Monday, June 25, 2018

ရှမ်းပြည်တောင်ပိုင်း လဘက်နဲ့ တရုပ်ပြည် ယူနန်ပြည်နယ် နှိုင်းယှဉ်ချက်က စိတ်ဝင်စားစရာပါ။


ကျေးဇူးပါပဲ ကိုစိုင်းဖြိုး ရေ..(ရှမ်းတောင်ပိုင်း ထွက်ကုန် လဘက်အကြောင်း ထပ်ပြီး ရေးပါရစေ)။ ရှမ်းပြည်တောင်ပိုင်း လဘက်နဲ့ တရုပ်ပြည် ယူနန်ပြည်နယ် နှိုင်းယှဉ်ချက်က စိတ်ဝင်စားစရာပါ။ Tea Production & Market အကြောင်း ပါပဲ။
.
../// Sai Phyo Lwin Oo shared a video.
June 17 at 8:22pm ·
တရုတ်နိုင်ငံ ယူနန်ပြည်က ပုအော ဆိုတဲ့ ပြည်နယ်က နာမည်ကြီး လက်ဖက်ခြောက်ထွက်ပြီး တစ်နှစ်ခန့်မှန်းခြေ တန်ချိန် ၈၁၃၀၀ (ခန့်မှန်းတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၃၆၀) ရှိပါတယ်။ ကျွန်တော်တို့ ရှမ်းပြည်နဲ့ နယ်နိမိတ်ခြင်းထိစပ်ပြီး ဧရိယာက ရှမ်းပြည်ရဲ့ ၄ ပုံ ၃ ပုံခန့်ရှိပါတယ်။ ရှမ်းပြည်ရဲ့ လက်ဖက်ခြောက်အထွက်ကလည်း တန်ချိန် ၈၇၀၀၀ လောက်ရှိပါတယ်။ ခုသူတို့က လက်ဖက်အပြင် ကော်ဖီကိုလည်း တိုးချဲ့စိုက်ပျိုးလာတာ ၂၀၁၆ မှာ ဧက ၁.၉ သန်းရှိပြီလို့ဆိုပါတယ်။ ကမ္ဘာ့ကော်ဖီဈေးကွက်မှာ Chinese Coffee ဆိုပြီးထိုးဖောက်ဖို့ ကြိုးစားနေကြတယ်။ တောင်သူတွေက လက်ဖက် နဲ့ ကော်ဖီ နှစ်မျိုးလုံးစိုက်ပျိုးထုတ်လုပ်ပြီး ဝင်ငွေတိုးဖို့ကြိုးစားနေကြတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ဇန်နဝါရီလကလည်း “1st PU’ER International Specialty Coffee Expo|Forum” ဆိုပြီး ပုအာမြို့မှာ ကျင်းပခဲ့ပြီး နိုင်ငံတကာ ကော်ဖီကျွမ်းကျင်ပညာရှင်ပေါင်း ၃၀၀ ကျော်တက်ရောက်ခဲ့ ကြတယ်။ ခရီးသွားလုပ်ငန်းနဲ့လည်းချိတ်ဆက်ထားပြီး ပုအာရဲ့ လက်ဖက်ဥယျာဉ်ကလည်း နာမည်ကြီးတယ်လို့ဆိုပါတယ်။ ကျွန်တော်တို့ရှမ်းပြည်မှာတော့ ကော်ဖီစိုက်ဧက ခန့်မှန်း ဧက ၂၇၆၃၅ ပဲရှိပါသေးတယ်။ ကျွန်တော်တို့ ရှမ်းပြည်ထွက် လက်ဖက် နဲ့ ကော်ဖီကို ဘယ်လို Brand Position နဲ့ တည်ဆောက်ရောင်းချကြမလဲဆိုတဲ့ Marketing ဘာသာရပ် ကိုအထူးပြုဖို့ လိုမယ်လို့ထင်မြင်မိပါတယ်။
Ref: China: a bubble in the tea market? : Financial Time
Shan State Investment Opportunity Survey Report
Puer (Yunnan City) Information: HKDTC Research ..
Link
https://www.facebook.com/saiphyolwinoo2012/posts/1856467551083909 ..
.
