Tuesday, June 5, 2018

လျှပ်စစ်ဓာတ်အားအတွက် LNG သည် အဖြေလော Ye Htut ဖေ့ဘုတ်မှယူသည်



Ye Htut shared a post.
ဦးမောင်မြင့်က ဒေါ်လာ ငါးဘီလီယံကျော်လောက်တန်ဖိုးရှိတဲ့ LNG လျှပ်စစ်ဓာတ်အားပေးစီမံကိန်းလေးခုကို တင်ဒါမခေါ်ပဲနဲ့ စတင်လေ့လာလုပ်ဆောင်ခွင့် (NTP ) ပေးရတဲ့အကြောင်းအရင်းကို မေးတယ်။
ဝန်ကြီး က ၂၀၁၇ ဇွန်လ ၁၁ ရက်နေ့ စီးပွားရေးကော်မတီအစည်းအဝေးက နိုင်ငံနဲ့တိုင်းဒေသကြီး/ပြည်နယ်အတွက်အကျိုးရှိမယ့် အစိုးရ-ပုဂ္ဂလိက ဖက်စပ်လုပ်ငန်း (PPP) တွေကို ရင်းနှီးမြှုပ်နှံသူဘက်က အဆိုပြုလာရင် တင်ဒါမခေါ်ပဲနဲ့ ခွင့်ပြုနိုင် တယ်လို့ ဆုံးဖြတ်ထားတဲ့အတွက်ကြောင့် ခွင့်ပြုတယ်လို့ ဖြေတယ်။ လျှပ်စစ်ဥပဒေ၊ နည်းဥပဒေကို ထပ်ကိုး ကားပြီးတင်ဒါမခေါ်ပဲနဲ့ ပေးနိုင်ကြောင်းသက်သေထူတယ်။
ဦးမောင်မြင့်က ၀န်ကြီးရှင်းတဲ့အထဲမှာ ဈေးနှုန်းမပါဘူး။ မိုဘိုင်းဖုန်း တုန်းက ပြည်ပက ၁၀၀% ရင်းနှီးမြှပ်နှံတဲ့လုပ်ငန်းဖြစ်ပေမယ့် နိုင်ငံတကာ တင်ဒါခေါ်တဲ့အတွက် လိုင်စင်ကြေးလည်းပိုရတယ်။ ၀န်ဆောင်မှုတွေ လည်း အပြိုင်ဖြစ်ခဲ့တဲ့ ကိစ္စကို ထောက်ပြတယ်။ အခု ဈေးနှုန်းမသိရပဲနဲ့ ခွင့်ပြုပေးတယ်၊ အစိုးရပေးနေတဲ့ ဈေးထက်ပိုပေးရမှာသေချာတယ် ဆိုပြီး ဆက်ထောက်ပြတယ်။
ဥပဒေနဲ့ပတ်သက်ပြီး ဦးမောင်မြင့်က လျှပ်စစ်ဥပဒေမှာ ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့လုပ်ရမယ်လို့ပါတယ်။ ပြည်ထောင်စုအစိုးရ အဖွဲ့ဆိုတာ သမ္မတဦးဆောင်တဲ့ အစိုးရအဖွဲ့၊ စီးပွားရေးကော်မတီဆိုတာ သမ္မတအောက်မှာဖွဲ့ထားတဲ့အဖွဲ့။ ဒါ့ကြောင့်အစိုးရအဖွဲ့ရဲ့ တင်ဒါ စည်းမျဉ်းကိုလိုက်နာရမယ်ဆိုပြီး ဥပဒေပါအချက်တွေနဲ့ပြန်ထောက်တယ်။
နောက်ဆုံးတော့ ၀န်ကြီးက နောက်သုံးနှစ်အတွင်းလိုအပ်တဲ့ လျှပ်စစ်ကို ဖြည့်နိုင်ဖို့အတွက် ရဲရဲဝံ့ဝံ့လုပ်ရတာပါ။ အရင်လူတွေမလုပ်ခဲ့လို့ အခု လုပ်ရတာပါ၊အခု စတင်လေ့လာခွင့်ပေးတယ်ဆိုတာ လုပ်ဆောင်ခွင့်ပေးတာ မဟုတ်သေးပါဘူး။ ဈေးနှုန်းကတော့ နောက်မှ ညှိပါမယ်လို့ ပြန်ရှင်း သွားတယ်။
လုပ်ငန်းလုပ်ခွင့်ရတဲ့ ကုမ္ပ ဏီတွေအကြောင်းပြောတော့ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်မှာ တရုတ်ကုမ္ပ ဏီ တွေနဲ့အတူ မြန်မာ ကုမ္ပ ဏီ တစ်ခုက ဖက်စပ် လုပ်ဆောင်ခွင့်ရထားတာကိုကြားလိုက်ရတယ်။ ၀န်ကြီးက နိုင်ငံခြား ကုမ္ပ ဏီ တွေရဲ့ ခိုင်မာမှုကို ရှင်းပြသွားပေမယ့် ပြည်တွင်း ကုမ္ပ ဏီ အကြောင်းကိုတော့ ပြောမသွားရှာဘူး။
တကယ်လို့ ဦးမောင်မြင့်ကသာ အဲဒီ ကုမ္ပ ဏီ နဲ့ ပိုင်ရှင်အကြောင်းမေးလိုက်ရင် ၀န်ကြီးဌာနက ဘယ်လိုဖြေမလဲ မသိဘူး။
စိတ်ဝင်စားဖို့ကောင်းတဲ့အမေးအဖြေတွေပါ။ နားထောင့်သင့်ပါတယ်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန မှ တင်ဒါခေါ်ယူုခြင်းမရှိဘဲ ဆောင်ရွက်လျှက်ရှိသော အမေရိကန်ဒေါ်လာ ခန့်မှန်း (၅)ဘီလီယံဘိုး ရှိသည့် စီမံကိန်း (၄)ခု နှင့်ပတ်သတ်သည့် မေးမြန်းသည့် မေးခွန်း အပြည့်စုံ
