Sunday, February 12, 2017

တယ်လီနောမြန်မာ စီအီးအို Mr.Lars Erik Tellmann နှင့် တွေ့ဆုံခြင်း နှင့် တာဝါတိုင်ကွန်ပလိန်းအချို့



တယ်လီနောမြန်မာ စီအီးအို Mr.Lars Erik Tellmann နှင့် တွေ့ဆုံခြင်း
‘‘ မြန်မာနိုင်ငံထဲက ရရှိတဲ့ ငွေကြေးတစ်ပြားတစ်ချပ်ကိုမှ အပြင်ကို ထုတ်သွားတာ မရှိခဲ့ပါဘူး။ ပြန်ပြီးတော့ ရင်းနှီးမြှုပ်နှံထားတာပါ ’’
7DaysNews
Byမြင့်ကျော်လှိုင်On Wed, 2016-11-30 12:13Issue No.အတွဲ (၁၅)၊ အမှတ် (၃၈)
လီနောမြန်မာ၏ စီအီး အိုရာထူးသည် မကြာသေးခင်က လူအပြောင်းအလဲဖြစ်ခဲ့သည်။ စီအီးအိုအသစ်လက်ထက်တွင် စိန်ခေါ်မှုအချို့ ကြုံတွေ့နေရသည်။ အဆိုပါစိန်ခေါ်မှုသည် နယ်စွန် နယ်ဖျားကျေးလက်ဒေသများအထိ ကွန်ရက်ဖြန့်ကြက်ရန်ဖြစ်သည်။ ပထ၀ီအနေအထား၊ တိုင်းရင်းသားမျိုးနွယ်စု၊ လက်နက်ကိုင်နယ်မြေစသည်ဖြင့် အခက်အခဲမျိုးစုံကို ရင်ဆိုင်နေရခြင်းဖြစ်သည်။ တယ်လီနောမြန်မာ၏ အခက်အခဲများ၊ ရှေ့ဆက်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ စီအီးအို Mr. Lars ErikTellmannn နှင့် တွေ့ဆုံမေးမြန်းထားသည်များကို 7 Day Newsဂျာနယ်က ပြန်လည်ဖော်ပြလိုက်ပါသည်။
တယ်လီနောမြန်မာမှာ စီအီးအိုအနေနဲ့ တာဝန်ယူတာ အခုဆိုရင် လေးလရှိပြီ။ ဒီကာလအတွင်းမှာ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ခဲ့ရပါသလဲ။
ဒီကလုပ်ငန်းတွေနဲ့က ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်နေတော့ အခက်အခဲတော့ မရှိခဲ့ပါဘူး။ အခု ဆိုရင် နံပါတ် (၁)အော်ပရေတာ ဖြစ်ဖို့က နီးလာပြီ။ အကောင်းဆုံး ကွန်ရက်ဖြစ်အောင်တော့ ဦးစားပေးလုပ်နေပါတယ်။ ဒါကိုစိန်ခေါ်မှုအနေနဲ့ လုပ်ဆောင်နေပါတယ်။ နယ်စွန်နယ်ဖျားတွေကို ကွန်ရက်လွှမ်းခြုံနိုင်ဖို့ကတော့ စိန်ခေါ်မှုတစ်ခုအနေနဲ့ ရှိနေပါတယ်။
တယ်လီနောရဲ့ ရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာ နှစ်ဘီလီယံ ရှိပြီးတော့ သုံးနှစ်အတွင်းမှာ အရင်းကျေလိမ့်မယ်လို့ ပထမစီအီးအိုက ပြောဖူးတယ်။ အခုသက်တမ်း ၂ နှစ်ကျော်ပြီဆိုတော့ တယ်လီနောရဲ့ အကျိုးအမြတ်အခြေအနေ ဘယ်လိုရှိပါလဲ။
မြန်မာနိုင်ငံထဲမှာ ရင်းနှီးမြှုပ်နှံထားတာ ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံရှိပါတယ်။ ထပ်ပြီးတော့ ရင်းနှီးမြှုပ်နှံဖို့တွေရှိတယ်။ မကြာခင်က ထွက်တဲ့ တတိယသုံးလပတ် အစီရင်ခံစာထဲမှာဆိုရင် ငွေကြေးအရ အပေါင်းလက္ခဏာ ဆောင်ပါတယ်။ ဒါပေမဲ့ မြန်မာ နိုင်ငံထဲက ရရှိတဲ့ ငွေကြေးတစ်ပြားတစ်ချပ်ကိုမှ အပြင်ကို ထုတ်သွားတာ မရှိခဲ့ပါဘူး။ ပြန်ပြီးတော့ ရင်းနှီးမြှုပ်နှံထားတာပါ။ ဒါကတော့ ကွန်ရက်တွေရယ်၊ အလုပ်အကိုင်အခွင့်အလမ်းတွေအတွက်ရယ် ဖြစ်ပါတယ်။ အခွန်ပိုင်းမှာဆိုရင်လည်း အခုချိန်ထိ အစိုးရဆီကို ကျပ်ငွေ ၈၀ ဘီလီယံအထိ ပေးဆောင်ထားပါတယ်။
အော်ပရေတာတွေအနေနဲ့ လူနေထူထပ်တဲ့နေရာတွေမှာပဲ ရင်းနှီးမြှုပ်နှံမှုပြုလုပ်လိုပြီးတော့ နယ်စွန်နယ်ဖျားဒေသတွေမှာ ရင်းနှီးမြှုပ်နှံမှု မလုပ်ချင်ကြဘူးလို့ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောထားပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘယ်လိုတုံ့ပြန်လိုပါသလဲ။
