Wednesday, August 30, 2017

အထည်ချုပ်စက်ရုံ ၄၀၀ ကျော် နိုင်ငံခြား ၁၇၁၊ မြန်မာ၁၉၆ ဖက်စပ် ၂၂ ရုံ လုပ်သားအင်အား လေးသိန်း ၊ ပို့ကုန် ဒေါ်လာ ၂ ဒသမ၂ ဘီလျံ (2016)

မြန်မာ့အထည်ချုပ်လုပ်ငန်းများတွင် ယခင်က ကိုရီးယားမှ အများဆုံး လာရောက်မြှုပ်နှံသော်လည်း ယခုနှစ်အတွင်း တရုတ်လုပ်ငန်းရှင်များ အများဆုံး ၀င်ရောက်မြှုပ်နှံ
မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းများတွင် ယခင်က ကိုရီးယားနိုင်ငံက အများဆုံး လာရောက်မြှုပ်နှံကြသော်လည်း ယခုနှစ်ပိုင်းအတွင်း တရုတ်လုပ်ငန်းရှင်များက အများဆုံး ၀င်ရောက်မြှုပ်နှံနေကြကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။
ပြည်တွင်းအထည်ချုပ်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု ၀င်ရောက်နေမှုများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးမြင့်စိုးက “အခု အများဆုံးဝင်နေတာက တရုတ်လုပ်ငန်းရှင်တွေ များပါတယ်။ အရင်က ကိုရီးယားတွေ၊ အရင်တုန်းက ဈေးကွက်ဆို ဂျပန်၊ အခု ဈေးကွက်အကြီးဆုံးက ဥရောပ၊ ဂျပန်က ဒုတိယ ဖြစ်လာတယ်။ ရင်းနှီးမြှုပ်နှံမှုတွေက တစ်လကို စက်ရုံလေးရုံ၊ ခြောက်ရုံအထိ ပုံမှန်ဝင်နေကြတယ်” ဟု ပြောကြားသည်။

“အထည်ချုပ်ထဲမှာ နောက်ဝင်တဲ့သူတွေက SME တွေမဟုတ်ဘူး။ လူ ၃၀၀၀ အထက်တွေ။ SME က ၅၀၀ သတ်မှတ်ထားတာလေ။ ၅၀၀ ကျော်သွားရင် SME မဟုတ်တော့ဘူး။ အခု ၀င်နေတဲ့အထည်ချုပ်တွေက ၀န်ထမ်းအင်အား ၁၀၀၀ကနေ ၃၀၀၀ ရှိတယ်။ အခုဆိုရင် တရုတ်ရင်းနှီးမြှုပ်နှံမှုက အများဆုံးဖြစ်သွားပြီ” ဟု ဦးမြင့်စိုးက ပြောကြားသည်။ပြည်ပသို့ အထည်ချုပ်တင်ပို့မှုလည်း နှစ်အလိုက် တိုးမြှင့်တင်ပို့နေရကြောင်းနှင့် ၂၀၁၆ ခုနှစ်အတွင်း အထည်ချုပ်တင်ပို့မှုမှ ဒေါ်လာ နှစ်ဘီလျံရရှိရန် မျှော်မှန်းထားခဲ့ရာမှ အမှန်တကယ်တွင် ဒေါ်လာ ၂ ဒသမ၂ ဘီလျံ ရရှိခဲ့ကြောင်းနှင့် ယခုနှစ်အတွင်း ဒေါ်လာ သုံးဘီလျံရရှိရန် မျှော်မှန်းထားကြောင်း သိရသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မေလတတိယပတ်အထိ မြန်မာနိုင်ငံတွင် CMP စနစ်ဖြင့် အထည်ချုပ်လုပ်ငန်းများ လုပ်ကိုင်ရန် နိုင်ငံတကာမှ ဒေါ်လာ ၆၇သန်းကျော် လာရောက် မြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ လည်ပတ်နေသည့် အထည်ချုပ်စက်ရုံ ၄၀၀ ကျော် ရှိနေပြီး အဆိုပါစက်ရုံများတွင် လုပ်ကိုင်နေသည့် အထည်ချုပ်လုပ်သားအင်အား လေးသိန်းရှိနေကြောင်း သိရသည်။
အဆိုပါ လည်ပတ်နေသည့်စက်ရုံများ စာရင်းမှာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီအထိ စာရင်းများဖြစ်ပြီး အဆိုပါစက်ရုံများအနက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်နေသည့် စက်ရုံ ၁၇၁ ရုံ၊ မြန်မာနိုင်ငံသားပိုင် စက်ရုံ ၁၉၆ ရုံနှင့် ဖက်စပ်လုပ်ကိုင်နေသည့် စက်ရုံမှာ ၂၂ ရုံအထိ ရှိနေကြောင်း သိရသည်။
CMP လက်ခစားစနစ်ဖြင့် အထည်ချုပ် ပို့ကုန်တင်ပို့မှုတွင် ယခင်က ဂျပန်ဈေးကွက်သို့သာ အများဆုံးတင်ပို့နေခဲ့ရာမှာ ယခုနှစ်အတွင်း ဥရောပဈေးကွက်မှာ အများဆုံး တင်ပို့နေရသည့် ဈေးကွက်ဖြစ်လာကြောင်း သိရသည်။

Sunday, August 27, 2017

FDI 6 billions Received in 2017 မြန်မာနိုင်ငံ တိုးတက်ရေး (တနည်းအားဖြင့်) အလုပ်ကိုင်အခွင့်လမ်း


