Sunday, July 24, 2016

စည်းကမ်းမလိုက်နာဘဲ ကန်ထရိုက်လုပ်ငန်း လုပ်သည့် ဧရာဝတီတိုင်း စည်ပင်ကော်မတီဝင်ကို တာဝန်မှရပ်ဆိုင်း

စည်းကမ်းမလိုက်နာဘဲ ကန်ထရိုက်လုပ်ငန်း လုပ်သည့် ဧရာဝတီတိုင်း စည်ပင်ကော်မတီဝင်ကို တာဝန်မှရပ်ဆိုင်း
စည်သူမောင်မောင်
1 hour 20 minutes ago Sat, 07/23/2016 - 16:58
စည်းကမ်းလိုက်နာမှုမရှိဘဲ ဆောက်လုပ်ရေး လုပ်ငန်းလုပ်ကိုင်သူ ဧရာဝတီတိုင်း စည်ပင်ကော်မတီဝင် ဦးစိုးနိုင်ဝင်းကို တာဝန်မှ ရပ်ဆိုင်းလိုက်ပြီး ကန်ထရိုက်လုပ်ငန်းလိုင်စင် ပိတ်သိမ်းခြင်း၊ အင်ဂျင်နီယာ လိုက်စင် ပိတ်သိမ်းခြင်းတို့ဖြင့် အရေးယူလိုက်သည်ဟု ဧရာဝတီတိုင်း စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က မဇ္ဈိမသို့ပြောသည်။
ပုသိမ်မြို့၊ အမှတ် ၅ရပ်ကွက် ထောင်ကုန်းလမ်းရှိ ပုသိမ်ထောင်အနီးတွင် သုံးထပ်အမြင့်ရှိ အဆောက်အဦး ဆောက်လုပ်ရာတွင် အမြင့်ပေ ၂၈ ပေသာ ဆောက်လုပ်ရန် ခွင့်ပြုထားသော်လည်း ကျော်လွန် ဆောက်လုပ်ခြင်းကြောင့် အရေးယူရခြင်းဖြစ်သည်ဟု ဦးကျော်မြင့်က ပြောသည်။
“အစိုးရ တားမြစ်နေတာကိုသိလျက် ဆက်ဆောက်လုပ်လို့ အခုလိုမျိုးဖြစ်သွားတယ်၊ စစ်ဆေးတဲ့အခါ တာဝန် အရှိဆုံးလူက စည်ပင်ကော်မတီဝင်လည်း ဖြစ်နေတယ် အစိုးရက နှစ်ကြိမ်တိုင်တိုင် တားနေတဲ့ကြားက ဆက်ဆောက်တဲ့ ကန်ထရိုက်က တာဝန်အရှိဆုံးပဲ တားမြစ်တဲ့ကြားက ဆက်ဆောက်လို့ အရေးယူဖို့ အနေအထား ရောက်သွားတယ်” ဟု ပြောသည်။
အဆိုပါ အဆောက်အဦးကို ၂၈ ပေအမြင့်အထိသာ ဆောက်လုပ်ရန် ယခင်အစိုးရက တစ်ကြိမ်၊ ယခု တိုင်းအစိုးရသစ် လက်ထက်တွင်လည်း ဆက်မဆောက်ရန် ကန့်ကွက်မှုများ ရှိခဲ့သော်လည်း တိုင်းအစိုးရသစ်၏ ဆုံးဖြတ်ချက် မချခင် ဆက်လက် ဆောက်လုပ်ခဲ့သည်ဟုလည်း ဦးကျော်မြင့်က ပြောသည်။
“ပြီးခဲ့တဲ့ တိုင်းအစိုးရက ၂၈ပေအထိပဲ ဆောက်လုပ်ပါဆိုပြီး တကြိမ်တားမြစ်ခဲ့တယ်၊ အစိုးရသစ် လက်ထက်မှာလည်း ၂၈ပေ ထက် ကျော်လွန်သွားရင် ထောင်လုံခြုံရေးထိခိုက်ပါတယ် ခွင့်ပြုလို့မဖြစ်ဘူး ကန့်ကွက်လို့ တိုင်းအစိုးရသစ် လက်ထက်မှာ သုံးထပ်၂၈ပေ ကျော်တဲ့ဟာကို ဆက်မဆောက်ဖို့နဲ့ ဖျက်သိမ်းပေးဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်၊ အိမ်ရှင်ဘက်က အစိုးရ ဆုံးဖြတ်ချက် မချခင်အချိန်မှာ ဆက်ဆောက်လို့ ငါးထပ်ဖြစ်သွားတယ်” ဟုလည်း ဝန်ကြီး ဦးကျော်မြင့်က ပြောသည်။
ယင်းသို့သော အခြေအနေများကို တိုင်းစည်ပင်သာယာရေး ကော်မတီက စည်းကြပ်မှုအားနည်းခြင်းကြောင့် စည်ပင်ဝန်ထမ်း ငါးဦးကို ထုချေလွှာ တောင်းခံထားကြောင်းလည်း ဝန်ကြီးက ပြောသည်။
"စည်ပင်သာယာဘက်က တိုင်းညွန်မှူးကော၊ အရင် မြို့နယ် အလုပ်အမှုဆောင်ကော အခုလက်ရှိ အလုပ်အမှုဆောင်ကော၊ တာဝန်ခံအင်ဂျင်နီယာကော ရပ်ကျေး အင်ဂျင်နီယာကော ဝန်ထမ်းငါးဦးကို သေသေချာချာ တားမြစ်ထားတဲ့ကြားက ဆောက်လုပ်နေတာကို မကြီးကြပ်နိုင်တဲ့အတွက် ထုချေလွှာ တောင်းထားတယ်” ဟု ပြောသည်။
ယခုအဆောက်အဦးကို အကျဉ်းဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် အမြင့်ပေ ၂၈ ပေရှိ သုံးထပ် အထိသာ ပြုတင်းပေါက်များ တပ်ဆင်နိုင်မည်ဖြစ်ပြီး၊ သုံးထပ်နှင့်အထက် ပုသိမ်ထောင်ဘက်သို့ မျက်နှာမူထားသည့် အခြမ်းတွင် အလုံပိတ်ရန်၊ ငါးထပ်အမြင့်ရှိ ဝရန်တာနှင့် ထပ်ခိုးတို့ကို ဖျက်သိမ်းရန်၊ ငါးထပ်အပေါ်သို့ တက်သည့် လှေကားကို ဖျက်သိမ်းပေးရန်လည်း ဆုံးဖြတ်ခဲ့သည်ဟု ဦးကျော်မြင့်က ပြောသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ဦးစိုးနိုင်ဝင်းထံ ကန်ထရိုက်ငှားကာ ဆောက်လုပ်စေခဲ့သူ မြေပိုင်ရှင် ဦးအောင်မျိုးဝင်းကမူ ယခင်အစိုးရ စည်ပင်ဌာန၏ ခွင့်ပြုချက်ဖြင့် ဆောက်လုပ်ခြင်း ဖြစ်ပြီး “ကျွန်တော်ဘက်က ဘာမှန်းမသိပဲ ရပ်ထားတာ ကြာပြီ” ဟု ပြောသည်။

မိဇ္ဖိမသတင်း (ဇူလိုင်၂၀၁၆)

