Wednesday, August 15, 2018

တရုပ်အကြွေးပြန်ဆပ်ရမဲ့ အခြေအနေကို China Debt Trap လို့ခေါ်ကြပါတယ်... တရုပ်မြန်မာ OBOR ..


2017 မှာ အရစ်ကျဆပ်ဖို့ မတတ်နိုင်လို့ သီရိလင်္ကာ ဆိပ်ကမ်းကို တရုပ်လက်ထိုးအပ်လိုက်တဲ့အတွက် သီရိလင်္ကာနိုင်ငံဟာ တရုပ်အကြွေးနဲ့ပိသွားတဲ့ ၉နိုင်ငံမြောက် ဖြစ်သွားပါပြီ။ လာအိုလဲ အလာတူ .နိုင်ငံရဲ့ထုတ်ကုန်တန်ဖိုး ၅၀%လောက်က တရုပ်အကြွေးပြန်ဆပ်ရမဲ့ အခြေအနေကို China Debt Trap လို့ခေါ်ကြပါတယ်။ https://goo.gl/nYiVHL
.
မြန်မာနိုင်ငံကတော့ တရုပ်တို့ ရခိုင်ပြည်နယ် ကျောက်ဖြူဆိပ်ကမ်းကို ကန်ဒေါ်လာ ၇.၅ဘီလျံ ရေနက်ဆိပ်ကမ်းဆောက်ဖို့ ဦးသိန်းစိန်အစိုးရ ခေတ်က လက်မှတ်ထိုးခဲ့ပါတယ်။ စီးပွားအကြံပေး ရှောင်တန်နယ် ကတော့ ဒါလောက်ကြီးများတောင် အကုန်မခံသင့်ကြောင်း စင်ကာပူမှာ သတင်းစာရှင်းပြီးနောက် စီမံဘဏ္ဍာ ဒုဝန်ကြီး ဦးဆက်အောင် နဲ့ အဖွဲ့များ ညှိနှိုင်းမှုများအရ စာချုပ်ကို ကန်ဒေါ်လာ ၁.၅ ဘီလျံ လောက်နဲ့ အသစ်ချုပ်ဆိုလိုက်လို့ တရုပ်အကြွေးပိ မဲ့ အခြေအနေက လွတ်လာခဲ့ပါတယ်။ 
.
မြန်မာနိုင်ငံကို မေတ္တာနဲ့ကူညီ လုပ်ကိုင်နေသူ ပြည်တွင်း၊ ပြည်ပ မိတ်ဆွေ များစွာ ရှိနေခြင်းကို လေးစား၊ ကျေးဇူးတင်ရပါမယ်။
.
ဒါပေမဲ့ မြန်မာများရဲ့ အားနည်းမှုများစွာ ကို အမြတ်ထုတ်မဲ့ နိုင်ငံခြား ကြွေးမြီ အမြောက်အများက ၀င်လာမဆဲ ဖြစ်ပါတယ်။ WB, Asia Bank, China Bank JICA စတဲ့ အခြေခံအဆောက်ဦး (P.P.P / B.O.T တည်ဆောက်မှုများစွာ) မြန်မာနိုင်ငံကို ၀င်လာချိန် ဥပဒေ၊ နည်းဥပဒေ များနဲ့ အစိုးရက ကာကွယ်ရပါမယ်။ မတရားစာချုပ်များကို ဥပဒေလက်တလုံးခြား အမြတ်ထုတ်မှုများကို ကာကွယ်ဖို့ ၂၀၁၈ သြဂုတ်လမှာ B.O.T ကုမဏီ၂၅ခု၊ လမ်း-တံတား စာချုပ်များကို စည်းကမ်းမလိုက်နာရင် အရေးယူဖို့ လွှတ်တော်ကိုယ်စားလှယ် ၁၇ဦးက ဆွေးနွေး အတည်ပြုလိုက်ပါတယ်။ လက်တွေ့ ရှုပ်ထွေးအောင်လုပ်ထားတဲ့ ဥပဒေများကို - ပြင်ဆင်တဲ့ ဥပဒေများ သေချာ ရေးဆွဲ၊ ပြဌာန်းဖို့လိုပါတယ်။
.
တရုပ်နိုင်ငံ ရဲ့ အကြွေးမပိဖို့ ဗီယက်နမ်ကို အများကြီး အတုယူ၊ အတူပူးပေါင်းဆောင်ရွက်နေရပါတယ်။ သယံဇာတ ရေနံ+ဓါတ်ငွေတွေမှာ 1MDB အဂတိနဲ့ရောင်းချမှု ၊ အခြေခံအဆောက်အအုံ တည်ဆောက်ရေးမှာ အကြွေးများစွာ ယူလိုက်မှု မှာ နိုင်ငံခေါင်းဆောင် နာဂျစ် ကိုယ်တိုင်က အဂတိမှုများကြောင့် မလေးရှားနိုင်ငံ ကန်ဒေါ်လာ ၃၈၈ ဘီလျံ နစ်နာခဲ့ကြောင်း ရွေးကောက်ပွဲ အနိုင်ရ အသစ်တက်လာတဲ့ ၀န်ကြီးချုပ် မဟာသီယာ အစိုးရ ဘဏ္ဍာရေး ၀န်ကြီးက ပြောဆိုပါတယ်။
.
ကိုးကား။ တရုပ်-မြန်မာ OBOR https://goo.gl/CcCe1p



တရုပ်မြန်မာ OBOR
လက်ရှိ ပကတိအခြေအနေများ နဲ့ လွန်ခဲ့တဲ့ ၃နှစ်အတွင်း ဖြစ်ပျက်ခဲ့မှုများ တရုပ်တို့သြဇာ ဆက်လက်လွှမ်းမိုး နေမှုများကို ဘယ်လို တရားမျှတစွာ ခုခံသင့်တယ်၊ ဘယ်လို အခြေအနေ ဖြစ်နေတယ် ဆိုတဲ့ အကြောင်း အနည်းအကျဉ်း ရေးထားတာတွေ စုစည်း ဖော်ပြလိုက်ပါတယ်။ စိတ်ဝင်စားသူ ဆရာ ဆရာမများ၊ မြန်မာအရေးကို စိတ်ဝင်စားသူများ၊ မြန်မာနိုင်ငံကို တိုးတက်စေလိုပေမဲ့ လက်ရှိ ပကတိအခြေအနေကို မချင့်မရဲ ဖြစ်နေသူများစွာ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် က မြန်မာအသွင်ကူးပြောင်းရေးကာလ စိန်ခေါ်ချက်များ အလုပ်ရုံ ဆွေးနွေးပွဲမှာ " ငါတို့ ဘာပေးနိုင်သလဲ၊ ငါတို့ ပါစွန့်လွှတ်နိုင်ပါသလဲ" မေးခွန်းကို မေးခဲ့ပါတယ်။ ခက်ခဲ လှပါတယ်။
မြန်မာလူငယ် ၁၀၀ဦးကို စက်တင်ဘ ၂၀-၂၅ ၊ ၂၀၁၅ မှာ တရုပ်နိုင်ငံ All China Youth Fedration ဖိတ်ကြားချက်အရ (၅)ရက် လေ့လာရေး စေလွှတ်ခဲ့ပါတယ်။ လူငယ် အလွှာစုံ ဖြစ်ပါတယ်။ ဒါက တရုပ်ရဲ့ မြစ်ဆုံ စီမံကိန် ဆုံးရှုံးပြီးတဲ့ နောက်ပိုင်း မဟာဦးနှောက် ၊ မဟာဗြူဟာ နဲ့ ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ဆက်ဆံရေး ဖြစ်ပါတယ်။ အလားတူ မြန်မာ ဌာနဆိုင်ရာ နဲ့ အုပ်ချုပ်ရေး၊ တပ်မတော် အရာရှိ များစွာ တရုပ်ပြည်ကို သွားရောက် လေ့လာခဲ့ကြပါတယ်။ ဘယ်သူတွေကို ရွေးချယ် စေလွှတ်နိုင်သလဲ ဆိုတာ အလွန်အရေးကြီးပါတယ်။ အမေရိကန်၊ ဂျာမဏီ၊ ဂျပန်၊ တောင်ကိုးရီးယား၊ စင်ကာပူ ဖိတ်ခေါ် ခရီးစဉ်မျိုးကတော့ ပိုပြီး လူကြိုက်များမှာပါ။
.
တရုပ်၏အလွှာစုံ ဆက်ဆံရေး မဟာဗြူဟာနှင့် မြန်မာနိုင်ငံ ပကတိအခြေအနေ ဆောင်းပါကို ခင်ခင်ကျော်ကြီးက ရေးသားခဲ့ပါတယ်။ သူမ ဟာ လန်ဒန် အရှေ့တိုင်းနှင့်အာဖရိက လေ့လာရေး ကျောင်း က နိုင်ငံတကာ လေ့လာရေး နှင့် သံတမန်ရေးရာ မဟာဘွဲ့ရ တစ်ဦး ဖြစ်ပါတယ်။ ပြည်ပ က အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံ ပြန်လာသူများ၊ မလာဖြစ်ပဲ အဝေးကနေ အကြံပေး၊ ငွေကြေး နဲ့ ကူညီနေသူများ စွာ ရှိပါတယ်။ အားလုံး ကို ကြိုဆိုရပါတယ်။ ဒီဆောင်းပါး မှာတော့ လက်ရှိ NLD ဦးဆောင်တဲ့ အစိုးရ လက် ထက် တရုပ် က ပြောင်းလဲ လာတယ်၊ မြန်မာ ပကတိ အခြေအနေ များကြောင့် တရုပ်က လက်ရှိအခြေအနေ ထိ အသာစီး ရနေတယ်လို့ ရေးထားပါတယ်။
.
ဥပဒေ ပညာရှင်များ နဲ့ စက်မှုပညာရှင်များ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းက နိုင်ငံတိုးတက်မှုများအတွက် အခရာ အလွန်ကျလှကြောင်းကို Ha-Joon Chang ရေးတဲ့ စာအုပ် 23 Things They don't tell you about Capitalism မှာ ရေးသား ထားပါတယ်။ ဟုတ်ပါတယ်။ နိုင်ငံမှာ ကဏ္ဍ(၃)ခု ၀န်ဆောင်မှုကဏ္ဍ (Service)၊ စက်မှုကဏ္ဍ(Industry) နဲ့ စိုက်မွေးကဏ္ဍ (Agri) (၃)မျိုး နဲ့ ခွဲခြားကြည့်ကြတဲ့ ယခုခေတ် စီးပွားရေး ဘောဂဗေဒ ပညာရှင်များရဲ့ GDP နဲ့ လူဦးရေ အချိုးကို လေ့လာကြည့်ရင် စက်မှုကဏ္ဍမှာ ပါဝင်သူများက တစ်ဦးချင်း ၀င်ငွေ အကောင်းဆုံး ဖြစ်နေပါတယ်။ အလွန်တိုးတက်တဲ့ နိုင်ငံများမှာတော့ Service ၀န်ဆောင်မှု ဘဏ်များ၊ အေးဂျင်များ၊ ကွန်ဆာတင့် များကလဲ ၀င်ငွေ အလွန်ကောင်းပါတယ်။
.
တရုပ်နိုင်ငံက အကုန်အကျ အလွန်များပြားစွာနဲ့ မြန်မာငြိမ်းချမ်းရေး ဆွေးနွေးမှုများကို ကူညီနေပါတယ်။ နယ်စပ်ကုန်သွယ်ရေးမှာ တရုပ် နဲ့ ထိုင်း ကုန်သွယတဲ့ နေရာမှာ တိုင်းရင်းသား လက်နက်ကိုင်များနဲ့ တပ်မတော်တို့ ထိပ်တိုက် တွေ့ရပါတယ်။ အခက်ခဲ များစွာ ရှိပေမဲ့ ၂၀၁၈ ဇူလိုင်လမှာ ပင်လုံညီလာခံ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အားလုံး ပါဝင်ဆွေးနွေးခဲ့ကြတာ တိုးတက်မှုကြီး တစ်ခုပါ။ လွယ်ကူတဲ့ သဘောတူညီချက်များ လက်မှတ်ထိုးခဲ့ပါတယ်။ အပစ်ခတ် ရပ်စဲရေး NCA လက်မှတ်ထိုးနိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။
.
.
.
သုံးသပ်ချက် (သြဂုတ်၂၀၁၈)
လွန်ခဲ့တဲ့ ၃နှစ်က ဆောင်းပါး ဖြစ်ပေမဲ့ အခုချိန်ထိ မြန်မာကို ပိုလို့တောင် ရိုက်ခတ်နေပါတယ်။ ပိုးလမ်းမကြီးပဲ ခေါ်ခေါ် အတိုကောက် ခါးပတ်လမ်းပဲ ခေါ်ခေါ် ၊ OBOR ဆိုတဲ့ တရုပ်နိုင်ငံ ရှီကျင်ပင် လက်ထက် မဟာဦးနှောက်များ ပေါင်းစီးပြီး တရုပ်လူမျိုးရေး တရုပ်ပြည် သာ၍ကြွယ်ဝစေရေး အမျိုးသား စီမံကိန်းပဲ ဖြစ်ပါတယ်။ Win-Win ဆိုတဲ့ နိယာမနဲ့ အကျိုးတူ စီးပွား လုပ်နိုင်ရင်တော့ ကောင်းပေမဲ့၊ မညီညွတ်တဲ့ အစိုးရလူကြီးများ၊ ခေါင်းဆောင်များ ရှိနေရင်တော့ တရုပ် သြဇာလွမ်းမိုးမှုကို ဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်ပါ။ China Debt Trap ထဲ နောက်ဆုံး ကျရောက်သွားတဲ့ သီရိလင်္ကာနိုင်ငံ နဲ့ အာရှတိုက်က အာစီယံ လာအိုနိုင်ငံကို သခန်းစားယူရပါမယ်။ လူနေမှု ပြည်သူတွေ မြန်မာနိုင်ငံထက် တော့ သာပေမဲ့ ကျနော်တို့ ရည်မှန်းတာက အနည်းဆုံး ဗီယက်နမ် အဆင့်၊ သာပြီး မြင့်ချင်ရင်တော့ ထိုင်းအဆင့် ကနေ စင်ကာပူ၊ တောင်ကိုးရီးယား အဆင့်ပဲ မဟုတ်ပါလား။
.
အခုတော့ ကျောက်ဖြူရေနက်စီမံကိန်း ဒေါ်လာ ၇.၅ဘီလျံကို မြန်မာအကျိုး လိုလားသူများ ဖြစ်တဲ့ အကြံပေး ရှောင်တန်နယ်၊ စီမံဘဏ္ဍာဒုဝန်ကြီး ဦးစက်အောင် စတဲ့ခေါင်းဆောင်များ ကြိုးစားမှုနဲ့ ယခင်က ချုပ်ဆိုထားတဲ့ စာချုပ် (မြန်မာနစ်နာတဲ့ စာချုပ်ပဲ ပြောပါရစေ) ဒေါ်လာ ၁.၅ ဘီလျံအထိ ရှော့ ချနိုင်ခဲ့ပါပြီ။ ဆက်လက်ပြီး အင်အယ်ဒီခေါင်းဆောင်များနဲ့ တပ်မတော် ခေါင်းဆောင်များ ညီညွတ်စွာ၊ တရုပ် မဟာဦးနှောက် မဟာဗြူဟာများကို ကာကွယ်သွားဖို့ ဖြစ်ပါတယ်။ တရုပ်ကတော့ တိုင်းရင်းသား လက်နက်ကိုင်များကို လက်ရှိအခြေအနေမှာ အောင်မြင်စွာ စည်းရုံးထားနိုင်ပြီ ဖြစ်ပါတယ်။
.
TSP(ရန်ကုန်)
၁၅-သြဂုတ်-၂၀၁၈
.
.
.
ကိုးကားချက်များ (See Attachment 13 pages)
.
* AIIB ဘဏ်၊ အာရှအခြေခံအဆောက်အဦ ရင်းနှီးမြှတ်နှံမှု ဘဏ် အစည်းအဝေး ၂၀၁၇ ဇွန်လ မှာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် တက်ရောက်ခြင်း
.
* ကျောက်ဖြူရေနက်စီမံကိန်း နဲ့ အထူးစီးပွားဇုံ SEZ
.
* ကျော်မျိုးထွန်း ရေးတဲ့ စာအုပ်မှ ကိုးကားချက်၊ အကြီးစား ရင်းနှီးမြှတ်နှံမှု ရှာဖွေခြင်း ..
.
* South East Asia Group ရဲ့ တရုပ်စီးပွားရေး ဆောင်ရွက်ချက်များ သုံးသပ်မှု
.
* တရုပ်ကို အကုန်အကျများစေတဲ့ မြန်မာသူပုန်များ ၊ ရဲထွန်းဘာသာပြန်ပြီး တရုပ် Global Times မှ Huang Hihan ရေးတဲ့ Myanmar rebels cause great expensive to China ဆောင်းပါး
.
* 23 Things They don't tell you about Capitalism, by Ha-Joon Chang စာအုပ် အမြည်း၊ အရင်းရှင် များ လက်ဝါးမအုပ်ပဲ အခွန်မှန်မှန်ပေးဖို့ စာရင်းစစ်ကုမဏီများ ပေါ်ထွန်းလာဖို့လိုပါတယ်။ အာမခံနဲ့စာရင်းစစ် ပုဂ္ဂလိက ကုမဏီများ အလွန်လိုအပ်နေပါတယ်။ အစိုးရကတော့ မလွယ်သေးပါဘူး။ အကြီးစားတွေ (နိုင်ငံပိုင်) ကိုပဲ အစိုးရ အာမခံနဲ့စာရင်းစစ် ကိုင်တွယ်ဖို့ပါ။
.
* ခင်ခင်ကျော်ကြီး သုံးသပ်ချက်၊ မြစ်ဆုံစီမံကိန်း ရပ်သွားပြီးနောက်ပိုင်း တရုပ်မဟာဗြူဟာ အပြောင်းလဲအောက် မြန်မာများ ပကတိအခြေအနေ..
.
* မြန်မာအသွင်ကူးပြောင်းရေးကာလ စိန်ခေါ်ချက်များ အလုပ်ရုံ ဆွေးနွေးပွဲမှာ " ငါတို့ ဘာပေးနိုင်သလဲ၊ ငါတို့ ပါစွန့်လွှတ်နိုင်ပါသလဲ" မေးခွန်းကို မေးခဲ့ပါတယ်။ NLD နဲ့ Military (အင်အယ်ဒီပါတီ နဲ့ တပ်မတော်) ဘယ်လို ပူပေါင်း ညီညွတ်နိုင်မလဲ၊ တရုပ်ကြီးက အလွန်အရေးကြီးနေပါသလား .. စဉ်းစားစရာ
..... The End of TSP Technical Service Provider ......
.

Sunday, August 12, 2018

ဒီရေ လျှပ်စစ်ထုတ်ခြင်း . Cost still so high for production

https://m.facebook.com/story.php?story_fbid=10159178747057355&id=590127354
ဒီရေ လျှပ်စစ်ထုတ်ခြင်း
(ကိုဘီလီ ခွင့်ပြုချက်အရ တင်လိုက်ပါတယ်)။
တကမ္ဘာလုံးက ဒီရေအတက်အကျ ပေါ်မူတည်ပြီး လျှပ်စစ်ထုတ်ဖို့ နည်းပညာရှင်တွေ သီအိုရီပြပြီး ကြိုးစားကြပါတယ်။ စီမံကိန်းအကြီးတွေ လုပ်ကြပေမဲ့ လက်တွေ့တော့ လုပ်ရင်းနဲ့ အကြောင်းအမျိုးမျိုးကြောင့် ရပ်နားသွားကြပါတယ်။

လက်ရှိ ဒီရေလျှပ်စစ် ထုတ်နေတဲ့ ၈ခုကို လေ့လာကြည့်တော့ အားလုံး စီမံကိန်းကြီးတွေလုပ်မယ်ဆိုပြီး အသေးစားလေးတွေနဲ့ စမ်းသပ်ထုတ်ရနေရပါတယ်။ ၁မဂါဝပ် ကနေ ၂မဂါဝပ် ၅လုံး ထုတ်နေပါတယ်။ အသေးစားလေးတွေပါ။ အကြီးစားကတော့
.
* ကနေဒါမှာ Annapolis မှာ ၂၀မဂါဝပ် တစ်လုံး၊
.
* ပြင်သစ် Saint Malo ပင်လယ်အော်မှာ ၂၄၀ မဂါဝပ် တစ်လုံး ( ၂၆ပေ ဒီရေအမြင့်ရှိပြီး၊ ရေတား၂၂.၅ ကီလိုမီတာ ရှည်ပါတယ်။  ယူရို၉၄သန်း ကုန်ကျပြီး ၁၉၆၆မှာ ပြီးစီးပါတယ်။)
.
* တောင်ကိုးရီးယား Sihwa Lake ပင်လယ်အော်မှာ ၂၅၄ မဂါဝပ် တစ်လုံး (၁၆ပေ အမြင့်ဒီရေ။ ရေတား ၃၀ကီလိုမီတာအရှည်၊ ဒေါ်လာ၅၆၀သန်း ကုန်ကျပြီး ၂၀၁၁ မှာပြီးစီးခဲ့ပါတယ်)  တို့ဖြစ်ပါတယ်။
.
.
.
ဘာကြောင့် ဒီရေလျှပ်စစ် စီးပွားဖြစ် ကမ္ဘာမှာ သိပ်မအောင်မြင်ရပါသလဲ
.
၁။ အခုလုပ်နေပြီးတဲ့ ဒီရေလျှပ်စစ်များက ဒီရေအမြင့်ဆုံးအချိန်မှာ ရေကိုသိုလှောင်ထားပြီး ရေအားတာဘိုင်နဲ့ လျှပ်စစ်ထုတ်တဲ့ နည်းလမ်းဖြစ်ပါတယ်။ Tidal barrage လို့ခေါ်ပါတယ်။ ဒီရေအတက်အကျ မြင့်မားတဲ့ ဒေသတွေမှာ ထုတ်လုပ်ပါတယ်။
.
၂။ နောက်တစ်မျိုးကတော့ လေရဟတ်တာဘိုင် Tidal stream generator အမျိုးအစား ဖြစ်ပါတယ်။ လေတိုက်နှုန်းပေါ်မူတည်ပြီး တာဘိုင်ကွန်ထရိုးလုပ်သလို ဒီရေအတက်အကျ အားအပေါ်မူတည်ပြီး တာဘိုင်ကွန်ထရိုးလုပ်ပါတယ်။ လက်တွေ့မှာ အသေးစားလေးတွေပဲ ထုတ်လုပ်ပြီး အကြောင်းအမျိုးမျိုးကြောင့် (နည်းပညာနဲ့တွက်ချေမကိုက်မှု) အကြီးစားထုတ်ဖို့ ခက်ခဲနေပါတယ်။
.
၃။ တီပုံသဏ္ဍန် ရေကာတာကို ကမ်းရိုးတန်းမှာ ဆောက်ပြီး ဒိုင်နမစ်ဒီရေစွမ်းအား Dynamic tidal power DTP အသုံးချပြီး လျှပ်စစ်ထုတ်ဖို့ဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ်မှာ နယ်သလန် ကမ်းရိုးတန်းအင်ဂျင်နီယာ၂ယောက် Hulsbergen နဲ့ Rob Steijn တို့က မူပိုင်ခွင့်ရရှိထားပြီးဖြစ်ပါတယ်။ DTP နည်းပညာမှာ ဒီရေမြင့်စရာမလိုပေမဲ့ ၃၀ကီလိုမီတာ တံမံတည်ဆောက်ပြီးဖို့ လိုပါတယ်။  ယနေ့အချိန်ထိ သူတို့ရဲ့ မူပိုင်ခွင့်ကို ၀ယ်ပြီး၊ လက်တွေ့ ဒီရေလျှပ်စစ် စက်ရုံ မလုပ်ကြသေးပါဘူး။
.
၎။ စက်ဝိုင်းသဏ္ဍန် ရေတမံကြီးကို တာဘိုင်များထည့်သွင်း တည်ဆောက်ပြီး ဒီရေလျှပ်စစ်ထုတ်နည်းဖြစ်ပါတယ်။ ဘယ်နေရာမဆို ဒီရေမြင့်မားစရာ မလိုပဲ လျှပ်စစ်ထုတ်လုပ်နိုင်ပါတယ်။ ကုန်ကျစရိတ်ကြီးမားလို့ လက်တွေ့ထုတ်မဲ့ကုမဏ္ဍီ မရှိသေးပါဘူး။
.
.
ဒါကြောင့် အမှတ်(၁) ဒီရေမြင့်တဲ့ ဒေသတွေမှာပဲ Liverpool , Bristol bay..England  ကလဲ..ဒီရေ ၂၈ နင့် ၄၂ ပေအထိတက်တဲ့ နေရာများမှာ လုပ်ဖို့ကြိုးစားပေမဲ့ လက်တွေ့အကြီးစားများ မရှိသေးပါ။

