Sunday, June 18, 2017

ရင်းနှီးမြုပ်နှံမှု ....မြန်မာနိုင်ငံလျှပ်စစ်ချေးငွေရှာခြင်းနှင့်ဗီယက်နမ် (Electricity & FDI) (၂၀၁၇)

ချက်​ချင်းဝုန်းကနဲ ဒိုင်းကနဲ မ​ပြောင်းလဲတာပဲရှိမယ်
တ​ဖြေး​ဖြေး ​ပြောင်းလဲလာတာတော့ ငြင်းမရဘူး...
နိုင်ငံခြားရင်းနှီးမြှပ်နှံမှု နှစ်လခွဲအတွင်း
ကန်ဒေါ်လာ ၂ ဘီလီယံကျော်ဝင်ရောက်လာ
------------------------------------------------------------------------
အခုနှစ် ဘဏ္ဍာနှစ် ရဲ့ ဧပြီလမှ ဇွန်လ အထိ နှစ်လခွဲကာလအတွင်းမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု အမေရိကန် ဒေါ်လာ ၂ ဘီလီယံ ကျော်ဝင်ရောက်ထားတယ်လို့ သိရပါတယ်။
ဒီကနေ့ ဇွန်လ ၁၇ ရက်မှာ ရန်ကုန်မြို့ မှာ
7Day TV နဲ့ ယူနိုက်တက်အမရဘဏ်တို့ပူးပေါင်း ကျင်းပတဲ့ “အစိုးရသစ်တစ်နှစ်အလွန်”ခေါင်းစဉ်နဲ့ မြန်မာနိုင်ငံရဲ့စီးပွားရေးအခြေအနေကို ဆွေးနွေးတဲ့ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင် အတွင်းရေးမှုး ဦးအောင်နိုင်ဦးက ပြော ကြားခဲ့တာပါ။
အခုနှစ် ဧပြီလ ကနေ ဇွန်လအထိ နှစ်လခွဲ ကာလအတွင်းမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၂ ဘီလီယံကျော်ဝင်ရောက်ထားပြီး ထပ်မံခွင့်ပြုဖို့ ၁ ဒသမ ၆ ဘီလီယံ ကျော် ကျန်နေသေးတယ်လို့ ဦးအောင်နိုင်ဦးက ပြောပါတယ်။
အစိုးရသစ်သက်တမ်းရဲ့ ဒုတိယနှစ်အတွင်းမှာ ရင်းနှီးမြှုပ်နှံမှု အခြေအနေကောင်းတွေကို ပိုင်ဆိုင်ထားတယ်လို့လဲ ဦးအောင်နိုင်ဦးက ဆိုပါတယ်။
ပြီးခဲ့တဲ့ နှစ်အတွင်းမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ကျဆင်ခဲ့ရတာဟာ ကမ္ဘာ့ပေါ်မှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ကျဆင်းနေတဲ့ ဂယက်ရိုက်ခတ်ခံရတာ ၊ မြန်မာနိုင်ငံမှာ အစိုးရအပြောင်းအလဲ ဖြစ်ပေါ်တာ ၊ ရင်းနှီးမြုပ်နှံမှု ဥပဒေသစ်ပြဌာန်းမှာကို စောင့်ဆိုင်းနေတာနဲ့ ရင်းနှီးမြုပ်နှံမှု ကော်မရှင်ကို မဖွဲ့စည်းနိုင်ခဲ့တာတွေကြောင့်လို့ ဦးအောင်နိုင်ဦးက သုံးသပ်ပြောကြားပါတယ်။
7Day TV နဲ့ ယူနိုက်တက်အမရဘဏ်တို့ ပူးပေါင်းကျင်းပတဲ့ “အစိုးရသစ်တစ်နှစ်အလွန်”ခေါင်းစဉ်နဲ့ မြန်မာနိုင်ငံရဲ့စီးပွားရေးအခြေအနေကို ဆွေးနွေးတဲ့ ဆွေးနွေးပွဲမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင် ၊ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင် အတွင်းရေးမှုး ဦးအောင်နိုင်ဦး၊ ကုန်သည် /စက်မှု အသင်းချုပ် (UMFCCI ) ရဲ့ ဒုတိယ ဥက္ကဌ ဒေါက်တာမောင်မောင်လေးတို့က ပါဝင်ဆွေးနွေးခဲ့ကြ တာပါ။
Source - 7days

ဒီတပတ် မြန်မာ့အရေး ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ပက Cooperation ကြီးတွေကို ပိုပြီးစွဲဆောင်မှုရှိအောင် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေသစ်တရပ်ကို ၂၀၁၆ အောက်တိုဘာမှာ သမ္မတဦးထင်ကျော်က လက်မှတ်ရေးထိုးပြဌာန်းခဲ့ပါတယ်။ အသစ်ပြဌာန်းလိုက်တဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေအကောင်အထည်ဖော်နိုင်ဖို့ နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေကို မတ်လအတွင်း အပြီးသတ် ထုတ်ပြန်နိုင်ဖို့ ပြင်ဆင်ထားပြီဖြစ်တယ်လို့ ရင်းနှီးမြုပ်နှံမှု နဲ့ ကုမ္ပဏီမှတ်ပုံတင်ရေးဆိုင်ရာ ညွှန်ကြားမှူးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး က ပြောဆိုလိုက်ပါတယ်။ VOA အယ်ဒီတာဒေါ်ခင်စိုးဝင်း က ဦးအောင်နိုင်ဦး ကို သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။ ဒုတိယအပိုင်း။
ဒေါ်ခင်စိုးဝင်း ။ ။ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုတွေနဲ့ ပတ်သက်လာလို့ရှိရင် စိန်ခေါ်ချက်တွေ ရှိတာပေါ့။ အဲဒီစိန်ခေါ်ချက်တွေထဲမှာ အဓိကတော့ Infrastructure ပေါ့။ အခြေခံအဆောက်အအုံ အားနည်းချက်တွေရှိတယ်။ နောက်တခုက အိမ်ခြံမြေဈေးပေါ့။ Real Estate Market ကလည်း New York နဲ့ Paris လောက် ယှဉ်နိုင်တဲ့ အခြေအနေတောင် ရောက်နေတယ်ဆိုတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ Infrastructure နဲ့ ပတ်သက်ပြီး စိန်ခေါ်ချက်တွေ၊ အဟန့်အတားတွေ Obstacles တွေကို ဘယ်လို ကျော်လွှာနိုင်ပါမလဲရှင့်။
