Friday, February 24, 2017

တိန့်ရှောင်ဖိန်ရဲ့ ပြုပြင်ပြောင်းလဲရေး by Ye Htut, image by Zarni Gyi


တိန့်ရှောင်ဖိန်ရဲ့ ပြုပြင်ပြောင်းလဲရေး
တရုတ်ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန် ကို သြဂုတ် ၂၂ ၁၉ ၀၄ ခုနှစ်မှာမွေးတယ်၊ ၁၉ ၉ ၇ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ကွယ်လွန်တယ်ဆိုတော့ သူကွယ်လွန်ခဲ့တာ အနှစ်နှစ်ဆယ် ရှိပြီပေါ့။
တိန့်ရှောင်ဖိန်ဟာ မော်စီတုံးလက်ထက်မှာ နှစ်ခါတိတိ အပုတ်ချခံရပြီးရာထူးက ဖယ်ရှားခံခဲ့ ရတယ်။ ပထမတစ်ခါက ယဉ်ကျေးမှုတော်လှန်ရေးကာလ ၁၉ ၆၇ ခုနှစ်၊ ပါတီအထွေထွေအတွင်း ရေးမှူးတာဝန်ထမ်းဆောင်နေချိန်မှာ တန်ပြန်တော်လှန်ရေးသမားအဖြစ် စွတ်စွဲခံရပြီး ရာထူးက ဖယ်ရှားခံရတယ်။နယ်နှင်ဒဏ်ပေးခံရတယ်။
ဒါပေမယ့် မော်စီတုန်းက တိန့်ရှောင်ဖိန်ကို လူရှောက်ချီအပါအ၀င် ယဉ်ကျေးမှုတော်လှန် ရေး အတွင်း အရေးယူထုတ်ပယ်ခံရတဲ့ ထိပ်တန်းခေါင်းဆောင်အများစုလို သဘောမထားဘူး။ တိန့် ရှောင်ဖိန်ဟာ ပြုပြင်လို့ရတယ်လို့ သတ်မှတ်ထားတယ်။ ဒါ့ကြောင့် သူ့ကို ရာထူးက ဖယ်ရှားပေ မယ့် ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်မပစ်ဘူး။ ပြန်လည်လေ့လာသင်ယူဖို့အချိန်ပေးခဲ့တယ်။
မော်စီတုန်းက တိန့်ရှောင်ဖိန်ကို အဲဒီလိုသဘောထားတာက သမိုင်းကြောင်းအရဖြစ်ပါတယ်။ ၁၉ ၂၇ နောက်ပိုင်းမှာ တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်တွေက မြို့ကြီးတွေကို အခြေခံပြီးတော်လှန် ရေးလုပ်ရမယ်လို့ခံယူတယ်။ မော်စီတုန်းက ကျေးလက်ကိုအခြေခံပြီးတော်လှန်ရေးလုပ်ရမယ်လို့ ယုံကြည်တယ်။ သူ့ဒေသမှာအဲဒီလိုပဲလုပ်တယ်။ တိန့်ရှောင်ဖိန်ကလည်း မော်စီတုန်းအယူအဆကို ထောက်ခံပြီး သူ့ဒေသမှာ အခြေခံနယ်မြေတည်ဆောက်ပြီး တော်လှန်ရေးလုပ်တယ်။
ကွန်မြူနစ်ပါတီဗဟိုကော်မတီက မော်စီတုန်းအယူအဆကို ကမ်းကုန်အောင်မှားတဲ့ လယ်သမားဝါ ဒ၊ ဒေသစွဲအယူအဆဆိုပြီး ဝေဖန်တိုက်ခိုက်တဲ့အခါ တိန့်ရှောင့်ဖိန်လည်း မော်အုပ်စုဝင်ဆိုပြီး ဝေဖန်ရှုံ့ချခံရတယ်။ ရာထူးချအပြစ်ပေးတာကို ခံခဲ့ရတယ်။ ဒါဟာ သူရဲ့ပထမဆုံး အပုတ်ချခံရ တဲ့ဖြစ်စဉ်ပဲ။ အဲဒီအချိန်က တိန့်ရှောင်ဖိန်ရဲ့ပထမဇနီးက တောင် သူကို ကွာရှင်းပြီး ဝေဖန်တိုက်ခိုက် ခဲ့ တယ်။ နောင်မှာ မော်စီတုန်းရဲ့ အယူအဆမှန်ကန်ကြောင်း လက်တွေ့ ဖြစ်ရပ်တွေက သက်သေ ပြလာမှ ၁၉ ၃၅ စွင်းယိ အစည်းအဝေးကျမှ မော်စီတုန်းကို ပါတီခေါင်း ဆောင်အဖြစ် ရွေးချယ် ခဲ့ကြတာပါ။ မော် က တော့ ၁၉ ၃၁-၃၄ ကာလကို လက်ဝဲအချောင်သမားဝါဒခေတ်လို့ ပြောခဲ့ တယ်။ မော် နေရာပြန်ရလာတော့ တိန့် လည်း နေရာပြန်ရလာခဲ့တယ်။
