Monday, November 27, 2017
ရိက္ခာနဲ့ သိက္ခာလဲတဲ့ အင်ဂျင်နီယာများ ခိုးမှ ထမင်းစားရမှာလား
Aung Kyaw SanFollow
ရိက္ခာနဲ့ သိက္ခာလဲတဲ့ အင်ဂျင်နီယာများ
ခိုးမှ ထမင်းစားရမှာလား
Crd. .M Swe Fone
ရင်နာစရာတော့ကောင်းပါတယ်။
အင်္ဂျင်နီယာပညာတွေသင်၊ အင်္ဂျင်နီယာအလုပ်လုပ်တဲ့သူတွေကို သူခိုးတွေလို့ပြောကြတယ်။ ဘယ်အင်္ဂျင်နီယာက ခိုးချင်ပါ့မလဲ။ ခိုးချင်တဲ့သူလည်း ရှိချင်ရှိမှာပေါ့လေ။
ဒါပေမယ့် ဒီလောက်ပညာတွေသင်လာပြီးမှ ခိုးမှ စားရမယ်ဆိုတာကိုတော့ အများစုကဘဝင်ကျနိုင်မည်မဟုတ်ပါ။ ဒါဆို မခိုးကြဘူးလား။ ဟုတ်ကဲ့ ခိုးပါတယ်။ ကျွန်တော်လည်း အစိုးရအင်ဂျင်နီယာဝန်ထမ်းဘဝနဲ့
ဆယ်နှစ်ကျော် ခိုးပြီး မိသားစုကို ကျွေးမွေးခဲ့ရပါတယ်။ မိသားစုကို ကျွေးမွေးဖို့လောက်ဆို အင်ဂျင်နီယာတွေ ခိုးဖို့လိုမည်မထင်ပါ။ ကိုယ့်မိသားစု မဟုတ်တဲ့ သူတွေအတွက်ပါ ခိုးပြီး ကျွေးရ၊ ပေးရလို့၊ မင်းတို့လည်းခိုး၊ ငါတို့ကိုလည်း percentage ပေးဆိုတဲ့ လူတန်းစားတစ်ရပ် ဖန်​တီးဖြစ်ပေါ်လာတဲ့အတွက် ကျွန်တော်တို့ အင်ဂျင်နီယာတွေ သူခိုးဘဝကို ရောက်ကြပါတော့တယ်။
Yellow Book လို့ခေါ်တဲ့ Analysis of Rates မှာ လုပ်ငန်း items အလိုက် materials ကို Wastage ရာခိုင်းနှုံးက material အပေါ်မူတည်ပြီး 5% ကနေ 50% အထိ ခွင့်ပြုထားပါတယ်။ ပစ္စည်းအလေအလွင့်မရှိအောင် လုပ်တတ်ရင် ကိုယ်တွက်ကျန်ပြီးသာပါ။ ဝယ်တဲ့ဆိုင်က ဖောက်သည်ဖြစ်အောင် commission ပေးတာလည်း ရှိပါတယ်။
ဟုတ်ပြီ။ ဒါဆို ဘာဖြစ်လို့ခိုးတာလဲ။ ဒီနေရာမှာ ဘာကို ဘယ်လိုခိုးသလဲဆိုတာ ရှင်းပြပါမယ်။
(၁) Quality အပေါ်မှ ခိုးခြင်း
လုပ်ငန်းတစ်ခုဆောင်ရွက်ဖို့ drawings နဲ့ estimate တွေ ရှိရပါတယ်။ details drawing ကိုဖတ်ပြီး estimate ဆွဲရပါတယ်။ ဥပမာ brick work ဆိုပါစို့။ details drawing မှာ 1:3 cement mortar နဲ့ပြထားပြီး estimate ကလည်း 1:3 cement mortar နဲ့ materials ထုတ်တယ်။ field မှာလုပ်တော့ composite mortar သုံးတယ်။ သို့မဟုတ် 1:5 cement mortar ကိုသုံးတယ်ဆိုရင် cement ရဲ့ quantity လျှော့သုံးလိုက်တဲ့အတွက် quality အပေါ်မှ ခိုးခြင်းဘဲဖြစ်ပါတယ်။
(၂) Substituted ခိုးခြင်း
ဒါကတော့ ပစ္စည်းတစ်ခုကို တန်ဘိုးနည်း အမျိုးအစားတူပစ္စည်းဖြင့် အစားထိုး ထည့်သုံးခြင်းဘဲဖြစ်ပါတယ်။ ဥပမာ estimate မှာ cement ကို တံဆိပ်တွေ၊ made တွေ ရေးမထားဘူး။ ဒါပေမယ့် price ကတော့ Thai brand နဲ့ cost ပြထားတယ်။ တကယ်သုံးတော့ China made နဲ့ တွယ်လိုက်တယ်ဆိုရင် ဒါ ခိုးတာဘဲပေါ့။ တစ်ချို့ဆို hardwood အစား Inn
နဲ့တောင် ထည့်သုံးခဲ့ကြတယ်။ ဒီမှာက Thai ရယ်၊ China ရယ် Local ရယ်ဆိုပြီး လွတ်လပ်စွာ ဝယ်ယူအသုံးချခွင့် ရှိတော့ ပက်ပက်စက်စက်ကို လုပ်နေကြတာ။ အရင်ခေတ်တွေက ပိုဆိုးပေါ့။
(၃) Measurement ကို ခိုးခြင်း
အများအားဖြင့်တော့ အလွယ်တကူမြင်တွေ့လို့မရတဲ့ Foundation အပိုင်းတွေမှာ ခိုးတာများပါတယ်။ depth ကို လျှော့တူးတာ၊ Retaining wall တွေမှာ steps တွေ မထည့်တာတွေပေါ့။ Roads တွေမှာ လမ်းခင်းကျောက်ထု မပြည့်တာ၊ လမ်းအကျယ်တွေ လျော့တာတွေလည်း ဒီခိုးနည်းမှာ ပါတာပေါ့။
