Wednesday, June 14, 2017

နိုင်ငံခြားဘဏ်၊ လောင်စာဆီ ကုမဏီကြီးများကို ရင်းနှီးမြှတ်နှံခွင့်ပြုခြင်း..(ဆောင်းပါး Swe Yu)




Swe Yu updated his status.
March 27
ခွေးမသား ခွေးသူတောင်းစား ခရိုနီများသို့
နိုင်ငံတကာကုမ္ပဏီများနှင့် စက်သုံးဆီ ယှဉ်ရောင်းရန် ပြည်တွင်းလုပ်ငန်းရှင်များ အဆင်သင့် မဖြစ်သေး ဟုတ်လား?
နိုင်ငံတကာဘဏ်တွေနဲ့ ယှဉ်ပြိုင်ပြီး လုပ်ငန်းလုပ်ဖို့ ပြည်တွင်းဘဏ်တွေ အဆင်သင့် မဖြစ်သေးဘူး ဟုတ်လား?
မင်းတို့ ပထွေးတွေ ခေတ်ကောင်းတုန်းက ငွေဖြစ်လွယ်တဲ့ လုပ်ငန်းမှန်သမျှမှာ...
ပြည်တွင်းက သမ္မာအာဇီဝနဲ့ အသက်မွေးနေတဲ့ လုပ်ငန်းရှင်ငယ်လေးတွေ ဘယ်လိုမှ လက်လှမ်းမမီတဲ့ "လုပ်ကိုင်ခွင့်ပါမစ်ဆိုတဲ့ ပန်း" ကို မင်းတို့သာ "အဘဆိုတဲ့ တုံးကြီး" တွေ ခုပြီး ပြိုင်ဘက်ကင်း ခူးဆွတ်နိုင်ခဲ့တာတွေကို...
မသထာရေစာတွေ စားလွန်းလို့ ဖင်ထဲက ဆန်တက်လာတဲ့ ချီးဖတ်တွေ ဦးနှောက်သွေးကြောထဲ ဝင်ပိတ်ဆို့သွားလို့ မင်းတို့ မေ့သွားပြီလား?
မင်းတို့တွေ အာဏာရှင်နဲ့ ကပ်ရပ်ဖားပြီး ပေါင်းစားနေနိုင်ခဲ့ကြတုန်းက...
လုပ်ငန်းငယ်သမားတွေက ခိုးဝှက်ပြီး ကြီးပွါးလာတဲ့ မင်းတို့ကို ငွေအရင်းအနှီးမှာ မယှဉ်နိုင်ရတဲ့ကြားထဲ...
ပို့ကုန် သွင်းကုန်လုပ်ငန်းတွေမှာ မင်းတို့သာ ရှင်သန်နိုင်အောင် လုပ်ငန်းငယ်သမားတွေကို အဘတွေက လိုရင် လိုသလို၊ မလိုရင် မလိုသလို ပိတ်လိုက် ဖွင့်လိုက် ဖမ်းလိုက် ဆီးလိုက်လုပ်ခဲ့လို့ ကုမ္ပဏီအသေးလေးတွေ လုံးပါးပါးခဲ့ရတုန်းက မင်းတို့ ဒီစောက်သံတွေ ထွက်ခဲ့သလား?
လုပ်ငန်းသုံးလို့ရတဲ့ နေရာကောင်းတွေက နိုင်ငံတော်ပိုင် မြေတွေ၊ အဆောက်အအုံတွေ၊ အစိုးရဌာနတွေက စက်ပစ္စည်းတွေ၊ ပညာရှင်တွေနဲ့ နည်းပညာတွေကို...