မြန်မာနိုင်ငံ တိုးတက်ရေး (တနည်းအားဖြင့်) အလုပ်ကိုင်အခွင့်လမ်းများပြားစေရေး မှာ
.
၁။ ပြည်ပရင်းနှီးမြှတ်နှံမှု FDI Foreign Direct Investment
.
၂။ ပြည်ပချေးငွေ (Foreign Aids @ Loan)
.
ဒီ၂ခုအပေါ်မှာ လုံးလုံး မှီနေပါတယ်။
.
.
FDI ကတော့ ပွင့်လင်းမြင်သာသထက် မြင်သာအောင် လုပ်လာပါတယ်။ ချေးငွေကတော့ မပွင့်မလင်း မမြင်သာ ဖြစ်နေဆဲပါပဲ။
.
FDI အတွက် ပုံ(၁) FDI ကို ကြည့်ပါ။
Loan အတွက်တော့ အစိုးရလွှတ်တော် ပုံ(၂) Budget 2017 ကို ကြည့်ပါ။
Those data can get easily from Myanmar Government websites.
.
.
ပြည်ပချေးငွေများစွာ မပွင့်မလင်းစွာနဲ့ တိတ်တဆိတ်ရောက်လာတာ ၂၀၁၁ မတိုင်မီကပဲ ဖြစ်ပါတယ်။ အဲဒီခေတ်က FDI တွေမှာ သယံဇာတ၇င်းနှီးမြှတ်နှံမှု (ဥပမာ ရေအားလျှပ်စစ်၊ ကြေးနီ၊ နီကယ်၊ေ၇ွှ၊ ဓါတ်ငွေ့၊ ကျွန်းသစ်၊ ကျောက်စိမ်းပုလဲရတနာများ နဲ့ လက်နက် စတဲ့ မပွင့်မလင်း FDi များစွာ ရှိခဲ့ပါတယ်။ အခု ၂၀၁၅ နောက်ပိုင်းမှာ ဒီ(၂)ခုကို ပွင့်လင်းအောင် ကြိုးစားနေပါတယ်။
.
နိုင်ငံခြာ FDI နဲ့ ချေးငွေများစွာ ဘယ်လိုနည်းနဲ့ရနိုင် ကိုင်တွင်ကြပါသလဲ.
Good Question
.
အဂတိ Corruption နည်းပါးရေး၊ အစိုးရနဲ့ပြည်သူများ စာရိတ္တနဲပညာတတ်သိပြီး၊ အလုပ်များများလုပ်ကိုင်ရေး ..တို့ဖြစ်ပါတယ်။ Corruption ပြသနာတော့ ခေါင်မိုးလုံအောင် ဒေါ်အောင်ဆန်းစုကြည် အစိုးရက အစိုးရနဲ့လွှတ်တော်၊ တပ်မတော် ခေါင်းဆောင်များကို ပြုပြင်ပြောင်းလဲနေပါတယ်။
.
ချေးငွေကတော့ ၀န်ကြီးဌာနတွေကိုပဲ တိုက်ရိုက်ပေးတော့ မြန်မာတနိုင်ငံလုံးချေးငွေကို စီမံဘဏ္ဍာ ရသုံးမှန်းချေ (ဘတ်ဂျတ်) မှာပဲ တစ်လုံးတည်း မြင်နိုင်ပါတယ်။

.
လူတွေရဲ့ စရိုက်တွေကိုတော့
ပြောင်းလဲဖို့ အင်မတန်ခက်ပါတယ်။ ဥပမာ ဘင်္ဂါလီမုန်းတီးမှု၊ စစ်တပ်မနှစ်သက်မှု၊ ဌာနတိုင်းလစ်သလို လုပ်ပိုင်ခွင့်အလွဲသုံးစားမှု .စတဲ့ စရိုက်တွေ အများကြီးပြောင်းလဲရပါဦးမယ်။
.
.
ပံ့ပိုးငွေ၊ ကူညီငွေ (ဇီးသီးဗန်း)
တကယ်တော့ ပံ့ပိုးငွေဆိုတာ ချေးငွေပါပဲ။ သမ္မတဦးသိန်းစိန် ခေတ်ကာလက ဂျပန်ကိုသွားပြီး လျော်ပစ်လို့မရတဲ့ အဖွဲ့အစည်းချေးငွေတွေ ပြန်ဆပ်ရပါတယ်။ လျှော်ပေး ကူညီခဲ့ပါတယ်။ အမေရိကန်ကလည်း ပိတ်ဆို့မှုတွေ အတော်များများ လျော်ပေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်မှာတော့ အမေရိကန်ပိတ်ဆို့မှု၊ ဘလက်လစ်ကြေငြာမှုတွေ အားလုံးဖြေလျှော့ပေးပါတယ်။ စစ်လက်နက်ပဲ ပိတ်ဆို့ထားတာ ကျန်ပါတော့တယ်။
.
ချေးငွေတွေ ..ဘယ်ကငွေတွေ လာပါသလဲ ဆိုတော့ WB World Bank အမေရိကန်, ADB Asia Bank, JICA ဂျပန်၊ EU ဥရောပ၊ ဂျာမဏီ ၊ အရှေ့အလယ်ပိုင်း နဲ့ တရုပ်ဘဏ်များ..စတဲ့ အဖွဲ့အစည်းတွေက လာပါတယ်။ ပုံ-၂ မှာ ချေးငွေများအကြောင်း စီမံဘဏ္ဍာဝက်ဆိုက် Citizen Budget 2017-18 က ရယူထားပါတယ်။
.
အရေးကြီးဆုံးကတော့ ချေးငွေရရင် ကုန်အောင်သုံးတတ်တဲ့ စရိုက်တွေဖြစ်ပါတယ်။ မိုဘိုင်းဖုန်း ဘက်ထရီပါဝါ နဲ့ ငွေလက်ကျန်ကို ကို အရေးပေါ်ချွေတာသုံးစွဲဖို့ မြန်မာအခြေခံလူထုက မလုပ်တတ်၊ မသုံးတတ်တော့ အကုန်သုံးပစ်လိုက်ပါတယ်။ ဒါကြောင့် မိုဘိုင်းဖုန်းသာ ကိုင်ထားတယ်။ ပါဝါမရှိတာနဲ့ ဘီလ်မရှိတာနဲ့ ..လစဉ်ငွေကုန်၊ ဖုန်းပျောက်၊ ကျကွဲ စသဖြင့် ငွေယိုပေါက်ကြီးဖြစ်နေပါတယ်။ အလားတူပါပဲ လခစားတွေလဲ လမကုန်ခင် အကြွေးတွေနင်းကန်ယူတော့ လခထုတ်ချိန် အကုန်ပြောင် ဖြစ်သလို၊ လယ်သမားတွေလဲ စိုက်ပျိုးစရိတ်ချေးငွေရချိန်၊ စပါးပေါ်ချိန် ငွေရလာရင် အကုန်ပြောင်အောင်သုံးပစ်လိုက်တဲ့ အကျင့်ရှိပါတယ်။
.
ဒါကြောင့် FDI ရလာရင် ကုမဏီပိုက်ဆံဖြစ်လို့ စိုးရိမ်စရာမရှိပါ။
ဒါပေမဲ့ ချေးငွေရလာရင် ဌာနဆိုင်ရာတွေက အလကားရတဲ့အလား ဖြုန်တီးသုံးစွဲကြလွန်းလို့ ယခင် လွှတ်တော်နာယကကြီးက "ဆီးသီးဗန်းမှောက်" ဆိုတဲ့ စကားလုံးကို တီထွင်ပေးခဲ့ပါတယ်။
.
ဇီးသီးဗန်းကတော့ မှောက်နေဦးမှာဖြစ်ပါတယ်။ ဖမ်းဆီးအရေးယူခြင်းလဲ လုပ်နေပေမဲ့ တချိန်မှာတော့ တရုပ်ပြည်လို ပိုင်ဆိုင်မှုသိမ်း၊ ထောင်ချတဲ့ အဆင့်ရောက်ဖို့ကတော့ ..တပ်မတော်က ဘယ်လောက်ထိ ပူပေါင်းလုပ်ကိုင်နိုင်သလဲ ..မေးခွန်းနဲ့ပဲ သက်ဆိုင်နေပါတယ်။
.
.
ဘာပဲဖြစ်ပါစေ၊ မြန်မာတွေ အချင်းချင်း ယုံကြည်လာဖို့၊ ညီညွတ်လာဖို့ အခြေအနေကောင်းလာပါတယ်။ ဘင်္ဂါလီအကြမ်းဖက်သမားတွေကိုပဲ ကျေးဇူးတင်ရမလို ဖြစ်နေပါတယ်ခင်ဗျား.။
.
.
ဇော်အောင်(မုံရွာ)
၂၈.သြဂုတ်.၂၀၁ရ
.

