Monday, June 25, 2018

လျှပ်စစ် ပေါ်လစီ နဲ့ လျှပ်စစ်အရင်းအမြစ်များအကြောင်း .. MRTV အင်တာဗျူး ၊ ယခင်လျှပ်စစ်ဒုဝန်ကြီး ဦးမော်သာထွေး


လျှပ်စစ် ပေါ်လစီ နဲ့ လျှပ်စစ်အရင်းအမြစ်များအကြောင်း .. MRTV အင်တာဗျူး ၊ ယခင် ညွန်ချုပ်နှင့် လျှပ်စစ်ဒုဝန်ကြီး ဦးမော်သာထွေး ... ဒီအကြောင်း နားထောင်ပြီးပါပြီ..အခုရေးမယ်.. BE Civil က လျှပ်စစ် ဒုဝန်ကြီး. လုပ်ခဲ့သူ ဖြစ်ပါတယ်. .အဂတိတွေ Low QC တွေ ပြောမဲ့လူ မဟုတ်လောက်ဘူး.ထင်ပါတယ်။ ဒါပေမဲ့ . 3 phase.power = root3 x V x I cos(thida) မသိတဲ့ မိုးကျတွေထက်တော့ မယှဉ်သာအောင် သာမှာ သေချာပါတယိ. . 1982 Civil လို့ ပြောကြတယ်. ဆည်မြောင်းဌာနကနေ Dam ဆောက်ရင်း ရေအားလျှပ်စစ် ဝင်လုပ်ရင်း ဒုဝန်ကြီး ဖြစ်လာတယ်.. တရုပ်အားပေး မဖြစ်ပါစေနဲ့..
.
ကိုကို (စက်မှုတက္ကသိုလ်) နဲ့ ဦးမော်သာထွေး အင်တာဗျူး က စိတ်ဝင်စား စရာကောင်းပါတယ်။ ပထမပိုင်းမှာ လူတွေ အတွက် အသိပညာ အများကြီး ပေးသွားပါတယ်။ နိုင်ငံရေး တော့ မပါဘူး။ နည်းပညာအကြောင်းပဲ မေး ဖြေ လုပ်ကြပါတယ်။
.
အကျဉ်းချုပ် ရေးရရင်
* စွမ်းအင် အရင်းအမြစ် မှာ ပေါ်လစီ ကောင်းဖို့၊ အကောင်ထည် ဖော်နိုင်ဖို့ လိုအပ်ပါတယ်။ ပေါ်လစီ ချမှတ်ရာမှာ အဓိက ထားရမှာက စွမ်းအင်လုံခြုံရေး Energy Security ဖြစ်ပါတယ်။ စွမ်းအင် ပေါ်လစီ အခြေခံအချက် ၃ခု ကတော့ ..
.... ၁။ Physical Energy လက်ရှိ စွမ်းအင်အရင်းအမြစ်များ
.... ၂။ Price စွမ်းအင်ဈေးနှုန်း (အတက်အကျမရှိရန်၊ ငြိမ်ရန်)
.... ၃။ Geo Political ဘူမိ (ပထ၀ီနိုင်ငံရေး) တို့ဖြစ်ပါတယ်။ ဘယ်အရင်းအမြစ်ကို အခြေခံပြီး စွမ်းအင် ထုတ်လုပ်၊ တင်ပို့ သုံးစွဲမလဲ ပေါ်လစီ ချရပါမယ်။
(မှတ်ချက်။ ။ ပေါ်လစီ ခဏခဏ ချနေကြတယ်လို့ မြင့်ပါတယ်)။
.
လျှပ်စစ်စွမ်းအင် ပေါ်လစီ်
ဒီတစ်ခုကိုပဲ အာရုံစိုက် ကြည့်မယ်ဆိုရင် တော့ ၄ချက်ရှိပါတယ်။
.... ၁။ Price ဈေးနှုန်းကို နံပါတ်(၁) ထားရပါမယ်။
.... ၂။ Quality လျှပ်စစ် အရည်အသွေး
.... ၃။ Physical လျှပ်စစ်အရင်းအမြစ်
... ၄။ Geo Political သဘာဝပတ်ဝန်းကျင် တို့ဖြစ်ပါတယ်။
လျှပ်စစ်မှာ ဈေးနှုန်းကို အဓိက နံပါတ်(၁) ထားရတဲ့ အကြောင်းကတော့ လျှပ်စစ် ဓါတ်အားခ ဈေးနှုန်းကြီးနေရင် ရင်းနှီးမြှတ်နှံမှုတွေ လာကြမှာမဟုတ်ပါဘူး။
.