(၄) အပျောက်ရိုက်ခိုးခြင်း
ဒီခိုနည်းကို ဥပမာပေးဖို့ တော်တော်စဉ်းစားရတယ်။ ဘယ်မှာတွေ့လည်းဆိုတော့ ​လွန်ခဲ့တဲ့ ၂လလောက်က fb မှာ ကျောင်းဆောက်တာနဲ့ ပတ်သက်ပြီး tender အောင်လို့ လုပ်ခွင့်ရတဲ့ ကုမ္ပဏီက စာသင်ကျောင်းဆောက်ရာမှာ 9"x9" R.C.C plinth beam ထည့်ရမှာကို သံချောင်းမထည့်ဘဲ ထု 6" လောက်နဲ့ concrete လောင်းထားတယ်။ "ခိုးချင်တာလည်း ပြာလို့၊ အ,လိုက်တာလည်းချာလို့" ပြောရမလိုဖြစ်နေပြီ။ တကယ်ဆို သံချောင်းမထည့်မှတော့ 2" ထုနဲ့ D.P.C
ဘဲ လောင်းလိုက်ပေါ့။ သိတဲ့သူက စစ်လို့ပေါ်တော့ ရှက်စရာဖြစ်ရော။ 2" ထု D.P.C လောင်းထားလို့ စစ်တဲ့သူလာရင် အင်ဂျင်နီယာကို လွှဲချလို့ရတာပေါ့။
ကုမ္ပဏီပိုင်ရှင်တွေအတွက် အင်ဂျင်နီယာတွေရဲ့ အသုံးဝင်ပုံ တစ်ခုပေါ့။ ဒီနည်းကတော့ ခပ်တည်တည်နဲ့ သုံးရမယ့်ပစ္စည်းကို လုံးဝထည့်မသုံးလို့ အပျောက်ရိုက်ခိုးခြင်းမည်ကြောင်း ဂဏှာဟိ မှတ်လေလော့။
(၅) Rate ကို ခိုခြင်း
ဒီခိုးနည်းကိုတော့ Local Rate ဆိုတဲ့ ဒေသပေါက်ဈေးနှုန်းအပေါ်မှီပြီး ခိုးတာပါ။ လက်တွေ့သိချင်ရင်တော့ မိမိတို့မြို့က အတည်ပြု ထုတ်ပေးထားတဲ့ ဒေသပေါက်ဈေးနှုန်းစာအုပ်ထဲက
ဆောက်လုပ်ရေးပစ္စည်းဈေးနှုန်းတွေနဲ့ အပြင် ကုန်မာဆိုင်တွေက ရောင်းတဲ့ ဈေးနှုန်းတွေကို သုတေသနလုပ်ကြည့်ကြပါ။ ဘယ်မြို့မှာမဆိုပေါ့။
ဒီလောက်ဆို ပြည့်စုံသလောက်ရှိပါပြီ။ ဒါကိုဖတ်ပြီး ကုမ္ပဏီတွေနဲ့ တစ်ချို့ အင်ဂျင်နီယာတွေက အကျွန်ုပ်ကို မေတ္တာတွေ ပို့ကြရော့မယ်။ ကိစ္စမရှိပါဘူး။ ဆဲချင်လည်း ဆဲလို့ရပါတယ်။ ကျွန်တော် အထက်မှာပြောခဲ့သလိုဘဲ။ အင်ဂျင်နီယာပညာဆိုတာ လူတိုင်းသင်ယူခွင့် မရကြပါဘူး။ နောက်ပြီး အင်ဂျင်နီယာဖြစ်ရတာလည်း ဂုဏ်ယူစရာတစ်ခုပါ။
ဒါပေမယ့် ခိုးစားရတယ်ဆိုတာကတော့ ပညာတတ်တွေရဲ့ အလုပ်မဟုတ်သလို ဂုဏ်ယူစရာနဲ့လည်း လုံးဝ ဆန့်ကျင်ဖက်ကြီးပါ။
ခိုးတယ်ဆိုမှတော့ အဒိန္နဒါနကံ မြောက်နေပါပြီ။
ဒါကို မသိလို့လုပ်နေတာလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ သိသိကြီးနဲ့ လုပ်နေကြတာပါ။ ဘာသာတရားနဲ့ပြောရင်လည်း ဗုဒ္ဓဘာသာနိုင်ငံဖြစ်ပြီး အခြေခံ ၅ ပါးသီလမှ လုံခြုံအောင် မစောင့်ထိန်းနိုင်တဲ့လူမျိုးတွေပါလားဆိုပြီး ရှက်ဖို့လည်း ကောင်းပါတယ်။ နောက်ပြီး နိုင်ငံတစ်ခုကို တိုးတက်အောင် တည်ဆောက်ရာမှာ စာရိတ္တမဏ္ဍိုင် မခိုင်ဘဲနဲ့ တည်ဆောက်လို့မရပါ။ လူမျိုးတစ်မျိုးရဲ့ စာရိတ္တမဏ္ဍိုင်ဟာ အဆောက်အဦတစ်ခုရဲ့ အုတ်မြစ် Foundation ပါ။ အားလုံးရဲ့အကြံဥာဏ်တွေနဲ့ စုပေါင်းပြီး လက်ရှိ ဖြစ်ပျက်နေတာတွေကို ပြုပြင်ဖို့ လိုနေပါပြီ။
ဒီလိုပြောတော့ မင်းက ဝန်ထမ်းကထွက်ပြီး သောက်ကြီးသောက်ကျယ်ပြောတယ် ထင်ချင် ထင်ကြမယ်။ ကြိုက်သလို ထင်နိုင်ပါတယ်။ ကျွန်တော် ဝန်ထမ်းဘဝကတင် ထွက်ခဲ့တာမဟုတ်ပါ။ နောက်ဘဝတွေမှာ သီလမလုံလို့၊ အဒိန္နဒါနကံကြောင့် ဖြစ်မယ့်၊ ခံရမယ့် အပါယ်​​ဘုံဘဝတွေကနေကို လွတ်ဖို့ဆိုပြီး တတ်နိုင်သလောက် ရှောင်ထွက်ခြင်းပါ။ ကျွန်တော့်အဖိုးတွေနဲ့ ကျွန်တော့်အဖေဟာ ဘာသာရေးလိုက်စားသူတွေပါ။ ကျွန်တော် အလုပ်ထွက်စာတင်ပြီးတာနဲ့ ရွာက ကျွန်တော့်အဖေဆီ စာတစ်စောင်ရေးပို့ပါတယ်။
