Friday, July 28, 2017

နေရောင်ခြည်လျှပ်စစ် (ဆိုလာ အကြောင်း)


နေရောင်ခြည်လျှပ်စစ် (ဆိုလာ အကြောင်း)
ကျေးရွာများနှင့် ဝေးလံခေါင်သီသည့် ဒေသများအတွက် ပို၍ အလျင်အမြန် စွမ်းအင်ရရှိနိုင်သည့် နည်းလမ်းမှာ၊ နေရောင်ခြည်သုံး စွမ်းအင်ပင် ဖြစ်ပါသည်။ အကယ်၍ ပံ့ပိုးကူညီမှုနှင့် ရန်ပုံငွေသာ ရရှိပါက၊ မြန်မာနိုင်ငံက အလွန်အမင်း သင့်လျော်လှသော အနေအထားတွင် ရှိပါသည်။ မြန်မာနိုင်ငံ နေရာအများအပြားတွင် အချို့သော ကျေးလက်များ၌ နေမှ စွမ်းအင်ထုတ်ယူသည့် လုပ်ငန်းငယ်များ ဆောင်ရွက်နေကြပါသည်။ စီးပွားရေး ဗဟိုချက်မ တစ်ခုဖြစ်သည့် မန္တလေးမြို့ဝန်းကျင်တွင် ထောင်နှင့်ချီသော ကျေးရွာများ၌ နောက်ဆုံး အစီအစဉ်များအရ ဤသို့ လျှပ်စစ်ထုတ်ယူရရှိနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြသည်။ ရမည်းသင်းမြို့နယ်အတွင်း ရွာပေါင်း ၂၄ ရွာ နေရောင်ခြည်စွမ်းအင်ဖြင့် မီးရရှိရေးဆောင်ရွက် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ရွာတန်းသဲကျွန်းအုပ်စု၊ လယ်သာအုပ်စု၊ အနောက်အုတ်ဖိုအုပ်စု၊ ကုလားမျောအုပ်စု၊ စုစုပေါင်းအုပ်စုလေးစုမှ ရွာပေါင်း ၂၄ ရွာရှိ အိမ်ခြေ ၄၂၄၀ အတွက် ဆိုလာ(နေရောင်ခြည်စွမ်းအင်)ဖြင့် မီးလင်းနိုင်ရေးဆောင်ရွက်ရန် ဖေဖော်ဝါရီ ၂၂ က မန္တလေးတိုင်းဒေသကြီး တိုင်းလျှပ်စစ်မန်နေဂျာ၊ ထိုင်းဆိုလာကုမ္မဏီမှ ပါမောက္ခတစ်ဦး၊ EERI မှ တာဝန်ရှိသူတစ်ဦး၊ ကုလသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးနှင့် ရမည်းသင်းမြို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးနှင့် ဌာနဆိုင်ရာများသည် အဆိုပါဒေသသို့သွားရောက်ကာ မြေပြင်အနေအထား ကွင်းဆင်းကြည့်ရှုခြင်း၊ အင်ဂျင်များအသုံးပြုမှု၊ စပါးခွံဖြင့် လျှပ်စစ်မီးရရှိအောင်ဆောင်ရွက်ထားမှုများကို အသေးစိတ်ကြည့်ရှုကြသည်။ မန္တလေးတိုင်းဒေသကြီးအစိုးရ၏ အစီအစဉ်ဖြင့် ယခုကဲ့သို့ ဆိုလာ(နေရောင်ခြည်စွမ်းအင်)ဖြင့် မီးလင်းရေးကို ပထမဆုံးစတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မျှော်
https://www.facebook.com/myanmar.solarpower (ကြော်ငြာ)
.
.
.