ရည်မှန်းချက်က လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို ငါးနှစ်အတွင်း ကွန်ရက်လွှမ်းခြုံနိုင်ဖို့ပါ။ အခုဆိုရင် ၈၆ ရာခိုင်နှုန်းဖြစ်နေပြီ။ ထိုင်းလို နိုင်ငံမျိုးမှာတောင် ဒီလိုအခြေအနေမျိုးရောက်ဖို့ နှစ်အများကြီးလုပ်ရတာပါ။ အစိုးရကို ပေးထားတဲ့ ငါးနှစ်အတွင်း ဆောင်ရွက်မယ်ဆိုတဲ့ ကတိတွေကို ပြန်ကြည့်ရင် သုံးနှစ်နဲ့ ပြည့်လုနီးပါး ဖြစ်နေတဲ့ အခြေအနေပါ။ ကျန်တဲ့ ဒေသတွေကို ချဲ့ထွင်ဖို့ဆိုတာလည်း လုံခြုံရေးဆိုင်ရာကိစ္စလေး တွေရှိသေးတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေရှိတယ်။ စိန်ခေါ်မှုတွေရှိနေပေမယ့်လည်း ကွန်ရက်ကို ဆက်လက်ချဲ့ထွင်နေပါတယ်။ ကွန်ရက်က အလျင်အမြန်ကြီးထွားနေတယ်။ တိုင်းနဲ့ ပြည်နယ်အကုန်လုံးဆီကို ကွန်ရက်ရောက်တယ်။ သုံးစွဲသူအနေနဲ့ ၁၈ သန်းရှိတယ်။ တာဝါကလည်း ၆၈၀၀ ကျော်ရှိနေပြီ။ ကတိက၀တ်ကို ပြည့်အောင် ဆက်လုပ်သွားမှာပါ။
နယ်စွန်နယ်ဖျားတွေအထိ ကွန် ရက်ချဲ့ထွင်ဖို့ဆိုရင် လက်နက်ကိုင်တွေရှိတဲ့ ဒေသတွေကို ထည့်သွင်းစဉ်းစားရတော့မယ်။ ဒါနဲ့ပတ်သက်ပြီး အစိုးရနဲ့ ညှိနှိုင်းထားတာတွေ၊ ကိုယ်တိုင်ဖြေရှင်းဖို့ စဉ်းစားထားတာတွေ ဘာများရှိပါလဲ။
မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ မစခင်ကတည်းက ဒီလိုမျိုးအခက်အခဲတွေရှိမယ်ဆိုတာ သိပါတယ်။ ဒါကြောင့် ဒေသတွင်းအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းရေးမှူးတွေကို ခန့်အပ်ခဲ့တယ်။ သူတို့တွေက လုပ်ကိုင်နေတဲ့ အလုပ်တွေကို နားလည်အောင် ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းပေးတယ်။ ၀န်ထမ်းတွေရဲ့ လုံခြုံရေးတွေ၊ တယ်လီနောရဲ့ လုပ်ကိုင်ဆောင်ရွက်မယ့် ကိစ္စရပ်တွေ ညှိနှိုင်းပေးပါတယ်။ ပြည်သူတွေကို ဆက်သွယ်ရေးဝန်ဆောင် မှုပေးဖို့ဆိုပေမယ့်လည်း ဒီလိုနေရာတွေမှာ လုပ်ဆောင်ရတာလွယ်တော့ မလွယ်ကူပါဘူး။ ဆက်သွယ်ရေးကွန်ရက်အသုံးပြုဖို့အတွက်က ၃၀ ရာခိုင်နှုန်းသော လူ တွေက အဲဒီဒေသတွေမှာရှိနေ တယ်။ ပြီးတော့ ဒီဒေသတွေမှာ တရုတ်၊ ထိုင်းစတဲ့ နိုင်ငံတွေကလာတဲ့ ဖိုက်ဘာလမ်းကြောင်းတွေ ရှိနေတယ်။ ဒါကြောင့် ဒီဒေသတွေဟာ အော်ပရေတာအတွက် အရေးပါနေတယ်။
တယ်လီနောစတင်ဝင်လာတဲ့ အချိန်တုန်းက ဘာအခက်ခဲဆုံးလဲလို့ မေးရင် မြေနေရာရရှိဖို့က အခက်ခဲဆုံးလို့ ဖြေတယ်။ အခုဒီ မေးခွန်းကို ထပ်မေးမယ်ဆိုရင် ဘယ်လိုဖြေမလဲ။
မြေကိစ္စကို အလွန်ခက်ခဲမယ့် ကိစ္စဖြစ်မယ်လို့ ယူဆခဲ့ပေမယ့် လက်တွေ့မှာတော့ ထင်သလောက်မဟုတ်တော့ပါဘူး။ တိကျသေချာတဲ့ စနစ်နဲ့ ဆောင်ရွက်ဖြေရှင်းနိုင်နေတဲ့အတွက် ဒါတွေက လျော့ပါးလာပါတယ်။
Mobile Money ၀န်ဆောင်မှုကလည်း လုပ်ငန်းစတင်နေပြီ။ ဒီတော့ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကလည်း အရေးပါလာပြီ။ တယ်လီနောမှာ ဆင်းမ်ကတ်ကိုမှတ်ပုံတင်အသုံးပြုတဲ့လူအရေအတွက် ဘယ်လောက်များရှိပါလဲ။