ကျွန်တော်အလုပ်ထွက်ရခြင်းကို ကျွန်တော့အဖေ နားလည်စေဖို့ပါ။ အဓိကအကြောင်းပြတာကတော့ ကျွန်တော် အင်ဂျင်နီယာလုပ်ပြီး ပြည်သူ့ဘဏ္ဍာကို မခိုးချင်တော့ကြောင်း၊ လုပ်တာတမျိုး၊ စာရင်းပြတော့တစ်မျိုးဆိုတော့ မုသာဝါဒကံပါ ချိုးဖောက်နေသလိုဖြစ်လို့ အလုပ်ထွက်လိုက်တာဖြစ်ပါကြောင်း၊ ဒီလိုမခိုး၊မလိမ်ညာဘဲ ဘဝကိုရပ်တည်လို့ရမယ်လို့ ယုံကြည်ကြောင်းတွေ ရေးလိုက်တာပါ။ အဖေလည်း ကျေနပ်မှာပါလေ။
2009 ခုနစ် ရန်ကုန်မှာ ကျွန်တော့်ကို Staad. Pro သင်ပေးတဲ့ ဆရာမလေးက သူ့အကြောင်းကို ပြောပြပါတယ်။ ကျနော့်ထက် အသက် ၁၀ နှစ်လောက် ငယ်ပါတယ်။ သူ့အဖိုး၊ သူ့အဖေလည်း အင်ဂျင်နီယာတွေဖြစ်ကြောင်း။ ဆည်မြောင်းနဲ့ ဆောက်လုပ်ရေးဌာနတွေမှာ ဝန်ထမ်းတွေ လုပ်ခဲ့ကြပြီး သူ့ကိုတော့ ဝန်ထမ်းမလုပ်ခိုင်းလို့ အခုလို ရန်ကုန်မှာလာပြီး အချိန်ပိုင်း သင်တန်းဆရာ
လုပ်နေကြောင်းပြောပါတယ်။ သူဘာကိုဆိုလိုတယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။ အဲဒီ 2009 က ကျွန်တော် ဝန်ထမ်းက ထွက်တဲ့နှစ်ပါ။ အခု ကျွန်တော် အပြင်က ပုဂ္ဂလိက အဆောက်အဦးတွေ လိုက်ဆောက်းပေးတယ်။ ကြိုက်ရောင်း၊ ကြိုက်ဝယ်ဘဲ။ ဘာမှ ခိုးစရာ၊ လိမ်စရာ မရှိတော့ဘူး။ ဘယ်သူ့မှ မပေးချင်ပေးချင်နဲ့ ပေးရတဲ့ percentage တွေလည်း မရှိဘူး။ ရှင်းတယ်။ ဘဝဆိုတာ အရှုပ်ထဲမှာ ရှင်းအောင်နေတတ်ရမယ်လို့ မဟာမြိုင်ဆရာတော် ရေးတဲ့ စာအုပ်မှာ ဖတ်ဖူးပါတယ်။
စာဖတ်ပေးသူအားလုံးကို ကျေးဇူးအထူးတင်ပါတယ်ဗျာ။ များများလည်း share ပေးကြပါ။ မျိုးဆက်သစ်တွေအတွက်ပေါ့။
အိပ်မက်လှလှလေးတွေ မက်ပါစေ။
Crd. .M Swe Fone
Credit # Sayar Kaung
Photo # Facebook
Saturday, November 25, 2017
ဂျပန်ဆိုတိုင်း အထင်မကြီးကြနဲ့ - ကရင်ပြည်နယ်မှာ တည်ဆောက်မဲ့ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ
ဂျပန်ဆိုတိုင်း အထင်မကြီးကြနဲ့
ကရင်ပြည်နယ်မှာ တည်ဆောက်မဲ့ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံနဲ့ ပတ်သက်ပြီး ဒေသခံတွေကို ဂျပန်နိုင်ငံက Clean coal စက်ရုံတွေကို လေ့လာရေးခရီးစဉ်လွှတ်ခဲ့တယ် ၊နောက်ထပ်လဲ လွှတ်ဖို့ ဂျပန်အစိုးရနဲ့ ကုမ္ပဏီက စီစဉ်နေတယ်သိရပါတယ်
ဒီကိစ္စနဲ့ ပတ်သက်ပြီး Mekong Watch (Hozue/Friends of the Earth Japan) ကပေးပို့ထားတဲ့ ဂျပန် နိုင်ငံတွင်းက စက်ရုံမှာ အသုံးပြုတဲ့ pollution control technology ညစ်ညမ်းမှုထိမ်းချုပ်တဲ့ နည်းပညာနဲ့ ဂျပန်နိုင်ငံပြင်ပစီမံကိန်းတွေမှာ ဂျပန်ကအသုံးပြုနေတဲ့/ အသုံးပြုမဲ့ နည်းပညာကို သုတေသနပြုလုပ်ပြီး နှိုင်းယှဉ်ပြထားတဲ့ ဇယားကို လေ့လာဖို့ မျှဝေလိုက်ပါတယ်။
ဒီဇယားမှာ TTCL ကုမ္ပဏီက ဆောက်ဖို့ အဆိုပြုထားတဲ့ စီမံကိန်း ၂ ခုထဲက မွန်ပြည်နယ်က အံဒင် စီမံကိန်းပါပါတယ်။
ဇယားပါ အဓိကအချက်တွေက အောက်ပါအတိုင်း ဖြစ်ပါတယ်
# ဂျပန်အစိုးရက ပံ့ပိုးတဲ့ ဂျပန်နိုင်ငံအပြင်က ပြည်ပနိုင်ငံတွေမှာ ဆောက်တဲ့ ကျောက်မီးသွေးစက်ရုံတွေရဲ့ ဆာလဖာဒိုင်အောက်ဆိုဒ် အဆိပ်မှုံများထုတ်လွှတ်မှုဟာ ဂျပန်ပြည်တွင်းက စက်ရုံတွေထက် အဆပေါင်း ၂၅ ဆ များပါတယ်။
ဥပမာအားဖြင့် ဂျပန်နိုင်ငံ အိုင်ဆိုဂို စက်ရုံ ၂ ခုရဲ့ဆာလဖာဒိုင်အောက်ဆိုဒ် အဆိပ်မှုံထုတ်လွှတ်မှုပမာဏကို အမှုံတသန်းမှာ ၁၀ ပိုင်းသာပါပြီး ဂျပန်ကပံ့ပိုးတဲ့ ဖိလစ်ပိုင်နိုင်ငံ မင်ဒါနာအိုစက်ရုံရဲ့ထုတ်လွှတ်မှုက အမှုံတသန်းမှာ ၁၂၅ ပိုင်းပါပါတယ်။