စန္ဒီထွန်း 7 Days205 Comments348 Shares
7 Days Newspaper .
လျှပ်စစ်ဓာတ်အားအတွက် LNG သည် အဖြေလော

၂၀၁၈ ခုနှစ်အစ ဇန်နဝါရီအတွင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက LNG တင်ပို့ခြင်းပါဝင်မည့် သဘာဝဓာတ်ငွေ့မှလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းလေးခုကို ဆက်လက်ဆောင်ရွက်ခွင့်ပြုကြောင်း (Notice toProceed) ထုတ်ပြန်ကြေညာခဲ့သည်။ တနင်္သာရီတိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဆောင်ရွက်မည့် ထိုစီမံကိန်းများသည် လာမည့် ၂ နှစ်အတွင်း ပြည်တွင်းလျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို ဖြည့်ဆည်းပေးလိမ့်မည်ဟု မျှော်မှန်းရသည်။ ၂၀၁၈ ခုနှစ်အတွင်း အစိုးရနှင့် ရင်းနှီးမြှုပ်နှံသူများအကြား စွမ်းအင်ဝယ်ယူရေး သဘောတူညီချက် (PowerPurchasing Agreement/PPA) ရယူဖွယ်ရှိကြောင်း သိရှိရသည်။ ယခု လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းများသည် အထူးအဆန်းမဟုတ်။ သို့သော်ဆန်းသည်ကား ထိုစီမံကိန်းများတွင် နိုင်ငံခြားမှ LNG ဟူသောသဘာဝဓာတ်ငွေ့အရည် တင်ပို့ခြင်းအစီအစဉ်များ ပါဝင်သည်ဆိုသော အချက်ဖြစ်ပါသည်။ ဆိုလိုသည်မှာ မြန်မာနိုင်ငံသည် ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြားမှသဘာဝဓာတ်ငွေ့ ဝယ်ယူကာပြည်တွင်းတွင် လျှပ်စစ်ဓာတ်အားပြန်လည်ထုတ်လုပ်မည်ဖြစ်ပါသည်။စွမ်းအင်နှင့် ပတ်သက်သောဆုံးဖြတ်ချက်များ ချမှတ်ရာတွင်စီးပွားရေးဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ အကြောင်းအချက်များက လွှမ်းမိုးချုပ်ကိုင်နေသည်။ ဥပမာအားဖြင့် စွမ်းအင်ထုတ်လုပ်မှု၊ သုံးစွဲမှုအတွက်ကုန်ကျစရိတ်များ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုး၊ ကောင်းကျိုးများ၊ လူမှုဓလေ့ ထုံးစံများကိုသေချာစွာ ထည့်သွင်းစဉ်းစားရန်လိုအပ်ပါသည်။အကြောင်းမှာ ထိုစွမ်းအင်ဆိုင်ရာ ရွေးချယ်မှုများက လူသားတစ်ဦးချင်းစီနှင့် လူ့အဖွဲ့အစည်းအပေါ် အမျိုးမျိုးသော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေပါသည်။
(၁) သဘာဝပတ်ဝန်းကျင်၏အရည်အသွေးအပေါ် အကျိုးသက်ရောက်မှုရှိသည်။ ဥပမာရုပ်ကြွင်းလောင်စာများကို အသုံးပြုမှုသည် ကမ္ဘာကြီး ပူနွေးခြင်းနှင့်ရာသီဥတု ပြောင်းလဲမှုဖြစ်ပေါ်စေသည်။
(၂) စွမ်းအင်ရင်းမြစ်များကို လက်လှမ်းမီမှုသည် (သို့မဟုတ်) လက်လှမ်းမမီခြင်းသည် လူ့အဖွဲ့အစည်း၏ လူနေမှုအဆင့်အတန်းအပေါ် အကျိုးသက်ရောက်မှုရှိသည်။
(၃) အချို့သော လူ့အဖွဲ့အစည်းများသည် အကျိုးသက်ရောက်မှုများကို ပိုမိုခံစားရနိုင်သည်။ဥပမာ ဖွံ့ဖြိုးဆဲနိုင်ငံအချို့သည်ကမ္ဘာကြီးပူနွေးမှုနှင့် ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်များကို ပိုမို ခံစားကြရသည်။