အဲဒီအဖြစ်အပျက်ကြောင့် မော်စီတုန်းက တိန့်ရှောင်ဖိန်ဟာ အမှားလုပ်ကောင်းလုပ်မယ်၊ ဒါပေမယ့် သူ့အပေါ်မှာ ဘယ်တော့မှသစ္စာမဖောက်ဘူးလို့ ယုံကြည်ထားတယ်။ ဒ့ါကြောင့်လည်း နှစ်ကြိမ် တိတိ (၁၉ ၆၇ နဲ့ ၁၉ ၇၆) အရေးယူခဲ့ပေမယ့် ပါတီက ထုတ်ပစ်တာကိုမလုပ်ဘူး၊ တစ်ခြား ခေါင်းဆောင်တွေလို အကျဉ်း ချထားတာမျိုးမလုပ်ဘူး။ မော်စီတုန်းက တိန့်ရှောင်ဖိန်နဲ့ ပြဿနာ ကို ရန်ဘက်ပဋိပက္ခမဟုတ်ဘူး၊မိတ်ဘက်ဝိရောဓိသာဖြစ်တယ်လို့ မှတ်ချက်ပေးဖူးတယ်။
ဝန်ကြီးချုပ်ချူအင်လိုင်း ကင်ဆာရောဂါခံစားရတော့ မော်စီတုန်းက တိန့်ရှောင်ဖိန်ကို ၁၉ ၇၄ ခုနှစ်မှာ ပထမဒုတိယ၀န်ကြီးချုပ်အဖြစ် ပြန်ပြီးတာဝန်ပေးခဲ့တယ်။ ဒါပေမယ့် ၁၉ ၇၆ ခုနှစ် ဇန်န၀ါရီလ ၀န်ကြီးချုပ် ချူအင်လိုင်း ကွယ်လွန်ပြီးချိန်မှာတော့ တိန့်ရှောင်ဖိန်ကို ပြန်လည်ပြင်ဆင် ရေးသမားလို့ စွတ်စွဲပြီး တာဝန်ကနေအနားပေးခံရပြန်တယ်။ ၁၉ ၇၆ ခုနှစ် စက်တင်ဘာ ၁၉ ရက် နေ့ မော်စီတုန်းကွယ်လွန်ပြီးတဲ့နောက်မှ တိန်ရှောက်ဖိန်ဟာ နိုင်ငံရေးဇာတ်ခုံပေါ်ကို ပြန်တက်လာ ခဲ့ပြီး ၁၉ ၇၈ ခုနှစ်မှာတော့ တရုတ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို စတင်ခဲ့တယ်။
တိန့်ရှောင်ဖိန်ဟာ ကွန်မြူနစ်တစ်ယောက်ဖြစ်ပေမယ့် လက်တွေ့ဝါဒီလည်းဖြစ်တယ်။ “ ကြောင် ဖြူ တာ၊ မည်းတာအရေးမကြီးဘူး၊ ကြွက်ခုတ်ဖို့က အရေးကြီးတယ်” ၊ “ ဆိုရှယ်လစ်ဝါဒဆိုတာ လူတွေ ကိုဆင်းရဲအောင်လုပ်တဲ့ဝါဒ မဟုတ်ဘူး” ဆိုတဲ့ သူ့အဆိုတွေဟာ ထင်ရှားတဲ့အဆိုအမိန့်တွေပဲ။
တိန့်ရှောင်ဖိန်ဟာ ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်ခဲ့ပေမယ့် အဲဒီပြုပြင်ပြောင်းလဲရေးဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဦးဆောင်မှုအခန်းကဏ္ဍကို ခိုင်မာရေးအတွက်ပဲဖြစ်တယ်။ သူဟာ ကွန်မြူ နစ်ပါတီရဲ့ ဦးဆောင်မှုကို ထိခိုက်မယ်ဆိုရင် လိုအပ်တာမှန်သမျှလုပ်ဆောင်ဖို့အသင့်ရှိတယ်ဆိုတာ ဟူယောင်ဘန်း၊ ကျောက်ကျိယန်တို့ကို ဖယ်ရှားခဲ့မှု၊ ၁၉ ၈၉ တိန်အန်မင်ရင်ပြင်အရေးအခင်းကို ကိုင်တွယ်ဖြေရှင်းခဲ့မှုတွေမှာတွေ့ရမှာဖြစ်ပါတယ်။
တရုတ်နိုင်ငံကို ပြုပြင်ပြောင်းလဲစေတဲ့ တိန့်ရှောင်ဖိန်ရဲ့ အဓိက အတွေးအခေါ်လေးရပ် ရှိပါတယ်။ အဲဒါတွေကတော့
၁။ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ဝါဒ