အသုံးပြုသူတွေ ဆင်းမ်ကတ်မှတ်ပုံတင်နိုင်ဖို့ နည်းလမ်းမှန်သမျှကို ကြိုးစားပြီးတော့ လုပ်ကိုင်နေတယ်။ အစိုးရက ဆင်းမ်ကတ်မှတ်ပုံတင်ဖို့ ကြေညာချက်ထုတ်ထားတာကိုလည်း ကြိုဆိုတယ်။ မှတ်ပုံတင်တဲ့နေရာမှာ အရင်က မှားယွင်းပြီးတော့ မှတ်ပုံတင်ထားတာတွေလည်း ရှိနိုင်ပါတယ်။ ဒါတွေကို ပြန်ပြီးတော့ နာမည်ပြောင်းလို့ရတယ်။ ဒီလိုမျိုးမှတ်ပုံတင်ဖို့အတွက် အချိန်နှစ်မိနစ်လောက်ပဲကြာတာပါ။
ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းက မိုဘိုင်းပေါ်က ငွေကြေးလုပ်ငန်းတွေ၊ ရာဇ၀တ်မှုတွေအတွက် အသုံးဝင်တယ်လို့ သိရတယ်။ ထပ်ပြီးတော့ ဘာများအသုံးဝင်နိုင်ပါသေးလဲ။
ကိုယ့်နာမည်နဲ့ မှတ်ပုံတင်ထားရင် ကိုယ့်ကိုကိုယ်စားပြု စေပါတယ်။ E-Government လုပ်တဲ့အခါ လိုအပ်တဲ့အချက်အလက်တွေ၊ သက်သေခံမှုတွေအတွက် အသုံးဝင်လာမှာပါ။ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုတွေ ရယူတဲ့ အခါမှာလည်း ပိုပြီးတော့အကျိုရှိလာစေမှာပါ။
အသုံးပြုသူရဲ့ အချက်အလက်တွေကို အစိုးရက တောင်းခံလို့ ထုတ်ပေးခဲ့ဖူးတာတွေရှိတယ်နော်။ အခုကော အသုံးပြုသူအချက်အလက်ထုတ်ပေးမှုအပိုင်းမှာ ဘယ်လိုရှိပါသလဲ။
ဥပဒေကလည်း တိတိကျကျ မရှိသေးတဲ့အခါမှာ လုပ်ငန်းစဉ်တစ်ခုကို တိတိကျကျချမှတ်ထားရပါတယ်။ ဘယ်လိုအချက်အလက်ကို အစိုးရဆီထုတ်ပေးမလဲဆိုတာကိုပေါ့နော်။ ၂ နှစ်အတွင်းမှာ အစိုးရက ၈၄ ခုတောင်းခံခဲ့ပါတယ်။ အဲဒီထဲက ၁၃ ခုရဲ့အချက် အလက်ကိုတော့ ထုတ်ပေးခဲ့ပါတယ်။ ဘယ်လိုကိစ္စတွေမှာ လုပ်ပေးခဲ့တာလဲဆိုတော့ မူးယစ်ဆေးဝါးမှု၊ လူသတ်မှု၊ အကြမ်းဖက်မှုတို့ အဲဒီအပေါ်မှာ မူတည်ပြီးတော့ ထုတ်ပေးခဲ့တာပါ။ တချို့နိုင်ငံတွေ မှာလို ကွန်ရက်ကို ပိတ်လိုက်ပါဆိုတဲ့ တောင်းဆိုမှုမျိုးတော့ မရှိဘူး။ ကြားဖြတ်နားထောင်တာတွေလည်း မရှိပါဘူး။ ဥရောပကောင်စီအကူအညီနဲ့ ပြည်ထဲရေး ၀န်ကြီးဌာနကလည်း ဆိုက်ဘာရာဇ၀တ်မှုဆိုင်ရာ ဥပဒေရေးဆွဲ ရေးအတွက် ဆောင်ရွက်နေတာတွေရှိပါတယ်။ ဥပဒေထွက်လာရင်တော့ ဆောင်ရွက်ရတာ ပိုအဆင်ပြေလာမှာပါ။
လက်ရှိတယ်လီနောပိုင်တဲ့ Band-width ပမာဏက ဘယ်လောက်ရှိပါလဲ။
တရုတ်၊ ထိုင်းကနေပြီးတော့ ဖိုက်ဘာချိတ်ထားတယ်။ အိန္ဒိယဘက်ကနေပြီးတော့ ချိတ်ဖို့လည်း ရှိနေတယ်။ ထိုင်းဘက်ကနေပြီးတော့ ထပ်ပြီးချိတ်ဖို့လည်းရှိနေတယ်။ ပွိုင့်တွေအများကြီးဖြစ်အောင် လုပ်ရတာက ပြတ်တောက်သွားရင် အစားထိုးလို့ရအောင်ပါ။ ဒီအတွက် ပမာဏကို သတ်မှတ်မထားဘူး။ လိုသလောက်ကို သုံးလို့ရတယ်။ ဝေးလံတဲ့နေရာတွေမှာတော့ ဂြိုဟ်တုသုံးထားတာရှိတယ်။ အဲဒီနေရာတွေမှာလည်း ဖိုက်ဘာရအောင် ချိတ်ဆက်ဆောင်ရွက်သွားမှာပါ။
အင်တာဗျူးကတစ်ဆင့် အသုံးပြု သူတွေကို ဘာများပြောချင်ပါလဲ။
တယ်လီနောအနေနဲ့ ပေးထားတဲ့ ကတိက၀တ်တွေကို ပြည့်မီကျော်လွန်နိုင်အောင် ဆောင်ရွက်နေပြီး မြန်မာနိုင်ငံရဲ့ အကောင်းဆုံးကွန်ရက်ဖြစ်အောင်လည်း ဦးစားပေးလုပ်ဆောင်နေပါတယ်။ သုံးစွဲသူတွေအတွက် အကောင်းဆုံးဝန်ဆောင်မှုတွေကိုလည်း ဆက်လက်ပေးအပ်သွားမှာဖြစ်ပါတယ်။
ကျေးဇူးတင်ပါတယ်။

**************************************



News Watch added 3 new photos.
