Wednesday, November 25, 2020

P.P.P မိုးပျံရထားလမ်း

 ရန်ကုန်မြို့ကြီးမှာ တကယ်လိုသလား၊ မလိုဘူးလား ဆိုတာထက် ဆောက်ခွင့်ရရှိရေးကိုပဲ ဦးစားပေးပြီး လွှတ်တော် မပါပဲ လုပ်နေတဲ့..အစိုးရစီမံကိန်းကြီးများစွာ ရှိနေပါတယ်။ ဥပမာ တရုပ် BRI စီမံကိန်း 33ခု၊  JICA မိုးပျံလမ်းစီမံကိန်းများ ဖြစ်တယ်။..FDI ရင်းနှီးငွေက ပြောစရာမရှိပေမဲ့ P.P.P (B.O.T) များကတော့ သတိကြီးစွာ ထားနေပါတယ်။ ..  ပဲခူး- ကျိုက်ထို အမြန်လမ်းကြီးကလည်း ရန်ကုန်-မန်း လက်ရှိအဝေးပြေးလမ်း ထက် ၄ဆ စျေးကြီးပြီး..ရှယ်ဆောက်ဖို့ လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ .. အာဏာရအစိုးရ အဖို့ ငြိမ်းချမ်းရေးနဲ့ အစိုးရအတွင်း တည်ငြိမ်မှု မရသေးသရွေ့ လွှတ်တော်မှာ ၂၅% ကန့်ကွက်မှု ရင်ဆိုင်နေရမှာ ဖြစ်တော့.. လွှတ်တော်ကို ကျော်ပြီး လုပ်ရင်လဲ နိုင်ငံခြားကုမဏီတွေပဲ..စျေးကြီးကြီး၊ အရည်သွေးညံ့ညံ့ ဆောက်သွားမှာပါ။.. JICA ADB WorldBank စီမံကိန်းတွေက အရည်သွေး စိတ်ချရတယ်ဆိုသော်လည်း အင်မတန်စျေးကြီးတော့. P.P.P စီမံကိန်းတွေအတွက် ပြည်သူလူထုကပဲ ​ပေးဆပ်ရပါမယ်။ ရထားခ အရမ်းစျေးမကြီးအောင် အစိုးရကပဲ အိတ်စိုက်ပေးရမှာပါ။  

.

လျပ်စစ်ခ၊ ဘတ်စကားခ စျေးအရမ်းမကြီးအောင် အစိုးရက စိုက်ပေးနေရပါတယ်။.. မလေးရှား ဝန်ကြီးချုပ်ဟောင်း.. နာဂျစ်နဲ့အဖွဲ့ ၁၀နှစ် အုပ်ချုပ်ချိန် China JICA Korea Germany လမ်းတံတား၊ လျပ်စစ်၊ ရေနံ၊ LNG ဓာတ်ငွေ့ စတဲ့ အလွန်စျေးကြီးတဲ့ စီမံကိန်းကြီးတွေကြောင့် ပြည်သူလူထု $130 ဘီလျံ ဆုံးရှုံးခဲ့ကြောင်း.. မြန်မာနိုင်ငံလည်း..သတိထားရပါမယ်။ 

.

လုပ်ပိုင်ခွင့်ရသူ ဌာနဆိုင်ရာများအဖို့ မြေငှားခ အနည်းငယ်သာရပြီး.. ဌာနတာဝန်ခံများကတော့ ချမ်းသာပြီးရင်း ချမ်းသာနေမှာပါ။ လက်ရှိ အစိုးရဌာနပိုင် မြေ၊ အဆောက်ဦများစွာကို အလကားနီးပါးစျေးနဲ့ နှစ် ၄၀ စာချုပ်များစွာလည်း မဖြေရှင်းနိုင်သေးပါဘူး။ 


ယခု မိုးပျံရထားလမ်း လှိုင်သာယာ-တိုးကြောင်ကလေး 18km ကို us$1000 ကန်ဒေါ်လာသန်း၁ထောင်.. စီမံကိန်းနဲ့ အခြားအာရှ မိုးပျံရထားလမ်း စရိတ်များ ယှဥ်ကြည့်နိုင်ပါတယ်။ မြန်မာပြည်မှာ ဆောက်ရင် စျေးအရန်း ကြီးလေ့ရှိတော့..အနာဂါတ်အတွက် မြန်မာ သူဌေးကြီးများစွာ ပေါ်ပါစေ ပဲ မျှော်လင့်ပါတယ်။ 

နှိုင်းယှဥ်ရန် (link)

https://livinginasia.co/comparison-of-first-metro-lines-in-asia/

Sunday, November 22, 2020

တိုင်းရင်းသားပါတီများ

 အခြား. တိုင်းရင်းသား. ပါတီတွေ လဲ  ဒေါ်အောင်ဆန်းစုကြည် ကိုပဲ ယုံကြည်ကြတယ်။ ရခိုင်နဲ့ရှမ်း ကလွဲရင်ပေါ့နော်.. ငြိမ်းချမ်းကြပါစေ


Monday, November 16, 2020

ပင်းတယ လှိုင်ဂူ

 ပင်းတယ. ဓနု ကိုယ်ပိုင်အုပ်ချုပ်ဒေသ.. တောင်ထိပ်က.နှစ်၂၀၀၀ မကတဲ့ လှိုင်ဂူကြီး ကို.. ကိုးရီးယား TV မှတ်တမ်း.. https://m.facebook.com/story.php?story_fbid=726544697941176&id=407398269855822

.

.

ရှမ်းပြည်တောင်ပိုင်း 

မြို့တော် တောင်ကြီးမြို့ ကို ၂၀၁၇ ကနေဒါနိုင်ငံ MEDA အဖွဲ့က တာဝန်ခံ ဒေါ်သိန်းသိန်းအောင် တို့နဲ့ သင်တန်းတက်၊ စက်မှုဇုံ ခရီး၊ ရှမ်းတောင် ကုန်သည်ကြီးများအသင်း ကိုစိုင်း တိုနဲ့အတူ ကြက်သွန်ဖြူစိုက်ပျိုးရေးနဲ့ စက်မှုလုပ်ငန်းများ အကြံပေးအဖြစ် ရောက်ခဲ့ပါတယ်။ အပြန်မှာ ကလောမြို့က ကိုအောင်လ က ၃ရက်တာ ရှမ်းတောင် ဖွံ့ဖြိုးရေးနဲ့ အင်ဂျင်နီယာအသင်း စက်မှုလုပ်ငန်းများ ပြသ လိုက်ပို့ပေးပါတယ်။ 


 ကျောင်းနေဖက် RIT 1983 1984 1985 အကြောင်းများ စမြုံပြန်ရင်း ဦအောင်လှ Civil, ဦးနေမျိုးမောင် Mechanical, စာရေးသူ ဦးဇော်အောင် Electronic တို့ ငယ်ဟောင်းနှောင်းဖြစ်များ ပြောဆို နှလုံးသား လန်းဆန်း အပမ်းပြေခဲ့ပါတယ်။ အိမ်ရှင် ဦးအောင်လှ က ၃ရက်စာ ဟိုတယ်စရိတ် ပေးချေသွားလို့ အားနာ ကျေးဇူးတင်မိပါတယ်။ ကားတစီးနဲ့ ပင်းတယ (လှိုဏ်ဂူ. ရေပြာကန်..),  ရွှေညောင်(အင်းလေး.ကန်နဲ့ ရာဇဝင်ဘုရားများ), အောင်ဘန်း စတဲ့ ဒေသများကို ပို့ဆောင် ကြွေးမွေးခဲ့တာ အမှတ်တရပါ။ ပင်းတယ ကိုယ်ပိုင်အုပ်ချုပ်ရေး ကျေးရွာများ တောင်သူတွေ တိုက်တာ.သွတ်မိုး အုတ်ကျွတ်မိုး ၅နှစ်အတွင်း ဖြစ်လာကြတာလဲ..အစိုးရမရှိ သူပုန်မရှိ တိုးတက်တယ် ဆိုတာ ပြသတာပါ။ ဂျမဏီနိုင်ငံ ကျေးလက်ဒေသရောက်နေသလို လှပတဲ့ တောင်ယာတော တောင်တန်းတွေ သီးနှံခင်းတွေ ရှုမောစရာပါ။ 

https://m.facebook.com/story.php?story_fbid=10155793786908472&id=755653471

.

ပင်းတယမြို့ ကတော့ တောင်ထိပ်ပေါ် နာမည်ကျော် လှိုင်ဂူကြီးရှိပါတယ်။ 


ပင်းတယ မီးအိမ်ရှင် Dr. သန်းမင်းထွဋ် ပေါ်ထွက်ခဲ့ပါတယ်။ မြောင်းမြမြို့သား ဆရာဝန်ဖြစ်ပြီး၊ ယခု ပုသိမ်ကုတင်၅၀၀ ဆေးရုံအုပ်ကြီးအဖြစ် ဧရာဝတီတိုင်း ကိုဗစ် ကပ်ရောဂါ ဦးဆောင်တိုက်ဖျက်နေပါတယ်။  အံ့ဘွယ် ဘဝခရီးပါလား..။ ၂၀၁၇ ဇွန်လ ပင်းတယ (ဓနုကိုယ်ပိုင်အုပ်ချုပ်ရေးနယမြေ) တရက်ခရီး တောတောင် ရေကန် လှိုက်ဂူ ရေပူစမ်းတွေ ခရီးတွေမှာ လမ်းတရှောက် ကျေးရွာ လယ်ယာလုပ်သူများရဲ့ အိမ်တွေက ဒီ ၇နှစ်အတွင်း တိုက်အိမ် သွတ်မိုး အုပ်ကြွပ်မိုးတွေ (ဂျမဏီနိုင်ငံက ကျေးလက်အလား) မြင်ရလို့ အံသြမိတယ်။ စစ်တပ် လက်နက်ကိုင်တပ် မရှိလို့လား စဉ်းစားခဲ့မိတယ်။ .. အခုတော့ အဖြေ.. သိလိုက်တယ်..ဒီလို ဆရာလို လူမျိုးတွေ စံပြ ရှိနေ တာ ကြောင့် ပါ။ 

.

ရှမ်းတောင်ပိုင်းမှာ ကမ္ဘာကျော် အင်းလေးကန်ကြီး ရှိပါတယ်။ ပြည်တွင်းပြည်ပ ခရီးသွားများနဲ့ အင်မတန် စည်ကားပေမဲ့ အင်းလေးကန် တိမ်ကောနေပါပြီ။ ပြန်လည် ဆည်တင် ကယ်တင်ရမှာပါ။ ကလောမြို့ ကလည်း ကမ္ဘာလှည့်ခရီးသည်တွေ Trek တောလမ်း သွားလို့ သိပ်ကြိုက်ကြပါတယ်။ တောင်ကြီးဖမို့ကတဆင့် ရှမ်းပြည်နယ် သံလွင်မြစ်ကျော် တာချီလိတ်အထိ ကားလမ်း ကြမ်းတမ်းနေဆဲပါ။ ပြည်သူလူထု တောင်သူများကို လွတ်လပ်စွာ ရောင်းဝယ် စိုက်ပျိုးခွင့်ပေးရင် ရှမ်းတောင်ပိုင်း ဒေသ အလွန်လျင်မြန်စွာ တိုးတက်လာမှာပါ။ 

.

ရပ်ဆောက်မြို့ မှာ စက်မှုစိုက်ပျိုးရေး ၊ လုပ်ငန်းရှင်လူငယ်များစွာ ရှိပါတယ်။ ကိုစိုင်းဖြိုး ကတော့ ရပ်ဆောက်မှာ ယခင် အဂ်လိပ်အစိုးရခေတ် ရေအားလျပ်စစ်ရှိတာကို တိုးချဲ့ပြီး စက်မှုဇုံကြီးတစ်ခုအဖြစ် ရင်းနှီးမြှတ်နှံသူများကို ဆွဲဆောင်ဖို့၊ ရှမ်းတောင်ပိုင်း ကုန်သည်များအသင်းထံ တင်ပြထားပါတယ်။ မူးယစ်ဆေးသားလုပ်ငန်းကို အမြစ်ဖြတ်နိုင်တာ အစားထိုးသီးနှံ ကော်ဖီလဘက် လို့ ထင်နေကြတာ မှားပါတယ်။ မူးယစ်ဆေးသား လုပ်ငန်းကို အမြစ်ဖြတ်နိုင်တာ စက်မှုလုပ်ငန်း ဆိုတာ ရှမ်းတောင်ပိုင်း လူငယ်လုပ်ငန်းရှင်၊ ပညာရှင်များက သိပြီး လက်တွေ ကြိုးစား လုပ်နေကြပါတယ်။ အုတ်ဖိုရွာမှာ ရေစီးအားနဲ့ လျပ်စစ်ထုတ်နေတာ တွေ့ရပါတယ်။ ဒေသခံများက ရေအားလျပ်စစ် ထုတ်လုပ်ချင်သော်လည်း ဌာနဆိုင်ရာများက မကူညီနိုင်တဲ့ ဗျုရိုကရေစီ စနစ်ကြောင့် ရေအားလျပ်စစ် မလုပ်နိုင်သေးပါ။ 

https://www.facebook.com/Nyunt.Tractor.Mechanic/videos/308341747108198/

.

အခု ဗီဒီယို ၁၀မိနစ် ကတော့ ရပ်ဆောက်မြို့ အကြောင်းဖြစ်ပါတယ်။ 


ခေါင်းဆောင်ကောင်းရင် တိုင်းပြည်တိုးတက်တယ် လို့ ပြောသွားတာ အလွန်မှန်ကန်ပါတယ်။ မြန်မာတွေကို ခေါင်ဆောင် အမေစု ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရရှိထားတာ ကုသိုလ်ကံ ကောင်းပါတယ်။ ခေါင်းဆောင်ကောင်း များစွာ ပျိုးထောင်နေပြီး၊ ပုဂလိက တစ်ဦးချင်း စွမ့းရည်ကို အစွမ်းကုန် မြှင့်တင် အားပေးနေတဲ့ အစိုးရဖြစ်ပါတယ်။ 

TSP(South Shan State)

15-11-2020

Wednesday, November 11, 2020

မြန်မာ.အမေရိကန် ရွေးကောက်ပွဲ ရှုံးတဲ့ပါတီ

 အမေရိကန်နဲ့မြန်မာ

ရွေးကောက်ပွဲရလဒ် နဲ့ ရှုံးတဲ့ပါတီ


အင်အယ်ဒီ 383 နေရာနိုင်၊ ...ကြံ့ခိုင်ရေး-လက်မခံနိုင်သေး... ရွေး /ကော်မရှင် UEC နဲ့ တပ်မတော် သတင်းစာရှင်း


NLD တရားဝင်-ဝက်ဆိုဒ်ရလဒ်အရ ပြည်ထောင်စုလွှတ်တော် 80.2% ၊ တိုင်းဒေသလွှတ်တော် 84.7% အပြတ်သတ်နိုင်လို့ အစိုးရဖွဲ့နိုင်ပါပြီ။ (ပုံများ)

https://bit.ly/2020nldresult


...  မဲရလဒ် သတင်းများ အရ.. NLD-399, USDP-27, တိုင်းရင်းသားပါတီ-44 ၊ မဲရေတွက်ဆဲ-7.(ရှမ်း.5၊ကချင်.1၊ ရခိုင်.1) တို့ဖြစ်ပါတယ်။  

https://www.soelinmyat.com/myanmar2020?

.

.

NLD ပြန်ကြားရေးကော်မတီ 

မုံရွာအောင်ရှင်က ရွေးကောက်ပွဲ မထင်မှတ်အောင်နိုင်ရခြင်းကို.. အင်အယ်ဒီဆောင်ပုဒ် (အောင်လံခိုင်ဖို့ မဲပေးစို့)..ဆိုတဲ့အတိုင်း.. အောင်လံမခိုင်အောင် လုပ်နေကြသူများစွာ ပေါ်လာတာကြောင့် ပြည်သူလူထုကြီးက.." ငါတို့ထွက်မဲပေးမှ ဖြစ်တော့မယ်" ..ဆိုပြီး ကိုဗစ် ကပ်ရောဂါ ကိုတောင်မကြောက်၊ တခဲနက်မဲလာပေးကြလို့.. အခုလို ပြတ်သားစွာ အ နိုင်ရခြင်း အင်တာဗျူးမှာ ဖြေသွားပါတယ်။


အံသြစရာ ကတော့ USDP ဥက္ကဌ ဦးသန်းဌေး ပါတီတခုပဲ ပြည်မမှာ ယှဥ်ပြိုင်နိုင်ပေမဲ့ နာမည်ကြီးပါတီဥက္ကဌများ ဖြစ်တဲ့ ..သူရဦးရွှေမန်း.. ဒေါ်သက်သက်ခိုင်.. ဦးကိုကိုကြီး ပါတီကြီးများ တစ်နေရာမှ မနိုင်ကြပါ။ တိုင်းရင်းသားပါတီများလည်း ထင်သလိုဖြစ်မလာပဲ အင်အယ်ဒီ ကိုမယှဥ်နိုင်ကြပါ။ 

.

NLD အချက်အလက်များ 11-Nov အရ တနိုင်ငံလုံးမဲလာပေးသူများမှာ

...NLD ....17.89သန်း

...USDP.....5.56သန်း

...SNLD.....0.31သန်း

...ဦးရွှေမန်း..0.28သန်း

...မွန်ပါတီ....0.20သန်း

ဖော်ပြထားပါတယ်။ NLD ကို 10 ဦး မဲပေးတိုင်း USDP ကို 3.1ဦး မဲပေးကြတာ တွေ့ရပါတယ်။ USDP ပါတီကိုဝန်းရံသူများစွာ 30% အထိ ရှိနေခြင်းကို လေးစားရပါမယ်။ အလွန်ကျူးစွာ အောင်ပွဲမခံဖို့ NLD ဗဟိုမှ တားမြစ်ထားပါတယ်။..   မြန်မာပြည်မှာ အမေရိကန်ကဲ့သို့ မဲများသူ အနိုင်စနစ်ကြောင့် အတိုက်အခံနဲ့ တိုင်းရင်းသားပါတီများ (ဒေါ်အောင်ဆန်းစုကြည် သြဇာကြီးမားမှုကြောင့်) အခွင့်လမ်း သိပ်မရှိနိုင်ပါ။ 


..အတိုက်အခံ USDP ပါတီ ဦးသန်း​ဌေး က အရှုံးကို လက်မခံသေးပါ။ အမေရိကန် ဒေါ်နယ်ထရန့် ကလည်း အရှုံးကို လက်မခံသေးပါ။ 

.

ဟီးရိုးဒေါ်အောင်ဆန်းစုကြည်

ဖတ်ရန် Link ... 

https://www.facebook.com/groups/448318802032498/permalink/1472052199659148/

.

.

Voters Turnout

 ..မဲပေးသူ 85%  ရှိလို့ ယခင် က 79% ထက်စံချိန်တင် များပြားပါတယ်။ အမေရိကန် မှာ 60% ပတ်ဝန်းကျင်ပဲ မဲပေးကြပါတယ်။  

.

TSP(Politic)

11-11-2020

.



မြန်မာရွေးကောက်ပွဲ..Nov-8

 နိုဝင်ဘာ-2020 ရွေးကောက်ပွဲ

ထူးခြားချက်အချို့

============

.

...8-Nov မြန်မာတနိုင်ငံလုံး ပြသနာကြီးမရှိပဲအောင်မြင်စွာမဲပေး၊မဲရေတွက်ခြင်း ပြီးဆုံးသွားကြတယ်။ 

Result Link 

https://www.soelinmyat.com/myanmar2020

.

...9-Nov ညပိုင်း အင်အယ်ဒီပါတီ ထုတ်ပြန်ချက်အရ အမတ်နေရာ 399 (63%) ရရှိပြီး အစိုးရဖွဲ့နိုင်မဲ့ 320(51%) ထက်အများကြီးကျော်လွန်တဲ့အပြင် 2015 တုန်းက 390 ထက်သာပါတယ်။ ရေတွက်ဆဲ နေရာ 40 ကျန်ပါသေးတယ်။ ကြံ့ခိုင်ရေး က 11နေရာပဲ ရရှိဆဲပါ။ 

.

...တပ်မတော်က 166 နေရာ (25%) ယူထားလို့ USDP+တပ်ထောက်ခံပါတီ များနဲ့ပေါင်းရင် ~28% ရရှိနေပါတယ်။ 

.

...NLD လက်ရှိ ရာထူးရှိသူအားလုံး နိုင်ကြပေမဲ့၊ USDP နဲ့ တိုင်းရင်းသား (လက်နက်ကိုင်တပ်များအားကောင်းတဲ့ ဒေသများမှာ) NLD ရှုံးပါတယ်။ 

.

...UEC ရွေးကောက်ပွဲကော်မရှင် ပထမဆုံးတရားဝင် ကြေငြာခံရသူ (၃)ဦးက ကယားနဲ့ချင်းပြည်နယ်၊အမျိုးသားလွှတ်တော်၊ အင်အယ်ဒီအမတ်များဖြစ်တယ်။ ကြေငြာချက်များ အဆက်မပြတ်ထွက်လာပါမယ်။ 9-Nov မှာ ကြေငြာချက် ၂ခု (စုစုပေါင်း ၈ဦး) ထွက်လာပါတယ်။ 

* ဦးစိုင်းပန် .. ကယား(၅) NLD

* ဒေါက်တာငိုင်တမ်မောင် .. ချင်း(၆) NLD

* ဒေါ်ဥမ္မာခင်..ကယား(၅).NLD

.

...ပြည်နယ်များတွင် မထင်မှတ်ပဲ အင်အယ်ဒီအောင်နိုင်ခြင်း (ကချင်၊ ကရင်၊ မွန်..)၊ ချင်းပြည်နယ် 100% အင်အယ်ဒီ။ ရခိုင်၊ရှမ်း တိုင်းရင်းသားအားကောင်းပြီး ရလဒ်မထွက်သေး၊ ကယား ဝန်ကြီးချုပ်နိုင်သော်လည်း တိုင်းရင်းသား/USDP အားကောင်း...

.

...USDP အနိုင်ရရှိသူများ

* ပါတီဥက္ကဌဉီးသန်းဌေး..နေပြည်တော် ~55%

* ဝန်ကြီးဟောင်းဦးစိုးသိန်း..ကယား (မဲပေးသူထောင်ဂဏန်းသာရှိသည်)။

* ....

.

ရှုံးသွားသူ နာမည်ကြီးများ

...ဒေါက်တာသက်သက်ခိုင်..PPP မရမ်းကုန်း

...ဦးကိုကိုကြီး..ရှစ်လေးလုံး

...ဦးမောင်မြင့်..USDP.မင်းကင်း

...Dr.မိုးဆွေ..NLD.နေပြည်တော် (ကြိုတင်မဲများဖြင့် ရှုံးသွားရသူ)

.

UEC အ​ရေးယူမှုများ

​...မသမာမဲများ တုံးထုပေးခြင်း

...တုံးအတုယူလာခြင်း၊ ထုခြင်း

...မဲ ၂ကြိမ်ပေးခြင်း

...မသမာသောကိုယ်စလှယ်လောင်းများ

...မဲရုံမှုးဖက်လိုက်မှု

...မဲလာပေးသူများ ကြိုတင်မဲပေးပြီးဖြစ်နေ

...တိုင်းရင်းသားဝန်ကြီးမဲပေးခွင့်မရမှု

...မဲ အပိုအရှံများစွာရေတွက်ရခြင်း

စသဖြင့်..

...

မဲရုံမှုးနဲ့အဖွဲ့မှားယွင်းမှုများ

...မဲစာရွက်မှားထုတ်ပေးခြင်း

...မဲရုံ၊ မဲပုံး မှားထည့်စေခြင်း

စသဖြင့်..

.

Note. 

အနိုင်အရှုံးရလဒ် အမြင်ရှင်းစွာကြည့်ရန်

Result Link 

https://www.soelinmyat.com/myanmar2020

....


Hero Politic & Myanmar

 ဟီးရိုးစနစ်ကောင်းသလား

==================

အမေရိကန် ဂျော့ဝါရှင်တန်၊ တရုပ်မော်စီတုန်း၊ တရုပ်တိန်ရှောင်ပိန့်၊ တောင်ကိုးရီးယား ပတ်ချုန်ဟီး၊ စင်ကာပူလီကွမ်းယူ..စသဖြင့် ဟီးရိုး တွေကပဲ စနစ်တခုကို ပျိုးထောင်ပေးခဲ့ကြတယ်။ ဗီယက်နမ်ပြုပြင်ရေးလဲ လွန်ခဲ့တဲ့ နှစ်၂၀က စတင်ပေးတဲ့သူတယောက် ရှိတယ်။ 


ပထမ နှစ် မှ ၁၀နှစ်ကတော့ နှေးကြတယ်။ အီဗော်လူးရှင်း ဖြစ်စေ ရီဗော်လူးရှင်းဖြစ်စေ.. ၁၀နှစ် လောက် အချိန်ယူပြီး..ခေါင်းဆောင်ပျိုးထောင်စနစ်နဲ့ ခေါင်းဆောင်ကောင်းတွေ (ယုံကြည်ရသူများနဲ့) စတင်ကြတာပါ။ 


ခေါင်းဆောင်ကောင်းပါမှ.. ပထမ ၅နှစ်ကာလ အမြူတေများထွက်ပေါ်လာမှာပါ။ ၈ နှစ် ကြာရင် လက်လွှဲနိုင်မဲ့ ခေါင်းဆောင် မျိုးဆက်သစ် အုပ်စုလိုက် ပေါ်ထွက်လာကြပါတယ်။ ဒါဆိုရင် စနစ်ကောင်းတစ်ခုကို ဆက်လုပ်သွားမဲ့ ခေါင်းဆောင်သစ် အုပ်စုလိုက် ရပါပြီ။


 ဟီးရိုး ေခါင်းဆောင်ကြီး အနားယူလို့ ရပါပြီ။.. အဲဒီ ခေါင်းဆောင်မျိုးဆက်သစ် တွေမှာ အုပ်စုလိုက် အာဏာပြိုင်ကြပါလိမ့်မယ်။ ဘယ်အုပ်စုက နိုင်နိုင်..ကိစ္စမရှိတော့ပါဘူး။ မျိုးဆက်သစ်ခေါင်းဆောင်များထဲက ခြစားသွားသူဟာ အလိုအလျောက် ပြုတ်သွားပါလိမ့်မယ်။.. 

.

