Thursday, February 2, 2017

“ရန်ကုန်မြို့သစ်စီမံကိန်းနှင့် ပတ်သက်သည့် သတင်းများ”



အိမ်ခြံမြေ လမ်းဆုံ
“ရန်ကုန်မြို့သစ်စီမံကိန်းနှင့် ပတ်သက်သည့် သတင်းများ”
၁။ "ရန်ကုန်မြို့သစ်စီမံကိန်းကို အရှေ့ဒဂုံရှိ မြေဧက
 နှစ်သောင်းခန့်တွင် စတင်တိုးချဲ့ရန် ပညာရှင်များ အကြံပြု"
ရန်ကုန်မြို့သစ်စီမံကိန်း ကို အရှေ့ဒဂုံမြို့နယ် လေးထောင့်ကန်
အနီးရှိ လယ်မြေဧက ၁၇,၀၀၀ ကျော်တွင် အကောင်အထည်
ဖော်ရန် မြို့ပြစီမံကိန်းပညာရှင်များက ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့သို့ အကြံပြုထား ကြောင်း သတင်းရရှိသည်။
သြဂုတ် ၁၉ ရက်က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပုလဲ
ခန်းမတွင် ပြုလုပ်သော ရန်ကုန် မြို့သစ်စီမံကိန်းနှင့် ပတ်သက်၍
လွှတ်တော်ဥက္ကဋ္ဌ၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ၊
မြို့ပြစီမံကိန်း ကျွမ်းကျင်ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ
ပါဝင်သည့် ဆွေးနွေးပွဲတွင် မြို့ပြစီမံကိန်း ပညာရှင်များက
ထိုကဲ့သို့ တင်ပြခဲ့ခြင်းဖြစ်သည်။
အဆိုပါအစည်းအဝေးတွင် ဦးစားပေးမြို့သစ်စီမံကိန်းကို
အ ရှေ့ဒဂုံမြို့နယ်ပြီးပါက သန်လျင် ကုလားဝဲ တံတားအနီး
မြေနေရာ၊ ဒလမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ် ကြား မြေနေရာ၊
ကြည့်မြင်တိုင် တစ်ဖက်ကမ်း၌ မြို့သစ်စီမံကိန်း များကို ဦးစားပေး
အကောင်အထည်ဖော်ရန် မြို့ပြစီမံကိန်းပညာ ရှင်များက
အကြံပြုခဲ့ကြောင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့်
မြို့ပြစီမံကိန်းပညာရှင် ဦးဝင်းမြင့်က ဆိုသည်။
‘‘ * လေးထောင့်ကန်ဘက်က အမှတ်(၂) လမ်းမကြီးနဲ့လည်း
နီးတယ်။ ရန်ကုန်-မန္တလေး ရထားလမ်းနဲ့လည်း နီးတဲ့အတွက်
အဲဒီနေရာကို မြို့သစ်စီမံကိန်းလုပ်ဖို့ ဦးစားပေးချင်တယ်လို့
တင်ပြကြတယ် * ’’ ဟု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့်
တွံတေးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
ဦးနေနိုင်ဦးက ပြောကြားသည်။
ပညာရှင်များ၏ အကြံပြုတင်ပြချက်များကို ဘဏ္ဍာရေး၊
စီမံကိန်းနှင့် စီးပွားရေး ကော်မတီက မှတ်တမ်းရယူထားပြီး
အကောင်အထည်ဖော်နိုင်ရန်သင့်၊ မသင့်ကို သက်ဆိုင်ရာ
ဝန်ကြီးဌာနများနှင့် မြို့နယ်များတွင် ဆွေးနွေးမှုများပြုလုပ်ပြီး
မှသာ ဆုံးဖြတ်နိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး
အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
ရန်ကုန်မြို့သစ်စီမံကိန်းကို ယခင်အစိုးရလက်ထက်က
စီမံခဲ့သည့် နေရာများတွင်သာ လုပ်ဆောင်မည်ဖြစ်သော်လည်း
စီမံကိန်းကိုမူ ပြန်လည်အဆင့်မြှင့် ရေးဆွဲမည်ဖြစ်ကြောင်း
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက
လွှတ်တော်တွင် တရားဝင် ပြောကြားထားပြီးဖြစ်သည်။
ထို့ပြင် ၀န်ကြီးချုပ်၏ မဲဆန္ဒနယ်ဖြစ်သော လှည်းကူးဒေသမှ
စတင်ကာ ရန်ကုန်မြို့သစ်စီမံကိန်း စတင်မည်ဟု သတင်းများ
ထွက်ပေါ်နေသောကြောင့် ရန်ကုန်မြို့သစ်စီမံကိန်းတွင် နာမည်
ကြီးနေသည့် ကြည့်မြင်တိုင်တစ်ဖက်ကမ်းမှ စီမံကိန်းမှာ
တဖြည်းဖြည်းမှ အကောင်အထည်ဖော်လာနိုင်ဖွယ်ရှိကြောင်း
ရင်းနှီးမြှုပ်နှံသူများက ထင်ကြေးပေး ပြောဆိုနေကြသည်။
(မိုးညို)
***
၂။ "ရန်ကုန်မြို့သစ်စီမံကိန်း မည်သို့ဆက်လက်လုပ်ဆောင်မည်ကို
သေချာမသိရသဖြင့် စီမံကိန်းဧရိယာရှိ လယ်သမားများ၏လယ်မြေ
အများစု ပေါင်နှံထားရပြီး အချို့လယ်မြေများ အပေါင်ဆုံးသွားပြီဟု
သိရ"
ရန်ကုန်မြို့သစ်စီမံကိန်း မည်သို့ဆက်လက် လုပ်ဆောင်မည်ကို
သေချာမသိရသေးဖြင့် စီမံကိန်းဧရိယာ အတွင်းရှိ လယ်သမားများ
စားဝတ်နေရေး ကျပ်တည်းကာ လယ်မြေများကို ပေါင်ထားရပြီး
အချို့လယ်မြေများ အပေါင်ဆုံးသွားပြီဖြစ်ကြောင်း အဆိုပါ
နေရာမှ ဒေသခံအချို့၏ ပြောကြားချက်အရ သိရသည်။
ယခင်အစိုးရလက်ထက် သက်တမ်းမကုန်ဆုံးမီ လပိုင်းအလိုက
ခွင့်ပြုခဲ့သည့် ရန်ကုန်မြို့သစ် စီမံကိန်းသည် မည်သို့ဆက်လက်
လုပ်ဆောင်မည်ကို ဒေသခံများအနေဖြင့် အတိအကျ
မသိရကြောင်း၊ သို့ဖြစ်၍ စီမံကိန်း ဧရိယာရှိ လယ်မြေများလည်း
အရောင်းအ၀ယ် လုံးဝမရှိတော့ဘဲ လယ်သမားများလည်း
စီးပွားရေး ကျပ်တည်းနေသဖြင့် လယ်မြေများကို ပေါင်နှံကာ
စားဝတ်နေရေး ဖြေရှင်းနေရကြောင်း ဒေသခံ
ဦးခင်မောင်သန့်က ပြောကြားသည်။
“ရန်ကုန်မြို့သစ်စီမံကိန်းက ဘာမှန်းသေချာ မသိရဘူး။
ဘာမှန်းမသိရတော့ လယ်မြေတွေကိုလည်း ၀ယ်တဲ့သူ
မရှိတော့ဘူး။ အဲဒီမှာ လယ်သမားတွေကို မင်းတို့လယ်တွေ
အပေါင်ခံမလား။ ပေါင်ပေးမယ်။ တစ်ဧကကို ၅၀ ပေးမယ်ဆိုပြီး
ငွေရှင်ကြေးရှင်တွေ ပေါ်လာတယ်။ လယ်တွေက တဖြည်းဖြည်း
ဆုံးသွားတယ်။ အခု ခြောက်လ အတွင်းမှာ လယ်တွေ
တဖြည်းဖြည်းနဲ့ ဆုံးကုန်ပြီ” ဟု ဦးခင်မောင်သန့်က
ပြောကြားသည်။
အဆိုပါ လယ်မြေများကို တစ်ဧကလျှင် သိန်း ၅၀ ဖြင့် အတိုးနှုန်း
