Tuesday, February 14, 2017

လေရှည်လိုက်ဦးမယ်. . ပညာရေး , Feb 2017


လေရှည်လိုက်ဦးမယ်. . ပညာရေး
.
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပညာရေးမူဝါဒ . . စာရွက်ပေါ် ရှိတာနဲ့ တကယ်လုပ်နေတာ . . မိမိ မမြင်တဲ့အချက်တွေ အလွန်ကောင်းချက်တွေ အများကြီးပါ။ ဆယ်တန်းအထိ အကျမရှိ ပညာရေး . . ရမှတ်ထက် ရလဒ် ပညာရေးစနစ်ပါ။ ဆယ်တန်း အကျရှုံးမရှိ အဆင့်နိုမ့် D အဆင့်ရသူတွေကို သက်မွေးပညာ အခမဲ့သင်ပေးဖို့ပါ။ CCA ဆိုတဲ့ စာရိတ္တပညာ စာသင်ကျောင်းမှာ စတင်ဖို့ ဦးစွာပထမ ဆရာတွေကို အရည်သွေးမြှင့်တင်နေပါတယ်။
.
သမတဦးသိန်းစိန်က စတင်ပြောင်းလဲပေးပါတယ်။ ကိုယ်ပိုင်ကျောင်းတွေ သမတပညာချွန်ဆုတွေ ပညာသင်ဆုတွေ ပေးခဲ့ပါတယ်။ နိုင်ငံခြား တက္ကသိုလ်တွေ မြန်မာပြည် လာဖွင့်စေဖို့ . ဦးသိန်းစိန် ကြိုးစားပေမဲ့ . . ဒေါ်အောင်ဆန်းစုကြည်ကတော့ နိုင်ငံခြားပဲ ပညာသင်ထွက်ဖို့ အားပေးပါတယ်။ ကျောင်းသားမိဘမှာ ငွေမရှိပေမဲ့ နိုင်ငံခြားကနေ ပညာသင်ဆု ချွန်ဆုတွေ အများကြီး ကမ်းလှမ်းခံနေရပါတယ်။
.
ပညာရေး အောင်မြင်ဖို့
နိုင်ငံရေး စီးပွားရေး ၂ခုက အလွန်အရေးကြီးပါတယ်။ ဒီ၂ခု ပြောင်းလဲမှ (fight corruption) အဂတိနည်းလာပါမှ ပညာရေး လမ်းကြောင်းမှန် ရောက်ပါမယ်။
.
.
ပညာရေးမူဝါဒ
"လူငယ်တွေ ပညာကြိုးစားရေး" ဆိုတာ အဓိက မူဝါဒ ဖြစ်၏။ မျှော်လင့်ချက် ရှိပါမှ ကြိုးစားကြမှာပါ။ နိုင်ငံခြား ၃နှစ်ပညာသင် ပြန်လာမှ ကုမဏီကြီးမှာ လစာ၁၀သိန်း သိန်း၂၀ ရတယ် ဆိုတာ မြင်နေကြပြီလေ။ မျှော်လင့်ချက် ရှိနေတော့ ကြိုးစားလာကြပါတယ်။
.
.
.
နိုင်ငံခြားကနေ
ဆိုမယ် ကမယ် ချမယ် ဝေး၀ါး ယဉ်ကျေးမှုတွေလဲ ၀င်လာမှာပါပဲ။ အင်တာနက် နဲ့ video youtube TV အစီစဉ်တွေ က တားမရပဲကိုး။
.
ကျနော့်သား ဒုတိယနှစ်နဲ့ ကျောင်းပြီးသွားတာ အဓိက ပြသနာကတော့ ဖခင်ဖြစ်တဲ့ မိမိ အားနည်းချက်ပါ။ အချိန်မပေးနိုင်ခဲ့တာပါ။ သား ၁၀တန်းအောင်ပြီဆိုပြီး လွှတ်ထားမိတာ အင်တာနက်ဂိမ်းနဲ့ မိသွားပြီး Rich Dad Poor Dad ရောင်းကောင်းဆုံးစာအုပ်ကို ဖခင်နဲ့ သား အတူဖတ်မိတော့ ပိုဆိုးသွားတာပေါ့လေ။ မိမိရဲ့ သား အတန်းပညာမအောင်မြင်ပေမဲ့ ဖြိုးမင်းသိန်း ကိုပါဂါနား ဘ်ီဂိတ် စတိဂျော့ တို့လို မဖြစ်နိုင်ပေမဲ့ . . သူ့ရဲ့ စာရိတ္တပညာ အလွန်ကောင်းနေတာ (မိမိထက်သာတာကို) ကျေနပ်ဝမ်းမြောက်တယ်။ သူ့ဘဝလမ်းမှာ အလိုအပ်ဆုံးက မေတ္တာပါ။ ဘုရားမေတ္တာ မခံစား မသိသေးချိန်တော့ မိဘ ညီအစ်ကိုမောင်နှမများရဲ့ မေတ္တာ ခံစားရတယ်။ မေတ္တာဆိုတာ အရေးကြီးဆုံးပါ။
.