ကရင်ပြည်နယ်တွင်းရှိ ဖုန်းတာဝါတိုင်အချို့တည်ဆောက်မှုနှင့်ပတ်သက်၍ ဒေသခံများ တိုင်ကြားထား
------ ------ ------ ------ ------
ကရင်ပြည်နယ်တွင်းရှိ မြို့နယ်အချို့တွင် အော်ရီဒူးဖုန်းတာဝါတိုင် တည်ဆောက် အသုံးပြု နေမှုနှင့်ပတ်သက်၍ ကုမ္မဏီနှင့် ဒေသခံတို့အကြား အငြင်းပွားမှုများဖြစ်ပွားနေသည့်အပေါ် ပြည်နယ်အစိုးရ ဆက်သွယ်ရေးဝန်ကြီးမှ ဒီဇင်ဘာလ ဒုတိယအပတ်တွင် ကုမ္ပဏီမှတာဝန်ရှိသူများအား လာရောက်ဖြေရှင်းရန် ခေါ်ယူထားကြောင်း သိရှိရသည်။
ဖုန်းတာဝါတိုင်းများကြောင့် ကော့ကရိတ်မြို့နယ်တွင် မီးစက်သံများ ဆူညံနေခြင်း၊ မိုးကြိုးစက်ကွင်းကြောင့် ဖုန်းတိုင်အနီးပတ်ဝန်းကျင်ရှိ လျှပ်စစ်ပစ္စည်းများပျက်စီးခြင်းနှင့် စာသင်ကျောင်းများအနီး၌ ဆောက်လုပ်ထားခြင်းတို့ကြောင့် မိဘများအနေဖြင့် စိုးရိမ်ပူပန်နေရခြင်း၊ လှိုင်းဘွဲ့မြို့နယ်၊ ကော့ဝန်းကျေးရွာတွင် တယ်လီနော ဖုန်းတိုင်ဟု ပြောဆိုတည်ဆောက်ပြီး ပြီးစီးသည့်အခါ အော်ရီဒူးဖုန်းလိုင်းအတွက် အသုံးပြုနေမူအပေါ် ဒေသခံများက ပြည်နယ်အစိုးရသို့ တိုင်ကြားထားမှုများကြောင့် ကုမ္မဏီမှတာဝန်ရှိသူများအနေဖြင့် လာရောက်ဖြေရှင်းပေးရန်အတွက် ဖုန်းဖြင့်ဆင့်ခေါ်ထားခြင်းဖြစ်ကြောင်း ပြည်နယ်ဆက်သွယ်ရေးဝန်ကြီးရုံးမှ သိရသည်။
“သူတို့ရုံးချုပ်ကတာဝန်ရှိသူတွေကို ဒီမှာလာရှင်းပေးဖို့ရှေ့အပတ်ထဲ ပြည်နယ်ရုံးကိုခေါ်ထားပါတယ်။ လုပ်ငန်းလုပ်တယ်ဆိုတာ တာဝန်ယူမှုတာဝန်ခံမှု ရှိဖို့လိုတယ်။ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လုပ်ကိုင်ကြဖို့လည်းလိုပါတယ်။ အခု အဲ့လိုတွေ မလုပ်ကိုင်ထားတော့ အခုလို ဖြေရှင်းဖို့ ဖြစ်လာတာပါ”ဟု ပြည်နယ် ဆက်သွယ်ရေးဝန်ကြီး ခွန်မျိုးတင့်က ပြောသည်။
အဆိုပါဖုန်းတိုင်များကြောင့် ဒေသံများ၏ ကျန်းမာရေးထိခိုက်မှုများရှိခြင်း၊ နေအိမ်သုံးလျှစ်စစ်ပစ္စည်းများ ပျက်စီးခြင်း၊ မီးစက်သံဆူညံပြီး မီးစက်တုန်ခါမှုကြောင့် ဖုန်းတိုင်အနီးရှိ နေအိမ်များတွင် အက်ကွဲကြောင်းများဖြစ်ပေါ်လာခြင်း၊ စာသင်ကျောင်းအနီးတည်ဆောက်ထားခြင်းကြောင့် မိုးရာသီကာလ၌ မိုးကြိုးစက်ကွင်းဝင်ရောက်မှုကြာင့် ကျောင်းတွင်းလျှပ်စစ်ပစ္စည်းများပျက်စီးကာ မတော်တဆမှုများ ကြုံတွေ့လာနိုင်သည့်အပေါ် မိဘများစိုးရိမ်နေရခြင်းတို့ကြောင့် ပြည်နယ်အစိုးရထံ စုပေါင်းတိုင်ကြား ရခြင်းဖြစ်ကြောင်းသိရသည်။
ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ယခုနှစ်အတွင်း တယ်လီဖုန်းလိုင်းများ တိုးချဲ့ တပ်ဆင်လာနိုင်မှုကြောင့် ဆက်သွယ်ရေး လွယ်ကူလာသော်လည်း အချို့ မြို့နယ်နှင့်ကျေးရွာများတွင်လည်း ကုမ္မဏီနှင့် ဒေသခံတို့အကြား အလားတူ အငြင်းပွားမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း အုပ်ချုပ်ရေးတာဝန်ရှိသူများထံမှသိရှိရ ပါသည်။
ရိုဒင် (ကော့ကရိတ်)

Note:
Sim card 18သန်း
တာဝါတိုင်ပေါင်း 6800 ရရှိပီ. . တဲ့
.