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

FDI 6 billions Received in 2017

ဇူလိုင် ၁၃ ၂၀၁၇ ။ ။ လက်ရှိဘဏ္ဍာနှစ် ဇူလိုင်လယ်အထိ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင်အနေဖြင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော်အား စိစစ်ခွင့်ပြုထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ဇူလိုင်လ ၁၁ ရက်က ပြုလုပ်သည့် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင် အစည်းအဝေးအမှတ် (၁၀/၂၀၁၇)မှ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုလုပ်ငန်း (၂၇)ခု၊ ရင်းနှီးမြုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၉၁၆ ဒသမ ၅၉၃)သန်းအား ခွင့်ပြုခဲ့ပြီးနောက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် မျှော်မှန်းထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၆ ဘီလီယံ၏ ၅၀ ရာခိုင်နှုန်းနီးပါးအား ရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ လုပ်ငန်း (၂၇)ခုမှာ စက်မှုကဏ္ဍမှ လုပ်ငန်း (၁၄)ခု၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ (၂)ခု၊ မွေးမြူရေးနှင့် ရေလုပ်ငန်း (၁)ခု၊ အခြား ၀န်ဆောင်မှုကဏ္ဍ လုပ်ငန်း (၇)ခု၊ အိမ်ယာအဆောက်အအုံ တည်ဆောက်မှု ဖွံ့ဖြိုးမှု ကဏ္ဍ (၂)ခု နှင့် စိုက်ပျိုးရေး ကဏ္ဍလုပ်ငန်း (၁)ခု ဖြစ်ပြီး ယင်းလုပ်ငန်းများမှ အလုပ်အကိုင်အခွင့်အလမ်း (၇၁၅၅)ခုကို ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားမှုးချုပ် ဦးဆန်းမြင့်က " ဇူလိုင်လလယ်အထိ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏက ခွင့်ပြုလိုက်တာဆိုရင် ၃၁၁၇ ဒသမ ၂၉ သန်းပေါ့။ စုစုပေါင်းခွင့်ပြုတဲ့ လုပ်ငန်း ၉၃ ကို ပြန်ခွဲလိုက်ရင် ရင်းနှီးမြုပ်နှံမှုဥပဒေအဟောင်းနဲ့ ခွင့်ပြုထားတာ လုပ်ငန်း ၅၄ ခု၊ အခု အသစ်မှာ ခွင့်ပြုခဲ့တာက ၁၃ ခု၊ အတည်ပြုမိန့်က ၂၆ ခု ပါ" ဟု ဆိုသည်။

ဇူလိုင်လ ၁၂ ရက်က ရန်ကုန်မြို့၊ သစ္စာလမ်းရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးဆန်းမြင့်က ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏကို ဧပြီလ ၁ ရက်မှ ဇူလိုင်လလယ်အထိ ခွင့်ပြုခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၉၃)ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၂၇၆၈ဒသမ၅၂၅)သန်း၊ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအ၀င် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၂၉၈၉ဒသမ၈၁၃)သန်း စီးဝင်ခဲ့သည်။

ယင်းအပြင် လက်ရှိဘဏ္ဍာနှစ်အတွင်း အထူးစီးပွားရေးဇုန်ဥပဒေအရ သီလ၀ါအထူးစီးပွားရေးဇုန်တွင် ခွင့်ပြုခဲ့သည့် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၁၂၇ ဒသမ ၄၈၀)သန်းခွင့်ပြုခဲ့သဖြင့် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၃၁၁၇ ဒသမ ၂၉၃)သန်း စီးဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
.
.
.။။။။။။။။။။။။။။။။။။။။။။။။။။
.
မြန်မာ-ဗီယက်နမ် ကုန်သွယ်မှု ဒေါ်လာတစ်ဘီလီယံအထိ တိုးမြှင့်ရန် သဘောတူ