၁၉ ၇၈ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ကျင်းပတဲ့ တရုတ်ကွန်မြူနစ်ပါတီ ၁၁ ကြိမ်မြောက် ဗဟို ကော်မတီအစည်းအဝေးက အတည်ပြုခဲ့တဲ့ မူဝါဒဖြစ်ပါတယ်။ အဲဒီမူဝါဒအရ စိုက်ပျိုးရေး၊ စီးပွား ရေး ပြုပြင်ပြောင်းလဲမှုတွေဖြစ်လာတယ်။ တရုတ်နိုင်ငံသားတွေကို ပြည်ပစေလွှတ်ပြိး ပညာသင်ခိုင်း၊ လေ့လာခိုင်းတယ်။ အထူးစီးပွားရေးဇုန်တွေပေါ်လာတယ်။ ရလဒ်ကတော့ စီးပွားရေးတိုးတက်လာ ပြီး လူဦးရေ သန်းတစ်ထောင်ကျော်ကို ဆင်းရဲတွင်းကလွတ်မြောက်အောင်လုပ်ပေးနိုင်ခဲ့တယ်။ ၁၉ ၇၈ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ ဂျီဒီပီက ကမ္ဘာ့စီးပွားရေးရဲ့ ၁% ပဲရှိပေမယ့် ၂၀၁၅ ခုနှစ်မှာတော့ ၁၅.၅% အထိဖြစ်လာခဲ့ပြီ။
၂။ ဖူလုံတဲ့ လူ့အသိုင်းအ၀န်း
၁၉ ၇၉ ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့ တိန့်ရှောက်ဖိန် ဂျပန်ခရီးစဉ်မှာစပြောခဲ့တဲ့အယူအဆဖြစ် တယ်။ ဆိုရှယ်လစ်ဝါဒ ဆိုတာ လူတွေဆင်းရဲအောင်လုပ်တာမဟုတ်ဘူးဆိုတဲ့ တိန့်ရှောင်ဖိန်က တရုတ် နိုင်ငံသားတွေရဲ့ တစ်ဦးချင်းဝင်ငွေကို လက်ရှိ ၂၅၃ ဒေါ်လာကနေ ၂၀ ရာစု ကုန်ဆုံးချိန်မှာ ဒေါ်လာ ၈၀၀ ဖြစ်အောင်လုပ်ရမယ်။ တရုတ်နိုင်ငံသားတွေဟာ အခြေခံစားဝတ်နေရေးဖူလုံမှုရှိရမယ်လို့ ပြောခဲ့တယ်။ ဒီကနေ့အချိန်မှာ တရုတ်နိုင်ငံရဲ့ တစ်ဦးချင်းဝင်ငွေဟာ ဒေါ်လာ ၄၅၀၀ ဖြစ်နေပါပြီ။
၃။ တရုတ်စရိုက်လက္ခဏာနဲ့ ဆိုရှယ်လစ်ဝါဒ
၁၉ ၈၂ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ တရုတ်ကွန်မြူနစ်ပါတီ ၁၂ ကြိမ်မြောက် ပါတီညီလာခံ မှာ တိန့်ရှောင်ဖိန်ပြောခဲ့တဲ့ အယူအဆဖြစ်ပါတယ်။ တိန့်ရှောက်ဖိန်က တရုတ်နိုင်ငံဟာ ဆိုရှယ်လစ် ၀ါဒ ကနဦးအဆင့်မှာပဲရှိသေးတယ်။ ဒါကြောင့် စီးပွားရေး၊လူမှုရေး၊ နိုင်ငံရေးတိုးတက်မှုတွေရ အောင်အရင်လုပ်ရမယ်လို့ဆိုပါတယ်။ အဲဒီအယူအဆဟာ တရုတ်နိုင်ငံ စီးပွားရေးပြုပြင်ပြောင်းလဲ မှုရဲ့ အခြေခံအယူအဆဖြစ်လာပါတယ်။ တရားသေဆိုရှယ်လစ်စီးပွားရေးမူဝါဒတွေကို စွန့်လွှတ် လိုက်တာလည်းဖြစ်ပါတယ်။
၎။ တစ်နိုင်ငံ၊ စနစ်နှစ်ခု
ဟောင်ကောင်၊ မကာအို၊ တိုင်ဝမ် တို့ကို တရုတ်ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းနိုင်ဖို့လုပ်ဆောင် ရမှာ လိုက်နာရမယ့်အခြေခံမူဝါဒဖြစ်ပါတယ်။ အဲဒီအချက်ကို ၁၉ ၈၂ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ တရုတ်နိုင်ငံအခြေခံဥပဒေပြင်ဆင်ရာမှာထည့်သွင်းခဲ့တယ်။
တရုတ်ပြည်မကြီးနဲ့ပြန်လည်ပေါင်းစည်းရာမှာ ကွန်မြူနစ်စနစ်ကို ကျင့်သုံးဖို့မလိုဘူးဆိုတဲ့ အယူ အဆကြောင့် တရုတ်နိုင်ငံဟာ ၁၉ ၉ ၇ ဇူလိုင်လ ၁ ရက်နေ့မှာ ဟောင်ကောင်ကျွန်း၊ ၁၉ ၉ ၉ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ မကာအိုတို့နဲ့ ပြန်လည်ပေါင်းစည်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ တစ်နိုင်ငံ စနစ်နှစ်ခုမူဝါဒရဲ့ အောင်မြင်မှုပဲ။