တယ်လီနော ဗိုလ်ကျအနိုင်ကျင့်မှု စီးပွားပေါ်လစီ ဘင်္ဂလားဒေ့ မှာ ကျဆုံး ကုမဏီရောင်းပြီး ဆုတ်ခွာရတယ်။ မြန်မာပြည်မှာတော့ တယ်လီနောကို တရားစွဲတာတွေ ရှိပေမဲ့ အခုချိန်ထိတော့ ပန်းပန်နေဆဲ. . ဘာပဲဖြစ်ပစေ မြန်မာတွေ မိုဘိုင်းဖုန်းခ သက်သာကြစေဖို့ မြန်မာအစိုးရ လုပ်ဆောင်နေတာ အောင်မြင်နေပါတယ်။
************************************



မြင့် လွင် added 9 new photos.Follow
MPT တာဝါတိုင် လှဲပြိုမှုကြောင့် အမျိုးသမီး တစ်ဦးသေဆုံးခဲ့ပြီး(၆) ဘီးယာဉ်တစ်စီး ပျက်စီးသွားမှုကို တာဝန်ယူမှု မရှိ ဟု ဆို
အပိုင်း (၂)သီဟဆွေ - ကသာ
---------------------------------------------
ကချင်ပြည်နယ် မြို့လှမြို့က ဆောက်လက်စ တာဝါတိုင် လှဲပြိုပြီး လူတစ်ဦးသေဆုံးသွားခဲ့ရတဲ့ ကိစ္စဟာ ရိုးရိုးလေးတွေးရင်တော့ ရိုးရိုးလေးပါပဲ။ သေချာတွေးကြည့်ရင်တော့ လူလည်ကျနေ တယ်ဆိုတာ အသိသာကြီး ထင်ပေါ်စေတယ်။ ဆောက်လုပ်တဲ့ ကုမ္ပဏီက ZSP ကုမ္ပဏီ ဖြစပါတယ်။
မေလ (၁) ရက်နေ့ ညနေပိုင်းမှာ ပေ(၈၀) အမြင့်ရှိတဲ့ ကိုင်းတာဝါတိုင်ဟာ ဆောက်လက်စ တန်းလန်းမှာ ဘေးကဆိုင်းကြိုး ပြတ်သွားခဲ့တဲ့ အတွက် ဘိလပ်မြေချဖို့ ရောက်ရှိလာတဲ့ ကားတစ်စီးအပေါ်မှာ ပါလာတဲ့လူ (၅) ဦးကို ဖိမိသွားခဲ့တာ ရပ်လုံးသိ ရွာလုံးသိဆိုသလိုပါပဲ။
အခုလို တာဝါတိုင် အဖိခံရတဲ့အတွက် အမျိုးသမီးကြီး တစ်ဦးဟာ နေရာမှာတင် သေဆုံးသွားခဲ့တာပါ။ မသေလို့ ကျန်နေသူ များလည်း သေကံမရောက် သက်မပျောက် လို့ သေတွင်းထဲက လွတ်မြောက်လာခဲ့ ပေမယ့် ထိခိုက်ဒဏ်ရာကတော့ အနည်းနဲ့ အများ ရရှိခဲ့ကြပါတယ်။
သေမှု သေခင်းဖြစ်ပွားခဲ့တာနဲ့ပတ်သက်လို့ သက်ဆိုင်ရာ ရဲစခန်းမှာ အမှုဖွင့်ခဲ့တာက လွဲလို့ အခင်းဖြစ်ပွားရာမှာ ပါဝင်ခဲ့တဲ့ ထိခိုက်သူတွေရယ် ဆုံးရုံးသွားတဲ့ ပစ္စည်းတန်ဘိုးတွေရယ် ဘယ်သူတစ်ဦး တစ်ယောက်မျှ ယနေ့ အချိန်အထိ ကူညီဖြေရှင်းပေးခြင်း မရှိတာဟာ တာဝန်မဲ့ရာ ကျလွန်းမနေဘူးလား။
အသက် (၂၂) နှစ်အရွယ် ကောင်လေး တစ်ယောက်ကို ထောင်ထဲထည့်ထားရုံနဲ့ မပြီးပါဘူး။ တရားဝင် စာချုပ် ချုပ်ဆိုထားတဲ့ တာဝန်ခံတွေ မဟုတ်တဲ့အတွက် ဒီကောင်လေး ဟာ ဓါးစာခံ တာဝန်ခံလည်း ဖြစ်နိုင်တာပါပဲ။
အမှန်တကယ်ဆို တာဝန်ခံဆိုသူတွေကို စခန်း က ခေါ်ယူပြီး ထိခိုက်မှု ဖြစ်ခဲ့တဲ့ သူတွေနဲ့ ပေးတွေ့ပေးရမှာ ဖြစ်ပေမယ့် တာဝန်ခံ ဆိုသူတွေကတော့ ရုပ်လုံးထွက်ပြစရာမလိုပဲ အေးဆေးပါပဲ။ သေဆုံးသူ ဘက် က မိသားစုဝင်တွေနဲ့ ကျပ်သိန်း ၂၅၀ လျော်ကြေးပေးပြီး အမှုကို ကြေအေး ပိတ်သိမ်းဖို့ လုပ်နေတာဟာ တရားနည်းလမ်း ကျပါရဲ့လား။ နစ်နာသူတွေအားလုံး ကြေနပ်လက်ခံမှ အမှုကိုကြေအေး ပိတ်သိမ်းလို့ ရမယ်ဆိုတာ ZTE ကုမ္ပဏီနဲ့တကွ Mpt တာဝန်ခံ ဦးကြည်ဝင်း သိစေချင်လိုက်တာ။
