Thursday, April 19, 2018

ဒေါ်အောင်ဆန်းစုကြည် မြောင်းမြမြို့ ဆွေးနွေးပြောကြားချက်များ


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြောင်းမြမြို့ ကြိုးတံတားကျိုးကျမှုကြောင့် ပြည်သူများ ကြုံတွေ့နေရသည့် အခြေအနေများ သွားရောက် ကြည့်ရှု စစ်ဆေး
နေပြည်တော် ဧပြီ ၁၀
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ ၊ ဒေါက်တာမြင့်ထွေး၊ ဦးသန့်စင်မောင်၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမင်းသူနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်း ဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ ဂုန်နီစက်ရုံ ရဟတ်ယာဉ်ကွင်းသို့ ရောက်ရှိရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့် ဒုတိယ၀န်ကြီးဦးကျော်လင်း ၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူ များက ကြိုဆိုနှုတ်ဆက်ကြသည်။

ရှေးဦးစွာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် နှင့် အစိုးရအဖွဲ့ဝင်များသည် မြောင်းမြမြို့ ဇေယျမေဒနီ စာသင်တိုက်၊ ပဓါနနာယက ဆရာတော် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာဂန္တ၀ါစက ပဏ္ဍိတ၊ အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တစန္ဒ၀ရ အား ဖူးမျှော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ဇေယျမေဒနီ စာသင်တိုက်သို့ မိခင်ဖြစ်သူ မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည် အိန္ဒိယနိုင်ငံ တွင် သံအမတ်အဖြစ် တာဝန်ထမ်းဆောင်စဉ် ၁၉၆၄ ခုနှစ်က ပေးပို့ လှူဒါန်းခဲ့သော အင်ကြင်းပင်ပွားနှင့် မဟာဗောဓိပင်ပွားအား ကြည့်ရှုပြီး မဟာဗောဓိ ညောင်ပင်ပွားကို အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် မြောင်းမြမြို့နယ် အမှတ်(၁) အခြေခံ ပညာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး ပညာရတနာခန်းမတွင် ဒေသခံပြည်သူများ နှင့် ငြိမ်းချမ်းရေးစကားဝိုင်း (PEACE TALK) အစီအစဉ်ကို ပါဝင် တက်ရောက် ဆွေးနွေးသည်။
ယင်းနောက် မြောင်းမြတံတား အသစ် တည်ဆာက်ရေးစီမံကိန်းသို့ ရောက်ရှိပြီး စီမံကိန်းရှင်းလင်း ဆောင်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်က မြောင်းမြကြိုးတံတားဟောင်း ပြတ်ကျပြီးနောက် ဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ လက်ရှိ လမ်းပန်းဆက်သွယ်ရေးအခြေအနေနှင့် ပြည်သူများ သွားလာမှု လွယ်ကူချောမွေ့စေရန် စီစဉ်ဆောင်ရွက်ပေးထားမှု အခြေအနေများကို ရှင်းလင်းတင်ပြ သည်။ ဆက်လက်၍ ဒုတိယ၀န်ကြီး ဦးကျော်လင်းက မြောင်းမြကြိုးတံတားအဟောင်း ပြန်လည် ဆယ်ယူမည့် အခြေအနေ၊ လက်ရှိ တည်ဆောက်လျက်ရှိသည့် တံတားအသစ်ကို အချိန်မီ ပြီးစီးအောင် တည်ဆောက် သွားမည့် အခြေအနေတို့ကို ရှင်းလင်း တင်ပြသည်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြည်သူများ သွားလာမှု လွယ်ကူချောမွေ့စေရန် ပို့ဆောင်ရေးဌာနပိုင် ဇက်ရေယာဉ်များဖြင့် ပို့ဆောင်ပေးနေမှု အခြေအနေများ ကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က လူ့အသက်တစ်ချောင်း တန်ဖိုး ဖြတ်မရ ဆိုသည့်အတိုင်း ဆုံးရှုံးနစ်နာရမှုမှာ တန်ဖိုးဖြတ်၍ မရနိုင်ကြောင်း၊ ကျိုးကျသွားသော ကြိုးတံတားဘေးတွင် တည်ဆောက်လျက်ရှိသည့် တံတားအသစ်နှင့် ပတ်သက်၍ နောင်တွင် ပြောစရာမဖြစ်အောင် စနစ်တကျ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တံတားအသစ်ကို ဂျပန်နိုင်ငံမှ ပညာရှင်များ၊ တရုတ်နိုင်ငံမှ ပညာရှင်များ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီမှ ပညာရှင်များဖြင့် တိုင်ပင်ဆွေးနွေးပြီး တံတားဒီဇိုင်း ပြောင်းလဲလိုက်၍ တစ်နှစ်အတွင်း ပြီးစီးနိုင်မည် ဆိုသော်လည်း ရေရှည်ဘေးကင်းလုံခြုံရေး အတွက် အာမခံချက် အပြည့်အဝ ရှိရဲ့လား၊ အရည်အသွေးပြည့်မီရဲ့လား စသည်အားဖြင့် ဘက်ပေါင်းစုံမှ ပြန်လည်လေ့လာသုံးသပ်ပြီးမှ ဆောင်ရွက်ရန်၊ အရည်အသွေး စစ်ဆေးရေးအဖွဲ့ကို သီးခြားလွတ်လပ်သော စစ်ဆေးရေးအဖွဲ့ဖြင့်သာ ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ ထိုအရည်အသွေးစစ်ဆေး ရေးအဖွဲ့ကို ပြည်ထောင်စုအစိုးရက ရှာပေးမည် ဖြစ်ကြောင်း၊ အလားတူ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် ကျန်ရှိနေသော ကြိုးတံတား ၂၉ စင်းကိုလည်း ကြံ့ခိုင်မှုနှင့် အရည်အသွေး စစ်ဆေးမှုများ အမြန်ဆုံး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ကြိုးတံတားကျိုးကျသွား၍ ဒေသခံ ပြည်သူများ ခရီးသွားလာရေး အခက်အခဲဖြစ်ပေါ်နေမှုကို ရေတိုကာလအားဖြင့် အဆင်ပြေစေရန် ပို့ဆောင်ရေး ၀န်ကြီးဌာန၏ အစီအစဉ်ဖြင့် မော်တော်ယာဉ်များ တင်ဆောင်ပေးမည့် ဇက်ရေယာဉ် ၃ စင်း၊ ခရီးသည်များ စီးနင်းနိုင်ရန် တောသူမယ် နှစ်ထပ်ရေယာဉ်တို့ဖြင့် စနစ်တကျ သက်မှတ်ပြေးဆွဲပေးရန်၊ မီးလောင်လွယ်သော ဆီသယ်ယာဉ် ကဲ့သို့ ယာဉ်များကို တံတားဆောက်လုပ်ရေးလုပ်ငန်းသုံး ဇက်ဆိပ်၌ အချိန်သတ်မှတ်ချက်ဖြင့် သယ်ယူပို့ဆောင်ပေးရန်၊ ရေရှည်ကာလအားဖြင့် ဒေသတွင်း ခရီးသွားလာမှု အဆင်ပြေစေရေးအတွက် လပွတ္တာမြို့ မှ ပြည်သူများအနေဖြင့် မြောင်းမြမြို့သို့ ဖြတ်သန်းရန် မလိုဘဲ ပုသိမ်မြို့သို့ တိုက်ရိုက်သွားနိုင်မည့် လပွတ္တာ -ငပုတော- ပုသိမ်လမ်းမှာ ဘတ်ဂျက် ခွဲဝေပေးထားပြီး ဖြစ်၍ လာမည့် နှစ်ပတ်အတွင်း အမြန်ဆုံး အကောင် အထည်ဖော် ပြင်ဆင်သွားရန်၊ လပွတ္တာမှ ဇက်ရေယာဉ် ၁ စီးကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက အမြန်ဆုံး စီစဉ်ဆောင်ရွက်ပေးရန်၊ သို့မှသာ မြောင်းမြတံတားကို အားကိုးအားထားပြု သွားလာနေရသည့် ပြည်သူများ သွားလာရေး အဆင်ပြေ ချောမွေ့လာမည် ဖြစ်ကြောင်း၊ တံတားအသစ် တည်ဆောက်မှု မပြီးစီးခင် ရေယာဉ်များ အတွက် စက်သုံးဆီ ကုန်ကျစရိတ်များကို နိုင်ငံတော်အစိုးရမှ ကျခံနိုင်ရေး နေပြည်တော်တွင် သက်ဆိုင်ရာ ဝန်ကြီးဌာန များနှင့် အမြန်ဆုံးဆွေးနွေး ညှိနှိုင်းသွားမည် ဖြစ်ကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များက ပြည်သူများ အဆင်ပြေရေး အတွက် ညှိနှိုင်းပေါင်းစပ်မှုများ ပြုလုပ်ပြီး စနစ်တကျ ဆောင်ရွက်သွားရန် ဖြစ်ကြောင်း စသည်ဖြင့် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် မြောင်းမြကြိုး တံတားအဟောင်း နှင့် မြောင်းမြ တံတားအသစ် တည်ဆောက်နေမှု အခြေအနေတို့ကို ကြည့်ရှုပြီး မြောင်းမြကြိုးတံတား အဟောင်း ပြတ်ကျရာ တွင် အသက်ဆုံးရှုံးခဲ့ရသူနှစ်ဦး၏ မိသားစုဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေး စကား ပြောကြားသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေး နှင့် အားကစားဝန်ကြီး ဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြု သင်တန်းကျောင်း (မြောင်းမြ) ဆောက်လုပ်မည့် မြေနေရာသို့ ရောက်ရှိရာ ရှင်းလင်းဆောင်၌ ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ အဆောက်အဦ ဦးစီးဌာန၊ အထူးအဖွဲ့ (၁၅) လက်ထောက် ညွှန်ကြား ရေးမှူးဦးမြ၀င်း၊ သူနာပြုသင်တန်းကျောင်း (ပုသိမ်) ကျောင်းအုပ်ကြီး နော်ကပေါ်ရှီးနှင့် ဧရာဝတီတိုင်းဒေသကြီး ကျန်းမာရေးဦးစီးမှူး ဒေါက်တာအောင်ကျော်ထွေး တို့က သင်တန်း ကျောင်းဆောင် ဆောက်လုပ်မည့် အခြေအနေ၊ လိုအပ်သည့်ကျန်းမာရေး ၀န်ထမ်းအခြေအနေ တို့ကို ရှင်းလင်း တင်ပြသည်။ ၄င်းနောက် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက လက်ရှိနေရာအပြင် မြောင်းမြဂုန်နီစက်ရုံအတွင်း လှူဒါန်းလိုသည့် အလှူရှင်များ၏ တင်ပြချက်ကို ဖြည့်စွက်ရှင်းလင်း တင်ပြသည်။ 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က သူနာပြုသင်တန်းကျောင်းနှင့် ကျန်းမာရေးဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို လမ်းညွှန်မှာကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မြောင်းမြမြို့ ခရီးစဉ်တွင် ဒေသခံ ပြည်သူများက လမ်းတစ်လျောက် သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပြီး ညနေပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် အဖွဲ့ဝင် များသည် ရဟတ်ယာဉ်ဖြင့် ပုသိမ်မြို့သို့ထွက်ခွာပြီး ထိုမှတဆင့် နေပြည်တော်သို့ ဆက်လက်ထွက်ခွာသည်။
.
.
------------------------------------------------------------------
.
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်ဒေသခံပြည်သူများစကားဝိုင်းတွင် ဆွေးနွေးပြောကြားချက်များ
နေပြည်တော် ဧပြီ ၁၀
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက် ၁၀ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေသခံ ပြည်သူများစကားဝိုင်း (PEACE TALK)ကို တက်ရောက်ပြီး ပြည်သူများနှင့် အတူ ပါဝင်ဆွေးနွေးကြသည်။
အဆိုပါစကားဝိုင်းသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒေါက်တာမြင့်ထွေး၊ ဦးသန့်စင်မောင်၊ ဦးဟန်ဇော်၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်၊ ဒုတိယ၀န်ကြီး ဦးမင်းသူနှင့် ဦးကျော်လင်း၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့များ၊ မြို့မိမြို့ဖများ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူ လူငယ်များနှင့် ငြိမ်းချမ်းရေးကို စိတ်ပါဝင်စားသည့် ပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ စကားဝိုင်းတွင်ပါဝင်သည့် ဒေသခံလူငယ်များက တစ်ဦးချင်း အလိုက် မိတ်ဆက်စကားပြောကြားပြီးနောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြောင်းမြမြို့နယ် ပြည်သူများအား နှုတ်ခွန်းဆက် အမှာစကားပြောကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ ကျွန်မတို့ ဒီစကားဝိုင်းကို ရောက်ရှိလာတဲ့ မြောင်းမြသူ၊ မြောင်းမြသား အားလုံးကို နှုတ်ခွန်းဆက်ပါတယ်။ ဒီမှာဆိုရင် တိုင်းရင်းသား အမျိုးမျိုးပါတယ်လို့ ဆိုရမှာပါ။ ဧရာဝတီတိုင်းမှာ မြောင်းမြကို လာရခြင်းရဲ့ အကြောင်းကတော့ တစ်ကြောင်းက မြောင်းမြတံတားနဲ့ ပတ်သက်လို့ လည်း ကြည့်ဖို့ရှိလို့ရယ်၊ ကျွန်မတို့ အနေနဲ့ ဒီလိုငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်ဖို့ အချိန်ကလည်း ကျနေပြီ။
အရင် နှစ်လ၊ သုံးလက အခြားအလုပ်တွေ ရှိနေတာကြောင့်မို့ ပျက်သွားတယ်။ အဲဒါကြောင့်မို့ မြောင်းမြကို လာခဲ့တာပါ။ မြောင်းမြဟာ မေမေရဲ့ ဇာတိချက်ကြွေ မွေးရပ် မြေလည်းဖြစ်တယ်။ ကျွန်မတို့ အမျိုးချည်းပဲလို့ ဒီလိုပဲ သတ်မှတ်ရမှာပါ။ မြောင်းမြဟာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဘာဖြစ်လို့ အရေးကြီး လဲဆိုတော့ တစ်ချိန်တစ်ခါတုန်းက ဧရာဝတီတိုင်းမှာ လက်နက်ကိုင် တိုက်ခိုက်မှုတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေရှိခဲ့ တယ်။
အခုတော့ ဧရာဝတီတိုင်းမှာ ဒီပဋိပက္ခတွေဟာ ချုပ်ငြိမ်းသွားပါပြီ။ ချုပ်ငြိမ်းသွား ပေမယ့်လည်း ဒီသမိုင်းကို မမေ့မဲ့ မြောင်းမြမြို့သူမြို့သားတွေရှိမယ်လို့ ထင်ပါတယ်။ ဒ့ါကြောင့် ငြိမ်းချမ်းရေးရဲ့ အရေးပါမှု၊ ငြိမ်းချမ်းရေးရအောင် ဘယ်လိုလုပ်ရမယ်၊ ဘယ်လိုဝိုင်းဝန်းပြီး ကူညီရမယ်ဆိုတာတွေ၊ ဒီအချက်တွေကို ဆွေးနွေးချင်လို့ ကျွန်မတို့က ဒီငြိမ်းချမ်းရေးစကားဝိုင်းတွေကို လုပ်တာပါ။ တစ်ချို့တိုင်းတွေမှာ ဥပမာဆိုရင် တစ်ခါကငြိမ်းချမ်းရေးစကားဝိုင်းမှာဆိုရင် မန္တလေးတိုင်းက လူငယ်တွေ ပါတယ်။ အဲဒီလူငယ်တွေက ပွင့်ပွင့်လင်းလင်းပဲ ပြောတယ်။ ကျွန်မလည်း ဒီလို ပွင့်ပွင့်လင်းလင်း ပြောတာကို သဘောကျတယ်။ သူတို့တိုင်းဟာ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ရင်မဆိုင်ခဲ့ရတဲ့အခါကျတော့ သိပ်နားမလည်ဘူး။ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်းလင်းပြောရရင် သူတို့ စိတ်မ၀င်စားဘူး။ သူတို့ကို ထိခိုက်မှု မရှိလို့။
အဲဒီတော့ ဒီလိုစိတ်ထားလို့လည်း မဖြစ်ဘူး။ ကျွန်မကတော့ ရှင်းပြတယ်။ ကိုယ့် ကိုယ်ခန္ဓာတွေမှာ လက်သန်းလေး နာနေရင်တောင် နာနေတာပဲ။ အေးအေး ဆေးဆေး မနေနိုင်ဘူး။ ညမှာ အိပ်ပျက်တယ်။ ဒီလက်သန်းလေးတစ်ချောင်း ကိုက်နေလို့ ရှိနေရင် တောင်မှ ကောင်းကောင်းအိပ်လို့ မရဘူး။ အသွားအလာ၊ အလုပ်လုပ်ရတာ အထစ်အငေါ့တွေများတယ်။
ဒီလိုပါပဲ ကိုယ့်နိုင်ငံရဲ့ တစ်နေရာမှာ မငြိမ်းအေးဘူးဆိုလို့ရှိရင် တစ်တိုင်းပြည် လုံးအတွက် အကျိုးသက်ရောက်မှုရှိတယ်။ ဆိုးကျိုး သက်ရောက်မှုရှိတာပေါ့။ ဒါ့ကြောင့် ငြိမ်းချမ်းရေးရဖို့၊ တစ်တိုင်းပြည်လုံး ငြိမ်းချမ်းရေးရဖို့ဆိုတာ အင်မတန်မှ အရေးကြီး ပါတယ်။ ကျွန်မတို့ ဒီလိုဆွေးနွေးပွဲတွေ လုပ်တဲ့အခါ ကျွန်မတို့ နိုင်ငံဟာ ဘာဖြစ်လို့ ငြိမ်းချမ်းရေး မရသေးသလဲဆိုတာကို တစ်ယောက်ချင်း တစ်ယောက်ချင်းက လေးလေး နက်နက် စဉ်းစားစေချင်တယ်။ နောက်ငြိမ်းချမ်းရေးရအောင် ဘယ်လိုလုပ်ရမယ်။ တစ်နေရာနဲ့ တစ်နေရာမတူဘူး။ ပြဿနာတစ်ခုနဲ့ တစ်ခုမတူဘူး။ လူတစ်ယောက် ချင်းနဲ့ တစ်ယောက်ချင်းမှာကို မတူတာ။ လူတစ်ယောက်ချင်းနဲ့ တစ်ယောက်ချင်းမှာ မတူဘူး ဆိုတော့ ပုဂ္ဂိုလ် တစ်ယောက်ချင်း တစ်ယောက်ချင်းကို ငြိမ်းချမ်းရေးဖြစ်စဉ် ထဲမှာ ပါဝင်လာအောင် ဆွဲဆောင်ရတာ၊ စည်းရုံးရတာဆိုတာလည်း ပုံစံက တစ်ယောက်နဲ့ တစ်ယောက်နဲ့ တူနိုင်မှာမဟုတ်ဘူး။
ဒါပေမယ့် ကျွန်မတို့ အားလုံးဝိုင်းစဉ်းစားပြီး စုပေါင်းအင်အားနဲ့ လုပ်မှ အောင်မြင် မယ်လို့ ယုံကြည်တယ်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ၊ ရေရှည်ဖွံ့ဖြိုး တိုးတက်ဖို့ဆိုတာ မငြိမ်းချမ်းလို့ မရဘူး။ တစ်ခဏတော့ ရမယ်။ ဒါပေမယ့် ဒီနိုင်ငံမှာ ငြိမ်းချမ်းရေးမရှိရင် ဖွံ့ဖြိုးတိုးတက်မှုတွေဟာ ဆက်လက်ပြီးတော့ အောင်မြင်နိုင်မှာ မဟုတ်ဘူး။ တည်တံ့ခိုင်မြဲနိုင်မှာမဟုတ်ဘူး။ ဖွံ့ဖြိုးတိုးတက်မှု မရှိဘဲနဲ့လည်း ငြိမ်းချမ်း ရေးကို ထိန်းသိမ်းထားလို့ မရဘူး။
တစ်ခါတစ်လေ ငြိမ်းချမ်းရေး ပျက်စီးရတဲ့ အကြောင်းအရင်းဟာ ပြည်သူလူထုရဲ့ ဆင်းရဲမှုကြောင့်၊ စီးပွားရေးနဲ့ ပတ်သက်လို့ ဒုက္ခတွေကြောင့် ဒီဟာတွေကို ပြည်သူ လူထုက မကျေနပ်လို့၊ မခံနိုင်လို့ ငြိမ်းချမ်းရေး ပျက်စီးတာတွေလည်းရှိတယ်။ ဒီတော့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုတာ ဘယ်လိုမှ မခွဲနိုင်တဲ့ကိစ္စနှစ်ခုပဲ။ ဒါကို ကျွန်မတို့ အမြဲပဲနှလုံးသွင်းရမယ်။
တစ်ချို့တွေက ကိုယ့်ရဲ့ ဒေသ၊ ဒေသတောင် မဟုတ်ဘူး။ ကိုယ့်ရဲ့တိုင်းပြည်နဲ့ တောင်မဟုတ်ဘူး။ ကိုယ့်ရဲ့မြို့နယ်လေးမှာ တိုးတက်ဖို့ကိုပဲ အဓိကကြည့်တယ်။ အဲဒီအပြင်ကို လှမ်းမကြည့်ဘူး။ ဒီလိုလုပ်လို့လည်း မရဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ မြို့နယ်တိုးတက်ဖို့လည်း ကြည့်ရမယ်၊ ကိုယ့်ရဲ့ အိမ်မှာလိုပေါ့။ ကိုယ့်မိသားစု အတွင်းမှာ အေးချမ်းမှု မရှိရင်၊ ကိုယ့်မိသားစုအတွင်းမှာ ပြည့်စုံမှုမရှိရင် ရပ်ကွက်မှာ ဘယ်လိုပဲ စိတ်ချမ်းသာနေပါစေ၊ ကိုယ်က စိတ်မချမ်းသာဘူး။
သို့သော်လည်း ကိုယ်တစ်ယောက်တည်း၊ ကိုယ့်ရဲ့အိမ်လေး တစ်အိမ်ထဲ၊ မိသားစု တစ်စုထဲက အဆင်ပြေပြီးတော့ ကိုယ့်ဘေးက ရပ်ကွက်က ဆင်းရဲနေ ရင် လည်း နေရထိုင်ရတာ မကောင်းဘူး။ လမ်းထွက်တာနဲ့ ကိုယ်ရဲ့ အိမ်နီးနားချင်းတွေရဲ့ ဒုက္ခတွေကို ကိုယ်မြင်နေရတာပဲ။ မြင်နေရတာဆိုတော့ စိတ်ချမ်းသာ စရာမရှိဘူး။ ဒါကြောင့်မို့ ကိုယ့်အပူဟာ ကိုယ့်တစ်ယောက်တည်းအတွက်လည်း မဟုတ်ဘူး၊ တစ်နိုင်ငံလုံးအတွက်၊ တစ်နိုင်ငံလုံးက အပူဆိုတာလည်း ကိုယ့်အပူဆိုပြီးတော့ ဒီလိုပဲ စဉ်းစားသလို အားလုံးအေးချမ်းပြီဆိုရင် ကိုယ်လည်း ပိုပြီးတော့ အေးချမ်း ရတယ်။ ကိုယ်အေးချမ်းတာလည်း သူများတွေနဲ့ မျှဝေပြီးတော့ အများကို အေးချမ်းမှု ပေးမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ဆွေးနွေးစေချင်ပါတယ်”ဟု ပြောကြားသည်။