Sai Phyo Lwin Oo
June 10 at 11:23pm ·
ပြောင်းဈေးကွက်အလားအလာတွေကောင်းနေပေမယ့် ပြောင်းတစ်မျိုးတည်းစိုက်ပြန်ရင်လည်း မြေကြီးရဲ့ စွမ်းဆောင်ရည်ကျပြီး ရေရှည်မှာ ပြောင်းအထွက်ကျလာမှာသေချာတယ်။ ပြောင်းပြီးရင် သီးလှည့်စိုက်သင့်တာတွေက ပဲပုတ်၊ နေကြာ နှင့် ပန်းနှမ်း (Rape Seed) စသဖြင့် စိုက်သင့်တယ်။ အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ်က မျိုးဆက် ၄ ဆက်မြောက်လယ်သမားကြီး မတ်အန်ဆန် က သူတို့မိသားစုပိုင် ဧက ၂၀၀၀၀ မှာ ပြောင်း၊ ပဲပုတ် နဲ့ ပန်းနှမ်း (Rape Seed) ကို သီးလှည့်စိုက်တာ မြေကြီးရဲ့ မြေဆီသြဇာပိုကောင်းလာပြီး ပြောင်းအထွက်ပိုတိုးလာတယ်လို့သိရပါတယ်။
ကျွန်တော်တို့ ရေ၊မြေ အထူးသဖြင့် ရှမ်းပြည်မှာ စိုက်နေကြရှိပြီးသား။ ပြောင်းစိုက်သမျှ မြေတွေသာ ဒီလို ဆီထွက်သီးနှံတွေ လှည့်စိုက်နိုင်ရင် စားဆီ နှင့် မွေးမြူရေးအစာအတွက် ကြိတ်ဖတ် လည်းရမယ်။ ကျွန်တော်တို့ နိုင်ငံမှာ စားဆီက မက်ထရစ်တန် ၆ သိန်းလောက်တင်သွင်းနေရပြီး မွေးမြူရေးအတွက် ကြိတ်ဖတ်မလုံလောက်လို့ ပဲပုတ်ကြိတ်ဖတ်ကို အမေရိကန်၊ အာဂျင်တီးနား၊ အိန္ဒိယတို့ကနေ ၁ နှစ်ကို မက်ထရစ်တန် ၅ သိန်းလောက်သွင်းနေရတယ်လို့ သိရပါတယ်။ စုစုပေါင်းခန့်မှန်းတန်ဖိုး မေရိကန်ဒေါ်လာ ၁ ဘီလီယံလောက် သုံးနေရပါတယ်။
ကျွန်တော်တို့နိုင်ငံမှာ စားဆီနဲ့ ပတ်သက်ပြီး နိုင်ငံတကာစံညွှန်းတွေနဲ့အညီထုတ်၊ နောက်ပြီး ထုတ်လုပ်မှုစရိတ်လည်းယှဉ်နိုင်ရင် ပြည်တွင်းစားသုံးဆီ နဲ့ ကြိတ်ဖတ်လုံလောက်တဲ့ အပြင် နိုင်ငံတကာသို့ စားဆီတင်ပို့နိုင်ရန် မေရိကန်ဒေါ်လာ ၁ ဘီလီယံ တန်ဖိုးနဲ့ ညီမျှတဲ့ ပို့ကုန်ဝင်ငွေရရှိ ရန်အလားအလာရှိနေတယ်လို့ နယ်သာလန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန နဲ့ နယ်သာလန်နိုင်ငံ အခြေစိုက်နာမည်ကြီး စိုက်ပျိုးရေးသုတေသန တက္ကသိုလ်တစ်ခုဖြစ်တဲ့ ဝါးဂနင်းဂန်း (Wageingen) တို့ ပူးပေါင်းထုတ်ဝေထားတဲ့စာတမ်းတစ်ခုက ဆိုပါတယ်။ ဒီ့ပြင် ဆီနဲ့ပတ်သက်ပြီး ခုဖြစ်နေတဲ့ ပြည်သူ့ကျန်းမာရေး ကိုအထိုက်အလျောက် ကာကွယ်ပြီးသားဖြစ်လို့ ကျန်းမာရေးအသုံးစရိတ် သက်သာသွားမယ့်အပြင် နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုစွမ်းအားကိုတိုးတက်စေပါလိမ့်မယ်။
ဒီလိုနိုင်ငံတွင်းစိုက်ပျိုးရေးအခြေခံ ထုတ်မှုလုပ်ငန်းတွေအားကောင်းလာရင် အလုပ်အကိုင် အခွင့်အလန်းများ ပြီး ဝင်ငွေတိုးမှ တိုင်းပြည်စီးပွားရေးလည်ပတ်မယ်။ ပညာရေး နဲ့ ကျန်းမာရေးမှာ ပိုပြီးရင်းနှီးမြှုပ်နှံနိုင်မယ်။
၁ ဘီလီလီယံ သွင်းကုန်လျော့ချပြီး ၁ ဘီလီယံ ပို့ကုန်ထုတ်လုပ်မှုဖြစ်ဖို့ ကျွန်တော့်တို့မျိုးဆက်တွေ အဖြေရှာရမယ့် ပုစ္ဆာတစ်ပုဒ်ပါ။
link .. https://www.facebook.com/saiphyolwinoo2012/posts/1847780548619276
////...
.
.
