်ဂျင်နီယာ၊ ကျင့်ဝတ်နဲ့ အယူလွဲများ" ...
အလွယ်တကူဖတ်လို့ရအောင် အပြည့်အစုံ ပြန်တင်ပေးလိုက်ပါတယ်။
#အင်ဂျင်နီယာ၊ ကျင့်ဝတ်နဲ့ အယူလွဲများ
အောက်တိုဘာလ ၁၉-ရက်နေ့မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြစ်ကြီးနားခရီးစဉ်မှာ တစ်ဖက်ကနေတာဝန်သိတတ်မှု၊ တစ်ဖက်ကနေ ကိုယ်ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေအတွက် ကြိုးပမ်းမှု၊ ဒီနှစ်ခု ချိန်ခွင်လျှာညီမျှအောင် ပြည်သူတစ်ဦးချင်းက လုပ်ဆောင်သွားရင် တိုင်းပြည်ဟာ နေ့ချင်းညချင်း ချမ်းသာလာနိုင်တယ်။ ဒီအတွက်လည်း ကြိုးစားလေ့ကျင့်ယူရမယ် လို့ ပြောကြားသွားပါတယ်။
ဒါ့အပြင် အောက်တိုဘာလ ၂၈-ရက်နေ့မှာလည်း သမ္မတကြီးဦးဝင်းမြင့်က စီမံကိန်းများ ဆောင်ရွက်ရာမှာ ပြည်သူ့ဘဏ္ဍာငွေ ဆုံးရှုံးမှု အခြေအနေများ ဖြစ်ပေါ်ပါက ကျောသားရင်သား မခွဲခြားဘဲ ဥပဒေနဲ့အညီ ဆောင်ရွက်မယ် လို့ ဧရာဝတီတိုင်း ခရီးစဉ်မှာ ပြောကြားခဲ့ပါတယ်။
နိုင်ငံ့ခေါင်းဆောင်နှစ်ဦးရဲ့ ရှေ့ဆင့်နောက်ဆင့် ဆိုသလို ပြောကြားချက်ဟာ ပြည်သူကို မျက်နှာမူတဲ့၊ ပြည်သူ့အတွက်၊ တိုင်းပြည်အကျိုးအတွက် ပြောကြားချက်တွေပဲ ဖြစ်ပါတယ်။ အရေးတကြီး လိုက်နာဖို့ လိုအပ်နေတဲ့ လမ်းညွှန်မှုတွေလည်း ဖြစ်ပါတယ်။ သူတို့ ပြောကြားသွားတဲ့ တာဝန်သိတတ်မှု၊ ရသင့်ရထိုက်တဲ့ အခွင့်အရေးနဲ့ စီမံကိန်းများမှာ ပြည်သူ့ဘဏ္ဍာငွေ မဆုံးရှုံးရေး တို့ဟာ ဆက်စပ်မှုလည်း ရှိနေပါတယ်။
ဘာကြောင့်လဲဆိုတော့ စီမံကိန်းများကို အကောင်အထည်ဖေါ် ဆောင်ရွက်ရာမှာ တာဝန်ရှိသူတွေက တာဝန်သိတတ်မှုမရှိဘဲ ရသင့်ရထိုက်တဲ့ အခွင့်အရေးလို့ ယူဆပြီး အဂတိလိုက်စားမှု၊ အလွဲသုံးစားပြုမှုတွေ ရှိနေရင် ပြည်သူ့ဘဏ္ဍာငွေတွေ ဆုံးရှုံးရမှာ ဖြစ်လို့ပါ။
ဒီလို ဖြစ်ရပ်တွေ အရင်ကတည်းက ရှိနေတယ် ဆိုတာလည်း ကြားနေရရုံမက မကြာသေးမီကလူမှုကွန်ယက်ဖြစ်တဲ့ ဖေ့ဘုတ်ပေါ်က ပို့စ်တစ်ခုကြောင့် အင်ဂျင်နီယာလောကမှာ အတော်လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့တာ တွေ့ရပါတယ်။
"အင်ဂျင်နီယာဆိုတာသူခိုးလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ အင်ဂျင်နီယာတစ်ယောက်က ပို့စ် ရေးတင်လိုက်ပါတယ်။ ပို့စ်ပိုင်ရှင်က ဌာနဆိုင်ရာတစ်ခုမှ တာဝန်ကြီးကြီးရှိသူ ရာထူးကြီးကြီးအင်ဂျင်နီယာတစ်ယောက် လို့သိရပါတယ်။ Like လုပ်ကြတာ၊ Share လုပ်ကြတာ ထောင်ဂဏန်း ရှိပြီး Comment တွေမှာလည်း အမျိုးမျိုး ငြင်းခုံဝေဖန်ကြပါတယ်။
အဲဒီမှာ ဆရာဝန်တစ်ဦးက "အင်ဂျင်နီယာဆိုတာ သူခိုးတွေ" ဆိုတဲ့ ပို့စ်တစ်ခုတင်ပြီး ပြန်ဖြေလိုက်ပါတယ်။ သူကလည်း ဌာနဆိုင်ရာတခုက အရာရှိကြီးတစ်ဦးလို့ ပြောကြပါတယ်။ အဲဒီပို့စ်မှာလည်း Like တွေ၊ Share တွေ၊ Comment တွေ ပလူပျံပါတယ်။
ဒီတော့ ပြန်ပြီးဖြေထားတဲ့ပို့စ်နဲ့ ပတ်သက်လို့ အရင်ပြောရရင် စာကိုယ်မှာ ရေးထားတဲ့ အကြောင်းအရာတွေက လက်ခံနိုင်စရာ ရှိပေမဲ့ ခေါင်းစဉ်ကို လုံးဝလက်ခံနိုင်စရာ မရှိပါဘူး။ "အင်ဂျင်နီယာဆိုတာ သူခိုးတွေ" လို့ ခေါင်းစဉ်တပ်ရင် ဘာကြောင့်ပဲရေးရေး၊ စာကိုယ်မှာ ဘယ်လိုပဲ ရေးထားရေးထား ဒါဟာ အင်ဂျင်နီယာအားလုံးကို 'သူခိုးတွေ' လို့ သိမ်းကျုံးစော်ကားရာရောက်ပါတယ်။ ခေါင်းစဉ်ဆိုတာ ဆက်ရေးမယ့် စာကိုယ်ပါ အကြောင်းအရာတွေကို ထင်ဟပ်ဖော်ပြချက်သာ ဖြစ်ရတယ်၊ တလွဲစီမဖြစ်ရဘူး ဆိုတာ စာရေးသူတိုင်း သိတဲ့ အခြေခံအကျဆုံးအချက်ပါ။
ဒီခေါင်းစဉ်ကိုဝိုင်းဝေဖန်ကြ၊ ကန့်ကွက်ကြလို့ နောက်ပိုင်းမှာ ခေါင်းစဉ်ကို 'အင်ဂျင်နီယာဆိုတာသူခိုးတွေလားလို့ မေးလို့ ဖြေရရင်' ဆိုပြီး ပြန်ပြင်လိုက်ပါတယ်၊ ဒါကိုတော့ လက်ခံနိုင်စရာ ရှိပါတယ်။ ဒီတော့ သူ့ပို့စ်နဲ့ ပတ်သက်လို့ ဆက်ပြောစရာ မရှိတော့ပါဘူး။
ဆက်ပြောစရာရှိတာက မူရင်းပို့စ်ပါ။ အဲဒီမှာ ဒီအင်ဂျင်နီယာက တည်ဆောက်ရေး လုပ်ငန်းတွေကို "အမြတ်အစွန်းတင်မတောင်းရင်တောင် အလေအလွင့်ဆောင်းပေးထားတာကို စနစ်တကျ စီမံဆောင်ရွက်နိုင်ရင် ရတဲ့အကျိုးအမြတ်နဲ့ လေယာဉ်ဝယ်စီးလည်းရပါတယ်" လို့ ရေးထားပါတယ်။ ဥပမာတွေလည်း နည်းနည်းပြထားပါတယ်။
အဓိကပြောချင်တာက အဲဒီအချက်ပါပဲ။ သူဆိုလိုတာက စီမံကိန်းကနေ ပစ္စည်းခိုးရောင်းတာ မဟုတ်ဘဲ အလေအလွင့်ဆောင်းပေးထားတာကနေပဲ အကျိုးအမြတ်ယူရင် ခိုးတာ မဟုတ်ဘူး လို့ ဆိုလိုတာပါ။
ဒါတွေဟာ နိုင်ငံ့ခေါင်းဆောင်များ မိန့်ကြားသွားတဲ့ တာဝန်သိတတ်မှု၊ ရသင့်ရထိုက်တဲ့ အခွင့်အရေးနဲ့ စီမံကိန်းများမှာ ပြည်သူ့ဘဏ္ဍာငွေ မဆုံးရှုံးရေးဆိုတဲ့ အချက်တွေနဲ့ တိုက်ရိုက် ပတ်သက်နေပါတယ်။
သူ့ အယူအဆဟာ တကယ်တော့ လုံးဝ မှားယွင်းတဲ့အယူအဆပါ။ ဘယ်လို မှားယွင်းသလဲ ဆိုရင် ...
၁) တွေးခေါ်ပုံ (Way of thinking) အရ ...
၂) ကျင့်ဝတ် (Ethics) အရ ...
၃) ကျင့်ထုံးစည်းမျဉ်း (Practice) အရ ... မှားယွင်းပါတယ်
တွေးခေါ်ပုံအရ ဘယ်လိုမှားယွင်းလဲ ဆိုရင် ...