အမေရိကန်ဆိုလာများ ဘယ်မှာထုတ်ပါသလဲဟု မေးလျှင် တရုပ်နိုင်ငံမှာထုတ်သည်ဟု ဖြေပါမည်။ တရုပ်နိုင်ငံသည် ဆီမီးကွန်ဒက်တာ PV နည်းပညာနှင့်၊ ဆိုလာပင်နယ်ထုတ်လုပ်ငန်းအားလုံးကို ကမ္ဘာဈေးကွက်အား ချုပ်ကိုင်ထားပြီးဖြစ်သည်။ စင်ကာပူမှ REC ဟူသော နော်ဝေးနှင့်စင်ကာပူးအစိုးရ ဖက်စပ် ဆိုလာပြားစက်ရုံသည် ဒေါ်လာသန်းပေါင်း ၆၀၀၀ ရင်းနှီးပြီး၊ ဥရောပနှင့်အမေရိက ဆိုလာဈေးကွက်ကို ဦးရန် ၂၀၀၉တွင်အပြီး ဆောက်လုပ်ခဲ့သော်လည်း၊ သူဆောက်လုပ်နေသည့် ၃နှစ်အတွင်း တရုပ်ဆိုလာပြားများက လက်ဦးမှုရယူသွားသည်။ ထိုဒေါ်လာသန်းပေါင်း ၆၀၀၀သည် နော်ဝေးပြည်သူများ ရှယ်ယာဖြစ်သည်။ တန်ဘိုး သုညနီးပါး ဈေးကျပြီး ဆုံးရှုံးသွားသည်။ စာရေးသူ အဲဒီ REC ဆိုလာပင်နယ် ..စက်ရုံ တည်ဆောက် ကော်မရှင်နင်း တနှစ်ျကာ် အလုပ် လုပ်ခဲ့ဘူးပါတယ်။
အထက်ပါ Alibaba.com တွင် အိမ်သုံးလိုအပ်သည့် 5kw solar system ဟု ရိုက်နှိပ်ရှာလိုက်ပါက $0.1 to 0.2 per watt ဟု အဖြေရသော ဆိုလာလျှပ်စစ်ဓါတ်အားပေးစက် အမျိုးပေါင်းများစွာ တွေ့ရမည်။ 5kw စနစ်ကို အရေအတွက် ၁၀၀မျှ ၀ယ်မည်ဆိုပါက တစ်စုံလုံးကို ဒေါ်လာ ၁၀၀၀ မျှဖြင့် ရောင်းချနေသည်ကို တွေ့ရသည်။ တစ်ခုချင်းပစ္စည်းများ ဥပမာ Solar Panel, Inverter, Battery စသဖြင့် ရိုက်နှိပ်ရှာဖွေနိုင်ပါသည်။ ထိုမြောက်များလှစွာသော ဆိုင်များတွင် အမေရိကားသို့ ပို့ရန်ကွာလတီကို ရှာဖွေဝယ်ယူရန်ဖြစ်သည်။ အလီဘာဘာ ၀က်ဆိုဒ်တွင် ဆိုလာစနစ်တခုကို အသေးစိတ်ရေးသား၊ ကြော်ငြာရောင်းချသည့်လင့်ခ် ကြည့်ရန်။
http://www.alibaba.com/pro…/1060878168/5KW_Solar_System.html
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
.
.
.
လျှပ်စစ်နှင့်မြန်မာပြည် (နေရောင်ခြည်လျှပ်စစ်စက်ရုံဆောက်မယ်၊ ကမ္ဘာမှာတတိယအကြီးဆုံးတဲ့) ဆိုတဲ့ သတင်းကြီး သတင်းစာခေါင်းစီးမှာ ဟီးနေအောင်ပေါ်လာတဲ့ ၂၀၁၃ ခုနှစ်ပါ။ အခုတော့ ညာချမဲ့စီမံကိန်းလဲ မရှိတော့ပါဘူး။ ၂၀၁၃ ဆောင်းပါး ဗဟုသုတအနေနဲ့ ပို့စ် ပြန်လုပ်လိုက်ပါတယ်။
မြစ်ကြီးနားမြို့လျှပ်စစ်ပစ္စည်းဆိုင်တစ်ခု ဆိုလာပြားများရောင်းချသည်။ 2013
လျှပ်စစ်နဲ့ပတ်သက်ပြီး မှတ်တမ်းများ
- ၀င်ငွေရှိရင် လျှပ်စစ်ပစ္စည်းများစွာ သုံးနိုင်ပါမယ်။ အမေရိကားမှ တအိမ်လုံးနွေးနေအောင် ချမ်းအေးတဲ့လမှာ Heater ဖွင့်ထားတော့ တစ်လကို ဒေါ်လာတစ်ထောင်ကျော် ကုန်ကျတာမျိုး.. ဖြစ်လေ့ရှိပါတယ်။ အမေရိကားဝင်ငွေနဲ့ တလဒေါ်လာ၁ထောင် ..တလအတွက်..မထောင်းသာပေမဲ့ ဆက်တိုက်ကုန်ကျလာရင် မသက်သာပါဘူး။
