Thursday, February 2, 2017

တန်ဖိုးနည်းအိမ်ယာများ (စစ်ကိုင်း၊ မန္တလေး၊ ပုသိမ်၊ ရန်ကုန်) ၂၀၁၇



စစ်ကိုင်းမြို့တွင် ပထမဆုံး အငှားအိမ်ရာတည်ဆောက်မှု ယခုဘဏ္ဍာနှစ်အတွင်း ပြီးစီးမည်

Byအောင်သပြေOn Sat, 2017-01-21 06:30Location မန္တလေးIssue No.No.1340 Saturday, January 21, 2017
စစ်ကိုင်းမြို့တွင် ပထမ ဦးဆုံး ပြည်သူ့အငှားအိမ်ရာစီမံ ကိန်း စတင်တည်ဆောက်နေပြီး ဝင်ငွေနည်းပြည်သူများအတွက် ငှားရမ်းမည်ဖြစ်ကြောင်း စစ်ကိုင်း မြို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သတင်းရရှိသည်။
စစ်ကိုင်းမြို့ ဆွမ်းချက်ရပ် ကွက် နွားပွဲဈေးအနီး ၁ ဒသမ ၁ ဧကကျယ်သည့် မြေပေါ်တွင် ၁၂ ခန်းတွဲ လေးထပ်အဆောက်အအုံ နှစ်လုံးကို ကျပ် ၄၈၂ သန်းဖြင့် စတင်တည်ဆောက်နေပြီး စုစု ပေါင်း ၉၆ ခန်းပါရှိမည်ဖြစ် ကြောင်း စစ်ကိုင်းမြို့နယ် မြို့ပြ နှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်စုမွန်ဝေက ပြောသည်။
‘‘စစ်ကိုင်းမြို့နယ်အတွင်းမှာ ရှိတဲ့ အိမ်မဲ့ဝင်းမဲ့ ဝင်ငွေနည်းပြည်သူတွေကို ငှားပေးမှာပါ။ ဝန်ထမ်း အငြိမ်းစားတွေ ပင်စင်ယူပြီးလို့ အိမ်မဲ့ဝင်းမဲ့ဖြစ်နေတဲ့သူတွေ လည်း လာလျှောက်လို့ရပါတယ်’’ ဟု ဒေါ်စုဝေမွန်က ပြောကြား သည်။
တစ်ခန်းလျှင် ၄၄၁ စတုရန်း ပေ ကျယ်ဝန်းပြီး ရေချိုးခန်း၊ အိမ် သာ ပါဝင်မည်ဖြစ်ကာ ရေမီးစနစ် လည်း ရရှိမည်ဖြစ်ကြောင်း၊ ပျမ်း မျှ တစ်လလျှင် ကျပ်သုံးသောင်း ခန့်ဖြင့် ငှားရမ်းမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
၂၀၁၆ ဒီဇင်ဘာ ၁၆ ရက် က စတင်တည်ဆောက်နေပြီဖြစ် ပြီး ယခုဘဏ္ဍာနှစ်မကုန်မီ ပြီးစီး အောင် ဆောင်ရွက်မည်ဖြစ် ကြောင်း၊ တည်ဆောက်ပြီးစီးပါ က ငှားရမ်းနေထိုင်ရန် လျှောက် ထားသူများပြားလျှင် မဲစနစ်ဖြင့် နေရာချထားငှားရမ်းမည်ဟု စစ် ကိုင်းမြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ သိရသည်။
စစ်ကိုင်းမြို့တွင် မြို့ပေါ်ရပ် ကွက် ၁၈ ခုနှင့် ကျေးရွာအုပ်စု ၈၁ အုပ်စုရှိကာ ၂၀၁၄ မြန်မာ နိုင်ငံလူဦးရေနှင့် အိမ်အကြောင်း အရာ သန်းခေါင်စာရင်းအရ စစ် ကိုင်းမြို့နယ်၌ လူဦးရေ ၃၀၇,၁၉၄ဦးရှိပြီး မြို့ပြ၌ နေထိုင်သူ ၈၁,၄၃၂ဦးရှိကာ ကျေးလက်နေထိုင်သူ ၂၂၅,၇၆၂ ဦးရှိကြောင်း ဖော်ပြ ထားသည်။
.
ပုံ မန္တလေးတန်ဖိုးနည်းအိမ်ယာ. .