# နိုင်ထရိုဂျင်အဆိပ်မှုံ ထိထိရောက်ရောက် လျော့ကျဖို့ ဂျပန်နိုင်ငံက စက်ရုံမှာ selective catalytic reduction (SCR) နည်းပညာလုပ်ငန်းစဉ်ကို အသုံးပြုသော်လည်း ဂျပန်နိုင်ငံပြင်ပ စက်ရုံတွေမှာ ထိရောက်မှုအားနည်းတဲ့ Low Nitrogen oxide Burners (LNB) ကိုသာ အသုံးပြုပါတယ်။
၂၀၀၂ ကစတင်လည်ပတ်တဲ့ ဂျပန်နိုင်ငံ ဟီကီနန် ၅ စက်ရုံမှာ နိုက်ထရိုဂျင်အောက်ဆိုဒ် အဆိပ်မှုံထုတ်လွှတ်မှုကို အမှုံတသန်းမှာ ၁၅ ပိုင်းသာ ထုတ်လွှတ်ဖို့ သတ်မှတ်ထားပါတယ်။
သိုသော် ၂၀၁၃ မှာမှ စတင်လည်ပတ်တဲ့ ဂျပန်နိုင်ငံက ငွေကြေးပံ့ပိုးထားတဲ့ ဗီယက်နမ်နိုင်ငံက ဟိုင်ဖောင် ၂ စက်ရုံရဲ့ မှာ နိုက်ထရိုဂျင်အောက်ဆိုဒ် အဆိပ်မှုံထုတ်လွှတ်မှုဟာ အမှုံတသန်းမှာ ၄၃၅ ပိုင်း တနည်းအားဖြင့် ဂျပန်နိုင်ငံထဲမှာရှိတဲ့ ၂၀၀၂ ကတည်းက စက်ရုံရဲ့ ထုတ်လွှတ်မှုထက် ၂၉ ဆ များနေတာတွေ့ရပါတယ်။
ဂျပန်နိုင်ငံ ဟီကီနန် ၅ စက်ရုံမှာ particulate matter ညစ်ညမ်းမှုံများထုတ်လွှတ်မှုကို သာမာန်တစ်ကုဗမီတာမှာ ၅ မီလီဂရမ်သာ ခွင့်ပြုထားပြီး ဗီယက်နမ်နိုင်ငံက ဟိုင်ဖောင် ၂ စက်ရုံမှာတော့ ၂၀၀ မီလီဂရမ် တနည်းအားဖြင့် ဂျပန်စက်ရုံရဲ့ အဆ ၄၀ ခွင့်ပြုထားတာတွေ့ရပါတယ်။
ဒီသုတေသနတွေရှိချက်တွေကို ကြည့်ရင် ဂျပန်နိုင်ငံရဲ့ အဆင့်မြင့်နည်းပညာတွေဟာ ကုန်ကျစားရိတ်မြင့်မားတဲ့အတွက် ပြည်ပနိုင်ငံတွေ မသုံးတာ သို့မဟုတ် မသုံးနိုင်တာကို တွေ့ရပါတယ်။
ဒါကြောင့်မို့ ဂျပန်အစိုးရနဲ့ ကုမ္ပဏီတွေဟာ ကရင်ပြည်နယ်ဒေသခံတွေကို ဂျပန်နိုင်ငံထဲမှာရှိနေတဲ့ ကျောက်မီးသွေးစက်ရုံတွေကိုပဲမပြပဲ ဂျပန်နိုင်ငံပြင်ပ အခြားနိုင်ငံတွေမှာ ဂျပန်ကရင်းနှီးမြှုတ်နှံထားတဲ့ ကျောက်မီးသွေးစက်ရုံတွေကို ပြသင့်ပါတယ်။
ဂျပန်နိုင်ငံက ပြည်ပနိုင်ငံတွေမှာ အဆင့်နိမ့်နည်းပညာပဲ သုံးတဲ့အကြောင်းနဲ့ အဲဒီအတွက် ထိခိုက်မှု အထောက်အထားတွေရှိကြောင်းကို ဂျပန်က ၁၀၀ % ပံ့ပိုးထားတဲ့ အင်ဒိုနီးရှား နိုင်ငံ ဂျပ်ပရာ ၂ ၊ တန်ဂျွန်း ဂျတီ ( ဘီ ) စက်ရုံ ၃ နဲ့ ၄ ကြောင့်ထိခိုက်မှုတွေကို မှတ်တမ်းပြုစုထားတဲ့ ပူးတွဲပါ ပုံတွေကို ကြည့်လို့ရပါတယ်။
ပူးတွဲပါ ဇယားကိုကြည့်ရင် မွန်ပြည်နယ် အံဒင်အတွက် အဆိုပြုထားတဲ့ နည်းပညာဟာ အင်ဒိုနီးရှား နိုင်ငံ ဂျပ်ပရာ ၂ စက်ရုံရဲ့ နည်းပညာနဲ့အတူတူ သို့မဟုတ် သူ့ထက်နိမ့်တာတွေ့ရပါတယ်။
အဲဒီအတွက် TTCL က မွန်နဲ့ ကရင်ပြည်နယ်တွေမှာ လုပ်မဲ့ စက်ရုံတွေဟာ အင်ဒိုနီးရှား နိုင်ငံ ဂျပ်ပရာ ၂ စက်ရုံကြောင့်ဖြစ်တဲ့ ဆိုးကျိုးတွေအတိုင်းဖြစ်မယ် သို့မဟုတ် ပိုဆိုးနိုင်မယ် ဆိုတာကို ဖော်ပြနေပါတယ်။
# ညစ်ညမ်းမှုထိမ်းသိမ်းရေးနဲ့ ပတ်သက်ပြီး ဂျပန်အစိုးရ / ကုမ္ပဏီ / အင်ဂျင်နီယာများဟာ ဘယ်နည်းပညာကို သုံးမယ်ဆိုတာ ဒေသခံနိုင်ငံရဲ့ သတ်မှတ်ထားတဲ့ စံနှုန်းကိုပဲ အခြေခံဆုံးဖြတ်ပါတယ်။
မွန်ပြည်နယ်မှာ ဆောက်ဖို့ ရည်ရွယ်ထားတဲ့ စက်ရုံအတွက် ဖြစ်နိုင်ချေ အကြို စမ်းစစ်ချက်အစီရင်ခံစာ စာမျက်နှာ ၅၁ မှာ clean coal နည်းပညာကောင်းကြောင်းတွေ ဂုဏ်ယူစွာ ပြောထားပါတယ်။