တခြားနည်းပညာ (ဥပမာ Patent of Dr. Myint Hlaing) ကိုလည်း စမ်းသပ်ဝံ့သူ ရှိမယ်မထင်ပါဘူး။ ဒါကြောင့် အင်အယ်ဒီ လျှပ်စစ်အဖွဲ့ က ဒေါ်အောင်ဆန်းစုကြည် ကို မဖြစ်နိုင်ဘူး ပြောထားပုံရပါတယ်။ ကျနော် လေ့လာကြည့်သလောက်ကလည်း လုပ်ဝံ့မဲ့သူ၊ ငွေကြေးအကုန်ကျ ခံပြီး စမ်းသပ်ရဲတဲ့ ကုမဏီ (သို့မဟုတ်) အစိုးရအဖွဲ့ မရှိသေးတာကို တွေ့ရပါတယ်။
.
.
မြန်မာနိုင်ငံ
www.tide-forecast.com အချက်အလက်များအရ ဒီရေအမြင့် ၁၅ပေအောက်ပဲ ရှိလို့ ဧရာဝတီတိုင်း၊ အခုလ အေပရယ် ၂၀၁၈ ၊ ပုသိမ်မှာလဲ အမြင့်ဆုံးက ၅ပေ၊ ရန်ကုန်တိုင်းမှာ ၁၂ပေရှိပါတယ်။ တနှစ်လုံး အချက်လက်တွေတော့ မသိရပါဘူး။
.
.
ဒါကြောင့် ဒေါက်တာလှိုင်မြင့် မူပိုင်ခွင့်နဲ့တင်ပြထားတဲ့  ဒီရေလျှပ်စစ်ကိုတော့ လက်ရှိအစိုးရမှ မလုပ်ကိုင်လိုသေးတဲ့အတွက် အဆင်ပြေမဲ့တနေ့ကိုပဲစောင့်ကြတာ ကောင်းပါတယ်။
.
.
.
ပုံများ
၁။ ဒီရေ အမြင့်ဆုံးဒေသများ
၂။ ဒီရေလျှပ်စစ်ဓါတ်အားစက်ရုံများ (လည်ပတ်နေဆဲ)
၃။ ဒိရေအတက်အကျ ခန့်မှန်းသော ၀က်ဆိုဒ် www.tide-forecast.com
၎။ ပုသိမ်မြို့ ဒီရေအတက်အကျ အချိန်နှင့်ဒီရေအမြင့် (ဂရပ်ပုံ)
၅။ ပြင်သစ် Saint Malo၂၄၀ မဂါဝပ်စက်ရုံဒေသ ဒီရေအမြင့်(ဂရပ်ပုံ)
.
အချက်အလက်များအားလုံး Billy H. Mackenzie မှ ပို့ပေးပါသည်။
.
ဒီရေလျှပ်စစ်ဟာ သီအိုရီပဲ ရှိပြီး လက်တွေ့မှာ ငွေအကုန်ခံ စမ်းသပ်မဲ့ ကုမဏီ ကမ္ဘာမှာ ၂ခုပဲ ဒေါ်လာသန်းချီ ရင်းနှီးကြပါတယ်။ သိပ်အဆင်မပြေလှပါဘူး။  ကိုဘီလီ Dr. Hlaing Myint (Australia) ကတော့ သူတွေ့ရှိတဲ့ ဒီရေလျပ်စစ် နည်းပညာကို မူပိုင်ခွင့် ရရှိဖို့ ကြိုးစားနေဆဲ ဖြစ်ပါနယ်။

Saturday, August 11, 2018

Clean Coal Technology in JAPAN & မြန်မာ့ လျှပ်စစ် ၂၀၁၈ အခြေအနေများ (စာအုပ်)

အင်ဂျင်နီယာ မိတ်ဆွေများခင်ဗျား.. (စာအုပ်စပွန်စာများအတွက် Update - 31.Jul.2018) ပို့စ် လုပ်ပါတယ်။ Tun Htun သတ္တုတွင်း က အစပြုခဲ့တဲ့ ဆောင်းပါး၊ ဦးမော်သာထွေး၊ ဦးဝင်းခိုင်၊ ဒေါက်တာထွန်းနိုင် စတဲ့ မြန်မာ့ လျှပ်စစ် ၂၀၁၈ အခြေအနေများ စုစုပေါင်း ၂၀မျက်နှာ မြန်မာစာ နဲ့ ထည့်သွင်းထားပါတယ်။ အုပ်ရေ၅၀၀ ပဲ ထုတ်နိုင်လို့ ရိုက်နှိပ်ခ မူလ ၃၀၀၀ကျပ် ထက် နည်းငယ် များပေမဲ့၊ စပွန်စာ စာအုပ်အများစုက ၅၀% လျှော့ ဈေးနဲ့ ရောင်းချ ပေးတဲ့အတွက် လိုငွေများကို ရရှိမယ် မျှော်လင့်ပါတယ်။ ယခုအချိန်ထိ စပွန်စာ နဲ့ ၁အုပ်ကနေ ၁၀၀အုပ် အထိ ၀ယ်ယူ၊ စပွန်စာ အားပေးသူ ၃၀ဦးခန့် ကို ကျေးဇူးတင်ပါတယ်။
.
စာရင်းရှင်းတမ်း (အုပ်ရေ ၅၀၀)
စပွန်စာ နှင့် ကြိုတင်ငွေ ၁၂ ဦး - K 1256000 (၁၂သိန်းခွဲ)
အမှာစာပို့ထားပြီး စာအုပ်လာယူမှ ငွေပေးမဲ့သူ ၁၀ဦး ရှိပါသည်။
စာအုပ် A4 Color, 136 pages ပုံနှိပ်ခ - K1550000 (၁၅သိန်းခွဲ)
..
...........Clean Coal Technology in JAPAN .....
ယခင် တင်ပြခဲ့တဲ့ ပို့စ် ကို ပြန်ရှယ်ပါတယ်။
ဒီစာအုပ် ၁၁၆မျက်နှာ ရောင်စုံ A4 ဆိုဒ်.. ရောင်စုံမူလပုံ မူလမျက်နှာဖုံး နဲ့ ပုံနှိပ် ထုတ်ဝေလိုပါတယ်။ တအုပ်ကို ကျပ် ၃၀၀၀ ပဲ ကျသင့်မှာ ဖြစ်လို့..
...လျှပ်စစ်နည်းပညာ
...ကလင်းကိုးလ် ကျောက်မီးသွေးပညာ
...ဘွိုင်လာ Boiler
...စတပ်မ်တာဘိုင် Steam Turbine
စတဲ့ နောက်ဆုံးပေါ် နည်းပညာ စာအုပ် ဖြစ်ပါတယ်။
.
ဒါကြောင့် စပွန်စာ မိတ်ဆွေများစွာ လိုအပ်နေပါတယ်။ ကျနော်ကတော့ အုပ်ရေ ၁၀၀ ပဲ တာဝန်ယူနိုင်ပါတယ်။ ကိုယ် စပွန်စာလုပ်သလောက် စာအုပ် ရရှိမှာ ဖြစ်ပါတယ်။ ဖတ်သင့်သူများကတော့
.
....TU ၃၇ခု က ဘာသာရပ်အစုံက ကျောင်းဆရာများ..
....လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာနအောက်က အရာရှိများ
....TU GTI THS စိတ်ဝင်စားတဲ့ ကျောင်းသားများ, ပြည်သူများ
.
တစ်ဦးစီ တယောက်တအုပ် ကူညီ ဝယ်ကြမယ်ဆိုရင် ဒီလို အလွန်ကောင်းတဲ့ စာအုပ် ထုတ်နိုင်. ဝေငှ နိုင်မှာပါ။ စိတ်ဝင်စားဘသူ. စပွန်စာများ. တအုပ်ပဲ မှာလိုသူများ ကျနော် msg box ကနေ ဆက်သွယ် ပေးကြပါ။
.
ဦးဇော်အောင်
TSP Technical Service Provider
09976922584
uzawaung@gmail.com..
https://www.facebook.com/myanmarjobstudent/posts/10155902237078472
.
Note:....
အကြံပေး ကူညီပေးသူအားလုံးကို ကျေးဇူးတင်ပါတယ်။ စာအုပ် ရလာရင် ပြန်လည် Update လုပ်ပါမယ်။

နွားနို့နဲ့အရက်၊အချိုရည် (၁) (၂) ၊ ဦးသိန်းစိန်ခေတ် နှင့် ခေါ်အောင်ဆန်းစုကြည်ခေတ်..