- စင်ကာပူမှာတော့ လေအေးစက်၊ အ၀တ်လျှော်စက်နဲ့ ၃ခန်းတစ်အိမ်ကို လူ၆ယောက်လောက်နေရင် လျှပ်စစ်ဖိုး တစ်လဒေါ်လ၅၀၀လောက်အထိ ကုန်ကျပါတယ်။ တစ်ယောက်ကို တစ်လဒေါ်လာ၁၀၀လောက်ဆိုတော့ မထောင်းသာပေမဲ့ ရေရှည်မှာမလွယ်ပါ။ စင်ကာပူလျှပ်စစ်ဈေးနှုန်းက အမေရိကားထက် ၂ဆမက ဈေးကြီးလှပါတယ်။
- မလေးရှား၊ထိုင်းမှာတော့ လျှပ်စစ်စရိတ်က သက်သာတဲ့အတွက် စင်ကာပူတ၀က်နှုံးလောက်ပဲကျပါတယ်။
မြ န်မာပြ ည် လောလောဆယ်တော့ ညအချိန် မီးရဖို့ မနည်းလုပ်နေရတဲ့အချိန်ပါ။ ဆင်းရဲတဲ့နိုင်ငံဖြစ်တော့ လျှပ်စစ်ဓါတ်အား မီးထွန်းဖို့တောင်မလောက်ပါ။
လျှပ်စစ်ထုတ်သူကလည်း အစိုးရပဲရှိတယ်။ (၂၀၁၅ နောက်ပိုင်း ပုဂ္ဂလိကတွေလဲ ရောက်လာပါပြီ) ရောင်းဈေးက ထိုင်းနိုင်ငံဈေးလောက် ရှိပေမဲ့၊ အစိုးရဌာန၊ ဦးပိုင်၊ စစ်တပ်၊ ခရိုနီနဲ့ ဌာနဆိုင်ရာနီးစပ်တဲ့လုပ်ငန်းရှင်တွေကိုပဲ လျှပ်စစ်မီးပေးတော့ လုပ်ငန်းရှင်လေးများ SME Small & Median များဟာ ၁၀ဆလောက် ဈေးကြီးတဲ့ ဒီဇယ်လျှပ်စစ်မီးစက်ကို သုံးရတယ်။ မီးစက်အရံဆောင်ထားရတယ်။ ဒီတော့ တိုင်းပြည်နစ်နာပါတယ်။ အကြီးစားသူဌေး၊ခရိုနီ၊ ဦးပိုင်စက်ရုံတွေပဲ အစိုးရလျှပ်စစ်ထုတ်လုပ်မှု ဒေါ်လာဘီလျှံနဲ့ချီပြီး အကျိုးခံစား၊ ချမ်းသာရင်းချမ်းသာနေကြတာပါ။ တကယ်လုပ်တဲ့ SME စက်ရုံများကိုသာ ထိုင်း၊ဗီယက်နမ် လျှပ်စစ်ရောင်းဈေးနဲ့ ရောင်းပေးနိုင်ဖို့တော့ ခက်ခဲနေဦးမှာပါ။ စနစ်ထက်စာရင်၊ Attitude လူပြုပြင်ပြောင်းလဲရေးလုပ်နေတာကို ပိုပြီးစိတ်ဝင်စားစရာကောင်းပါတယ်။ သမ္မတဦးသိန်းစိန်အစိုးရ ပုဂ္ဂလိက လျှပ်စစ်ထုတ်လုပ်ဖို့ အားပေးတော့ ထိုင်းလျှပ်စစ်ကုမ္ပဏီက ဒေါ်လာသန်း၂၇၅ ရင်းနှီးပြီး၊ 200MW နေရောင်ချည်ဓါတ်အားပေးစက်ရုံ နေပြည်တော်တစ်ဝိုက်မှာ တည်မယ်လို့ ဆိုပါတယ်။ နှစ်၃၀ မြန်မာအစိုးရကို လျှပ်စစ်ရောင်းမယ် ဆိုပါတယ်။
(စကားချပ်။ ။ ဒီစီမံကိန်း အစိုးရမှာ ပိုက်ဆံရှိရင် လုပ်ဖြစ်ဦးမယ်၊ မလုပ်ဖြစ်တာကျေးဇူးတင်ရပါတယ်)။
နေရောင်ခြည်လျှပ်စစ်အားဟာ စီးပွားမကိုက်သေးပေမဲ့ တိုးတက်နိုင်ငံများမှာ Green ပတ်ဝန်းကျင်မညစ်ညမ်းလို့ ငွေကုန်ခံထုတ်လုပ်နေကြပါတယ်။ မြန်မာပြည်ကတော့ ဈေးကြီးပေမဲ့ ရင်းနှီးသူရှိတော့ နေရောင်ခြည်ဓါတ်အားစက်ရုံ တည်ခွင့်ပေးလိုက်ပါတယ်။ အခု သမ္မတဦးသိန်းစိန်အစိုးရ သေချာစွာစီစစ်ပြီး လက်ပံတောင်းတောင်စီမံကိန်း၊မြစ်ဆုံစီမံကိန်း၊ တာပိန်လျှပ်စစ်စီမံကိန်းတွေလို တဖက်သက် လက်သိပ်ထိုးစာချုပ်မဟုတ်တော့ဘူး လို့ မျှော်လင့်ပါတယ်။
.
.
.နေရောင်ခြည်လျှပ်စစ်ထုတ်ရာမှာ ၂မျိုးရှိပါတယ်။
၁။ PV ဆိုလာဆဲများသုံးပြီး တိုက်ရိုက်လျှပ်စစ်ထုတ်ခြင်း
၂။ Thermal အပူဓါတ်ကိုယူပြီး ၈၀၀ဒီဂရီအပူရအောင်လုပ်-တာဘိုင်လည်ပြီးလျှပ်စစ်ထုတ်ခြင်း
.
