Thursday, August 3, 2017

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှာ ဦးခင်မောင်စိုးဟာဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ဆဲဘဲလား။


တကယ်ပဲလား???
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှာ ဦးခင်မောင်စိုးဟာဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ဆဲဘဲလား။
ရန်ကုန်မြို့လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့(YESC)၊ မန္တလေးလျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့(MESC)၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း(ESE)၊ လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးလုပ်ငန်း(EPGE)၊ လျှပ်စစ်စီမံရေးဦးစီးဌာန(DEP)၊ လျှပ်စစ်ဓါတ်အားကွပ်ကဲရေးဦးစီးဌာန(DPTSC)၊ ရေအားလျှပ်စစ်အကောင်အထည်ဖေါ်ရေးဦးစီးဌာန(DHPI) စတဲ့ဌာနများနဲ့ဖွဲ့စည်းထားတဲ့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကို ၀န်ကြီးဦးဖေဇင်ထွန်းလည်း ကိုင်တွယ်ကွပ်ကဲလို့မရနိုင်ပါဘူး၊ အလားတူဦးဝင်းခိုင်လည်း အမိန့်ပေးကိုင်တွယ်လမ်းညွှန်လို့မရနိုင်ပါဘူး၊ အဆုံးစွန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကိုင်တွယ်အုပ်ချုပ် ကွပ်ကဲရင်တောင် လိုက်နာလိုက်ပါဆောင်ရွက်မည့်ဝန်ကြီးဌာနမဟုတ်ပါ။ သို့သော် ၀န်ကြီးဟောင်းဦးခင်မောင်စိုးရဲ့လမ်းညွှန်မှုကိုတော့ နာယူနာခံနေဆဲပါ။ အဘယ်ကြောင့်ဆိုသော် တပ်မတော်အသွင်ပြောင်းနှင့် ပါတီအမာခံ cell များဖြင့်ခိုင်မာစွာ တင်းတင်းရင်းရင်း ဖွဲ့စည်းနေရာချထားခဲ့လို့ပါဘဲ။
ပထမဦးဆုံး YESC ကိုလေ့လာကြည့်မယ်ဆိုရင် ဥက္ကဌ ဗိုလ်မှူးကြီး ဦးမောင်မောင်လတ်ကစပြီး မြို့နယ်လျှပ်စစ်မန်နေဂျာ လက်ထောက်ညွှန်ကြားရေးမှူးအဆင့်အထိ တပ်မတော်အသွင်ပြောင်း များကို အချိန်တိုအတွင်း ရာထူးများအဆမတန်မြှင့်တင်ကာစနစ်တကျစီမံအကွက်ချနေရာချထားပေးခဲ့ကြောင်းတွေ့ရှိရပါသည်။ YESC ၏ BOARD OF DIRECTORS အဖွဲ့ဝင်များ GM များသည်လည်း ဦးခင်မောင်စိုး နှင့် လုပ်ဖေါ်ကိုင်ဖက်စိတ်ချရသူများ ဖွဲ့စည်းထားသည်၊အခြားအရပ်သားပညာရှင်ကို အ၀င်မခံစည်းခြားထားသည်၊ အထူးသဖြင့် လက်ဝေခံဓါတ်အားဖြန့်ဖြူးသည့် Franchise company များနှင့် အပေးအယူ အလျော်အစားများ ယခုအချိန်အထိ ရှိနေသဖြင့် ဦးခင်မောင်စိုး၏လမ်းညွှန်ချက် နှင့် ဆုံးဖြတ်ချက်ကိုခံယူနေဆဲ ဖြစ်သည်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်လောက်ကို ကလေးသာသာ သာမှတ်ယူထားသလို နောင်သက်တမ်းတွင် ပြန်လည်ပြောင်းလဲလာမည် ဟုတစ်ထစ်ချ သတ်မှတ်ကာ ယခုအခြေအနေအတိုင်း ဆက်လက်ခြေကုတ်ယူ ရပ်တည်နေသည့်သဘောဖြစ်သည်။ YESC စီမံ GM အဖြစ် နေရာပေးထားခဲ့သူ ဒုတိယဗိုလ်မှူးကြီးမင်းသော် ဆိုသူမှာ ယခင် ဒုတိယအတွင်းဝန် /ရုံးအဖွဲ့မှူး ဖြစ်ပြီး ဦးခင်မောင်စိုး အတွင်းရေး နှင့်လာဘ် ပေးလာဘ် ယူကိစ္စများ ကိုင်တွယ်လုပ်ဆောင်ပေးခဲ့သူဖြစ်သောကြောင့် YESC တွင် တိမ်းရှောင် နေရာပေးထားသည့်သဘောဖြစ်သည်။ ပြည်တွင်းပြည်ပ company များထံမှခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ၀န်ကြီးအတွက် တောင်းရမ်းပေးရသူဖြစ်ပြီး အထူးသဖြင့် ချင်းပြည်နယ် ကလေးဝ ရေဘေးတွင် အထူးနာမည် ကြီးခဲ့သူဖြစ်သည်။ company အသီးသီးထံမှ ရေဘေးအတွက် ဒီဇယ်ဆီ ၊ငွေ ၊ အိမ်ယာ များအလှူခံရာတွင် company တစ်ခုကို ၄-၅ ကြိမ်ခန့်ရအောင် အတွင်းဝန် ထံတွင်တစ်ကြိမ်၊YESC ဥက္ကဌ ထံတွင်တစ်ကြိမ်၊ MESC ဥက္ကဌထံတွင်တစ်ကြိမ်၊ ESE MD ထံတွင်တစ်ကြိမ်၊ HPGE (ယခုEPGE)MD ထံတွင်တစ်ကြိမ်၊DEP DG ထံတွင်တစ်ကြိမ်၊ DHPI DG ထံတွင်တစ်ကြိမ် အလှူခံခိုင်းသည် ၊ တရားဝင်စာရင်းပြခိုင်းတော့ DHPI တွင်သာစာရင်းပြခိုင်းသည် အဲသည်လောက်ကောင်းသည့် သူခိုးဦးနောက် ဖြစ်သည်၊ ယခုလည်း YESC တွင် ဦးခင်မောင်စိုး ၏ ညွှန်ကြားချက်ကို တဆင့်ဖြန့်နေသူဖြစ်သည်။ YESC အောက်ခြေ အင်ဂျင်နီယာများ ၀န်ထမ်းများမှာလည်း ဌာန၏ သဘောထားနှင့်အခြေအနေမှန်ကို သဘောပေါက်နေသည့်အတွက် ကိုယ့်ဘ၀ရပ်တည်ရေးအတွက် သာစဉ်းစားနေကြတော့ပြီး အမြီးကျက်လျှင်အမြီး ခေါင်းကျက်ရင်ခေါင်း စားရင်းဖြင့်သာ အဆိုပါအမာခံတပ်ရင်းကြီးအောက်တွင် ဆက်လက်ထမ်းဆောင်နေကြလေသည်။