သိပ်လည်း ဘ၀င်မမြင့်ကြနဲ့ဗျာ.. စာရိတ္တဆောင်းပါးတစ်ခု

ခိုင်သစ္စာတင်ထားတာကူးရှယ်ပါတယ်။
စင်္ကာပူမှာရောက်နေတဲ့ မြန်မာပြည်သားတစ်ယောက်က သူ့ဖေ့စ်ဘုတ်မှာ ရေးထားတဲ့ အကြောင်းအရာ တခုကတော့ - အမြင်ကျယ်ကြပါ တဲ့။
သူ့ရေးသား ချက်ဟာ အခုဆိုရင် အွန်လိုင်းမှာ အနည်းဆုံး အကြိမ် တထောင်ကျော် လက်ဆင့်ကမ်း ဖတ်ရှုနေကြပါပြီ။"သိပ်လည်း ဘ၀င်မမြင့်ကြပါနဲ့" လို့ အမည်ပေးထားတဲ့ သူ့ရေးသားချက်တွေထဲမှာ မြန်မာပြည်ရဲ့ အခြေအနေ၊ မြန်မာပြည်သား အများအပြားရဲ့ စိတ်နေစိတ်ထား၊ သတိမပြုမိကြတဲ့ အရေးကြီးအကြောင်းအရာ များစွာ ပါဝင်နေပါတယ်။မဖတ်ရသေးသူများအတွက် မူရင်းအတိုင်း ကူးယူ ဖော်ပြပေးလိုက်ပါတယ်။
" သိပ်လည်း ဘ၀င်မမြင့်ကြပါနဲ့ "

..........
🔭🔭🔭🔭🔭🔭🔭🔭
ပြည်တွင်းမှာ နေနေတဲ့ လူတော်တော်များများကဗိုလ်ချုပ်အောင်ဆန်းလို လူမျိုးဟာ ကမ္ဘာမှာ မြန်မာမှာပဲ ရှိနေတယ်ထင်ကြတယ်။ဘာကြောင့်ဆိုတော့ သူတို့ဟာ ဒေါက်တာ ဆွန်ယက်ဆင်၊ ဟိုးဆေးရီးဇော်၊ ဟိုချီမင်း၊ ဂန္ဒီ၊ ချေဂွေဗားရား တို့အကြောင်းမသိကြတော့ နိုင်ငံတိုင်းမှာ ရှိတဲ့ သူရဲကောင်းတွေကို လေးစားရကောင်းမှန်းမသိကြဘူး။

လေယာဉ်ပေါ်ကနေ မြန်မာပြည်ကို မမြင်ဘူးတော့အခုချိန်ထိ Golden Land ဆိုပြီး ဘ၀င်မမြင့်ပါနဲ့။ တောတွေပြုန်းပြီး မီးလောင်ပြင်လိုဖြစ်နေတဲ့ လွင်ပြင်၊ တောင်တန်းတွေကိုမှ သူတို့မမြင်ဘူးကြပဲ။

တမလွန်အတွက် ပြင်ဆင်တဲ့အလေ့အကျင့်တွေထုံနေတဲ့ထမင်းရေ၊ ချောင်းစီးအလှူကြီးမျိုးတွေကိုပဲ မြင်ဖူးပြေီး ဘ၀င်မြင့်မနေပါနဲ့။ ကမ္ဘာ့သူဋ္ဌေးသူကြွယ်ကြီးတွေရဲ့ကိုယ်ကျိုးမဖက်ပရဟိတသက်သက်လှူဒါန်းမှုတွေကို အသိအမှတ်ပြုရကောင်းမှန်းမသိကြဘူး။

Globalization ကိုနားမလည်တော့ ကိုယ့်နိုင်ငံထဲမှာပဲ ကိုယ်နေရင် လုံခြုံပြီလိုထင်ပြီး ဘ၀င်မြင့်မနေကြပါနဲ့။ CNN Effect, Al Jazeera Effect ခေါ်တဲ့ ကမ္ဘာအရှေ့ခြမ်းမှာ ဖြစ်နေတာကို အနောက်ခြမ်းက ချက်ချင်းသိနိုင်တာကို လက်မခံနိုင်ကြသေးဘူး။

သဘာဝဘေးအန္တရာယ်တွေမကျအောင်သာသနာ
စောင့်နတ်မင်းကြီးတွေက မြန်မာနိုင်ငံကို ကာကွယ်ပေးထားတယ်လို့ သိပ်ဘ၀င်မမြင့်ကြပါနဲ့။ အာရှမှာ ရာသီဥတုဒါဏ် အဆိုးရွားဆုံးခံရတဲ့ နိုင်ငံဆယ်နိုင်ငံမှာ ဒုတိယမြောက် အဆိုးရွားဆုံးဖြစ်နေတာကိုမှ မသိပဲ။

မြန်မာနိုင်ငံမှာ ငါးပါးသီလထွန်းကားပါတယ် ဆိုပြီး သိပ်ပြီးဘ၀င်မမြင့်ပါနဲ့၊ တကယ်တော့ စာအုပ်ထဲမှာပဲ ထွန်းကားပြီး မြန်မာပြည်သူတွေရဲ့ ကိုယ်ကျင့်တရားက မိစ္ဆာဒိဋ္ဌိနိုင်ငံတွေလို့ ခေါ်တဲ့ ဥရောပနိုင်ငံသားတွေစံထားတဲ့ Gentleman ဆိုတဲ့အဆင့်ကိုတောင် မမှီသေးတာကိုမှ မသိကြပဲ။

ထမင်းငတ်ပြီးသေတဲ့မသာ မြန်မာပြည်မှာမရှိဘူး လို့ဘ၀င်မြင့် မနေကြပါနဲ့။ တောင်သမန်အင်းထဲက ဓါတ်မြေသြဇာအဆိပ်သင့်နေတဲ့ ငါးကြော်တွေကို မစားဖို့ သက်ဆိုင်ရာသံရုံးတွေက သူတို့နိုင်ငံသား တိုးရစ်တွေကို တိုးတိုးတိတ်တိတ် မှာထားတာကိုမှ မသိကြပဲ။ ထမင်းငတ်ပြီး မသေပေမယ့် တရုပ်နဲ့ယိုးဒယားက၀င်လာတဲ့ သူတို့နိုင်ငံသားတွေတောင် မစားတဲ့ သွားရေစာတွေကြောင့်သေနေတဲ့ကလေးတွေ၊ ဓါတုအဆိပ်သင့်နေတဲ့ ဟင်းသီး၊ ဟင်းရွက်သား ငါးတွေကြောင့် သေနေကြတာတွေ၊ အဟာရငတ်ပြီး သေနေကြတာတွေကိုမှ မသိရှာကြပဲ။

အိမ်ထဲအထိဝင်၊ ခြင်ထောင်ထဲလှန်ကြည့်တဲ့ အထိ ဧည့်စာရင်းစစ်တာကိုကြည့်ပြီး မြန်မာပြည်မှာ တရားဥပဒေစိုးမိုးမှုရှိတယ် ထင်နေကြတယ်။ ပြည်ပနိုင်ငံတွေမှာ ကိုယ့်အိမ်တံခါးကို ၀ရမ်းမပါပဲ လာခေါက်ရင်တောင် ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲလို့ရတယ်ဆိုတာကိုမှ မသိပဲ။

ပြည်တွင်းမှာ ကျပ်တည်းကျဉ်းမြောင်းစွာ အမြဲနေရတာတော့ အကျင့်ပါနေပြီး လူတိုင်းလည်း ငါတို့လို ဒီလိုပဲ ရုန်းကန်နေရတာပဲ၊ ဘယ်သူမှ ထမင်း အလကားလာမကျွေးဘူးဆိုပြီး တဘက်သက် မာနတွေကလည်းကြီးတယ်။တစ်ခြားနိုင်ငံ တချို့မှာ ကလေးတွေရဲ့ ကျောင်းစားရိတ်၊လူတိုင်းရဲ့ကျန်းမာရေး စောင့်ရှောက်မှု ကို အစိုးရဆီက အလကားရနေတယ်ဆိုတာမှ သူတို့မသိပဲ။

