Monday, June 4, 2018

LNG လျှပ်စစ် ထုတ်လုပ်ခြင်း (လွှတ်တော် မေး-ဖြေ) နဲ့ အွန်လိုင်ဆွေးနွေးမှု အချို့..


ပြည်ပကနေ LNG ဓာတ်ငွေ့ဝယ်ယူတင်သွင်းပြီး လုပ်မယ့် လျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းတွေကို တရားဝင် တင်ဒါ မခေါ်ဘဲ ဆောင်ရွက်တဲ့အပေါ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ဝေဖန်ထောက်ပြမှုရှိခဲ့ပြီး တင်ဒါမခေါ်ဘဲပေးခဲ့တာ မှာ လုပ်ပိုင်ခွင့်ရတဲ့ ကုမ္ဗဏီတခုဟာ အဂတိလိုက်စားမှုကော် မရှင်ကနေ ခေါ်ယူစစ်ဆေးတယ်လို့သတင်းထွက် အပြီး ဝန်ကြီးရာထူးကနေ နုတ်ထွက်ခဲ့တဲ့ စီမံဘဏ္ဍာဝန်ကြီး ဟောင်းဇနီး လုပ်နေတဲ့ ကုမ္ဗဏီဖြစ်နေတာမို့ တရားမျှတစွာ လုပ်ပိုင်ခွင့်ရတာမဟုတ်ဘူးလို့ အတိုက်အခံပါတီ ကြံ့ခိုင် ရေးအမတ်က လွှတ်တော်မှာစွပ်စွဲလိုက်ပါတယ်။ ဒီသတင်း ကို ဗွီအိုအေ မြန်မာပိုင်းကမေခက ပေးပို့ထားပါတယ်။
"အခု ကုမ္ဗဏီတွေထဲမှာ Supreme Trading Co,Ltd ကပရောဂျက် ၂ခုကိုပါဝင်ပတ်သတ်ပါတယ်။ ပြင်ပလောကမှာ အဲကုမ္ဗဏီက အငြိမ်းစားယူသွားတဲ့ စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းဇနီး အလုပ်လုပ်နေတယ်ဆိုတာသိရတယ်။ တခါအဲ Supreme ဟာ ဝန်ကြီးပိုင်ဆိုင်တဲ့ UE Myanmar နဲ့ပူးပေါင်းထားတယ်။ နောက်ကွယ်မှာရှိနေတယ်လို့ ပြော နေတာတွေ နားနဲ့မဆန့်အောင် ကြားနေရတယ်။ မစွပ်စွဲဘူး။ ကျနော်တို့ကြားနေရတာကို ပြောတာ ဖြစ်ပါတယ်။"
ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ အတိုက်အခံ ပါတီ ကြံ့ခိုင်ရေးက မင်းကင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က အခုလို စွပ်စွဲပြောဆိုလိုက်တာပါ။
ဒီလိုစွပ်စွဲလိုက်တဲ့ အပေါ် လာရောက်ဖြေကြားတဲ့ လျှပ်စစ်ဝန်ကြီးက ဒီလုပ်ငန်းတွေမှာ စွပ်စွဲပြောဆိုသလို ဝန်ကြီး ဟောင်း ဦးကျော်ဝင်းဇနီးနဲ့ပတ်သတ်ခြင်းရှိမရှိကို ဖြေရှင်းချက်ထုတ်ပြီး ရှင်းပြတာမရှိခဲ့ပါဘူး။ ဝန်ကြီးဟောင်း ဦးကျော်ဝင်း ဇနီး အလုပ်လုပ်တယ်လို့ဆိုတဲ့ Supreme Trading ကုမ္ဗဏီဟာ ဧရာဝတီ နဲ့ ကျောက်ဖြူဒေသ တွေမှာ ၂နေရာတိတိ လုပ်ပိုင်ခွင့်ရထားတာပါ။ ဒီကုမ္ဗဏီဟာ ၂၀၀၅ ခုနှစ်မှာ ကုမ္ဗဏီစာရင်းတင်သွင်းထားတဲ့ကုမ္ဗဏီဖြစ်ပြီး ပိုင်ရှင်အမည် ဦးစိန်မြင့်၊ ဒါရိုက်တာ မြတ်သန္တာနဲ့ ဦးဇော်နိုင်သိန်း အမည်တို့နဲ့ ကုမ္ဗဏီ မှတ်ပုံတင်ရုံးမှာ တရားဝင်မှတ်ပုံ တင်ထားပါတယ်။ အဲကုမ္ဗဏီမှာ ဝန်ကြီးဟောင်း ဦးကျော်ဝင်းဇနီး ပါဝင်ခြင်းရှိမရှိကို VOA အနေနဲ့ ဆက်လက်စုံစမ်းနေ ဆဲဖြစ်ပြီးအခုသတင်းတင်ပြချိန်အထိ သီးခြားမှတ်ချက်နဲ့ အတည်ပြုနိုင်ခြင်းမရှိပါဘူး။ ကုမ္ဗဏီဘက်ကိုဆက်သွယ်ပေ မယ့် ဖုံးဆက်သွယ်လို့မရသေးပါဘူး။ ဦးကျော်ဝင်း ပြည်ထောင်စုဝန်ကြီးအနေနဲ့လုပ်ကိုင်တုန်းက ဖော်ပြခဲ့တဲ့ ကိုယ်ရေး ရာဇဝင်မှာတော့ ဇနီးသည်ကို မှီခိုအနေနဲ့သာဖော်ပြခဲ့ပါတယ်။ ဒါကြောင့် ဇနီးသည်အလုပ်လုပ်ကိုင်တယ်ဆိုတာကို ဌာနကနေ သီးခြားအတည်မပြုနိုင်ခဲ့ပါဘူး။