Byထွန်းထွန်းမင်းOn Sun, 2017-08-27 06:30Locationရန်ကုန်Issue No.No.1547 Sunday, August 27, 2017
မြန်မာ-ဗီယက်နမ် နှစ် နိုင်ငံကြား ကုန်သွယ်မှုကို ကန်ဒေါ်လာ တစ်ဘီလီယံအထိ အမြန်ဆုံး တိုးမြှင့်နိုင်ရန် နိုင်ငံ့ခေါင်းဆောင် များ သဘောတူခဲ့ကြောင်း နိုင်ငံ ခြားရေးဝန်ကြီးဌာနက ဩဂုတ် ၂၅ ရက်တွင် သတင်းထုတ်ပြန် သည်။
မြန်မာသမ္မတ ဦးထင်ကျော် ၏ ဖိတ်ကြားချက်အရ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ကွန်မြူ နစ်ပါတီ ဗဟိုကော်မတီအထွေ ထွေအတွင်းရေးမှူး မစ္စတာငုယင် ဖူးကျောင့်သည် ဩဂုတ် ၂၄ ရက်မှ ၂၆ ရက်အထိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။

၎င်း၏ ခရီးစဉ်အတွင်း မြန်မာခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးရာတွင် ကုန်သွယ်မှုကို အထက်ပါပမာဏ ရောက်ရှိရန်နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု တိုးမြှင့်ဆောင်ရွက်မည်ဖြစ်ကာ ဗီယက်နမ်နိုင်ငံက မြန်မာနိုင်ငံ၌ စွမ်းအင်၊ ဆက်သွယ် ရေးနှင့် အခြေခံအဆောက်အအုံလုပ်ငန်းများကို ရင်းနှီးမြှုပ်နှံရန် တွန်းအားပေးမည်ဟု ထုတ်ပြန် ချက်တွင် ပါရှိသည်။

မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံကြား ကုန်သွယ်မှုသည် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ သန်း ၅၀၀ ခန့်ရှိပြီး ဗီယက်နမ်နိုင်ငံမှ သွင်းကုန်များ တင်သွင်းခြင်းသည် တန်ဖိုး ကန်ဒေါ်လာ သန်း ၄၀၀ ကျော် ရှိခဲ့သည်။ ၂၀၁၇ ဧပြီ ၁ ရက်မှ ဇွန်လကုန်အထိ ကုန်သွယ်မှု စုစုပေါင်းကန်ဒေါ်လာ သန်း ၂၀၀ ခန့်ရှိသည်။ မြန်မာတွင် ဗီယက်နမ်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံမှု ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံကျော်ရှိသည်။ ထိုပမာဏအရ ဗီယက်နမ်နိုင်ငံသည် စင်ကာပူနိုင်ငံပြီးလျှင် မြန်မာနိုင်ငံတွင် ဒုတိယအများဆုံး လာရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံဖြစ်သည်။

မြန်မာသမ္မတ ဦးထင်ကျော် က ဗီယက်နမ်စီးပွားရေးလုပ်ငန်း ရှင်များအတွက် ကောင်းမွန်သည့် အခြေအနေများ ဖန်တီးပေးပြီး အ ကျိုးစီးပွားများကို စောင့်ရှောက် မည်ဟု ကတိပြုခဲ့သည်။ မြန်မာ နိုင်ငံတွင် ဖွင့်လှစ်ထားသည့် ဗီ ယက်နမ် ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုး တိုးတက်မှု ဘဏ်ခွဲသည် မြန်မာ့ စီးပွားရေး လုပ်ငန်းများအတွက် တိုက်ရိုက်ဘဏ်ဝန်ဆောင်မှု လုပ် ကိုင်ခွင့်ရရန် ဗီယက်နမ်ဘက်က တောင်းဆိုခဲ့ကြောင်း ထုတ်ပြန် ချက်၌ ဖော်ပြထားသည်။

‘‘ဗီယက်နမ်နဲ့ မြန်မာကုန် သွယ်မှုမှာဆိုရင် မြန်မာက အသာစီးရတာများပါတယ်။ မြန်မာပို့ ကုန်တွေလည်းဝယ်၊ ဒီမှာလာပြီး ရင်းနှီးမြှုပ်နှံတာလည်း များနေ တယ်။ နောက်ပြီး ပဲတွေလည်း ဝယ်တော့ အခု အိန္ဒိယက ကန့် သတ်လိုက်တဲ့ ပဲတွေကို ဗီယက် နမ်ကို တင်ပို့နိုင်တယ်’’ဟု စီးပွား ရေးပညာရှင် ဦးလှမောင်ကပြော ကြားသည်။

မြန်မာနိုင်ငံတွင် ဗီယက်နမ် နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံ သည့် လုပ်ငန်းများအနက် အဓိက လုပ်ငန်းများသည် HAGL ဆောက် လုပ်ရေးလုပ်ငန်းနှင့် ဆက်သွယ် ရေး မိုဘိုင်းလုပ်ငန်းတို့ဖြစ်သည်။
.
.
.
.
ကိုးကားချက်များ..

