Monday, August 7, 2017

ဦးမိုးမြင့် MPRL E&P ရေနံနှင့်ဓါတ်ငွေကုမ္ပဏီ

Good News
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်.နှင့် ဧရာဝတီတိုင်း ၀န်ကြီးချုပ် မန်းဂျော်နီတို့.သြဂုတ် ၅-၂၀၁၇ မှာ၊ ဓါတ်ငွေ့သိုက် (ရခိုင်ကမ်းရိုးတမ်း၊ ဧရာဝတီတိုင်း) A6 ကမ်းလွန်အကဲဖြတ်တွင်း ပြည်သစ်(၁) ကို သွားရောက်ကြည့်ရှုကြပါတယ်။. .သဘာဝဓါတ်ငွေ၊ တနေ့ကုဗပေသန်း၅၀ ထုတ်နိုင်မယ်လို့ ဆိုပါတယ်။ . MPRL, Woodside, TEMP ကုမ္ပဏီ (၃)ခု ဖတ်စပ်ထုတ်လုပ်နေတဲ့ ပထမဆုံး ဓါတ်ငွေ့တွင်းဖြစ်ပါတယ်။
.
မြန်မာနိုင်ငံက ထိုင်း၊ တရုပ်နိုင်ငံများကို ရတနာ၊ ရဲတခွန်၊ ဇောတိက နဲ့ ရွှေ ကမ်းလွန်ဓါတ်ငွေ လုပ်ငန်းများက ဓါတ်ငွေရောင်းချမှုကနေ တနှစ်ကို US$ 4.0 billion ရရှိပေမဲ့ ၂၀၁၅-၁၆ မှာတော့ ဈေးကျတဲ့အတွက် US$ 2.6 billion ပဲ ရရှိပါတယ်။ အားလုံးနီးပါး ထိုင်းနဲ့တရုပ် နိုင်ငံသုံးဖို့ ရောင်းချရပါတယ်။ အချို့အနည်းငယ်ကိုတော့ ပြည်တွင်း ဓါတ်ငွေလျှပ်စစ်ဓါတ်အား အစိုးရနဲ့ပုဂ္ဂလိက စက်ရုံများအတွက် ရောင်းချပေးပါတယ်။
လုပ်ကွက် A6 ဓါတ်ငွေ့ သိုက် ကို မြန်မာ ရေနံရှာဖွေရေးကုမ္ပဏီ MPRL E&P က၂၀၁၂ ကတည်းက တွေ့ရှိပြီး၊  စီးပွားဖြစ်ထုတ်လုပ်နိုင်ကြောင်း ကြေငြာပါတယ်။ ထုတ်လုပ်ဖို့ စီမံကိန်းလုပ်ခဲ့ကြပါတယ်။  ဓါတ်ငွေသိုက်ကိုတော့ လုပ်ကွက် M3, A6, AD7 တွေမှာ စီးပွားဖြစ် ထုတ်လုပ်မယ်ဖြစ်ပါတယ်။ သြစတြေးလျား Woodsite ရေနံကုမ္ပဏီက ရေနံတူးစင် (၄)ခု တူးဖေါ်ဖို့ စီမံကိန်းရှိပါတယ်။
.
.
.
မိုက်ကယ်မိုးမြင့်
မြန်မာနိုင်ငံက ပြိုင်ဘက်ကင်း ရေနံသူဌေးကြီးဖြစ်ပြီး လုပ်ကွက် A6 ဓါတ်ငွေသိုက်ကို ရှာဖွေတွေ့ရှိပြီးတဲ့နောက် မြန်မာ့စွမ်းအင်ဝန်ကြီးဌာန၏ ရေနံတွင်းလေးခုကို တူးဖော်လုပ်ကိုင်ခွင့်ကို ရရှိသွားပါတယ်။ နိုင်ငံတကာကုမ္ပဏီတော်တော်များများက သူနှင့်ဖက်စပ်လုပ်ကိုင်လိုနေကြပါတယ်။