.
မိမိ သားသမီး မိမိဆွေမျိုး မိတ်ဆွေများကို ပညာရေး (အတန်းပညာနဲ့ စာရိတပညာ) ကောင်းဖိုလာဖို့ ကူညီချင်ပါသလား?။ . . မိမိ ပညာရေးကောင်းပါမှ သူတို့ကို ကူညီနိုင်ပါမယ်။ မိမိက ဘွဲ့မရပေမဲ့ ရပ်ရွာလူမှုရေး ကူညီတတ်ရင် မိမိပြောတဲ့ "စာကြိုးစားနော်" စကားလုံးက ထိရောက်ပါတယ်။ ဒါမှမဟုတ်ပဲ . . မိမိကလဲ ဘွဲ့မရ သောက်စားနေဆဲ ဆိုရင် မိမိပြောဆိုဆုံးမစကားက ရယ်စရာဖြစ်နေမှာပါ။
.
.
.
စေတနာ နဲ့ မေတ္တာ
ပညာပေး ကျောင်းဆရာ အလုပ်ဆူပါဗွိုင်စာ(ကြီးကြပ်သူ) စတဲ့နေရာမှာ လူတိုင်းက ဆရာကြီးလုပ်လိုပါတယ်။ လုပ်ပုံလုပ်နည်းက မေတ္တာပါမှ မိမိပြောစကားက တဖက်သူရဲ့ နှလုံးသားထဲ ရောက်ပြီး တသက်လုံး စွဲမှတ်စေပါတယ်။ စေတနာ တခုတည်းနဲ့ ဆရာလုပ်ရင်တော့ ဆူပူ ညီးတွားမှုနဲ့ အဆုံးသပ်ပြီး မိမိကိုတောင် ရှောင်းပြေးနေတဲ့ တပည့်တွေ ဖြစ်သွားတတ်ပါတယ်။
.
မေတ္တာ ပါလာဖို့ဆိုတာ မိမိကိုယ်တိုင်. . ဝမ်းနည်းကြေကွဲ ကျိုးပဲ့ကြေမွနဲ့ နှလုံးသား ဘဝကို . . ကိုယ်တိုင်ခံစားဖူးမှ . . သူ့တပါးကို မေတ္တာပေးနိုင်မှာပါ။
.
.
.
စင်ကာပူပညာရေးကတော့
အာရှတိုက်သားများအတွက် အကောင်းဆုံးလို့ပြောနိုင်ပေမဲ့ တီထွင်မှုစွမ်းအားကိုတော့ တိုကျို (ဂျပန်) ဘီဂျင်း(တရုပ်) တွေကို မမှီပါ။ မြန်မာလူမျိုး အမေရိကန် သြစတြေးလျား ဘွဲ့ရ ပညာတတ်လူငယ်တွေ မြန်မာပြည်ကို ပြန်လာကြတယ်။ အင်္ဂလိပ်စာ သင်တန်းဖွင့်ရင်တောင် usd2000 လောက်ရသူတွေ ရှိပါတယ်. . ကိုယ်ပိုင်လုပ်ငန်းတွေ နည်ပညာနဲ့ မြန်မာပြည်ပြန်လာ လုပ်ကြတယ်။ အချိန်ပေးတယ် တနှစ်အကြာ အောင်မြင်တယ်။ နိုင်ငံရေး NLD USDP ပါတီခေါင်းဆောင်တွေရဲ့ သားသမီးတွေလည်း နိုင်ငံခြားပညာသင် . .ဘွဲ့ရ . . အသက်၃၀အောက်ဆို မြန်မာပြည်ပြန်လာကြတယ်။
.
.
.
အင်္ဂလိပ်စာ. .