MESC ကိုကြည့်မယ်ဆိုရင်လည်း ဥက္ကဌ ကနေ မြို့နယ်လျှပ်စစ်မန်နေဂျာလက်ထောက်ညွှန်ကြားရေးမှူးအဆင့်အထိဟာ ဦးခင်မောင်စိုးတို့အစိုးရမဆင်းခင်မှာဘဲ ဖုတ်ပူမီးတိုက် ရာထူးအဆင့်တွေကိုစနစ်တကျအကွက်ချတိုးခန့်ပေးလိုက်တဲ့တပ်မတော်အသွင်ပြောင်းအခွင့်ထူးခံများသာဖြစ်ပါတယ်။ ဥက္ကဌ ဦးသောင်းဟန်ဟာ ဂျီအီးတပ်က ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူဖြစ်ပြီး ယခင်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အိမ်တော်ကိစ္စများတွင် ဆောင်ရွက်ပေးခဲ့ရသူဖြစ်သည်၊ ရေအားလျှပ်စစ်စီမံကိန်းတစ်ခုတွင်လည်းနေရာပေးခံခဲ့ရသူဖြစ်သည်။ လက်ကြီးသည် အပေးအကမ်း အတောင်းအရမ်း ကြမ်းသူဖြစ်သည်။ အားလုံးနှင့်တည့်အောင်ပေါင်း၍ ရှာဖွှေတတ်သည်။ NLD မန္တလေးတိုင်းဝန်ကြီးချုပ်နှင့်လည်း အဆင်ပြေအောင်ပေါင်းသည်။ MESC သည် YESC ကဲ့သို့ပင် လက်ဝေခံ ဓါတ်အားဖြန့်ဖြူးရေးဆောင်ရွက်သော Franchise company များ စီးပွားရေးလုပ်ငန်းများ စက်ရုံများ နှင့်အပေးအယူကိစ္စများရှိနေသဖြင့် ဦးခင်မောင်စိုး၏လမ်းညွှန်မှုကိုခံယူနေရဆဲဖြစ်သည်။ company များမှလည်းဦးခင်မောင်စိုး၏ အကူအညီ နှင့်ညှိနှိုင်းမှုကို ရယူကြသည်။ MESC သည် YESC ကဲ့သို့ပင် NLD အစိုးရ ခန့်အပ်သော ၀န်ကြီးများ၏အုပ်ချုပ်မှုမှလွတ်ကင်းလျက်ရှိပြီး တစ်ဗိုလ်တစ်မင်း အဖြစ် ရပ်တည်လျက် ဦးခင်မောင်စိုး၏ အမိန့်ကိုသာ အလေးထားနေသည်။