အပိုဆောင်းပေးထားတာကို ကိုယ်ကျိုးသုံးတာဟာ ခိုးတာမဟုတ်ဘူးဆိုရင် 'လိမ်တာ'၊ 'အလွဲသုံးစားလုပ်တာ' ဖြစ်ပါတယ်။ တနည်းအားဖြင့် မရိုးမသား ဆောင်ရွက်တဲ့ အဂတိပါပဲ။ အဲဒါကို တရားဝင်လုပ်ခွင့်ရှိတယ်လို့ ထင်နေတာကိုက မှားယွင်းတဲ့ အတွေးအခေါ်ပါ။ သူပြောတဲ့နည်းက တရားဝင်လုပ်ကြတာ ရှိပါတယ်။ အဲဒါက ကန်ထရိုက်တာ (Contractor) အနေနဲ့ လုပ်ကြပါတယ်။ ဒါပေမယ့် စီမံကိန်းကို ကြီးကြပ်ကိုင်တွယ်ရတဲ့ ဌာနဆိုင်ရာ အင်ဂျင်နီယာ ဝန်ထမ်းက လုပ်ရမှာ မဟုတ်ပါဘူး။ သူ့ကိုယ်သူ ကန်ထရိုက်တာ ထင်သွားလို့လားတော့ မသိပါ။
ကျင့်ဝတ်နဲ့ကျင့်ထုံးစည်းမျဉ်းအရ မှားယွင်းမှုကတော့ ဘယ်စီမံကိန်းမှာ မဆို ဘာပစ္စည်းဖြစ်ဖြစ် ပိုနေရင် ပြန်အပ်ရပါတယ်။ အိတ်ထဲထည့်ပြီး အိမ်ယူသွားခွင့်၊ ရောင်းစားခွင့် မရှိပါ။ လေယာဉ်ပျံမဆိုထားဘိ ဖိနပ်တောင် ဝယ်စီးခွင့်မရှိပါ။ ကုန်ကျစရိတ်အမှန်အတိုင်း စာရင်းတင်ပြရပါတယ်။ ကျွန်တော့် အနေနဲ့ နိုင်ငံတကာကုမ္ပဏီအမျိုးမျိုးနဲ့ ပြည်တွင်းပြည်ပ အဆောက်အဦးဆောက်လုပ်ရေး (Building Construction) နယ်ပယ်မှာရော ရေနံနဲ့သဘာဝဓာတ်ငွေ့ (Oil & Gas) နယ်ပယ်မှာပါ စီမံကိန်း (Project) အမျိုးမျိုးလုပ်ခဲ့ဖူးပါတယ်။ ဆောက်လုပ်ရေး (Construction) အနေနဲ့ရော လုပ်ငန်းလည်ပတ်ရေး (Operations) အရပါ လုပ်ရတဲ့ စီမံကိန်းတွေ ဖြစ်ပါတယ်။ လူနေအိမ်ရာ၊ ဟိုတယ်၊ ကမ်းလွန်စင်မြင့် (Offshore platform)၊ ကုန်းတွင်းပိုက်လိုင်း (Onshore pipeline)၊ ပင်လယ်ရေအောက်ပိုက်လိုင်း (Subsea pipeline) ဆောက်လုပ်ရေး စီမံကိန်း တွေမှာ သာမက တခြား Operational Project တွေလည်း လုပ်ကိုင်ခဲ့ဖူးပါတယ်။ ဘယ်ပြည်တွင်းပြည်ပ စီမံကိန်းမှာမှ သူပြောထားသလို လုပ်ခွင့်မရှိပါ။
ပိုပြီးဆိုးတာက နောက်ထပ် အင်ဂျင်နီယာတစ်ဦးရဲ့ မှတ်ချက်ပါပဲ။ သူပြောထားတာက ... "အင်ဂျင်နီယာကျင့်ဝတ်စာအုပ်လေး ချပြရမလား? အလေအလွင့်အတွက် factor တွေ ထပ်ပေါင်းယူတာကို safety ယူတာလို့ ခေါ်ပါတယ်ဗျာ။ အလေအလွင့်မဖြစ်အောင် လုပ်ရတာကလည်း ပညာသားပါပါ စီမံခန့်ခွဲရတာပါ။ အလေအလွင့်နည်းပါးပြီး ပိုတဲ့ဟာက ပညာရှင်ဆန်ဆန် အလုပ်လုပ်နိုင်တဲ့အတွက် ရရှိတဲ့ ထပ်ဆောင်းအကျိုးအမြတ်တစ်ခုပါ။ အလေအလွင့် ဖြစ်ခဲ့ရင်လည်း အဲဒါက ကုန်မှာပဲလေ။ အလေအလွင့်နည်းအောင် အလုပ်ကို သေချာ စီမံခန့်ခွဲလိုက်တော့ ပိုတဲ့ဟာတွေ အကျိုးအမြတ် ရယူတာက ခိုးတယ်လို့ မဆိုလိုနိုင်ပါဘူး။ သေချာ စီမံခန့်ခွဲနိုင်တဲ့ ပညာအတွက် အကျိုးအမြတ်ခပါ။ ရတဲ့လစာက အင်ဂျင်နီယာပညာအတွက် ရတဲ့ဝင်ငွေပါ။ လုပ်ငန်းပိုင်းကျွမ်းကျင်လို့ ပညာခပိုရသွားတယ် လို့ပဲ ပြောပါရစေ။ ကျွန်တော်တို့ Ethics စာအုပ်ထဲမှာလည်း ပညာရပ်အတွက် အကျိုးအမြတ် မယူရဘူးလို့ မပါပါဘူးဗျ" ရယ်လို့ ဖြစ်ပါတယ်။
ဒါဟာ အတော်ကြောက်စရာကောင်းတဲ့ အတွေးအခေါ်ပါ။ Ethics အရ မှားယွင်းပြီး Professional လုံးဝ မပီသတဲ့ အတွေးအခေါ် ဖြစ်ပါတယ်။ ဘယ်အင်ဂျင်နီယာကျင့်ဝတ်ကမှ အလွဲသုံးစားမှုကို ခွင့်ပြုမထားပါ။
အပိုဆောင်းပစ္စည်းဆိုတာ လိုအပ်ချက်အရ ထားရပါတယ်။ Stock Allowance ခေါ်ပါတယ်။ ဘယ်တော့မှ လိုသလောက် အတိအကျလေးပဲ ဝယ်ထားလို့ မရပါ။ အလေအလွင့်နည်းပါးအောင်လည်း စီမံခန့်ခွဲရပါတယ်။ ဒါလည်း ပညာတစ်ခုပါပဲ။ အဲဒီအထိ မှန်ပါတယ်။ ဒါပေမယ့် ပိုနေရင် ကုမ္ပဏီကို ပြန်အပ်ရပါတယ်။ ရောင်းစားလို့ မရပါ။ ကုန်ကျစားရိတ်စာရင်း အမှန်အတိုင်း တင်ပြရပါတယ်။ လိမ်မတင်ရပါ။ အဲဒီလို လိမ်ရင် သူခိုးအင်ဂျင်နီယာ မဟုတ်ရင်တောင် လူလိမ်အင်ဂျင်နီယာ ဖြစ်သွားပါလိမ့်မယ်။ ဒီလို အလွဲသုံးစားပြုတာဟာ ပညာသည်ကျင့်ဝတ် (Professional ethics) ကို ချိုးဖောက်ခြင်းပါ။
ဥပမာတစ်ခု တင်ပြရရင် ကျွန်တော်တို့ ရေနံ/ဓာတ်ငွေ့ပိုက်လိုင်းတွေ တည်ဆောက်တဲ့အခါ ပိုက်လိုင်းအရှည်နဲ့ ပိုက်အရှည်အရ လိုအပ်တဲ့ ပိုက်အရေအတွက်ကို အတိအကျတွက်လို့ရပါတယ်။ ဒါပေမဲ့ လိုအပ်တဲ့အရေအတွက်ထက် ၁၀% လောက် အပိုဆောင်းပြီး ဝယ်ရပါတယ်။ ဖြတ်တာ တောက်တာ ပြင်ဆင်တာတွေအတွက် အပိုအလိုရယ်၊ လုပ်မှားကိုင်မှားကြောင့်၊ သဘာဝဘေးကြောင့် ပျက်စီးတာတွေကို အစားထိုးဖို့ရယ်ပါ။ ပိုတာက အမြဲပိုပါတယ်။ ပြီးသွားရင် ပိုနေတဲ့ ပိုက်တွေကို ကျနော်တို့ ရောင်းစားပြီး ခွဲမယူရပါဘူး။ ကုမ္ပဏီကို ပြန်အပ်ရပါတယ်။ Maintenance အတွက် Spare pipe တွေအဖြစ် သိမ်းထားရပါတယ်။ (တန်ဘိုးကို မြင်သာအောင် ပြောရရင် ၁၀-လက်မ API 5L X65 သံမဏိပိုက်တစ်လုံးတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၈၀၀ ခန့် ရှိပါတယ်၊ ပိုက်လိုင်းအရှည်တွေဆိုရင် အလုံး ၅၀-၁၀၀ လောက် အမြဲပိုလေ့ရှိပါတယ်)။
ဒါဆိုရင် တာဝန်ရှိအင်ဂျင်နီယာက သူ့စီမံကိန်းကို သူကန်ထရိုက်ပြန်ဆွဲပြီးရော လုပ်လို့ မရဘူးလားလို့ မေးစရာရှိပါတယ်။ ကျင့်ဝတ်အရဆိုရင် မရပါ။ လုပ်ခွင့်မရှိပါ။ အကျိုးစီးပွားချင်းပဋိပက္ခ (Conflict of Interest) ဖြစ်လာနိုင်တာကြောင့်ပါ။ နိုင်ငံတကာကုမ္ပဏီတွေရဲ့ Code of Conduct မှာ အတိအလင်း တားမြစ်ထားပါတယ်။
ပိုဆိုးတာက မူရင်းပို့စ်ပိုင်ရှင်ရဲ့ 'စကားလက်ဆောင်' ဆိုတာလေးပါ။
"အကျိုးအမြတ်
ဆိုတဲ့စကားကိုသာ
လက်မခံကြရင်
သမ္မတတောင်
သူ့ထမင်းတလုပ်အတွက်
ကိုယ်တိုင်စပါးစိုက်နေရပါလိမ့်မယ်။" တဲ့ ...