(၄) အမျိုးသားလုံခြုံရေးနှင့်စီးပွားရေး လုံခြုံရေးကို အကျိုးသက်ရောက်သည်။ ပြည်တွင်းစွမ်းအင်ရင်းမြစ်များထက် ပြည်ပစွမ်းအင်ရင်းမြစ်အပေါ် မှီခိုနေရခြင်းသည် အမျိုးသားလုံခြုံရေးဆိုင်ရာ အားနည်းချက် ဖြစ်စေနိုင်သည်။ ရွေးချယ်လိုက်သော စွမ်းအင်ရင်းမြစ်နှင့်ပတ်သက်၍ လူတိုင်းပင် ငွေကြေးတစ်စုံတစ်ရာကျခံသုံးစွဲရမည်ဖြစ်သည်။ LNG အကြောင်း တစေ့တစောင်း LNG ဆိုသည်မှာ LiquefiedNatural Gas ဖြစ်ပြီး အရည်အသွင်ဖြစ်သော သဘာဝဓာတ်ငွေ့ (တစ်နည်း) သဘာဝဓာတ်ငွေ့ရည်ဖြစ်ပါသည်။ သဘာဝဓာတ်ငွေ့ကို သန့်စင်၍ အအေးခံခြင်းစနစ်ကို ဖြတ်သန်းကာအရည်အသွင် ပြုလုပ်ထားခြင်း (Liquefaction) ဖြစ်ပါသည်။အရည်အနေနှင့် ဆိုလျှင် သဘာဝဓာတ်ငွေ့သည် အငွေ့အသွင်ထက် နေရာယူမှု အဆပေါင်းခြောက်ရာ လျော့ကျသွားပါသည်။ ထို့ကြောင့် ၎င်းကိုသင်္ဘောကြီးများဖြင့် သမုဒ္ဒရာကြီးများကို ဖြတ်ကျော်၍ လိုအပ်သောဈေးကွက်များဆီ တင်ပို့ရောင်းချလာနိုင်ပါသည်။
သဘာဝဓာတ်ငွေ့ကို သယ်ယူပို့ဆောင်ရန် ဓာတ်ငွေ့ပိုက်လိုင်းများကို အသုံးပြုသည့် အစဥအလာရှိပါသည်။ မြန်မာနိုင်ငံတွင်လည်း ကမ်းလွန်လုပ်ကွက်များမှ တရုတ်နှင့် ထိုင်းနိုင်ငံသို့ ဓာတ်ငွေ့ပိုက်လိုင်းများဖြင့် သဘာဝဓာတ်ငွေ့ကို တင်ပို့ရောင်းချလျက် ရှိပါသည်။ သို့သော် ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရန် စီးပွားရေးအရ တွက်ခြေကိုက်မှုလည်း မရှိသော၊ နည်းပညာအရလည်းမဖြစ်နိုင်သော ဒေသများ၊ နိုင်ငံများ ရှိနေပါသည်။ ထိုအခါတွင်မူသဘာဝဓာတ်ငွေ့ကို သဘာဝဓာတ်ငွေ့ရည် (LNG) အဖြစ်အသွင်ပြောင်း တင်ပို့ခြင်းက ရွေးချယ်စရာ နည်းလမ်းတစ်ခု ဖြစ်လာပါသည်။ ထို့အပြင် သဘာဝဓာတ်ငွေ့ အရင်းအမြစ်များစွာရှိသော်လည်း လိုအပ်သော နိုင်ငံတကာ ဈေးကွက်သို့ ဓာတ်ငွေ့ပိုက်လိုင်းဖြင့် တိုက်ရိုက်တင်ပို့ရောင်းချရန် မဖြစ်နိုင်သော နိုင်ငံများအတွက်လည်း (ဥပမာ သြစတြေးလျ) အရည်အသွင်ပြောင်းကာ သင်္ဘောများဖြင့် တင်ပို့လာနိုင်သောကြောင့်LNG သည် များစွာ အထောက်အကူဖြစ်ပါသည်။
နိုင်ငံတကာတွင် LNG ကိုကုန်သွယ်မှုသည် ၁၉၉၀ နှစ်လယ်ပိုင်းများမှစ၍ နှစ်စဉ် တိုးတက်လာခဲ့သည်။ ထိုကာလများအတွင်း LNG သည် ဈေးကွက်တွင် သီးသန့်ရောင်းဝယ်သောလောင်စာအဖြစ်မှ သဘာဝဓာတ်ငွေ့ ထောကပ်ံ့ရေးအတွက် ပငမ်ရင်းမြစ်တစ်ခု အဖြစ်သို့ ပြောင်းလဲရောက်ရှိလာသည်။ ယနေ့တွင် သဘာဝဓာတ်ငွေ့ ၃၁ရာခိုင်နှုန်းနီးပါးကို LNG အဖြစ်သယ်ယူပို့ဆောင်လျက်ရှိသည်။
ထိုသို့ LNG အဖြစ် သယ်ယူပို့ဆောင်နိုင်ရန် ဓာတ်ငွေ့ကိုအရည်သို့ ပြောင်းလဲနိုင်သည့်နည်းပညာကို သိပ္ပံပညာရှင်နှစ်ဦးက တီထွင်ခဲ့သည်။ ၁၉၁၅ ခုနှစ်တွင် အလွန်နိမ့်သော အပူချိန်၌
ဓာတ်ငွေ့ကို အရည်အဖြစ် သိုလှောင်သည့် နည်းပညာ (ColdStoring Method) ကို GodfreyCabot က တီထွင်ခဲ့သည်။ ၁၉၃၇ခုနှစ်တွင်မူ Re-liquefactionMethod နည်းပညာကို Lee
Twomey က မူပိုင်ခွင့်ရယူခဲ့သည်။ ထိုတီထွင်မှုများသည်ယနေ့အချိန်တွင် သဘာဝဓာတ်ငွေ့ကိုအရညသ့ို ပြောင်းလသဲ ည့်လုပ်ငန်းကို စီးပွားဖြစ် ကျယ်ပြန့်စွာ လုပ်ကိုင်လာနိုင်စေသည့်
ကနဦး ဆောင်ရွက်မှုများဖြစ်ပါသည်။