တန်ဖိုးနည်းအိမ်ရာ ၀ယ်ယူထားသူများ ငါးနှစ်အတွင်း လွှဲပြောင်းရောင်းချခွင့်မပြု

သက်တမ်းပြည့်၍ ရောင်းလျှင်လည်း အိုးအိမ်ကိုသာ ရောင်းချရမည်ဟုဆို
ရွှေလင်ဗန်းအိမ်ရာစီမံကိန်းဝယ်ယူခွင့်ရရှိသူများနှင့် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနတာဝန်ရှိသူများ တွေ့ဆုံပွဲ ပြုလုပ်နေစဉ်(ဓာတ်ပုံ−စိုင်းဇော်)
 တန်ဖိုးနည်းအိမ်ရာစီမံ ကိန်း ၀ယ်ယူထားသူများသည် ငါးနှစ်အတွင်း အိမ်ရာကိုလွှဲ ပြောင်းရောင်းချခွင့်မရှိဘဲ ပြန် လည်ရောင်းချလိုပါက ဆောက် လုပ်ရေးဝန်ကြီးဌာနသို့သာ ပြန် လည်ရောင်းချရမည်ဖြစ်ကြောင်း သတင်းရရှိသည်။
 ‘‘ငါးနှစ်အတွင်းမှာ လွှဲ ပြောင်းရောင်းချခွင့် မပေးပါဘူး။ ငါးနှစ်ပြည့်လို့ ရောင်းချင်ရင်လည်း အိုးအိမ်ကိုပဲ ပြန်ရောင်းချရမှာ ဖြစ်ပါတယ်’’ ဟု မြို့ရွာနှင့် အိုး အိမ်ဖွံ့ဖြိုးမှုဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးမောင်မောင် လွင်က ပြောသည်။ လှိုင်သာယာ မြို့နယ် ရွှေလင်ဗန်းအိမ်ရာစီမံ ကိန်းဝယ်ယူခွင့် ရရှိသူများနှင့် မြို့ ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာန တာဝန်ရှိသူများ တွေ့ဆုံပွဲတွင် ပြောကြားခြင်းဖြစ်သည်။
ဝယ်ယူထားသော အခန်း ကို ပြန်လည်ငှားရမ်းခြင်း မြေညီ ထပ်တွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းတို့ကို ခွင့်ပြုမည်မ ဟုတ်ဘဲ ပြန်လည်ငှားရမ်းခြင်း၊ ရောင်းချခြင်းများကို စစ်ဆေးတွေ့ရှိပါက အခန်းကို ပြန်လည်သိမ်း ဆည်းပြီး အခန်းတန်ဖိုး၏ ၅ ရာခိုင်နှုန်းကို ဒဏ်ကြေးငွေအဖြစ် ပြန်လည် ပေးဆောင်ရမည်ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနက သတ်မှတ်ခဲ့သည်။

