Monday, June 25, 2018

စင်ကာပူ စာကြည့်တိုက် NLB မရောက်တာကြာတော့ ၃ရက်

စင်ကာပူ စာကြည့်တိုက် NLB မရောက်တာကြာတော့ ၃ရက်. ၃ခု. City Hall, Woodlands နဲ့ ဒီကနေ့ Jurong NLB ရောက်တယ်။
လွန်ခဲ့တဲ့ နှစ်၂၀ က ဒီနေရာမှာ စာကြည့်တိုက်အသေးလေး.မြန်မာ့အသံ သတင်း TV အစီစဉ်ကြေငြာသူ အမျိုးသမီးတယောက် အလုပ်လုပ်ဖူးတယ်။
အခုတော့ ၄ထပ်တိုက် ဧရာမကြီး အကျယ်ကြီး စည်ကားနေတယ်။ ကျောင်းသားတွေ ပေါများလွန်းတယ်။ စာကြည့်စားပွဲ မြောက်များစွာ ကြမ်းပြင်ပေါ် လှဲပြီးစာကြည့်နေသူ ကျောင်းသားများစွာ အထပ်တိုင်းမှာပါ။
.
8.June ထုတ်တဲ့ Newsweek မဂ္ဂဇင်းမှာ
.
MYANMAR
AUNG SAN
SUU KYI
WON A
NOBLE PEACE
PRIZE
.
DOES SHE STILL
DESERVE
IT
?
.
မျက်နှာဖုံးဆောင်းပါး ဖြစ်ပါတယ်။ Remembering RFK/Debunking Deep State.. ကို ကွန်ပြူတာမှာပဲ e-book အဖြစ် ဖတ်ရပါတယ်။ လက်မ ၃၀ မော်နီတာ ဖန်သားပြင်မှာ ကြိုက်သလို ချဲ့ပြီး ဖတ်နိုင်ပါတယ်။ စားပွဲတလုံးကို ၈ယောက် ကွန်ပြူတာ ဂလုံး..အင်တာနက်ကိုတော့ တနေ့ တနာရီပဲ အခမဲ့ သုံခွင့်ပေးပါတယ်။ မိုဘိုင်းဖုန်း နဲ့ပဲ ကျောင်းသားတွေ အခမဲ့ wifi သုံးပြီး ဖတ်ကြတယ်။ ကွန်ပြူတာ အကြီးကြီးတွေကတော့ စာရေးသူ တို့လို အသက်ကြီး ယောင်္ကျားတွေပဲ ထိုင်သုံးကြပါတယ်။
.
WHy
NATION
FAIL
ဆိုတဲ့ စာအုပ်ထူကြီးကို တွေ့ပါတယ်။ မြန်မာနိုင်ငံက ပျက်စီးရှုံးနှိမ့်ရာက ပြန်လည်ထူထောင်နေတာပါ။ စစ်တပ်က အာဏာသိမ်းပြန်ရင် ကျနော်တို့ ပြည်ပထွက်ပြေးလို့ ကျန်ခဲ့သူတွေက ဆီးရီးယား နိုင်ငံလို Complete Fail ဖြစ်သွားနိုင်တယ်။ တပ်မတော် ခေါင်းဆောင်တွေ အရေးကြီးတယ်လေ။
.
မိန်ကလေး အများဆုံးနေရာကတော့ အလှအပ Design Hair Dressing, ဟင်းချက်နည်းများ Cook Book နေရာမှာပါ။
.
ဒေါ်အောင်ဆန်းစုကြည် လိုပဲ အတိုက်ခံ ချီးဆွန်းဂျွမ် (ဒေါက်တာချီး) CHEE SOON JUAN စာအုပ်ကို တွေ့လို့ တွေ့တယ်။ ဓာတ်ပုံရိုက်ပါတယ်။ နောက်ခံ စာဖတ်ကျောင်းသား အုပ်စုကို မြင်ရပါမယ်။ ကျနော်တို့ ၂၀၀၇ ၂၀၀၈ Double Tax မပေးရေး..သံဃာအရေးအခင်း.. နာဂစ်ကယ်ဆယ်ရေး..မြန်မာသံရုံးရှေ့ ၃ညတိတိ ဖယောင်းတိုင်ထွန်း သံဃာတော်သပိတ် ဆုတောင်း. . အောချပ်လမ်းမပေါ်အကျီနီဝတ်ပြီး မြန်မာစစ်အာဏာရှင်တွေ အာစီယံကွန်ဖရင့်ကို စီတန်းကန့်ကွက်တာ အမြင့်ဆုံးပါ။ အားလုံး ဖြိုခွင်းခံရ. .စင်ကာပူက နေမရအောင် လုပ်ခံရတယ်။ ရဲတွေ နဲ့ လိုက်တမ်းပြေးတမ်း.. စစ်မေးခံရတယ်။ မြန်မာပြည်လို အကျဉ်းချ နှိပ်စက် မရှိပါဘူး။
.
