စင်္ကာပူအိပ်မက် (EDB အကြောင်း)
(မိုးမခ) အောက်တိုဘာ ၃၀၊ ၂၀၁၄
(၁)
ကျွန်တော် စင်္ကာပူသို့ ပထမ ဆုံးရောက်ဖူးရသည်မှာ ၁၉၈၁ ခုနှစ်ကတည်းက ဖြစ်ပါသည်။ ထိုစဉ်က ကျွန်တော်တို့အခေါ် မိုးပျံတိုက်ကြီးတွေ ရှိတာကိုဘဲမှတ်မိသည်။ ကျွန်တော်တို့ဆီ က ၆ ထပ်ရုံးဆိုလျင် အလွန်မြင့်လှပေပြီ။ နောက် နှစ်နှစ်တကြိမ်၊ သုံးနှစ်တကြိမ် မပြတ် ရောက်ပါသည်။ စင်္ကာပူသည် တရိပ်ရိပ် တိုးတက်နေသည်ကို မြင်နေရသည်။
၁၉၈ရ ခုနှစ်တွင် MRT ခေါ် မြေအောက်ရထားတွေ စတင်ပြေးနေပြီ။ မှန်တံခါးမှ မြင်ရသော ရထားတွေ ပြေးနေတာမှာ တရိပ်ရိပ်။ စီးရသည်မှာ ညင်သာလှသည်။ မြန်မာပြည်က ရထားတွေလို တဒုံးဒုံး မမည်။ ခုန်လည်း မခုန်။ မြန်မာနိုင်ငံက ခေါင်းဆောင်ကြီးတွေ လာတော့လည်း သူတို့ မီးရထား ကို စီးပြီး လေ့လာ ခိုင်းသည်။ ထိုစဉ်က သူတို့မီးရထားမှာ စင်္ကာပူ၏ အောင်မြင်မှု ပြယုဂ်လို ဖြစ်နေခဲ့သည်။ စင်္ကာပူ ရောက်ရတိုင်း ငါတို့နိုင်ငံ ဘယ်တော့ စင်္ကာပူလိုဖြစ်မလဲဟု ကျွန်တော်တို့ အမြဲစဉ်းစားခဲ့ကြပါသည်။
အခုတော့လည်း တဖြည်းဖြည်း ကျွန်တော် သဘောပေါက်လာရလေသည်။ မြန်မာပြည်သည် စင်္ကာပူ လို ဘယ်တော့မှ ဖြစ်မှာမဟုတ်ဖူးဟု တွေးထင်စပြုလာလေပြီ။ မြန်မာပြည်က ဒီနေ့ အခြေအနေတွေနဲ့ ကတော့ စင်္ကာပူကို မမှီနိုင်ပြီ။ ကျွန်တော်တို့သွားနေသော လမ်းကြောင်းနှင့် အစိုးရ၏ လုပ်ရပ်များမှာ နိုင်ငံတော် တိုးတက်ရေးအတွက် အားရှိစရာ မမြင်ကြရပေ။ ၁၉၉၄ ခုနှစ်တွင် ကျွန်တော်သည် အလုပ် လုပ်ရန်၊ ကာလ တာရှည် နေထိုင်ရန်ရောက် လာသောအခါ စင်္ကာပူကို အနီးကပ် မြင်ရလေသည်။ တတိယကမ္ဘာနိုင်ငံ ငယ်ငယ် လေးသည် ကျွန်တော်တို့ မျက်စိရှေ့မှာပင် ပထမကမ္ဘာ၏ စံပြနိုင်ငံ ဖြစ်လာခဲ့သည်။
ခေါင်းဆောင်ကြီး လီကွမ်းယူး ဦးဆောင်မှုဖြင့် ဤမျှ တိုးတက်ရသည်ဟုဆိုလျင် မှားမည်မထင်ပါ။ သူတစ်ယောက်တည်းနှင့် အခုလိုဖြစ်ရသည်တော့ မဟုတ်။ သို့ပါသော်လည်း သူမပါဘဲတော့လည်း စင်္ကာပူသည် အခုမြင်နေရသည့် အခြေအနေသို့မရောက်နိုင်ပါ။ သက်သေပြချက် ကတော့ ကျွန်တော် တို့ မြန်မာပြည်ကြီးကိုဘဲပြရလိမ့်မည်။ ခေါင်းဆောင်မှု ညံ့ဖျင်းပြီး စေတနာ မမှန်ပါသော် ဘာတွေ ဖြစ်မည်ဆိုသည်ကို ဥဒဟုန်ဆောင်စရာ ကိစ္စတွေ မြန်မာပြည်မှာ တွေ့နိုင်ပါသည်။
(၂)
ယနေ့ ကမ္ဘာကြီး၏ အခြေအနေတွေအရ နိုင်ငံတစ်ခု တိုးတက်ဖို့ဆိုလျင် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုတွေလို သည်။ မြန်မာပြည်တွင် ၁၉၆၂ ခု စစ်အစိုးရတက်လာပြီး ပထမ ဦးဆုံးလုပ်သော လုပ်ရပ်မှာ နိုင်ငံခြား အဖွဲ့ အစည်း၊ အသင်း၊ ကုမ္ပဏီတွေကို နှင်ထုတ်ခြင်းပင်ဖြစ်သည်။ ထိုစဉ်ကစ၍ ကျွန်တော်တို့သည် လမ်းမှား ကြီးအတိုင်း လျောက်ခဲ့ကြတာ ဖြစ်ကြောင်း အခု သဘောပေါက် နိုင်ကြပါသည်။ စင်္ကာပူကမူ ဤသို့မဟုတ်။ မိမိ ခြေထောက်ပေါ် ရပ်နိုင်ပြီဟု ဆိုကတည်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဘယ်လို ရှာရမလဲဟု စပြီး စဉ်းစားခဲ့ကြသည်။
၁၉၅၉ ခုနှစ်တွင် စင်္ကာပူသည် ကိုယ်ပိုင် အုပ်ချုပ်ရေးရသော နယ်တနယ်ဖြစ်လာပါသည်။ ၁၉၆၅ ခုနှစ် သြဂုတ်လတွင်မူ လုံးဝလွတ်လပ်သောနိုင်ငံ တခုဖြစ်လာသည်။ စင်္ကာပူနိုင်ငံ၏ နိုင်ငံ တိုးတက်ရေး မဟာ ဗျူဟာနှစ်ခုမှာ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု နှင့် Tourism လုပ်ငန်းတို့ ဖြစ်ပါသည်။