အဲဒါ 'အကျိုးအမြတ်' ကြောင့်မဟုတ်၊ လုံးဝမဟုတ်၊ မဟုတ်ရေးချ မဟုတ်ပါ။ အလုပ်တာဝန် ခွဲဝေလုပ်ကိုင်မှု (Division of Labour) နဲ့ အကျိုးအမြတ်ကို ခွဲခြားနားမလည်ခြင်းသာ ဖြစ်ပါတယ်။ လူဆိုတာ စားဝတ်နေရေးအတွက် လိုအပ်သမျှ အရာအားလုံးကို ကိုယ်တိုင် တဦးတည်း မလုပ်နိုင်တဲ့အတွက် အလုပ်တာဝန် ခွဲဝေလုပ်ကိုင်မှု ပြုကြရပါတယ်။ အဲဒီလို ခွဲဝေခုပ်ကိုင်မှု မရှိမှသာ ကိုယ်စားဖို့ စပါး ကိုယ်တိုင်စိုက်၊ ကိုယ်စားမယ့်ဆီ ကိုယ်တိုင်ကြိတ်၊ ကိုယ်စားမယ့်အသား ကိုယ်တိုင်အမဲလိုက် လုပ်ရမှာပါ။ လုံးဝ တလွဲတချော် ဥပမာကို ပြခြင်းသာ ဖြစ်ပါတယ်။
အလုပ်လုပ်ရင် အကျိုးအမြတ်က ရှိရမယ်ဆိုတာ မှန်ပါတယ်။ အင်ဂျင်နီယာဝန်ထမ်းတွေအတွက် အကျိုးအမြတ်အနေနဲ့ လစာနဲ့ အခြားအခွင့်အရေးတွေ (ဆုကြေး၊ နေအိမ်၊ ကား ... စသဖြင့်) ရထားပါတယ်။ အဲဒီထက်ပိုပြီး ယူခွင့်မရှိပါ။ နည်းတာ များတာ ပြောဖို့မလိုပါ။ နည်းလို့၊ မလောက်ငလို့ ဆိုပြီး မသမာမှု ပြုလို့မရပါ။ နည်းလို့ မလောက်ငရင် များများရတဲ့ဆီ သွားလုပ်ချင်လုပ်၊ မလုပ်ရင် တခြားသမ္မာအာဇီဝနည်းနဲ့ ဝင်ငွေရှာ ဖို့ပဲ ရှိပါတယ်။ ခိုးတဲ့ လိမ်တဲ့၊ အလွဲသုံးစားလုပ်တဲ့နည်းနဲ့ ဖြေရှင်းတာ လက်ခံနိုင်စရာ မဟုတ်ပါ။
ဝမ်းနည်းစရာကောင်းတာက ရာထူးနဲ့တာဝန် ကြီးကြီးမားမား ယူထားရတဲ့ အင်ဂျင်နီယာတချို့ရဲ့ တွေးခေါ်ယူဆပုံတွေ ဒီလောက်တောင် လွဲမှားနေတာပါပဲ။ စိုးရိမ်စရာလည်း ကောင်းပါတယ်။ စီနီယာအင်ဂျင်နီယာတွေဟာ နောင်မျိုးဆက်သစ် လူငယ်အင်ဂျင်နီယာတွေကို ပညာရပ်ပိုင်းသာမက အတွေ့အကြုံ၊ အတွေးအခေါ်၊ လုပ်နည်းကိုင်နည်းတွေပါ လက်ဆင့်ကမ်း ဝေမျှရပါတယ်။ ဒီလို အတွေးအခေါ် မျိုးနဲ့သာ ဆိုရင် လူငယ်မျိုးဆက်သစ်အင်ဂျင်နီယာတွေ အတွက် ရင်လေးမိတာကြောင့် ဒီစာကို ရေးပါတယ်။
ဒီတော့ "အင်ဂျင်နီယာဆိုတာသူခိုးလား" ဆိုတဲ့ မေးခွန်းအတွက် ကျနော့်အဖြေကတော့ "နိုး" ပါ။
အင်ဂျင်နီယာတိုင်း သူခိုးမဟုတ်ပါ။ ဒီလောက်ဆို သူခိုးအင်ဂျင်နီယာဆိုတာ ဘာလဲ၊ လူလိမ်အင်ဂျင်နီယာဆိုတာ ဘာလဲ ဆိုတာ သိသာလောက်ပါပြီ။
ဒီလိုလုပ်တာ အလွဲသုံးစားလုပ်ခြင်းမှန်း သိလျက်နဲ့ဖြစ်စေ၊ တရားဝင် လုပ်ခွင့်ရှိတယ် ထင်လို့ ဖြစ်စေ ဒီလို အလွဲသုံးစားလုပ်မှုတွေကြောင့် တိုင်းပြည်ဘဏ္ဍာ နစ်နာဆုံးရှုံးမှုများ ရှိနေရင် အမြန်ဆုံးကာကွယ်တားဆီးဖို့ လိုအပ်ပါတယ်။
အမှားကို အမှန်ထင်နေတဲ့ အမြင်မှား၊ အကျင့်မှားတွေလည်း အမြန်ဆုံး "ပြောင်းလဲချိန်တန်ပြီ" ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
#ဟယ်ရီလွင်
.
.........
..အင်ယာ သူခိုးလား?
https://m.facebook.com/story.php?story_fbid=10157535710364587&id=763419586
Monday, October 29, 2018
P.E Building Service 2018 Singapore, Myanmar
P.E (Mechanical, Building Services) ဖြစ်ခြင်တယ်ဆိုရင်
တကယ်တော့ ဒီဆောင်းပါးကိုမရေးခြင်ပါဘူး။ လက်ရှိဖြစ်ပျက်နေတဲ့ အခြေ အနေအရ မရေးရင် ပိုဆိုးလာမှာကို ကြိုမြင်နေလို့ ရေးလိုက် ရတာပါ။ မည်သည့်လူပုဂ္ဂိုလ်၊ အဖွဲအစည်းကို မှရည်ရွယ်ခြင်းမရှိပါဘူး။ ဆရာလုပ်ခြင်းလည်းမဟုတ်ပါ။ မနာလိုခြင်းလည်းမဟုတ်ပါ။
P.E (Mechanical, Building Services) ဖြစ်ခြင်တယ်ဆိုရင်အောက်ပါ အချက်များကို သိထားဖို့ လိုပါလိမ့်မယ်။
၁) Services.