ဒါပေမဲ့ စာမျက်နှာ ၅၅ မှာ မြန်မာနိုင်ငံအတွက်မှာတော့ ပြည်တွင်းဥပဒေများနဲ့ သဘာဝပတ်ဝန်းကျင်သက်ရောက်မှုများနဲ့ ပတ်သက်ပြီး လေ့လာတွေ့ရှိချက်တွေအပေါ် အခြေခံပြီး လိုက်နာရမဲ့ စံတွေ သတ်မှတ်မယ် ဆိုပါတယ်။
အဲဒီအတွက် " ဂျပန်ပြည်တွင်းမှာ သုံးတဲ့အဆင့်မြင့်နည်းပညာတွေ စံသတ်မှတ်ချက်တွေကို ဂျပန်နိုင်ငံပြင်ပမှာ ဆောက်မဲ့ စက်ရုံတွေအတွက် အသုံးပြုဖို့ မရှိတာတွေ့ရပါတယ် ။"
မွန်ပြည်နယ်မှာ ဆောက်ဖို့ ရည်ရွယ်ထားတဲ့ စက်ရုံအတွက် ဖြစ်နိုင်ချေ အကြို စမ်းစစ်ချက်အစီရင်ခံစာ link ပါ။
http://www.meti.go.jp/meti_lib/report/2015fy/000290.pdf
# JBIC ရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လမ်းညွုန်ချက်မှာ သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံရဲ့ စံတွေကို နိုင်ငံတကာ သတ်မှတ်စံနှုန်းတွေ ကောင်းမွန်တဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ညီအောင် ဆောင်ရွက်ပေးရမယ် ဆိုပါတယ်။ ( တနည်းအားဖြင့် လက်တွေ့မှာ အဆင့်နိမ့်တဲ့ သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံရဲ့ စံတွေကိုသာ အသုံးပြုပြီး နိုင်ငံတကာစံတွေနဲ့ ညီအောင်မလုပ်နေတဲ့အတွက် JBIC ရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လမ်းညွုန်ချက်တွေကို ချိုးဖောက်နေတာကို တွေ့ရပါတယ်။
# Dirty Coal report http://www.kikonet.org/…/upl…/2015/04/Dirty-Coal-JBIC_EN.pdf သုတေသနတွေ့ရှိချက်များအရ နည်းပညာအဆင့်အတန်းကို ကြည့်မယ်ဆိုရင် ဂျပန်ရဲ့ နည်းပညာတွေက တရုတ်နည်းပညာနဲ့ ကွာခြားမှုမရှိပဲ ဂျပန်ရဲနည်းပညာက ကမ္ဘာအဆင့်နဲ့ နှိုင်းစာရင် ပျမ်းမျှအောက် လျော့နေတာ တွေ့ရပါတယ်။
အနှစ်ချုပ်ရရင်တော့
ဂျပန်အစိုးရနဲ့ ကုမ္ပဏီအနေနဲ့ မြန်မာအစိုးရ နဲ့ ဒေသခံတွေကို လေ့လာရေးပို့မယ်ဆိုရင် အင်ဒိုနီးရှား ဖိလစ်ပိုင်နဲ့ ဗီယက်နမ်က ဂျပန်ပံ့ပိုးမှုနဲ့ ဆောက်ထားတဲ့ စက်ရုံတွေကို လေ့လာဖို့ စီစဉ်ပေးသင့်ပါတယ်
လေ့လာရေးခရီးစဉ်မှာ
- စက်ရုံတွေမှာ အမှန်တကယ် အသုံးပြုတဲ့ နည်းပညာတွေ
- စက်ရုံကြောင့် ဒေသတဝိုက်အပေါ် အမှန်တကယ် သက်ရောက်မှုတွေ
- ပမာဏကြီးမားတဲ့ ကျောက်မီးသွေးများကို နှစ်ပေါင်းများစွာ သယ်ယူ / သိုလှောင် / စွန့်ပစ်တာ တွေရဲ့ သက်ရောက်မှုတွေ
ဥပမာ ၁၂၈၀ MW အတွက် တနှစ်ကို ကျောက်မီးသွေး တန် ၄ သန်းပြည်ပက တင်သွင်းပြီး ကရင်ပြည်နယ်ကို ပို့ဆောင်ရမှာပါ။ နှစ် ၄၀ ဆို တန် သန်း ၁၆၀ ရှိပါမယ်။ ဒီပမာဏကို ဘယ်က ဝယ်မလဲ ၊ ဘယ်လိုသယ်မလဲ၊ ဘယ်လို သိုလှောင်မလဲ၊ တန်သန်း၁၆၀ ကထွက်လာတဲ့ စွန့်ပစ်ပြာတွေ ဘယ်နေရာမှာ ဘယ်လို့ စွန့်မလဲ၊ ဘယ်သူတွေက စောင့်ကြည့် ကြီးကြပ်ထိမ်းသိမ်းမလဲ စတာတွေ။
- စက်ရုံအတွက် ရေချိုဂါလံ သန်းပေါင်းများစွာသုံးစွဲတဲ့အတွက် ရေအရင်းအမြစ်အပေါ်သက်ရောက်မှုတွေ
ဥပမာ ကျောက်မီးသွေးတတန်အတွက် ရေချိုဘယ်လောက်သုံးမလဲ ၊ တနှစ် တန် ၄ သန်း နှစ်ပေါင်း ၄၀ တန် သန်း ၁၆၀ အတွက် ရေချို ဘယ်လောက်ကုန်မလဲ၊ ဘယ်ကရမလဲ ။ ဒေသခံတွေအတွက် သောက်ရေ သုံးရေ စိုက်ပျိုးရေး မွေးမြူရေးအတွက် နှစ် ၄၀ ရေချိုလုံလောက်အောင် ဘာစဉ်းစားစီမံထားလဲ