လျှပ်စစ် အရည်အသွေး(Quality) မေးခွန်းရဲ့ အဖြေက
.... ၁။ လျှပ်စစ်မီး ခဏ ခဏ် ပျက်နေရင်
.... ၂။ လျှပ်စစ် ဗို့အား မတည်ငြိမ်ရင်
.... ၃။ လျှပ်စစ် ဖရီကွင်စီ Frequency မတည်ငြိမ်ရင် .. ဒါတွေက ကွာလတီ တွေ ဖြစ်ပါတယ်။ ကွာလတီ အတွက် တာဝန်ရှိသူက နိုင် ငံတော် ဖြစ်နေပါတယ်။အခု အခြေအနေက ပြည်သူကို နိုင်ငံတော်က ဂရုမစိုက်သလို ဖြစ်နေပါတယ်။
.
.
မြန်မာနိုင်ငံရဲ့ ကုသိုလ်ကံကောင်းမှု
လျှပ်စစ် အရင်းအမြစ်များမှာ ဈေးအသက်သာဆုံးက ရေအား လျှပ်စစ် ဖြစ်ပါတယ်။ တခြား အရင်းအမြစ်များ ဖြစ်တဲ့ ညူကလီယာ (မတတ်နိုင်ပါ)၊ နေရောင်ခြည်၊ လေအား၊ ရေနံ၊ ဓါတ်ငွေ့ (LNG), စသဖြင့် အရင်းအမြစ်တွေ ရှိပါတယ်။ အဲဒီ အရင်းအမြစ် အားလုံးမှာ ရေအား လျှပ်စစ်က အကောင်းဆုံး၊ ဈေးအသက်သာဆုံး ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ ကုသိုလ်ကံကောင်းတယ် ပြောရမယ်။ အရှေ့တောင် အာရှမှာ ရေချို အရင်းအမြစ် အကောင်းဆုံး ဖြစ်ပါတယ်။ ရေအရင်းအမြစ် အားလုံးမှာ ၁၇.၅% က ရေချိုတွေ ပိုင်ဆိုင်ထားပါတယ်။ ဒုတိယ ကတော့ လာအိုနိုင်ငံ ၊ တတိယကတော့ မလေးရှား ဘော်နီယိုကျွန်း တို့ ဖြစ်ပါတယ်။ ဒါကြောင့် အနာဂါတ် နဲ့ လက်ရှိ အကောင်းဆုံး လျှပ်စစ် ဓါတ်အား အရင်းအမြစ်က ရေအားလျှပ်စစ် ဖြစ်ပါတယ်။
.
မြန်မာနိုင်ငံမှာ သုတေသန ပြုချက်များအရ ရေအားလျှပ်စစ် မဂါဝပ် ၁သိန်း အထိ ရနိုင်ပြီး၊ စီးပွားဖြစ် ထုတ်လုပ်နိုင်တဲ့ ရေအားလျှပ်စစ် မဂါဝပ် ၄သောင်းခွဲ လောက် ရှိပါတယ်။ (လက်ရှိ စုစုပေါင်း
.
.
ယခု ခေတ် လျှပ်စစ်ဓါတ်အားထုတ်လုပ်ခြင်း
ညူကလီယာ စွမ်းအားက ယူရေနီယံ တွင်းထွက် ကို အသုံးပြုပါတယ်။ ရေနံကိုတော့ ဈေးနှုန်း မကိုက်တဲ့အတွက် မသုံးတော့ပါဘူး။ အရေးပေါ်မှပဲ သုံးကြပါတယ်။ အများဆုံး အသုံးပြုတာကတော့ ဓါတ်ငွေ၊ ကျောက်မီးသွေး၊ ရေအား လျှပ်စစ် တွေ ဖြစ်ပါတယ်။ နေရောင်ခြည် နဲ့ လေအား လျှပ်စစ်တွေကတော့ Base Load မကောင်းလို့ အမြောက်အများ မသုံးကြပါဘူး။
.
.