ငါးကျပ်ချေးကာ ခြောက်လမရွေးလျှင် အဆုံးဖြင့်
ငွေရှင်ကြေးရှင်များက အပေါင်ခံနေခြင်း ဖြစ်ကြောင်း
ဦးခင်မောင်သန့်က ဆက်လက် ပြောကြားသည်။
“စီမံကိန်းဧရိယာထဲက ပေါင်ထားတယ်။ အတိုးကလည်း
ကြီးတယ်။ ခြောက်လမရွေးရင် အဆုံးလို့ စာချုပ်ထဲမှာ
ရေးထားတယ်။ ပေါင်တဲ့လယ်သမားကလည်း သူဌေးကလည်း
ဘယ်သူမှန်းမသိဘူး။ ပွဲစားတွေကနေ တစ်ဆင့် လာတာပါ။
မရွေးနိုင်ရင် တစ်ဧကကို ၁၆၀ ဈေးနဲ့ ဖြတ်ပြီးရောင်းတယ်။
ဈေးတွေက အရမ်းကျသွားတယ်။ ၀ယ်မယ့်သူတောင်
မရှိဘူး။ ၀ယ်သူမရှိလို့ ပေါင်ကြတာ” ဟု ရန်ကုန်
အနောက်တောင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ
တွံတေးမြို့နယ်မှ ဒေသခံလယ်သမား ဦးခင်မောင်ရင်က
ပြောကြားသည်။
* ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်က ရန်ကုန်မြို့သစ်
စီမံကိန်းကို ဆက်လက်လုပ်ဆောင်ရန် အစီအစဉ်များ
ရှိသည်ဟု ဆိုသော်လည်း ယခုအထိ မည်သို့မှန်းမသိသဖြင့်
ဒေသခံလယ်သမားများ အနေဖြင့် အခက်အခဲများစွာ ဖြစ်နေ
သည်ဟု ဒေသခံများက ပြောကြားသည်။ *
အဆိုပါ စီမံကိန်း မြေနေရာတွင် ကြည်မြင့်တိုင် တစ်ဖက်ကမ်း
တွံတေးမြို့နယ်ရှိ လယ်မြေများ ပါဝင်ပြီး ဧက သုံးသောင်းခန့်
ရှိကြောင်း သိရသည်။
(ကျော်ထင်)
***
၃။ "ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း
ရွေးကောက်ခံ နယ်မြေဖြစ်သော လှည်းကူးမြို့သစ် အပါအ၀င်
သန်လျင်၊ ဒလ၊ တွံတေး၊ ထန်းတပင်၊ ဒဂုံအရှေ့ စသည့်
မြို့သစ်စီမံကိန်း ခြောက်ခုအား ၂၀၁၆ ခုနှစ်မှ ၂၀၃၀
ပြည့်နှစ်အထိ အကောင်အထည်ဖော်ရန် လျာထား"
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း
ရွေးကောက်ခံနယ်မြေဖြစ်သော လှည်းကူးမြို့သစ် အပါအ၀င်
သန်လျင်၊ ဒလ၊ တွံတေး၊ ထန်းတပင်၊ ဒဂုံအရှေ့ စသည့်
မြို့သစ်စီမံကိန်း ခြောက်ခုအား ၂၀၁၆ ခုနှစ်မှ ၂၀၃၀
ပြည့်နှစ်အထိ အကောင်အထည်ဖော်ရန် လျာထားကြောင်း
သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့်
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ
(JICA) တို့ ပူးပေါင်းရေးဆွဲခဲ့သည့် "မဟာရန်ကုန်
မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း" တွင် ယင်းသို့
မြို့သစ်များ ချဲ့ထွင်ရန် ပါရှိခဲ့ခြင်းဖြစ်သည်။
ယင်းတို့အနက်
- လှည်းကူးမြို့သစ် ဧက ၅၀၀ အား ၂၀၁၆ ခုနှစ်မှ
၂၀၂၆ ခုနှစ်အထိ လည်းကောင်း၊
- သန်လျင်မြို့သစ် ဧက ၅၀၀ အား ၂၀၁၆ ခုနှစ်မှ