အဘ အဘ တကြော်ကြော်ခေါ်ရင်း နွေဆို ဘောလျက်၊ ဆောင်းဆို ဘောအာငွေ့ပေး၊ မိုးဆို ဘောငုံပေးတဲ့ ဝန်ဆောင်မှုတွေနဲ့ သုံးရာသီလုံး ဘောမပြီး အဘတို့ အလိုလိုက် အကြိုက်ဆောင် ကော်မရှင်ပေး၊ ရှယ်ယာထည့်ပေး၊ အကျိုးအမြတ်ခွဲဝေပေးတဲ့ နည်းတွေနဲ့ မင်းတို့တွေသာ အလကားမတ်တင်း ရခဲ့ကြချိန်မှာ...
အတ္တပရ မျှတတဲ့၊ မင်းတို့ထက် တော်တဲ့ တတ်တဲ့ စီးပွါးရေးသမား လူကောင်းတွေကတော့ မြေ ဈေးကြီးလို့၊ ရုံးခန်းငှါးခ မတတ်နိုင်လို့၊ စက်ပစ္စည်း မရင်းနိုင်လို့၊ နည်းပညာနဲ့ ပညာရှင်မရှိလို့ ဘေးထိုင်နေခဲ့ရတာကို မင်းတို့ တစ်ခါလောက် ကိုယ်ချင်းစာခဲ့ဖူးသလား?
လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ဆိုတာ မရှိဘဲ ဘာမဆို အဘတွေ အားကိုးနဲ့ မိုနိုပိုလီကစားသလို သစ်ခုတ်တာက အစ၊ ကျောက်သံပတ္တမြားတူးတာ အလယ်၊ ရေနံသဘာဝဓာတ်ငွေ့အဆုံး အနိုင်ကျင့်ဗိုလ်ကျ လက်ဝါးကြီးအုပ်ပြီး မင်းတို့ ခရိုနီကုမ္ပဏီတွေ ဘီလူးသရဲလို ကြီးထွားလာကြချိန်မှာ...
အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေ (SMEs) အသက်ငင်နေရပြီး...
မြန်မာနိုင်ငံမှာ သူဌေးနဲ့ ဆင်းရဲသားဆိုတဲ့ လူတန်းစား နှစ်ရပ်သာ ကျန်တော့တာ၊ လူလတ်တန်းစားဆိုတာ မရှိသလောက် ဖြစ်သွားတာဟာ...
မင်းတို့နဲ့ မင်းတို့ အဘတွေရဲ့ လက်ချက်ဆိုတာကို မင်းတို့ မသိတာလား ဒါမှမဟုတ် စိတ်မဝင်စားနိုင်လောက်အောင် ဥစ္စာရူး၊ အတ္တကြီး၊ တစ်ကိုယ်ကောင်းဆန်လွန်းတာလား?
.
.
.
အဲဒီလို ကိုယ့်ကို ဘယ်သူ့မှ မယှဉ်ပြိုင်နိုင်အောင် အစစအရာရာ အသာစီးယူထား အခွင့်ထူးတွေခံထားပြီး လက်ဝါးကြီးအုပ် အနိုင်ကျင့်နေခဲ့တုန်းက ဘာသံမှ မထွက်ခဲ့တဲ့ မင်းတို့ လူယုတ်မာတစ်သိုက်ဟာ...
အခုလို တစ်သက်လုံး လူတစ်စုကပဲ ဈေးကွက်ကို ချုပ်ကိုင်အုပ်စီးပြီး လိုသလိုကစားလာခဲ့လို့ ပြည်သူတွေ နစ်နာနေရတဲ့ လုပ်ငန်းတွေမှာ...
"ယှဉ်ပြိုင်မှုရှိမှ တိုးတက်မယ်" ဆိုတဲ့မူနဲ့ နိုင်ငံတကာက ဘဏ်တွေ၊ စက်သုံးဆီလုပ်ငန်းတွေကို ဝင်ရောက်လုပ်ကိုင်ခွင့် ပေးမယ်ဆိုတော့ အဆင်သင့် မဖြစ်သေးဘူး ဟုတ်လား?
ဘဏ်အကြောင်း သိပ်မသိလို့ မပြောချင်ပေမယ့်...