လျှပ်စစ် ဘေ့စ်လုတ်
(Electricity Base Load & Capacity Factor)
လုပ်ငန်းများ၊ စက်ရုံများ၊ လူနေအိမ်များ မှာ လျှပ်စစ် အသုံးစွဲ အနည်းအများက အချိန်ကာလ ပေါ်မူတည်ပါတယ်။ Peak Load ဆိုတဲ့ အသုံးအများဆုံး အချိန်က စက်ရုံများ စတင်တဲ့ မနက်ပိုင်း ဖြစ်ပါတယ်။ နေ့ခင်း လုပ်ငန်းခွင်များ လည်ပတ်ချိန်မှာ အများဆုံး လျှပ်စစ် အသုံးပြုကြပြီး၊ ညပိုင်း စက်မှုလုပ်ငန်းများ ရပ်နားချိန် အိမ်သုံး၊ လမ်းမီးလောက်ပဲ သုံးတော့ အနည်းဆုံး အသုံးပြုချိန် ဖြစ်ပါတယ်။ ဒီလို လျှပ်စစ် အသုံးစွဲ အတက်အကျ များတဲ့ အခါ ဘေ့စ်လုတ် Base Load ဆိုတဲ့ လျှပ်စစ်ဓါတ်အားစက်တွေ ပိုပြီး လည်ပတ်ပေးရတယ်။ ရေအား လျှပ်စစ် တာဘိုင်ကြီးများဟာ ဘေ့စ်လုတ် အကောင်းဆုံး ဖြစ်ပါတယ်။
.
ဘေ့စ်လုတ် Base Load ကောင်းတဲ့ ရေအား လျှပ်စစ်က Capacity Factor 0.5 (၅၀ ရာနှုန်း) ရှိပါတယ်။ တပ်ဆင်ထားတဲ့ လျှပ်စစ် စွမ်းအား မဂါဝပ်ပေါင်း ၁၀၀ ရှိတယ်ဆိုရင် ၅၀ မဂါဝပ် အောက် မကျအောင် လည်ပတ်ပေးနိုင်ပါတယ်။ ထုတ်လုပ်တဲ့ လျှပ်စစ် မမာဏရဲ့ ၅၀% ထိ ရေအားလျှပ်စစ်က ထိန်းထားနိုင်ပါတယ်။
.
ရေအား လျှပ်စစ်လောက် ဘေ့စ်လုတ် မကောင်းပေမဲ့၊ အစားထိုးနိုင်တာ ကတော့ ဂတ်စ် Gas Power ဖြစ်ပါတယ်။ LNG လဲ ဂတ်စ် ဆိုတော့ အတူတူပါပဲ။ နေရောင်ခြည် ကတော့ မြန်မာနိုင်ငံမှာ ပေါများ ပူပြင်းပေမဲ့ Capacity Factor က ၂၀% လောက်ပဲ ရမယ်။ လေအား (လေရဟတ်) ကတော့ Capacity Factor ၂၀% - ၃၀% ပိုရပါတယ်။ ဒါကြောင့် နိုင်ငံတိုင်းမှာ နေရောင်ခြည်၊ လေအား လျှပ်စစ် ကို အရံသဘောပဲ ထားကြပါတယ်။ ၆% လောက်ပဲ ၊Renewal Energy ကို နည်းနည်းပဲ ထားကြပါတယ်။
.
ဒီရေ နဲ့ အခြားလျှပ်စစိ အရင်းအမြစ်များက ဈေးကြီးတာနဲ့ အခြားအကြောင်းများကြောင့် သိပ်မသုံးကြပါဘူး။
(ကျောက်မီးသွေး လျှပ်စစ် အကြောင်း မပြောသေးပါဘူး)
.
.
နိဂုံး (ကောက်နုတ်ချက်)
၁။ လျှပ်စစ် ကွာလတီ (အရည်အသွေး) ကောင်းခြင်းကို ရေအား လျှပ်စစ်မှ ရရှိကြောင်း အဓိက ထားပြီး ပြောဆိုသွားပါတယ်။ ဦးမော်သာထွေး က မြို့ပြအင်ဂျင်နီယာ ဖြစ်ပြီးးဆည်မြောင်း၊ ရေကာတာများ တည်ဆောက်ခဲ့သူ ဖြစ်ပါတယ်။ ယခင်အစိုးရ လက်ထက် လျှပ်စစ်ဝန်ကြီးဌာန မှာ ဒုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ရေအားလျှပ်စစ် အရင်းအမြစ်များစွာ သုတေသန လုပ်ခဲ့တဲ့ ကာလ ဖြစ်ပါတယ်။ .
.
၂။ လက်ရှိ ၂၀၁၇ ဒီဇင်ဘာလ ဒုဝန်ကြီး လွှတ်တော်မှာ တင်ပြချက်အရ မြန်မာနိုင်ငံမှာ လျှပ်စစ် ထုတ်လုပ်မှု ၂၀၁၆-၂၀၁၇ ကီလိုဝပ်သန်းပေါင်း 17866 Million KWhr (မဂါဝပ် ၃၅၀၀ခန့်) ဖြစ်ပြီး၊ ရေအားလျှပ်စစ်က ၆၀% အသုံးပြုနေပါတယ်။ ၂၀၁၆ နောက်ပိုင်းမှာ ဓါတ်ငွေ စက်ရုံများစွာ ပုဂလိက ၁၀၀% (or) JV ဖက်စပ် တည်ဆောက်လာပါတယ်။ ၂၀၁၈ နှစ်ဦးပိုင်းမှာ 5000 mW LNG စီမံကိန်းကြီးတွေ ကြေငြာခဲ့ပါတယ်။
.