EDB ခေါ် Economic Development Board ကို ဖွဲ့စည်းရေးအတွက် မစ္စတာ လီကွမ်းယူးကို စတင် အကြံ ဥာဏ်ပေးသူမှာ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ် Dutch လူမျိုး Mr Winsenmius ဆိုသူဖြစ်ပါ သည်။ သူကရင်းနှီး မြှုပ်နှံဖို့ ရောက်လာသူတစ်ဦးကို အစိုးရ၀န်ကြီး ဋ္ဌာနပေါင်းစုံ ဖြင့် ဆက်ဆံရန်မလို ဘဲ နေရာတစ်ခုတည်းတွင် သူ့လိုအပ်ချက်များကို ဖြည့်ဆည်း ပေးမည့် ဌာနတစ်ခု ရှိရန် လိုအပ်ကြောင်း တင်ပြခဲ့သည်။ အစပထမတွင် ရင်းနှီးမြှုပ်နှံ လိုသူကို မိမိကစတင်ပြီး ဖိတ်ခေါ်ရန် လိုအပ်သည်ဟုလည်း ဆိုပါသည်။ EDB သည် နိုင်ငံတွင်းမှ လိုအပ်ချက်မှန်သမျှကို ဖြည့်ဆည်းပေး နိုင်သည့် One stop Agency တခုဖြစ် လာပါသည်။
ဤ တစ်နေရာထဲမှာ ကိစ္စပြီးသည့် သဘောကို စင်္ကာပူ ပြည်သူ့ ဆေးရုံကြီးတွင်တွေ့ မြင်နိုင်ပါသည်။ နိုင်ငံခြားမှ ရောက်လာသော လူနာရှင်များ မှာ ရုံးခန်းတစ်ခုသို့ သွားကြရပါသည်၊ ထိုရုံးခန်း မှ ကျွမ်းကျင် သူများက မည်သည့်ဆရာဝန်နှင့် တွေ့ရမည်။ မည်သည့် အဆောင်သို့ သွားကြရမည်။ အဖိုးအခ အဘယ် မျှ ကျသင့်နိုင်သည်တို့ကို တခါတည်း တွက်ချက်ပေးပါသည်။ လူနာအတွက် stay လိုအပ်ချက် နှင့် အခြားပြဿနာများကို ထိုရုံးခန်းမှာ တင်ပြဆွေးနွေးနိုင်ကြပါသည်။
ပထမဆုံးသော အီး၊ဒီ၊ဘီ ဥက္ကဌက နိုင်ငံတွင်းမှ ပညာတော်ပေ့ ဆိုသူများကို စုစည်းယူပါသည်။ အမေရိကန်၊ သြစတြေးလျ၊ ဥရောပ၊ နယူးဇီလန် စသည်ဖြင့် အကောင်းဆုံး တက္ကသိုလ်များ မှ ဘွဲ့ရပြီးသူများကို လခ အကောင်းဆုံးပေး၍ အီး၊ဒီ၊ဘီ အရာရှိအဖြစ် တာဝန်ပေးသည်။
ထို အရာရှိများ၏ အဓိက တာဝန်မှာ နိုင်ငံခြား မှရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာရေးပင် ဖြစ်သည်။ နိုင်ငံပေါင်း လေးငါးဆယ်မှ CEO များ၊ အုပ်ချုပ်ရေးမှုး များ ကို တယ်လီဖုန်း ဆက်သွယ်ပြီး စင်္ကာပူ နိုင်ငံတွင် ရင်းနှီး မြှုပ်နှံရေးအတွက် ဖိတ်ခေါ်ကြပါသည်။ စင်္ကာပူနိုင်ငံ၏ အနာဂါတ်ရေးမှာ သူတို့ လက်ထဲတွင်ရှိသည်ဟု ယုံကြည်ကြသည်။ အီး၊ဒီ၊ဘီ အရာရှိ တဦးက ကျောင်းဆင်း လွှတ်လိုက်သော ကလေး တွေကိုတွေ့လျှင် သူတို့ လေးတွေကို တနေ့ဘယ်လိုများ အလုပ်ပေးရမလဲဟု အမြဲ တွေးနေမိ သည်ဟု ဆိုပါသည်။
အီး၊ဒီ။ဘီ အရာရှိများအနေဖြင့် လုပ်ငန်းရှင်များမေးသမျှ မေးခွန်းပေါင်းစုံကို ဖြေကြရပြီး အခက်အခဲ ဖြစ်နေသော ပြဿနာ မှန်သမျှ ပြေလည်အောင် ဖြေရှင်းပေးရသည်၊ အချို့ နိုင်ငံခြား ကော်ပိုရေးရှင်း မှ အကြီးအကဲ လုပ်သူများမှာ စင်္ကာပူ ဆိုသော နိုင်ငံ ဘယ်နေရာမှာရှိသည် ဆိုသည်ကို မသိဘူးဟုဆို သည်။ အစပထမတွင် UNDP ခေါ် ကုလသမဂ္ဂအေဂျင်စီ မှ အရာရှိများကို အကူအညီအဖြစ် ခေါ်ထား ကြရပါ သည်၊
အီး၊ဒီ။ဘီ သည် နိုင်ငံ ၏ စက်မှုလုပ်ငန်းများအတွက် လိုအပ်သော Infrastructure များကို တည် ဆောက် ပေးရန် တာဝန်ယူရသည်။ ပထမဆုံး တည်ဆောက်သော သူတို့ ပရောဂျက် မှာ Jurong Industrial Estate ဖြစ်ပါသည်။ စင်္ကာပူနိုင်ငံ အနောက်ဘက်အပိုင်းရှိ ဂျူရောင်း ဆိုသော ရပ်ကွက် တွင် ဧက ၉၀၀၀ ကျော်ခန့် ရှိသော မြေနေရာကွက်တွင် လိုအပ်သော လမ်း၊ လျှပ်စစ်မီး၊ ရေတို့ကို အလုံအလောက် အသုံးပြုနိုင်ရေး နှင့် ရေဆိုးထွက်ပေါက်များအပြင် လိုအပ်သော အဆောက်အဦး များကို အစိုးရက တည်ဆောက်ပေးသည်။
၁၉၆၁ ခုနှစ်တွင် နိုင်ငံခြားပိုင် စက်ရုံ ၁၉ ရုံသာရှိခဲ့ပြီး ၁၉ရ၀ ခုနှစ်တွင် စက်မှု လုပ်ငန်း ၃၉၀ အထိ တိုးမြင့် လာခဲ့ပါသည်။ ၁၉၆၈ ခုနှစ်တွင် Texas Instrument ရောက်လာပြီး သဘောတူ စာချုပ် ချုပ် အပြီး ရက်ပေါင်း ၅၀ အတွင်း production စနိုင်ခဲ့သည်။ သူတို့ နောက် National Semiconductor ရောက်လာခဲ့ပါသည်၊ HP မှ Mr Hewlett က အထောက်တော် မြောက်များစွာ လွှတ်ပြီး သေချာမှ သူကိုယ်တိုင် လာကြည့်ပါသည်၊