အမေရိကန်အစိုးရက သူ့ကို နာမည်ပျက်စာရင်းသွင်းထားမှုကို အောင်မြင်စွာ ပယ်ဖျက်နိုင်ခဲ့သူတစ်ဦးဖြစ်ပြီး၊ စွမ်းအင်ကုမ္ပဏီ ၆၁ ခု တင်ဒါ အပြိုင်လျှောက်ချိန်က ကမ်းလွန်ရေနံလုပ်ခွင့် လိုင်စင်ချပေးရရှိမှုကနေ ရေနံလုပ်ငန်း အောင်မြင်မှု စတင်ခဲ့ပါတယ်။
.
.
ဘ၀ဖြစ်စဉ်
၁၉၅၂ မွေးဖွားခဲ့ပါတယ်။ ရန်ကုန်အင်္ဂလိပ်မက်သဒစ်ကျောင်းမှာ ပညာဆည်းပူးခဲ့ပြီး၊  ရူပဗေဒဘာသာရပ်ဖြင့် ဘွဲ့ရခဲ့ပါတယ်။ လေယာဉ်မှူးအဖြစ် မြန်မာအစိုးရလေကြောင်းလိုင်းတွင် ၁၃ နှစ်ကျော်ကြာ အမှုထမ်းခဲ့တယ်။ စစ်အာဏာရှင် ဦးနေ၀င်း လေယာဉ်ပျံကို မောင်းပေးဖူးပေမဲ့ ဦးနေ၀င်းကို စကားပင် ကောင်းကောင်းမပြောခဲ့ဖူးလို့ ဆိုပါတယ်။  မြန်မာနိုင်ငံ စစ်အာဏာရှင်စနစ်ကို စိတ်ပျက်လာပြီး ၀န်ထမ်းဘ၀မှ အလုပ်ထွက်ခဲ့ကာ နိုင်ငံခြားထွက်ခဲ့ပါတယ်။ Shell ရေနံကုမ္ပဏီမှာ ပညာရှင်အဖြစ် အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်က လေကြောင်းပစ္စည်းတင်လုပ်ငန်း နှစ်အနည်းငယ် လုပ်ကိုင်ခဲ့ပြီး၊  မြန်မာနိုင်ငံသို့ ပြန်လာခဲ့ပါတယ်။

 မြင့်နှင့်ရောင်းရင်းများကုမ္ပဏီ ရေနံလုပ်ငန်းကုမ္ပဏီ တည်ထောင်ခဲ့ပါတယ်။ ၁၉၉၆ တွင် သူက MPRL E & P အမည်ရှိ သူ၏ အဓိကကုမ္ပဏီကို တည်ထောင်ပြီး၊ အမေရိကန်ဘိတ်ကာဟုခ်ျကုမ္ပဏီနှင့် ဖက်စပ်လုပ်ရင်း၊ ၁၉၉၉ ခုနှစ်တွင် အမေရိကန်ကုမ္ပဏီက မြန်မာက ထွက်ခွာချိန်  ဦးမိုးမြင့် ပဲကျန်ရစ်ခဲ့ပါတယ်။  မြန်မာနိုင်ငံ၏ အခြေအနေ ပိုမိုဆိုးရွားရွားလာပြီး နိုင်ငံတကာအရေးယူပိတ်ဆို့မှုများ၊ အနောက်နိုင်ငံများ၏ ဖိအားများအောက်တွင် ဦးမိုးမြင့်က အစိုးရလုပ်ငန်းများကို လာဘ်ပေးလာဘ်ယူမှုများ မရှိရအောင် လုပ်ခဲ့တယ်။ မြန်မာနိုင်ငံရဲ့ အခွန်ငွေအများဆုံးဆောင်သူ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်မှာတော့ အမေရိကန်အစိုးရက သူ့ကို ဗီဇာပိတ်ခဲ့ပေမဲ့ နောက်နှစ်တွင် ပြန်ပေးခဲ့သည်။
.
ဦးစွာပထမ မြန်မာ့ ကမ်းလွန်ရေနံလုပ်ငန်းများဆီကို အစားအသောက်ပို့တဲ့ ကန်ထရိုက်များနဲ့ စာဖိုမှုး၄၀၀ကျော်လုပ်ငန်းကို အောင်မြင်စွာလုပ်ကိုင်ခဲ့ပါတယ်။ နောက်ပိုင်း အစိုးရက ရေနံရှာဖွေရေး လုပ်ဖို့ကမ်းလှမ်းချိန် အဆင်ပြေနေတဲ့မိမိလုပ်ငန်းကြောင့် ကြီးမားတဲ့ရေနံရှာဖွေခြင်းကို မလုပ်ချင်ပါခဲ့ပါဘူး။ နောက်ပိုင်း လုပ်ရင်းနဲ့ ၀န်ထမ်းအရည်သွေးကို အထူးဥိးစားပေး၊ လေ့ကျင့်ပေးပါတယ်။  တက္ကသိုလ်ကျောင်းသားများကို ပညာသင်ဆုပေးခြင်း၊ အရည်သွေးမြှင့်သင်တန်းများနဲ့တိုးတက်လာခဲ့ပါတယ်။ ၀န်ထမ်း၂၅% ဟာ သူနဲ့ အနှစ်၂၀ကျော် မိသားစုစိတ်ဓါတ်နဲ့ အတူလုပ်ကိုင်တဲ့ ၀န်ထမ်းများဖြစ်ပါတယ်။