မြန်မာနိုင်ငံက ကမ္ဘာ့  စားသောက်ကုန် အားလုံးနီးပါး ထွက်တဲ့ ရာသီဥတ ရေခဲတောင်ကနေ၊ ရာသီဥတု အစုံအလင် ရှိတဲ့ နိုင်ငံပါ။ အာရပ်တွေ စားကြတဲ့ စွန်ပုလွန်ပင်တောင် စိုက်ပျိုးဖြစ်ထွန်းတယ်။ တကမ္ဘာလုံး စားသုံးတဲ့ လဘက်။ ကော်ဖီတွေလဲ အများကြီး ထုတ်နိုင်စွမ်းအား တောင်သူ နဲ့ မြေနေရာ အလုံအလောက် ရှိပါတယ်။ အစိုးရအဆက်ဆက် လယ်ယာစိုက်ပျိုးရေး အခြေခံသော တိုင်းပြည် လုပ်ခဲ့ပေမဲ့ လက်တွေ့မအောင်မြင်ခြင်းရဲ့ အဓိကအကြောင်းကတော့ ပုဂလိက ကဏ္ဍကို ချုပ်ကိုင်ထားတဲ့ စနစ်ကြောင့် ဖြစ်ပါတယ်။
.
ဗဟိုဦးစီး စနစ်ဖြစ်ပြီး နေပြည်တော်မှာ ထိုင်နေသူများက ပြည်နယ်အစိုးရတွေကို အခွင့်ရေး လုပ်ပိုင်ခွင့် အားလုံးလိုလို ချုပ်ကိုင်ထားဆဲ ဖြစ်ပါတယ်။ စိုက်ပျိုးရေး မှာ လိုအပ်တဲ့ မြေ၊ မျိုးစေ၊ မြေသြဇာ၊ ပိုးသတ်ဆေး၊ နောက်ဆုံး သယ်ယူပို့ဆောင်ရေး၊ သိုလှောင်ရေး အဆုံး နေပြည်တော (ဗဟို) က လုံလောက်တဲ့ ပုဂလိက လွတ်လပ်ခွင့်တွေ မပေးတော့၊ ကုန်ထုတ်လမ်း ဂိတ်ဆောက်ပြီး ထင်သလို တောင်းရမ်းနေတဲ့ အုပ်စုများကို မတားဆိးနိုင်ပါ။ မြေ ပိုင်ဆိုင်မှုကိုလဲ လက်ဝါးအုပ် ရယူသွားတော့ တကယ်တောင်သူများ မြေရရှိဖို့ ဗဟိုဥပဒေနဲ့ ချုပ်ကိုင်ခံရပါတယ်။
.
အခု ကိုစိုင်း ရေးပြတဲ့ TEA ကို စိုက်ပျိုးခြင်း၊ ရိတ်သိမ်းသိုလှောင်ခြင်း၊ ဈေးကွက်ရှာဖွေခြင်း တွေမှာလည်း ဗဟိုအစိုးရက ပေါ်လစီ မရှိပါဘူး။ ဗီယက်နမ် တရုပ် သီရိလင်္ကာ များမှာ TEA ဈေးကွက် ရရှိရေး ဗဟိုက ပေါ်လစီ ချဖို့ TEA လုပ်ငန်းရှင်များအဖွဲ့ကို ပံ့ပိုးပေးရပါတယ်။ ဈေးကွက်ရရှိရေး ဆိုတာ အခုခေတ်မှာ နိုင်ငံခြားက ၀ယ်ရင် ဈေးကောင်းတာချည်းဖြစ်ပါတယ်။ နိုင်ငံခြားက ၀ယ်လာအောင် နမူနာတွေ တင်ရောင်းချ နိုင်ရပါတယ်။ ဥပမာ ဗီယက်နမ် ကိုယ့်နိုင်ငံထွက်ကုန် TEA Coffee Cashew တွေကို ကမ္ဘာ အနှံရောက်နေတဲ့ ဗီယက်နမ်လူမျိုးများ (တချိန်က မြန်မာများလို ဒုက္ခသည်များ) ကိုပဲ အားကိုးပြီး ဈေးကွက် ရှာပါတယ်။
.