ကမ္ဘာ့ဘဏ်က အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေ (SMEs) အတွက် အတိုးနှုန်းနည်းနည်းနဲ့ ချေးပေးတာကို...
ဗဟိုဘဏ်က SME တွေကို အတိုးနှုန်း သက်သက်သာသာနဲ့ တိုက်ရိုက် ချေးပေးသင့်သော်လည်း မချေးပေးဘဲ...
SME လုပ်ငန်းရှင်တွေကို ပြည်တွင်းဘဏ်တိုးနဲ့ သိပ်မကွာတဲ့ အတိုးနှုန်းနဲ့ မင်းတို့ ခရိုနီဘဏ်တွေကတစ်ဆင့် ချေးစေပြီး အတိုးနှုန်း ကွာဟချက်ကို မင်းတို့ပြိတ္တာတွေကို ပေးစားခဲ့တုန်းက ပါးစပ်ထဲ အဘဘောနင်နေသလို ဘာသံမှ မကြားခဲ့ရပဲနဲ့...
အခု နိုင်ငံခြားဘဏ်တွေ ပေးဝင်မှာကိုကျတော့ ဖင်ထဲ ကြက်ဟင်းခါးသီး ဆီမဆွတ်ဘဲ အထည့်ခံရမလောက် ကြောက်ပြနေတာကို ပြည်သူတွေက သနားပေးရဦးမှာလား?
နိုင်ငံခြားဘဏ်တွေက ငွေလုံးငွေရင်းနဲ့ ဝင်လာပြီး ပြည်တွင်း SME တွေကို ငွေချေးပေးကြရင် တိုင်းပြည်ရဲ့ ကုန်ထုတ်လုပ်မှုနဲ့ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်မှု တိုးတက်လာမယ့်အပြင်...
နိုင်ငံခြားဘဏ်တွေရဲ့ ကောင်းမွန်အဆင့်မြင့်တဲ့ ဝန်ဆောင်မှုနဲ့ နည်းပညာတွေကို ရရှိနိုင်ပြီး ပြည်သူအတွက် အကျိုးရှိမှာကို သိလျက်နဲ့ ဆင်းရဲတဲ့ ပြည်သူတွေအကျိုးထက် ကိုယ်ကျိုးစီးပွါး မလျော့ပါးစေရေးကိုပဲ အမြဲတမ်း ဦးစားပေး စဉ်းစားနေတာ မင်းတို့ လူမှဟုတ်ရဲ့လား?
.
.
.
နိုင်ငံခြားဘဏ်တွေ လာမှာကို ဝိုင်းတားကြတာ အောင်မြင်သွားတော့ စက်သုံးဆီလုပ်ငန်းတွေကျ အားနာနာနဲ့ လာပါစေလို့များ သဘောထားကြီးပြမလား မှတ်တယ်...
ခရိုနီကတော့ နိုး ပါကွယ်တဲ့!
နိုင်ငံတကာ စက်သုံးဆီလုပ်ငန်းတွေကို ပေးမဝင်ပါနဲ့ဦး ဆိုတာက...
ပြည်သူတွေကို ကျုပ်တို့ ဖျင်ချလို့ မဝသေးဘူးလို့ ဆိုလိုတာလား?
အရည်အသွေး မပြည့်မီတဲ့ စက်သုံးဆီတွေကို ဈေးကြီးကြီးလေးတင်ပြီး ဆက်ရောင်းခွင့် ပေးပါဆိုတဲ့ သဘောလား?
ဒေါ်လာဈေးနဲ့ ဆီဈေး နိုင်ငံတကာမှာ တက်ရင် ပြည်တွင်း ဆီရောင်းဈေး ချက်ချင်းလိုက်တက်ပြီး...
နိုင်ငံတကာမှာ ဈေးအမြင့်ကနေ ဈေးပြန်ကျသွားချိန် ပြည်တွင်းမှာ ချက်ချင်း ပြန်မကျတာကို ဝေဖန်ရင် "ဈေးတက်တုန်းက ဈေးကြီးမိထားတဲ့ ဆီတွေရှိနေလို့ပါ" ဆိုတော့...