ESE , HPGE , DHPI စတဲ့ဌာ နများမှာလည်း တပ်မတော်အသွင်ပြောင်းအရာရှိကြီးများ၊ တပ်မတော်ဆွေမျိုးသားချင်းများ၊ ပြည်ခိုင်ဖြိုးအမာခံမိတ်ဆွေများ ကိုသာအထက်အဆင့်အရာရှိကြီးများနေရာကို တိုးမြှင့်နေရာချထားပေးတာကိုတွေ့ရပြီးဦးခင်မောင်စိုးနှင့်ယနေ့တိုင်အဆက်အသွယ်ရှိကာ လမ်းညွှန်မှုကိုခံယူနေဆဲဖြစ်သည်။ အရာရှိကြီးများဟာဦးခင်မောင်စိုးနေရာပေးခဲ့လို့သာ ယခုလိုရာထူးမျိုးရသည် ၊ဦးခင်မောင်စိုးကိုသာ သစ္စာခံစောင့်သိမည်ဟူသော အသိမျိုးရှိနေသည် ကို၎င်းတို့နှင့်စကားပြောသည့်အခါ နှုတ်မှထွက်လာသည့် စကားများအရသိရသည်။ အရင်အခြေအနေကိုသာမျှော်လင့်နေကြသည်၊ လက်ရှိအစိုးရလက်ထက်တွင် မလုပ် မရှုပ် မပြုတ်ခံယူနေကြသည်၊ အပေါ်ကခိုင်းမှသာလုပ်သည် ပုံမှန်လုပ်ရမည့်အလုပ်တောင် မလုပ်သည်များရှိသည်။ ESE ဌာနမှာYESC ၊ MESC ကဲ့သို့ပင် မြို့နယ်မန်နေဂျာအဆင့်အထိ တပ်မတော်မှအသွင်ပြောင်းအရာရှိများဖြစ်သည့်အပြင် ပြည်သူနှင့်တိုက်ရိုက်ထိတွေ့ဆက်ဆံရသောဌာနဖြစ်သဖြင့် အဂတိလိုက်စားမှု ရာထူးအရှိန်အ၀ါဖြင့် ကိုယ်ကျိုးရှာမှုများရှိနေသည်။ ၀ယ်ယူရေးများတွင်လည်း ယနေ့ထိတိုင် မပြောင်းလဲ လုပ်ချင်သလိုလုပ်ဆဲ ၀န်ကြီးတင်မက ဦးခင်မောင်စိုးကလွဲရင်မည်သူ့မှဂရုမစိုက်သည့်သဘောဖြစ်နေသည်။ လုပ်ငန်းတူနှစ်ခု ကိုcompany နှစ်ခုထံလုပ်ငန်းအပ်သည့်အခါ ကော်မရှင်မပေးသည့် company ကို အပြစ်မဖြစ်ဖြစ်အောင်ရှာသည် အရေးယူသည် ၊ အဆင့်တစ်ခုမဟုတ်တစ်ခုတွင် ငွေမရရအောင် တစ်နည်းမဟုတ်တစ်နည်းဖြင့်ညှစ်ကာငွေထွက်လာသည်အထိပြဿနာရှာသည် ဒါကိုထိန်းကျောင်းမည့်သူ အရေးယူမည့်သူမရှိ။ (ဒါကဥပမာတစ်ခုပါ) ဘာမှတိုးတက်ပြောင်းလဲမှုမရှိသေး ကြောင်းတွေ့ရပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရဲ့ဦးခေါင်းလို့ပြောရမယ့် လျှပ်စစ်စီမံရေးဦးစီးဌာန DEP ကိုကြည့်မယ်ဆိုရင်ညွှန်ချုပ်၊ဒုညွှန်ချုပ်တွေဟာ ဦးခင်မောင်စိုးမသွားခင် အရေးပေါ်ပြာပြာသလဲရာထူးတင်ပေးသွားတဲ့ကလေးသာသာ မွေးစားတပည့်လေးများဖြစ်ပါတယ်။ ဒုညွှန်ချုပ်က တပ်မတော်အသွင်ပြောင်း ဗိုလ်ကြီးဟိန်းထက်ပါ MESC ဥက္ကဌလိုပါဘဲ အ၀င်အထွက်တွေကြမ်းပါတယ်၊ စည်းစိမ်ပြုတ်လုနီးနီး ရာထူးရရေးအတွက်ကုန်ကျထားတယ်လို့သိရပါတယ် ၊အရည်အချင်းအတွေ့အကြုံမှာအင်မတန်နိမ့်ပါးတာကိုတွေ့ရပါတယ်။ ဦးခင်မောင်စိုး စနစ်တကျချန်ထားတဲ့ cell တစ်ခုပါ။

ညွှန်ချုပ်ဒေါ်မိမိခိုင် ဆိုတာကတော့ ပြည်ခိုင်ဖြိုးပါတီရဲ့ အမာခံမိတ်ဆွေဖြစ်ပြီး ဦးခင်မောင်စိုး ရွေးကောက်ပွဲယှဉ်ပြိုင်စဉ်ကာလက လှည်းကူးမဲဆန္ဒနယ်မှာ NLD ကိုယ်စားလှယ်ကို တရားစွဲဆိုတဲ့ကိစ္စကို ဦးဆောင်ပြီး ရုံးအဖွဲ့မှူးဒုဗိုလ်မှူးကြီးမင်းသော် အဖွဲ့နဲ့ရက်များစွာ ကြိုးပမ်းဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ဝန်ထမ်းတစ်ဦးဖြစ်လင့်ကစား ပါတီကိစ္စအတွက် ရက်များစွာ လှည်းကူးနှင့်ရန်ကုန်သွားရောက်၍ စာရွက်စာတန်းများပြင်ဆင်ခြင်း ဥပဒေ နှင့်သက်ဆိုင်သော ပြစ်မှုရေးရာ စွဲချက်တင်ရေးဆောင်ရွက်ခြင်း လှည်းကူးမြို့နယ်တွင် ဦးခင်မောင်စိုးအောင်နိုင်ရေးအတွက် ငွေအင်အားအပြင် နည်းလမ်းပေါင်းစုံအသုံးပြုရေးတို့ကို စီမံချက်ရေးဆွဲဆောင်ရွက်ခဲ့သူလည်းဖြစ်ပါတယ်။