ဦးစိုးလှိုင်ဦး
ဖြူစင်မေတ္တာလူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း
စေတနာကောင်း စေတနာမှန်ဖို့ အဓိကလိုအပ်တယ်လို့ ထင်ပါကြောင်း၊ မိမိလုပ်ကိုင်တဲ့ ကွန်ပျူတာလုပ်ငန်းနဲ့လည်း တစ်ဖက်တစ်လမ်းမှ ငြိမ်းချမ်းရေးကိုဖော် ဆောင် လို့ရပါကြောင်း၊
အမုန်းတရားတစ်ခုပဲဖြစ်ဖြစ် ဖြစ်တည်လာတဲ့ အကြောင်းခြင်းရာ တစ်ခု အပေါ်မှာ ဆက်စပ်တွေးခေါ်ပြီး စဉ်းစားဆုံးဖြတ်တဲ့ စေတနာကောင်းနဲ့မှန်မှန် ကန်ကန်ဆုံးဖြတ်တတ်ဖို့ အဓိက ကျပါကြောင်း၊ အဲဒီအဓိကအပေါ်မှာပဲ အားလုံးဟာ တစ်ဖက်ကို တစ်ခုခု လုပ်ခဲ့လို့ရှိရင် ကိုယ့်ကိုရော အဲဒီလိုပြန်လုပ်ရင် ကျေနပ်ပါ့မလား။ မိသားစုအတွင်းမှာ ဖြစ်ဖြစ် ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းမှာ ဖြစ်ဖြစ် ကိုယ်ကိုယ် တိုင်မခံစား ချင်တဲ့ကိစ္စကို တစ်ခြားသူ တစ်ယောက်ကိုလည်းမခံစားစေချင်တဲ့စိတ်နဲ့ ပြုမူ ဆက်ဆံမယ်ဆိုရင်တော့ အမုန်းတရား စကားတွေကင်းလိမ့်မယ်ထင်ပါကြောင်း။
မှန်တာပြောရရင်သင်ကြားခဲ့တဲ့ဘာသာရပ်နဲ့ ပတ်သက်ပြီး မိမိဘ၀မှာ ပြန်အသုံးချရတာမရှိပါကြောင်း၊ ပညာရပ်အနေနဲ့ မပြည့်စုံတဲ့အတွက် ကျောင်းမှာရှိတဲ့ စာကြည့်တိုက်မှာ နိုင်ငံခြားကနေ ထုတ်တဲ့ စာအုပ်တွေကို ဖတ်ရပါကြောင်း၊ ဖတ်တဲ့အခါ သေသေချာချာ မဖတ်တတ်ပါကြောင်း၊ သိတဲ့သူ တွေကိုဘာသာ ပြန်ခိုင်းရတာတွေရှိသလို ဆရာမ တွေကို အကူအညီတောင်းရတာတွေ ရှိပါကြောင်း ဆွေးနွေးပြောကြားသည်။ 


ဒေါ်နမ့်ရီစိုင်းနာ
(Accounting Supervisor, Eskkal Hotel)
မိမိအနေနဲ့ ပြောရမယ်ဆိုရင် နိုင်ငံတစ်နိုင်ငံမှာ ငြိမ်းချမ်းရေးက အရေးကြီးပါ ကြောင်း၊ ငြိမ်းချမ်းမှလည်း ပြည်သူတွေဘ၀ ငြိမ်းချမ်း၊ တိုးတက်မည်ဖြစ်ပါကြောင်း၊ ဒီလိုငြိမ်းချမ်း မှလည်း ပညာရေး၊ ကျန်းမာရေးနဲ့ စီးပွားရေး အစစအရာရာ တိုးတက်မှာ ဖြစ်တဲ့အတွက်ကြောင့် ငြိမ်းချမ်းရေးကို အဓိက လိုအပ်တယ်လို့ ထင်မြင် မိပါကြောင်း၊ ဒီလိုငြိမ်းချမ်းရေးကို ပြောလိုက်တဲ့အချိန်မှာ မိမိမြင်ကွင်းတစ်ခု မြင်ယောင် လာပါကြောင်း၊ စစ်မြေပြင် တိုက်ပွဲကြားထဲမှာ ယမ်းငွေ့တွေကြားမှာ ပြေးလွှားနေရတဲ့ ဒုက္ခသည်တွေရှိပါကြောင်း၊ ဒီမြင်ကွင်းကို မိမိတို့ပြည်သူ တွေ အနေနဲ့ မြင်တော့မြင် နေပေမယ့် ဘာမှ လုပ်လို့မရပါကြောင်း၊ သေချာတာ တစ်ခုကတော့ မိမိတို့ ပြည်သူတွေအားလုံးရဲ့ ရင်ထဲမှာ ဒီလိုမျိုးစစ်မက်ဖြစ်ပွားခြင်း၊ မငြိမ်းချမ်းခြင်း ကိုတော့ အားလုံးက မလိုလားဘူးဆိုတာတော့ သေချာပါကြောင်း။
နောက်တစ်ခုက မိမိတို့ရဲ့ အသိုင်းအ၀ိုင်းထဲမှာပဲ မိသားစုမှာပဲဖြစ်ဖြစ်၊ ရပ်ကွက်မှာပဲဖြစ်ဖြစ်၊ မြို့နယ်ဒေသမှာပဲ ဖြစ်ဖြစ် မငြိမ်းချမ်းတဲ့အရာတွေ ဥပမာ ကလေးငယ်တွေဟာ ကျောင်းနေရမယ့်အချိန်မှာ ကျောင်းမနေနိုင်၊ ၀မ်းစာအတွက် ဆိုပြီး အသက်အရွယ်နဲ့မလိုက် စားပွဲထိုးလုပ်ရတာရှိပါကြောင်း၊ ကွမ်းယာ၊ ဆေးလိပ် ရောင်း ရတာရှိကြောင်း၊ ဒါဟာ သူတို့အတွက် မငြိမ်းချမ်းမှုတစ်ခုပင်ဖြစ်ပါကြောင်း၊ နောက်တစ်ခုက လူတိုင်း လူတိုင်းဟာ ကိုယ့်ရဲ့ဝမ်းစာအတွက် အလုပ်လုပ်တဲ့အခါမှာ အားလုံးကတော့ ကိုယ့် ရဲ့ဘ၀အဆင်ပြေစေဖို့အတွက် ကြိုးစားမှု၊ ရိုးသားမှုနဲ့ လုပ်ကြတဲ့သူတွေရှိပါကြောင်း၊ ဒီလိုရိုးရိုးသားသားလုပ်ကြပေမယ့် စားဝတ်နေရေး အဆင်မပြေပါကြောင်း၊ အရေးအကြောင်း ဆေးရုံတက်ဖို့ အကြောင်းဖန်လာတဲ့အခါမှာ ဆေးရုံတော့ရောက်သွားကြောင်း၊ ဒါပေမယ့် သူတို့မှာ ကုစရာ ငွေကြေးအင်အား မပြည့်စုံပါကြောင်း၊ ချမ်းသာတဲ့အသိုင်းအ၀ိုင်းကျတော့ ဆေးရုံတွေ ကောင်းကောင်း မွန်မွန် တက်နိုင်ပါကြောင်း၊ တချို့ဆို နိုင်ငံခြားတွေမှာ သွားပြီး ကုသနိုင်တဲ့ အခွင့်အလမ်းတွေရှိပါကြောင်း၊ ဆင်းရဲတဲ့သူတွေကျတော့ သူတို့ကို ဂရုစိုက် တာတွေ၊ အရေးတယူ ထောက်ပံ့တာတွေလည်းမရှိသလောက် တစ်ချို့နေရာတွေမှာ တွေ့ရပါကြောင်း၊ ဒါဆိုရင်လည်း သူတို့ရဲ့ ရင်တွင်းက မငြိမ်းချမ်းပါကြောင်း၊ စစ်မြေပြင်မှ မဟုတ်ဘဲ မိမိတို့ရဲ့ အနီးပတ်ဝန်းကျင်မှာလည်း ဒုက္ခတွေခံစားရတဲ့ ပြည်သူတွေ ရှိပါကြောင်း၊ ဒါဟာလည်း မိမိအနေနဲ့ သူတို့ဘ၀အတွက် ငြိမ်းချမ်းမှု မရှိဘူးလို့တော့ ထင်မြင်မိပါကြောင်း ဆွေးနွေးပြောကြားသည်။
ဦးဝင်းနိုင်(စားသောက်ဆိုင်လုပ်ငန်း)
ငြိမ်းချမ်းရေးသည် မြန်မာနိုင်ငံမှာ အတော်လေးကို အရေးကြီးပါကြောင်း၊ ငြိမ်းချမ်းရေးမရလို့လည်း ဒီနိုင်ငံက မတိုးတက်တဲ့အနေအထား တွေ ဖြစ်နေတာ ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးမရရင်တော့ တိုးတက်ဖို့ဆိုတာ လမ်းမမြင်ပါကြောင်း၊ အဲ့ဒါ ကြောင့် ငြိမ်းချမ်းရေးလမ်းစဉ်ကို သွားဖို့ဆိုရင် တစ်စိုက်မတ်မတ်နဲ့ ကြိုးစားအားထုတ် ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ အချို့နေရာတွေမှာ တိုက်ပွဲတွေဖြစ်၊ လူတွေဒုက္ခတွေရောက်၊ ခြေပြတ်လက်ပြတ်တွေဖြစ်၊ ဟိုမသွားနိုင် ဒီမသွားနိုင်နဲ့ဆိုရင် အဲဒီနေရာမှာ ဘယ်လိုမှ တိုးတက်နိုင်မှာမဟုတ်ပါကြောင်း၊ ကလေးတွေက လည်း ပညာကို ဘယ်လိုမှ အေးအေးချမ်းချမ်းနဲ့ သင်ကြားနိုင်မှာမဟုတ်ပါကြောင်း၊ ပညာ မတတ်ခဲ့ရင်တော့ ဒီနိုင်ငံမတိုးတက်မှာသေချာပါကြောင်း။
မတိုးတက်ရင်တော့ ဒီနိုင်ငံချမ်းသာ ဖို့ဆိုတာက မဖြစ်နိုင်တော့ပါကြောင်း၊ ဒါကြောင့်မို့ ငြိမ်းချမ်းရေးကိုတော့ တစ်စိုက်မတ်မတ် နဲ့ ဦးစားပေးပြီးဆောင်ရွက်စေ ချင်ကြောင်း၊ မိမိတို့ရင်ထဲမှာ ငြိမ်းချမ်းရေးလိုချင် သလိုဘဲ တိုင်းပြည်တစ်ပြည်လုံး မှာရှိတဲ့ ပြည်သူလူထုတွေက ဒီငြိမ်းချမ်းရေးကို လိုလားမယ်လို့ မျှော်လင့်ပါကြောင်း၊ ဒီငြိမ်းချမ်းရေးရှိမှ ကျန်တဲ့ကဏ္ဍတွေအားလုံးကို ဖွံ့ဖြိုးတိုးတက် အောင်ဆောင် ရွက်နိုင်မှာဖြစ်ပါကြောင်း။
ဧရာဝတီတိုင်းဆိုရင် ငြိမ်းချမ်းရေးရလာပြီ ဖြစ်တဲ့အတွက် အထိုက်အသင့် တိုးတက်လာပြီဖြစ်ပါကြောင်း၊ ပညာရေးမှာလည်း ကောင်းစွာသင်ကြားလို့ ရနေပြီဖြစ်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးတွေလည်း ကောင်းလာပြီဖြစ်ပါကြောင်း၊ တိုင်းထဲမှာပင် စီးပွားရေးရှာ လုပ်ကိုင် စားသောက်တဲ့သူတွေ လွတ်လပ်စွာ သွားလာလှုပ်ရှား စီးပွားရှာနေရပြီဖြစ်တဲ့ အတွက် ဧရာဝတီတိုင်းက ထိုက်သင့်လျောက် တိုးတက်လာတာကို တွေ့မြင်ရပါကြောင်း၊ ဒါက ငြိမ်းချမ်းရေးအသီးအပွင့်ကို ခံစားလာရ တာဖြစ်ပါကြောင်း၊ ဒီလိုဘဲ တစ်နိုင်ငံလုံးငြိမ်းချမ်းမှု အတွက်လည်း အင်မတန် အရေးကြီးပါကြောင်း၊ မိမိတို့ ဒေသတစ်ခုတည်း ဖွံ့ဖြိုးတိုးတက်နေလို့ မဖြစ်ပါကြောင်း၊ ကျန်တဲ့ နယ်စပ်ဒေသတွေ၊ တောင်တန်းဒေသတွေမှာ နေတဲ့သူတွေ လည်း ဖွံ့ဖြိုးတိုးတက်ဖို့လိုပါကြောင်း၊ တစ်နိုင်ငံလုံး အညီအညွတ်ဖွံ့ဖြိုးမှသာ ဒီနိုင်ငံဟာကြီးပွားချမ်းသာလာမယ့်အနေအထား ဖြစ်တယ်လို့ မြင်မိပါကြောင်း။
သင်ကြားခဲ့တဲ့ ပညာရပ်ဟာ အမှန်တကယ်ပြောရရင်တော့ အထောက်အကူ မဖြစ်ပါကြောင်း၊ စီးပွားလုပ်ငန်းကို စမ်းတ၀ါးဝါးနဲ့ လုပ်လာခဲ့ရတာဖြစ်ပါကြောင်း၊ ပထမ ငါးကန်လုပ်ငန်းလုပ်ရာ မအောင်မြင်ပါကြောင်း၊ အခု စားသောက်ဆိုင် လုပ်ငန်းပြောင်း လုပ်ပါကြောင်း၊ နည်းနည်း ပါးပါးအောင်မြင်လာပါ ကြောင်း၊ ကိုယ့်ရဲ့ စိတ်ကူးနဲ့ဘဲ လုပ်နေ တာဖြစ်ပါကြောင်း၊ သင်လာခဲ့တဲ့ ပညာနဲ့က ဘယ်လိုမှ မအပ်စပ် ပါကြောင်း၊ ဘယ်လိုမှ အသုံးချလို့ မရတဲ့အနေအထား ဖြစ်နေပါကြောင်း ဆွေးနွေးပြောကြားသည်။ 


ဒေါ်ပြုံးပြုံးအေး (ရေလုပ်ငန်းရှင်)
ငြိမ်းချမ်းရေးဟာ နိုင်ငံအတွက်အရေးကြီးဆုံးဖြစ်ပါကြောင်း၊ ဘာဖြစ်လို့လဲ ဆိုတော့ မိမိတို့ မိရိုးဖလာစီးပွားရေးလုပ်ငန်းက ရေလုပ်ငန်း ဖြစ်ပါကြောင်း၊ အဖေအမေတွေခေတ်က ပင်လယ်ပြင်ကြီးက မငြိမ်းချမ်းပါကြောင်း၊ လက်နက်ကိုင် တွေက ဆက်ကြေးတောင်းပါကြောင်း၊ ဆက်ကြေးမပေးဘူးဆိုရင် သဘောင်္တွေနဲ့ အလုပ်သမားတွေကို ပြန်ပေးဆွဲသွားပါကြောင်း၊ လုပ်ငန်းရှင်က ဟိုဘက်ကမ်းကို သွားပြီးတော့ ညှိနှိုင်းရပါကြောင်း၊ ညှိနှိုင်းပြီးမှ ပြန်လွှတ်ပါကြောင်း၊ အဲဒါကို ဒီဘက်မှာရှိတဲ့အစိုးရက သိရဲ့သားနဲ့ အလုပ်ရှင်ကို ဖမ်းဆီးထောင် ချပါကြောင်း။
ယခုခေတ်မှာတော့ ပင်လယ်ပြင်ကြီးက အေးချမ်းသွားပြီဖြစ်ပါကြောင်း၊ ယခုလက်ရှိ ဧရာဝတီတိုင်းက အေးချမ်းတဲ့၊ ငြိမ်းချမ်းတဲ့ အတွက်ကြောင့် အကုန်လုံး အေးအေးချမ်းချမ်းအိပ်နိုင်ပါကြောင်း၊ စာသင်နိုင်စီးပွားရေးတွေ လုပ်နိုင်ပါကြောင်း၊ အခုစစ်ဖြစ်နေတဲ့ နေရာမှာရှိနေတဲ့ ညီအစ်ကို မောင်နှမတွေဟာ အိပ်ကောင်းခြင်းလည်း မအိပ်ရ၊ စားကောင်း ခြင်းလည်း မစားရပါကြောင်း၊ ဘယ်အချိန်မှာ စစ်ပွဲတွေဖြစ်မလဲဆိုတဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ စီးပွားရေး လည်းကောင်းကောင်းမလုပ်နိုင်ပါကြောင်း၊ အဲဒီလိုဖြစ်နေတဲ့အတွက် သူတို့ဒေသ တွေမှာ စီးပွားရေးကဘယ်လိုမှ ဦးမော့လာနိုင်မှာမဟုတ်ပါကြောင်း။
စီးပွားရေး ဦးမမော့ နိုင်ရင် ပညာရေးလည်းကောင်းစွာသင်နိုင်မှာ မဟုတ်တဲ့ အတွက်ကြောင့် တိုင်းပြည်က ဒီထက်ကို စီးပွားရေးတွေ နိမ့်ကျနေအုံးမှာဖြစ်ပါကြောင်း၊ နှစ်ရှည်လများဖြစ်နေတဲ့ ပြည်တွင်း စစ်တွေ အမြန်ငြိမ်းချမ်းချင်ပြီဖြစ်ပါကြောင်း၊ မြန်မာပြည်ကြီးကို သူများနိုင်ငံတွေနဲ့ တန်းတူဖြစ်နေ တဲ့နိုင်ငံကြီးအဖြစ် မြင်ချင်လှပြီဖြစ်ပါကြောင်း၊ အဖွဲ့အစည်းတွေ၊ တစ်ဦးတစ်ယောက်တွေ အာဃာတတွေမထားပဲနဲ့ သည်းခံ မှုတွေနဲ့ ငြိမ်းချမ်းရေးကို အမြန်ဆုံဖော်ဆောင်ပြီး တော့ ဆောင်ရွက်ပေးပါလို့တောင်းပန်လို ပါကြောင်း၊ ပြည်သူတွေ ညီအစ်ကို မောင်နှမတွေအကုန်လုံးက ငြိမ်းချမ်းရေးကို ယူချင် တဲ့စိတ် ရှိမှ တစ်ယောက်နဲ့ တစ်ယောက် သည်းခံခွင့်လွတ်နားလည်မှုပေးနိုင်မှ ငြိမ်းချမ်းရေးကို ရရှိနိုင်မယ်လို့ထင် ပါကြောင်း ဆွေးနွေးပြောကြားသည်။