အခုချိန်ထိတောင် တွေဖြိုလို့ကောင်းတုန်း၊ သစ်တွေခုတ်လို့ကောင်းတုန်းပဲ။ ကိုယ့်နိုင်ငံမှာ ကိုယ်လုပ်တာ ဘာဖြစ်လည်းဆိုပြီး ရန်ထောင် လို့ နေသေးတယ်။Butterfly Effect လို့ခေါ်တဲ့ လိပ်ပြာလေးတစ်ကောင် တောင်ပံခတ်ရုံနဲ့ အမေဇုံသစ်တောက သစ်ပင်ကြီးတွေ တ၀ုန်းဝုန်းလဲပြိုနေတာကိုမှ မသိပဲ။

စမတ်ဖုန်းတွေ၊ မော်တော်ကားတွေ၊ကွန်ပျူတာဆက်စပ် ပစ္စည်းတွေ ဈေးကွက်ထဲမှာ မြင်တွေ့နေရတော့မြန်မာနိုင်ငံကြီး ခေတ်မှီဖွဲ့ဖြိုး တိုးတက်နေပြီလို့ ထင်နေကြတယ်။ တကယ်တော့ မြန်မာပြည်ကိုပို့တဲ့ ပစ္စည်းကို သူ့တို့နိုင်ငံသားတွေ လုံးဝ မသုံးကြတာကိုမှ မသိပဲ။

မြန်မာပြည်က ရှုခင်းတွေသာ အလှဆုံးလို့ထင်နေကြတယ်။ ဒါတွေကိုကြည့်ချင်လို့ နိုင်ငံခြား ခရီးသွားတွေလာနေတယ်လို့ ထင်နေကြတယ်။တကယ်တော့ မြန်မာပြည်ထက် အဆပေါင်းများစွာသာတဲ့ ရှုခင်းတွေနိုင်ငံရပ်ခြားမှာ အများကြီးရှိတယ် ဆိုတာမှ မသိပဲ။ 

သူတို့လာတာဟာကမ္ဘာမှာ မြင်တွေ့ရခဲတဲ့ တတိယနိုင်ငံက ဆင်းရဲသားတွေရဲ့ ဘ၀ကို တအံ့တသြကြည့်ဖို့လာတာများတယ် ဆိုတာကို သိမှ မသိပဲ။

သိပ်လည်း ဘ၀င်မမြင့်ကြနဲ့ဗျာ..
ကမ္ဘာမှာ မြန်မာဆိုတာ သေးသေးလေးပါ။ အခုခေတ်က နိုင်ငံကို လာပြီး သိမ်းတဲ့ခေတ် မဟုတ်တော့ဘူး။ သွားသိမ်းစရာမလိုပဲ ကိုယ့်နိုင်ငံက ယူချင်သမျှ ယူလို့ရနေပြီ။အခု ကိုယ့်လူတို့သုံးနေတဲ့ ဆိုင်ကယ်၊ မော်တော်ကား၊ ကွန်ပျူတာအပါအ၀င် အပ်တိုတစ်ချောင်းတောင် ပြည်တွင်းမှာ မလုပ်နိုင်သေးဘူး။ ဒါတွေပြည်တွင်းမှာ များလာတယ်ဆိုတဲ့အဓိပ္ပါယ်ဟာ မြန်မာပြည်က ကျွန်းသစ်၊ ရေနံ၊သဘာဝဓါတ်ငွေ့နဲ့တခြားသယံဇာတတွေ လျော့သွားပြီးဆိုတဲ့ သဘောပဲ။

သိပ်လည်းဘ၀င်မမြင့်ကြပါနဲ့။
သယံဇာတတွေကုန်ခန်းစပြုနေတဲ့တိုင်းပြည်၊ ခြစားမှုတွေနဲ့ ယိုယွင်းနေတဲ့ လူမှုအဖွဲ့အစည်း၊ ဆင်းရဲမွဲတေမှု ရောဂါစွဲကပ်နေတဲ့ တိုင်းပြည်။ ဒီလိုတိုင်းပြည်ကို ဘယ်နိုင်ငံမှ နာမည်အပျက်ခံပြီး ကိုလိုနီ လုပ်နေစရာ မလိုပါဘူး။
တရုပ်တွေနေချင်လည်း ရနေတာပဲ။ ကုလားတွေနေချင်လည်း ရနေတာပဲ။ တံခါးမရှိ၊ ဓါးမရှိ ၀င်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်းထွက်လို့ရနေတဲ့ တိုင်းပြည်ကို ဘာလို့အလုပ်ရှုပ်ခံပြီး သိမ်းနေမှာလည်း။

ဒါကြောင့် သိပ်လည်း ဘ၀င်မြင့်မနေနဲ့။
အချိန်သိပ်မရှိတော့ဘူး။မြန်မာပြည် လမ်းကြောင်းမှန်ပေါ်ရောက်ဖို့ အတွက် ဖွဲ့စည်းပုံကို ပြင်မယ့် ခေါင်းဆောင်ကို ၀န်းရံကြ၊ သူ့ကို ခိုင်းကြ။ တာဝန်ပေးကြ။ နောက်ဆုံးမျှော်လင့်ချက်က သူပဲရှိတော့တယ်။
ဒီမယ်မိတ်ဆွေ၊ ကိုယ့်လူ ကြည်တာမကြည်တာ၊ သဘောကျတာ၊ မကျတာ ခဏထား၊ ကိုယ့်လူတို့၊ ကျုပ်တို့မှာ ရွေးစရာမကျန်တော့ဘူး၊ ကိုယ်မှာ မြှားတွေ စူးဝင်နေရင် အသက်ဘေးနဲ့ အနီးဆုံးမြှားတံကို အရင်ရှင်းပစ်ရမှာပဲ။
ဒါကြောင့် မျိုးစောင့်သမားအားလုံး၊ မျိုးချစ်သမားအားလုံး၊ အားလုံး..အားလုံး.. ဖွဲ့စည်းပုံပြင်ဖို့ပဲ အာရုံစိုက်ကြ။ ပြီးမှ လွတ်လပ်စွာ ၀ိဝါဒကွဲကြ၊ ငြင်းကြ၊ ခုန်ကြ။
Credit:  Zaw Win Naing


Kyaw Win Aung ရှေ့ ပိုင်းမှာရေးထားတာတွေက မှန်သလိုလိုနဲ့ နောက်ဆုံးကျမှ မဲဆွယ်တရားဟောနေမှန်းသိတာ ၂ ချက်တော့ ဆွေးနွေးချင်ပါတယ် တစ်- လောင်စာအတွက် အမေရိကန်လိုလောင်စာမရှိရင် ပြသနာအကြိးအကျယ်တက်သွားမယ့်တိုင်းပြည်သမတတွေက လောင်စာမရှိလို့ သူ့ ပြည်သူပြည်သားတွေကို တိုက်တန်းနစ်မင်းသားသေသလို ရေခဲထဲမှာ ငုတ်တိုင်ထိုင်အသေခံမလား ခင်ဗျားတို့ မြန်မာတွေကို ပင်လယ်ထဲကန်ချမလားဆိုတာ သေချာစဉ်းစားစေချင်တယ် သိပ်လည်း လျော့မတွက်ကြပါနဲ့ ဇီးသီးစေ့ လောက် ကြက်ပေါက်စလောက် မြန်မာကိုမပြောနဲ့ အီရတ်လိုနိုင်ငံကိုတောင် အနုမြူလက်နက်အကြောင်းပြပြီး ဘလိုင်းကြီးဝင်တိုက်တာ ဘယ်သူ့ သောက်ဂရုစိုက်လို့ လဲ ----နံပါတ် (၂) နိုင်ငံရေးအတွေ့ အကြုံ စီးပွားရေးအတွေးအခေါ်ဘာမှမရှိ လုံခြုံရေးအသိလည်း နတ်ထိနဲ့  လူကို ၀ိုင်းရံကြဖို့ နဲ့ သူသာလျှင်သူမှတစ်ပါးကိုးကွယ်ရာမရှိပုံစံမျိုးပြောနေရအောင် သူသေသွားရင် ခင်ဗျားတို့ ပါ ထမင်းငတ်မှာမို့ လို့ လား လုပ်မနေနဲ့ သူထောင်ထဲမှာ နေကတည်းက ကျုပ်တို့ ကိုယ့်ထမင်းကိုယ်ရှာစားနေကြတာ အကျယ်ချုပ်ကလွတ်တာလည်းကြာပြီး ဆန်ဈေးလေးတောင်ချပေးနိုင်လို့ လား လူဆိုတာအချိန်မရွေးသေတတ်တယ်ဆိုတဲ့ တရားသဘော အနိစကိုတောင်မေ့ နေကြလား သူမရှိလည်း လုပ်နိုင်တဲ့သူ တစ်ပုံကြီးဆိုတာ တစ်ကယ်မသိတာလား ဒါလောက်ပါဘဲ
LikeReply12 hrsEdited