၁၉၆၅ ခု လွတ်လပ်ရေး ရပြီးချိန် ဗြိတိသျှ တို့ ထွက်သွား ချိန်တွင် သူတို့ အုပ်ချုပ်ရေး ယန္တယားမှ ၀န်ထမ်း ပေါင်း ၃ သောင်းကျော် လေးသောင်း ခန့် ကို အလုပ် အကိုင် ရရှိရေး အတွက် နိုင်ငံခြားမှ ရင်းနှီး မြှုပ်နှံ လာသော လုပ်ငန်းများကို အားကိုး ကြရပါသည်။ နိုင်ငံရပ်ခြားမှ စက်မှုလက်မှု လုပ်ငန်းအ၀၀ မှာ လျှပ်စစ်ဓါတ် အပါအ၀င် လိုအပ်ချက် အမျိုးမျိုး ရှိတတ်ကြပေရာ အခက်အခဲ အမျိုးမျိုး တွေ့ကြရပါသည်၊ အီး၊ဒီ။ဘီ ၀န်ထမ်းများ ၏ အခက်အခဲများကို မှန်းဆ ကြည့်နိုင်ကြ ပါသည်။ ထို အီး၊ဒီ။ဘီ အရာရှိများထဲ မှ နောက်ပိုင်းတွင် အစိုးရ ၀န်ကြီး ၃ ယောက် နှင့် အတွင်းရေး အတွင်းဝန်များ အမြောက်အများ ပေါ်ထွက်လာပါသည်၊
အီး၊ဒီ။ဘီ အဖွဲ့မှာ တဖြည်းဖြည်း လူအင်အားနှင့် လုပ်ငန်းပမာဏ တိုးပွားလာပြီး နောက်ပိုင်းတွင် ဋ္ဌာန ကြီး ၂ ခု အဖြစ် ခွဲလိုက်ရပါသည်။ DBS ( Development Bank Of Singapore) နှင့် JTC (Jurong Town Council) ဟု ဋ္ဌာနကြီး ၂ ခု ဖြစ်လာပါသည်။ စင်္ကာပူ၏ စက်ရုံ အလုပ်ရုံ အဆောက်အဦ မြောက်များစွာကို ဂျေ၊တီ၊စီ ကပိုင်ဆိုင်ပါသည်၊
၁၉၆၈ ခုနှစ်တွင် အီး၊ဒီ၊ဘီ ရုံးခွဲ တခုကို ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ဖွင့်လှစ်နိုင်ခဲ့ ကြပါသည်။ စင်္ကာပူလူမျိုး ဂျပန် တက္ကသိုလ်မှဘွဲ့ ရရှိပြီး ဂျပန်စကားပြော နိုင်သူကို ဦးဆောင်စေသည်။ ဂျပန်တို့ ၏ ရင်းနှီး မြှုပ်နှံမှုရဘို့ အခက်အခဲများစွာရှိပါသည်။ ဂျပန် တို့က သူတို့ Precision Technology ကို မည်သည့် အာရှ နိုင်ငံကမှ လိုက်မမှီနိုင်ဘူးဟု အယူအဆရှိကြသည်။၊ ၁၉၇၀ ခုနှစ်တွင် ဆီကို နာရီစက်ရုံ စတင်ဖွင့် နိုင်ခဲ့သည်။
ရေနံချက်စက်ရုံ များကို စင်္ကာပူတွင် လာရောက် ဖွင့်လှစ်ရေးမှာမူ နိုင်ငံရေးကိစ္စ များပါ ပါဝင်ပါတ်သက် နေသောကြောင့် ၀န်ကြီးချုပ်ကိုယ်တိုင် ပါဝင်ဆွေးနွေး ညှိနှိုင်း ရသော ကိစ္စများ ရှိခဲ့ဘူးပါသည်။ ၁၉၈၀ ခုနှစ်များ မှာမှ ရေနံချက် စက်ရုံများကို စင်္ကာပူတွင် စတင် တည်ဆောက် နိုင်ခဲ့ ကြပါသည်။ ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာခြင်းကို ပါတ်ဝန်းကျင် နိုင်ငံများက အားကျခဲ့ကြသည်။
စင်္ကာပူမှ အောင်မြင်မှုများကို ကြည့်ပြီး မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခြေအနေ များကို ကျွန်တော် တွေးကြည့်မိသည်။ စင်္ကာပူ နိုင်ငံတွင် သဘာဝ ထွက်ကုန် ဟူ၍ မရှိဘဲ မြန်မာနိုင်ငံတွင် ကျွန်းသစ်၊ ရေနံ၊ ကျောက်သံ ပတ္တမြား စသည်ဖြင့် သယံဇာတ ပစ္စည်း ပေါင်းစုံ ထွက်ရှိပါသည်၊ သို့ပါ သော်လည်း ယနေ့ မြန်မာနိုင်ငံတွင် ၀င်ရောက်လာမည့် စက်ရုံများ အဆင်ပြေပြေ လည်ပါတ်နိုင်ရေး အတွက် Infrastructure မှာ ပြည့်စုံနေဖို့လိုသည်၊
ကျွန်တော့်ကို အခန်း ၂၀၀၊ ၃၀၀ ပါဝင်သော ဟော်တယ်ကြီးတစ်ခု မြန်မာနိုင်ငံတွင် ဆောက်လို ပါသည် ဟု နိုင်ငံခြားသား တစ်ယောက်က မေးပြီဟုဆိုပါစို့။ ကျွန်တော့်တွင် လမ်းညွှန်ပေး နိုင်သော အရည်အချင်း မရှိပါ။ ဘယ်သူ့ဆီကိုသွားပြီး ဘယ်သူ့ကိုမေးပါဟု ကျွန်တော့်တွင် ပြောပြနိုင်သော အချက်အလက်မရှိပါ၊
နိုင်ငံတကာ ကုမ္ပဏီကြီးများက ဤကဲ့သို့မရေမရာ အခြေအနေကို လက်ခံလိမ့် မည်မဟုတ်။ Mr Hewlett လိုပုဂ္ဂိုလ်များမှာ ကိုယ်တိုင် မလာမှီ အထောက်တော် ပေါင်းများစွာဦးစွာ လွှတ်ပြီးမှ လာသင့်၊ မလာသင့် ဆုံးဖြတ်ကြသည်၊
နိုင်ငံခြားသား တစ်ယောက်က ဟော်တယ်ဆောက်လိုသည်။ နိုင်ငံတော်အနေဖြင့် သင့်တော်သော မြေနေရာနှင့် သင့်တော်သောဈေးနှုန်းတို့ကို ပြောပြ နိုင်စွမ်းရှိရပါမည်။ သူ၏ ရင်းနှီးမြှုပ်နှံမည့်ငွေကို နိုင်ငံတွင်းသို့ တရားဝင် တင်သွင်းနိုင်သော နည်းလမ်း ရှိရပါမည်။ သူ၏ ၀န်ထမ်းများ၏ နေရေး ထိုင်ရေး လစာငွေ ပေးနိုင်ရေးအတွက် တရားဝင် နည်းလမ်းများရှိရ ပါမည်၊ သူ့ဝင်ငွေကို လိုအပ်သလို ပြည်ပသို့ ပို့ပေးနိုင်ရန်သူ့တွင် နည်းလမ်းရှိရပါမည်။