တိန့်ရှောင်ဖိန်မှာ လေးစားစရာ၊ စံနမူနာယူစရာ သုံးချက်တွေ့ရပါတယ်။
ပထမအချက်ကတော့ ပြန်လည်ထူမတ်နိုင်စွမ်းပေါ့။ ကွန်မြူနစ်စနစ်လို ပြင်းထန်တဲ့ စနစ် အောက်မှာ သုံးကြိမ်တိတိ ( ၁၉ ၃၀၊ ၁၉ ၆၇၊ ၁၉ ၇၆) အရေးယူအပြစ်ပေးခံရပေမယ့် ပြိုလဲမသွား ပဲ ပစ်တိုင်းထောင်လို၊ ဖီးနစ်ငှက်လို ပြန်လည်ထူမတ်လာနိုင်ဖို့ဆိုတာ တော်ရုံ စိတ်ဓာတ်ခိုင်မာမှု နဲ့ မဖြစ်နိုင်ပါဘူး။
ဒုတိယအချက်ကတော့ လက်တွေ့ကျမှုဖြစ်ပါတယ်။ ယုံကြည်ချက်ခိုင်မာတာနဲ့ ခေါင်းမာတာနဲ့ မတူဘူးဆိုတာကို တိန့်ရှောင်ဖိန်ရဲ့ လုပ်ဆောင်ချက်တွေကို လေ့လာရင်တွေ့နိုင်ပါတယ်။
တတိယအချက်ကတော့ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုကို ဖယ်ရှားပြီး စုပေါင်းခေါင်းဆောင်မှုနဲ့ တာဝန်ယူ စနစ်ကိုတည်ထောင်ခဲ့တာပါပဲ။သူသြဇာ ၊ အာဏာ အထွတ်အထိပ်ကိုရောက်နေချိန်မှာ ပါတီ ဥက္ကဌ၊ သမ္မတ၊ အထွေထွေအတွင်းရေးမှူး၊ဆိုတဲ့ ထိပ်ဆုံးရာထူးတွေကို မယူခဲ့ဘူး။ ဒါ့အပြင် ငါးနှစ် သက် တမ်းနှစ်ကြိမ်ပဲ တာဝန်ယူဖို့၊ ပေါ်လစ်ဗျူရိုဝင်အဖြစ်ကနေ အနားယူရမယ့် အသက် စတဲ့ အစဉ် အလာတွေကိုလည်းချမှတ်ပေးသွားခဲ့တယ်။ ခေါင်းဆောင်တွေဟာ နတ်ဘုရားတွေမဟုတ်ဘူးဆို တဲ့ စကားကို အမြဲပြောခဲ့တယ်။
တိန့်ရှောင်ဖိန်ကတရုတ်နိုင်ငံကို ဘယ်လိုဦးဆောင်ခဲ့လဲလို့မေးရင်၁၉၈၇ ခုနှစ်မတ်လမှာ ကင်မရွန်း နိုင်ငံသမ္မတ Paul Biya နဲ့တွေ့ချိန်မှာပြောခဲ့တဲ့ နိုင်ငံရေးစနစ်တစ်ခု၊အစိုးရတစ်ခု ကောင်း၊ မကောင်း တိုင်းရ မယ့်စံလေးချက်ကိုပဲကိုးကားရမှာပဲ။ အဲဒါတွေကတော့
၁။ နိုင်ငံရေးတည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ခြင်း။
၂။ နိုင်ငံစည်းလုံးညီညွတ်မှုကို ထိန်းသိမ်းနိုင်ခြင်း။
၃။ နိုင်ငံသားတို့၏လူနေမှုအဆင့်အတန်းကို မြှင့်တင်နိုင်ခြင်း။
၎။ ကုန်ထုတ်စွမ်းအားစု၏ ထုတ်လုပ်မှုစွမ်းအားကို မြှင့်တင်နိုင်ခြင်း။
အဲဒီမှတ်ကျောက်တွေနဲ့တိုင်းပြီး တိန့်ရှောင်ဖိန်က အနောက်ပုံစံဒီမိုကရေစီကသာ တိုင်းပြည်ဖွံ့ဖြိုး တိုးတက် အောင်လုပ်နိုင်တာ မဟုတ် ဘူးဆိုတာကို ကွန်မြူနစ်ပါတီရဲ့ ဦးဆောင်မှုနဲ့ တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပြီး သက်သေပြသွားခဲ့တယ်။
တရုတ်ပြည်သူတွေ တိန့်ရှောင်ဖိန်ကို ဘာ့ကြောင့်လွမ်းတယ်ဆိုတာ တိန့်ရှောင်ဖိန်နဲ့ မကြုံဘူး တဲ့ ကျွန်တော်တို့တစ်တွေ နားလည်ဖို့ခက်မှာ သေချာပါတယ်။