စင်ကာပူမှာ ဆောက်လုပ်ရေးနဲ့ ဆောက်လုပ်ခွင့်နဲ့ပတ်သတ်ပြီး

ခုတစ်လောမြန်မာပြည်မှာ ဆောက်လုပ်ခွင့်ပါမစ်တွေနဲ့ ပြဿနာတွေတတ်နေတာတွေလို့ စလုံးက authorities submission အကြောင်း အကျဉ်းချုပ်ရေးလိုက်ပါတယ်။ အမှားပါလဲ ခွင့်လွတ်ပါ။ စလုံးမှာ ဆောက်လုပ်ရေးနဲ့ ဆောက်လုပ်ခွင့်နဲ့ပတ်သတ်ပြီး အဓိက ဌာနကြီး ၁၁ ခု ရှိပါတယ်။

မြေကြီးနဲ့ပိုင်ဆိုင်မှုနဲ့ပတ်သတ်ပြီး
SLA (singapore land authorities)
JTC (Jurong town council)

Planning permission နဲ့ပတ်သတ်ပြီး
URA ( urban redevelopment authorities)

လုပ်ခန်းခွင် ဘေးကင်းရေး အလုပ်သမားရေးနဲ့ပတ်သတ်ပြီး
MOM (ministery of manpower)

အဆောက်အဦး ဆောက်လုပ်ရေးနဲ့ပတ်သတ်ပြီး
BCA (building construction authorities)

သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သတ်ပြီး
CBPU (central building plan unit)

အဲ့အောက်မှာမှ
NEA (national environmental agency) 

သောက်သုံးရေ၊ စွန့်ပစ်ရေနဲ့ပတ်သတ်ပြီး
PUB (public utilities board) water department
PUB (WRN), water reclamation department)
PUB (C&W), catchment and waterway department)

မီးဖိုချောင်သုံး gas နဲ့ လျှပ်စစ် နဲ့ပတ်သတ်ပြီး
EMA (energy market authoritues)
SPPG (singapore power grid)

လမ်း နဲ့ပတ်သတ်ပြီး
LTA (land tranaport authorities)

မီးဘေး အန္တရာယ်နဲ့ မီးသတ်ဌာန နဲ့ ပတ်သတ်ပြီး
SCDF (singapore civil defence force)

ပထမဦးဆုံး SLA သို့မဟုတ် JTC ကို မြေကြီး အသုံးချခွင့်နဲ့ပတ်သတ်ပြီး submission လုပ်ရပါတယ်။

SLA ခွင့်ပြုချက်ရပြီဆို MOM မှာ Factory permit လုပ်ခန်းခွင်နေရာ အဖြစ်တင်ရတယ်။

အဲ့ဒါပြီးရင် design development မလုပ်ခင် CBPU ကို SIP (sewerage interpretation plan) & DIP (drainage interpretation plan) တင်ရပါတယ်။ မြောင်းသွယ်ဖို့နဲ့ မိလ္လာစွန့်ပစ်ဖို့ပါ။

SIP/DIP ကျမှ URA ကို planning permission အတွက် floor plan နဲ့ elevation ပုံတင်ရတယ်။ URA က building height နဲ့ GFA ကိုစစ်ပါတယ်။

URA ဆီက planning permission ကျပြီဆို BCA ကို structure plan နဲ့ building plan ကို အသေးစိတ် တင်ရပါတယ်။ structure plan ကို ဆောက်မယ့် phase အလိုက် တင်လို့ရပါတယ်။ အရင် accredit checker ကိုတင် သူကမှ structure calculation တွေကို စစ်ပြီး BCA ကိုတင်။ BCA က building ရဲ့ structure ပိုင်းတင်မက အခုနောက်ပိုင်း ( buildability , constructibility, producibility) တွေကိုပါကြည့်ပြီး စစ်ပါတယ်။

URA က PP ရပြီဆို BCA submission နဲ့ တပြိုင်တည်း EMA license လျှောက် မီးနဲ့ gas အတွက်။ SPPG မှာ မီးအတွက် EMA license နဲ့ account opening လုပ်ပြီး power incoming အတွက် submission လုပ်ရပါတယ်။ SPPG က power consumption ပေါ်မူတည်ပြီ ပင်မလိုင်းကနေ user ရဲ့ substation ကိုမီးကြိုးသွယ်ပေးတယ်။ user က အသုံးပြုမယ် KVA ပေါ်မူတည်ပြီး substation ဆောက်ပေးရတယ်။

အဲ့လိုပဲ PUB ဆီမှာသုံးရေအတွက် submission လုပ်ရပါတယ်။ အခြေခံလိုအပ်ချက်ကတော့
below 25 m ဆို PUB water supply ကို တိုက်ရိုက်သုံးလို့ရပါတယ်။
above 25m and below 37 m ဆို high level water tank သုံးရပါတယ်။
above 37 mဆို low level water tank က နေ pump သုံးပြီး high level water tank သုံးရပါတယ်။

တချိန်တည်းမှာ SCDF ကိုbuilding plan တင်ပြီး FSSD (fire safety and shelter department) မှာ clearance လျှောက်ရပါတယ်။ FSSD က တော့
bulding classification, propose group 8 ခုခွဲပါတယ်။ ပြီး တော့မှ building ရဲ့ passive defence (structural protection, compartmentation) Active defence ( mechanical protection - fire detection, sprinkler) ကို စစ်ပြီး ခွင့်ပြုမိန့်ချပေးပါတယ်။

URA PP ကျပြီးရင် LTA ကို လမ်းနဲ့ ပတ်သတ်ပြီး တင်ရပါတယ်။ LTA ကတော့ GFA နဲ့ occupancy ကိုမူတည်ပြီး carparking lots အရေအတွက်ကိုစစ်ပါတယ်။ ပြီးရင် ဆောက်နေတုန်းနဲ့ ဆောက်ပြီး အသုံးပြုမဲ့ လမ်းနဲ့ road opening နဲ့ traffic management အတွက် clearance တင်ရပါတယ်။ ( မြန်မာပြည်မှာတော့ ဆောက်လုပ်ရေးတော်တော်များများက site access ကို မစဉ်းစားကျဘူး။ ဒီမှာအဲ့ဒါက တော်တော် အရေးကြီးတယ်)

ဆိုက်မစခင်မှာ PUB (C&W) ကို QECP (Qualified erosion control professional) ကို engage လုပ်ပြီး earth works (excavation, piling, footing) အတွက် submission နဲ့ clearance လျှောက်ရပါတယ်။

Submission တိုင်းကို သက်ဆိုင်ရာ professional engineer က လုပ်ရပါတယ်။ GEO အတွက် PE (GEO) , structure အတွက် PE (C&S), electrical အတွက် PE (electrical), mechanical အတွက် PE (mechanical), license electrical worker (LEW), license plumber တွေက သက်ဆိုင်မှုအလိုက် design and submission လုပ်ပါတယ်

အဲ့ဒါတွေ ရလို့ ဆောက်ပြီဆို client က construction management or management contractor တွေ engage လုပ်ပြီး အဆောက်အအုံ အရည်အသွေးကိုစစ်ပါတယ်။

