Friday, June 9, 2017

ဇွန်လ ၇ ရက်တွင် တပ်မတော် Y-8 လေယာဉ်တွင် အမှုထမ်း၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင် ၁၂၂ ဦးတို့ ပါသွားခဲ့..

တရုပ်ပြည်မှာ မနှစ်က၀ယ်ထားသော Y8 စစ်သည် သယ်ဆောင်ရေးလေယဉ် လူ၁၂၂ ဦးနှင့်ပျက်ကျ။

ဆယ်ယူရရှိခဲ့ပြီးဖြစ်သည့် ရုပ်အလောင်း ၃၂ လောင်းအား ဆေးဘက်ဆိုင်ရာ စစ်ဆေးခြင်း၊ သက်ဆိုင်ရာမိသားစုများက ကြည့်ရှုစစ်ဆေးခြင်းများပြုလုပ်ခဲ့ပြီး ရုပ်မည်အတည်ပြုနိုင်သည့် ရုပ်အလောင်း ၁၀ လောင်းကို ဇွန် ၉ ရက်တွင် ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာနှင့်အညီ ကောင်းမွန်စွာသဂြိင်္ုဟ်ပေးခဲ့သည်။ ရုပ်အလောင်း ၉ လောင်းအား ထပ်မံ၍ အမျိုးအမည်ခွဲခြားနိုင်ပြီး ယနေ့ထိ ရုပ်အလောင်း ၁၉ လောင်းအား ရုပ်မည်အတည်ပြုနိုင်ခဲ့သည်။ 
နေပြည်တော်၊ ဇွန် ၁၀

ဇွန်လ ၇ ရက်တွင် ပျက်ကျခဲ့သည့် တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်တွင် ပါရှိသွားသည့် လေယာဉ်အမှုထမ်း၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင် ၁၂၂ ဦးတို့ ပါသွားခဲ့သည်။ 

ရုရှားသမတ၊ တရုပ်သမတ တို့က ၀မ်းနည်းကြောင်းပြောခဲ့ပြီး၊ နေပြည်တော် လွှတ်တော်မှာ ၂မိနစ် မတ်တပ်ရပ်ပြီး၊ ၀မ်းနည်းကြောင်း ပြသခဲ့ပါတယ်။ ရော်ကြေးငွေ၊ လှုဒါန်းငွေတွေနဲ့ အရေးမကြီးသေးပါ။ ကယ်ဆယ်ရေးလုပ်ရမှာက နံပါတ်(၁) ဖြစ်ပါတယ်။ ကိုယ်မတတ်နိုင်ရင် နိုင်ငံတကာအကူညီခေါ်ပြီး ကယ်ဆယ်ရေးလုပ်တန်လုပ်ရပါမယ်။ နံပါတ်(၂) ကတော့ အလားတူလေယာဉ်တွေ မပျံသန်းချင် စစ်ဆေးရာမှာ ပိုမိုတင်းကြပ်ဖို့ပါပဲ။ ငွေကြေးနဲ့တန်ဖိုးဖြတ်လို့ မရပါဘူး..။ နိုင်ငံတကာမှာတော့ Maker/ Owner/ Insurance problems တွေကြောင့် လေယာဉ်ပျက်ကျမှုတွေ အကြောင်းရှာမတွေ့ရင် လေယာဉ်မှုးကိုပဲ ခံရတတ်ပါတယ်။ အလွန်ဝမ်းနည်းစရာပါ။

Y8 တရုပ်လေယာဉ်
၁၉၆၀ ရုရှားဒိဇိုင်းထုတ်ပြီး တရုပ်က မူပိုင်ခွင့်ဝယ်ယူပါတယ်။ ၂၀၁၀ ခုနှစ်အထိ စုစုပေါင်း ၁၆၉ စီး ထုတ်လုပ်ပြီးသွားပြီ ဖြစ်ပါတယ်။ စစ်သားများ သယ်ယူပို့ဆောင်ဖို့ အထူးဒိဇိုင်းလုပ်ထားတဲ့ စစ်သုံးလေယာဉ်ဖြစ်ပါတယ်။ သီရိလင်္ကာစစ်တပ်က ပြည်တွင်းစစ်မှာ ဒိလေယဉ် ဗုံးကြဲဖို့ သုံးခဲ့ပါတယ်။ တစီးပစ်ချခံရပြီး တစိး စက်ချို့ယွင်းပျက်ကျခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်မှာ တရုပ်ပြည်မှာ Y-8 လေယဉ်၂စီး ဝေဟင်မှာ တိုက်ခိုက်မိပျက်ကျခဲ့ဖူးပါတယ်။ ၂၀၁၆ မှာ တရုပ်ပြည်တွင်း တစ်စီး ပျက်ကျခဲ့ပြီး အခု ၂၀၁၇ မှာ မြန်မာစစ်လေယဉ်တစိး လူ၁၂၂ ဦးနဲ့ ပျက်ကျခဲ့ပါတယ်။ 

.
.
ဖတ်ရှုရန် ၀ီကီလင့်ခ်
https://en.wikipedia.org/wiki/Shaanxi_Y-8

https://en.wikipedia.org/wiki/2017_Myanmar_Air_Force_Shaanxi_Y-8_crash



.