လုပ်ငန်းသဘောမှာ အနှောင့်အယှက် မှန်သမျှ ဖယ်ရှား ပြစ်ရပါမည်။ နိုင်ငံခြားသားသည် နိုင်ငံတကာ စံနှုန်း၊ စံညွှန်းတွေကို သာသိသည်။ မြန်မာပြည်မှာက မြန်မာတို့ စံနှုန်း တွေသာ နေရာတကာမှာရှိနေသည်။
စင်္ကာပူတွင် ပြည်ပနိုင်ငံမှ တင်ပို့ လိုက်သော ကုန်ပစ္စည်းသည် လေယာဉ် နှင့် ဆိုက်ရောက် လာပါ လျင် ၄-၅ နာရီအတွင်း ပိုင်ရှင်က မိမိကားပေါ်တွင်တင်ခါ မောင်းထွက် သွားနိုင်ကြပါသည်။ သင်္ဘော နှင့် ရောက်လာလျင် ၃ ရက်အတွင်း ပိုင်ရှင် က ထုတ်ယူနိုင်ပါပြီ။ ကျွန်တော်တို့ တခါက ကြုံရဘူးသည် မှာ တင်ပို့ လိုက်သော ပစ္စည်းထုပ်သည် ယခုနှစ် ဧပြီ ၅ ရက်နေ့က ရန်ကုန်ဆိပ်ကမ်း သို့ရောက် ပါသည်။ သင်္ကြန်ပိတ်ရက်ကြောင့်ဆိုကာ ဧပြီ ၂၅ ရက် မိုးကြီးချုပ်မှ ကျွန်တော်တို့ နေရာသို့ ပစ္စည်း ထုပ် ရောက်ပါသည်။
ဆိပ်ကမ်းတွင် ပစ္စည်းတစ်ခု၏ ကြေငြာထားသော တန်ဖိုးသည် နည်းနေသည်ဟုဆိုပါစို့။ ဆိပ်ကမ်း အရာရှိများက ပိုင်ရှင်နှင့် ငြင်းခုန်မနေပါ။ ပစ္စည်းတန်ဖိုးကို နောင်ကျွမ်းကျင်သူများက စစ်ဆေးကြပါ လိမ့်မည်။ တန်ဖိုးက Catalogue မှာ မပါသောကြောင့် ပစ္စည်းထုတ်ရန် ကြန့်ကြာခြင်းမဖြစ်ပါ။ အကယ်၍ ပစ္စည်းတန်ဖိုးကို လျှော့ပေါ့ကြေငြာပြီး ထုတ်ယူပါလျင် နောင်တွင် ရှင်းယူရန် တာဝန်မှာ ကြေငြာသူ၏ တာဝန်ပင်ဖြစ်ပါသည်။
အကောက်ခွန် ကောက်ရာတွင် စင်္ကာပူနိုင်ငံတွင် ယနေ့ (၇) ရာခိုင်နှုန်း ကောက်ခံပါသည်၊ ဤသို့ မြှင့်တင်ရန် ချက်ခြင်း။ဆုံးဖြတ်ကြသည် မဟုတ်ပါ။ ၃%၊ ၅ % စသည်ဖြင့် အချိန် ၁၀ နှစ်မျှ ယူပြီး တဖြည်းဖြည်း မြှင့် တင်ယူပါသည်။ အကယ်၍ အခွန်ပေးဆောင်ပြီး ပစ္စည်းကို စင်္ကာပူနိုင်ငံ တွင်းတွင် မသုံးဘဲ ပြည်ပသို့ ထုတ်ယူပါက ကောက်ခံပြီး အခွန် ကို ပြန်ပေးပါ သည်။
မြန်မာနိုင်ငံက ကောက်ယူနေသော အခွန်နှုန်းထား သင့်တော်သည် မသင့်တော်သည်ကို ပါတိတ် တင်သွင်းကြသော ဥပမာဖြင့် သိသာနိုင်ပါသည်။ အင်ဒိုနီးရှားနိုင်ငံက ထုတ်သော ပါတိတ်ကို ရန်ကုန် ဆိပ်ကမ်းသို့ မပို့ကြပါ။ ယိုးဒယားနိုင်ငံ ဘန်ကောက်မြို့မှ တဆင့် မြ၀တီ၊ မြ၀တီမှ ကုန်းလမ်းဖြင့် ထရပ်ကားများနှင့် ရန်ကုန်သို့ ပို့ ကြပါသည်။ ဤကိစ္စ ဘယ်လိုမျှ မဖြစ်သင့်သော ကိစ္စ ဖြစ်ပါသည်။
ကျွန်တော်တို့သည် မြန်မာနိုင်ငံတွင် စင်္ကာပူမှ အီး၊ဒ၊ီဘီ ကဲ့သို့ အလားတူ အဖွဲ့တခုတွေ့ မြင်လိုပါသည်။ ထိုအဖွဲ့တွင် နိုင်ငံခြား တက္ကသိုလ်များမှ ဘွဲ့ ရခဲ့သူများ၊ မြန်မာပြည်တွင်းရှိ ဥာဏ် ထက်မြက်သည့် ပညာရှင်များ၊ စီပွားရေးကို ကျွမ်းကျင်သူများ၊ တက်ကြွသော လူငယ်များဖြင့် ဖွဲ့စည်း ပေးစေလိုပါ သည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံ သူများနည်းတူ ပြည်တွင်းမှ လုပ်ငန်းရှင် များ၏ အခက်အခဲ များကို ထိုအဖွဲ့ မှ အရာရှိများက ဖြေရှင်းပေးနေသည်ကို တွေ့မြင် လိုပါသည်။
McDonnald နှင့် KFC ကဲ့သို့သော ကုမ္ပဏီကြီးများ မြန်မာပြည်တွင် လာရောက် စီးပွားရေး လုပ်ကိုင် နေကြသည်ကို ကျွန်တော်တို့ တွေ့မြင်လိုပါသည်။ ၄င်းတို့အတွက် သင့်တော်သော အခြေ အနေကောင်း များကို ဖန်တီးပေးရန် ကျွန်တော်တို့တွင်တာဝန်ရှိပါသည်။ ကျွန်တော်တို့ ချမှတ်လိုက် သော ပေါ်လစီ တစ်ခု မှန်၊ မမှန်ကို တိုင်းပြည်၌ ထိုကဲ့သို့သော နိုင်ငံတကာ ကုမ္ပဏီကြီးများ ရှိ၊ မရှိ ကို ကြည့်ခြင်းဖြင့် သိနှိုင်ကြပါသည်။