ဦးအောင်နိုင်ဦး ။ ။ လောလောဆယ်မှာ ကျနော်တို့ ဘာလုပ်နိုင်မလဲဆိုတော့ အရင်ရှိခဲ့တဲ့ Procedure တွေကို လျှော့ချလိုက်တယ်။ စက်မှုဇုန်မှာ စက်ရုံဆောက်ချင်တယ် ဘာမှ Approval မလုပ်တော့ဘူး။ ဟိုတယ်ဇုန်မှာ ဟိုတယ်ဆောက်ချင်တယ် ဘာမှ Approval မလုပ်တော့ဘူး။ အကယ်၍ စက်မှုဇုန်ပြင်ပ၊ ဟိုတယ်ဇုန်ပြင်ပ လုပ်ချင်တယ့် စီးပွားရေးလုပ်ငန်းဆိုရင် တိုင်းဒေသပြည်နယ်က သဘောတူလား။ လုပ်တော့။ ပြီးမှ Procedure သွားမယ်ဆိုပြီး ပြင်ထားတယ်။ ပြင်ထားခြင်းအားဖြင့် ကျနော်တို့က Procedure နဲ့ ပတ်သက်တဲ့ Constraint ပျောက်သွားမယ်။ တတိယအချက်က ဘာလုပ်လဲဆိုတော့ အရင်တုန်းက မြေဈေးတွေ ကြီးခဲ့တဲ့ကိစ္စက အဓိက Supply နဲ့ Demand ပြဿနာ။ မြန်မာနိုင်ငံမှာ ရန်ကုန်မှာဆိုရင် ရွှေပြည်သာ၊ ဒဂုံဆိပ်ကမ်း၊ တောင်ဒဂုံ စက်မှုဇုန် - စက်မှုဇုန်တွေက Limited supply ဖြစ်ပြီးတော့ Demand က တိုင်းပြည်ဖွင့်တဲ့အချိန်မှာ အများကြီးဖြစ်လိုက်တာမှ လူတွေကလဲ Demand တက်လာမယ်ဆိုတဲ့ Expectation နဲ့ ကိုယ်မှာ မြေရှိသော်လဲ ကိုင်ထားကြတယ်။ ကျနော်တို့က အခု ဘာလုပ်လဲဆိုတော့ ဒီအစိုးရလက်ထက်မှာ Supply နဲ့ Demand ကို Balance ဖြစ်အောင်ဆိုပြီးတော့ စက်မှုဇုန်အသစ်တွေ ဖော်ထုတ်ဖို့ ပြင်ဆင်တယ်။ စက်မှုဇုန်သစ် ဖော်ထုတ်မယ့်လုပ်ငန်းကိုလည်း Promo Sector ထဲမှာ ထည့်ထားတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ အရင်တုန်းကတော့ စစ်အစိုးရလက်ထက် အဆက်ဆက်မှာဆိုရင် ရင်းနှီးမြုပ်နှံမှု လာမယ်ဆိုရင် Nepotism ခေါ်တဲ့ လက်သင့်ရာခေါ်တဲ့ခေတ်လည်း ရှိခဲ့တာပေါ့။ အခု ဒီခေတ်မှာကော ဒါမျိုးတွေ ရှိမှာမဟုတ်ဘူးလို့ ကျမ ယူဆပါတယ်။
ဦးအောင်နိုင်ဦး ။ ။ မှန်ပါတယ်။ ဒီဘက်မှာတော့ နံပတ် (၁) မျိုးရိုး Nepotism ဘာမှ မရှိတော့ပါဘူး။ ကျနော်တို့က Transparency အားကောင်းအောင်လုပ်တယ်။ Transparency အားကောင်းမှ Corruption ကျသွားအောင်လုပ်နိုင်မယ်။ ဘာဖြစ်လို့လဲဆိုတော့ လုပ်သမျှ MIC လုပ်တာကို တနိုင်ငံလုံး သိရမယ်။ တကမ္ဘာလုံး သိရမယ်။ ကျနော်တို့ Website တက်ကြည့်ရင် သိရမယ်။ MIC ဒီနေ့ ခွင့်ပြုတာနဲ့ Website ကို တင်လိုက်တယ်။ နောက်တခုက Transparency အားကောင်းအောင် Rules and Regulations အားလုံးကို အများပြည်သူသိအောင် လုပ်ပေးတယ်။ Proposal တင်ပြီးရင် ရက်ပေါင်း (၆၀) အတွင်းမှာ ပေးကိုပေးရမယ်။ မပေးဘူးဆိုရင် (၁၅) ရက်အတွင်း ငြင်းရမယ် စသဖြင့် ပြောတာဖြစ်တဲ့အတွက်ကြောင့်မို့ - Confidence ဆိုလိုတာက ဘယ်သူကို ချဉ်းကပ်မှ၊ ဘယ်သူကိုပေးမှ ငါ့ဟာ ရမယ်ဆိုတာမျိုး လုံးဝမရှိအောင် လုပ်ထားတယ်။ အခုန Corruption က Procedure Complicated ဖြစ်တာနဲ့ သွားပြီး Link ဖြစ်တယ်။ Procedure Complicated ဖြစ်လေ၊ Corruption အားကောင်းလေ ဖြစ်တယ်။
ဒေါ်ခင်စိုးဝင်း ။ ။ တစ်စားပွဲကနေ တစ်စားပွဲ ဖြတ်ဖို့တောင် မလွယ်ခဲ့ဘူး။ အစိုးရအဆက်ဆက် ဖြစ်ခဲ့တာ။
ဦးအောင်နိုင်ဦး ။ ။ အဲဒါတွေက Negative consequences တွေ အများကြီးကြုံခဲ့ရပြီးပြီ။ အဲဒါကြောင့် ကျနော်တို့ရဲ့  ဥပဒေနဲ့ နည်းဥပဒေတွေမှာ Transparency အားကောင်းအောင် လုပ်နေတယ်။ -- ကို တတ်နိုင်သမျှ Clear ဖြစ်အောင်၊ လျှော့ချနိုင်အောင်လုပ်တယ်။ -- ကျနော်တို့ရဲ့  အဓိကရည်ရွယ်ချက်က ကုမ္ပဏီဥပဒေ နဲ့ ရင်းနှီးမြုပ်နှံမှု ဥပဒေတွေမှာ လတ်တလော အခြေအနေမှာ Ready မဖြစ်သေးဘူး။ ကျနော်တို့ရဲ့  ရည်မှန်းချက် Dream ကတော့ တချိန်မှာ အားလုံး Online သွားနိုင်အောင် MIC ကို လျှောက်ချင်လား။ လူလာစရာ မလိုဘူး။ Online ကိုသွား Access လုပ်ပြီးတော့ ပြောင်းနိုင်အောင် ဒါမျိုးတွေအထိ စဉ်းစားထားပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှု လာလုပ်သူတွေကို ကျမ သိရသလောက်၊ လေ့လာရသလောက် (၅၀) လောက် ရှိတဲ့အထဲမှာ စင်္ကာပူက နံပတ်တစ်လောက် ဖြစ်နေတယ်။ အမေရိကန်ပြည်ထောင်စုဆိုရင် (၃၁) အဆင့်လောက်မှာ ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုက စီးပွားရေးပိတ်ဆို့မှုတွေကို အားလုံးရုတ်သိမ်းပေးခဲ့ပြီးပါပြီ။ အဲဒီတော့ အမေရိကန်ပြည်ထောင်စုရဲ့  စီးပွားရေး ပိတ်ဆို့မှု ရုတ်သိမ်းတာနဲ့ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုနဲ့ ပတ်သက်တဲ့ အခြေအနေ Impact ဘယ်လိုများ ရိုက်ခတ်မှု ရှိပါလဲရှင့်။