Design ကို PE က ထုတ်ပြီး။ BCA approved ဖြစ်ထားတဲ့ structure plan ကို inspector တွေက လိုက်နာမှုရှိမရှိ စစ်ရပါတယ်။ inspector တွေက IES (institute of engineers singapore ) နဲ့ BCA ကအသိအမှတ်ပြုရပါတယ်။

ဆောက်ပြီးရင် RI (registered inspector) က စစ်ဆေးပါတယ်။ archi RI, M&E RI တွေ clearance ရရင် BCA ကို TOP (temporary occupation permit) လျှောက် BCA က final inspection လာပြီးမှ နေလို့ရပါတယ်။

တော်တော်ရှည်သွား ပြီ ။ မှားတာတွေ လိုအပ်ချက်တွေရှိရင်လဲ ထောက်ပြပါ။ submission တိုင်းက transparency ဖြစ်ပြီး submission procedure နဲ့ requirements တွေကို သက်ဆိုင်ရာဌာနရဲ့ website တွေမှာရှာလို့ရပါတယ်။ ( စလုံးက ညီငယ် Nga Ye Lay တင်ထားတဲ့ စတေးတပ်ကိုပြန်ဖြန့်ဝေတာပါ)


*******

Nyan Tun အဆောက်အဦ မဆောက်လုပ်ခင်အထိ ခွင့်ပြုမိန့်တောင်းခံချိန် အစအဆုံး အချိန်ဘယ်လောက်ခန့် ကြာပါသလဲ.. အနည်းဆုံး နဲ့ အကြာဆုံး ကတော့ရှိမှာပေါ့ဗျာ... ခန့်မှန်းပျမ်းမျှအချိန်...
LikeReply17 hrsEdited
Maung Maung Kyaw Thar SLA မှာ ၂ ပတ် အနည်းဆုံး, URA မှာ ၄ပတ် အနည်းဆုံး။ အဲ့ဒါပြီး ရင်တော့ ကိုယ့်ကျွမ်းကျင်မှုပေါ်မူတည်ပြီးဆောက်ကြတယ် ။ BCA ကလဲ ၄ပတ် အနည်းဆုံးယူတယ်။ AC checker ပြီးရင်တော့ approval မစောင့်ပဲစကြတယ်။

အစအဆုံးဆို ၃-၄ လ လောက်ကြာတယ်

LikeReply14 hrs
Nyan Tun ဒီမှာက ၂နှစ် ၃နှစ်အချိန်ကြာတယ် ပြောလို့ပါ..



Maung Maung Kyaw Thar SLA မှာ ၂ ပတ် အနည်းဆုံး, URA မှာ ၄ပတ် အနည်းဆုံး။ အဲ့ဒါပြီး ရင်တော့ ကိုယ့်ကျွမ်းကျင်မှုပေါ်မူတည်ပြီးဆောက်ကြတယ် ။ BCA ကလဲ ၄ပတ် အနည်းဆုံးယူတယ်။ AC checker ပြီးရင်တော့ approval မစောင့်ပဲစကြတယ်။

အစအဆုံးဆို ၃-၄ လ လောက်ကြာတယ်



ဆည်မြောင်းတံတား The Voice Cheif Editor's Article


ဆည်မြောင်းတံတား
နာမည်နဲ့ငွေရဖို့ လုပ်ခဲ့တာတွေ လုပ်နေတာတွေ ပါ။ သဗွိုက်စ် သတင်းစာ အယ်ဒီတာချုပ် ဆိုတော သြဇာအနည်းငယ်ရှိပေမဲ့ သူကိုယ်တိုင် အေ.ဂျီ.တီ.အိုင် အင်/ယာ တဦးပါ။
.
အထပ်မြင့်ဆောက်လုပ်ရေးတွေ မီဒီယာအမြင် တွေလဲရှိပါတယ်။ အင်/ယာတွေ အခွန်ရှောင် သူဌေးဖြစ်တော့ ဘာဥပဒေနဲ့မှ အရေးယူမရပါ။ အဲ..ကွာလတီ ပြသနာတော့ ထောင်ကျ ဘဝပျက်နိုင်တယ်။ အရင်က အိုဗာအက်စတီမိတ်လုပ်ပြီး အင်/ယာတွေ စားဝါးကြတယ်။ အခုခေတ် အိုဗာဆိုက် ဆောက်ပြီး ပစ္စည်ရောင်းသူဆီက ကော်မရှင်စားတယ်။ ကွာလတီ ကောင်းရင် ပြီးတာပါပဲ။ ပေါ်လစီကတော့ အင်/ယာ အလုပ်မဟုတ်.. နိုင်ငံရေးသမား အလုပ်ပါ။