နွားနို့နဲ့အရက်၊အချိုရည် (၁)
DASSK နေပြည်တော်က CP နွားခြံသွား ကြည့်တော့ .ကိုဝင်းထိန် က ပို့စ် တင်ပါတယ်။ ငွေစင်ပုလဲ နွားနို့ထုတ်လုပ်နေသူ ဦးတင်ဝင်း က အားရ၀မ်းသာ ကြိုဆိုပါတယ်။ ရေးထားချက် တစ်ခုကတော့ .. " နိုင်ငံခြားသား လုပ်ငန်းရှင်ကို သာစားပေးတယ် ဆိုပြီး ဖောင်းထုတဲ့ comment အချို့ကိုလည်း တွေ့ရပါတယ်။ ဘယ်နိုင်ငံခြားသား ပိုင်တဲ့ခြံဖြစ်ဖြစ် မြန်မာပြည်အတွက် အကျိုးမယုတ်ပါဘူး။ မဟုတ်လဲ ထိုင်းနဲ့ တရုတ်ဆီက နို့ဗူးတွေ တင်သွင်းနေရ တာပဲဥစ္စာ။ အဓိကက ပညာသားပါပါ စီမံခန့်ခွဲနိုင်ရင် ပြည်တွင်းလုပ်ငန်းရှင် တွေအတွက်လည်း Win-Win ဖြစ်လာနိုင်ပါတယ်။ Myanmar SMP လုပ်တဲ့အခါ.. ဒေသထုတ် နို့ကိုပဲ ဦးစားပေး ဝယ်မယ်ဆိုရင်.. ဒေသတိုင်းမှာ Milk industry တွေ ပေါ်လာနိုင်ပါတယ် ".. စသဖြင့် ရေးထားပါတယ်။
.
ဒေါ်အောင်ဆန်းစုကြည် သွားရောက် ကြည့်ရှုတဲ့ CP နွားနဲ့ကြက် မွေးမြူရေး (နေပြည်တော်) ကတော့ ရင်းနှီးမြှတ်နှံမှု ကျပ်သန်း ၂၀၀၀၀ (US$ 1.5 million) ပဲ ရှိပါတယ်။ စနစ်တကျ မွေးမြူထားပြီး စီးပွား တွက်သား ကိုက်မကိုက် တော့ မသိနိုင်ပါဘူး။ ထိုင်းနိုင်ငံ နဲ့ ယှဉ်ကြည့်ရင်တော့ ကုမဏီ အသေး လေးလို့ ပြောနိုင်ပါတယ်။
.
ယခင်က ရေးခဲ့တဲ့ ၂၀၁၈ မှာလဲ ခေတ်မီနေဆဲ ဆောင်းပါးကို ပြန်လည် တင်ပြပါတယ်။
.
.
.....///. နွားနို့နဲ့အရက်၊အချိုရည် (၁) .../// .....
..
သမ္မတဦးသိန်းစိန်က ဇန္နဝါရီလ ၂၀၁၄ နှစ်သစ်မိန့်ခွန်းတွင် နွားနို့သောက်ကြပါရန်။ အရက်ကို မသောက်ကြရန် ပြောသွားသောအခါ တစ်နိုင်ငံလုံး အသံဖလံများ ဆူညံသွားလေတောသည်။ ကာတွန်းများ၊ သရော်စာများဖြင့် သရော်စာကိုဖတ်မိသောအခါ ကျွန်တော်လည်း အနည်းငယ်ရေးလိုပါသည်။ တကယ်တော့ အချိုရည်၊ ဘီယာ၊ အရက်စက်ရုံများလောက် အမြတ်အစွန်းမြောက်များစွာ မရသော်လည်း နွားနို့လုပ်ငန်းသည် ကုသိုလ်လဲရ၊ ဝမ်းလည်းဝသော သမ္မာအာဇီဝ လုပ်ငန်းဖြစ်သည်။ သမ္မတကြီးက အားပေးခြင်းသည် အလွန်ကောင်းသည်။ သို့သော် ထိုလုပ်ငန်းလုပ်သူများ ယိုင်လဲနေခြင်းကို မြန်မာနိုင်ငံတော်အစိုးရက ဘာမှမတတ်နိုင်။ အရက်ဘီယာနှင့်အချိုရည်များကိုသာ စွဲစွဲလမ်းလမ်း သောက်သုံးနေကြသော ကမ္ဘာလောကသားများ ဖြစ်ပေသည်။
ကျွန်ုပ်ငယ်စဉ်က ၁၉၈၅ခုလောက်တွင် ပျဉ်းမပင်နို့ချက်စက်ရုံတွင် တိမွေးကုသူငယ်ချင်းများနှင့် အတူ နွားနို့တနိုင်မွေးမြူသူများထံမှ အစိုးရက နွားနို့ဝယ်ယူသည့်လုပ်ငန်းများ၊ နို့ဆီချက်လုပ်ခြင်းလုပ်ငန်းများကို လေ့လာခဲ့ဖူးပါသည်။ အဆင့်နိုမ့်နည်းပညာ စက်ရုံဖြစ်သော်လည်း ယခုအခါ၊ နိုင်ငံတိုင်းတွင် နွားနို့၊ နို့ဆီ၊ နို့မှုန့်လုပ်ငန်းများကို အထူးစက်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားသည်။ တရုပ်ပြည်မှ ထုတ်လုပ်သော နို့မှုန့်များကြောင့် ကလေးများစွာ ဝမ်းလျော၊ သေကျေကြသော ဖြစ်ရပ်များကြောင့် ပိုမိုစည်းကမ်းတင်းကြပ်ပါသည်။ ၂၀၁၁ ဗီယက်နမ်နိုင်ငံ VINAMILK နွားနို့၊ နို့မှုန့်စက်ရုံများကို တည်ဆောက်ခဲ့ဖူးသောကြောင့် နွားနို့လုပ်ငန်းသည် ကုသိုလ်လဲရ၊ ဝမ်းလည်းဝ၊ အမြတ်အစွန်းလည်း ကောင်းသောလုပ်ငန်းဖြစ်ကြောင်း လူတိုင်းသိပါသည်။ သို့သော် လူတွေ ဘာကြောင့် အရက်ကိုသောက်ပြီး၊ အရက်ဆိုင်များက စီးပွားပိုကောင်းသနည်း..ဆိုသည့်မေးခွန်းအဖြေမှာ ..အရသာရှိသောကြောင့်.. ဖြစ်ပါသည်။ မူးရစ်ဆေးဝါးဖြစ်သောကြောင့် ထိုအရသာသည် စွဲလမ်းစေပါသည်။ နွားနို့စွဲလမ်းနေသူကို မတွေ့ဖူးပါ။ တနေ့မသောက်ရလဲ ကိစ္စမရှိပါ။၊ ကျွန်ုပ်၏ စက်မှုတက္ကသိုလ်ကျောင်းနေဖက်သူငယ်ချင်း စင်ကာပူ F&N အချိုရည်၊ နွားနို့နှင့်ယမကာစက်ရုံကြီး၏ အင်ဂျင်နီယာချုပ် အလုပ် လုပ်ကိုင်နေသူကလည်း မြန်မာပြည်နွားနို့ကုန်ထုတ်လုပ်ငန်းတွင်စိတ်ဝင်စားပါသည်။ ယခင်အပတ် 7Day ဂျာနယ်တွင် ထိုင်းနိုင်ငံ၊ ကြက်ကြော်ရောင်းလုပ်ငန်းလုပ်ကိုင်သူနှင့်အင်တာဗျူးသတင်းရေးထားသည်။ ထိုသူပင် မြန်မာပြည်ပြန်လာရန် မဖြစ်နိုင်သဖြင့် ပညာတတ်များအတွက် ခက်ခဲမည်ဟု ရေးထားသော်လည်း ပညာတတ်လူငယ်များ ပြန်လာနေကြသည်ကို တွေ့ရသည်။ အသေးစားနှင့်အလတ်စား လုပ်ငန်းများကို လက်ဝါးအုပ်မှု ပပျောက်စေရန်၊ Import/Export လက်ဝါးအုပ်စီပွားစနစ်များကို ဖြေလျှော့ပေးရမည် ဖြစ်သည်။
တစ်နေ့တွင် မန္တလေးရှိ Myanmar Diary Industry Ltd နွားနို့၊ နို့ဆီ၊ နို့မှုန့် စက်ရုံသို့ နိုင်ငံတော်သမ္မတကြီး ခေတ္တခဏ၊ ၁၅မိနစ်ခန့် လေ့လာရန် ရောက်လာပါသည်။ အစီအစဉ်မရှိသော်လည်း မန္တလေးမြို့တွင် အနောက်နိုင်ငံ၊ ဒိန်းမတ်နည်းပညာများဖြင့် မြန်မာပညာရှင်များ တည်ဆောက်ထားသော စက်ရုံဖြစ်သောကြောင့်၊ စိတ်ဝင်စားရခြင်းဖြစ်သည်။ သမ္မတကြီးက တော်တော် သဘောကျသွားသည်။ စိတ်ဝင်စားစွာဖြင့် ၂နာရီကြာအောင် လေ့လာ၊ မေးမြန်းသွားသဖြင့် ရန်ကုန်ပြန်မည့် သမ္မတကြီးလေယာဉ်ပင် စောင့်ဆိုင်း နေရသည်။ ပြည်ထောင်စုဝန်ကြီးများ ၁၀ဦးကျော် အတူပါလာပြီး၊ ကာကွယ်ရေးဦးစီးချုပ်အပါအဝင် စိတ်ဝင်စားစွာ မေးမြန်းလေ့လာသွားသည်။ နိုင်ငံတော်သမ္မတကြီးသည် ကလေးသူငယ်များ အဟာရဖြစ်ရေးအတွက်၊ အနာဂါတ်မြန်မာ့မျိုးဆက်များကို အထူးအားပေးသည်။ ထို့ကြောင့် ငယ်စဉ်ကတည်းက နွားနို့သောက်ပေးခြင်းဖြင့်၊ ကျန်းမာသန်စွမ်းသော လူငယ်များဖြင့် နိုင်ငံတိုးတက်မည်ဟူသော အမြင်ကို အထူးနှစ်ခြိုက်၊ အကောင်ထည်ဖေါ်လိုသည်။ ဟုတ်ပါသည်။ ငယ်စဉ်က နွားနို့သောက်သုံးရသော ကလေးသည် အရွယ်ရောက်လာသောအခါ အခြားသူများထက် သန်စွမ်းမှုအရာတစ်ပန်းသာနေပါသည်။ ကိုယ်ခန္တာနှင့်စိတ်ဓါတ်အင်အား ပိုသန်စွမ်းကြောင်း ဆေးပညာကဆိုသည်။ ကျွန်ုပ်ငယ်စဉ်က မိခင်ဖြစ်သူ မိခင်ကလေးစောင့်ရှောက်ရေးမှာ သူနာပြု၊သားဖွားဆရာမဖြစ်သည်။ မိခင်တို့ ဌာနက ယူနက်စကိုမှာ နို့မှုန့်များစွာကို မုံရွာမြို့ ကျောင်းများစွာသို့ အပတ်စဉ်ပို့ပေးက၊ ကလေးများကို ဖျော်တိုက်သည်။ ဝေငှသည်။ ကျွန်တော်တို့မိသားစုမှာ ထုံးစံအတိုင်း ယူနက်စကိုနို့မှုန့်ကို အမြဲသောက်ရသည်။ ဈေးထံမှနိုင်ငံခြားဖြစ် နှို့မှုန်က ပိုမိုမွှေးကြိုင်၊ ချိုဆိပ်သော်လည်း မဝယ်စားနိုင်ပါ။ ယူနက်စကိုနှို့မှုန့်ကို ထမင်းနှင့်နယ်ပြီးစား၊ ဖျော်သောက်ခဲ့ရသောကြောင့် ကျွန်တော်တို့ မောင်နှမများသည် ပိုမိုကျန်းမာကြခဲ့ပါသည်။ ထို့ကြောင့် ယူနက်စကိုကဲ့သို့ ကလေးများဖွံ့ဖြိုးရေးလုပ်ဆောင်ရာတွင် ကျောင်းများထိ နွားနို့ဖျော်တိုက်ခြင်းများ လုပ်ဆောင်ပေးခြင်းဖြစ်သည်။
သမ္မတကြီးက ခေတ္တလာရောက်သော နွားနို့စက်ရုံကြီးသည်၊ ၁၉၉၄ခုနှစ်ကတည်းက စတင်ခဲ့ပြီး အောက်ပါ နွားနို့ထုတ်ကုန်များကို ထုတ်လုပ်ခဲ့သည်။
SWEETEN CONDENSED MILK
– 2000 CARTOONS PER DAY (FROM 100% FRESH MILK)
– 2500 CARTOONS PER DAY (FROM SMP COMBINED PROCESS)
COMBINED EVAPORATED MILK
– 700 CARTOONS PER DAY (RETORT STERILIZATION PROCESS)
– 1200 CARTOONS PER DAY (UHT STERILIZATION PROCESS)
UHT/PASTUERIZED MILK & FLAVOURED MILK
ICE CREAM
MILK POWDERS
– 1500 KG PER DAY (MEANT FOR DEDICATED POWDER)
– 8000 KG PER DAY (GENERAL PURPOSE PLANT)
BUTTER FAT , 1000 KG PER DAY
အဆိုပါစက်ရုံသည် စီးပွားရေးအောင်မြင်ခဲ့ပြီး မြန်မာပြည်တွင်းထုတ်၊ အရည်အသွေးမြင့် နွားနို့စက်ရုံဖြစ်လာသည်။ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်များတွင် စက်ရုံ (၃)ခုဖြင့် လည်ပတ်၊ ကုန်ထုတ်လုပ်နိုင်ခဲ့သည်။ သို့သော် ၂၀၁၁ မြန်မာအစိုးရသစ် တက်လာပြီးသည့်နောက်ပိုင်း၊ အသေးစား၊ အလတ်စား စက်ရုံများ ကုန်ထုတ်လုပ်စရိတ် မတတ်နိုင်ခြင်း၊ ပြည်ပမှ ဝင်ရောက်လာသော နွားနို့ထွက်ကုန်များကို လုံးဝမယှဉ်နိုင်ခြင်းကြောင့် စီးပွားပျက်ခဲ့ရသည်။ စက်ရုံအချို့ကို လုပ်ငန်းလျှော့ချလိုက်ရသည်။
သမ္မတကြီးကလည်း နွားနို့လုပ်ငန်း၊ ဒိန်ခဲ၊ နို့မှုန့် စသည်တို့တွင် နာမည်ကြီးသော ဒိန်းမတ်၊ ဆွီဒင်၊ နော်ဝေး နိုင်ငံများမှ ကုမ္ပဏီများ၊ နယူးဇီလန်၊ သြစတြေးလျှားတို့မှ လာရောက်ရင်းနှီးမြှတ်နှံ နွားနို့လုပ်ငန်း ထုတ်လုပ်ဖို့ ဖိတ်ခေါ်သောကြောင့် ကုမ္ပဏီးကြီးများ လာရောက်အခြေအနေကြည့်ပြီး ပြန်သွားကြသည်။ မလုပ်နိုင်သေးပါ။
ပြည်တွင်း နွားနို့၊ နို့ချက်စက်ရုံလေးများကို အားကိုးရုံသာရှိသည်။ သမ္မတကြီးစိတ်ဝင်စားသော မြန်မာ့အနာဂတ် လူသားအရင်းမြစ် ကျန်းမာကြံ့ခိုင်ရေး စီမံကိန်းဖြစ်သောကြောင့် အားလုံးက စိတ်ဝင်စားစွာ လေ့လာကြသည်။ နောက်ပိုင်း Follow up နောက်ဆက်တွဲ တာဝန်ပေးချက်များဖြင့် ဝန်ကြီးများက အဖွဲ့များဖြင့်၊ ထိုကဲ့သို့ စက်ရုံများ မြန်မာပြည်တွင် ရေရှည် ပြည်တွင်းနည်းပညာဖြင့်လုပ်ကိုင်နိုင်ဖို့ စက်ရုံသို့ လာရောက်၊ နည်းနာခံယူကြသည်။ ဝန်ကြီးများ သိလိုသည်များကို လုပ်ပေး၊ ဆောင်ရွက်ပေးရသည်မှာ စရိတ်ထောင်းသည်။ အစိုးရက ထောက်ပံ့ငွေ၊ ဈေးကွက်များကို မရပဲ၊ အစိုးရဝန်ကြီးများ နာလည်ချင်ဇောနှင့် လေ့လာမှုမှာ အားရစရာကောင်းလှသည်။ လအနည်းငယ် ကြာသွားသောအခါ ဝန်ကြီးများ မလာနိုင်တော့။ ထုံးစံအတိုင်း အေးသွားသည်။ စက်ရုံမှာလည်း နိုင်ငံခြားမှ ဝင်လာသော ဒိန်းမတ်၊ နယူးဇီလန်၊ သြစတြေးလျှားမှ ဝင်လာသည့် အခွန်မဲ့၊ နွားနို့၊ နို့ဆီ၊ နို့မှုန့်များကို ဘယ်လိုမှ မယှဉ်နိုင်ပါ။ များများလည်ပတ်လျှင် များများရှုံးမည်ဖြစ်သောကြောင့် အသက်ငင်ပြီး၊ လည်တယ်ဆိုရုံလောက်သာ လည်ပတ်နိုင်တော့သည်။ မြန်မာအစိုးရ ပြည်တွင်းကုန်ထုတ်မှု အားပေးသော သွင်းကုန်အခွန်စနစ် မှန်ကန်စွာကျင့်သုံးလာနေသောကြောင့် မကြာမီ စီးပွားကောင်းလာတော့မည်ဖြစ်သည်။
စက်ရုံလည်ပတ်ရာတွင် နွားနို့ကုန်ကြမ်းတစ်ခုတည်း အရင်းနှီးမဟုတ်ပါ။ ပစ္စည်းရောင်းရဖို့က ပိုပြီးအရေးကြီးပါသည်။ ပြည်တွင်းပညာရှင်များနှင့် တပ်ဆင်ထားသော စက်ရုံဆိုသော်လည်း နွားနို့စက်ရုံအတွက် သံမဏီထည်များ၊ စက်ပစ္စည်းများ၊ လျှပ်စစ်မိုတာ၊ UHT, Pasteurize, Condense, Packing, Bottle စက်နှင့်အပိုပစ္စည်းအများစုမှာ နိုင်ငံခြားမှ ဝယ်ယူတင်သွင်းရသည်။ အရေးကြီးဆုံး ဝယ်လိုအား ပြည်တွင်းစားသုံးသူများ မဝယ်တော့ခြင်းကြောင့်ဖြစ်သည်။ ပြည်တွင်းစားသုံးသူများကလည်း ဒိန်းမတ်၊ နယူးဇီလန်မှာ နွားနို့၊ နို့ဆီ၊ နို့မှုန့်များက ပိုပြီးဈေးချိုသောအခါ ပြည်တွင်းဖြစ်ကို အားပေးချင်သော်လည်း ပြည်တွင်းဖြစ်ကို ဘိုင်ဘိုင် လုပ်လိုက်ရသည်။ နို့မှုန့်သည် နိုင်ငံခြားအရက်၊ ဆေးလိပ်ကဲ့သို့ ကန့်သတ်သတ်ကုန်ဖြစ်သည်။ တင်သွင်းရန် လိုင်စင်လိုသည်။ သို့သော် မြန်မာပြည် ကျေးရွာအနှံ့ကုန်စုံဆိုင်များတွင် နိုင်ငံခြားဖြစ် အရက်၊ ဆေးလိပ်များကို တွေ့နိုင်သော်လည်း၊ ပုပ်သိုးသွားနိုင်သော နွားနို့စက္ကူပါကင်ဗူး အကြီးအငယ်များ၊ နို့ဆီ၊ နို့မှုန့်များ နေရာတကာ ရောက်နေခြင်းမှာ၊ ပြည်တွင်းနွားနို့ကုန်ထုတ်၊ စက်မှုလုပ်ငန်းကို ရိုက်ချိုးလိုက်ခြင်းဖြစ်သည်။
ကုန်ကျစရိတ်များတွင် နိုင်ငံခြားမှ ကုန်ကြမ်းဓါတုပစ္စည်းများ၊ စက်အပိုပစ္စည်းများ ဈေးကြီးလာခြင်း၊ လျှပ်စစ်နှင့်လောင်စာဆီများ ဈေးကြီခြင်းတို့ကို ကြံ့ကြံ့ခံနိုင်သော်လည်း၊ အခွန်မဲ့နီးပါး ဝင်ရောက်လာသော နိုင်ငံခြားနွားနို့ထုတ်ကုန်များကို မယှဉ်နိုင်ခြင်းသည် အဓိကဖြစ်လေတော့သည်။
နွားနို့ထုတ်လုပ်မှုအတွက် ဆွေးနွေးမည့်အချက်များတွင်
၁။ ဘာကြောင့်ဝယ်မသောက်ကြသလဲ
၂။ နွားနို့ကို လူတွေသောက်ချင်ကြပါသည်။
၃။ နွားနို့လုပ်ငန်း ဘာကြောင့်မလုပ်ကြပါသလဲ။
၎။ နွားနို့ကို အမျိုးသားထုတ်ကုန်အဖြစ် လုပ်သင့်ပါသလား ဟူသော ကဏ္ဍများဖြင့် စဉ်းစားမိပါသည်။
၁။ ဘာကြောင့်နွားနို့ဝယ်မသောက်သနည်း.. မေးခွန်းမှာ မြန်မာများအတွက် ရှင်းနေပါသည်။ ဈေးမတတ်နိုင်သည့်အပြင်၊ နွားနို့ကြိုက်သူမြန် မာများ နည်းပါးလှသည်။ ကလေးများကတော့ ကြိုက်ကြသော်လည်း မိဘများက ငွေမတတ်နိုင်ပါ။ ကျွန်ုပ်ငယ်စဉ်က မိခင်နို့ရည် သောက်သုံးခဲ့သော ကလေးဖြစ်ပြီး၊ ယူနီဆက်မှ ပေးဝေသော နို့မှုန့်များကို ပုံမှန်ဖျော်သောက်နိုင်ပါသည်။ ကျွန်တော်တို့ မူလတန်းဘဝ ၁၉၇၀၊ ၁၉၈၀ ခုနှစ်လောက်က ယူနီဆက်မှ နွားနို့များစွာ မူလတန်းကျောင်းများတွင် သောက်သုံးခဲ့ရသည်။ ယခုအခါ ထိုကဲ့သို့မရှိတော့ပါ။ အကျင့်ပျက်များလာသောကြောင့် ယူနီဆက်ကလဲ မပေးတော့သလား မသိ။
၂။ နွားနို့ကို လူကြီးများမသောက်ကြသော်လည်း၊ မိမိ သားသမီးများကို တိုက်ကျွေးချင်ပါသည်။ အသက်၁၀နှစ်ပတ်ဝန်းကျင် မြန်မာက လေးများကို မေးကြည့်ပါ။ အားလုံးနွားနို့ကြိုက်ပါသည်။ မိဘချမ်းသာသော ကလေးများက ချေးများပြီး၊ မသောက်ချင်တာ ချွင်းချက်ဖြစ်သည်။ နွားနို့သောက်ချင်ရခြင်းမှာ နွားနို့သည် ဈေးကြီးသောကြောင့်၊ လူတိုင်းမသောက်နိုင်ပါ။ နွားနို့သည် လူဆင်းရဲသားများအတွက် မတတ်နိုင်သောအစားအစာ ဖြစ်သောကြောင့်၊ ကလေးများ နွားနို့သောက်ချင်ပါသည်။ လူကြီးများလည်း နေမကောင်းချိန်၊ နလံထချိန် နွားနို့သောက်သည်။
၃။ နွားနို့လုပ်ငန်းကို လူတွေမလုပ်ကြခြင်းမှာ နွားမွေးမြူခြင်းသည် ရင်းနှီးမှုကြီးပါသည်။ ကရိကထလည်း များသောကြောင့်ဖြစ်သည်။ နွားမမွေးပြီး နွားနို့ညစ်ရောင်းခြင်းသည် တောရွာများတွင် စီးပွားရေးမဟုတ်ပဲ၊ လယ်သမားများ၏ ခိုင်းနွားအမများ သားမွေးသောအခါ အပိုဝင်ငွေတစ်ခု ဖြစ်လာသည်။ နို့စားနွားမ မွေးမှ အမြတ်အစွန်းရမည်ဖြစ်သည်။
၎။ နွားနို့ကို အမျိုးသားထုတ်ကုန်အဖြစ် လုပ်သင့်သော်လည်း၊ လယ်ယာလုပ်ငန်းတွင် ဆန်စပါးစိုက်ပျိုးခြင်းကိုပင် အစိုးရက ပံ့ပိုးမပေးနိုင်သေး ပါ။ ကျေးရွာများတွင် နွားမွေးနိုင်သူများကို ငွေချေး၊ နွားပေး၊ နို့စားနွားမ နွားနို့လုပ်ငန်း လုပ်ကိုင်စေပါက လူတိုင်းလုပ်မည် ဖြစ်သည်။ ဥပမာ .. နွားနို့စက်ရုံတစ်ခု တည်ဆောက်ပြီးပါက ကုမ္ပဏီသည် အနီးနား၊ ကျေးရွာများတွင် နွားမွေးမြူအောင် ပံ့ပိုး၊ ငွေချေး၊ လုပ်ငန်းမတည်ပေးရ တော့မည်ဖြစ်သည်။ သို့မှသာ ကုန်ကြမ်း နွားနို့ရရှိမည်။ နွားမွေးသူများအဖို့လည်း နွားနို့ဝယ်မည့်သူ အဆင်သင့်ရှိနေသောကြောင့် ပိုမိအဆင် ပြေမည်ဖြစ်သည်။
ထိုမျှကောင်းမွန်သော လုပ်ငန်းဖြစ်သော်လည်း တနိုင်လုပ်ငန်းလည်း မလုပ်နိုင်၊ စက်ရုံအဖြစ်လဲ မလုပ်နိုင်၊ အရက်နှင့်ဆေးလိပ်လုပ်ငန်းများသာ တစ်နိုင်လုပ်ငန်း၊ စက်ရုံလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်နေကြပါသည်။ မြန်မာနိုင်ငံရင်းနှီးမြှတ်နှံမှု ကော်မရှင်က လိုင်စင်ချပေးလိုက်သော ပြည်ပရင်းနှီးမြှတ်နှံမှုများတွင် နွားနို့၊ နို့ဆီ စက်ရုံ ရင်းနှီးမြှတ်နှံမှု ရှိမည်မထင်ပါ။ အရက်၊ဘီယာနှင့်ဆေးလိပ်စက်ရုံ မြောက်များစွာ လိုင်စင်ချပေးလိုက်သောကြောင့် ရင်းနှီးမြှတ်နှံကော်မရှင်ကိုပင် အသစ်ပြင်ဆင် ဖွဲ့စည်းလိုက်ရရှာသည်။ မဟုတ်တာ အတောမသတ် ဆက်ကာ၊ ဆက်ကာလုပ်နေသူများကို လိုက်တားဆီးနေရခြင်းကလည်း အစိုးရသစ်အတွက် အလုပ်ကြီးတခု ဖြစ်နေသည်။
ထိုသို့ ကျယ်ပြန့်လာသည့် ဒီဘိတ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် အရက်နှင့်ပတ်သက်၍ ကျမ်းပြု ပညာရှင်ဖြစ်သူ ဆရာမူးရစ်ညွန့်(ကောက်ညှင်းမြေ) ဆွေးမြေ့စွာ “လူသားဆန်မှုနဲ့ ကိုယ်ချင်းစာတရားကို ဟောဒီမြန်မာနိုင်ငံမှာ ကျွန်တော် ဘယ်တော့မှ မရှာဖွေတော့ဘူး” ဟု ပြောကြားခဲ့သည်။ ကျွန်တော်က အရက်လည်းမသောက်ရန်၊ နွားနို့သောက်ရန်ကို ထောက်ခံရေးသားပါသည်။ အားမလျှော့ပါ။ မိထ္ထီလာ၊ပျော်ဘွယ်၊ ပျဉ်းမပင် စသည့်ဒေသများစွာမှ မလိုင်မုန့်လုပ်ငန်း၊ ပြည်တွင်းမှ လဘက်ရည်ဆိုင်များအတွက် ဒေသချက်နို့ဆီများကတော့ ဆက်လက်ရှင်သန်နေဦးမည်။ မကြာမီ အခွန်ကောက်ခြင်း စနစ်ကောင်းများကြောင့် ပြည်ပမှ ပြည်တွင်းအရည်သွေးကို မမှီသော နွားနို့ထုတ်ကုန်များ တင်သွင်းမှုရပ်သွားမည်။ လယ်ယာထွက်ကုန်စက်မှုလုပ်ငန်း စက်ပစ္စည်းများ အခွန်မဲ့၊ လွယ်ကူစွာတင်သွင်းခွင့်ရလာမည့်နေ့သည် သိပ်မဝေးတော့ပါ။ ပြည်တွင်လယ်ယာ ကုန်ချော၊ ကုန်ထုတ်လုပ်ငန်းများ အရှိန်အဟုန်မြင့်မားစွာ ပေါ်လာတော့မည်ဟု မျှော်လင့်နေပါသည်။ လက်ရှိအခြေအနေတွင် အသက်ငင်နေသော ပုဂ္ဂလိကစက်ရုံ အသေး၊ အလတ်များစွာ ခက်ခဲစွာ ဆက်လက်လည်ပတ်နေပါဦးမည်။ လယ်ယာ ကုန်ထုတ်လုပ်ငန်းများကို တရုပ်၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံများကဲ့သို့ ဗဟိုအစိုးရ၊ ပြည်နယ်အစိုးရများက ထောက်ပံ့ငွေပေးရန် မျှော်လင့်နေဆဲ ဖြစ်သည်။
ထို့ကြောင့် မြန်မာအနာဂါတ် ကလေးများအဟာရ ဖြည့်ဆည်းလိုပါက။ အလှုရှင်များ ကိုယ်တိုင် နို့မှုန်ဖျော်ပြီး ကျောင်းများရှိကလေးသူငယ်များကို အလှုဒါန၊ တိုက်ကျွေးခြင်းသည် ခေတ်စားနေပါသည်။ လက်ရှိအချိန်တွင် မြန်မာ့အစိုးရကလည်း စာသင်ကျောင်းများကို ယူနက်စကိုမှ နွားနို့များ ဈေးနှုန်းချိုသာစွာ (အခမဲ့ဖြစ်စေ) ကြိုးစားရယူပြီး၊ ဆရာမများကိုယ်တိုင် ဖျော်တိုက်ကျွေးခြင်းနည်းလမ်းသာ အကောင်းဆုံးဖြစ်ပါတော့သည်။
.
.....///. End of ... နွားနို့နဲ့အရက်၊အချိုရည် (၁) .../// .....
.
.
မြန်မာ့ နွားနို့လုပ်ငန်း သုံးသပ်ချက်
ဦးဝင်ထိန် ဆောင်းပါးက တော့ ထိုင်းနိုင်ငံက မြန်မာနိုင်ငံကို ငယ်နိုင်လို ဖြစ်နေတယ်။ ဘောပွဲ ကစားသမျှ လူအလုံးထည်၊ ပညာတွေမှာ နွားနို့သောက်နိုင်တဲ့ ထိုင်းလူငယ်တွေကို မယှဉ်နိုင်လို့ အမျိုးသားစီမံကိန်း နဲ့ မြန်မာ ကျောင်းများက ကလေးများကို နွားနို့တိုက်ဖို့ ထိုင်းနိုင်ငံ စံနမူနာပြ ရေးသားသွားပါတယ်။
.
ဦးသိန်းစိန် ခေတ်က ရှောင်တခင် ၀င်ကြည့်ရင်း စိတ်ဝင်စွားသွားခဲ့တဲ့ မြန်မာပိုင် ဒီဆောင်းပါးက နွားနို့စက်ရုံလည်း အခု ဘယ်လိုအခြေအနေ ရောက်မှန်း မသိတော့ပါဘူး။ အဲဒီ ၂၀၁၄ တုန်းက ဒိန်းမတ်က နို့မှုန့်တွေ လာပေးပြီး၊ သူတို့နို့မှုန့်တွေ ရောင်းဖို့၊ စက်ရုံတည်ဖို့ လာတွေ့တယ်။ ဦးသိန်းစိန်က နွားနို့နဲ့အရက် ဆိုပြီး ပြောလိုက်လို့ တတိုင်းပြည်လုံး နွားနို့ရောဂါ ထခဲ့ကြတယ်။
.
ကျနော်တို့လည်း စင်ကာပူမှာ နေပြီး ၀ါဂူး နွားတွေ ကချင်တောင်သူတွေနဲ့ မွေးဖို့ စဉ်းစားတော့ ဂျပန် ၀ါဂူးနွား မျိုးတွေ ညာရောင်းမဲ့ ပုဂိုလ်တွေနဲ့ပေါင်းရိတ်စား ချင်တဲ့ ဗမာ တွေနဲ့ တွေ့ပြီး စိတ်ပျက်ရတယ်။ .. 'ဒိန်းမတ် အာထရာပက် ကုမီဏီကလည်း စက်ရုံ ရောင်းစားဖို့ ကြိုးစားတယ်.. ၀ယ်တဲ့ မြန်မာတွေတော့ ၀ယ်သွားတာ တွေ့ရတယ်။ ဒါပေမဲ့ ကိုဝင်းထိန် ရေးသလို လူကြီးတွေ က ဈေးကြီးတဲ့ နွားနို့ ထက် ၀ိုင်နဲ့Grand Royal ကို ပိုစိတ်ဝင်စား သလို၊ ကလေးတွေကလဲ ဈေးကြီးတဲ့ နွားနို့ထက် Coca, Papxi, Max အချိုရည်တွေ ပိုသောက်ချင်ကြတဲ့ မိုင်းဆက် Mindset ပြသနာက ရှိတယ်။
.
ကျပမ်းအလုပ်တွေချည်း မြန်မာပြည်မှာ ခေတ်စားနေတယ်။ အတည်အတန့် အလုပ်မရှိတော့ ပြည်သူတွေ ၀င်ငွေ မကောင်း၊ ၀င်ငွေ မကောင်းတော့ အဟာရပြက် နေကြတာ .. မြန်မာတနိုင်ငံလုံးပါ။ ကျနော်တို့ ကချင် စစ်ရှောင် ကလေးတွေကမှ ၀ဖြိုးသေးတယ်။ ငြိမ်းချမ်းတဲ့ ဒေသက ကလေးတွေ က ပုသေး၊ ပိန်လှီ .. လူတစ်စုပဲ စားသောက်ကောင်းနဲ့ သူတို့ပဲ ငွေ-အာဏာ ကို အပိုင်ကိုင်တွယ် ဖို့ ကြိုးစားနေတာ ကျနော်တို့ DASSK ကို အပြက် ထောက်ခံ မှာ ဖြစ်မယ် .. ဆောင်းပါးဟောင်းတွေ ပြန်ပို့စ် လုပ်ရဦးမယ်ဗျာ...
.
နွားနို့နဲ့အရက်၊အချိုရည် (၂) ၊ ၀ါဂူးနွားမွေးဖို့ အရူးထ ခဲ့ကြပုံများ ထပ်မံ ပို့စ် လုပ်ပါဦးမယ်။
.
ဖတ်ရှုသူ အားလုံးကို ကျေးဇူးတင်လျှက်။
.
ဇော်အောင် (မုံရွာ)
၁. သြဂုတ်. ၂၀၁၈
Ref Links..
* ဦးဝင်းထိန် (Win Htein) ဖိုးသီးချို လျှပ်စစ်ဝန်ဆောင်မှုကုမ္ပဏီ၊ ကော့သောင်https://goo.gl/q7r8LP
* Myanmar State Counsellor Office နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် နို့စားနွားမွေးမြူရေးခြံ၊ နို့ပေါင်းစက်ရုံနှင့် ပေတော ခေတ်မီဥစားကြက်ခြံ စီမံကိန်းသို့ သွားရောက်ကြည့်ရှုလေ့လာ ဇူလိုင် ၃၁... https://goo.gl/Z39uUf