အစိုးရက လုပ်မယ့်ရန်ကုန်၊ ဧရာဝတီ၊ ရခိုင်နဲ့ တနင်္သာရီဒေသတွေမှာ ၂ဝ၂ဝ ပြည့်နှစ်မှာ မဂ္ဂါဝပ် သုံးထောင် ထွက် ရှိမယ့် လျှပ်စစ် ဓာတ်အားပေးစက်ရုံ လေးရုံဟာ အမေရိကန်ဒေါ်လာ ၅ဘီလီယံ ကုန်ကျမယ်လို့ ဆိုပါတယ်။ ဒီမှာ ရရှိထားတဲ့ ကုမ္ဗဏီတွေက တနသာင်္ရီတိုင်း ကံပေါက်ဒေသမှာ Total Gas & Power Business Service S.A.S နဲ့ SIEMENS A.G ၊ ဧရာဝတီတိုင်း မီးလောင်ချိုင်မှာ Zhefu Holding Co.,Ltd နဲ့ Supreme Trading Co.,Ltd ၊ ရန်ကုန်တိုင်း အလုံ မှာTTCL Public ကုမ္ပဏီ လီမိတက်၊ ကျောက်ဖြူမှာ Sinohydro Corporation လီမိတက်နဲ့ Supreme Tradi ng Co.,Ltd တို့ ကို လုပ်ပိုင်ခွင့်ကို ပြီးခဲ့တဲ့ ဇန်နဝါရီ လက ထုတ်ပေးထားတယ်လို့ လျှပ်စစ်စွမ်းအင် ဝန်ကြီး ဦးဝင်းခိုင်က လွှတ်တော် မှာ ပြောဆိုခဲ့ပါတယ်။
ဒီလို စွပ်စွဲမှုနဲ့ပတ်သတ်ပြီး လျှပ်စစ်ဝန်ကြီးက ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့က ကျင်းပတဲ့ စီးပွားရေးရာ ကော်မတီ တွင် ဆုံးဖြတ်ချက်အရ အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှု စီမံကိန်းများကို ဆောင်ရွက်တာမှာ ရင်းနှီးမြုပ်နှံသူ အစီအစဉ်နဲ့ ဆောင်ရွက်လိုတဲ့ အဆိုပြုစီမံကိန်းများကို နိုင်ငံတော်နဲ့ဒေသများ အကျိုးဖြစ်ထွန်းနိုင်မှု အပေါ် မူတည်၍ တင်ဒါလုပ်ငန်းစဉ်ကို မလိုအပ်ဘဲ ခွင့်ပြုနိုင်တယ်လို့ ဆိုထားမို့ တင်ဒါမခေါ်တာဖြစ်ကြောင်းပြောဆိုလိုက်ပြီး လိုအပ်တာ ကြောင့် လုပ်တာဖြစ်တယ်လို့ အခုလိုဆိုပါတယ်။
"နောက် ၃ နှစ်မှာ ကိုယ့်တိုင်းပြည်မှာ ဓာတ်ငွေ့တွေ ကုန်တော့မှာကို သိသိကြီးနဲ့ ဘာမှ မလှုပ်ရှားဘဲ မလုပ်ဘဲ၊ မကိုင်ဘဲ နေလို့မရပါဘူး။ ဓာတ်ငွေ့ ၁၀ ရုံက လောလောဆယ် မဂ္ဂါဝပ် ၁၄၀၀ကျော် ပေးနေပါတယ်။ နောက် ၃နှစ်မှာ အဲဒီ ပြည်တွင်း ဓာတ်ငွေ့တွေ မရရင် ၁၄၀၀ မဂ္ဂါဝပ် System ထဲကနေ ပြုတ်ထွက်သွားမယ်ဆိုရင် ဒီမှာရှိတဲ့ အမတ်ကြီးများ အားလုံး ဘာတွေဖြစ်သွားပြီလဲဆိုတာ မှန်းဆလို့ ရပါတယ်"
ဝန်ကြီးဘက်က ပြန်လည်ဖြေကြားတာနဲ့ပတ်သတ်လို့ ဦးမောင်မြင့်သဘောထားကို ဗွီအိုအေကမေးတာမှာ သူက အခုလိုဖြေကြားခဲ့ပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်ဦးစီးတဲ့ ကော်မတီက တင်ဒါခေါ်စရာမလိုဘူးပြောတယ်။ အဲကော်မတီက သမ္မတရုံးအောက် မှာဘဲရှိတယ်။ သမ္မတရုံးကထုတ်တဲ့ စီးပွားရေးလုပ်ရင်တင်ဒါခေါ်ရမယ်ဆိုတဲ့ ၂/ ၂၀၁၇ ကိုကျော်လွှားလို့မရဘူး။ ဒါကြောင့်မို့ ကော်မတီမှားတယ်ဝေဖန်တာ။ နောက်လျှပ်စစ်ဥပဒေကို အဲကော်မတီကျော်မရဘူး။ ဘာမှတိတိပပ မဖြေဘဲ တိုင်းပြည်လိုအပ်ချက်ကြောင့်လုပ်တာလို့ပြောတယ်။ လိုအပ်ချက်ဆိုလဲ ဥပဒေကျော်မရဘူး။ ဒေါ်စုပါတယ် မပြောဘူုး။ ဒီလူတော့ပါတယ်။ မဟုတ်တာလုပ်နေတာ ။ ဒေါ်စုကိုExploit လုပ်တာ.။ ဥပဒေကရပါတယ်အမကြီးဆိုပြီး လုပ်တာ။ အပွင့်လင်းဆုံးပြောရရင်ဝန်ကြီး ဦးဝင်းခိုင်တောင် ဥပဒေနည်းဥပဒေတောင်မသိဘူး"
အဲဒီစီမံကိန်းလေးခုကို Supreme ကုမ္ပဏီအပါအဝင် ပြည်တွင်းလုပ်ငန်းရှင်အချို့ဟာ နိုင်ငံတကာကုမ္ပဏီအချို့နဲ့ ပူးတွဲလုပ်ကိုင်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။
Video Link : https://goo.gl/e91rX9