မြန်မာနိုင်ငံ FDI & Company DICA ပွင့်လင်းမြင်သာသောဝက်ဆိုဒ်...
.
စီမံဘဏ္ဍာဝန်ကြီးဌာန ၀က်ဆိုက်များ
...www.mof.gov.mm ၀န်ကြီးဌာန (ဘတ်ဂျတ်၊စီမံကိန်းများ)
...www.cbm.gov.mm ဗဟိုဘဏ် (ငွေလဲနှုန်း..etc)
...www.mebank.com.mm မြန်မာ့စီးပွားရေးဘဏ်
...www.irdmyanmar.gov.mm အကောက်ခွန်
...www.mminsurance.gov.mm အာမခံ
.
မြန်မာ FDI နှင့် ဗီယက်နမ်းလျှပ်စစ်ရင်းနှီးလုပ်ဆောင်မှုဆောင်းပါး (မိုးမခ)




Thursday, August 17, 2017

အားလုံး သိထားသင့်သော အစိုးရ ရင်ဆိုင်နေရသည့် စွမ်းအင် ပြဿနာ

အားလုံး သိထားသင့်သော အစိုးရ ရင်ဆိုင်နေရသည့် စွမ်းအင် ပြဿနာ
=============================
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ၂၀၁၅ တွင် အာဏာ စတင်ရရှိလာခဲ့သည့် အချိန်တွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိက ဦးစားပေး အဖြစ် ထားရှိခဲ့သည့်အပြင် ရေးဆွဲလာသည့် လူမှုရေး နှင့် ပါတ်ဝန်းကျင် ထိမ်းသိမ်းရေး မူဝါဒများသည် လည်း နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများ အကြိုက် ဖြစ်ခဲ့ပါတယ်။
သို့သော် အဆိုပါ မူဝါဒများကို လက်တွေ့ အကောင်အထည်ဖေါ်ရင်း နိုင်ငံ၏ စီးပွားရေးကို ၂၁ ရာစု တွင် အမှီလိုက်နိုင်ရန် ကြိုးစားလာသည်နှင့်အမျှ တဆက်တည်း ပေါ်ပေါက်လာမည့် ပြဿနာ အတိမ်အနက်ကိုမူ ကြိုတင်သိမြင်နိုင်စွမ်း မရှိခဲ့ပေ။
ယခုအခါ စွမ်းအင် မလုံလောက်မှုသည် အဓိက ထား ဖြေရှင်းရမယ့် အရေး ဖြစ်လာနေပြီး အစိုးရ အနေနဲ့ မလွှဲသာ မရှောင်သာပဲ ဟိုက်ဒရိုကာဘွန်တွေကို ဦးစားပေးရန် ရှိလာတဲ့ အတွက် ဆန္ဒပြ ကန်ကွက်မှု များ တိုင်းပြည်အနှံ့ ပေါ်ပေါက်လာခဲ့ရပါတယ်။
လျပ်စစ်ဓါတ်အား ပြတ်တောက်နေမှု ရေရှည် ဖြစ်လာသည်နှင့်အမျှ နိုင်ငံခြား ရင်းနှီးမြုပ်နှံသူ များ အနေနဲ့ ၀င်ရောက်လုပ်ကိုင်ဖို့ နောက်တွန့်လာခဲ့ကြတာ တွေ့ရပါတယ်။
ဓါတုကုန်ပစ္စည်းများ ထုတ်လုပ်ရန် မကြာမီက မှ လာရောက်လေ့လာခဲ့တဲ့ ဂျပန် မှ အလယ်အလတ် အဆင့်ရှိ ကုမ္ပဏီကြီး မှလည်း ထိုအကြောင်းများကြောင့် စိတ်ပျက်လက်ပျက် ပြန်သွားခဲ့ပါတယ်။ ၎င်းတို့ အနေနဲ့က လျပ်စစ်ဓါတ်အား မကြာခဏ ပြတ်တောက်ခြင်းကြောင့် ကုန်ထုတ်လုပ်ငန်း များ ထိခိုက်နိုင်ယုံမက ၎င်းတို့ရဲ့ အဖိုးတန် စက်ပစ္စည်းများ ထိခိုက်လာမယ့်အရေးကိုပါ တွက်ဆလာခဲ့ပြန်ပါတယ်။
ဒီနေရာမှာ အရေးပေါ် ဂျင်နရေတာ တွေ တပ်ပြီး လုပ်ငန်းကို စဉ်ဆက်မပြတ် လည်ပါတ်အောင် ပြုလုပ်ကောင်း ပြုလုပ်နိုင်ပေမယ့် အဲ့ ဒီအတွက် ကုန်ကျစရိတ်က လုပ်အားခ ဈေးပေါပေါ နဲ့ ရရှိမယ့် အကျိုးအမြတ် ကို ပြန်ထေမိစေနိုင်တဲ့ အတွက် တွက်ခြေမကိုက်ဖူးလို့ ယူဆခဲ့ကြပါတယ်။ ဒီအတွက် လုပ်အားခ ဈေးပေါတာချင်းတူတဲ့ အခြား အရှေ့တောင်အာရှ နိုင်ငံ များကို ခြေဦးလှည့်ဖို့ စဉ်းစားလာခဲ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အစိုးရ က ပါတ်ဝန်းကျင် ညစ်ညမ်းရေး ကို ကာကွယ်မယ့် မူဝါဒတွေ ချမှတ်ထားပေမယ့် ပါတီ တွင်းရှိ အချို့ခေါင်းဆောင်များက ကျောက်မီးသွေးမှ လျပ်စစ်ဓါတ်အား ထုတ်ဖို့ သာ ရှိတော့တယ်လို့ ပြောဆိုလာနေခဲ့ပြီ ဖြစ်ပါတယ်။