ဗီယက်နမ် ကုန်တိုက်များဟာ အမေရိကားမြို့ကြီးတိုင်း၊ ဥရောပ၊ သြစတြေးလျှ မြို့ကြီးတိုင်းမှာ ရှိပါတယ်။ ဗီယက်နမ်ခေါက်ဆွဲပြုတ်၊ ဗီယက်နမ်မျှစ် ၊ ဗီယက်နမ် လဘက်၊ ကော်ဖီ၊ သီဟိုစေ့ တွေကို နိုင်ငံခြားရောက် ဗီယက်နမ်တွေပဲ မြှင့်တင်ကြပါတယ်။ သူတို့ချည်း မြှင့်တင်လို့ မရပါ။ ဗီယက်နမ်နိုင်ငံက အာဏာပိုင်အဖွဲ့အစည်း ပုဂိုလ်တွေက နိုင်ငံခြားအထိ ရောက်လာပြီး၊ အစိုးရချင် ဗီယက်နမ်ထုတ်ကုန် မြှင့်တင်ရေး လုပ်သလို၊ အဲဒီမြို့၊ နိုင်ငံမှာ နေထိုင်တဲ့ ဗီယက်နမ်များကို စုစည်းပေးပါတယ်။ ဗီယက်နမ်လည်း မြန်မာလို သူတလူငါတမင်း မညီညွတ်ကြပါဘူး။ ခေါင်းဆောင် ဗဟိုအစိုးရက လာရောက် ညီညွတ်စေပါတယ်။ စကားချည်း လာပြောတာမဟုတ်ပါ.. ပံ့ပိုးမှုလဲ လုပ်ပါတယ်။ ဗီယက်နမ် စိုက်ပျိုးရေးထုတ်ကုန် မြှင့်တင်ရေး အဖွဲ့စည်း ဖွဲ့ပေး၊ အခန်းနေရာ ငှားခ ပံ့ပိုးပေး၊ မိခင် ဗီယက်နမ်နိုင်ငံနဲ့ အဆက်အသွယ်လုပ်ပေးပါတယ်။
.
စင်ကာပူလို နိုင်ငံလေးတောင် ၀န်ကြီးချုပ်၊ ၀န်ကြီးတွေ ပြည်ပခရီးသွားတိုင်း အဲဒီ နိုင်ငံမျာ နေထိုင်၊ စီးပွားလုပ်တဲ့ စင်ကာပူနိုင်ငံသားများကို တွေ့ဆုံ၊ နားထောင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးစကားဝိုင်းမှာ နားထောင်သလို အများကြီးနားထောင် ရပါတယ်။ ပြီးတော့ အဖွဲ့အစည်း ဖွဲ့ပေး၊ ငွေ၊ပစ္စည်း၊လုပ်ပိုင်ခွင့်တွေ ပံ့ပိုးပေးပါတယ်။ စင်ကာပူက ထုတ်ကုန်က Service ၀န်ဆောင်မှု (ပွဲစားလုပ်တာ) ပဲ ရှိတယ်။ ဒီတော့ စင်ကာပူ ၀န်ဆောင်မှု ကို မြှင့်တင်ပေးဖို့ နိုင်ငံတကာ ရောက်နေတဲ့ စင်ကာပူနိုင်ငံသားတွေပဲ မဟုတ်ပါလား။
.
ဗဟို အစိုးရ အနေနဲ့ ဒါမျိုး ဥပမာ စင်ကာပူ EDB, ကိုးရီးယား၊ ဗီယက်နမ် လို မလုပ်နိုင်သေးရင် ရှမ်းတောင်ပိုင်း၊ ဧရာဝတီတိုင်း အစိုးရအဖွဲ့များက လုပ်ဆောင် ကြိုးစားသင့်ပါတယ်။ ရှမ်းတောင်ပိုင်း ကမ္ဘာအနှံ့ ရောက်နေတဲ့ ပြည်နယ်သားတွေကပဲ မိမိ ထုတ်ကုန်ကို မြှင့်တင်ရမှာ ပါပဲ။
.
FAO အချက်အလက် ကြည့်တဲ့ ၀က်ဆိုဒ် သိပ်ကောင်းပါတယ်။ နိုင်ငံ၊ ကုန်ထုတ်အမျိုးစား၊ သီးနှံတခုချင်း အချက်အလက်တွေကို 2011 to 2016 အထိ အလွယ်တကူ ရှာဖွေနိုင်ပါတယ်။ TEA Data ကို ၀ီကီ နဲ့ FAO အချက်လက်များ လိုက်ရှာကြည့်တာ ဗဟုသုတ ရပါတယ်။ ပုံ နဲ့ ၀က်ဆိုဒ် ရှယ်လိုက်ပါတယ်။ ကိုစိုင်းတို့ လုပ်နေတဲ့ ပြောင်း Corn ဧက တစ်ထောင် နောက်နှစ်၊ အိုဟိုင်းယိုးပြည်နယ်က တောင်သူတစ်ဦးကို အကူညီခေါ်ဖို့၊ အမေရိကားက ပြောင်း စိတ်ဝင်စားတဲ့ မြန်မာများနဲ့ ပေါင်းစည်းလုပ်ဆောင်နိုင်ဖို့ ကိုလည်း အလားတူ လေ့လာကြည့်ရဦးမယ်။ ကျေးဇူးပါပဲ ကိုစိုင်းရေ..
.
https://en.wikipedia.org/wiki/Tea (လဘက်အကြောင်း)
http://www.fao.org/faostat/en/#data/QC (အချက်အလက် Database)

No comments:

Post a Comment