စုံစမ်း စစ်ဆေးရေး တွင် တရုတ် ပါဝင်လာမှု သတိ
ထားရမည် ဖြစ်
========================
မနေ့ က လေယာဉ် ပျက်ကျမှု နဲ့ ပါတ်သက်ပြီး 
သတင်းတပုဒ် ဖတ်လိုက်ရပါတယ်။ အခြားတော့
မဟုတ် ပျက်ကျသွားသော Y-8-200F ပို့ဆောင်ရေး လေယာဉ်အား ထုတ်လုပ်ရောင်းချသည့် တရုတ် အစိုးရပိုင် China National Aero-Technology Import and Export Corp. (CAITC) မှ စုံစမ်းစစ်ဆေးရာ
တွင် ပါဝင်ရန် အဖွဲ့ စေလွှတ်မည်ဟု ဆိုခြင်းပင်
ဖြစ်ပါတယ်။
မြန်မာဘက်မှလည်း နောက်ထပ် တရက် နှစ်ရက်
အတွင်း အပျက်အစီး များ ဆယ်ယူရရှိရေး အာရုံ
စိုက်ဖို့ ရှိလာနေပြီး စုံစမ်းစစ်ဆေးမှုတွေ စတင်လာ
တော့မှာ မလွဲဧကန်ပဲ ဖြစ်ပါတယ်။
ထိုကဲ့သို့သော အချိန်မျိုးမှာ တရုတ် ကုမ္ပဏီမှ စုံစမ်း
စစ်ဆေးရာတွင် ကူညီရန် ဆိုကာ အဖွဲ့စေလွှတ်မည်မှာ လုပ်
ရိုးလုပ်စဉ် ဖြစ်သော်လည်း ယခုကိစ္စတွင်ကား မြန်မာ
ဘက်မှ သတိကြီးစွာ ထားရတော့မှာ ဖြစ်ပါတယ်။
အဆိုပါ လေယာဉ်အား မနှစ်က မတ်လ က မှ အသစ်ချပ်ခ္ဈတ် ၀ယ်ယူခဲ့ခြင်းဖြစ်ပြီး ပျံသန်း မောင်းနှင်ချိန်
နာရီ ၈၀၀ စွန်းစွန်းကလေးပဲ ရှိသေး၍ တရုတ်
ကုမ္ပဏီ အဖို့ အကြီးအကျယ် မျက်နှာပျက်စရာ ဖြစ်
လာနေရပါတယ်။
ထိုသို့သော အနေအထားတွင် ၎င်းတို့ စုံစမ်း စစ်ဆေး
မှုများက အမှန်တရားကို ထုတ်ဖေါ်နိုင်ပေမည်လော။ မည်သို့ ပင် ဆိုစေ ၎င်းတို့ ဖက်က အပြစ်လွတ်အောင်
တော့ ရုန်းထွက်မည်သာ။ မြန်မာတို့ဖက်မှ လိုအပ်
သည့် ပြုပြင်မွမ်းမံမှု များ မလုပ်၍ ဆိုသည့် အဖြေသာ
ထွက်လာဖို့ များပါတယ်။
ယခုပင်လျင် ဘီဂျင်းရှိ လေကြောင်း မဂ္ဂဇင်းတစောင်
မှ မြန်မာနိုင်ငံတွင် လေယာဉ်ပျက်ကျသည်မှာ အဆန်း
တကြယ် မဟုတ်ဟု ပင် ရေးသားလာပြီ ဖြစ်ပါတယ်။ (မနှစ် ဖေဖေါ်ဝါရီ လ နဲ့ ဂ္ဈန်လ အတွင်းမှာ
တပ်မတော်မှ လေယာဉ် နှစ်စီး ပျက်ကျခဲ့ပြီး ဖြစ်
ပါတယ်)
သို့အတွက် မိမိတို့ဖက်မှ စုံစမ်းစစ်ဆေးရေးကို နိုင်ငံ
တကာ လေကြောင်းဆိုင်ရာ က္ဈမ်းကျင်သူများ ခေါ်
ယူပြီး ဖွဲ့စည်းသင့်ပြီး ၎င်းတို့အား စုံစမ်းစစ်ဆေးရာ
တွင် Primary role တွင် ထားသင့်ပြီး တရုတ်
ကုမ္ပဏီအား Secondary role တွင်သာ ရှိနေသင့်
ပါသည်။
နောက်ပိုင်းတွင် သေဆုံးသူများ အတွက် လျော်ကြေး
ပေးရာတွင် အဆိုပါ တွေ့ရှိချက်များက အဓိက နေရာ
ကနေ အဆုံးအဖြတ် ပေးလာမှာ ဖြစ်ပါတယ်။
အဆိုပါ လေယာဉ်အား ၁၉၈၀ မှစ၍ ဘက်စုံသုံးနိုင်
သော တရုတ်တို့ အခေါ် Air Camel (လေထဲက
သစ်ကုလားအုပ်ကြီး) အဖြစ် ရုရှား ပုံစံကို နမူနာ ယူကာ စတင် ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပြီး ယခုတိုင် ထုတ်
လုပ်ဆဲ မို့ သူတို့ ဖက်ကတော့ အသာစီးရနေပါတယ်။ သို့သော်လည်း အဆိုပါလေယာဉ်အား တရုတ်ပြည်
တွင်း နဲ့ ဆူဒန် မှာပဲ အသုံးများတယ်လို့ သိရပါတယ်။ ၎င်းတို့ ပုံစံရယူခဲ့သော ဆိုဗီယက်လုပ် Antonov An-12 သည်လည်း မကြာခဏ ပျက်ကျခဲ့ကြောင်း
အေအက်ဖ်ပီ သတင်းတရပ်မှာ ဖေါ်ပြထားပါတယ်။
အဆိုပါ အင်ဂျင်လေးလုံးတပ် လေယာဉ် ပျက်ကျ သွား
သော နေရာသည် ၂၀၁၄ မေလ အတွင်း ပျောက်ဆုံး
သွားတဲ့ မလေးရှားလေားဉ် MH 370 ရေဒါမျက်နှာပြင်