.
မြန်မာပြည် ပြောင်းလဲခြင်း
နောက်ပိုင်း ၂၀၁၁ ကျော်တော့ မြန်မာပြည်ကြီး ပြောင်းလဲလာပါတယ်။ ၂၀၁၁ ဦးသိန်းစိန် အစိုးရ ဖြစ်လာတယ်။ မြန်မာပြည်တော်ပြန် တော်တော်များလာတယ်။ အများစုကတော့ နိုင်ငံခြားပဲ ဆက်နေကြတယ်။ ပြန်ဝင်နှုန်းထက် လွက်နှုန်း က ပိုများ တယ်။ ပြည်တွင်းမှာ လစာ အရမ်းနဲ. အလုပ်ကိုင် အရမ်းရှားလို့.ပါ..။
.
DASSK ကတော့ ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်လို့.. ဒေါက်တာချီး ကတော့ ရှုံး မြဲ ရှုံး နေပါတယ်။ တခါက ဒေါက်တာချီး အမတ်အရွေးခံရပြီး နောက်ပိုင်း သူ့ကို NUS Professor ပါမောက္ခအလုပ်ဖြုတ် စီးပွားရေးပျက်.. တရားစွဲ ဒါါဏ်ငွေ အမြောက်အများ ပေးခိုင်း..မပေးနိုင်တော့ Bankruptcy ဒေဝါလီ လုပ်ခံရတယ်။ ဒေဝါလီ ဖြစ်တော့ ရွေးကောက်ပွဲ မဝင်ရဘူး။ နောက်တော့ ဖြေလျှော့ပေးလဲ ရွေးကောက်ပွဲ ပြန်မနိုင်တော့ပါ။
.
စင်ကာပူမှာ မြန်မာနိုင်ငံရေး စာအုပ်ကတော့ လွတ်လပ်ပါတယ်။ တားမြစ် စာအုပ်တွေ နည်းပါးတယ်။ အဲဒီကာလ မြန်မာပြည်မှာ ကြေးမုံဦးသောင်း ရေးတဲ့ စာအုပ်ဖတ်တာ မိသွားလို့ ထောင်၃နှစ်ကျတယ်။ မလွယ်တဲ့ခေတ်ကာလပါ။
.
.
လမ်းပြကြယ် စာကြည့်တိုက်(စင်ကာပူ)
စစ်အာဏာရှင်ခေတ် ၂၀၀၆ ပတည်းက ကျနော်. ကိုဘိုဘိုဝင်း(ရနံ့သစ်.စင်ကာပူထမင်းဆိုင်). ကိုယုခင်. ကိုအုန်းခင် လူကြီး၎ယောက်နဲ့ မခိုင်. မနေ. ကိုစိုင်း. ကိုညီ လူငယ်၎ယောက် လမ်းပြကြယ်စာကြည့်တိုက် တည်ထောင်ခဲ့ကြတယ်။ နိုင်ငံရေး စာအုပ်တွေ ကော်ပီကူးတင်တယ်။ အရမ်းငှါးကြတယ်။ ပင်နီစူလာပလာစာ မှာ လူငယ်အုပ်စု ဆက်လှုပ်ရှားတာ ၉နှစ်ကျော် ၂၀၁၆ မှာ စာအုပ်ငှါးသူ နည်းလွန်းပြီး အသင်းဝင် ၄၀၀၀ လောက်ကနေ ၄၀၀ တောင်မကျန်တော့..အသင်းဝင်ကြေးမရ..မရပ်တည်နိုင်တော့ပါ။ မြန်မာပြည်ကို ပြောင်းရွှေ့ လာတယ်။ ရန်ကုန်မြို့ လှည်းတန်းမှာ လမ်းပြကြယ် စာကြည့်တိုက် ရှင်သန်နေဆဲပါ။
.
ရသ စာပေ. ကဗျာ ဘုရားစာ
ငယ်စဉ်မှာတော့ ကာတွန်း ရုပ်ပြ တေဇ ရွှေသွေး တွေနဲ့ကြီးပြင်းလာတယ်။ အခုခေတ်တော့ ပညာတန်ဖိုးထား တဲ့ မိဘတွေက ရွှေသွေး တေဇ ဝယ်ပေးတယ်။ ငယ်စဉ်ကတည်းက ဆရာကြီးဦးတင်မိုး ရဲ့
.