ဒီနှစ်နည်းနဲ့ ကမ္ဘာ့လျှပ်စစ်ရဲ့ 0.38% (78,000 MWh) ထုတ်လုပ်နေပြီး အနောက်နိုင်ငံတွေပဲ ထုတ်လုပ်ကြပါတယ်။ အခုတော့ တရုပ်ပြည်က 2013 မှာ 10,000 MW ထုတ်ဖို့လုပ်နေပါတယ်။
ဟ..အလကားရတဲ့နေရောင်ခြည်ကလျှပ်စစ်ထုတ်တာ ဘာကြောင့်ဈေးကြီးရသလဲ မေးရင်.. Pay for technology လို့ပဲပြောရပါမယ်။ နေရောင်ခြည်ဓါတ်အားပေးစက်ရုံများ သုံးတဲ့ပစ္စည်းများဟာ ဘယ်မှာမှဝယ်မရသေးတော့ တစ်ခုခုဖြစ်ရင် ပြင်ဆင်ဖို့ အလွန်ဈေးကြီးလှပါတယ်။ ထိုင်းနိုင်ငံက သူတို့ပိုက်ဆံနဲ့ ၁၀၀% လာရောက်ရင်းနှီးတယ်ဆိုရင်တော့ ပြောစရာမရှိပါဘူး။ ကောင်းပါတယ်။ ဒါပေမဲ့ ပြုပြင်ထိန်းသိမ်းစရိတ်က ဈေးကြီးတော့ ပြသနာကြီးဖြစ်နေမှာပါ။
http://en.wikipedia.org/wiki/Solar_power_plant
ဆင်းရဲတဲ့ အာဖရိကတိုက် နေရောင်ခြည်စွမ်းအင် မြန်မာပြည်ထက် ၂ဆမကသာပြီး၊ ၂ဆမက အသားမဲတဲ့ ဂါနာနိုင်ငံမှာ ပထမဆုံး 2MW နေရောင်ခြည်ဓါတ်အားစက်ရုံကို ဒေါ်လာ၈သန်း ရင်းနှီးမြှတ်နှံပြီး စတင်လည်ပတ်နေပါပြီ။ ဂါနာနိုင်ငံဟာ အာဖရိကမှာပညာတတ်များပြီး တိုးတက်တဲ့အဆင့်မှာရှိပါတယ်။ လူဦးရေ၂၅သန်းရှိပြီး၊ မြန်မာပြည်ထက် ၃ဆမက တစ်ဦးချင်းဝင်ငွေမြင့်ပါတယ်။ အရှေ့တောင်အာရှက ထိုင်းနိုင်ငံက သူနိုင်ငံတွင်းမှာမလုပ်ပဲ မြန်မာပြည်မှာလာပြီး ရင်းနှီးမြှတ်နှံတယ်ဆိုတော့ အင်း..ဒေါ်လာ၂၇၅သန်းပဲလေ..သူတို့ငွေနဲ့လာလုပ်တာပဲ..လို့ ခွင့်ပြုလိုက်တာလားမသိ။ တကယ်တော့ ရင်းနှီးမြှတ်နှံသူများက ငါးကြင်းဆီနဲ့ငါးပြန်ကြော်သလို အမြတ်အစွန်းရမှ လာလုပ်ကြမှာပါ။ နေရောင်ခြည်စက်ရုံ လုပ်မယ်ဆိုရင် သတိထားရမယ်။ ကိုယ့်ပြည်တွင်းပိုက်ဆံကိုပဲ ချေးပြီးသုံးမဲ့ ၀ိသမ စီးပွားသမားတွေ များပါတယ်။
ဘယ်လောက်ဈေးနဲ့မြန်မာပြည်အစိုးရက ၀ယ်မှာလဲ။ အခုတော့ ကိုက်တယ်။ နောက်ဆယ်နှစ်ကြာတဲ့အခါ .. ဟာ..ဒီနေရောင်ခြည်သုံးဓါတ်အားစက်ရုံကလျှပ်စစ်ဈေးကြီးလို့ ကန်ထရိုက်ဖျက်မယ်ဆိုရင် လျှော်ပေးလိုက်ရမဲ့ ဒေါ်လာ၂၇၅သန်းဟာ ပြည်သူလူထုရဲ့ငွေတွေပါ။ အခုတောင် မြစ်ဆုံစီမံကိန်းဖျက်လိုက်လို့ လျှော်လိုက်ရတဲ့ ပြည်သူလူထုငွေ သန်းပေါင်းရာချီပါတယ်။ ကိစ္စမရှိပါဘူး။ တရုပ်-မြန်မာ တဖက်သတ်စာချုပ်ပေါင်း ထောင်နဲ့ချီပြီးရှိပါတယ်။
တရုပ်နဲ့ထိုင်းနိုင်ငံ ..မြန်မာ၅သန်းနီးပါးကို ထိုင်းနိုင်ငံက အလုပ်ပေးထားတဲ့ ကျေးဇူးက တရုပ်ပြည်ထက် အများကြီးသာပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
.
.
.
လျှပ်စစ်အခွန်မှန်ကန်စွာကောက်နည်း
.