၂၀၃၀ ပြည့်နှစ်အထိ လည်းကောင်း၊
- ဒလမြို့သစ် ဧက ၅၀၀ အား ၂၀၁၆ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်
အထိလည်း ကောင်း၊
- တွံတေးမြို့သစ် ဧက ၅၀၀ အား ၂၀၁၆ ခုနှစ်မှ
၂၀၃၀ ပြည့်နှစ်အထိလည်း ကောင်း၊
- ထန်းတပင်မြို့သစ် ဧက ၅၀၀ အား ၂၀၁၆ ခုနှစ်မှ
၂၀၃၀ ပြည့်နှစ်အထိလည်း ကောင်း၊
- ဒဂုံအရှေ့မြို့သစ် ဧက ၅၀၀ အား ၂၀၁၇ ခုနှစ်မှ
၂၀၃၁ ခုနှစ်အထိလည်းကောင်း ဖော်ဆောင်မည်
ဖြစ်ကြောင်း သိရသည်။
"ဒုတိယကာလတို ငါးနှစ်စီမံကိန်းမှာ မြို့သစ်စီမံကိန်းတွေ
ဆောင်ရွက်ဖို့ လျာထားပါတယ်" ဟု ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီ မြို့ပြစီမံကိန်း ရေးဆွဲရေး
ဌာနမှ ဒုတိယဌာနမှူး ဦးတိုးအောင်က ဆိုသည်။
'မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း' အရ
ရန်ကုန်မြို့ကို မြို့တိုးချဲ့ရန်
- ရန်ကုန်အရှေ့ပိုင်းမြို့သစ် ၁၇၃၇၅ ဧက၊
- ရန်ကုန်အနောက်တောင်ပိုင်းမြို့သစ် (ရန်ကုန် မြို့သစ်)
၂၁၇၁၆ ဧက၊
- သန်လျင်မြို့သစ် ၂၁၁၉၃ ဧက၊
- ဒလမြို့သစ် ၁၅၁၇၃ ဧက၊
- ထန်းတပင်မြို့သစ် ၂၄၇၄၈ ဧက၊
- မှော်ဘီမြို့ သစ် ၁၁၅၉၄ ဧကနှင့်
- လှည်းကူးမြို့သစ် ၆၉၃၃ ဧက စုစုပေါင်း ၁၁၈၇၃၂ ဧက
လျာထားကြောင်း ယခင်အစိုးရက ထုတ်ပြန်ခဲ့သည်။
ယင်းအထဲမှ
* ရန်ကုန်အနောက်တောင် မြို့သစ် (ရန်ကုန်မြို့သစ်)
စီမံကိန်းကို ဦးစွာ အကောင်အထည်ဖော်ရန် ယခင်အစိုးရက
တင်ဒါခေါ်ယူခဲ့ပြီး ၎င်းတို့သက်တမ်းမကုန်ဆုံးမီလပိုင်း
အလိုတွင် ကုမ္ပဏီသုံးခုအား ခွဲဝေလုပ်ကိုင်ခွင့် ချထားပေးခဲ့ကာ
ကျန်ရှိသည့် မြို့သစ်ခြောက်ခုအား ဆက်လက်
အကောင်အထည် ဖော်မည့်ပုံစံဖြစ်ကာ အဆိုပါမြို့သစ်
ခြောက်ခုအား နယ်မြေတစ်ခုချင်းစီအလိုက် ဧက ၅၀၀
ခန့်တွင်သာ ကနဦးအနေဖြင့် အကောင်အထည်
ဖော်မည့်ပုံစံ ဖြစ်နေသည်။ *
ထိုအထဲမှ * ရန်ကုန်မြို့သစ် စီမံကိန်းအား ဧက ၂၀၀၀၀
ကျော်တွင် အကောင်အထည် ဖော်မည်ဖြစ်ပြီး အဆိုပါ
စီမံကိန်းသည် ယခင်အစိုးရ လက်ထက်တွင် လုပ်ကိုင်ခွင့်ချပေး
ခဲ့သည့် စီမံကိန်းဖြစ်သောကြောင့် လက်ရှိ အစိုးရသစ်နှင့်
လွှတ်တော်ထံ ပြန်လည်တင်ပြမည် ဖြစ်ကြောင်း သိရသည်။ *
ရန်ကုန်မြို့သည် ပုံပျက်ပန်းပျက် ဖြစ်နေကြောင်း ရန်ကုန်တိုင်း
ဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မေ ၅ ရက်က
မြို့တော်ခန်းမ၌ ပြုလုပ်သည့် ရန်ကုန်မြို့ ဘက်စုံဖွံ့ဖြိုးမှု
အခြေခံအချက်အလက်များနှင့် အဆိုပြုချက်များ
ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
"ရန်ကုန်မြို့ပြဟာ မြို့ဟောင်းကြီးဖြစ်ပါတယ်။
ဒီမြို့ဟောင်းကြီးကို မြို့သစ်တွေနဲ့ ၀ိုင်းရံတည်ဆောက်တာနဲ့
မြို့ဟောင်းနဲ့ ဇုန်တွေအတွင်းမှာ မဆောက်သင့်တဲ့
အဆောက်အအုံတွေ ပေါ်ထွန်းလာမှုက လုံခြုံရေးအရနဲ့
ကျွန်တော်တို့ မြို့ဟောင်းအင်္ဂါရပ်ကို ပျက်စီးသွားခဲ့ပါတယ်။
ဒီအခြေအနေကို ပြန်လည်ထိန်းသိမ်းဖို့ လိုပါတယ်။
ရန်ကုန်မြို့ဟောင်း ဧရိယာကို ထိန်းသိမ်းစောင့်ရှောက်ဖို့လည်း
လိုပါတယ်။ မြို့သစ်တွေကိုလည်း ခေတ်မီဖွံ့ဖြိုးတဲ့ မြို့သစ်
တွေဖြစ်အောင် လုပ်သင့်ပါတယ်" ဟု ဦးဖြိုးမင်းသိန်းက
ပြောကြားသည်။
ယခင် ရန်ကုန်မြို့တော်ကို တိုးချဲ့ခဲ့ရာတွင် သာကေတ၊
တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပတို့ကို စတင်ချဲ့ထွင်ခဲ့ပြီး
၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် ဒဂုံမြို့သစ်၊ လှိုင်သာယာ၊
ရွှေပြည်သာတို့ကို ထပ်မံချဲ့ထွင်ခဲ့ကြောင်း၊
* ထိုသို့ချဲ့ထွင် ခဲ့သော်လည်း
ဒဂုံမြို့သစ်၊ လှိုင်သာယာ၊ ရွှေပြည်သာ မြို့သစ်များတွင်
ရေ၊ မီး စသော အခြေခံအဆောက်အအုံများ
ပြည့်စုံလုံလောက်မှု မရှိသေးကြောင်း မြို့ပြပညာရှင် အချို့က
ထောက်ပြထားသည်။ *
ရန်ကုန်မြို့တွင် လက်ရှိလူဦးရေ
ငါးသန်းကျော် နေထိုင်ကာ ၂၀၄၀ ပြည့်နှစ်တွင် လူဦးရေ
၁၀ သန်း နီးပါးအထိ တိုးလာမည်ဟု ခန့်မှန်းထားသည်။
ယင်းသို့ လှည်းကူးမြို့နယ် အပါအ၀င် ဒေသခြောက်ခုအား
မြို့သစ်စီမံကိန်း ဖော်ဆောင်မည် ဖြစ်သောကြောင့် အဆိုပါ
ဒေသများတွင် ပါဝင်သည့် မြေဈေးနှုန်းများ
မြင့်တက်သွားနိုင်ကြောင်း သိရသည်။
* လှည်းကူးကဲ့သို့ နေရာမျိုးအား မြို့သစ်စီမံကိန်း ဖော်ဆောင်မည်
ဆိုပါက ယင်းဒေသသို့ သွားလာမှု စရိတ်များလည်း ယခုထက်
များစွာမြင့်တက် သွားနိုင်ကြောင်းလည်း သိရသည်။ *
credit - 7day Daily & Eleven Media Group
*****


ရန်ကုန်မြို့သစ်စီမံကိန်း 

နေစရာ အိမ်လိုချင်တဲ့ ဇနီးမောင်နှံ၂ယောက်ပေါင်း လစာ၅သိန်းလောက်ရသူများ အရစ်ကျနဲ့ အိမ်ဝယ်နိုင်ဖို့ .. (ရန်ကုန်မြို့ထဲမှာလဲ မကြာခင် ဌာနဆိုင်ရာများမြေများစွာ ဥပမာ ဗဟိုသုတေသန၊ရန်ကင်း ..လိုနေရာမျိုး၊ ရန်ကုန်တက္ကသိုလ်လှိုင်နယ်မြေ လိုနေရာမျိုးတွေမှာ တိုက်ခန်းများစွာ တနှစ်အတွင်းဆောက်လုပ် အရစ်ကျရောင်းချပေးတော့မှာဖြစ်ပါတယ် ... မျှော်)။
.