ဈေးအနိမ့်ကနေ ဈေးအမြင့်ကို စတက်တုန်းကရော ဈေးအနိမ့်နဲ့ ဝယ်ထားမိတဲ့ ဆီတွေ မရှိလို့လားကွ အောက်တန်းစားဉာဏ် လက်မဝက်နဲ့ ကောင်တွေရ?
"ဆီ အရည်အသွေးတွေ သိပ်ကောင်းပါတယ်၊ အချိန်အတွယ်တွေ သိပ်မှန်ပါတယ်" လို့ နားကန်းလောက်အောင် ကြော်ငြာနေပေမယ့် ကားမောင်းသူအများစုက...
"ဈေးလည်းကြီးတယ် ဆီလည်း ခိုးထားတယ်" တို့
"၉၅ ဝယ်ထည့်တာတောင် အရင်က ၉၂ အရည်အသွေးလောက် မကောင်းဘူး" တို့ တစ်ညီတစ်ညွတ်တည်း ပြောနေကြတာ ဘာကြောင့်လဲ?
.
.
.
မင်းတို့ ကိုယ်ချင်းစာတတ်အောင် ငါဥပမာတစ်ခုပေးမယ်။
ပြည်တွင်းက အောက်တန်းစား ဆက်သွယ်ရေး အော်ပရေတာတစ်ခုဟာ...
မင်းတို့ ခရိုနီတွေအပါအဝင် ဆင်းရဲမွဲတေ စုတ်ပြတ်နေခဲ့တဲ့ ပြည်သူတွေလက်ထဲ ကမ္ဘာ့ဈေးအကြီးဆုံး ဖုန်းဆင်းကဒ်တွေကို သာသာယာယာ ဓနမုဒိမ်းကျင့်ပြီး အောင်အောင်မြင်မြင် ရောင်းနိုင်ခဲ့ရုံသာမက...
ဝန်ဆောင်မှုပိုင်းမှာ အင်မတန် စုတ်ပြတ်ညံ့ဖျင်းနေတဲ့အပြင်...
အဆင်မပြေမှုတွေအတွက် တင်ပြအကူအညီတောင်းတဲ့ သုံးစွဲသူကို ပြန်ဆက်ဆံရာမှာ ဂုဏ်သိက္ခာ၊ ရိုးသားမှုနဲ့ အလေးထားမှု တစ်ပြားသားမှ မရှိတာတောင်...
နှစ်ပေါင်းများစွာ ရပ်တည် ဂုတ်သွေးစုတ်သွားနိုင်ခဲ့တာဟာ ဈေးကွက်မှာ ပြိုင်ဘက်ကင်း မိုက်ရိုင်းခွင့် ရခဲ့လို့ပဲ။
အခုနှစ်ပိုင်းတွေမှာ နိုင်ငံခြား အော်ပရေတာ နှစ်ခုကို ဝင်လုပ်ခွင့်ပေးလိုက်တော့ ဆင်းကဒ်ဈေးတွေ ဘယ်လောက်ဖြစ်သွားလဲ...