ငါးနှစ်ကျော်လွန်ပါက အိမ် ရာကို ပြန်လည်ရောင်းချလိုသူ များသည် ကာလပေါက်ဈေးဖြင့် ရောင်းချခွင့်ရှိ၊ မရှိကို ရှင်းလင်းတိ ကျစွာမဖြေကြားခဲ့ပေ။
မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနသည် ယုဇန၊ ရွှေလင် ဗန်း၊ ကနောင် အိမ်ရာစီမံကိန်းမှ အခန်းပေါင်း ၂,၁၀၀ ကျော်ကို ဘဏ်ချေးငွေဖြင့် ဘဏ်တွင်ငွေ စာရင်းဖွင့်လှစ်ထားပြီး သတ်မှတ် ရာခိုင်နှုန်း ပြည့်မီသူများအားစတင်ရောင်းချနေပြီ ဖြစ်သည်။
ထို့ကြောင့် အိမ်ရာဝယ်ယူ ခွင့်ရရှိသူများကို စည်းကမ်းချက် နှင့် သတ်မှတ်ချက်များ ထုတ်ပြန် ခဲ့ပြီး အိမ်ရာဝယ်ယူခွင့်ရရှိသူများသည်  အိမ်ပိုင်မရှိသူဖြစ်ရ မည်ဟု သတ်မှတ်ထားကာလစဉ် ပုံမှန်ဝင်ငွေရှိပြီး ဘဏ်ချေးငွေအ တွက် ပုံမှန်ပေးဆပ်နိုင်သူဖြစ်ရ မည်ဟု သတ်မှတ်ချက်တွင်ပါဝင် သည်။
အစိုးရသစ်လက်ထက်တွင် ပထမအသုတ်အဖြစ် ယုဇန၊ ရွှေလင်ဗန်း၊ ကနောင်အိမ်ရာစီမံ ကိန်းများကို စတင်ရောင်းချခြင်း ဖြစ်ပြီး အခန်းပေါင်း ၂,၁၀၀ ကျော်ဝယ်ယူခွင့်ရရှိသူများမှာ ဆောက် လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် ကျပ်သိန်း ၃၀ နှင့်အထက် စုဆောင်းထားနိုင်သူများကို စီနီယာနံပါတ်အလိုက် ရောင်းချ နေခြင်း ဖြစ်သည်။
လက်ရှိဘဏ်တွင် အိမ်ရာစု ဆောင်း  ငွေအကောင့်ဖွင့်လှစ် ထားသူ ၁,၃၀၀ ကျော်ရှိပြီး သိန်း ၃၀ ကျော်စုဆောင်းထားနိုင်သူ သည် ၈၂၅ ဦးရှိသောကြောင့် ၎င်းတို့ကို ၀ယ်ယူခွင့်ပေးခဲ့ခြင်း ဖြစ် သည်။
ပထမအသုတ် ရောင်းချမှု အဖြစ် ရွှေလင်ဗန်းအိမ်ရာစီမံကိန်း မှ အခန်းပေါင်း ၂၄၀ ကျော် ရောင်းချရန် ရည်ရွယ်ထားရာ ဘဏ်စာရင်း ဖွင့်လှစ်ထားပြီး သတ်မှတ်ရာခိုင်နှုန်း ပြည့်မီသူ ၁၀၁ ဦး စတင်ဝယ်ယူခွင့်ရရှိပြီဖြစ်သည်။
ထို့အတူ ယုဇနအိမ်ရာစီမံ ကိန်းအတွက် အခန်းပေါင်း ၅၂၀ ကျော် ရောင်းချရန်ရည်ရွယ်ထား ရာ ဘဏ်စာရင်းတွင် သတ်မှတ် ထားသည့်  ရာခိုင်နှုန်းပြည့်မီသူ ၃၀၀ ကျော်မှာ စတင်ဝယ်ယူခွင့်ရ ရှိမည် ဖြစ်သည်။
‘‘အခုရောင်းတဲ့ အခန်းတွေ က ပိုနေသေးတယ်။ ဒါကြောင့် ဘဏ်မှာသိန်း ၃၀ အထက်ရှိလာ တာနဲ့စီနီယာအလိုက် ရောင်းချ ပေးသွားမယ်။ အခန်းလျှောက်တဲ့ သူတော်တော်များများ မြေညီ ထပ်ကို လျှောက်ကြတာများတယ်’’ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာ န ညွှန်ကြားရေးမှူး ဒေါ်မီမီတင် က ဆိုသည်။
အခန်းအကျယ်အ၀န်း ၁၈ ပေ ၂၆ ပေ၊ ရှစ်ခန်းတွဲ၊ ခြောက်ခန်းတွဲများကို ကျပ် ၁၃၄ သိန်းမှ ကျပ်၉၈ သိန်းအထိပါဝင်မည့် တန်ဖိုးနည်းတိုက်ခန်းပေါင်း ၂,၁၀၀ ကျော်ကို အစိုးရသစ်လက်ထက်တွင် ပထမဆုံးရောင်းချနိုင်ခဲ့ခြင်း ဖြစ်သည်။
 အိမ်ရာဝယ်ယူခွင့်ရရှိထား သူများစာရင်းကို  ဇန်န၀ါရီ ၁၀ ရက်တွင်  မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာန၊ ရုံးအမှတ်(၄၀)နေ ပြည်တော်၊ ရန်ကုန်မြို့ ဗိုလ်ချုပ် အောင်ဆန်းလမ်းမကြီးပေါ်ရှိ တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန(ရန်ကုန်တိုင်း ဒေသကြီး)နှင့် ဆောက်လုပ်ရေး နှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်ခွဲများ အားလုံးတွင် စတင်ကြေညာခဲ့ သည်။