ဒီ ဖီလိုဆော်ဖီ က.. သီအိုရီ ဖြစ်နေပြီး..သက်သေပြချက်များစွာ ရှိပါတယ်။  ခုနရေးပြတဲ့ နိုင်ငံတွေပါပဲ။.. အထင်ရှားဆုံး ဥပမာက တရုပ်နိုင်ငံရဲ့ တိန်ရှောင်ဖိန့် ဖြစ်တယ်။ သူ နံပါတ်(1) ဖြစ်သွားပြီး ပြိုင်ဖက် ဟွက်ုဖုန်းကို 1978 မှာ ရေမြွေဖြစ်သွားစေပါတယ်။ ..သူလက်သူ့ခြေ ပေါ်လစီကို အကောင်ထည်ဖော်ရာမှာ မျိုးဆက်သစ်ခေါင်းဆောင်များ ပျိုးထောင်တယ်။ ၁၁နှစ်အကြာ အရေးအခင်းကြီး 1989 ဖြစ်သွားပြီး မျိုးဆက်သစ်ခေါင်းဆောင်များ အာဏာပြိုင်တာ.. ကျောက်ဇီယန်အုပ်စု ရှုံးသွားပြီး ဟူကျင်တောင်၊ ကျန်ဇီမင်၊ လီပင်းအုပ်စု အာဏာရလာပါတယ်။.. တိန်ရှောင်ဖိန့် အသက်ကြီးသွားပြီး ဦးမဆောင်နိုင်ပေမဲ့ မျိုးဆက်သစ်ခေါင်းဆောင်ကောင်းများက အမျိုးသားပေါ်လစီ ကို ပိုကောင်းအောင် ကြိုးစားရင်း. သမတ ၃ဆက် အုပ်ချုပ်ခဲ့ပါတယ်။ တရုပ်ကမ္ဘာ့ထိတ်တန်း (No.2 အဆင့်) ရောက်သွားပါပြီ။ 

.

2020 မှာ သမတ ၁၀နှစ်ကို မျိုးဆက်သစ်.. ရှီကျင်ပင်းအုပ်စုက ဖျက်သိမ်းလိုက်ပါတယ်။ .. 

.

ဒါကြောင့်

ခေါင်းဆောင်ကောင်း ဟီးရိုးတစ်ဦး ၈ နှစ်အုပ်ချုပ်ဖို့ လိုပါတယ်။ ဟီးရိုး နှစ်၄၀ အုပ်ချုပ်လဲ ဟီးရိုးအာဏာရှင် ဖြစ်မသွားတဲ့ ဘုရင်ကောင်းတွေ အင်ပါယာတွေ ရှိကြပါတယ်။ .. ဒါကြောင့် မြန်မာပြည်မှာ ခေါင်းဆောင်ကောင်းတွေ ပျိုးထောင် အခြေ ခိုင် လာဖို့ ၅နှစ် နဲ့ မရပါ.. နောက်ထပ် ၃နှစ် ဒေါ်အောင်ဆန်းစုကြည် ဟီးရိုးလုပ်ခွင့် ပေးရပါမယ်။ 

.

2020 ရွေးကောက်ပွဲအပြီး ညွန့်ပေါင်းအစိုးရ ဖြစ်လိုသူများ၊ အရွေးခံရခဲ့ရင်.. ဒေါ်အောင်ဆန်းစု ကို ခေါင်းဆောင် ဟီးရိုးအဖြစ် လက်ခံရပါမယ်။ 


ပြည်သူတွေ 2020 မှာ မဲပေးဆုံးဖြတ်ပါလိမ့်မယ်။.. ဒေါ်အောင်ဆန်းစုကြည် အပြတ်အသတ် အနိုင်ရရင်..မြန်မာပြည် ကောင်းစားပါပြီ။.. 


နားမလည်ရင်တော့ ကျနော့် အားနည်းချက်ပါ။ 

M Zaw Aung

+++++++++++


ဒီလင့်နားထောင်ပြီးမှ

ယခင်ရေးခဲ့တာတွေ ပြန်ရေးဖြစ်ပါတယ်

ဟီးရိုးစနစ်ကောင်းသလား

https://fb.watch/1BiiusFOvj/


US Elected President Joe Biden

 ဂျိုးဘိုင်ဒင် (Joseph Biden)

====================

အမေရိကန်သမတလောင်း ရဲ့ဘဝဖြစ်စဥ်ဟာ အလွန်စိတ်ဝင်စားဖွယ်ကောင်းပါတယ်။ ပြိုင်ဖက် ဒေါ်နယ်ထရန့် လို သဌေးသားဘဝကနေ သူဌေးကြီးဖြစ်လာပြီး၊ အမေရိကန်သမတ အဖြစ် မျက်လှည့်ပြသလို ဖြစ်လာသူ မဟုတ်ပါ။ စီးပွားပျက် ဆင်းရဲသွားတဲ့ ဖခင်ကြီး အဆင်မပြေချိန် ချို့တဲ့စွာ မွေးဖွား လာခဲ့သူဖြစ်တယ်။ 

.

အသက်အရွယ်အလိုက် ကိုယ်ရေးမှတ်တမ်းတင်ပါရစေ။ သူက အသက်အရမ်းကြီးလို့ပါ။ 

.

.

၁၆နှစ် (1942 မွေးဖွား) ..

ပင်ဆယ်ဗေးနီးယားမှာမွေးဖွားပြီး မိသားစု Dalaware ပြောင်းရွှေ့ အခြေခံ လူတန်းစားဘဝနဲ့ ကြီး ပြင်း လာခဲ့ ပါ တယ်။ ၁၆နှစ်အရွယ်မှာ ဖခင်ကြီး ကားရောင်းလုပ်ငန်း အဆင်ပြေလာလို့ လူလတ်တန်းစားဘဝ ရောက်ခဲ့တယ်။ ရိုမင်ကာသိုလစ် ဘုရားကိုင်းရှိုင်းတဲ့မိသားစု ဖြစ်ပြီး ငယ်စဥ်ကတည်းက အရက်လုံးဝမသောက်ပါ။ ဘာကြောင့် မသောက်သလဲ မေးတော့.. သူ့မိသားစုမှ အရက်သောက်ခြင်း လုံလောက်ပြီ Enough Alcohol for our family လို့ဖြေပါတယ်။ B.A ဘွဲ့ရရှိပြီး ဥပဒေဘွဲ့ ဆက်လက်ရရှိပါတယ်။ ငယ်စဥ်က စကားထစ်တဲ့ လူငယ်လေး ဖြစ်ပေမဲ့ မှန်ရှေ့ရပ်ပြီး နေ့တိုင်းစကားပြောလေ့ကျင့်ရင်း စကားမထစ်တော့ပါ။ 

.

.

၂၄နှစ်မှ ၃၅နှစ်...1966 

အသက်၂၄ နှစ် အိမ်ထောင်ကျပြီး ဥပဒေ၊ ေရှ့နေလုပ်ငန်း နဲ့ သားသမီး ၃ဦး၊ ဘဝအေးချမ်းစွာ ရှိနေပါတယ်။ အိမ်ထောင် ၁၀နှစ်အကြာ အထက် လွှတ်တော် အမတ် အရွေးခံရပြီး အဲဒီနှစ်မှာပဲ.. ဇနီးနဲ့ သားသမီး ၃ဦး ယာဥ်တိုက်မှု အဖြစ်ဆိုးကြုံ ရတယ်။  ဇနီးနဲ့ ၁နှစ် သမီးငယ် သေဆုံးသွားတယ်။ သားငယ် ၂ဦး ခြေကျိုး၊ ခေါင်းထိခိုက် ဆေးရုံအကြာကြီး တင်ရပါတယ်။ 

...သူဘဝ ဒက္ခဆင်းရဲ၊ မိသားစု အဖြစ်ဆိုးကြီး ကြုံတွေ့ရချိန် သူကိုးကွယ်တဲ့ဘုရားကို ဘာကြောင့် ဒီလို ဖြစ်စေရသလဲ မေးခွန်းထုတ်ခဲ့တယ်။ နားမလည်နိုင်ပဲ ဒေါသဖြစ်ရတယ်။ အထက်လွှတ်တော် အမတ်အဖြစ်က နှုတ်ထွက်ဖို့ ဆုံးဖြတ်ပေမဲ့ ဒီမိုကရက်အမတ် ခေါင်းဆောင်က ဖြောင်းဖြမှုကြောင့် ဆီးနိတ် အမတ်တာဝန် ဆက်လုပ်ခဲ့တယ်။ ဒုက္ခဆင်းရဲ ဆိုတာ အသက်၃၀ အရွယ်မှာ အပြင်းထန်ရိုက်ခတ်ခြင်း ခံရသော်လည်း ကျော်လွှားနိုင်ခဲ့တယ်။ ဘုရာကို ဆက်လက်ယုံကြည် ကိုးကွယ်ခဲ့တယ်။ 

.

.

၃၀နှစ်. ဆီးနိတ်အမတ် ...

1973 - 2009 အထိ နှစ်ပေါင်း ၃၆ နှစ်ကြာအောင် ဆီးနိတ် အမတ်လုပ်ငန်းများစွာ မရေးတော့ပါ။ အောက်ပါ စွယ်စုံကျမ်း မှာ ဖတ်နိုင်ပါတယ်။ 

https://en.m.wikipedia.org/wiki/Joe_Biden

.

၃၆ နှစ်လုံးလုံး မိမိနေရပ် Dalawae မြို့မှ သားများဆေးရုံတက်တဲ့ Washinton DC မြို့အထိ 90မိနစ် ခရီးကို မပြတ်မကွက် ခရိးသွား၊ သားသမီးများကိုကြည့်ရှု လုပ်ဆောင်ခဲ့ပါတယ်။ 

.

.

၃၅နှစ်..1975 မှာ ကာသိုလစ်ဘုရားကျောင်း ဝတ်ပြုခြင်းနဲ့ မျက်မမြင်လုပ်အားပေး အတူလုပ်တဲ့ အဂ်လိပ်စာဆရာမ Jill နဲ့ စတွေ့ခဲ့တယ်။ မိမိထက် ၉နှစ် ကြီးတဲ့ ဆီးနိတ်အမတ်ကို အထင်ကြီးလေးစားရင်း 1977 ဘုရားကျောင်းမှာ လက်ထပ်ထိမ်းမြှားခဲ့တယ်။ ဂျိုးဘိုင်ဒင်ရဲ့ သား၂ဦးက မေမေ Mom လို့ခေါ်ပြီး မိမိသားအရင်းလို သတ်မှတ် ပြုစုခဲ့တယ်။ ဂျိုးဘိုင်ဒင် နဲ့ နောက်ထပ် သမီးငယ် တစ်ဦးရရှိပြီး Jill အလုပ်ထွက်၊ အိမ်ရှင်မ အဖြစ် ပါရမီဖြည့်ပေးတဲ့ အမျိုးသမီးဖြစ်တယ်။ 

.

၆၇နှစ် ..ဒု-သမတအဖြစ် သမတအိုဘားမား လက်အောက်မှာ 2009-2017 (၈)နှစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ 

.

ဒု-သမတ လုပ်ဆောင်မှုများ မရေးတော့ပါ။ 

ဖတ်ရန် Link

https://en.m.wikipedia.org/wiki/Joe_Biden

.

.

၇၄နှစ်မှ ယခုအချိန်ထိ.. ပင်ဆယ်ဗေးနီးယားပြည်နယ် Benjamin Franklin University တက္ကသိုလ်မှာ နိုင်ငံရေး၊ သမတရုံးဆိုင်ရာ ဘာသာရပ်မှာ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ပါတယ်။ 

.

၇၈နှစ်.. သမတပြိုင်ပွဲ

ဒီမိုကရက်တစ်ပါတီ သမတလောင်းအဖြစ် ယှဥ်ပြိုင်ရာမှာ အသက်ကြီးပေမဲ့ ကျန်းမာ၊ လုပ်ရည်၊ အတွေကြုံ ကြီးမားလို့ သမတလောင်း အဖြစ် အရွေးချယ်ခံရပါတယ်။.. လက်ရှိ လူကြိုက်များနေဆဲ ဒေါ်နယ်ထရန့် ၇၅နှစ်ကို ပြိုင်ဆိုင်နေပါတယ်။ ဂျိုးဘိုင်ဒင် သမတအရွေးခံရဖို့ အီလက်တိုရီရယ်မဲ 264-214 နဲ့ အသာစီးရနေပြီး 270 ပြည့်ခါနီး ဖြစ်နေပါပြီ။  .

.

ဘယ်သူနိုင်မလဲ. NV ပြည်နယ်(6 မဲ)

.ဒေါ်နယ်ထရန့် အဖွဲ့က..ဂျိုးဘိုင်ဒင် အသာစီးရနေတဲ့.. NV ပြည်နယ် (6 မဲ) မရအောင် တရားစွဲထားပါတယ်။ ကျန်တဲ့ပြည်နယ်များ မှာ ပြိုင်ဖက် ဒေါ်နယ်ထရန့် မဲအသာစီးရ​​ပြီး၊ အနိုင်ရရင် 268 မဲ ရပြီး NV ပြည်နယ် 6 မဲ က အဆုံးအဖြတ် ဖြစ်အောင် နှောင့်နှေးစေတဲ့ နည်းလမ်း ကြိုးစားနေပါတယ်။ 

.

.

နိဂုံးချုပ် ဂျိုးဘိုင်ဒင်


စာရေးသူက ဒေါ်နယ်ထရန့် တက်လာကတည်းက ဂိုဏ်းစတားပုံစံ အမေရိကန်မျိုးချစ် ဟောလိဝုမင်းသားစတိုင် (First Blood သရုပ်ဆောင် စတားလုံး အောက်မေ့ဖွယ်) သိပ်မကြိုက်ပါ။ အံသြဘွယ်ရာ တရုပ်နဲ့စီးပွားရေးစစ်ပွဲ ကြီး တဖက်သတ် ဆင်နွဲ အနိုင်ယူပြီး တရုပ်ကုမဏီများထံက အခွန်ငွေ ဘီလျံအမြောက်အများ ရယူနိုင်ခဲ့ပါပြီ။ ငွေရှာ အလွန်တော်သူ သမတဖြစ်ပါတယ်။ ကိုဗစ် ကပ်ရောဂါစစ်ပွဲမှာတော့ ရှုံးနိုမ့် ရုံသာမက သူကိုယ်တိုင် ပိုးတွေ့ ဆေးရုံတက်လိုက်ရပါတယ်။ ကျန်းမာရေးကောင်းတော့ ခဏနဲ့ ဆေးရုံဆင်း ပုံမှန် အလုပ်လုပ်နိုင်ပါတယ်။ 

.

နှစ်ဦးစလုံး  ဘာသာရေးကိုင်းရှိင်း ကြ ပေမဲ့ ဒေါ်နယ်ထရန့်ကိုတော့ ဆန်ဖရန်စစ္စကိုအခြေစိုက် မိုးမခ မီဒီယာက အမေရိကန် မ.ဘ.သ လို့ တင်စားရေးပါတယ်။ လူမည်း နဲ့ အာရှတိုက်သားများက ဒေါ်နယ်ထရန့် အစိုးရ လူဖြူဦးစားပေးတယ်လို့ စွတ်စွဲ ကြ ပါတယ်။ 

.

ဂျိုးဘိုင်ဒင် နဲ့ ဒီမိုကရက်များ အုပ်ချုပ်ရင် ဒေါ်နယ်ထရန့်ရှာဖွေပေးထားတဲ့ ငွေများကို ထရန့်နဲ့ သူ့လူများအကျိုး မ သုံးစွဲ ဖို့ ကာကွယ်နိုင်ပါမယ်။ ဂျိုးဘိုင်ဒင် အစိုးရအတွက်..ဘဏ္ဏာငွေပိုများရရင် နိုင်ငံအကျိုးအတွက် အကောင်းဆုံးသုံးနိုင်ဖို့၊ စစ်သုံးစရိတ်နဲ့ SSA လူမှုဖူလုံရေး ငွေကြေးများစွာ ယိုပေါက်များ ပိတ်ဖို့တော့..မျော်လင့်ပေမဲ့ ..သိပ် မလွယ်လှပါ။.. ဂျိုးဘိုင်ဒင် က ဒု-သမတ အမျိုးသမီး ရွေးချယ်ပြီး မဲဆွယ်ခဲ့လို့ အမေရိကန်သမိုင်းမှာ ပထမဆုံး အမျိုးသမီး ဒု-သမတ (Kamala Harris,  55 နှစ်) ပေါ်ပေါက်လာနိုင်ပါတယ်။  အမေရိကန်သမိုင်းမှာ အသက်အကြီးဆုံး သမတ၊ စသဖြင့် ဘွဲ့ထူးများစွာ ရရှိပါမယ်။ 

.

ဘယ်သူသမတ ဖြစ်မလဲ။

ဖတ်ရှုသူများ ကျန်းမာ ရွှင်လန်းပါစေ။ 

.

TSP (Politic)

06-11-2020

.

Note

ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ကို 2016 တုန်းက ဂျိုးဘိုင်ဒင် က နေ့လည်စာ ဖိတ်ခေါ်စားသောက် ဆွေးနွေးခဲ့ပါတယ်။

Credit>>အတိုင်ပင်ခံရုံး https://www.facebook.com/groups/myanmar.good/permalink/2130951870370155/


Wednesday, October 28, 2020

အင်ဂျင်နီယာအမတ်လောင်း ၃၀

ရွေးကောက်ပွဲ

အင်ဂျင်နီယာ အရေအတွက်က နည်းနေပါတယ်။  (နေရာ ၁ထောင်ကျော်) မိမိမသိတာတွေ များတယ်။ ဖြည့်ဆွတ်ပေးကြပါဦးခင်ဗျား။


...Voter 2020 အပလီကေးရှင်းမှာ ရှာကြည့်ကြပါ။ ကို Khin Maung Lwin (အကြမ်း) ပြုစုတာ Add လုပ်လိုက်ပါတယ်။ ကျေးဇူးပါ

 https://m.facebook.com/groups/173723859950012?view=permalink&id=661295977859462

Tuesday, August 25, 2020

ကျောက်စိမ်းတန်ဖိုး တနှစ် %31billion

 အနာဂါတ်ကျောက်စိမ်း

================

Global Witness အဖွဲ့ကြီးက မြန်မာနိုင်ငံလာရောက်ပြီး ကျောက်စိမ်းလုပ်ငန်း အချက်လက်တွေ မေးမြန်းတယ်။ မြေပြိုသေဆုံးနေတာလဲ နောက်ဆုံအကြိမ်လို့ မပြောနိုင်ပါ။ အဖွဲ့က သတင်းစာရှင်းပြီး ချက်ချင်းပြန်ထွက်သွားတယ်။ ပြည်တွင်းအဖွဲ့တွေလည်း Global Witness လို အခွင့်ရေးရသင့်ပါတယ်။ သူတို့အမြင် ဘယ်လို အနာဂါတ် ကျောက်စိမ်းဝင်ငွေတွေ ဆုံးရှုံနေမှုကို တားဆီးနိုင်မလဲ မေးတော့

.

....အမေရိကန် ပါဝင်ထိန်းမှ ဖြစ်မယ်။

.

...တူးနေတဲ့ ယန္တယား အများစုက အမေရိကန် ကပ်တီပလာ ယာဉ်ကြီးတွေပါ။ မြန်မာအစိုးရက ထိန်းချုပ်မရ၊ အခွန်မရ ဖြစ်နေတာကို အမေရိကန်က စနစ်တကျ ပါဝင်ထိန်းပေးမှုကို လက်ခံမလား?

.


...ဘယ်သူတွေပိုင်ကြသလဲ ဆိုတာ ဦးစွာပထမ သိဖို့လိုပါတယ်။ အခုအစိုးရသစ်မှာ သိလာပါပြီ။ ယခင်က ဘယ်သူတွေပိုင်သလဲဆိုတာ ထိပ်တန်းလျှို့ဝှက်ချက်ပါ။ ပိုင်ဆိုင်မှုကို ပြည်သူသိအောင်အထိ ချပြနိုင်ရပါမယ်။ 

.

...နောက်တချက်က ငြိမ်းချမ်းရေးရရှိဖို့ လိုပါတယ်။ (ပြည်မ/ပြည်နယ် ဖက်ဒရယ်မူ မသိရသေးပါ၊ စာရေးသူ)။ 

.

...ကျောက်စိမ်းတန်ဖိုး တနှစ် %31billion

ဆိုတာ ထုတ်ယူတဲ့ ကျောက်စိမ်းတန်ချိန် နဲ့ တွက်တာပါ။ ကုမဏီများက $15 billion ပဲရှိတယ်ဆိုပေမဲ့ တရားမဝင်သယ်သွာတာတွေ လဲ ရှိမှာပါ။ 

.

...ပြည်တွင်း မှာ အခု လာရောက်မေးမြန်းမှုကို တေဇကုမဏီက အချို့တဝက် လက်ခံဖြေပေးသလို၊ ဦးပိုင် (တပ်မတော်) ကလည်း ဖြေပေးလို့ တိုးတက် အလားအလာကောင်းပါတယ်။ ဦးသန်းရွှေ ကုမဏီများကတော့ တွေ့ဆုံဖြေကြားဖို့ ညင်းဆိုပါတယ်။ 

.

...တရုပ်က ပါဝင်ပူးပေါင်းကူညီဖို့က နောက်တဆင့်ပါ။ ပြည်တွင်းမှာ နိုင်ငံတကာ နည်းလမ်းအတိုင်း အစိုးရက လုပ်ရမှာပါ။ ပွင့်လင်းမြင်သာ TI အဖွဲ့က ပိုင်ဆိုင်မှုတွေ အမှန်ကန် ကူညီလုပ်ဆောင်ပြီး.တဆင့်ပြီးတဆင့် အောင်မြင်တဲ့ နမူနာများရှိပါတယ်။ 

.

..စကားချပ်..(ကျောက်စိမ်အခွန် နှစ်စဉ် အစိုးရ Tax $20 million နဲ့ ကုမဏီများ company tax $ 600 million = us$ 0.62 billion သာလျင် ၂၀၁၈ မှာ အစိုးရ ရရှိတယ်လို့ ဖော်ပြပါတယ်။ တန်ဖိုးရဲ့ 0.2% ပဲ အခွန်ရနေပါတယ်။ 

.

Zarni Gyi

25-8-2020

...

ဗီဒီယို Link 

https://www.facebook.com/besena.na.50/videos/653947675226032/

Sunday, August 23, 2020

နွားနို့နဲ့အရက်၊အချိုရည်

 နွားနို့နဲ့အရက်၊အချိုရည် 

နွားနို့၊နွားသား  မွေးမြူရေးလုပ်ငန်းများ

====================

2018 မှာ နေပြည်တော်က CP နွားမွေးမြူရေး လုပ်ငန်းကို ဒေါ်အောင်ဆန်းစုကြည် သွား ကြည့်တဲ့ သတင်းကြောင့် နွားနို့လုပ်ငန်းရှင်တွေ အားတက်ရပါတယ်။ CP နွားနဲ့ကြက် မွေးမြူရေး (နေပြည်တော်) ကတော့ ရင်းနှီးမြှတ်နှံမှု ကျပ်သန်း ၂၀၀၀၀ (US$ 1.5 million) ပဲ ရှိလို့ နိုင်ငံတကာ စံနဲ့ ယှဉ်ကြည့်ရင်တော့ ကုမဏီ အသေး လေးလို့ ပြောနိုင်ပါတယ်။ သို့သော်လည်း မြန်မာနိုင်ငံမှာ ကုန်ထုတ်လုပ်ငန်း တွေ ယိုင်လဲ၊ တွက်သားမကိုက် ဖြစ်နေပြီး၊ အိမ်နီးချင်း ထိုင်းနိုင်ငံက ၀ယ်ယူတင်သွင်းပြီး ရောင်းချတဲ့ ခေတ်ဖြစ်နေချိန် အဲဒီလို နွား၊ ကြက် မွေးမြူရေး ကို နိုင်ငံအကြီးကဲ က အားပေးကြည့်ရှု ခြင်းက SME မွေးမြူရေး လုပ်ငန်းငယ် လေးများအတွက် စိတ်အား တက်ရပါတယ်။ .

.

သမ္မတဦးသိန်းစိန် ကာလ မြန်မာနိုင်ငံကလေးငယ်များ နွားနို့သောက်၊ အဟာရပြည့်ဝစေပြီး အနာဂါတ်မြန်မာများ သန်မာထွားကျိုင်းစေလိုသည် စေတနာဖြင့်ကြိုးစားချက်များကို ရေးသားခဲ့ပါတယ်။ ခါချဉ်ကောင်ကြီး ခါးကမသန်ကြောင်း၊ နိုင်ငံခြားမှ နွားနို့၊ နို့ထွက်ပစ္စည်းနှင့် နို့မှုန့်များ အခွန်မဲ့ ဒလဟော သွင်းလာသောကြောင့်  ပြည်တွင်းနွားနို့ကုန်ထုတ်လုပ်ငန်း ပျက်စီးသွားကြောင်း၊ သွင်းကုန်လုပ်ငန်းကို SME small & medium enterprise များလုပ်ရမည့်အစား ခရိုနီနှင့် ဦးပိုင်၊ အစိုးရလုပ်ငန်းများကသာ အခွန်မဲ့၊ ကုန်သေတ္တာမြောက်များစွာ အလွယ်တကူသွင်း၊ ထုတ်နိုင်သဖြင့် တနိုင်တပိုင်လုပ်ငန်းကို ဦးစားပေးသည့် နွားမွေးမြူရေးလုပ်ငန်းမှာ မလိုင်မုန့်လုပ်ငန်းလောက်သာ လုပ်နိုင်ကြောင်း လက်ရှိမြန်မာနိုင်ငံအခြေအနေကို ဖေါ်ပြခဲ့ပါတယ်။ 


ရင်းနှီးမြှတ်နှံမှု အခက်ခဲကြောင့် ၁၅နှစ် လည်ပတ်အောင်မြင်ခဲ့သော ပြည်တွင်းနွားနို့၊ နို့မှုန့်စက်ရုံကြီး တခုပင် လုပ်ငန်းမရပ်အောင် အပြင်းထန်ကြိုးစားနေရပါတယ်။

.

.

စင်ကာပူနိုင်ငံရှိ နွားနို့စက်ရုံတစ်ခု &

Malaysia Diary Farm စက်ရုံတစ်ခုသို့ သွားရောက်လေ့လာခဲ့ပါတယ်။ သြစတြေးလျှားမှ 100kg နို့မှုန့်ထုပ်များကို ဝယ်ယူပြီး၊ စင်ကာပူတွင် 25kg အထုပ်ကလေးများ ပြန်ခွဲထုတ်ကာ၊ export ပြည်ပသို့ စင်ကာပူကုန်တံဆိပ်ကပ်က ပြန်ရောင်းချတယ်။ မူလသြစတြေးလျှား ဘိလပ်မြေအိတ်ကဲ့သို့သော အိပ်များမှ တံဆိပ်ကိုခွာ၊ စင်ကာပူမှ Diary Milk, Manufactured in Singapore တံဆိပ်ကပ်ထားသော စက္ကူပုံးများထဲသို့ ပြောင်းပြီး ထုတ်ပိုး၊ ပြည်ပသို့တင်ပို့ရောင်းချပါတယ်။ စင်ကာပူဆိုလျှင် ဝယ်သူများက ပိုပြီး ယုံကြည်စိတ်ချသောကြောင့် သြစတြေးလျှားမှ တင်သွင်းလာသော နို့မှုန့်အထုတ်ကြီးများ၏ ၅၀% ကို ပြည်ပသို့ ပြန်ပို့တယ်။  အများစုသော နို့မှုန့်များကို စက်ရုံတွင်ဖျော်ပြီး နွားနို့ပြန်ထုတ်ပါတယ်။

.