Zawmyint Naing မပြောကောင်းမဆိုကောင်း
မဆလ နိုင်ငံရေးနှင့်တံခါးဖွင့်စီးပွားရေး
အတွဲအစပ်လုပ်လို့ မရဘူးလားခင်ဗျာ့
Ye Htut လုပ်ရင်ရတာပေါ့ဗျာ။ လမ်းစဉ်ပါတီမှာ တိန့်ရှောင်ဖိန်မှ မရှိတာ

Minn Thu တိန့်ရှောင်ဖိန်က ၁၆နှစ်သားကနေ ၂၂ နှစ်သားလောက်အထိ ပြင်သစ်မှာ ပညာသင် အလုပ်လုပ် နေခဲ့ဘူးတယ်။ အဲဒီနောက် ရုရှားကိုသွားခဲ့တယ်။
ငယ်စဉ်ကတည်းက အနောက်နိုင်ငံ အတွေ့အကြုံရှိခဲ့တယ်။ မြင်ဘူး တွေ့ဘူးခဲ့တယ်။

မော်စီတုံးက တရုတ်ပြည်ကြီးကို စုစည်းပေးခဲ့ပြီး အစဉ်အလာ၊ အယူအဆ အတွေးပေါင်းစုံရှိနေတဲ့ တရုတ်တွေရဲ့ဦးနှောက်ကို ဘာမှမကျန်အောင်ရှင်းပေးခဲ့တယ်။

ဒါပေမယ့် ထင်ရာစိုင်း ကွန်မြူနစ်စနစ်ကြောင့် ဒုက္ခရောက်တော့မယ့်အချိန်မှာ ကံကောင်းစွာနဲ့ နိုင်ငံတကာအတွေ့အကြုံရှိတဲ့ ခေါင်းဆောင်ဖြစ်တဲ့ တိန်ရှောင်ဖိန်လက်ထဲကို ဦးဆောင်ခွင့်ရောက်ရှိလာပြီး မှန်ကန်တဲ့ဦးဆောင်မှုကို ပေးလိုက်နိုင်တယ်။
တရုတ်ပြည်ကြီးရဲ့များပြားလှတဲ့လူဦးရေနဲ့သယံဇာတကြွယ်ဝမှုတွေဟာ နိုင်ငံခြား FDI တွေကို စွဲဆောင်မှု အပြည့်ရှိနေတာလည်း အဓိကကျပါတယ်။

တရုတ်တွေကတော့ လွမ်းမှာပေါ့။
တိန်ရှောင်ဖိန် မလာဘဲ နောက်ထပ်သာ မော်စီတုံးလိုလူမျိုးနဲ့ဆိုရင် သေဘီဆရာဘဲတဲ့။

Francis Lim သမ္မတဟောင်း ဦးသိန်းစိန်မှာတော့ တိန့်ရှောင်ဖိန်နဲ့ တူတဲ့ အချက်ရယ် စွမ်းဆောင်ရည်ရယ် တစ်ချက်မှ မရှိခဲ့တာ ၀မ်းနည်းစရာပါ။ အင်တာနက် ဆက်သွယ်ရေး မထွန်းကားတဲ့ အချိန် တိန့်နဲ့ ခေတ်ပြိုင်ဆိုရင်တော့ တမျိုးပေါ့လေ။ 
Ye Lin Aung ကျနော်ကတော့တူတယ်လို့ထင်တာပဲ
Francis Lim Ye Lin Aung တူတော့တူတယ်။ သိန်းစိန်နဲ့ DSA အပါတ်စဉ် အတူတူ တက်ခဲ့ဖူးတဲ့ NLD လွှတ်တော် ကိုယ်စားလှယ် ဗိုလ်ကြီးဟောင်း တစ်ယောက်ပြောတယ်။ စောက်ပြိန်းနဲ့ တူတူပါပဲတဲ့။
Aung Tun နိုင်ငံကောင်းရာကောင်းကျိုး အတွက် အတတ်နိုင်ဆုံး ကြိုးစားသွားခဲ့တဲ့ နိုင်ငံတော်သမ္မတ ဟောင်းတစ်ယောက်ကို အပုတ်ချ တာကတော့ အောက်တန်းစား ဆန်လွန်းပါတယ်ဗျာ ..၊