လယ်စောင်တဲလေး ခြေတံရှည်
မိုးကုတ်အောက်မှာနေ
ကြာနီတပွင့် ဖြဓတပွင့်
တဲနှင့်ပနံတင့်...
.
ဆိုတဲ့ ရသကဗျာ စာပေတွေ ကလေးင်ါများ လူဘဝအကြောင်း အတွေးရသ ဖြစိစေတယ်။
.
အခု ကျွန်တော်တို့ အသက်၅၀ ၆၀ တန်းရောက်လာတော့ လူငယ်တွေနဲ့ ဝေးလာတယ်။ သားသမီးနဲ့ စကားသိပ်မပြောဖြစ်ဘူး။ ဇာတာကောင်းသူတွေက မြေးတွေနဲ့ ပေါ့။ ဘုရားကျောင်းကန် သွားတယ် ဘုရားစာတွေဖတ်တယ်။ မိတ်ဆွေတော်တော်မျာများ ဓမစရိယ အဆင့်၈ခု စာမေးပွဲတွေ ကျက်ဖြေကြတယ်။ ဆင်ရဲမွဲတေတဲ့ မြန်မာ တောင်သူ လုပ်သား ၇၀% ကတော့.. မြေးတွေကို ကဗျာပဲရွတ်ပြ ထိမ်းနေရမှာ. ဘုရားကျောင်းကန်သွားဖို့ ငွေမရှိ အချိန်မရှိ။ ကျနော်ကတော့ ခရစ်တော်ယေရှု ဘုရားသခင် ကျမ်းစာဖတ်တယ်။ မုရန်စာပေ ရေးတယ်။ ဘုရားကျောင်းတွေ လိုက်တက် နားထောင်တယ်။ အကောင်းတကာ အကောင်းဆုံး ရသစာပေက ဘုရားစာပဲ ။
.
.
မြန်မာပြည် စာကြည့်တိုက်
လွှတ်တော်မှာ တွံတေးလွှတ်တော်အတ် ဦးမြင့်လွင် (ကျနော်သဘောကျသူ) စာကြည့်တိုက်ပြန်လည် ရှင်သန်ရေး အဆိုတင်တယ်..အမတ်အများအပြား ဆွေးနွေးကြတယ်..ဝမ်းနည်းစရာတွေအများကြီး. ငယ်စဉ်က မုံရွာမြို့ ပြန်ကြားရေး စာကြည့်တိုက်မှာ စာအုပ်အကုန်လုံး ထိုင်ဖတ် ငှါးဖတ်ခဲ့တာ အောက်မေ့မိတယ်။ တွံတေးလွှတ်တော်အမတ် လဲ စစ်အာဏာရှင်ခေတ် မိမိ ဘဝမကောင်းပေမဲ့ စာဖတ်တဲ့ အကျိုးကြောင့် အခု အသက်၆၀ ကျော် လွှတ်တော်အမတ် တာဝန်ထမ်းဆောင်ခွင့် ရခဲ့တယ် ပြောပြပါတယ်။
.
ဝန်ကြီးဦးဖေမြင့်က မြန်မာတွေ စာသိပ်မဖတ်ပဲ eBook တွေကြောင့် ဂျာနယ်လောက်ပဲ ဖတ်နေလို့.. နောက်တစ်ခု ဘတ်ဂျတ်မရှိ စာကြည့်တိုက်တွေ ပျက်စီးနေတာ..ပြင်ဆင်ပြီး စာကြည့်တိုက် ရယ်.. လူထုစင်တာ community center တွေ လုပ်ပေးနေပါတယ် လို့ ဖြေပါတယ်။ အဆိုကို မှတ်တမ်းပဲ တင်လိုက်ကြပါတယ်။
.
မြန်မာပြည် အဂတိ နည်းပါး ကိုယ်ချင်းစာတတ်သူများ ခေါင်းဆောင် ဖြစ်လာရင်..စီးပွားတိုးတက်မယ်။ ချမ်းသာကြွယ်ဝလာရင် ကျောင်းတိုင်း တက္ကသိုလ်တိုင်း.ရပ်ရွာတိုင်းက စာကြည့်တိုက်များ ပြန်ရှင်သန်လာမှာပါ။
.