စတာတွေကို အစိုးရရော ဒေသခံပါ လေ့လာဖို့ စီစဉ်သင့်ကြောင်း အကြံပြုလိုပါတယ်။
Dr. Kyaw Thu
Credit to Dr. Kyaw Thu
Kyaw Wunna တကယ်ပါပဲဒီအချက်အလက်တွေကခိုင်မာသလား။ဒီလိုဆန်းစစ်လေ့လာနိုင်ဘို့ဆိုင်ရင်ကိုယ့်ဘက်ဗဟုသုတရှိရမယ်။နို့မဟုတ်ရင်သူများပါးစပ်ဘဝဆုံးမယ်။ကိုယ့်တိုင်းပြည်ဖွံ့ဖြိုးဖို့လျှပ်စစ်လိုပါတယ်။ဒါကိုဘယ်ကနေထုတ်ယူမလဲ၊အနည်းနဲ့အများတော့ပတ်ဝန်းကျင်ထိခိုက်ပါတယ်။
Manage
Thaung Dan သယ်ရင်းရေ
Saw Myint Zaw Oo
Manage
Thaung Dan ဖတ်ပေးပါ...
Ko Kyaw Swar Myint
Manage
Kyaw Swar Myint DrAung Myint Maw Maw အကို ကြီး ​ရေ ​ဝေ ဖန်​ ​ပေး ပါ အုံး ။
Manage
Shwe Htee သူများနိုင်ငံတွေတိုးတာ အားကျလိုရတယ် အထင်ကြီးစရာမလို့ပါဘူး အထင်ကြီးတယ်ဆိုတာ ကို့ဦးနှောက်ကို ကျွန်ခံချင်စိတ်ဖြစ်အောင်လုပ်နေတာပါ၊ 
အားကျတယ်ဆိုတာ ကိုယ်တွေလဲသူတို့လို ဖြစ်ချင်တာတော့ မိမိကိုယ်တိုင်ဖြစ်လာအောင် ဦးနှောက်ကို ကျိုးစေအောင် နိုးဆော်ပေးတာပါ။
Manage
ဦး ဇော် မင်း 24 နာရီ လျှပ်စစ်မီး မရသမျှတော့ မြန်မာပြည် ဘယ်တော့ မှ မတိုးတက်နီုင်ပါဘူး ။ အကောင်းနဲ့ အဆိုးကတော့ ဒွန်တွဲ နေမှာပါဘဲ ....
Reply
November 23 at 7:28pmEdited
Manage
Ar Mann တချို့ လူတွေကမြန်မာပြည်တိုးတက်မှုကို
မရှုစိမ့်နိုင်သလိုဘဲဗျာ
Manage
Naing Win Phaunggyi National Guide Line air pollution control နဲ့
international air pollution control data ​တွေပါ တပါတည်း ​ဖေါ်ပြသင့်​ပါတယ်​၊ ဒါမှ နှိုင်းယှဉ်​နိုင်​မှာပါ
Reply
1
Yesterday at 7:56am
Manage
Aung Kyawoo မလုပ်သေးတဲ့ကျောက်မီးသွေးအန္တရယ်ထက် ဘယ်ပုဂ္ဂိုလ်ကြီးတွေရဲ့စီးပွားမို့မကန့်သတ်နိုင်ဘဲဖေါခြင်းသောခြင်းဖြစ်နေတဲ့စည်းကမ်း ကန့်သတ်မှုနဲ့ထိထိရောက်ရောက်အရေးယူမှုမရှိတဲ့အောက်ကစည်းကမ်းမဲ့သောက်နေကြတဲ့ဆေးလိပ်ငွေ့တွေကြောင့် အများပြည်သူလတ်တလောထိခိုက်နေကြတာမီးလောင်ပေါက်ကွဲအန္တရယ်တွေအတွက် ကိုလဲအရင်ဆုံး ဆောင်ရွက်ပေးသင့်ပါတယ်။
Reply
5
Yesterday at 8:07am
Manage
Thoung Win လမ်းပန်းဆက်သွယ်ရေးကောင်းဘို့  လျှပ်စစ်မီး သုးံနိုင်မှ စီးပွားရေးပညာရေးကျန်းမာရေး တိုးတက်မှာပါ
Reply
1
Yesterday at 8:37am
Manage
Aye A Kyi လူတွေကျန်းမာရေးထိခိုက်မှာကအဓိကဖြစ်မှာပါ။မြန်မာည်ြကစံချိန်စံညွှန်းတွေကဘာမှတင်းတင်းကြပ်ကြပ်မရှိပါ။
Reply
1
Yesterday at 8:40am
Manage
Saw Myintaung sulphur 10 ppm ထက် ပို ထုတ် တဲ့ ကား တွေ ယဉ် တွေ အရင် ရမ် လိုက် ပါ
Reply
2
Yesterday at 9:07am
Manage
Htay Aung ကိုယ့်​ဖင်​ကိုယ်​ပြန်​ကြည့်​ကြ၊ဖင်​​ခေါင်းကျယ်​ချင်​ရင်​ အရင်​အနာခံချဲ့ ရတယ်​ အလိုလို​နေရင်းကျယ်​ချင်​ရင်​​တော့ ချီးတုန်းကြီး​အောင်​အရင်​ကျုးစားကြ။
Reply
1
Yesterday at 9:15am
Manage
ဇွဲ ညီ ဂျပန် နိုင်ငံ ပြင်ပက ကျောက်မီးသွေး စက်ရုံတွေကြောင့် ဖိလစ်ပိုင် ၊အင်ဒို၊ ဗီယက်နမ်၊ ထိုင်း စသဖြင့် နိုင်ငံတွေကလူတွေ သေမတက်ခံစားနေရပါပြီလား?