ပေါ်မှာ နောက်ဆုံးတွေ့ လိုက်ရတဲ့ နေရာရဲ့ မြောက်
ဖက် မိုင် ၄၄၀ အကွာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဝယ်ယူပြီးသည်မှာ ၁၅ လ သာ ရှိနေသေး၍ Warranty Period ကာလ ထဲမှာ ကြိမ်းသေ ရှိနေမှာ
ဖြစ်ပါတယ်။ မော်တော်ကား အသစ်တစီး ၀ယ်စီးလျင်
ပင် ၅ နှစ် ခန့် warranty ပေးရစမြဲ မဟုတ်ပါလား။
သေဆုံးသွားရသော မိမိတို့ နိုင်ငံသားများ၏ ကျန်ရစ်
သူ မိသားစုများ ထိုက်ထိုက်တန်တန် လျော်ကြေးရ
ရှိရေး သေချာအောင် ပြုလုပ်သင့်ကြောင်း တင်ပြ
လိုက်ရပါတယ်။
.
/////////////////////////////////////////////////////
.
စုံစမ်း စစ်ဆေးရာတွင် တရုတ် နှင့် ပူးပေါင်းမည်
ဟု တပ်မတော် မှ အတည်ပြု
========================
ကြာသပတေးနေ နေ့ လည်က ကာကွယ်ရေး ဦးစီး
ချုပ်ရုံး မှ ထုတ်ပြန်သော ကြေငြာချက်တွင် လေယာဉ်
ထုတ်လုပ်သည့် တရုတ် ကုမ္ပဏီ များ ဖြစ်သော
CITAC နှင့် ထုတ်လုပ်ဖြန့်ချီသည့် Shannxi Aircraft
Corp တို့ နှင့် စုံစမ်းစစ်ဆေးရာတွင် အတူ ပူးပေါင်း
သွားမည်ဟု ဖေါ်ပြထားပါတယ်။
သို့သော် စုံစမ်းစစ်ဆေးမှုများ ဘယ်တော့ စမည် ဆို
သည်နှင့် အခြား က္ဈမ်းကျင်သော အဖွဲ့ အစည်းများ
ခေါ်ယူမှု ရှိမရှိ ပြောဆိုခြင်း မရှိသေးပါဖူး။
လေယာဉ်ပျက်ကို အသေအချာ စုံစမ်းမည်ဆိုက နှစ်နဲ့ ချီပြီး ကြာတဲ့ သဘောရှိနေပါတယ်။
မနေ့ က အထိတော့ ဆယ်ယူ ရရှိခဲ့တဲ့ ကျား/ မ ၂၃
ယောက် နဲ့ ကလေး ၈ ယောက် ပေါင်း ၃၁ ဦး
ရုပ်အလောင်းများမှ
အတည်ပြု နိုင်သူ ၁၀ ဦး ၏ ရုပ်အလောင်းအား ထားဝယ်တွင်
မီးသင်္ဂြုလ် ခဲ့ကြောင်း သိရပါတယ်။
နောက်ပိုင်း ပြုလုပ်ရန် ရှိနေတဲ့ စုံစမ်း စစ်ဆေးမှု များ
အတွက် autopsy ကို လုပ်ဖို့ မလိုတော့ဖူးလား ဆိုတာ မသဲကွဲ လှပါဖူး။
ယခု အချိန်အထိ လေယာဉ်ဘီးကို သာ
ဆယ်ယူနိုင်ခဲ့သော်လည်း ကိုယ်ထည် နှင့် အခြား အပျက်အစီး အပိုင်းအစ များကို ရှာဖွေနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ရာသီဥတု က ပြင်းထန်ပြီး အက်ဒမန် ပင်လယ်ပြင် ရှိလှိုင်း များက အမြင့် ၈ ပေ
လောက် မြင့်တက်လာနေချိန် မှာပင် တပ်မတော်
လေယာဉ် ၈ စင်း၊၊ ငါးဖမ်းရေယာဉ် အစီး ၂၀ ခန့် ပူး
ပေါင်း အင်အား ဖြင့် ရေငုပ်စစ်သည်များ အပါအ၀င် အသံလှိုင်း လွှတ် sonar system ဖြင့် သုံး၍ မနေမနား ရှာဖွေနေဆဲ ဖြစ် ပါ တယ်။
Blackbox ရဲ့ ဘက်ထရီ သက်တမ်းက ရက် ၃၀ ပဲ အများဆုံး ခံတာမို့ မဖြစ်မနေ ဆက်လက် ရှာဖွေရေးတွေ
ပြုလုပ်သွားရဖို့ ရှိနေပါတယ်။
ယခုအချိန် အထိတော့ အသက်ရှင်ကျန်သူများရဲ့
သတင်းကို မရရှိသေးကြောင်း တနင်္သာရီ တိုင်း ဒေသ
ကြီး မှ ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေးမှ
တာဝန်ရှိသူတဦးက ဆိုပါတယ်။ ၂၄ နာရီ ကျော်ပြီး
နောက် ပင်လယ်ရေမျက်နှာပြင်သည် နွေးထွေး
နေသော်လည်း အသက်ရှင် နိုင်မယ့် အခွင့်အရေး အရမ်း နည်းသွားရပြီ ဖြစ်ပါတယ်။
ကျန်ရစ်သူ မိသားစုများကတော့ သေဆုံးသူများရဲ့ ပုံများကိုဆိုရှယ် မီဒီယာ များတွင် တင် ခြင်း မပြုလုပ်ကြရန် မေတ္တာ ရပ်ခံထားတယ်လို့ လည်း သိရပါတယ်။.