******************
.

ဒါဟာ ကျနော်တို့ မြင်ချင်တဲ့ လွှတ်တော်တခုရဲ့ အသွင် အဖျားအနားပဲ ရှိသေးတယ်။ အိန္ဒိယ အင်္ဂလန်လွှတ်တော်တွေဟာ ဒီ့ထက် ပိုပြင်းထန်တယ်။ အားလုံးဟာ အချက်အလက်တွေကို လက်တန်းရွတ်ပြီး ဒီဗိတ်လုပ်ကြတာ။ on the spot ပြန်ဖြေရှင်းကြတာ။ ရန်ကုန်က ငဖြိုးလို အကြပ်အတည်းဆို နီလာကျော်နဲ့ လွှတ်တာ မဟုတ်ဘူး။ ဒေါ်စန္ဒာမင်းတို့လို ဝန်ကြီးချုပ်က ပြန်ဖြေတာကို မကျေနပ်လည်း ဘာမှ ထပ်မပြောပဲ ပြန်လာတာ မဟုတ်ဘူး။
ဒီအချိန်မှာ ဥက္ကဌက ကြံ့ဖွတ်ကိုယ်စားလှယ်ရဲ့ ဆွေးနွေးချက် မပြီးသေးသော်ငြား မိုက်ပိတ်ပြီး အတင်း နိဂုံးချုပ်ခိုင်းပါတယ်။ ဒါက လွှတ်တော်ဥက္ကဌ၏ အာဏာကို မလျော်အသုံးပြုတာပဲ။
NTP (Notice to proceed) ဆိုတာ Tender Award မဟုတ်ဘူး။ NTP ကါလအတွင်းမှာ ESIA လုပ်မယ်။ ဈေးနှုန်းညှိမယ်လို့ ဝန်ကြီးက ရှင်းတယ်။
Notice to proceed ဆိုတာ ရှေ့ဆက်တိုးဘို့ မီးစိမ်းပြတာ ။ တရားဝင် စာချုပ်မချုပ်ရသေးသော်ငြား အလုပ်စလုပ်ပါလို့ အသိပေးတာ။ Legal process အရ ဒီအချိန်မှာ Business စအသက်ဝင်ပြီ။ အခြေအနေပေးတာနဲ့ စာချုပ်တရားဝင် ချုပ်ရုံ။ ဒီအခြေအနေရောက်မှ ဈေးနှုန်းညှိမယ်တဲ့လား။
ဒီနေ့ပွဲဟာ ကြံ့ဖွတ်အမတ်ရဲ့ ပွဲပဲ။
စွမ်းအင်ဝန်ကြီး UE သူဌေး ဦးဝင်းခိုင်ဟာ သူနဲ့ Supreme company အဆက်အစပ်ကို မဖြေရှင်းပဲ ရေငုံနေတာက ကျနော် ခွင်ရိုက်လိုက်တာပါလို့ ဝန်ခံလိုက်တာပဲ။
ကြံ့ဖွတ်အမတ် ဆွေးနွေးချက် မပြီးခင် မိုက်ပိတ်တဲ့ လွှတ်တော်ဥက္ကဌရဲ့ လုပ်ရပ်ကို ပြင်းထန်စွာ ရှုံ့ချတယ်။ BY Than Htike
.
.

LNG project တစ်ခု TOTAL ကိုလည်း လုပ်ခွင့်ပြုထားပါတယ်။ TOTAL ရဲ့ local sub-contractor က ဘယ်သူပါလည်း (မသိဘူး)
တရုပ်နဲ့ဖက်စပ်ကုမ္ပဏီ Supreme Chairman အင်ယာအသင်း သက်တော်ရှည် နာယကအဖွဲ့ဝင်ကြီးနဲ့ အင်ယာအသင်း ဥက္ကဌ ဟောင်း ဝန်ကြီး နဲ့ကောအပြင်မှာရင်းနှီးကြလား (မသိဘူး)
စွမ်းအင်ဝန်ကြီး ကြံ့ဖွတ်တွေရေဒါအောက်ရောက်နေပါပြီ COI ကင်းမယ်လို့ မျှော်လင့်ပါတယ်
.
Kyaw Naing မင်းကင်းအမတ် မေးသွားတဲ့မေးခွန်းတွေဟာ ပြည်သူကို တကယ်ကိုယ်စားပြုတယ်။ ပြည်သူတွေသိသင့်တာတွေကို ပြည်သူတွေကိုယ်စားမေးသွားတယ်လို့မြင်ပါတယ်။

သူ့ emotion ကို မထိန်းနိုင်တာ၊ ဒေါသသံပါတာ၊ မျက်နှာထားတင်းမာတာတွေသာ မရှိဘဲ တည်တည်ငြိမ်ငြိမ်၊ လေအေးအေးနဲ့ မေးသွားနိုင်ခ
ဲ့ရင် ဝန်ကြီး တော်တော်လေး အကြပ်ရိုက်မှာသေချာတယ်။

အခုတော့ လွှတ်တော်တွင်း၊ လွှတ်တော်ပက ကြည့်နေတဲ့ပရိတ်သတ်က မင်းကင်းအမတ်ရဲ့ ဒေါသသံနဲ့ အမူအရာကို ပိုပြီး အာရုံစိုက်သွားကြတာမို့ ဝန်ကြီး တော်တော်လေး ခံသာသွားတယ်။

မေးခွန်းတွေက ပြည်သူတွေသိသင့်တာကို မေးသွားတယ်ဆိုပေမယ့် ဝန်ကြီးကတော့ သူ့လုပ်ရပ် မမှားဘူးဆိုတာကိုဘဲ ကာကွယ်ဘို့ ဦးတည်ဖြေကြားသွားတာတွေ့ရတယ်။ LNG plant project တွေဟာ အခြား options တွေနဲ့ယှဉ်လိုက်ရင် မြန်မာနိုင်ငံအတွက် အကောင်းဆုံး၊ မြန်မာပြည်သူတွေအတွက် အသင့်တော်ဆုံးပါဆိုတာကို မဖြေသွားနိုင်ခဲ့ဘူး။

အဲ့ဒီလို မဖြေသွားနိုင်ခဲ့တဲ့အတွက် LNG power plant တွေလုပ်ဘို့ ဆုံးဖြတ်ချက်ချလိုက်တဲ့အကြောင်းရင်းရဲ့ credibility ကို ပိုပြီးသံသယဖြစ်စေပါတယ်။
.
.
.
ပ်တတ်တဲ့ အကျင့်ရှိသူတွေရဲ့ နမိတ်ပြစကားအတိုင်း ဖြစ်လာခဲ့ရင် အစက တို့မပြောဘူးလားဆိုပြီး ပေးဆပ်ရမဲ့သူ ဘယ်သူလဲဆိုတာ ဗေဒင်မေးဖို့မလိုပါဘူး စေတနာ မှန်မှန်နဲ့ ပြန်လည်သုံးသပ်ရင်တော့ အကောင်းဆုံးအဖြေရှာဖို့ လုပ်နိုင်ချိန်ရှိပါသေးတယ်
ဒီနေ့မင်းကင်းအမတ်မေးခွန်းဟာ FB ကပြည်သူတွေရဲ့ feed back တွေဖတ်ကောက်မေးလားလို့ တောင် ထင်ရပါတယ် NLD ဝန်ကြီး ပြည်သူ့ Feed Back နဲ့ ပြည်သူ့တန္ဒကို နားမထောင်ဘဲ ထင်ရာလုပ်နေလို့ ဒီလိုအမေးခံ အပြောခံရတာပါ ဆုံးဖြတ်ချက်ပြင်ရင် အချိန်ရှိပါတယ် ဆုံးဖြတ်ချက်မပြင်ပဲ ပြည်သူတွေ ဆန္ဒကို ဆန့်ကျင်ပြီဆက်လုပ်လို့ ပေးဆပ်ရရင်အားလုံးနစ်နာကြမှာပါ
Frank Aung ဘာ လို့ ဂတိမပေး နိုင်တာ လည်း အန်ကယ်တင့်
Manage