နောက်တစ်ခုမှာ F&N ကုမ္ပဏီကြီးဖြစ်တယ်။ ထိုင်းနိုင်ငံဘီယာကုမ္ပဏီကြီးက စင်ကာပူဖျော်ရည်နှင့်ဘီယာလုပ်ငန်းကြီး F&N ကိုဝယ်လိုက်တယ်။ F&N သည် ဘီလျှံဒေါ်လာ ကုမ္ပဏီကြီး ဖြစ်ပြီး၊ တိုက်ဂါးဘီယာနှင့် အခြားဘီယာ၊ ကိုကာကိုလာ၊ ပက်စိကိုလာ စသည့်နာမည်ကြီးဖျော်ရည်များကို ထုတ်လုပ်ပေးသောကုမ္ပဏီကြီးဖြစ်တယ်။ Pandan , Singapore တွင်ရှိသော စက်ရုံတွင် သူငယ်ချင်းမြန်မာ အင်ဂျင်နီယာချုပ် အလုပ်လုပ်သောကြောင့် သွားရောက်လေ့လာဖူးတယ်။ 

..

.

အချိုရည်နဲ့ အရက်၊ဘီယာ၊ စီးကရက် ထုတ်လုပ်သူ နဲ့ ရောင်းချသူ များသာ မြန်မာနိုင်ငံမှာ အလုပ်ဖြစ်နေတာလဲ သဘာ၀ ကျပါတယ်။ အထိန်းအကွပ် မရှိသေးတဲ့ စျေးကွက် စီးပွားရေးမှာ ရင်းနှီးမြှတ်နှံမှု ကော်မရှင်က သမ္မတဦးသိန်းစိန် လက်ထက်မှာ အထက်ပါ အချိုရည်၊ ဘီယာ၊ စီးကရက် စက်ရုံ အမြောက်အများ ခွင့်ပြုခဲ့လို့၊ အဲဒီ ကော်မရှင် ဥက္ကဌနဲ့ အဖွဲ့၀င်များကို အပြစ်တင်ကြပါတယ်။ ဥက္ကဌ လုပ်ခဲ့သူ တစ်ဦးဆိုရင် သူ့ဇနီး၊ သားသမီးတွေ အားလုံး နဲ့ ပိုင်ဆိုင်မှု ငွေများကို အားလုံး နိုင်ငံခြား ပို့ထားပြီး သူကတော့ မြန်မာပြည်မှာ နေစရာအိမ်ခန်း တစ်ခု လိုအပ်လို့ ရောင်း-ငှား ပေးပါရန် လျှောက်ထားတဲ့ သတင်းတွေ ကြားနေရပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် လိုမျိုး ဖြောင့်မတ်တဲ့ ခေါင်းဆောင် ဖြစ်လာချိန် အခက်ခဲကြားက စျေးကွက်ကို ထိန်းနိုင်ဖို့ ကြိုးစားနေပါတယ်။ 

.

သမ္မတ ဦးသိန်းစိန် ခေတ်ကာလ ဒိန်းမတ်က နို့မှုန့်တွေ လာပေးပြီး၊ သူတို့နို့မှုန့်တွေ ရောင်းဖို့၊ စက်ရုံတည်ဖို့ ကြိုးစားခဲ့ပေမဲ့ မြန်မာနိုင်ငံက စီးပွားလုပ်ဖို့ Ease Of Doing Business အညွန်း မှာ ကမ္ဘာ့ဘိတ်ဆုံး အဆင့်ရောက်နေတာ ၀န်ထမ်းဆိုးများရဲ့ အကျင့်ပျက်မှု ကြောင့် ဖြစ်ပါတယ်။  သမ္မတကြီးက နွားနို့ ပြောလိုက်တော့ တတိုင်းပြည်လုံး နွားနို့ရောဂါ ထခဲ့ကြတယ်။ စင်ကာပူ ရောက် မြန်မာများလည်း ဝါဂူး နွားတွေ ကချင်တောင်သူတွေနဲ့ မွေးဖို့ စဉ်းစားတော့ ဂျပန် ဝါဂူးနွား မျိုးတွေ ညာရောင်းမဲ့ ပုဂိုလ်တွေနဲ့ပေါင်းရိတ်စား ချင်သူများနဲ့ပဲ တွေ့ပြီး စိတ်ပျက်ရတယ်။ .. 'ဒိန်းမတ် အာထရာပက် ကုမီဏီကလည်း စက်ရုံ ရောင်းတော့ မြန်မာ တချို့ ၀ယ်သွားတာ ပါတယ်။

.

 ဒါပေမဲ့ လူကြီးတွေ က စျေးကြီးတဲ့ နွားနို့ထက်  ဝိုင်နဲ့Grand Royal ကို ပိုစိတ်၀င်စား သလို၊ ကလေးတွေကလဲ စျေးကြီးတဲ့ နွားနို့ထက် Coca, Papxi, Max အချိုရည်တွေ ပိုသောက်ချင်ကြတဲ့ မိုင်းဆက် Mindset ပြသနာက ရှိတယ်။ အလုပ်ကိုင် ကောင်းတွေ မရှိသေးတော့ ၀င်ငွေ မကောင်း၊ ၀င်ငွေ မကောင်းတော့ အဟာရပြက် နေကြတာ .. မြန်မာတနိုင်ငံလုံးပါ။ လူတစ်စု ပဲ အချမ်းသာကြီး ချမ်းသာနေပါတယ်။ 

.

မြန်မာနိုင်ငံ မှာ စိုက်ပျိုးမွေးမြူ ဖို့တော့ အလွန် သယံဇာတ နဲ့ ရေခံမြေခံ ကောင်းပါတယ်။ ဒါပေမဲ့ စိုက်ပျိုးမွေးမြူ ထုတ်ကုန်များ စျေးကွက်ကို ၀င်နိုင်ဖို့ သိုလှောင်ရေး Storage Electricity မရှိပါ။ နွားနို့၊နွားသား အအေးခန်း လိုအပ်ပါတယ်။ စိုက်ပျိုးထွက်ကုန်များလဲ အလားတူပါပဲ။ သယ်ယူပို့ဆောင်ရေး လမ်းတံတားများ ပိုကောင်းလာပေမဲ့၊ ရန်ကုန်-မူဆယ် ကားလမ်းတလျှောက် နည်းအမျိုးမျိုးနဲ့ ကောက်ခံနေလို့ ထွက်ကုန်တွေ စျေးကြီးရပါတယ်။ ကမ္ဘာ စျေးအကြီးဆုံး သယ်ယူစရိတ် ဖြစ်နေပါတယ်။ တပတ်ရစ် ကုန်ကားကြီးများစွာ စျေးသက်သာပေမဲ့ လမ်း-တံတား တွေလည်း ကျေးလက်ဒေသ ထိ မရောက်သေးပါဘူး။ 

.

အခု သမ္မတသစ် ဦး၀င်းမြင့် ဖြစ်လာပြီးချိန် အဂတိကော်မရှင် အနေနဲ့ တပ်မတော်ထောက်ခံ မှုအရ၊ ပိုမိုထိရောက်စွာ လုပ်နိုင်လာမယ် မျှော်လင့်ပါတယ်။ ရုတ်တရက် ပြောင်းလာတဲ့ တော်လှန်ရေး Revolution မဟုတ်ပဲ တဖြေးဖြေးပြောင်းလဲခြင်း Evolution ဖြစ်လို့ မကြေမနပ်သူ များစွာ ၊ စီးပွားအခက်ခဲ များစွာ ရှိနေဆဲပါ။ နွားနို့၊ နွားသား (အမဲသား) ကတော့ စက်မှုလယ်ယာ ပြောင်းလဲသွားတဲ့ မြန်မာနိုင်ငံ ကျေးဇူးရှင် နွားများ မရှိပေမဲ့ တပိုင်တနိုင် စနစ်တကျ နွား၊ ကြက်၊ ဘဲ၊ ငါး မွေးမြူခြင်းများကို နိုင်ငံတော်က ပံ့ပိုးလုပ်ပေးဖို့၊ ဥပဒေများ ပြဌာန်း ပြင်ဆင် နေဆဲ ဖြစ်ပါတယ်။ 

.

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမွဲတေမှုမှ လွတ်မြောက်ရေးအတွက် အဓိကလိုအပ်ချက်မှာ အလုပ်အကိုင်ဖြစ်တယ်။ တောင်သူလယ်သမား၊ စိုက်ပျိုးရေးသမားများသည် မြန်မာလူဦးရေ၏ ၇၀% မျှ ဖြစ်နေပြီး အဆင်းရဲဆုံးလူတန်းစားလည်း ဖြစ်တယ်။ ထိုလူများကို စိုက်ပျိုး၊ မွေးမြူရေးအပြင် Process Industry ဟုခေါ်သော ဆေးကြော၊ သန့်စင်၊ ထုတ်ပိုးပြီးမှ လူထုထံရောင်းချသော စက်ရုံငယ်လေးများစွာ လိုအပ်နေပါတယ်။ သို့မှသာ မြန်မာ လယ်ယာ၊ သားငါး ထွက်ကုန်များ ပြည်ပထုတ်ရောင်းရာတွင် စျေးပိုရမယ်။ မျက်နှာပန်းလှမည်ဖြစ်ပါတယ်။

.

အခြေခံ တောင်သူများ ၀င်ငွေ တိုးတက်မှ၊ နွားနို့ လုပ်ငန်း တိုးတက်လာပြီး မြန်မာ ကလေးငယ်များ နွားနို့ သောက်နိုင်၊ အဟာရပြည့်၊ ဘောလုံးကန်နိုင် လာမဲ့ အချိန်ကို မျှော်လင့်နေပါတယ်။ 

.

ဇော်အောင်

23-8-2020


.

.

ကိုးကားဆောင်းပါး

နွားနို့နဲ့အရက်၊အချိုရည်

(၁)(၂) 

https://m.facebook.com/story.php?story_fbid=10155938995063472&id=755653471 (4-8-2018)

စံပြ ပညာရှင် အမေရိကန် iPhone စတိဂျော်ချ် နဲ့ Microsoft ဘီလ်ဂိတ်

 ကြိကြိတက်ချမ်းသာချင်သလား 

(လူချမ်းသာ နဲ့ စိတ်ချမ်းသာ ၂မျိုးအကြောင်း)

=========================

ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၃ စင်ကာပူက မြန်မာများကိုလာတွေ့ပြီး ပြောတယ်။ လူငယ်တွေ ငွေကိုပဲ အဓိကထားနေကြတာ ၀မ်းနည်းစရာပဲ.. ပညာကိုအဓိကထားဖို့ အားပေးစကားပြောသွားပါတယ်။ စင်ကာပူကို တက္ကသိုလ် တက်နေတဲ့ လူငယ်လေးများနဲ့ ဒေါ်အောင်ဆန်းစုကြည် စကားပြောကြည့်တော့ ..ဘွဲ့ရရင် စင်ကာပူမှာပဲ အလုပ်ဆက်လုပ်မယ်လို့ပြောတယ်။ လစာချင်းက သိပ်ကွာခြားတာကိုး။ မြန်မာနိုင်ငံမှာ ပညာတတ်လူငယ်များအတွက် အလုပ်အကိုင် ရှားပါးနေပါတယ်။ အသက်၃၀ကျော် စင်ကာပူ၁၀နှစ် လုပ်သက်အတွေ့အကြုံ ရှိသူများကတော့ လစာ သိန်း၂၀ အထက် ရနေကြပေမဲ့ မြန်မာပိုင် ကုမဏီတွေကတော့ ဒါလောက်လခ မပေးနိုင်ပါဘူး။ ၂သိန်း၊ ၃သိန်း ပဲပေးကြပါတယ်။ ဒါကြောင့် ဖြတ်လမ်းအဖြစ် လူငယ်တွေ နိုင်ငံခြားပဲ အလုပ်သွားလုပ်ဖို့ တိုးဝှေ့နေဆဲ ဖြစ်ပါတယ်။ 

.

အခန်း(၁) ကတော့ ငွေကြိကြိတက် ချမ်းသာဖို့ ရေးပါမယ်။ 


ဒုတိယပိုင်းကတော့ စိတ်ကြိကြိတက် ချမ်းသာဖို့ အနည်းငယ် ရေးပြီး အဆုံးသပ်ပါမယ်။ 

.

.

အခန်း(၁) ငွေချမ်းသာဖို့...


၁-၁။ ရန်ကုန်တိုင်းအစိုးရ ၀န်ကြီးချုပ်က သူဌေးကြီးများစွာ ပေါ်ပေါက်လာအောင် လုပ်ပေးမဲ့အကြောင်း ပြောလာပါတယ်။ လူငယ် လုပ်ငန်းရှင်များစွာ မှန်ကန်စွာ အရည်သွေးကောင်းအောင် လုပ်နိုင်တဲ့ ကုမဏီများ၊ လူပုဂ္ဂိုလ်များကို အသုံးပြု၊ စီမံကိန်းတွေ အပ်မယ်လို့ ယူဆရပါတယ်။ ခရိုနီ (ချမ်းသာကြွယ်ဝြပီးသူများ) အတွက်တော့ အစိုးရ အာဏာရှိသူများ ပူးပေါင်းမလုပ်ပါစေနဲ့လို့ ဆုတောင်းရပါတယ်။

.

အမြန်ဆုံးချမ်းသာဖို့ အမှန်ကန်ဆုံးနည်းလမ်း (မခိုးမဝှက်၊ ဥပဒေလက်တလုံးခြားမလုပ်ပဲ) ကြိကြိတက်ချမ်းသာသူများကတော့ သူတို့ပိုက်ဆံကို Firm Manager တွေနဲ့ အပ်ထားပြီး မျိုးရိုးစဉ်ဆက် ချမ်းသာအောင် (ဘုရင်မင်းဆက်လို) လုပ်ကြပါတယ်။ ကိုယ့်သားသမီးထဲက အတော်ဆုံးလူကို အမွေ (လုပ်ငန်း) ဆက်ခံစေပါတယ်။ သားသမီးထဲက မတွေ့ရင် မြေး၊ မြစ် များအမည်နဲ့ ပိုင်ဆိုင်မှုတွေ လက်ဆင့်ကမ်းကြပါတယ်။ ပိုင်ဆိုင်မှုများမှာ .. ငွေသား နဲ့ ဘွန်း၊ရှယ်ရာတွေ ဖြစ်ပါတယ်။ အလွန်ခိုင်မာတဲ့ ကုမဏီကြီးများ၊ နိုင်ငံအစိုးရများရဲ့ ရှယ်ရာ၊ ဘွန်းတွေ ၀ယ်ယူထားပါတယ်။ ဒေါ်လာ ၁သန်းလောက်မဟုတ်ပါ။ သန်းရာချီ ထောင်ချီ ပိုင်ဆိုင်သူများဖြစ်ပါတယ်။ 

.

နိုင်ငံတစ်ခု ချမ်းသာလာဖို့ဆိုတာ GDP per capital နဲ့ တိုင်းတာပါတယ်။ တရုပ်နိုင်ငံကတော့ ထိတ်တန်းဦးနှောက်များကို စုစည်းထားတဲ့ အစိုးရက စီးပွားရေးထိတ်တန်းလူချမ်းသာများကို ထိန်းချုပ်ပါတယ်။ အခွန်အကောက် Corporate Tax ကို အမှန်အကန် ပေးစေတယ်။ ဘဏ်တိုးကိုလဲ အခွန်ကောက်တယ်၊ ပိုင်ဆိုင်မှုကိုလဲ အခွန်ကောက်တယ်၊ စတော့ရှယ်ယာ၊ဘွန်း ရောင်းထုတ်လို့ အမြတ်ရရင်လဲ အခွန်ကောက်ပါတယ်။ တိုးတက်တဲ့ နိုင်ငံများမှာ စနစ်ကောင်းကောင်းရှိပါတယ်။ ဒါလဲချိုးဖောက်တဲ့ နည်းတွေ ပေါ်လာတာပါပဲ။ 

.

တခါကဆင်းရဲခဲ့တဲ့ စင်ကာပူနိုင်ငံက တစ်ဦးချင်း၀င်ငွေ အမေရိကန်၊ ဂျပန်ထက် မြင့်သွားအောင် ဘယ်လိုလုပ်သလဲ .. ဆိုတာ စိတ်၀င်စားစရာပါ။ နိုင်ငံသေးလေးတွေမှာ ဒီလိုပဲ အခွန်ရှောင်ငွေများစွာ သူတို့မူရင်းနိုင်ငံအစိုးရ မသိအောင် လက်ခံထားကြပါတယ်။ စင်ကာပူ ဆိုရင် နိုင်ငံတိုးတက်ဖို့ အင်အားကြီးနိုင်ငံတွေနဲ့ ဆက်ဆံရပါတယ်။ ဥပမာ တရုပ်၊ဟောင်ကောင်နဲ့ AEOI စာချုပ်ကို ငြင်းပယ်ပါတယ်။ အမေရိကန်က တွန်းအားပေးလဲ ငြင်းပယ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီနိုင်ငံသားပိုင် ငွေကြေးများစွာ စင်ကာပူဘဏ်တွေမှာ အပ်ထားလို့ ဖြစ်ပါတယ်။ ဒါပေမဲ့ အင်ဒိုနီးရှားအစိုးရ တွန်းအားဒဏ်ကိုတော့ မခံနိုင်ပါဘူး။ အင်ဒိုနီးရှား ပြုပြင်ပြောင်းလဲမှုက စစ်တပ်နောက်ဆုတ်ရပြီး အရပ်သားအစိုးရ ဖြစ်နေလို့ ခိုးကြောင်ခိုးဝှက် (အခွန်ရှောင်)တွေကို မှန်ကန်စွာလုပ်ဖို့ ပွင့်လင်းမြင်သာစွာ ပြောင်းလဲနေပါတယ်။ ဒါကြောင့် အင်ဒိုနီးရှားနဲ့ AEOI လက်မှတ်ထိုးထားရပါတယ်။ မြန်မာ သူဌေးကြီးတွေလဲ စင်ကာပူမှာ ငွေသားချည်း ဘီလျံပေါင်းများစွာ အပ်ထားကြောင်း လွန်ခဲ့တဲ့ ၅နှစ်က စင်ကာပူအစိုးရ ၀န်ခံခဲ့ရပါတယ်။ အခုတော့ တိတ်သွားကြပါပြီ။ 

.

ဘာကြောင့် ဒီအကြောင်း ရေးရသလဲ ဆိုတော့ မြန်မာနိုင်ငံအပြောင်းအလဲ လမ်းကြောင်းတည့်လာတာတယ်လို့ ယူဆရတဲ့ အချက်လက်များကြောင့်ပါ။ အခု ချမ်းသာကြွယ်ဝနေသူ အားလုံးနီးပါး စင်ကာပူကို ရောက်ခဲ့ဖူး၊ လုပ်ကိုင်ခဲ့ဖူး သူချည်းပါပဲ။ အဲဒီ ပုဂ္ဂိုလ်တွေက အသက်အရွယ် ကြီးနေပါပြီ။ အခုတခါ အသက်၃၀ ပတ်၀န်းကျင် စင်ကာပူမှာ ရောက်ဖူး၊ အလုပ်လုပ်ဖူး၊ ပညာသင်ဖူးတဲ့ လူငယ်အုပ်စုရဲ့ အလှည့်ဖြစ်ပါတယ်။ စင်ကာပူက လေ့လာဆည်းပူးပြီး မြန်မာနိုင်ငံကို လုပ်ငန်းများလုပ်ကိုင်သူများပဲ အခွင့်အလမ်း သားပါတယ်။ 

.

အမြန်ဆုံး ငွေချမ်းသာတဲ့နည်းလမ်းများစွာ ရှိပါတယ်။ 

ကံကောင်းလို့ ချမ်းသာ ထီဆုကြီးပေါက်ရင်လဲ ၉၀%ထီပေါက်သူတွေ ပြန်မွဲသွားပါတယ်။ 

.

.

၁-၂။ မြန်မာတစ်ယောက်၊ ထာ၀ရ ငွေချမ်းသာကြွယ်၀ဖို့နည်းလမ်းတွေကတော့ 

.

* ဘွဲ့တခုရပြီး၊ အင်္ဂလိပ်စာတတ်ကြွမ်းအောင်လုပ်၊ စင်ကာပူကို အလုပ်သွားလုပ်ပြီး ငွေစုတဲ့ နည်းလမ်းပါ။ ပြန်ကြားရေး၀န်ကြီး ဦးဖေမြင့် ဘာသာပြန်တဲ့ ဘေဘီလုန်မှ အချမ်းသာဆုံးပုဂ္ဂိုလ် စာအုပ်ပါပဲ။ စင်ကာပူမှာ နေထိုင်လုပ်ကိုင်ရင် သူဌေးများ၊ သူဌေးသားများ ကျင့်ကြံလုပ်ကိုင်တာတွေကို လေ့လာရင်း မိမိကိုယ်ပိုင်လုပ်ငန်းတည်ထောင်၊ ကြိုးစားခြင်းနဲ့ အနှစ်၂၀ စီမံကိန်း ပါပဲ။ ထိုင်း၊ မလေး၊ ဒူဘိုင်း၊ ဂျပန်၊ ကိုးရီးယား၊အင်္ဂလန်၊ အမေရိကန် နိုင်ငံများမှာ အလုပ်သွားလုပ်နိုင်ပေမဲ့ စင်ကာပူက အခွင့်အလမ်း အကောင်းဆုံးပါ။ 

.

* နိုင်ငံခြားသွား ကျောင်းတက်၊ အလုပ်လုပ်ရင်း ချမ်းသာကြွယ်၀သူရဲ့ သားသမီးတွေနဲ့ အိမ်ထောင်ပြုခြင်း နည်းလမ်းဖြစ်ပါတယ်။ မဖြစ်နိုင်မရှိပါဘူး။ စင်ကာပူက သူကြွယ် သားသမီးများက မြန်မာနိုင်ငံလို မာနမရှိပါဘူး။ မိဘကိုလဲ အားမကိုးပါဘူး။ သူကြွယ်မိဘကလည်း သားသမီးတွေကို အသက်၃၀ မပြည့်မချင်း မိဘလုပ်ငန်းမှာ ၀င်မလုပ်ခိုင်းသေးပါဘူး။ သားသမီးကလဲ မိဘလုပ်ငန်းမှာ ၀င်မလုပ်ချင်ပါဘူး။ ကိုယ်ပိုင် လုပ်ငန်းများ သို့မဟုတ် အခြားကုမဏီများမှာ လခကောင်းကောင်းနဲ့ ပထမပိုင်း ၀င်လုပ်ကြပါတယ်။ အများအားဖြင့် သူကြွယ်သူဌေးသားသမီးများဟာ ရိုးသားဖြောင့်မတ်ကြပါတယ်။ မိမိကလည်း ရိုးသားဖြောင့်မတ်ရင် ရီးစားဖြစ်ပြီး၊ အိမ်ထောင်ထူထောင်ကြပါတယ်။ သုံးဖြုန်းတီးမလုပ်တဲ့ သားသမီးများ အသက်၃၀ ကျော်ရင် မိဘအမွေတွေ ရရှိ၊ ချမ်းသာကြွယ်၀လာမှာပါ။ 

.

* အခုခေတ်ဆိုရင် မြန်မာနိုင်ငံတွင်းမှာလဲ သူဌေးကြီးတွေ ပေါ်လာပါပြီ။ ရိုးသားဖြောင့်မတ်စွာနဲ့ ပညာရပ်တစ်ခုကို ပြောင်မြောက် ထူးချွန်အောင် လုပ်နိုင်တဲ့ လူငယ်များ ချမ်းသာလာကြပါတယ်။ ဘီလ်ဂိတ်၊ စတိဂျော့ပ်၊ ဇူကာဘတ် တို့လို လူငယ်အုပ်စုများ စုပေါင်းလုပ်ကိုင်ရင်း ကုမဏီပိုင်ရှင်တွေ ဖြစ်လာမယ်။ နည်းပညာသူဌေးကတော့ အနည်းဆုံး ဘွဲ့ရ အဆင့်အတန်း ရှိပေမဲ့၊ ၁၀တန်းမအောင်တဲ့ လူငယ်များစွာလည်း ကုန်သည်၊ ပွဲစား၊ စားသောက်ဆိုင်၊ ဟိုတယ်၊ လယ်ယာလုပ်ငန်း၊ သီးနှံလုပ်ငန်း စတဲ့ လုပ်ငန်းရှင် သူဌေးဖြစ်လာဖို့ အခွင့်အလမ်းများစွာ ရှိနေပါပြီ။ သူဌေးကြီးရဲ့ သားသမီးက သူဌေးပြန်ဖြစ်တာ ဘာမှမထူးဆန်းပါဘူး။ ဒါပေမဲ့ သာမန်လူ အလွန်ကြိုးစားသူများ ဘွဲ့ပညာမရှိပေမဲ့ ချမ်းသာနိုင်ပါပြီ။ ဘ၀ ပညာကို မဆုတ်မနစ် ကြိုးစားရင်း အလွန်ချမ်းသာလာမှာပါ။ 

.

* နောက်အနှစ် ၂၀ဆိုရင် အခု အသက်၂၀ အရွယ်လူငယ်များစွာ အသက်၄၀ သူဌေးကြီးတွေ အမြောက်အများ ပေါ်လာမှာပါ။ ကံ ဥာဏ် ဝိရိယ (၃)ခုမှာ ဝီရိယ ဆိုတဲ့ အဆက်မပြတ် ကြိုးစားအားထုတ် ခပ်ကုပ်ကုပ် နေသူများပဲ အလွန်ကြွယ်၀ ချမ်းသာလာပါလိမ့်မယ်။ ဖေ့ဘုတ်တွေမှာ နေ့တိုင်း ဘာညာ ရှောက်တင်နေသူများကတော့ ချမ်းသာဖို့လဲ မလွယ်၊ ရာထူးကြီးကြီး ရဖို့လည်း မလွယ်ပါဘူ။ 

.

* အာဏာရှိအောင်လုပ်၊ သို့မဟုတ် အာဏာရှိသူတွေနဲ့ ပေါင်းလုပ်စားတဲ့ ဂွင်ရှာဖွေခြင်းခေတ်ကုန်နေပါပြီ။ ဂွင်ရပြီး တင်ဒါတွေအောင်တယ်၊ လုပ်တယ်။ အမြတ်ထွက်တယ်။ ပျော်ပါး ထောင်လွှားတယ်၊ ကားကြီးတိုက်ကြီး နေ့ချင်းဖြစ်လာတယ်။ နောက်မကြာခင်မှာ နေ့ချင်း ဆင်းရဲမွဲတေသွားရုံမက ထောင်ကျသွားနိုင်တဲ့ ခေတ်ရောက်လာပါပြီ။ မလုပ်တတ်ပဲ လာပ်ပေး၊ လာပ်ယူ လုပ်လို့တော့ မိမိသာမက ၊ မိမိဆွေမျိုး အရာရှိလဲ အလုပ်ပြုတ်သွားနိုင်တဲ့ ခေတ်ရောက်နေပါပြီ။ မပေးပဲနဲ့တော့ တင်ဒါမရပါ။ ဒါပေမဲ့ မပေးပဲနဲ့ အလုပ်အရမ်းကြွမ်းကျင်သူများလဲ တင်ဒါရနေကြပါပြီ။ ဒါကြောင့် ဂွင်လုပ်စားတာတွေ လုပ်ခဲ့မိရင်လဲ အခုပြောင်းလဲချိန်တန်ပါပြီ။ ဆက်ပြီး ချမ်းသာကြွယ်၀ဖို့ ပြောင်းလဲရမှာ ဖြစ်ပါတယ်။ 

.