မြို့လှစခန်းမှူး အနေနဲ့ကတော့ ထောင်ကျနေသူ ကောင်လေးဟာ အလုပ်သမား ခေါင်းဆောင် ဖြစ်တဲ့အတွက် သူမှာပဲ အဓိက တာဝန်ရှိလို့ သူ့ကိုပဲ ဖမ်းထားရတာဖြစ်သလို သုံးတန်ဝန်ကို ထမ်းနိုင်တဲ့ ချိန်းပဒေါက် နေရာမှာ နှစ်တန်နိုင်တဲ့ ချိန်းပဒေါက်ကို အသုံးပြုခဲ့တဲ့အတွက် အခုလိုဖြစ်သွားခဲ့တာလို့ ထွက်ဆိုထားတယ်လို့ ဆို ပါတယ်။
ဒီအကြောင်း ပြချက်ဟာ ခိုင်လုံမှု မရှိပါဘူး ။ ထောက် စရာလေးတွေနှဲ့ ထောက်ပြချင်ပါတယ်။ တာဝါတိုင် စိုက်ထူရာ မှာ အသုံးမတဲ့နိုင်တဲ့ ချိန်းပဒေါက်ကို ယူထားနိုင်ပါသလား။
ဒီကောင်လေးဟာ တာဝန်ခံဆိုခဲ့ရင် အသက်၂၂ နှစ်သာရှိသေးတဲ့အတွက် ဆောက်လုပ်ရေးနဲ့ ပတ်သက်ပြီး ဘယ်ကျောင်း က ဆင်းလာတာ ပါလဲ။ ဆယ်တန်းကို ဘယ်နှယ်နှစ်က အောင်တာပါလဲ။ အင်ဂျင်နီ ဘွဲ့ရဖို့ ဘယ်နှစ် နှစ်လောက် ကျောင်းတက်ရပါသလဲ။ အလုပ်သင် အင်ဂျင်နီယာ ဖြစ်ခဲ့မယ် ဆိုခဲ့ရင်တောင် ကြီးကြပ်သူ တာဝန်ခံကြီးမရှိပဲ အရေးကြီးတဲ့အပိုင်းကို လွတ်ထားလို့ ရနိုင်ပါသလား။
ဒီလို လုပ်ငန်းကြီးကြီးမားမားတွေ ဆောက်လုပ် တဲ့ ကုမ္ပဏီ ကိစ္စတွေမှာ ပစ္စည်းပိုင်း အရည်အသွေး စစ်ဆေးတဲ့ တာဝန်ခံရယ် ဆောက်လုပ်ရေးတာဝန်ခံရယ် ဒီနှစ်ဦးဟာ မဖြစ်မနေ ရှိစမြဲလို့ သိထားပါတယ်။ ဆောက်လက်စ ဖြစ်တဲ့အတွက် အန္တရာယ်ရှိမှန်းသိရင် ကျွဲ နွား က အစ ဝင်မလာနိုင်အောင် တားမြစ် ကန့်သတ် ထားရမှာ ပဲ ဖြစ်ပါတယ်။ ဘယ်သူ့ ပေါ့လျော့မှုပါလဲ။
အထက်မြန်မာပြည်ကို လေလံရှိထားတဲ့ ZTE လို ကုမ္ပဏီကြီးတစ်ခုက လက်ခွဲရရှိထားတဲ့ Mpt / ZSP တာဝန်ခံတွေအနေနဲ့ လူကြီးလူကောင်းဆန်ပြီး စာနာစိတ်နဲ့ အမှန်တကယ် ထိခိုက် နစ်နာခဲ့တဲ့ ဒေသခံတွေအပေါ် တာဝန်ယူ သိတတ်ခဲ့မယ် ဆိုရင် အခုလိုထုတ်ဖော်ပြောနေစရာ လိုမယ်မထင်ဘူး။
တစ်ခုတော့ရှိတယ် လူသိရှင်ကြားအနေနဲ့ ထိခိုက်နစ်နာမှုတွေရှိခဲ့တဲ့ တာဝါတိုင် လှဲပြိုမှုအပေါ် တာဝန်ယူမှု အားနည်းတာ သေချာတယ်။ ဒီထက်မက ကြီးကြီးမား မမြင်နိုင်တဲ့ ပြဿနာတွေ ပေါ်လာခဲ့ရင် တာဝန်ယူမှု မရှိဘူးဆိုတာ မီးမောင်း ထိုးပြလိုက်တာပါပဲ။ ဒေသခံတို့ရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ဘယ်သူ တာဝန်ယူဖြေရှင်း ပေးမှာလဲ။ ဒေသခံတွေအတွက် လုံခြုံမှု မရှိတော့တဲ့ အခြေအနေမှာ တာဝါတိုင်စိုက်ထူခြင်းကိစ္စကို တားမြစ် ကန့်ကွက်သွားရုံမှတပါး အခြားဘာမှ မရှိတော့ပါ။
ရာဇာထွန်း
ကချင်ပြည်နယ်။
ဗန်းမော်ခရိုင်။
မြို့လှမြို့။
ဖုန်း- 09254300914
0947136129


************************************************



Paletwa News added 8 new photos.