တန်ဖိုးနည်းအိမ်ရာ စီမံကိန်းအတွက် CHDB ဘဏ်က နိုင်ငံတော်မှချေးငွေယူရန် တင်ပြထား

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က စီစဉ်ဆောက်လုပ်သည့် တန်ဖိုးနည်းအိမ်ရာများ ဝယ်ယူမည့်သူများကို အတိုးနှုန်း သက်သာစွာဖြင့် ချေးငွေထုတ်ချေးရန်အတွက် နိုင်ငံတော်မှ ကျပ်ငွေ ဘီလီယံ ၃၀ ချေးငွေချပေးရန် တင်ပြထားကြောင်း CHDB ဘဏ်က ပြောသည်။
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး (CHDB ) ဘဏ်က ထိုသို့နိုင်ငံတော်ကို တင်ပြရာတွင် အတိုးနှုန်း  ၈ ဒသမ ၅ ရာခိုင်နှုန်း သို့မဟုတ် ၉ ရာခိုင်နှုန်းဖြင့် ချေးပေးရန်နှင့် ချေးငွေသက်တမ်းကို ကာလရှည်ထားရှိပေးရန် တင်ပြ ထားကြောင်း CHDB ဘဏ်၏ ဘဏ္ဍာရေးလုပ်ငန်းဌာန အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်မြင့်မြင့်မူက ပြောသည်။
“ရည်ရွယ်ချက်က အတိုးနှုန်းသက်သာသွားပြီဆိုရင် လစဉ်ပေးသွင်းရာမှာ သက်သာသွားမယ်။ အတိုးနှုန်းများရင် အရစ်ကျပေးသွင်းရတာ များမယ်။ နှစ်ကြာလာတာနဲ့အမျှ အတိုးနှုန်းတွေက အခန်းရဲ့တန်ဖိုးထက် များလာတာတွေ ရှိတယ်။ အတိုးနှုန်းသက်သာရင် လစဉ်အရစ်ကျမှာလည်း တော်တော်သက်သာသွားမယ်” ဟု ၎င်းက ဆိုသည်။
CHDB ဘဏ်က လက်ရှိအချိန်၌ ထုတ်ချေးပေးနေသည့် အတိုးနှုန်းမှာ ဗဟိုဘဏ်က သတ်မှတ်ထားသည့် ချေးငွေအတိုးနှုန်း ၁၂ ရာခိုင်နှုန်း၊ ဘဏ်ဝန်ဆောင်ခ ၁ ရာခိုင်နှုန်း စုစုပေါင်း ၁၃ ရာခိုင်နှုန်း ပေးဆောင်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“လက်ရှိ အတိုးနှုန်း ၁၂ ရာခိုင်နှုန်းအောက်ကျအောင် နိုင်ငံတော်ကို တင်ပြထားတယ်။ နိုင်ငံတော်ကလည်း ပေးဖို့ စီစဉ်နေတယ်။ ဆွေးနွေးတဲ့အဆင့် နောက်ဆုံးရောက်နေပြီ။ ဇန်နဝါရီလလောက်မှာ ဖြစ်နိုင်မယ်လို့ ခန့်မှန်းထားတယ်” ဟု ဒေါ်မြင့်မြင့်မူက ပြောသည်။
လက်ရှိချေးငွေသက်တမ်းသည် ၁၀ နှစ် ချေးငွေ သက်တမ်းဖြစ်ပြီး နိုင်ငံတော်က ထုတ်ချေးပေးမည့် အတိုးနှုန်းသက်သာသော အစီအစဉ်ဖြင့် ရရှိလာမည့် ချေးငွေသက်တမ်းကို ၁၅ နှစ် သက်တမ်း သတ်မှတ်ပေးသွားမည်ဟု ၎င်းက ဆိုသည်။
“လောလာဆယ် အခန်း ၂,၀၀၀ ကို ဇန်နဝါရီလဆန်းပိုင်းမှာ ရောင်းချပေးဖို့ စီစဉ်နေတယ်။ ဒီအခန်းတွေကိုတော့ ဘဏ်အစီအစဉ်အတိုင်း အတိုးနှုန်း ၁၂ ရာခိုင်နှုန်းနဲ့ ချေးပေးမယ်။ ဘဏ်ဝန်ဆောင်ခ ၁ ကျပ် ယူမယ်။ အစိုးရချေးငွေရလို့ အတိုးနှုန်း ပြောင်းလဲသွားရင် ပြန်လည်စိစစ်ပြီး လုပ်ပေးပါမယ်” ဟု ဒေါ်မြင့်မြင့်မူက ပြောသည်။
လက်ရှိအချိန်၌ တန်ဖိုးနည်း အိမ်ရာခန်းများ ဝယ်ယူနိုင်ရန်အတွက် အိမ်ရာစုဆောင်းငွေစာရင်း စာအုပ် Housing Saving Account ဖွင့်လှစ်ထားသူ ဦးရေ ၁၁,၀၀၀ ကျော် ရှိပြီး ကနဦး ပေးသွင်းရမည့် ပမာဏ ၃၀ ရာခိုင်နှုန်း ပေးသွင်းထားပြီးသူ ဦးရေ ၂,၀၀၀ ကျော် ရှိကြောင်း CHDB ဘဏ်မှ သိရသည်။