ရန်ကုန်မြို့သစ် တည်ဆောက်ရေးကို ရန်ကုန်တိုင်းအစိုးရ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ဦးဆောင်ပြိး ဆက်လုပ်သွားပါမယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အစိုးရ အိုးအိမ်ဌာနက ရောင်းချတဲ့ ကွန်ဒိုတွေကို သွားကြည့်ပြီး သိန်း၆၀၀ တန်ဝယ်တဲ့လူတွေဆီက ငွေနဲ့ တန်ဖိုးနည်း သိန်း၁၀၀တန်တွေ များများဆောက်ပြီး နှစ်ရှည်ချေးငွေများနဲ့ ရောင်းချပေးမယ်လို့ ပြောပါတယ်။
.
အကျိုးရှိမဲ့သူများကတော့ 


၁။ ဒီဗလုပ်ပါ ခေါ်တဲ့ သူဌေးကြီးများ

၂။ ဒီဗလုပ်ပါများထံမှ ကန်ထရိုက်ထပ်ယူ ဆောက်လုပ်ပေးကြမဲ့ ကုမ္ပဏီများ
(လုပ်နိုင်တဲ့ အင်ဂျင်နီယာ လူငယ်၊လူကြီး များအတွက် အခွင့်အလမ်းဖြစ်ပါတယ်။ တင်ဒါခေါ်ရင် အပြိုင်ဆွဲပါ။ အရင်လို တယောက်ထဲက သိမ်းကြုံးယူတာမျိုးတွေ နည်းသွားပါမယ်)။

၃။ လုပ်သားပြည်သူများ .. ဖြစ်ကြပါတယ်။


လက်ရှိမြန်မာနိုင်ငံများ တိုက်အိမ်ဈေး အဆမတန် ကြီးမားနေပါတယ်။ ဒေါ်လာ ၂သောင်းလောက်ဆို အိမ် ၁၀၀၀ စတု၇န်းပေ ဝယ်လို့ရနေတဲ့ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်များလို မဟုတ်ပဲ မြန်မာနိုင်ငံမှာ အလွန်ဈေးကြီးနေပါတယ်။ အခု ၂၀၁၇ မှာ အစိုးရသစ်တက်လာပြီး တိုက်ခန်းဈေးတွေ သိန်း၃၀၀အောက်ကို ကျဆင်းသွားပါတယ်။ အဓိကတော့ ပြည်တွင်းပြည်ပ ခရိုနီများ (အထူးသဖြင့် တရုပ်နိုင်ငံက ဝိသမလောဘသမားများနဲ့ မြန်မာပြည်က သူတို့ဂိုဏ်းဝင်များ) ဖြစ်ပါတယ်။
.
ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်ပြီး အလုပ်ကိုင်ရရှိ စားဝတ်နေရေး အရှေ့တောင်အာရှအဆင့် ရောက်ရှိပြီးရင် မြန်မာအစိုးရက တရားမျှတတဲ့ ဈေးနှုန်းနဲ့ ဝန်ထမ်းများ (အစိုးရနဲ့ကုမဏီ ဝန်ထမ်းများ) ကို အရစ်ကျ ဘဏ်ချေးငွေနဲ့ တိုက်ခန်း၊ အိမ် ရောင်းချပေးနေပြီ ဖြစ်ပါတယ်။
.
လုံးခြင်းအိမ်လေးများ ဆောက်နေလိုသူများလည်း ရန်ကုန်ပတ်လည် လယ်မြေများကို ၄၀ပေ x ၆၀ပေ မြေကွက်များ သိန်း၁၀၀အောက် ရောင်းချပေးပြီး၊ သိန်း၁၀၀ နဲ့ ၂ထပ်တိုက်အိမ် ဆောက်ပေးမဲ့ ကန်ထရိုက်တာများစွာ ပေါ်လာမယ်ဖြစ်ပါတယ်။ ၂နှစ်အတွင် ဖြစ်လာမှာပါ။
.ဇော်အောင်
အိမ်ခြံမြေတိုက်ခန်း မြန်မာပြည်၂၀၁၇ အကြောင်း၊ သတင်းတွေ လင့်မှာ ဖတ်နိုင်ပါတယ်။
Link ..
http://engrmyanmar.blogspot.com/


No comments:

Post a Comment