ဦးအောင်နိုင်ဦး ။ ။ Sanction ရုတ်သိမ်းလိုက်တော့ နံပတ်တစ်က ငွေကြေးကဏ္ဍ အဆင်ပြေသွားတယ်။ ဘာကြောင့်လဲဆိုတော့ အရင်တုန်းက မြန်မာပြည်မှာ Investment လာလုပ်မယ်ဆိုရင် Sanction ရှိနေတော့ သူတို့ရဲ့  ဒေါ်လာ Transfer တွေက သိပ်ခက်တယ်။ လွယ်လွယ်ကူကူ လုပ်လို့မရဘူး။ အဲဒီတော့ ဘာလုပ်ရလဲဆိုတော့ အများစုက စင်္ကာပူကို သွားရတယ်။ စင်္ကာပူမှာ ကုမ္ပဏီကို Establish လုပ်ရတယ်။ ပြီးမှ စင်္ကာပူ Investment အနေနဲ့ မြန်မာပြည်ကို ဝင်ရတယ်။ ဒါကြောင့်မို့ စင်္ကာပူက Top ဖြစ်နေတာ။ စင်္ကာပူ Investment တခုတည်း မဟုတ်ဘူး။ သူက Transit Investment တွေ၊ စင်္ကာပူကိုသွားပြီးမှ တခြားနိုင်ငံတွေက မြန်မာနိုင်ငံကိုဝင်တော့ Data ကြည့်လိုက်ရင်တော့ စင်္ကာပူ။ ဒီကုမ္ပဏီက ဘယ်ကလာလဲကြည့်လိုက်ရင်တော့ သူ့ရဲ့  Original ကို သိရတာပေါ့။ သူက Singapore Company Limited ဆိုရင် သူကို စင်္ကာပူ List ထဲမှာ ထည့်လိုက်ရတယ်။ သို့သော် သူက စင်္ကာပူရဲ့  Pure investment မဟုတ်ဘူး။ တခြားနိုင်ငံတွေ EU နိုင်ငံတွေရှိတယ်။ တခြားနိုင်ငံတွေရှိတယ်။ စင်္ကာပူက ဆင်းလာကြတယ်။ နှစ်အချက်က US Investors အများစုက တကယ်တော့ မြန်မာပြည် ကော်ပိုရေးရှင်းတွေ များပါတယ်။ သူတို့ မြန်မာပြည်ကို လာဖို့အတွက်လဲ Reporting threshold တွေ ဘာတို့ အများကြီးရှိခဲ့တယ်။ Sanction ကို Liberalized လုပ်ပေးသည်တိုင်အောင် ကျန်တဲ့ Constraint တွေ ရှိနေတယ်။ ရှိတာမို့ US Investors တွေက မြန်မာနိုင်ငံအတွင်းကို ချောချောမောမော လာမလုပ်နိုင်ဘူး။ အခု Sanction lift လုပ်သွားတဲ့အတွက် ကျန်တဲ့နိုင်ငံတွေအားလုံး အကျိုးရှိသွားတာကတော့ အခုနပြောတဲ့ ဒေါ်လာ Transition တွေ လျော့သွားတယ်။ ဒီအတွက် Investment အများကြီး အထောက်အကူ ဖြစ်သွားတယ်။ နံပတ်နှစ်ကတော့ US မှာရှိတဲ့ Investors တွေ မြန်မာနိုင်ငံကိုလာဖို့အတွက် လမ်းကြောင်းပွင့်သွားတယ်။ ကျနော်တို့ အနာဂတ်မှာ US investment တွေ Expect လုပ်လို့ရတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ AEC လို့ခေါ်တဲ့ Asean Economic Committee စီးပွားရေးအသိုင်းအဝိုင်းထဲမှာ မြန်မာနိုင်ငံက ၂၀၁၅ ခုနှစ်က စခဲ့တယ်လို့ ပြောရမှာပေါ့။ မြန်မာနိုင်ငံအနေနဲ့ ဒီ အာဆီယံစီးပွားရေး အသိုင်းအဝိုင်းထဲမှာ Integrated ထဲထဲဝင်ဝင် စိမ့်ဝင်သွားဖို့ အခြေအနေက ဘယ်လိုရှိပါလဲ။ အခုတော့ နောက်ကနေ လိုက်နေရတုန်း ထင်ပါတယ်။
ဦးအောင်နိုင်ဦး ။ ။ မှန်ပါတယ်။ ကျနော်တို့ကတော့ အာဆီယံ AEC ကို ပြောရရင်တော့ မြန်မာနိုင်ငံက Fully ready မဖြစ်သေးဘူး။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့ဆီမှာ လုပ်စရာလေးတွေ ရှိနေတုန်းပါ။ ဥပဒေဆိုင်ရာ ပြင်ဆင်ရမှာတွေ ရှိသေးတယ်။ လုပ်ထုံးလုပ်နည်းဆိုင်ရာတွေ ပြင်ဆင်ဖို့ ရှိသေးတယ်။ နောက် ကျနော်တို့ တိုင်းပြည်စီးပွားရေးကိုက အာဆီယံထဲ ဝင်လာဖို့က သိပ်ကြီးမားတဲ့ Economy မဟုတ်သေးဘူး။ ဒီအခက်အခဲလေးတွေ တိုင်းပြည်ထဲမှာ ရှိနေပါသေးတယ်။ သို့သော် ကျနော်တို့က AEC လို့ ပြောလိုက်ရင် သူက Trade, Investment, Services ဒီကဏ္ဍကြီး (၃) ခု ရှိတဲ့အပိုင်းမှာ ကျနော်တို့ Investment က AEC မှာ လွယ်လွယ်ကူကူ ဝင်သွားနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အာဆီယံရဲ့  မျှော်မှန်းချက်က အာဆီယံသည် Single Protection Place ဆိုပြီး အာဆီယံသည် တခုတည်းသော ထုတ်လုပ်မှုဒေသကြီးဖြစ်အောင် ရည်ရွယ်တဲ့အတွက်ကြောင့်မို့ Global Value Change ထဲမှာ မြန်မာနိုင်ငံက Law ယူမယ်။ ထိုင်းနိုင်ငံက … မလေးရှားက … စသဖြင့်လုပ်မယ်။ အဲဒီတော့ ဒီ Value change တခုလုံးကို အာဆီယံက စဉ်းစားပြီး Investment Law ရေးဆွဲလိုက်တဲ့အခါမှာ အားလုံးသတိထားမိမှာပါ အဲဒီအတွက်ကို မြန်မာနိုင်ငံ ဝင်သွားလို့ရအောင် ဘာလုပ်ထားလဲဆိုရင် မြန်မာနိုင်ငံကို လာပြီးလုပ်တဲ့ Investors တွေသည် Process လုပ်မယ်။ နိုင်ငံခြားကို 100% ပြန်ပို့မယ်ဆိုရင် စဝင်ကတည်းက Duty မကောက်ဘူး။ Duty မကောက်တဲ့အတွက်ကြောင့်မို့ တခြားနိုင်ငံတွေမှ မြန်မာနိုင်ငံက Law ကို ယူပြီးမှ တခြားနိုင်ငံကိုသွားတာဖြစ်ဖြစ်၊ အထူးသဖြင့် တခြားနိုင်ငံတွေက တပိုင်းတစ တပ်ဆင်လိုက်မယ် မြန်မာနိုင်ငံကိုပို့မယ်။ မြန်မာနိုင်ငံက လုပ်သားအင်အားပေါတဲ့အတွက်ကြောင့်မို့ မြန်မာနိုင်ငံမှာ Labor Intensive လုပ်ရမှာကို မြန်မာနိုင်ငံမှာလုပ်မယ်။ ပြီးရင် စင်္ကာပူကိုပို့မယ်။ ဒါမှမဟုတ် မလေးရှားပို့မယ်။ အင်ဒိုနီးရှားပို့မယ်။ အဲဒီလို ပို့တဲ့ဟာတွေမှာ Duty တွေ ကောက်နေမယ်ဆိုရင် သူတို့က မလာတော့ဘူး။ ဒါကြောင့် ကျနော်တို့ ဘာလုပ်လဲဆိုတော့ မြန်မာနိုင်ငံကိုလာမယ် Process လုပ်မယ်။ ပြန်ပို့မယ်ဆိုတဲ့ဟာတွေကို Duty မကောက်တော့ဘူး။ အဲဒီအတွက်ကြောင့်မို့ မြန်မာနိုင်ငံသည် AEC မှာပါဖို့အတွက်ကို ကိုယ့်ဥပဒေက ပြင်ဆင်ထားပြီသာ ဖြစ်သွားတယ်။ နောက်ဆက်တွဲ တိုင်းပြည်မှာ တိုင်းပြည်ရဲ့  အခြေခံကောင်းလေးတွေ ရှိထားပြီသား။ ဥပမာ တိုင်းပြည်သည် လုပ်သားအင်အားပေါတယ်။ ဒါကြောင့်မို့ လုပ်သားအင်အားပေါတာကို စိတ်ဝင်စားတဲ့ လုပ်ငန်း၊ ပုဂ္ဂိုလ်တွေသည် လုပ်သားအင်အားများတဲ့အတွက် သူများနိုင်ငံမှာ အလုပ်သမား ဆယ်ယောက်သုံးတဲ့အခါမှာ ဥပမာ ဒေါ်လာ ငါးရာကုန်မယ့်ကိစ္စ၊ မြန်မာနိုင်ငံမှာ လုပ်သား ဆယ်ယောက်သုံးရင် ဒေါ်လာသုံးရာလောက်နဲ့ ပြီးသွားနိုင်တယ်။ ဒီလိုမျိုးကိစ္စတွေမှာ ကျနော်တို့က မြန်မာနိုင်ငံက ရှိထားပြီသား။ ဒါကြောင့်မို့ ကျနော်တို့ Skills intensive ကို သွားချင်တာ။ နောက်တချက်က မြန်မာနိုင်ငံက Natural Resource ရှိတယ်။ စိတ်ဝင်စားသူတွေ မြန်မာနိုင်ငံကို လာနိုင်တယ်။ မြန်မာနိုင်ငံက (၅၄) သန်းလောက် ရှိတယ်ဆိုတော့ Market က ရှိပြီသား။ အဲဒီတော့ Market စိတ်ဝင်စားတဲ့ Investor တွေလည်း မြန်မာနိုင်ငံကို လာကြမယ်ပေါ့။ AEC ကို ပြန်ပြောလိုက်ရင် Investment အနေနဲ့ ဘာမှ အခက်အခဲ မရှိဘူး။ အလိုက်သင့် လိုက်သွားလို့ရတယ်။ သို့သော်လဲ Trade မှာ ကျနော်တို့က Impact ရှိနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က အာဆီယံ Products တွေက မြန်မာနိုင်ငံကို Tariff Zero နဲ့ ဝင်လာတာ။ ကိုယ့် Local SMEs လေးတွေမှာ Competition များလာနိုင်တယ်။ နံပတ်နှစ်က Trade Deficit များလာနိုင်တယ်။ Trade နဲ့ ပတ်သက်တဲ့ Constraint လေးတွေ ရှိနိုင်တယ်။ Services ဒီလောက်ကြီး မရှိနိုင်ပါဘူး။ ကိုယ့်တိုင်းပြည်က Service Industry က သိပ်အားမကောင်းသေးဘူး။ သိပ်မကောင်းသေးတော့ Services နဲ့ ပတ်သက်လာရင် ကျနော်တို့ သိပ်အခက်အခဲ မရှိနိုင်ဘူး။ သို့သော်လဲ ကိုယ့်တိုင်းပြည်က ရှိနေတဲ့ ဥပမာ ဒေါက်တာ ဆရာဝန်တွေ၊ စာရင်းကိုင်တွေ၊ ရှေ့ နေတွေ ဒါမျိုးတွေမှာတော့ ကျနော်တို့က ဆက်ပြီးတော့ ကိုယ့်ကိုယ်ကို Competitive ဖြစ်အောင် လုပ်ရမယ့်ကိစ္စမျိုးတွေတော့ ရှိပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီတော့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေနဲ့ ပတ်သက်လို့ ဘယ်ကဏ္ဍမှာ ရင်းနှီးမြုပ်နှံမှုသည် မြန်မာနိုင်ငံအတွက် အကျိုးရှိဆုံး ဖြစ်မယ်လို့ သုံးသပ်လို့ ရပါလဲရှင့်။