၂၀၁၁ ခုနှစ် မြန်မာအစိုးရ ပြောင်းလဲသွားပြီး၊ ယခုအချိန်မှာ ဦးမိုးမြင့် ကုမ္ပဏီမှာ ကမ်းလွန်ရေနံလုပ်ငန်း ၃၀ ရှိပါတယ်။ IOR-4  IOR-6  ပြည်မြို့ ရေနံမြေ များကိုလဲ လုပ်ပိုင်ခွင့်ရရှိခဲ့ပါတယ်။  မြန်မာကမ်းလွန်ရေနံလုပ်ငန်းကို ပြည်တွင်းကုမ္ပဏီများနှင့် တွဲလုပ်ရတဲ့ သတ်မှတ်ချက်ရယ်၊ သူတို့ကုမ္ပဏီရဲ့ ဒေသဘူမိဗေဒ ဗဟုသုတအများကြီးကြောင့် အောင်မြင်ရတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ် ဥက္ကဌ အနေနဲ့ မိုက်ကယ်မျိုးမြင့် က မြန်မာနိုင်ငံရွက်လှေအဖွဲ့ကို ၂၀၁၃ ဆီးဂိမ်း ခေါင်းဆောင်ပါဝင်ခဲ့ပါတယ်။ သူ့ရဲ့သား၂ယောက်၊ ဖုန်းကျော်မိုးမြင့်နဲ့ စည်သူမိုးမြင့်တို့ Half Rater ရွက်လှေပြိုင်ပွဲမှာ ရွှေတံဆိပ်ရခဲ့ပါတယ်။ လွန်ခဲ့တဲ့၁၀နှစ်ကလည်း သူတို့၂ယောက် (၁၆နှစ်၊ ၁၉နှစ်အရွယ်) ဆီးဂိမ်းရွက်လှေပြိုင်ပွဲမှာလဲ ရွှေတံဆိပ်ရခဲ့ဖူးပါတယ်။
.
မြန်မာ့ကမ်းလွန် လုပ်ကွက် A6 ရင်းနှီးမြှတ်နှံမှုကို MPRL E&P 20%, Woodside Energy (Myanmar) Pte., Ltd 40%, Total E&P Myanmar (TEPM) 40% ပါဝင်ကြပါတယ်။ ပြည်သစ်(၁) တွင်းကို ပုသိမ်မြို့အနောက်မြောက်ဖက် ၉၀ ကီလိုမီတာ၊ ရေနက် ၂၀၀၀ မီတာမှာ ဇွန် ၁၀ရက်နေ့ စတင်တူးဖော်ပြီး၊ အနက် ၃၅၄၂ မီတာမှာ သဲကြောကို Drill Stem Test စမ်းသပ်အတည်ပြုခြင်း ဖြစ်ပါတယ်။
.
.
ကမ်းလွန်ထောက်ပံ့ရေး အခြေစိုက်စခန်း
MPRL E & P ကုမ္ပဏီအုပ်စုက ကျပ်ဘီလီယံ ၅၀ တန် (US$ 4 million) ကမ်းလွန်ထောက်ပံ့ရေး အခြေစိုက်စခန်းတစ်ခု လုပ်ခွင့်ရရှိခဲ့ပါတယ်။ ငပုတောမြို့ နယ်၊ ငရုတ်ကောင်းမြို့နယ်ခွဲမှာ တည်ဆောက်နေပါတယ်။ နောက်လေးငါးနှစ် 2021, 2022 လောက်မှာ ဒီနေရာတစ်ဝိုက်မှာ ရေနံကုမ္ပဏီ ရှစ်ခုလောက်လာကြမှာဖြစ်ပါတယ်။ မြန်မာ့ကမ်းလွန် ရေနံနဲ့ဓါတ်ငွေအတွက် စင်ကာပူနဲ့ ထိုင်းနိုင်ငံ ရနောင်းရှိ ကမ်းလွန်ထောက်ပံ့ရေးလုပ်ငန်းတွေကို လက်လွှဲရယူဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ မြေဧက ၃၀ ကျယ်ဝန်းပြီး  ရင်းနှီးမြှုပ်နှံခွင့် ကာလ နှစ် ၃၀ ကြာမြင့်မှာဖြစ်ပါတယ်။
.
.
အခု A7 လုပ်ကွက် ရေနံများထွက်လာရင်၊ ဘယ်လို ရောင်းချမယ် မထုတ်ပြန်သေးပေမဲ့၊ အစိုးရပေါ်လစီအသစ်အရ မြန်မာနိုင်ငံအတွက်ပဲ အသုံးပြုဖို့ မျှော်လင့်ပါတယ်။ လက်ရှိ ၂၀၁၅-၁၆ မှာ ဓါတ်ငွေ ကုဗပေ ၅၁၅ ဘီလျံ ပြည်ပတင်ပို့ရောင်းချပီး၊ ကုဗပေ ၁၆၀ ဘီလျံ ကို  ပြည်တွင်းအတွက် သုံးစွဲမယ်လို့ အစိုးရက ကြေငြာခဲ့ပါတယ်။