တရုပ်နိုင်ငံက သူဌေးကြီးများအကြောင်း ဖတ်ရလို့ သိသလောက် ရေးတာပါ။ ကွဲလွဲမှုများရှိမှာသေချာပါတယ် ။ 

.

.

.

၁-၃။ မြန်မာနိုင်ငံသားပိုင် ဒေါ်လာ၁၁ဘီလျံ စင်ကာပူဘဏ်မှာစာရင်းပေါ်ခြင်း  Does Myanmar’s Ex-Junta Hold $11b In Singapore? ဆိုတဲ့ ခေါင်းစဉ်နဲ့ BIC အဖွဲ့က ထိပ်တန်းငွေကြေးပညာရှင် ဂျေဆန် financial researcher Jelson Garcia of BIC က အာရှဘဏ်၊ ကမ္ဘာ့ဘဏ်၊ ဥရောပငွေကြေးအဖွဲ့များက ပေးတဲ့အချက်အလက်များအရ ထုတ်ပြန်ကြေငြာပါတယ်။ အဲဒီအချိန်က ဦးသိန်းစိန်အစိုးရ ပြန်ကြားရေး၀န်ကြီူး ဦးရဲထွဋ် က အဲဒီ $11 billion ပိုင်ရှင် မြန်မာနိုင်ငံသား အကောင်း၅ခုကို နံမည်တွေကို ပေးပါလို့ တုန့်ပြန်ခဲ့ပါတယ်။ နောက်ပိုင်းတော့ ကမ္ဘာ့ဘဏ်ကလည်း နိုင်ငံတော်အစိုးရ ငွေများကို နိုင်ငံခြားမှာ အပ်ထားတာမျိုး ဆိုပြီး အလျှော့ ပေးလိုက်ပါတယ်။ အဲဒီ ငွေများဟာ နှစ်စဉ် ဓါတ်ငွေ့နဲ့ကျောက်စိမ်း ရရှိငွေများ စုဆောင်းထားခြင်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ 

.

.

ငွေပိုငွေလျံများစွာ (ပြည်တွင်း၊ ပြည်ပ ဘဏ်အကောင့်များ)

ပြုပြင်ပြောင်းလဲတဲ့ မြန်မာနိုင်ငံမှာ အဆိုးဝါးဆုံးကတော့ အခွန်ကောက် နဲ့ လိုင်စင်ကြေးဌာနများဖြစ်ပါတယ်။ အခွန်ဖြေရှော့ခြင်း ဆိုတာ အင်ဒိုနီးရှားနိုင်ငံ သမ္မတဂျိုကိုဝီ လက်ထက်မှာ ၂နှစ်အချိန်ယူ အခွန်ဖြေလျှော့ ဥပဒေထုတ်တော့ ဒေါ်လာ ၁၇၀ဘီလျံ ကျော် ရင်းနှီးမြှတ်နှံမှု ၀င်လာတယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံက မတ်-၂၀၁၈ အခွန်ဥပဒေမှာ ဒါမျိုး ဗြုန်းစားကြီး ဖြေလျှော့ခြင်း မလုပ်သင့်ကြောင်း၊ သီးခြား ဥပဒေတစ်ခု ထုတ်သင့်ကြောင်း၊ ငွေရှင်ကြီးများကိုပဲ အကျိုးမြတ် ကြီးစေတဲ့ တနည်းအားဖြင့် အလုပ်အကိုင်ဖန်တီးမှုများ ပေးတဲ့ ကုန်ထုတ်လုပ်ငန်းရင်းနှီးမြှတ်နှံမှု အားပေးရန်၊ ငွေစျေးကစားတဲ့လူများ ၀င်လာမှာကို တားဆီးဖို့ ဆွေးနွေးအတည်ပြုကြတာ ကောင်းလှပါတယ်။ 

.

ပြည်တွင်း ဘဏ်များမှာ ကျပ်ငွေ ၂၇၀၀၀ ဘီလျံ (ဒေါ်လာ ၂၀ဘီလျံ) သူဌေးများက စုဆောင်းထားတာတွေ ရှိပါတယ်။ လစဉ် အတိုးထုတ်စားတယ် ဆိုရင်တောင် သိန်း၁ထောင် အနည်းဆုံး စုဆောင်းထားမှ တလကို ၆သိန်း (၈% အတိုး) ရပါမယ်။ အဲလောက် များတဲ့ ငွေကို ဘယ်သူမှ ဘဏ်ထဲထည့်ထားမှ မဟုတ်ပါဘူး။ အနည်းဆုံး အိမ်ဆောက်ပြီး ဟောတယ်ဆောက်ဖို့ ငှားစားဖို့ပဲ ကြိုးစားနေသူချည်းပါပဲ။ ဒီငွေရှင်များက ကုန်ထုတ်လုပ်ငန်းများစွာ လုပ်ကိုင်ဖို့ ကုမဏီမှတ်ပုံတင်ခြင်းကအစ ဌာနဆိုင်ရာများက ကြံကြာမှု၊ လာပ်ပေးရမှုများစွာ ရှိပေမဲ့လည်း ထိုးဖောက်ကြိုးစားသူများကတော့ စီးပွားကောင်းနေကြပါတယ်။ 

.

နိုင်ငံခြားမှာ Asset Management Company AMC ဆိုတဲ့ ရင်းနှီးမြှတ်နှံမှု ကုမဏီကြီးများစွာ ရှိပါတယ်။ ငွေအမြောက်အများ ပိုလျှံနေသူများကို အခကြေးယူပြိး ရင်းနှီးမြှတ်နှံပေးတဲ့ အလုပ်ကို လုပ်ပါတယ်။ ဒါကြောင့် ဒေါ်လာသန်းပေါင်းများစွာ ထီပေါက်သူများကိုငွေကိုး ဘဏ်တစ်ခုဆီ ထည့်ထားပြီး စီမံကွပ်ကဲ ပေပါတယ်။ စင်ကာပူနိုင်ငံရဲ့ ပိုင်ဆိုင်မှု ဒေါ်လာ ဘီလျှံပေါင်း ၃၀၀ ကျော်ကို Temasak Holding ဆိုတဲ့ အစိုးရကိုယ်တိုင် စီမံခန့်ခွဲပါတယ်။ အဲဒီမှာ ကမ္ဘာ့ထိပ်တန်း ငွေကြေးကျွမ်းကျင်သူများကို လစာ အမြောက်အများပေးပြီး ခန့်ထားပါတယ်။ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းတွေက မိမိနိုင်ငံပိုင်ဆိုင်မှုတွေကို တိုးပွားဖို့ AMC ကုမဏီကြီးများနဲ့ ဆက်သွယ်လုပ်ကိုင်ရပါတယ်။ ကမ္ဘာ့ထိတ်တန်း AMC ၁၀ခုကတော့ BlackRock ,The Vanguard, State Street Global Advisors, Fidelity, J.P. Morgan, BNY Mellon, 

PIMCO (အားလုံး အမေရိကန်ကုမဏီများ)၊ UBS (ဆွဒ်ဇာလန်)၊ Allianz (ဂျာမဏီ)၊ Credit Agricole (ပြင်သစ်) တို့ဖြစ်ပါတယ်။ အာရှတိုက် အထူးပြု AMC များစွာရှိပါတယ်။

.

.

.

၁-၄။ မှန်ကန်သောစီးပွားရေးလုပ်ငန်း

ပြည်တွင်းမှာငွေရှိတဲ့ လုပ်ငန်းရှင်များမှာ အာဏာပိုင်များကို ပေးကမ်း ပေါင်းသင်းပြီး အခွန်ရှောင်ခြင်းများ လုပ်နေတဲ့ ခေတ်ဖြစ်ပါတယ်။ အထူးသဖြင့် ထိပ်ပိုင်းက Major Tax Payers အခွန်အများဆုံးပေးတဲ့ ကုမဏီကြီးများကို မှန်ကန်စွာ ကော်ပိုရိတ်အခွန် Corporate Tax ကောက်နိုင်ဖို့ ကြိုးစားနေပါတယ်။ ခေါင်းမိုးလုံမှာ အောက်ခြေ လုပ်ငန်းရှင် အသေးစား၊ အလတ်စားများ အဆင်ပြေလာမယ်ဖြစ်ပါတယ်။ သို့မဟုတ်ရင် အခုဖြစ်နေတဲ့ လက်ဝါးအုပ် ငွေရှင်စနစ်နဲ့ ချမ်းသာတဲ့လူပဲ ပိုပြီးချမ်းသာလာတဲ့ ဆင်းရဲချမ်းသာ မညီမျှမှု ဖြစ်လာမှာပါ။

.

.

ဘာကြောင့် စင်ကာပူမှာ မီလျှံနာတွေ အရမ်းများပြားနေသလဲ Fobes News

စင်ကာပူဟာ ပုဂ္ဂလိကဘဏ်လုပ်ငန်း ဗဟိုဖြစ်နေပါတယ်။ ဟောင်ကောင် က ငွေကြေးများစင်ကာပူထံ စီး၀င်လာခြင်းကလဲ အကြောင်းတစ်ခုဖြစ်ပါတယ်။

.

၀ါရှင်တန်အင်ဆိုက် (၂၀၁၃) ထုတ်ပြန်ချက်အရ စင်ကာပူတစ်ဦးချင်း ပိုင်ဆိင်မှုအားလုံးပေါင်းရင် ကန်ဒေါ်လာ ဘီလျံ ၇၄၈.၈ ဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၀၉ ကမ္ဘာ့ စီးပွားကပ်ဖြစ်ချိန် ၂၀၀၉ ကစတင်ပြီး တိုးတက်လာတာ ၂၀၁၈ မှာ တစ်ထရီလျံ (၁၀၀၀ ဘီလျံ) ဖြစ်လာမယ်လို့ ခန့်မှန်းထားပါတယ်။

.

ဟောင်ကောင်ရဲ့ ၂၀၁၃ ပိုင်ဆိုင်ကြွယ်၀မှုအားလုံးက ၁၀၄၀ ဘီလျံဖြစ်ခဲ့ပါတယ်။ သို့သော်လည်း သူကြွယ်များအတွက် လွတ်လပ်ခွင့်များ တဖြေးဖြေး ကန့်သတ်လာမှုကြောင့် ဥစ္စာဓနများ စင်ကာပူက ဆက်လက်ရွှေ့လျားနေဦးမှာ ဖြစ်ပါတယ်။ စင်ကာပူနိုင်ငံက တစ်ပါတီ အာဏာစိုးမိုးထားပြီး အတိုက်အခံများက အနည်းငယ်အနိုင်ရပေမဲ့ စီးပွားရေးအဆောက်အဦကတော့ အခိုင်အမာ ဖြစ်နေပါတယ်။

.

အစီရင်ခံစာမှာ စင်ကာပူ သန်းကြွယ်သူဌေးပေါင်း ၁သိန်းခွဲ ရှိတယ်လို့ဆိုပါတယ်။ HNWI နည်းစနစ်သုံးပြီး အချက်အလက်ယူထားပါတယ်။ နောက်ထပ် ၃သောင်း ၂၀၁၈ မှာ ပိုများလာပါဦးမယ်။ ဘီလျံနာ နဲ့ မီလျံနာ သူဌေးအရေအတွက်ဟာ အိမ်နီးချင်း မလေးရှားနိုင်ငံထက် ပိုများပါတယ်။

.

သူဌေးအရေအတွက်က အမေရိကန်၊ တရုပ်၊ အင်္ဂလိပ်၊ ဂျပန် စတဲ့နိုင်ငံများထက် အများကြီးနည်းပေမဲ့ စင်ကာပူဟာ လူဦးရေ ၅.၄သန်း ပဲ ရှိတာ သတိထားရပါတယ်။ စင်ကာပူမှာ နေတဲ့ လူ၃၆ယောက် မှာ တစ်ယောက်က မီလျံနာ (သန်းကြွယ်သူဌေး) ဖြစ်နေပါတယ်။ 

JAN 29, 2015 Forbes News (Why Is Singapore Full Of Millionaires?)

.

.

အခန်း(၂) စိတ်ချမ်းသာဖို့

စိတ်ဝိညာဉ်ကြိကြိတက် ချမ်းသာဖို့

.

၂-၁။ အိုင်ဖုန်း၊ အေပဲကွန်ပြူတာ တီထွင်တဲ့ ပညာရှင်သူဌေးကြီး စတိဂျော့ Steve Jobs ရဲ့ ဗွီဒီယိုလေးကို နားထောင်မိတယ်။ သူ့ဘ၀မှာ မိသားစုအတွက် အချိန်မပေးခဲ့လို့ နောင်တရကြောင်း၊ ဒီလောကကြီးမှာ ချစ်ခြင်းမေတ္တာအတွက် မိသားစုနဲ့အချိန်ပေးကြဖို သူ့ကို အားကျသူများအတွက် နောက်ဆုံးစကား ပြောသွားပါတယ်။ (see Ref No.3 Link). လောက အရာ ငွေ၊ အတန်းပညာ၊ နေထိုင်စားသောက်ခြင်း အထက်တန်းစား ထားနိုင်ခဲ့ပါတယ်။ ထားပေးခဲ့ပါတယ်။ သူ့ရဲ့ နောက်ဆုံး စကားကတော့ လောကအရာ၊ ငွေကြေး၊ လှုဒါန်းမှုတွေ၊ တီထွင်မှု့တွေ အမြောက်အများ ပြုလုပ်ပြီး လူ့လောက အကျိုး ဆောင်ရွက်ခဲ့ပေမဲ့ သူ့ရဲ့ နောက်ဆုံး ကာလများမှာ ပန်ကရိယ ကင်ဆာရောဂါကို ခံစားပြီး၊ ကုသမရနိုင်တော့ပဲ တဖြေးဖြေးနဲ့ အားအင် နည်းပါးလာပြီး အသက်၅၅နှစ် မှာပဲ ကွယ်လွန်သွားပါတယ်။ ဆေးကုသ နေစဉ် အချိန်တိုလေး ဟာ သူ့ဘ၀ရဲ့ မှာ သူတတ်မြောက်ခဲ့တဲ့ လောကပညာ၊ စီးပွားပညာတွေ ဘာမှ အသုံးမချနိုင်ဘူး။ သူ့ကို တကယ် မေတ္တာနဲ့ အချိန်ပေးမဲ့ ဇနီး၊ သားသမီး တွေ သူတို့အလုပ်နဲ့ ရှုပ်နေတော့ သူ့အနားမှာ မနေနိုင်ကြဘူး။ စတိဂျော့ ဟာ သဘာ၀တရားကို ချစ်မြတ်နိုးသူ ဖြစ်မှာ သေချာတယ်။ ဘုရာ၊တရား ကိုလဲ လေးစားသူ ဖြစ်ကောင်း ဖြစ်ပါမယ်။ ဒါပေမဲ့ သူ့ရဲ့ နောက်ဆုံး အချိန်တွေမှာ သူအလိုအပ်ဆုံး မေတ္တာ ပေးနိုင်တဲ့သူ ရှာမတွေ့သွား ဖူးလို့ သတ်မှတ်ပါတယ်။ 


၂-၂။ ဘီလ်ဂိတ် Bills Gate ကတော့ ငယ်စဉ်ကတည်းက မိဘလမ်းပြခဲ့တဲ့ ဘုရားရှိခိုးကျောင်းကို အပတ်စဉ် မပြတ်မကွက် တက်ခဲ့ပါတယ်။ တပတ် ၁နာရီ၊ ၂နာရီ ဘုရားကျောင်းကို အချိန်ပေးပါတယ်။ လူတွေနဲ့ မိတ်ဆွေဖွဲ့ လုပ်ငန်းတွေကို မေ့ထားပြီး ချစ်ခြင်းမေတ္တာ ရှာဖွေပါတယ်။ သူ့သားသမီး ၃ယောက်ကိုလည်း.ငယ်စဉ်ကတည်းက ဘုရားကျောင်းကို အပတ်စဉ် မပျက်မကွက် တက်ရောက်စေပါတယ်။ လောက ပညာတွေထက် အဆပေါင်း များစွာ သာလွန်တဲ့ ဘုရားပညာကို သင်ကြား၊ လေ့ကျင်၊ အသုံးချ စေပါတယ်။  ဘီလ်ဂိတ် ပြောကြားချက်တစ်ခု ကတော့   “ ဘာသာရေး စိတ်နှလုံးကောင်း ပျိုးထောင်မှုဆိုတာ ကျနော်အမြင်အရ အလွန့်အလွန် အရေးကြီးပါတယ်။ ကျနော်တို့ မိမိကလေးတွေကို ဘာသာရေး ကျင့်၀တ်များနဲ့ ပြုစုပျိုးထောင်ခဲ့ကြပါတယ်။ ကျနော့် ကလေးများကို ဇနီးသည် မီလင်ဒါ ကိုယ်တိုင်သွားတဲ့၊ ကာသိုလစ် ခရစ်ယန်ဘုရားကျောင်းဆီ ခေါ်သွားလေ့ရှိပါတယ်။ ကျနော်လည်း အတူလိုက်သွားပါတယ်။ ကျနော်ဟာ အလွန်ကုသိုလ်ကံကောင်းပါတယ်။ ကျနော် ၀န်တာရှိသလို ကြိုးစားနေပါတယ်။ ကမ္ဘာကြီးမှာ ဖြစ်နေတဲ့ ဆင်းရဲချမ်းသာကွာဟမှုကို ရော့နည်းသွားဖို့ ပါပဲ။ ဒါမျိုးလုပ်ဖို့ စိတ်နှလုံးကောင်း ပျိုးထောင်ပေးခြင်းက ဘာသာရေးယုံကြည်ချက်လေး တစ်ခု ဖြစ်ပါတယ် ..” လို့ ပြောပါတယ်။

..

ဘီလ်ဂိတ် အကြောင်းကတော့ ပြောမဆုံးပါဘူး။ ကလေးများကို ပြုစုခြင်း အလွန်အရေးကြီးကြောင်းပဲ ဒီနေရာမှာ ရေးလိုက်ပါတယ်။ https://www.facebook.com/gatesfoundation/ မှာ ဆက်ကြည့်နိုင်ပါတယ်။ သင့်ကိုယ်တိုင် ဘီလ်ဂိတ်ကြီးလိုပဲ ကလေးများနဲ့ အတူနေဖို့၊ ဘုရားကျောင်းကန် သွားဖို့ ပျော်ပါသလား?  


ဘီလ်ဂိတ်စ်က သူ့သားသမီးတွေကို အသက် ၁၄ နှစ်မတိုင်ခင် လက်ကိုင်ဖုန်းကိုင်ခွင့်မပေးတဲ့ပြင် အိမ်မှာ ညစာစားချိန်ကျရင် မိသားစုထဲက ဘယ်သူမှ လက်ကိုင်ဖုန်းကိုင်ခွင့်မရှိတဲ့အကြောင်း။  မိဘက သားသမီးကို ချစ်တာချင်း မတူကြ။ အထူးသဖြင့် ဘီလ်ဂိတ်စ်လို အမေရိကန်သူဌေးကြီးက သူ့သားသမီးတွေကို အသက် ၁၄ နှစ်မပြည့်မချင်း လက်ကိုင်ဖုန်းသုံးခွင့်ပိတ်မယ်လို့ ဘယ်သူမှထင်မှာမဟုတ်။ အငယ်ဆုံးကလေး ၁၄ နှစ်ပြည့်ပီးမှသာ လက်ကိုင်ဖုန်းကိစ္စ ကမ္ဘာကို ထုတ်ပြောတာပါ။ လူတွေ အကုန်အံအားသင့်ကုန်ပါတယ်။ သားသမီးအရွယ်မရောက်ခင် လက်ကိုင်ဖုန်းပေးကိုင်ရင် ပညာရေးမှာ ဘယ်လောက်ထိခိုက်မလဲ ဘီလ်ဂိတ်စ်ကသိထားတယ်။ ဒါလဲပညာအမွေကို စည်းကမ်းနဲ့ပေးတဲ့သဘော။ ဘီလ်ဂိတ်စ် ကမ္ဘာ့အချမ်းသာဆုံး မိုက်ခရိုဆော့သူဋ္ဌေးကြီး  ဒေါ်လာ ၈၆ ဘီလီလျံပိုင်ပေမဲ့ သားသမီးတဦးကို ပညာသင်စရိတ် ဒေါ်လာ၁၀သန်းစီကလွဲပီး ဘာအမွေမှမပေးဘူး လို့လဲ ကမ္ဘာသိပြောထားပြီးသား။ သားသမီးကို သူတို့ပညာနဲ့ ကိုယ့်ဒူးကိုယ်ချွန်တတ်အောင် ရေထဲပစ်ချတဲ့ ဘီလ်ဂိတ်ပါတကား။

.

.

၂-၃။ မိမိ အတွေ့အကြုံ တစ်ခု  (သဘာ၀ လောက)

လူတွေက လူ့ဘ၀ဟာ တိုတောင်းတယ်၊ ခံစားလိုက်ပါ။ လူတွေ အချင်းချင်း မေတ္တာ ထားကြပါ။ WIN-WIN  ဆိုတဲ့ ၂ဖက် မျှမျှ တတ ဘယ်သူမှ ဆိုးဝါးစွာ နစ်နာမသွားအောင် ပြသနာများကို အဖြေရှာကြပါ ..စသဖြင့် ပြောဆို၊ သင်တန်းပေးကြတယ်။ ဘုရားကျောင်း၊ ဘာသာရေး အခန်းနား တွေမှာ ဆရာများ၊ ဘုန်းကြီးများ၊ သံဃာတော်များ က ဟောပြော၊ သွန်သင်ကြပါတယ်။ တကယ်တော့ လက်တွေ့ နယ်ပယ်မှာ ဆင်းရဲ ချမ်းသာ ညီမျှတဲ့ ၁၉၂၀ လောက်က ပေါ်ပေါက်ခဲ့တဲ့ ဆိုရှယ်လစ်၊ ကွန်မြူနစ် စနစ်ကြီးလဲ ရုရှား၊ တရုပ် စတဲ့ ကမ္ဘာ့လူဦးရေ တ၀က်ကျော်ကို လွှမ်းမိုးနိုင်ခဲ့ပါတယ်။ 


ဒါပေမဲ့ အနှစ် ၆၀ အကြာ ၁၉၉၀ မှာ ကွန်မြူနစ်စနစ် ပျက်သုန်းသွားပါတယ်။ ဘာကြောင့် ကွန်မြူနစ် စနစ် ပေါ်လာသလဲ ဆိုတော့ လူလူချင်း မတရားခေါင်းပုံဖြတ် တဲ့ အရင်းရှင်စနစ်ကြီးကြောင့် ဆင်းရဲ ချမ်းသာ အလွန်ကွာခြားလာတဲ့ အခါ အခြေခံ လူတန်းစား များဖက်က ရပ်တည်တဲ့ အတွေးခေါ်ရှင်များ ရဲ့ တော်လှန်ရေး Revolution ဆိုတာ ဖြစ်ပေါ် လာခဲ့ ရပါတယ်။ ကွန်မြူ နစ် စနစ် ကြီး ကြီးထွားလာပြီး တကမ္ဘာ လုံးကို သိမ်းပိုက် မဲ့ အခြေအနေ မှာ အမေရိကန် ခေါင်းဆောင်ပြီး တရားမျှတတဲ့ ဒီမိုကရေစီ စနစ် ပေါ်ပေါက် လာပါတယ်။ ဆင်းရဲ ချမ်းသာ ကွာဟမှု နည်းပါးစေပြီး အလယ်လတ်တန်း လူတန်းစား များပြားလာစေတဲ့ နိုင်ငံများက အောင်မြင်တဲ့ ဒီမိုကရေစီ နိုင်ငံများ အဖြစ် ပေါ် ထွန်းလာပါတယ်။ အမေရိကန်၊ ဂျပန်၊ တိုင်၀မ်၊ တောင်ကိုးရီးယား၊ စင်ကာပူ၊ ဂျာမဏီ နဲ့ နောက်ဆုံး ကမ္ဘာ့လူဦးရေ အများဆုံး တရုပ်နိုင်ငံ ကြီးပါ လူလတ်တန်းစာ များပြားလာ ပြီး ဆင်းရဲ မွဲတေမှု ပပျောက် စေပါတယ်။ တဖက်က ဆင်းရဲတဲ့ နိုင်ငံများ ကတော့ အာရှက မြန်မာ၊ မြောက်ကိုးရီးယား တို့နဲ့ အာဖရိက၊ အာရပ်နိုင်ငံများစွာ ဖြစ်နေပါတယ်။ 

.

.

၂.၄။ မိမိ အတွေ့အကြုံ (ဘာသာရေး) 

မြန်မာနိုင်ငံဟာ ဗုဒ္ဒဘာသာ နိုင်ငံ ဖြစ်ပြီး၊ အိမ်နီးခြင်း ထိုင်းနိုင်ငံလည်း ဘာသာတူပါတယ်။ သို့သော် ထိုင်းနိုင်ငံမှာ ဆင်းရဲချမ်းသာ ကွာခြားမှု များပေမဲ့ လူလတ်တန်းစား အရေတွက်က စင်ကာပူ၊ မလေးရှားကို မမှီပါဘူး။ သို့သော် ထိုင်းနိုင်ငံက ဗီယက်နမ် ပြုပြင်ပြောင်းလဲမှုမှာ ပါ၀င် ရင်းနှီျးြမှတ်နှံခဲ့ပြီး၊ အခုဆို ဗီယက်နမ်များ မိမိဖာသာ တိုးတက်နေပြီ ဖြစ်ပါတယ်။ ထုံးစံ အတိုင်း လူလတ်တန်းစား များပြားအောင် လုပ်ဆောင်တဲ့အခါ ဗီယက်နမ် နည်းလမ်း နဲ့ တရုပ်နိုင်ငံ နည်းလမ်း ကွာခြားပါတယ်။ တောင်ကိုးရီးယား ကလည်း ကမ္ဘာ့အဆင့် ရောက်နေပြီး ၊ စင်ကာပူ၊ ဟောင်ကောင် လိုပဲ လူလတ်တန်းစား ပိုမို များပြားစွာ ရှိနေပါတယ်။ 

.