လူနေအိမ်များလျှပ်စစ်မီးရဖို့ အရေးကြီးလို့၊ လက်ရှိမြန်မာပြည်တွက် လျှပ်စစ်ဈေးနှုန်းကို အောက်ပါအတိုင်းပြင်ဆင်ရင် ခရိုနီနဲ့အသေးစက်မှုလုပ်ငန်းရှင်များ လျှပ်စစ်အသုံးပြုပုံမှာ တန်းတူဖြစ်သွားပါလိမ့်မယ်။ အရင်ခေတ်က လျှပ်စစ်များများသုံးသူကို ဈေးလျှော့ပေးတဲ့ အိမ်နဲ့စက်ရုံခွဲခြားတဲ့ ပါဝါမီတာအခစနစ်ကို ဖျက်သိမ်းရပါမယ်။
၁။ တစ်လ ယူနစ်၁၀၀ အောက်သုံးရင် တစ်ယူနစ် ၇၅ကျပ် (လက်ရှိဈေးနှုန်း ၂၅ကျပ် 0.03 usd)
၂။ တစ်လ ယူနစ်၁၀၀အထက်သုံးရင် တစ်ယူနစ် ၁၂၅နှုန်း (လက်ရှိပုဂ္ဂလိကဈေးနှုန်း ၁၂၅ကျပ် 0.15 usd)
၃။ တစ်လ ယူနစ် တစ်သောင်းအထက်သုံးလျှင် တစ်ယူနစ် ၁၅၀ကျပ် (0.18 usd)
ဒီဇယ်ဆီသုံးပါက တစ်ယူနစ် ၂၀၀ကျပ်မက ကုန်ကျနိုင်ပါသည်။
ကမ္ဘာလျှပ်စစ်ထုတ်လုပ်သည့် ကုမ္ပဏီများ ထုတ်လုပ်ရောင်းသည့် ကမ္ဘာ့ပေါက်ဈေးနှုန်းဖြစ်ပါတယ်။US Cents per KWH တစ်ယူနစ် အမေရိကန်ဆင့်ဈေးနှုန်း ၁၀၀ဆင့်=တစ်ဒေါ်လာ
.
ဗီယက်နမ် 6.2 - 10
မလေးရှား 6.1 - 14
ထိုင်း 4.5 - 10
စင်ကာပူ 21
ဖိလစ်ပိုင် 30.4
အမေရိကန် 8 - 17
မြန်မာ 4 - 80
ထိုအချက်လက်အရ တစ်ယူနစ်ဈေးနှုန်းသည် 4.5 - 30 cent (မြန်မာငွေ ၃၅ကျပ်မှ ၂၄၀ကျပ်) အထိ အမျိုးမျိုးရှိပါတယ်။
မြန်မာပြည်တွင်အစိုးရ ဈေးနှုန်းအလွန်နည်း၏။
http://en.wikipedia.org/wiki/Electricity_pricing
.
.
.
ကချင်ပြ ည်နယ်မှာတော့
.
လူတွေ ၀င်ငွေကောင်းလို့ တစ်သိန်းခွဲအကုန်ခံ ဆိုလာပင်နယ်တစ်ခု ၀ယ်ပြီး ဘက်ထရီအားနဲ့၊ကွန်ဗတ်တာသုံး လျှပ်စစ်မီးထွန်းရပါတယ်။ တစ်နှစ်ခံရင်တော့ တစ်လတစ်သောင်းအကုန်ခံပြီး လျှပ်စစ်မီးရတယ်ဆိုရပါတယ်။ ၂နှစ်ကြာပြီး စက်ပျက်သွားရင်တော့ သွားပြီပေါ့။ တရုပ်စက်တွေက ပြင်တာထက် အသစ်ပြန်လဲရမှာဆိုတော့ ၂နှစ်ကြာပြီး တလကျပ်တစ်သောင်းပေးပြီး လျှပ်စစ် နောက်ဆုံးပေါ် ဆိုလာပြားကို သုံးဖူးတယ် အဖတ်တင်၊ ကြွားဝါနိုင်တာပေါ့။ တစ်ချိုဆို ကျပ်၂သောင်းတန် LED + Solar မီးအိမ်လေးတွေ အရောင်းသွက်နေတယ်။ တစ်နှစ်ခံလေးတွေ ဆိုပေမဲ့ ကျပ်၂သောင်းတတ်နိုင်တော့ မဆိုးပါဘူး။ တခြားပြည်နယ်နဲ့တိုင်းများမှာတော့ ဒီလောက်ငွေ မတတ်နိုင်ပါဘူး။ လသာသာညမှောင်မှောင်မှာမနေချင်ရင် ဘက်တရီမီးပဲ သုံးရမှာပါ။
ဆိုလာပင်နယ်အခက်အခဲမှာ
၁။ အိမ်မီးပဲထွန်း၊ တီဗွီ၊ကွန်ပြူတာသုံးလျှင်သာ အဆင်ပြေခြင်း (မဆိုးလှပါ)။
၂။ မိုတာမောင်းရန် (စက်မှုလုပ်ရန် အင်အားမနိုင်ခြင်း) ..ဖြစ်သည်။