ကယ်ဆယ်ရေး လုပ်နေဆဲ ဖြစ်သည်။
.
.
.

Capt စိုးဟန် လေယာဉ်မှူးကြီး (နည်းပြဆရာ)၊ မြန်မာအမျိုးသားလေကြောင်းလိုင်းနှင့် တွေ့ဆုံခြင်း



မြန်မာ့တပ်မတော် (လေ) တွင် တာဝန်ထမ်းဆောင်ခဲ့စဉ်က Y-8 လေယာဉ်သင်တန်းအား တရုတ်နိုင်ငံသို့ သွားရောက်တက်ရောက်ခဲ့ပြီး တပ်မတော် (လေ) မှ ၀ယ်ယူခဲ့သည့် Y-8 လေယာဉ်များဖြစ်သော လေယာဉ်အမှတ် (၅၈၁၇၊ ၅၈၁၈) တို့အား မြန်မာနိုင်ငံသို့ ကိုယ်တိုင်မောင်းနှင် ယူဆောင်ခဲ့သည့် လေယာဉ်မှူးများအနက် တစ်ဦးဖြစ်ပြီး ယခုအခါ မြန်မာအမျိုးသားလေကြောင်းလိုင်း၌ EMBRAER လေယာဉ်တွင် လေယာဉ်မှူးကြီး (နည်းပြဆရာ) အဖြစ် တာဝန်ထမ်းဆောင်နေသူ Capt စိုးဟန်အား Y-8 လေယာဉ်ပျက်ကျမှုဖြစ်စဉ်အပေါ် ၎င်း၏ ထင်မြင်ယူဆချက်များအား သွားရောက် မေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။
■ မေး - ပျက်ကျခဲ့တဲ့ Y-8 လေယာဉ်နဲ့ပတ်သက်ပြီး ရေဒါကနေ နောက်ဆုံးဖမ်းယူရရှိခဲ့တဲ့ အခြေအနေကို Catp သိသလောက် ပြောပြပေးပါရှင့်။
ဖြေ - သိရသလောက်ကတော့ ရေဒါမှာနောက်ဆုံး Position Report လုပ်သွားတာ ပေ ၁၈၀၀၀ ထားဝယ်တောင်ဘက် မိုင် ၂၀ ရှင်မော်ကွေ့နားလောက်ဖြစ်မယ်။ အဲဒီနေရာကနေ ပေ ၂၀၀၀ ဆင်းသွားတဲ့အထိ ရေဒါမှာ ပေါ်နေတယ်။ ပြီးမှ ပျောက်သွားတယ်။ နိမ့်ဆင်းသွားချိန်မှာ လေယာဉ်အရှိန်နှုန်းက မြန်လာခဲ့ပြီး ပေ ၅၀၀၀ လောက်အရောက်မှာ ပြန်နှေးသွားတယ်လို့ သိရတယ်။
■ မေး - ဟုတ်ကဲ့။ ဒါဆို Y-8 လေယာဉ် ဘာကြောင့်ပျက်ကျသွားတာဖြစ်နိုင်သလဲဆိုတဲ့ အပေါ် Capt အနေနဲ့ Professional Thinking လေး ပြောပြပေးပါ။
ဖြေ - Y-8 လေယာဉ်ပေါ်မှာ 5 cockpit crew၊ 4 Porpengine၊ Separate Fule Bags (Military version)၊ Wx radar၊ Transpondew၊ ELT၊ nav aid အပြည့်အစုံပါတယ်။ အင်ဂျင်နှစ်လုံး ရပ်သွားတောင် ဆက်သွားလို့ရတယ်။ အနီးဆုံး ထားဝယ်ကို မိုင် ၂၀ ပဲရှိလို့ ခုနစ်မိနစ်နဲ့ ဆင်းလို့ရတယ်။ ရန်ကုန်သွားတဲ့ လမ်းကြောင်းကလည်း Coastal အတိုင်းပဲ။ အခုဖြစ်သွားတာက ရုတ်တရက် တစ်ခုခုဖြစ်သွားလို့ ဘာမှဆက်ပြောမသွားနိုင်တဲ့ အခြေအနေ ဖြစ်နေတယ်။ Pilot အတွက် May Day ခေါ်ဖို့ တောင် အချိန်လုံးဝမရနိုင်တဲ့ အခြေအနေ ဖြစ်သွားတယ်လို့ သိရတယ်။ အဲဒီတော့ စဉ်းစားဖို့ ပထမဆုံးအချက်က ရာသီဥတု ဆိုးရွားတာနဲ့ ကြုံသွားလို့လား။ ဥပမာ မုန်တိုင်းထဲ ရုတ်တရက် ၀င်သွားလို့ လေယာဉ်ကို ထိန်းမရတဲ့ အနေအထားမျိုး ဖြစ်သွားတာလား။ နောက်တစ်ခုက Flight Control (လေယာဉ်ပျံသန်းရေးနည်းစနစ်) ကို တစ်ခုခု ထိခိုက်သွားလို့လား။ ကားဆိုရင် တိုက်ရော့ပြုတ်သွားမျိုးပေါ့။ ဒုတိယအချက်က လေယာဉ်ပေါ်မှာ ပေါက်ကွဲစေတတ်တဲ့ပစ္စည်း DG (dangerous goods) ပါသွားသလား။ အဲဒီ DG က ပေါက်ကွဲမှု တစ်ခုခုဖြစ်ပြီး Flight Control ကို ထိခိုက်မိစေသလား စဉ်းစားစရာပေါ့လေ။ လေယာဉ်ရဲ့ Black Box ပြန်ရှာတွေ့နိုင်ရင်တော့ တိကျတဲ့အဖြေကို သိရမှာပါ။
■ မေး - တချို့ကလည်း လေယာဉ်ရဲ့ အရည်အသွေး (Quality) ကြောင့် ဖြစ်နိုင်တယ်လို့လည်း ယူဆနေကြတော့ ဒါလေးကိုလည်း သုံးသပ်ပေးပါဦး။
ဖြေ - ဒီလေယာဉ်က တပ်မတော် (လေ) က ၀ယ်ယူစဉ်တည်းက အသစ်ကို ၀ယ်ထားတာပါ။ ပျံသန်းချိန်နာရီ လုံးဝမရှိသေးတဲ့ (Flying hours-0) လေယာဉ်သစ်ပါ။ ဒီလေယာဉ်က Military Version ပါ။ လေယာဉ်ရဲ့ ထူးခြားချက်တစ်ခုက လေယာဉ်ဆီကို ရော်ဘာအိတ်တွေနဲ့ တစ်အိတ်ချင်း ထည့်ထားတာပါ။ ကျည်ဆန်တွေ ဘာတွေမှန်ခဲ့ရင် အလိုလို ပြန်ပိတ်သွားတဲ့ နည်းစနစ်မျိုးနဲ့ ပြုလုပ်ထားတာ။ တခြားလေယာဉ်တွေက ဆီသိုလှောင်တဲ့ပုံစံဆိုရင် တစ်ခုခုဖြစ်ရင် ဆီတွေအကုန်ထွက်ကျနိုင်တယ်။ အခုက Military Version ဖြစ်တဲ့အတွက် လေယာဉ်ဆီ ဆုံးရှုံးတာတွေ၊ မီးလောင်တာမျိုးတွေ မဖြစ်စေဖို့အတွက် ထုတ်ထားတာပေါ့။
■ မေး - ဟုတ်ကဲ့ ဒီလေယာဉ်ပျက်ကျမှုဖြစ်စဉ်ဟာ စက်ချွတ်ယွင်းမှုကြောင့် ဖြစ်နိုင်ပါသလား ဆရာ။ နောက်ပြီးတော့ သတ်မှတ်ထားတဲ့ အလေးချိန်ထက် ပိုမိုတင်ဆောင်မှုကြောင့်ရော ဖြစ်နိုင်မလားဆိုတာ ပြောပြပေးပါ။
ဖြေ - စက်ချွတ်ယွင်းတာ လုံးဝမဖြစ်နိုင်ဘူး။ ဒီအနေအထားဆိုတာ စက်ချွတ်ယွင်းမှုကြောင့် လုံးဝမဖြစ်နိုင်ဘူး။ အင်ဂျင်လေးလုံးစလုံး တစ်ပြိုင်နက် ရပ်သွားဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ ရာသီဥတုတော်တော်ကို ဆိုးရွားပြီး ထိန်းမရနိုင်အောင် ဖြစ်သွားလို့သော်လည်းကောင်း၊ တစ်ခုခု ရုတ်တရက် ပေါက်ကွဲမှုကြောင့် Flight Control ထဲက အစိတ်အပိုင်း တစ်ခုခုကို ထိခိုက်မိလို့သော်လည်းကောင်းသာ ဖြစ်နိုင်တယ်။ နောက်သတ်မှတ် အလေးချိန်ထက် ပိုပြီးတင်ဆောင်ထားသလားဆိုတာ ဒါလည်းလုံးဝမဖြစ်နိုင်ဘူး။ ၀န်ပိုတင်ရင် လေယာဉ်က လုံးဝမတက်နိုင်ဘူး။ လေယာဉ်ကွင်းမှာ ကတည်းကိုက မတက်နိုင်ပါဘူး။ ဒါကြောင့်မို့ ဒီအချက်လည်း လုံးဝမဖြစ်နိုင်ပါဘူး။
Writer: 
ရွှန်းလဲ့ဝင်း