နွားနို့နဲ့အရက်၊အချိုရည် (၂)
နေပြည်တော်က CP နွားမွေးမြူရေး လုပ်ငန်းကို ဒေါ်အောင်ဆန်းစုကြည် သွား ကြည့်တဲ့ သတင်းကြောင့် နွားနို့လုပ်ငန်းရှင်တွေ အားတက်ရပါတယ်။ CP နွားနဲ့ကြက် မွေးမြူရေး (နေပြည်တော်) ကတော့ ရင်းနှီးမြှတ်နှံမှု ကျပ်သန်း ၂၀၀၀၀ (US$ 1.5 million) ပဲ ရှိလို့ နိုင်ငံတကာ စံနဲ့ ယှဉ်ကြည့်ရင်တော့ ကုမဏီ အသေး လေးလို့ ပြောနိုင်ပါတယ်။ သို့သော်လည်း မြန်မာနိုင်ငံမှာ ကုန်ထုတ်လုပ်ငန်း တွေ ယိုင်လဲ၊ တွက်သားမကိုက် ဖြစ်နေပြီး၊ အိမ်နီးချင်း ထိုင်းနိုင်ငံက ၀ယ်ယူတင်သွင်းပြီး ရောင်းချတဲ့ ခေတ်ဖြစ်နေချိန် အဲဒီလို နွား၊ ကြက် မွေးမြူရေး ကို နိုင်ငံအကြီးကဲ က အားပေးကြည့်ရှု ခြင်းက SME မွေးမြူရေး လုပ်ငန်းငယ် လေးများအတွက် စိတ်အား တက်ရပါတယ်။
.
ယခင်က ရေးခဲ့တဲ့ ၂၀၁၈ မှာလဲ ခေတ်မီနေဆဲ ဆောင်းပါး အမှတ်(၂) ကို ပြန်လည် တင်ပြပါတယ်။ .
.
.
.....///. နွားနို့နဲ့အရက်၊အချိုရည် (၁) .../// .....
အပိုင်း(၁)တွင် သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံကလေးငယ်များ နွားနို့သောက်၊ အဟာရပြည့်ဝစေပြီး အနာဂါတ်မြန်မာများ သန်မာထွားကျိုင်းစေလိုသည် စေတနာဖြင့်ကြိုးစားချက်များကို ရေးသားခဲ့ပါသည်။ ခါချဉ်ကောင်ကြီး ခါးကမသန်ကြောင်း၊ နိုင်ငံခြားမှ နွားနို့၊ နို့ထွက်ပစ္စည်းနှင့် နို့မှုန့်များ အခွန်မဲ့ ဒလဟော သွင်းလာသောကြောင့် ပြည်တွင်းနွားနို့ကုန်ထုတ်လုပ်ငန်း ပျက်စီးသွားကြောင်း၊ သွင်းကုန်လုပ်ငန်းကို SME small & medium enterprise များလုပ်ရမည့်အစား ခရိုနီနှင့် ဦးပိုင်၊ အစိုးရလုပ်ငန်းများကသာ အခွန်မဲ့၊ ကုန်သေတ္တာမြောက်များစွာ အလွယ်တကူသွင်း၊ ထုတ်နိုင်သဖြင့် တနိုင်တပိုင်လုပ်ငန်းကို ဦးစားပေးသည့် နွားမွေးမြူရေးလုပ်ငန်းမှာ မလိုင်မုန့်လုပ်ငန်းလောက်သာ လုပ်နိုင်ကြောင်း လက်ရှိမြန်မာနိုင်ငံအခြေအနေကို ဖေါ်ပြခဲ့သည်။ ရင်းနှီးမြှတ်နှံမှု အခက်ခဲကြောင့် ၁၅နှစ် လည်ပတ်အောင်မြင်ခဲ့သော ပြည်တွင်းနွားနို့၊ နို့မှုန့်စက်ရုံကြီးပင် လုပ်ငန်းမရပ်အောင် အပြင်းထန်ကြိုးစားနေရသည်။
.
● စင်ကာပူနိုင်ငံရှိ နွားနို့စက်ရုံတစ်ခု
Malaysia Diary Farm စက်ရုံတစ်ခုသို့ သွားရောက်လေ့လာခဲ့သည်။ သြစတြေးလျှားမှ 100kg နို့မှုန့်ထုပ်များကို ဝယ်ယူပြီး၊ စင်ကာပူတွင် 25kg အထုပ်ကလေးများ ပြန်ခွဲထုတ်ကာ၊ export ပြည်ပသို့ စင်ကာပူကုန်တံဆိပ်ကပ်က ပြန်ရောင်းချသည်။ မူလသြစတြေးလျှား ဘိလပ်မြေအိတ်ကဲ့သို့သော အိပ်များမှ တံဆိပ်ကိုခွာ၊ စင်ကာပူမှ Diary Milk, Manufactured in Singapore တံဆိပ်ကပ်ထားသော စက္ကူပုံးများထဲသို့ ပြောင်းပြီး ထုတ်ပိုး၊ ပြည်ပသို့တင်ပို့ရောင်းချသည်။ စင်ကာပူဆိုလျှင် ဝယ်သူများက ပိုပြီး ယုံကြည်စိတ်ချသောကြောင့် သြစတြေးလျှားမှ တင်သွင်းလာသော နို့မှုန့်အထုတ်ကြီးများ၏ ၅၀% ကို ပြည်ပသို့ ပြန်ပို့သည်။ စင်ကာပူနိုင်ငံတွင်းရှိ အချို့နို့မှုန့်သုံးသည် မုန့်လုပ်ငန်းများကို နွားနို့အမှုန့်ထုတ်များ ရောင်းချသည်။
အများစုသော နို့မှုန့်များကို စက်ရုံတွင်ဖျော်ပြီး နွားနို့ပြန်ထုတ်သည်။
.
HL တံဆိပ်ဖြင့် နွားနို့များကို ယခင်က နွားနို့လပ်လပ်ဆတ်ဆတ်သုံးပြီး ထုတ်ထားသည်ဟု ထင်ခဲ့သည်။ စက်ရုံရောက်မှပဲ သြော်..လက်စသတ်တော့ သြစတြေးလျားက နို့မှုန့်တွေကို ဖျော်ပြီး အမွှေး၊ အနံ့လပ်ဆတ်အောင် ထုတ်လုပ်ရောင်းချမှန်းသိလိုက်ရသည်။ နောက်ဆိုလျှင် HL နွားနို့ကို မသောက်တော့ဟု ဆုံးဖြတ်လိုက်သည်။ ထိုစက်ရုံမှပင် ကလေးများအလွန်သောက်သော Vitagen (less sugar) များကို ထုတ်လုပ်နေပြီး၊ HL, Vitagen ထရပ်ကားပေါင်း တစ်ရာခန့် စက်ရုံပတ်ပတ်လည်တွင် ရပ်ပြီး၊ ကုန်လာထုတ်နေသည်ကို တွေ့ရသည်။ နို့နှင့်ပတ်သက်သော ဖျော်ရည်များကို ထုတ်လုပ်၊ စီးပွားဖြစ်နေသော ကုမ္ပဏီကြီးဖြစ်ပြီး ၂၄နာရီ အဆက်မပြတ် လည်ပတ်နေသည်ကို တွေ့ရသည်။
.
နောက်တစ်ခုမှ F&N ကုမ္ပဏီကြီးဖြစ်သည်။ ထိုင်းနိုင်ငံဘီယာကုမ္ပဏီကြီးက စင်ကာပူဖျော်ရည်နှင့်ဘီယာလုပ်ငန်းကြီး F&N ကိုဝယ်လိုက်ပြီ ဟုသိရသည်။ F&N သည် ဘီလျှံဒေါ်လာ ကုမ္ပဏီကြီး ဖြစ်ပြီး၊ တိုက်ဂါးဘီယာနှင့် အခြားဘီယာ၊ ကိုကာကိုလာ၊ ပက်စိကိုလာ စသည့်နာမည်ကြီးဖျော်ရည်များကို ထုတ်လုပ်ပေးသောကုမ္ပဏီကြီးဖြစ်သည်။ Pandan , Singapore တွင်ရှိသော စက်ရုံတွင် သူငယ်ချင်းမြန်မာ အင်ဂျင်နီယာချုပ် အလုပ်လုပ်သောကြောင့် သွားရောက်လေ့လာရာ၊ အချိုရည်များ ထုတ်ပိုးသော စက်ရုံဖြစ်သည်။ နိုင်ငံခြားမှ လိမ္မော်၊ ပန်းသီး စသည့်သစ်သီးဖျော်ရည်များကို ဗူးသွတ်၊ ပုလင်းသွန် လုပ်ငန်း၊ နွားနို့များကို ကွန်တိန်နာတိုင်ကီများဖြင့် သြစတြေးလျာမှ စင်ကာပူတို့တင်ပို့ပြီး၊ ထိုနွားနို့များကို ပုလင်းသွင်း၊ ဗူးသွင်း ပြန်လုပ်သည့် စက်ရုံဖြစ်သည်။ F&N မှ ထုတ်လုပ်သော နွားနို့များသည် အမှန်အကန်နွားနို့်ဖြစ်သည်။
.
စင်ကာပူ၊ မလေးရှားတွင် နွားမွေးမြူရေးလုပ်ငန်းများမှ နွားနို့များကို ညှစ်ပြီး၊ ဗူးသွင်းရောင်းသည် Organic Milk များလည်း ရှိသည်။ ထိုနေရာများတွင် နို့စားနွားမကြီးများကို မွေးမြူပြီး၊ နွားနို့ညစ်ရောင်း၊ စီးပွားရေးလုပ်ငန်းကို ယခုရေးလိုသည်။ အသားနှင့်နို့ အကောင်းဆုံးထွက်သော နွားအမျိုးတစ်ခုမှာ ဂျပန်နိုင်ငံတွင် ဂျင်နတစ်ပညာဖြင့် ထုတ်လုပ်သော WAGYU ဝါဂူး ဟုခေါ်သော ဂျပန်နွားအကြောင်း အနည်းငယ် ရေးပါမည်။
.
.
WAGYU ဝါဂူးဟုခေါ်သော ဂျပန်နွား
ဂျပန်နိုင်ငံမှာ ဂျင်နေးတစ်ပညာဖြင့် မျိုးစပ်ပြီး သန္ဓေသား Embryos အဖြစ်၎င်း၊ သုတ်ပိုး Seaman အဖြစ်၎င်း ရောင်းချသည်။ သန္ဓေသားတစ်ခုကို ဒေါ်လာ၆၅၀ဖြင့် အမေရိကန်နိုင်ငံတွင် ရောင်းချသည်။ အမျိုးပေါင်းများစွာရှိသောကြောင့် နွားအမျိုးအစားပေါ်မူတည်ပြီး သန္ဓေသား တန်ဖိုးခြားနားမှု ရှိမည်။ ထိုနည်းပညာကို ဂျပန်များက သူတို့နိုင်ငံတွင်း သိမ်းဆည်းထားသည်။ ဂျပန်များက မျိုးရိုးဗေဒ ပညာတွင် စီးပွားဖြစ်ထုတ်လုပ်သော ပုလဲမုတ်ကောင်များ၊ ငါးပုဇွန်မွေးမြူခြင်း၊ ကြက်၊ဝက်၊ ဆိတ်၊နွား စသည့် စားသောက်ကုန်တိရိစ္ဆာန်များကို စီးပွားကိုက်အောင်၊ အရည်သွေးမြင့်မားသော သားငါးများထုတ်လုပ်သည့် နည်းပညာကို ပိုင်ဆိုင်ထားပါသည်။ ယခု နို့စား၊ အသားစား နွားပေါင်းများစွာအနက် ဝါဂူး ဟုခေါ်သော အသားစားနွားအကြောင်း မြန်မာနိုင်ငံတွင် မွေးမြူပါက ဖြစ်နိုင်ဖွယ်ရှိသဖြင့် စိတ်ဝင်စားသူများအတွက် အကြမ်းဖျင်း ရေးလိုက်ပါသည်။
နွားအသားနှင့်နို့ထုတ်လုပ်ခြင်းသည် ဂျပန်၊ အမေရိကန်၊ ကနေဒါ၊ သြတြေးလျှား တို့တွင် စီးပွားဖြစ်ထုတ်လုပ်ကြသည်။ ကမ္ဘာအမဲသား အထုတ်လုပ်ဆုံးနိုင်ငံသည် အမေရိကန် ဖြစ်သည်။ မြန်မာ ဒုက္ခသည် အမြောက်အများ ၂၀၀၇ သံဃာ အရေးအခင်း နောက်ပိုင်း အမေရိကန် အစိုးရက မြန်မာ၊ကရင်၊ ချင်း၊ ကချင်၊ မွန် စသည့် တို့ကို ဒုက္ခသည် အဖြစ် သိန်းနှင့်ချီ လက်ခံ ခဲ့ရာ အမေရိကန် တက္ကဆက် ပြည်နယ် အမဲသား စက်ရုံများတွင် အလုပ်ကိုင် များစွာ ပေးခဲ့သည်။ ယခင်က ဗီယက်နမ် ဒုက္ခသည် အလုပ်သမား များ နေရာတွင် မြန်မာနှင့် အခြားနိုင်ငံ ဒုက္ခသည်များကို အစားထိုးခဲ့ ကြသည်။
.
အမဲသားသည် နိုင်ငံခြားတွင် ဈေးအကြီးဆုံး အသားတစ်ခုဖြစ်သည်။ ကြက်သားသည် ဈေးအချိုဆုံးဖြစ်သည်။ ငါးပုဇွန်များသည် ဈေးအလွန်ကြီးသလို၊ ဈေးချိုသော ရေငံငါးပုဇွန်များလည်း ရှိသည်။ နိုင်ငံခြားတွင် အမဲသားဈေးနှုန်းသည် ကြက်သားဈေးထက် အနည်းဆုံး ၂ဆမျှ ဈေးကြီးသည်။ ယခုရေးသားသည့် ဝါဂူး ဆိုသည့် အမဲသားမျိုးသည် စင်ကာပူ NTUC ကုန်တိုက်တွင်ပင် ရောင်းခဲသည်။ သာမန်စင်ကာပူနိုင်ငံသားများ ဈေးကြီးသဖြင့် မစားကြပါ။ အလွန်နူးညံ့ အရသာရှိသော အမဲသားဖြစ်သည်။ ထိုသို့ အရသာရှိပြီး၊ ကျန်းမာရေးနှင့်ညီညွတ်အောင် အထူးမွေးမြူရသည်။
.
နွားတစ်ကောင် မျိုးစေ့ပင်လျှင် ဒေါ်လာ ၆၅၀ ဈေးရှိသည်။ ထိုမျိုးစေ့ကို နွားမတစ်ကောင် သားအိမ်တွင့် ထည့်ပေးရသည်။ အကောင်ကြီးသဖြင့် မြန်မာ သာမန်နွားမသားအိမ်တွင် ထည့်ပါက၊ ရိုးရိုးမွေးနိုင်မည်မဟုတ်၊ ဗိုက်ခွဲမွေးရမည်ဖြစ်သောကြောင့် အရွယ်အစား ကြီးမားသော မြန်မာနွားမအမျိုးတွင် သားန္ဓေမျိုးစေ့တည့်ရမည်။
အမဲသား (နွားသား) ကမ္ဘာ့ပေါ်တွင် အများဆုံး၊ မွေးမြူထုတ်လုပ်သော နိုင်ငံမှာ အမေရိကန်ဖြစ်သည်။ ဘရားဇီး၊ တရုပ်၊ အာဂျင်တီးနား၊ သြစကြေးလျားတို့ အဆင့်ဆင့်ရှိသည်။ Production (%) U.S. 18.7% Brazil 12.9% China 11.6% Argentina 5.0% Australia 3.6% Russia 3.2% Others 45.1% .. etc. မြန်မာနိုင်ငံတွင် နွားကို သတ်စားရန်မွေးမြူခြင်းမရှိ၊ လယ်ထွန်ရန်မွေးရင်း သဘာဝအတိုင်း နွားငယ်လေးများ နှစ်စဉ် တစ်ကောင်စီ မွေးဖွားလာသည်။ နွားတစ်ကောင်၏ ပျမ်းမျှအသက်မှ ၁၅နှစ်ဖြစ်ပြီး တစ်နှစ်သားဆိုလျှင် လယ်ထွန်ခိုင်းလို့ရပြီဖြစ်သည်။ သားစပ်ရန်လည် ရပြီဖြစ်သည်။ နို့စားနွားမများမှာ နို့ထွက်သီးသန့် မွေးမြူရပြီး သာမန်နွားထက် ပိုပြီးဈေးကြီးသည်။ နို့ထွက်ကောင်းရန် အစာကို စနစ်တကျကြွေးရသည်။ သာမန်အားဖြင့် အသားစား နွားများသည် ၂၄လ (၂နှစ်) အကြာတွင် ရောင်းချ၊ ဝင်ငွေ စတင်ရရှိနိုင်သည်။ နို့စားနွားမလည်း ၁နှစ်ကျော်တွင် နွားနို့စတင်ရရှိသည်။ အသား၊ နို့ အကောင်းဆုံး၊ အထွက်ဆုံး ဖြစ်ရန် နည်းပညာများဖြင့် ကြွေးမွေး၊ ထိန်းသိမ်းရပေသည်။
.
ဝါဂူး နွားများသည် အအေးပိုင်း ရာသီဥတုကို ကြိုက်နှစ်သက်သောကြောင့် ကချင်ပြည်၊ တောင်တန်း၊ ရှမ်းကုန်းမြေမြင့်များတွင် မွေးမြူရန် သင့်လျှော်သည်။ ကချင်ပြည်နယ်တွင် မွေးမြူနိုင်ပါက ယခုအခါ ထိုင်းနိုင်ငံသားများနီးပါ ဝင်ငွေကောင်းလာသော ယူနန်၊ တရုပ်လူမျိုးများကို အမဲသားရောင်းချနိုင်မည်ဖြစ်သည်။ နွားမွေးမြူရေးသည် လူအင်အားမလိုသော်လည်း၊ နွားများပြားစွာ မွေးလာပါက၊ ရင်းနှီးမှုကြီးသော သားသတ်စက်ရုံများ ကချင်ပြည်နယ်တွင် တည်ဆောက်လာမည်ဖြစ်သည်။ ထိုအခါ ပြည်နယ်သားများ အလုပ်ကိုင်ရရှိလာမည်၊ ဝင်ငွေလည်း တိုးလာပြီး ပြည်နယ်တွင် မူရစ်၊ ဘိန်းများ စိုက်ပျိုးနေခြင်းမှ ပိုမိုဝင်ငွေကောင်းသော သားသတ်စက်ရုံအလုပ်သမားများ ဖြစ်လာမည်။
.
.
● နို့စားနွားမ မွေးမြူရေး
ဝါဂူးနွားများအတွက် မြန်မာပြည်တွင် ပြောင်းကို ကျွေးမွေးပါက အစာဖိုး အလွန်သက်သာမည်ဖြစ်သည်။ မြန်မာနွားမျိုးကောင်းများနှင့် မျိုးစပ်ပြီး ၅ဆက်မျှ ကြာလျှင် မြန်မာပြည်ရာသီဥတုနှင့် ရောဂါများကို ခံနိုင်သော နွားမျိုးများရနိုင်ပါသည်။ မြန်မာနိုင်ငံ တိမွေးကု တက္ကသိုလ်မှ တိရိစ္ဆာန်မွေးမြူပညာရှင်များ လေ့လာရန်လိုသည်။
.
လောလောဆယ်တွင် မြန်မာနိုင်ငံအလယ်ပိုင်းတွင် နို့စားနွားမများစွာ နွားနို့အတွက် သီးသန့်မွေးမြူကြသည်။ အိမ်တစ်အိမ်တွင် တစ်ကောင်၊ ၂ကောင် မွေးထားပါက နေ့စဉ်နွားနို့ညစ်ရောင်းသည့် ဝင်ငွေရသဖြင့် အလွန်စီးပွားတွက်သားကိုက်သည်။ နွားမ ဈေးနှုန်းမှာ အလွန်ဈေးကြီးသည်။ နို့အထွက်ကောင်းနွားမသည် သိန်း၅၀အထက်တွင် ရှိနိုင်သည်။ သာမန် ခိုင်းနွားသည် ၁၀သိန်း၊ ၁၅သိန်းမျှသာရှိသော်လည်း နို့စားနွားမသည် အလွန်ဈေးကြီးသည်။ နို့စားနွားမ အကောင်း ရာချီပြီး မွေးရလောက်အောင် မြန်မာပြည်တွင် နွားနို့စက်ရုံ၊ နို့ဆီ၊ နို့မှုန့်စက်ရုံ မရှိသေးပါ။ ထို့ကြောင့် အမြောက်အမြား စီးပွားဖြစ် မထုတ်နိုင်သော်လည်း တနိုင်တပိုင် စီးပွားရေးလုပ်ငန်းအဖြစ် ကျေးလက်ဖွံ့ဖြိုးရေးအတွက် အလွန်ကောင်းသည်။
.
နိုင်ငံတော်မှ လယ်ယာစိုက်ပျိုးရေး၊ လယ်သမားများအား ငွေစိုက်ပေးပြီး နို့စားနွားမ လုပ်ငန်းထူထောင်ပေးနိုင်ပါက နိုင်ငံဆင်းရဲမွဲတေမှုမှ လျှင်မြန်စွာ လွတ်လာနိုင်ပါသည်။
.
နွားနို့ ကမ္ဘာ့ပေါက်ဈေးမှာ (၂၀၁၂ လက်လီဈေး) တစ်ဂါလန် အမေရိကန် ၈ဒေါ်လာ ပျှမ်းမျှဈေးပေါက်သည်။ ဘီယာ၊ အရက်ဈေးထက်ပင် ဈေးကြီးသလိုရှိသည်။ အမြောက်အများဝယ်လျှင် တစ်ဂါလန် ၈ဒေါ်လာ (တနည်းအားဖြင့် တစ်ပိသာ ၃ဒေါ်လာ ကျသင့်ပါက၊ နွားနို့တစ်ခွက် (၃၀၀ ml) ကို 50cent (ကျပ်၅၀၀ခန့်) ပေးရမည်။ မဝယ်သောက်နိုင်ပါ။ သာမန်ဆင်းရဲသားများ နွားနို့ဝယ်သောက်ရန် မြန်မာပြည်တွင် လုံးဝမဖြစ်နိုင်ပါ။ နိုင်ငံတော်အစိုးရက အခမဲ့တိုက်ကြွေးပါမှ၊ မူလတန်းကျောင်းများတွင် တိုက်ကြွေးခြင်းဖြင့်သာ လုပ်ဆောင်နိုင်မည်။ (မှတ်ချက်- ကမ္ဘာ့ ဈေးနှုန်း ဇယားအရ ပုံမှန် အမြောက်အများဝယ်ပါက နွားနို့ ၁တန် ဈေနှုန်း အလွန်ဈေးချိုပါသည်။ သို့သော် သိုလှောင်စရိတ်၊ သယ်ပို့စရိတ်များ မြန်မာနိုင်ငံတွင် ဈေးကြီးနေပါသည်)။
.
နွားနို့ရဖို့အတွက် အလွန်ဈေးကြီးသော နို့စားနွားမများ ရင်းနှီးရမည်။ နွားသည် တော်တန်ရုံ နာမကျန်းဖြစ်ခဲသော်လည်း သိန်း၅၀ခန့်တန်သောကြောင့် သေဆုံး၊ ထိခိုက်မှုရှိပါက နစ်နာလှပါသည်။ သြစကြေးလျားတွင် AWA သြစတြေးလျား ဝါဂူးအဖွဲ့ ရှိပြီး မွေးမြူလိုသူများအား ငွေချေးပေးသည်။ နွားမွေးနည်း သင်တန်းပေးပြီး၊ ၈နှစ်အတွင်း အရင်းကျေသည့်အပြင် လုပ်အားခပါ ရရှိမည်။ ဒေါ်လာ ၂သိန်းခန့် (ကျပ်သိန်း၂၀၀၀) ဖြင့် စတင်ရင်းနှီးကာ နွားအကောင်း ၅၀၊ ၁၀၀ စတင်မွေးမြူနိုင်မည်။ တစ်နှစ်ကြာလျှင် နွားနို့ရမည်။
နွားဈေးကြီးသဖြင့် မမွေးနိုင်သော ဆင်းရဲသား မြန်မာတောင်သူလယ်သမားများအား သိုး၊ ဆိတ်၊ ကျွဲ များကို မွေးမြူစေခြင်းဖြင့် ဝင်ငွေရစေနိုင်သည်။ ကမ္ဘာနွားနို့၊ အမဲသား အများဆုံးထွက်သောနိုင်ငံများကို အောက်ပါဇယားတွင် ကြည့်နိုင်ပါသည်။ နွားမသတ်ရန် တားမြစ်ခဲ့သော အိန္နိယသည် နွားနို့ ကမ္ဘာပေါ်တွင် ဒုတိယအတွက်ဆုံးဖြစ်နေသည်။ တရုပ်၊ အိန္နိယ၊ ပါကစ္စတန် တို့သည် နို့အများဆုံး ထွက်သော သိုးနှင့်ဆိတ် နို့ထွက်နိုင်ငံများတွင် ထိပ်ဆုံး၁၀ခုတွင် ပါဝင်သည်။ မြန်မာနိုင်ငံသည် ကျွဲနို့အများဆုံးထွက်သောနိုင်ငံအဖြစ် အဆင့် ၆တွင် တွေ့နိုင်သည်။
ထို့ကြောင့် မြန်မာကလေးငယ်များအား နွားနို့မတိုက်နိုင်သော်လည်း ကျွဲနို့တိုက်ကျွေးနိုင်သည်ကို စာရင်းဇယားအရ သိရသည်။ ကျွဲနို့လည်း ဆင်းရဲသား၊ လယ်သမားများအတွက် ဈေးကြီးနေဦးမည်ပင်ဖြစ်သည်။
.
.
● သုံးသပ်ချက်
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမွဲတေမှုမှ လွတ်မြောက်ရေးအတွက် အဓိကလိုအပ်ချက်မှာ အလုပ်အကိုင်ဖြစ်သည်။ တောင်သူလယ်သမား၊ စိုက်ပျိုးရေးသမားများသည် မြန်မာလူဦးရေ၏ ၇၀% မျှ ဖြစ်နေပြီး အဆင်းရဲဆုံးလူတန်းစားလည်း ဖြစ်သည်။ ထိုလူများကို စိုက်ပျိုး၊ မွေးမြူရေးအပြင် Process Industry ဟုခေါ်သော ဆေးကြော၊ သန့်စင်၊ ထုတ်ပိုးပြီးမှ လူထုထံရောင်းချသော စက်ရုံငယ်လေးများစွာ လိုအပ်နေသည်။ သို့မှသာ မြန်မာ လယ်ယာ၊ သားငါး ထွက်ကုန်များ ပြည်ပထုတ်ရောင်းရာတွင် ဈေးပိုရမည်။ မျက်နှာပန်းလှမည်ဖြစ်သည်။
.
နွားနို့ထုတ်လုပ်ရန်အတွက် နွားမွေးမြူရေးလုပ်ငန်း လုပ်နိုင်သော်လည်း၊ မြန်မာကလေးများ နွားနို့အဟာရ သောက်နိုင်ရေးအတွက် မြန်မာအစိုးရသာလျှင် နိုင်ငံစီမံကိန်းအဖြစ် လုပ်ဆောင်ရပါမည်။ နိုင်ငံခြားမှ နွားနို့များကို ဈေးနှုန်းအသင့်တော်ဆုံး ရရှိအောင် ဝယ်ရမည်။ ကုလသမဂ္ဂအကူညီများလည်း နို့မှုန်များစွာ ရရှိမည်ဖြစ်သည်။ လောလောဆယ်တွင် နွားနို့ကို ပြည်တွင်းထုတ်လုပ်ရန် ငွေအရင်းနှီးမရှိသေးသော်လည်း နောက်၃နှစ်အကြာတွင် နိုင်ငံ မက်ကရိုစီးပွားရေးစနစ် အောင်မြင်လာပြီး၊ အစိုးရတွင် အခွန်ဝင်ငွေ များစွာရလာမည်။ ယခု 2% of GDP အခွန်ရနေသော်လည်း အမြတ်စွန်းများသော နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် ကုမ္ပဏီများကို စနစ်တကျ အခွန်ကောက်နိုင်လာလျှင် ပတ်ဝန်းကျင်နိုင်ငံများကဲ့သို့ 35% of GDP မရလျှင်ပင်၊ 15% of GDP ရလာပါက မြန်မာနိုင်င တိုးတက်ဖို့ အလားအလာ အလွန်ကောင်းပေသည်။ နိုင်ငံတစ်နိုင်ငံ တိုးတက်ကြီးပွားဖို့ အခွန်ကောက်ခြင်း စနစ်တကျလုပ်ရန်လိုသကဲ့သို့ အခွန်ငွေကို စီမံခန့်ခွဲခြင်းသည် ပိုပြီး အရေးကြီးလှသည်။ Corruptio Index တိုးတက်လာမှသာ အခွန်ကောက်ခြင်း၊ အခွန်သုံးခြင်းတို့ တရားဥပဒေအတိုင်း အောင်မြင်လာမည်ဖြစ်သည်။
.
နောက်ဆုံး အနေဖြင့် ရေးလိုပါသည်။ ဆင်းရဲသော ပြည်သူ့သားသမီးငယ်များ နွားနို့သောက်နိုင်ဖို့၊ အဟာရပြည်ဝသော အနာဂါတ်မြန်မာမျိုးဆက်ဖြစ်လာရေးအတွက် National Plan အဖြစ် လုပ်ဆောင်မှ ရမည်ဖြစ်သည်။
.
.....///. End of ... နွားနို့နဲ့အရက်၊အချိုရည် (၁) .../// .....
.
.
နိဂုံး (နွားနို့၊နွားသား မွေးမြူရေးလုပ်ငန်းများ)
အချိုရည်နဲ့ အရက်၊ဘီယာ၊ စီးကရက် ထုတ်လုပ်သူ နဲ့ ရောင်းချသူ များသာ မြန်မာနိုင်ငံမှာ အလုပ်ဖြစ်နေတာလဲ သဘာဝ ကျပါတယ်။ အထိန်းအကွပ် မရှိသေးတဲ့ ဈေးကွက် စီးပွားရေးမှာ ရင်းနှီးမြှတ်နှံမှု ကော်မရှင်က သမ္မတဦးသိန်းစိန် လက်ထက်မှာ အထက်ပါ အချိုရည်၊ ဘီယာ၊ စီးကရက် စက်ရုံ အမြောက်အများ ခွင့်ပြုခဲ့လို့၊ အဲဒီ ကော်မရှင် ဥက္ကဌနဲ့ အဖွဲ့ဝင်များကို အပြစ်တင်ကြပါတယ်။ ဥက္ကဌ လုပ်ခဲ့သူ တစ်ဦးဆိုရင် သူ့ဇနီး၊ သားသမီးတွေ အားလုံး နဲ့ ပိုင်ဆိုင်မှု ငွေများကို အားလုံး နိုင်ငံခြား ပို့ထားပြီး သူကတော့ မြန်မာပြည်မှာ နေစရာအိမ်ခန်း တစ်ခု လိုအပ်လို့ ရောင်း-ငှား ပေးပါရန် လျှောက်ထားတဲ့ သတင်းတွေ ကြားနေရပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် လိုမျိုး ဖြောင့်မတ်တဲ့ ခေါင်းဆောင် ဖြစ်လာချိန် အခက်ခဲကြားက ဈေးကွက်ကို ထိန်းနိုင်ဖို့ ကြိုးစာနေပါတယ်။
.
သမ္မတ ဦးသိန်းစိန် ခေတ်ကာလ ဒိန်းမတ်က နို့မှုန့်တွေ လာပေးပြီး၊ သူတို့နို့မှုန့်တွေ ရောင်းဖို့၊ စက်ရုံတည်ဖို့ ကြိုးစားခဲ့ပေမဲ့ မြန်မာနိုင်ငံက စီးပွားလုပ်ဖို့ Ease Of Doing Business အညွန်း မှာ ကမ္ဘာ့ ဘိတ်ဆုံး အဆင့်ရောက်နေတာ ၀န်ထမ်းဆိုးများရဲ့ အကျင့်ပျက်မှု ကြောင့် ဖြစ်ပါတယ်။ သမ္မတကြီးက နွားနို့ ပြောလိုက်တော့ တတိုင်းပြည်လုံး နွားနို့ရောဂါ ထခဲ့ကြတယ်။ စင်ကာပူ ရောက် မြန်မာများလည်း ၀ါဂူး နွားတွေ ကချင်တောင်သူတွေနဲ့ မွေးဖို့ စဉ်းစားတော့ ဂျပန် ၀ါဂူးနွား မျိုးတွေ ညာရောင်းမဲ့ ပုဂိုလ်တွေနဲ့ပေါင်းရိတ်စား ချင်သူများနဲ့ပဲ တွေ့ပြီး စိတ်ပျက်ရတယ်။ .. 'ဒိန်းမတ် အာထရာပက် ကုမီဏီကလည်း စက်ရုံ ရောင်းတော့ မြန်မာ တချို့ ၀ယ်သွားတာ ပါတယ်။ ဒါပေမဲ့ လူကြီးတွေ က ဈေးကြီးတဲ့ နွားနို့ထက် ၀ိုင်နဲ့Grand Royal ကို ပိုစိတ်ဝင်စား သလို၊ ကလေးတွေကလဲ ဈေးကြီးတဲ့ နွားနို့ထက် Coca, Papxi, Max အချိုရည်တွေ ပိုသောက်ချင်ကြတဲ့ မိုင်းဆက် Mindset ပြသနာက ရှိတယ်။ အလုပ်ကိုင် ကောင်းတွေ မရှိသေးတော့ ၀င်ငွေ မကောင်း၊ ၀င်ငွေ မကောင်းတော့ အဟာရပြက် နေကြတာ .. မြန်မာတနိုင်ငံလုံးပါ။ လူတစ်စု ပဲ အချမ်းသာကြီး ချမ်းသာနေပါတယ်။
.
မြန်မာနိုင်ငံ မှာ စိုက်ပျိုးမွေးမြူ ဖို့တော့ အလွန် သယံဇာတ နဲ့ ရေခံမြေခံ ကောင်းပါတယ်။ ဒါပေမဲ့ စိုက်ပျိုးမွေးမြူ ထုတ်ကုန်များ ဈေးကွက်ကို ၀င်နိုင်ဖို့ သိုလှောင်ရေး Storage Electricity မရှိပါ။ နွားနို့၊နွားသား အအေးခန်း လိုအပ်ပါတယ်။ စိုက်ပျိုးထွက်ကုန်များလဲ အလားတူပါပဲ။ သယ်ယူပို့ဆောင်ရေး လမ်းတံတားများ ပိုကောင်းလာပေမဲ့၊ ရန်ကုန်-မူဆယ် ကားလမ်းတလျှောက် နည်းအမျိုးမျိုးနဲ့ ကောက်ခံနေလို့ ထွက်ကုန်တွေ ဈေးကြီးရပါတယ်။ ကမ္ဘာ ဈေးအကြီးဆုံး သယ်ယူစရိတ် ဖြစ်နေပါတယ်။ တပတ်ရစ် ကုန်ကားကြီးများစွာ ဈေးသက်သာပေမဲ့ လမ်း-တံတား တွေလည်း ကျေးလက်ဒေသ ထိ မရောက်သေးပါဘူး။
.
အခု သမ္မတသစ် ဦးဝင်းမြင့် ဖြစ်လာပြီးချိန် အဂတိကော်မရှင် အနေနဲ့ တပ်မတော်ထောက်ခံ မှုအရ၊ ပိုမိုထိရောက်စွာ လုပ်နိုင်လာမယ် မျှော်လင့်ပါတယ်။ ရုတ်တရက် ပြောင်းလာတဲ့ တော်လှန်ရေး Revolution မဟုတ်ပဲ တဖြေးဖြေးပြောင်းလဲခြင်း Evolution ဖြစ်လို့ မကြေမနပ်သူ များစွာ ၊ စီးပွားအခက်ခဲ များစွာ ရှိနေဆဲပါ။ နွားနို့၊ နွားသား (အမဲသား) ကတော့ စက်မှုလယ်ယာ ပြောင်းလဲသွားတဲ့ မြန်မာနိုင်ငံ ကျေးဇူးရှင် နွားများ မရှိပေမဲ့ တပိုင်တနိုင် စနစ်တကျ နွား၊ ကြက်၊ ဘဲ၊ ငါး မွေးမြူခြင်းများကို နိုင်ငံတော်က ပံ့ပိုးလုပ်ပေးဖို့၊ ဥပဒေများ ပြဌာန်း ပြင်ဆင် နေဆဲ ဖြစ်ပါတယ်။ အခြေခံ တောင်သူများ ၀င်ငွေ တိုးတက်မှ၊ နွားနို့ လုပ်ငန်း တိုးတက်လာပြီး မြန်မာ ကလေးငယ်များ နွားနို့ သောက်နိုင်၊ အဟာရပြည့်၊ ဘောလုံးကန်နိုင် လာမဲ့ အချိန်ကို မျှော်လင့်နေပါတယ်။
.
ဇော်အောင်
၎. သြဂုတ်. ၂၀၁၈
.
.
ကိုးကားဆောင်းပါး (မိုးမခ)
http://moemaka.com/archives/35888
http://moemaka.com/archives/36469
.
2018  ယခု ဆောင်းပါး ၂ခု လင့်.. (ဖေ့ဘုတ်)
1. https://goo.gl/h6awhR2. https://goo.gl/JGXFFJ