ဦးဇော်တင်မိုး
(ဂဏန်းမွေးမြူရောင်းဝယ်ရေး)
မငြိမ်းချမ်းတဲ့ ကိစ္စတွေဆိုတာ ကြုံခဲ့ဖူးပါကြောင်း၊ အခုလို နှစ်ရှည်အကြာ ကြီး ပြည်နယ်တွေမှာ မငြိမ်းချမ်းမှုတွေ ဖြစ်နေကြတာ ဒီဒေသတွေက ခံစားရတဲ့ လူတွေကို ကိုယ်ချင်းစာစိတ်နဲ့ ကြည့်မယ်ဆိုရင် မိမိ တို့တွေ စိတ်ထဲမှာ ဖြေသာဖို့ မရှိပါကြောင်း၊ မိမိတို့ ငြိမ်းချမ်းရေး ဆိုတဲ့ စကားကို ကြားရတာနဲ့ပဲ ကြားရသူတွေရဲ့ နားမှာ ချိုသာသလို စိတ်နှလုံးကို ငြိမ်းချမ်းစေပါကြောင်း။
မိမိတို့တိုင်းပြည်မှာရှိတဲ့ လူအကုန်လုံး၊ မြန်မာနိုင်ငံမှာ မှီတင်းနေထိုင် ကြတဲ့ တိုင်းရင်းသား အကုန်လုံးက ငြိမ်းချမ်းရေးကို လိုလားကြတာဖြစ်ပါကြောင်း၊ မိမိတို့ ထက်လိုလားတဲ့သူလည်း ရှိနိုင်ပါကြောင်း၊ အဲဒီလူတွေက ဒီနေ့စစ်ဖြစ်ရာဒေသတွေမှာ အဲဒီစစ်ပွဲရဲ့ အနိဌာရုံတွေကို ခံစားနေကြရတဲ့ ပြည်သူတွေပဲဖြစ်ပါကြော်း၊ အဲဒီလူတွေ ထက်ပိုပြီး လိုချင်တဲ့သူတွေလည်း ရှိနိုင်ပါသေးကြောင်း၊ အဲ့ဒါကတော့ ဒီနေ့ မငြိမ်းမချမ်းနဲ့ လက်နက်ကိုင်ပြီး တိုက်နေကြရတဲ့ ကျွန်တော်တို့ ပြည်တွင်းရန်ကို ကာကွယ်နေကြရတဲ့ တပ်မတော်သားတွေနဲ့ တစ်ဖက်က လက်နက်ကိုင်တိုင်းရင်းသား တွေဖြစ်ပါကြောင်း၊ သူတို့တွေက အသက်ကိုအရင်းတည်ပြီး တိုက်နေကြရတော့ ကျွန်တော်တို့ထက် ပိုပြီး ငြိမ်းချမ်းရေးကို ပိုလိုချင်မယ်လို့ တွေးဆမိပါကြောင်း။
တိုက်ပွဲဖြစ်ရာဒေသတွေကိုလည်း ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ဆရာဝန်ဆိုလဲ ကျည်ဆံတွေကြားမှာ ဘယ်ဆရာဝန်မှ သွားချင်ကြမှာ မဟုတ်ပါကြောင်း၊ ပညာရေးအတွက် ကျောင်းဆရာ၊ ဆရာမတွေ ပညာသွားသင်မယ်ဆိုလဲ ဗုံးဆံတွေ၊ သေနတ်သံတွေကြားမှာ သွားသင်ဖို့ စိတ်ကူးရှိကြမှာ မဟုတ်ပါကြောင်း၊ ရင်းနှီး မြုပ်နှံချင်သူတွေလဲ စစ်ဖြစ်ရာ ဒေသမှာ သွားပြီးရင်းနှီး မြုပ်နှံချင်ကြမှာ မဟုတ်ပါ ကြောင်း၊ စစ်ဖြစ်ရာဒေသတွေဟာ မိမိတို့ထက် နှေင့်နှေး ကြန့်ကြာနေမှာ အမှန်ပဲဖြစ် ပါကြောင်း။
ပြည်သူတွေက တင်မြှောက်ထားတဲ့ NLD အစိုးရ ၊ ပြည်သူတွေအတွက် အဘက်ဘက်က စဉ်းစားပေးနေတဲ့ အစိုးရအနေနဲ့မှ ငြိမ်းချမ်းရေး မရဘူးဆိုရင် ဘယ်သောအခါမှ ငြိမ်းချမ်းရေး ရမယ်လို့ မိမိအနေနဲ့ မယုံကြည်ပါကြောင်း ဆွေးနွေးပြောကြားသည်။


ဦးအောင်ကြည်မြင့်
(တောင်သူ)
ပညာရေးကို ဒီထက်မက တိုးတက်စေချင်ပါကြောင်း၊ ပညာရေးကဏ္ဍနဲ့ ပတ်သက်ပြီး တစ်ဆက်တည်း တင်ပြချင်တာက မိမိတို့ ရေကျော်ကျေးရွာမှာ ၂၀၁၆ ခုနှစ်က အလယ်တန်းကျောင်း တစ်ကျောင်း ဒဂုံမင်းကုမ္ပဏီက ဆောက်ခွင့်ရပါကြောင်း၊ ယနေ့ အချိန်အထိ ၅၀ ရာခိုင်နှုန်းသာ ပြီးစီးပြီး အမိုးမိုး၍ ပစ်ထားသည်မှာ နှစ်နှစ် ကျော်နေပြီဖြစ်ပါကြောင်း၊ ဒေသခံတွေအနေနဲ့ ကျောင်းလေးကို ပြီးစေချင်ပါကြောင်း၊ ဇကလွန်း ၀ဲထောက်ကျေးရွာအုပ်စုက ကျောင်း တစ်ကျောင်းလဲ မပြီးသေးတဲ့ အထဲမှာ ပါပါကြောင်း ဆွေးနွေး ပြောကြားသည်။ 


ဦးအောင်မြင့်မြတ်
(ပညာရေးဝန်ထမ်း)
ပညာရေးမရှိရင်ငြိမ်းချမ်းရေးမရှိနိုင်သလို ငြိမ်းချမ်းရေးမရှိရင်လည်းပညာရေး ဆိုတာ သုံးလို့မရတော့ပါကြောင်း၊ မိမိတို့က မငြိမ်းချမ်းတဲ့ဒေသတွေမှာ ဘယ်ကျောင်း ဆရာ၊ ဆရာမမှ ဘယ်လောက် ရာထူးကြီးကြီးပေးပေး တစ်ယောက်မှမသွားချင်ပါ ကြောင်း၊ ဘာဖြစ်လို့ မသွားချင်တာလဲဆိုရင် ကိုယ့်အသက်အတွက် လုံခြုံမှုမပေးနိုင်လို့ ပြည်ပမှာ ရှိတဲ့ တိုင်းရင်းသားပညာတတ်တွေကလည်း အဲဒီဒေသတွေကို ပညာသွား ရောက် သင်ကြားဖို့ဆိုတာ မဖြစ်နိုင်ပါကြောင်း၊ ငြိမ်းချမ်းရေးနဲ့ ပညာရေးဟာ နှစ်ဖက်လုံး ဟန်ချက်ညီကာမှ မိမိတို့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မယ်လို့ သုံးသပ်မိပါ ကြောင်း။
ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်တာ မိမိတို့ပညာရေးဌာနမှာ ဘာရှိမလဲ ဆိုရင် အားကစားအခန်းကဏ္ဍ ကျောင်းသားနဲ့ အားကစားဖြစ်ပါကြောင်း၊ ကျောင်းတွေမှာ အားကစားပြိုင်ပွဲကျင်းပပေးတဲ့အခါ ကလေးတွေက တစ်ဦးနှင့်တစ်ဦး ချစ်ကြပါကြောင်း၊ ကျောင်းတွေမှာ အသင်းငါးသင်း အားကစားပြိုင်ပွဲတွေ လုပ်ပေးလိုက်ရင် တစ်သင်းချင်း တော့ စည်းလုံးညီညွှတ်သွားပါကြောင်း။
အားကစားကလည်း ငြိမ်းချမ်းရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုပါကြောင်း၊ ငယ်ရွယ်စဉ်အချိန်မှာ တိုင်းနဲ့ပြည်နယ် မှာရှိတဲ့တိုင်းရင်း သားတွေ အားလုံးစုပေါင်းပြီးတော့ အားကစားပြိုင်ပွဲလေးတွေ ငယ်ရွယ် စဉ်အချိန်က တည်းက လုပ်ပါကြောင်း၊ တိုင်းရင်းသားတွေ အချင်းချင်း တွေ့ဆုံခွင့်ရပါကြောင်း၊ တစ်ဦး ယဉ်ကျေးမှု၊ တစ်ဦးနားလည်လာမှာဖြစ်ပါကြောင်း၊ တစ်ယောက်နဲ့ တစ်ယောက်လည်း ချစ်ခင်လာမှာဖြစ်ပါကြောင်း၊ အနာဂတ်မှာ လူငယ်ဖြစ်လာမယ့် ကလေးတွေက လူကြီးဖြစ်လာပြီ ဆိုရင် နိုင်ငံတော်ကို ဘက်စုံထောင့်စုံကနေပြီးတော့ ၀ိုင်းပြီးတော့ တည့်မတ်အောင် ဆောင်ရွက်တဲ နေရာမှာ လူငယ်တွေရဲ့ အခန်းကဏ္ဍက အရေးကြီးတဲ့အတွက် မိမိတို့ ပညာရေးကဏ္ဍမှာ အားကစားကဏ္ဍကလည်း ငြိမ်းချမ်းရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုနေပါကြောင်း၊ ဒါကြောင့် ငြိမ်းချမ်းတဲ့နိုင်ငံ တည်ဆောက်ဖို့ဆိုရင် ပညာရေးနဲ့ အားကစားကဏ္ဍကို ချန်ထားလို့ မရပါကြောင်း။
ကချင်ပြည်နယ်မှ အမျိုးသား အောင်လအန်ဆန် MNA ၀ိတ်တန်း ချန်ပီယံ နှစ်ခုရသည့်အခါ ကချင်တိုင်းရင်းသားတစ်မျိုးတည်းပျော်ရွှင်ခြင်းမဟုတ်ဘဲ မိမိတို့ လည်းပျော်ပါကြောင်း၊ တိုင်းရင်းသားအားလုံးပျော်ပါကြောင်း၊ ဒါ သူတတ်တဲ့ အားကစားပညာနဲ့ တိုင်းပြည်ကို ငြိမ်းချမ်းရေးလုပ်နေတာ ဒါကြောင့် အားကစား ကဏ္ဍကလည်း အရေးပါတယ် လို့ ထည့်သွင်းပြောကြားလိုတာဖြစ်ပါ ကြောင်း ဆွေးနွေး ပြောကြားသည်။


ဒေါ်ဖြိုးအိကြိုင်
စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း
ငြိမ်းချမ်းရေးဆိုတာ တစ်ဦးတစ်ယောက်တည်းအားနဲ့ အဖြေရှာလို့ မရပါကြောင်း၊ အခုလို စကားဝိုင်းတွေက တစ်ဆင့် ဆွေးနွေးအဖြေရှာပြီးတော့ ငြိမ်းချမ်းရေးကို ဘယ်လိုဆက်လက်ဆောင်ရွက်မယ်၊ တိုင်းပြည်ငြိမ်းချမ်းအောင်၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာ ကျွန်မတို့ ဆွေးနွေးရင်းနဲ့ အဖြေရှာရမှာ ဖြစ်ပါကြောင်း။
ငြိမ်းချမ်းရေးလို့ ပြောလိုက်ရင် မိိမိထင်တာကတော့ အရင်ဆုံး တိုင်းရင်းသားတွေ၊ အသားအရောင်တွေ၊ ဘာသာစကားတွေ၊ ယုံကြည်မှုတွေ၊ ကိုးကွယ် ရာတွေ၊ ခွဲခြားမနေဘဲနဲ့ စုစုစည်းစည်းနဲ့ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်သွားရမှာဖြစ်ပါကြောင်း၊ အဓိကတော့ ဘယ်နိုင်ငံမှာပဲနေနေ၊ ဘယ်ဒေသ ပဲ ရောက် နေနေ၊ ဘယ်ဘာသာတရားပဲကိုးကွယ်ကိုးကွယ်၊ မြန်မာနိုင်ငံသားဆိုတဲ့ စိတ်ဓာတ် တစ်ခုတည်းနဲ့ မြန်မာနိုင်ငံတော်ကြီးကို တိုးတက်အောင် အကုန်လုံး ၀ိုင်းဝန်းဆောင် ရွက်ရမှာဖြစ်ပါကြောင်း။ 

မိမိတို့ အသင်းကြီးအနေနဲ့ဆိုရင်လည်း MYEA အသင်းကြီးရဲ့ ဦးဆောင်မှုနဲ့ ဆောင်ရွက်နေတာဖြစ်တဲ့အတွက် အသင်းမှာ တိကျတဲ့ ရည်မှန်းချက်တွေ၊ ရည်ရွယ် ချက်တွေလည်း ရှိပါကြောင်း၊ နေပြည်တော်ပွဲမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောခဲ့တဲ့ စကားလေးတစ်ခွန်း အခုထိ အမှတ်ရနေပါကြောင်း၊ လူငယ်တွေကို အားကိုးတယ် ဆိုပြီး ပြောခဲ့ပါကြောင်း၊ မှန်ပါကြောင်း၊ လူငယ်တွေဟာ တိုင်းပြည်တစ်ပြည်ရဲ့ အရင်းအမြစ်ဖြစ်ပါကြောင်း၊ ဒီလူငယ်တွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ တန်းတူပညာရေးတွေ သင်ကြားနိုင်မယ်ဆိုရင် သူတို့ရဲ့ အတွေးအခေါ်တွေ မြင့်မားလာမယ်၊ စိတ်ဓာတ်တွေ မြင့်မားလာမယ်၊ ပြီးရင် ဒီစိတ်ဓာတ်တွေ မြင့်မားလာရင် ကိုယ့်နိုင်ငံဘယ်လို ဖွံ့ဖြိုး တိုးတက်အောင် ၀ိုင်းဝန်းကြိုးစားသွားကြရမှာဖြစ်ပါကြောင်း။

မိမိတို့ လူငယ်တွေကြားမှာလည်း ငြိမ်းချမ်းရေး ဆိုတာကိုပဲ တသသ ပြောနေကြရပါကြောင်း၊ ငြိမ်းချမ်းရေးရှိမှပဲ စွန့်ဦးတီထွင်မှု လုပ်ငန်းတွေကလည်း တိုးတက် အောင်စွမ်းဆောင်နိုင်ပါလိမ့်မည်ဖြစ်ပါကြောင်း၊ ဒါကြောင့် မိမိတို့ အသင်းကြီး အနေနဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ လူငယ်ထုတွေကို စွန့်ဦး တီထွင်လိုစိတ်တွေရှိလာအောင်၊ အကောင်းမြင်စိတ် တွေရှိလာအောင် ကြိုးစား တည်ဆောက်သွားကြရမှာဖြစ်ပါကြောင်း။ 

နိုင်ငံတစ်နိုင်ငံမှာ လူငယ်တွေက အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါပါကြောင်း၊ ဒါကြောင့်မို့လည်း လူငယ်တွေအနေနဲ့ ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်တွေကို ခံစား သိရှိနားလည်လာအောင်၊ သိရှိနားလည်လာပြီးတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးဆောင်ရွက်ချက်တွေ မှန်သမျှမှာ လူငယ်တွေအနေနဲ့ အစိုးရ နဲ့အတူတူ ပူးပေါင်းပါဝင်ပြီးတော့ ဆောင်ရွက်သွားမယ်လို့ ဒီနေရာကနေပြောကြား လိုပါကြောင်း ဆွေးနွေးပြောကြားသည်။ 
.
.
.
ဆွေးနွေးချက်များနှင့် ပတ်သက်၍
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခုခေတ်နည်းပညာတွေကို အပြုသဘောဆောင်တဲ့ အကျိုးတွေဖြစ်အောင် ဘယ်လိုကျွန်မတို့ထိန်းမလဲ၊ ဒီနည်းပညာတွေဆိုတာ အပြုသဘောဆောင်တဲ့လမ်းကို သွား နိုင်သလို အပြုသဘောမဆောင်တဲ့ လမ်းတွေကိုလည်း သွားနိုင်ပါကြောင်း၊ ဥပမာ ကျွန်မတို့ ပြောပြောနေတဲ့ကိစ္စတွေမှာ၊ အမုန်းတရားတွေကိုဖြန့်ဝေနေတာဆိုတာလည်း ဒီနည်းပညာ တွေကြောင့် အများကြီးဖြန့်ဝေနိုင်ပါကြောင်း၊ ပြီးတော့ အမုန်းတရားတွေဟာ တစ်နေရာတည်းက မဟုတ်ဘဲ တစ်ကမ္ဘာလုံးကို သွားနိုင်တဲ့အခြေအနေမှာရှိတော့ ကျွန်မတို့ဘယ်လို ပြန်ပြီးတော့ တုန့်ပြန်မလဲ ၊ ဒီလိုမပွားသင့်တဲ့စိတ်ဓာတ်တွေ မိမိတို့နိုင်ငံထဲမှာ စိမ့်မ၀င်အောင် ဘယ်လို နည်းပညာဘက်နေ ကာကွယ်မလဲ၊ ဒါမှမဟုတ်လူမှုရေးအရ ဘယ်လိုကာကွယ်မ လဲဆိုတာ စဉ်းစားရမှာဖြစ်ပါကြောင်း။
မိမိတို့ ပညာရေးစနစ်က ယေဘုယျအားဖြင့်အားနည်းပါကြောင်း၊ နိုင်ငံ ခြားကနေ စာရွက်စာတမ်းတွေ ဂျာနယ်တွေ လေ့လာနိုင်ဖို့ အခက်အခဲဟာ အဓိက အားဖြင့် အင်္ဂလိပ် ဘာသာသင်တဲ့နေရာမှာ အားနည်းလို့ဖြစ်ပါကြောင်း၊ ဒါလည်းမိမိ တို့ပြုပြင်ဖို့ ကြိုးစား နေပါကြောင်း၊ အင်္ဂလိပ်ဘာသာကို အခုခေတ်မှာ မကျွမ်းကျင်ရင် ကမ္ဘာနဲ့ရင်ပေါင် တန်းဖို့ဆိုတာ အင် မတန်မှခက်ပါကြောင်း၊ ကမ္ဘာပေါ်မှာ အရေးကြီးဆုံးစာရွက်စာတမ်းတွေ အားလုံးဟာ အင်္ဂလိပ် ဘာသာနဲ့ထုတ်ဝေပါကြောင်း။
နောက်တစ်ချက်ကတော့ သင်တဲ့ပညာနဲ့အပြင်မှာသိပ်ပြီး အသုံးမ၀င်တဲ့ အခြေအနေဖြစ်ပါကြောင်း၊ မိမိတို့အနေနဲ့အသက်မွေးဝမ်းကျောင်းပညာကို အားပေးပါကြောင်း၊ ပညာရှာတယ်ဆိုတာဟာ ကိုယ့်ဘ၀ကို ရင်ဆိုင်နိုင်ဖို့ပညာရှာ တာဖြစ်ပါကြောင်း၊ ပညာဆိုတာ ဘယ်တော့မှ အလဟသတော့ လုံးဝမ ဖြစ်ပါကြောင်း၊ ဒါပေမယ့်ဒီပညာရေးအဆင့်ကမကောင်းတဲ့အခါ ဒီဟာကို အသက်မွေးဝမ်းကျောာင်းအတွက်သုံးဖို့ရာခက်ခဲပါကြောင်း၊ ကမ္ဘာနဲ့ရင်ပေါင်တန်းပြီး လိုက်ဖို့ခက်ခဲပါကြောင်း၊ ပညာရေးဝန်ကြီးဌာနက သိရှိပြီး အဘက်ဘက် ကပြုပြင်ဖို့ ကြိုး စားနေပါကြောင်း။ 

ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုတာ ဘယ်လိုမှခွဲလို့မရပါကြောင်း၊ နိုင်ငံက စီးပွားရေးအရ ရုပ်ပိုင်းဆိုင်ရာအရ ချမ်းသာမှ လူတွေဟာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ရှိမှာဖြစ်ပါကြောင်း၊ စစ်မက်ဖြစ်နေတဲ့နေရာမှာ ရုပ်ပိုင်းဆိုင်ရာ မှာလုံခြုံမှုမရှိပါကြောင်း၊ စိတ်ပိုင်းဆိုင်ရာလည်း လုံခြုံမှုမရှိပါကြောင်း၊ ကလေးသူငယ်များဟာ ပညာသင်ရ မယ့်အချိန်မှာ ၀မ်းစာရှာနေရတာ မဖြစ်သင့်တဲ့ ကိစ္စဖြစ်ပါကြောင်း၊ ဒါကိုလည်း မိမိတို့ အစိုးရအနေနဲ့ အထူးအလေးပေးပြီး ဘယ်လိုဖြေရှင်းရမလဲဆိုတာ ကြိုးစားနေပါ ကြောင်း၊ နေ့ချင်းညချင်းတော့ မဖြစ်ပါကြောင်း၊ ဒါပေမယ့် ခုနကပြောသွားသလို ဒီကလေးလေးတွေဟာ ကွမ်းယာတွေ ဆေးလိပ်တွေ လိုက်ရောင်းနေရတယ်ဆိုတော့ အဲ့ဒါနဲ့ ပတ်သက်လို့လည်း ဆေးလိပ် မသောက်ပါနဲ့ ကွမ်းယာမစားပါနဲ့လို့တော့ အားလုံးကို ပြောချင်ပါကြောင်း။

ဒါပေမယ့် ပြောတဲ့တစ်ချိန်လုံးမှာပဲ လက်တွေ့ကျကျ ကြည့်ရပါကြောင်း၊ ဆေးလိပ် ရောင်းပြီး အသက်ရှင်ရသူတွေနဲ့ ကွမ်းယာရောင်းပြီး အသက်ရှင်ရ သူတွေအတွက် မိမိတို့မှာ အစားထိုးလုပ်ငန်းတွေ ရှာပေးဖို့လိုကြောင်း ။
ငြိမ်းချမ်းရေးဆိုတာ ပြည်သူလူထု တစ်ယောက်ချင်းတစ်ယောက် ချင်းရဲ့ စိတ်၏အေးချမ်းခြင်းဖြစ်ပါကြောင်း၊ စိတ်၏အေးချမ်းရေးဆိုတာ ၁၀၀ရာခိုင်နှုန်း တော့မဖြစ် နိုင်ပါကြောင်း၊ အခြေခံလြုံခုံမှုဆိုတာ မိမိ အမြဲပြောသလို တရားဥပဒေ စိုးမိုးရေးရှိရမည်ဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုးရေးအောက်မှာ ပြည်သူများဟာ အခြေခံလုံခြုံမှုရှိနိုင်ပါကြောင်း၊ ဥပဒေဟာ ပြည်သူတွေ ကာကွယ်ဖို့၊ လူ့အသိုင်းအ၀ိုင်းကို ကာကွယ်ဖို့ဆိုတာ အများနားလည် အောင် တကယ်ပဲ လက်တွေ့ကျကျ မြင်ရအောင် လုပ်ရမည်ဖြစ်ပါကြောင်း။ 

စီးပွားရေးတောင့်တင်းမှုထဲမှာ တိုးတက်တဲ့ နိုင်ငံတွေအတွက် အခြေခံကိစ္စတစ်ခုက ဘာလဲဆိုတော့ အခွန်ငွေတွေ ရရှိခြင်းပင်ဖြစ်ပါကြောင်း၊ ပြည်သူတွေက ဆောင်သင့်ဆောင်ထိုက်တဲ့ အခွန်ငွေတွေကိုဆောင်ကြပါ။ စီးပွားရေး လုပ်ငန်းရှင်တွေလည်း ကိုယ်ဆောင်သင့်ဆောင်ထိုက်တဲ့ အခွန်ငွေတွေကို ဆောင်ကြပါ။ မရှောင်ကြပါနဲ့။ ဒီလိုအခွန်မပေးဘဲနဲ့ အစိုးရက ပြည်သူ့ကို အကျိုးဖြစ် စေမယ့် လုပ်ငန်းတွေ လုပ်ဖို့ဆိုတာဟာ မလွယ်ပါကြောင်း။ 

မိမိတို့ ဆောက်လုပ်ရေးအပိုင်းမှာဆိုရင် အခုမြောင်းမြက လူတွေက တန်းပြီးစဉ်းစားလိုက်မှာ တံတားကြီးကိစ္စုဖြစ်ကြောင်း၊ ဒီတံတားကြီးကိစ္စဆိုတာ တံတားတွေကို အဆင့်မှီအောင် လုပ်ဖို့ လမ်းတွေကို အဆင့်မှီအောင်လုပ်ဖို့ ဆိုတာဟာ မိမိတို့ ပြည်သူများရဲ့ ကျွမ်းကျင်မှုတင်မကဘူး ပိုက်ဆံလည်းလိုကြောင်း၊ အင်ဂျင်နီယာ တစ်ယောက်က ဘယ်လောက်ပဲ ကျွမ်းကျင်ကျွမ်းကျင် သူလိုအပ်တဲ့ ပစ္စည်းတွေ မရှိဘူးဆိုရင် တံတားကောင်းကောင်း ဆောက်လို့လည်းမရ၊ လမ်းကောင်းကောင်း ဆောက်လုပ်လို့လည်း မရ ၊ ဒီတော့ ပြည်သူကလည်း သူရဲ့တာဝန်အရ အခွန်ထမ်း ဆောင်ရမည်၊ အစိုးရကလည်း အစိုးရတာဝန်အရ ဒီအခွန်တွေကို မှန်မှန်ကန်ကန်နဲ့ ပြည်သူအတွက် သုံးနိုင်ရမည်ဖြစ်ကြောင်း။
ကမ္ဘာ့စားနပ်ရိက္ခာ လိုအပ်ချက်အရ စိုက်ပျိုးရေးပေါ်တွင် အခြေခံပြီး တိုးတက်စရာ လမ်းကြောင်းများ ရှိပါကြောင်း၊ လမ်းကြောင်းရှိပေမယ့် ဒီလမ်းကြောင်း ကို လျောက်နိုင်မှ အကျိုးရှိမည်ဖြစ်ပါကြောင်း၊ လယ်သမား သားသမီးများ အနေနဲ့ လယ်ယာစိုက်ပျိုးရေးနဲ့ အသက်မွေးဝမ်းကျောင်း ပြုလုပ်တာကို ဂုဏ်ယူစေချင် ကြောင်း၊ စိုက်ပျိုးရေးကို အခြေခံပြီး တိုးတက်တဲ့ စက်မှုလက်မှု နိုင်တွေလည်းရှိပါတယ်။ လယ်သမား သားသမီးဖြစ်ရတာကို ဂုဏ်ယူစေချင်ပါကြောင်း။
မိမိတို့ နိုင်ငံမှာကျောင်းဆရာတွေနည်းနေပါကြောင်း၊ ကျောင်းဆရာမတွေ များနေပါကြောင်း၊ ကျောင်းဆရာမ က ၉၈ ရာခိုင်နှုန်းလောက်ရှိ ပါကြောင်း၊ အမျိုးသားငယ်များ ကျောင်းဆရာလုပ်ချင်တဲ့စိတ်ဓာတ်တွေ ပိုပြီးတော့ အားပေးချင်ပါ ကြောင်း။
ဦးအောင်မြင့်မြတ်ပြောသလို အားကစားက လူငယ်တွေရဲ့ စိတ်ဓာတ်အတွက် မိမိတို့နိုင်ငံရဲ့ ရှေ့ရေးအတွက် အရေးကြီးပါကြောင်း၊ နောက်ပြီး အမျိုးသားများကို ကျောင်းဆရာလုပ်ဖို့လည်း အားပေးပါ။ ဆွဲဆောင်ပါ။ ကျောင်းဆရာလုပ်တယ်ဆိုတာ အင်မတန်မှ ဂုဏ်သိက္ခာရှိပါကြောင်း၊ နောင်လာနောင်သားတွေရဲ့စိတ်ဓာတ်ကို ပြုစုပျိုး ထောင်ပေးပိုင်ခွင့်ရတယ်ဆိုတာဟာ တော်ရုံတန်ရုံအခွင့်အရေးမဟုတ်ပါကြောင်း၊ ဒါကြောင့် ကျောင်းဆရာဖြစ်ရမှာကို ဂုဏ်ယူကြပါ။ ကျောင်းဆရာဖြစ်ဖို့ မျှော်မှန်းကြပါ ဟုပြောလိုပါကြောင်း။ 

မိမိတို့ ပြည်သူတွေက သိပ်ပြီးတော့ မင်းသမီး၊ မင်းသားဖြစ်ချင်ကြကြောင်း၊ မင်းသမီး၊ မင်းသားချည်းပဲ ဖြစ်နေမယ်ဆိုရင် ပရိသတ်တစ်ယောက်မှ ရှိမှာမဟုတ်တော့ကြောင်း၊ ဒါကြောင့်မို့လို့ ကိုယ်က ပရိသတ်အနေနဲ့လည်း ဂုဏ်ယူရမည်၊ မင်းသမီး၊ မင်းသားတွေက တကယ်တော့ ပရိသတ်ကို အားကိုးရတာ၊ ပရိသတ်မရှိရင် မင်းသမီး၊ မင်းသားမဖြစ်ကြောင်း၊
အားလုံးက ခေါင်းဆောင်ပဲ လုပ်ချင်ကြောင်း၊ နောက်လိုက်လုပ်ဖို့ မစဉ်းစားကြောင်း၊ ကိုယ်ကိုယ် တိုင်က နောက်လိုက် ကောင်းတစ်ယောက်အဖြစ် တာဝန်ကျေပွန်ခဲ့မှသာ ခေါင်းဆောင် ကောင်းဖြစ်နိုင်မည်ဖြစ်ကြောင်း၊
သူ့နေရာနဲ့သူ အားလုံးက တန်ဖိုးရှိကြောင်း၊ ဒါတွေကို မိမိတို့ သား သမီးတွေ ကိုသင်ပေးရမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးသည်။ 

စကားဝိုင်းဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာ မြင့်ထွေးက ဆွေးနွေးပြောကြားရာတွင် ပြည်သူတွေ ကျန်းမာရေးအသိပညာ၊ ကျမ်းမာရေး စာတတ်မြောက်မှုရှိမှသာလျှင် နိုင်ငံတော်၏ အတိုင်ပင်ခံပြောတဲ့ ကွမ်းမစား၊ အရက်မသောက်၊ ဆေးလိပ်မသောက်၊ အဆီများတဲ့အစာကို လျှော့စားမည်ဖြစ် ကြောင်း၊ ချိုလွန်း၊ ငန်လွန်းတာတွေသိပ်မစား ဘူး ဆိုရင် တော်တော် များများမှာ မဖြစ်သင့်တဲ့ရောဂါတွေ မဖြစ်တော့ပါကြောင်း။
ဒီကိစ္စတွေကို နိုင်ငံတော်အတိုင်းအတာအနေနဲ့ စံပြုအချက် အလက်များ ဆိုတဲ့စာအုပ်ကိုထုတ်တဲ့အပြင် ဒီစာအုပ်ကို Tablet ထဲမှာထည့်မည်ဖြစ်ကြောင်း၊ ထည့်ပြီးရင် သုံးသောင်းမျှ ရှိသော အခြေခံကျန်းမာရေးဝန်ထမ်းများအားလုံးကို ပေးမှာဖြစ်ပါကြောင်း၊ ကြာခင်လပိုင်းအတွင်းမှာ ကျွန်တော်တို့ပေးတော့မှာ ဖြစ်ပါကြောင်း ။ 

မိမိတို့ ကလေးတွေကို ကာကွယ်ဆေး (၁၁)မျိုးလောက် ထိုးပေးနေပါကြောင်း၊ ထိုစာအုပ်ထဲမှာ ဘာပါလဲဆိုတော့ ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်တွေ ပါပါကြောင်း စသည်ဖြင့် ပြောကြားသည်။ 

ထို့နောက် online မှမေးမြန်းလာသည့် “ငြိမ်းချမ်းရေး၏ အစ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်နက်ကိုင်အဖွဲ့အားလုံး တက်ညီလက်ညီ လက်မှတ် ရေးထိုးရန် မည်သို့ အဆင်မပြေဖြစ်နေသည်၊ မည်သို့ကြိုးစားမရဖြစ်နေသည် ကိုသိလိုကြောင်း” မေးခွန်း၊ “နိုင်ငံတော်တိုးတက် ရေးအတွက် ဦးတည်ချက် သုံးရပ် ချမှတ် အကောင်အထည်ဖော်ဆောင်ရေးတွင် ပြုပြင်ပြောင်းလဲဆောင်ရွက်သင့်သည့် အခြေအနေနှင့် စပ်လျဉ်း၍ ရထားတွဲ အသစ်များ လိုအပ်သလို အစားထိုးသင့်ပါကြောင်း၊ သို့မှသာ သတ်မှတ်ကာလအတွင်း လိုရာခရီး ရောက်နိုင်မည်ဖြစ်ကြောင်း” မေးခွန်း၊ “နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ယခုအချိန် အဖြစ်ချင်ဆုံး ဆန္ဒအား သိလိုကြောင်း ”မေးခွန်းတို့နှင့် စပ်လျဉ်းပြီး ဖြေကြားခဲ့သည်။

NCA လက်မှတ်ရေးထိုးရေးနှင့် စပ်လျဉ်းသည့် မေးခွန်းအပေါ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က “ဒီမေးခွန်းဟာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးဖို့ မေးခွန်းတစ်ခု ဖြစ်ပါ တယ်။ ဟုတ်တယ်၊ ကျွန်မတို့အစိုးရက ငြိမ်းချမ်းရေးလိုချင်ပါတယ်။ တပ်မတော် ကလည်းလိုချင်မယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေကလည်း လိုချင်မယ်။ စောစောက ပြောသွားသလို၊ အထိခိုက်ဆုံးက ဒီတပ်မတော်သားတွေနဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေ ထဲက ရဲဘော်တွေဟာ အထိခိုက်ဆုံးပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ သူတို့လည်း အထိခိုက်ခံချင်မှာမဟုတ်ဘူး။ သူတို့မိသားစုတွေကလည်း ကိုယ့်ရဲ့သားတွေ၊ မောင် တွေ၊ အဖေတွေ၊ ခင်ပွန်းသည်တွေကို ဆုံးရှုံးချင်မှာ မဟုတ်ဘူး။ ဘာဖြစ်လို့ ဒီငြိမ်းချမ်း ရေးရဲ့ အစဖြစ်တဲ့ NCA ကို မထိုးကြတာလဲဆိုတော့ တစ်ဖက်က ကြည့်မယ်ဆိုရင် တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှု မရှိလို့ဘဲ။ 

ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုမရှိလို့ဆိုတာ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိရင် တစ်ခြားသူကို ယုံကြည်နိုင်တဲ့ အင်အားဖြစ်လာမယ်။ ပထမက ကိုယ့်ကို ကိုယ် ယုံကြည်ဖို့လိုပါတယ်။ ငါဟာ ငြိမ်းချမ်းတဲ့လမ်းစဉ်နဲ့ ငါ့ရဲ့ တိုင်းရင်း သားတွေ အတွက်၊ ငါ့ရဲ့အစုအဖွဲ့အတွက် လိုအပ်တဲ့ တိုးတက်မှုတွေကို လုပ်ပေးနိုင်တဲ့ အရည် အချင်းရှိတယ်ဆိုတာကို ယုံကြည်ဖို့ လိုပါတယ်။ လက်နက်အားကိုးနဲ့မှ လုပ်နိုင်တာ မဟုတ်ဘူး။ ကိုယ့်ရဲ့ လုံ့လ၊ ၀ီရိယ၊ ကိုယ့်ရဲ့ စေတနာ၊ ပညာ၊ သတ္တိတွေကို အခြေခံ ပြီးတော့ လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုရှိမှ တစ်ခြားဘက်ကို ယုံကြည်ခြင်းနဲ့ စွန့်စား နိုင်မှာ။ ကျွန်မ ခဏခဏပြောပါတယ်။ ဘ၀ဆိုတာ စွန့်စားခြင်းပဲ။ 

မနက်မိုးလင်းကတည်းက စွန့်စားခြင်းပဲ။ ကိုယ်ကသာ မသိလို့၊ ဒီမနက် မိုးလင်းပြီ ဆိုရင် ဒီတစ်နေ့တာ ၂၄ နာရီအတွင်းမှာ ကိုယ်ဘာနဲ့ကြုံရမလဲ၊ ဘာနဲ့ ရင်ဆိုင်ရမလဲ ဆိုတာ ဘယ်သူမှမသိဘူး။ ငြိမ်းချမ်းရေးကို တကယ်လိုချင်တယ်ဆိုရင် ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှုရှိရမယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်ရင်ဆိုင်နိုင်တယ်။ ရင်ဆိုင်မယ်။ ရင်ဆိုင် ရမှာပဲ။ ဘ၀မှာ ရှောင်လွှဲလို့မရဘူး။ ဖြစ်လာသမျှ တစ်နေ့ထက်တစ်နေ့ ရင်ဆိုင်ရမှာပဲ။ ဒီနေ့ကို မရင်ဆိုင်ပါဘူးဆိုပြီးတော့ ခေါင်းမြီးခြုံနေလို့လည်း ဒီနေ့ကြီးက ပျောက်သွားမှာ မဟုတ်ဘူး။ အဲဒီတော့ ကိုယ်အသက်ရှင်နေသမျှ ဘ၀ဆိုတာ စွန့်စားမှုပဲ။ အဲဒီတော့ ဘ၀ဆိုတာ စွန့်စားမှုမို့လို့ အားလုံးကနေပြီးတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်နဲ့ တစ်ခြားသူတွေကို ယုံကြည်မှုပေးရမယ်။ 

ကျွန်မ ခဏခဏပြောပါတယ်။ ကျွန်မတို့ရဲ့ လူ့အသိုင်းအ၀ိုင်းမှာ စိတ်ညစ်စရာ အကောင်းဆုံးကိစ္စတစ်ခုကတော့ မနာလို၊ သ၀န်တိုတဲ့ စိတ်ဓာတ်တွေ၊ တစတ်ယောက်နဲ့ တစ်ယောက် မနာလို သ၀န်တိုတာတွေ၊ အဲဒါကလည်း ကိုယ့်ကိုကိုယ် မယုံကြည်ခြင်းကနေပြီးတော့ ပေါက်ဖွားလာတာပါ။ ကိုယ့်ကိုကိုယ် ယုံကြည်တဲ့သူက ဘယ်သူ့ကိုယ်မှ မနာလိုမရှိဘူး။ ကိုယ်က ကြီးကြီးကျယ်ကျယ်ကြီးလည်း ဖြစ်နေစရာ မလိုဘူး။ လယ်သမားတစ်ယောက်ဆိုပေမယ့်လည်း ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့ လယ်သမားဟာ သူဌေးကြီးကိုလည်း မနာလိုနေစရာ အကြောင်းမရှိဘူး။ ဒီတော့ ယုံကြည်ချက်ဟာ အဓိကပဲ။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်ဖို့ဆိုတာ ကိုယ့်ကိုကိုယ်လည်း ယုံကြည်ဖို့ လိုပါတယ်” ဟု ဆွေးနွေးဖြေကြားသည်။

နိုင်ငံတော်တိုးတက်ရေးအတွက် ပြောင်းလဲဆောင်ရွက်သင့်သည့် အခြေအနေနှင့် စပ်လျဉ်းသည့် မေးခွန်းအား ဖြေကြားရာတွင် “အခု ကျွန်မတို့နဲ့ ပို့/ဆက်ဝန်ကြီးပါ လာတယ်။ ဒီပို့/ဆက်ဝန်ကြီးက နှစ်ပေါင်းများစွာ မီးရထား ဌာနမှာ လုပ်ခဲ့တာ။ အဲဒီတော့ အခု ကျွန်မတို့ရဲ့ မီးရထားအခြေအနေက မကောင်းဘူး ဆိုတာ အားလုံး သိပြီးသားပဲ။ နှေးလည်း နှေးတယ်။ သွားတဲ့ ရထားတွဲတွေကလည်း ထိုင်လို့မကောင်း ဘူး။ နောက်ပြီးတော့ ခေါင်းတွဲတွေကလည်း ကောင်း သင့်သလောက် မကောင်းဘူး။ အဲဒါနှစ်ပေါင်းများစွာ ဖြစ်လာတဲ့ကိစ္စ၊ အဲဒီတော့ အခု ဒီလိုရထားတွဲကြီး ကို ပြောတဲ့အခါမှာ အခုက ကျွန်မတို့ဟာ စနစ်တစ်ခုကို ပြောင်းဖို့ပေါ့၊ ကျွန်မတို့ စနစ် တစ်ခုကို ပြောင်းဖို့ဆိုတာဟာ နေ့ချင်းညချင်းဖြစ်ဖို့တော့ မလွယ်ဘူး။ ဒါပေမယ့် တစ်ချိန် လုံးကြိုးစားနေရတယ်။ 