ဦးခင်မောင်စိုးနာမည်ကြီးခဲ့သော မိန်းမ (၄)ဦးတွင် အနီးကပ်ဆုံးလွှမ်းမိုးမှုအရှိဆုံးမိန်းမတစ်ဦးလည်းဖြစ်ကြောင်းသိရသည်။ ကျန်သုံးဦးကိုတော့ ၄င်းတို့၏ဂုဏ်သိက္ခာအတွက်အမည်မဖေါ်တော့ပါ ၄င်းတို့ကိုလည်းဦးခင်မောင်စိုးမသွားခင်တစ်ဦးအား GM ၊ ကျန်နှစ်ဦးအား ADများအဖြစ်ရာထူးတိုးမြှင့်ပေးသွားပါသည်။ ဦးခင်မောင်စိုးမှ ဒေါက်တာထွန်းနိုင်ကိုမိန်းမကိစ္စ လူမှုရေးကိစ္စရှုပ်ပါသည် ဟု သမ္မတဦးသိန်းစိန် အားပြောဆို၍တာဝန်မှအနားပေးလိုက်သည်မှာလည်း အဆိုပါ ဒေါ်မိမိခိုင် ကြောင့်ဟုသိရပါသည်။ လက်ရှိဒုဝန်ကြီးဒေါက်တာထွန်းနိုင်အမှတ်မရှိပါ နီးနီးကပ်ကပ် ပူးပူးတွဲတွဲ အီစီကလီ လုပ်မြဲပါ။ တင်သမျှ ပြောသမျှ လက်ခံနေသည်၊တစ်ဖက်နားများဖြစ်နေသလား ဦးခင်မောင်စိုးချပေးထားတဲ့ အိုင်ဒီယာတွေနဲ့ လာပြောနေတာလား စဉ်းစားချင့်ချိန်ဘို့လိုနေသည်။ ဒေါ်မိမိခိုင် ယနေ့အထိဦးခင်မောင်စိုးနှင့်အဆက်အသွယ်ရှိပြီး လမ်းညွှန်မှုခံယူနေကြောင်းသိရသည် ဒါဆိုရင် ဒုတိယ၀န်ကြီးဆက်လက်ညွှန်ကြားခိုင်းစေနေသော လုပ်ငန်းလမ်းညွှန်ချက်များသည် လည်း ဦးခင်မောင်စိုး၏ လမ်းညွှန်ချက်သာဖြစ်ပါမည်။ လေးလေးနက်နက်ထည့်သွင်းစဉ်းစားသင့်သောအချက်များကိုဖေါ်ပြခြင်းဖြစ်ပါသည်။

အမြဲတန်းအတွင်းဝန်ရုံး ကိုကြည့်မည်ဆိုပါက အမြဲတန်းအတွင်းဝန်သည် တပ်မတော်မှအသွင်ပြောင်း ဒုဗိုလ်မှူးကြီး ထိန်လွင် ဖြစ်ပြီး ပစ္စည်းညွှန်မှူး၊ အထွေထွေမန်နေဂျာ၊ညွှန်ချုပ် ရာထူးတို့ကို ဦးခင်မောင်စိုးကာလ အချိန်တိုအတွင်း တိုးမြှင့်ပေးခဲ့သူဖြစ်သည်၊ ဦးခင်မောင်စိုး မသွားခင်မှာ အမြဲတန်းအတွင်းဝန်အဖြစ် အုတ်မြစ်ချပေးခံခဲ့ရသည်။ ရုံးအဖွဲ့မှူး နှင့် မယားညီအကိုဖြစ်ပြီးစရိုက်တူသည် ၊ စီးပွားရေးသမားများပါးစပ်ဖျားတွင် သွေးအေးအေးဖြင့်တောင်းလွန်းသူများအဖြစ်ရေပန်းစားသည်၊ အတွင်းဝန်ကတော့သူစားရတာနည်းနည်း ၀န်ကြီးအတွက်တောင်းပေးရတာများနေသည်ဟု ညည်းတွားလေ့ရှိကြောင်း သူ့မိန်းမကပြောလေ့ရှိပါသည်။ သူ့ကို အမြဲတန်းအတွင်းဝန်အဖြစ် ရာထူးတိုးပေးပြီးချိန်တွင် အရည်အချင်းရှိသည် မရှိသည်ကို ထည့်မတွက်ဌာနအသီးသီးတွင်သူ့ကိုရှာဖွေကျွေးမည့် အဖါးတော်သည့်တပည့်ရင်း တပ်မတော်အသွင်ပြောင်းများကို ရာထူးများ အိနြေ္ဒမရတိုးပေးသည်။

ဥပမာအနေဖြင့်ပြောရရင် ဗိုလ်ကြီးအေးကျော်အား ညွှန်ချုပ်အဖြစ်၎င်း၊ ဗိုလ်ကြီးစိန်ဝင်းအား ပစ္စည်းညွှန်မှူးအဖြစ်၎င်း တိုးမြှင့်နေရာပေးခဲ့သည်။

Company တွေပြောပြချက်အရ အရင်အတိုင်းပါဘဲဆရာရယ် ပေးရတာပါဘဲ အခုတော့အပေါ်ကဒုဝန်ကြီး ၀န်ကြီးကိုသူခွဲမပေးရတော့သူပိုရတာပေါ့ တဲ့။ဦးခင်မောင်စိုး မသွားခင်ရာထူးရသွားတဲ့ ဒုတိယအတွင်းဝန် တပ်မတော်အသွင်ပြောင်း ဗိုလ်မှူးစိုးမြင့် နဲ့ အတွင်းဝန်ရုံး အဖွဲ့ကတော့ ရောက်လာတဲ့ ၀န်ကြီးများ ကို ၀န်ထမ်းများနဲ့တစ်သားတည်းမဖြစ်ရေး၊ မာနကြီး အခြေကြီးအနေကြီး ဖြစ်စေရေး မြှောက်ပင့်ဖါးပြ လိုတာထက်ပိုလေးစားပြပါတယ်။