LNG Value Chain တွင်အပိုင်းလေးပိုင်းပါဝင်သည်။ ရှာဖွေခြင်းနှင့် ထုတ်လုပ်ခြင်း၊အရည်အဖြစ် အသွင်ပြောင်းခြင်း၊သင်္ဘောဖြင့် ပို့ဆောင်ခြင်း၊ သိမ်းဆည်းခြင်းနှင့် သဘာဝဓာတ်ငွေ့သို့ ပြန်လည်အသွင်ပြောင်းခြင်းဟူ၍ ဖြစ်ပါသည်။ ဤသည်မှာအခြား ရေနံကဲ့သို့ ကုန်စည်များနှင့် အတူတူပင်ဖြစ်သည်။ မြန်မာနိုင်ငံ၏ LNG မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန်အစီအစဉ်
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ လူဦးရေ၏ သုံးပုံတစ်ပုံသာလျှင် လျှပ်စစ်ဓာတ်အားကို သုံးစွဲနိုင်ပြီး မြန်မာနိုင်ငံအနေနှင့် ပြည်တွင်းလိုအပ်ချက် အတွက်သာမက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်အတွက်လည်း လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်ရန် လိုအပ်နေခြင်းဖြစ်ပါသည်။ ထိုအတွက် LNG သည် ကြားကာလ အဖြေတစ်ခု ဖြစ်ကောင်းဖြစ်လာနိုင်ပါသည်။ သို့သော် LNG မှ ထုတ်လုပ်သော လျှပ်စစ်ဓာတ်အားကို မည်သည့်ဈေးနှုန်းဖြင့် ဝယ်ယူမည်ဆိုသည့် အချက်၊ နှစ်ပေါင်းမည်မျှဝယ်ယူမည်ဆိုသည့်အချက်များမှာ ဆွေးနွေးဆဲဖြစ်သဖြင့် အခြားသော စွမ်းအင်ရင်းမြစ်များနှင့်ထိရောက်စွာ နှိုင်းယှဉ်ရန် အနည်းငယ် ခက်ခဲနေသည်။ ဤသည်မှာအစိုးရ၏ ဝှက်ဖဲချပ်များ ဖြစ်နိုင်ပါသည်။ တစ်ချိန်တည်းမှာပင်ပညာရှင်အချို့က ထိုစီမံကိန်းများသည် အလွန် ကုန်ကျစရိတ်များပြားပြီး သမိုင်းတွင် ထိုကဲ့သို့ ကြီးမားလွန်းသော စီမံကိန်းများအကောင်အထည် မပေါ်ခဲ့သည်ကို ထောက်ပြသတိပေးနေကြသည်။
ကမ္ဘာပေါ်တွင် လက်ရှိ ကျင့်သုံးနေသော LNG ဈေးကွက်၏အနေအထားကို လေ့လာကြည့်ခြင်းဖြင့် ယခု စွမ်းအင်ဆိုင်ရာဆုံးဖြတ်ချက်၏ ဖြစ်ပေါ်လာနိုင်သော အကောင်း၊ အဆိုး အကျိုးဆက်များကို အများပြည်သူအနေနှင့် သိရှိနားလည်နိုင်မည်ဖြစ်ပါသည်။
ဆိုခဲ့သည့်အတိုင်း သဘာဝဓာတ်ငွေ့ကို အရည်အဖြစ်တင်ပို့ရောင်းချသော LNG ဈေးကွက်တွင် ရောင်းချသူနှင့် ဝယ်ယူသူဟူ၍ နှစ်ပိုင်းရှိပါသည်။ ရောင်းချသူသည် သဘာဝဓာတ်ငွေ့ကို ရှာဖွေထုတ်လုပ်ကာ LNG စက်ရုံတွင် သန့်စင်၍ အရည်အဖြစ် အသွင်ပြောင်းသည်။ ထို့နောက်ရရှိလာသော LNG ကို LNGCarrier Vessels များဖြင့် ကမ္ဘာတစ်လွှားရှိ ဈေးကွက်များနှင့်ဝယ်ယူသူများထံသို့ တင်ပို့သည်။ ထိုကဲ့သို့သော LNG စီမံကိန်းများသည် သဘာဝဓာတ်ငွေ့ လုပ်ကွက်များ၊ LNG စက်ရုံများနှင့်LNG ဆိပ်ကမ်းများ ကဲ့သို့သော အခြေခံ အဆောက်အအုံများ တည်ဆောက်ရန် လိုအပ်ပါသည်။ ထိုအတွက် ကုန်ကျစရိတ်ဒေါ်လာ သန်းပေါင်းများစွာ ရှိနိုင်ပေသည်။
ဝယ်ယူသူ၏ အပိုင်းတွင်မူLNG သယ်ဆောင်လာသောLNG Carrier Vessels များ ဆိုက်ကပ်ရန်၊ LNG ကို သိမ်းဆည်းရန်နှင့် သဘာဝဓာတ်ငွေ့အဖြစ်သို့ပြန်လည် အသွင်ပြောင်းရန်စသည်တို့အတွက် လိုအပ်သောအခြေခံ အဆောက်အအုံများ(LNG Landing Facilities) တည်ဆောက်ရမည်ဖြစ်ပါသည်။ ထိုအတွက် LNG Landing Facilitiesမှာ အဓိကအားဖြင့် နှစ်မျိုးရှိပါသည်။ ပထမတစ်မျိုးမှာ FloatingStorage and RegasificationUnit (FSRU) ဟုခေါ်သော LNGသင်္ဘောများ ဆိုက်ကပ်နိုင်သည့်အခြေခံ အဆောက်အအုံဖြစ်ပါသည်။ ဒုတိယတစ်မျိုးမှာ LNGReceiving Terminal (သို့မဟုတ်)LNG လက်ခံဆိပ်ကမ်းဟုခေါ်သော အခြေခံအဆောက်အအုံဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ LNGစီမံကိန်းများတွင် ပထမတစ်မျိုးဖြစ်သော FSRU များ ပါဝင်မည်ဟု သိရှိရပါသည်။