ပျက်ကျခဲ့သည့် Y-8 လေယာဉ်မှ FDR-Flight Data Recorder (Black Box) နှင့် CVR - Cockpit Voice Recorder တို့ ပါရှိသည့် လေယာဉ်အမြီးပိုင်းအား ရေယာဉ်ပေါ်တင်နိုင်ခဲ့


ပင်လယ်ပြင်အတွင်း ပျက်ကျခဲ့သည့် တပ်မတော် သယ်ယူပို့ဆောင်ရေး Y-8 လေယာဉ်အား ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဇွန် ၁၅ ရက်တွင် တွေ့ရှိခဲ့သည့် လေယာဉ်အမှတ် ၅၈၂၀ အမှတ်အသားပါ လေယာဉ်အမြီးပိုင်း နေရာဝန်းကျင်တွင် အပိုင်းအစအချို့ တွေ့ရှိခဲ့ပြီး ဇွန် ၁၈ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ရေယာဉ်ပေါ်သို့ ဆယ်ယူနိုင်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။
ထို့ပြင် လေယာဉ်အမြီးပိုင်းအား လေအိတ်များ အသုံးပြု၍ ရေမျက်နှာပြင်ပေါ်သို့ မတင်ဆယ်ယူခဲ့ပြီး ညနေ ၃ နာရီခွဲတွင် ရေယာဉ်ပေါ်သို့ တင်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ လေယာဉ်အမြီးပိုင်းတွင် FDR - Flight Data Recorder (Black Box)  နှင့် CVR - Cockpit Voice Recorder တို့ပါရှိပြီး လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းအား ဖော်ထုတ်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ ကျန်အစိတ်အပိုင်းများအား ရှာဖွေရရှိရေးအတွက် တပ်မတော်(ရေ) မှ စစ်ရေယာဉ်များ၊ ဒေသခံ ငါးဖမ်းစက်လှေများ၊ ကျွမ်းကျင် ရေငုပ်စစ်သည်များ ပူးပေါင်း၍ ဆက်လက် ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် လေယာဉ်အမြီးပိုင်းနှင့်အတူ အမျိုးသား ရုပ်အလောင်းတစ်လောင်း ထပ်မံ ရှာဖွေတွေ့ရှိသဖြင့် ယခုအချိန်ထိ စုစုပေါင်း ရုပ်အလောင်း ၉၂ လောင်း ရှာဖွေတွေ့ရှိပြီး ဖြစ်ကြောင်း သတင်းရရှိသည်။
လေယာဉ် စတင်ပျက်ကျခဲ့ချိန်က လေယာဉ်အမှုထမ်း ၁၄  ဦးနှင့် တပ်မတော် မိသားစုဝင် ၁၀၈ ဦး စုစုပေါင်း ၁၂၂ ဦး ပါဝင်သည်ဟု ဆိုသော်လည်း တပ်မတော်သားတစ်ဦး၏ ကလေးငယ်နှစ်ဦး ပါဝင်သွားကြောင်း ထပ်မံသိရသဖြင့် မူလဦးရေထက် နှစ်ဦးတိုးလာပြီး လေယာဉ်ပေါ်တွင် လိုက်ပါသွားသူဦးရေမှာ ၁၂၄ ဦးဖြစ်လာခဲ့သော Y-8 လေယာဉ်ပျက်ကျမှုအား ရှာဖွေရေးလုပ်ငန်းများ ဆက်တိုက် လုပ်ဆောင်ခဲ့ရာ ဇွန် ၁၅ ရက်က လောင်းလုံး မြို့မှ မိုင် ၃၀ ကျော်ခန့်အကွာရှိ ရှင်မော်အငူအနီး မြင်းခွာအော်ကမ်းခြေမှ အနောက်ဘက် ခုနစ်မိုင်ခွဲခန့်အကွာ ပင်လယ်ပြင်၌ ရှာဖွေရေး လုပ်ငန်းဆောင်ရွက်နေသော ထူးထူးတိုး ကုမ္ပဏီ၏ အောင်သုခ ငါးဖမ်းစက်လှေမှ
တရွတ်ဆွဲပိုက်ဖြင့် ရှာဖွေရာတွင် လေယာဉ်အမြီးပိုင်းကို စတင်တွေ့ရှိခဲ့ကြောင်း၊ ၎င်းလေယာဉ်အမြီးပိုင်းနှင့် အစိတ်အပိုင်းအချို့အား ဇွန် ၁၈ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ရေအောက် မှ ရေပြင်ပေါ်သို့ ဆယ်ယူနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဇွန် ၁၅ ရက် စတင်ရှာဖွေတွေ့ရှိသည့် လေယာဉ်အမြီးပိုင်းနှင့်အတူ အမျိုးသား ရုပ်အလောင်းတစ်လောင်း ရှာဖွေတွေ့ရှိခဲ့ပြီး ဇွန် ၁၆ ရက် ည ၇ နာရီတွင်လည်း လောင်းလုံး ဘုတ်ကျွန်းအနီး ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တပ်မတော်စစ်ရေယာဉ်တစ်စီးက အမျိုးသားရုပ်အလောင်းတစ်လောင်း ထပ်မံတွေ့ရှိသဖြင့် လေယာဉ်စတင် ပျက်ကျခဲ့သည့်အချိန်မှ ဇွန် ၁၈ ရက် ညနေ ၄ နာရီအထိ စုစုပေါင်း ရုပ်အလောင်း ၉၂ လောင်း ရှာဖွေတွေ့ရှိပြီးဖြစ်သောကြောင့် လေယာဉ်ပေါ် လိုက်ပါသွားသူများအနက် ၃၂ ဦး မှာ လက်ရှိအချိန်အထိ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။
ဇွန် ၁၈ ရက်အထိ  ဆယ်ယူရရှိထားသော ရုပ်အလောင်းများအား တပ်မတော်ဆေးရုံ (ထားဝယ်) ၌ ထားရှိပြီး စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး မိသားစုဝင်များမှ ရုပ်အမည် အတည်ပြုခဲ့ပြီး ရုပ်အလောင်း ၉၁ လောင်းကို ထားဝယ် မြို့ရှိ ဇဟာသုသာန်၌ မီးသင်္ဂြိုဟ်ပြီးဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ရှာဖွေတွေ့ရှိ၍ ဆယ်ယူရရှိထားသော လေယာဉ်အစိတ်အပိုင်းများ အပြင် ကျန်ရှိသည့် အစိတ်အပိုင်းများအား ဆက်လက်ရှာဖွေနေပြီး ပျောက်ဆုံးနေသူများကိုလည်း ထားဝယ် ကမ်းရိုးတန်းတစ်လျှောက် ရှိ ရေပြင်နှင့်ကမ်းခြေတစ်လျှောက်၌ မြေပြင် ရေပြင်တပ်ဖွဲ့များဖြင့် ရှာဖွေမှုများ ဆောင်ရွက်နေဆဲဖြစ်ကာ တပ်မတော်ဘက်မှ လေကြောင်းရှာဖွေမှုများ ဆောင်ရွက်ရာ၌ လူမဲ့ လေယာဉ် (ဒရုန်း) များလည်း အသုံးပြု ရှာဖွေ လျက်ရှိကြောင်း သိရသည်။
Writer: 
ဖြိုးဇင် (ထားဝယ်)
.