ဘက်ထရီများလည်း အားကုန်သည်အထိ တစ်ညလုံးမီးထွန်းလိုက်လျှင် ဘက်ထရီသက်တမ်းတိုမည်။ ဆိုလာပင်နယ်မှာ ဈေးကြီးသောကြောင့် ရန်သူ၅ပါးနှင့်ဝေးရာတွင် တည်ထားရန်လိုသည်။ နောက် ၂၀နှစ်အထိ ခံသည်ဟု ဆိုသော်လည်း စတင်ဆောက်လုပ်စရိတ်မှာ ကြီးလှသဖြင့်၊ မော်တာ၊အဲယားကွန်းများအတွက် မကိုက်ပါ။ သုံးလျှင် ဆိုလာဓါတ်အားစနစ် ကြာကြာခံမည်မဟုတ်ပါ။
မြန်မာနိုင်ငံတ၀ှမ်း ကျေးရွာများတွင် လျှပ်စစ်ဓါတ်အားလိုင်းမရောက်နိုင်သေးသော်လည်း ဆိုလာပြားများ ဈေးချိုစွာရောက်လာပါသည်။ မီးလင်းသောကြောင့် အိမ်တွင်းမှုလုပ်ငန်းများလည်း လုပ်နိုင်သည်။ မီးလင်းသောကြောင့် ကျောင်းစာများကောင်းကောင်း ဖတ်နိုင်သည်။ ညတွင် စာသင်နိုင်သည်။ ဓါတ်ဆီ၊ ဒီဇယ်ဆီ သက်သာသောကြောင့် ရေရှည်တွင် အကျိုးရှိသည်။
ဆိုလာစနစ်ကို တစ်ခု ၆၀၀ ၀ပ်ကို ကျပ်၃သိန်းခွဲခန့်ဖြင့် အပြီး၊တင်ဆင်ရောင်းချနေပါသည်။ Alibaba.com မှဝယ်လျှင် ဈေးများစွာသက်သာသောကြောင့် ဆိုလာဆိုင်များ အပြိုင်အဆိုင် တပ်ဆင်ရောင်းချပေးနေကြသည်။
အမေရိကန်သမ္မတ အိုဘားမားအစိုးရ ပြဌာန်းသော Green Energy ပေါ်လစီကို အကောင်းဆုံးအသုံးချသည့်၊ တရုပ်ပြည်ထုတ်လုပ်သော နေရောင်ခြည်၊ လေရဟတ် လျှပ်စစ်လုပ်ငန်းရှင်၅ခုအကြောင်းဖြစ်ပါသည်။
.
.
..
အမေရိကန်ဆိုလာနှင့်မြန်မာဆိုလာ (နေရောင်ခြည်လျှပ်စစ်)
အမေရိကန်တွင် ဆိုလာပင်နယ် 5KW ကို အိမ်ခေါင်မိုးပေါ်တင်ဆောက်လျှင် အခမဲ့လုပ်ပေးသည်။ ကုန်ကျငွေ ဒေါ်လာ၂သောင်းကို နှစ်စဉ် အရစ်ကျ ပေးရပါက၊ ၁၀နှစ်ပေးလျှင် တစ်လ ဒေါ်လာ၁၇မျှ ပေးရသည်။ ထိုဆိုလာပင်နယ်ကြောင့်တစ်နှစ်ကို လျှပ်စစ်အဖိုးခ တော်တော်သက်သာသွားသည်ဟု ဆိုသည်။
ပြသနာမှာ
၁။ လောလောဆယ် လျှပ်စစ်ဖိုး အနည်းငယ်သက်သာသွားအောင် ဒေါ်လာ၂သောင်းတန် ပစ္စည်း (Solar System) တပ်ဆင်ခြင်းသည် အကျိုးရှိပါသလား မေးခွန်းဖြစ်သည်။ဆင်းရဲသားများက တစ်လ ဒေါ်လာ ၂၀လောက် ကုန်ကျစရိတ်ရော့နည်းသွားသောကြောင့်အိမ်မှာဒေါ်လာ၂သောင်းတန်အခမဲ့လာတပ်ဆင်ခြင်းကို ကြိုဆိုကြသည်။
လူလတ်တန်းစားများက နည်းနည်းစဉ်းစားသည်။ အကယ်၍ ထိုဒေါ်လာ၂သောင်းတန်ပစ္စည်း တခုခုဖြစ်သွားလျှင် ပြသနာပဲဟု တွေးပြီး၊ အကြွေးဝယ်ဖို့ စဉ်းစားနေမည်။ လူချမ်းသာများကတော့ အသစ်ပေါ်လျှင် သိပ်မစဉ်းစား၊ လက်ငင်းငွေချေဝယ်ပစ်လိုက်သည်။
အမေရိကန်နိုင်ငံဖြစ်သည်။
အောက်ပုံမှာ လူအများက တပ်ဆင်ခ အလွန်ဈေးကြီးမည်။ ဒေါ်လာ ၂သောင်းမျှကျသင့်မည်ထင်ခဲ့သော်လည်းတကယ်တော့ ဒေါ်လာတစ်ထောင်ပဲကျသင့်သည်။ ထိန်းသိမ်းစရိတ်လည်း မရှိသလောက်၊ကောင်းလှပါသည်။ (မှတ်ချက်။ အခု ၂၀၁၇ မှာတော့ အမေရိကန်အစိုးရက ပံ့ပိုးမှုမရှိတော့ အိအမိုးဆိုလာစနစ် သိပ်ခေတ်မစားတော့ပါ)။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
.