လုံခြုံရေးအကြောင်းပြ မဖြစ်နိုင်တဲ့ပုံပြင်တွေပြောပြီး ပေါက်ကရစာတွေထုတ်ပြီးဝန်ကြီးကိုအလုပ်ပြ ကြောင်ရေချိုးခိုင်းနေပါတယ်။ ခက်တာက ရောက်လာတဲ့ ၀န်ကြီးတိုင်းက အရမ်းလေးစားပြ မြှောက်ပင့်ပြတဲ့အပေါ်မှာသာယာသွားကြတယ်။အရင်ဒုတိယအတွင်းဝန်/ရုံးအဖွဲ့မှူးက lancruiser အပါအ၀င် ယာဉ်ငယ် ၄ စီး အခု ဒုတိယအတွင်းဝန်/ရုံးအဖွဲ့မှူးကလည်း lancruiser အပါအ၀င် ယာဉ်ငယ် ၄ စီးဘဲ ဖြစ်ပြီးအရင်လူတွေနဲ့တစ်တန်းစားတည်းသာဖြစ်သည် ။ ကျန်တဲ့ ၀န်ကြီးရုံးကအရာရှိတွေလည်း အခြားဝန်ထမ်းတွေ အရာထမ်းတွေကိုမှအားမနာ အခွင့်အရေးတွေပိုလို့သာယူနေကြတယ်။ အတွင်းဝန်ရုံးအဖွဲ့အရာရှိကြီးများရဲ့အဓိကလုပ်ဆောင်နေတဲ့တာဝန်ဝတ္တရားကတော့ ဦးခင်မောင်စိုးလိုချင်တဲ့ပုံစံအတိုင်း on line ပေါ်တက်ပြီး လက်ရှိအစိုးရကိုအပုတ်ချမယ် အတိုင်ပင်ခံပုဂ္ဂိုလ်ကို မအေနှမကိုင်ပြီးဆဲမယ် အမျိုးဘာသာသာသနာ ဘာညာဖွမယ်ရေးမယ် ဖြစ်ပါတယ် ၊ အခြားဌာနခွဲများက အရာရှိကြီးများမှလည်းထောက်ခံမယ် ရှယ်မယ် ဆက်ပို့ကြပါတယ်။ (ဥပမာ YESC အနောက်ပိုင်းခရိုင်မန်နေဂျာ ဒုတိယဗိုလ်မှူးကြီး ခိုင်ဇော်ငြိမ်း၊ အတွင်းဝန်ရုံးလက်ထောက်ညွှန်ကြားရေးမှူး ဗိုလ်ကြီးစောမိုးဦး လိုလူများဖြစ်ပါတယ်) လက်ရှိအစိုးရကိုတိုက်ခိုက်နေတဲ့ အုပ်စုက yan moe အကောင့်ကလည်းလျှပ်စစ်အသိုင်းအ၀ိုင်းကဖြစ်တဲ့အပြင် ဒုဝန်ကြီးနဲ့နီးစပ်သူလို့သိရပါတယ်။

ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင် အနေနဲ့ကတော့ power transmission ရဲ့ technical ပိုင်းကလွဲပြီး ကျန်တဲ့တည်ဆောက်မှု ထုတ်လုပ်မှု နဲ့ စီမံချက်ပိုင်း ၀န်ထမ်းရေးရာပိုင်းတွေမှာ များစွာအားနည်းနေတာတွေ့ရပါတယ်။ လုပ်ငန်းပိုင်းတွေမှာမပြတ်သားရစ်တတ်လွန်းလို့အများကလည်း ကြောင်ချီးဝန်ကြီးလို့ခေါ်ကြတယ် ။နိုင်ငံရေးခံယူချက်အပိုင်းမှာလည်း လက်ရှိအစိုးရသွားနေတဲ့လမ်းကြောင်းနဲ့သွေဖီနေတာကိုတွေ့ရပါတယ်။ အားနည်းတဲ့အပိုင်းတွေအတွက် အကြံဥာဏ်ရယူတဲ့အခါမှာ ချစ်နှမတော် DG ကြီးဆီကရယူလိုက်တဲ့အတွက် ဦးခင်မောင်စိုး ရဲ့လမ်းညွှန်ချက်ကို ခံယူနေတယ်လို့ဘဲသုံးသပ်လိုပါတယ်။ တကယ်တော့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကြီးဟာ ဦးခင်မောင်စိုးကလွဲရင်အခြားမည်သူမျှ ကိုင်တွယ်မောင်းနှင်လည်ပတ်လို့မရနိုင်တဲ့ ညွှန်ကြားစီမံနိုင်သောlevel တိုင်းတွင်တပ်မတော်အသွင်ပြောင်း နှစ်သီးသုံးသီးစား များနဲ့ စနစ်တကျနေရာယူဖွဲ့စည်းထားပြီးဖြစ်တဲ့ အစိမ်းရောင်အထူးကွန်မန်ဒို တပ်မကြီးတစ်ခုပါဘဲ။ အရပ်ဘက်ဝန်ထမ်းတွေကတော့ ပေါ်တာဆွဲခံရတဲ့ ရွာသားအဆင့်သာရှိပါတော့တယ်။