FDR နှင့် CVR တို့မှ ရရှိသည့် အချက်အလက်များ အပေါ်မူတည်၍ တပ်မတော် ပို့ဆောင်ရေး Y-8 F 200 W လေယာဉ်ပျက်ကျရသည့် အကြောင်းအရင်း ထုတ်ပြန် ချက်
နေပြည်တော် ၊ ဇူလိုင် - ၁၈
တပ်မတော်သယ်ယူပို့ဆောင်ရေးလေယာဉ် (Y-8 F 200 W အမျိုးအစား၊ လေယာဉ် အမှတ်-၅၈၂၀) သည် ဇွန် ၇ ရက်တွင် မြိတ်မှ ရန်ကုန်သို့ ပျံသန်းစဉ် မွန်းလွဲ ၁ နာရီ ၃၅ မိနစ်တွင် ထားဝယ်မြို့၏ အနောက်တောင်ဘက် ၄၃ မိုင်ခန့်အရောက်၌ ထားဝယ် လေဆိပ်နှင့် အဆက်အသွယ်ရရှိပြီးနောက်ပိုင်း ဆက်သွယ်မှုပြတ်တောက်သွား ခဲ့ကာ ပျောက်ဆုံးသွားသဖြင့် ယင်းနေ့ မွန်းလွဲ ၂ နာရီမှ စတင်၍ တပ်မတော်(လေ)မှ လေယာဉ်များ၊ တပ်မတော်(ရေ) မှ စစ်ရေယာဉ်များ၊ မြေပြင် တပ်များ၊ ဒေသခံငါးဖမ်း စက်လှေများနှင့် ပြည်သူများ ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်တိုက် လုပ်ဆောင်ခဲ့ရာ ဇွန် ၁၅ ရက်တွင် Black Box ဟုခေါ်သော FDR- Flight Data Recorder နှင့် CVR-Cockpit Voice Recorder တို့ ပါရှိသည့် လေယာဉ် အမြီးပိုင်းကို ရှာဖွေတွေ့ရှိခဲ့သည်။ ယင်းလေယာဉ်အမြီးပိုင်းအား ဇွန် ၁၈ ရက် ညနေ ၃ နာရီ ခွဲတွင် မတင်ဆယ်ယူနိုင်ခဲ့ပြီး လေယာဉ်ပျက်ရသည့် အကြောင်းအရင်းအား ဖော်ထုတ်နိုင်ရေး ဆက်လက် ဆောင်ရွက် ခဲ့သည်။
ယင်းသို့ ဆောင်ရွက်ခဲ့ရာတွင် FDR နှင့် CVR တို့၏ မူလထုတ်လုပ်သည့် ကုမ္ပဏီ Original Equipment Manufacturer (OEM) မှာ တရုတ်နိုင်ငံဖြစ်ပြီး ထုတ်လုပ်သူနှင့် အသုံးပြုသူ နှစ်ဦးနှစ်ဖက်အကြား သံသယကင်းရှင်းပြီး မလိုလားသည့် ကြားခံအဖွဲ့အစည်းများ၏ သွေးထိုးမှုရှောင်ရှား နိုင်စေရန်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တတိယအဖွဲ့အစည်း (Third Party)နှင့် ဖော်ထုတ်ရန်လမ်းညွှန်ခဲ့သည်။
လမ်းညွှန်ချက်အရ မြန်မာနိုင်ငံလေယာဉ်မတော်တဆထိခိုက်မှု စုံစမ်းစစ်ဆေးရေးဌာန Myanmar Accident Investigation Bureau-MAIB ၏ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မော်မှတစ်ဆင့် ဆက်သွယ်ခဲ့သည့် Australian Transportation Safety Bureau (ATSB), Australia ၊ Komite National Kedeiamatam Transportasi (KNKT), Indonesia နှင့် Transport Safety Investigation Bureau (TSIB), Singapore စသည့် အဖွဲ့အစည်းများအနက် MAIB-Myanmar က (ATSB), Australia အား တတိယအဖွဲ့အစည်း အဖြစ် ရွေးချယ်သတ်မှတ်နိုင်ရေး ၂၀၁၇ ခုနှစ်၊ ဇွန် ၂၁ ရက်တွင် ကမ်းလှမ်းခဲ့သည်။ (ATSB), Australia က ဖြစ်စဉ်ဖြစ်ပွားခဲ့သော လေယာဉ်သည် တပ်မတော်ပိုင်လေယာဉ် ဖြစ်သည့်အတွက် ၎င်းတို့နှင့်အလားတူ စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းဖြစ်သော Directorate of Defence Aviation and Air Force Safety (DDAAFS)ဆက်သွယ်ဆောင်ရွက်ပါရန် အကြောင်းပြန်ကြားခဲ့သဖြင့် အဆိုပါအဖွဲ့အစည်းနှင့် ဆက်သွယ် ဆောင်ရွက်ခဲ့ပါသည်။