.
.

တရုပ်ပြည်မှာ ကမ္ဘာကျော် ဆိုလာလုပ်ငန်းရှင်တစ်ဦးအကြောင်း
.
ဘ၀အစပြုခြင်း
Zhu Gongshan ၁၉၅၈တွင် မွေးဖွားသည်။ လျှပ်စစ်အဓိက ပညာသင်ကြားခဲ့ပြီး၊ သူ၏မြို့ Funing တွင် ၁၉၇၈ အချိန်က လျှပ်စစ်ပစ္စည်းရောင်းသည့်လုပ်ငန်း လုပ်ကိုင်ခဲ့သည်။ ထိုအချိန်တွင် တရုပ်ပြည် စီးပွားရေးဖွင့်ကာပြုပြင်ပြောင်းလဲရေး စတင်ခဲ့သည်။ ကိုယ်ပိုင်ကုမ္ပဏီ စတင်ခဲ့သည်။ အစိုးရမှတ်ပုံတင်ထားသော GCL Groupကို ပြည်ပတိုင်းပြည်များသို့ ထွက်ခွာပြီး တရုပ်နိုင်ငံ လျှပ်စစ်လုပ်ငန်းများတွင် ရင်းနှီးမြှတ်နှံမှုများ အတွက်နိုင်ငံခြားရင်းနှီးမှုများရရန် ရည်ရွယ်ခဲ့သည်။ ပထမဆုံး Solar Thermal Power Plant ကို Taicang တွင်စတင်နိုင်ခဲ့သည်။
အပြောင်းအလဲကြီး
၁၉၉၆ ခုနှစ်တွင် ဟောင်ကောင်မှ ပူးပေါင်း ရင်နှီးမြှတ်နှံသူမှာ Hong Kong Continental Mariner Investment ဖြစ်သည်။ အဓိက ပူးပေါင်းရင်းနှီးမြှတ်နှံသည့် တရုပ်ပြည်ကုမ္ပဏီမှာ Poly Group ဖြစ်သည်။ Poly Group သည် တရုပ်စစ်တပ်နှင့်နီးစပ်ပြီး တိန်ရှောင်ဖိန့်မိသားစုနဲ့လည်း နီးစပ်သည့် ကုမ္ပဏီဖြစ်သည်။ကုမ္ပဏီ အမည်မှာ GLC-Poly ဖြစ်သွားပြီး အာဏာပိုင်အသိုင်းဝိုင်းနှင့် နီးစပ်သွားတော့သည်။
နောက်ဆယ်နှစ်ကြာသောအခါ ဓါတ်အားပေးစက်ရုံ ၂၀ခု တည်ဆောက်ခဲ့ရာ၊ တရုပ်ပြည်၏နိုင်ငံတော်အစိုးရပိုင် လျှပ်စစ်ကုမ္ပဏီကြီး ၅ခု ဘာမျှဝင်မစွတ်ခဲ့ပါ။ ၂၀၀၇တွင် GLC-Poly သည် ဟောင်ကောင်Stock List အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲခဲ့သည်။
ကျောက်မီးသွေးမီးရှို့စွမ်းအင်နှင့် ဘိုင်အိုမတ်စ် Biomass Generators အများစုကို အသုံးပြုသည်။ ၂၀၀၆ တွင်၊စီးပွားရေးကပ် ဖြစ်မည့်ပုံစံ ကာတွင် အနာဂါတ်၊ နေရောင်ခြည် Solar Energy အတွက် ကန်ဒေါ်လာ၁၁၀၀သန်း ရင်းနှီးမြှတ်နှံခဲ့သည်။ PV photovoltaic industry အတွက် polysilicon များထုတ်လုပ်ခြင်းတွင်ရင်းနှီးခဲ့သည်။ Suntech နှင့် Yingli ကဲ့သို့မဟုတ်ပါ။ အခြေခံနည်းပညာပိုင်းဆိုင်ရာ ရင်းနှီးမြှတ်နှံ အဖြစ်ဈေးကွက် လွမ်းမိုးရန်ဖြစ်သည်။
ခြေလှမ်းကျဲသည်။ သူ၏ တမဟုတ်ချင်းဆုံးဖြတ်ချက်မှာ မှန်ခဲ့သည်။ ကမ္ဘာကြီးက Solar panels များ မြောက်များစွာလိုအပ်လာချိန်တွင် ကုန်ကြမ်းပစ္စည်းဖြစ်သော polysilicon ထုတ်လုပ်မှုနည်းချိန် ဈေးနှုန်း $500 per Kilogram ဖြစ်သွားသည်။ သို့သော် Zhu က ထိုဈေးနှင့်မရောင်းပဲ တစ်ဝက်ဈေးဖြင့်စီးပွားမိတ်ဆွေကုမ္ပဏီများကို ၈နှစ် အရောင်းစာချုပ်ခဲ့သည်။ ၂၀၀၈ စီးပွားကပ်ဖြစ်လာစဉ်တွင် polysiliconများ $100 per kilo ဈေးကျသွားသည်။ သူ၏ ကန်ထရိုက်က ပြိုင်ဖက်များထက် အမြတ်များစွာ ရရှိစေခဲ့သည်။