ဦးအောင်နိုင်ဦး ။ ။ လတ်တလော အနေအထားကတော့ ကုန်ထုတ်လုပ်မှုကဏ္ဍ။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်သည် ကုန်ထုတ်လုပ်မှုကဏ္ဍမှာ များများလာမှ Export လည်း များများသွားနိုင်မယ်။ Export များများသွားနိုင်မှ တိုင်းပြည်က ခံစားနေရတဲ့ Trade Deposit ပျောက်သွားမယ်။ ဒါကြောင့်မို့ လတ်တလောမှာ ကျနော်တို့ Promo လုပ်နေတာက Manufacturing ကို Promo လုပ်တယ်။ Manufacturing အောက်ထဲမှာ ထပ်ပြီး Promo ပိုလုပ်တာက Labor Intensive ဥပမာ အထည်ချုပ်စက်ရုံတခု ထောင်လိုက်ရင် လူထောင်ကျော် အလုပ်အကိုင် အခွင့်အလမ်းရတယ်။ တဘက်မှာလဲ Export ကို တခြားနိုင်ငံကို များများသွားနိုင်တယ်။ နောက်တခုက Food processing မြန်မာနိုင်ငံမှာ လယ်ယာကဏ္ဍက Products တွေ အများကြီးထွက်တယ်။ သို့သော်လဲ Food Processing ပတ်သက်ပြီးတော့ ဟုတ်တိပတ်တိ Investment မရှိဘူး။ အဲဒီတော့ ကျနော်တို့က အကယ်လို့ မြန်မာနိုင်ငံက ကိုယ့်တိုင်းပြည်ရဲ့  ရှိနေတဲ့ အခွင့်အလမ်းတွေကို အသုံးချနိုင်ရင် ဒေသအတွင်းမှာ Food Supplier အနေနဲ့ ရပ်တည်လို့ရတယ်။ ကျနော်တို့မှာ တကမ္ဘာလုံးမှာ စိုက်လို့ရတဲ့ သီးနှံတွေ အများအပြား စိုက်လို့ရတယ်။ နောက်တခုက မြေလွတ်မြေရိုင်းက အများကြီးရှိသေးတယ်။ ရေသယံဇာတက ရှိသေးတယ်။ ဒါကြောင့်မို့ စိုက်ပျိုးရေးပတ်သက်တဲ့ အခြေခံကောင်းလေးတွေ ရှိပြီသားဖြစ်တယ်။ သို့သော်လဲ ကျနော်တို့ ပြဿနာက ဘာလဲဆိုတော့ မိရိုးဖလာ စိုက်ပျိုးရေးလုပ်ငန်းထဲမှာပဲ ကျင်လည်ပြီးတော့ … ဟုတ်တိပတ်တိ Food processing ကို မလုပ်နိုင်ခဲ့ဘူး။ လယ်ယာကဏ္ဍကိုလည်း Promo မလုပ်နိုင်ခဲ့ဘူး။ အဲဒီတော့ အခုနပြောသွားတဲ့ တိုင်းပြည်မှာရှိပြီးသာ အခြေခံကောင်းကို အခြေခံပြီးမှ သီးနှံထုတ်လုပ်မယ်။ Process food တွေလုပ်မယ်။ Export လုပ်မယ်ပေါ့။ ဒါတွေကလဲ နိုင်ငံခြားသားတွေ စိတ်ဝင်စားတဲ့ လုပ်ငန်းတွေလည်း ဖြစ်တယ်။ အဲဒါကြောင့်မို့ Food processing သည် Manufacturing အောက်မှာ ဦးစားပေးပြီး သွားပါမယ်။ တတိယဦးစားပေးက ဘာလဲဆိုတော့ Value Added Industry ပေါ့။ မြန်မာနိုင်ငံက အရင်တုန်းကဆိုရင် သစ်တွေအလုံးလိုက် ပို့တယ်။ အခုတော့ ရပ်ထားတယ်။ အဲဒီလို ပို့မယ့်အစား အချောကိုင် ပို့လိုက်ရင် ကိုယ့်တိုင်းပြည်အတွက် အလုပ်အကိုင် အခွင့်အလမ်းလည်းပေါမယ်။ ပို့တဲ့ပစ္စည်းကလည်း Value Added ဖြစ်တဲ့အတွက်ကြောင့်မို့ Export တန်းဖိုးမှာ တိုင်းပြည်က ပို့ရတယ်ပေါ့။ ဒုတိယအပိုင်းပြောရင်တော့ Agriculture ပေါ့။ တတိယကတော့ Infrastructure . ဒါတွေက မဖြစ်မနေ လိုတာပေါ့။ ဒီဟာတွေအပြင် Education, Healthcare ကျန်းမာရေး နဲ့ ပညာရေးကဏ္ဍ ဒါတွေကလဲ Investment Promo လုပ်ဖို့ လိုတယ်ဆိုတော့ အခြေခံအားဖြင့် ကျနော်တို့ Promo လုပ်နေတာ ကဏ္ဍကြီး (၅) ခု - ကုန်ထုတ်လုပ်မှု၊ စက်ပျိုးရေးကဏ္ဍ၊ အခြေခံအဆောက်အအုံနဲ့ ပတ်သက်တာ၊ ပညာရေး၊ ကျန်းမာရေး တို့ကို လုပ်သွားဖို့ ရှိပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။



မြန်မာနိုင်ငံလျှပ်စစ်ချေးငွေရှာခြင်းနှင့်ဗီယက်နမ် (Electricity & FDI)
နိဒါန်း
image 1 အစီရင်ခံစာ၂ခု မျက်နှာဖုံးများ
ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတကာသွားလာပြီး ချေးငွေရရှိရန်ကြိုးစားနေရပါတယ်။ ဇွန်လ ၁၅ရက်၊ ၂၀၁၇ မှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် ၀န်ကြီးဒေါ်နီလာကျော်၊ စည်ပင်ကော်မတီမှ ဒေါ်လှိုင်မော်ဦး အဖွဲ့ ဥရောပ ၆နိုင်ငံ ဘယ်လဂျီယံ။ ဂျာမဏီ၊ အီတလီ၊ စပိန်၊ ဆွီဒင် နဲ့ ချက်နိုင်ငံများကို လမ်းပမ်းဆက်သွယ်ရေး၊ စက်မှု၊ လျှပ်စစ်ပရိုဂျက်များစွာအတွက် နည်းပညာလေ့လာဖို့။ ချေးငွေရနိုင်ဖို့ နှစ်ပါတ်ခရီးစဉ် သွားရောက်သွားပါတယ်။ ငွေကြေးအကြပ်တည်းဖြစ်နေတဲ့ ဥရောပနိုင်ငံများထံမှ ချေးငွေ နဲ့ ရင်းနှီးမြှတ်နှံငွေ FDI ရဖို့ဆိုတာ အလွန်မလွယ်ပါ။ ဖြစ်နိုင်တာကတော့ သူတို့စက်ပစ္စည်း၊ နည်းပညာတွေကို အကြွေးရောင်းဖို့ပဲ ဖြစ်မှာပါ။ ဂျာမဏီနဲ့ဆွီဒင်ကတော့ တကယ်ကူညီကြမယ်လို့ မျော်လင့်ပါတယ်။
.
မြန်မာနိုင်ငံ လျှပ်စစ်နဲ့စွမ်းအင်ကဏ္ဍမှာ ၂၀၁၆-၁၇ ဘတ်ဂျတ်ရဲ့ ၂၄% သုံးစွဲတယ်ဆိုတော့ အလွန်များပြားတဲ့ ပြည်သူ့ဘဏ္ဍာငွေတွေ ဖြစ်ပါတယ်။ ဗီယက်နမ်က မြန်မာထက် အရင်လုပ်သွားကြတယ်။ ဒါကြောင့် လျှပ်စစ်ဓါတ်အားစက်ရုံတွေ ၀ယ်ဖို့ဆိုရင် မြန်မာတွေ ဗီယက်နမ်နိုင်ငံကို အရင်လေ့လာနေကြပါတယ်။
.