ကျောက်မီးသွေးပြာကို ဘိလပ်မြေ နှင့် အပေါ့စား အုတ် လုပ်ငန်းမှာ အသုံးပြုတာလောက် သိရင်ပဲ ပို့စ်တင်သူဟာ နည်းပညာနှင့် အလှမ်းကွာသူလို့မဆိုနိုင်ပါ၊အခုများမှာတော့ဖြင့်...
Reply
2
Yesterday at 10:12am
Manage
Kyaw Naing အရိုး များ
ချီးခါး
မှောင်ထဲနေ
Reply
2
Yesterday at 10:41am
Manage
Tint Lwin ကျနော်သိသလောက် အချက်အလက်မှန်ပါတယ် ဒါပေမဲ့ regulation က လူနေထူထပ်ရင် pollution spec မြင့်တယ် ဂျပန်နဲ့ ကျန်တဲ့ ASEAN population density မတူဘူး ဒါကြောင့် spec မတူတာပါ နိုင်ငံ regulation နဲ့ဆိုင်ပါတယ် ဒါကြောင့် အခုပြောတဲ့ population density ကြောင့် emission spec ကွာတာမရေးပဲ ဒီ report ကိုပဲ မီးမောင်းထိုးပြီး ဂျပန်နည်းပညာကို ဂျပန်ဆိုတိုင်းမယုံနဲ့လို့ ကောက်ချက်ချမရေးစေချင်ဘူး
Reply
5
Yesterday at 11:09am
Manage
Tin Latt သူတို့ဖာသာ ကရင်တိုင်းရင်းသားတွေ KNU ပြည်နယ်အစိုးရ ဒေသခံ တွေ ညီညွတ်ပူးပေါင်း လို့ ပြည်နယ်တိုးတက်ရေးအတွက် မှန်ကန်သော စံနစ်နဲ့ တိုးတက်သောနိုင်ငံများပါတည်ဆောက်သုံးပြီးလျပ်စစ်ဓာတ်အားရအောင် Ultra super critical heat coal fire power စက်ရုံ ဆောက်ဖို့လုပ်နေတာ
ဘာမှနားမလည် သောပြင်ညား ယှင် တွေက ဖျက်လိုဖျက်စီး အဲဒီဒေသကလူတွေ အောက်ကျနောက်ကျ မတိုးတက်စေလိုသော သူများအကျိုးဖျက်စီးလိုသော အကုသိုလ်စိတ်ဓာတ်က အံမခန်း ပါလား...
Reply
7
Yesterday at 11:32am
Manage
Yu Maung Swe မြန်မာ့နည်းမြန်မာ့ဟန်မြန်မာ့မူဝါဒတွေအဖြစ်မြန်မာမှုသာမပြုနဲ့၊ သူ့နည်းပညာနဲ့စံနှုန်းအတိုင်းသာလုပ်ပါ၊အားလုံးအဆင်ပြေပါတယ်။
Reply
1
23 hrs
Manage
Reply
1
22 hrs
Manage
Myo Kyaw San ​ကျောက်​ မီး ​သွေး ကို 
ကျောက်​ ​ခေတ်​ မှာ ​နေ ရ သ လို ဖြစ်​ ​နေ ဦး မှာ၊
Reply
2
18 hrs
Manage
Hla Thaung ထိုင်းနိုင်ငံ Lampang မြို့အနီးတည်ဆောက်ဆဲတည်ဆောက်ပြီးMaemoh ကျောက်မီးသွေးဓာတ်အားပေးစက်ရုံကိုသွားလေ့လာပါ။နယ်စပ်ကကုန်းလမ်းအတိုင်းသွားပါ။၁၉၅၆ခန့်ကတည်းကဆောက်ပြီးလည်ပတ်နေတာ။ ယခုအစားထိုးစက် 800 MW တည်နေတာပြီးတော့မယ်။တကယ်ထိခိုက်သလားသန့်သန့်ရှင်းရှင်းဘဲလားဆိုတာတွေ့လိမ့်မယ်။ကရင်ပြည်နယ်ကသွားရင်နေ့ချင်းပြန်သွားလို့ရတယ်။သူတို့နည်းကိုကြိုက်ရင်အဲဒီအတိုင်းတောင်းဆိုပါ။သူတို့အဆိုပြုချက်ကိုသက်ဆိုင်ရာဝန်ကြီးဌာနကအသေးစိတ်စိစစ်လေ့လာဝေဖန်ပါ။မတတ်ရင်နိုင်ငံတကာအတိုင်ပင်ခံကုမ္ပဏီငှားပါ။ ရင်းနှီးမည့်သူကိုတောင်းဆိုပါ။ ဒါဆိုအမြင်ရှင်းပြီးအလုပ်ဖြစ်ကြပါမယ်။လျှပ်စစ်မီးရစေချင်တဲ့စိတ်နဲ့ဝိုင်းဝန်းလုပ်ဘို့ဘဲလိုတယ်
Reply
1
8 hrs
Manage
Hla Thaung ဒီစီမံကိန်းဖြစ်စေချင်တဲ့စိတ်နဲ့ဒီလိုမေးခွန်းတွေမေးလို့သက်ဆိုင်ရာကတိတိကျကျဖြေပေးပြီးလူထုမစိုးရိမ်အောင်ပြည့်ပြည့်စုံစုံလုပ်ပေးရင်ကောင်းပါတယ်။ စီမံကိန်းဖျက်ဘို့ရည်ရွယ်ချက်နဲ့တော့မလုပ်စေချင်ပါ။ခေါင်းစဉ်ပေးပုံကအပျက်ဘက်ကိုဇောင်းပေးနေသလိုဘဲ။နိုင်ငံသားတိုင်းနိုင်ငံဖွံ့ဖြိုးဘို့ကျရာနေရာကပြောဆိုရေးသားလုပ်ကိုင်သင့်ပါတယ်။ကျန်းမာရေးအဆင့်ကိုကမ္ဘာ့နံပါတ်၁ဖြစ်အောင်အကောင်းဆုံး စံညွှန်းတွေလိုချင်နေတာကိုမိမိလူနေမှုအဆင့်စီးပွားရေးပညာရေး အလုပ်အကိုင်လုပ်ခလစာမီးမရရေမရလေကောင်းမရအမှိုက်တွေပေါမိလ္လာကျင်းတွေပေါက်ကြားမှာနေထင်းမီးမီးသွေးမီးနဲ့ချက်ပြုတ်တောတွေခုတ်မိုးတွေခေါင်ရေတွေကြီးနေတဲ့အခြေအနေဆိုးကြီးကိုလဲမေ့မထားလိုက်ပါနဲ့ဦး။အဖျက်သမားတွေအလိုကျမကလိုက်ကြပါနဲ့။