ထို အခြေခံအဆောက်အအုံနှစ်မျိုးအကြား ခြားနားချက်ကားအဘယ်နည်း။ FSRU သည် တိုတောင်းသော အချိန်ကာလတစ်ခုအတွင်း ပိုမိုနည်းပါးသော LNG ပမာဏကို တင်သွင်းရန် ရည်ရွယ်ပြီး LNG ReceivingTerminal မူကား ပိုမိုရှည်လျားသော အချိန်ကာလအတွင်း ပိုမိုများပြားသော LNG ပမာဏကိုတင်သွင်းရန် ရည်ရွည်သည်။ ကုန်ကျစရိတ်အပိုင်းတွင်လည်း FSRU သည် ဒေါ်လာသန်းပေါင်းများစွာ လိုအပ်ပြီး LNG Receiving Terminal သည် ဒေါ်လာဘီလျံနှင့် ချီ၍ လိုအပ်နိုင်သည်။ အရေးကြီးသည့်အချက်မှာ ထိုကုန်ကျစရိတ်များကို LNGဝယ်ယူသူက ကျခံရသည်ဟူသောအချက်ဖြစ်ပါသည်။ထို့ကြောင့် အကြမ်းဖျင်းစဉ်းစားကြည့်မည်ဆိုလျှင် ထိုကဲ့သို့ ကုန်ကျစရိတ် ကြီးမားသောစီမံကိန်းများသာ ဖြစ်ပေါ်လာမည်ဆိုလျှင် LNG ကို ဝယ်ယူ၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည်ဖြစ်သော မြန်မာနိုင်ငံသည် LNG ကိုနှစ်ပေါင်းများစွာ (ပျမ်းမျှ ၁၅ နှစ်အထက်) ဝယ်ယူရန် စာချုပ် ချုပ်ရဖွယ် ရှိနေသည်။ ထိုမှသာလည်းရင်းနှီးမြှုပ်နှံသူများ အတွက်အကျိုးအမြတ် ရရှိမည်ဖြစ်ပေသည်။ ထိုထက် အရေးကြီးသည့်အချက်မှာ LNG ကို ဝယ်ယူမည့်ဈေးနှုန်းဖြစ်သည်။ LNG သည်ကမ္ဘာ့ဈေးကွက်တွင် ရောင်းဝယ်ကြသော ကုန်စည်တစ်မျိုးဖြစ်ပြီးဈေးနှုန်း နှစ်မျိုးရှိပါသည်။ ပထမတစ်ခုမှာ LNG Spot Prices ဖြစ်ပြီး ဒုတိယတစ်ခုမှာ LNG Future Prices ဖြစ်ပါသည်။ LNG Spot Prices သည် ပုံမှန်အားဖြင့် နေ့စဉ်တက်လိုက်ကျလိုက် ပြောင်းလဲနေသော ရေတိုဈေးနှုန်းဖြစ်ပြီး တည်ငြိမ်မှု လွန်စွာ အားနည်းပါသည်။ LNG Future Pricesသည်ကား ပုံမှန်အားဖြင့် အချိန်ကာလ အတိုင်းအတာ တစ်ခုအထိတည်ရှိသော ရေရှည်ဈေးနှုန်းဖြစ်ပါသည်။ အများအားဖြင့် LNGFuture Prices သည် LNG SpotPrices ထက် ပိုမိုကြီးမား များပြားလေ့ရှိပါသည်။
ဤအချက်များမှာ မြန်မာနိုင်ငံအတွက် အကောင်းဆုံး စွမ်းအင်ဆိုင်ရာ ရွေးချယ်မှုများ ဖြစ်လာစေရန် အစိုးရနှင့် ပြည်သူလူထုအနေနှင့်လည်း မလွဲမသွေရင်ဆိုင်ဆုံးဖြတ်ရမည့် စိန်ခေါ်ချက်များအနက် အချို့ဖြစ်ပါသည်။ဆက်လက်၍ တစ်ဖက်တွင် စဉ်းစားရန်ကား ယနေ့တွင် မြန်မာနိုင်ငံသည် လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ် ၃၀၀၀ ခန့် ထုတ်လုပ်နိုင်စွမ်း ရှိသည်ဟု ဆိုသည်။ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုတွင် ရေအားလျှပ်စစ် ထုတ်လုပ်မှုမှ ထုတ်လုပ်မှုသည် ၆၀ ရာ NIBBAN ELECTRIC & ELECTRO-NICS မှ အဆင့်မြင့်နည်းပညာများဖြင့်ဆန်းသစ်တီထွင်သော ထုတ်ကုန်သစ်များ မိတ်ဆက်ပွဲအခမ်းအနားကို မေလ၂၉ ရက် နေ့လယ် ၂ နာရီတွင် မန္တလေးမြို့ HILTON HOTEL & RESORTS၌ ကျင်းပရာ အရောင်းကိုယ်စားလှယ်ကြီးများ တက်ရောက်ခဲ့သည်။ခိုင်နှုန်းရှိပြီး ကျန်သည့် ၄၀ ရာခိုင်နှုန်းကို သဘာဝဓာတ်ငွေ့မှ ထုတ်လုပ်ပါသည်။ ထိုဖွဲ့စည်းမှုသည်ကောင်းစွာ ဟန်ချက်ညီမျှမှုရှိပြီးရေရှည်တည်တံ့နိုင်သော ဖွဲ့စည်းမှုဖြစ်ပါသည်။ အကြောင်းမှာမြန်မာနိုင်ငံသည် မြောက်မြားစွာသော မြစ်ချောင်းအင်းအိုင်များနှင့် သဘာဝဓာတ်ငွေ့အရင်းအမြစ်များ ရှိနေပြီး ၎င်းတို့မှ လျှပ်စစ်စွမ်းအင် ထုတ်လုပ်နိုင်သောကြောင့် ဖြစ်ပါသည်။ ထိုထုတ်လုပ်မှုသည်လည်း သဘာဝဝန်းကျင်ဆိုင်ရာ အကျိုးဆက်လည်း နည်းပါးသောကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် ထိုဖွဲ့စည်းမှုကို ဆက်လက်ထိန်းသိမ်းသွားနိုင်ရန် လိုအပ်ပါသည်။
သို့သော် မြန်မာနိုင်ငံ၏ ထွက်ပေါ်နေဆဲနှင့် ထွက်ပေါ်လာမည့် သဘာဝဓာတ်ငွေ့များကို နိုင်ငံခြားဝင်ငွေရရှိရေးအတွက် ပြည်ပသို့ ဆက်လက်တင်ပို့ရောင်းချရန် အစီအစဉ်များရှိနေသည်။ ပြည်တွင်းတွင်လည်း စွမ်းအင်လိုအပ်ချက်ကား တိုးပွားလျက်ရှိသည်။ ရေအားလျှပ်စစ်စီမံကိန်း၊ ကျောက်မီးသွေးစီမံကိန်း စသော စီမံကိန်းများမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ပူပန်မှုများကြောင့် ရှေ့မတိုးသာဖြစ်နေချိန်တွင် LNG သည် စဉ်းစားဖွယ်အဖြေတစ်ခု ဖြစ်ပါသည်။
အချိန်ကာလအရ စဉ်းစားမည်ဆိုလျှင် LNG ကို အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းသည်အလျင်မြန်ဆုံး နည်းလမ်းပင်ဖြစ်ပါသည်။ အကြောင်းမှာ FSRU တစ်ခုကို သုံးနှစ်အတွင်း တည်ဆောက်လည်ပတ်နိုင်သောကြောင့် ဖြစ်ပါသည်။ သို့ပါသော်လည်း တစ်ဖက်တွင်ကား ပြည်တွင်းသဘာဝဓာတ်ငွေ့နှင့် ယှဉ်လျှင် ကုန်ကျစရိတ် ပိုမိုများပြားနိုင်သည်။ စွမ်းအင်သည် လူ့အဖွဲ့စည်းတွင် အခြေခံဖြစ်၍ စွမ်းအင်ဈေးနှုန်းများ မြင့်မားနေမည်ဆိုလျှင် လူနေမှုစရိတ်များ တက်လာမည်ဖြစ်ပြီး ရေရှည်တွင် လူ့အဖွဲ့အစည်းအနေနှင့် တည်ငြိမ်အေးချမ်းရန်နှင့် ဖွံ့ဖြိုးတိုးတက်ရန် ခဲယဉ်းမည်ဖြစ်ပေသည်။
မြန်မာနိုင်ငံအနေနှင့် LNGစီမံကိန်း မည်မျှလိုအပ်မည်ဆိုသည်ကို အကြမ်းဖျင်းအားဖြင့်တွက်ချက်ကြည့်နိုင်သည်။ ယခုနိုင်ငံ၏ စွမ်းအင်လိုအပ်ချက်မှာမဂ္ဂါဝပ် ၃,၀၀၀ မှ ၃,၅၀၀အကြား ရှိသည်ဟု ခန့်မှန်းထားသည်။ မြန်မာအမျိုးသား စွမ်းအင်အစီအစဉ်အရ လာမည့် ၁၀ နှစ်မှ ၁၂ နှစ်အတွင်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်မှာ မဂ္ဂါဝပ်၁၀,၀၀၀ မှ ၁၄,၀၀၀ အကြားအထိ တိုးတက်လာနိုင်ပါသည်။ သဘာဝဓာတ်ငွေ့မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုသည် မဂ္ဂါဝပ် ၁,၂၀၀ မှ ၁,၇၀၀အကြားရှိသည်။ ထိုအတိုင်းဆက်လက်တည်ရှိမည်ဆိုလျှင်လာမည့် ၁၀ နှစ်တွင် သဘာဝဓာတ်ငွေ့မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုသည် မဂ္ဂါဝပ် ၄,၀၀၀မှ ၅,၆၀၀ အထိ ဖြစ်လာနိုင်သည်။ ဆက်လက်၍ မြန်မာနိုင်ငံ၏ LNG စီမံကိန်းတစ်ခုသည် တစ်နေ့လျှင် LNG ပမာဏ ကုဗမီတာ သန်း၁၀၀ တင်သွင်းမည်ဆိုလျှင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၇၅၀ မှ ၁,၀၀၀ ထုတ်လုပ်နိုင်မည် ဖြစ်သည်။ ထို့ကြောင့် လာမည့် ၁၀နှစ်အတွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းရန် မြန်မာနိုင်ငံသည် LNG စီမံကိန်းငါးခုထက် ပိုမိုလိုအပ်မည်မဟုတ်ပေ။
မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းရန် LNG သည် ကောင်းမွန်မှန်ကန်သော အဖြေလော (သို့မဟုတ်) မလွှဲမရှောင်သာ အဖြေလော အတူတကွ အဖြေထုတ်ရန် ဖြစ်ပါတော့သည်။
(ဆောင်းပါးရှင် သည်းစန္ဒီထွန်းသည် စွမ်းအင်ဆိုင်ရာ သတင်းဆောင်းပါးများ ရေးသားနေသူဖြစ်သည်)
Harry Lwin လက်ရှိအနေအထားအရ စစ်အစိုးရ လက်ထက်မှာ ထွက်သမျှ Gas တွေကို Domestic use အတွက် အထိုက်အလျောက် သုံးဖို့ မစဉ်းစားဘဲ နိုင်ငံခြားကို ရောင်းစားခဲ့တဲ့ အတွက် Gas အလုံအလောက် မရနိုင်တော့ တာကြောင့် လျှပ်စစ်အတွက် လိုအပ်တဲ့ gas ကို ရဖို့ LNG ကပဲ အဖြေဖြစ်ပါမယ် ... ရေအားလျှပ်စစ်က ပိုပြီး ဈေးပေါပေမဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုအရ မသင့်တော်သလို နျူကလီးယား စွမ်းအင်ကိုတော့ ယောင်လို့တောင် စိတ်မကူးသင့်သေးတဲ့ အနေအထားမှာ LNG တခုပဲ ကျန်ပါတော့တယ် ... ကျောက်မီးသွေးကို EIA နဲ့ Waste Management သေချာလုပ်ရင် ရနိုင်ပါသေးတယ် ... သေချာမသိဘဲ အရမ်းကာရော မကန့်ကွက်သင့်ကြပါ ... Natural gas field အသစ်တွေကနေ Production ရလာချိန်မှာ Domestic use အတွက် ပိုရဖို့ စာချုပ်ချုပ် နိုင်ပါသေးတယ် ... ဒါပေမဲ့ လောလောဆယ် ၅နှစ်လောက် လိုပါလိမ့်ဦးမယ် ...
William Craig MoU အဆင့်နဲ့ကတော့ ဘာမှ လုပ်လို့မရသေးပါဘူးဗျ...EIA SIA လုပ်လို့ရတာနဲ့ FS PS လုပ်ရအုံးမှာပါ အဓိကကတော့ Financial Source ပါ ဒေါ်လာ ၅ ဘီလျံဆိုတာက ပိုက်ဆံချေးလို့ ရနိုင်တာတချက်ဘဲရှိပါသေးတယ် ...ချေးတာက Project Proposal တင်ပြီး နည်းန်းကပ်ပေါင်းတက်ရင် WB ကနေရကောင်းရနိုင်ပေမယ့် ပြန်ဆပ်မယ့်ကာလ အတိုးနှုန်း နဲ့ Enduser နဲ့ gov payment ကအဓိကပါ PPA ပေါ့ ...ဒီလို အဆင့်တွေရောက်ဖို့ အများကြီးလိုပါသေးတယ် ကျွန်တော့့်အမြင်အရဆိုရင် ဒီအစိုးရ လက်ထက်မှာတောင် MOA ထိုးဖို့တောင် မဖြစ်နိုင်သေးပါဘူး.. 
Win Aung NLD သူခိုးနဲ့ စစ်အစိုးရ/ကြံ့ဖွတ်သခိုး တစ်ခုခုကို လက်ခံရမယ် ဆိုရင် စစ်အစိုးရနဲ့ကြံ့ဖွတ်သူခိုးတွေကိုတော့ ဆောရီးပဲ။ ဘာ့ကြောင့်လဲ ဆိုတော့ NLD သူခိုးတွေက ခိုးမှန်းသိရင် ဖြုတ်ချလို့ ရတယ်၊ အရေးယူအပြစ်ပေးလို့ ရတယ်။ စစ်အစိုးရနဲ့ကြံ့ဖွတ်သူခိုးခေတ်ကဆိုရင် ခိုးမှန်း သိနေလည်း ဖြုတ်ချလို့ မရဘူး၊ လက်ပိုက်ကြည့်နေရတယ်။ အဲဒါကွာတယ်။ ဒါကြောင့် ကြံ့ဖွတ်တွေ ထပ်တက်မလာနဲ့၊ ခင်ဗျားတို့အတွက် ဆောရီးဟာ ရိုးရိုးဆောရီး မဟုတ်ဘူး၊ ဆိုးဆောရီးပဲ။

ခရက်ဒစ် ကိုဖျာ
.
M Zaw Aung စူပရီမိ ကုမဏီ (ကြီး) မှ . မင်းကင်းလွှတ်တော်အမတ် ပြောဆိုချက်များ မှားယွင်းကြောင်း၊ အခွင့်အရေး ရရင် အရေးယူမယ် လို့ စာထုတ်ပြန်ထားပါတယ်။ ငွေ၊ အာဏာ တွေကို ကြောက်ရတော့ သူတို့ပိတ်ခ်ျမှာတော့ မမန့်ရဲကြဘူးလေ။ ဦးရဲ ပိတ်ခ်ျ မှာပဲ ရဲရဲဝံ့ဝံ့ မန့်ကြတယ်.. 
https://www.facebook.com/MoeMaKaFriends/posts/1912045352159477
.