စင်္ကာပူနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှာ အခြေအနေ မတူ၊ ကွဲ ပြားခြားနားမှု မြောက်များစွာရှိပါသည်။ မြန်မာနိုင်ငံက ဧရိယာ ကြီးမား ကျယ်ပြန့်ပြီး သယံဇာတ ပေါကြွယ်ဝပါသည်။ ပုံတူကူးချရန် မလိုပါ။ တရုတ်နိုင်ငံ သမ္မတဟောင်း Jiang Zemin မှာ သမ္မတ မဖြစ်မှီက စင်္ကာပူကို အီး၊ဒီ၊ဘီ အဖွဲ့ အကြောင်း လေ့လာရန် လာပြီး ရက်သတ္တ ၂ပါတ်ကြာနေ သွားဘူးပါသည်။ အပြန်မှာ Fujian နှင့် Guangdong Special Economic Zone ၂ခု ကိုထူထောင်ရန် တာဝန် ပေးခြင်း ခံရပါသည်။ တရုတ်ပြည်ကပင် နည်းယူရသည် ဆိုလျင် မြန်မာတို့ အဖို့နည်းယူရန် ၀န်မလေးသင့်ပါ။
တရုတ်ပြည်တွင် စီးပွားရေး ပြုပြင်ပြောင်းလဲရေး လုပ်သည် ဆိုရာ၌ State Control ခေါ် အစိုးရ၏ ပါဝင်ပါတ်သက်မှုကို လျော့ချပေးခြင်းပင် ဖြစ်ပါသည်။ အစိုးရသည် ပြည်သူတို့၏ ပြဿနာကိုဖြေရှင်း ပေးရန် နှင့် တရားဥပဒေစိုးမိုးရေး ရှိစေရန်ု ထိမ်းသိမ်းပေးရန်ပင် ဖြစ်ပါသည်။ အစိုးရက စီးပွားရေး မလုပ်ပါ။ အစိုးရသည် စီးပွားရေးလုပ်ရန် မလိုပါ။ တချိန်တည်းမှာပင် ကုန်သည်တို့၏ လုပ်ငန်းများ တွင် အစိုးရ၏ ပါဝင်ပါတ်သက်မှု နည်းလေ ကောင်းလေပင် ဖြစ်ပါသည်။ အစိုးရက ကန့်သတ်ချက်များမှာ မည်သူ့ကိုမျှ ကူညီရာ မရောက် တတ်ပါ။ အစိုးရအရာရှိကြီးများ အနေဖြင့် တိုင်းပြည် စီးပွားရေး ကောင်းမွန် တိုးတက် စေလိုပါလျင် စီးပွားရေး လုပ်ငန်းများ၌ ၄င်းတို့၏ ပါဝင် ပါတ်သက်မှုကို တတ်နိုင် သမျှ လျှော့ချရန်ပင်ဖြစ်ပါသည်။
၁၉၆ရ ခုနှစ်တွင် အင်ဒိုနီးရှား သမ္မတကြီး ဆူဟာတိုက Dr BJ Habibie ခေါင်းဆောင်သော အဖွဲ့ ကို ဘာတန်ကျွန်း စက်မှုဇုံ ဖွံ့ ဖြိုးရေး လုပ်ငန်းများ လုပ်ရန် စင်္ကာပူနိုင်ငံ၏ အကူအညီ ရနိုင်ရေးအတွက် ဆွေးနွေးဘို့ စေလွှတ်လိုက်ပါသည်။ ဘာတန်ကျွန်းတွင် ဟက်တာ ၅၀၀ အကျယ် အ၀န်းရှိသော စက်မှုဇုံ ကို စင်္ကာပူနှင့် ဖက်စပ်ထူထောင်ကြပြီး ၁၉၉၉ ခုနှစ်များတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နံမှု ဘီလီယံ ချီပြီး ၀င်ရောက်နေပါပြီ။
(၃)
ကျွန်တော်တို့နိုင်ငံ အနေဖြင့် စင်္ကာပူလိုဖြစ်ရန်မှာ လက်ရှိအခြေအနေတွေနှင့် ဆိုသော် စိတ်ကူး ယဉ်အိပ်မက် သဖွယ်ဖြစ်နေပေသည်။ လူအရင်းအမြစ် မျိုးချစ်စိတ်ရှိသော ပညာတတ်တွေပေါသည့် ကျွန်တော်တို့ နိုင်ငံမှာ အခြေအနေက ပေးလျင် မဖြစ်စရာမရှိ။ ပို၍ပင် အောင်မြင်နိုင်ပါသည်။
စင်္ကာပူနိုင်ငံ၏ အောင်မြင်မှုများမှာ အောင်မြင်သော ပုံစံ (model) တခုသာဖြစ်ပါသည။၊ သူတို့အတွေ့ အကြုံများမှာ မှတ်တမ်းတင်ပြီးရှိနေရာ ၄င်းတို့မှ တန်ဖိုးရှိသော သင်္ခန်းစာတွေ ရနိုင် ကြပါသည်။ ကျွန်တော်တို့နိုင်ငံ အခြေအနေနှင့် လိုက်ဖက်တာကိုယူပြီး မလိုတာတွေ ပယ်ကြရုံသာ ရှိပါသည်၊
ကိုသန်းလွင်
ကိုသန်းလွင် – စင်္ကာပူအိပ်မက် (EDB အကြောင်း)
ကိုသန်းလွင် – စင်္ကာပူအိပ်မက် (EDB အကြောင်း) (မိုးမခ) အောက်တိုဘာ ၃၀၊ ၂၀၁၄ (၁) ကျွန်တော် စင်္ကာပူသို့ ပထမ ဆုံးရောက်ဖူးရသည်မှာ ၁၉၈၁ ခုနှစ်ကတည်းက ဖြစ်ပါသည်။ ထိုစဉ်က ကျွန်တော်တို့အခေါ် မိုးပျံတိုက်ကြီးတွေ ရှိတာကိုဘဲမှတ်မိသည်။ ကျွန်တော်တို့ဆီ က ၆ ထပ်ရုံးဆိုလျင် အလွန်မြင့်လှပေပြီ။ နောက် နှစ်နှစ်တကြိမ်၊ သုံးနှစ်တကြိမ် မပြတ် ရောက်ပါသည်။ စင်္ကာပူသည် တရိပ်ရိပ် တိုးတက်နေသည်ကို မြင်နေရသည်။ ၁၉၈ရ ခုနှစ်တွင် MRT ခေါ် မြေအောက်ရထားတွေ စတင်ပြေးနေပြီ။ မှန်တံခါးမှ မြင်ရသော ရထားတွေ ပြေးနေတာမှာ တရိပ်ရိပ်။ စီးရသည်မှာ ညင်သာလှသည်။ မြန်မာပြည်က ရထားတွေလို တဒုံးဒုံး မမည်။ ခုန်လည်း...