၃။ အခုလို အစိုးရ၀န်ထမ်းဟောင်း ဒုဝန်ကြီးဟောင်းက အင်တာဗျူး ပြောပြတာ တော်တော် ကျေးဇူးတင်ရပါမယ်။ ဦးသိန်းစိန် လက်ထက် ၀န်ကြီး၊ ဒုဝန်ကြီး အားလုံးနီးပါးက စစ်မှုထမ်းဟောင်းများ ဖြစ်နေလို့ လက်ရှိစီမံကိန်းများနဲ့ ဆက်နွယ်နေတဲ့အတွက် ဦးသိန်းစိန်ခေတ် အရာရှိကြီးများ အင်တာဗျူး (သို့မဟုတ်) အကြံပြုချက်တွေ ဆက်လက် ထွက်ပေါ်လာမယ် မျှော်လင့်ပါတယ်။
.
၎။ အင်တာဗျူးက ဈေးကြီးတဲ့ LNG လျှပ်စစ်အကြောင်း မပြောပါဘူး။ အင်အယ်ဒီ လျှပ်စစ် ပေါ်လစီမှာ ဦးမော်သာထွေး ပြောတဲ့ နံပါတ်(၄) Geo Political ကို ဦးစားပေးပြီး ရေအား၊ ကျောက်မီးသွေ ဓါတ်အားတွေ မလုပ်နိုင်သေးပါဘူး။ LNG လျှပ်စစ် ကို တရုပ်နိုင်ငံမှာ ဈေးကြီးလို့ မသုံးကြပါဘူး။ ဂျပန်နိုင်ငံမှာ အမြောက်အများ တယူနစ် ၄၀၀ကျပ် အထက် ထုတ်လုပ်ပါတယ်။ မြန်မာနိုင်ငံက တယူနစ် ၄၀၀ကျပ် နဲ့ ထုတ်လုပ်ပြီး တယူနစ် ၁၅၀ နဲ့ အရှုံးခံပြီး ရင်းနှီးမြှတ်နှံမှုများကို ဆွဲဆောင်မဲ့ သဘောပါ။ လျှပ်စစ် လာအိုနဲ့ တရုပ်နိုင်ငံက ၀ယ်ယူတာလဲ မလုပ်သေးပါဘူး။
.
၅။ နောက် ပိုင်း အပိုင်း (၂) အပိုင်း (၃) MRTV အင်တာဗျူးများမှာ လျှပ်စစ် ၀န်ကြီးဌာန လက်ရှိ အကောင်ထည်ဖော်နေတဲ့ စီမံကိန်းကြီးများ ၊ အကောင်ထည်ဖော်မဲ့ စီမံကိန်းကြီးများ အပေါ် သုံးသပ်ချက်များလဲ ကြားလိုပါတယ်။ ဖတ်လိုပါတယ်။ ရေအား လျှပ်စစ် အဓိက ထားပြီး အင်တာဗျူး ပြောဆို တဲ့အတွက် လက်ရှိ ရေအားလျှပ်စစ် စီမံကိန်းများကို ဘယ်လို ဆက်လက် အကောင်ထည်ဖော် ကြမလဲ၊ မတရား ချုပ်ဆိုထားတဲ့ စာချုပ်များကို ဘယ်လို ပြန်လည်ညှိနှိုင်း အသစ်ပြန်လည် ချုပ်ဆိုကြမလဲ ဆိုတာ လဲ ကြားလိုပါတယ်။
.
ဇော်အောင်
၁၉. ဇွန်. ၂၀၁၈
.
Ref:
* Hlaing Oo's Facebook ယခင် ဦးသန်းရွှေလက်ထက် ညွန်ချုပ်နှင့် လျှပ်စစ်ဒုဝန်ကြီး ဦးမော်သာထွေး MRTV interview Part.1
..https://www.facebook.com/hlaingoo1/videos/1946486785425955
* ပြည်မြန်မာ လျှပ်စစ်ထိန်ထိန်သာဖို့အရေး - မိုးမခ စာအုပ်
https://goo.gl/Bye18m

No comments:

Post a Comment