မနှစ်က ဒီရက်ပိုင်းမှာ ရေးခဲ့တဲ့ ခေါင်းကြီးနဲ့ ခြေဆင်းပါ။ နှစ်တိုင်း ကြုံလာရမယ့် အန္တရာယ်ရှိတဲ့အတွက် မမေ့အောင် ပြန်တင်ပေးလိုက်တယ်။
-----------------
ကျနော့်မွေးဇာတိ ကန့်ဘလူနဲ့ ငယ်ငယ်က အိမ်ဦးနဲ့ ကြမ်းပြင်လို ကူးချည်သန်းချည် သွားခဲ့ဖူးတဲ့ ကောလင်း ဒေသနှစ်ခုစလုံးမှာ ရေကြီးနေတဲ့သတင်းတွေ မြင်ရ၊ ကြားရတာ စိတ်မချမ်းသာဘူး။ ကောလင်းဆိုတာ ရေစီးသန် ရေကျော်လေ့ရှိတဲ့ ဒေါင်းမြူးချောင်းဘေးမှာရှိတဲ့အတွက် ရေကြီးတာ မထူးဆန်းလှပေမယ့်(တကယ်တော့ ဒီနှစ်ရေကြီးတာမျိုးကျ ကောလင်းသမိုင်းမှာ မရှိဖူးပါ) ကန့်ဘလူလို ဘာချောင်း၊ မြစ်မှ မရှိတဲ့အပြင် ဘယ်တုန်းကမှ ဒီလိုအဖြစ်မျိုး မကြားဖူး၊ မကြုံဖူးတဲ့ နေရာမျိုးမှာ ရေကြီး၊ ရေသျှံတာကျ ထူးလည်းထူးဆန်း မေးခွန်းလည်း ထုတ်ရမယ့် အဖြစ်မျိုးပါ။
ပြောပြန်ရင်လည်း ဒီမောင်တွေကိုပဲ အပြစ်တင်ရာရောက်သွားမှာဖြစ်ပေမယ့် မပြောမပြီး၊ မတီးမမြည်ဆိုသလိုပဲ ပြောမှကို ဖြစ်လို့ ရေးရ ပြောရတာလည်းဖြစ်တယ်။ ဒီလောက် ရေးနေ၊ ပြောနေတာတောင် သူတို့လုပ်ချင်တာပဲလုပ်၊ မလုပ်ချင်တာဆို လုံးလုံးမလုပ်တော့လည်း “ကျနော်ကကော ဘာများတတ်နိုင်ဦးမှာနည်း” ဆိုပြီး ဗန်းမော်တင်အောင်လို့ ငြီးရမှာပဲ။
ပြဿနာက ကုန်ခဲ့တဲ့ အနှစ်၂၀ အတွင်းမှာ နိုင်ငံတော်ဘဏ္ဍာတွေကို သုံးပြီး တွေ့တဲ့နေရာတိုင်း၊ လက်ညှိုးထိုးတဲ့နေရာတိုင်း ဆည်တွေ၊ ရေကာတာတွေ၊ တစ်ဖက်ပိတ် တမံတွေဆောက်ပြီး ဇီးသီးဗန်းစီမံကိန်းတွေ အကောင်အထည်ဖော်ခဲ့တာပဲ။ စိုက်ပျိုးရေးအခြေခံတဲ့ နိုင်ငံမို့ ဆည်ဆောက်တာ ကောင်းတာပေါ့လို့ ပြောနိုင်ပေမယ့် ဘယ်လို ပညာရှင်နဲ့ တိုင်ပင်၊ ဘယ်လိုနေရာမှာဆောက်ဖို့ ဘယ်လိုစဉ်းစား တွက်ချက်၊ သုံးသပ်ပြီး ဘယ်လိုဆည်အမျိုးအစား ဆောက်တာလဲ၊ ဆည်ဆောက်လိုက်တဲ့အတွက် ရလာမယ့် အကျိုးကျေးဇူးနဲ့ လတ်တလော ပေးလိုက်ရတဲ့ ဆုံးရှုံးမှု၊ နောင်မှာ ကြုံလာနိုင်တဲ့ အန္တရာယ်တွေကို သေချာ စဉ်းစားချိန်ဆပြီး ဆောက်ခဲ့တာရော ဟုတ်သလား ဆိုတဲ့ မေးခွန်းတွေက ဒီနေရာမှာ အရေးကြီးသွားပြီ။
တကယ်တော့ မြန်မာပြည်မှာ ဆည်အပြင် လိုတဲ့နေရာမှာ မလုပ်ဘဲ မလိုတဲ့နေရာ သွားလုပ်ထားတဲ့ အဲလို စီမံကိန်းတွေ အများကြီး။ မလိုအပ်တဲ့နေရာမှာ လမ်းတွေဖောက်၊ တံတားတွေဆောက်ခဲ့ပြီး တကယ်လိုအပ်တဲ့နေရာတွေကျ အချိန်အထိ ရွှံ့တော၊ ဗွက်တောထဲမှာ ကားကို ကျွဲနဲ့ဆွဲ၊ ဆင်နဲ့ဆွဲ နေရတဲ့ လမ်းတွေ၊ တစ်နေကုန်လို့မှ ကား ဆယ်စီးပြည့်အောင် မဖြတ်တဲ့ တံတားကြီးတချို့တွေ ရှိတယ်။ တခြားမကြည့်နဲ့ အနီးဆုံး ရန်ကုန်မြို့တော် ဧရိယာမှာလိုက်ကြည့်အုံး။ တကယ်လိုအပ်ချက်တွေရှိနေတဲ့ ချင်းပြည်နယ်တို့ ရခိုင်ပြည်နယ်တို့ဆိုတာ အဝေးကြီး။ နိုင်ငံတော်နဲ့ နိုင်ငံသားတွေအတွက်၊ တိုင်းပြည်ရဲ့ စားနပ်ရိက္ခာအတွက်ဆိုတဲ့ အဓိကရည်ရွယ်ချက်နဲ့ စေတနာရှေ့ထားပြီး အကောင်အထည်ဖော်ခဲ့တာက နည်းနည်း၊ ကိုယ့် မိန်းမရှိတဲ့ မြို့၊ ဒေသမို့၊ ကိုယ့်ဇာတိမို့၊ ကိုယ့်ကို ရှယ်ရာပေးပြီး အမြဲဆည်းကပ်နေတဲ့ သူရဲ့ဒေသမို့၊ ကိုယ့်ကို ပုံမှန် ခွဲတမ်းပေးတဲ့ ဝန်ကြီးမို့၊ ကိုယ့်အတွက် အမြဲ ကော်မရှင်ပေးတဲ့ ကုမ္ပဏီမို့၊ ကိုယ့်ကို ရာသက်ပန် နာယကအဖြစ် တင်မြှောက်မယ့် အစိုးရတစ်ပိုင်း အန်ဂျီအိုအမည်ခံအဖွဲ့မို့ စတဲ့ စဉ်းစားမှုတွေနဲ့ အကောင်အထည်ဖော်ခဲ့တဲ့ စီမံကိန်းတွေအများစုက နိုင်ငံတော်နဲ့ ပြည်သူတွေအတွက် အဟောသိကံဖြစ်တာတွေ အများကြီး။
ကုန်ခဲ့တဲ့ အနှစ်၂၀အတွင်း တည်သမျှ စက်ရုံတိုင်းက တရုတ်က ကွန်ပျူတာထိန်းချုပ်စနစ်ကို ပြောင်းတဲ့အတွက် အသုံးမလိုတော့ဘဲ သံရည်ကြိုစက်ပို့ရတော့မယ့် သံကြေးတက် စက်အစုတ်အဟောင်းတွေကို ဖုန်ခါ ဆေးသုတ်ပြီး ဒန်အိုးဒန်ခွက် အဟောင်းဈေးမျိုးနဲ့ ဝယ်၊ အသစ်ဈေးနဲ့ စာချုပ်ချုပ်၊ စာချုပ်ပေါ်က တန်ဖိုးထဲမှာကိုက ဝယ်သူအတွက် ကော်မရှင်ခပါပြီးသား ပုံစံမျိုးတွေနဲ့ တည်ထားတဲ့ စက်ရုံးတွေချည်း။ တချို့ကျ ဗြိတိသျှကိုလိုနီလက်ကျန်ဆိုပေမယ့် နောင်မှာ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်မယ့်အပြင် ဒေသတွင်းနိုင်ငံတွေကြားမှာ အစောဆုံး မီးရထားပြေးနိုင်ခဲ့တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ပြတိုက်၊ ပြခန်းတွေနဲ့ နေ့တိုင်း ပိုက်ဆံဝင်မယ့်လုပ်ငန်းမျိုးမှာ အသုံးတည့်မယ့် အဖိုးတန် ကျောက်မီးသွေးရထားစက်ခေါင်းကြီးတွေကို တစ်ရက်စုပ်- တရုတ်စက် အပေါစား ဒီဇယ်စက်ခေါင်းတွေနဲ့ လဲပစ်တယ်။ ရုတ်တရက်ကြည့်ရင်တော့ အသုံးမကျတော့တဲ့ ရေနွေးငွေ့စက်ခေါင်းကြီးတစ်လုံးနဲ့ ဒီဇယ်စက်ခေါင်း အသစ် လေးငါးဆယ်လုံးရတယ်ဆိုပေမယ့် တန်ဖိုးချင်းက