.
၂၀၁၅ အတွက် ဗီယက်နမ်နိုင်ငံအတွက် အစီရင်ခံစာ Report နှစ်ခု
အင်တာနက်မှာ အလွယ်တကူဒေါင်းလုပ်နိုင်ပြီး လေ့လာသုံးသပ်ပါမယ်။ နိုင်ငံခြားရင်းနှီးမြှတ်နှံမှု FDI (Foreign Direct Investment) 2015 report by Switzerland IISD ချေးငွေမျာအခြေအနေနှင့် အစိုးရရှယ်ယာအများစုပိုင်တဲ့ အများပိုင်လျှပ်စစ်ကုမဏီကြီး Vietnam Electricity Corporation ရဲ့အစီရင်ခံစာတို့ကို မြန်မာနိုင်ငံသားတစ်ဦးအနေဖြင့် လေ့လာသုံးသပ်ပါမယ်။ မြန်မာနိုင်ငံက ဂျပန်၊ ဂျာမဏီ၊ အမေရိကန်၊ စင်္ကာပူနိုင်ငံများကို အားကျတယ်။ အဂတိအင်မတန် နည်းပါးတဲ့ ကမ္ဘာချမ်းသာတဲ့ နိုင်ငံတွေဖြစ်တယ်။ ဒီတော့ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ် (၃)နိုင်ငံကို ကြည့်တဲ့အခါ၊ ဗီယက်နမ်းကို ရွေးလိုက်ပါတယ်။ သမတဦးသိန်းစိန်အစိုးရကလဲ ဗီယက်နမ်ပဲ ရွေးခဲ့တယ်။ ဗီယက်နမ်ဆောက်တဲ့ မြန်မာပလာဇာကြီး ရန်ကုန်မြို့မှာ ၀ုန်းကနဲပေါ်လာတာ်။ မြန်မာနိုင်ငံထက် ၁၈နှစ်လောက် စောပြီး ပြုပြင်ပြောင်းလဲတဲ့ ကွန်မြူနစ်စနစ် ပြည်သူပိုင်ကနေ ပုဂလိကပိုင်ပြောင်းနေတဲ့ ဗီယက်နမ်ကို သုံးသပ်တာက ပိုပြီးသင့်လျှော်ပါတယ်။ ဒီတော့ ဗီယက်နမ်အစိုးရက နိုင်ငံခြားချေးငွေများနဲ့ လျှပ်စစ်ဓါတ်အားကို မြို့ပြ ၁၀၀% နဲ့ ကျေးလက်တောရွာ ၉၉%၊ တောင်တန်းတွေအပေါ်ထိ ပါဝါဂရစ်လိုင်းတွေ ရောက်နေတယ်။ လျှပ်စစ်ဈေးနှုန်းကလည်း တယူနစ် အမေရိကန်ဒေါ်လာ ၆-၁၂ ဆင့် (၇၀ကျပ် မှာ ၁၄၀ကျပ်) နဲ့ ဗို့အားအပြည့်ပေးနေပါတယ်။
.
ဗီယက်နမ်ဓါတ်အားပေးစက်ရုံများနဲ့ အချက်အလက်များကို စိတ်မ၀င်စားသူများ ကျော်ဖတ်ပါရန်။ အဆုံးသပ် FDI ရင်းနှီးမြှတ်နှံမှုကဏ္ဍ၊ အခန်းကို ဖတ်စေလိုပါတယ်။
.
.
မြန်မာနိုင်ငံလည်း ဗီယက်နမ်လိုပဲ
အမေရိကန်နဲ့ အဆင်ပြေအောင်လုပ်ရပါတယ်။ အမေရိကန် သမတကြီး ဗီယက်နမ်လာလည်တယ်၊ ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးလိုက်တယ်။ မြန်မာနိုင်ငံကိုလည်း အမေရိကန်သမတအိုဘားမားလာတယ်၊ ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးလိုက်ပါတယ်။ တကယ်တော့ မြန်မာနိုင်ငံထက် ၁၈နှစ် စောပြီး ပြုပြင်ပြောင်းလဲခဲ့ပေမဲ့ ထင်သလောက် မတိုးတက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဗီယက်နမ်ပြုပြင်ပြောင်းလဲရေးက ကျေးလက်ဒေသကို့ စိုက်ပျိုးမွေးမြူရေးကို ဦးစားပေးခြင်းကြောင့်ပါ။ မော်တော်ကားကို အလွန်ဈေးကြီးထားလို့ လူတွေ မော်တော်ဆိုင်ကယ်ပဲ စီးတာများပါတယ်။ ဒါကြောင့် ဗီယက်နမ်မှာ လစာနည်းပေမဲ့၊ ကုန်ဈေးနှုန်းမကြီးပါဘူး။ ကမ္ဘာ့ အပျော်ဆုံးနိုင်ငံသားဆု Happy Planet ဒုတိယရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံကတော့ ဆင်းရဲမွဲတေပေမဲ့ အလှုဒါန်းဆုံးနိုင်ငံဆိုကို ရရှိခဲ့ပါတယ်။ ၂၀၁၆ တစ်ဦးချင်းဝင်ငွေမှာတော့ တရုပ်၊ ထိုင်းနိုင်ငံထက် အတော်နဲပေမဲ့ မြန်မာနိုင်ငံထက် ၂ဆလောက် မြင့်မားနေပါတယ်။
.
GDP per Capital US$ (Nominal) 2016
စင်ကာပူ $52888 US
မလေးရှား $9501
ထိုင်း $5742
အင်ဒိုနီးရှား $3362
ဖိလစ်ပိုင် $3002
ဗီယက်နမ် $2088
လာအို $1787
မြန်မာ $1212
ကမ္ဘောဒီယား $1114
တရုပ် $8141
အိန္နိယ $1604
.
ယခင်သမတဦးသိန်းစိန်လက်ထက်က ပြည်သူ့ဘဏ္ဍာငွေတွေသုံးပြီး၊ ဆီးဂိမ်းကြီးနဲ့ ပျော်ရွှင်ခဲ့ကြတယ်။ နောက်ဆုံး ပြည်တွင်းချေးငွေ ၂၀.၁% (ငွေစက္ကူများစွာရိုက်ထုတ်ခြင်း)၊ ပြည်ပချေးငွေ ၁၈% = ၃၈.၁% (စုစုပေါင်း ကျပ်ငွေ ၂၇၉၃၇၀ ဘီလျံ) ဖြင့် အာဏာလွှဲပေးသွားခဲ့ပါသည်။ ချေးငွေရာနှုန်းက ဂျီဒီပီရဲ့ ၃၈% ထက်ကျော်လျှင် ဒုက္ခရောက်နိုင်တယ် ဆိုတော့ ၃၈.၁% ဆိုတော့ အခြေအနေဆိုးနေပါပြီ။
.