FDR နှင့် CVR တို့မှ အချက်အလက်များ ရယူနိုင်ရေးဆောင်ရွက်ရာတွင် တပ်မတော်(လေ)မှ ဗိုလ်မှူးချုပ် ထင်လင်း၊ ဒုတိယဗိုလ်မှူးကြီး ဇော်လင်းအောင်တို့ အပါအ၀င် ကျွမ်းကျင်ပညာရှင်များပါဝင်သည့် ကိုယ်စား လှယ်အဖွဲ့၊ (MAIB) မှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မော်၊ (DDAAFS-Australia) မှ Investigator ဖြစ်သော Maj. David Andrew Wade ၊ Mr. David Hilton တို့ပါသော ကိုယ်စားလှယ် အဖွဲ့တို့ဖြင့် ပူးပေါင်း စုံစမ်းစစ်ဆေးဖော်ထုတ်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ယင်းအဖွဲ့နှင့် တရုတ်နိုင်ငံ China National Aero-Technology Import & Export Corporation (CATIC) ကုမ္ပဏီမှ ကိုယ်စားလှယ် အဖွဲ့တို့သည် ၂၀၁၇ ခုနှစ်၊ ဇွန် ၃၀ ရက်တွင် ရန်ကုန်မြို့၌ တွေ့ဆုံ ဆွေးနွေး ခဲ့ကြသည်။
အဆိုပါပူးပေါင်းစုံစမ်းစစ်ဆေးဖော်ထုတ်ရေးအဖွဲ့သည် တရုတ်နိုင်ငံ၊ စီအန်း (Xian) သို့ ၂၀၁၇ ခုနှစ်၊ ဇူလိုင် ၅ ရက်တွင် ရောက်ရှိခဲ့ပြီး ဇူလိုင် ၆ ရက်နေ့တွင် FDR နှင့် CVR တို့မှ အချက်အလက်များကို Download ပြုလုပ်မှုပြီးစီးခဲ့သည်။ ထိုရရှိသော အချက်အလက်များကို သမားရိုးကျကွန်ပျူတာဖြင့် ဖတ်နိုင်မည့် Readable Format အဖြစ် ပုံစံပြောင်း၍ ရရှိအချက်အလက်များအား ဇူလိုင် ၇ ရက်တွင် (OEM) ဖြစ်သည့် Aviation Industry Corporation of China (AVIC) Qianshan Avionis Co., ltd. ထံမှလွှဲပြောင်းရယူခဲ့သည်။ ထို့ပြင် CVR မှ ရရှိသော လေယာဉ်သားများ အချင်းချင်း ဆက်သွယ်ပြောဆိုမှုများကို အကြိမ်ကြိမ်နားထောင်၍ မှတ်တမ်းတင်ခဲ့ပြီး ဇူလိုင် ၈ ရက်မှ ၁၄ ရက်အထိ ပဏာမစိစစ် သုံးသပ်ဖော်ထုတ်ခြင်းများအပါအ၀င် အသေးစိတ်စိစစ်သုံးသပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။
FDR မှတ်တမ်းများအရ ဒေသစံတော်ချိန် ၁ နာရီ ၃၂ မိနစ် ၁၈ စက္ကန့်အထိ လေယာဉ်၏ စက်အစိတ်အပိုင်းများ ချို့ယွင်းမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ထို့အပြင် FDR နှင့် CVR မှတ်တမ်းအရ မြိတ်လေဆိပ်မှ ရန်ကုန်လေဆိပ်သို့ ခရီးလမ်း တစ်လျှောက် လေတိုက်နှုန်းသည် တစ်နာရီနော့တီကယ် ၉ မိုင်(၁၆.၇ ကီလိုမီတာ)မှ ၄၄ မိုင် (၈၁.၅ ကီလိုမီတာ)အထိ တဖြည်းဖြည်းအားပြင်းလာခဲ့ကြောင်းတွေ့ရှိရသည်။ လေယာဉ်၏ ၀ဲ/ယာနှစ်ဖက်စလုံးရှိ Pitot အပူပေးစနစ်ကိုဖွင့်၍ တိမ်ထုကို ထိုးဖောက်ရန်ပြင်ဆင်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ဒေသစံတော်ချိန် ၁ နာရီ ၃၀ မိနစ် ၁၈ စက္ကန့်မှ ၁ နာရီ ၃၁ မိနစ် ၂၂ စက္ကန့်အထိ အချိန်တိုကာလအတွင်း လေယာဉ်၏ အင်ဂျင်လေ၀င်ပေါက်ရေခဲသည့် အချက်ပြမီး ထွက်ပေါ်ခဲ့ကြောင်း၊ ဒေသစံတော်ချိန် ၁ နာရီ ၃၁ မိနစ် ၅၀ စက္ကန့် မှ ၁ နာရီ ၃၂ မိနစ် ၁၀ စက္ကန့်အတွင်း လေယာဉ်၏ ၀ဲဘက်ကိုယ်ထည် ခြမ်းသို့ (Cross Wind) ၉၀ ဒီဂရီတည့်တည့်မှ ခန့်မှန်း လေတိုက်နှုန်းသည် တစ်နာရီ နော့တီကယ် ၉ မိုင်(၁၆.၇ ကီလိုမီတာ)မှ ၄၈ မိုင်(၈၈.၉ ကီလိုမီတာ)အထိ လေတိုက်ခတ်မှုခံခဲ့ရာ (Cross Wind) ကြောင့် လေယာဉ်ဦးတည်ရာလမ်းကြောင်းမှ သွေဖည်ခြင်း (Drift Angle) မှာ ၃ ဒီဂရီမှ ၁၅.၈ ဒီဂရီအထိ တိုးမြှင့်လာခဲ့ ကြောင်း၊ လေယာဉ်သည် ရုတ်ချည်းပြောင်းလဲနေသော ပုံမှန်မဟုတ်သည့် ရာသီဥတုတွင် ပျံသန်းခဲ့ရကာ ဘေးတိုက် လေတိုက်နှုန်းမှာလည်း အရှိန်ပြင်းသည့် အနေအထားကို တွေ့ရှိရကြောင်း၊ ၎င်းအခြေအနေသည် ပုံမှန်ရှိရမည့် ပမာဏထက် stall speed ကို ပိုမိုမြင့်တက်စေသဖြင့် လေယာဉ်ကို ထိန်းချုပ်မောင်းနှင်နိုင်သည့် အခြေအနေမရှိတော့သည့် အဓိကအကြောင်းအရင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။