မတူဘူးလေ။ တရုတ်လုပ် ဒီဇယ်စက်ခေါင်းတွေဆိုတာ အရည်အသွေးက သိတဲ့အတိုင်းပဲ။ သူတို့ကတော့ပြောမယ် မြန်မာ့မီးရထားအတွက် ကောင်းစေချင်တဲု့စေတနာနဲ့ လုပ်ခဲ့တယ်လို့။ ဒါဆို ဘာကြောင့် တခြားနိုင်ငံတွေနဲ့ မဆက်သွယ်ဘဲ တရုတ်နဲ့ ဆက်သွယ်ပြီး လုပ်တာလဲ။ ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံလို ရထားသံလမ်း အကျယ်မျိုး သုံးတဲ့ နိုင်ငံက တရုတ်တစ်နိုင်ငံပဲ ရှိတာလား။ ကိုယ်ကျိုး မပါဘဲ လုပ်ခဲ့တယ်ဆိုတာ ကျနော်တော့ ယုံကိုမယုံတာ။ ဒါတောင်သူတို့က ပြောအုံးမယ်။ အမေရိကန်နဲ့ ဥရောပက ဆန်ရှင်လုပ်ထားလို့ တရုတ်နဲ့ပဲ ဆက်သွယ်ရတာပါလို့။ သူတို့ ဝယ်ချင်တဲ့ဟာကျ ပွဲစားကြီး စင်ကာပူကိုသုံးပြီး ဝယ်ခဲ့တာတွေကျ မပြောတော့ဘူး။
ပြည်သူအပေါ်တင်မကဘူး သူတို့ခိုင်းသမျှ တရား၏ မတရား၏၊ မှန်၏ မမှန်၏ မစဉ်းစားပဲ လုပ်ပေးခဲ့တဲ့ ဝန်ထမ်းတွေအပေါ်တောင် ရိုးသားခဲ့လို့လား။ ဒီမိုကရေစီနာမည်ခံထားတဲ့ အစိုးရအကူးအပြောင်းလေးတင်မှာကို ကားသွင်းမယ့် ပေါ်လစီတွေ ပြောင်းမယ်ဆိုတာ သိသိချည်းနဲ့ တရုတ်လုပ် ချယ်ရီဝက်ဂွန်ကားတွေ ကစလ တံဆိပ်ပြောင်းတပ်ပြီး သိန်း၂၀ကျော်လောက် တန်တဲ့ကားကို သိန်းငါးဆယ်နဲ့ အကြံအဖန်လုပ်သွားသေးတာ။ ကားပေါ်လစီပြောင်းတော့လည်း လေးဘီးကားစုတ်တွေကို သူတို့လူတွေပဲ လိုက်ဝယ်ပြီး မရှိတဲ့သူတွေအပေါ် ထပ်ပြီး အညွန့်ခူးစားလို့ရအောင် လုပ်ပေးသွားသေးတယ်။ မိတ်ဆွေတစ်ယောက်က အဲဒီလုပ်ရပ်ကို “သူတောင်းစားလက်ထဲက ခွက်ကိုတောင် မသမာတဲ့နည်းနဲ့ လုယူတဲ့လူတွေ” ဆိုပြီး ဥပမာပေးတယ်။ အဲလိုအဖြစ်အပျက်တွေ ပြန်ပြောင်းပြောရရင် မကုန်နိုင်ဘူး။ ပြောပြန်ရင်လည်း သူတို့ကိုပဲ အပြစ်တင်နေတယ် ဖြစ်အုံးမယ်။ လုပ်တာတွေကလည်း အလွဲတွေချည်း။
ခက်တာက သူတို့ကိုယ်သူတို့ အကုန်လုံး တတ်တယ်ထင်နေတာ။ အဲလိုထင်အောင်လည်း သူတို့ကို သင်ကြားလေ့ကျင့်ပေးလိုက်တဲ့နေရာမှာ ဦးနှောက်ဆေးပေးလိုက်သလို ရိုက်ထည့်ပေးလိုက်တာ။ သူတို့အချင်းချင်းကလွဲရင် ကျန်တဲ့သူတွေကို အထင်မကြီး၊ အထင်သေးအောင် လုပ်ပေးလိုက်တာ။ အာဏာရှင်စနစ်အောက်က ပညာရေးစနစ်အလွဲကြောင့် ဆယ်တန်းအမှတ်ပေါင်းစနစ်နဲ့ ခွဲပြီး တက္ကသိုလ်တက်ခိုင်းတဲ့ ပုံစံကြောင့် နယ်ပယ်တိုင်းမှာ သူတို့သာ အတော်ဆုံး၊ သူတို့သာ အထူးချွန်ဆုံးဆိုတဲ့ တစ်လွဲမာနတွေ တလူလူလွင့်ပြီး သူတို့ ပရော်ဖက်ရှင်နယ်လောကအပြင်ကလူတွေအားလုံးကို အထင်သေး အမြင်သေးနဲ့ မြင်တတ်၊ ကြည့်တတ်တဲ့သူတွေ မွေးထုတ်ပေးခဲ့တာ။ ငါတို့ကို မထိနဲ့ မီးပွင့်သွားမယ်ဆိုတဲ့ အုပ်စုစွဲ၊ အဖွဲ့စွဲ၊ ယူနီဖောင်းစွဲတွေဖြစ်ကုန်အောင် ဒီစနစ်ဆိုးကြီးက အရောင်ဆိုးပေးလိုက်တာ။
ဒီနေ့ မြင်နေရတဲ့ သက်ရောက်မှုအလွဲတွေက စနစ်ဆိုးရဲ့ စီမံခန့်ခွဲမှုအလွဲ၊ မလျော်သြဇာသုံးပြီး ကိုယ်ကျိုးရှာခဲ့တဲ့အလွဲတွေကြောင့် ဖြစ်လာတာ။ နောက်ဆုံး ခံကြရတာက အောက်ခြေက ပြည်သူလူထုပေါ့။ တော်ပါသေးတယ်။ ရွေးကောက်ပွဲ မဲဆွယ်ကာလနားနီးနေလို့ သမ္မတနဲ့ တပ်ချုပ်ကိုယ်တိုင်လာပြီး မိုးကာခြုံပေး၊ လိုအပ်တာ လမ်းညွှန်မှာကြားပေး လုပ်သွားလို့။ နို့မို့ဆို အရပ်ဖက်လူ့အဖွဲ့အစည်းတွေနဲ့ ဒေသခံပြည်သူတွေ ကိုယ့်ဘာသာကိုယ် ဖြေရှင်းနေကြရမှာ။ ဒါပေမယ့် ဒီအဖြစ်အပျက်မျိုးက နောင်မှာလည်း လာအုံးမယ်။ အာဏာရှင်ခေတ် တစ်လျှောက် ဆောက်ခဲ့၊တည်ခဲ့တဲ့ ဆည်တွေ၊ တမံတွေ၊ ရေကာတာတွေကို အရည်အသွေးမီ မမီတော့မသိဘူး အဲဒီစီမံကိန်းကို တာဝန်ယူရတဲ့ အဆင့်ဆင့်သော ဆည်မြောင်း အင်ဂျင်နီယာတွေရဲ့မိသားစုတွေကတော့ တော်တော်ကို အဆင့်မီသွားကြတယ်။ သူတို့ကလည်း အထက်အဆင့်ဆင့်ကို ဝေပုံကျ ဆက်သကြရတာဆိုတော့ ဘယ်သူတွေ ဘယ်လို ရခဲ့၊ ယူခဲ့၊ ကဲ့ခဲ့၊ ခိုးခဲ့၊ ဝှက်ခဲ့၊ အလွဲသုံးခဲ့တယ်ဆိုတာ ကိုယ့်ဘာသာ အသိဆုံး။ သူတို့အဲလို လုပ်ခဲ့တဲ့အတွက် သူတို့မိသားစုတွေ အဆင့်မီသွားခဲ့ပေမယ့် ရာသီဥတုဖောက်ပြန်တာရော ဒီအဆင့်မမီ၊ နေရာမမှန် ဆည်တွေ၊ တာတမံတွေကြောင့်ရော ရေလွှမ်း၊ ရေကျော်၊ ရေလျှံတဲ့ဒဏ်ကို နာင်နှစ်ပေါင်းများစွာအထိ မျိုးဆက် အဆင့်ဆင့် အကြီးအကျယ် ခံကြရအုံးမယ်။ တရားရဲ့လား။
နောင်မှာ ဒါမျိုး ထပ်မဖြစ်စေချင်ရင် လက်ရှိဆည်တွေရဲ့ပတ်လည်မှာ၊ ရေအရင်းအမြင်ဖြစ်တဲ့ မြစ်ချောင်းတွေ ဘေးတွေမှာ ရေဝေရေလဲ သစ်ပင်တွေ၊ သစ်တောတွေ ပြန်စိုက်၊ ဆည်ကြမ်းပြင် နုန်းများလာရင် ပြန်တူးဖော် စတဲ့ လုပ်ငန်းတွေ အချိန်မဆိုင်း လုပ်မှရမယ်။ မတတ်သာလို့ ရေဖောက်ချရမယ်ဆိုရင်တောင် အနိမ့်ဆုံးအဆင့် ဒေသခံပြည်သူတွေ လုံလောက်တဲ့ အချိန်ရအောင် ကြိုတင် သတိပေး၊ ထုတ်ပြန်တာ၊ ကူညီရွေ့ပြောင်းပေးတာ လုပ်ရမယ်။ အခုဟာက ဖောက်ချခါနီး နာရီပိုင်းအလိုမှ ပြောတာမျိုး၊ ပြောကိုမပြောပဲ ဒီအတိုင်း ဖောက်ချလိုက်တာမျိုးကြောင့် ပြည်သူတွေရဲ့ အဖိုးတန် အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးသွားရင် ဒါ ပြစ်မှုမြောက်တဲ့ ကျူးလွန်မှုဖြစ်သွားမယ်ဆိုတာ သိစေချင်တယ်။