ဝေဖန်ခံရတုန်းပေမယ့် ဝန်ဆောင်မှုတွေဟာ အရင်ကထက်စာရင် ဘယ်လောက် ပိုကောင်းလာလဲဆိုတာ ဒီဆက်သွယ်ရေးကဏ္ဍမှာတော့ စားသုံးသူ နေရာမှာ ရှိနေဆဲ မင်းတို့ ခရိုနီတွေလည်း လက်တွေ့သိမှာပါ။
တကယ်ဆို နိုင်ငံခြား ကုမ္ပဏီကြီးတွေနဲ့ မင်းတို့ ခရိုနီကုမ္ပဏီတွေ မယှဉ်ပြိုင်နိုင်ရင် ပူးပေါင်းလိုက်လို့ရတယ်၊ ကုမ္ပဏီကို ရောင်းလိုက်လို့ ရတယ်။
အဲဒီ နှစ်ခုလုံး မလုပ်ချင်ရင် အစကတည်းက ဆီအရေအတွက်ရော အရည်အသွေးရော မခိုးခဲ့ဘဲ ဆင်းရဲတဲ့ ပြည်သူအပေါ် စေတနာထားပြီး သမ္မာအာဇီဝနဲ့ ရှာစားခဲ့ပေါ့ကွာ။
တကယ်တော့ မင်းတို့လုပ်ငန်းတွေကို ဝင်လာမယ့် နိုင်ငံခြားကုမ္ပဏီတွေနဲ့ မယှဉ်နိုင်လို့ JV လုပ်လုပ်၊ တိုင်းပြည်အကျိုးအတွက် အနစ်နာခံပြီး အပြတ်ပဲ ရောင်းပြီး ဘာမှ မလုပ်ဘဲ ထိုင်ပဲနေနေ...
မင်းတို့ လက်ရှိ ပိုင်ဆိုင်ထားတာတွေဟာ ဆယ်သက် ဆယ်ဘဝမက နောက်ဘုရားပွင့်တဲ့အထိ စားမကုန်တော့ပါဘူးကွာ။
ဒါပေမယ့် မင်းတို့က အဲဒီလို "တစ်နပ်စား" ဘယ်လုပ်ချင်ပါ့မလဲကွာ။
ကိုယ့်လက်ထက်မှာကိုပဲ ဒီထက်ဒီ ချမ်းသာလာဖို့တင်မက မင်းတို့ရဲ့ သားစဉ်မြေးဆက်တွေ ဒီလုပ်ငန်းတွေကို ဆက်လက်ပိုင်ဆိုင် လက်ဝါးကြီးအုပ်နိုင်ပြီး ဆွေစဉ်မျိုးဆက် မဆုံးနိုင်တော့တဲ့ ပြိုင်ဘက်ကင်း လုပ်ငန်း အင်ပါယာကြီးတွေကို ထားခဲ့နိုင်ပါမှ အနပ်နပ် စားရမှာကိုး။
.
.
.
အဲဒီလို ယုတ်မာပက်စက် လောဘဇောတက်လွန်းတဲ့ မင်းတို့ လူလို သိလာမလားလို့ နည်းနည်းဆက်ပြောပြမယ်။
ဒေါ်အောင်ဆန်းစုကြည်အစိုးရဟာ မြန်မာနိုင်ငံနဲ့ နိုင်ငံသားတွေအတွက် တပ်မတော်ဆီက သူတို့ လိုချင်တာတွေရှိတယ်။
ဥပမာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပေးရေး၊ ခြေ/ဥ ပြင်ဆင်ရေးကို အတိုက်အခံ မလုပ်ရေး စတဲ့ ကိုယ့်ဘက်က လိုလားမှုတွေအတွက် ခြေ/ဥထဲမှာပါတဲ့ "တိုင်းပြည်တာဝန် ထမ်းဆောင်ခဲ့တဲ့ စစ်ခေါင်းဆောင်တွေကို နောက်ကြောင်းပြန် အရေးမယူရ" ဆိုတဲ့အချက်ကို မထိခိုက်ရအောင် ရင်ကြားစေ့ရေး မူချမှတ်ပြီး စစ်အစိုးရအဆက်ဆက်က တပ်မတော် အရာရှိဟောင်းတွေရော၊ လက်ရှိ တပ်မတော် အရာရှိတွေနဲ့ပါ သင့်မြတ်အောင် ယုံကြည်မှု တည်ဆောက်နေရတယ်။ ဒါက တိုင်းပြည်အုပ်ချုပ်ရေး အဆင်ပြေချောမွေ့အောင် ခြေ/ဥ ပြဋ္ဌာန်းချက်ကို လိုက်နာရတာ။
ဒါပေမယ့် မင်းတို့အဘတွေရဲ့ ခြေ/ဥထဲမှာ မင်းတို့ ခရိုနီတွေအတွက်ကျတော့ နောက်ကြောင်းပြန် အရေးမယူရဆိုတာမျိုး တစ်လုံး တစ်ပါဒမှ မပါလို့ မင်းတို့ကို ငဲ့ညှာစရာ မလိုတာကောင်...