နောက်ဆုံးတော့ ပြောင်းလဲမှုကိုပြတ်ပြတ်သားသားလုပ်ဘို့စိုးရွံ့နေတဲမိမိတို့ဝန်ထမ်းအများစုရွေးချယ်ခဲ့တဲ့ အစိုးရကိုဘဲ မချိတင်ကဲအပြစ်ပုံရမလိုဖြစ်နေပါတယ်။ နိုင်ငံဖွင့်ဖြိုးတိုးတက်ဖို့အခြေခံလိုအပ်ချက် လျှပ်စစ်မီးကတော့ဘယ်ဆီဘယ်ဝယ်က ဘယ်အချိန်များမှာမှရနိုင်ပါ့မလဲ တွေးဆရင်းအချိန်လင့်လို့သာလာပါတော့တယ်။

မှတ်မိပါသေးတယ် မဲဆွယ်စဉ်ကာလမှာ NLDကိုမဲမပေးဘို့အတွင်းဝန်နဲ့အထက်အရာရှိကြီးတွေ ဒီလူတွေဘဲခြိမ်းခြောက်ခဲ့တယ် NLDကိုမဲမပေးဘို့ ၀န်ထမ်းစည်းကမ်းအရ အရေးယူမယ်တို့ ဘာတို့ နဲ့ နည်းမျိုးစုံဟန့်တားခဲ့တယ်။အလယ်အလတ်နဲ့အောက်ခြေ၀န်ထမ်းတွေအားလုံး ဟာ ဒီလူတွေရဲ့အချိုးတွေသိလို့ ဒီလူတွေကိုဆန်ကျင်ပြီး ရဲရဲဝံ့ဝံ့ မကြောက်မရွံ့ NLD ကိုပုံအောရွေးချယ်ခဲ့ကြတယ်။ နေပြည်တော်မှာသမိုင်းကိုရဲနေအောင်ရေးခဲ့ကြတယ်။

အခုတော့လည်း ၀န်ကြီးဌာနအသီးသီးမှာ ယခင်လက်ကျန် အတွင်းဝန်နဲ့ ၂သီးစား ၃သီးစား အခွင့်အရေးသမား ဒီလူတွေကဘဲ ၀န်ထမ်းအများစု နင်းပြားတွေတင်ခဲ့တဲ့အစိုးရနဲ့ပေါင်းပြီး တင်ပေးခဲ့တဲ့ ၀န်ထမ်းတွေကို အကျင့်ပျက်ဝန်ထမ်း အဂတိလိုက်တဲ့ဝန်ထမ်းအလုပ်မလုပ်တဲ့ဝန်ထမ်းတွေလို့စွပ်စွဲ သတ်မှတ် စည်းကမ်းချက်တွေထုတ်ပြန် အရေးယူမယ် ဘာမယ် အသံကောင်းတွေဟစ်ပြီး အခွင့်အရေးတွေဆက်ယူ တိုင်းပြည်ကို ကန့်လန့်ခံ ပညာပေးနေတာ မြင်ရတော့ မိမိတို့အလယ်အလတ်နဲ့ အောက်ခြေ၀န်ထမ်းတွေရဲ့ရင်ထဲမှာတော့ လုံးဝ နာကျင်လှပါတယ်………..
Credit to ၀န်ထမ်းတစ်ဦး(ACG)



LikeShow more reactions
Comment
167 Comments
Comments
Khaing Lay ကိုယ်ဟာသူခိုပါ မခိုးရရင်နူုတတ်လို့ခိုးနေရတာပါ နာလည်ခွင့်လွတ်ပေးစေခြင်ပါတယ် မှန်တဲ့သူတွေကျကုန်ပြီ ခိုးတဲ့သူတွေ သူဌေးဖြစ်ကုန်ပြီ

LikeShow more reactions
Reply
2
20 hrs
Manage
Win Aung စစ်သား လူထွက်ပီး အရပ်ဘက်ဋ္ဌာနတွေမှာခန့်ခြင်း လုံးဝအလိုမရှိ

LikeShow more reactions
Reply
1
20 hrs
Manage
Than Htun Aung ပြတ်ပြတ်သားသား မလုပ်ပါဘူး
ပြောင်းလဲဘို့ လုံးဝ မမျှော်လင့်ပါနဲ့
ပုတ်သင်ညိုတွေရဲ့ လစာထက် ပိုရနေတဲ့ စည်းစိမ်တွေ မသိမ်းဆည်းနိုင်သ၍ နောင် အနှစ် ၁ ၀ ၀ တိုင်အောင် ဘာမျှ ဖြစ်မလာနိုင်ပါ စာနာသနားမိပါတယ်

LikeShow more reactions
Reply20 hrs
Manage

LikeShow more reactions
Reply20 hrs
Manage
Kyaw Soe လျှပ်စစ်မှာရာထူးရဖို့နဲ့ပိုက်ဆံရဖို့အတွက်ဆိုရင်ဖင်ခံ/လီးစုပ်ဖို့တောင်ဝန်မလေးတဲ့လူတန်းစားတွေရှိခဲ့ဖူးတယ်လို့ကြားခဲ့ဖူးပါသည်။

LikeShow more reactions
Reply
2
20 hrs
Manage
Min Thein ပြောချင်းတာနဲ့ ကွတ်တိဘဲ gOOD

LikeShow more reactions
Reply20 hrs
Manage
ဘာဆိုဘာမှ သုညတ သုညတ ​အော်​ ...ဒါ​ကြောင့်​ဆရာ​မွေးတပည့်​​မွေး
ပြီးအ​ချောင်​သ္မားအုပ်​စု​တွေနဲ့အာဏာရှင်
ဟောင်း​တွေသက်​ဆိုးရှည်​​နေုကြတာကိုး
မ​ကောင်းတာ​တွေလဲမှဘဲ ​ကောင်းမယ်