၂၀၀၈တွင် တရုပ်ပြည်မှ ပြည်ပတင်ပို့သည့် polysilicon တစ်ဝက် သူတို့ ကုမ္ပဏီမှတင်ပို့ခြင်းဖြစ်သည်။
၂၀၀၉တွင် GCL-Poly သည် နေရောင်ခြည်ဓါတ်အားပေးစက်ရုံများ solar power plants ဆောက်လုပ်ခြင်းကိုလုပ်ကိုင်လာသည်။
တရုပ်နိုင်ငံရင်းနှီးမြှတ်နှံမှု CIC မှ ကန်ဒေါ်လာ ၇၁၀သန်း ထည့်ဝင်လိုက်သည်။ ၂၀%ရှယ်ယာဖြစ်သည်။ GLC-Poly မှထုတ်လုပ်သော silicon wafer လျှပ်စစ်ဓါတ်အား 3500 mW ဖြစ်လာသည်။တကမ္ဘာလုံး solar silicon wafer ထုတ်လုပ်မှု၏ ၃၀% ဈေးကွက်ကို ရယူနိုင်ခဲ့သည်။ ဥပမာ - ၂၀၁၁တွင်1000 mW နေရောင်ခြည်စွမ်းအင်လျှပ်စစ်ဓါတ်အားစက်ရုံများ အမေရိကန်တစ်ဝှမ်းတွင်ဆောက်လုပ်ရန်စာချုပ်ချုပ်ဆိုခဲ့သည်။
GLC-Poly သည် ၂၀၁၁ နှစ်ဝက်တွင် ကန်ဒေါ်လာ ၅၅၅သန်း အမြတ်ထွက်ခဲ့သည်။ polysilicon တန်ချိန်၆၅၀၀၀ ထုတ်လုပ်ရန် စီမံကိန်းချထားသည်။
MDG Serices 28 Jul 2013
။။။။။။။။။။။။။။။။။။။။။။။။။။။။။
မှတ်ချက်။ ။ မြန်မာနိုင်ငံအတွက် လက်ရှိလျှပ်စစ် အခက်အခဲကို ယာယီဖြေရှင်းနည်းက တရုပ်၊ လာအို၊ ထိုင်း များက ပိုရှံတဲ့ လျှပ်စစ် ဈေးချိုစွာ ၀ယ်ယူခြင်းဖြစ်ပါတယ်။ ရေရှည်မှာတော့ ရေအားလျှပ်စစ် ရင်းနှီးမြှတ်နှံမှုများ စောင့်ရပါဦးမယ်။
.
ဆိုလာစက်ရုံကြီးများ၊ ဆိုလာပင်နယ်များ၊ ခေတ်စားလာခြင်းက အမေရိကန်အစိုးရပေါ်လစီကြောင့် ဖြစ်ပါတယ်။ သဘာဝထိန်းသိမ်းပေါ်လစီနဲ့ အစိုးရပံ့ပိုးမှုများကြောင့်၊ အမေရိကန်၊ဥပရောပ တွေကို လုပ်အားခဈေးချိုတဲ့ တရုပ်ပြည်ထုတ် ဆိုလာဆဲ အမြောက်အများတင်ပို့ခဲ့ပါတယ်။ သမ္မတအိုဘားမား လက်ထက်ကတည်းက အမေရိကန်အစိုးရ ပံ့ပိုးမှုရပ်ဆိုင်းလိုက်လို့ ဆိုလာလျှပ်စစ်လုပ်ငန်း ဇတ်လမ်းသိမ်းရပါတယ်။ တရုပ်ပြည်မှာ စက်ရုံသွားတည်တဲ့ ရင်းနှီးမြှတ်နှံမှုတွေ ဆုံးရှုံးရပါတယ်။ အဲဒ ပိုလျှံနေတဲ့ ဆိုလာဆဲတွေ မြန်မာပြည်နဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများကို ဈေးကြီးစွာနဲ့ ၀င်ရောက်ရောင်းချကြပါတယ်။ တကယ်တော့ အင်္ဂလန်နိုင်ငံမှာ Electrical PE (Professional Engineer) လက်မှတ်ရထားတဲ့ ဒေါ်မြင့်မြင့်စန်း (EP 1974) ပြောစကားအရ ဆိုလာလျှပ်စစ်ဓါတ်အားစက်ရုံ ကတော့ ကြက်ဆူပင် စိုက်ပျိုးခြင်းနဲ့ အတူတူပါပဲ...တဲ့။

No comments:

Post a Comment