ပြည်သူအားလုံးနီးပါးက မင်းတို့အပေါ် နောက်ကြောင်းပြန် လိုက်စေချင်၊ ပိုင်ဆိုင်သမျှ အကုန်ပြန်သိမ်းပြီး ဘင်္ဂလားပင်လယ်အော်ထဲကို ခိုးဝင် ဘင်္ဂလီတွေနဲ့အတူ ကန်ချပစ်လိုက်စေချင်တာတောင်...
အမေစုအစိုးရဟာ တောင်ကိုရီးယား စီးပွါးတက်ခဲ့ပုံမျိုးကို အတုယူပြီး...
ခရိုနီကို သတ်မယ့်အစား ခရိုနီတွေရဲ့ စီးပွါးဥစ္စာပိုင်ဆိုင်မှုတွေကို အကျိုးရှိရှိ အသုံးချပြီး တိုင်းပြည်စီးပွါးရေးကို ပြန်မောင်းနှင်မယ်၊ အတိတ်ကို အတိတ်မှာ ထားခဲ့ပြီး နောက်ကြောင်းပြန် အရေးယူတာတွေ ပိုင်ဆိုင်မှုတွေ ပြန်သိမ်းတာမျိုးလည်း မလုပ်တော့ဘူးလို့ ဆုံးဖြတ်ခဲ့တယ်။
မတရားနည်းလမ်းတွေနဲ့ ပိုင်ဆိုင်ခဲ့တာတွေကို ဆက်ပိုင်ဆိုင်ခွင့် ရတာနဲ့တင် မင်းတို့ဟာ အစိုးရသစ်ကို ကျေးဇူးတင်ဖို့ ကောင်းလှပြီ။
ဒီကျေးဇူးအတွက် တိုင်းပြည်စီးပွါးရေး တိုးတက်အောင်၊ ပြည်သူတွေ အလုပ်အကိုင်ရရှိအောင်၊ အတ္တကြီးတုန်းက ကြီးခဲ့တာတွေကို ပရနဲ့အစားထိုးပြီး အကျိုးအမြတ်ထက် တိုင်းပြည်အတွက် ပြန်ပေးဆပ်မယ်ဆိုတဲ့ နတ်လူသာဓုခေါ်မယ့် အခွင့်အရေးကို ယူလိုက်ကြဖို့ ကောင်းလှပြီ။
ဒါပေမယ့် အမေစုရဲ့ မေတ္တာလမ်းစဉ်နဲ့ မတန်တဲ့ မင်းတို့ဟာ အစိုးရက နောက်ကြောင်းမပြန်တာ သေချာသွားတဲ့နောက်မှာ...
တိုင်းပြည်ကို ကူဖို့ဝေးလို့ အရင်ခေတ်ကလို စီးပွါးရေး လက်ဝါးကြီးအုပ်နိုင်ဖို့ အစိုးရသစ် အဖွဲ့ဝင်တွေကိုတောင် နည်းအမျိုးမျိုးနဲ့ ချဉ်းကပ်ပြီး အဘတို့ကို သိမ်းသွင်းခဲ့သလို လာဘ်နဲ့ ဖျက်ဆီးဖို့ ပြောင်ပြောင်တင်းတင်း ဖြားယောင်းကြိုးပမ်းနေတာကို မြင်လာရလို့ရော...
