Wednesday, February 15, 2017

ကတ္တရာနဲ့ကျောက်မွှေစက် ရန်ကုန်မန္တလေး အမြန်လမ်းမကြီးကို ကတ္တရာအပြည့်ခင်းဖို့


ကတ္တရာနဲ့ကျောက်မွှေစက်
ရန်ကုန်မန္တလေး အမြန်လမ်းမကြီးကို ကတ္တရာအပြည့်ခင်းဖို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပိုင်တဲ့ တရုပ်စက်ကို မြန်မာပြည်မှာပဲ ထုတ်လုပ်ဖို့ လေ့လာပါတယ်။ ဘာမှမခဲယင်းပေမဲ့ နိုင်ငံခြားငွေ မသုံးဖို့ပါ။
လိပ်သဲကျောက် ၅မျိုးကို စပ်ပြီး Conveyors နဲ့ ဖျော်စက်ထဲ အပူချိန် ၁၅၅ ဒီဂရီ ရအောင်မွှေလှည့်ပြီး နိုင်ငံခြားငွေ ကတ္တရာအပူပေး သတ်မှတ်ထားတဲ့ စီနှုန်းနဲ့ လောင်းထဲ့မွှေ စက်တခုပါ။ တနာရီ တန်၃၀ capacity ရှိပါတယ်။ နည်းပညာကတော့ flow controler/ load cell / temp controller ဒါလောက်ပါပဲ။ Quality control ကတော့ ၈တန်ကားတစီး သယ်သွားတိုင်း sample ယူပြီး ရန်ကုန်မှာ စစ်ဆေးပါတယ်။
ပြည်တွင်းမှာပဲ boiler burnner တွေကအစ လုပ်နိုင်ပါတယ်။ ဒီလို နည်းပညာ မခက်ခဲတဲ့ လူအားသုံး Semi manual လမ်းခင်းစက်များစွာ ပြည်တွင်းမှာပဲ ထုတ်လုပ်ဖို့ပါ။
. . ဥပမာ အေရှားဝေါက ဂျပန်စက်တွေ ဒေါ်လာတသန်းလောက်နဲ့ ဝယ်ခြင်း ငှားခြင်း လုပ်ပြီး မြန်မာပြည်လမ်းတွေ အထူးသဖြင့် အစိုးရစီမံကိန်းကြီးတွေမှာ သုံးပါတယ်။ ဆောက်လုပ်ရေး ဝန်ကြီးဌာနက ဘရာဇီးလုပ် စက်၂လုံး ဒေါ်လာ၇သိန်းနဲ့ဝယ်စမ်းနေပါတယ်။ အခုစက်ကတော့ ဒေါ်လာ၂သိန်းတန် ၃နှစ်ရှိပါပြီ။
.
လောလောဆယ်တော့ မြန်မာတနိုင်ငံလုံး ကတ္တရာခင်းခြင်းကို လက်နဲ့ပဲ (ပေါက်ပြားနဲ့) လုပ်နေပါတယ်။
. ...






အလီဘာဘာသို့ဈေးနှုန်းစုံစမ်းခြင်း


.
.
www.alibaba.com မှာ tar mixing plant လို့ရိုက်နှိပ်ရှာလိုက်တော့ ..ခဏအတွင်း ဈေးနှုန်းတွေ တွေ့ရပါတယ်။ ရိုးရှင်းတဲ့ စက်ဖြစ်ပေမဲ့ ပြည်တွင်းမှာလုပ်မှာလား ..ပြည်ပကမှာယူမလား ဆိုတာ စီမံကိန်းလိုအပ်ချက်တွေကို မူတည်ပြီး ဆုံးဖြတ်ရပါမယ်။ စီးပွားရေးသမားကတော့ နိုင်ငံခြားက မှာတာပဲ လုပ်မှာပါ။ တတ်ကြွမ်းသူကတော့ ကိုယ့်ဖာသာလုပ်ပြီး သုံးမှာဖြစ်ပါတယ်။ ပြုပြင်ထိန်းသိမ်းမှုစရိတ်နဲ့ အချိန်က တော်တော်အရေးပါတာကြောင့် .. ဝယ်သုံးမလား၊ ကိုယ့်ဖာသာလုပ်သုံးမလား ... ဆုံးဖြတ်ချက်ကတော့ ... မှာသုံးမယ် ဖြစ်သွားပါတယ်။

Ref:...

https://www.alibaba.com/showroom/tar-mixing-plant.html

https://www.facebook.com/zarni.gyi.52/posts/1815471952002957?pnref=story

ဒီကနေ့ လွှတ်တော်မှာ ကိုယ်စားလှယ်ဦးထွန်းထွန်းဦး မေးခွန်း၊ မန္တလေး-မူဆယ် (မြန်မာ-တရုပ်) ကားလမ်းမကြီးကို ပိုကောင်းအောင်၊ အသစ်ဆောက်ဖို့ အစီအစဉ်ရှိမရှိ မေးမြန်းတော့ .. ဝန်ကြီးက အစီအစဉ်ရှိကြောင်း ဖြေကြားပါတယ်။

 မန္တလေးမူဆယ် လမ်းကောင်းအောင် ယာဉ်ပိတ်ဆို့မှု ပြသနာကင်းအောင် အိုရီရင်တယ်ကုမဏီ က ဘီအိုတီစနစ်နဲ့ ၄၈ပေ နိုင်လွန်ကတ္တာရာလမ်း လုပ်နေပါတယ်။ ၂၀၁၈ကုန်မှာ ပီးပါမယ်။ ၄လမ်းသွား လမ်းသစ်ကို BOT နဲ့ လုပ်ပါမယ် တဲ့။ 






လောလောဆယ်တော့ မြန်မာတနိုင်ငံလုံး ကတ္တရာခင်းခြင်းကို လက်နဲ့ပဲ (ပေါက်ပြားနဲ့) လုပ်နေပါတယ်။ 






အလီဘာဘာ သို့ဈေးနှုန်းစုံစမ်းခြင်း 









:)

No comments:

Post a Comment