ဘာသာရေး ယုံကြည်ချက်က လူတွေကို စိတ်ရော၊ ခန္တာကိုယ်ရော ကြွယ်ဝစေ ပါသလား … မေးခွန်းရဲ့ အဖြေကတော့ ဟုတ်ပါတယ်။ ဖြေရပါတယ်။ ဘာသာရေး ဆိုတာ တကယ်မရှိတဲ့ နောင်ဘ၀ နဲ့ ခြိမ်းခြောက်ပြီး လူတွေကို ကိုယ်ကျင့်တရား ကောင်းလာအောင်။ ဝိသမ မတရားမှုများ မလုပ်အောင် ထိန်းကျောင်းတယ် လို့ ဘာသာမဲ့၊ ကိုယ်ကျင့်တရား ဦးစားပေး ဝါဒီ (ဘုရားမဲ့ဝါဒီ) များက ပြောကြပါတယ်။ တကယ်တော့ နောင်ဘ၀ တကယ် ရှိတယ်၊ မရှိဘူး ဆိုတာ ဘုရားမဲ့ ဝါဒီတွေတောင် သေခါနီး ကြာမြင့်စွာ ဝေဒနာ ခံစားနေရရင် စိတ်ဂယောင် ခြောက်ခြား ဖြစ်တတ်ပါတယ်။ ဘုရားကိုးကွယ်သူများကတော့ အဲဒီလို ရူသွပ်၊ စိတ်ဂယောင်ခြောက်ခြား မဖြစ်ကြပါဘူး။ သေရမှာလဲ မကြောက်၊ ပစ္စည်းဥစ္စာ၊ သားသမီးဆွေမျိုးများ ဒုက္ခရောက်မှာကိုလည်း မစိုးရိမ်ကြပါဘူး။ စိုးရိမ်မှု ဆိုတာ ရှိပေမဲ့ ဘုရား ရှိတယ် ယုံကြည်သူများက ပိုပြီး တည်ငြိမ်စွာ လောကဓံ ခံနိုင်ကြပါတယ်။ 

.

.

၂.၅။ မိမိ အတွေ့အကြုံ (ဒေါ်အောင်ဆန်းစုကြည်)

မြန်မာနိုင်ငံ ခေါင်းဆောင် ဒေါ်အောင်ဆန်မးစုကြည် ဆိုရင် လောကအမြင်နဲ့ ကြည့်ရင် သူ့မှာ အလွန်ပြင်းထန်တဲ့ စစ်အာဏာရှင်များရဲ့ နှိပ်စက်မှုဒဏ်တွေ ခံစားရပါတယ်။ သူ့ကို ထောက်ခံသူများစွာ လဲ နိုင်ငံက ထွက်မပြေးနိုင်ရင် ထောင်သွင်း၊ အကျဉ်းချ၊ နှိပ်စက် ခံရပါတယ်။ ဒါပေမဲ့ သူ့စိတ်ဝိညာဉ် ကတော့ ပန်းပန်လျှက်ပါပဲ။ နှစ်ပေါင်း ၂၅နှစ် အကြာမှာ မမျှော်လင့်ပဲ မြန်မာနိုင်ငံထက် ဆင်းရဲမွဲတေ တဲ့ တရုပ်နိုင်ငံမှာ တိန်ရှောကဖိန် ဆိုတဲ့ ခေါင်းဆောင်ကောင်း တစ်ယောက် ပေါ်ထွန်းလာပြီး၊ တရုပ်ပြည်က သန်းပေါင်း တစ်ထောင်ကျော်ကို အံ့သြဘွယ် ဆင်းရဲမွဲတေမှုက လွတ်မြောက်စေပါတယ်။ ဘာသာ တရား မရှိဘူး ဆိုတဲ့ တရုပ် ကွန်မြူနစ် စနစ်အောက်မှာ တစ်ပါတီစနစ် နဲ့ ခေါင်းဆောင်ကောင်း တွေ ပျိုးထောင် နိုင်ခြင်း ဖြစ်ပါတယ်။ အလားတူ ဗီယက်နမ် နိုင်ငံလည်း နောက်က လိုက်နေပါတယ်။ 

.

အခုဆို မြန်မာနိုင်ငံငံပါ ၂၀၁၁ စစ်အာဏာရှင်များ အရပ်၀တ်လဲပြီး ပါတီထောင်၊ ပြုပြင်ပြောင်းလဲ ခဲ့ပါတယ်။ ၂၀၁၅ မှာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အင်အယ်ဒီ ပါတီ နဲ့ တပ်မတော်၂၅% တို့ ပေါင်းပြီး အုပ်ချုပ်ခွင့် ရခဲ့ပါတယ်။ တရုပ်နိုင်ငံ ခေါင်းဆောင် တိန်ရှောက်ဖိန် လိုပဲ မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တိုင်းပြည်ကို ဆင်းရဲမွဲတေမှုကနေ အနှစ် ၂၀အတွင်း လွတ်မြောက် စေမှာလား ဆိုတာ မေးခွန်းကောင်း ဖြစ်ပါတယ်။ အဓိကတော့ စိတ်ဝိညာဉ် မှန်ကန်တဲ့ ခေါင်းဆောင်များ ဖြစ်အောင် မေတ္တာ၊ သစ္စာ နဲ့ ပြုပြင်ပြောင်းလဲ ကြမယ် ဆိုပြီး ၊ ပျက်စီးနေတဲ့ မြန်မာစိတ်ဝိညာဉ်များကို ပြန်လည် ပြုစု ပျိုးထောင် နေခြင်းဖြစ်ပါတယ်။ ငွေ ချမ်းသာတဲ့ သူဌေးကြီးများကို ဘယ်လို ဆွဲဆောင်ပြီး အခွန်ဆောင်၊ အခွန်ထမ်း သူဌေးကြီးများ ဖြစ်အောင် လုပ်မလဲ။ ခေါင်မိုးလုံအောင် ပြည်ထောင်စုအဆင့် ခေါင်းဆောင်များနဲ့ ဘယ်လို ခေါင်းဆောင် ပျိုးထောင်မလဲ ဆိုတာ မိမိတို့အားလုံး ပါ၀င် ပြုပြင်ပြောင်းလဲ နေရပါတယ်။ 

.

.

နိဂုံး သုံးသပ်ချက်။


မြန်မာနိုင်ငံမှာ ထရန်စဖွန်မာများ ပြုလုပ်ရောင်းချရင်း ကြိကြိတက်ချမ်းသာလာတဲ့ စိုးလျှပ်စစ် သူဌေးကြီး ရှိပါတယ်။ လှုဒါန်တွေကို သိန်းပေါင်း သောင်းချီ လှုဒါန်းသူ၊ စုစုပေါင်းရင် အမေရိကန် ဒေါ်လာသန်းပေါင်းများစွာ လှုဒါန်းပြီး သေဆုံးသွားသူ ပျဥ်းမနားမြို့က စိုးလျှပ်စစ် သူဌေးကြီး ၂၀၁၇ ကွယ်လွန်သွားချိန် တနိုင်ငံလုံး သာဓုခေါ်ကြရပါတယ်။ သူဌေးကြီး ဦးအောင်ကို၀င်း၊ ဦးဇော်ဇော်၊ ဦးတေဇ တို့ကိုလဲ မျှော်လင့်ပါတယ်။ ခေတ်သစ် လူငယ်သူဌေး အမြောက်အများ ပေါ်လာနေကြပါပြီ။ မကြာခင် ဘီလ်ဂိတ်၊ စတိဂျော့ခ်ျ တွေလို ကမ္ဘာ့အဆင့် စီးပွားပညာရှင် သူဌေးများ  ပြည်တွင်း၊ ပြည်ပ မြန်မာလူငယ်များ  ပေါ်ပေါက် လာနိုင်ပါတယ်။ တပြိုင်နက် ဂျူး လူမျိုးများလို့ နိုင်ငံရေး၊ ဘာသာရေး၊ နည်းပညာရေး၊ အလွန်ထူးချွန်သူများ ပေါ်ပေါက် လာနိုင်ပါတယ်။ 

.

စီးပွားရေး နဲ့ အင်ပါယာထူထောင်တဲ့ အခုခေတ် ကာလမှာ စီးပွားရေး အကြောင်းပဲ နိဂုံး ရေးပါမယ်။ လူများ ဖြောင့်မတ်စွာ စီးပွားလုပ်ပါ။ အာဗြာဟံ၊ ယာကုပ်၊ ဒါဝိတ်၊ ရှင်မွေလ၊ နေဟမိ စတဲ့ သူဌေး၊ ဘုရင်၊ သုခမိန် များလိုပဲ အစ္စရေးနိုင်ငံကို ထူထောင်သူများလို ကိုယ်စိတ်ဝိညာဉ် ကြွယ်၀ ချမ်းသာသူများ ဖြစ်လာမှာပါ။ ဖြောင့်မတ်လွန်း အားကြီးရင်တော့ သခင်ယေရှု နောက်လိုက်များလို စိတ်ဝိညာဉ် အားကြီးမယ်၊ ခန္တာကိုယ်တော့ အားနည်းနိုင်ပါတယ်။ လူငယ်များ မှန်ကန်သော စီးပွားရေးကို ရအောင် ရှာကြံ ဖြောင့်မတ်စွာ အသက်ရှင်ကြစေလို ပါတယ်။ 

.

Business = Need + Help ဖော်မြူလာနဲ့ မှန်ကန်တဲ့ စီးပွားလုပ်ငန်းရှင်များစွာ အထူးလိုအပ်နေပါတယ်။ လူတွေကို ကူညီချင်တဲ့ စိတ်နဲ့စီးပွားလုပ်သူများ ပိုကြီးပွားချမ်းသာဖို့ကြမှာပါ။ ဒီလို သူဌေးမျိုးတွေရဲ့ ဘဝြဖစ်စဉ်များကို ဖော်ထုတ်ဂုဏ်ပြု အတုယူရမှာဖြစ်ပါတယ်။ သူတို့ ဒီလို အကြီးအကျယ်လှုဒါန်းခြင်း ဖြစ်လာဖို့ဆိုတာ သူတို့ငယ်စဉ်က ဘာသာရေးအဆုံးမအောက် နေခဲ့သူများ ဖြစ်ကြပါတယ်။ ဒါကြောင့် ကိုယ့်သားသမီး ဘာသာရေးတစ်ခုခု ပုံမှန်သွားနိုင်ဖို့ ဓမ္မစကူးလ်၊ ဆန်းဒေးစကူးလ်များကို မပြက်မကွက် သွားစေဖို့ အလွန်အရေးကြီးပါတယ်)။

.

ဘုရားမဲ့ ဝါဒီ လူတော်လူကောင်း တွေတော့ ဘယ်လို ကိုးကားမှုတွေ ရှိသလဲ မသိပါဘူး။ မြန်မာပြည် အ ခြေ ခံ ပညာ ကျောင်းများမှာ မနက်ပိုင်း အလံတော်အလေးပြု၊ နိုင်ငံတော်သီချင်း.. တရားမျှတလွတ်လပ်ရေး..ကမ္ဘာမတြေ စုပေါင်းသီဆိုကြတယ်။ ကျောင်းများစွာက ဗုဒ္ခ ဘာသာ ဘုရားစာ  အတူရွတ်ဆို ဘုရားရှိခိုးကြတယ်။ ဒါတွေက ကောင်းတဲ့အလုပ်များ ဖြစ်ပါတယ်။ 


ကဗျာ ဆရာကြီး ဦးတင်မိုးနဲ့ ၂၀၀၃ ဆန်ဖရန်စစ္စကို BADA အဖွဲ့ကျင်းပတဲ့ စာပေဟောပြောပွဲ တက်ရောက်ခွင့်ရခဲ့ပါတယ်။ ငယ်စဥ်ကတည်းက အလွတ်ရခဲ့တဲ့ ဆရာကြီးရဲ့ ကဗျာလေး .. ကလေးတွေကို သဘာ၀တရား ခံစားတတ်​စေတဲ့ ကဗျာ လေးပါ။  …မိုးရေတက်ရေ တဖွေးဖွေး၊ ကွင်းကျယ် အဝေးဝေး၊ လယ်စောင့်တဲလေး ခြေတံရှည်၊ မိုးကုတ်အောက်မှာနေ။ ကြာနီတပွင့် ဖြူတပွင့်၊ တဲနှင့်ပနံတင့်.. ဆိုတဲ့ ကဗျာနဲ့ ကလေးဘ၀ကတဲက စိတ်နှလုံးကို ပျိုးထောင်ပေးပါတယ်..တဲ့။   


.

M.ဇော်အောင်  

MurannEzine

၃၀.ဇူလိုင်.၂၀၁၇ / 18-8-2020

.

.

ပုံ စံပြ ပညာရှင် အမေရိကန် iPhone စတိဂျော်ချ် နဲ့ Microsoft ဘီလ်ဂိတ်


Ref: 

No.1 Google GDP per capital link for Singapore, China, Thailand, Myanmar etc.. https://goo.gl/pgqig4

.

No.2 Win Htaik တရုပ်သူဌေးကြီးများရဲ့ Fund Managers AEOI လင့်ခ်

https://www.facebook.com/groups/1410110412651955/permalink/1932157393780585/

.

No.3 Apple ကွန်ပြူတာနဲ့မိုဘိုင်းဖုန်း သူဌေးကြီးရဲ့ ၄မိနစ် စကား။ 

Steve Jobs's 4 mins talk about Family...Min Thu Ko posted a video 

https://goo.gl/umQZfJ

Grand Royal အရက် (ကုမဏီအကြီးစား) နဲ့ Genius ဉာဏ်ကြီးရှင်ကော်ဖီ(ကုမဏီအလတ်စား)

 ပြည်ပပို့ကုန်ချော

Grand Royal အရက် (ကုမဏီအကြီးစား)

Genius ဉာဏ်ကြီးရှင်ကော်ဖီ(ကုမဏီအလတ်စား)


=====================

.

ကုမဏီဥက္ကဌဦးအောင်မိုးကျော်

.

ပြည်တွင်း ကုန်ကြမ်း ဇကွဲ၊ တင်လဲရည်၊ ပုလောပီနမ် များနဲ့ ထုတ်လုပ်ပြီး ပြည်တွင်း/ပြည်ပဈေးကွက် ၂ခုစလုံးကို အရည်အသွေး (Quality) တတန်းစားထဲ ထုတ်လုပ်ဖြန့်ဖြူးနေတဲ့ မြန်မာ့ပြည်တွင်းဖြစ် နိုင်ငံခြားအရက် အဆင့်ရှိတဲ့ Grand Royal အရက်လုပ်ငန်း ဖြစ်ပါတယ်။

.

မြန်မာအရက် များစွာ နိုင်ငံတကာအဆင့် စက်ကြီးများနဲ့ ထုတ်နေလို့ Quality စိတ်ချရပါပြီ။ ပြည်ပက လာတဲ့ တရားမဝင် ကုန်များကို ပြိုင်ဖို့ပဲ ခက်ပါတယ်။ မြန်မာ မန္တလေးရမ် တံဆိပ်က အရည်သွေးကောင်း တံဆိပ်တခုပါ။ 

.

အခွန်ငွေ ကျပ်ဘီလျံ ၁၉၀ (US$ 150 million)  ပေးေ၁ာင်နေပြီး နိုင်ငံတော်သမတ ကိုယ်တိုင် ပေးအပ်တဲ့ ထိပ်တန်းအခွန်ဆောင် ကုမဏီ ၄၅ ခုမှာ နှစ်စဉ် ထိပ်ဆုံးက အမြဲ ပါဝင်ပါတယ်။ 

.

New Watch သတင်းဌာနမှ စနစ်တကျပြင်ဆင်ပြီး အမေးအဖြေ အင်တာဗျူးမှာ ကုန်ပစ္စည်း တံဆိပ်တခု ဘယ်လို ကမ္ဘာ့အဆင့်မီ 

...အရည်အသွေးနဲ့ ဈေးကွက်ရှာခြင်း

...ထုတ်လုပ်ခြင်း

...တရားမဝင်ကုန်ပစ္စည်းတွေကို ယှဉ်ပြိုင်ဖို့ခက်ခြင်း

...ထွေအုပ်/FDA/အခွန်ဌာန (Level Play Field)

...စင်ကာပူအစိုးရဆောင်ရွက်ချက် (Tax 20% per litter)

...မှန်ကန်တဲ့ဈေးကွက်ပြိုင်ဆိုင်မှု Level Play Field အတွက် နယ်စပ်မှာထိန်းချုပ်ဖို့ခက်ပေမဲ့ ဥပဒေစိုးမိုးတဲ့ မြို့ကြီးတွေမှာတော့ ထိန်းချုပ်လို့ ဖြစ်နိုင်ကြောင်း ..စသဖြင့် ကုမဏီဥက္ကဌ ဦးအောင်ကျော်မိုးက ပွင့်လင်းစွာ ပြောပြသွားပါတယ်။ 

.

...ကိုဗစ်ကာလ မှာ လက်သန့်ဆေး ထုတ်လုပ်ခြင်းကို ဦးစားပေး ခဲ့ပါတယ်။ 

link (12 min)

https://www.facebook.com/343551955682612/posts/3177250175646095/

.

.

ဦးငွေထွန်း (ကော်ဖီ လုပ်ငန်းရှင်)

.

အလွန်ကြိုးစားတဲ့ ဉာဏ်ကြီးရှင်ကော်ဖီ တံဆိပ်ပိုင်ရှင် ဦးငွေထွန်းကို The Voice (Viewer) က တွေ့ဆုံမေးမြန်းတာ မိမိလိုရာဆွဲမေးတဲ့ ပုံစံပါ။ တကယ်တော့ ဘယ်လုပ်ငန်းမဆို ရင်းနှီးတွေက နံပါတ်(၁) မဟုတ်တာကို The Vouce (Viewer) က သူ့အမြင် အရင်း အရေးကြီးဆုံးလို့ ပိတ်ပြောပြီး ဘယ်လို အရင်းရှာရမယ်ဆိုတဲ့ မေးခွန်းကို စီးပွားအောင်မြင်သူ ဦးငွေထွန်းက လှပစွာ ရှောင်ပတ် ဖြေသွားပါတယ်။ 

.

ဘယ်လုပ်ငန်းမဆို 

၁။ ဦးဆောင်သူရဲ့ အရည်အချင်းက နံပါတ်(၁) ထားရပါတယ်။ ပထမဆုံး အချိန်ယူ Plan လုပ်ဖို့ အချိန်ပေးရပါတယ်။ 

၂။ ဈေးကွက်ရှာခြင်း နဲ့

၃။ အရည်အသွေးကောင်းခြင်း တပြိုင်ထဲလုပ်ရပါတယ်။ 

အဲဒီ နံပါတ် ၁။ ၂။ ၃ တို့ကို ၂နှစ်၊ ၃နှစ် လုပ်ရင်း ပြုပြင်ရင်းနဲ့ နံပါတ်(၄) ဖြစ်တဲ့ အရင်းအနှီးက အလိုအလျှောက် ရလာပါတယ်။ 

.

အရင်းအနှီးဟာ နံပါတ်(၄) အဆင့်မှာပဲ ရှိပါတယ်။ ဒီဗီဒေယိုမှာ The Voice က မေးရင်း သူထင်တာ ပြောနေတာတွေ ကျော်ပြီး (ဖြတ်တောက်ပြီး) ဦးငွေထွန်း ပြောတာတွေပဲ နားထောင်ရင် အချိန်ကုန်သက်သာမယ်။ ပိုအကျိုးရှိမယ် မြင်ပါတယ်။ 

.

အခုခေတ်က အဆက်အသွယ်ကောင်းလို့ တင်ဒါအလုပ်ရတာမျိုး အလွန်နဲသွားပါပြီ။ မိမိက ဆပ်ကွန်းပေးပြီးလုပ်ရရင် ဖို့ အမြတ်နည်းသွားတဲ့ခေတ်ပါ။  မိမိတကယ်လုပ်နိုင်မှ အမြတ်ရတဲ့ခေတ် ဖြစ်နေပါပြီ။ လုပ်ငန်းရှင် အရည်အချင်းကောင်းရမဲ့ ခေတ်ရောက်နေပါပြီ။ 


My Personal View. 

link 45 min

https://www.facebook.com/LivingColorMediaCoLtd/videos/654235312105899/

.

.

မှတ်ချက်ချရရင်

.

အရက်ဘီယာ၊ အချိုရည် လုပ်ငန်းဟာ အလွန်အမြတ်အစွန်းကြီးမားတဲ့ ပြည်တွင်း/ပြည်ပ ဈေးကွက်ကြီး ဖြစ်ပါတယ်။ ကမ္ဘာ့ နံပါတ်(၁) ပုလောပီနမ် Casava Chip ရောင်းချတဲ့နိုင်ငံက အိမ်နီးခြင်း ထိုင်းနိုင်ငံဖြစ်ပြီး ပုလောပီနမ် us$ billions နှစ်စဉ် တရုပ်ပြည် အရက်စက်ရုံများအတွက် Export လုပ်နေပါတယ်။ မြန်မာပြည်က အရက် ကုန်ထုတ်လုပ်ငန်း အခြေခံ ကုန်ကြမ်းများ အလွန်ပေါပါတယ်။ ပုလောပီနမ် စိုက်ပျိုးနိုင်ပေမဲ့ Chip ထုတ်တဲ့ စက်ရုံ (မှိုမတက်ရန်) လိုပါတယ်။ တည်ငြိမ်တဲ့ လျှပ်စစ်ရှိမှ ဆိုတော့ ရန်ကုန်မှာပဲ ကုန်ထုတ်စက်ရုံများ ရှိနေရပါတယ်။ 

.

လက်ရှိ မြန်မာပြည်တွင်းဖြစ် ကမ္ဘာ့အဆင့် ကုန်ချောကတော့ အရက်( Grand Royal) နဲ့ မြန်မာဘီယာ(Myanmar Beer) တို့ဖြစ်တယ်။ 

.

ယခင်အစိုးရလက်ထက် နိုင်ငံခြားက အရက်၊ ဘီယာ၊ အချိုရည်၊ ဆေးလိပ် ကုမဏီကြီးများစွာကို ရင်းနှီးမြှတ်နှံမှု ပါမစ်ပေးပြီး အခွန်၅နှစ်အထက် လွတ်ငြိမ်းခွင့်ပြုခဲ့သူများကတော့ ကျိကျိတက် ချမ်းသာနေကြောင်း။ နောင် ထိုကဲ့သို့ မဖြစ်ဖို့ အင်အယ်ဒီအစိုးရ လိုမျိုး အခွန်စည်းကြပ်ဖို့ ထွေအုပ်၊ FDA၊ အခွန်ဌာန ဝန်ထမ်းများကို ၃လတကြိမ် ဘောနပ်စ် ဆုကြေးကောင်းကောင်းပေးပြီး၊ အဂတိလုပ်ရင် ဖမ်းဆီး ဒဏ်ပေးတဲ့ ဆုပေးဒဏ်ပေးစနစ် (တရုပ်၊ ဗီယက်နမ် နိုင်ငံများလို) အကောင်ထည်ဖော်ဖို့ လုပ်နေကြပါတယ်။ 

.

မြန်မာနိုင်ငံဟာ Tax per GDP အခွန်ကောက်နှုန်း 7% သာရှိပေမဲ့ ယခင် ၅နှစ်က 2% လောက်ပဲ ရှိရာက ၄ဆ တိုးတက်လာပါတယ်။ မူးယစ်နဲ့ တရားမဝင်ငွေမဲများကို ငွေဖြူဖြစ်ဖို့ သိန်း၁ထောင်အောက် 3% , သိန်း၃သောင်းအထက် 15% အခွန်ကောက်စနစ်နဲ့ ငွေမဲများကို ဆွဲဆောင်နေပါတယ်။ 

.

သယံဇာတကုန်ကြမ်းများ ကျောက်စိမ်း၊ Gas, ကြေးနီ၊ နိကယ်၊ ရှားပါသတ္တု၊ သစ်မျိုးစုံ၊ ကျွဲနွား၊ ငါးပုဇွန် ၊ လယ်ယာ/မွေးမြူရေး ထုတ်ကုန်ကြမ်းများစွာ အထူးသဖြင့် တရုတ်နိုင်ငံကို တင်ပို့ပါတယ်။ ကျောက်စိမ်းကုမဏီများက အခွန် ~ us$600 million , ဓါတ်ငွေ့မှ အခွန် ~ us$2000 million Grand Royal အရက် တခုတည်းမှ အခွန် us$150 million ရရှိပါတယ်။ 

.

စီးပွားရေးမှာ တရားသောယှဉ်ပြိုင်မှုက အလွန်ခက်ခဲပါတယ်။ စီးပွားရေးသမားများမှာ Corrupt အဂတိ အများဆုံးပါ။ မိမိ မဆုံးရှုံးရေးအတွက် ဌာနဆိုင်ရာ လုပ်ပိုင်ခွင့်ရှိသူများနဲ့ ညှိနှိုင်းလုပ်ကိုင်ရလို့ပါ။ "တရား သော ယှဉ်ပြိုင်ခြင်း" တိုးတက်အောင် အစိုးရခေါင်းဆောင်ကောင်း ပျိုးထောင်စနစ် အင်အယ်ဒီအစိုးရက ကြိုးစာားလုပ်ဆောင်နေပါတယ်။


ဖတ်ရှု နားဆင်သူများ ကျန်းမာရွှင်လန်းပါစေ။


ဇော်အောင်

TSP(Export Production)

15-8-2020

.

.