ဒီအတွက် လျပ်စစ် စွမ်းအင် ၀န်ကြီးဌာနရဲ့ အမြဲတမ်း အတွင်းဝန် ဖြစ်သူ ဦးထိန်လွင်က ကျောက်မီးသွေးကနေ လေထု ညစ်ညမ်းမှု မရှိအောင် ထုတ်လုပ်နိုင်မယ့် နည်းပညာ ရရင် လက္ခံ ပြီး လုပ်သွားယုံကလွဲလို့ အခြား နည်းလမ်း မရှိတော့ဖူးလို့ ဆိုပါတယ်။ အဆိုပါ နည်းပညာသည် လွန်စွာ ဈေးကြီးသော်လည်း လျပ်စစ်ကို အမြန် ထုတ်လုပ်နိုင်မယ့် တခုတည်းသော နည်းလမ်း ဖြစ်တယ်လို့ ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန် က ပြောခဲ့ပြန်ပါတယ်။
ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းကလည်း ကျောက်မီသွေးမှ လျပ်စစ် ထုတ်လုပ်တဲ့ နည်းပညာ ကို အမှီလိုက်နိုင်ရင် လျပ်စစ်ဓါတ်ကို ဈေးပေါပေါ နဲ့ ထုတ်လုပ်နိုင်မယ်လို့ ဆိုပါတယ်။
အရင်က ပါတ်ဝန်းကျင် ထိမ်းသိမ်းရေး မူဝါဒကို ပါတီက စွဲကိုင်လိုပေမယ့် အခုအခါ စီးပွားရေး တိုးတက်ဖို့ ဦးစားပေးရမယ့် အနေအထားဖက်ကို ယိမ်းယိုင်လာနေပြီ ဖြစ်ပါတယ်။
ယခုအခါ အစိုးရမှ တိုကျို တောင်ဖက် ရှိ ယိုကိုဟာမား အပူစွမ်းအင်သုံး ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံကို နမူနာ ကြည့်ဖို့ စိတ်အားထက်သန်လာနေကြပါတယ်။
ပြီးခဲ့တဲ့ ငါးနှစ်အတွင်း နိုင်ငံတွင်း လျပ်စစ်ဓါတ်အား သုံးစွဲမှု ပမာဏသည် နှစ်ဆတိုးတက်လာခဲ့ရပြီး ယခုနှစ်မေလ အတွင်း ၃,၀၇၀ မီဂါဝတ် အထိ စံချိန်တင်လောက်အောင် သုံးစွဲခဲ့တာ တွေ့ရပါတယ်။ ဂျပန် ရှိ JICA အကူအညီ နဲ့ စွမ်းအင်သုံးစွဲမှု ပမာဏ ကို ခန့်မှန်းတွက်ချက်ရာမှာ ၂၀၂၀ တွင် မီဂါဝတ် စုစုပေါင်း ၃,၈၆၀ မှ ၄,၅၃၀ အထိ ရောက်ရှိလာမယ်လို့ ဆိုပါတယ်။ ၂၀၃၀ တွင် ၁၄,၅၄၀ မီဂါဝတ် အထိ ဖြစ်လာမယ့် လို့ ခန့်မှန်းခဲ့ကြပါတယ်။
ထိုကဲ့သို့ တိုးတက် မြင့်မားလာနိုင်သည့် အကြောင်းရင်းများ မှာ မြန်မာသည် ထိုအချိန်လောက်တွင် စက်မှု ထွန်းကား လာနိုင်ပြီး တနိုင်ငံလုံး နီးပါး လျပ်စစ်ဓါတ်အား သုံးစွဲလာနိုင်မှု အပေါ် အခြေခံ တွက်ချက်ခဲ့ခြင်း ဖြစ်ပါတယ်။ ယခုလောလောဆယ်တော့ အိမ်ထောင်စု ပေါင်း ရဲ့ ၃၀% လောက်သာ သုံးစွဲနိုင်သေးတာ တွေ့ရပါတယ်။
ထိုကဲ့သို့ တိုးတက်လာမှု ကို ဖြည့်ဆည်းရန် ရေအား ၊ သဘာဝ ဓါတ်ငွေ့ နဲ့ ကျောက်မီးသွေး တို့မှသာ လျပ်စစ်ဓါတ် ထုတ်လုပ်နိုင်ဖို့ ပဲ ရွေးစရာ ရှိနေပါတယ်။
နိုင်ငံ မြောက်ပိုင်းရှိ တောင်ထူထပ်သော အရပ်ရှိ မြစ်ချောင်းများမှ ရေအား လျပ်စစ်ကို အလျံပါယ် ထုတ်လုပ်နိုင်မှာ ဖြစ်ပေမယ့် ဆည်တွေ တည်ဆောက်မည်ဆိုက ပါတ်ဝန်းကျင် ထိမ်းသိမ်းရေး နဲ့ လူနေမှု စနစ်များ ထိခိုက်မယ့် အရေး များကြောင့် ကန့်ကွက်လာကြအုန်းမှာ ဖြစ်ပါတယ်။ ဒါအပြင် စွမ်းအင်ထုတ်လုပ်နိုင်တဲ့ အဆင့်ရောက်အောင် အနည်းဆုံး ဆယ်နှစ်ခန့် အချိန်ယူ တည်ဆောက်ရဖို့လည်း ရှိနေတဲ့အပြင် တိုင်းရင်းသား လက်နက်ကိုင်များ ထိမ်းချုပ်ရာ ဒေသများအတွင်းမှာ ဖြစ်နေတဲ့ အတွက် ဖြစ်နိုင်ခြေ နည်းပါးနေပြန်ပါတယ်။
သဘာဝ ဓါတ်ငွေ့ကတော့ ကျောက်မီးသွေးထက်စာရင် လေထုညစ်ညမ်းမှု သက်သာ စေပါတယ်။ မြန်မာနိုင်ငံ မှာ သဘာဝဓါတ်ငွေ့တွေ ပေါများ ကြွယ်ဝလှသော်လည်း LNG ထုတ်လုပ်နိုင်တဲ့ အဆင့်ရောက်အောင် ထုတ်လုပ်နိုင်မယ့် အခြေခံ အဆောက်အအုံတွေ တည်ဆောက်ဖို့က ငွေအမြောက်အမြား ရင်းနှီးမြုပ်နှံရမှာ ဖြစ်နေပြန်တဲ့အတွက် အဆိုပါ ကဏ္ဍမှ စွမ်းအင်ထုတ်လုပ်မည်ဆိုက ပြည်ပမှ ပြန်လည် ၀ယ်ယူတင်သွင်းရမှာ ဖြစ်နေပြန်ပါတယ်။