Reply11h
Tint Lwin LNG က the most volatile commodity ပါ နောက် ကျနော်နားလည်တာက ကျနော်တို့က spot price နဲ့ဝယ်ရမှာ fluctuation အတွက် buffer မရှိဘူး ဒီအချိန်ကျ ဝန်ကြီး scape goat ဖြစ်မယ် NLD လဲမကယ်နိုင်ဘူး နိုင်ငံရေ မှာ ဒီလို အဖွင့်နဲ့ ဟထားရင် ကြောက်ရတယ်
Manage


Reply10h
Than Oo မျှခြေကိုစဉ်းစားရာမှာကိုယ်ဓါတ်ငွေ့ရောင်းရတဲ့ ဝင်ငွေ နိုင်ငံအတွင်းမှာအခြေခံလိုအပ်တဲ့ မရှိမဖြစ် ဓါတ်အားပမာဏ ယှဉ်တွဲစဉ်းစားရန်ပါ။
မိမိကိုယ်ပိုင်အမြင်ကတော့
လျှပ်စစ်ပြည်ပြည့်ဝဝ ရခြင်းနဲ့ ဘတ်စ်ကားနဲ့ သွားလာရခြင်းကို လောင်စာဆီခြွေတာမှုအတွက်ရွေးခြယ်ရမယ်ဆိုရင်
...See More

Manage


Reply9h
Ko Ko Shein တင်ဒါမခေါ်ပဲ ဘယ်လိုလူတွေကို ပေးတဲ့ကိစ္စ မရှင်းနိုင်
ဈေးကိုလည်း မဖော်ပြနိုင်
ပြည်သူတွေ ကျောကော့အောင် ခံကြပေတော့

Manage


Reply10hEdited
Than Oo IPP ဆိုတဲ့ ကမ္ဘ္ဘာမှာ ကျင့်သုံးနေတဲ့သံနစ်ကိုနားလည်ရန်လိုပါတယ်။
ပုသိမ်ငကျွဲဆန်ရောင်းတာနဲ့ မီးဒုံးဆန်ရောင်းတာလို ရောင်းတဲ့လူက သူ့ကုန်ကိုရောင်းပြီး ဝယ်သူက မိမိ တကယ်လိုအပ်မှု အရ ဝယ်ရန်သာပါ။ နိုင်ငံတော်ရဲ့ ပြည်ထောင်စုအစိုးရရဲ့ ကြွေးတင်မခံ လိုတဲ့မူနဲ့ ကနေ့ ကမ္ဘ
...See More

Manage


Reply9h
Tint Lwin Than Oo ဒါက Coal Powe Plant IPP တွေဘာလို့ မျှမစဉ်းစားခဲ့သလဲ
Manage


Reply5h
Bobo Soe အဲ့ဒီအချက်တော့ ပြောမသွားဘူး မီတာခကို ပြည်သူကိုတိုးကောက်မလား အစိုးရကစိုက်ဆောင်မယ်ဆိုလဲ မလွယ်
Manage


Reply10h
Than Oo လူကြီးမင်းတို့ အိမ်မှာ သာူသမီးတဦး ကျန်းမာရေးကြောင့် ငွေကုန်ရမယ်ဆိုရင် အားလုံးက မျှခံကြရတာဓမ္မတာပါ။ ခြိုးခြံ ခြွေတာခြင်းနဲ့ သုံးစွဲသွားရမှာပါ။ ဘယ်နီုင်ကံကမှအစိုးရကစိုက်ဆောင်တာမဟုတ်ပါ။ ပြည်သူ့အခြေပြု နိုင်ငံ ဝင်ငွေပိုခွဲဝေသုံးသွဲကြတာပါ။
အသုံးမှန်ကန်ဖို့ ဒီမိုလမ်းစဉ်အရ ဝိုင်းထိန်းကြောင်းရမှာပါ။
Manage


Reply9h
Tint Lwin တိုးမဲ့မီတာခ နိုင်ငံစိုက်မလား ပြည်သူတွေခံမလား ဒီမေးခွန်းကိုဖြေရင် မင်းကင်းအမတ်ဖြဲပေးထဲ့ကြိုးကွင်းထဲ သူဂေါင်းလျှိုတာပဲ
Manage


Reply5hEdited
Hlaing Oo တစ်ရာအထက်ရောက်နိုင်ခြေ မကဘူးဗျ။ 
၁၅၀ အထက် ၂၀၀ နီးပါးဖြစ်မှာ။ 
အခု ဈေးချို ရမဲ့ နွေရာသီမှာတောင် $10 နားကပ်နေပြီ။ 
...See More

Manage


Reply10h
Tun Htun ကိုတင့်ရေ..LNG နဲ့သွားရင် 12 cent/KWh လောက်ကျမယ် (၁)ဒေါ်လာကို ၁၃၀ဝိ/ နဲ့ပဲတွက် (၁)ယူနစ်ကို ၁၅၆ိ/ ကျနေပြီ 
မင်းကင်းအမတ်ပြောမှမဟုတ်ဘူး ဒါကိုတော်တော်များသိပါတယ်။
၂၃-၅-၂၀၁၈ နေ့  နေပြည်တော MES မှာ လွှတ်တော်ရေးရာကော်မတီက ကိုယ်စားလယ်တော်ကြီးတွေကို ဦးမော်သာထွေး
...See More

Manage


Reply10hEdited
Kyaw Lon Kc မြစ်ဆုံကိုရောအချစ်မကုန်ဘို့ မပြောလိုက်ဘူးလား
Manage


Reply9h
Tint Lwin ကျနော်edit လုပ်ပါမယ်
Manage


Reply6h
23,108 Views
Zin Kyaw is with MP Maung Myint.
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန မှ တင်ဒါခေါ်ယူုခြင်းမရှိဘဲ ဆောင်ရွက်လျှက်ရှိသော အမေရိကန်ဒေါ်လာ ခန့်မှန်း (၅)ဘီလီယံဘိုး ရှိသည့် စီမံကိန်း (၄)ခု နှင့်ပတ်သတ်သည့် မေးမြန်းသည့် မေးခွန်း အပြည့်စုံ

Reply9h
Fiona Aye ဓာတ်ငွေ့ကို စာရွက်တွေပေါ်မှာထုတ်သွားတဲ့အဖွဲ့က တကယ်ထုတ်ဘို့ကြိုးစားနေသူတွေကို မေးခွန်းများထုတ်နေသောအခါ..😂😂...
Manage