ပုံ ဂျော်နီဝေါကား Red Level အဆင့် Grand Royal ရွှေ တပုလင်း ကျပ်၈ထောင် us$6.00 per litter

LNG ဓါတ်အားစက်ရုံများကို လေ့လာခြင်

 ● LNG ဓါတ်အားစက်ရုံများကို လေ့လာခြင်

============================


လွန်ခဲ့တဲ့ ၂နှစ်ကျော်က လျှပ်စစ်ဝန်ကြီးဌာနရဲ့ 3000MW ကို ၂နှစ်ကာလ (ရေတို) အဖြစ် LNG ဓာတ်ငွေ့ရည်လျှပ်စစ် စီမံကိန်းကြီးကို ထုတ်ပြန်ခဲ့ပါတယ်။ 


...1230 MW တနင်္သာရီတိုင်းဒေသကြီး၊ ကန်ပေါက် (ပြင်သစ်နိုင်ငံ TOTAL နှင့် ဂျာမဏီ SIEMENS)

...1390 MW ဧရာဝတီတိုင်း၊ မီးလောင်ဂျိုင့်ဒေသ (တရုတ် Zhefu Holding နှင့် မြန်မာ Supreme) 


အကြီးစား LNG ဓာတ်ငွေ့ရည်စီမံကိန်းများ တယူနစ်စျေးနှုန်းအခက်ခဲနဲ့ အခြားပြသနာများကြောင့် ဖြစ်မလာသေးပါ။  ဖြစ်မလာသေးပေမဲ့ အလတ်စားစီမံကိန်း ၃ခု (ကျောက်ဖြူ၊ သံလျင် 150 MW၊ သာကေတ 350 MW) တို့ကို ယခုနှစ် ၂၀၂၀ မှာ ပြီးစီးပါမယ်။ 


ဧရာဝတီတိုင်း၊ တရုပ် LNG 1230 MW ကိုတော့ တရုပ်သမတ ရှီကျင်ပင်း  ၂၀၂၀ ဖေဖော်ဝါရီလ မြန်မာပြည်ခရီးစဥ် မှာ BRI စာချုပ် စီမံကိန်း ၃၃ခု လက်မှတ်ထိုးရာမှာ ထည့်သွင်းခံရပါတယ်။ မမျှော်လင့်ပဲ ငသဂုတ်-၂၀၂၀ မှာ ဂျပန် Marubeni ကုမဏီက ရန်ကုန်မြို့မှာ LNG လျှပ်စစ် မှန်းခြေ 1200 MW (us$ 1.5 - 2.0 billion) စီမံကိန်းလုပ်ဖို့ ကြေငြာလိုက်ပါတယ်။ 

Link 

https://m.facebook.com/story.php?story_fbid=10157766992258472&id=755653471


မြန်မာ မြေပေါ်မှာ တရုပ်-အမေရိကန် စီးပွားစစ်ပွဲ ကျင်းပချိန်၊ အမေရိကန် ဘက်သားဖြစ်တဲ့ ဂျပန် JICA နဲ့ ဂျပန်ကုမဏီများစွာက တရုပ်ကုမဏီများကို ယှဥ်ပြိုင်ထိုးဖောက် ဝင်လာနေပါတယ်။ မြန်မာခေါင်းဆောင်များ အရည်ချင်းကောင်းဖို့ ပြည်ပရောက် မြန်မာပညာရှင်ကြီးများကို နေရာပေး ဆင့်ခေါ်ရမဲ့ကာလ မကြာမီ (၅နှစ်အတွင်း) ရောက်လာပါတော့မယ်။ ပညာရှင်များကို လစာ ထိုက်တန်စွာပေးတဲ့အပြင် နိုင်ငံရေးသမားများက မကြာခဏ ဝင်ရောက်စွတ်ဖက်ခြင်း မရှိမှသာ ပြည်ပမှ မြန်မာပညာရှင်ကြီးများ ရောက်လာကြမှာပါ။ 


++++++++++++++

.

ယခင် 2018 စီမံကိန်းကြေငြာစဥ်က ဆောင်းပါးကို ဗဟုသုတအဖြစ် ထပ်မံ တင်ပြ လိုက်ပါတယ်။ 


မြန်မာနိုင်ငံမှာ အကြီးအကျယ် ဆောက်တောမယ်ဆိုတော့ မြန်မာအစိုးရ စွမ်းအင်ကော်မတီက အသေးစိတ် လေ့လာသိရှိ ထားပါပြီ။ အုပ်ချုပ်ရေး ခေါင်းဆောင်တွေကတော့ ထုံးစံအတိုင်း အချက်အလက်များ တင်ပြပြီး လိုအပ်သည်များညွန်ကြားတာ ခေတ်အဆက်ဆက်က ဖြစ်ပါတယ်။ သေချာတာကတော့ ဝန်ကြီးအများစုဟာ ခေတ်ရေစီးကြောင်းနဲ့ မလိုက်နိုင်တဲ့အပြင် နည်းပညာဆိုင်ရာလည်း တကယ်အတွေ့အကြုံရှိတဲ့ အကြံပေးပုဂ္ဂိုလ်များ ရှိဟန်မတူပါဘူး။ ကုမ္ပဏီကြီးများက ပညာရှင်တွေ ကပဲ အုပ်ချုပ်သူများကို နားလည်အောင် ရှင်းပြရင်း ဘုရားလဲဖူး လိပ်ဥလဲတူး.. ကုမ္ပဏီအကျိုးရှိရမယ်၊ မြန်မာပြည်သူလူထုလဲ အကျိုးရှိရမယ်ဆိုတဲ့ အဆိုပြုချက်တွေ FS ဆိုတဲ့ Feasibility Study & RFQ ဆိုတဲ့ Request for Quotation တွေ တင်ရပါတယ်။ စီးပွားရေးလောကမှာ စက်ရုံတခု ရောင်းချ၊ တည်ဆောက်ပေးမယ်ဆိုရင် ထိပ်ပိုင်းခေါင်းဆောင် (ကုမ္ပဏီဆိုရင် ဒါရိုက်တာအဖွဲ့၊ အစိုးရဆိုရင် ဝန်ကြီးနဲ့သမ္မတ) လက်မှတ်ထိုး သဘောတူပြီးရင် အောက်ကအရာရှိကြီးတွေ၊ အင်ဂျင်နီယာ တွေ၊ စီမံဘဏ္ဍာတွေလဲ စာချုပ်အတိုင်းလုပ်ကြရပါတယ်။ ယုံကြည်မှုနဲ့ ပစ္စည်းဝယ်ရပါတယ်။ အပြင်လောက လုပ်ငန်းငယ် ကလေးများမှာလဲ ယုံကြည်မှုနဲ့ပဲ လုပ်ကိုင်နေကြတာပါပဲ။


ဒါလောက်ကြီးမားတဲ့ LNG ဓါတ်အားစက်ရုံကြီး တည်ဆောက်မယ်ဆိုတော့ ထုံးစံအတိုင်းဆိုရင် အနည်းဆုံး တစ်နှစ်၊ နှစ်နှစ် လောက် FS ဆိုတဲ့ Feasibility Study & RFQ ဆိုတဲ့ Request for Quotation တွေလုပ်ရပါတယ်။ ဘတ်ဂျတ် တင်ဒါတော့ အရင်ပေးရပါတယ်။ အနီးစပ်ဆုံး နေရာတစ်ခုမှာ ကုမ္ပဏီကလုပ်ဖူးတဲ့စက်ရုံကိုညွှန်းပြီး ဒေါ်လာဘယ်နှစ်သန်း ကုန်ကျမယ် ဆိုတာ Budget Quotation လို့ခေါ်ပါတယ်။ အဲဒီစျေးနှုန်းနဲ့ အခြားအရေးကြီးတဲ့အချက်များကို သဘောတူညီချက်ရတာနဲ့ ငွေအား၊ လူအင်အားသုံးပြီး အသေးစိတ် ကုန်ကျစရိတ်နဲ့ အချိန်ကို လေ့လာ၊ ဆုံးဖြတ်ရပါတယ်။


ဒီလို ပရိုဂျက်စီမံခန့်ခွဲခြင်းများကို မြန်မာအစိုးရက သက်ဆိုင်ရာ ကုမ္ပဏီကြီးတွေကိုပဲ လုပ်ခိုင်းပါတယ်။ အစိုးရကိုယ်တိုင်လည်း လျှပ်စစ်စီမံကိန်းဦးစီးဌာနက အပြိုင်လုပ်ပြီးတော့ ဆွေးနွေးညှိနှိုင်း ရပါတယ်။ ညှိနှိုင်း ဆွေးနွေးပွဲများစွာလုပ်ပြီးမှာ အပြီးသတ် ဆုံးဖြတ်၊ လုပ်ငန်းစတင်ရပါတယ်။


အခု LNG ဓါတ်အားစက်ရုံက ရေတိုစီမံကိန်းဖြစ်တယ်၊ ဓါတ်ငွေမရှိလို့ (ထွက်တဲ့ဓါတ်ငွေ့တွေလဲ ဓါတ်အားပေးစက်ရုံလုပ်ဖို့ တော့မစဉ်းစားပဲ၊ ပြင်သစ် Total နဲ့ တရုတ်ကုမ္ပဏီတို့ဆီကို တနပ်စား ရောင်းစားပစ်လိုက်လို့) အခုလို တိုင်းပြည် ဒုက္ခရောက်သွားတာပါ။ ၂ဝ၂၂ နောက်ပိုင်းမှာ ရခိုင်ကမ်းရိုးတန်း ကမ်းလွန်ဓါတ်ငွေ့တွေ ရလာဖို့ရှိတယ်။ အဲဒီအချိန်ကျမှ LNG ကို ရပ်ပြီး ကိုယ့်ဓါတ်ငွေ့နဲ့ပဲ လည်ပတ်မယ်လို့ အစိုးရက ပြောပါတယ်။


● လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်သတင်းစာရှင်းပွဲ

မြန်မာနိုင်ငံ လျှပ်စစ်လက်ရှိအခြေအနေနဲ့ စီမံကိန်းများကို တိကျတဲ့အချက်လက်များနဲ့ ဖြေသွားတော့ အားလုံးငြိမ်သွားကြပါ တယ်။ အင်ဂျင်နီယာကြီး တစ်ယောက်ဖြစ်တဲ့အပြင် စီးပွားရေးလုပ်ငန်းများကို အရေထူနေတဲ့ ဝန်ကြီးဦးဝင်းခိုင်ကို လေးစား ဂုဏ်ယူမိပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနမှာ ၂ နှစ်ဝန်ကြီးလုပ်ခဲ့ပြီး အခုလျှပ်စစ်စွမ်းအင်ဝန်ကြီးအဖြစ် အကောင်းဆုံး လုပ်ဆောင်ဖို့ မျှော်လင့်ကြပါတယ်။ LNG ဓါတ်အားပေးစက်ရုံ (၄) ခု စီမံကိန်းအတွက် အင်တာဗျူး ဖြေကြားချက်ကတော့..။

 

မး။ LNG စက်ရုံ(၄)ရုံ အခြေအနေအား ရှင်းလင်းပြောကြားပေးစေလိုပါတယ်ရှင့်။

ဖြေ ။ LNG စက်ရုံ (၄) ခုမှာ


(၁) တနင်္သာရီတိုင်းဒေသကြီး၊ ကန်ပေါက်ဒေသတွင် LNG သုံး စက်ရုံစီမံကိန်းမှာ TOTAL ကုမ္ပဏီ၏ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစခန်းဧရိယာအတွင်းတွင် ပြင်သစ်နိုင်ငံ TOTAL ကုမ္ပဏီနှင့် ဂျာမဏီနိုင်ငံ SIEMENS ကုမ္ပဏီတို့၏ ရင်းနှီးမြှပ်နှံမှုဖြင့်ဆောင်ရွက်မည်ဖြစ်ပါတယ် ၊ ဓာတ်အားပေးစက်ရုံတွင်သုံး စွဲမည့် LNG ကို Floating Storage Regasification Unit (FSRU) ဖြင့် ဓာတ်အားပေးစက်ရုံသို့ ပိုက်လိုင်းဖြင့် သွယ်တန်းမည်ဖြစ်ပါတယ်၊ သဘာဝ ဓာတ်ငွေ့စက်ရုံမှာ Combined Cycle Power Plant ဖြစ်ပြီး Gas Turbine (၂)လုံး (၄၁ဝ မဂ္ဂါဝပ်) နှင့် Steam Turbine (၁) လုံး (၄၁ဝ မဂ္ဂါဝပ်) ထွက်ရှိ မှာဖြစ်ပြီး ၅ဝဝ ကေဗွီ ကံပေါက်- မော်လမြိုင်- ဘုရားကြီး ဓာတ်အားလိုင်း (၂၈ဝ မိုင်)၊ ၅ဝဝ ကေဗွီ ဓာတ်အားခွဲရုံနှင့် (FSRU) နှင့် သဘာဝဓာတ်ငွေ့ပိုက် လိုင်းများပါဝင်မည်ဖြစ်ပါတယ်။


(၂) ရန်ကုန်တိုင်းဒေသကြီး၊ အလုံတွင်ရှိသော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနပိုင် ဓာတ်အားပေးစက်ရုံဝန်းအတွင်း မြေလွတ် ပေါ်တွင် (၃၅၆ မဂ္ဂါဝပ်) LNG သုံးဓာတ်အားပေးစက်ရုံကို TTCL Public Company Limited ၏ ရင်းနှီးမြှုပ်နှံမှုဖြင့်ဆောင် ရွက် မည်ဖြစ်ပါတယ်။ ဓာတ်အားပေးစက်ရုံတွင် သုံးစွဲမည့် LNG ကို Floating Storage Regasification Unit ဖြင့် ရန် ကုန်မြစ်ဝ သံလျင်တွင်ဆိုက်ကပ်ပြီး ပိုက်လိုင်းဖြင့်သွယ်တန်းရန် စီစဉ်ထားပါတယ်။ အဆိုပါ ဓာတ်အားပေးစက်ရုံမှာ Gas Turbine (၂) လုံး (၁၁၇ မဂ္ဂါဝပ်) နှင့် Steam Turbine (၁) လုံး (၁၂၂ မဂ္ဂါဝပ်) အမျိုးအစားဖြစ်ပြီး ထွက်ရှိလာမည့် ဓာတ် အားကို ၂၃ဝ ကေဗွီ လှိုင်သာယာ-အလုံ ဓာတ်အားလိုင်းဖြင့် ဓာတ်အားစနစ်အတွင်းသို့ ဖြန့်ဖြူးသွားမည် ဖြစ်ပါတယ်။ စီမံ ကိန်း ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ (၃၂၁) သန်း ဖြစ်ပါတယ်။


(၃) ဧရာဝတီတိုင်းဒေသကြီး၊ ရွှေသောင်ယံမြို့နယ်၊ မီးလောင်ဂျိုင့်ဒေသ ၁၃၉ဝ မဂ္ဂါဝပ် LNG သုံးဓာတ်အားပေးစက်ရုံအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ Zhefu Holding Group  Co Ltd နှင့် မြန်မာနိုင်ငံ Supreme Trading  Co Ltd တို့၏ ရင်းနှီး မြှုပ်နှံမှုဖြင့် ဆောင်ရွက်မည်ဖြစ်ပါတယ်။ ဓာတ်အား ပေးစက်ရုံတွင်သုံးစွဲမည့် LNG ကို Floating Storage Unit (FSU) Vessel ဖြင့် ၎င်းစက်ရုံအနီးတွင်ဆိုက်ကပ်ပြီး ပိုက်လိုင်းဖြင့် သွယ်တန်းရန် စီစဉ်ထားပါတယ်။


ဓာတ်အားပေးစက်ရုံမှာ ၂၂၅ မဂ္ဂါဝပ် Gas Turbine (၄) လုံး၊ ၂၄၅ မဂ္ဂါဝပ် Stream Turbine Generator (၂) လုံး၊ (Efficiency ၅၅.၂၃ %) ရှိပြီး ထွက်ရှိလာမည့် ဓာတ်အားကို မီးလောင်ဂျိုင့်-လှိုင်သာယာ ၅ဝဝ ကေဗွီ ဓာတ်အားလိုင်း (၁၇ဝ) မိုင်နှင့် ဓာတ်အားခွဲရုံများကို Built & Transfer (BT)စနစ် အခြေခံ၍ ဆောင်ရွက်မှာဖြစ်ပါတယ်။ စီမံကိန်းရင်းနှီးမြှုပ်နှံမှုမှာ (၂.၅ဝ၇)ဘီလီယံ ဖြစ်ပါတယ်။


(၄) ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် လက်ရှိ ကျောက်ဖြူ Gas Engine စက်ရုံဝန်းအတွင်းတွင် ၁၃၅ မဂ္ဂါဝပ် သဘာဝ ဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံစီမံကိန်းကို တရုတ်နိုင်ငံ Sinohydro Corporation  Limited  (POWER CHINA)နှင့် မြန်မာနိုင်ငံ Supreme Trading  Co  Ltd တို့၏ ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်မည်ဖြစ်ပါတယ်။ ရွှေသဘာဝ ဓာတ်ငွေ့ကိုအသုံးပြု၍ ဓာတ်အားထုတ်လုပ်သွားရန် ဖြစ်ပါတယ်။


ဓာတ်အားပေးစက်ရုံမှာ ၄၅ မဂ္ဂါဝပ် Gas Turbine (၂)လုံး၊ ၄၅ မဂ္ဂါဝပ် Stream Turbine Generator(၁)လုံး၊ (Efficiency ၅၅.၃၁ %)ရှိပြီး ထွက်ရှိလာမည့်ဓာတ်အားကို ၂၃ဝ ကေဗွီ တောင်ကုတ်-မအီ-ကျောက်ဖြူ ဓာတ်အားလိုင်းနှင့် ခွဲရုံများမှ တဆင့် ဖြန့်ဖြူးဆောင်ရွက်သွားပါမည်။


စီမံကိန်းရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ (၁၈ဝ)သန်း ဖြစ်ပါတယ်။


● LNG အကြောင်း လေ့လာကြည့်ရှုခြင်း

ဒါလောက် ကြီးမားတဲ့ LNG ဓါတ်ငွေ့အရည်ကိုသုံးခြင်းဟာ အခုခေတ်မှာ တော်တော်ခေတ်စားလာပါတယ်။ စွမ်းအင်နဲ့ ပတ် သက်ရင် ကမ္ဘာ့ထိတ်တန်း အမေရိကန်နိုင်ငံရဲ့ ပွင့်လင်းမြင်သာစနစ်နဲ့ သတင်းအချက်အလက်တွေကို ဖောပြထားတဲ့ ဝက် ဆိုဒ်ကိုပဲ လေ့လာရပါတယ်။


https: //  www eia gov  /naturalgas/


အဲဒီ ဝက်ဆိုဒ်မှာ သဘာဝဓါတ်ငွေကို LNG Liquid Natural Gas အဖြစ် အရည်လုပ်ပြီး တင်သွင်းတဲ့နိုင်ငံများမှာ China becomes world’s second largest LNG importer, behind Japan ဆိုတဲ့ ခေါင်းစဉ်သတင်းက စိတ်ဝင်စားစရာ ဖြစ်ပါ တယ်။ တရုတ်နိုင်ငံက ၂ဝ၁၅ နောက်ပိုင်း LNG အမြောက်အများတင်သွင်းနေတာ 4.5 Billion Cu Ft per day အထိ ၂ ဆခွဲ ၂ နှစ်အတွင်း တင်သွင်းနေပါတယ်။ ဂျပန်ကတော့ နံပါတ် (၁) 11 billion Cu Ft per day ၊ တရုတ်နိုင်ငံတင်သွင်းမှုက နံပါတ် (၂) တောင်ကိုးရီးယားကို မှီလာပါတယ်။ အိန္ဒိယကတော့ စတုထ္ထလိုက်ပါတယ်။


သဘာဝဓါတ်ငွေ စျေးနှုန်းများကလည်း နေရာ၊ ဒေသ၊ ကာလအလိုက် အများကြီး အပြောင်းလဲရှိပါတယ်။ EIA အချက် အလက်များအရ ၂ဝ၁၇ ပျမ်းမျှ Natural Gas ပေါက်စျေး (US$ per MMBtu) က ဒေသအလိုက်မတူကြပါ။ USA$ 2.40၊ UK$ 4.90၊ Japan $ 8.70၊ Myanmar $?. ၂ဝ၁၇ စျေးနှုန်းတွေပါ. . EIA website ကို မှီးပါတယ်။


သြစတြေးလျားမှာ လွန်ခဲ့တဲ့ ၅ နှစ် ၁ဝ နှစ်ကတည်းက .P.P.P/B.O.T/B.O.O တွေ လုပ်စားကြတယ်၊ မထိမ်းမသိမ်းနိုင်တော့.လျပ်စစ်စျေးတွေက တနှစ်ကာလမှာ ၂ ဆနီးပါးတက်လာလို့ .အခု..မနေသာတော့တဲ့ သတ္တုတွင်း ဘီလျံနာက ကြားဝင် လာရှင်းပါတယ်။ သူလည်း တော်တော် ခံနေရလို့ဖြစ်ပါလိမ့်မယ်။ တခါ ပြည်တွင်း စွမ်းအင်ကုမ္မဏီတွေက လျှပ်စစ်စျေးကို 18 $/ Gjol (US$ 15 cent per unit) နင့်ချုပ်ထားပါတယ် ။ သြစတြေးလျားကထွက်တဲ့ အလွန်ကြးမားးသော..ဓါတ်ငွေ့ တွေကို ပြည်ပကုမ္ပဏီတွေကိုထုတ်လုပ်ခွင့်ချပေးရာမှာ ပြည်တွင်းသုံး လုံလောက်အောင်ပေးပြီးမှသာ ပြည်ပပို့ရမည်ဆို သည့် ကန့်သတ်ချက် ထည့်မထားတော့ ပြည်ပကစျေးပိုပေးတာကိုဘဲ အကုန်နီးပါးရောင်းနပါတယ်။ အခု တိုင်းပြည်က ဓါတ်ငွေ့ပိုလျံနေအောင်ထွက်ရှိပြီး ပြည်တွင်းသုံးဓါတ်ငွေ့စျေးက ပြည်ပနိုင်ငံတွေထက်စျေးပိုမြင့်နေတော့..ပြည်တွင်းကုန်ထုတ်လုပ်မှုက ကမ္ဘာ့စျေးကွက်ကို မယှဉ်နိုင်တော့ စီးပွားရေးပြိုင်ရန်ခက်ခဲလာနေပါတယ်။ သတ္တုတွင်းလုပ်ငန်းရှင်က ပြည်ပ ကနေ ဓါတ်ငွေ့ပြန်သွင်းပြီး 8 - 10 $ / Gjol နှင့် ၅ နှစ်တိတိ စာချုပ်ရောင်းချပါတော့မယ် ကြေငြာပါတယ်။ ဓါတ်ငွေ့စျေးချိုချိုနဲ့ ရတဲ့အပြင် သူဆောက်မယ့် ဓါတ်အားပေးစက်ရုံအသစ်တွေက သက်သာတဲ့ China Technology သုံးထားမှာ ဖြစ်ပါမယ်။ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်းမှာ တရုတ်နည်းပညာနဲ့စီမံခန့်ခွဲမှုကြောင့် ကမ္ဘာ့စျေးအချိုဆုံး လျှပ်စစ်ဓါတ်အား တရုတ်ပြည်တွင်းမှာ ရပါတယ်။


မြန်မာနိုင်ငံက လိုအပ်တဲ့လျှပ်စစ်ကို တရုတ်၊ လာအိုတွေကနေ မဟာဓါတ်အားလိုင်းဆွဲပြီး ဝယ်ယူသုံးစွဲနိုင်ရင်တော့ ရေတို LNG ထက် အဆင်ပြေနိုင်ပေမဲ့ ဖြစ်မလာသေးပါဘူး။ အခက်ခဲများစွာ ရှိနေပါသေးတယ်။ လျှပ်စစ်ကို လောက်တယ်၊ လောက်တယ် ကြေငြာနေရုံနဲ့မရပါဘူး။ အခုချိန်မှာ မြန်မာအိမ်သုံးထက် ၂ ဆလောက် အဆင်သင့်ထုတ်နိုင်ပါမှ နိုင်ငံခြား ရင်းနှီးမြှုတ်နှံမှုက လာမယ်ဆိုတာ မြန်မာခေါင်းဆောင်များသိလို့ မြန်မြန်ထုတ်နိုင်တဲ့ LNG စီမံကိန်းလုပ်ရတယ်လို့ နားလည် ပါတယ်။ Asian Power Grid နဲ့ချိတ်ဆက်ပြီး လျှပ်စစ်ဝယ်သုံးတာ LNG ထက်တော့ အများကြီးစျေးသက်သာမှာ သေချာပါ တယ်။ ဘာကြောင့်မလုပ်သလဲဆိုတာတော့ အကြောင်းရှိမှာပါ။ မြန်မာပြည်မှာ ဆောက်လုပ်ရေးပဲလုပ်ချင်ကြတယ်။ ပညာ ရေးမှူးလည်း စာမသင်ပဲ ကျောင်းဆောက်ချင်တယ်။ ကျမ်းမာရေးအကြီးအကဲက ဆေးရုံပဲ ဆောက်ချင်တယ်။ မြို့ပြအကြီး အကဲကလည်း တိုက်ခန်း၊ ကွန်ဒို၊ ရှော့ပင်စင်တာပဲ ဆောက်ချင်တယ်။ ဒါကြောင့် ဓါတ်အားပေးစက်ရုံ ဆောက်ချင်တာ မဆန်းလှပါဘူး။


● LNG ဓါတ်ငွေ့အရည်

သဘာဝဓါတ်ငွေ့များ အမြောက်အများထုတ်လုပ်ရင်း သယ်ယူပို့ဆောင်ဖို့ ပိုက်လိုင်းတွေ သွယ်တန်းရပါတယ်။ မဟာဓါတ် အားလိုင်းလျှပ်စစ်ကိုလည်း နိုင်ငံအများအပြား ဖြတ်ကျော် ရောင်းချ၊ ဝယ်ယူသလိုပဲ ရေနံနဲ့ဓါတ်ငွေ့ပိုက်လိုင်းတွေလဲ နိုင်ငံ ဖြတ်ကျော် တည်ဆောက် ရောင်းဝယ် ကြပါတယ်။ ပင်လယ်အောက် ကြမ်းပြင်မှာလဲ မြန်မာနိုင်ငံက ရဲတခွန်နဲ့ရတနာ ပိုက်လိုင်းများနဲ့ ထိုင်းနိုင်ငံကို ရောင်းချပါတယ်။ ကုန်းတွင်း ပိုက်လိုင်းကတော့ ရခိုင်ပြည်နယ် ကျောက်ဖြူကနေ ရွှေဓါတ်ငွေ့နဲ့ ရေနံ ပိုက်လိုင်း တရုတ်ပြည် ကူမင်းမြို့အထိ တည်ဆောက်ပြီးလို့ အသုံးပြုနေပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ပင်လယ်ရပ်ခြားဒေသများ၊ ကုန်းတွင်းပိုင်းဒေသများအတွက် သဘာဝဓါတ်ငွေ့ကို အရည်လုပ်ထားတဲ့ Liquid Natural Gas စက်ရုံများစွာ ပေါ်လာပါ တယ်။ ဂျပန်၊ တောင်ကိုးရီးယား၊ အိန္ဒိယနဲ့ အခု တရုတ်နိုင်ငံများကဝယ်ယူပြီး သင်္ဘောနဲ့ အမြောက်အများ သယ်ယူပို့ ဆောင်နေကြပါတယ်။ ပင်လယ်ကမ်းခြေမြို့များမှာ LNG ပြောင်းပေးတဲ့ စက်ရုံများတည်ဆောက်ပြီး LNG Vessel ဆိုတဲ့ သင်္ဘောကြီးတွေ တည်ဆောက် သယ်ယူကြပါတယ်။ ဧရာမအလုံးကြီးတွေနဲ့ သိုလှောင်ပြီး၊ NLG ဓါတ်ငွေ့အရည်များကို သင်္ဘောကြီးများနဲ့ ပို့ဆောင်ပါတယ်။ ကုန်းတွင်းပိုင်းမှာတော့ လောင်စာဆီသယ်တဲ့ ထရပ်ကားများနဲ့ပဲ သယ်ယူပို့ ဆောင်ပါတယ်။ အထူးသဖြင့် အိန္ဒိယ၊ တရုတ်ပြည် ကုန်းတွင်းပိုင်းတွေမှာ လောင်စာဆီအစား LND ကို သုံးတဲ့ မော် တော်ယာဉ်များ၊ စက်ရုံများ၊ သင်္ဘောများမှာ LNG ခေတ်စားလာပါတယ်။ အရင်က CNG ဆိုတဲ့ Compressed Natural Gas ထက် ပိုများများ သယ်ဆောင်နိုင်ပြီး၊ ဘေးအန္တရယ်ကင်းအောင်လည်း နည်းပညာတွေ ဖွံ့ဖြိုးလာခြင်းကြောင့် ဖြစ်ပါတယ်။ (Crd Ko Billy)