အထက်တန်းပညာရေးကတော့ နိုင်ငံခြား သွားသင်နိုင်မှ အင်္ဂလိပ်စာကောင်းမှ ကမ္ဘာ့အဆင့်မှီမှာပါ။ မြန်မာလူငယ်များ ကပ်ဖားစရာမလိုပဲ ပညာသင်ဆုတွေ အများပြား ကမ်းလှမ်းခံနေရပါတယ်။ သိသူဖော်စား မသိသူကျော်သွား ပေါ့။ အင်္ဂလိပ်စကားပြောဖို နိုင်ငံခြားသားတွေနဲ့ စကားပြောခွင့် ရှာကြံရမယ်။ google wikipedia youtube တွေကနေ အင်္ဂလိပ်စာ နားထောင် ဖတ်ရှု ရေးသား လေ့ကျင့်သင်ယူနိုင်တဲ့ ပြည်တွင်းက လူငယ်တွေရဲ့ ပညာရေးကောင်းလာမှာ ကောင်းနေတာ ဧကန်မုချပါ။
.
.
.
စာရိတ္တ Good Attitude.
ဒေါ်အောင်ဆန်းစုကြည်ကို သူမ အနိုမ့်ကျဆုံးအချိန်ကာလက ဂုဏ်ပြု သီချင်းစပ်ဆို အယ်လဘန် ထုတ်ခဲ့တဲ့ ကမ္ဘာကျော် Bono အဆိုတော်လည်း အတန်းပညာရေးမကောင်းပေမဲ့ စာရိတ္တပညာရေး အံ့သြလောက်အောင် ကျော်ကြားပါတယ်။
.
စာရိတ္တကောင်းသူများဘဝဟာ လူချမ်းသာသလို စိတ်လည်းချမ်းသာပါတယ်။
.
ဇော်အောင် (မုံရွာ)
၁၂ .၂. ၂၀၁၇



Hla Soewai
April 21 ၂၀၁၇
အမျိုးသား ပညာရေး မဟာဗျူဟာ စီမံကိန်း စတင်
ယခင် စစ်အစိုးရ အဆက်ဆက် ဆယ်စုနှစ်ပေါင်း များ
စွာ လျစ်လျူ ရှု့ ခြင်း ခံရသော ပညာရေး စနစ်အား
ပြု ပြင် ပြောင်းရန် ပထမ ခြေလှမ်း အဖြစ် ငါး နှစ် စီမံ
ကိန်းကို စတင်လိုက်ပြီ ဖြစ်ပါတယ်။
၂၀၂၁ အထိ ရေးဆွဲ ထားတဲ့ အဆိုပါ စီမံကိန်းသည်
တကယ်တမ်း အားဖြင့်မူ ၂၀၁၆ ကတည်း က စတင်ခဲ့တာ ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ်မှ စ၍ ဦးသိန်းစိန် အစိုးရသည် ယခင် အာရှတွင် GDP ရဲ့ ၀.၇ % သာ အနိမ့်ဆုံး သုံးစွဲခဲ့တဲ့ ပညာရေး စနစ်ကို စတင် တိုးမြှင့် သုံးစွဲလာခဲ့ပြီး ပညာ
ရေး ဥပဒေ မူကြမ်းရေးဆွဲ ခဲ့ခြင်း နဲ့ အမျိုးသား ပညာ
ရေး မဟာဗျူ ဟာ စီမံကိန်း (NESP) ကို စတင် ဖေါ်
ထုတ်ခဲ့ပါတယ်။
အမျိုးသား ဒီမိုကရေစီ အစိုးရ အဖို့ ဤမျ နှင့် မလုံ
လောက်သေး။ မည်ကာမတ္တာမျသာ ဖြစ်နေ၍ ၎င်းတို့ ကိုယ်ပိုင် NESP ကို ပြဌာန်းခဲ့ပြီး ငွေတွေ ဒလဟော
ရင်းနှီး မြုပ်နှံလာခဲ့ပါတယ်။
ခန့် မှန်းတွက်ချက်မှုများ အရ အဆိုပါ အစီအစဉ်များရဲ့ ၈၀% ကို ၅ နှစ် အတွင်း အကောင်အထည် ဖေါ်ဖို့ အမေရိကန် ဒေါ်လာ ၁၀.၆ ဘီလီယံ ကုန်ကျဖို့ ရှိနေတဲ့ အတွက် နှစ်စဉ်ပျမ်းမျ ဒေါ်လာ ၂.၇ ဘီလီယံ အထိ
သုံးစွဲ သွား မှာ ဖြစ်ပါတယ်။
ယင်း ၅ နှစ် စီမံကိန်းသည် ပထမအဆင့် ပဲ ရှိပါသေး
တယ်။ သူငယ်တန်း မှ သည် တက္ကသိုလ်အဆင့်အထိ