အရင်ဆုံးသိထားသင့်တာကတော့ ဘာ services တွေပါသလဲဆိုတာပါ။ အဓိကပါတာကတော့
A) Air-Conditioning System
B ) Mechanical Ventilation System
C) Fire Protection System
D) Plumbing System
E) Sanitary System
F) Vertical Transport System
G) Engineered Smoke Control System
H) Green Mark & Energy Saving
- Air-Conditioning System မှာ Cooling Load Calculation, Duct Design, Pipe Design, Equipment Selection, Static Loss Calculation, တို့ ပါဝင်ပါတယ်။
- Mechanical Ventilation System မှာ Ventilation Requirement Calculation, M/V design for car park, fire fighting lobby, staircase pressurization, escape corridor, smoke stop lobby, M&E rooms, etc တို့ ပါဝင်ပါတယ်။
- Fire Protection System မှာ Automatic Sprinkler System, Dry & Wet Risers, Hose reel, Fire Hydrant, Fire Alarm, Water Monitor System, Fire Suppression System, Fire Extinguisher တို့ ပါဝင်ပါတယ်။
- Plumbing System မှာ water services, Gas Distribution
တို့ ပါဝင် ပါတယ်။
- Sanitary System မှာ solid waste, grease trap, water treatment (only pump, not the treatment process) တို့ ပါ ၀င်ပါတယ်။ (သတိထားရမှာက အဲ့ဒီ System က အဆောက်အဦထဲမှာပဲ အကြုံးဝင်ပါတယ်။ အဆောက်အဦအပြင်ဖက် Last IC ကနေ manhole အထိဆက်ပြီးရင် Building Services Scope ပြီးဆုံးပါပြီ။ ကျန်တဲ့အပိုင်းက Civil Engineer ကဆက်လုပ်ရမှာပါ။)
- Vertical Transport System ကတော့ Lift, Escalator, Travelator တို့ ပါဝင်ပါတယ်။
- Engineered Smoke Control System ကတော့မီးလောင်ခဲ့ရင် မီးခိုးကို အမြန်ဆုံး ဘယ်လိုထုတ်မလည်းဆိုတာ စဉ်းစားရတာပါ။ Specialist Service တခုဖြစ်လို့ P.E (Mech) တဦးက သပ်သပ်ကြီးကြပ်ပါတယ်။
- Green Mark & Energy Saving မှာတော့ မီတာခဘယ်လို သက်သာအောင်လုပ်ရမလည်းဆိုတာ Architect နဲ့ ပေါင်းပြီး Design လုပ်ရတာပါ။ ETTV, RTTV, U value for Roof calculation ကိုလည်း လုပ်ရပါတယ်။
၂) သိထားသင့်သော Codes of Practice များ
မြန်မာပြည်ကထုတ်ထားတဲ့ code တွေဆိုရင် Myanmar National Building Codes (MNBC) ကိုသိထားသင့်ပါတယ်။ လောလောဆယ် Singapore Codes တချို့ တွေကို မှီငြမ်းပြုနေရလို့ 
SS 553, SS 554, CP 10, CP 52, SS 575, CP 48, Code of practice on Sewerage and Sanitary Works (2004), SS 550, SS 608, Green Mark 2015, Singapore Fire Code (2013) တို့ ကို လည်းလေ့လာထားဖို့ လိုပါတယ်။
ထို့ အပြင် Design Knowledge, Site Experiences, တို့ လည်းရှိဖို့ လို ပါတယ်။ Safety Rules and Regulations အကြောင်းလည်းလေ့လာ ထားသင့်ပါတယ်။ ထို့ အပြင် ဌာနဆိုင်ရာက ထုတ်ပြန်ထားတဲ့
စည်းမျဉ်းများကိုလည်း သိထားသင့်ပါတယ်။ ဥပမာ ( CQHP, YCDC etc)
အထက်ဖော်ပြပါ အချက်များကို နားလည်သိရှိပြီဆိုရင် P.E (Mechanical, Building Services) ကို ရဲရဲဝင့်ဝင် လျှောက်ကြပါ။
လက်ရှိကြားနေရသော သတင်းများအရဆိုလျှင် အင်တာဗျုးလာဖြေကြ သူများတွင် Service တခု၊ ၂ ခုလောက်သာ သိခြင်း ။ Design အကြောင်းနားမလည်ခြင်း။ Codes များ အကြောင်းသေသေချာချာ နားမလည်ခြင်း (တချို့ ဆိုလျှင် Codes ကိုလုံးဝမဖတ်ထားပါ။ သက်ဆိုင်ရာ code ရှိကြောင်းလည်းမသိကြပါ)။ CQHP ဆိုသည် ကိုပင်မသိကြခြင်း။အစရှိသဖြင့် လိုအပ်ချက်များစွာရှိနေသေးကြောင်း သိရှိနေရပါတယ်။ လုံးဝမဖြစ်သင့်သောကိစ္စများဟု ယူဆရမှာပါ။
PE တယောက်ရဲ့ တန်ဖိုးဟာ Codes and Design ကို ဘယ်လောက်အထိ နားလည်သဘောပေါက်သ လဲ ဆိုတဲ့အပေါ် မှာမူတည်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ Codes and Design Compliance အတွက် တာဝန်အပြည့်ယူထားရလို့ ပါ။ ငွေရတာတခုတည်းအနေနဲ့တော့ PE အတွက် မကြိုးစားသင့်ပါ။
ကျွန်တော်လည်း တချို့ codes တွေကို အတိအကျမသိသေးလို့ ကိုယ့် ထက် ပိုတတ်ပိုသိတဲ့သူတွေကို မေးနေရတုန်းပါ။ အကုန်လုံး က-အ သိ
ဖို့ ဆို တာ မဖြစ်နိုင်ပါ။ အရေးကြီးတဲ့၊ သိသင့်သိထိုက်တာတွေ
တော့သိထား လေ့လာထားသင့်ပါတယ်။
တကယ်သိ၊ တကယ်တတ်တဲ့ P.E (Mechanical , Building Services) များ ဖြစ်ကြပါစေ။
သွင်ဇော်တိုး
(၉၂ စက်မှု့)
ကျွန်တော် စင်္ကာပူ PE ပါ။ ၂၀၁၄ က ရခဲ့တာပါ။ မြန်မာပြည်က PE ကို ၂၀၁၅ မှာရခဲ့ပါတယ်။ စင်္ကာပူမှာ Mechanical PE အနေနဲ့ပဲ ရှိတာမှန်ပါတယ်။ ဒါပေမဲ့ မြန်မာပြည်မှာ Mechanical PE ကို အမျိုးမျိုး ခွဲကြလို့ Building Services ဆိုပြီး သပ်သပ်ပေါ် လာတာပါ။လာတာပါ။
https://m.facebook.com/groups/173723859950012?view=permalink&id=265449700777427
Industry 4.0 နဲ့ စင်ကာပူ. အင်ဒိုနည်းရှား
စတုတ္ထမြောက် စက်မှုတော်လှန်ရေး နဲ့ ကျနော်တို့ မြန်မာပြည် (Ye Min"s post)
----------------------------------------------
ပြီးခဲ့တဲ့ တပတ်ကျော်က စင်ကာပူမှာ ၃ ရက်ကြာကျင်းပတဲ့  Industrial Transformation ASIA-PACIFIC, - HANNOVER MESSE ဆိုတဲ့ ပွဲတပွဲ တက်ခွင့်ရခဲ့တယ်။ HANNOVER MESSE သို့ HANNOVER Fair ဆိုတာ ၁၉၄၇ ကတည်းက  ဂျာမဏီ ဟန်နိုဘာ စတင်ကျင်းပခဲ့တဲ့ ကမ္ဘာ့ အကြီးဆုံး ကုန်စည် ပြပွဲကြီးပါ။ ဒီကုန်စည် ပြပွဲမှာ ကုမ္ပဏီကြီးများရဲ့  စက်မှုနည်းပညာ အသစ်ကို ချပြတဲ့ပွဲပါ။ နောက်ပြီး ဒီပွဲကို အာရှမှာ စတင်ကျင်းပတာ ဒါ ပထမဆုံးပါ။
ဒီပွဲကို စင်ကာပူရဲ့   ကုန်သွယ်ရေးနဲ့ စက်မှု စီနီယာ ဝန်ကြီး ဒေါက်တာ Koh Poh Koon, လက်ရှိ ကုန်သွယ်ရေးနဲ့ စက်မှု ဝန်ကြီး Chan Chun Sing ၊ အင်ဒိုနီးရှား စက်မှု ဝန်ကြီး  Airlangga Hartarto ၊ စင်ကာပူမှာ ထိုင်တဲ့ ဂျာမဏီ သံအမတ်ကြီးတို့ တက်ရောက်ကြပါတယ်။
သူတို့ အဓိက ပြောကြတာတော့ Industry 4.0 လို့ခေါ်တဲ့ စတုတ္ထမြောက် စက်မှုတော်လှန်ရေး အကြောင်းပဲ ဖြစ်တယ်။ ကျနော်တို့ ဒီနေ့ခေတ်ဟာ  စတုတ္ထမြောက် စက်မှုတော်လှန်ရေး ခေတ်ထဲကို ရောက်နေပြီး ပြောင်းလဲမှုက အရမ်းမြန်နေတယ်။ ဒီနေ့ခေတ် Digital Era လို့လဲ ခေါ်ကြတယ်။
စင်ကာပူရဲ့   စက်မှု ဝန်ကြီး Chan Chun Sing က သူတို့ဆီက လက်ရှိတက်နေတဲ့ poly tech နဲ့ Uni ကျောင်းသားတွေဟာ သူတို့ကျောင်းပြီးတဲ့ အချိန်မှာ  Industry 4.0 မှာ အံဝင် ကွင်ကျဖြစ်ဖို့ မလွယ်တော့ဘူးတဲ့။ သူတို့တွေ အဲဒီအတွက် အရမ်းခေါင်းခဲနေရတယ်တဲ့။