ဆင်းရဲခြင်းက လွတ်ကင်းအောင် ... ပြုစုသူ - ကျော်နိုင်


ဆင်းရဲခြင်းက လွတ်ကင်းအောင် (Part-I)
ပြုစုသူ - ကျော်နိုင်
လူတိုင်း၊ လူတိုင်း ချမ်းသာကြွယ်ဝလိုကြပါသည်။ ဆင်းရဲမွဲတေသော ဘ၀ကို အလိုမရှိကြပါ။ သို့သော် မိမိဘာကြောင့် ဆင်းရဲသည်။ ဆင်းရဲတွင်းမှ လွတ်ကင်းအောင် မည်သို့ ရုန်းကန်ရမည်ကို သတိထား၍ ပြုမူ ဆောင်ရွက်သူက နည်းပါသည်။ ဆင်းရဲခြင်းသည် ၀ဲစားနေသာ သူ၊ ပွေးဝဲယားနာပေါက်နေသောသူနှင့် တူပါသည်။ ၀ဲကုတ်ရသော အရသာကို ခင်တွယ်နေသ၍ မပျောက်ပါ။ မှန်ကန်သော ဆေးဝါးကုသမှု ရယူမှသာ ၀ဲပျောက်ပါမည်။ ထို့နည်းအတူ ဆင်းရဲခြင်းမှ လွတ်ကင်းစေရန်အတွက် မှန်ကန်သော နည်းစနစ်၊ ယုံကြည်အားကိုးလောက်သော ဦးဆောင်မှု၊ ဇွဲ လုံ့လ ၀ီရိယ ရှိသော ကြိုးစားအားထုတ်မှုဖြင့် ကြိုးစားအားထုတ်လျှင် ဆင်းရဲတွင်းမှ လွတ်မြောက်ပါ မည်။
.
.
မှန်ကန်သောနည်းစနစ်
.
သင်သည် ဆင်းရဲတွင်းမှ လွတ်မြောက်ရန် လောင်းကစားပြုလုပ်နေပါက မှန်ကန်သော နည်းစနစ် မဟုတ်ပါ။ ထို့ကြောင့် သင်ဘာလုပ်ရမလဲ ဆိုသည်မှာ သင်၏ ကြိုးစားရုန်းကုန်မှုဖြင့်သာ သင့်ဘ၀ကို တည်ထောင်ရ မည်သာ ဖြစ်ပါသည်။ သင်၏ ဈေးကွက်တန်ဘိုး ဘယ်လောက်ရှိသလဲ ဆိုသည်ကို သင်သိပါသလား၊ သင်ဘာလုပ် တတ်သလဲ။ ကျွမ်းကျင်မှု ဘာရှိသလဲ၊ ဈေးကွက်လိုအပ်ချက်အရ သင်၏ ကျွမ်းကျင်တက်မြောက်မှုကို လက်ရှိလူ့အဖွဲ့ အစည်းက လက်ခံပါသလားဆိုတာတွေကို သင်စတင်တွေးရပါမည်။ ထို့အပြင် သင်လက်ရှိနေထိုင်သော ပတ်ဝန်းကျင် တစ်ခုလုံးသည် မည်သည့်ဝင်ငွေဖြင့် ရပ်တည်နေသည်ကို သင်သိပါရဲ့လား၊ ဥပမာအားဖြင့် စပါးတစ်မျိုးသာစိုက်ပျိုး၍ အသက်မွေးနေသော အရပ်ဒေသတွင် ပင်လယ်ငါးဖမ်းသော လုပ်ငန်းဖြင့် အသက်မွေး၍ မရပါ။ ကုန်ထုတ်လုပ်ငန်း လုံးဝမရှိသော ကုန်ထုတ်လုပ်ငန်းရပ်တည်၍မရသော လျှပ်စစ်ဓာတ်မလုံလောက်၊ လမ်းပန်းဆက်သွယ်ရေးမကောင်း၊ ကုန်ကြမ်းရှားပါး၊ ကုန်ချော ၀ယ်မည့်ဈေးကွက်မရှိသော အခြေအနေတွင် သင်က ကုန်ထုတ်လုပ်ငန်းတွင်ပါဝင် အသက်မွေးနေပါက ဆင်းရဲသည်မှာ သဘာဝကျပါသည်။ ဆင်းရဲသင့်၍ ဆင်းရဲသည်ကို လက်ခံရမည်ဖြစ်ပါသည်။ ထို့ကြောင့် အသက်မွေးဝမ်းကျောင်း ပညာကို အခြေခံမှစ၍ သင်ယူပြီး လိုင်းပြောင်းရန် စဉ်းစားသင့်ပါသည်။
.
ငွေအရင်းများသော ကုန်ထုတ်လုပ်ငန်းများကိုသာ ကြည့်မနေပါနှင့် သင်တတ်နိုင်သောငွေကြေးနှင့် အောက်ခြေ လူတန်းကစကြည့်ပါ ယခင်သစ်ဝါးပေါစဉ်က လက်သမားအလုပ်ဖြင့် တောရော၊ မြို့ပါ အသက်မွေးနိုင် ပါသည်။ အာဏာရှိသူများနှင့် ဥပဒေကို လက်တလုံးခြားလှည့်စားပြီး စီးပွားရှာ တောလုံးရှင်း သစ်ထုတ်ရောင်းစားသူ များကြောင့် သစ်ဝါး ဘယ်လောက်ရှားနေပြီးဆိုတာ သင်သိသင့်ပါပြီ ဒီအချိန်မှာ လက်သမားပညာသင်ပြီး လက်သမား လုပ်စီးလို့ စီးပွားရေး အဆင်မပြေတာ ဘယ်သူမှားသလဲဆိုတာ ဆင်ခြင်သင့်ပါသည်။ မီးပွင့်ရုံ သံဂဟေဆော်တတ်ပြီး မပြိုလဲရုံ သံဖရိန်အိမ်ဆောက်၊ ဘုတ်ပြားကပ်၍ ဈေးပေါပေါအိမ်ယာ ဆောက်တတ်သော ဆောက်လုပ်ရေး လုပ်ငန်း ငယ် ကလေးများ ခေတ်စနစ်၏လိုအပ်ချက် ပေါ်ထွက်လာသည်ကို လွယ်ကူစွာ တွေ့မြင်ရပါမည်။ ထို့ကြောင့် လက်သမားသည် သစ်သားထည်အလုပ်ကို စွန့်ပစ်၍ သံဂဟေဆက်သာ အတတ်ပညာကို စတင်သင်ယူရပါမည်။ ထိုမှဆင့် အမျိုးသားအဆင့် ကျွမ်းကျင်မှု စာမေးပွဲများဖြေခြင်း၊ နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်များရယူပြီး ငွေကြေးခိုင်မာသော ဖွံ့ဖြိုးပြီးနိုင်ငံများသို့ သွားရောက်အလုပ်လုပ်နိုင်ရန် ကြိုးစားရမည်ဖြစ်ပါသည်။ စည်းစနစ်၊ အထိမ်းအကွပ်မရှိ၊ သစ်ခုတ်ရောင်းစားခဲ့ကြသော သူများကို အပြစ်တင် ဝေဖန်နေမည်လား၊ သင်၏ နောက်လာ နောက်သား သားစဉ်မြေးဆက်ကို ဤပတ်ဝန်းကျင်ကနေ လွတ်အောင်ရုန်းထွက်မလား ဆိုသည်မှာ သင်၏ ရွေးချယ်မှု အပေါ်မူတည်ပါသည်။
.
သင်၏ လက်ရှိ ဈေးကွက်တန်ဘိုး ဘယ်လောက်ရှိပါသလဲ ဆိုတာ သင်သိပါသလား၊ သင်ဘာလုပ်တတ် သလဲ သူဌေးအတွက် သင်ငွေဘယ်လောက် ရှာပေးနိုင်သလဲဆိုတာ သင် သိသင့်ပါသည်။ မိဘ၏ လယ်ယာ ကုန်သွားအောင် ရောင်းချပြီး အတန်းကျောင်းတက်ပြီး ဘွဲ့ဒီဂရီ၊ ဘွဲ့လွန်ဒီဂရီများ ကိုင်ထားသော အလုပ်လက်မဲ့များ ကဲ့သို့ သင်သည် ကုန်ကျငွေများစွာ ကျခံထားရသော လက်တွေ့လုပ်ငန်းခွင်နှင့် အံမ၀င် ခွင်မကျသောသူ တစ်ဦး ဖြစ်နေလျှင် ကိုယ့်ကိုယ်ကို ဝေဖန်ဆန်းစစ်ပါ၊ ဘာလုပ်ရမည်ဆိုသည်ကို လက်တွေ့ကျကျဆုံးဖြတ်ပါ။ စာရေးသူ၏ ဘ၀ အတွေ့အကြုံအရ အကြံပေးရလျှင် လက်တွေ့ဝင်ငွေရမည့် ကျွမ်းကျင်မှုဆိုင်ရာ အသက်မွေးဝမ်းကျောင်း ပညာများကို သင်ပြီး သေချာရေရာပြီး ခိုင်မာသော ဘ၀ကို တည်ဆောက်ပါ။
.
မှန်ကန်သော အသက်မွေးဝမ်းကျောင်း ဖြစ်သင့်ပါသည်။ မြန်မာနိုင်ငံတွင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းနှင့် ပတ်သက်၍ မှန်သည်၊ မှားသည် လုပ်သင့်သောလုပ်ငန်း ဖြစ်သင့်သောလုပ်ငန်း ဟုတ်မဟုတ်နှင့် အခြေအနေတို့ကို စာရေးသူ အနေနှင့် ဆက်လက်ဆွေးနွေးသင့်ပါသည်။
.
သာမန်တောင်သူ၊ လယ်သမားများထက် စိုက်ပျိုးရေးပညာ ကျွမ်းကျင်တတ်မြောက်သော စိုက်ပျိုးရေး ဘွဲ့ရများနှင့် စိုက်ပျိုးရေးဌာနမှ အငြိမ်းစားဝန်ထမ်းများ၏ လူဦးရေအများစုသည် စိုက်ပျိုးရေးဆေးနှင့် ဓာတ်မြေသြဇာ ရောင်းသော အလုပ်ကိုလုပ်ပါသည်။ စိုက်ပျိုးရေးမလုပ်ကြပါ။
.
စိုက်ပျိုးရေးဘွဲ့ရ လူငယ်အများစုကို လေ့လာလျှင် စိုက်ပျိုးရေးဆေးရောင်းသော ကုမ္ပဏီများတွင် အလုပ်လုပ်၍ ဓာတ်မြေသြဇာရောင်းသည်ကိုသာ တွေ့ရပါသည်။ တောင်သူလယ်သမား မလုပ်ကြပါ။
.
အခြေခံပညာရေး အထက်တန်းဆင့် စာမေးပွဲဖြေမည့် ကျောင်းသား ကျောင်းသူများကို ကျူရှင်သင် သော အလုပ်များကိုသာ လုပ်ကြပါသည်။
.
သင်စိုက်ပျိုးနေသော လယ်ယာမြေကို သိပ္ပံနည်းကျ ဓာတ်ခွဲစမ်းသပ်၍ ခေတ်မှီနည်းစနစ်များ သုံး၍ ရာသီဥတုမှတ်တမ်းမှတ်ရာ၊ ခန့်မှန်းချက်များနှင့်အတူ မည်သည့်သီးနှံစိုက်သင့်ကြောင်း ကျွမ်းကျင်ပညာရှင်များ၏ ထောက်ခံချက် တရားဝင်ရရှိဘူးပါသလား။ မသေချာ၊ မရေရာသော သေချာအောင်နေကြာစိုက်၊ တကယ်မလုပ်နဲ့ နွားပြုတ်သွားမည်။ မယုံမရှိနှင့် ကိုယ်တွေ့ပါဗျို့ဆိုသော အကြောင်းအရာများကို မှတ်မိပါသလား၊ ထိုအချိန်က သေချာအောင်နေကြာစိုက်ခိုင်းခဲ့ကြသူများသည် အငြိမ်းစားယူကြသောအခါ ကိုယ်တိုင်နေကြစိုက်သလား၊ စိုက်ပျိုးရေး ဆေးနှင့် ဓာတ်မြေသြဇာရောင်းသလားဆိုသည်ကို လက်တွေ့ကျကျ လေ့လာပါ။
.
လယ်ယာမြေကို သင်ပိုင်ဆိုင်ပါသလား၊ လယ်ယာမြေပုံစံ (၇)အရ ယာယီလုပ်ပိုင်ခွင့်ကို ပေးအပ်ထားပြီး ပိုင်ဆိုင်မှု နိုင်ငံတော်အစိုးရဟူသော မြေပေါ်တွင် မပိုင်ဝက်မွေး၊ ကိုယ့်ထမင်းကိုယ်စား၊ ကြီးတော်နွားအငှားကျောင်း ဟူသော သင်၏ စိုက်ပျိုးရေးလုပ်ငန်း အသက်မွေးမှုကို မှန်သည် မှားသည် ဆိုသည့်အချက်ကို သင်ကိုယ်တိုင် ဆုံးဖြတ်ပါ။
.
တစ်နိုင်ငံလုံးအတိုင်းအတာအရ မြေယာ သိမ်းဆည်းခံရမှု မည်မျှရှိသည်၊ မည်ကဲ့သို့ ဖြေရှင်းသည်ကို သင်သိပါသလား၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် လယ်ယာမြေ၊ ပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး မည်ကဲ့သို့ တိကျစွာ ဖော်ပြထားသည်ကို သင်သိပါသလား။ ယခုသင်လက်ရှိလုပ်ကိုင်နေသော လယ်ယာမြေကို စီမံကိန်းတစ်ခုခုကို အကြောင်းပြ၍ ကုမ္ပဏီ သို့မဟုတ် အစိုးရဌာန တစ်ခုခုက သိမ်းယူလိုက်လျှင် သင်ဘာလုပ်ရမည်ကို စီစဉ်ထားပါ သလား၊ ဘယ်သူ့ကို အားကိုး၍ ရမည်ကို သင်သိပါသလား၊ ကျွန်တော်ကိုယ်တိုင်သိလိုပါသည်။
.
စာရေးသူအနေနှင့် ဆွေးနွေးရလျှင် လယ်ယာလုပ်၍ စီးပွားရေး ပြေလည်သော မိသားစုကို အလွန် တွေ့ရခဲပါသည်။ တောင်သူ လယ်သမားများသည် ဆင်းရဲကြပါသည်။ ထို့ကြောင့် သင်၏ ချမ်းသာကြွယ်ဝမှုသည် သင်၏ဆုံးဖြတ်ချက်အသက်မွေးဝမ်းကျောင်းမှုအပေါ်တွင် မူတည်ပါသည်။ သားစဉ်မြေးဆက် ဆင်းရဲတွင်းနက်မည့် အလုပ်ကို လုပ်နေသူကို သနားငဲ့ညှာစရာ မလိုအပ်ပါ။ ဆင်းရဲသင့်၍ မွဲနေခြင်းသာ ဖြစ်ပါသည်။
.
သင်ရရှိနေသော သို့မဟုတ် သင်ကိုင်တွယ် သုံးစွဲနေသော ငွေကြေးသည် မည်မျှခိုင်မာမှုရှိသည်ကို သင်သိသင့်ပါသည်။ ခိုင်မာမှုမရှိသည့် ရွှေပေါင် အာမခံမရှိသောငွေကို ကိုင်တွယ်သုံးစွဲနေရလျှင် အန္တရာယ်သည် အချိန်မရွေး ကျရောက်နိုင်ပါသည်။ ထို့ကြောင့် ထိုဘ၀မှ လွတ်မြောက်ရန် နည်းလမ်းရှာသင့်ပါသည်။ ခိုင်မာသော ငွေကြေးကို ကိုင်တွယ်သုံးစွဲ၍ရသော နယ်စပ်ဒေသများသည် မြန်မာငွေတစ်မျိုးထဲကိုသာ သုံးစွဲရသော ဒေသများ ထက် လူမှုရေး၊ စီးပွားရေး ပို၍ အဆင်ပြေသည်ကို သတိထားသင့်ပါသည်။
အဆောက်အဦးတစ်ခုတွင် အောက်ခြေ၊ အခြေခံအုတ်မြစ် ခိုင်မာမှုသည် အလွန်အရေးကြီးပါသည်။ ထိုနည်းအတူ သင်နေထိုင်သော နေရာတွင် တရားမျှတမှုနှင့် ယုံကြည်စိတ်ချရမှုသည် အသက်တမျှ အရေးကြီးပါ သည်။ တရားမျှတမှုမရှိလျှင် ငြိမ်းချမ်းမှုမရှိနိုင်ပါ။ ထို့အတူ ယုံကြည်စိတ်ချရမှုမရှိလျှင်လည်း ငြိမ်းချမ်းမှု မရှိနိုင်ပါ။ ထိုအကြောင်းအရာများကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရှာဖွေလေ့လာနိုင်ပါသည်။
.
.
၂၀၁၈ ဖွဲ့စည်ပုံအခြေခံ ဥပဒေကို လေ့လာရာတွင်
.
အခန်း (၁) နိုင်ငံတော်အခြေခံမူများမှစ၍ လေ့လာရပါမည်။ ပုဒ်မ ၆ (စ) ပုဒ်မ -၂၆ (က) ကို ဂရုစိုက်၍ ဖတ်ရှုရပါမည်။ ဥပေပြုရေး ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းခြင်းပုဒ်မ -၇၄(က)၊ ပုဒ်မ- ၁၀၉(ခ)၊ ပုဒ်မ - ၁၄၁ (ခ) တို့နှင့်အတူ အခြေခံမူတွင်ဖော်ပြထားသော ပုဒ်မ-၂၁(က)၊ ပုဒ်မ-၃၈(က)တို့ကိုလည်း လေ့လာရပါမည်။ စီးပွားရေးအရ လေ့လာရာတွင် ပုဒ်မ - ၃၆(ခ)၊ ပုဒ်မ-၃၆ (ဃ)နှင့် ပုဒ်မ - ၃၇(ခ) တို့ကို ပူးတွဲလေ့လာရမည်ဖြစ်ပါသည်။
.
အခန်း(၂)နိုင်ငံတော ဖွဲ့စည်းတည်ဆောက်ပုံကို လေ့လာမည်ဆိုပါက ပုဒ်မ - ၅၂ (က)၊ ပုဒ်မ- ၅၂ (ခ) (၃)နှင့် ပုဒ်မ - ၅၆ တို့ကို လေ့လာသင့်ပါသည်။
.
အခန်း(၃)နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများတွင် ပုဒ်မ - ၅၇ မှ ပုဒ်မ - ၇၃ အထိ ပုဒ်မပေါင်း - (၁၇) ခု ပါရှိသည်။ လူမျိုးရေးတန်းတူမှုကို ဖော်ထုတ်နိုင်သည့် ဥပဒေပုဒ်မကို ရှာဖွေလေ့လာရပါမည်။ ဥပဒေပုဒ်မ - ၆၈ ပြည်ထောင်စုလွှတ်တော်အကြီးအမှူးထံပေးပို့ထားသော ပိုင်ဆိုင်မှုစာရင်းဇယားများကို ပြည်သူအများ ပွင့်လင်းမြင်သာ စွာ တွေ့မြင်နိုင်ရန် တရားဝင် သတင်းထုတ်ပြန်ခြင်း ရှိ/မရှိကို လေ့လာရန်လိုပါသည်။
.
အခန်း(၄) ဥပဒေပြုရေး၊ ပြည်ထောင်စုလွှတ်တော်ကို လေ့လာရာတွင် ပုဒ်မ - ၇၄ (က) နှင့် ၇၄ (ခ) တို့ကို ပုဒ်မ - ၁၀၉ နှင့် ပုဒ်မ -၁၄၁ တို့နှင့် ပူးတွဲလေ့လာသင့်ပါသည်။ ထို့အပြင် ပုဒ်မ- ၂၁(က) နှင့် ပုဒ်မ - ၁၂၁(ည) တို့ကို ပူးတွဲလေ့လာရပါမည်။
.
အခန်း(၅) အုပ်ချုပ်ရေးပြည်ထောင်စု အစိုးရအဖွဲ့ကို လေ့လာရာတွင် ပုဒ်မ - ၁၉၉(က)၊ ပုဒ်မ-၂၀၁ နှင့် ပုဒ်မ-၂၁၅ တို့ကို လေ့လာသင့်ပါသည်။ ထို့အပြင် ပုဒ်မ- ၂၃၂(ည)(၂)နှင့် ၂၃၂(ည)(၁)တို့ကိုလည်း လက်မလွှတ် သင့်ပါ။
.
အခန်း(၆) တရားစီရင်ရေးကို လေ့လာရာတွင် ဂျူရီစနစ် သို့မဟုတ် ခုံအဖွဲ့ဖြင့် စစ်ဆေးသည့် စနစ်တို့ကို လေ့လာရပါမည်။
.
အသေးစိတ်သိလို လေ့လာလိုသူများအနေနှင့် မိမိအစီအစဉ်ဖြင့် မိမိစာအုပ်ဝယ်ဖတ်ရပါမည်။ စာရေးသူအနေနှင့် ဥပဒေဆောင်းပါရေးခြင်းမဟုတ်ပါ။ နည်းပညာနှင့် ကျွမ်းကျင်မှုဆုင်ရာ သင်တန်းများနှင့် စီးပွားရေး ဆိုင်ရာ အကြံပေးသာ ဖြစ်ပါသည်။ အောက်ခြေလူတန်းစားများအတွက် လူမှုရေး၊ စီးပွားရေး တိုးတက်လာစေရန် အတွက် အသိပညာပေးလမ်းညွှန်ပေးခြင်းသာ ဖြစ်ပါသည်။ Rueal Development Consultant Service သာဖြစ်ပါသည်။
.
သစ်ပင်ပန်းပင်ကလေးတစ်ပင် ရှင်သန်ကြီးထွားလာစေရန်အတွက် ရာသီဥတု၊ မြေဆီမြေသြဇာ၊ ရေမြေ သာမက ပတ်ဝန်းကျင်မှ အနှောက်အယှက်ကင်းရပါမည်။ ဂရုပြု၍ ပြုစု ပျိုးထောင် ပေါင်းသင်၊ မြေဆွ၊ ရေလောင်း၊ ဓာတ်မြေသြဇာ ထဲ့ရပါမည်။ ထို့အတူ ဆင်းရဲ၊ မွဲတေနေသော သင်၏ မိသားစု ဆင်းရဲတွင်းမှ လွတ်ကင်းရန်အတွက် ကောင်းမွန်သော ပတ်ဝန်းကျင် ပြုစုပျိုးထောင်ပေးသောသူနှင့်အတူ သင်ကိုယ်တိုင်ရုန်းကန် ကြိုးစားရန်လိုအပ် ပါသည်။ ကျောက်တောင်ကုန်း၊ သဲကန္တာရတွင် ပျိုးပင်ငယ်ကလေး မရှင်သန်နိုင်သကဲ့သို့ အသက်ရှင်ရပ်တည်ရန် ခဲရင်းသော အခြေအနေပတ်ဝန်းကျင်တွင် သင်ရပ်တည်ရန် ရှင်သန်ကြီးထွားရန် မဖြစ်နိုင်ပါ။ ထို့ကြောင့် သင် ကိုယ်တိုင် စူးစမ်းလေ့လာပြီး သင့်တော်ရာအရပ်သို့ ပြောင်းရွှေ့၍ ဘ၀သစ်ကို ထူထောင်သင့်သည်။ သို့မဟုတ် လက်ရှိအခြေအနေကို လက်ခံသည်ကို သင်ကိုယ်တိုင်အချိန်ယူ၍ ဆုံးဖြတ်ပါ။ မြက်ခြောက်စားနေသော နွားမှ နွားနို့ကောင်း မရနိုင်ပါ။ လူလည်းမကွာခြားလှပါ။
.
စကားပုံလေးတစ်ခုနှင့် နှိုင်းယှဉ်ပြောရလျှင် သူတောင်းစား မျိုးရိုးမရှိ၊ ပျင်းလျှင်သူတောင်းစားဆိုသော စကားတစ်ခု ရှိပါသည်။ ပတ်ဝန်းကျင်ကလည်း ရှင်သန်ကြီးပွားရန် ခက်ခဲ။ လူကလည်းအပျင်းထူနေလျှင် ဆင်းရဲမွဲတေ ခြင်းဟူသော အမွေကို အကျိုးဆက် ရရှိမည်ဖြစ်ပါသည်။
.
ရေကြည်ရာ မြက်နုရာသို့ ပြောင်းရွှေ့မည်ဆိုပါက ထိုရေမြေသစ်တွင် မည်သို့ ရပ်တည်ရမည်၊ အသက်မွေးဝမ်းကျောင်းပြုလုပ်ရမည်ကို တတ်နိုင်သမျှ အကောင်းဆုံးဖြစ်ရန် ပြင်ဆင်ထားရပါမည်။ အခြေခံအားဖြင့် ဘာသာစကား၊ နေရာသစ်တွင် လုပ်ကိုင်ရမည့်အလုပ်အကိုင် ကျွမ်းကျင်မှု ဈေးကွက်လုပ်အပ်ချက်တို့ကို လေ့လာထား ရပါမည်။ သင်ပြောင်းရွှေ့မည့် အရပ်ဒေသတွင် သင်နှင့် ကိုက်ညီမည့် စီးပွားရေးလုပ်ငန်းကို သိထားရပါမည်။ ဥပမာအားဖြင့် စာရေးသူတို့ ငယ်စဉ်က စင်္ကာပူတွင် သင်္ဘောပြင်သော အလုပ်ကြမ်းများ လွယ်ကူစွာ ရရှိနိုင်ပါသည်။ အလွန်ပေသီးခေါက်သော၊ ငွေပေးနဲသော ကုမ္ပဏီများတွင် လွယ်ကူစွာ အလုပ်ရနိုင်ပါသည်။ ထိုကဲ့သို့သော ကုမ္ပဏီ များ၏ အမည်စာရင်းကို အချင်းချင်းလက်တို့၍ နောက်ရောက်လာသောလူသစ်မျာကို လက်ဆင့်ကမ်းပေးလေ့ ရှိခဲ့ကြပါသည်။
.
စာရေးသူအနေဖြင့် အတော်များများကို ဆွေးနွေးပြီးပါပြီ ဆွေးနွေးခဲ့သောအကြောင်းအရာများတွင် သင်နှင့် သင့်ပတ်ဝန်းကျင်၏ အခြေအနေအကြောင်းအရာပိုင်းကို လုံလောက်သလောက်ရှိပြီ ပြောင်းလဲနေသည့် သင့်ပတ်ဝန်းကျင်ကို မျက်ခြေမပြတ်လေ့လာခြင်းကို ဆက်လက်လေ့လာဆွေးနွေးသွားပါမည်။ ပတ်ဝန်းကျင်သည် နည်းပညာ၊ ဆက်သွယ်ရေး၊ လူမှုစီးပွားရေး အခြေအနေများအမြဲ ပြောင်းလဲနေသလို အသက်မွေးဝမ်းကျောင်းဖြစ်စဉ် အလုပ်လိုအပ်ချက်များလည်း အမြဲပြောင်းလဲနေပါသည်။ လက်ရှိဈေးကွက်တွင်ရှိသော အလုပ်၊ လုပ်ငန်းခွင် လိုအပ်ချက်တို့သည် နောင်နှစ်တွင် လိုအပ်မည့်အလုပ် လုပ်ငန်းခွင် လိုအပ်ချက်တို့နှင့် ကွဲလွဲနိုင်ပါသည်။ ထို့ကြောင့် သင်သည် ခေတ်နှင့်အတူပြောင်းလဲ ရုန်းကန်၍ မိမိကိုယ်မိမိဈေးကွက်လိုအပ်ချက်၊ ဈေးကွက်တန်ဖိုးကို ဖြည့်ဆည်းနိုင်သူ ဖြစ်ရပါမည်။
.
နိုင်ငံခြားတွင် အလုပ်အကိုင်လစာကောင်းရရန်အတွက် အင်ဂျင်နီယာသင်တန်းများကို သုံးလေးလ အတွင်း တတ်အောင်သင်ပေးမည် တစ်လလျှင် သိန်းနှစ်ဆယ်၊ သုံးဆယ်ရမည်ဆိုသော သင်တန်းများ၏ ဖြစ်နိုင်ခြေကို သင်ကိုယ်တိုင် ဖြစ်နိုင်/မဖြစ်နိုင် စဉ်းစားပါ။ သင်တန်းတက်သည်ကတော့ ကောင်းပါသည်။ နိုင်ငံခြားတွင်လည်း သင်ဘာလုပ်နိုင်သည်ဆိုသော အချက်ပေါ်တွင် သင်၏၀င်ငွေ အနဲအများရှိပါသည်။
.
နိဂုံးချုပ် ဆွေးနွေးရလျှင် သင်၏ ဈေးကွက်တန်ဘိုးကို သင်ကိုယ်တိုင်မြှင့်တင်ပါ။ ထို့နောက် မိမိနှင့် သင့်တော်မည့်အလုပ်ကို ရှာပါ။ အလုပ်ကို ၀ယ်ယူရန်မကျိုးစားပါနှင့် ဖြတ်လမ်းနည်းကို အလွန်အမင်းအားမကိုးပါနှင့်။
.
(Part-II), (Part-II) များ ဆက်လက်ဖော်ပြပါမည်။ 