Read more »ကိုသန်းလွင် – စင်္ကာပူမီးရထား
ကိုသန်းလွင် – စင်္ကာပူမီးရထား (မိုးမခ) ဇူလိုင် ၉၊ ၂၀၁၅ (၁) ကျွန်တော့်အဖို့ စင်္ကာပူမှ မြေအောက်ရထား (MRT) ကိုစတင်စီးဘူးရသည်မှာ၁၉၈၉ ခုနှစ်များဆီမှဖြစ်ပါသည်၊ စင်္ကာပူတွင် အနေကြာပြီး ဂျင်ဖြစ်နေကြသော ကျွန်တော့် တူမများကရထားစီးရန်ခေါ်သွားကြခြင်းဖြစ်ပါသည်၊ ကျွန်တော် သည်မီးရထားစီးမည်ဆိုတော့ တဂျုန်းဂျုန်းအသံတွေပြုပြီးသွားနေသော ရထားကြမ်းကြီးတွေ ဟုထင်ခဲ့မိသည်။ ဘူတာရုံမှာ မြေအောက်မှာရှိရာ ပလက်ဖေါင်းသို့ရောက်သွားသောအခါ လေအေးစက်မှလေအေးတွေ မှုတ်သွင်း ထားသောအခန်းကျယ်ကြီးတခုထဲ ရောက်သွား သလိုဖြစ်နေပါသည်၊ ပလက်ဖေါင်းပေါ်တွင် ရထားပြေးလမ်း ရှိရာဘက်၌ မှန်တံခါး တွေပိတ်ထားလေရာ ရထားဝင်လာတာကို ရုတ်တရက်ဘာမှန်းမသိရ၊ ရိပ်ကနဲ ရိပ်ကနဲ ဖြတ်သွား နေသော တွဲတွေကိုသာမြင်ရသည်၊ ရထားလမ်းက ငြိမ်လွန်း သောကြောင့် တွဲထဲမှာလ္ဘက်ရည်ခွက် ကိုကိုင်၍ သောက်လျင်ရမည်ထင်သည်၊ သို့သော် ဘူတာရုံဝင်ကတည်းက အစား၊ အသောက်ကို...
Read more »ကိုသန်းလွင် – ၀န်ကြီးချုပ်နှင့် သူ၏အကြံပေးအရာရှိ
ကိုသန်းလွင် – ၀န်ကြီးချုပ်နှင့် သူ၏အကြံပေးအရာရှိ (မိုးမခ) ဇွန် ၂၀၊ ၂၀၁၅ (၁) ကွန်လွန်သူ ၀န်ကြီးချုပ်ဟောင်းမစ္စတာလီကွမ်းယူး၏ ဈာပနအခမ်းအနား ကျင်းပရာသို့ Dr. Albert Winsemius ၏ သားသမီးများ တက်ရောက်လာခဲ့ကြပါသည်။ ဒတ်(ခ်ျ)လူမျိုး စီးပွားရေးပညာရှင် မစ္စတာဝင်စီးမီးရပ်(စ) မှာ စင်္ကာပူအစိုးရ၏ အကြံပေး အရာရှိအဖြစ် ၁၉၆၁ ခုနှစ်မှစ၍၂၅ နှစ်ကြာ ဆောင်ရွက် ခဲ့သည်။ စင်္ကာပူနိုင်ငံ၏ အောင်မြင်မှုများကို ဆန်းစစ်ကြည့်လျင် သူ ၏လက်ရာမြောက်များစွာကိုတွေ့ရ မည်ဖြစ် သည်၊ အချို့ကလည်း ၀န်ကြီးချုပ်လီကွမ်းယူး သည် သူ့အကူအညီကိုသာ မရလျင် စင်္ကာပူသည် ဤမျှ အောင်မြင်စရာအကြောင်းမရှိဟုအလွန်အကျွံ ဆိုသူကဆိုကြသည်၊ ၁၉၆၅ ခုနှစ်မှာဗြိတိသျှ ကိုလိုနီ...
Read more »ကိုသန်းလွင် – စင်္ကာပူဘတ်ဂျက်
ကိုသန်းလွင် – စင်္ကာပူဘတ်ဂျက် (မိုးမခ) မတ် ၁၂၊ ၂၀၁၅ (၁) စင်္ကာပူနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် အစိုးရသည် နှစ်စဉ်နှစ်တိုင်းရှေ့လာမည့် နှစ်တွင် သုံးစွဲမည့် အစီအစဉ် ဘတ်ဂျက် ကို နိုင်ငံတော်သို့ တင်ပြရမည်ဟု ပြဋ္ဌာန်းပါရှိသည်။ ဖေဖော်ဝါရီ ၂၃ ရက်နေ့ကလွှတ်တော်တွင် ဒုတိယ၀န်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး ဖြစ်သူ (Mr. Tharman Shanmugaratnam) က၂၀၁၅ခုနှစ်အတွက် ဘတ်ဂျက်ကိုတင်ပြခဲ့သည်၊ လွန်ခဲ့သော နိုဝင်ဘာလ မှစတင်၍ ပြည်သူတို့အကြား အကြံဥာဏ် များရယူကာ နှစ်လကျော် အချိန်ယူ၍ ဤ ဘတ်ဂျက် ကိုရေးဆွဲခဲ့ကြခြင်း ဖြစ် သည်၊ မတ်လ၂ရက်နေ့ မှစတင်ပြီးလွှတ်တော်တွင် ကိုယ်စားလှယ်များက မာရသွန်ဆွေးနွေးပွဲများဖြင့် ဘတ်ဂျက်အသစ်နှင့်ပတ်သတ်၍ ဆွေးနွေးကြရန်ဖြစ်သည်၊ ထိုဆွေးနွေးပွဲများပြီးလျင် မဲခွဲ ဆုံးဖြတ် ကြမည်၊...