အင်ဒိုနီးရှား စက်မှု ဝန်ကြီး  Airlangga Hartarto ကလည်း making Indonesia Industry 4.0 ဆိုပြီး လာမဲ့ နှစ် ဧပြီ မှာ ဂျကာတာ မှာလုပ်မယ်တဲ့။ အင်ဒိုနီးရှားမှာ vocational school တွေ သင်ရိုး ညွှန်းတမ်းတွေကို ပြင်လိုက်ပြီး link & match program ဆိုပြီး လုပ်တယ်။ ၇၀% က လက်တွေ့လုပ်ငန်းခွင်မှာ အံဝင် ကွင်ကျဖို့  Industry 4.0 အတွက်ကြိုပြင်ထားဖို့ ဖြစ်တယ်။
အင်ဒိုနီးရှားမှာ vocational school ၁၅၀၀ ကျော်ရှိပြီး စက်ရုံပေါင်း ၇၀၀ ကျော်နဲ့ ဒါရိုက်ချိတ်ဆက်ပြီး သင်ကြားပေးနေတယ်တဲ့။ Digital နည်းပညာတွေကို အားပေးနေပြီး Apple academy ရှိတယ်။ Alibaba ဂျက်မားတို့နဲ့ ဆွေးနွေးနေပြီး Jack Ma institute လုပ်ဖို့ ဆွေးနွေးနေကြတယ်တဲ့။
အင်ဒိုနီးရှား စက်မှု ဝန်ကြီး ထပ်ပြောသွားတာက သူတို့ အစိုးရဟာ 3 layers of leadership အစီအစဉ်နဲ့ ဆောင်ရွက်နေတယ်။ ပထမ Leader အနေနဲ့ အစိုးရ ထိပ်တန်း အရာရှိ ၁၀၀၀ ကျော်ကို change management ၊ E-commerce နဲ့ Digital World ကိုနားလည်းဖို့ သင်တန်းတွေ ပေးနေတယ်။ ဒုတိယ Leader တွေအနေနဲ့ ကုမ္ပဏီတွေက CEO နဲ့  Entrepreneur  တွေကို  Digital transforming ဆိုင်ရာ သင်တန်းတွေတက်ဖို့ အကူအညီ အထောက်အပံတွေ ပေးနေတယ်။
နောက်ပြီး ကုမ္ပဏီလေးတွေကို ကူညီတဲ့ Unicorns လက်ရှိ ၄ ခုရှိရာက နောက်နှစ်မှာ ၅ ခုရှိလာအောင် ဆောင်ရွက်နေတယ်တဲ့..။ တတိယ Leader အနေနဲ့ သန်းချီတဲ့ skill အလုပ်သမားတွေ မွေးထုတ်နေတယ်တဲ့။ အားရစရာ ကောင်းလိုက်တာ။
စင်ကာပူက့  စက်မှု စီနီယာ ဝန်ကြီး ဒေါက်တာ Koh Poh Koon ကလည်း အောက်တိုဘာ ၁၉ မှာ စင်ကာပူနဲ့ EU စီးပွားရေး သဘောတူညီမှု စာဂျွန်လွှာ လက်မှတ်ထိုးဖို့ရှိတယ်တဲ့။ စင်ကာပူ အစိုးရဲ့ Research ကုမ္ပဏီ တစ်ခုဖြစ်တဲ့ A*Star က IOT platform တစ်ခုလုပ်ထားပြီး SEMs တွေကို Digital wave မှာ လွယ်ကူတဲ့ အပြောင်းအလဲတွေ လုပ်နိုင်အောင် စီစဉ်ထားပြီးပြီတဲ့။
နောက်သူက ဆက်ပြီး လက်ရှိ အာဆီယံ Chair country အနေနဲ့ အာဆီယံ ဒေသအတွင်း လာမဲ့ ၂၀၂၅ မှာ အလုပ်အကိုင် အသစ် ၄ သန်းလောက် ဖန်တီးဖို့ ရည်မှန်းထားတယ်။ လာမဲ့ ၂၀၅၀ မှာ အာဆီယံဟာ အမေရိကန်၊ တရုတ်နဲ့ EU ပြီးရင် စတုတ္ထမြောက် အကြီးဆုံး စီးပွားရေး ဇုံဖြစ်ဖို့ ရည်မှန်းထားတယ် ဆိုပြီး ပြောသွားတယ်။ ကိုယ့် ဒေသတွင်း နိုင်ငံတွေဟာ တက်တက်ကြွကြွနဲ့ ခေတ်အပြောင်းအလဲမှာ ပါဝင်စီးမျောနိုင်ဖို့ ကျိုးစားနေကြတယ်။
ကျနော်တို့ နိုင်ငံကရော ဒီ Industry 4.0  စတုတ္ထမြောက် စက်မှုတော်လှန်ရေးအတွက် ဘာတွေ ပြင်ဆင်ထားပြီလဲ။ ပြောမဲ့သာ ပြောရတယ်။ ကိုယ်တွေနိုင်ငံက ဒုတိယမြောက် စက်မှုတော်လှန်ရေးတောင် မကျော်နိုင်သေးဘူး ဖြစ်နေတယ်။ 
စက်မှုတော်လှန်ရေးတွေ အကြောင်း အကြမ်းအားဖြင့် ပြောရရင် ပထမ စက်မှုတော်လှန်ရေးကို ၁၇၈၀ နောက်ပိုင်း ရေနွေးငွေသုံး စက်တွေ ပေါ်လာပြီး ၊ ရေနွေးငွေ့သုံး မီးရထားခေါင်းတွေ တည်ထွင်လာနိုင်ပြီး  ပထမ စက်မှုတော်လှန်ရေးဖြစ်ခဲ့တယ်။  ဒုတိယမြောက် စက်မှုတော်လှန်ရေးကို ၁၈၇၀ နောက်ပိုင်း လျှပ်စစ်မီးကို အသုံးပြုပြီး mass production တွေ လုပ်လာနိုင်ပြီး  ဒုတိယမြောက် စက်မှုတော်လှန်ရေး စတင်ခဲ့တယ်။
ကျနော်တို့ နိုင်ငံမှာ လက်ရှိ တနိုင်ငံလုံးရဲ့  ၄၀% ခန့်သာ လျှပ်စစ်မီး မေးနိုင်သေးတယ်တဲ့။ နိုင်ငံ ရဲ့  ၆၀% ကိုလျှပ်စစ် မပေးနိုင်သေးပါဘူးတဲ့။ လက်ရှိ အစိုးရကလည်း ဒီလျှပ်စစ်မီးရဖို့ အားထုတ်ကျိုးပမ်းနေတာ တွေ့ရတဲ့အတွက်လည်း အားရကျေနပ်မိပါတယ်။ နောက်ပြီး NGO အထောက်အပံနဲ့ coal power plant မလုပ်ဖို့ အော်နေတာတွေကိုလည်း သတိရှိရှိနဲ့ ပြည်သူတွေကို အသိပညာပေးရမယ်။ အခုနည်းပညာတွေထွန်းကားလာတဲ့ အချိန်မှာ coal က Emission အရမ်းနည်းအောင် လုပ်လာနိုင်ပြီ ဆိုတာ ပညာပေးရပါမယ်။
တတိယမြောက် စက်မှုတော်လှန်ရေးကို ၁၉၆၀ နောက်ပိုင်းမှာ ကွန်ပျူတာတွေ အိုင်တီပညာတွေ တိုးတက်လာပြီး တတိယမြောက် စက်မှုတော်လှန်ရေး စက်မှုတော်လှန်ရေး စတင်ခဲ့တယ်။ အခု စတုတ္ထမြောက် စက်မှုတော်လှန်ရေး ကတော့ ၂၀၀၅ ခုနှစ်လောက်မှာ Digital နည်းပညာတွေ အရမ်းထွန်းကားလာပြီး စတုတ္ထမြောက် စက်မှုတော်လှန်ရေး အစပျိုးခဲ့တယ်။ 
ဒီ စက်မှုတော်လှန်ရေးမှာ  robotics တွေ artificial intelligence (AI),  nanotechnology, quantum computing, biotechnology စတဲ့  နည်းပညာတွေ The Internet of Things (IoT) လိုခေါ်တဲ့ စက်ပစ္စည်းမျိုးစုံကို အင်တာနက်နဲ့ ချိတ်ဆက် အသုံးပြုတာတွေ။ ဥပမာ ကားလာမဲ့ အချိန် လေယာဉ်ဆိုက်မဲ့ အချိန် အတိအကျကို ကိုယ့်ဖုန်းကနေ အလွယ်တကူ ကြည့်လို့ရအောင်လုပ်ထားတာမျိုးပါ။ နောက် Machine Learning & Deep Learning,   3D printing နဲ့ autonomous vehicles တွေဟာ အရမ်း တွင်ကျယ်ထွန်းကားလာပါ လိမ့်မယ်တဲ့။
 နိုင်ငံတွေ စီးပွားရေး လုပ်ငန်းတွေဟာ ဒီလို ခေတ်အပြောင်းအလဲတွေမှာ လိုက်ပါပြောင်းလဲ နိုင်ရင် များစွားအကျိုးရှိတယ် ဆိုတာ ဂျပန် ၊ ကိုရီးယား ၊ ဟောင်ကောင် နဲ့ စင်ကာပူနိုင်ငံတွေကို ကြည့်ရင် သိနိုင်ပါတယ်။ 
လိုက်ပါ မပြောင်းလဲနိုင်ခဲ့တဲ့ ကျနော်တို့နိုင်ငံဟာလည်း သူများနောက်မှာ အပြတ်အသတ် ကျန်ခဲ့တာကို အထူးအသတိပြုဖို့လိုပါတယ်။
အချုပ်အနေနဲ့ ပြောရရင် ကျနော်တို့ နိုင်ငံက သက်ဆိုင်ရာ ဝန်ကြီး ဌာနတွေကလည်း ဒီအပြောင်းအလဲတွေကို သတိပြုမိကောင်းပြုမိပါလိမ့်မယ်။  သတိပြုမိတယ် ဆိုရင် ဒီအပြောင်းအလဲတွေမှာ ပါဝင်နိုင်ဖို့ ဘာတွေ စီစဉ်ဆောင်ရွက်နေပြီလဲ။ ဒီတကြိမ်မှာ လိုက်ပါပြောင်းလဲနိုင်ရင် နိုင်ငံအတွက် များစွားတိုးတက် ပြောင်းလဲ သွားနိုင်သလို နောက်ကောက်ကျ ကျန်ခဲ့မယ် ဆိုရင်တော့ ကိုယ့်ဒေသတွင်း နိုင်ငံတွေရဲ့  နောက်မှာ အပြတ်အသတ် ကျန်ခဲ့နိုင်တယ် ဆိုတာ လေ့လာမိ သမျှ ဝေမျှလိုက်ရပါတယ်။ ဒီပွဲကို သွားတက်ခွင့်ပေးခဲ့တဲ့  ဆရာဦးကျော်ကျော်လှိုင်(SMART) ကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ်။
မေတ္တာဖြင့်
ရဲမင်း (29/10/2018)
Sunday, October 21, 2018
ညူကလီယာ လျှပ်စစ် နဲ့ မြန်မာပညာရှင် (၂၀၁၂ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံ)
2012 ဒေါ်အောင်ဆန်းစုကြည် နဲ့ မြန်မာများ နယူးယောက်မှာ တွေ့ဆုံစဉ် ပြောပြချက်ဖြစ်ပါတယ်။
.