M Zaw Aung is with Kywet Ni and 11 others.
20 hrs
ဆင်းရဲခြင်းမှ လွတ်ငြိမ်းအောင် (Part-II & Part-III အဆုံး)
ပြုစုသူ - ကျော်နိုင်
ကျွမ်းကျင်မှုပညာတစ်ခုတတ်မြောက်ရန်လိုအပ်ခြင်းနှင့် အလုပ်လက်မဲ့ ဆင်းရဲခြင်း
ကျွန်တော်တို့၏ နေ့စဉ်လှုပ်ရှားမှုများတွင် ကျွမ်းကျင်မှုတစ်ခုမပါသော လုပ်ငန်းခွင်၊ လှုပ်ရှားသွားလာမှု မရှိပါ။ အစားအသောက် ပြင်ဆင်ချက်ပြုတ်ရာမှ လိုရာအလုပ်ခွင်သို့ သွားလာရန် ယာဉ်မောင်းနှင်ခြင်း အစပြုပြီး ညအိပ်ရာသည်အထိ သင်ကိုယ်တိုင်ဖြစ်စေ သင်နှင့်အတူ သွားလာလှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်မှုများတွင် ဖြစ်စေ ကျွမ်းကျင်မှု အတွေ့အကြုံလိုအပ်သည် ဖြစ်ပါသည်။ သင်၏ ဘ၀ရပ်တည်မှုတွင် လွယ်ကူသက်သာစေရန် အတွက် ကျွမ်းကျင်မှုများကို သင်ယူလေ့ကျင့်ထားရပါမည်။ သင်ရွေးချယ်သော ဘ၀၊ ကျွမ်းကျင်မှုအတွက် လိုအပ် သော လုပ်ငန်းဆောင်တာများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် သင့်တွင် မဖြစ်မနေရှိရမည့် အရည်အချင်း များတွင် အတွေ့အကြုံနှင့် ကျွမ်းကျင်တတ်မြောက်မှု လိုအပ်ပါသည်။
.
ယနေ့ခေတ် လူအများစုမှာ အလုပ်ကို ၀ယ်ယူရန်ကြိုးစားနေကြပါသည်။ အခကြေးငွေနှင့် ၀ယ်ယူ ထားသော လုပ်ငန်းခွင်တွင် အလုပ်သဘာဝကို မသိ၊ အလုပ်ခွင်တွင် ပတ်ဝန်းကျင် လုပ်ဖော်ကိုင်ဘက်များနှင့် အဆင်တပြေရှိရန် အလိုက်တသိ ကိုယ့်တာဝန် ကိုယ်ယူတတ်မှု ဘာမှ မရှိသော အလုပ်သမားတစ်ဦးကို မည်သူကမျှ မည်သည့်အလုပ်ရှင်က မနှစ်သက်ကြပါ။ ထို့ကြောင့် သင်လုပ်ကိုင်မည့် အလုပ်ခွင်နှင့် ကိုက်ညီသော လုပ်ငန်းခွင် ကျွမ်းကျင်မှု၊ မရှိမဖြစ် တတ်သိရမည့် အသိပညာ မရှိလျှင် ဘ၀ ရပ်တည်မှုခက်ခဲပါလိမ့်မည်။ စာရေးသူအနေနှင့် စာရေးသူ တတ်နိုင်သော ကူညီပံ့ပိုးနိုင်သော နည်းပညာနှင့် ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများကို ပြင်ဦးလွင်မြို့တွင် နိုင်ငံတော်အစိုးရ၏ အသိအမှတ်ပြု ဖွင့်လှစ်ထားပါသည်။ စိတ်ဝင်စားသူများအနေနှင့် ဦးကျော်နိုင် B.E (Mech 85), PE Building Services, စ ၂ (၇၁-၇၂) ရပ်ကွက်ကြီး - (၁၀)၊ န၀ရတ်လမ်းနှင့် သိင်္ဂီလမ်းကြား၊ ကားကြီးကွင်းအနီး၊ ပြင်ဦးလွင်မြို့တွင် စုံစမ်းနိုင်ပါသည်။
.
ယနေ့ခေတ် လူငယ်အများစုသည် အခြေခံပညာရေး အထက်တန်းအောင်မြင်ရန်အတွက် နှစ်ဆယ့် ငါးသိန်းမှ သိန်းသုံးဆယ်ကျော် အကုန်ခံ၍ ကျူရှင်ယူ ပညာသင်ကြရပါသည်။ ထိုမှတဆင့် ဘွဲ့တစ်ခုရရှိသည် အထိ ကုန်ကျငွေကို လူတိုင်းအသိပင်ဖြစ်ပါသည်။ ထိုကုန်ကျငွေ သိန်းပေါင်းများစွာနှင့် နှစ်ပေါင်းများစွာ အချိန်ကုန်၊ ငွေကုန် ရင်းနှီးထားရပြီးနောက် ဘ၀ကို တစ်မှပြန်စပြီး ရပ်တည်မှုအတွက်ဘွဲ့ရ၊ အလုပ်လက်မဲ့ဘ၀သို့ ရောက်ကြသည်က များပါသည်။ ခေတ်စနစ်ကို အပြစ်ဖို့ပြီး မိဘနှင့်ကျောင်းသားတွင် တာဝန်မရှိသကဲ့သို့ ပြောဆိုကြပါသည်။ သင်ဆင်းရဲခြင်းသည် သင့်မှာသာ တာဝန်ရှိပါသည်။ သင်ဘာလုပ်တတ်သလဲ၊ ဘယ်နေရာတွင် အသုံးကျသလဲ ဆိုသော မေးခွန်းနှင့်အတူ သင့်ဘ၀ကို သင်တည်ဆောက်ရမည် ဖြစ်ပါသည်။ လက်ရှိနေထိုင်ရာအရပ်တွင်ရှိသော ၀န်ဆောင်မှုလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းအစရှိသည်တို့တွင် သင်တတ်နိုင်သောအလုပ်၊ သင်ပါဝင်လိုသော နေရာတွင် သင်ဝင်ရောက်လုပ်ကိုင်နိုင်ရန်အတွက် သင့်တွင် ထိုက်တန်သောအရည်အချင်းရှိရပါမည်။ ဥပမာအားဖြင့် ကားမောင်း သမား တစ်ဦးဖြစ်ရန်အတွက် ယာဉ်မောင်းကျွမ်းကျင်ရပါမည်။ ယာဉ်မောင်းလိုင်စင်ရှိရပါမည်။ ကျန်းမာရေး ကောင်းရပါမည်။ ဆက်ဆံရေး ကောင်းရပါမည်။ ကားအကြောင်းနားလည်ရပါမည်။
.
နိဂုံးချုပ်နေနှင့် ဆွေးနွေးရပါလျှင် အရာအားလုံးသည် သင့်အပေါ်တွင် တည်ပါသည်။ သင်ဆင်းရဲခြင်း သည် အလုပ်ခွင်နှင့် သင့်တော်လိုအပ်သော အရည်အချင်း ကျွမ်းကျင်မှုမရှိ၍ဖြစ်သည်။ သင်သည် ဆင်းရဲ၍ ဆင်းရဲခြင်းသာ ဖြစ်ပါသည်ဟု မှတ်ယူသင့်ပါသည်။
.
နည်းပညာနှင့် ပတ်သက်သော လုပ်ငန်းစဉ်အားလုံးသည် ခေတ်နှင့်အညီပြောင်းလဲတိုးတက် နေကြပါသည်။ ဥပမာအားဖြင့် မော်တ်ေကားစက်ပြင်တစ်ဦးသည် ယခင်အခါက ဆီပျောက်၊ မီးပျောက်၊ ရေပျောက်၊ အင်ဂျင်ဝိုင်ခမ်း၊ မီးထိုးလိုက် အစရှိသည်ဖြင့် မျက်စေ့၊ နား၊ နှာခေါင်းကို အသုံးပြု၍ အလုပ်လုပ်ကြရပါသည်။ ယခုအခါတွင် ကွန်ပျူတာ စနစ်ဖြင့် ချို့ယွင်းချက်ရှာရသောကြောင့် စက်ပြင်ဆရာများ အနေဖြင့် အဆက်မပြတ် ဆည်းပူးလေ့လာခြင်းနှင့် မိမိကိုယ်ကို မိမိလုပ်ငန်းခွင်နှင့် လိုက်လျောညီထွေပြောင်းလဲနေရပါသည်။ ထို့ကြောင့် ကျွမ်းကျင်မှုတစ်ခုကို ခေတ်စနစ် လိုအပ်ချက်နှင့်အညီ နားလည်းတတ်ကျွမ်းနေစေခြင်းသည် မိမိကိုယ် မိမိ ဆင်းရဲခြင်းဘေးမှ ကယ်တင်နေခြင်း ဖြစ်သည်ကို မဖြစ်မနေနားလည်းသဘောပေါက်နေရပါမည်။
.
.
မပေါင်းသင်းအပ်၊ မပတ်သက်အပ်သော သူများနှင့် မပတ်သက်ပါနှင့်
စာရေးသူတို့ ငယ်စဉ်က မူလတန်းကျောင်းတွင် ၃၈ ဖြာ မင်္ဂလာ သင်ခဲ့ရဖူးပါသည်။ လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့ မမှီဝဲနှင့် ကင်းအောင်နေဆိုသော အချက်ကိုတော့ အနည်းငယ်မှတ်မိသလိုရှိပါသည်။ အဓိပ္ပါယ် ဆိုလိုရင်းကို မိမိလိုသလို ဆွဲတွေးကြရလျှင်တော့ လူမိုက်ဆိုသောစကားလုံးမှာ မိမိနှင့် မိမိပတ်ဝန်ကျင်ရှိ လူအများ၏ ကောင်းကျိုးကို ထိခိုက်ပျက်စီိးစေသူကို ဆိုမလား၊ မည်ကဲ့သို့သော သူများက ကျွန်ုပ်တို့၏ ကောင်းကျိုးစီးပွားကို ပျက်စီးဆုံးရှုံးစေသည် ဆိုသည်ကို စာရေးသူအနေဖြင့် ဆက်လက်ဆွေးနွေးသွားမည်မဟုတ်သော်လည်း အောက်ပါ အချက်များကိုတော့ ကောက်နှုတ်တင်ပြသွားပါမည်။
.
(က) မယုံကြည်ရသော၊ကိုယ်ကျင့်တရားမကောင်းသောသူ သို့မဟုတ် အဖွဲ့အစည်းနှင့်မပတ်သက်ပါနှင့် မယုံကြည်ရသောသူ ဆိုသည်မှာ သင်အသိဉာဏ်ရှိသရွေ့စဉ်းစားပါ။ ရှေ့နောက်မညီသော အပြုအမူ၊ မူဝါဒ၊ ရာဇ၀င် အဖြစ်အပျက် အားလုံးကို စုံစမ်းလေ့လာပြီး သင်ကိုယ်တိုင် ဆုံးဖြတ်ပါ။ ကိုယ်ကျင့်တရားမကောင်းသောသူ သို့မဟုတ် အဖွဲ့အစည်းဆိုသော အချက်တွင်လည်း သင်ကိုယ်တိုင်လေ့လာပါ။ ဘာသာရေးနှင့် အခြားအကြောင်းအရာများ၊ ကိုယ်ကျိုးစီးပွားနှင့် ပတ်သက်နေသော လူပုဂ္ဂိုလ်နှင့် အခြားအဖွဲ့အစည်းအားလုံးကို တတ်နိုင်သ၍ မပတ်သက်ပါနှင့်။
(ခ) တာဝန်ယူမှု ၊ တာဝန်သိမှု မရှိသော လူပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် အဖွဲ့အစည်းနှင့် သင်ပတ်သက်နေ ရလျှင် ရုန်းထွက်နိုင်ရန် ကြိုးစားပါ။ သင်ကိုယ်တိုင် မရုန်းထွက်နိုင်သေးလျှင် သင်၏နောင်လာနောက်သားများအတွက် သင်ကိုယ်တိုင် အချိန်ယူ၍ စဉ်းစားပါ။
.
(ဂ) လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုဖြစ်စေ၊ သင်နှင့်ပတ်သက်နေရလျှင် ထိုသူ သို့မဟုတ် အဖွဲ့အစည်းသည် မည်ကဲ့သို့ ရပ်တည်နေသည်၊ မည်သည့်ဝင်ငွေဖြင့် ရပ်တည်လှုပ်ရှားနေသည်ကို လေ့လာပါ။ ဘုရားမှ ရွှေးခိုး၍ လူကြီးလူကောင်းလုပ်နေသော ဘုရားလူကြီးကို သူတော်ကောင်းကြီးအဖြစ် သင် အလိမ်ခံရသကဲ့သို့ မဖြစ်ရန်မှာ သင်၏ တာဝန်သာဖြစ်သည်။
.
(ဃ) ရလိုမှု၊အချောင်လိုချင်သောစိတ်နှင့်မယုံကြည်ရသောသူကို ပေါ့ဆအထင်သေးသောစိတ်နှင့်မပတ်သက် ပါနှင့်။
.
(င) သူခိုးတွင် ဦးချိုမရှိပါ။ ဥပဓိရုပ်ကောင်း၍ ဟိတ်ဟန်ပြုလုပ်နိုင်သောသူများ၊ အများယုံကြည်စေနိုင်သော သူများကသာ အကြီးအကျယ် လိမ်လည်မှုပြုလုပ်နိုင်သည်ကို အမြဲနှလုံးသွင်းပါ။ သူခိုး၊ ဂျပိုး ရုပ်ပေါက်နေသူသည် သင့်ကို ထိခိုက်အောင်လိမ်၍ သင့်စီးပွားကို ပျက်အောင် မလုပ်နိုင်ပါ။ သင်၏မတော် လောဘစိတ်ကို ထိမ်းပါ။
.
(စ) ယခင်ကြုံတွေ့ခဲ့ရဘူးသော အဖြစ်အပျက်များမှ သင်ခန်းစာယူရန်များကို လုံးဝမမေ့ပါနှင့် သားစဉ် မြေးဆက်အမှတ်ရပါစေ။ ဥပမာအားဖြင့် သမိုင်းဝင်ဖြစ်ပျက်ခဲ့သော မတရားအနိုင်ကျင့်ခံရမှုများ၊ မည်သူထံတွင် တာဝန်ရှိသလဲ၊ ဘယ်လိုအရေးယူခဲ့သလဲ၊ နောင်မဖြစ်ရအောင် ဘယ်လိုကာကွယ်ကြမလဲ။ ခွင့်လွှတ် သည်းခံခြင်းဖြင့် ငြိမ်းချမ်းမှုကို ယူကြမယ်ဆိုလျှင် သမိုင်းဘာသာသင်ကြားခြင်းနှင့် ထိုဘာသာနှင့် ပတ်သက်သော ပညာရေးဌာနများကို ပိတ်ပစ်၍ မှတ်တမ်းမှတ်ရာများကို ဖျက်ဆီးပစ်ရန်သာရှိသည်ကို သင်ကိုယ်တိုင် စဉ်းစားဆင်ခြင်ပါ။ သင့်အတွက် လုံခြုံမှု မရှိလျှင် အခြားသူများကို ဖွင့်မပြပါနှင့်။
.
(ဆ) သင်ရောက်ရှိနေသော နေရာသည် တရားမျှတမှုနှင့် ယုံကြည်စိတ်ချရမှု ရှိပါသလား၊ မရှိလျှင် ရှိအောင် ပြောင်းလဲဖန်တီးနိုင်မလား၊ မတတ်နိုင်လျှင် လွတ်မြောက်အောင် ထွက်ပြေးနိုင်မလား၊ မိမိတသက်အတွင်း လွတ်မြောက်အောင် မပြေးနိုင်လျှင် မိမိ၏သားစဉ်မြေးဆက်၊ ထိုအခြေအနေဆိုးကြီးအတွင်းမှ လွတ်မြောက်စေရန် သင်ဘာလုပ်နိုင်သလဲဆိုတာ နေ့ ည စဉ်းစားပါ။ မိမိထက် အသိဉာဏ်ကြွယ်ဝပြီး ဗဟုသုတပြည့်စုံသော သူများထံမှ အကြံဉာဏ်ရယူပါ။
.
(ဇ) လက်တွေ့ရှင်ဆိုင်ထိတွေ့နေရသော ပတ်ဝန်းကျင်ကို သင်ကိုယ်တိုင်း စူးစမ်းလေ့လာပါ။ အထက်ပါ အချက်အလက်များနှင့် ကိုက်ညီမှုရှိ/မရှိကို သင်ကိုယ်တိုင် ဆုံးဖြတ်ပါ။ မည်သည့် အချက်အလက်များကြောင့် တရားမျှတမှုရှိသည် မည်သည့်အချက်အလက်များကြောင့် တရားမျှတမှုမရှိသည်ကို သင်ကိုယ်တိုင် မှတ်တမ်း ပြုစုပါ။ မှတ်တမ်းမှတ်ရာများကို မိသားစုအတွင်းရေးအဖြစ် သိမ်းထားပြီး သားစဉ်မြေးဆက်သိရှိစေရန် စီစဉ်ထားပါ။ မိသားစုပြင်ပမှ သူစိမ်းများသိရှိသွားပါက သင်၏ လုံခြုံရေးကို ထိခိုက်စေနိုင်သည်ကို သတိထားရပါမည်။
.
(ဈ) အကြောင်းအရာတိုင်းတွင် နောက်ကွယ်မှ အကြောင်းအရာများ ရှိတတ်ပါသည်။ မြင်တတ် အောင်ကြည့်ပါ။ လိမ်နိုင်ရင် လူကြီးလူကောင်း၊ ညာနိုင်ရင် ပညာရှိ ဆိုသော အခြေအနေကို မြင်တတ်အောင်ကြည့်ပါ။ အရှိန်အ၀ါ၊ ခန့်ညားထည်ဝါမှု။ ဟိတ်ဟန်နှင့် မစားရ၀ခမှန်း ပြောနေလျှင် သင်၏ ယုံကြည်လေးစားမှုကို ညှို့ယူဖမ်းစား နေလျှင် အကြီးအကျယ် လိမ်တော့မည် သင့်ကို ရောင်းစားတော့မည်ကို အသိရပါ။ ယုံကြည်အားကိုးရာ ဘာသာ တရားနှင့် နိုင်ငံရေးရောစပ်ပေါင်းစည်း၍ အားလုံးကို လိမ်စားသွားကြသော လူကြီးလူကောင်း လူလိမ်များ၏ ကိုယ်ကျိုး ရှာသော နည်းစနစ်များကို လွယ်ကူ ရှင်းလင်းစွာလေ့လာနိုင်ပါသည်။
.
(ည) အထက်ပါ အကြောင်းအရာများကို နားလည်းသဘောပေါက်ရန် အခက်အခဲ ဖြစ်နေပါက စာများများဖတ်ပါ။ ဥပဒေနှင့်ပတ်သက်သော စာများ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ ရှင်းလင်းရေးသား ထားသော စာအုပ်များကို ဖတ်ပါ။ ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်းကို လေ့လာပါ။ သမိုင်းဘာသာ သင်ယူရခြင်းသည် မအရန် ဟူသော ဆရာကြီး ဒေါက်တာသန်းထွန်း၏ စကားကို သတိရပါ။ သင်နှင့်တကွ သင်၏ သားစဉ်မြေဆက် လူလိမ်ခံနေရသလား၊ မှန်ကန်မှု ရှိ/မရှိကို သင်၏ မိသားစု၏ အတွင်းရေးအဖြစ်သာထားပါ။
.
.
သင်၏ပေးဆပ်နိုင်စရာအရည်အချင်း၊ ထုတ်ကုန်
စာရေးသူအနေဖြင့် ဆွေးနွေးလိုသော အချက်မှာ သင်၏လုပ်ဆောင်နိုင်သော အတိုင်းအတာ၊ သင် ဘာလုပ်တတ်သလဲ၊ ဘာလုပ်နိုင်သလဲ စသောအချက်ဖြစ်ပါသည်။ သင်ပိုင်ဆိုင်သည့် အများကို အကျိုးပြုနိုင်သော အရာ ဘာရှိသလဲ၊ သင့်ဘက်မှ ပေးဆပ်နိုင်သောအရာ ဘာရှိသလဲကို ဆိုလိုပါသည်။ ဥပမာအားဖြင့် ဟင်းသီးဟင်းရွက်ရောင်းသောသူက သင်ငွေပေးချေလျှင် ဟင်းသီးဟင်းရွက် ပြန်ပေးနိုင်ပါသည်။ ဆရာဝန်က သင် မကျန်းမာလျှင် ဆေးကုသပေးပါမည်၊ ထို့အတွက် သင်က အခကြေးငွေ ပေးရပါမည်။ သင့်ကို အခကြေးငွေပေးပါက သင့်ထံတွင် ပြန်ပေးနိုင်သော အရာဘာရှိပါသလဲ၊ သင့်ထံတွင်ရှိသော ရောင်းကုန်ပစ္စည်းဘာရှိပါသလဲ။
.
ပညာ၊ ကျွမ်းကျင်မှုကို အရင်းပြု၍ စီးပွားရှာစားကြသော ဆရာဝန်၊ ကျောင်းဆရာ၊ ဥပဒေပညာရှင် ကဲ့သို့ လူတန်းစားတွင် သင်ပါဝင်နေပါသလား၊ သို့မဟုတ် အောက်ခြေလူတန်းစား ခွန်အားဗလကို မှီခိုအားကိုး၍ ဘ၀ရှင်သန်မှုအတွက် ရုန်းကန်ရှာဖွေး စားသောက်နေရပါသလား၊ သင်ကိုယ်တိုင် ဝေဖန်ဆုံးဖြတ်သင့်ပါပြီ။ ခွန်အား ဗလကို မှီခိုနေရပါက သင်၏ နည်းပညာဆိုင်ရာ၊ ကျွမ်းကျင်မှုဘာရှိပါသလဲ။ ထိုနည်းပညာဆိုင်ရာ ကျွမ်းကျင်မှုသည် သင်လက်ရှိနေထိုင်ရာ ပတ်ဝန်းကျင်တွင် မည်ကဲ့သို့ အသုံးချနိုင်သည်ကို သိရှိရပါမည်။ ဥပမာအားဖြင့် ကျွမ်းကျင်သော တံငါသည်၊ ရေလုပ်သားသည်၊ ရေမရှိသော ကုန်းခေါင်ခေါင်၊ တောင်ပေါ်တွင် အသုံးမ၀င်သောသူ ဖြစ်သွားပါမည်။ ထို့အတူ ထန်းတက်သောသူကို စပါးစိုက်၊ ကောက်စိုက်၊ ပျိုးနှုတ်လုပ်ခိုင်း၍ ခရီးမတွင်လှပါ။