အခု ကျွန်မတို့ အမြန်ရထား သွားစေချင်တယ်ဆိုရင် အမြန်ရထားက အခု နောက်ဆုံးပေါ် ဂျပန်မှာရှိတဲ့ ကျည်ဆံရထားလိုဟာမျိုး သွားဖို့ဆိုတာ ကျွန်မတို့ရဲ့ လမ်းဟောင်းကြီးပေါ်မှာ လာတင်လို့မရဘူး။ အားလုံးပြန်ပြင် ရတယ်။ ရထားလမ်း တွေလည်း ပြန်ပြင်ရတယ်။ စနစ်ကိုလည်း ပြန်ပြင်ရတယ်။ ခေါင်းတွဲရော၊ နောက်တွဲ တွေကိုရောပေါ့။ ပြီးတော့ ဒီဟာတွေကို မမောင်းနိုင်တဲ့သူတွေကိုလည်း သွန်သင် ပေးရတယ်။ လေ့ကျင့်ပေးရတယ်။ အဲဒါတွေအားလုံး လုပ်ဖို့ ဆိုတာ ပိုက်ဆံလိုတယ်။ အဲဒီလိုပဲ လိုအပ်ချက်တွေ အများကြီးပဲ။ ခေါင်းလေးတစ်ခု တည်း တပ်လိုက်ရုံနဲ့ မပြီးသွားဘူး။ ကျွန်မတို့နိုင်ငံတစ်နိုင်ငံမှာ အပြောင်းအလဲ လုပ်ဖို့ ဆိုတာဟာ အနောက်ကနေပြီးတော့ ကိုးရို့ကားယားလုပ်နေတဲ့သူတွေကတော့ အမြဲ ရှိမှာပဲ။
ဘယ်သူ့အဖွဲ့အစည်းမှာမှ တစ်ရာရာခိုင်နှုန်း အားလုံး စိတ်တူသဘောတူ ပါလာ တယ်ဆိုတာ မရှိနိုင်ဘူး။ ဒါတွေကြောင့် စိတ်ပျက်ဖို့မလိုဘူး။ ကိုယ့်ကိုကိုယ်ပဲ ကိုယ်ပြန်ကြည့်၊ ဒီမိုကရေစီရရှိရေးနဲ့ ပတ်သက်လို့ ကျွန်မ ခဏခဏ ရှင်းပြပါတယ်။ ဒီမိုကရေစီရရှိရေးနဲ့ ပတ်သက်လို့ တစ်ချို့တွေ မေးကြတယ်။ အရင် ရွေးကောက်ပွဲ မတိုင်ခင်တုန်းကဆိုရင် ဒီမိုကရေစီ ဘယ်တော့ရမှာလဲ။ ကျွန်မက ပြောတယ်၊ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်၊ ကိုယ် ဒီမိုကရေစီရရေးအတွက် ဘယ်လောက် လုပ်နေလဲ။ ကိုယ်လုပ်သလောက်အပေါ်မှာ အခြေခံပြီးတော့ မြန်မလား၊ နှေးမလား ဆိုတာ ကိုယ့်ဘာကိုယ်ဆုံးဖြတ်၊ ကိုယ်အများကြီး လုပ်ပေးနေရင် မြန်မယ်လို့ ဆုံးဖြတ်၊ ကို်ယ်ဘာမှ မလုပ်ပေးဘူးဆိုရင်တော့ နှေးမယ်လို့ဆုံးဖြတ်၊ စိတ်ဝင်စား စရာကောင်း တာက တစ်ကယ် နိစ္စဓူဝလုပ်နေတဲ့သူတွေက ဘယ်တော့မှ ဒီမေးခွန်း မမေးဘူး။ မလုပ်နေတဲ့သူတွေကသာ မေးလေ့ရှိတယ်။ 

ကျွန်မပြောချင်တာက အားလုံးကနေပြီးတော့ ဘာဝင်ပြီးတော့ လုပ်ပေးနိုင်ပါ သလဲ ဆိုပြီး မေးတာဟာ အင်မတန်မှန်တယ်။ ကိုယ်ဘာလုပ်ပေးနိုင်မလဲဆိုတာ မေးရမယ်။ တစ်ချို့ကိစ္စတွေကတော့ ကျွန်မတို့ အစိုးရကပြောတဲ့ စကားတွေကို နားထောင်ပြီးတော့ လမ်းကြောင်းပေါ်တယ်။ ဥပမာဆိုရင် ကျွန်မတို့က လူငယ်တွေကို ပါဝင်စေချင်တယ်။ ဒီလို ဆွေးနွေးပွဲမှာ ပါဝင်တာလည်း ငြိမ်းချမ်းရေးအတွက် တစ်နည်း တစ်လမ်းနဲ့ သဲတစ်ပွင့်၊ အုပ်တစ်ချပ် လုပ်ပေးတာပဲ။ ပရိသတ်ရော၊ ဒီမှာလာပြီးတော့ ဆွေးနွေးတဲ့သူတွေရော၊ နားထောင်တဲ့သူတွေလည်း ဒီအထဲမှာပါတာပဲ။ အခု နားထောင်တဲ့လူတွေဆိုရင် ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အရင်တုန်းက မစဉ်းစားမိတဲ့ အတွေးအမြင်တွေ ရသွား မယ်။
ဒီဆွေးနွေးပွဲကို နားထောင်လိုက်တဲ့အတွက် ဒီကနေ စဉ်းစားပြီးတော့ ကိုယ့်ရပ် ကိုယ့်ရွာမှာ ငြိမ်းချမ်းရေးစိတ်ဓာတ်တွေ များပြားလာအောင်လို့ ဘယ်လိုလုပ်နိုင်မလဲ ဆိုတာ စဉ်းစားနေမယ်။ ဒီလိုပဲ လူတိုင်း လူတိုင်းဟာ ငါဘာလုပ်နိုင်လဲ၊ ငါငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် ငါဘာပေးနိုင်လဲ ဆိုတာကို စဉ်းစားမယ်ဆိုရင် ဒီပြဿနာတွေကို ကျွန်မတို့ ကျော်လွှားနိုင်မှာပါ။
စောစောက ပြောသွားသလို ကိုယ့်ရဲ့ ကျောင်းတွင်း ညီညွတ်မှုကို တစ်ခြား ကျောင်းတွေနဲ့ ပြိုင်တဲ့အခါကျတော့ ကျောင်းတွင်း ညီညွတ်သွားတယ်။ တစ်ခြားမြို့ တွေနဲ့ ပြိုင်တဲ့အခါကျတော့ မြို့တွင်းညီညွတ်သွားတယ်။ တစ်ခြားတိုင်းတွေနဲ့ ပြိုင်တော့ တိုင်းတွင်းညီညွတ်သွားတယ်။ ဒီလိုပဲ အခုကျွန်မတို့နိုင်ငံဟာ ကမ္ဘာကြီးရဲ့ စိန်ခေါ်မှုကို ခံနေရတယ်။ အဲဒီတော့ ကျွန်မတို့ အတွင်းညီညွတ်ဖို့လိုတယ်။ ကျွန်မတို့ ညီညွတ်မှ ညီညွတ်မှုအင်အားနဲ့ ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်မယ်။ ဒါကြောင့် အားလုံး တစ်ယောက်ချင်း ကိုယ်ကနေပြီးတော့ ဘာလုပ်ပေးနိုင်လဲ ဆိုတာ သိချင်တာကိုက လမ်းရဲ့ အစပဲလို့ ဒီလိုပဲ ယူဆပါလို့ ကျွန်မအနေနဲ့ ဒီလိုပဲ တိုက်တွန်းချင်ပါတယ် ”ဟု ဖြေကြားသည်။

ယခုအချိန် အဖြစ်ချင်ဆုံး ဆန္ဒအား သိလိုကြောင်း မေးခွန်းနှင့်ပတ်သက်ပြီး ဖြေကြားရာတွင် “တစ်ခုထဲပြောရမယ်ဆိုရင် ဒါကဆန္ဒပေါ့။ ဆန္ဒဆိုတာ အိပ်မက် လို့လည်း ပြောလို့ရတယ်။ ကျွန်မတို့ နိုင်ငံသူနိုင်ငံသားအားလုံး တစ်ယောက်ချင်း တစ်ယောက်ချင်း တာဝန်သိစိတ်နဲ့ ပြည့်ဝစေချင်တယ်။ အဲဒါရှိပြီဆို ကျန်တာ မလိုတော့ဘူး။

အခု လူတော်တော်များများက ကိုယ့်ရဲ့ အခွင့်အရေးကိုတော့ စိတ်ဝင်စား တယ်။ ကိုယ့်ရဲ့ တာဝန်ကိုတော့ အလေးမထားဘူး။ မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံးဟာ တစ်ယောက်ချင်း တစ်ယောက်ချင်း တာဝန်သိစိတ်ရှိမယ်ဆိုရင်၊ တာဝန် ကျေချင်တဲ့ စိတ်၊ တာဝန်ကို အလေးထားစိတ်ရှိမယ်ဆိုရင် ကျွန်မတို့နိုင်ငံဟာ တကယ် ကို ယုံမှား သံသယ ရှိစရာလိုဘူး။ ဘယ်စိန်ခေါ်မှုမဆို ကျော်လွှားနိုင်တယ်။ အောင်မြင် နိုင်တယ်။ အနာဂတ်ကို အောင်အောင်မြင်မြင်နဲ့ မျက်နှာမူ နိုင်တယ်။ ကျွန်မကိုယ်တိုင်လည်း ဒီလိုစဉ်းစားတယ်။ ကျွန်မဘ၀မှာ ဘာအလိုချင်ဆုံးလဲဆိုတော့ ဘ၀ဆုံးတိုင်မှာ တာဝန်ကျေခဲ့တယ်ဆိုတဲ့ ကျေနပ်မှုနဲ့ပဲ ဆုံးသွားချင်တယ်။ အများကြီး ပြောရမယ်ဆိုရင် ငြိမ်းချမ်းရေးရချင်တယ်၊ တရားဥပဒေစိုးမိုးရေးရချင်တယ်၊ မြန်မာ ပြည်သူပြည်သားတွေ ပိုပြီးတော့ ကြိုးစားစေချင်တယ် စသည်ဖြင့် အားလုံးခြုံငုံပြီး တစ်ခု တည်းပြောရရင်တော့ ဖြစ်နိုင်မယ့် ကိစ္စတော့မဟုတ်ပါဘူး။ ဆန္ဒလို့ပြောတာထက် အိပ်မက်လို့ပြောရင်လည်း ရတာပေါ့။ မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး တစ်ဦးချင်းတစ်ဦးချင်းဟာ တာဝန်သိ စိတ်အပြည့်အ၀ရှိစေချင်ပါတယ်”ဟု ပြန်လည် ဆွေးနွေး ဖြေကြားခဲ့သည်
(Zawgyi Version)

Monday, April 16, 2018

အသေးစားငွေချေးလုပ်ငန်းနှင့် အင်ဂျီအိုများစွာ၊ ငွေတိုးချေးသူများစွာ မြန်မာပြည်မှာ


ပွင့်လင်းမြင်သာခြင်း (ပါဝင်လုပ်ကိုင်သူများနဲ့အဖွဲ့ငွေရှင်းတမ်း)

အမျိုးသမီးများဟာ မိသားစု စားဝတ်နေရေးအတွက် အိမ်ထောင်ရှင် မေတ္တာရှင်များ ဖြစ်ပြီး ကျေးလက်မိန်းမများထဲက ဦးဆောင်တဲ့အမျိုးသမီးများကို စွန့်ဦးလုပ်ငန်းရှင်များ ဖြစ်လာအောင် "မီဒါ MEDA.org" အဖွဲ့တစ်ခု မြန်မာနိုင်ငံ ရှမ်းပြည်နယ်နဲ့ကရင်ပြည်နယ်မှာ တွေ့ရပါတယ်။ အောင်မြင်ပါစေ ဆုတောင်းရင်း အင်ဂျီအို အဖွဲ့များကို လေ့လာကြည့်ရှုပါတယ်။ ပွင့်လင်းမြင်သာစွာ လုပ်ကိုင်ကြတာကို တွေ့ရပါတယ်။ အလှုရှင်များရဲ့ ငွေနဲ့လုပ်ကိုင်ရတဲ့အတွက် ၃လတစ်ခါ၊ ၆လ၊ တနှစ်တစ်ခါ ငွေစာရင်းရှင်းတမ်းများ ထုတ်ပြန်ပေးရပါတယ်။ 
.
လက်ရှိ ကမ္ဘာ့ အထိရောက်ဆုံး နဲ့ အလှုဒါန်းနိုင်ဆုံး အင်ဂျီအိုအဖွဲ့အစည်းကို ဂူဂယ်မှာရှာကြည့်တော့ အိမ်နီးချင်း ဘင်္ဂလားဒေ့ခ်ျ နိုင်ငံက BRAC.net ဖြစ်နေတာတွေ့ရပါတယ်။ ၀န်ထမ်းပေါင်း တသိန်းခန့်ရှိပါတယ်။ တကယ်အလုပ်လုပ်ပြီး စရိုက်ကောင်းတဲ့ မိန်းမအများစုကို ငွေချေးပေးရင်း ဆင်းရဲမွဲတေမှုကို ပပျောက်ဖို့ကြိုးစေားနေပါတယ်။ ထုံးစံအတိုင်း ဘယ်သူစတင်ခဲ့သလဲ ကြည့်တော့ Mr. Abed ဆိုတဲ့ အင်္ဂလန် ဂလက်စကိုတက္ကသိုလ်က ဘွဲ့ရပြီး၊ ရှဲလ် ရေနံကုမဏီမှာ အလုပ်လုပ်ရင်း ဘင်္ဂလားဒေ့ခ်ျနဲ့ ပါကစ္စတန် စစ်ပွဲအပြီး ၁၉၇၀ မှာ ဘင်္ဂလားဒေ့ခ်ျ ပြန်လာပါတယ်။ အင်္ဂလန်က သူ့အိမ်ရောင်းချလို့ ရတဲ့ငွေနဲ့ ကျေးလက် မိန်းမတွေရဲ့ ဘ၀ကို ကူညီရင်း တဖြေးဖြေးအောင်မြင်လာတဲ့ ကမ္ဘာ့ အကြီးဆုံး အင်ဂျီအို ဖြစ်နေတာ အံ့သြဘွယ်တွေ့ရပါတယ်။ မြန်မာနိုင်ငံအပါဝင် ၁၁နိုင်ငံမှာ ရုံးခွဲတွေ ဖွင့်ထားပါတယ်။ BRAC အကြောင်းကို သီးသန့်ရေးရပါဦးမယ်။ 
.
ဘင်္ဂလားဒေ့ခ်ျ ဆိုရင် ရခိုင်အရေးအခင်းနဲ့ပတ်သတ်ပြီး မြန်မာအများစု အမြင်မကြည်ကြပါ။ မွတ်ဆလင်နိုင်ငံလည်း ဖြစ်တော့ အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး မြန်မာ-ဘင်္ဂလားဒေ့ခ်ျ ဒုက္ခသည်အရေးအခင်းဖြစ်နေတော့ များများမရေးလိုပါဘူး။ ဒါပေမဲ့ မိမိအိမ်ထောင်သားသမီး စားဝတ်နေရေး အဓိက အလုပ်လုပ်နေရတဲ့ ဘင်္ဂလားဒေ့ခ်ျက အိမ်ရှင်မ မိန်းမများအတွက် အသေးစားငွေချေးလုပ်ငန်း မိုက်ကရိုခရက်ဒစ် တီထွင်လုပ်ကိုင်သူ ယူးနို့စ် (Muhammad Yunus) ဖြစ်ပါတယ်။ ယူးနို့စ် နဲ့ မိုက်ကရိုခရက်ဒစ်ဘဏ် Grameen Bank တို့ဟာ ၂၀၀၆ ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိခဲ့ကြပါတယ်။
.
အများအားဖြင့် အင်ဂျီအိုများနောက်မှာ ငွေချေးလုပ်ငန်းများက တွဲလိုက်လာကြပါတယ်။ မုရန် မဂ္ဂဇင်းအတွက် ရေးခဲ့ဖူးတဲ့ ငွေချေးလုပ်ငန်းမပါတဲ့ ဝေါဗီးရှင်း အကြောင်း ပြန်လည်တင်ပြလိုက်ပါတယ်။ 
.
.
.
World Vision ဝေါဗီးရှင်း
မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ အင်ဂျီအို NGO အဖွဲ့အစည်းများစွာမှာ ဝေါဗွီးရှင်း ဟာ အလွန်ထင်ရှားပါတယ်။ လူငယ်ပညာတတ် အမြောက်အများကို လစာငွေ ကောင်းကောင်းပေးပြီး ဆင်းရဲမွဲတေတဲ့ မြန်မာနိုင်ငံသားများ အထူးသဖြင့် ကလေးများ၊ မိခင်များအတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စတဲ့ ထူထောင်မှုလုပ်ငန်းများစွာ လုပ်ပေးကြပါတယ်။ ဒီလူငယ် ပညာတတ်များစွာ ပရဟိတစိတ်နဲ့ ဆင်းရဲမွဲတေသူများကို ကူညီထောက်ပံချင်တဲ့ စိတ်စေတနာတွေ ပျိုးထောင်ပေးပါတယ်။ 
.
.
Bob Pierce ဘော့ပီးယားစ် (1914-1978)
အမေရိကန်နိုင်ငံက ခရစ်ယာန်သင်းအုပ်ဆရာတစ်ဦး ဖြစ်ပါတယ်။ သူ့မှာ ရွှေမရှိ၊ ငွေမရှိ ၊ ယေရှုခရစ်တော်ရဲ့ မေတ္တာတရားပဲ ရှိပါတယ်။ တနေ့ ဒုတိယကမ္ဘာစစ် ဖြစ်ကာနီး တိဗက်နယ်စပ်အနီးမှာ ဂျာမန် သူ့ညီအစ်များ တည်ထောင်ထားတဲ့ သာသနာကျောင်းနဲ့ မိဘမဲ့ဂေဟာ ကို သွားရောက်လည်ပတ်ပါတယ်။ အေးစက်တဲ့ ကျောက်လှေခါးအောက်ခြေမှာ ကုတ်ကုတ်ကလေး ထိုင်နေတဲ့ ကိုးနှစ်၊ ဆယ်နှစ် အရွယ် မိန်းကလေးကို တွေ့တယ်၊ ဂေဟာရဲ့ ကြွေးမွေး စောင့်ရှောက်ခြင်းကို ခံနေသူဖြစ်ပေမဲ့၊ အေးလှတဲ့ ရာသီအတွက် လုံလောက်တဲ့အ၀တ်အစားမရှိ၊ ပိန်လှီသေးသွယ်တဲ့ မျက်နှာနဲ့ မည်းနက်တဲ့ မျက်လုံးတို့ဟာ အသက်တာမှာ တစ်စုံတစ်ခု ဒုက္ခဝေဒနာခံနေရကြောင်း ထင်ဟပ်စေပါတယ်။ 
.
ပီးယားစ် ဟာ အလွန်စိတ်မကောင်းစွာနဲ့ သူ့ညီမတစ်ယောက်ကို မေးတော့ .. "သူမ ဒီနေရာ နေ့တိုင်းလာပါတယ်။ ကျောင်းတက်ချင်တယ်ပြောပါတယ်။ ဒါပေမဲ့ အခန်းမရှိလို့ပါ" လို့ဖြေပါတယ်။ ပီးယားစ် က တယောက်စာလေး လုပ်မပေးနိုင်ဘူးလား မေးတော့ ညီမဖြစ်သူက " ကလေးတွေ ကျွန်မတို့ တာဝန်ယူနိုင်တာထက် လေးဆလောက် တိုးလာတယ်။ အခန်းတွေ တိုးချဲ့ပြီး အစားတွေလည်း ချွေတာစာစေပါတယ်။ ကျွန်မစရိတ်ထဲကတောင် ကလေး၃ယောက်ကို အပိုကြွေးထားရတယ်" ပြောပါတယ်။ ဒီကလေးမလေးကို ညီမက ပီးယားဆီ ပြန်အပ်ပြီး "ရှင်ဘာလုပ်မလဲ" လို့မေးပါတယ်။ 
.
ဒီအဖြစ်အပျက်လေးက ဝေါဗီးရှင်း အဖွဲ့ကြီး၊ ကလေးထောင်ပေါင်းများစွာကို ကြွေးမွေး၊ အ၀တ်ဆင်ပေးဖို့ ဖြစ်လာပါတယ်။ ပိးယားစ် က အိတ်ကိုနှိုက်ပြီး ကိုကလေးမအတွက် ဆန်ဝယ်စရာ လုံလောက်မဲ့ငွေကို သူ့ညီမကို ပေးလိုက်ပါတော့တယ်။ 
.
ဘော့ပ်ပီးယားစ် ဟာ နွေးထွေးတဲ့ နှလုံးသားပိုင်ရှင်ဖြစ်ပါတယ်။ ကိုးရီးယားလူမျိုးတွေ ဆင်းရဲဒုက္ခအကြောင်း ပြောပြချိန် သူ့မျက်စိထဲက မျက်ရည်များ ပြည်လျံလာပြီး ကျဆင်းလာရာမှာ သောက်နေတဲ့ ကော်ဖီထဲကျသွားကြောင်း မိတ်ဆွေတစ်ဥိးက ပြောပြပါတယ်။ 
.
"အဲဒါကို ရှင်ဘယ်လိုလုပ်မလဲ " ဆိုတဲ့ မေးခွန်းအပေါ်မှာ ကြီးမားလှတဲ့ ဝေါဗွီးရှင်းအဖွဲ့ကြီး ဖြစ်ပေါ်လာဖို့ အကြောင်းတခု ဖြစ်လာပါတယ်။ 
.
၁၉၆၇ မှာ ဘော့ပီးယာစ် ဝေါဗီးရှင်းအဖွဲ့က အနားယူပြိး၊ ၁၉၇၈ အသက်၆၄ အရွယ်မှာ လူကေးမီယားရောဂါကြောင့် ကွယ်လွန်ပါတယ်။
.
.
ဝေါဗီးရှင်း တည်ထောင်ခြင်း World Vision International.
စာရိတ္တကောင်းသူ ခရစ်တော် ယေရှုကို ယုံကြည်သူများကပဲ ဦးဆောင်ကြတဲ့ ပရဟိတအဖွဲ့ဖြစ်ပေမဲ့၊ တကမ္ဘာလုံး လူမျိုးမရွေး၊ ဘာသာမရွေး နေရာဒေသအားလုံး၊ ဆင်းရဲမွဲတေတဲ့ နေရာဒေသများအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နေကြပါတယ်။ ဘာသာရေးခေါင်းဆောင်တိုင်း စာရိတ္တကောင်းတယ်လို့ ပြောလို့မရပါ။ စာရိတ္တကောင်းတဲ့ ခေါင်းဆောင်ဆိုတာ ချမ်းသာကြွယ်ဝသူများထံမှာ ပိုလျှံတဲ့ငွေများကို မရှိဆင်းရဲသားများထံ ရောက်ရှိစေရန်၊ အထူးသဖြင့် ပညာရေးကဏ္ဍမှာ ပံ့ပိုးကူညီရန် ဖြစ်ပါတယ်။ 
.
၁၉၅၀ ခုနှစ်မှာ ဝေါဗီးရှင်းကို ဘော့ပီးယားစ် နဲ့ သူ့မိတ်ဆွေ Frank Phillips တို့ အမေရိကန်ပြည်နယ်၊ ပေါ့တလန် Portland, Oregon မှာ စတင်ခဲ့ပါတယ်။ ၁၉၅၄ ခုနှစ် ကိုးရိးယားစစ်ပွဲ အလွန်ဆင်းရဲဒုက္ခရောက်နေချိန် တောင်ကိုးရီးယားကို စတင်လုပ်ဆောင်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ ပရဟိတဥပဒေ 501(c)(3) နဲ့အညီ တည်ထောင်ထားပြီး ၂၀၁၇ မှာ နိုင်ငံပေါင်း ၉၇ခု မှာ ၀န်ထမ်းပေါင်း ၄၄၅၀၀ နဲ့ ကူညီပေးလုပ်ဆောင်နေပါတယ်။
Ref: https://goo.gl/5H3csk
.
.
သုံးသပ်ချက် (ပွင့်လင်းမြင်သာမှု)
ဆင်းရဲမွဲတေမှုများ ပပျောက်သွားအောင် တိုးတက်တဲ့နိုင်ငံများက အင်ဂျီအိုများ ဖွဲ့စည်းပြီး၊ လုပ်ကိုင်ကြပါတယ်။ အရေးပေါ် စစ်ဘေး၊ ရေကြီး၊ မီးလောင်၊မုန်တိုင်း၊ ငလျှင် စတဲ့ စစ်မက်နဲ့သဘာဝ ဘေးအန္တရယ်များ ဖြစ်လာရင်တော့ လူသားချင်းစာနာမှုနဲ့ ကယ်ဆယ်ရေး၊ လူအား၊ ပစ္စည်းများ ချက်ချင်းအကူညီပေးရပါတယ်။ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးအတွက် မြန်မာ၊ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံများကိုတော့ အင်ဂျီအိုများက အထူးသဖြင့် မိန်းမများကို ကူညီ၊ အလုပ်အကိုင်ပေး၊ ချေးငွေပေးရပါတယ်။ မြန်မာတနိုင်ငံလုံးမှာ ဆင်းရဲမွဲတေမှုဒဏ်ကြောင့် ငွေကိုမကိုင်တွယ်၊ မသုံးတတ်မှုတွေကြောင့် ငွေတိုးချေးစားသူများပြားလှပါတယ်။ သမ္မတဦးသိန်းစိန် တက်တာနဲ့ သူခမြာ ဒိလို ငွေတိုးချေးစားမှု ပပျောက်အောင် ၂၀၁၁ နိုဝင်ဘာလမှာ အသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေ ကို ပြဌာန်းပါတယ်။ အဲဒီလုပ်ငန်းတွေလဲ လူတွေ အလုပ်အကိုင်အခွင့်လမ်း နည်းပါးတော့ ထွက်ပြေးကြတယ်၊ ပြန်လာပြီး ခပ်တည်တည်နေတယ်၊ အင်ဂျီအိုများစွာလဲ ဒီ အသေးစားငွေချေးလုပ်ငန်း လုပ်ရင်း ဆင်းရဲသားများလဲ လုံးပါးသထက် လုံးပါးလာပါတယ်။ 
.
၁၉၈၈ မှာ မြန်မာထက် ဆင်းရဲမွဲတေတဲ့ တရုပ်နိုင်ငံ ဘာကြောင့် ဆင်းရဲမွဲတေမှုက လွတ်မြောက်ရပါသလဲ။ တိန်ရှောက်ဖိန် နဲ့ ခေါင်းဆောင်ကောင်းများကြောင့် ဖြစ်ပါတယ်။ အထူးသဖြင့် ကျေးလက်များမှာ ဥပဒေအရ ဆိုပြီး အနိုင်ကျင့်မဲ့ ပုဂလိက ကုမဏီများနဲ့ အစိုးရဌာဆိုင်ရာ ၀န်ထမ်းတွေကို တားဆီးဖို့ ပညာပေးခြင်းများစွာ ကွန်မြူနစ်ပါတီ လူငယ်ကေဒါများက လုပ်နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံလည်း ခေါင်းဆောင်ကောင်းများစွာ လိုအပ်ပါတယ်။ 
.
မိုက်ကရိုခရက်ဒစ် အသေးစားငွေချေးလုပ်ငန်းက ဆင်းရဲမွဲတေမှုအတွက် အဖြေမဟုတ်ပါဘူး။ အဖြေကတော့ နိုင်ငံခေါင်းဆောင် နဲ့ ဌာနဆိုင်ရာဝန်ထမ်းများ ထိပ်ဆုံးကစပြီး၊ အဆင့်ဆင့် Good Attitude စိတ်ကောင်းမေတ္တာ ရှိဖို့ပဲ ဖြစ်ပါတယ်။ အလုပ်လုပ်ရပါမယ်။ အလုပ်အကိုင်ဖန်တီးပေးနိုင်ရပါမယ်။ ဝေါဗီးရှင်း နဲ့ ဘရက် World Vision & BRAC အင်ဂျီအိုတွေ အောင်မြင်တာ စိတ်ရင်းမေတ္တာ ကောင်းသူများ ဦးဆောင်ကြလို့ ဖြစ်ပါတယ်။ 
.
ဇော်အောင်
၁၇.ဧပြီ.၂၀၁၈
မြန်မာနှစ်သစ် နှစ်ဆန်းတစ်ရက်နေ့ ရွှင်လန်းကြပါစေ။ 
.
.
If you can't feed a hundred people, then feed just one. 
Mother Teresa
လူတစ်ရာကို မကြွေးမွေးနိုင်ရင်လဲ တစ်ယောက်ကိုပဲ ကြွေးမွေးပါ။ 
မာသာထရီစာ။