FDR နှင့် CVR တို့မှ ရရှိသည့် အချက်အလက်များ၊ မိုးလေ၀သသတင်းပို့ချက်များအရ လေယာဉ်မတော်တဆဖြစ်ပွားမှု ဖြစ်စဉ်သည် လေယာဉ်ပျံသန်းရာ၌ ဆိုးရွားသော ရာသီဥတုနှင့် ကြုံတွေ့ရစဉ် lost control ဖြစ်ပေါ်ခဲ့မှုကြောင့် Stall (လေယာဉ်ပင့်အား ဆုံးရှုံးမှု)၀င်၍ Spin (လေယာဉ်ဦးစိုက်လည်ကျမှု)ဖြစ်ပေါ်ခဲ့သည့်အတွက် pilot က ထိန်းချုပ်မောင်းနှင်နိုင်သည့် အခြေအနေသို့ ပြန်လည်ရောက်ရှိခြင်း မရှိတော့ဘဲ လေယာဉ်မတော်တဆ မှုဖြစ်စဉ် ဖြစ်ပွားခဲ့ရခြင်းဖြစ်ကာ ဆိုးရွားသော ရာသီဥတုတွင် အပေါ်စီးမှ လေဖိ၍ တိုက်ခြင်း၊ အောက်မှပင့်၍ တိုက်ခြင်းနှင့် ရေခဲမှု ဖြစ်ပေါ်ခြင်းစသည့် အတိအကျမခန့်မှန်းနိုင်သော ရာသီဥတုအခြေအနေများလည်း ပါဝင်နိုင်ကြောင်း သုံးသပ်ဖော်ထုတ်ရရှိကြသည်။
သို့ဖြစ်၍ ရာသီဥတုဆိုးရွားမှုနှင့်ပတ်သက်၍ Vertical Wind ၊ Downburst နှင့် Icing ဖြစ်နိုင်မှုများကိုပါ ထည့်သွင်းတွက်ချက်ရန်လိုအပ်ကြောင်းကို ပူးပေါင်းစုံစမ်း စစ်ဆေးရေးအဖွဲ့၏ Minutes of Meeting တွင် ဖော်ပြထားသဖြင့် CATIC အနေဖြင့် China National Meterologic Center မှ ဖော်ပြပါပုံပါအတိုင်း Three Strong Cumulonimbus Cloud အတွင်း ၀င်ရောက်ခြင်းကြောင့် အင်အားပြင်းလေပင့်အားနှင့် လေဖိအားများ ကို ဖြစ်ပေါ်စေသည့် လေ၀ဲကတော့များနှင့် ကြုံတွေ့နိုင်ခြင်း၊ လျှပ်စီးမုန်တိုင်းခံရနိုင်ခြင်း၊ ကြီးမားသည့် အေးခဲရေမှုန်၊ ရေခဲမှုန်များ လေယာဉ်ကိုယ်ထည်သို့ ကျရောက် ကပ်ငြိနိုင်ခြင်း၊ လေထန်ခြင်း၊ ပြင်းထန်သည့် ဆီးနှင်းမိုးရွာခြင်းအပါအ၀င် အောက်သို့ အရှိန်ပြင်းထန်စွာ တိုက်ခတ်သော လေစီးကြောင်း၏ ရိုက်ခတ်မှုနှင့် မိုးသည်းထန်စွာ ရွာသွန်းခြင်း (Downburst) စသည်ဖြင့် ကြုံတွေ့နိုင်ကြောင်းတို့အား သုံးသပ်ချက်ပေးပို့သည့် နည်းတူ CNN မှလည်း Downburst နှင့် ပတ်သက်၍ ဖြစ်နိုင်ဖွယ်ရှိကြောင်း ကြေညာထားသည်ကို တွေ့ရှိ ရပါသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး FDR နှင့် CVR တို့အား စိစစ်ဖော်ထုတ်သည့် Australian ပညာရှင်များ ပါဝင်သည့် Third Party အဖွဲ့အစည်းသည် International Civil Aviation Organization(ICAO) Annex 13 နှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တပ်မတော် သယ်ယူပို့ဆောင်ရေး (Y-8 F 200 W) လေယာဉ်ပျက်ကျရခြင်းသည် မသမာမှုတစ်ခုခုကြောင့်သော်လည်းကောင်း၊ ပေါက်ကွဲစေတတ်သော ပစ္စည်းတစ်ခုခုကြောင့် သော်လည်း ကောင်း ၊ လေယာဉ်အင်ဂျင်ချို့ယွင်းရပ်တန့်မှုကြောင့်သော်လည်းကောင်း ပျံသန်းစဉ် ပျက်ကျခဲ့ခြင်း မဟုတ်ဘဲ ဆိုးရွားသည့် ရာသီဥတုနှင့်ကြုံတွေ့ခဲ့ရပြီးနောက် lost control ဖြစ်ပေါ်ခဲ့၍ လေယာဉ်ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်အပ်ပါသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

Case Closed....
.

No comments:

Post a Comment