လက်ရှိ နိုင်ငံ၏ ကမ်းလွန်တွင်းများမှ သဘာဝ ဓါတ်ငွေ့ကို တနေ့ကုဗပေ သန်း နှစ် ဘီလံယံ ခန့် ထုတ်လုပ်နိုင်နေပေမယ့် ၂၀% ခန့်ကိုသာ ပြည်တွင်း သုံးစွဲနိုင်ပြီး ကျန်တာကို တရုတ်၊ ထိုင်း နဲ့ အခြားနိုင်ငံများကို တင်ပို့ ရောင်းချနေရပါတယ်။
ကျောက်မီးသွေး မှ ထုတ်လုပ်နိုင်ရန် အတွက်ဆိုက အရည်အသွေး မြင့်မားတဲ့ အပူပေးထားပြီးသား ကျောက်မီးသွေးများကို အင်ဒိုနီရှားမှ တင်သွင်းရမှာ ဖြစ်ပါတယ်။ ဒါမှလည်း အဆင့်မြင့် နည်းပညာများနဲ့ ပါတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံး ဖြစ်အောင် ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ မှ ထွက်ရှိတဲ့ ကျောက်မီးသွေးများက အဆိုပါ နည်းပညာ သုံးဖို့ အရည်အသွေး မမှီတာ တွေ့ရပါတယ်။ ကျောက်မီးသွေးက LNG ထက် စာရင် ဈေးနှုန်း အထိုက်အလျောက် တည်ငြိမ်မှု ရှိတာတွေ့ရပါတယ်။ LNG ကတော့ ကမ္ဘာရေနံ ဈေးကွက် လိုက်ပြီး အတက်အကျ ရှိပါတယ်။
ပြည်ပ နိုင်ငံမှ အမြဲတမ်း ၀ယ်ယူ တင်သွင်း ရမည့် အနေအထားသည် ကုန်သွယ်ရေး လိုငွေ ပြလာနိုင်သည်သာ မက ၎င်းတို့ အပေါ် မှီခိုလာရမယ့် အန္တရာယ် ရှိနေပါတယ်။
ကျောက်မီးသွေး လျပ်စစ်ဓါတ်အားပေး စက်ရုံများ အနားမှာ နေထိုင်ရမယ့် နိုင်ငံသားများရဲ့ အပြင်းအထန် ကန့်ကွက်မှုများကြောင့် တည်ဆောက်ရန် ရှိနေတဲ့ စီမံကိန်း ဆယ်ခု ခန့် ရပ်ဆိုင်းလိုက်ရတဲ့ အနေအထား ကို ရောက်သွားခဲ့ပါတယ်။
မကြာမီ က ပြည်နယ်ဝန်ကြီးချုပ်တဦးက ကျောက်မီးသွေး နဲ့ ပါတ်သက်ပြီး ထင်မြင်ချက် ပေးလာခဲ့ခြင်းက နောက်တကြိမ် လူထုရဲ့ သဘောထားကို စမ်းစပ်မှု သက်သက်သာဖြစ်ပါတယ်။ လူထု ဆန္ဒပြမှုများသည် နိုင်ငံရေး အရ ထည့်သွင်း တွက်ချက်ရမယ့် အန္တရာယ် တခု ဖြစ်နေတာကြောင့် အလောသုံးဆယ် တွန်းတွန်း တိုက်တိုက် ပြုလုပ်လို့ မရသေးတာ တွေ့ရပါတယ်။
နောက်တချက် စိမ်ခေါ်မှုကတော့ လျပ်စစ်ဓါတ်အားခ နှုန်းပဲ ဖြစ်ပါတယ်။ အစိုးရမှ လူထုနဲ့ စီးပွားရေး လုပ်ငန်းများ သက်သက်သာသာ နဲ့ အသုံးပြုနိုင်အောင် ငွေ ကြေး စိုက်ထုတ်ပြီး ဈေးကွက်ပေါက်ဈေး ထက် လျော့ပြီး ရောင်းချပေးခဲ့ပါတယ်။ ထို့အတွက် လျပ်စစ်ကဏ္ဍ အနေနဲ့ ငွေကြေး အကျိုးအမြတ် မရရှိတော့တဲ့ အတွက် လိုအပ်တဲ့ အခြေခံ အဆောက်အအုံများ တိုးချဲ့ဖို့ မသုံးစွဲနိုင်တဲ့ အခြေအနေ ရောက်ရှိခဲ့ရပါတယ်။
အစိုးရအနေနဲ့ ဓါတ်အားခ မြှင့်တင်ဖို့ အကြံအစည် ကို စဉ်းစားနေပေမယ့် ထို ကဲ့သို့ ဈေးနှုန်းကြီးမြင့်မှု ဒဏ်ကို ခါးကော့အောင် ခံရမယ့် လူများက ထုတ်လုပ်နိုင်တဲ့ ဓါတ်အားပမာဏ ရဲ့ တ၀က်ခန့်ကို သုံးစွဲနေတဲ့ အိမ်ထောင်စုများပဲ ဖြစ်နေတာ တွေ့ရပါတယ်။
ဒီလို ငဲ့ညှာရမယ့် အနေအထား များစွာကို ထည့်သွင်း စဉ်းစားနေရတဲ့ အစိုးရ အဖို့ ရှေ့လျောက် ဘယ်လို စီမံဆောင်ရွက် သွားမလဲ ဆိုတာ အချိန်ယူ ဆုံးဖြတ်ရဖို့ ရှိနေပါတယ်။
ကိုးကား ။ ။ "Suu Kyi's dilemma over Myanmar energy mix" from Nikkei Asian Review
.
.
Tint Lwin စိတ်ကူးယဉ် ကြတာ ဒီ ပတ်ဝင်းကျင်ထိမ်းသိမ်းရေးမူဝါဒကို NLD စကြေညာကတည်းကသဘောမကျဘူး
LikeShow more reactions
Reply
4
11 hrs
Manage
Thaung Dan ရန်ကုန်နဲ့ ဂျာကာတာက ကီလို ၃၈၀၀လောက် ဝေးတယ်