ပလက်ဝမြို့  မြို့ ပေါ်၌ တယ်လီနောကွန်ရက်
တာဝါတိုင် တည်ဆောက်နေခြင်း ကို
PaLetwa News မှ မေးမြန်းချက်များ
================================
စက်တင်ဘာ-၂၉
ချင်းပြည်နယ် ပလက်ဝမြို့  မြို့ ပေါ် တယ်လီနော
ကွန်ရက် တာဝါတိုင် တည်ဆောက်နေခြင်းကို
Paletwa News မှ မေးမြန်းချက်များကို ပလက်ဝမြို့ နယ် မြို့ နယ်သူ့  မြို့ နယ်သား
သိရှိအောင်အတွက် ဥာဏ်စွမ်းရှိသလောက်
ဖော်ပြပေးလိုက်ပါသည်။
မေး- မင်္ဂလာပါ အစ်ကို!
ဖြေ- မင်္ဂလာပါ အစ်ကို
မေး- အစ်ကိုနာမည်လေး သိပါရစေ!
ဖြေ- ဦးသန့် ဇင်ဦး ပါ။
မေး-အစ်ကို ရာထူးလေး သိပါရစေ အစ်ကို!
ဖြေ- ပလက်ဝမြို့  တယ်လီနော တာဝါတိုင် တာဝန်ခံ စက် အင်ဂျာနီယာ ပါ။
မေး- ချင်းပြည်နယ်အစိုးအဖွဲ့ မှ ခွင့်ပြုချက်
(ပါမစ်)နှင့် ဆောက်လုပ်ခြင်း ဖြစ်ပါသလာ!
ချင်းပြည်နယ်အစိုးရအဖွဲ့ ရုံးမှ ခွင့်ပြုချက် စာရွက်စာတန်းများ ပါရှိ သလာ!
ဖြေ- တာဝန်ခံ ဦးသန့် ဇင်ဦး က OCGကုပ္မဏီ က
သက်ဆိုင်ရာ ချင်းပြည်နယ်အစိုးရအဖွဲ့ ဆီမှာ
ခွင့်ပြုချက်(ပါမစ်)တောင်းခံပြီး ခွင့်ပြုချက်
ရရှိတဲ့အတွက် OCG ကုပ္မဏီ မှ မြေနေရာ အိမ်ရှင်
နှင့် ညိုနှိုင်းပြီး သွားရောက် တပ်ဆင်ပါ ဆိုလို့ 
ကျနော် တို့ လာရောက် တပ်ဆင်ခြင်း
ဖြစ်ပါတယ်
ခွင့်ပြုချက် စာရွက်တော့ မပါလာပါဘူး လိုအပ်ရင်
OCGကုပ္မဏီမှ တောင်းခံ၍ ရပါတယ်။
မေး- ပလက်ဝမြို့ သက်ဆိုင်ရာ အစိုးရဌာန
အထွေထွေအုပ်ခူပ်ရေးဦးစီးဌာန ကို
တာဝါတိုင် ဆောက်လုပ်ခြင်းနှင့် ပတ်သက်လို့ 
သတင်းပေးတာမိုး အကြောင်းကြားတာမိုး
ရှိပါသလာ!
ဖြေ- ကျနော်တို့ က တာဝါတိုင် သွားရောက် တပ်ဆင်ပါ ဆိုလို့ ရောက်ရှိလာတာပါ
သက်ဆိုင်ရာတွေကို အကြောင်းကြားသလာ! မကြားသလာ!ဆိုတာ ကျနော်တို့  မသိပါဘူး OCGကုပ္မဏီ ရဲ့ ညွှန်ကြားချက်အတိုင်း လာရောက် တပ်ဆင်ခြင်းသာဖြစ်ပြီး အိမ်ရှင်နှင့် လက်မှတ်ထိုးပြီး
ရပ်ကွက်အုပ်ခူပ်ရေးမှူးနှင့် မြေစာရင်းဌာန မှ
၁၀၅-၁၀၆မြေဂရမ် လုပ်ထားကြောင်းကိုပဲ
သိရှိတာပါ။
မေး- အခု တယ်လီနော ရဲ့ တာဝါတိုင် တည်ဆောက်ခြင်းဟာ ပလက်ဝမြို့ နယ်
တစ်ခုလုံးအတွက်လာ! ဒါမှ မဟုတ် ပလက်ဝမြို့ 
မြို့ ပေါ်အတွက်လာ!
ဖြေ- အခု တယ်လီနော ရဲ့ တာဝါတိုင် ဟာ
ပလက်ဝမြို့  မြို့ ပေါ်လောက်ပဲ အသုံးပြုလို့ 
ရရှိမှာပါ ဘာဖြစ်လို့ လဲ ဆိုရင် တယ်လီနော
တာဝါတိုင် ဟာ လောလောစဉ် ၇ မိုင် လောက်ပဲ
အသုံးပြုလို့ ရရှိမှာ ဖြစ်လိုပါ။
မေး- အခု တည်ဆောက်မယ့် တယ်လီနော ရဲ့ 
တိုင်ဟာ အမြင့် ပေ ဘယ်လောက်ရှိပါသလဲ!
အနံ ပေ ဘယ်လောက် ရှိပါသလဲ!
ဖြေ-အခု တယ်လီနော ရဲ့ တာဝါတိုင် ဟာ
အမြင့်ပေ ၁၄၇ပေရှိပြီး အနံ ၂၇ ပေ
ရှိပါတယ်။
မေး- တယ်လီနော တာဝါတိုင် စိုက်ထူလို့ 
ဆိုးကိုးတွေ ရှိလာနိုင်သလာ!
ရှိလာခဲ့ရင် ဒီ မိသားစုအတွက် အာမခံချက် ဘယ်
လောက်အထိ ပေးနိုင်သလဲဆိုတာကို ဖြေကြားပေးပါ!