Reply7h
Min Aye အမတ်ကလည်း အဲ့အထိရောက်အောင်မမေးလိုက်ရဘူး လွှတ်တော်ဥက္ကဌကလည်း ဆိုလိုရင်းကိုနားမလည်ဘူး မေးတဲ့ဆရာကလည်း တမင်လုပ်နေသလားဘဲ။ အဲအဖြေအတွက် ဝက က dg,md တွေကို သေချာဇတ်တိုက်ပြီး တသံတည်းထွက်ဖို့ တင်းတင်းကျပ်ကျပ် ပြောထားတာကို သိရတော့ တမျိုးကြီးပဲဆရာ
Manage


Reply5h
Nyunt Aung ခ်ခ်
LNG က hot potato ဆရာ Tint ရဲ့
တား.....ဘားးးးမှအတိဝူးနော် 
...See More

Manage


Reply4hEdited
Nyan Tun ကြံ့ဖွတ်အမတ်ဟာ အဘယ်ပုံ ပြင်ဆင်လာသလဲ ဆိုတာ ကြည့်ပါ။ စွမ်းအင်ဝန်ကြီးနဲ့ အခု တင်ဒါအများစုရသွားတဲ့ ဝန်ပြုတ်ကျော်ဝင်းသမီး အကြားက အဆက်အစပ်ကို ဖော်ပြီး စတင်ထိုးနှက်တယ်။ ဝန်ကြီးက ဘယ်ဥပဒေတွေကို ကိုးကားပြီး ဖြေမလဲဆိုတာကို ကြိုသိနေတယ်။ အဲဒီဥပဒေတွေကို ကြိုတင်မိတ္တူကူးလာတယ်။ အဲဒါကို ကိုင်ပြီး လုပ်နည်းလုပ်ဟန်မှားနေတယ်လို့ ထောက်ပြတယ်။ အီမိုးရှင်းပါတယ်။ ဒါကြောင့် စကားအစွန်းထွက်တယ်။ 

ဒါဟာ ကျနော်တို့ မြင်ချင်တဲ့ လွှတ်တော်တခုရဲ့ အသွင် အဖျားအနားပဲ ရှိသေးတယ်။ အိန္ဒိယ အင်္ဂလန်လွှတ်တော်တွေဟာ ဒီ့ထက် ပိုပြင်းထန်တယ်။ အားလုံးဟာ အချက်အလက်တွေကို လက်တန်းရွတ်ပြီး ဒီဗိတ်လုပ်ကြတာ။ on the spot ပြန်ဖြေရှင်းကြတာ။ ရန်ကုန်က ငဖြိုးလို အကြပ်အတည်းဆို နီလာကျော်နဲ့ လွှတ်တာ မဟုတ်ဘူး။ ဒေါ်စန္ဒာမင်းတို့လို ဝန်ကြီးချုပ်က ပြန်ဖြေတာကို မကျေနပ်လည်း ဘာမှ ထပ်မပြောပဲ ပြန်လာတာ မဟုတ်ဘူး။ 

ဒီအချိန်မှာ ဥက္ကဌက ကြံ့ဖွတ်ကိုယ်စားလှယ်ရဲ့ ဆွေးနွေးချက် မပြီးသေးသော်ငြား မိုက်ပိတ်ပြီး အတင်း နိဂုံးချုပ်ခိုင်းပါတယ်။ ဒါက လွှတ်တော်ဥက္ကဌ၏ အာဏာကို မလျော်အသုံးပြုတာပဲ။ 

NTP (Notice to proceed) ဆိုတာ Tender Award မဟုတ်ဘူး။ NTP ကါလအတွင်းမှာ ESIA လုပ်မယ်။ ဈေးနှုန်းညှိမယ်လို့ ဝန်ကြီးက ရှင်းတယ်။ 

Notice to proceed ဆိုတာ ရှေ့ဆက်တိုးဘို့ မီးစိမ်းပြတာ ။ တရားဝင် စာချုပ်မချုပ်ရသေးသော်ငြား အလုပ်စလုပ်ပါလို့ အသိပေးတာ။ Legal process အရ ဒီအချိန်မှာ Business စအသက်ဝင်ပြီ။ အခြေအနေပေးတာနဲ့ စာချုပ်တရားဝင် ချုပ်ရုံ။ ဒီအခြေအနေရောက်မှ ဈေးနှုန်းညှိမယ်တဲ့လား။ 

ဒီနေ့ပွဲဟာ ကြံ့ဖွတ်အမတ်ရဲ့ ပွဲပဲ။ 

စွမ်းအင်ဝန်ကြီး UE သူဌေး ဦးဝင်းခိုင်ဟာ သူနဲ့ Supreme company အဆက်အစပ်ကို မဖြေရှင်းပဲ ရေငုံနေတာက ကျနော် ခွင်ရိုက်လိုက်တာပါလို့ ဝန်ခံလိုက်တာပဲ။ 

ကြံ့ဖွတ်အမတ် ဆွေးနွေးချက် မပြီးခင် မိုက်ပိတ်တဲ့ လွှတ်တော်ဥက္ကဌရဲ့ လုပ်ရပ်ကို ပြင်းထန်စွာ ရှုံ့ချတယ်။ BY Than Htike

Manage


Reply1h
Than Oo NTP ရဖို့ကို FSR ကိုအခြေခံပြီး ပါဝင်တဲ့လုပ်ငန်စဉ်များ ရင်နှီးရမဲ့ငွေကြေးတန်ဖိုးများ နဲ့အတူ ဖြစ်လာနိုင်မဲ့ Tariff တွက်ချက်ခြင်းများနဲ့ လုပ်ဆောင်ရခြင်းပါ။ ဒါ့အပြင် WB မူနဲ့ ESIA. CSR စတာတွေနဲ့ပြည့်စုံစွာဖေါ်ဆောင်ရဦးမှပါ။
*************************************

.