စာကြည့်တိုက်ပိတ်ပြီ
ည ၉နာရီမလိုးခင် Library will be closing..ဆိုတဲ့ သတိပေး သံ စပီကာက ထွက်လာပါတယ်။ ၁၅မိနစ်အလိုမှာ ထပ်သတိပေးသံ ကြားရပါတယ်။ ၅မိနစ် အလိုမှာ မပြီးနိုင်သေးသူများရှေ့ ဂန်ထမ်း အသက်၇၀ ၇၅ အဖိုးကြီးတွေ ရောက်လာပြီး နှုတ်နဲ့ သတိပေးပါတယ်။ Closing in 5 minutes. အချိန်စေ့တော့ မီးတွေ တပွင့်ချင်း မှိတ်ပါတယ်။ မထွက်ချင်လဲ မရ..လူငယ်ကျောင်းသားတွေ တနေ့တာပြီးပါပြီ။
End... .......


ဂျပန် အမေရိကန် စာကြည့်တိုက်တွေက မြို့ဘရပ်ကျေးတွေမှာ တထပ်တိုက်လေးတွေ လူတွေပြည့်နေပါတယ်။ စင်ကာပူကတော့ သစ်လွင် ကြီးကျယ် ကျယ်ဝန်းပါတယ်။ လူတွေ ပြွတ်ကြပ်မနေပါ။ ဒီ ၃နှစ်အတွင်းတော့ စာကြည့်တိုက်ရဲ့ ထူးခြားချက်က WIFI အခမဲ့ ရတာတွေတယ်။ ကျောင်းသားတွေ အဲကွန်းခန်းတွေမှာ ဆိုဖာ တွေနဲ့ အခမဲ့ အင်တာနက် (မိုဘိုင်းဖုန်းကိုယ်စီ) ငြိမ်နေကြပါတယ်။
.
စင်ကာပူမှာ ပြည်သူလူထုအတွက် အမျိုးသားစာကြည့်တိုက် ကြီများစွာ ရှိပြီး မြို့လယ် City Hall မှာ အကြီးဆုံး ဖြစ်ပါတယ်။ ကျောင်းတိုင်း မူလတန်း အထက်တန်း ITE Poly University တွေမှာ စာကြည့်တိုက်ကြီးတွေ ရှိပြီး အခမဲ့ ငှါးကြည့်နိုင်ပါတယ်။ ပြန်အပ်ဖို့ မေ့သွားရင်တော့ ရက်များလေလေ ဒဏ်ကြေး တော်တော်များပါတယ်။ တခါငှါး ၈အုပ် ၃ပါတ် ငှါးပေးပါတယ်။
.
အခုခေတ်တော့ စာအုပ်ငှါးဖတ်တဲ့ ခေတ်ကုန်ပြီ. အွန်လိုင်းစာအုပ်တွေ ဖတ်ကြတယ်။ စင်ကာပူ စာကြည့်တိုက်ထဲ ဝင်ထိုင် အခမဲ့ ဂိုင်ဖိုင်ချိတ် မိုဘိုင်းဖုန်းနဲ့ စာအူပ်ရွေးချယ်ဖတ်တယ်။ ကြိုက်ရင် ရှာဖွေငှါးမယ်။ တခြားသူတွေ ငှါးထားရင် ဘွတ်ကင်လုပ်ပြီး စောင့်ငှါးမယ်ပေါ့။
.
အဖိုးကြီး အဖွားကြီးတွေ စာကြည့်တိုက်မှာ မရှိ။ အဖိုးကြီးတွေက မနက်စောစော နဲ့ ညနေပိုင်း Hocker Center ဆိုတဲ့ အစားသောက်တန်း Food Court တွေမှာ လက်ဘက်ရည်သောက် ဝိုင်းထိုင်စကားပြောကြတယ်။ အများစု အဖိုး အဖွားတွေက လူအိုရုံ old home တွေမှာ ရောက်နေကြတယ်။ စကားပြောဖော် ရတယ်ဆို အသက်ရွယ်ကြီးသူများ ဘဝစိုပြေတယ်။
.
E-Newspaper ဆိုတဲ့ ကွန်ပြူတာ အကြီးတွေမှာ Touch Screen လက်နဲ့ တို့ကြည့်တဲ့ သတင်းစာတွေလဲ တိုးတက်နေတာ တွေ့ရပါတယ်။
.
စာကြည့်တိုက်ကတော့ စကားမပြောရ.စာအုပ်နဲ့ပဲ တိတ်ဆိတ်စွာ နေရတယ်။ စင်ကာပူ စာကြည့်တိုက် အကြောင်း ပိုသိလိုရင် ဂူဂယ်မှာ NLB Singapore ရိုက်ရှာကြည့်ပါ။







No comments:

Post a Comment