Read more »ကိုသန်းလွင်
ကိုသန်းလွင် ● အင်တာနက်၏ ဒုတိယတော်လှန်ရေး
ကိုသန်းလွင် ● အင်တာနက်၏ ဒုတိယတော်လှန်ရေး (မိုးမခ) အောက်တိုဘာ ၁၉၊ ၂၀၁၆ (၁) မိမိအိမ်မှာ နှစ်ပေါင်း ၃၀ ကျော် နေထိုင်ခဲ့ပါလျက်၊ ရဲမှလာပြီး မြေကွက်မှ ဖယ်ပေးရမည်ဟု နှင်ထုတ်ခံရသော အမှုတခု ဟွန်ဒူးရပ် နိုင်ငံတွင် ၂၀၀၉ ခုနှစ်က ဖြစ်ပွားခဲ့ပါသည်။ အိမ်ပိုင်ရှင်မှာ မြေနေရာကို ပိုင်ဆိုင်ကြောင်း အထောက်အထား သက်သေစာရွက်စာတမ်းတွေရှိပါသည်။ သို့ပါသော်လည်း နိုင်ငံ၏ပိုင်ဆိုင်မှု ထိမ်းသိမ်းရေးရုံး (Property Institute) တွင် နာမည်ပေါက်သူမှာတမျိုးဖြစ်နေသည်။ ထိုပိုင်ဆိုင်သူကတရားသူကြီးကို ချဉ်းကပ်ခါ နှင်ထုတ်ခွင့် အမိန့်ကိုရယူခဲ့ခြင်း ဖြစ်ပါ သည်။ ဤပြဿနာမျိုးမှာ ပိုင်ဆိုင်မှု ရီကော့ကို သေသေချာချာ သိမ်းဆည်းမထားသော နိုင်ငံများတွင် ဖြစ်လေ့ရှိပါ သည်။ ဟေတီ နိုင်ငံတွင် ငလျင်လှုပ်သောအခါ မြေ...
Read more »ကိုသန်းလွင် – သမ္မတကြီးထံသို့အိပ်ဖွင့်ပေးစာ
ကိုသန်းလွင် – သမ္မတကြီးထံသို့အိပ်ဖွင့်ပေးစာ (မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၁၆ (၁) နိုင်ငံတော်သမ္မတကြီးခင်ဗျား ကျွန်တော်တို့သည် သမ္မတကြီးနည်းတူ မူလတန်း၊ အထက်တန်းမှ တက္ကသိုလ် ကျောင်းသားဘ၀ အလုပ်ခွင်ဝန်ထမ်းဘ၀၊ ယခု ပင်စင်စားဘ၀သို့ ရောက်သည့်တိုင် နိုင်ငံတွင် ကောင်းမွန်သော အပြောင်း အလဲများဖြစ်လာလိမ့်မည်ဟု မျှော်လင့်ခဲ့ကြရသူများ ဖြစ်ပါသည်၊ သမ္မတကြီးတို့ အစိုးရအဖွဲ့ စတင် တာဝန်ယူခဲ့သည့် ဧပြီလသည် ကျွန်တော်တို့၏ မျှော်လင့်ချက်ရောင်ခြည်များ တလက်လက် တောက်ပလာခဲ့ကြသည့် အချိန်များ ဖြစ်ပါသည်၊ သို့ပါသော်လည်း ယနေ့အထိ နိုင်ငံတော်၏ အုပ်ချုပ်ရေး ယန္တယားကြီးမှာ အပြောင်းအလဲဟူ၍ ထင်ရှားစွာ မတွေ့ရဘဲ ယခင်အချိန်များအတိုင်း ကြိုးနီစနစ်၊ တင်းကြပ်သော စည်းမျဉ်းဥပဒေများဖြင့် ပြည်သူလူထုအဖို့ အလုပ်အကိုင် ခက်ခဲနေဆဲပင် ဖြစ်ပါသည်။ ကျွန်တော်တို့သည် သမ္မတကြီးတို့...
Read more »ကိုသန်းလွင် – ကုမ္ပဏီများမှတ်ပုံတင်ခြင်းကိစ္စ
Aye Kyaw Kyaw ကိုသန်းလွင် – ကုမ္ပဏီများမှတ်ပုံတင်ခြင်းကိစ္စ (မိုးမခ) စက်တင်ဘာ ၁၆၊ ၂၀၁၆ (၁) ကျွန်တော်တို့၏ကုမ္ပဏီလိပ်စာပြောင်းရန်လိုအပ်သဖြင့်အကျိုးဆောင်ဌာနတခုကိုမေးရာဆောင်ရွက်ခတစ်သိန်းခွဲ ပေးရမည်ဟုဆိုသည်၊ ရန်ကင်းရှိကုမ္ပဏီများမှတ်ပုံတင်ဌာနသို့သွားသော် ၂၅၀၀ကျပ်နှင့်ပြီးခဲ့ပါသည်၊ အခုတော့ နှုန်းက ဆယ်ဆတက်သွားပြီး ၂၅၀၀၀ ပေးကြရတော့မည်ဟုဆိုသည်၊ ထို့နောက် သွင်းကုန်၊ ထုတ်ကုန်ဌာနသို့ လည်း သွားရဦးမည်ဟုညွှန်ကြားလိုက်သည်၊ ၂ရ လမ်းရုံးထိပ်တွင်တွေ့သော ပွဲစားကကျပ် ငါးသောင်းပေးရမည်၊ လူစောင့် စရာမလို၊ အိမ်အရောက်ပို့ပေးပါမည်ဟုဆိုသည်၊ ငွေ ၄၀၀၀ ကျပ် ရုံးတွင် ပေး သွင်းပြီး အဆင်ပြေ သွားခဲ့ပါသည်။ လိပ်စာပြောင်းကိစ္စမှာ တနေရာနှင့်မပြီး၊ ကုမ္ပဏီဦးစီးဌာနမှ CRD ကဒ်- Certificate Of Registration of Documents ခေါ်ကဒ်ပြားထုတ်ပေးလိုက်သည့်တိုင် အခြားဌာနတွေကိုသွားရသေးသည်။ ခရီးသွားလုပ်ငန်း ကုမ္ပဏီအတွက်...