သင်ကြားရေး နဲ့ သင်ယူမှု တွေကို တိုးတက် မြင့်မားလာဖို့ အပြင် အခြေခံ ပညာရေးကို နောက်ထပ် ၂ နှစ်
တိုးချဲ့ပြီု ၁၃ နှစ် အထိ ထားရှိသွားဖို့ လည်း ရှိနေ
ပြန်ပါတယ်။
အဆိုပါ စီမံကိန်းကြီးကို နိုင်ငံတကာ အလှုရှင်များနဲ့ ပညာရေး အတိုင်ပင်ခံ များ ဖြင့် ညှိနှိုင်း ရေးဆွဲခဲ့တာ
ဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလက နိုင်ငံတော်၏ အတိုင်
ပင်ခံ ထံ အပြီးသတ် တင်ပြ နိုင်ခဲ့ပါတယ်။ ဒေါ်အောင်
ဆန်းစုကြည်က တိုင်းပြည်ရဲ့ လူမှု စီးပွား ဖွံ့ ဖြိုးလာ
ရေး အတွက် ပညာရေး တိုးတက်မှုသည် အသက်
သွေးကြော.သဖွယ် အရေးကြီးတယ်လို့ ခံယူ ထား
သူ ဖြစ်တဲ့ အတွက် ပညာရေး မှာ မနှစ်က အစိုးရ အနေနဲ့ အမေရိကန် ဒေါ်လာ ၁.၁၃ ဘီလီယံ
စိုက်ထုတ် သုံးစွဲခဲ့ပြီး နိုင်ငံတကာမှ အလူငွေ ဒေါ်လာ
၇၁ သန်း ရရှိခဲ့ပြီး အိမ်ထောင်စုများမှ ပညာရေး
အတွက် စိုက်ထုတ် ကုန်ကျငွေ ဒေါ်လာ ၁၈၆ သန်း
ရှိတယ်လို့ သိရပါတယ်။
တတ်က္ဈမ်းနားလည်ကြသော ယူနက်စ်ကို မှ အရာရှိ
များက မြန်မာ့ပညာရေးမှာ သမိုင်းတွင်မယ့် ကာလ စလေပြီဟု ချီးကြူးခဲ့ကြပါတယ်။
သို့သော်လည်း ငွေကြေး အမှီ ပံ့ပိုး နိုင်ဖို့ နဲ့ အဆိုပါ စီမံကိန်းအတွက် အရည်အသွေးမှီ ပုဂ္ဂိုလ်တွေ
ရရှိဖို့ က ရေရှည် ကြုံ တွေ့ လာရမယ့် စိမ်ခေါ်မှု
ဖြစိတယ်လို့ အဆိုပါ ပညာရေး ပြု ပြင် ပြောင်းလဲမှု
ကို ပါဝင် ရေးဆွဲသူ Mael Raynaud က ဆိုပါတယ်။
အင်ဒိုနီရှားလို နိုင်ငံမှာပင် ယခု လက်ရှိ အနောက် နဲ့ အရှေ့ အာရှ နိုင်ငံများရဲ့ ပညာရေးအသုံးစရိတ်ကို
အမှီ လိုက်နိုင်ဖို့ နှစ် နှစ်ဆယ် လောက် အချိန်ယူ ခဲ့
ရတယ်လို့ ဆိုပါတယ်။
နောက်တချက်ကတော့ ပညာရေး ဖြန့်ဖြူးရာမှာ အစိုးရ မဟုတ်တဲ့ ဘုန်းကြီးကျောင်းများ၊ မြို့ပြ အသင်း အဖွဲ့ များနှင့် တိုင်းရင်းသား အသင်း အဖွဲ့ များကို တဖြေး
ဖြေး ပေါင်းစပ် သွတ်သွင်းသွား ဖို့ လိုတယ်လို့ ဆို
ပါတယ်။ ၎င်းတို့ အနေဖြင့် ဝေးလံခေါင်ဖျားသော
အရပ်ဒေသများမှ ကလေးသူငယ် များ နဲ့ ဆင်းရဲ နွမ်း
ပါးသော ကျောင်းသားများအတွက် အင်မတန် မှ
အရေးပါတဲ့ ဖြည့်စည်းမှု အခန်းမှ ပါဝင်နေပါတယ်။
သို့သော်လည်း အဆိုပါ အဖွဲ့ အစည်းများ ပေါင်းစပ်
ပါဝင်လာရေး ညှိနှိုင်းဆောင်ရွက်မှု မရှိခဲ့လို့ ဝေဖန်သူ တွေက ထောက်ပြခဲ့ကြပါတယ်။
ကိုးကား။ ။ VOA

No comments:

Post a Comment