.
.

ဥပဒေ ဒေါင်းလုပ်ရန်
http://www.burmalibrary.org/docs18/2011-11-30-Myanmar_Microfinance_Law-en.pdf


တင်ထွန်း - အင်ဂျင်နီယာဘွဲ့မရပဲ မြန်မာနိုင်ငံ ကြို့ကုန်း နည်းပညာတက္ကသိုလ်ဧည့်ပါမောက္ခ ဖြစ်လာပြီးမှ အင်ဂျင်နီယာအသင်း၊ အင်ဂျင်နီယာကောင်စီ၊ အထပ်မြင့်အရည်သွေးစစ်အစိုးရအဖွဲ့ အမြင့်ဆုံးနေရာများကိုရောက်ရှိခဲ့ပုံ၊ တိတ်တဆိတ်ထုတ်ပယ်ခဲ့ပုံ..။

Tin Maung Thwin
April 12 at 12:58pmသတိရ​သေးရဲ့လားလို့...​မေးစမ်းချင်​တယ်​....

ဦးတင်လတ် (အင်ဂျင်နီယာကောင်စီဝင်) မှ ဖြေရှင်းချက်။
Catch Me If You Can (Myanmar Version)
၁။ အင်ဂျင်နီယာ ဘွဲ့မရဘဲ၊ ဒေါက်တာဘွဲ့မရဘဲ ရ ဟန် အယောင်ဆောင်ခဲ့သူဟာ မော်လမြိုင်က ဖြစ်ပြီး ၁၀တန်းတောင် မအောင်ဘူးလို့ ဆိုသူက ဆိုပါတယ်။
သူ့အကိုက RIT ဘွဲ့ရတစ်ဦးဖြစ်ပြီး သူ့အကိုရဲ့ construction site မှာ အလုပ်ဝင်လုပ်ရင်း အင်ဂျင်နီယာတွေနဲ့ ရင်းနှီးခဲ့တယ် ဆိုပါတယ်။
စလုံး ဆောက်လုပ်ရေး လုပ်ငန်းခွင် မှာ ကာလတစ်ခုအထိ အလုပ်သွားလုပ်ခဲ့ဘူးပြီး အဲဒီမှာလဲ ဟိုမှာ ရှိတဲ့ အင်ယာတွေနဲ့ ရင်းနှီးလာခဲ့တယ် ဆိုပါတယ်။
စလုံးက ပြန်ရောက်လာပြီးတဲ့နောက်မှာ စလုံးက Engineering Management Master ရခဲ့သလိုလို Doctorate ရခဲ့သလိုလို စ ဟန်ဆောင်တယ် ဆိုပါတယ်။ အဲဒီလို ဟန်ဆောင်တာ ဘယ်တုံးက စတယ်တော့ FB ပေါ်မှာ မတွေ့မိသေးပါ။
၂။ RIT ကနေ YIT အဲဒီကနေ YTU ပြောင်းထားတဲ့ ကျောင်းတော်ကြီးက BE တန်းတွေကို ၂၀၀၄မှာ ရပ်ပစ်လိုက်ပြီး Master နဲ့ Doctorate ဘဲ ပေးနေရာက BE တွေ ပြန်စ လက်ခံမယ် လုပ်တဲ့ ၂၀၁၂(?) မှာ ပထမဆုံး ကြုံရတဲ့ အခက်အခဲက ဆရာ မလုံလောက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
အကြောင်းကြောင်းကြောင့် ထွက်တဲ့ ဆရာတွေက ထွက်၊ တခြား TU တွေ ရောက်တာက ရောက်၊ YTU က ပြန်ခေါ်ဖို့ လုပ်တော့လဲ နဂိုထဲက အင်အားပြည့် မရသေးတဲ့ တခြား TU တွေကလဲ ပြန်မပေးချင်ကြလို့လို့ ဆိုပါတယ်။
နောက်ဆုံး ကျောင်းတော်ကြီးကို ပြန်အသက်သွင်းဖို့ ကြိုးစားနေသူတွေက သစ်မရခင် ၀ါးပေါင်းကွပ်၊ အပြင်က Master, Doctorate ရပြီး ပြန်လာသူတွေ၊ အငြိမ်းစား ဆရာကြီး ဆရာမကြီးတွေကို visiting lecturer တွေအဖြစ် ဖိတ်ခေါ် လက်ခံခဲ့ကြတယ် ဆိုပါတယ်။ ဖိတ်ခေါ်တယ် ဆိုပေမဲ့ ကျောင်းတော်ကြီးက ပေးနိုင်တဲ့ honorium က taxi ခ သာသာဘဲ ရှိခဲ့တဲ့ အနေအထား ဖြစ်ပါတယ်။
အဲဒီအချိန်က ဆောက်လုပ်ရေး လောကထဲမှာ ၀င် ဆန့် နေပြီး ဖြစ်တဲ့ အယောင်ဆောင်သူဟာ အဲဒီ visiting lecturer တွေထဲမှာ ပါဝင်လာခဲ့ရာက အပြောကောင်းတာရယ်၊ စေတနာ “ ကောင်း” ပြနိုင်တာတွေရယ်အပြင် ကျောင်းမှာ ရှားနေသေးတဲ့ Engineering Management post grad အတွက် ကျောင်းတော်ကြီးမှာ စ ၀င်ဆန့် လာခဲ့တယ် ဆိုပါတယ်။
စလုံးက ပြန်လာပြီး သူ ဆောက်လုပ်ရေး လောကမှာ ဘယ်လို ၀င်ဆန့်လာခဲ့တယ်၊ သူ့ကို ကျောင်းတော်ကြီးနဲ့ ဘယ်သူက မိတ်ဆက်ပေးခဲ့တယ်တွေတော့ FB ပေါ်မှာ မဖတ်မိသေးပါ။
၃။ ဒီမှာ ကျောင်းတော်ကြီးက တာဝန်ရှိသူတွေက မစစ်ဆေးဘူးလားလို့ မေးစရာ ရှိတယ်။
Civil Department က တာဝန်ရှိသူ တစ်ဦး ပြောဘူးတာ ရှိတယ်။ အကိုရယ် အဲဒီတုံးက ကျနော်တို့က ဆရာကြီးတွေကို လိုက်ခေါ်ရတာ။ ပုံစံဖြည့်ဖို့ ဘွဲ့လက်မှတ် တောင်းဖို့ ကျနော်တို့ လုပ်ပါတယ်။ နာ စရာ တွေ ရှိတဲ့ ဆရာကြီးတွေက ဟေ့ကောင် အဲဒီလောက် ရှူတ်ရှူတ်ရှက်ရှက် ငါမလုပ်နိုင်ဘူး။ မင်းတို့ င့ါကို သိနေတာကို ငါက ဘွဲ့လက်မှတ် ပေးရအုံးမှာလား။ ဘွဲ့လက်မှတ်လဲ ဘယ်နားနေမှန်း မသိဘူး။ ရှာလဲ ရှာမပေးနိုင်ဘူး။ ဘာလဲ မင်းတို့ အဘတွေက တောင်းခိုင်းတာလား။ သွားကွာ သွား။ ငါ့အိမ်ပေါ်က ဆင်းသွား၊ ငါ မသင်တော့ဘူးတွေ လုပ်တာ။ နောက်ဆုံး ဆရာကြီး စာသာ လာသင်ပါ ခင်ဗျာ ဆိုပြီး ကျနော်တို့ဟာ ကျနော်တို့ CV ဖြည့်ထည့်လိုက်ရတာတွေ ရှိတယ်။ အဲလိုတွေ များတော့ ကျနော်တို့လဲ နောက်ပိုင်း ဘွဲ့လက်မှတ်ကို သိပ် အဓိက မထားလိုက်မိတာ ကျနော်တို့ လိုသွားပါတယ်။ သူ BE ဘွဲ့ရတယ် ဆိုတဲ့ နှစ်ကိုတော့ ကြည့်လိုက်ပါတယ်။ အဲဒီထဲမှာ သူ့နံမည် ပါနေတော့ ကျနော်တို့လဲ စိတ်ချလိုက်မိတယ်တဲ့။
အယောင်ဆောင်သူဟာ သူ့နံမည်ရင်း ထွန်းထွန်းကို တင်ထွန်းပြောင်းပြီး BE Civil တင်ထွန်း နံမည်တူ ၂ယောက် (တနင်္သာရီတိုင်းက တစ်ယောက်၊ ဧရာဝတီ တိုင်းက တစ်ယောက်) ရှိတဲ့နှစ်ကို တမင် ရွေးသွားတယ်လို့ ယူဆရတယ်။ ဟိုတစ်ယောက်ကို သိတဲ့လူနဲ့ တွေ့ရင် ဒီတစ်ယောက် ဟန်ဆောင်၊ ဒီတစ်ယောက်ကို တွေ့တဲ့လူနဲ့ တွေ့ရင် ဟိုတစ်ယောက် ဟန်ဆောင် လုပ်သွားတယ် လို့ ယူဆရတယ်။ (သူ လုပ်သွားတာ နောက်တစ်ခု ရှိနိုင်သေးတယ်။ နောက်ပို်င်းကျရင် ပြောပါမယ်)
ဘယ်လောက် ခိုင်မာတဲ့ အကြောင်းပြချက် ရှိသည် ဖြစ်စေ ဘွဲ့လက်မှတ် မိတ်တူ မတင်ပြဘဲ visiting lecturer ဖြစ်ခွင့်ပေးခဲ့တာဟာ အဲဒီအချိန် ကျောင်းတော်ကြီးက ဒီကိစ်စနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေရဲ့ အားနဲချက် ဖြစ်တယ်။
၎။ MEngC မပေါ်ခင် ၂၀၁၃မှာ MBE (Myanmar Board Of Engineers) စပေါ်ပြီး PE တွေ စပေးတယ်။ အခုခေတ်လို စာမေးပွဲတွေ မဖြေရသေးခင်မှာ သတ်မှတ် လုပ်သက် ရှိရင် PDP, CDP ယူ၊ Compentency Report ရေး၊ အင်တာဗျူး ၀င်ပြီးရင် PE ပေးတယ်။ အဲဒီခေတ်မှာ အယောင်ဆောင်သူက PE စလျှောက်တယ်။ MBE ကို ဘွဲ့လက်မှတ် မတင်ဘူး။ YTU က တာဝန်ရှိသူတစ်ယောက်က ထောက်ခံစာ ရေးပေးပြီး MBE Board Member ၂ယောက်က recommendation ရေးပေးခဲ့တယ်။
MBE ကဘွဲ့လက်မှတ် မိတ်တူ မပါဘဲ လျှောက်လွှာ လက်ခံခဲ့တာဟာ MBE စိစစ်ရေး ကော်မတီ ရဲ့ အားနဲချက် ဖြစ်တယ်။ ဘွဲ့လက်မှတ် မိတ်တူမပါဘဲ ထောက်ခံစာ ပေးခဲ့တာ၊ recommednation ပေးခဲ့တာတွေဟာ ဆောက်လုပ်ရေးမှာ consultant လုပ်နေလို့၊ ကျောင်းတော်ကြီးမှာ visiting lecturer ဖြစ်နေလို့ ယုံမိလိုက်ပါတယ်ဘဲ ပြောပြော၊ အလိမ်ခံလိုက်ရပါတယ်ဘဲ ပြောပြော ထောက်ခံစာရေးပေးခဲ့သူနဲ့ recommendaton ပေးခဲ့သူ ၂ဦးရဲ့ အားနဲချက် ဖြစ်တယ်။
၅။ အယောင်ဆောင်သူဟာ CQHP ပေါ်လာတဲ့အချိန်မှာ Construction လောက အဆက်အသွယ်နဲ့ YTU မှာ visiting lecturer ဖြစ်နေတာတွေကို အခြေပြုပြီး CQHP ထဲ ရောက်လာခဲ့တယ်။
MES က BEI (Buidling Engineering Institute) ဖွဲ့ပြီး CQHP က inspection တွေကို ယူလုပ်ပေးဖို့ လုပ်တော့ သူ MES အသင်း လာ ၀င်တယ်။ form ဖြည့်ပေမဲ့ ဘွဲ့လက်မှတ်မိတ်တူ မတင်ဘူး။ အသင်း office bearer ၂ယောက်ရဲ့ ထောက်ခံချက်ပါလို့ အသင်းသား ကော်မတီက လက်ခံလိုက်တယ်။ သူ ဘွဲ့ရတယ်လို့ ပြထားတဲ့ နှစ်အရ full member ဖြစ်လာတယ်။
ဘွဲ့လက်မှတ် မိတ်တူ မပါဘဲ လျှောက်လွှာ လက်ခံတာဟာ အသင်းသား ကော်မတီရဲ့ အားနဲချက် ဖြစ်တယ်။ ဘွဲ့လက်မှတ် မိတ်တူမပါဘဲ recommednation ပေးလိုက်တာဟာ ဆောက်လုပ်ရေးမှာ consultant လုပ်နေလို့၊ ကျောင်းတော်ကြီးမှာ visiting lecturer ဖြစ်နေလို့၊ PE တောင်လျှောက်ထားပြီးပြီမို့လို့ ယုံမိလိုက်ပါတယ်ဘဲ ပြောပြော၊ အလိမ်ခံလိုက်ရပါတယ်ဘဲ ပြောပြော recommendaton ပေးခဲ့သူ ၂ဦးရဲ့ အားနဲချက် ဖြစ်တယ်။
၆။ အယောင်ဆောင်သူ MES အသင်းဝင် ဖြစ်ပြီးတဲ့အချိန်မှာဘဲ MBE ကလဲ PE ရပါတယ်။ အဲဒီနောက်ပိုင်းမှာ MES ရဲ့ BEI က CDP, PDP ပေးတဲ့ seminar တွေမှာ PE လက်မှတ်ကိုင်ထားတဲ့ အယောင်ဆောင်သူက Engineering Management နဲ့ ပတ်သက်လို့ lecturer တွေ စ ပေးလာတယ်။
တချိန်ထဲမှာ MBE ကို အစားထိုးမဲ့ MEngC ဥပဒေအရ MES CC ၁၅ယောက် ကောင်စီထဲ ရောက်လာမယ် ဆိုတာ သိတဲ့ အယောင်ဆောင်သူဟာ MES အသင်းဝင် အဖြစ် ငြိမ်ငြိမ် မနေဘဲ ၂၀၁၅ ဗဟိုကော်မတီ ရွေးကောက်ပွဲ ၀င်ပြိုင်ဖို့ လျှောက်လွှာတင်တယ်။
MES အသင်းသား ကော်မတီက CC ကိုယ်စားလှယ်လောင်းအဖြစ် အတည်ပြုဖို့ အသင်းသား လျှောက်လွှာကို ပြန်စစ်တော့ ဘွဲ့လက်မှတ် မိတ်တူ မပါတဲ့အတွက် အယောင်ဆောင်သူကို အကြိမ်ကြိမ် တောင်းပေမယ့် ပေးမယ် ပေးမယ် ဆိုပြီး အကြောင်း မပြန်ပါ။
အဲဒီအချိန်မှာ မော်လမြိုင်မှာ လုပ်တဲ့ PDP, CDP seminar တစ်ခုမှာ အယောင်ဆောင်သူ ဟောပြောရာက သူနဲ့ အထက်တန်းကျောင်း ကျောင်းနေဘက် အခု အင်ဂျင်နီယာ ဖြစ်နေသူတွေက ဒါ ဟိုလူ့ ညီ မဟုတ်လား။ သူက ဘယ်တုံးက ၁၀တန်းအောင်လို့ ဘယ်လိုလုပ် ဒေါက်တာ ဖြစ်နေတာလဲ မေးခွန်းတွေ ထုတ်ကြပါတော့တယ်။
အဲဒီလို ဖြစ်တာတွေဟာ အတူသွားသူတွေကတဆင့် MES အသင်းသား ကော်မတီကို ပြန်ရောက်လာတော့ MES အသင်းသား ကော်မတီက CC ကို တင်ပြ လမ်းညွန်ချက်ယူပါတယ်။ေ
CC က ကျောင်းတော်ကြီးကို အရင် confirm လုပ်ဖို့ လမ်းညွန်ပါတယ်။ ကျောင်းတော်ကြီးက အယောင်ဆောင်သူ form မှာ ဖြည့်ထားတဲ့ နှစ်မှာ ရှိတဲ့ တင်ထွန်း ၂ယောက်လုံးဟာ အယောင်ဆောင်သူ မဟုတ်တာကို စစ်ဆေး တွေ့ရှိရကြောင်း အကြောင်းပြန်လာပါတယ်။
MES CC က ဘယ်လို အရေးယူ ဆောင်ရွက်နိုင်တယ် ဆိုတာကို စည်ကမ်းထိန်းသိမ်းရေး ကော်မတီကို မေးပါတယ်။
၇။ MES ကို ၁၉ ၉ ၅မှာ အင်ဂျင်နီယာ ၈၀၀ ကျော်က YTU မှာ စုဝေး အစည်းအဝေး ကျင်းပပြီး ဖွဲ့စည်းပါတယ်။ အဲဒီတုံးက အတည်ပြုခဲ့တဲ့ သင်းဖွဲ့စည်းမျဉ်းမှာ MES အသင်းသားတွေ ကိုယ်စား အမှုဆောင် ကော်မတီကို လုပ်ပိုင်ခွင့် အပ်နှင်းထားတဲ့ ကိစ်စတွေ ပါပါတယ်။ အဲဒိအထဲမှာ တရားစွဲဆိုခွင့် ဆိုလို့ MES ရံပုံငွေ အလွဲသုံးစား လုပ်တာကို စာရင်းစစ်က MES ကိုယ်စား တရားစွဲရမည် ဆိုတာ တခုဘဲ ပါပါတယ်။ တခြားကိစ်စတွေအတွက် အလုပ်အမှုဆောင်အဖွဲ့ကို တရားစွဲဆိုပိုင်ခွင့် သင်းဖွဲ့စည်းမျဉ်းက ပေးအပ်ထားခြင်း မရှိပါ။