Cho Htun But the important thing is getting the investment and technology from US,Japan and Europe.China has got privilege from US long time ago.And China has no pressure from big countries like us.And no insurgency as well
Zarni Gyi Yes, right.
US President Nixon's visit to the People's Republic of China in 1972 & US President Obama's visit to Myanmar in 2014 & 2015 two times. Japan 1945, Taiwan, Hong Kong, Singapore, S.Korea, Vietnam even the Thailand .. all country benefits from USA visits.
Myanmar (@ Burma) is almost 100% lifted US economic sanction after DASSK's NLD party government in 2016. DASSK visited USA in 2016.
.
Anyway, first and second US President Obama visit to Myanmar during Myanmar President U Thein Sein, who also visited USA white house.
.
How to prevent China's influence? 2015 article. Yes, only support DASSK.
https://www.facebook.com/kyawko.kokyaw.7/posts/834698783242487
.
All are wonderful events to change Myanmar people.
.
DASSK has capability of Deng Xiaoping. Sorry, for image of promotion book cover. . Thank You , U Ye Htut.
LikeReplyJust now
Nay Thu Moe အဲ့ဒီကာလ က တရုတ်​ပြည်​ရဲ့ နိုင်​ငံ​ရေးအ​ခြေ​နေနဲ့ ​မော်​စီတုံး တိန့်​​ရှောင့်​ဖိန်​ အ​ကြောင်း အရ်းစိတ်​ဝင်​စားပါတယ်​ခဗ..အန်​ကယ်​ ​ရေးတင်​​ပေးတာ ​ကျေးဇူးပါခဗျ..
အပြည့်​အစုံ သိချင်​ဘယ်​စာကိုဖတ်​ရင်​ အဆင်​​ပြေနိုင်​မလဲ အန်​ကယ်​ ​ပြောပြ​ပေးပါဦးဗျ.. မြန်​မာပြန်​ စာအုပ်​ထဲက​ပေါ့
ကို ဟန် ကျမဖေဖေ တိန့်ရှောင်ဖိန်း... သူ့သမီးရေးတာကို မြန်မာလိုပြန်ထားတာရှိတယ်ထင်ပါတယ်ခင်ဗျ..

Bodhi Pakkhiya အမိမြန်ပြည်သားတွေက သူဌေးသား တွေဗျ ဆင်းရဲဒုက္ခကို ဘဝနာအောင်မခံ စားခဲ့ဘူးလေ ။နောက်လုံးလဝိရီယနဲ့ကြ တယ်လေ။တရုတ်တွေက အငတ်ဘေး ဆင်းရဲဒုက္ခရောက်ခဲ့ကြတာလေ*ဘဝ*နာခဲ့ကြတယ်လေ ။အဲဒါ တရုတ်နဲမြန်မာ ရေခံမြေခံကွာခြားချ က်ပဲလေ ။တရုတ်က ကြိုးစားမှဆင်းရဲဒုက္ခ လွတ်မြောက်မယ် ဆင်းရဲမှာကို ငရဲရောက်မှာထက်ကြော က်ကြတယ်လေ ။ကွန်မြူနစ်စနစ်ဆိုတာ ထက် ကွန်ဖြူးရှစ်အခြေခံယဉ်ကျေးမူရှိ တယ်ထကြွလုံလဝိရီယရှိကြိုးစားအားထုတ်ရမယ်လို့သင်ကြားထားတယ်လေ

Thaw Da သိပ်အကျိုးရှိတဲ့ပိုစ့်ပါ
အိမ်နီးချင်းနိုင်ငံရဲ့အတုယူစရာ
ခေါင်းဆောင်မှုအရည်အသွေးတွေ
လုပ်ဆောင်ချက်တွေသိရတာဗဟုသုတရပါတယ်
အစိုးရတစ်ရပ်ရဲ့ကောင်းမကောင်းစံလေးရပ်ကိုသိရတဲ့အတွက် ကျေးဇူးတင်ပါတယ်