.
.
၂၀၁၅ Vietnam Electricity Corporation ရဲ့အစီရင်ခံစာ
အစိုးရရှယ်ယာအများစုပိုင်တဲ့ (အစိုးရပိုင်) ဗီယက်နမ်လျှပ်စစ်ကော်ပိုရေးရှင်း EVN ရဲ့ ၀က်ဆိုဒ် www.ven.com.vn မှာ အင်္ဂလိပ်၊ ဗီယက်နမ် ၂ဘာသာနဲက ပွင့်လင်းမြင်သာစွာ တင်ပြထားပါတယ်။ ဓါတ်အားထုတ်လုပ်ရေး ၂၃ ခု ၊ ဖြန့်ဖြူးရေး ၉ခု တို့ကို ၁၀၀% ရှယ်ယာ၊ EVN ပိုင်ဆိုင်ပါတယ်။ လျှပ်စစ်ကုမဏီ ၈ခုကို တော့ ၅၀% ရှယ်ယာပါဝင်ပြီး၊ ကျန်တဲ့ ကုမဏီ၆ခုကိုတော့ ၅၀%ထက်နည်းပြီး ရှယ်ရာပါဝင်ပါတယ်။ ၂၀၁၄ မှာ လျှပ်စစ်ထုတ်နိုင်စွမ်း 34000 MW ထုတ်နိုင်ပြီး၊ Peak Load 22000 MW နဲ့ ယူနစ်စုစုပေါင်း 142 billion KWh ထုတ်လုပ်ပါတယ်။ မြို့ပြအားလုံး ၁၀၀% လျှပ်စစ်ရရှိပြီး၊ ကျေးလက် ၉၉%၊ တောင်ပေါ်ဒေသ ၉၇% တို့က EVN Power Grid ပါဝါဂရစ်လိုင်းနဲ့ ချိတ်ဆက်ထားပါတယ်။ မီးပျက်ရင် ၂နာရီအတွင်း ပြန်လာမယ်လို့ အာမခံထားပါတယ်။ လျှပ်စစ် မီတာလျှောက်ရင် Low Voltage below 6KV မြို့ပေါ်ဆို ၃ရက်နဲ့ လျှပ်စစ် အိမ်ပေါ်ရောက်လာပါတယ်။ ကျေးလက်ဆိုရင် ၅ရက်နဲ့ အိမ်ပေါ်လျှပ်စစ် ရောက်လာပါတယ်။ ကုမဏီကြီးတွေက သူတို့ပရိုဂျက်ကြီးတွေအတွက် လျှပ်စစ်လျှောက်ထားရင် Median Voltage 6KV - 22KV, High Voltage 22KV and above ဆိုရင် ၄၆ရက်နဲ့ လျှပ်စစ်ရောက်လာပါတယ်။
.
.
ဗီယက်နမ်လျှပ်စစ်ဈေးနှုန်းတွေ
သူတို့ဝက်ဆိုဒ်မှာ လူသုံး၊ လုပ်ငန်းသုံး၊ ဗို့အားအလိုက် အသေးစိတ်ရေးထားပါတယ်။
Voltage of below 6kV (2017 rate 1USD=VND22500)
Business
Customer group, Rate (VND/kWh)
Voltage of below 6kV
a) Standard hour, 2,320
b) Off-peak hour, 1,412
c) Peak hour, 3,991
Household
Retail price for household electricity Rate (VND/kWh)
For the next 50 kWh (1 – 50 kWh), 1,484 (US 6cents = 70 kyats)
For the next 50 kWh (51 – 100 kWh), 1,533
For the next 100 kWh (101 – 200 kWh), 1,786
For the next 100 kWh (201 – 300 kWh), 2,242
For the next 100 kWh (301 – 400 kWh), 2,503
For the next kWh (401 kWh onwards), 2,587 (US 11cents =143 kyats)
Ref: http://en.evn.com.vn/c3/gioi-thieu-l/Annual-Report-6-13.aspx
မြန်မာနိုင်ငံနယ်စပ်တွေမှာ လျှပ်စစ်ကို တယူနစ် ကျပ်၃၀၀ ကနေ ၆၀၀၊ ၇၀၀ ထိအောင်ပေးသုံးနေရတာလဲ စိတ်မကောင်းစရာပါ။ ယာယီအဖြစ် တရုပ်၊ လာအို၊ အိန္နိယ၊ ထိုင်း နိုင်ငံများကနေ လျှပ်စစ်ဝယ်သုံးခြင်းကို အမြန်ဆုံးအကောင်ထည်ဖော်နေပါတယ်။
.
.
.
ဗီယက်နမ်လျှပ်စစ်ထုတ်လုပ်မှုနဲ့ EVN ပိုင်ဆိုင်မှု
EVN ၂၀၁၅ မှာ်၂၀၁၅ မှာ 20539 MW ထုတ်လုပ်ပါတယ်။ ဗီယက်နမ်တနိုင်ငံလုံး ထုတ်လုပ်မျှရဲ့ ၆၁%ဖြစ်ပါတယ်။ ကျန်တဲ့လျှပ်စစ်တွေကိုတော့ ဗီယက်နမ်ရေနံ PVN 12.99%,Vinacomin 4.37%, ပြည်တွင်းကုမဏီများ 13.98%, နိုင်ငံခြာရင်းနှီးမြှတ်နှံကုမဏီများ 8.39% နဲ့ စုစုပေါင်း 34080 MW ထုတ်ခဲ့ပါတယ်။ လျှပ်စစ်ထုတ်လုပ်နည်းတွေကတော့ ရေအား 15,702 MW (46.07%), ကျောက်မီးသွေး 9,759 MW (28.64%), သဘာဝဓါတ်ငွေ 7,354 MW (21.58%), လောင်စာဆီ 1,154 MW (3.39%), လေအား 109 MW (0.32%) စုစုပေါင်း ထုတ်လုပ်နိုင်စွမ်း 34080 MW ရှိပါတယ်။ (စကားချပ်။ မြန်မာနိုင်ငံက ထုတ်လုပ်စွမ်းအား 3500 MW ပဲရှိတော့ ၁၀ဆ ကွာခြားပါတယ်)။ See Image p18.
.
. image 2 ဗီယက်နမ်နိုင်ငံ လျှပ်စစ်အချက်အလက် ဂရပ်ပုံများ
.