ကျွန်တော့်နာမည် ဦးဇင်ထွန်းပါ။ ၁၉၈၅ခုနှစ် ကနေဒါမှာ Ph.D. ပြီးကတည်းက ရူပဗေဒ ပညာရှင်အဖြစ် လုပ်ဆောင်ခဲ့တာ နှစ်၃၀ ကျော်ပါပြီ။ ကနေဒါ အစိုးရရဲ့ National Research Council မှာ အလုပ်လုပ် နေပါတယ်။ သို့သော် ယခု ပြောမဲ့စကားက ကနေဒါအစိုးရ၊ သို့မဟုတ် အဖွဲ့အစည်း တခုခုကို ကိုယ်စား မပြုပါ။ ကျွန်တော့်ရဲ့ ကိုယ်ပိုင်အမြင် ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စက်မှုလုပ်ငန်း ဖွံ့ဖြိုးဘို့ လျှပ်စစ်စွမ်းအင်လိုအပ်တယ်ဆိုတာအားလုံးအသိဖြစ်ပါတယ်။ ဒါကြောင့် nuclearလျှပ်စစ်ကို အမြန်ဆုံးအကောင်အထည်ဖေါ်သင့်တယ်လို့ မြင်ပါတယ်။ နည်းမှန်လမ်းမှန်လုပ်ရင် ၁၀နှစ်အတွင်းဓါတ်အားစတင်ရရှိသင့်ပါတယ်။ တောင်ကိုရီးယားမှာ ၈နှစ်နဲ့ရအောင်လုပ်ခဲ့တာကိုသာဓကအဖြစ်မြင်နိုင်ပါတယ်။
အခု ၂၁ရာစုမှာဓါတ်ပေါင်းဖိုအပါအဝင် nuclearလျှပ်စစ်ထုတ်စက်ရုံတခုလုံးကိုရောင်းမဲ့ကုမ္ပဏီတွေရှိနေပြီဖြစ်တဲ့အတွက်မြန်မာနိုင်ငံအနေနဲ့ ဘယ်သူ့ထံကဘယ်လိုအမျိုးအစားဓါတ်ပေါင်းဖိုကိုဝယ်မယ်ဆိုတာသာဆုံးဖြတ်ဖို့လိုပါတယ်။ ရောင်းသူက ဝယ်သူရဲ့နိုင်ငံသားအလုပ်သမားများနဲ့ ပညာရှင်များကို on-site training ပေးတဲ့အတွက် ဓါတ်ပေါင်းဖိုဆိုင်ရာ နည်းပညာကိုပါဝယ်ပြီးသားဖြစ်ပါလိမ့်မယ်။
၁၀နှစ်စီမံကိန်းရဲ့ပထမခြေလှမ်းအနေနဲ့လုပ်ရမဲ့လုပ်ရပ်များကိုအချက် ၄ချက်နဲ့ပြောပါမယ်။
နံပါတ် ၁။ ပြည်တွင်းပြည်ပ ပညာရှင်များနဲ့ အဖွဲ့ဝင် ၁၀ ဦးလောက်ပါတဲ့ ကော်မတီ တခုဖွဲ့ပါ။
နံပါတ် ၂။ ပထမ ၂နှစ်အတွင်း ကော်မတီရဲ့တာဝန်က nuclear ဓါတ်ပေါင်းဖိုအမျိုးအစားနဲ့ ဘယ်သူ့ထံကဝယ်မယ်၊ ရောင်းသူပေးတဲ့ရင်းနှီိးငွေကို ဘယ်လို အရစ်ကျပြန်ဆပ်မယ် စသည်တို့ကိုပြတဲ့လမ်းညွှန် (road map) ဆွဲဘို့ဖြစ်ပါတယ်။
နံပါတ် ၃။ ကျွန်တော့ကိုကော်မတီဝင်တဦးအဖြစ်လုပ်ဆောင်ခွင့်ပေးပါ။ အဲဒီအတွက် လခ၊ ညာဏ်ပူဇော်ခ ပေးဘို့မလိုပါ။ ကျွန်တော့အတွက် တခုတည်းသောလိုအပ်ချက်က ဓါတ်ပေါင်းဖိုရောင်းသူ ကုမ္ပဏီများနဲ့ ဆက်သွယ်တဲ့အခါ "I am acting on behalf of Myanmar Ministry of Energy" လို့ပြောဆိုခွင့်ရှိဘို့ ဖြစ်ပါတယ်။ အဲဒီလိုပြောနိုင်မှ ကျွန်တော့အနေနဲ့ထိထိရောက်ရောက် ကူညီနိုင်မှာဖြစ်ပါတယ်။
နောက်ဆုံးအချက် နံပါတ် ၄။ ကော်မတီဝင်တချို့ကို ဉာဏ်ပူဇော်ခပေးဘို့နဲ့ ခရီးစားရိတ် ပြည်တွင်း ပြည်ပ teleconference စသည်တို့အတွက် စားရိတ်များရှိပါမယ်။ ဒါကြောင့်တနှစ်ကို maximum $2M နှုံးနဲ့ ၂နှစ်စာbudget အတည်ပြုပေးပါ။
အခုပြောခဲ့တဲ့ အချက်များ ပြည့်စုံလျှင် nuclear လျှပ်စစ်ရဘို့ကို စတင်လုပ်နိုင်မဲ့အကြောင်း ပြောပါတယ် ခင်ဗျား။
*********
တကမ္ဘာ လုံးမှာ မြန်မာ ပညာရှင်တွေ အများကြီး ရှိတယ်။ ကူညီချင်တယ်။ ဒေါ်အောင်ဆန်းစု ကြည်လဲ သိပါတယ်။ အသုံးချခွင့် ရမဲ့ အချိန်ပဲ မြန်မြန် ရောက်ပါစေ။ 
Saturday, October 13, 2018
ဒေါ်ညိုညိုသင်း အဂတိကော်မရှင်ထံ တိုင်ပြီ..
သို့/
ဥက္ကဌ
အဂတိလိုက်​စားမှုတိုက်​ဖျက်​​ရေး​ကော်​မရှင်
အုပ်စု(၁)​ အားကစားလေ့ကျင့်​​ရေးစခန်း  ဝဏ္ဍသိဒ္ဓိရပ်ကွက်
နေပြည်တော်
ပြည်ထောင်စုမြန်မာနိုင်ငံ
ဥက္ကဌကြီးရှင့်
ရန်ကုန်တိုင်းစာရင်းစစ်ချုပ်ရဲ့အစီရင်ခံစာပါနိုင်ငံတော်ရဲ့နစ်နာမှုများကိုအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကစုံစမ်းစစ်ဆေးနိုင်ဖို့တင်ပြပါရစေ
ဒီသတင်းဟာမြန်မာ့ နိင်ငံရေးလေ့လာသူများနဲ့သတင်းမီဒီယာများကြားလူထုစိတ်ဝင်စားမှုအမြင့်ဆုံးသတင်းဖြစ်နေပါတယ်။
၂၀၁၆ -၂၀၁၇ ဘဏ္ဍာ နှစ်အတွက် ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာကိုအခြေပြုပြီးနိုင်ငံတော်ရဲ့ဆုံးရှုံးနစ်နာမှုများကိုထုတ်ဖော်တင်ပြတိုင်တန်းပါရစေ။ဒီလို နစ်နာမှု ဖြစ်ရစေခြင်း များဟာ လုပ်ပိုင်ခွင့်ရှိသူများရဲ့ အဂတိ မကင်းတဲ့ ဥပဒေချိုးဖောက်မှုများကြောင့်ဖြစ်ပါတယ်။
အဂတိလိုက်စားမှုရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်ထဲမှာဆိုရင် ဘယ်သူမဆိုပြည်သူ့ဘဏ္ဍာ ငွေကိုစီမံကိုင်တွယ်ဆောင်ရွက်ရာတွင် တည်​ဆဲ
ဥပ​ဒေ လုပ်​ထုံးလုပ်​နည်း စည်းမျဉ်းများကို​ဖောက်​ဖျက်​လို့ နိုင်​ငံ​တော်​ရဲ့​ငွေ​ကြေးနဲ့ပိုင်​ဆိုင်​မှုကို ထိခိုက်​နစ်​နာ​စေရင်​ အဂတိလိုက်​စားမှုဖြစ်​​ကြောင်းပါရှိပါတယ်​။
အစီရင်​ခံစာပါကြီးမား တဲ့ နစ်နာမှုတစ်ခုက​တော့
၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်​အတွင်းလူပုဂ္ဂိုလ်​တဦးထဲကို ​ပေ၄၀​ပေ၆၀ ရှိ မြေကွက် ၂၁ ကွက် စာ အကျယ်အဝန်းကို သက်​သာတဲ့နှုန်းထားများနဲ့​ရောင်းချထားခြင်းအပါအဝင်​  နံမည်​​ကျော်
ပုဂ္ဂလိက လုပ်​ငန်းရှင်​အချို့ကိုစီမံကိန်းအ​ကြောင်းပြပြီးမြေဧက​ထောင်​ချီ​ပေးအပ်​ခဲ့
တဲ့ကိစ္စဖြစ်​ပါတယ်​။အဲဒီ​မြေ​တွေအတွက်
မြေဂရန်​ဝန်​​ဆောင်​ခများသတ်​မှတ်​ရာမှာ
ဂရန်​သစ်​ဝန်​​ဆောင်​ခနှုန်းနဲ့မ​ကောက်​ခံသည့် အတွက်​ နိုင်​ငံ​တော်​ဝင်​​ငွေ အနည်းဆုံး​ ၄၁.၉၇ ဘီလီယံ​ကျော်​နစ်​နာခဲ့တာကိုအစီရင်​ခံစာမှာ​ဖော်​ပြထားပါတယ်​။
ဥက္ကဌကြီးရှင်​....