LNG ဓါတ်အားစက်ရုံကိုတော့ စျေးကြီးလို့ တရုတ်နိုင်ငံမှာ သိပ်မသုံးပါဘူး။ တရုတ်နိုင်ငံကတော့ ကျောက်မီးသွေးနဲ့ သဘာဝ ဓါတ်ငွေ ဓါတ်အားစက်ရုံများ ၉ဝ % ဖြစ်ပါတယ်။ ရေအားလျှပ်စစ်နဲ့ ညူကလီယား၊ လေအားတွေက ၁ဝ % လောက် ရှိပါတယ်။


ကျနော် စင်ကာပူကုမ္ပဏီ Viking Engineering မှာအလုပ်လုပ်ချိန် လွန်ခဲ့တဲ့ ၁ဝ နှစ် (၂ဝဝ၇) ကတည်းက ကိုးရီးယားကုမ္ပဏီ တခုနဲ့ ကန်ထရိုက်ယူပြီး LNG သင်္ဘောတွေအတွက် အတင်အချ၊ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းကို လုပ်ပါတယ်။ အဲဒီ အချိန်ကတည်းက တောင်ကိုးရီးယား၊ ဂျပန်နိုင်ငံများက LNG ကို အကျိုးရှိစွာ သုံးနေကြပါပြီ။ တိုးတက်တဲ့နိုင်ငံများပဲ သုံး တာမဟုတ်ပါ။ အိန္ဒိယနိုင်ငံလည်း ကုန်းတွင်းပိုင်းဒေသများမှာ NLG က အကောင်းဆုံး သယ်ယူပို့ဆောင်နိုင်တဲ့အတွက် ဝယ်ယူအသုံးပြုပါတယ်။


● နိဂုံး (သုံးသပ်ချက်)

LNG ဓါတ်အားစက်ရုံများစာရင်းကို Wiki မှာကြည့်ပြီး 1000MW အထက် စက်ရုံကြီးများကို ရေတွက်ကြည့်ပါတယ်။ လျှပ် စစ်ဓါတ်အားစျေးကြီးတဲ့ ဂျပန်နိုင်ငံမှာတော့ 3000MW စက်ရုံပေါင်း ၁၈ ု တွေ့ရပါတယ်။ ဒုတိယအများဆုံးက တရုတ် နိုင်ငံဖြစ်ပါတယ်။ ၁ဝ ရုံ တွေ့ရပါတယ်။ 1000MW တွေချည်းပဲ ဖြစ်ပါတယ်။ တတိယအများဆုံးကတော့ ရုရှားနိုင်ငံ ဖြစ်ပါ တယ်။ စက်ရုံကြီးပေါင်း ၆ ခု ရှိပါတယ်။ ဥစဘတ်တန်နိုင်ငံမှာ စက်ရုံကြီး ၂ ခု၊ အိန္ဒိယမှာလည်း စက်ရုံကြီး ၂ ခုနဲ့ စက်ရုံငယ် အမြောက်အများရှိပါတယ်။။ USA, UK, Isreal, Taiwan, Malaysia, Australia တွေမှာလည်း စက်ရုံကြီးတစ်ခုစီ ရှိပြီး၊ စက်ရုံငယ်များစွာ တည်ဆောက်လည်ပတ်နေကြပါတယ်။ စုစုပေါင်း 40MW ကနေ 5000MW အထိ ဓါတ်အားပေးစက်ရုံပေါင်း ၁၂၅ ခု စာရင်းတွေ့ပါတယ်။ မြန်မာနဲ့နီးစပ်တဲ့ ဗီယက်နမ်၊ ထိုင်း၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ခ်ျနိုင်ငံများမှာ တစ်ခုမှ မတွေ့ရတာလဲ ထူးခြားပါတယ်။ နောက်တစ်ခု အမြောက်အများတင်သွင်းနေတဲ့ တောင်ကိုးရီးယားမှာလဲ တခုမှ မတွေ့တာ ပိုပြီးထူးဆန်း ပါတယ်။ အင်ဒိုနီးရှားနဲ့မလေးရှားမှာ အနည်းကျဉ်း တွေ့ရတာတော့ သူတို့မှာ ဓါတ်ငွေ့အလွန်ပေါများတော့ လျှောက်လုပ် ကြည့်တာလဲ ဖြစ်နိုင်ပါတယ်။ သေချာတာကတော့ $ 2 million per 1MW ကျသင့်တော့ စျေးတော်တော်ကြီးတဲ့ LNG ဓါတ် အားစက်ရုံတွေ ဖြစ်မှာပါ။


LNG ဓါတ်အားစက်ရုံ ဆောက်မယ်ဆိုတော့ ထုံးစံအတိုင်း ဒီအလုပ်ဟာ နိုင်ငံခြားငွေနဲ့ပဲ လုပ်ရမှာ ဖြစ်ပါတယ်။ မြန်မာအစိုးရမှာ ပိုက်ဆံ မရှိပါဘူး။ ရှိတာကတော့ လူတွေပါပဲ။ လူသားအရင်းအမြစ်တွေ ဖြစ်ပါတယ်။ ရှိတဲ့ သယံဇာတတွေလဲ နှစ်ပေါင်းများစွာ ကန်ထရိုက်နဲ့ ရောင်းစားပြီးလို့မကျန်တော့ပါဘူး။ သယံဇာတကျိန်စာ ဖြစ်နေပါတယ်။ ပြည်နယ်များက သယံဇာတ ကျောက် စိမ်း၊ ရွှေ၊ သတ္တုမျိုးစုံ၊ ကျွန်းသစ်များကြောင့် လက်နက်ကိုင်သူပုန်များနဲ့ မြန်မာ့တပ်မတော်တို့ တိုက်ပွဲတွေ ဖြစ်နေရပါတယ်။ ဒိတိုက်ပွဲတွေကို ရပ်တန့်စေဖို့ကတော့ ဥပဒေစိုးမိုးဖို့ လွယ်ကုတဲ့ တိုင်းဒေသကြီးတွေမှာ လျှပ်စစ်နဲ့ လမ်းတံတားတွေကို P.P.P/B.O.T/B.O.O စတဲ့ နိုင်ငံခြားကုမ္ပဏီများရဲ့ ငွေရင်းနှီးနဲ့ စနစ်တကျ၏လုပ်ကိုင်ဖို ခေါင်းဆောင်ကောင်းများစွာ လိုအပ် နေပါတယ်။ ထိပ်ဆုံးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တော့ရထားပြီး၊ အောက်ကလူတွေ LNG စီမံကိန်းကို ဘယ်နိုင်ငံ စံနမူနာယူပြီး လုပ်နိုင်မလဲတော့ မသိနိုင်ပါ။ အားလုံးတပြိုင်တည်း တည်ဆောက်မှာလား၊ တရုတ်နိုင်ငံကိုပဲ စံနမူနာယူမယ် လို့မျှော်လင့်ပါတယ်။


=============


မှတ်ချက်


ဇော်အောင် (မုံရွာ) ဆောင်းပါး (မိုးမခ) မတ်လ ၁ဝ၊ ၂ဝ၁၈ ဖော်ပြခဲ့ပြီး ယခုအချိန်ထိ ဗဟုသုတအဖြစ် လေ့လာဖို့ ပြန်လည် ပို့စ် တင်ပါတယ်။ စင်ကာပူ Sambcorb မှ ကျောက်ဆည်မှာ လျှပ်စစ် 300 MW ဧရာမဓာတ်အားရုံတစ်ခု ၃နှစ်နဲ့ ပြီးစီးခဲ့ပါတယ်။ စီမံကိန်းကြီးများမှာ ငွေကြေးစီမံခန့်ခွဲ့မှု အခြေခံ အချက်များ မြန်မာဌာနဆိုင်ရာ အရာရှိကြီး/ငယ်များ အတွက် အစိုးရခေါင်းဆောင်များနဲ့အတူ လက်တွေ့ အသုံးချနေကြပါတယ်။ 

Ref link 

https://m.facebook.com/story.php?story_fbid=10155210060168472&id=755653471


ဖတ်ရှုသူများ ကျန်းမာရွှင်လန်းပါစေ။ 

.

ဇော်အောင်

၆ မတ် ၂ဝ၁၈/ 24-8-2020

ယဥ်မင်းလှိုင် Yin Min Hlaing

 လွှတ်တော်မဂ္ဂဇင်းမှာပါရှိတဲ့ကျွန်မရဲ့စာမူပါ။ဒီထဲမှာအမှန်တရားကခါးတော့ခါးတယ်

ဘာဘဲဖြစ်ဖြစ်၅နှစ်တာသက်တမ်းရဲ့အတွေ့အကြုံအနှစ်ချုပ်လေးပါ။ချစ်ခင်ကြင်နာခဲ့ကြတဲ့ပြည်သူလူထုနဲ့လုပ်ဖော်ကိုင်ဘက်များ၊

ပူးပေါင်းဆောင်ရွက်ခဲ့ကြတဲ့ဝန်ထမ်းများ၊

စွမ်းသမျှကူညီခဲ့ကြသူအပေါင်းကိုလည်းအထူးကျေးဇူးတင်လျှက်ပါ...

-----------------

"နိုင်ငံရေး

နိုင်ငံအရေး"

..........

1972ခုနှစ်မွေးဖွားသူတစ်ဦးအနေနှင့်1988အရေးအခင်းဖြစ်ပွားချိန်မှာဆယ်တန်းအောင်ပြီးပါပြီ။

အရေးအခင်းကာလမှာနားမလည့်တလည်နဲ့ဘဲနိုင်ငံရေးဆိုတာကြီးကခေါင်းထဲရောက်လာသည်၊ကျောင်းတွေ၃နှစ်ပိတ်ပြီးအသက်

၁၉နှစ်ရောက်မှမန္တလေးစက်မှုတက္ကသိုလ်စတက်ရသည်။

သူပုန်ကျောင်းသစ်ကြီးရဲ့first batchပေါ့

ကျောင်းပြီးပြီးချင်းထိုအချိန်ကနယ်စပ်စည်ပင်ဝန်ကြီးဌာနမှာAEအဖြစ်အလုပ်လုပ်တာ၅နှစ်ကြာသည်။အလုပ်ဝင်တော့bond5နှစ်ထိုးရသည်၊၅နှစ်ပြည့်ပြည့်ချင်းအလုပ်မှတရားဝင်နုတ်ထွက်ခဲ့သည်၊လစာတစ်သောင်းမပြည့်မီအချိန်ဖြစ်တော့လုပ်ငန်းတွေထဲကရှာဖွေစားရသည်ကိုလုံးဝမပျော်မွေ့ခဲ့၍ဖြစ်သည်။

အမေဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲရောက်ချိန်  ၂၀၁၂နှစ် နှစ်ကုန်ပိုင်းဂန့်ဂေါမြို့နယ်NLDရဲ့ညီလာခံမှာ

ပါတီဝင်ခဲ့ပြီး

ပါဝင်ရွေးချယ်ခံခဲ့သည်။

မြို့နယ်EC၊ထိုမှခရိုင်ECဖြစ်လာခဲ့သည်၊ခရိုင်ဘဏ္ဍာရေးမှူးအဖြစ်တာဝန်ပေးခံခဲ့ရသည်၊

ပါတီဝင်ခဲ့စဥ်ကစိတ်နေစိတ်ထားကိုပြန်သတိရမိသည်။အမေစုကိုယုံကြည်သည်၊သနားသည်၊ပါတီကိုယုံကြည်သည်။ထိုအချိန်တွင်တော်ရုံနှင့်ပါတီမဝင်ရဲကြပါ၊ခြိမ်းခြောက်မှုတွေကနယ်တွေမှာအားကောင်းသည်။ကျမစိတ်ထဲမှာပြည်သူတွေကိုသိစေချင်သည်၊သတ္တိရှိစေချင်သည်၊မြို့မှာကျမတို့ကမြို့မျက်နှာဖုံးမဟုတ်ပေမဲ့ချောင်လည်သူစာရင်းမှာပါသည်။ကျမတို့လို့ပညာတတ်ဘွဲ့ရပိုက်ဆံရှိတဲ့မိသားစုကလူငယ်အမျိုးသမီးတစ်ယောက်အနေနဲ့NLDပါတီကိုဝန်းရံခြင်း၊ပါတီဝင်အဖြစ်ရပ်တည်ခြင်းအားဖြင့်အကြောက်တရားများကိုတိုက်ထုတ်ရန်နမူနာဖြစ်စေလိုခဲ့သည်။ခရိုင်တာဝန်ဖြစ်သော်လည်းမြို့နယ်ဥက္ကဌကကျမတို့ကို

ပညာသင်ပေးခဲ့တဲ့ဆရာမဖြစ်နေတော့ဘာအလုပ်ဖြစ်ဖြစ်တာဝန်ပေးသမျှလုပ်ပေးခဲ့ပါသည်၊၂၀၁၄မှာရန်ကုန်ထိသတင်းပြန်ကြားသင်တန်းခေါ်တော့ကျမကိုစေလွှတ်ကြသဖြင့်ထိုအချိန်မှစ၍ခရိုင်

သတင်းပြန်ကြားတာဝန်ပြောင်းယူခဲ့ရသည်၊၄၃၆လက်မှတ်ကောက်ခံမှုအားတက်ကြွစွားပါဝင်ခဲ့သည်။ဘတ်ဂျက်စိစစ်မှုများပြုလုပ်ရာတွင်လည်းဦးဆောင်ခဲ့ပါသည်။

ကျရာတာဝန်ကျေပြွန်ခဲ့ပါသည်။

လွှတ်တော်ကိုယ်စားလှယ်အဖြစ်လျှောက်ထားဘို့မည်သူကမျှမတိုက်တွန်းခဲ့၊မြို့နယ်ဥက္ကဌနှင့်ခရိုင်ဥက္ကဌတို့ကတိုင်းကိုယ်စားလှယ်လျှောက်ကြသဖြင့်သူတို့အား

မယှဥ်ပြိုင်ဘဲပြည်သူ့လွှတ်တော်ကိုလျှောက်ထားခဲ့ပါသည်။

ကိုယ်စားလှယ်လောင်းအဖြစ်မဲဆွယ်မှုသည်ကျမ၏နိုင်ငံရေးဘဝတွင်အထူးအရေးပါခဲ့သည်။ပြည်သူနှင့်ထိတွေ့ပြီးပြည်သူတို့ရဲ့မျှော်လင့်ချက်ကိုသိရှိခွင့်ရခဲ့၊ပြည်သူတို့ရဲ့ညီညွတ်မှုကိုတွေ့မြင်ခွင့်ရခဲ့သည်။

မိမိကိုရွေးချယ်တင်မြှောက်ခဲ့တဲ့ပြည်သူတို့အတွက်ဖြောင့်မှန်တည်ကြည်စွာတာဝန်ထမ်းဆောင်ရန်

သံဓိဌာန်ချမိသည်။

"ခေတ်ပျက်အမတ်"

ဒါကသူငယ်ချင်း၏စကားလုံးလေး😁တကယ့်ကိုNLDအမတ်တွေရဲ့ဘဝကခေတ်ပျက်အမတ်ခေါ်ရမလိုဘဲ၊မြို့နယ်ပါတီဝင်အချို့ရဲ့ကြီးမားတဲ့မျှော်လင့်ချင်တွေကိုဖြည့်ဆည်းရန်၊ပြည်သူတို့ရဲ့မြင့်မားတဲ့လိုအပ်ချက်တွေကိုပြည့်ဝရန်ကျမတို့မစွမ်းနိုင်။မဲပေးထားရတာဆိုတဲ့စကားနာထိုးမှုတွေ၊ငါတို့တင်ထားတာဆိုတဲ့အကြွေးတောင်းစကားတွေ၊သွေးထိုးမြှောက်ပင့်မှုတွေကြားမှာကျမတို့အလဲလဲအကွဲကွဲ။

ဖိအားမျိုးစုံကြားမှာအားတင်းရုန်းကန်ခဲ့ရသော်လည်းသနားသူမရှိတာအမတ်ဘဝဖြစ်သည်၊သနားသူမရှိမှန်းသိတော့မည ည်းညူရဲ၊ကိုယ်မသိနားမလည်တာတွေ၊မတတ်ကျွမ်းတာတွေကိုကြိုးစားအားထုတ်လေ့လာသင်ယူခဲ့ရသည်၊

မိမိတတ်မြောက်ရာအင်ဂျင်နီယာပညာနှင့်ပါတ်သက်၍အစွမ်းကုန်ထိန်းကျောင်းတည့်မတ်နိုင်ရန်ကြိုးစားအားထုတ်ခဲ့သည်၊ကျောင်းနေဖက်များ၊စီနီယာဂျူနီယာများ၏အမုန်းတရားများနှင့်အားပေးမှုများကိုလက်ခံရရှိခဲ့သည်။မည်သို့ပင်ဖြစ်စေအတိုင်းအတာတစ်ခုထိထိန်းကျောင်းနိုင်ခဲ့သည်ဟုယူဆမိပါသည်။

ကျမတို့ရှေ့ဆက်ရမဲ့ခရီးကရှည်သေးသည်။ငွေရှိတိုင်းဖြည့်ဆည်းလို့မရနိုင်တဲ့ပျက်ယွင်းပြိုကျနေတဲ့စနစ်တွေစိတ်ဓာတ်တွေကိုပြင်ဆင်ဘို့လူကောင်းလူတော်တွေလိုအပ်သည်၊ကိုယ့်အရည်အချင်း၊ကိုယ့်အတိုင်းအတာကိုယ်သိဘို့လိုအပ်သည်။စည်းလုံးညီညွတ်ဘို့လိုအပ်သည်။

လူဆိုသည့်လူကလည်းအခက်သား။ပုထုစဥ်လူသားတို့အဖို့အမတ်မဖြစ်မီလောကဓံနှင့်အမတ်ဖြစ်ပြီးလောကဓံကကွာခြားလွန်းသည်။လူဆိုသည်မှာဆင်းရဲခြင်းဒါဏ်ကိုခံနိုင်သော်လည်းချမ်းသာခြင်းဒါဏ်ကိုခံနိုင်ခဲလှသည်။

မြှောက်စားခြင်းဒါဏ်ကိုခံနိုင်ခဲလှသည်။မည်မျှရိုးသားနှိမ့်ချသူဖြစ်ပါစေ၊မြှောက်စားခံရသည့်အခါမာန်မာနလေးထောင်လွှားလာတတ်သည်။သည့်ထက်ဆိုးတာကအကျင့်ပျက်ခြစားအဂတိတရား။

ငွေ၏ဒါဏ်ကိုခံနိုင်သူကအတော်ရှားလိမ့်မည်။နိုင်ငံရေးသမားတို့ကိုစီးပွားရေးသမားနှင့်အကျင့်ပျက်ဝန်ထမ်းတို့ကငွေဖြင့်ပေါက်သည်။

အလွန်ခံနိုင်ရည်ရှိမှ၊ယုံကြည်ချက်ခိုင်မာမှသာရှောင်ရှားနိုင်ကြသည်။ငွေဖြင့်ဖျက်ဆီး၍မရသူအားသတင်းမှားတို့ဖြင့်အပုပ်ချတိုက်ခိုက်သည်။ခံယူချက်မခိုင်မာသောနောက်ခံလူတို့နှင့်ရန်တိုက်ပေးသည်။အလွန်အန္တရာယ်များလှသောလွှတ်တော်ကိုယ်စားလှယ်ဘဝဖြစ်ပေတော့သည်။

အောက်ခြေမှာ

ကျမတို့အမတ်တွေတွေ့နေကျအခက်အခဲတစ်ခုက

ထွေအုပ်ကကိုယ့်အစိုးရလက်အောက်ရောက်လာပေမဲ့စိတ်ဓာတ်ပြောင်းလဲဘို့များစွာအချိန်ပေးရဦးမည်။အထူးသဖြင့်နယ်မြို့တွေမှာပြည်သူကဇဝေဇဝါဖြစ်မြဲ၊သူတို့မဲပေးလိုက်သောအမတ်တွေကဆိုင်ကယ်လေးတွေနဲ့၊ထွေအုပ်အရာရှိတွေကကားနဲ့၊ဘယ်သွားသွားတပည့်တပန်းအခြွေအရံနဲ့။အမြင်ကကွာခြားလွန်းသည်။ထွေအုပ်အများစုကလည်းအမတ်များကိုလေးစားမှုမပြုလို၊ပညာပြကြသည်၊မထီမဲ့မြင်ပြုကြသည်။ဌာနဆိုင်ရာများကလည်းအမတ်ထက်ထွေအုပ်ကိုကြောက်သည်။ဒါကအမှန်တရားဖြစ်သည်။အစိုးရကိုယ်တိုင်ပင်အမတ်တို့မှတ်ချက်ထက်ထွေအုပ်၏မှတ်ချက်ကိုအလေးထားသည်။အစိုးရသည်အစိုးရသွားခြင်းကြောင့်တစိခါတစ်ရံအမတ်နှင့်တစ်ဘက်စီဖြစ်သွားသည်။

အမတ်ဆိုသည့်အမတ်ကလည်းရိုးရိုးသားသားအမတ်ဟူသ၍မခြွေနိုင်သဖြင့်ရံသူမရှိပေ။အပြန်အလှန်ထိန်းကျောင်းမှုကိုပြတ်ပြတ်သားသားပြုသောအမတ်ဟူသရွေ့လူမုန်းကများလှသည်။

လုပ်ငန်းတွေဆောင်ရွက်မှုကိုထိန်းကျောင်းရာတွင်လည်းအမတ်များအခက်အခဲတွေ့သည်ကဆောက်လုပ်ရေး။အမတ်အားလုံးထဲမှာအခြားပညာရှင်ထက်အင်ဂျင်နီယာကရှားပါးလှသည်။အလွန်ခြစားမှုများသောဆောက်လုပ်ရေးလောကနှင့်ဆည်မြောင်းလောကကိုထိန်းနိုင်ဘို့ရှိသည့်အင်အားနှင့်အစွမ်းကုန်အမတ်များကြိုးစားကြသည်။ရန်ငြိုးတွေ၊အမုန်းတွေကိုမကြောက်မရွံကြိုးစားကြသော်လည်းအမှန်ပြောရလျှင်ထင်သလောက်မထိန်းနိုင်။ခေတ်အဆက်ဆက်အစိုးရများ၊တက်လာသမျှလူကြီးများကိုဆီးကြိုခစားချော့ပေါင်း၊မြှောက်ပေါင်းဖျက်ဆီးနည်းမျိုးစုံတတ်သောလောကကိုသိကြားမင်းပင်ခံနိုင်ရည်ရှိရန်မလွယ်😁။

ပြင်ပအားဖြင့်အစိုးရ၊လွှတ်တော်နှင့်တရားရေးဟူ၍မဏ္ဍိုင်ကြီး၃ရပ်အပြန်အလှန်ထိန်းကျောင်းသည်။အတွင်းအားဖြင့်မူပါတီ၊အစိုးရနှင့်လွှတ်တော်ဟုအပြန်အလှန်ထိန်းကျောင်းရသည်။သို့သော်နှစ်ကာလရှည်ကြာထောင်ချနှိပ်ကွပ်ခံခဲ့ရသောပါတီတွင်လူသားအရင်းအမြစ်ကခပ်ရှားရှား။ထိုအခါအစိုးရဝန်ကြီးချုပ်များသည်ပါတီCECများဖြစ်လာကြသည်။လွှတ်တော်အမတ်များသည်ထိန်းကျောင်းမှုတာဝန်အတွက်အခက်အခဲတစ်ချို့ဖြစ်ပေါ်လာသည်။ပုံမှန်အားဖြင့်ပါတီတွင်အင်အားကြီးမြင့်နေပြီးလွှတ်တော်နှင့်အစိုးရကိုနောက်ကွယ်မှကြိုးကိုင်နိုင်ပါကနိုင်ငံရေးသည်ပိုမိုအောင်မြင်နိုင်ဖွယ်ရှိသည်။

လွှတ်တော်ဝန်ထမ်းများဘက်ကရော?

အသစ်စက်စက်အမတ်များနှင့်ကြုံတွေ့ဆက်ဆံရသောလွှတ်တော်ဝန်ထမ်းများအဖို့အရည်အချင်းအတွေ့အကြုံအရ

အမတ်များကိုအထင်သေးစိတ်ရှိသည်ကအမှန်တရား။လူဆိုသည်မှာအထင်သေးကမရိုသေ၊မည်သို့ပင်ဆိုစေကာမူလွှတ်တော်ကိုယ်စားလှယ်များနှင့်တန်းတူနိုင်ငံခြားထွက်ခွင့်ရသော၊လာပေးသောစွမ်းရည်​မြင့်

သင်တန်းများတက်ရောက်ခွင့်ရသောဝန်ထမ်းများအနေဖြင့်သင်ယူလိုစိတ်ထက်သန်ပါကနိုင်ငံအတွက်အကျိုးပြုလိုစိတ်မြင့်မားပါကလွှတ်တော်ကြီးသည်အလွန်စျေးချိုသောအဆင့်မြင့်တက္ကသိုလ်ကြီးဖြစ်ပေသည်။

မည်သို့ပင်ဆိုစေကာမူအရွေ့တစ်ခုကိုကျမတို့ရောက်အောင်တွန်းနိုင်ခဲ့ကြပြီဟုယုံကြည်ပါသည်။နိုင်ငံ့အရေးအတွက်အသက်၊သွေး၊ချွေးစတေးခဲ့ကြသူတို့၏သမိုင်းပေးတာဝန်၊လက်ဆင့်ကမ်းတာဝန်ကိုအခြေအနေပေးသလောက်ကျမတို့ကြိုးစားခဲ့ကြကြောင်းလွှတ်တော်ကြီး၏မှတ်တမ်းများကသက်သေထူပါလိမ့်မည်ဟုသာ။   ။

Photo:Irrawaddy

Wednesday, August 19, 2020

တရုပ်ရှီကျင်ပင်း မဟာဗြူဟာ ( ၂၀၂၀)

 တရုပ်ရှီကျင်ပင်း မဟာဗြူဟာ ( ၂၀၂၀)

======================

လက်ရှိ ၂၀၂၀ အမေရိကန်ရဲ့ စီးပွားထိုးစစ်ကြောင် အလွန်အထိနာနေတဲ့တရုပ်နိုင်ငံရဲ့ ၂၀၁၀ နောက်ပိုင်း ခေါင်ဆောင်ပြောင်ပြီး ဗျူဟာလည်း ပြောင်းခဲ့ပါတယ်။ 


..မြန်မာ့နိုင်ငံရေး အပြောင်းအလဲ မြစ်ဆုံစီမံကိန်းကို သမတဦးသိန်းစိန် ရပ်ဆိုင်လိုက်ချိန် ၂၀၁၂ နောက်ပိုင် မြန်မာတွေကို တအံတသြ ဖြစ်သွားပါတယ်။ 

.