။။။။။။။။။။။။။။။။။။။။။။။။။။။။။။



လွှတ်တော်ကိုယ်စားလှယ်များကို တရုပ်ပြည်အကြောင်း တရုပ်ပြည်ပြုပြင်ပြောင်းလဲမှုကို အသေးစိတ်ရှင်းလင်းပါတယ်။
.
ရည်ရွယ်ချက်ကတော့
မြန်မာလိုပဲ တရုပ်ပြည်ကြီး ဆင်းရဲမွဲတေမှုကို ဘယ်လိုကျော်လွှားခဲ့ကြောင်း . . မြန်မာများ သင်္ခန်းစာယူကြဖို့ ဖြစ်ပါတယ်။
.
.
.
တခါက လွန်ခဲ့တဲ့နှစ်ပေါင်း၎ထောင်ကတည်းက တရုပ်ပြည်ကြီးဟာ ကြီကျယ်ခန်းနား တတ်သိပညာများရဲ့ဗဟိုကြီး ဖြစ်ပါတယ်။ ၁၆၀၀ ဥရောပ ပြုပြင်ပြောင်းလဲရေး ပြင်သစ်နဲ့ နပိုလီယန် ခေတ်ကစပြီး ဥရောပနိုးကြားတက်ကြွလာပြီး တရုပ်ပြည်က စိုးရိမ်လို့ တခါးပိတ်ဝါဒ ကျင့်သုံးခဲ့ပါတယ်။ နောက်ဆုံး အနောက်နိုင်ငံနယ်ချဲ့များရဲ့ ''ဘိန်းစစ်ပွဲ'' နဲ့ အစိတ်စိတ်မွှာ ဖြစ်ရပြီး စစ်ဝါဒီ ဂျပန်နိုင်ငံရဲ့ ကျူးကျော်သိမ်းပိုက် ညှင်းပမ်းနှိပ်စက်ခံခဲ့ရပါတယ်။
.
မြန်မာပြည်မှာ ငတ်သေတဲ့လူ မရှိဘူး ပြောကြပေမဲ့ တရုပ်ပြည်မှာတော့ အငတ်ဘေး မိုးခေါင်ရေရှား လူပေါင်း သန်းနဲ့ချီ သေဆုံးလေ့ရှိပါတယ်။ အလွန်ဆင်းရဲမွဲတေခဲ့ပါတယ်။
.
ကွန်မြူနစ်ပါတီ မော်စီတုန်းခေါင်းဆောင်ပြီး ခေတ်သစ်တရုပ်ပြည် ပြန်တည်ထောင်နိုင်ခဲ့ပါတယ်။ ဒါလဲ ဆင်းရဲမွဲတေမြဲ ဖြစ်ပြီး မော်စီတုန်းက ပညာနဲ့တိုင်းပြည်တည်ထောင်ဖို့ တိန်ရှောင်ဖိန့်ကို ပြန်ခေါ်ပါတယ်။ မော်စီတုန်း ကွယ်လွန်ပြီး ၁၉၇၈ နောက်ပိုင်း တရုပ်ပြုပြင်ပြောင်းလဲမှု စတင်ခဲ့ပါတယ်။
.
..
ပထမဆုံး ပညာရေးနဲ့ပဲ အနောက်နိုင်ငံများကို အမီလိုက်ပါတယ်။ အခုတော့ GDP မှာ ဂျာမဏီ ဂျပန် တွေကို ကျော်လွှားပြီး ၂၀၁၅ မှာ အမေရိကန်ကို ကျော်ပြီး ကမ္ဘာ နံပါတ်(၁) ဖြစ်သွားပါပြီး။ မြန်မာပြည်မှာလဲ ပညာရေးပြုပြင်မှု အင်္ဂလိပ်စာဗဟိုပြု ကမ္ဘာကို ထိုးဖောက်ဖို့ စတင်နေပါပြီ။
ပညာရေးနဲ့ နည်းပညာများကို ဘယ်လိုနည်းနဲ့ ရယူသွားပုံများ . . ပညာခေတ်ကို ရောက်ရှိသွားပုံ။ တရုပ်ခေါင်းဆောင်များက အမျိုးသားစိတ်နဲ့ အခက်ခဲများကြားများက ဘက်စုံ တိုးတက်ပြီး ယခုကမ္ဘာ့ထိတ်တန်း နိုင်ငံ အဖြစ် ရောက်နေပုံ တရားဝင် တရားမဝင် လုပ်နည်းများသုံး ပြီး . . တဦးခြင်းကြိုးစားသွာပုံ တရုပ်အစိုးရ ပံ့ပိုးမှုများကို ပြောပြသွားပါတယ်။
.
စီးပွား ကုန်ထုတ်လုပ်ငန်းများကို ပြောသွားပါတယ်။ မြန်မာသမ္မတကြီးကလည်း စိတ်သဘောကောင်းဖို့ လူငယ် လူလတ်ပိုင်းတွေမှာ လုပ်ခဲ့ပါတယ်။
.
.
Comment. .
သူ့ရဲ့ စာတန်းမှာ Good Attitude ကိုတော့ များများ မပြောပေမဲ့ . . အုပ်ချုပ်သူ တရုပ်အစိုးရ ခေါင်းဆောင်များ ကို ရွေးချယ် အုပ်ထိန်းသူကြီး တိန်ရှောင်ဖိန့် အလား မြန်မာပြည်မှာ ထူးချွန် မေတ္တာစွမ်းအားကြီးတဲ့ ဒေါ်အောင်ဆန်းစုကြည် ရှိနေပါတယ်။ အောင်မြင်မှာ ယုံကြည်ပါတယ်။
ဒေါ်လာဈေးဆိုတာ Inflation ငွေဖေါင်းပွနှုန်းပေါ်မူတည်ပါတယ်။
.
ဥပမာ တရုပ်ပြည်ပြုပြင်ပြောင်းလဲလုပ်တဲ့ တိန်ရှောင်ဖိန့် ၁၉၇၈ စတင်ချိန်မှာ ခရိုနီများကြောင့် အခုမြန်မာပြည်ဖြစ်သလို ငွေဖောင်းပွနှုန်း 10% ပတ်ဝန်ကျင်နဲ့ လုပ်ငန်းရှင်လေးတွေ ဒုက္ခရောက်ကြပါတယ်။ တောင့်မခံနိုင်သူတွေ လုပ်ငန်းပြုတ်ကြပါတယ်။
.
1989 တရုပ်ပြည် အရေးခင်းကြီးအပြီး စနစ်တကျပြုပြင်ပြောင်းလဲတာ ငွေဖောင်းပွနှုန်း 3% လောက်ကျသွားပါတယ်။ မကြာပါဘူး စီးပွားရေးပြန်ကောင်းလာတော့ ငွေဖောင်းပွနှုန်းလဲ 10% လောက် ဖြစ်လာပြန်ပါတယ်။ 1992 နောက်ပိုင်းမှာ ငွေဖောင်းပွနှုန်းပြန်ကျသွားပြီး 1995 နောက်ပိုင်း တရုပ်ပြည် ငွေဖောင်းပွနှုန်း 3% လောက် အိုကေသွားတာ အခု ၂၀၁၆ အထိပါ။
.
ဒါကြောင့် နောက်၂နှစ် ၃နှစ်ကတော့ မြန်မာပြည် စီးပွားပြန်ဖြစ်လာချိန် ငွေဖောင်းပွနှုန်း 10% အထက်ဖြစ်မှာမို့ ဒေါ်လာဈေး မလွဲမသွေ တက်မှာ အသေအချာပါပဲ။
http://www.tradingeconomics.com/china/inflation-cpi