KyawThu Minn ကိုယ်မပိုင်တဲ့ဘာသာရပ်မို့ ကောင်းသည်/ဆိုးသည် မပြောတတ်ပေမယ့် (ဒီပို့စ်အရ) ဂျပန်ရဲ့ပြည်တွင်းသုံး နည်းပညာအတိုင်း တည်ထားတဲ့စက်ရုံနဲ့ ပြည်ပကစက်ရုံတွေ ကောင်းကျိုး ဆိုးပြစ် ဘယ်လိုရှိမလဲ?
နည်းပညာတွေ စက္ကန့်နဲ့အမျှ တိုးတက်နေတဲ့ခေတ်ကြီးမှာ ကျောက်မီးသွေးစက်ရုံက အ
...See More
Reply
1
Yesterday at 7:31am
Remove
Tint Lwin ကျနော်သိသလောက် အချက်အလက်မှန်ပါတယ် တင်ပြပုံမမှန်ပါ လူနေထူထပ်ရင် pollution spec မြင့်တယ် ဂျပန်နဲ့ ကျန်တဲ့ ASEAN population density မတူဘူး ဒါကြောင့် spec မတူတာပါ နိုင်ငံ regulation နဲ့ဆိုင်ပါတယ်
Reply
8
Yesterday at 8:14am
Remove
Htet Aung ကျွန်တော်တို့နိုင်ငံသားတွေကအလုပ်တစ်ခုကိုပြီးစလွယ်လုပ်ကြတာများတယ် တည်ဆောက်ရေးမှာဂရုစိုက်စေချင်တယ် SOW အတိုင်းလုပ်နိုင်ရင် ဂျပန် standard အတိုင်းရနိုင်ပါတယ်
Remove
Aung Than Kyi Once the country becomes rich, then we follow Japan specifications. At present let develop our country first and fast - electricity, roads, bridges, farms, factories, offices, tourists etc. all are welcome. 👍
Reply
5
Yesterday at 1:28pm
Remove
Tint Lwin Good point. China did the same what you said.
Reply
4
Yesterday at 2:59pm
Remove
Aung Than Kyi Whoever promoting Japan or EU or developed countries standards and specifications, I think they are not hungry people. We need all facilities for country development and make poor people to prosper.
Reply
2
8 hrs
Remove
Aung Than Kyi We should ask Dr Kyaw Thu who was an original writer, whether we are better than Indonesia or Philippines. He seems to look those two countries down because he does not accept their standards of coal-fire power plants.
Reply7 hrs
Remove
M Zaw Aung ဘာတတ်နိုင်မှာလဲ.. 
ပြည်သူ့လွှတ်တော်ကသဘောတူရင် အစိုးရက ဆက်လုပ်ပဲပေါ့နော်။ လျှစစ်ဝန်ကြီးဌာန ဘတ်ဂျတ်အမြောက်အများ ၂၄% သုံးစွဲနေတာ.. နောက်လဲ ဆက်သုံးဦးမယ်။ အမေစုလဲ အစွမ်းကုန်အောင် ဇီးသီးဗန်းကို ကာကွယ်မှာဖြစ်ပေမဲ့ .. QC Technology Management အားလုံး အားနည်းတဲ့ ကာလပါပဲ။ ဟင်းသီးဟင်းရွက်၊ သားငါး ရောင်းသူတွေလဲ ဆေးဖြန်းဆေးထိုးပြီး ရောင်းသလို.. ဆိုင်ကယ်ရောင်းတဲ့ဆိုင်တွေလဲ ဈေး၅၀% တင်ပြီး အတုတွေရောင်းတယ်၊ ကားရောင်းတဲ့လူတွေလဲ အလားတူပဲ၊ ဒေါ်လာသန်းချီတန်တဲ့ ဓါတ်အားပေးစက်တွေလဲ ..ဒီလိုပဲ နေမှာပါ။ စစ်စတမ် ပြင်ဖို့ ခက်ခဲနေဆဲပါပဲ။ မြန်မာအစိုးရကပဲ ဂျပန်တွေနဲ့ထိုင်းတွေကို ကြပ်ပေးရမှာ ..အခုတော့ ဘယ်လိုကြပ်ရမယ်လဲမသိတော့ စာချုပ်တွေကို လက်မှတ်ထိုးရုံပဲ ရှိမှာပေါ့..
ReplyJust now