ကျမတို့ရဲ့ပြည်​သူ့ဘဝအ​ခြေအ​နေကိုတ​စေ့တ​စောင်းကြည့် မယ် ဆိုရင် ပြည်​သူ့ဆေးရုံအများစုမှာ (တိုက်နယ် ဆေးရုံများ) အပါအဝင် ၂၄နာရီလျှပ်​စစ်​မီးရှိတာကရှာမှရှားဖြစ်ပါတယ်။
လူနာနဲ့ဆရာဝန်​အချိုးမမျှတတာ​တွေအပြင် အချို့ ဆေးရုံ​တွေမှာ ကုတင်​အပါအဝင် ဆရာဝန်​၊ သူနာပြုနဲ့လူနာရှင်​​တွေအတွက်​နေရာထိုင်ခင်း မလုံ​လောက်​ခြင်းများ၊ တစ်နိုင်​ငံလုံးမှာအ​ရေး​ပေါ်ကုသမှု​တွေအတွက်​လိုအပ်​တဲ့ ​ဆေးဝါးအပါအဝင်​အ​ခြေခံ​ကျတဲ့​သွေးစစ်​​ဆေး​ရေး၊နှလုံး​နဲ့
ကျောကိကပ်​ဆိုင်​ရာစက်​ကိရိယာ​များ၊ ကင်ဆာ ဝေဒနာရှင်များအတွက် ဓာတ်ရောင်ခြည် ပေးသည့် စက်ကရိယာများ အစရှိသဖြင့် အလုံအလောက်​ မရှိလို့ အသက်​မဆုံးရှုံးသင့်​ပဲဆုံးရှုံးသွားတဲ့ပြည်​သများစွာရှိ​နေကြဆဲဆိုတာ​ဘယ်​သူမှမငြင်းနိုင်​ကြပါဘူး။ အခု ကျမတို့ဆုံးရှုံး​နေတဲ့၄၂ ဘီလီယံ နီးပါး ဟာပြည်​သူ​ထောင်​ပေါင်းများစွာရဲ့အသက်​​ကိုကယ်​တင်​နိုင်​တဲ့ဆုံးရှုံးမှုပမာဏ
ဖြစ်​​ကြောင်းအဂတိလိုက်​စားမှုတိုက်​ဖျက်​​ရေး​ကော်​မရှင်​ထံ​လေးစားစွာတင်​ပြအပ်​ပါတယ်​။
နောက်​ထပ်​ဆုံးရှုံးမှုဖြစ်စဉ် တစ်ခု ကတော့ ​ရွှေတိဂုံ​စေတီ​တော်​ကြီး ၏ အ​နောက်​ဖက်​မုဒ်​ရဲ့မျက်​နှာချင်းဆိုင်မှာ ရှိတဲ့ ပြည်​သူ့ဥယျာဉ်​​အတွင်းမှာပုဂ္ဂလိကကုမ္ပဏီတခုကိုကာလ​ပေါက်ေ​ဈးထက်​အများကြီး​​ဈေးလျော့ပြီးဌားရမ်းထားတာကို သိရပါတယ်။ဒီ ဖြစ်ရပ်မှာ ဆိုရင်လည်း ပြည်သူ လူထုရရန်​ငွေတွေဟာ လစဉ်​တစ်​ဘီလီလျံနစ်​နာ​နေတာဖြစ်​ပါတယ်​။
ဒီ​ငွေပမာဏဟာ ရန်​ကုန်​တိုင်းမှာရှိတဲ့ ခိုကိုးရာမဲ့ပြည်​သူ ၁၆၆၀၀ ကျော်​ကို တစ် ထောင်ကျပ်​တန်​ တန်​ဖိုးသင့်​ ထမင်း နှင့် ဟင်းကို​နေ့စဉ်​  ည/မနက်​​ကျွေး​မွေးနိုင်​တဲ့ပမာဏဖြစ်​ပါတယ်
ဥက္ကဌကြီးရှင်
မဖြစ်​မ​နေတင်​ပြချင်​တာ နောက် တစ်ခုက
 နိုင်ငံ​တော်​ရဲ့ ဆုံးရှုံးမှု​တွေထဲက  တစ်ခုအပါအဝင် ဖြစ်တဲ့ ရန်​ကုန်​တိုင်း ဗိုလ်​တ​ထောင်​မြို့နယ်ရြှိ ၄၅ လမ်း ကစီမံကိန်းတစ်ခု အ​ကြောင်းပဲဖြစ်​ပါတယ်​။ ဒီ စီမံကိန်းမှာ ဆိုရင် နိုင်​ငံ​တော်​မှ နစ်​နာ​ငွေဟာ ၉.၂ ဘီလီယံဖြစ်​ပါတယ်​လို့အစီရင်​ခံစာကထုတ်​​ဖော်​ထားပါတယ်​။
ဒါ့ အပြင်​ဗဟန်းမြို့နယ်မှာ ဌားရမ်းထားတဲ့​မြေ ၁၅ ဧက အတွက်​နှစ်​စဉ်​ ၃.၈
ဘီလီယံဆုံးရှုံးနေပြီးကန်​​တော်​ကြီး ကန်တော်​မင်​နဲ့ မြိုင်​​ဟေဝန်​ ဥယျာဉ်​များ မှာ ဆိုရင် နိုင်​ငံ​တော်​ရဲ့ဆုံးရှုံးမှုဟာနှစ်​စဉ်​ ၂ ဘီလီယံ ရှိ​နေပါတယ်​။
ဒီ​ဆုံးရှုံးမှုပမာဏဟာ
ရွှေ့​ပြောင်း​နေထိုင်​မှုအများဆုံးဖြစ်​ပြီးအိမ်​ဌားခမြင့်​မားလွန်းတဲ့ရန်​ကုန်​မြို့ကသာမန်​ပြည်​သူများအတွက်​သိန်း ၁၀၀ တန်​ တန်​ဖိုးနည်းတိုက်​ခန်း​ပေါင်း
 ၂၅၀၀ခန့်​ကို​ ကျန်​ရှိသက်​တမ်း ၃နှစ်​အတွင်း
ဆောက်​လုပ်​ချထား​ပေးနိုင်​တဲ့ပမာဏ
ဖြစ်​ပါတယ်​။
‌အခုတင်​ပြခဲ့တဲ့နစ်​နာမှုများကို​လေ့လာကြည့်​ရင်​တူညီတာတခုက​တော့
‌လုပ်​ပိုင်​ခွင့်​ရှိသူတ​ယောက်​ သို့မဟုတ်​ တဖွဲ့က လူတဦးတ​ယောက်​ ဒါမှမဟုတ်​ ပုဂ္ဂလိကကုမ္ပဏီများကိုတည်​ဆဲဥပ​ဒေများကိုချိုး​ဖောက်​ပြီးအခွင့်​အ​ရေး​ပေးခဲ့မှု​ကြောင့်
‌သာနိုင်​ငံ​တော်​မှာ အခုလိုကြီးမားတဲ့နစ်​နာမှုများဆက်​တိုက်​​ပေါ်​ပေါက်​လာခြင်းဖြစ်ပါ​တယ်။
‌နိုင်​ငံ​ရေး​စောင့်​ကြည့်​သူများအကြားစိုးရိမ်​​နေတာတခုက​တော့အဂတိလိုက်​စားမှုတိုက်​ဖျက်​​ရေး​ကော်​မရှင်​ကရန်​ကုန်​တိုင်း​ဒေသကြီးစာရင်းစစ်​ချုပ်​ရဲ့အစီရင်​ခံစာပါကိစ္စများကို​ကျော်​​စောသတင်းအဖြစ်​မှတ်​ယူပါ့မလားဆိုတာပါပဲ၊ဥပ​ဒေအရ​တော့​ကျော်​​စောသတင်းဆိုတာဟာအများပြည်​သူုအတွင်းပျံ့နှံ့​နေ​သောသတင်းတရပ်​ရပ်​တွင်​တ​ယောက်​​ယောက်​ဟာအဂတိလိုက်​စားမှုနဲ့ပတ်​သက်​ပြီးခိုင်​လုံတဲ့အ​ထောက်​အထားရှိနိုင်​တယ်​လို့​ကော်​မရှင်​ကယုံကြည်​ရန်​​ပေါ်​ပေါက်​​သောသတင်းဖြစ်​ပါတယ်​၊
‌ဒီအစီရင်​ခံစာကိုယ်​တိုင်​ကခိုင်​လုံတဲ့အ​ထောက်​အထားဖြစ်​တာမို့အခုကိစ္စဟာ​ကျော်​​စောသတင်းဖြစ်​​ကြောင်းထင်​ရှားလှပါတယ်​၊ဒါအပြင်​အဂတိလိုက်​စားမှုတိုက်​ဖျက်​​ရေးဥပ​ဒေပုဒ်​မ ၃ (က)အပိုဒ်​၂ ပါ
‌အဂတိလိုက်​စားမှုရဲ့အဓိပ္ပါယ်​ဖွင့်​ဆိုချက်
နဲ့ထင်​ထင်​ရှားရှားအကြုံးဝင်​​​နေတဲ့
‌နိုင်​ငံ​တော်​ရဲ့ဆုံးရှုံးများ
ှုဖြစ်​ပါ​ကြောင်းထပ်​ဆင့်​တင်​ပြရင်းပြည်သူများကိုယ်စားတိုင်ကြားအပ်ပါသည်။
မှန်ကန်တည်ကြည်စွာဖြင့်
ဒေါက်တာညိုညိုသင်း
ရန်ကုန်စောင့်ကြည့်အဖွဲ့တည်ထောင်သူ
ဖုန်း ၀၉၅၁၃၆၅၁၉   ,    ၀၉၉၇၇၇၄၃၁၁၁
Show quoted text
Tuesday, September 11, 2018
ဆေးတက္ကသိုလ် နှင့် စက်မှုတက္ကသိုလ် (TU) ဆရာများ
သူငယ်ချင်းဆရာဝန်တယောက်. နေပြည်တော် ကုတင်၅၀၀ ဆေးရုံက မှာ လုပ်တယ်။ သူတို့ ဆေးတက္ကသိုလ် က သူတို့ဆရာများ ရဲ့ ဆေးပညာစီမီနာ မှာ သူတို့ဆရာတွေကို ကျေးဇူးတင် တဲ့ ပို့စ်ကို ရှယ်လိုက်ပါတယ်။ သူတို့ ဆေးပညာ လောကလဲ FDA ညွန်ချုပ် ဆရာဝန်ကြီး (MRCP ပါရဂူပွဲရကြီးကို အဂတိနဲ့ အရေးယူခံရတာ ရှိပေမဲ့၊ သူတို့ တက္ကသိုလ် ဆရာများက QC အရည်ချင်ကို ထိန်းထားတယ်။ ထမင်းကြွေးတာ ..စားပြီးပြီမို့လို့ ထပ်မစားတော့ဘူးတဲ့.. ကျနော်တို့ အင်ဂျင်နီယာ ကျောင်းဆရာများကတော့ အမျိုးသမီး တွေချည်း ဖြစ်နေတာ .. အရမ်းအားနည်း သွားရှာတယ်။ ဒီတော့ ကျောင်းသားတွေအဖို့ ကလေးထိန်း မေမေ လိုမျိုး ဖြစ်နေတာ ၀မ်းနည်းစရာ ပြောင်းလဲ ချိန် တန်ပြီ .. လို့.ထပ်ရေးချင်ပါတယ်။ လက်ရှိ ကျန်နေတဲ့ အမျိုးသာ အင်ဂျင်နီယာ ဆရာများ အလုပ်မထွက်ပဲ တောင့် ခံ ကြဖို့.. အားပေး လိုက်ပါတယ်။
.