7 Days News.
ရွှေလင်ဗန်း၊ ကနောင်၊ ယုဇနအိမ်ရာများမှ အခန်း ၆၀၀ ကျော်ကို အရစ်ကျဖြင့် လျှောက်ထားဝယ်ယူနိုင်
ByမိုးညိုOn Sat, 2016-11-26 06:30Location ရန်ကုန်Issue No.No.1284 Saturday, November 26, 2016
တည်ဆောက်ပြီးစီးသည့် တန်ဖိုးနည်းအိမ်ရာများမှ အခန်း ၆၀၀ ကျော်ကို စတင်ရောင်းချမည် ဖြစ်ရာ ဒီဇင်ဘာ ၁၈ ရက် နောက် ဆုံးထား လျှောက်ထား ၀ယ်ယူနိုင် ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနမှ သတင်းရရှိသည်။
ရွှေလင်ဗန်း၊ ကနောင်၊ ယုဇန တန်ဖိုးနည်း အိမ်ရာများမှ ဆောက်လုပ်ရေး ၀န်ကြီးဌာန ခွဲ တမ်းဖြစ်သည့် အခန်း ၆၀၀ ကျော် ကို ဘဏ်ချေးငွေဖြင့် အရစ်ကျပုံစံ ရောင်းချပေးမည်ဟုဆိုသည်။
လျှောက်လွှာများကိုရန်ကုန် မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမ ပေါ်ရှိ ဆောက်လုပ်ရေးနှင့် အိမ် ရာဖွံ့ဖြိုးရေးဘဏ်တွင် စုံစမ်းဝယ် ယူလျှောက်ထားနိုင်ပြီး နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၁၅ ရက်အ တွင်း လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
ဝယ်ယူလိုသူများသည် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုး ရေးဘဏ်တွင် ဘဏ်စာအုပ်အ ကောင့်ဖွင့်လှစ်ထားသူ ဖြစ်ကာ အခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်း ငွေသွင်းထားပြီး ပြည့်မီသူများကို သာ အဓိက ရောင်းချပေးမည်ဟု ဆိုသည်။
ဝယ်ယူခွင့်မှာ ရှစ်နှစ်အရစ် ကျပုံစံဖြင့် ငွေပေးသွင်းရမည်ဖြစ် ပြီး အခန်းများမှာ ကျပ်သိန်း ၁၀၀ မှ သိန်း ၁၂၀ ခန့် ရှိကြောင်း သိရ သည်။
ယခု ရောင်းချသည့် အသုတ် သည် ဆောက်လုပ်ရေး ၀န်ကြီး ဌာနပိုင် အခန်းများကို ရောင်းချ ခြင်းဖြစ်ပြီး ကျန်သည့် အခန်း ၃,၃၀၀ ကျော်ကို ရန်ကုန်တိုင်းဒေ သကြီး အစိုးရအဖွဲ့က ၎င်းတို့အ စီအစဉ်ဖြင့် ရောင်းချရန် စီစဉ်နေ သည်။
ဆောက်လုပ်ရေးဝန်ကြီးဌာ နသည် တစ်နိုင်ငံလုံးတွင် တန်ဖိုး နည်းအိမ်ရာ တိုက်ခန်း ၁၈၀,၀၀၀ ကျော်တည်ဆောက်ရန် စီစဉ်ထားပြီး ရန်ကုန်မြို့၌ အခန်း ၈,၀၀၀ တည်ဆောက်မည်ဟု ဆောက်လုပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။
သြဂုတ် ၁ ရက်က စတင်ပြု လုပ်ပေးသည့် ဆောက်လုပ်ရေး နှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ အိမ် ရာဝယ်ယူခွင့်ငွေစုစာအုပ် (Hou- sing Saving) အရေအတွက် လေးလကျော်အတွင်း ၅,၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။
‘‘အခုလို စာအုပ်ရှိတဲ့သူတွေ ကို ၀ယ်ခွင့်ပေးမှာဖြစ်တဲ့အတွက် နောက်ပိုင်းစာအုပ်လာလုပ်တဲ့သူ တွေ များလာနိုင်တယ်။ အခုတော့ အရမ်းမများသေးဘူး။ ဒီလကုန် ရင်တော့ စာအုပ်လာလုပ်တဲ့ သူ တွေများလာမှာသေချာတယ်’’ ဟု အဆိုပါဘဏ် ဒါရိုက်တာ ဦးဝင်း ဇော်က ပြောသည်။
.
/////////