ဖြေ- ကျနော်တို့ ဘက်ကတော့ အာမခံချက်
ရမ်နီ(၁)နှစ်ပေးပါတယ် လျှပ်စီးဘာညာကတော့
တာဝါတိုင် ထိမှာတော့ မိုးကြိုးလွဲတပ်ဆင်ပေးထားပါတယ် မိုးကြိုးလွဲတပ်ဆင်ပေးထားတဲ့အတွက် လုံးဝ
မိုးကြိုး မထိနိုင်ပါဘူး အိမ့်နီးပတ်ဝန်းကျင့်
ထိခိုက်မှုလဲ လုံးဝမရှိနိုင်ပါဘူး။
မေး- ပလက်ဝမြို့ နယ် အားလုံး တယ်လီနောကွန်ရက်အသုံးပြုလို့ ရရှိအောင်
ဆက်လက် အစီအစဉ်များ ရှိနိုင်ပါသလာ!
ဖြေ- ကျနော်တို့ ကို OCEကုပ္မဏီက ပရော့ဂျက်တွေ ရှိနေရင် ပြီးတော့ OCGကုပ္မဏီက ဆက်လက် လုပ်ဆောင်ခိုင်း
ရင်တော့ ဆက်လက်လုပ်ဆောင်သွားမှာပါ။
မေး- တယ်လီနော တာဝါတိုင် ကို ဘယ်နှစ်လ
နဲ့ အပြီးတည်ဆောက် သွားမှာလဲ!ဘယ်နှစ်လပိုင်းမှာ အသုံးပြုခွင့်
ရရှိနိုင်သလဲ!ဆိုတာကို ဖြေကြားပေးပါ!
ဖြေ- ကျနော်တို့  တယ်လီနော တာဝါတိုင် ကို
(၂၈)ရက် နဲ့ အပြီးတည်ဆောက်သွားမှာပါ
(၂၈)ရက်အတွင်း ဆောက်လုပ်ပြီးတာနဲ့ တယ်လီနောကွန်ရက်ကို အသုံးပြုလို့ ရရှိပါပြီ။
မေး- တယ်လီနော ရဲ့ ရည်မှန်ချက် လေးတစ်ခု
ကို ပြောပြပေးပါ!
ဖြေ- ကျနော်တို့ ကတော့ ပြည်သူ့ လူထု
ဆက်သွယ်ရေး အဆင်ပြေ ချောမွေ့ လွယ်ကူစေ
ချင်သောကြောင်း တည်ဆင်ပေးခြင်း
ဖြစ်ပါတယ်။
မေးမြန်းသူက-အခုလို စိတ်ရှည်ရှည်နဲ့ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်
ဖြေဆိုသူက- ကျနော်လဲ ကျေးဇူးတင်ပါတယ်
တယ်လီနော တာဝါတိုင် တည်ဆောက်နေသည့်
အိမ်ရှင်အား မေးမြန်ချက်-
မေး- ဦးလေး နာမည် ဘာလို့ ခေါ်ပါသလဲ!
ဖြေ-ဦးကျော်ကြီး ပါ။
မေး-အခု တယ်လီနော တာဝါတိုင် တည်ဆောက်မယ့်
အကြောင်းကို သက်ဆိုင်ရာ အုပ်ခူပ်ရေးမှူးကို
အကြောင်း ကြားထားပါသလာ!
ဖြေ- ဟုတ်ကဲ့ပါ ရပ်ကွက်အုပ်ခူပ်ရေးမှူးကို
အကြောင်းကြားထားပါတယ်
မေး- တယ်လီနော တာဝါတိုင် တည်ဆောက်
လိုက်တာနဲ့ ဆိုးကိုးတွေကို သိရှိထားပါသလာ!
ဖြေ-တယ်လီနော တာဝါတိုင် တည်ဆောက်လိုက်တာနဲ့ ဆိုးကိုးတွေ ရှိနိုင်မလားဆိုပြီးတော့ ကျနော်အတွေးနဲ့ ဆင့်ကဲ ဆင့်ကဲ့ သိရှိနိုင်တဲ့ သူတွေကို စုံစမ်းမေးမြန်းခဲ့ပါတယ် သက်ဆိုင်ရာ တယ်လီနော ကုပ္မဏီကိုလဲ မေးမြန်းခဲ့ပြီး
တယ်လီနော ကုပ္မဏီ က လုံးဝ လုံးဝ အာမခံပြီး
မေးမြန်းကြည့်တော့လဲ ဆိုးကိုး မရှိနိုင်ဘူး
ယူဆတဲ့အတွက် အခုလို့ ခြံဝင်ထဲ ခွင့်ပြုလိုက်
တာ ဖြစ်ပါတယ်
မေး- အခု လက်ရှိ မြေငှားရမ်းခ ဘယ်နှစ်လထိ
စာခူပ် ခူပ်ဆိုထားပါသလဲ!
ဖြေ- OCGကုပ္မဏီက ဖုန်းဆက်ပြီး ပြောတော့
အရင် ၁ နှစ် စာခူပ် ခူပ်ဆိုမယ်လို့ ပြောပါတယ်
ဒီ ၁ရက် ၂ရက်အတွင်း မြေဌားရမ်းခ ငွေပေးချေဖို့
ရောက်ရှိမယ်လို့ ပြောပါတယ်
အခုလို့ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်
ပလက်ဝမြို့ နယ် မြို့ နယ်သူ့  မြို့ သားတွေအပေါင်း ခေတ်နည်းပညာနှင့်အတူ
ဒေသဖွံ့ ဖြိုးအောင် စည်းလုံးခြင်း အင်အားနှင့်
လုပ်ဆောင်နိုင်ကြပါစေ------------

No comments:

Post a Comment