MES က အသင်းသားတွေအပေါ် အရေးယူနိုင်တာတွေနဲ့ ပတ်သက်ပြီး အသင်းရဲ့ အကျိုးစီးပွား ထိခိုက်ပျက်ပြားအောင် လုပ်သူကို အသင်းသား အဖြစ်မှ ထုတ်ပယ် ရမည် လို့ဘဲပါပါတယ်။
MES အသင်းသား ဖြစ်ခွင့်မှာ အင်ဂျင်နီယာ လုပ်ငန်း လုပ်ကိုင်နေသူဆိုရင် အင်ဂျင်နီယာ ဘွဲ့၊ ဒီပလိုမာ မရပေမဲ့လဲ အရံအသင်းသား (Affilliated Member ) အဖြစ် ပါဝင်နိုင်သည်လို့ ပါပါတယ်။
အယောင်ဆောင်သူ MES မှာ သင်းဖွဲ့စည်းမျဉ်းကို ကျူးလွန်ခဲ့တာသည် အရံအသင်းသား အဖြစ်သာ ရယူရမှာကို အသင်းသား (full member) အဖြစ် မမှန်မကန် ရယူခဲ့တာသာ ဖြစ်ပါတယ်။
MES သင်းဖွဲ့စည်းမျဉ်းအရ CC က အမြင့်ဆုံး လုပ်ဆောင်နိုင်တာသည် အယောင်ဆောင်သူကို အသင်းသား အဖြစ်က ထုတ်ပယ်တာသာ ဖြစ်တယ်လို့ စည်းကမ်းထိန်းသိမ်းရေး ကော်မတီက တင်ပြပါတယ်။
အဲဒီအချိန်က MES ဥက်ကဋ္ဌ ကိုယ်တိုင် လက်မှတ်ထိုး စာထွက်ပြီး အယောင်ဆောင်သူကို အသင်းသား အဖြစ်က ထုတ်ပယ်ပါတယ်။
CC က အသင်းသား ကော်မတီကို နောက်နောင် ဘယ်သူ့ရဲ့ recommednaton ပါပါ၊ ဘွဲ့လက်မှတ် မိတ်တူမပါရင် လျှောက်လွှာ လက်မခံဘို့ သတိပေးပါတယ်။
MES က တရားစွဲခွင့် ရှိရင်တောင် ပြစ်မှု ထင်ရှား စီရင်ချက် ချဖို့ မသေချာလှပါ။ အယောင်ဆောင်သူက သူ့ရဲ့ ဘွဲ့လက်မှတ်ကို တင်ပြထားခြင်း မရှိပါ။ hard copy ရှိမှ စာရွက်စာတမ်း အတု ပြုလုပ်မှုနဲ့ တရားစွဲနိုင်မှာ ဖြစ်ပါတယ်။ MES အသင်းသား လျှောက်ထားတဲ့ ပုံစံမှာ အချက်အလက်များကို မှန်မှန်ကန်ကန် ဖြည့်စွက်ပါမည်။ မမှန်မကန် ဖြည့်စွက်လျှင်တည်ဆဲ ဥပဒေများအရ အရေးယူခြင်း ခံရမည်ကို သိရှိပါသည်လို့ ဖော်ပြထားခြင်း မရှိပါ။
အခု အဲဒါတွေ ဖြည့်စွက်ထားပြီး ဖြစ်ပါတယ်။
MES က ဆောင်ရွက်ထားတာ အားလုံးကို CC အစည်းအဝေး တင်ပြ အစည်းအဝေး မှတ်တမ်း ထားရှိပြီး လာမဲ့ အသင်းသား စုံညီ ညီလာခံမှာ အထွေထွေအတွင်းရေးမှူးရဲ့ အစီရင်ခံရာမှာလဲ ထည့်သွင်း တင်ပြပါမယ်။
၈။ MES က အရေးယူတဲ့ စာ ထွက်လာချိန်မှာ အယောင်ဆောင်သူဟာ ကောင်စီက တဆင့် AFEO (အာဆီယံ အင်ဂျင်နီယာ အဖွဲ့ချူပ်) ကို တင်ပြလျှောက်ထားပြိး ACPE အထိ ရရှိပြီး ဖြစ်နေပါတယ်။
ကောင်စီက EC အစည်းအဝေး ခေါ်ပြီး အယောင်ဆောင်သူကို PE စာရင်းက ပယ်ချက်ပါတယ်။ PE နဲ့ ACPE လက်မှတ်နဲ့ တံဆိပ်တုံးတွေ ချက်ခြင်း ပြန်အပ်ဖို့ ညွန်ကြားပါတယ်။ သတ်မှတ်ရက်အတွင်း မအပ်ရင် တရားစွဲ အရေးယူနိုင်လို့ ဖြစ်ပါတယ်။ တဆက်ထဲမှာဘဲ AFEO ကို အကြောင်းကြားပြီး ACPE စာရင်းက ပယ်ဖျက်ပါတယ်။
အယောင်ဆောင်သူကို ဘယ်လို အရေးယူနိုင်တယ် ဆိုတာ တင်ပြဖို့ ကောင်စီ EC က စည်းကမ်း ထိန်းသိမ်းရေး ကော်မတီကို ညွန်ကြားပါတယ်။
လက်ရှိကောင်စီ ဥပဒေက အင်ဂျင်နီယာ ဖြစ်သူ (အင်ဂျင်နီယာ ဘွဲ့၊ ဒီပလိုမာ ရရှိသူ) အပေါ်မှာသာ သက်ရောက်မှု ရှိပါတယ်။ အယောင်ဆောင်သူက အင်ယာ ဘွဲ့၊ ဒစ်ပလိုမာ မရရှိထားရင် ဥပဒေနဲ့ အကျူံးမ၀င်ပါ။
ဥပဒေမှာရော နည်းဥပဒေမှာရော မမှန်မကန် အင်ဂျင်နီယာ လိုင်စင် ရယူခြင်းနဲ့ ပတ်သက်လို့ ဘာမှ ဖော်ပြထားခြင်း မရှိပါ။
အဲဒိအတွက် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက အယောင်ဆောင်သူကို ဘယ်လို အရေးယူလို့ ရနိုင်မယ် ဆိုတာကို ဥပဒေ ပညာရှင်ရဲ့ အကြံပြုမှု ရယူပါတယ်။
အယောင်ဆောင်မှုဟာ ပြည်သူ့ဝန်ထမ်း အယောင်ဆောင်တာအတွက် သာ အကျူံးဝင်ကြောင်း၊ ဒိအတွက် လိမ်လည်မှု အဖြစ်နဲ့သာ တရားစွဲဆို ရမှာ ဖြစ်ကြောင်း၊ ကောင်စီကိုယ်စားဆိုရင် မှတ်ပုံတင် အရာရှိက တရားစွဲုဆိုရမှာ ဖြစ်ကြောင်း အကြံပြုပါတယ်။
ကောင်စီကိုယ်စား မှတ်ပုံတင် အရာရှိက ရဲစခန်းမှာ အယောင်ဆောင်သူကို လိမ်လည်မှုနဲ့ အမှု ဖွင့်ပါတယ်။
၉။ ရဲစခန်းမှာ အမှုဖွင့်ချိန်မှာ ရဲက အထောက်အထား မခိုင်လုံလို့ ဆိုပြီး အမှု ဖွင့်တာကို လက်မခံပါ။ အဓိကက ဘွဲ့လက်မှတ် မိတ်တူကို အထောက်အထား အဖြစ် မတင်ပြနိုင်လို့ ဖြစ်ပါတယ်။ ကောင်စီ ဥက်ကဋ္ဌက ပြည်ထဲရေး ဒုဝန်ကြီးကို ဖုန်းဆက်ပြိး personal request လုပ်တော့မှသာ ရဲက အမှုကို လက်ခံခဲ့ပါတယ်။
ရဲစခန်းမှာ အမှုဖွင့်ဖူးသူ အများစု သိပြီး ဖြစ်သလိုဘဲ အမှုဖွင့်ပြီးရင် သတင်းစုံစမ်းထောက်လှမ်းဖို့၊ ဖမ်းဆီးဖို့ တို့အထိ ဖြစ်လာဖို့သည် အမှုသည်က လူအား၊ ငွေအား၊ သြဇာ အာဏာအား ဘယ်လောက် စိုက်ထုက် ပံ့ပိုးနိုင်တယ် ဆိုတာ ပေါ်မှာ အများကြီး မူတည်ပါတယ်။ ရဲမှာ လူအင်အားနဲ့ အမှုအရေအတွက် မမျှတဲ့တွက် ဆန်စင်ရာ ကျည်ပွေ့လိုက်၊ ငါးပွက်ရာ ငါးစာချနေရတာ များတဲ့ အနေအထား ရှိပါတယ်။
ကောင်စီက အစိုးရ ဘဏ္ဍာငွေ သုံးစွဲမှု စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရတဲ့အတွက် အပေးအကမ်း မလုပ်နိုင်ပါ။ ကောင်စီဝင်တွေက အချိန်ပိုင်း volunteer တွေ ဖြစ်ပါတယ်။ ကောင်စီ ၀န်ထမ်းတွေကလဲ လက်ရှိ လိုင်စင် ထုတ်ပေးဖို့ လျှောက်လွှာ လက်ခံ၊ စိစစ်၊ စစ်ဆေး၊ ထုတ်ပေးတာတွေနဲ့ လုံးလည်ချာလည် လိုက်နေဆဲ ရှိပါတယ်။ တစ်နှစ် ကို RSE Part I, Part II, PE Part I, Part II တစ်ကြိမ် စီ စစ်ဖို့ ရည်ရွယ်ထားပေမဲ့ ဒီနှစ် PE Part II မစစ်နိုင်တော့ပါ။ အင်တာဗျူးခေါ်ရာမှာလဲ Civil သာ ပုံမှန်ခေါ်နိုင်ပြီး Mechanical ဆို အဆက်ပြတ်နေတာတွေ ရှိပါတယ်။
တဖက်က ကောင်စီ ဥက်ကဋ္ဌ နှူတ်ထွက်သွားပါတယ်။ ယာယီ ဥက်ကဋ္ဌ တာဝန်ပေးထားပေမဲ့ အတည်ဖြစ်ဖို့က အစိုးရသစ်ရဲ့ ၀န်ကြီးဋ္ဌာနက ကောင်စီ နာယက အဖွဲ့ကို ပြန်ဖွဲ့၊ ပြီးမှ အတည်ပြုနိုင်မဲ့ အနေအထား ဖြစ်ပါတယ်။ အဲဒီအတွက် ကောင်စီက စာမေးပွဲ ကင်းလွတ်ခွင့်နဲ့လိုင်စင် ယူဖို့ သက်တမ်းတိုးပေးဖို့ ရှိတာတောင် ဆိုင်းငံ့ထားရပါတယ်။
အဲဒီအနေအထားမှာ ကောင်စီရဲ့ အရေးယူမှုဟာ အမှုဖွင့်ထားတဲ့ အဆင့်မှာဘဲ ရှိနေပါသေးတယ်။
အခုတော့ နာယကအဖွဲ့ အသစ် ဖွဲစည်းပြီး ကောင်စီ ဥက်ကဋ္ဌသစ် ခန့်အပ်ပြီး ဖြစ်ပါတယ်။
၁၀။ သတိပြုမိတဲ့ ပထမအချက်က အယောင်ဆောင်သူကို အရေးယူဖို့ ဆွေးနွေးရာမှာ ကောင်စီဝင် တစ်ဦးက အယောင်ဆောင်သူ လက်မှာ ကျောင်းတော်ကြီးက ဘွဲ့လက်မှတ် အစစ် ရှိတယ်လို့ ဆိုတဲ့ စကားကို ဘယ်သူမှ မငြင်းခဲ့တာဘဲ ဖြစ်ပါတယ်။
သတိပြုမိတဲ့ ဒုတိယအချက်က ကျောင်းတော်ကြီးက တာဝန်ရှိသူ တစ်ယောက်က အရေးအခင်း ပြီးစ ဘရုတ်ဘယက် ကာလ၊ မော်ကွန်းထိန်းတွေ အလွှဲအပြောင်းမှာ အောက်အဆင့် ၀န်ထမ်းတွေက ဘွဲ့လက်မှတ်အလွတ်တွေကို သုံးပြီး မမှန်မကန် လုပ်ခဲ့တာတွေ ရှိတယ်။ သက်တမ်းလွန် ဖျက်ဆီးရမဲံ့ မှတ်တမ်းတွေ ဖျက်ဆီးရာမှာ သက်တမ်းမလွန်သေးတာတွေ “မှားယွင်း“ ပါဝင်သွားခဲ့တယ် လို့ အလွတ်သဘော ပြောကြားခဲ့တာဘဲ ဖြစ်ပါတယ်။
၁၁။ လိမ်လည်မှုနဲ့ အမှုဖွင့်ရင် လုပ်ရမှာက စွပ်စွဲခံရသူကို ရဲက ပထမ ဖမ်းရပါမယ်။ အာမခံ ရနိုင်တဲ့ အမှု ဖြစ်ပါတယ်။ ပြီးရင် ရုံးတင်ပါမယ်။ တရားသူကြီးက အထောက်အထား ခိုင်လုံတယ် လို့ ယူဆမှ လက်ခံ ကြားနာပါမယ်။
၁၂။ သွားရမဲ့ လမ်းက ရှည်ပါတယ်။ ကျနော့်လုပ်ငန်းက အမျိုးသမီး အရာရှိ တစ်ယောက်ကို ၀န်ထမ်း အမျိုးသားက လက်ရောက်မှု ကျူးလွန်တဲ့အမှုအပါအ၀င် ရုံး အကြိမ်ကြိမ် တက်ဘူးပါတယ်။ အမှု အင်မတန် ထင်ရှားတဲ့ လက်ရောက်မှု မြို့နယ် ရုံးမှာ ဒဏ်ငွေ ၁၅၀၀ နဲ့ ပြီးသွားလို့ ခရိုင် ရုံး တက်ရပါတယ်။ ခရိုင်ရောက်၊ ငွေကုနု် လူပန်း ဖြစ်ပြီးမှ တရားခံကို ထောင်ဒဏ်ချပါတယ်။ တရားခံက အဖမ်းမခံ ၀ရမ်းပြေး လုပ်သွားပါတယ်။ အခုထိ မမိသေးပါ။ အခု ခောတ်ပြောင်းလာပြီဆိုပေမဲ့ အတိုင်းအတာ တခုအထိ လူအား၊ ငွေအား စိုက်ရအုံးမယ်လို့ ယူဆပါတယ်။ ကျနော်ကတော့ လက်ရှိတာဝန်တွေနဲ့ ခါချဉ်ကောင် ဖြစ်နေလို့ ဒီတောာင်ကို ဖြိုမယ် ဆိုတဲ့သူတွေအတွက် ကျနော် သိသမျှ မျှဝေတာ ဖြစ်ပါတယ်။
Disclaimer: Collection of FB Readings & Hearsay . -------------------------------------- . ဦးစန်းကြူ (အထပ်မြင့် အရည်သွေးစစ်ဆေးရေးအဖွဲ့ဝင် CQHP) မှ ဖြေရှင်းချက်။ 
CQHP ( note: Committee for Quality Control of High Rise Building Construction Projects (CQHP ) )အ ‌နေ ဖြင့်‌ ဦး တင်‌ ထွန်း ပါ ဝင်‌ ပတ်‌ သက်‌ ခဲ့ ‌သော Highrise Building Projects များ နှင့်‌ ပတ်‌ သက်‌ ၍ တ ရား ဝင်‌ ရှင်း လင်း တင်‌ ပြ ချက်‌
၁။ အ ထပ်‌ မြင့်‌ အ ‌ဆောက်‌ အ အုံ တည်‌ ‌ဆောက်‌ ‌ရေး စီ မံ ကိန်း များ ကြီး ကြပ်‌ စစ်‌ ‌ဆေး ‌ရေး ပ ညာ ရှင်‌ အ ဖွဲ့ ကို 11-8-2003 တွင်‌ ဥ က္က ဌ အ ဖြစ်‌ ပါ ‌မော က္ခ ဦး ညီ လှ ငယ်‌ နှင့်‌ အ ဖွဲ့ ဝင်‌ ၈ ဦး စု စု ‌ပေါင်း ၉ ဦး ဖြင့်‌ စ တည်‌ ဖွဲ့ စည်း တည်‌ ‌ထောင်‌ ခဲ့ ပါ သည်‌။
၂။ ထို့ ‌နောက်‌ ပ ညာ ရှင်‌ လို အပ်‌ ချက်‌ အ ရ 16-6-2004 တွင်‌ ဦး ညီ လှ ငယ်‌ ဥ က္ကဌ အ ဖြစ်‌ ပါ ဝင်‌ ‌သော ပ ညာ ရှင်‌ ၁၄ ဦး ဖြင့်‌ ပြန်‌ လည်‌ ဖွဲ့ စည်း ခဲ့ ပါ သည်‌။
၃။ 11-2-2009 မှ စ ၍ ဥ က္က ဌ အ ဖြစ်‌ ကွယ်‌ လွန်‌ သူ ဦး သန်း မြင့်‌ မှ တာ ဝန်‌ ယူ ကာ ဆက်‌ လက်‌ ‌ဆောင်‌ ရွက်‌ ခဲ့ ပါ သည်‌။
၎။ မြန်‌ မာ နိုင်‌ ငံ တွင်‌ အ ထပ်‌ မြင့်‌ အ ‌ဆောက်‌ အ အုံ တည်‌ ‌ဆောက်‌ ခြင်း လုပ်‌ ငန်း များ တစ်‌ ဟုန်‌ ထိုး တိုး တက်‌ လာ သည်‌ က တစ်‌ ‌ကြောင်း၊ သက်‌ ဆိုင်‌ ရာ နယ်‌ ပယ်‌ အ သီး သီး အ လိုက်‌ ကျွမ်း ကျင်‌ ပ ညာ ရှင်‌ များ လို အပ်‌ လာ သည်‌ က တစ်‌ ‌ကြောင်း တို့ ‌ကြောင့်‌ 5-1-2015 တွင်‌ ဥ က္က ဌ ဦး သန်း မြင့်‌ ၊ ဒု ဥ က္က ဌ များ အ ဖြစ်‌ ဦး ခင်‌ ‌မောင်‌ တင့်‌ နှင့်‌ ဦး ဆ လိုင်း မျိုး မြင့်‌ တို့ ပါ ဝင်‌ ‌သော ပ ညာ ရှင်‌ ၂၇ ဦး ဖြင့်‌ ပြန်‌ လည်‌ ပြင်‌ ဆင်‌ ဖွဲ့ စည်း ခဲ့ ပါ သည်‌။