.
စာရေးသူအနေဖြင့် လူမှန် နေရာမှန် အခြေအနေ ရှိမရှိဆိုသော အကြောင်းအရာနှင့်တကွ ထိုအခြေ အနေမှ ရရှိသော အကျိုးသက်ရောက်မှုကိုပါ ဆိုလိုပါသည်။ လောကကြီးတွင် ဘာတစ်ခုမျှ အလကား မရရှိနိုင်ပါ။ အကယ်၍ အလကားရရှိထားသောအရာများနေပါက တချိန်ချိန်တွင် တနည်းနည်းဖြင့် ပေးဆပ်ရမည်သာ ဖြစ်ပါသည်။ ဥပမာအားဖြင့်ဆိုသော ဆင်းရဲသားများကို မောင်းထုတ်၍ မြေသိမ်းအကွက်ရိုက်ရောင်းစား၊ သူဌေးဘွဲ့ခံ လူတန်းစားများအတွက် တိုင်းပြည်စီးပွားရေး ချွတ်ချုံကျသည့် နောက်ဆက်တွဲနှင့် ဆင်းရဲ ချမ်းသာ တန်းတူ မျှစေမည့် ချဉ်ပေါင်နှင့် ၀က်သားလဲကြစို့လား အခြေအနေကို မလွှဲမသွေ ရရှိကြရမည်ဖြစ်ပါသည်။
.
အားလုံးအတွက် အေးချမ်းသာယာစွာ နေထိုင်နိုင်ရေး လူတိုင်းလူတိုင်းမှ ပေးဆပ်နိုင်သောအရာ ကိုယ်စီရှိကြရမည် ဖြစ်ပါသည်။ ထိုပေးဆပ်နိုင်သောအရာ အတိုင်းအတာအထိသာ အကျိုးခံစားခွင့်ရှိပါမည်။ ပေးဆပ်နိုင်သောအရာ၊ အများအတွက် အသုံးဝင်သောအရာ ဘာမှမရှိ၊ သို့သော် အားလုံးအချောင်လိုချင်နေသော သူများနှင့် ပေးဆပ်သလောက်အကျိုးခံစားခွင့် မရှိသောသူများအတူတကွ နေထိုင်ကြသော လူ့ပတ်ဝန်းကျင်သည် ပေါက်ကွဲ ပျက်စီးရန် အချိန်မရွေး ဖြစ်နိုင်ပါသည်။
.
ဆင်းရဲသည်၊ ဘ၀ထွက်ပေါက် မျှော်လင့်ချက် ရှိ/မရှိဆိုသည်မှာ သင်၏ ကုန်ထုတ်လုပ်ငန်း ပေးဆပ်နိုင်သော အကြောင်းအရာ မည်မျှရှိသည် ထိုအပေါ်မှ ထိုက်တန်သော အကျိုးခံစားခွင့်ရှိသည်/မရှိသည်ကို သင်ကိုယ်တိုင်နားလည်သဘောပေါက် ရမည်ဖြစ်ပါသည်။ မတန်လျှင် မလုပ်နှင့်ဟု ပြောလျှင်ပို၍ နားလည် နိုင်သလို တန်ရာတန်ကြေးပေးခိုင်းသော အရပ်ဒေသသို့လည်း သွားရဲသော သတ္တိရှိရပါမည်။
.
စာရေးသူဆွေးနွေးသော အကြောင်းအရာများသည် စီးပွားရေးပညာကို စနစ်တကျ သင်ယူခဲ့ကြသော ပညာရှင်ကြီးများ၏ အဆိုအမိန့် ၊ သီအိုရီများနှင့် ကွဲပြားပြီး အရူးစကားကဲ့သို့ ဖြစ်နေပါမည်။ စီးပွားရေးပညာရှင် ကြီးများ၏ သီအိုရီ၊ အသိပညာသည် တရားမျှတ၍ တည်ငြိမ်အေးချမ်းသော ယုံကြည်စိတ်ချရသော လူနှင့် လူ့ပတ်ဝန်းကျင်တွင်သာ အသုံးကျပြီး ကြီးနိုင်ငယ်ညှင်း ဖားနိုင်ဖားစား၊ ငါးနိုင်ငါးစား အခြေအနေတွင် အသုံးမကျပါ။ ထို့ကြောင့် မှန်သည်၊ မှားသည်ကို မိမိကိုယ်တိုင် စဉ်းစားလက်ခံရန်သာရှိပါသည်။
.
မိမိဘ၀ အခက်အခဲဖြစ်နေချိန်တွင် ရသလောက်နှင့် လုပ်ပါမည်။ ကျေနပ်သလောက်သာပေးပါဟု လည်းကောင်း၊ အလုပ်ပွဲစားကို ငွေပေး၍ အလုပ်တစ်ခုကို ၀ယ်ယူ၍လည်းကောင်း၊ အလုပ်စတင်လုပ်ပြီးမှ မတရားခိုင်းသည်၊ ခေါင်းပုံဖြတ်သည်ဟူ၍ ဆန္ဒပြတောင်းဆိုနေမည့်အစား မိမိ၏ တန်ဘိုးကို မြင့်တက်လာစေရန် ကြိုးစားပြီး မိမိကိုထိုက်တန်သော အခြေအနေတစ်ခု ဖန်တီးပေးနိုင်သောနေရာသို့ ပြောင်းရွှေ့နေထိုင်ရန် စီစဉ်သည်က သင့်အတွက် လက်တွေ့ကျပါသည်။ မိခင်ရင်း၊ ဖခင်ရင်း ရှိပါစေ၊ မိမိကို နို့ချိုတိုက်ကျွေးသော သူကသာ သင်၏ မိခင်ဖြစ်ပါသည်။ ထိုအခွင့်အရေး၊ အခြေအနေကိုရရန် သင်ကိုယ်တိုင်ကလည်း ပေးဆပ်နိုင်စရာ အရည်အချင်းရှိရပါမည်။
.
.
စိတ်နေစိတ်ထား Mindset
ကျွန်တော်တို့၏ စိတ်ထဲတွင် သယံဇာတပေါကြွယ်လှသော မြန်မာနိုင်ငံတော်ကြီးဟု ငယ်စဉ်ကထဲက နည်းလည်သဘောပေါက်ခဲ့ကြပါသည်။ ဘာသယံဇာတတွေ ပေါကြွယ်တာလဲ၊ ထိုသယံဇာတများက ဘယ်အတိုင်း အတာအထိ သာမန်ဆင်းရဲသားလူတန်းစားအတွက် အကျိုးပြုသလဲဆိုသည်ကို သိပါသလား။ သယံဇာတများကို ခေတ်အဆက်ဆက်ရောင်းစားလာကြသည်မှာ တိုင်းပြည်နှင့် လူမျိုးအတွက် တိုးတက်မှု၊ ဖွံ့ဖြိုးမှု ရှိမရှိအားလုံး အသိပါ။ ဆင်းရဲတွင်းနက်သထက်နက်လာပါက သယံဇာတ ပေါကြွယ်လှသောဆိုသည့် အသုံးအနှုံးကို ဆက်လက် သုံးစွဲသင့်မသင့် ဆင်ခြင်ရန် ဖြစ်လာပါသည်။ ကိုယ်နှင့်မဆိုင်သော သယံဇာတကို ကိုယ်နှင့် သက်ဆိုင်သလို ထင်ရောင်ထင်မှား မဖြစ်သင့်ပါ။
ဆီ ကို ရေချိုး၊ ဆေးရိုး မီးလှုံ၊ စပါးဆို တောင်လိုပုံ ဟု ရူးသလို ပေါသလို ဆိုသောစကားကိုလည်း အနုစိတ်ပြောရလျှင် ဆီကို မလုံလောက်၊ မရှိ၍ မလေးရှားမှ စားအုန်းဆီကို ၀ယ်စားရပါမည်။ ထိုစားအုန်းဆီကို စားသုံးခြင်းဖြင့် ရောဂါမျိုးစုံ ရရှိပြီး သက်တမ်းတိုရသည်ဆိုသော စကားရပ်များကိုလည်း သတိပြုမိပါသလား။ မီးလှုံလောက်သော ဆေးရိုးမပြောနှင့် သစ်တောဧရိယာ ပမာဏအလွန်လျော့သွားပါပြီ။ သစ်ဝါးဈေးကြီးလာ၍ သာမာန်လူတန်းစားများအတွက် သံဖရိန်ဆောက် ဘုတ်ပြားကပ်သော အိမ်ယာများဖြင့်သာ နေကြရသည်မှာ အတော်ကြာပါပြီ။
.
စပါးဆိုတောင်လိုပုံ ဆိုသောစကားကို ကြိုက်သလိုပြောနိုင်ပါသည်။ သို့သော် သာမန်အလုပ်သမား တစ်ဦး၏ တစ်ရက်စာ လုပ်အားခသည် ထမင်းနပ်မည်မျှ စားနိုင်သည်ဆိုသည်နှင့် တိုင်းတာကြည့် စေချင်ပါသည်။ ငတ်သေသောမသာ မရှိပါဘူး ဆိုသော စကားကိုလည်း မြန်မာများ ပြောလေ့ရှိပါသည်။ သို့သော် လူ့သဘာဝ စား ၀တ် နေ ရေး ဆိုသော စကား နှင့် တိုင်းတာကြည့်ရလျှင် စားနေသော အစားများအတွက် ကျန်းမာရေးနှင့် ပြည့်စုံရဲ့လား၊ အဟာရပြည့်စုံလုံလောက်အောင် စားရပါရဲ့လား၊ ထိုအစားအသောက်များကြောင့် နှလုံးရောဂါ၊ ဆီးချို၊ သွေးတိုး၊ ကျောက်ကပ်ပျက်စီး အစရှိသည့် ရောဂါမျိုးစုံကြောင့် သက်တမ်းတိုရသည်ကို သိပါသလား၊ အ၀တ်အစားနှင့် ပတ်သက်၍ တရုပ်နိုင်ငံမှလာသော ဈေးချိုသည့် အ၀တ်အထည်များနှင့် ဘေထုတ်များကို အဓိကထား၍ ၀တ်ဆင်နေရသည်ကို သတိပြုမိပါသလား၊ မိမိနေထိုင်သော အိမ်ပတ်ဝန်းကျင်တွင် သတိထားကြည့် ပါက ရာသီဥတုဒဏ်ခံနိုင်သော အိမ်၊ သဘာဝဘေးဒဏ်မှ ကာကွယ်ပေးနိုင်သည့် အဆောက်အဦး၊ အင်းဆက်ပိုးမွှား များမှ အကာအကွယ်ပေးနိုင်သော အဆောက်အဦးနှင့် နေရပါသလား မည်သည့်အကြောင်းအရာ တစ်ခုကမျှ ဘောင်မ၀င်ပါ။
အခြေခံလူတန်းစားအများစုကို ဂရုပြု၍ ကြည့်ပါက အခြေခံပညာရေးအားနည်းသလို ဘ၀ရည်မှန်းချက်၊ မျှော်လင့်ချက်လည်း မရှိလှတော့ပါ။ ထိုအခြေအနေတွင် မည်သည့်မျှော်လင့်ချက်နှင့် ဘ၀ကို ရုန်းကန်ရင်ဆိုင်ရမည် ဟူသော အတွေးဝင်လာစရာ လမ်းစကိုလည်း ရှာမတွေ့တော့ပါ။
.
.
လူသားအရင်းအမြစ် Man Power
မည်သည့်လုပ်ငန်းကို လုပ်ကိုင်သည်မဆို အလုပ်သမားအနည်းနှင့်အများ လိုအပ်ပါသည်။ မြန်မာနိုင်ငံတွင် ကျွမ်းကျင်လုပ်သားဦးရေ နည်းပါသည်။ မကျွမ်းကျင်သော အလုပ်လက်မဲ့များသာ ပေါပါသည်။ အလုပ်တစ်ခုကို လုပ်ဆောင်ပါက နောက်ထပ်ပြဿနာ တစ်ခုနှင့်တစ်ခုမကကို ဖန်တီးကြသော အလုပ်သမားများသာ ပေါပါသည်။ ထို့ကြောင့် ဈေးချိုသလိုနှင့်အင်မတန်ဈေးကြီးသော ကုန်ကျမှုများသည် အလုပ်သမားများကို ရရှိနိုင်ပါသည်။ အလုပ်ရှင်နှင့် အလုပ်သမားပြဿနာရှိပါက ဆန္ဒပြရန်၊ အလုပ်သမား၏ဘက်မှ နစ်နာကြေး တောင်းဆိုရန် လိုက်ပါကူညီမည့် အဖွဲ့အစည်းများ၊ နာမည်ကြီးစေရန်အတွက် ပါဝင်လိုသည့် နိုင်ငံရေး အဖွဲ့အစည်းများ စသည်ဖြင့် များစွာရှိပါသည်။ အလုပ်ရှင်များဘက်မှစ၍ ဘက်လိုက်ရေးသားရာ ရောက်ကောင်း ရောက်ပါမည်။ စာရေးသူ၏ အမြင်ကိုပြောရလျှင် အသုံးမကျသော အလုပ်လက်မဲ့အလွန်များပါသည်။ အသုံးချရမည့် နေရာ အခွင့်အရေးအလွန်နဲပါသည်။ ပထမဦးစွာ စားဝတ်နေရေး အခက်အခဲဖြစ်နေပါသည်။ ခိုင်းတာလုပ်ပါမည်။ ပေးသလောက်သာ ယူပါမည်ဟူသော အောက်ဆုံးမှ ခေါင်းငုံ့ဝင်လာသောသူက အချိန်းအတိုင်းအတာတစ်ခုအထိ အလုပ်လုပ်ပြီးသော အခြေအနေတွင် ခေါင်းပုံဖြတ်သည်။ မတရားခိုင်းသည်။ စုပေါင်း၍ ဆန္ဒပြမည်၊ စက်ရုံပိတ်ရမည်၊ စသည့် အခြေအနေရောက်ရှိလာပါသည်။ အရှင်းဆုံးမှာ စက်မှုကုန်ထုတ်လုပ်ငန်းလုပ်ဆောင်ရန် ပတ်ဝန်းကျင် အခြေအနေမကောင်းသေးလျှင် ဥပဒေပိုင်းအရ စိတ်တိုင်းမကျလျှင် ထိုအလုပ်ကို လုံးဝမလုပ်ရန်သာ ဖြစ်ပါသည်။ လက်တဲ့မစမ်းသင့်ပါ။ မွဲတတ်သည်။
.
အလုပ်သမားအနေနှင့်ကလည်း တစ်နေ့လုပ်ခငွေသည် ထမင်းနပ်နှင့် တွက်ကြည့်လျှင် မိသားစုတစ်ခု ရပ်တည်နိုင်ရန် အတော်ခက်ခဲပါသည်။ မဖြစ်နိုင်သလောက်ပါ။ ထို့ကြောင့် အနည်းငယ် ပိုပေးသော နေရာရှိပါက ချက်ချင်းပြောင်းရွှေ့ရပါမည်။ ညလုံးပေါက်အချိန်ပိုဆင်းပြီး နောက်တစ်ရက်တွင် အလုပ်မလုပ်နိုင်၊ အလုပ်နား သင့်ပါက နားရပါမည်။
.
အလုပ်ရှင်အနေနှင့် ထိုအခြေအနေကို လက်ခံနိုင်ရန် ခက်ခဲပါမည်။ အလုပ်မတည်ငြိမ်သောကြောင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် အလုပ်သမားများ၏ လုပ်ငန်းခွင် ကျွမ်းကျင်မှုသည်လည်း မရှိနိုင်တော့ပါ။
နေ့စဉ်မရပ်မနား အလုပ်လုပ်နေရသည့် ပတ်ဝန်းကျင်တွင် ကျင်ပ
ည်နေရသော်လည်း အပိုစုငွေမရှိ၊ နေ့ဖို့ညစာမရှိ ဖြစ်နေသော အလုပ်သမားသည် အလုပ်ခွင်နှင့်သူ၏ဆက်နွယ်ပတ်သက်မှု နည်းလာမည်။ အကြောင်းအမျိုးမျိုးကြောင့် လက်ရှိအလုပ်ကို ရပ်ရန်၊ နောက်အလုပ်ပြောင်းရန် နှစ်ကြိမ်စဉ်းစားရန်မလိုပါ။ ဤအခြေအနေအရ ကုန်ထုတ်လုပ်ငန်းတစ်ခုလုံး၏ တည်ငြိမ်မှုမရှိနိုင်တော့ပါ။ လစာရှင်းပြီးနောက်တစ်နေ့တွင် အလုပ်သမားအနေဖြင့် အလုပ်လာမည်မလာမည်ကို မသေချာတော့ပါ။ အလုပ်ရှင်အနေဖြင့် အလုပ်သမားတစ်ဦးကို အလုပ်ထုတ်ရန်အတွက် တစ်လကြိုတင်အကြောင်းကြားရပါမည်။ အလုပ်ရှင်အနေဖြင့် အလုပ်သမားဝန်ကြီးဌာန၏ ဥပဒေစည်းမျဉ်းစည်းကမ်းများကို မလိုက်နာပါက ငွေဒဏ်၊ ထောင်ဒဏ်ကျခံရမည်ဖြစ်ပါသည်။
.
စာရေးသူနားလည်အလို ဆွေးနွေးရပါလျှင် အလုပ်ရှင်၊ အလုပ်သမားနှစ်ဘက်စလုံး အဆင်မပြေ လှသော ဤအလုပ်သဘောသဘာဝ ဆက်လက်ရှိနေသ၍ လုပ်ကိုင်မစားသင့်သော အလုပ်ဖြစ်ပါသည်။
.
.
နည်းပညာ Method
မြန်မာနိုင်ငံအတွင်း ကုန်ထုတ်လုပ်ငန်း၊ စက်မှုလုပ်ငန်းပြုလုပ်မည်ဆိုပါက မည်သည့်နည်းစနစ်ကို အသုံးပြု၍ ကုန်ထုန်လုပ်ငန်း လုပ်ကိုင်မည်ကို ထဲ့သွင်းစဉ်းစားရာတွင် စည်းကမ်းဥပဒေများ၊ မိမိနေထိုင်ရာ ပတ်ဝန်းကျင်နှင့် သင့်တော်သည်၊ မသင့်တော်သည် စသည့်အချက်များပါဝင်သလို အားနည်းချက်၊ အားသာချက်များ ကိုလည်း ထည့်သွင်းစဉ်းစားရပါမည်။ မိမိအသုံးပြုသည့် ကုန်ထုတ်လုပ်ငန်း နည်းစနစ်တွင် လိုအပ်သည့် စက်ပစ္စည်းများ ကျွမ်းကျင်လုပ်သား ရနိုင်မှုအခြေအနေ၊ မကျွမ်းကျင်သော အလုပ်သမားများကို အသုံးပြုခြင်းဖြင့် ပျက်စီးဆုံးရှုံးမှုများကိုလည်း ထည့်သွင်းစဉ်းစားထားရပါမည်။ ထို့အပြင် ကုန်ထုတ်လုပ်ငန်း၏ ဘေးထွက်ပစ္စည်းများ ကြောင့် ဖြစ်လာသော ဘေးထွက်ဆိုးကျိုးများကို လုံးဝဂရုစိုက်ရန်မလိုဘဲ ဘုရင်တစ်ဦးကဲ့သို့ စိတ်ကြိုက်လုပ်နိုင်သော လူတန်းစားတွင် သင်မပါဝင်ပါက အခွင့်ထူးခံလူတန်းစားများနှင့် လုံးဝတုပ၍ မလုပ်မိစေရန် အရေးကြီးလှပါသည်။ မုန့်ဝေစဉ်က မပါဝင်ခဲ့ရဘဲ ဒုတ်ဝေချိန်မှ ပါဝင်တန်းစီမိသော အဖြစ်ကို မရောက်ပါစေနှင့် ထို့ကြောင့် သင်လုပ်ကိုင် မည့် အလုပ်၏ လုပ်ငန်းဆောင်တာများကို လုပ်သင့်မလုပ်သင့် အကြိမ်ကြိမ်စဉ်စားပြီးမှ ဆုံးဖြတ်ပါ။
.
.
စက်နှင့်ပစ္စည်းများ Machine
သင်၏ ကုန်ထုန်လုပ်ငန်းအတွက် စက်ပစ္စည်းများကို လွယ်ကူစွာဝယ်၍ ရပါသလား။ မရပါ။ နိုင်ငံခြားမှ မှာယူရန်အတွက် အစိုးရမှ ခွင့်ပြုမိန့်၊ စက်ပစ္စည်းတင်သွင်းခွင့်ပြုချက် လွယ်လင့်တကူ ရရှိနိုင်ပါသလား၊ သာမန်လူတန်းစားအတွက် မလွယ်ကူလှပါ။ ထိုစက်ပစ္စည်းများအတွက် ပြုပြင်ထိန်းသိမ်းရန် အပိုပစ္စည်းများ လွယ်လင့်တကူ ရရှိရန်ကလည်း လွယ်ကူသော ကိစ္စမဟုတ်ပါ။ ထို့အပြင် ထိုစက်ယန္တယားတို့ကို မောင်းနှင်ရန် အတွက် လျှပ်စစ်ဓာတ်အားလုံလောက်စွာ ရရှိနိုင်မှုကိုလည်း အလေးထားရပါမည်။ လျှပ်စစ်ဓာတ်အားနှင့်ပတ်သက်၍ တည်ငြိမ်မှု၊ ဗို့အား အတက်အကျ၊ မပျက်မကွက် အချိန်ပြည့်ပေးနိုင်မှု စာချုပ်စာတမ်း၊ အလျှော်အစားမရှိပါ။ ဆိုလိုသည်မှာ လျှပ်စစ်ဓာတ်အားနှင့် ပတ်သက်၍ ဗို့အားအတက်မသေချာသလို လျှပ်စစ်မီးမရှိ၍ ပြတ်တောက်မှု အတွက် ကိုယ်ကလျှော်ကြေးတောင်းဆိုပိုင်ခွင့်မရှိပါ။ ထို့ကြောင့် လျှပ်စ်ကိုအားကိုး၍ အလုပ်မလုပ်ကြရန် သတိပေးကြသော စကားများကို မကြာခဏ ကြားဘူးပါသည်။ စက်မှုလုပ်ငန်းအတွက် စက်ပစ္စည်းများကို မောင်းနှင်ရန်အတွက် ပါဝါကို အစိုးရလျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်းမှ အဆင်မပြေလျှင် ဘယ်ကရနိုင်မည် မသေချာလျှင် ထိုစက်ပစ္စည်းများကို မ၀ယ်ပါနှင့် ထိုအလုပ်မလုပ်ပါနှင့်။