LikeShow more reactions
Reply20 hrs
Manage
Kyaw Soe လျှပ်စစ်မှာရာထူးရဖို့နဲ့ပိုက်ဆံရဖို့အတွက်ဆိုရင်ဖင်ခံ/လီးစုပ်ဖို့တောင်ဝန်မလေးတဲ့လူတန်းစားတွေရှိခဲ့ဖူးတယ်လို့ကြားခဲ့ဖူးပါသည်။

LikeShow more reactions
Reply
2
20 hrs
Manage
Ye Naing MPE (စွမ်းအင်) မှာလည်းဒီအတိုင်းပါပဲ

LikeShow more reactions
Reply20 hrs
Manage
Zaw Koung ယခုအချိန်ထိ
ဌာနတွင်ရာထူးတိုးကို
လာဒ်စားလုပ်ပေးနေဆဲဟု
သိရပါသည်

LikeShow more reactions
Reply
2
19 hrs
Manage
U Aye Ko ဟုတ်တယ်လေမြို့နယ်ရုံးတွေမှာလဲသူတို့အသွင်ပြောင်တွေဘဲအုက်ချုပ်နေတာဘဲ၊တိုင်းပြည်တိုးတက်ဘို့မကြိုးစားဘဲဂလန့်တိုက်ဘို့ဘဲလုပ်နေကြတာဘဲ

LikeShow more reactions
Reply
3
19 hrs
Manage
Thein Htut အိမ်သစ်ဆောက်မှာမှို့မီတာခွါပြီးတနေရာပြောင်း(၁၀ပေခန့်အကွာ)တာ၃သောင်းကျပ်ပေးရပါတယ်။ပြန်တပ်ရင်၂သောင်းပေးရမယ်တဲ့။တနေ့ကမီးပြတ်သွားလို့ဘုတ်ခုံထဲကကြိုးတွေပြန်ဆက်ခိုင်းတော့(နာရီဝက်မကြာ)၆ထောင်ပါတဲ့။ဘယ်အခွန်မှဆောင်စရာမလို။ဘယ်သူတွေဘယ်လောက်ဆက်သရတယ်တော့မသိ။

LikeShow more reactions
Reply
1
19 hrs
Manage
Moe Sat တကယ်အသဲနာစရာပါ

LikeShow more reactions
Reply19 hrs
Manage
Amu Edward ပြတ်သားဘို့လိုပြီ။
အသားထဲကလောက်တွေကို လှီးထုတ်ဘို့လိုပြီ။

LikeShow more reactions
Reply19 hrs
Manage
ဥပေက္ခ ကိုရှိန် အား ပါး ပါး အံ့ကို သြပါလေရောဗျာ

LikeShow more reactions
Reply18 hrs
Manage
ဘိုးလှကြီး ဖိုး လှစိုး ဖဘီမှာ ကလေးတွေ စောင် စောင် လို့သုံးနေတာ ရိုင်းသလားအောင့်မေ့ရတာ ခုတော့ သုံးသင့်ပါတယ် အဲ့ဒါနဲ့တောင် မတန်ဘူးဖြစ်နေပြီ။

LikeShow more reactions
Reply18 hrs
Manage
Naing Linn အာ့​ကြောင့်​မို့လို့ESEမှာလည်းဗိုလ်​ချုပ်​ခင်​​မောင့်​မြင့်​လက်​ထက်​ကမှုအတိုင်းပဲ​စီမံဘဏ္ဏာလိုင်းအကုန်​လုံးဘာဝန်​ထမ်း​ရေးရာခံစားခွင့်​ပိတ်​ရက်​အကုန်​ဆုံးရှုံး​နေရတယ်​ဗျာခုထိဒီမိုက​ရေစီရဲ့အနှစ်​သာရမခံစားရ​သေးဘူး

LikeShow more reactions
Reply
2
18 hrs
Manage
သူ ရိန် ဌာနတိုင်းမှာစနစ်တကျနေရာချထားပြီးသားပါ

LikeShow more reactions
Reply
2
17 hrs
Manage
Sayar Phay မင်းတို့ မြန်မာအချင်းချင်းဖြစ်နေကြရင်တိုးတက်ဖို့ မလွယ်

LikeShow more reactions
Reply
1
17 hrs
Manage

LikeShow more reactions
Reply17 hrs
Manage
Than Soe ဟုတ်​ပ မိုးကျ သူခိုး​တွေ အရင်​ရှင်း
မီး ​ကောင်းစွာလင်းမှာ

LikeShow more reactions
Reply
3
17 hrs
Manage
Nyein Aye Aung မသိလို့မေးတာပါ ဒီဌာန လူကြီးတွေကို သမ္မတက ရာထူးအပြောင်းအလဲ မလုပ်တာကိုက သမ္မတ အမှားပါ ဌာန ဆိုင်ရာ အကြီးအကဲ အပြောင်းအလဲ လုပ်သင့်ပေသည်။

LikeShow more reactions
Reply
5
17 hrs
Manage
Harold Lim ၂၀၁၉ ကျရင်သတိထားကြပါ

LikeShow more reactions
Reply17 hrs
Manage
Hla Hla Maw စစ်တပ်ထွက်တွေကို ရွံရှာစက်ဆုပ်မုန်းတီးလွန်းတယ်။

LikeShow more reactions
Reply17 hrs
Manage
Tin Thein လျှပ်​စစ်​ကမကျွမ်းကျင်​၇င်​ဓာတ်​လိုက်​မယ်​ ။