..တရုပ်အကြွေးပိပြီး China Debt Trap ဆိုတာ အရမ်းပေါပြူလာဖြစ်ချိန် တရုပ်သမတ အသစ်ပြောင်း၊ ပေါ်လစီလဲပြောင်းသွားပါတယ်။ ကမ္ဘာ့နိုင်ငံများက တရုပ်ကို ခုခံဖို့ ကြိုးစားလာပါတယ်။

.

...တရုပ်အကြွေး နဲ့စီးပွားနယ်ချဲ့စနစ် ကို အောင်မြင်စွာ တွန်းလှန်ပြတဲ့ ဗီယက်နမ် ပေါ်ပေါက်လာပါတယ်။ မြန်မာအစိုးရ သမတဦးသိန်းစိန် ကနေ ဒေါ်အောင်ဆန်းစုကြည် အစိုးရ ၂၀၁၆ တက်လာချိနအထိ မြန်မာများက ဗီယက်နမ် ထံမှ တရုပ်ကာကွယ်နည်းလမ်းများ ရယူခဲ့ပါတယ်။ 

.

..အမေရိကန်သမတ ဒေါ်နယ်ထရန့် တက်လာပြီး တရုပ်ကို စီးပွားစစ် ဆင်နွဲ၊ တရုပ်တင်သွင်မှုတွေကို အခွန်ကြီးလေးစွာ ကောက်ခံပြီး၊ တရုပ်-အမေရိကန် စီးပွားစစ် ဆင်နွဲပါတယ်။ ၂၀၁၉ မှာ တရုပ်အရှုံးပေးသွားပြီး စာချုပ်ကြပါတယ်။ 

.

...အောက်ပါ link အရ တရုပ်ဟာ အမေရိကန်နဲ့ စစ်ရေး (လုံးဝ) မယှဥ်နိုင်သလို၊ ယှဥ်ပြိုင်ဖို့လဲ မလုပ်ပါ။ ပြည်တွင်းအင်အားကိုပဲ တည်ဆောက်နေပါတယ်။ 

.

.

တရုပ် ပြည်တွင်းအင်အား


၁၉၀၀ ကနေ ၁၉၄၀ အတွင်းက အမေရိကန်တွေ လုပ်ရပ်နဲ့ ပေါ်လစီအတိုင်း လုပ်နေပါပြီ။


...ပြည်တွင်းဖူလုံမှု ရရှိရေး အတွက် အစားအသောက် ထုတ်လုပ်ရေး ဦးစားပေး နံပါတ်(၁) အဖြစ် ထားပါတယ်။ စက်မှုလယ်ယာ ကို အမေရိကန်တွေလို လုပ်နေ​ြာပြီ။ အသားထုတ်လုပ်ရေးလည်း အမေရိကန်တွေလို ပြည်တွင်းထုတ်လုပ် ဖူလုံအောင် ကြိုးစားနေပါပြီ။ အဓိက တရုတ်တွေ အစားအသောက်၊ သီးနှံက်ု ပြည်ပ မှီခိုရမှု လွတ်အောင် ကြိုးစားခြင်းပါ။ 


...သန်း၂၀၀လောက် ရှိတဲ့ တရုတ်လုပ်သားအင်အားဟာ ၂၀၂၀ ကိုဗစ်ကာလမှာ အလုပ်လက်မဲ့ ဖြစ်နေတယ ပြောကြတယ်။ ဒါကို ဖြေရှင်းဖို့ ကြိုးစားနေဆဲပါ။ ကွန်မြူနစ် ကာလတုန်းက ငတ်မွတ်သေကြေတာတွေ သန်းပေါင်းများစွာ ရှိခဲ့ပေမဲ့ အခု အဲလို မဖြစ်အောင် တရုပ်အစိုးရ ကြိုးစားနေပါတယ်။ အနည်းဆုံး အခမဲ့ စားသောက်ကုန် ဝေငှနေပါတယ်။ 

.

...လက်ရှိ တရုတ်ပြည် လုပ်သားအင်အားပါ။ လုပ်သားအင်အား သန်း၈၀၀ လောက် ရှိပါတယ်။ ကဏ္က (၃) ခု ခွဲရရင် လယ်ယာ (49%), စက်မှု(22%), Service(29%) ဖြစ်ပါတယ်။  လယ်ယာသားငါး လုပ်သားတွေ သန်း၄၀၀ ရှိပြီး၊ စက်ရုံကုန်ထုတ်လုပ်သား သန်း ၁၈၀ ရှိပါတယ်။ ဝန်ဆောင်မှုလုပ်ငန်းများမှာ သန်း၂၄၀ ရှိပါတယ်။  အများစုရဲ့ လစာငွေက us $200 ဖြစ်ပါတယ်။  (2007 Data ဖြစ်ပြီး ယခုလည်း အခြေ ခံ လူ တန်း စားများ ရဲ့ လစာငွေက သိပ်မပြောင်းပါ။ တရုပ်ပြည်မှာ ဆင်းရဲ ချမ်းသာ အရမ်းကွာခြားပါတယ်။

.

...တရုတ် အစိုးရဟာ လက်ရှိ ကုမဏီပေါင်းများစွာကို အမေရိကန်လိုပဲ စနစ်တကျမှတ်ပုံတင် ခိုင်းထားပြီး၊ ကုမဏီပိုင်ရှင်များကို အမေရိကန်တွေလို Social Security လူမှုဖူလုံရေး ငွေ ဖြတ်တောက် နေတာ ကြာပါပြီ။ စင်ကာပူ CPF စနစ် လို လူမှုဖူလုံရေး ဘဏ်ကြီး ရှိနေပါပြီ။ 


...ပြင်ပ ကမ္ဘာကြီးက တရုတ်ကို အဆက်ဖြတ်ပေမဲ့ ပြည်တွင်း စားသောက်ကုန်ဖူလုံရေးကို ရှီကျင်ပင်း အစိုးရက ကြိုးစားနေချိန်မှာ တရုတ်အစိုးရဟာ အမေရိကန်နဲ့ ဂျပန်၊ အိန္နိယ ၊ ဥရောပ နိုင်ငံတွေ စစ်ပြိုင်လာမှုကို ရင်ဆိုင်မှာ မဟုတ်ပါ။ 

.

...၁၉၀၀ (လွန်ခဲ့တဲ့ နှစ်၁၀၀) ကာလက ပညာမဲ့ မိဘုရားတစ်ဦးကြောင့် Boxing Revolution တော်လှန်ရေးတစ်ခု ဖြစ်ခဲ့ပြီး အဂျပန်နဲ့အနောက်နိုင်ငံ တပ်များက တရုတ်ပြည်မြို့တော် ဘေဂျင်း ကို သိမ်းပိုက်ပြီး၊စစ်ရှုံး စစ်ရော်ကြေး တနင့်တပိုး ပေးခဲ့ရတာ တရုတ်တွေ မမေ့နိုင်ပါ။ 

.

...Boxing Revolution အဲလို တဖန်ဖြစ်အောင် အမေရိကန်နဲ့ အနောက်နိုင်ငံတွေ ကြိုးစားနေကြတယ်။ ကိုဗစ်ရောဂါ ဗိုင်းရပ်စ် တရုတ်ပြည်က စခဲ့ပြီး အမေရိကန်နဲ့ ဥရောပမှာ သောက်သောက်လဲသေကြတယ်။ တကမ္ဘာလုံး မကြုံစဖူး စီးပွား ပျက်သုန်းရတယ်။ ဒါကို တရုတ်ကြောင့်ဆိုပြီး ခေတ်သစ် Modern Boxing Revolution အဖြစ် တရုတ်အစိုးရထံမှ ရော်ကြေးတောင်းဖို့ ဥပဒေနဲ့ကြိုးစားနေပေမဲ့ မအောင်မြင်နိုင်ပါ။ 

.

...တရုတ်ပြည် ဆက်လက်ရှင်သန်ရေးအတွက် လက်ရှိမူဝါဒအတိုင်း စီးပွားရေးမဟာဗြူဟာအသစ် (ပြည်တွင်းစားသောက်ကုန် ပြည်တွင်းမှာပဲ ထုတ်လုပ်ခြင်း) ကြိုးစားနေပါပြီ။ မြန်မာလို စားသောက်ကုန် အမြောက်အများထုတ်နိုင်တဲ့ အိမ်နီးခြင်း နိုင်ငံကို အားကိုးရပါမယ်။ မြန်မာ့ လယ်ယာသားငါး လုပ်ငန်းက တရုတ် သန်း ၁၀၀ ကို ကြွေးမွေးနိုင်ပေမဲ့ မလောက်ပါဘူး။ ထိုင်း၊ ဗီယက်နမ်၊ အာစီယံနိုင်ငံများ ကိုလဲ အစားသောက် အားကိုးရပါမယ်။ 

.

...တောင်တရုတ်ပင်လယ်ကို တရုတ်ဗိုလ်ကျ ကြီးစိုးထားတာလဲ ရှော့ပေါ့ ပေးနေပါတယ်။ အမေရိကန်က လေယဥ်တင် သင်း ဘော အုပ်စု၂ခု (တစ်စုမှာ စစ်သည် တစ်သောင်းနဲ့ လေယဥ်၁၀၀. သဘေ်ာ ၁၀စီး) အင်အားပြနေပါပြီ။ မြန်မာပြည် ရခိုင် ကျောက်ဖြူ ဆိပ်ကမ်းဖက်လည်း ပြိုင်ဖက် အိန္နိယရှနေတယ်။ အဲဒီဖက်လည်း အမေရိကန် ရေတပ် လာရောက်နေပြီ ပြောကြတယ်။ 

.

...စစ်ရေးအင်အားပြ မှုကို ပြိုင်ဆိုင်မှု တရုတ်က လုပ်မှာမဟုတ်ပါ။

.

...ပြည်တွင်း စားသောက်ကုန် ဖူလုံရင်၊ ပြည်ပကုန်သွယ်မှုအတွက်  တရုပ်ကုမဏီများကွာလတီ ကုန်များ စနစ်တကျ ထုတ်နေပါပြီ။ အထူးသဖြင့် ကိုဗစ်ကာလ အထူးလိုအပ်တဲ့ နှခေါင်းစီး အမျိုးမျိုး၊ လက်အိတ်၊ PPE ဝတ်စုံ၊ မျက်မှန်၊ ဖိနပ်၊ အပူချိန်တိုင်း သာမိုမီတာ၊ Swap Test (ဗိုင်းရပ်ရှာဖွေစက်အမျိုးမျိုး)၊   အသက်ရှုစက်၊ စတဲ့ ပစ္စည်းတွေကို တရုပ်အစိုးရက ကွာလတီထိန်းပြီး ကမ္ဘာကို တင်ပို့နေပါပြီ။ 


...အရည်သွေးနိုမ့် ကုန်စည် ထုတ်လုပ်ဖြန့်ချိ ခြင်းကို အစိုးရက ရပ်ဆိုင်းစေပါတယ်။ ယခင်က အရည်သွေးနိုမ့် ပစ္စည်းများ ပြည်တွင်းပြည်ပ မှာ ထုတ်လုပ်သုံးစွဲနေကြတာ ယခု မထုတ်လုပ်စေတော့ပါ။ (မြန်မာပြည်ကို အချဥ်လာဖမ်းတဲ့ အရည်သွေးနိုမ့် တရုပ်ကုန်စည်များစွာရှိပါတယ်)။ 



နိဂုံးအနေနဲ့


ရန်လိုနေတဲ့ အမေရိကန်ကို စစ်ရေးရှောင်ရှားမှာဖြစ်ပြီး၊ ကိုဗစ်19 ရော်ကြေးတောင်းမှုကိုလဲ ကမ္ဘာ့တရားရုံးတွေမှာ မလုပ်နိုင်အောင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကို စည်းရုံးထားနိုင်ပါတယ်။ ပြည်တွင်း စားသောက်ကုန် ဖူလုံရေး ဦးစားပေးပြီး၊ ကမ္ဘာက မယှဥ်နိုင်တဲ့ မိုဘိုင်းဖုန်း 5G လိုမျိုး နည်းပညာရပ်တွေမှာ ကွာလတီမြင့်မားအောင် ထုတ်လုပ်နေပါတယ်။ 

.

ဒီနည်းလမ်းတွေက ဒုတိယကမ္ဘာစစ်မတိုင်မီက အမေရိကန် နိုင်ငံ စတိုင် တရုတ်က အတုယူခြင်း ဖြစ်ပါတယ်။ အမေရိကန်ထက် သာတာကတော့ တရုတ်ခေါင်းဆောင် ရှီကျင်ပင်း ဟာ တရုပ်ပြည် ခေတ်သစ် ဧကရာဇ် ဖြစ်သွားပါပြီ။ ဒေါနယ်ထရန်ကတော့ ၄နှစ်အပြီး အခု၂၀၂၀ ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရန့် မနိုင်ရင် ပေါ်လစီတချို့ သမတသစ်က ပြောင်းပါမယ်။ တရုတ် ဓကရာဇ် စတိုင် ရှီကျင်ပင်း ကတော့ (တရုတ်လူထု မငတ်သရွေ့) ပြုတ်မှာ မဟုတ်တော့ပါ။ 

.

စာရေးသူကတော့ တရုပ်နဲ့အမေရိကန် ကြားမနေပါ။ ရွေးချယ်ရမယ်ဆိုရင် အမေရိကန်ကိုပဲ ရွေးချယ်မှာပါ။ 


ဖတ်ရှုသူများ ကျန်းမာကြပါစေ။ 


M ဇော်အောင်

28-7-2020 


စစ်ရေးသုံးသပ်ချက် (Link)

https://m.facebook.com/story.php?story_fbid=162645128678504&id=100047990527000

Monday, August 10, 2020

လောကနိယာမ များစွာတွင် ဓမ္မနှင့် အာဓမ္မ ပြိုင်ကြသည်



 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဂရုဏာနှင့်မေတ္တာ (ယုန်လေး)
=======================================
အသက်ရွယ်ရလာချိန် မိမိသည် ရုပ်ရှင် သိပ်မကြည့်ဖြစ်တော့ပါ။ စာဖတ် စာရေး အလုပ်ကို နှစ်ခြိုက်စွာ အချိန်ပေးနေသော်လည်း ဖေ့ဘုတ် ခေတ်ကြီးရဲ့ ၅မိနစ် ဗီဒီယိုလေးများကို တော့ ရံဖန်ရံခါ ကြည့်မိပါသည်။ အတိုင်ပင်ခံ ကို အလွန် ကြည်ညိုလေးစား သောကြောင့် တနာရီကြာသော ကိုဗစ်19 တွေ့ဆုံဆွေးနွေး Aung San Suu Kyi ဖေ့ဘုတ် ပညာရေးဗီဒီယိုများကို တော့ မလွတ်တမ်းကြည့်ပြီး တတ်နိုင်သမျှ ဖေ့ဘုတ်နှင့်ဝက်ဆိုက်များတွင် ရှယ်သည်။ ကိုးကားပြီး ပြန်ရေးကာ ရှယ်ပါသည်။ 
.
လောကနိယာမ များစွာတွင် ဓမ္မနှင့် အာဓမ္မ ပြိုင်ကြသည်။ လူကောင်းနှင့်လူဆိုး၊ အာဏာရှင်နှင့်ဒီမိုကရေစီ၊ မြတ်စွာဘုရားနဲ့ ဒေဝဒတ်၊ ဘုရားသခင်နဲ့စာတန်မာန်နတ် စသဖြင့် ဒွန်တွဲ ရှိနေသော်လည်း အဆုံးမှာတော့ မကောင်သူများ အရှုံးနှင့် အဆုံးသတ်ရစမြဲ ဖြစ်သည်။ သို့သော် ထိုပြိုင်ဆိုင်မှု ကြီးများတွင် အပြစ်မဲ့သူများစွာ အသက်၊ အိုးအိမ်၊ စည်းစိမ်များစွာ ပေးဆပ်ရခြင်းမှာလည်း လောကနိယာမ ဖြစ်သည်။ 
.
ဆရာတင်ညွန့် ကဲ့သို့ လူအများစိတ်ဝင်စားအောင် မိမိ မရေးနိုင်ပါ။ 
ဘုရင်ကောင်း တစ်ဦးကို လုပ်ကြံ မင်းလုပ်ရန်ကြိုးစားသော စစ်သူကြီး၏ ပုန်ကန်သူတပ်များ နန်းတော်သိမ်းပွဲ ဆင်နွဲကြရာတွင် အရေးနိုမ့်သွားသည်။ ဖမ်းခံရသော စစ်သူကြီးအား လူသားစားခွေးအုပ်ကြီးထဲ ပစ်ချ သေဒဏ်စီရင်သော်လည်း ဥပယ်တမျှင်ကို ဂရုဏာရှင်ဘုရင်ကြီးက လက်ခံ၍ ခွေးဆိုးကြီးများ က စစ်သူကြီကိုမကိုက်စားကြ။ သို့သော် ပြည်သူက ခဲနှင့်ဝိုင်းပေါက်သတ်ကြသည်ဟု အဆုံးသပ်ထားသည့် မြန်မာ့ရာဇဝင် ဇတ်တော်ကို ကိုးကားရေးထားသည်ကို ဖတ်မိသည်။ 

ယုန်လေး ဗီဒီယိုကို ကျနော်မကြည့်ပါ။ မိမိ နိုင်ငံခြား နေထိုင်စဉ်က အမေရိကန် အသက်၇၀ကျော် သက်ကြွယ်ကြီးများသည် တနေ့ ရုပ်ရှင် ၃ကားကြည့်ရှုပြီး သူတို့ဘဝ နေဝင်ချိန် အဆုံးသပ်ကြသည်ကို ကြုံဖူး မြင်တွေ့ရသည်။ ကျနိုပ်လည်း ထိုကဲ့သို့ ဖြစ်မလား မသိပါ။ ယခု အသက် ၆၀ အရွယ်တွင် မိမိမိတ်ဆွေများက မက်စင်ဂျာမှ ပို့လာသော ဗီဒီယို ကလစ်များ အသံဖိုင်များ ၁၀မိနစ်အထက် (ကြာချိန်) ဖြစ်နေပါက ချက်ခြင်း နားမထောင်ပါ။ ၅မိနစ်အောက် ဗီဒီယိုများသာ နားထောင်ပါသည်။ ဖေ့ဘုတ် တွင် မက်ဆေ့များစွာ လိင်၊ မုဒိမ်း၊ အကြမ်းဖက်၊ မိမိကိုယ်သတ်သေ စသည့် ညစ်ငြမ်းကြမ်းတမ်း ပုံများ၊ ဗီဒီယိုများ၊ ပို့စ်များစွာ မိမိအကောင့်သို့ နေ့စဉ်သင်ရောက်နေသော်လည်း ယုံကလေး ဗီဒီယို မိမိထံသို့ မရောက်လာပါ။ 

ထို ပေါက်ကရ ဝါဒဖြန်ဗီဒီယိုကို မကြည့်ရသောကြောင့် သိပ်မခံစားရသော်လည်း ကြည့်ရပြီး ကြိတ်မနိုင်ခဲမရ ဖြစ်နေသော ဇနီးသည်က ပြောပြသည့် စကားများ၊ မိတ်ဆွေများ၏ ဖေ့ဘုတ်ပို့စ်များ၊ ကာတွန်းများကို မြင်ရ ဖတ်ရ ကြည့်မိပါသည်။ 
ဗီဒီယို link (၂မိနစ်)
https://m.facebook.com/story.php?story_fbid=166927301563847&id=100047397339180
.
.
သုံးသပ်ပါရစေ

မိမိတို့ ခရစ်ယန် ဆုံးမစကားတွင် မကောင်းဆိုးဝါး စာတန်မာန်နတ် ၏ နောက်လိုက်များမှာ နတ်ဆိုး၊ ဝိညာဉ်ဆိုး၊ စုန်းကဝေ၊ သရဲသစ္ဆေ၊ စသည့် ကိုင်တွယ် မရသည့်  အရာများက၊ အားနည်းသူများ (ကိုယ်၊စိတ်၊ဝိညာဉ် ချို့တဲ့နေချိန်တွင်) ဝင်ရောက် ကြီးစိုးတတ်ကြောင်း။ အာဏာ၊ ငွေ၊ ကျော်ကြားလိုမှု စသည့် လောကအရာများကို နှစ်သက်ခြင်းသည် လောကသဘာဝအရ အပြစ်အဟုတ်သော်လည်း တပ်မက် (Addict) ဖြစ်လာပါက နောက်ဆုံး ကျဆုံးရစမြဲ ဖြစ်သည် ဟု သွန်သင်ပါသည်။ ဗုဒ္ခ ဘာသာ နှင့် အခြား ဘာသာများလဲ သွန်သင်ကြသလို ကွန်မြူနစ် (တရုတ်ဗီယက်နမ်၊မြောက်ကိုးရီယား တို့၏ဝါဒများ) နှင် ဘာသာမဲ့ (Atheist) များလည်း အလားတူ သွန်သင်ကြပါသည်။ 
.
မိမိ နိုင်ငံခေါင်းဆောင်ကို လုပ်ကြံသည့် ဗီဒီယိုတစ်ခုကို ယုံထောင်ကြောင်ထင် လူထုထံရောက်အောင် (ယုတ်မာစွာ) နာမည်ကျော် မိမိနှင့် အနုပညာရှင်းများစွာကို ခုတုံးလုပ်သွား သော်လည်း အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က သြော်၊ ဟုသာ ပြောမလား။ 5-8-2020 မဲစရင်းများစွာ မှားယွင်းမှုကိုလဲ အပြစ်မတင်ပဲ အမြန်အမှန်ရောက်ဖို့ တာဝန်ရှိသူ ၃ဦးနှင့် Live ဗီဒီယို ဆွေးနွေးသွားခဲ့ပါသည်။ ယခု ဗီဒီယို လည်း မည်သို့ တုံ့ပြန်မည် စောင့်ကြည့်ရမည်။ 

ကမ္ဘာက နိုဘယ်ဆုပင် ပြန်သိမ်းရန်အထိ ရခိုင်-ဘဂ်လား ဆူပူအကြမ်းဖက်ကြီးကို ၃နှစ်ကြာ ငြိမ်သက်စွာခံခဲ့သည်။ တရုပ်၊ ဂျပန်၊ အိန္နိယ နှင့် အာစီယံနိုင်ငံများ မိမိဖက် ပါအောင် ကြိုးစားပြီးမှ ကမ္ဘာ့တရားရုံး IJC သို့ ကိုယ်တိုင် သွားရောက်ရင်ဆိုင်ခဲ့သည်။ ယခုအချိန်ထိ ဦးသန့် (ကုလသမဂ္ဂအကြီးအကဲ) ပြီးလျင် အကျော်ကြားဆုံး မြန်မာလူမျိုး ဖြစ်သည်။ 
.
ပညာနည်းပါးသူများ လက်ထဲသို့ တိုင်းပြည်အာဏာ  ရောက်သွားပါက တိုင်းပြည် ပျက်စီးရကြောင်း လက်ရှိမြန်မာနိုင်ငံ ကိုကြည့်ပြီး ပညာရှိသူများ ဆင်ခြင်သုံးသပ်နိုင်ပါသည်။ လူဆိုးများကြီးစိုးပါက လူကောင်းများ ငိုကြွေးမြည်တမ်းရသည်။ နိုင်ငံကောင်းများ (ထိုင်း၊ မလေးရှား၊ စင်ကာပူမှ တိုင်ဝမ်၊ ဂျပန်၊ အမေရိကား၊ သြဇီ နှင် ဥရောပ နိုင်ငံများ) သို့ ရွှေ့ပြောင်းသွားကြသည်။ ကြံ့ကြံ့ခံ တွန်းလှံ ထောင်သွင်း အကျဉ်ချခံများကြောင့်သာ မြန်မာနိုင်ငံ လမ်းကြောင်း ပြန်တည့်လာရသည်။ အာဏာနှင်ငွေ ပိုင်ဆိုင်သူများ၊ မူယစ်ရာဇာများက လက်နက်ကိုင်ခေါင်းဆောင်များကို နည်းမျိုးစုံဖြင့် ဆူပူအောင်လုပ်နည်း၊ ငွေဖြင့် ဖြားယောင်းနည်း၊ အလှအပ (ဗီဒီယိုများ၊ သီချင်းများ၊ နာမည်ကျော် လူငယ် အနုပညာရှင်များ) ဖြင့် မသိမသာ စစ်အာဏာရှင်များ ကောင်းကြောင်း ဆွဲဆောင်နေကြသည်။
.
မိမိတို့ လူထုခေါင်းဆောင် အတိုင်ပင်ခံပုဂ္ဂိုလ်သည် သူ့လမ်းသူ တည့်တည့်လျှောက်နေသည့် မြင့်မြတ်သောသူ ဖြစ်သည်။ တပ်မတော်မှ ပြင်လိုစိတ်ရှိမှသာ ၂၀၀၈ ခြေ/ဥ ပြင်နိုင်မည်ဟု ပြောဆိုသူဖြစ်ပြီး ၊ အကြမ်းမဖက် ဂန္နီ လမ်းစဉ် လိုက်သူမှာ အိုမင်းသည့် ၇၆ နှစ်အရွယ် ဖြစ်သည်။ ယုံကလေး ကို သေချာပေါက် ခွင့်လွှတ်မှာ ဖြစ်သော်လည်း ယုံကလေး  "စိုက်သည့်အတိုင်း ရိတ်သိမ်းရဖို့" (ခံရဖို့) ရှိသည်။ 
.
ကမ္ဘာတွင် အမေရိကန်ဆိုသည်မှာ ပညာထူးချွန်သူ အမြောက်အမြား စုဝေးနေသော နိုင်ငံဖြစ်သည်။ ထိုနိုင်ငံတွင် အကြီးအကဲ သမ္မတ ဒေါ်နယ်ထရန့် ရုပ်ပုံကို ညစ်ငြမ်းစွာ စုတ်ဖြဲမီးရှို့ပြ သော်လဲ သမ္မတ ဒေါ်နယ်ထရန့် က ဂရုမစိုက် (ဥပက္ခာတရား) ရှိကြပါသည်။ သို့သော်၊ ကမ္ဘာ့ ဒုတိယ အင်အားအကြီးဆုံး တရုပ်ပြည်နှင့်၊ အရှေ့တောင်အာရှ နိုင်ငံများတွင် ထိုသို့ စော်ကားလုပ်လာသူအဖို့ (မလွဲဧကန်) ထောင်သွင်း အကျဉ်းချခံရမည် ဖြစ်ကြောင်း သုံးသပ်ရေးသား လိုက်ပါသည်။ 
.
ဖတ်ရှုသူများ ကျန်းမာရွှင်လန်းကြပါစေ။ 

M.ဇော်အောင် (မုံရွာ)
6-8-2020

ပုံ..
YMBA မှ စစ်အုပ်စု ထောက်ခံသူများ သြဂုတ်လ ကိုဗစ်19 အမိန့်ကို ဖီဆန်ခြင်း။ 
အလားတူ အံသြဖွယ် လုပ်ရပ်များစွာ ရွေးကောက်ပွဲမတိုင်မီ ပေါ်လာပါဦးမည်။ မျှော်