 LNG လျှပ်စစ် ထုတ်လုပ်ခြင်း (လွှတ်တော် မေး-ဖြေ)
အခု မင်းကင်းလွှတ်တော်အမတ် မေးတာ တယူနစ်ကို ၁၅၀ကျပ် အထက် ဆိုတာကတော့ သေချာပေါက် ဖြစ်လာမဲ့ ဈေးနှုန်းပါ။ ၀န်ကြီးက အခုချိန်ထိ လျှပ်စစ်ဈေးနှုန်း PPA နဲ့ စီမံကိန်းကုန်ကျ စရိတ်ကို ညှိနှိုင်း နေဆဲပါပဲ ..ကျနော်လက်ထက်မှာ နောင်တချိန် ခင်ဗျားတို့ဘာမှလုပ်မသွားဘူးလား လို့ ဖြစ်မသွားစေချင်လို့ အခုလို LNG လျှပ်စစ်ဓါတ်အားထုတ်ဖို့ ဆုံးဖြတ်ရပါတယ် ..တဲ့။ ၀န်ကြီးဖြေသွားတဲ့ မြန်မာနိုင်ငံက ထွက်တဲ့ ဓါတ်ငွေဈေးနဲ့ LNG ဈေးနှုန်းက အတူတူလောက် ရှိပါတယ် ဖြေသွားတာတော့  သဘာဝမကျသလိုပါပဲ။ တင်ဒါမခေါ်ပဲ P.P.P လုပ်ခွင့်ရှိတယ် ဆိုတာကတော့ မင်းကင်းလွှတ်တော်အမတ် မေးသလို မှားယွင်းနေတယ် ထင်ပါတယ်။ ဘာ P.P.P ပဲ ဖြစ်ပါစေ လွှတ်တော်မှာ တင်ပြ၊ အတည်ပြုချက် မရယူတောင် အချေတင်ဆွေးနွေး သင့်ပါတယ်။ ဦးသိန်းစိန် အစိုးရလက်ထက် တုန်းက Mobile Operator ရွေးချယ်စဉ်က တင်ဒါစနစ်နဲ့ ရွေးခဲ့သလို၊ အခု စီမံကိန်းတွေလဲ အဆိုပြုလာတဲ့ သုံးသပ်မှုတွေ ပွင့်လင်းမြင်သာ သင့်ပါတယ်။ 
.
မေးခွန်းက ကောင်းပေမဲ့ ၊ မင်းကင်း လွှတ်တော်အမတ် က ရုပ်သံ တင်းမာစွာ မေးမြန်းမှုကတော့ ရှက်စရာကောင်းပါတယ်။ လွှတ်တော် ဥက္ကဌ က သတိပေးလိုက်တယ် လို့ဆိုပါတယ်။
Video Link : https://goo.gl/e91rX9
.
လျှပ်စစ် ဒါလောက်တောင် လိုအပ်နေတာ ဘာကြောင့် မိုနိုပိုလီကုမဏီများ (မင်းကင်းလွှတ်တော် အမတ်မေးသွားတဲ့ စူပရီမီ မြန်မာကုမဏီက နှုတ်ထွက်သွားတဲ့ ၀န်ကြီး ဦးကျော်ဝင်း ဇနီးသည် ပါတယ်) ဆိုတာက စိတ်ဝင်စား စရာ ဖြစ်ပါတယ်။ အလားတူ အတွင်းဝန်ရုံး နဲ့ ဌာနဆိုင်ရာ အရာရှိကြီးတွေ ရဲ့ မိသားစု ပိုင်ဆိုင်တဲ့၊ ပါဝင်တဲ့ ကုမဏီတွေ မိုနိုပိုလီ လုပ်နေကြတာ ဆိုတာလဲ အဂတိဥပဒေ နဲ့ စုံစမ်းသင့်ပါတယ်။
.
.
မဟာဓါတ်အားလိုင်း
လျှပ်စစ်ထုတ်လုပ်ခြင်းနဲ့အလားတူပါတယ်။ နောက်ထပ် လွှတ်တော်မှာ မေးသင့်တဲ့ မေးခွန်းတစ်ခု ရှိပါတယ်။ ဆင်ဝှေ့ရန်ရှောင်ပဲ ဖြေမှာပါပဲ။ ဒါလောက်တောင် ဈေးကြီး၊ ရေအားနဲ့ ကျောက်မီးသွေး လုပ်သင့်ပါရက်နဲ့ မလုပ်နိုင်သေးတဲ့ အချိန်မှာ LNG အစား အိမ်နီးချင်းနိုင်ငံ များကနေ လျှပ်စစ်ဓါတ်အား ဘာကြောင့် မ၀ယ်သေး သလဲ ဆိုတဲ့ မေးခွန်းပါ။ အမြောက်အများ ၀ယ်မယ် ဆိုရင် နှစ်ရှည်စာချုပ် ချုပ်ရပြီး ဈေးနှုန်းကလဲ တယူနစ် ၁၅၀ကျပ် ထက် နည်းမှာ သေချာပေါက် ပဲ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ခ်ျ က တရုပ်ပြည်က ၀ယ်ဖို့ မြန်မာနိုင်ငံကို လျှပ်စစ်ဖြတ်သန်း သွားမယ် ဆိုတဲ့ စာချုပ် ဒီလမှာ ချုပ်ဆိုတော့ အံ့သြမိပါတယ်။ ၃နှစ်အတွင်း နောက်ထပ် မဂါဝပ် ၃ထောင် ထုတ်လုပ်ဖို့ ရေတိုစီမံကိန်း အဖြစ် သမ္မတဦးဝင်းမြင့် ပြောတယ် ဆိုပြီး ဆွဲထည့်တယ်၊ အမှန်က သမ္မတကို သူပဲ တင်ပြလို့ သမ္မတက ပြောရတာပဲ ဖြစ်မှာပါ။ စရိတ်အသက်သာ ဆုံး နည်းလမ်းကတော့ မဟာဓါတ်အားလိုင်း ဆွဲပြီး တရုပ်၊ လာအို၊ ထိုင်း နိုင်ငံတခုခု ဆီက ၀ယ်ယူဖို့ပါ။ ဒီနည်းလမ်းက ရေတို အခြေ ဖြစ်ပြီး၊ ရေရှည် အဖြေကတော့ ရေအား နဲ့ ကျောက်မီးသွေး ဓါတ်အား ဖြစ်ပါတယ်။