Mizzima - News in Burmese
ဧရာဝတီတိုင်းဒေသကြီးတွင် အငှားအိမ်ရာစီမံကိန်းများ အကောင်အထည်ဖော်ပေးမည်ဟု လျှပ်စစ်စွမ်းအင် စက်မှုလက်မှုနှင့် လမ်းပန်းဝန်ကြီးပြော
*********************************
"မြေနေရာတွေရှာနေပါတယ်၊ ဘတ်ဂျက်မှာတင်ထားပါတယ်။ ပုသိမ်တင် မဟုတ်ဘူး ဟင်္သာတ၊ ဖျာပုံ၊ မြောင်းမြမြို့ တွေ မှာ ဆောက်သွားမှာပါ။ ဒီနှစ်ဘတ်ဂျက်မှာ ၄ခန်းတွဲ ၄ထပ်အိမ်ရာတွေကို မြောင်းမြနှင့် မအူပင်မြို့တွေမှာ ဆောက် လုပ် နေပြီး” လျှပ်စစ်စွမ်းအင်စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးဝင်းဌေးက မဇ္ဈိမသို့ပြောပါတယ်။
ပုသိမ်မြို့၊ ဥမ္မာဒန္တီအငှား အိမ်ရာစီမံကိန်းက ၉၁ ခန်းအား ဒီဇင်ဘာလ ၇ ရက်နေ့တွင် လျှောက်လွှာတင်ထားသူတွေကို မဲ ဖောက်ပေးသွားမှာဖြစ်ပြီးတော့ အိမ်ရာလျှောက်ထားသတွေထဲမှာ ဝန်ထမ်း၊ အငြိမ်းစားဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်းနှင့် အခြား ဝင်ငွေနည်းပြည်သူတွေလည်း ပါဝင်ပါတယ်။
ရိုက်ကူး - စည်သူမောင်မောင်

No comments:

Post a Comment