ကျောက်မီးသွေးကို အင်ဒိုနီးရှားက ဝယ်ရမယ်လို့
...See More
LikeShow more reactions
Reply
10
11 hrs
Manage
Tun Win Copy bro.
LikeShow more reactions
Reply
1
11 hrs
Manage
ကျော် ခိုင် ကျွန်တော်တို့ မြစ်ဆုံတောင် ပြန် review လုပ်ရမလို ဖြစ်နေပြီ။
LikeShow more reactions
Reply
3
11 hrs
Manage
Tin Lattုမြစ်ဆုံ ကို တရုပ်က ဆောက်လို့ တရုပ်ကပဲ လျပ်စစ်ယူသွားမှာ ...
အဲဒီစီမံကိန်း စပြောတဲ့သူတော့ မလွယ်ဘူး...
LikeShow more reactions
Reply
1
10 hrs
Manage
Tin Latt မြစ်ဆုံ ပေ ၅၀၀အမြင့်ရှိတဲ့ရေကာတာအမြင့် ဆောက်ဖို့ရေဝမြုပ်ဧရိယာ ရန်ကုန်တိုင်းလောက် နီးပါး ကျယ်ပြန့်ပြီး 
ငလျင်ကျော မှာ ရှိနေတာ ဆောက်ဖို့ 
မြစ်ကြီးနားအထက် မိုင်၂၀ မှာရှိနေတာမို့ မြစ်ကြီးနား ဧရာဝတီတလျောက်မြို့ တွေကလူတွေ သဘောမတူတာ မဆန်းပါဘူး။
...See More
LikeShow more reactions
Reply
9
10 hrsEdited
Manage
Aye Win ကော်ပီယူမယ်နော်။
LikeShow more reactions
Reply
1
10 hrs
Manage
Ye Aung တိုင်းရင်းသား လက်နက်ကိုင် ဒေသတွေက မြစ်ချောင်းများ လျှပ်စစ်ထုတ်နိုင်ရင် တိုင်းရင်းသား လက်နက်ကိုင်နဲ့ ညှိပေါ့ ( အဲ့အရပ် လျှပ်စစ်မီး ပေးဖို့လည်း ကတိခံရမယ်ပေါ့ ) ... ပြည်သူ အားလုံး အကျိုးအတွက် လက်မခံရင် အပြတ်တိုက်ပစ်! ... တိန်!
LikeShow more reactions
Reply
1
9 hrs
Manage
Sunny Sunny KNU တပ်မဟာ(1) တပ်မဟာမှူးကပြောတယ် ကျနော်တို့ ငြိမ်းချမ်းရေးယူတာ ဒေသတိုးတက်ဘို့ ယူတာ ကျောက်မီးသွေး စက်ရုံတည်ဘို့ ကန့်ကွက်ရန်မရှိပါတဲ့ (၀န်ကြီးချုပ်အနေနဲ့ အပြောအဆို ပါးနပ်မှု မရှိ လို့ ကြံ့ကြာနေတာလို့ ယူဆပါတယ်)
LikeShow more reactions
Reply
3
9 hrs
Manage
Thant Aung ကျောက်မီးသွေးရဲ့ပြသာနာကတော့ 
အခု တရုတ် ရင်ဆ်ုင်နေရတဲ့ လေထု ညစ်ညမ်းမှုဘဲ
ဒါပေမဲ့ ငါတို့တိုင်းပြည်အတွက် 
...See More
LikeShow more reactions
Reply9 hrs
Manage
LikeShow more reactions
Reply
1
9 hrs
Manage
Yan Aung Solar power is the best solution.
LikeShow more reactions
Reply8 hrs
Manage
Tun Lin Aung ရဲရွာတို့  ဘာတို့  အစရှိတာ တွေက ရေအားလျှပ်စစ် ထွက်မယ်မဟုတ်လား...နရဖ ခေတ်မှာ ရေအားလျှစစ်အတွက် ဆည်တွေ အများအပြားဆောက်သွားတာ အလုပ်သိပ်မဖြစ်သေးဘူးလား ခမြ။
LikeShow more reactions
Reply
1
8 hrs
Manage
LikeShow more reactions
Reply8 hrs
Manage
Tint Lwin ၅ နှစ်လောက် coal power နဲ့စီးပွားတက်အောင်လုပ် တစ်ချိနိတည်းပြောင်သွားတဲ့ သစ်တောတွေပြန်စိုက် energy mix က coal power ကို ရေရှည်မှာပြန်လျှော့ ဒါကိုလက်တွေ့မကျပဲထင်ရာတွေလုပ် တတ်ရောင်ကားတွေပြောကြတော့ ဒုက္ခရောက်ကြတာပေါ့
LikeShow more reactions
Reply
2
8 hrs
Manage
Thu Ya h
LikeShow more reactions
Reply4 hrs
Manage
Uwin Myint Pyapon အဓိကပြသနာကိုယ်ကိုတိုင်ဆိုတာသိထားပေးပါအရင်အစိုးရကောင်းတာလုပ်လည်ကိုယ်အာဏာရဖို့အတွက်ကန့်ကွက်ခဲတော့အခုကိုယ်လည်အာဏာရရောကိုယ်လုပ်ခဲဒဲကံကိုယ်ပြန်ခံရတာပါဘဲပြီးတာတွေထားပြီအခုကစပြီတိုင်းပြည်အတွက်လုပ်ကြပါတော့ကောင်းတာတွေလုပ်ရင်ပြည်သူတွေကထောက်ခံမှာပါမှားရင်လည်ပြည်သူတွေကထောက်ပြတာခံပေါ့တိုင်းပြည်ကဒီမိုကရေစီကျင့်သုံးတာနံမည်ခံမဟုတ်ပဲလုပ်နိုင်တာတွေကောင်းအောင်လုပ်ကြပါတော့ငါမှတပါးအခြားမရှိတွေရပ်ကြပါတော့ကျနော်တို့မြို့ရွာတွေနာလှပါပြီ
LikeShow more reactions
Reply1 hr
Manage
M Zaw Aung ပတ်ဝန်းကျင်နိုင်ငံတွေက လျှပ်စစ်ဝယ်မသုံးချင်တာ အကြောင်းရှိပါလိမ့်မယ် ? ..
ဒါလောက်လွယ်တာကို ခက်နေတာ မိမိ ဥာဏ်မမီတော့ပါ။ 
လျှပ်စစ်ဝယ်သုံးခြင်း (ယာယီအဖြေ)
http://engrmyanmar.blogspot.com/2017/08/blog-post_5.html