Read more »
ကိုသန်းလွင် – စင်္ကာပူဆိပ်ကမ်း
ကိုသန်းလွင် – စင်္ကာပူဆိပ်ကမ်း (မိုးမခ) သြဂုတ် ၁၂၊ ၂၀၁၅ (၁) ကွန်တိန်နာများကိုသယ်ဆောင်သော သင်္ဘောကြီးများကိုတည်ဆောက်ရာတွင် မက်ထရစ် စံနစ်အတိုင်းအတာ ကိုသုံးစွဲကြသော်လည်း ကွန်တိန်နာများမှာ ၂၀ပေ, ၄၀ပေ စသည်ဖြင့် ဗြိတိသျှ အင်ပါရီရယ်စံနစ်ကိုသာ သုံးကြသည်၊ TEU ဆိုသည်မှာ Twenty Foot Equavilent Units ကို ခေါ်ပါသည်၊ အမေရိကန်လူမျိုး Malcom Mclean ဆိုသူက ကွန်တိန်နာကို တီထွင်ခဲ့ရာ ကွန်တိန်နာနှင့် ပစ္စည်းတင်ပို့သော စံနစ်သည် ချက်ခြင်းလူတိုင်းက လက်ခံသောကုန်သွယ်ရေး နည်းလမ်းတခုဖြစ်လာခဲ့ပါသည်။ ၁၉၅၆ခုနှစ်၊ ဧပြီလတွင် စတင်သုံးစွဲတင်ပို့စဉ်က နီဝပ်မှ ဟူစတန် သို့ ပြေးဆွဲသော ယခင်ကဆီပို့သည့် သင်္ဘောပေါ်တွင် ကွန်တိန်နာ ၅၈ လုံးသာပါခဲ့ပါသည်၊ ယခုသင်္ဘောတစီးလျင် အလုံးရေ ...
Read more »ကိုသန်းလွင် – စင်္ကာပူလိုဖြစ်အောင်
ကိုသန်းလွင် – စင်္ကာပူလိုဖြစ်အောင် (မိုးမခ) သြဂုတ် ၄၊ ၂၀၁၅ (၁) စင်္ကာပူသည် ဖွံ့ဖြိုးတိုးတက်သည့် ပထမကမ္ဘာနိုင်ငံများစာရင်းဝင် ဖြစ်နေပါပြီ၊ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တတိယကမ္ဘာ အဆင့်မှာဘဲ ရှိသေးသည်၊ ကျွှန်တော်တို့နိုင်ငံကို စင်္ကာပူလို နိုင်ငံဖြစ်အောင် ပြောင်းလဲ ပြစ်ရမည်ဟု တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေလိုသောဆန္ဒရှိသူတိုင်းက လိုလားတောင့်တကြပါသည်။ (၂) စင်္ကာပူနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အစိုးရအဖွဲ့တခုသည် မိမိ၏သက်တမ်း(၅)နှစ်တာ ကာလအတွင်းဝင်ငွေ နှင့် ထွက်ငွေညီမျှအောင်သုံးစွဲရမည်ပာု အတိအလင်း ရေးသားထားပါသည်၊ (Balance Budget) ရှိရမည်ဟု ဆိုလိုပါသည်၊ နိုင်ငံခြားမှချေး ငွေယူရသည်ပာုမရှိ၊ မီးရထား၊ လေဆိပ်အဆောက်အဦး၊ ပန်းခြံကြီးများ၊ လမ်းဖေါက်ခြင်းစသည့် ပရောဂျက်များ ကို မိမိ၏၀င် ငွေအတွင်းမှပင်သုံးစွဲကြရပါသည်။ စင်္ကာပူ နိုင်ငံသည် ၁၉၆၀ ခုနှစ်တွင် ကိုယ်ပိုင်အုပ်ချုပ်ရေးရပြီဆိုသည်နှင့် သူတို့ပဌမဆုံး...
Read more »
ကိုယ်ရေးအကျဉ်း။
ဦးသန်းလွင် ၊ စင်ကာပူအခြေချ မြန်မာလုပ်ငန်းရှင်ဖြစ်ပြီး အင်ဂျင်နီယာတဦးအဖြစ် အသက်မွေးခဲ့ပါတယ်။ ယခု စင်ကာပူမှာပဲ မိသားစု၊ ဇနီး၊ သား၂ဦးနဲ့ နေထိုင်ပြီး ပင်နီစူလာပလာစာ ဒုတိယထပ်မှာ မြသရဖူစတိုးဆိုင် လုပ်ငန်းလုပ်ရင်း ဝါသနာပါတဲ့ စာအုပ်စင်လုပ်ငန်းနဲ့ နေထိုင်သူဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှ ငယ်စဉ်က လူရည်ချွန်ဆုများရရှိ ပညာချွန်ခဲ့သူဖြစ်ပါတယ်။ ရန်ကုန်စက်မှုတက္ကသိုလ် ၁၉၇၇ အီလက်ထရွန်းနစ်အင်ဂျင်နီယာ BE Electronic 1977 ရရှိခဲ့ပြီး မြန်မာ့ရေနံလုပ်ငန်းမှာ ပြန်ထမ်းဝန်အရာရှိအဖြစ် နှစ်အတန်ကြာလုပ်ဆောင်ခဲ့ပါတယ်။ ရေနံကုမဏီကြီး ဆလပ်ဘာဂျာ စက်မှုတက္ကသိုလ် အောင်လက်မှတ်မှာ အမှတ်ကောင်းသူ၊ ထိပ်တန်းကျောင်းဆင်းများကို ခေါ်ယူအလုပ်ပေးလေ့ရှိရာ ဦးသန်းလွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းခဲ့ပြီး၊ အသက်၅၅နှစ်ပြည် ပင်စင်ယူခဲ့ပါတယ်။ အခါအားလျှော်စာ မိုးမခမဂ္ဂဇင်း၊ The Voice၊ စံတော်ချိန် စတဲ့ သတင်းစာ၊ စာစောင်များမှာ ဆောင်းပါးများရေးသားနေပါတယ်။
.
ဦးသန်းလွင် ဆောင်းပါးများ (မိုးမခ Moemaka) Link
https://goo.gl/NELqek
.
.
Ref
http://engrmyanmar.blogspot.com/
No comments:
Post a Comment