လုပ်ကွက် A7 ပထမဆုံးထုတ်လုပ်မှုက တနေ့ ကုဗပေ၅၀သန်း၊  တစ်နှစ်မှာ ကုဗပေ ၁၈ဘီလျံ ထုတ်နိုင်ပါမယ်။ အခြားတွင်းများလည်း ဆက်လက်တူးဖော်မယ် ဖြစ်ပါတယ်။ ဝမ်းသာစရာပါ . .တကယ်ဖြစ်ပါစေ. . မြန်မြန်ထုတ်သုံးနိုင်ပါစေ. .
.
.
.
ကိုးကား
၁။ Offshore Energy Today, မန်းဂျော်နီဖေ့ဘုတ် နဲ့ မြန်မာသတင်းဆောင်းပါးများ။
https://www.facebook.com/mahnjohnny/posts/1564914816916529
.
၂။ Moe Myint Myanmar's go to tycoon, Financial Times, author Micheal Peel ရေးတဲ့ 7Day News ဘာသာပြန်ဆောင်းပါး၊
https://koshwehtoo.wordpress.com/category/michael-moe-myint/
၃။ ဦးမိုးမြင့်ပြောပြချက်။
https://www.youtube.com/watch?v=bZBH4H0SY44
https://www.youtube.com/watch?v=z5-Bu_Ch0Qw
.
၎. ပုံများ၊ ဦးမိုးမြင့်၊ လုပ်ကွက် A6, တူးစင် Dhirubhai Deepwater KG2 (DDKG2)




No comments:

Post a Comment