နိုင်ငံခြား လုပ်ငန်းရှင်တွေ ဝင်လာရင် ပြည်သူတွေ ဝန်ဆောင်မှုကောင်းရမှာကို ကိုယ်ကျိုးစီးပွါးအတွက် စကားလုံးနဲ့ ဖော်ပြလို့ မရလောက်အောင် အောက်တန်းကျစွာ ကန့်ကွက်နေလို့ရော ဒီစာကို ငါရေးတယ်။
ဒီစာဟာ ငါ့ရဲ့ ခရိုနီ တိုက်ပွဲခေါ်သံ အစပဲ။
အေး...
တကယ်လို့ ဝန်ကြီး ဦးကျော်ဝင်း စီစဉ်တဲ့ ဒီကိစ္စ ပျက်သွားခဲ့ရင်...
အွန်လိုင်းက ရေးဖော်တွေ၊ သူငယ်ချင်းတွေ၊ မီဒီယာတွေ အားလုံးကို အကူအညီတောင်း စည်းရုံးလို့ မင်းတို့ ခရိုနီတိုက်ဖျက်ရေးဘက်ကို ဇောင်းပေးပြီး သပိတ်မှောက်တာဖြစ်ဖြစ် ဆန္ဒပြတာဖြစ်ဖြစ် ကမ်ပိန်းတွေ အင်တိုက်အားတိုက် လုပ်ကို လုပ်ရတော့မယ်လို့ သတိပေးလိုက်တယ်...
သူခိုးကြီးလို့ ဓားပြဖြစ်လာတဲ့ ခသုံးလုံးကောင် ပြိတ္တာမောင်တွေရေ!
.
..
.
.
Note: မှတ်ချက်။
.
လောင်စာဆီဆိုင်များပြည်ပကုမဏီများလုပ်ခွင့်ပြု
2017-05-07 စင်ကာပူအခြေစိုက် အမေရိကန်ကုမဏိ PUMA Energy  မြန်မာ့လောင်စာဆီ ကဏ္ဍတွင် ဒုတိယမြောက် ခြေလှမ်းအဖြစ် သီလ၀ါဆိပ်ကမ်း၌ ကန်ဒေါ်လာ ၉၂ သန်းတန် လောင်စာဆီ သိုလှောင်စခန်းကို မေလ ၆ ရက်က စတင်ဖွင့်လှစ်ခဲ့သည်။.
.
.
ဘဏ်လုပ်ငန်း
အစိုးရသစ်သို့ အာဏာ လွှဲပြောင်းခါနီးတွင် မြန်မာနိုင်ငံ တော်ဗဟိုဘဏ်က နိုင်ငံခြားဘဏ် လေးခုအား ပြည်တွင်း၌ ဘဏ်ခွဲဖွင့်လှစ်ရန် မတ်လ ၄ ရက်တွင် လိုင်စင်ချပေးခဲ့ကြောင်း သတင်း ရရှိသည်။ ဘဏ်ခွဲဖွင့်လှစ်ခွင့်ရသည့် ဘဏ်များမှာ တောင်ကိုရီးယား၊ အိန္ဒိယ၊ တိုင်ပေနှင့် ဗီယက်နမ်တို့ မှ ဘဏ်များဖြစ်ပြီး တောင်ကိုရီး ယားနိုင်ငံမှ E.SUN Commercial Bank၊ အိန္ဒိယနိုင်ငံမှ State Bankof India၊ တိုင်ပေမှ Shinhan Bank နှင့် ဗီယက်နမ်နိုင်ငံမှ BIDV တို့ဖြစ်ကြောင်း ဗဟိုဘဏ်ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။ ၂၀၁၄ အောက်တိုဘာတွင် ဂျပန်နိုင်ငံမှ သုံးဘဏ်၊ စင်ကာပူ အခြေစိုက်ဘဏ်နှစ်ခု၊ တရုတ်၊ သြစတြေးလျ၊ မလေးရှားတို့မှ ဘဏ်တစ်ခုစီကို ဗဟိုဘဏ်က ပြည်တွင်း၌ ဘဏ်ခွဲတစ်ခုချင်းစီ ဖွင့်လှစ်ခွင့်ပြုခဲ့သည်။

No comments:

Post a Comment