Kyaw Naing LNG project တစ်ခု TOTAL ကိုလည်း လုပ်ခွင့်ပြုထားပါတယ်။ TOTAL ရဲ့ local sub-contractor က ဘယ်သူပါလည်း။
Manage
Reply1d
M Zaw Aung မသိပါ ခင်ဗျား၊ မိုနိုပိုလီ လျှပ်စစ် ကုမဏီပဲ ဖြစ်မှာပါ။
Manage
Reply1d
Kyaw Naing M Zaw Aung အဲ့ဒီအဖြေကို ဝန်ကြီး အသိဆုံးဖြစ်ပါလိမ့်မယ်။
Manage
Reply1d
Kyaw Naing M Zaw Aung Supreme Group of Companies ကို ဘယ်သူပိုင်တယ်မသိပေမယ့် Supreme Group of Companies ရဲ့ president ဘယ်သူဆိုတာကလည်း စိတ်ဝင်စားဘို့ ကောင်းပါတယ်။
Manage
Reply1d
M Zaw Aung အခုမှ ရှာကြည့်လိုက်တယ်။ President တော့မပါဘူး၊ Chairman က ဒေါက်တာစိန်မြင့် B.E Petro တဲ့..။ 
http://supremegroupcompanies.com/board-of-directors/
M Zaw Aung ကုမဏီ ဥက္ကဌ တို့Board of Director ရာထူးတို့ ဆိုတာ တိုးတက်တဲ့ နိုင်ငံတွေမှာတော့ လစာအရမ်းများတယ် စင်ကာပူမှာဆို ကုမဏီ revenue များလေလေ ဒါရိုက်တာများအဖွဲ့ လစာ နဲ့ ဘောနပ်စ်က company`s revenue ရဲ့ 10% တော့ အနည်းဆုံး ပေးကြတယ်။ မပေးရင် ဒါရိုက်တာတွေ လာပ်စားကုန်မှာပေါ့.. . မြန်မာပြည်မှာတော့ လစာနည်းနည်းလေးပဲ ပေးကြတယ်.. ဒါပေမဲ့. Facilities အိမ် ကား သားသမီးပညာရေး စသဖြင့် Benefits တွေတော့ပေးတယ်. ဥပမာ ရန်ကုန်မြို့သစ်ကုမဏီမှာ Board of Director ဂျော့ခ်ျရိုး ဆိုရင် အလကားလုပ်ပေးသလိုပဲ. .FMI stock listed company တွေရဲ့ ဝက်ဆိုဒ် ဝင်ကြည့်ပါ..ဒါရိုက်တာ လစာကိုပါ ပွင့်လင်းစွာ တင်ပြထားတယ်။ စင်ကာပူမှာ listed လုပ်ထားတော့ လစာတွေကို ရှယ်ယာပိုင် လူထုကို အသိပေးရတယ်။ ဗမာပြည် ကုမဏီဒါရိုက်တာတွေ Benefits လဲမရတော့ . တချို့ ပညာရှင်ဆို အလကားမတ်တင်း ခရိုနီကုမဏီ ခွဲတွေမှာ ဒါရိုက်တာလုပ်ပေးရတယ်.. ဒီတော့ လုပ်ပိုင်ခွင့်သုံး ငွေရှာရုံပါပဲ..အခြားနည်းလမ်းငွေမရနိုင်ပါဘူး..
.
ကုမဏီတွေက မြန်မာတွေကို ငွေကိုင်တဲ့ အလုပ် ဥပမာ တင်ဒါလို ပစ္စည်းဝယ် လုံးဝ မလုပ်ခိုင်းဘူး.. လာပ်စားမှာပဲ တဲ့။ လစာက ကျပ် ၃သိန်း ၄သိန်းပဲ ပေးတော့ ကိုယ်ကလာပ်မစားချင်တောင် မှ supplier တွေ ပေးကမ်းတာ မခံနိုင်ဘူး.စားသွားမှာပဲ.. နာဂျစ် လဲ swiss bank a/c ဖွင့်ထားပြီး usd700 million ထည့်ပေးတာ မိသွားတော့ "မယူရဘူးလာဟင်..မယူရရင်ပြန်ပေးလိုက်ပါမယ်.".. . ဆိုပြီး လာပ်တောင်းလို့ရတဲ့ငွေ ပြန်ပေးတယ်။ သူ့ကို သစ္စာမခံသူတွေကို အလုပ်ထုတ်ပစ်တယ်။ 
.
အခုလို ဆူပရီ ကုမဏီက ဝန်ကြီးဇနီး ကို အလုပ်ခန့်.. benefit ကောင်းကောင်းပေးတာ အဂတိကော်မရှင် နဲ့ စသုံးလုံးက စစ်ဆေးမှာ သေချာပါတယ်။ ဒါကို မင်းကင်းအမတ် မေခွန်းမေးခွင့် NLD လွှတ်တော်က ခွင့်ပေးတာ လျှပ်စစ် အဂတိ မိုနိုပိုလီ တွေ သတိထားဖို့ signal ပြလိုက်တယ်ပဲ အကောင်းမြင်လိုက်ပါတယ်။
.
ဆင်းရဲတဲ့ နိုင်ငံမှာ လာပ်စားတာ နော်မယ်ပဲလေ...
Phoe Mg စူပရီမီ မြန်မာကုမဏီက ရှစ်လုံးကြီးညီပိုင်တာနော် နဲနဲပြင်ပြော
Aung Kyaw Min Few questionable points in the Minister’s answers. LNG price is not the same as gas price; LNG is not cheap. As oil price came up LNG price has followed. PPP or even if a project is through foreign aid there should be a transparent tender process with predefined selection criteria.
Manage


Reply9h


M Zaw Aung Energy plan is to be careful. If gov. or Private produce the power, 75% must consume by industries. PPA is important. U Win Khaing power forecast was presented (see image). Gov power grid company must buy as PPA and sell to local distributors. Very difficult. PPA is not fare, private (eg.Singapore company) will approach to their government to seek protection by investment law. Normally poor country always lost because lack of business lawyers.Manage
Phoe Mg လွှတ်တော်ကိုယ်စားလှယ်ကြီးသာမက ကျွန်တော်တို့လိုသာမင်ညောင်ကြ များအခုလိုဆွေးနွေးခွင့်ရတာကျေးဇူးပါဗျာ
Manage


Reply9h
Aung Khaing Win Supreme က ဝန်​ကြီး​ဟောင်း ဦး​ကျော်​ဝင်းမိန်းမ အလုပ်​လုပ်​​ခဲ့တဲ့ကုမ္ပဏီ လို့သိရပါတယ်​ အန်​ကယ်​။ (လက်​ရှိအချိန်​ထိ လုပ်​​နေသလား​တော့ မသိဘူး)
Manage


Reply9h
Phoe Mg ဦး​ကျော်​ဝင်းမိန်းမ အလုပ်​လုပ်​​ခဲ့တဲ့ကုမ္ပဏီ နဲ့ ဦးကျော်ဝင်းပိုင်တာနဲ့မတူတာသိမှာပါ..အမှန်တွေဆွေးနွေးခွင့်ရတော့ မဟုတ်တာလုပ်ရင်လဲ မင်းကင်း အစိုးရလုပ်ခဲ့သလိုမြှုပ်မရတာကတော့အသေအခြာပါ
Manage