Thar Htet Naing အရင်​​ခေတ် ​စာချုပ်​ထဲမှာပဲရှိခဲ့ပြီး တစ်​ကယ့်​လက်​​တွေ့ဘာမှ မရှိတဲ့ မဂ္ဂါဝပ်​ ၄၁၀၀၀ကိစ္စ .နိုင်​ငံ​တော်​​တော်​ဘတ်​ဂျတ်​နဲ့ဆိုတစ်​နှစ်​မှ 100 MW ​လောက်​ထုတ်​နိုင်​[ နိုင်​ငံခြားရင်​နှီးမြုပ်​နှံရင်​ 3000 MW ထုတ်​နိုင်​] ...ဦးရဲများဆက်​​ပြောချင်​မလားလို့ ကူ​ပြော​ပေးတာ ဟဲဟဲ
Manage


Reply1d
Ye Htut အဲဒီစီမံကိန်းတွေလုပ်လို့မရအောင်၊ စီမံကိန်းတွေအတွက် ပြည်ပက လာရောက်ရင်းနှီးမြှုပ်မှုမလုပ်နိုင်အောင်၊ အစိုးရလိုအပ်တဲ့ရင်းနှီးမြှပ်နှံမှုရဖို့ အတွက် မီတာခ တိုးဖို့ တင်ပြတာကိုလုပ်လို့မရအောင် ဘယ်သူတွေလုပ်ခဲ့ သလဲဆိုတာလေးကို ပြန်ကြည့်လိုက်လေ။
Manage


Reply1dEdited
Soe Myat Min လုပ်​သမျှခံ​နေရ​သော ဦးရဲတို့အဖွဲ့ကြီး​ပေါ့
.
Yun Khant လက်ရှိတော့နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုဝင်လာမှာကိုအသေအလဲကြောက်နေတာ ဘယ်သူတွေလဲဆိုတာ အားလုံးသိပါတယ်
ဦးသိန်စိန်ခေတ် ပြန်ဝန်/အကြံပေးတယောက်အနေနဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေ
နှစ်မျိုးနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို တားဆီးပိတ်ပင်ထားခဲ့တာ မသလောက်အောင် အ နေသလားဗျာ ပြည်တွင်းခရိုနီကုမ္ပဏီတွေမှာဘယ်သူတွေရှယ်ရာဝင်ပီး ဘယ်သူ့အကျိုးစီးပွားအတွက် အဝင်မခံခဲ့တာလဲဆိုတာ

မ အ တဲ့ပြည်သူတွေသိကြတယ်ဗျ.
.
.
Ye Htut shared a post.
LNG စီမံကိန်းကို တရုတ်ကုမ္ပဏီ နဲ့ ပေါင်းပြီး လုပ်ခွင့်ရတဲ့ မြန်မာ ကုမ္ပဏီ အကြောင်း ဦးမောင်မြင့်က အခုလို ဖြေကြားထားပါတယ်။
===================================
“အခု ရတဲ့ ကုမ္ပဏီတွေထဲမှာ Supreme ဆိုတာ မြန်မာကုမ္ပဏီ၊ အဲဒီမှာ ဥက္ကဌ ဦးစိန်မြင့်ဆိုတာ ငါနဲ့လည်း သိတယ်။ လူချင်းခင်တာက ခင်တာတပိုင်းပဲ။ လုပ်လို့မရဘူး။ သူက နှစ်ခါရတယ်။ ဟိုမှာလည်း တခါရတယ်။ ပေါင်းရတာပေါ့။ အဲဒီ Supreme မှာ အခု ပြုတ်သွားတဲ့ ဦးကျော်ဝင်းရဲ့ မိန်းမ လုပ်တာ။ ဒါကြောင့်မိုလို့ ရတာ။ ဒါတည့်တည့် ပြောတာ။ အဲ့ဒီ Supreme နဲ့အခု ဝန်ကြီးပို်င်တဲ့ UE တို့ နောက်ကွယ်မှာ ပေါင်းထားတယ်လို့ ပြောတယ်။ ဝန်ကြီးရဲ့ ဖြေကြားချက်ကို လုံးဝ မကျေနပ်ဘူး”
( သတင်းကောက်နှုတ်ချက်)
.
“အခု ရတဲ့ ကုမ္ပဏီတွေထဲမှာ Supreme ဆိုတာ မြန်မာကုမ္ပဏီ၊ အဲဒီမှာ ဥက္ကဌ ဦးစိန်မြင့်ဆိုတာ ငါနဲ့လည်း သိတယ်။ လူချင်းခင်တာက ခင်တာတပိုင်းပဲ။ လုပ်လို့မရဘူး။ သူက နှစ်ခါရတယ်။ ဟိုမှာလည်း တခါရတယ်။ ပေါင်းရတာပေါ့။ အဲဒီ Supreme မှာ အခု ပြုတ်သွားတဲ့ ဦးကျော်ဝင်းရဲ့ မိန်းမ လုပ်တာ။ ဒါကြောင့်မိုလို့ ရတာ။ ဒါတည့်တည့် ပြောတာ။ အဲ့ဒီ Supreme နဲ့ အခု ဝန်ကြီးပို်င်တဲ့ UE တို့ နောက်ကွယ်မှာ ပေါင်းထားတယ်လို့ ပြောတယ်။ ဝန်ကြီးရဲ့ ဖြေကြားချက်ကို လုံးဝ မကျေနပ်ဘူး”
သတင်းအပြည့်အစုံ>>> http://www.mizzimaburmese.com/article/40208

No comments:

Post a Comment