**********
Tint Tint Kyi is with Myo Lwin Nyein.
မကွေး မှတ်စု
။။။။။။။။။။။။။။
စာမေးပွဲ စစ် မယ့်ဆရာတွေ ညစာ စား ဘို့ ပါမောက္ခ ဌာန မှူး က စီစဉ်တဲ့အခါ ဟောပြောပွဲ နဲ့ အတူ တွဲ ပါတယ်။ ဆေး အကြောင်း ပြော ရတာ ပေါ့။
ဆရာ မျိုးလွင်ငြိမ်း ရဲ့ အင်ဆူလင် အကြောင်းပါ။
Human and analogue Premixed and basal
နှိုင်းယှဉ်ချက်တွေ ပြောပါတယ်။
သိစရာ တွေ အသိတိုးပါတယ် ဆရာ။
အင်း
ဘဝ မှာ ဆေးတွေ ရဲ့ အပြောင်းအလဲ က
လွန်ခဲ့သော၁၀နှစ်လောက်က အင်္ဂလန် ဥရောပ မှာ သုံးတယ်။ ခုတော့ လည်း ဒီမှာ သူတွင်ကျယ်သည် ဖြစ် လာရော။
Insulin analogue
ညစာစား ရင်း
ဆရာက ပြုံးလည်း မပြုံး ဘူး လို့ ပြောတော့
ကျွန်တော့်ရဲ့ အပြုံး က ပင်စင်ယူတဲ့နေ့ဗျ
အဲဒီနေ့ လာ ပြီး ဓါတ်ပုံ ရိုက် လှည့် လို့ပြောတယ်။
ဆရာ က ဟောပြောပေမယ့် ထမင်း မစားဘူး။
စားပြီးပြီတဲ့ ။
လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် က သူနေခဲ့တဲ့မြို့ မင်းဘူး ကို သွားလည်ပြီး မိတ်ဆွေ ဆွေမျိုးတွေ ကျွေး တာ ကို စားလာတယ်လေ။
လွန်ခဲ့တဲ့၁၀ နှစ်ကျော်
အဲဒီမြို့ မှာ နေစဉ် ဆေး ရုံ ည ရောင်းသွားပြီး အပြန်မှာ ချောင်းရိုက် ခံရလို့ ခေါင်းကွဲ သတိ လစ်ဘူးတယ်။
သူ့ မှာ အဲ့ မြို့ က ဆွေမျိုးအိမ်လို အမြဲ သွားချင် နေရတာ။
ဆရာဝန်တွေ က ထူးဆန်းတယ်။
အထူးသဖြင့် ဆရာမျိုး က ပို ထူးဆန်းတယ်။
၆၀ ပြည့်တော့ မယ် ဆိုတာ ပေမယ့် အများကြီး လုပ်နိုင်တဲ့ဆရာတွေပါ။
ဆွေ မာ (ဆရာ့ဇနီး) မွေးနေ့အတွက် အဝေးမှ ဆုတောင်းပေးလိုက်ပါတယ်။ပျော်ရွှင် ချမ်းမြေ့ ပါစေ ဆွေမာ ရေ။
Swe Mar Linn
ဆရာ ပြောတဲ့ မျောက်ပြ ဆန်တောင်း ကို တော့ မမေ့ တော့ပါပေ။
.
.
Tint Tint Kyi is with Moe Swe.
16 hrs
မကွေး ဆေးတက္ကသိုလ် ကို စာစစ်
သွားတော့
သမားကြီး များ၏
သိသင့်တာတွေ ဟောပြော ပို့ချ
မနားရတဲ့ ပါမောက္ခ များ ၏ ဝေမျှ ပွဲ ။
ဘယ်လောက်မောမော
စာ အပြော ဝေမျှ ရင် ပျော်နေသော နှလုံးသား နှင့်သူတို့အပြုံးများ
ဌာနေ ဒုချုပ် ၊ ဒု ပါချုပ် များလည်း
မနားနိုင် ။
ဆရာရန်လင်းမြင့် ပါ မောက္ခ ဌာန မှူး ဆေးမန်း
အရေးကြီးတဲ့ပြဿနာ
ဖြစ်သော
ပဋိဇီ ဝ ဆေးယဉ်ပါးမှု အကြောင်း ပြောပြနေပါတယ်။
ဆရာဝန်ညွှန်မှ သောက်သင့်သည်။
ကို ယ့် ဖာသာ မသောက်ပါနဲ့
ဆရာဝန်မဟုတ်ပဲနဲ့ ညွှန်နေတာ လည်း အကျင့်တွေ ဖျောက် ဘို့ လိုပြီ
ပြိုင်တူ တွန်းရင် ရွေး နိုင်ပါသည်။
Rational use of antibiotics is soooooo important.
ဆရာ ဇော် နဲ့ မမာမာကြည် တို့ လည်း ပြော ဟောကြပါဦးမယ်။
လက်ဆေး ဘို့
ရေ လုံလုံ လောက်လောက်ရှိဘို့
အသက် ရှူ လမ်းကြောင်းမှတစ်ဆင့်
ကူးနိုင်တဲ့ ရောဂါ အတွက် နှာခေါင်း ပါးစပ် အုပ်တာ သုံး
ပြီးရင် သေချာ လွှင့်ပစ်
အပ်တွေ sharp container သုံး
အရောင်ပုံးတွေ နဲ့ လွှင့်ပစ်
Appropriate use of antibiotics
သုံး ရပါမယ်။
(10) facts for Infection Control
ကို ပြောပါတယ်။
Review
Audit
.
....***** End. of Tint Tint Kyi's post *****.....
.
တခါက အလွန်လေးစားဖွယ် ကောင်းတဲ့ အင်ဂျင်နီယာ ဆရာကြီးတွေ အကြောင်း (ဥပမာ .ဦးညီလှငယ်၊ ကွယ်လွန်သူ လျပ်စစ် ဆရာဦးစိန်ဝင်း MIT မက်ဆာချူးဆက်၊ USA ဘွဲ့ရ တွေလိုမျိုး၊ ပြန် ဖတ်မှတ် ကြရပါတယ်။ သူတို့ အကြောင်း အခုခေတ် အင်ဂျင်နီယာကျောင်းဆရာ၊ ဆရာမ များ အားကျအောင် ပြန်ရှာ ရေးချင်ပါတယ်။
.
အခုခေတ် TU ကျောင်းဆရာတွေ ပညာတတ်အောင် သင်ပေးဖို့ ကြိုးစားကြတယ်။ ဒါပေမဲ့ လက်တွေ့တော့ နေ့ကလေးထိန်း ဆရာတွေလို ကျောင်းသား၊ ကောင်းသူကလေးတွေ မပျက်စီးအောင်၊ စာမေးပွဲ မကျပဲ ဘွဲ့ရသွားအောင် လဲ လုပ်နေကြရတယ်။ လူငယ်တွေကလည်း ပျက်စီးချင်စရာပဲ။ ဘွဲ့ရပြီး အလုပ်အကိုင်က ကျပ်၁၀သိန်း ပေးမဲ့ စပွန်စာ ကုမဏီတွေ မြန်မာပြည်မှာ မရှိသေးဘူး။ နိုင်ငံခြားမှာတော့ ကျောင်းသား စာတော်ရင် ကုမဏီတွေက စပွန်စာ လာပေးကြတယ်။ ဆရာတွေလဲ ကုမဏီ စပွန်စာတွေ ရလို့ အဆင်ပြေကြတယ်။ မြန်မာပြည်မှာတော့ ဆရာ၊ ကျောင်းသား ၂ဦးစလုံး အရည်ချင်း တိုးတက်လာဖို့ မနည်းလုပ်ရဦးမယ်။
.
မည်သို့ပင် ဖြစ်စေ မြန်မာနိုင်ငံမှာတော့ ဆေးတက္ကသိုလ် ကျောင်းဆရာများကို အင်ဂျင်နီယာ ကျောင်းဆရာများက အတုယူသင့်တယ် လို့မြင်တယ်ဗျ (my view)
.
ဆရာကောင်းမှ တပည့်ကောင်းမည်။
 — with U Ko Sun.