လူသာသေချင် သေသွားမယ်၊ အမှုဆိုတာ ဆွေးမသွားဘူးဆိုတဲ့ ဆိုရိုးစကား ရှိတယ်မဟုတ်လား။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ရက်နေ့ထုတ် သတင်းစာမှာ ရေးဖြစ်ခဲ့တဲ့ ခေါင်းကြီးကို ဝေဖန်ဖို့၊ လွတ်လပ်စွာ သဘောထားကွဲလွဲဖို့နဲ့ ဆင်ခြင်သတိပြုမိကြဖို့ မျှဝေလိုက်တယ်။
-------------------------------------------------------
ဆည်ဆောက်တမ်း ကစားခြင်း၏ အန္တရာယ်
ယခုနှစ် မိုးရာသီသည် မုတ်သုံမိုး အားကောင်းခြင်းထက် ရာသီဥတု ဖောက်ပြန်ခြင်းကြောင့် ကုန်ခဲ့သည့် အနှစ် ၂၀ ကျော် နောက်ပိုင်း မိုးနည်းပါးလေ့ရှိသည့် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများတွင်ပင် မိုးအဆက်မပြတ် ရွာသွန်းကာ ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိသည်။
အဆိုပါ နေရာဒေသများကို လေ့လာကြည့်သောအခါ သာမန်မိုးသည်းထန်လွန်း၍ ရေကြီးခြင်းထက် ယင်းဒေသများတွင် တည်ဆောက်ထားသည့် တစ်ဖက်ပိတ်ဆည်များ၊ ရေလှောင်တမံများ ကျိုးပေါက်မည့် အန္တရာယ်ကို မြင်ကာ ရေများဖောက်ချခြင်းကြောင့် ရေလျှံ၊ ရေနစ်ကြခြင်းက အများစု ဖြစ်နေသည်ကို တွေ့ရသည်။
တည်ဆောက်ထားသည့် ဆည်၊ တာတမံများ ပတ်ဝန်းကျင်နှင့် ယင်းဆည်အတွင်းသို့ စီးဝင်သော မြစ်ချောင်းများ ပတ်ဝန်းကျင်တို့တွင် ရေဝေရေလဲ သစ်တောများ မရှိခြင်းကြောင့် နုန်းပို့လာကာ ဆည်ကြမ်းပြင်များ တဖြည်းဖြည်း မြင့်တက်လာခြင်းကိုလည်း လျစ်လျူရှုထားခဲ့သောကြောင့် မိုးဆက်တိုက် ရွာလိုက်သည်နှင့် ဆည်ရေလျှံကာ မထိန်းနိုင်တော့ဘဲ ဖောက်ချခြင်း၊ ကျိုးပေါက်ခြင်းများ ဖြစ်ပေါ်ရပေသည်။
များမကြာမီ အချို့ဆည်၊ တမံများ ကျိုးပေါက်ကာ အကြီးအကျယ် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်လာနိုင်သော အခြေအနေရှိနေရာ ရေဘေးဒုက္ခသင့်ရန် အလားအလာရှိသော နေရာဒေသများတွင် ကြိုတင်သတိပေးချက် ထုတ်ပြန်ခြင်း၊ နေရာရွှေ့ပြောင်းပေးခြင်း၊ ကယ်ဆယ်ရေး၊ ထောက်ပံ့ရေးလုပ်ငန်းများ အတွက် အသင့်ပြင်ဆင်ထားကြရန် လိုပေမည်။
စင်စစ်အားဖြင့် ယင်းကဲ့သို့ လုပ်ငန်းများသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့နှင့် တိုက်ရိုက်သက်ဆိုင်သော်ငြား မြန်မာနိုင်ငံတွင် ထိုကဲ့သို့သော ဌာနများ၏ အရေးပါမှုကို ၂၀၀၈ နာဂစ်မုန်တိုင်း၏ ဆိုးရွားပြင်းထန်လှသော အတွေ့အကြုံရှိထားသည့်ကြားက စနစ်တကျ ပြင်ဆင်ထားခြင်း မရှိပေ။
ကုန်ခဲ့သည့် အနှစ် ၂၀ ကျော်အတွင်း နိုင်ငံတစ်ဝန်း ဆည်ဆောက်တမ်း ကစားခဲ့ကြသကဲ့သို့ ဆည်စီမံကိန်းများစွာကို အရည်အသွေး ပြည့်မီစွာ၊ လာဘ်စားမှု နည်းပါးစွာ တည်ဆောက်ခဲ့ခြင်း မဟုတ်သဖြင့် ယင်းတို့၏ နောက်ဆက်တွဲ အကျိုးဆက်များအဖြစ် ယနေ့ ဒေသခံပြည်သူများ ခံစားနေရခြင်း ဖြစ်သည်။
အထူးသဖြင့် နိုင်ငံတော်အကြီးအကဲဟု ခေါင်းစဉ်တပ်ထားသည့် တပ်မတော်အစိုးရ ထိပ်ပိုင်းတာဝန်ရှိသူများက ၂၀၀၁ ခုနှစ် တပ်မတော်နေ့အမီ ဖွင့်လှစ်လိုသောကြောင့် အရည်အသွေးပြည့်မီခြင်း ရှိမရှိ၊ ဖွင့်လှစ်ချိန်တန်၊ မတန် ဆင်ခြင်သုံးသပ်မှု မရှိဘဲ အမိန့်အာဏာဖြင့် အချိန်မတိုင်မီ ဖွင့်လှစ်ခဲ့သော ကျီးပင်အက်ဆည် ညအချိန်မတော် ကျိုးပျက်သွားခြင်းကြောင့် ကန့်ဘလူမြို့နယ်၊ ထန်းတပင်(ဇီးကုန်း)နှင့် ညောင်ဇင်ကျေးရွာအကြားရှိ မြောင်ဘောင်ရင်းတံတားတွင် မန္တလေး-မြစ်ကြီးနား ညအမြန်ရထား တစ်စင်းလုံး ချောင်းအတွင်း ပြုတ်ကျကာ လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရသည်။
ဆည်မြောင်း၊ တာတမံများစွာ ဆောက်လုပ်ခြင်းဖြင့် ရှေးခေတ်က ဘုန်းကံကြီးသော တိုင်းပြုပြည်ပြု မင်းတရားကြီးများအသွင် အလွန်အကျွံ ချီးမြှောက်လိုသူများနှင့် ယင်းစီမံကိန်းများကို အကြောင်းပြုကာ နိုင်ငံတော်ဘဏ္ဍာ အလွဲသုံးစားပြုလိုသူများကြောင့် မြန်မာနိုင်ငံတစ်ဝန်းတွင် ရလာမည့်အကျိုးနှင့် ကြုံနိုင်သည့်အပြစ် ချိန်ဆစဉ်းစားခြင်း မရှိဘဲ အရည်အသွေးမမီသော ဆည်၊ တာတမံများစွာ တည်ဆောက်ခဲ့ခြင်း၏ နောက်ဆက်တွဲ ပြဿနာများ ဆက်တိုက်တွေ့မြင်လာရတော့မည် ဖြစ်ရာ ဒေသခံ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ဥစ္စာများ ကြိုတင်ကာကွယ်နိုင်ရေး အလို့ငှာ အထူးပြင်ဆင်ထားရန်လိုကြောင်း သတိပေးလိုရင်းဖြစ်သည်။
အယ်ဒီတာ (၁၉-၇-၂၀၁၅)