၅။ ၎င်း ‌နောက်‌ ဥ က္က ဌ ဦး သန်း မြင့်‌ ကျန်း မာ ‌ရေး ‌ကြောင့်‌ အ နား ယူ သွား ပြီး ဦး ခင်‌ ‌မောင်‌ တင့်‌ မှ ယာ ယီ ဥ က္က ဌ အ ဖြစ်‌ တာ ဝန်‌ ယူ ‌ဆောင်‌ ရွက်‌ ‌နေ ခဲ့ ပါ သည်‌။ ၎င်း အ ချိန်‌ တွင်‌ CQHP ကို ပြန်‌ လည်‌ ဖွဲ့ စည်း ရန်‌ လို အပ်‌ လာ ပါ သည်‌။
၆။ CQHP တွင်‌ ပါ ဝင်‌ သင့်‌ ‌သော ပ ညာ ရှင်‌ များ ကို ‌ဆောက်‌ လုပ်‌ ‌ရေး ဝန်‌ ကြီး ဌာ န မှ နိုင်‌ ငံ ‌တော်‌ သ မ္မ တ ထံ သို ‌ထောက်‌ ခံ တင်‌ ပြ အ တည်‌ ပြု ချက်‌ ရ ယူ ပြီး၊ ပြည်‌ ‌ထောင်‌ စု ဝန်‌ ကြီး မှ လက်‌ မှတ်‌ ‌ရေး ထိုး ကာ နိုင်‌ ငံ ‌တော်‌ ပြန်‌ တမ်း တွင်‌ ထည့်‌ သွင်း အ တည်‌ ပြု ခန့်‌ ထား ခြင်း ဖြစ်‌ ပါ သည်‌။
၇။ ယ ခု တစ်‌ ကြိမ်‌ ပြန်‌ လည်‌ ဖွဲ့ စည်း ရန်‌ ‌ဆောင်‌ ရွက်‌ ရာ တွင်‌ ဦး တင်‌ ထွန်း မှ ၎င်း အ ‌နေ ဖြင့်‌ ‌ကော်‌ မ တီ ဝင်‌ ဖြစ်‌ လာ ‌တော့ မည်‌ ဖြစ်‌ ‌ကြောင်း၊ အ မိန့်‌ ‌ကြော်‌ ငြာ စာ မ ထွက်‌ မီ က ပင်‌ ‌ပြော ဆို ‌နေ ခဲ့ ပါ သည်‌။ ယင်း အ ချိန်‌ တွင်‌ ၎င်း မှာ YTU တွင်‌ Visiting Associate Professor, BEI တွင်‌ ‌Construction Quality Control, Health & Safety Committee ၏ ဥ က္က ဌ စ သည်‌ ဖြင့်‌ တာ ဝန်‌ ယူ ထား ပြီး ဖြစ်‌ ‌နေ ပါ ပြီ။ PE, ACPE Certificate များ လည်း ရ ရှိ ထား ပြီး ဖြစ်‌ ပါ သည်‌။
၈။ CQHP ယာ ယီ ဥ က္က ဌ ဦး ခင်‌ ‌မောင်‌ တင့်‌ မှ ၎င်း ၏ BE Certificate နှင့်‌ ပတ်‌ သက်‌ ၍ သ တင်း များ ထွက်‌ ‌ပေါ် ‌နေ သ ဖြင့်‌ ‌ဆောက်‌ လုပ်‌ ‌ရေး ဝန်‌ ကြီး ဌာ န သို့ သ တိ ‌ပေး ကန့်‌ ကွက်‌ မှု ပြု လုပ်‌ ခဲ့ ပါ သည်‌။ သို့ ‌သော်‌ ၎င်း အ ချိန်‌ တွင်‌ နိုင်‌ ငံ ‌တော်‌ သ မ္မ တ ထံ သို့ တင်‌ ပြ အ တည်‌ ပြု ချက်‌ ရ ယူ ပြီး ဖြစ်‌ သည်‌ ဟု ဆို ကာ 15-6-2015 ‌နေ့ တွင်‌ ဥ က္က ဌ ဦး ခင်‌ ‌မောင်‌ တင့်‌ နှင့်‌ အ ဖွဲ့ ဝင်‌ ၂၈ ဦး ပါ ဝင်‌ ‌သော CQHP Committee အ သစ်‌ ဖွဲ့ စည်း ‌ကြောင်း အ မိန့်‌ ‌ကြော်‌ ငြာ စာ ထွက်‌ ‌ပေါ် လာ ပြီး ဦး တင်‌ ထွန်း မှာ CQHP Member ဖြစ်‌ လာ ပါ ‌တော့ သည်‌။
၉။ CQHP Member ဖြစ်‌ လာ ‌သော်‌ လည်း ၎င်း အား မည်‌ သည့်‌ တာ ဝန်‌ မျှ ‌ပေး အပ်‌ ခြင်း မ ပြု ခဲ့ ပါ။ Construction Site များ သို့ လုပ်‌ ငန်း စစ်‌ ‌ဆေး ‌ရေး သွား ရာ တွ င်‌ လည်း လိုက်‌ ပါ ခွင့်‌ မ ပြု ခဲ့ သည့်‌ အ ပြင်‌၊ ၎င်း တာ ဝန်‌ ယူ ‌ဆောင်‌ ရွက်‌ ‌နေ ‌သော Project တစ်‌ ခု တွင်‌ CQHP နာ မည်‌ သုံး ၍ ‌ပြော ဆို ‌ကြောင်း သ တင်း ထွက်‌ ‌ပေါ် လာ သ ဖြင့်‌ ၎င်း ကဲ့ သို့ တစ်‌ လွဲ မ သုံး ရန်‌ အ စည်း အ ‌ဝေး တွင်‌ ဥ က္က ဌ မှ တ ရား ဝင်‌ သ တိ ‌ပေး ခဲ့ ပါ သည်‌။
၁၀။ ၎င်း ‌နောက်‌ နို ဝင်‌ ဘာ လ ‌လောက်‌ တွင်‌ သ တင်း များ အ လွန်‌ ထွက်‌ လာ ပြီး CQHP အ စည်း အ ‌ဝေး များ သို့ လည်း မ လာ ‌တော့ ပါ။ စုံ စမ်း စစ်‌ ‌ဆေး မှု များ ပြု လုပ်‌ ခဲ့ ပြီး ဒီ ဇင်‌ ဘာ လ တွင်‌ CQHP Member အ ဖြစ်‌ မှ ရပ်‌ စဲ ခဲ့ ပါ သည်‌။
၁၁။ CQHP ကို လည်း ‌ဆောက်‌ လုပ်‌ ‌ရေး ဝန်‌ ကြီး ဌာ န မှ တ ဆင့်‌ နိုင်‌ ငံ ‌တော်‌ သ မ္မ တ ထံ တင်‌ ပြ ၍ ဥ က္က ဌ ဦး ခင်‌ ‌မောင်‌ တင့်‌ အ ပါ အ ဝင်‌ ‌အ ဖွဲ့ ဝင်‌ ၂၈ ဦး ဖြင့်‌ 28-1-16 ‌နေ့ တွင်‌ အ သစ်‌ ပြန်‌ လည်‌ ဖွဲ့ စည်း ခဲ့ ပြီး ဖြစ်‌ ပါ သည်‌။
၁၂။ အ ‌သေး စိတ်‌ စစ်‌ ‌ဆေး ချက်‌ များ အ ရ ၂၀၁၃ ခု နစ်‌ မှ ၂၀၁၅ ခု နှစ်‌ အ တွင်း ဦး တင်‌ ထွန်း အ ‌နေ ဖြင့်‌ ပါ ဝင်‌ ပတ်‌ သက်‌ ခဲ့ ‌သော အ ထပ်‌ မြင့်‌ အ ‌ဆောက်‌ အ အုံ စီ မံ ကိန်း စု စု ‌ပေါင်း (၇) ခု ရှိ ခဲ့ ‌ကြောင်း ‌တွေ့ ရှိ ရ ပါ သည်‌။
(က) 2 Basement + 23 Storey Shwe Gone Dine Hotel Construction Project
- ဤ စီ မံ ကိန်း တွင်‌ ၎င်း အ ‌နေ ဖြင့်‌ Project Director နှင့်‌ Project Engineer အ ဖြစ်‌ တာ ဝန်‌ ယူ ထား ‌ကြောင်း စိ စစ်‌ ‌တွေ့ ရှိ ရ ပါ သည်‌။
- CQHP အ ‌နေ ဖြင့်‌ 29-10-2013 ‌နေ့ တွင်‌ Ultimate Pile Load Test စမ်း သပ်‌ ရန်‌ ခွင့်‌ ပြု ထား ခဲ့ ပြီး ယ ‌နေ့ အ ထိ Revised Design ပြန်‌ လည်‌ တင်‌ ပြ လာ ခြင်း မ ရှိ ‌သေး ဘဲ စ တင်‌ တည်‌ ‌ဆောက်‌ ခြင်း မ ရှိ ‌သေး ‌ကြောင်း သိ ရှိ ရ ပါ သည်‌။
(ခ) 3 Basement + 26 Storey M Tower Project
- ဤ စီ မံ ကိန်း မှာ ၎င်း CEO အ ဖြစ်‌ တာ ဝန်‌ ယူ ထား ‌သော Mottama Holding Ltd မှ တင်‌ ပြ ထား ‌သော စီ မံ ကိန်း ဖြစ်‌ သည်‌။ Foundation Design အား CQHP မှ အ ‌သေး စိတ်‌ စစ်‌ ‌ဆေး ခဲ့ ပြီး လို အပ်‌ ချက်‌ များ အား လုံး ပြည့်‌ စုံ သ ဖြင့်‌ 29-2-2016 ‌နေ့ တွင်‌ မှ Foundation only အ တွက်‌ ‌ထောက်‌ ခံ ချက်‌ ထုတ်‌ ‌ပေး ခဲ့ ပါ သည်‌။ Super Structure Design အား စိ စစ်‌ ဆဲ ဖြစ်‌ ပါ သည်‌။ စ တင်‌ တည်‌ ‌ဆောက်‌ ခြင်း မ ပြု ‌သေး ပါ။
(ဂ) 4 Basement + 32 Storey Shwe Gone Tower Construction Project
- ဤ စီ မံ ကိန်း တွင်‌ ၎င်း အ ‌နေ ဖြင့်‌ Project Director နှင့်‌ အ ဖြစ်‌ တာ ဝန်‌ ယူ ထား ‌ကြောင်း စိ စစ်‌ ‌တွေ့ ရှိ ရ ပါ သည်‌။
- CQHP အ ‌နေ ဖြင့်‌ 6-3-2014 ‌နေ့ တွင်‌ Ultimate Pile Load Test စမ်း သပ်‌ ရန်‌ ခွင့်‌ ပြု ထား ခဲ့ ပြီး ယ ‌နေ့ အ ထိ Revised Design ပြန်‌ လည်‌ တင်‌ ပြ လာ ခြင်း မ ရှိ ‌သေး ဘဲ စ တင်‌ တည်‌ ‌ဆောက်‌ ခြင်း မ ရှိ ‌သေး ‌ကြောင်း သိ ရှိ ရ ပါ သည်‌။
(ဃ) 5 Basement + 21 Storey PME Office Tower Construction Project
- ဤ စီ မံ ကိန်း မှာ ၎င်း CEO အ ဖြစ်‌ တာ ဝန်‌ ယူ ထား ‌သော Mottama Holding Ltd မှ တင်‌ ပြ ထား ‌သော စီ မံ ကိန်း ဖြစ်‌ သည်‌။
- CQHP အ ‌နေ ဖြင့်‌ 23-11-2015 ‌နေ့ တွင်‌ Pile လုပ်‌ ငန်း များ ‌ဆောင်‌ ရွက်‌ ရန်‌ ‌ထောက်‌ ခံ ချက်‌ ‌ပေး ခဲ့ ပြီး ယ ခု အ ခါ စ တင်‌ ‌ဆောင်‌ ရွက်‌ ‌နေ ပြီ ဖြစ်‌ ‌သည်‌။ Superstructure အ တွက်‌ ‌ထောက်‌ ခံ ချက်‌ မ ‌ပေး ရ ‌သေး ပါ။
(င) 2 Basement + 20 Storey Min Residence Construction Project
- ဤ စီ မံ ကိန်း မှာ ၎င်း CEO အ ဖြစ်‌ တာ ဝန်‌ ယူ ထား ‌သော Mottama Holding Ltd မှ တင်‌ ပြ ထား ‌သော စီ မံ ကိန်း ဖြစ်‌ သည်‌။ Project Director အ ဖြစ်‌ လည်း လက်‌ မှတ်‌ ထိုး ထား သည်‌။
- CQHP အ ‌နေ ဖြင့်‌ 18-5-2015 ‌နေ့ တွင်‌ Ultimate နှင့်‌ Working Pile Load Test များ စမ်း သပ်‌ ရန်‌ ခွင့်‌ ပြု ထား ခဲ့ ပြီး ယ ‌နေ့ အ ထိ Revised Design ပြန်‌ လည်‌ တင်‌ ပြ လာ ခြင်း မ ရှိ ‌သေး ဘဲ စ တင်‌ တည်‌ ‌ဆောက်‌ ခြင်း မ ရှိ ‌သေး ‌ကြောင်း သိ ရှိ ရ ပါ သည်‌။
(စ) 1 Basement + 20 Storey Bonamy Residence Construction Project
- ဤ စီ မံ ကိန်း မှာ ၎င်း CEO အ ဖြစ်‌ တာ ဝန်‌ ယူ ထား ‌သော Mottama Holding Ltd မှ တင်‌ ပြ ထား ‌သော စီ မံ ကိန်း ဖြစ်‌ သည်‌။ Project Director အ ဖြစ်‌ လည်း လက်‌ မှတ်‌ ထိုး ထား သည်‌။
- CQHP သို့ မည်‌ သည့်‌ စာ ရွက်‌ စာ တမ်း မှ တင်‌ ပြ လာ ခြင်း မ ရှိ ‌သေး ဘဲ စ တင်‌ တည်‌ ‌ဆောက်‌ ခြင်း မ ရှိ ‌သေး ‌ကြောင်း သိ ရှိ ရ ပါ သည်‌။
(ဆ) 3 Basement + 24 Storey Bagan Condominium Construction Project
- ဤ စီ မံ ကိန်း မှာ ၎င်း CEO အ ဖြစ်‌ တာ ဝန်‌ ယူ ထား ‌သော Mottama Holding Ltd မှ တင်‌ ပြ ထား ‌သော စီ မံ ကိန်း ဖြစ်‌ သည်‌။ Project Director အ ဖြစ်‌ လည်း လက်‌ မှတ်‌ ထိုး ထား သည်‌။
- CQHP သို့ Architectural Conceptual Design သာ တင်‌ ပြ ထား ပြီး စ တင်‌ တည်‌ ‌ဆောက်‌ ခြင်း မ ရှိ ‌သေး ‌ကြောင်း သိ ရှိ ရ ပါ သည်‌။
၁၃။ နိ ဂုံး ချုပ်‌ အ ‌နေ ဖြင့်‌
- ဦး တင်‌ ထွန်း CQHP Member ဖြစ်‌ လာ ခြင်း မှာ လက်‌ ရှိ CQHP ‌ကော်‌ မ တီ ဝင်‌ များ ၏ လုပ်‌ ‌ဆောင်‌ ချက်‌ မ ဟုတ်‌ ‌ကြောင်း၊ မည်‌ သူ့ ကို မှ လည်း ခန့်‌ ထား နိုင်‌ သည့်‌ Power မ ရှိ ‌ကြောင်း
- CQHP Member ဖြစ်‌ ‌အောင်‌ ‌ထောက်‌ ခံ ပို့ ‌ဆောင်‌ ‌ပေး ခဲ့ သူ မှာ လည်း Information အ ချိန်‌ မီ မ ရ လိုက်‌ ဘဲ ‌စေ တ နာ ဖြင့်‌ မှား ယွင်း သွား ခြင်း သာ ဖြစ်‌ သည်‌ ဟု ယူ ဆ ပါ ‌ကြောင်း
- ၎င်း Member ဖြစ်‌ ‌နေ စဉ်‌ ၅ လ ခန့်‌ ကာ လ အ တွင်း တွင်‌ လည်း CQHP တွင်‌ မည်‌ သည့်‌ အ ခွင့်‌ အ ‌ရေး မှ မ ‌ပေး ခဲ့/ မ ရ ယူ နိုင်‌ ခဲ့ ‌ကြောင်း၊
- ၎င်း နှင့်‌ ပတ်‌ သက်‌ ‌နေ ‌သော Project များ အ တွက်‌ လည်း အ ထူး အ ခွင့်‌ အ ‌ရေး များ မ ရ ရှိ ခဲ့ ဘဲ အ ခြား ပုံ မှန်‌ Project များ အ တိုင်း သာ ဖြစ်‌ ‌ကြောင်း၊ (မည်‌ သည့်‌ Project မှ အ စ အ ဆုံး ‌ထောက်‌ ခံ ချက်‌ မ ရ ‌သေး သည်‌ ကို ကြည့်‌ ၍ သိ နိုင်‌ ပါ သည်‌)
- CQHP အ တွင်း တွင်‌ လည်း ၎င်း နှင့်‌ ပု လင်း တူ ဘူး စို့ များ မ ရှိ ‌ကြောင်း၊
- ၎င်း အ ‌နေ ဖြင့်‌ အ စ အ ဆုံး တာ ဝန်‌ ယူ တည်‌ ‌ဆောက်‌ သွား ‌သော CQHP နှင့်‌ ပတ်‌ သက်‌ သည့်‌ Highrise Project မ ရှိ ‌ကြောင်း
အ များ သိ ‌စေ ရန်‌ ရှင်း လင်း ‌ကြေ ညာ အပ်‌ ပါ သည်‌။
စိုး ရိမ်‌ စိတ်‌ ဖြင့်‌ ဝိုင်း ဝန်း ‌ဝေ ဖန်‌ ‌ထောက်‌ ပြ ခဲ့ မှု များ အား အ ထူး ပင်‌ ‌ကျေး ဇူး တင်‌ ရှိ ပါ ‌ကြောင်း နှင့်‌ ရိုင်း စိုင်း မှု မ ပါ ‌သော ‌ဝေ ဖန်‌ အ ကြံ ပြု ချက်‌ များ ကို လက်‌ ခံ စဉ်း စား တုန့်‌ ပြန်‌ မှု ‌ပေး သွား မည်‌ ဖြစ်‌ ပါ ‌ကြောင်း။
.
.----------------------------------------
End...