Reply9h
M Zaw Aung ကျေးဇူးပါ၊ ပိုင်တယ် အစား ပါတယ် လို့ပြင်လိုက်ပါတယ်။
Manage


Reply9h
Tint Lwin ဒီသတင်းမသိဘူး
Manage


Reply5h
.
M Zaw Aung Supreme ကုမဏီကြီးက မင်းကင်းလွှတ်တော်အမတ် စွပ်စွဲတာ မှားယွင်းကြောင်း အခွင့်ရရင် အရေးယူမယ် လို့ စာထုတ်ထားပါတယ်။ 
https://www.facebook.com/supremecompanies/posts/1682455291833282
ReplyRemove Preview9h
Soe Hla Tun ကျောက်မီးသွေးနဲ့ထုတ်မယ်ဆိုရင်ပညာရှင်တယောက်အနေနဲ့ကိုဇော်အောင်ဘယ်လိုမြင်ပါသလဲ မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်မှာဒေသခံတွေကကန့်ကွက်နေလို့ပါ ကျနော်ကတော့တိုင်းပြည်ဆင်းရဲနေတဲ့အချိန်မှာဈေးသက်သာတဲ့ကျောက်မီသွေးဓါတ်အားပေးစက်ရုံတည်သင့်တယ်လို့ထင်ပါတယ်
Manage


Reply9h
M Zaw Aung ဘင်္ဂလားဒေ့ခ်ျ မှာ ကလင်းကိုလ် Clean Coal Technology လျှပ်စစ်ဓါတ်အား စက်ရုံကြီးတစ်ခု ဆောက်နေဆဲ နည်းပညာမလိုက်နိုင်လို့ အခက်ခဲတွေ့ နေတယ် တဲ့။ တခု နှစ်ခု လောက် စမ်းလုပ်ကြည့်သင့်ပါတယ်။ ကျနော် လည်း ဆောင်းပါး တစ်ခုရဲ့ လင့်ပါ ခင်ဗျာ။ ကြိုးနီစနစ်အကြောင်း Link: https://goo.gl/H97kfP
ကျောက်မီးသွေး လျှပ်စစ်အကြောင်း .. Link: https://goo.gl/Eht3Gk   
.
Kyaw Naing ဒီမှာတော့ president တဲ့။ BOD မှာရေးထားတဲ့ Chairman ဆိုတာက ပိုမှန်မယ်ထင်ပါတယ်။
Manage


Reply8h
Kyaw Naing M Zaw Aung အခုဆို ဆက်စပ်ကြည့်စရာ jigsaw လေးတွေ ရလာပြီထင်ပါတယ်။
Manage


Reply8h
Tint Lwin Kyaw Naing အခု ဝန်ကြီးရဲ့ Action တွေ ကြံဖွတ်ရေဒါထဲရောက်နေပြီ မပူပါနဲ့
Manage


Reply5h
Ko Latt Energy projects တွေ ပွင့်လင်းမြင်သာမှု ရှိဖို့လိုပါတယ်
Manage


Reply5h
M Zaw Aung ခေါင်မိုးလုံဖို့ပဲ DASSK က ကြိုးစားမှာပါ.. ဝကခ တွေလဲ ပြည်ထောင်စုအဆင့် ဆိုတော့ ခေါင်မိုးတွေပဲ. .
Manage


Reply1h

M Zaw Aung ဥက္ကဌ တို့..Board of Director ရာထူး တို့ဆိုတာ တိုးတက်တဲ့ နိုင်ငံတွေမှာတော့ လစာအရမ်းများတယ် စင်ကာပူမှာဆို ကုမဏီ revenue များလေလေ ဒါရိုက်တာများအဖွဲ့ လစာ နဲ့ ဘောနပ်စ်တွေက compant`s revenue ရဲ့10% of revenue အနည်းဆုံး ပေးကြတယ်။ မပေးရင် ဒါရိုက်တာတွေ လာပ်စားကုန်မှာပေါ့.. . မြန်မာပြည်မှာတော့ လစာနည်းနည်းလေးပဲ ပေးကြတယ်.. ဒါပေမဲ့. Facilityvအိမ် ကား သားသမီးပညာရေး စသဖြင့် Benefits တွေတော့ပေးတယ်. ဥပမာ ရန်ကုန်မြို့သစ်ကုမဏီမှာ Board of Director ဂျော့ခ်ျရိုး ဆိုရင် အလကားလုပ်ပေးသလိုပဲ. .FMI stock listed company တွေရဲ့ ဝက်ဆိုဒ် ဝင်ကြည့်ပါ..ဒါရိုက်တာ လစာကိုပါ ပွင့်လင်းစွာ တင်ပြထားတယ်။ စင်ကာပူမှာ listed လုပ်ထားတော့ လစာတွေကို ရှယ်ယာပိုင် လူထုကို အသိပေးရတယ်။ ဗမာပြည် ကုမဏီဒါရိုက်တာတွေ Benefits လဲမရတော့ . တချို့ ပညာရှင်ဆို အလကားမတ်တင်း ခရိုနီကုမဏီ ခွဲတွေမှာ ဒါရိုက်တာလုပ်ပေးရတယ်.. ဒီတော့ လုပ်ပိုင်ခွင့်သုံး ငွေရှာရုံပါပဲ..အခြားနည်းလမ်းငွေမရနိုင်ပါဘူး..
.
ကုမဏီတွေက မြန်မာတွေကို ငွေကိုင်တဲ့ အလုပ် ဥပမာ တင်ဒါလို ပစ္စည်းဝယ် လုံးဝ မလုပ်ခိုင်းဘူး.. လာပ်စားမှာပဲ တဲ့။ လစာက ကျပ် ၃သိန်း ၄သိန်းပဲ ပေးတော့ ကိုယ်ကလာပ်မစားချင်တောင် မှ supplier တွေ ပေးကမ်းတာ မခံနိုင်ဘူး.စားသွားမှာပဲ.. နာဂျစ် လဲ swiss bank a/c ဖွင့်ထားပြီး usd700 million ထည့်ပေးတာ မိသွားတော့ "မယူရဘူးလာဟင်..မယူရရင်ပြန်ပေးလိုက်ပါမယ်.".. . ဆိုပြီး လာပ်တောင်းလို့ရတဲ့ငွေ ပြန်ပေးတယ်။ သူ့ကို သစ္စာမခံသူတွေကို အလုပ်ထုတ်ပစ်တယ်။ 
.
အခုလို ဆူပရီ ကုမဏီက ဝန်ကြီးဇနီး ကို အလုပ်ခန့်.. benefit ကောင်းကောင်းပေးတာ အဂတိကော်မရှင် နဲ့ စသုံးလုံးက စစ်ဆေးမှာ သေချာပါတယ်။ ဒါကို မင်းကင်းအမတ် မေခွန်းမေးခွင့် NLD လွှတ်တော်က ခွင့်ပေးတာ လျှပ်စစ် အဂတိ မိုနိုပိုလီ တွေ သတိထားဖို့ signal ပြလိုက်တယ်ပဲ အကောင်းမြင်လိုက်ပါတယ်။

No comments:

Post a Comment