စက်ပစ္စည်းများတွင် သက်တမ်းရှိပါသည်။ ထိုသက်တမ်းလွန်သွားသော စက်များသည် စွမ်းဆောင်ရည် မှန်ကန်စွာအလုပ်မလုပ်နိုင်တော့ပါ။ စက်ပစ္စည်းတန်ဘိုးကျလာသလို စက်ပစ္စည်းများအတွက် ပိုင်ဆိုင်မှု အခွန်ဆောင်ရမည်ဆိုပါက နှစ်ခါဆုံးရှုံးနစ်နာပါမည်။ ထို့ကြောင့် စက်ပစ္စည်းများနှင့် ရင်းနှီးလုပ်ကိုင်ရမည့်အလုပ် မလုပ်သင့်ပါ။
.
.
ငွေအရင်းအနှီး Money
ဘ၀ရပ်တည်မှုအတွက် လူတိုင်းအလုပ်လုပ်ရပါမည်။ အလုပ်လုပ်ရန်အတွက် ငွေအရင်းအနှီး လိုသလောက်၊ လိုအပ်ပါသည်။ ထိုငွေအရင်းအနှီးအတွက် ဘယ်ကရမလဲ။ ပထမဆုံးလုပ်ငန်းတည်ထောင်ရန် မြေနေရာလိုပါသည်။ ထိုမြေကို ငှားရန်ကလည်း ဈေးအလွန်ကြီးပါသည်။ ၀ယ်ရန်ကပိုးဆိုးပါသည်။ ထို့အပြင် စက်မှုဇုန်မဟုတ်သော နေရာတွင် စက်မှုလုပ်ငန်းလုပ်ပါက ပြဿနာရှာ၊ တားဆည်းမည့်သူများက အရန်သင့် စောင့်နေသည်။ အလုပ်နေရာအတွက် စက်မှုဇုန်တစ်နေရာကို ၀ယ်လိုက်ပါက လုပ်ငန်းမစမှီ ၀င်ငွေခွန် ဆောင်ထားသော ငွေဖြူရှိမရှိ၊ မရှိပါက အခွန်ဦးစီးဌာနမှ သင်ဝယ်ယူမည့်တန်ဘိုး၏ ၁၅ % ကို ပထမဦးစွာ ဒဏ်ကြေးဆောင်ရပါမည်။ လုပ်ငန်းစရန် ခရီးဝေးကြီးလိုပါသေးသည်။
.
ထိုလိုအပ်သော အရင်းအနှီးရရှိရန် ဘဏ်က ချေးငွေရနိုင်မလား ဆိုသည့်နည်းလမ်းကိုတွေးဆနည်းလမ်းရှာမည်ဆိုပါက
.
- မြေဂရန် အမည်ပေါက်ဖြစ်ရမည်။
- အဆောက်အဦး၏ မီးအာမခံရှိရမည်။
- အဆောက်အဦးမှာ အုတ်တိုက်ဖြစ်ရမည်။
- သုံးနှစ်ဆက်တိုက် အရှုံးမရှိဝင်ငွေခွန်ဆောင်ထားရပါမည်။
- ဘဏ်တိုးငွေ ပေးရပါမည်။
ကနဦးရင်းနှီးငွေ မလုံလောက်၍ စီးပွားရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း လုပ်မည့်သူအတွက် အခက်အခဲ အစပိုင်း ကနဦးမျှသာ ရှိပါသေးသည်။
.
.
ဈေးကွက် Market
ဈေးကွက်အနှေင့် ပြောရပါလျှင် လူသုံးကုန်ပစ္စည်းအားလုံးနီးပါးကို တရုပ်နိုင်ငံမှ မြန်မာလုပ်ပစ္စည်း များထက် ဈေးချိုစွာ ထုတ်လုပ်ရောင်းချနိုင်ပါသည်။ နည်းပညာ၊ ငွေအရင်းအနှီး၊ နိုင်ငံတော်အစိုးရ၏ ကူညီပံ့ပိုးမှု၊ အားလုံး ကျွန်တောတို့ မြန်မာနိုင်ငံမှ ကုန်ထုတ်လုပ်ငန်းများထက် များစွာသာလွန်ပါသည်။ ထို့ကြောင့် တရုပ်နိုင်ငံမှ ထုတ်လုပ်သော ပစ္စည်းများနှင့် ယှဉ်ပြိုင်ထုတ်လုပ်ရန် လုံးဝမစဉ်းစားပါနှင့် တရုပ်၏ဈေးကွက်ကို လုံးဝ မရနိုင်ပါ။ တရုပ်ပြည်မှ အကြောင်းကြောင်းကြောင့် မလုပ်နိုင်သော ပစ္စည်းများကိုသာ ထုတ်လုပ်နိုင်ရန် ကြိုးစားပါ။ ဥပမာအားဖြင့် ရာသီဥတုကြောင့် တရုပ်ပြည်တွင် လုံးဝစီးပွားကိုက်အောင် မလုပ်နိုင်သော ကုန်ထုတ်လုပ်ငန်းများ။
.
.
မြူနီစပယ် (အစိုးရ) Municipal
သက်ဆိုင်ရာ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများကို ခြုံငုံ၍ ဆွေးနွေးသွားပါမည်။ တရုပ်ပြည်နှင့် အနီးစပ်ဆုံးနှိုင်းယှဉ်သွားပါမည်။ စီးပွားရေးလုပ်ငန်း လုပ်ဆောင်မည့်သူတစ်ဦး တရုပ်ပြည် မဖွံ့ဖြိုးသေးသော အရပ်ဒေသတစ်ခုသို့ ရောက်ရှိပြီး လုပ်ငန်းတစ်ခုခု လုပ်တော့မည်ဆိုပါက ထိုဒေသ၏ မြို့တော်ဝန် သို့မဟုတ် ဒေသဆိုင်ရာ အာဏာကိုင်အဖွဲ့အစည်းအကြီးအကဲက ဘာအကူအညီပေးရမည်ကို သိလိုပါသည်။ မည်ကဲ့သို့ ကူညီ ပံ့ပိုးရမည်ကို သူကိုယ်တိုင်လာမေးပါမည်။ မြန်မာပြည်အနေနှင့်မူ ဌာနဆိုင်ရာ ရုံးများကို သင်ကိုင်တိုင် အခေါက်ခေါက်သွား၍ ထောက်ခံစာပေါင်းများစွာကို တောင်းယူရသည့်အလုပ်ဖြင့် လပေါင်းများစွာ အချိန်ကုန်သွား ပါမည်။ ကိုယ့်ငွေနှင့်ကိုယ်၊ ကိုယ့်ပညာနှင့် ကိုယ် အောက်ကျနောက်ကျ သွားလာမလား၊ သင့်တော်ရာအရပ်ကို သွားပြီး အလုပ်လုပ်မလားဆိုသော အတွေးဝင်လာပါလိမ့်မည်။
.
စာရေးသူ စင်္ကာပူနိုင်ငံတွင် အလုပ်လုပ်စဉ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် သက်ဆိုင်ရာ ဌာနများ၏ သဘောတူညီချက်၊ ခွင့်ပြုချက်များကို သူ့နိုင်ငံ ဥပဒေဘောင်၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လွယ်ကူစွာ ရရှိခဲ့ပါသည်။ မြန်မာနိုင်ငံတွင် တိကျသော မူဝါဒ၊ စည်းမျဉ်းစည်းကမ်းရှိ/မရှိ သိရှိရန် သင်ကိုယ်တွင် အတွေ့အကြုံ ကိုယ်တွေ့ရှိမှသာ သိလာရပါမည်။
.
.
.
ချဉ်ပေါင်နှင့်ဝက်သား သီအိုရီ
ကျွန်တော်တို့နေထိုင်သော လောကကြီးတွင် ကြီးနိုင်ငယ်ညှင်း မတရားအနိုင်ကျင့်သော အကျင့် စရိုက်များ ရှိ/မရှိကို သင်ကိုယ်တိုင်ကြည့် မြင်တတ်အောင်ကြည့်ပါ။ ဆင်းရဲချမ်းသာ အလွန်အမင်းကွာခြင်းခြင်း၊ လူမျိုး၊ ဘာသာ၊ အလုပ်အကိုင်၊ ရာထူး၊ ဌာန အကြောင်းအမျိုးမျိုးပေါ်တွင်မှုတည်ပြီး အဆင့်အတန်းအလွန်ကွာခြားပြီး ခွဲခြားဆက်ဆံမှုအလွန်များနေလျှင် ထိုလူ့အဖွဲ့အစည်းသည် အချိန်မရွေးပေါက်ကွဲပျက်စီးနိုင်သော လူ့အဖွဲ့အစည်း ဖြစ်သည်။ အချို့သောသူများသည် အလွန်ဆင်းရဲမွဲတေပြီး ဘ၀၏ မျှော်လင့်ချက်ကင်းမဲ့၊ သေမထူး၊ နေမထူး ဖြစ်နေပြီး အခြားတစ်ဖက်တွင် စည်းစိမ်ခံရန်အတွက် လူဖြစ်လာသကဲ့သို့ လောကစည်းစိမ်ခံစား၊ ပျော်ပါးမဆုံး ဖြစ်နေပါက ထိုလူ့အဖွဲ့အစည်းသည် အချိန်မရွေး ပေါက်ကွဲပြောင်းလဲ သွားနိုင်ပါသည်။
.
ဆင်းရဲမွဲနေသူသည် သေမထူး၊ နေမထူး ဟူသောအတွေးအခေါ်နှင့် လက်တွေ့ကျကျ ပြဿနာကို ဖြေရှင်းမည့်အခြေအနေကို ရောက်သွားပါက ဘာသာရေး၊ လူမှုရေး၊ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း တို့သည် ပေါက်ကွဲသွားသော သူများအတွက် ဘာမှအသုံးမကျတော့ပါ။ သူသေ၊ ကိုယ်သေ တိုက်နေရသော စစ်မြေပြင်အဖြစ်သို့ ရောက်သွားပြီး သေဆုံးသူနှင့် အသက်ရှင်လျှက် ကျန်ရစ်သူအဖြစ်သာ ရှိပါတော့သည်။ မိမိအသက်ရှင်ရန်အတွက်ကိုသာ ဦးစားပေးရပြီး အခြားအရာအားလုံးသည် အရေးမကြီးတော့ပါ။ အမုန်းတရားနှင့် လက်စားချေလိုစိတ်သာ ရှိပါတော့မည်။
.
လုံခြုံမှု၊ တရားမျှတ၍ ယုံကြည်စိတ်ချရမှုသည် စိတ်ကူးယဉ်အိပ်မက်မျှတောင် မရှိနိုင်တော့ပါ။ ဤအခြေအနေမျိုးကို သင့်ဘ၀ တစ်လျှောက်လုံးတွင် အချိန်ပိုင်းမျှ ကြုံဘူးကောင်းကြုံဘူးကြပါမည်။ ကမ္ဘာ့ရာဇ၀င်တွင် အကြိမ်များစွာ၊ နိုင်ငံများစွာ တွင် ဖြစ်ဖူးပါသည်။ ထို့ကြောင့် မအရန် သမိုင်းကို လေ့လာကြရပါမည်။
.
သတင်းစာများ၊ အကြောင်းအမျိုးမျိုးသော သတင်းများတွင် သဘာဝဘေးအန္တရာယ်၊ လူလုပ်သော ဘေးအန္တရာယ်၊ အငတ်ဘေးကျရောက်ပါက လူသားချင်းစာနာထောက်ထားသော အကူအညီပေးလေ့ရှိကြပါသည်။ ဘာ့ကြောင့်ပေးကြသလဲ စေတနာ ရှိလွန်းလို့ပေးသလား၊ ဘုရားသခင်၏ အလိုတော်ကြောင့် ပေးသလား၊ စာရေးသူ အမြင်ကတော့ ရှင်းပါတယ်၊ သင်တို့ အချို့တ၀က် ငတ်သေကြမယ်၊ အချို့တ၀က်က သေမထူး၊ ရှင်မထူးဖြစ်ပြီး ရန်လိုသော လက်စားခြေလိုသော အကြမ်းဖက်လူ့အဖွဲ့အစည်းတစ်ခု ပေါ်ထွက်မလာစေရန် အနည်းငယ် ကျွေးမွေးပြီး ချွေးသိပ်ခြင်းသာဖြစ်သည်။
.
ချောင်ပိတ်အရိုက်ခံရသော ခွေးကဲ့သို့ အားလုံးကို ကိုက်စုတ်ခြင်းမဖြစ်စေရန် ခွေးကို ထန်းလျှက်အနည်းငယ်ကျွေးပြီး အိမ်စောင့်ခိုင်းထားသောလူ့ယဉ်ကျေးမှုအစဉ်အလာဖြစ်သည်။ ကိုယ့်အခြအနေကိုယ် သိကြရန်သာဖြစ်သည်။ ဤအခြေအနေမျိုးတွင် အချို့သော ရာထူး၊ အာဏာရှိသောသူအချို့က ကြားဖြတ်ခိုးဝှက် ယူကြသော အဖြစ်အပျက်၊ အစားအသောက်များကို မိသားစုအတွက် ခိုးယူကြသော အဖြစ်အပျက်များကို ကြားဘူး မိပါသည်။ (နာဂစ်ကာလကို ဆိုလိုပါသည်။)
.
ယခုနှစ် ၂၀၁၈ ခုနှစ် မဟာသင်္ကြန်တွင် မြန်မာပြည်၏ မြို့ကြီးများတွင် ပျော်ရွှင်စည်ကားစွာ ရေကစားနေကြသည်ကို မြင့်မာ့ရုပ်မြင်သံကြားနှင့် သတင်းများတွင် တွေ့မြင်ကြရပါမည်။ တချိန်းတည်းတွင် ကချင်ပြည်နယ်၏ စစ်ဘေးရှောင် ကချင်လူမျိုးများ ဒုက္ခဆင်းရဲရောက်နေရသော အဖြစ်အပျက်များကို သင် ကြားသိရပါမည်။ ကချင်လူမျိုးဒုက္ခသည်တွေ၏ ရင်တွင်းခံစားချက်ကို သင်တွေးကြည့်ပါ။ ရခိုင်ပြည်နယ်ရှိ ရိုဂျာဟေတင် ဆိုလျှင်တော့ ကမ္ဘာကသိလို့ အိမ်ဆောက်ပြီး ကြိုဆိုနေရချိန်မှာ မြန်မာတိုင်းရင်းသားစစ်ဘေးရှောင် ဒုက္ခသည်များအနေနှင့်ကတော့ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများတွင် မျက်နှာငယ်စွာဖြင့် ခိုကပ်နေရပါသည်။ မှန်သည်၊ မှားသည်ကို စာရေးသူ မဆွေးနွေးပါ။ နောင်တစ်ချိန်တွင် မီးတောက်ဖြစ်လာမည့် အမုန်းတရားများကို ယခုချိန်နှင့် ယခင်ကာလတစ်လျှောက်လုံးတွင် မည်မျှစုဆောင်းပြီးကြသလဲကိုသာ သင်တို့ ၊ ကျွန်ုပ်တို့ မှန်းဆ၊ ခန့်မှန်း ပေးရန်ဖြစ်သည်။ ဤဒုက္ခသည်များမှ ရင်တွင်းခံစားမှုကို ဆက်လက်ကြီးထွားစေပြီး ကျွန်တော်တို့၏ ပတ်ဝန်းကျင်ကို အမုန်းတရား၊ လက်စားချေလိုစိတ်ဖြင့် ကြီးပြင်းကြီးထွားလာသော လူ့အသိုင်းအ၀ိုင်းတစ်ခု ပေါ်ပေါက်လာလျှင်၊ တစ်ဦးတစ်ယောက်ကိုမျှ အကျိုးရှိစေမည်မဟုတ်ပါ။ သို့သော် သင်တို့၊ ကျွန်ုပ်တို့ တားဆီးနိုင်ပါသလား၊ မဖြစ်နိုင်ပါ။
.
စာရေးသူ ဆက်လက်ဆွေးနွေးလိုသော အကြောင်းအရာများတွင် နိုင်ငံရေး၊ ဘာသာရေး လုံးဝမပါပါ။ လူ့စိတ်သဘောနှင့် ဖြစ်လေ့ရှိသော အခြေအနေများကိုသာဆွေးနွေးပါမည်။ စာဖတ်သူအနေနှင့်လည်း ကိုချင်းစာသော စိတ်၊ ငါသာ သူ့အခြေအနေဖြစ်ခဲ့လျှင် သူ့လိုရင်ဆိုင်ခဲ့ရလျှင် ဟူသော စိတ်နှင့်သာ ဆင်ခြင်ရန် တွေးဆရန်ဖြစ်သည်။ အကယ်၍ ဘာသာရေး အထိမ်းအကွပ်သာ မရှိခဲ့ပါက သေမထူး၊ နေမထူး ဆင်းရဲပြီး နာကြည်းမုန်းတီးနေသောသူက တစ်နိုင်ငံလုံးတွင် အလွယ်အတူ တွေ့နိုင်သော စါတ်ဆီ၊ ဒီဇယ်၊ ဘောက်ဆာကားကြီးများနှင့် အသေခံ မီးရှို့ခဲ့ပါက ကျွန်တော်တို့၏ လူ့ပတ်ဝန်းကျင်တွင် ပျော်ရွှင်ကြည်နူးစရာ ကောင်းတော့မည်မဟုတ်တော့ပါ။ ဤကဲ့သို့ အသေခံ၍ တိုက်ခိုက်သော အခြေအနေ ဖြစ်မလာနိုင်ပါဟုသော အာမခံနိုင်သည့် လုံခြုံရေး၊ ကာကွယ်ရေးစနစ် ရှိပါသလား၊ မရှိပါ။ အကောင်းဆုံးမှာ ချဉ်ပေါင်နှင့်ဝက်သား လဲကြစို့လား မဖြစ်ရန်အတွက် တရားမျှတ၍ ယုံကြည်စိတ်ချရသော လူ့ဘောင်အတွင်းမှာ နေထိုင်နိုင်ရန်၊ နေထိုင်နိုင်အောင် ကြိုးစားကြရန်သာ ဖြစ်ပါသည်။
.
.... ပြီးပါပြီ .....
.
.
ဦးကျော်နိုင်ရေးသားခဲ့သော နည်းပညာဆိုင်ရာ ဆောင်းပါးများမှာ
- တောင်သူ ဦးကြီးတို့အတွက် တစ်နိုင်တစ်ပိုင် စက်သုံးဆီထုတ်လုပ်ခြင်း၊ Tech Digest Vol 7/ No.2 January 2015 .
- Rammed Earth ဆိုသည်မှာ Tech Digest Vol 7/ No.3, April 2015 .
- ခေတ်မှီ မြေသားအိမ်များ မြေသားအဆောက်အဦးများ၊ Tech Digest Vol 7/ No.4, July 2015 .
- Indoor Environmental Quality and Mechanical Ventilation လေကောင်းလေသန့်ရအောင် ဘယ်လို ဖန်တီးမလဲ Tech Digest Vol 7/ No.1, October 2015 .
- အဆောက်အဦးတွင်ရှိသင့်သော M & E စနစ်များကို စစ်ဆေးခြင်း Tech Digest Vol 7/ No.1, October, 2015 .
- Biodiesel ပြုလုပ်ခြင်း
- On Farm Composting
- နဂါးမောက်ပင် စိုက်ပျိုးနည်း
- စွန်ပလွန်ပင် စိုက်ပျိုးခြင်း
- ရေခဲမှုန့်သစ်ခွစိုက်ပျိုးခြင်း
- ဆင်းရဲတွင်းမှ လွတ်ကင်းအောင်လမ်းညွှန်
- အစားအသောက်၊ ဟင်းသီးဟင်းရွက်၊ သီးနှံများကို တာရှည်ခံစေရန် ပြုလုပ်ခြင်း
- သိပ္ပံနည်းကျ ၀ိုင်ပြုလုပ်ခြင်း လက်စွဲ
- Fire Sprinkler System
- ဆောက်လုပ်ရေးလုပ်ငန်း Superviser ၏ တာဝန်များ
- ဆောက်လုပ်ရေးလုပ်ငန်းသုံး ငြမ်းဆင်ခြင်းအကြောင်း
- သီးနှံအခြောက်ခံခြင်း Solar Dryer
ဦးကျော်နိုင် B.E (Mech -85) , PE (M. Eng .C )
Rueal Development Consultant
နည်းပညာနှင့်ကျွမ်းကျင်မှု ဆိုင်ရာသင်တန်းကျောင်း
စ ၂ (၇၁-၇၂) ရပ်ကွက်ကြီး - ၁၀
န၀ရတ်လမ်းနှင့်သိင်္ဂီလမ်းကြား
ကားကြီးကွင်းအနီး၊ ပြင်ဦးလွင်မြို့
Email: kyawnaing1959@gmail.com , Ph 09-792 694511
.
.
Links ..
ဆင်းရဲခြင်းမှ လွတ်ငြိမ်းအောင်
....(Part - I) https://goo.gl/m6qm66
....(Part - II & Part III) https://goo.gl/1PkB5v