MDG Series. .
Dec 2016

ဦးသန်းရွှေ အကြောင်းလဲ တိန့်ရှောင်ဖိန့် အကြောင်းနဲ့ယှဉ်ပြီး မြန်မာတွေ သိသင့်ပါတယ်။ ဦးသန်းရွှေကောင်းကြောင်း ရေးထားတဲ့ စာအုပ်။ 
https://www.facebook.com/myanmarjobstudent/posts/10153760730818472
.
.
တိန့်ရှောင်ဖိန့် လို တွေးခေါ်လုပ်ဆောင်နိုင်သူ၊ အရည်အချင်းရှိပြီး ကမ္ဘာတခုလုံးက လေးစားကြည်ညိုတဲ့သူ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်ဖြစ်လာတာ မြန်မာနိုင်ငံအတွက် အလွန်ကံကောင်းပါတယ်။ (ဘုရားသခင်ကောင်းကြီးဖြစ်ပါတယ်)။ နောက်ကွယ်ဝင်သွားတဲ့ စစ်အာဏာရှင်ဟောင်းကြီး ဦးသန်းရွှေ ကိုယ်တိုင် လက်ခံပြီး ထောက်ခံနေတာလဲ အနာဂါတ်မြန်မာနိုင်ငံအတွက် သားရွှေအိုးထမ်းလာသလို ပါပဲ။ အချိန်တန်ရင်တော့ ဒေါ်အောင်ဆန်းစုကြည် အာဏာရှင်ဖြစ်လာမလား၊ တိန်ရှောင်ဖိန့်လို အနားယူပြီး တိန်ရှောင်ဖိန့်လို နောက်ကွယ်က အေးဆေးစွာ နေထိုင်သွားမလား ..ဆိုတာ စောင့်ကြည့်ကြပါစို့။

ဇာနီကြီး
၂၅-ဖေ-၂၀၁၇ 

No comments:

Post a Comment