LikeShow more reactions
Reply
1
17 hrs
Manage

LikeShow more reactions
Reply17 hrs
Manage

LikeShow more reactions
Reply
2
17 hrs
Manage
Pwar Win အားလုံးဟာအမှန်တွေပါ၊မင်္ယုမရှိနဲ့

LikeShow more reactions
Reply
4
15 hrs
Manage
Ba Ba အမြစ်​တွယ်​​နေပြီဆို​တော့မလွယ်​မှန်​သိပါတယ်

LikeShow more reactions
Reply
1
15 hrs
Manage

LikeShow more reactions
Reply15 hrs
Manage
ဂမ္ဘိရ ဆရာပွ မှန်လိုက်တာ ဗျာ မှန်တယ်ဆိုတာ မမှားလိုပါ ဒါကြောင့် share လိုက် ပြီ ခင်ဗျာ

LikeShow more reactions
Reply
1
14 hrs
Manage
Steven Win NLD အစိုးရထိပ်​ပိုင်းနဲ့ အုပ်​ချုပ်​​ရေးပိုင်း သိ၍ ပို​ကောင်း​အောင်​စီမံကြပါရန်​။

LikeShow more reactions
Reply
2
14 hrs
Manage
Thit Kaung Complicated.

LikeShow more reactions
Reply
1
14 hrs
Manage
DrTin Maung Kyaing အဲ့ဒီတော့

LikeShow more reactions
Reply13 hrs
Manage
အောင် ကို ကို လုပ်လိုက်တော့ လုပ်လိုက်တော့

LikeShow more reactions
Reply9 hrs
Manage
Soe Bala လက်ရှိ ဝန်ကြီးက တာဝန်ရှိသူ မဟုတ်ဘူးလား
ပြုပြင်ပြောင်းလဲရေး က ဝန်ထမ်းတွေကို မလုပ်နိုင်ဘူးလား
ထမင်းရည်ပူ လျှာလွှဲမနေပါနဲ့
ဝန်ထမ်းတွေ မကောင်းတာသိရင် အရေးယူပေါ့ 
ဒီစာရေးတဲ့သူရဲ့ ဦးနှောက်ကို လေးစားတယ်

LikeShow more reactions
Reply
2
8 hrs
Manage
Khun Samuel ကောင်းတယ် saveထားပြီ

LikeShow more reactions
Reply
1
7 hrs
Manage
Ko Ya Min Naing Epc ဇါတ်လမ်း​​အပြတ်​ဖြတ်​ပစ်​ပါ ​မြေလှန်​ပစ်​ပါ
ထောက်​ခံတယ်​ဗျို့ 

LikeShow more reactions
Reply
1
6 hrs
Manage
Aung Koe တိတိကျကျ ဆို သက်သေ များနှင့် တိုင်လို့မရ တာလားခင်ဗျာ။

LikeShow more reactions
Reply5 hrs
Manage
ဂမ္ဘိရ ဆရာပွ ပြည့်စုံပါ့လား သိတာတွေများပါလား တိကျတယ် relation ကောင်းတယ်

LikeShow more reactions
Reply5 hrsEdited
Manage
Zaw Win ဟုတ်ပါတယ်၊လျှပ်စစ်ဝန်
ကြီးဌာနဟာအင်မတန်
ကြောက်စရာကောင်းပါ
တယ်ဗဟိုအစိုးရကိုအချိန်
မရွေးဒုက်ခ ပေးနိုင်ပါတယ်
အချိန်တစ်ခုကိုစောင့်နေသလားလို့တောင်သံသယဖြစ်
မိပါတယ်။

LikeShow more reactions
Reply
1
4 hrs
Manage
Moe Myint Zin Yaw မူမကောင်း
မူပြောင်း
လူမကောင်းလူပြောင်း...

LikeShow more reactions
Reply
1
4 hrs
Manage

LikeShow more reactions
Reply4 hrs
Manage
Than Aung လျှပ်စစ်ဝန်ကြီးဌာနသန့်စင်ဘို့လိုပြီ

LikeShow more reactions
Reply4 hrs
Manage
Tin Aung Win ဒီတနေရာထည်းမဟုတ်ပါ။

LikeShow more reactions
Reply3 hrs
Manage

LikeShow more reactions
Reply3 hrs
Manage
Ko Win ၎င်းကိစ္စများကိုရှင်လင်နိုင်ရန်
၂၀၀၈ခြေဥပြင်မှရမည်
ခြေဥပြင်ရန်
...See More

LikeShow more reactions
Reply2 hrs
Manage

LikeShow more reactions
Reply47 mins
Manage
Thin Naing Oo လှတယ်ဗျာ -- လှည့်ကွက်ကလေးတွေ --ရိုက်ကွက်ကလေးတွေ -----!

LikeShow more reactions
Reply38 mins
Manage
Uwinswe Wai Yan Htat ဝိုး ဒီ​လောက်​ကြီး​ရေုးပြ​နေ​တော့လက်​ရှိအစိုးရ ဘာလုပ်​ရပါ့.

LikeShow more reactions
Reply12 mins



လျှစ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးဖေဇင်ထွန်း နှုတ်ထွက်ခွင့်ပြု။  ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင် တွဲဖက်တာဝန်ယူ။
၂.၈.၂၀၁၇




2012 Kyaw Swar Soe Naing (Executive Engineer, MEPE) U Kyaw Kyaw (Chief Engineer, YESB) presentation ...
https://www.slideshare.net/yph1969/myanma-electrical-outlook-u-kyaw-swar-soe-naing

No comments:

Post a Comment