EVN & JSC အုပ်စု (အစိုးရ) ထုတ်လုပ်မှု
 ၁။ ရေအားလျှပ်စစ် စုစုပေါင်း 20539 MW မှာ 2400MW တစ်ခု၊ 1920 MW ဓါတ်အားရုံတစ်ခု၊ 720 MW တစ်ခု နဲ့ စုစုပေါင်း ၃၀ ခု ရှိပါတယ်။
၂။ ကျောက်မီးသွေးလျှပ်စစ် စုစုပေါင်း 9759 MW မှာ 1244 MW ဓါတ်အားရုံတစ်ခု၊ 600 MW ခြောက်ခု နဲ့ စုစုပေါင်း ၁၂ခု ရှိပါတယ်။
၃။ သဘာဝဓါတ်ငွေလျှပ်စစ် စုစုပေါင်း 7354 MW မှာ 1109 MW ဓါတ်အားရုံတစ်ခု၊ 893 MW တစ်ခု နဲ့ စုစုပေါင်း ၆ခု ရှိပါတယ်။
၎။ လောင်စာဆီသုံးလျှပ်စစ် စုစုပေါင်း 1154 MW မှာ 528MW ဓါတ်အားစက်ရုံ ၃ခု ရှိပါတယ်။
.
.
ပုဂ္ဂလိက ဘီအိုတီနဲ့ အိုင်ပီပီ (BOT & IPP)
၁။ ရေအားလျှပ်စစ် 4913 MW ကို ဓါတ်အားစက်ရုံပေါင်း ၄၂ခု ရှိပါတယ်။
၂။ ရေနွေးငွေဘွိုင်လာ Thermal နည်းလမ်းနဲ့ 4267 MW ကို ဓါတ်အားစက်ရုံပေါင်း ၁၄ခု ရှိပါတယ်။
၃။ သဘာဝဓါတ်ငွေလျှပ်စစ် 4241 MW ကို ဓါတ်အားစက်ရုံပေါင်း ၇ခု ရှိပါတယ်။
၎။ လေအားလျှပ်စစ် 109 MW ကို လေအားတာဘိုင်စက် ၈ခု နဲ့ ထုတ်လုပ်နေပါတယ်။
.
.
ဗီယက်နမ်လျှပ်စစ်ဖြန့်ဖြူးရေး
Power Transmitting / distribution တွေမှာလည်း အရင်းနှီးအရမ်းကြီးပါတယ်။ ဗီယက်နမ်တနိုင်ငံလုံး 500KV, 220KV, 110KV မဟာဓါတ်အားလိုင်းကြီးတွေ ကီလိုမီတာ ၅၆၄၂၆ (ငါးသောင်းကျော်) တည်ဆောက်ထားပြီး၊ ဓါတ်အားခွဲရုံ Substation ပေါင်း ၁၀၆ခု ဆောက်ထားပါတယ်။
.
..............................500KV ...........220KV ............110KV
ဓါတ်ကြိုးအရှည်(km) ... 6755 ..........12512............... 42
ထရန်စဖွန်မာ (no) ........ 40 ................162 .............. 63
ထရန်စဖွန်မာ (mVA) .. 21900 .........30726 .......... 3175
ဓါတ်အားသုံးမဲ့ မြို့ရွာတွေရောက်တော့ 35KVA ကနေ Lov Volt 220V အထိ ထရန်စဖွန်မာများ၊ ဓါတ်အားလိုင်းများစွာ တပ်ဆင်ထားပါတယ်။
.
လျှပ်စစ်ကဏ္ဍ တိုးတက်နှုန်း
၂၀၁၄ မှာ ဗီယက်နမ်ရဲ့ ဂျီဒီပီက ၅.၉၈% တိုးတက်တော့ လျှပ်စစ်ကဏ္ဍ တိုးတက်နှုန်းက ဂျီဒီပီနှုန်းထက် မြင့်ရပါတယ်။ ၁၁.၄၁% တိုးတက်ပြီး၊ လျှပ်စစ်ယူနစ် 12843 billion Kwh တိုးတက်ခဲ့ပါတယ်။ လျှပ်စစ်ဓါတ်အား ဆုံးရှုံးမှုက အလွန်အရေးကြီးလို့ နည်းမျိုးစုံနဲ့ ကာကွယ်ရပါတယ်။ Power Saving Program 2.23% ချွေတာနိုင်ပါတယ်။ လျှပ်စစ်ကဏ္ဍဟာ အဆက်မပျက် တိုးတက်နေရမှာ ဖြစ်လို့ ရင်းနှီးမြှတ်နှံမှုတွေ များစွာ ဆောက်လုပ်နေရပါတယ်။ (စကားချပ်။ မြန်မာနိုင်ငံတွင် အခမဲ့သုံးသော ဌာန၊ လုပ်ငန်းများ၊ ခိုးယူသွယ်တန်းခြင်း၊ နားလည်မှုနှင့် သုံးစွဲခြင်းအပြင် ယိုယွင်းနေသော ဓါတ်ကြိုး၊ ဓါတ်အားစက်ရုံများကြောင့် လွန်ခဲ့သော ၅နှစ်က ၃၀% အထက် Lost ပါဝါဆုံးရှုံးတယ်ပါတယ်။ အခုတော်တော် ကာကွယ်နိုင်လာပါပြီ)။
.
.
တိုးတက်သောနိုင်ငံများ လျှပ်စစ်ပိုသုံးနိုင်ခြင်း။
အဂတိနည်းပါးနိုင်ငံများ တိုးတက်ပြီး လျှပ်စစ်များများသုံးနိုင်ကြပါတယ်။ အောက်က ဇယားကိုကြည့်ရင် အဂတိအကင်းဆုံး စင်ကာပူ (ရမှတ် ၈၄%) က လျှပ်စစ်အသုံးများဆုံး ဖြစ်သလို၊ မြန်မာနဲ့ကမ္ဘောဒီယားက ဒေသတွင်းမှာ အဂတိအများဆုံးနဲ့ လျှပ်စစ်မသုံးစွဲနိုင်ဆုံ (ဆင်းရဲမွဲတေဆုံး) ဖြစ်နေပါတယ်။ ဗီယက်နမ်၊ အိန္နိယ နိုင်ငံများက ကတော့ အဂတိပိုနည်းလာပြီး၊ လျှပ်စစ်လဲ ပိုသုံးလာတာ တွေ့ရပါတယ်။ အားငယ်စရာမရှိပါ။ လျှပ်စစ် ပရိုဂျက်ကြီးတွေမှာ အဂတိနည်းအောင် နိုင်ငံတော်အစိုးရက လုပ်နေပါတယ်။
.
၅နှစ်အတွင်း အဂတိရမှတ် ...........လျှပ်စစ်တဦးချင်း ......FDI Received
ပြောင်းလဲပုံ(2012-16) ..............unit / year 2016 ...2015USD b$
စင်ကာပူ 87-84(ဂုဏ်ထူးမှတ် top 10) ..... 8160 .......... 981
မလေးရှား 46-49(၃မှတ်တက်) ............... 4231 .......... 166
တရုပ် 39-40(မထူးခြား) ........................ 4310 ......... 1727
ထိုင်း 37-35(၂မှတ်ကျဆင်း) ................... 2404 .......... .218
ဗီယက်နမ် 31-33(၂မှတ်တက်) ............... 1312 ........... 100
အိန္နိယ 36-40(၄မှတ် များစွာတိုးတက်) ...... 768 ............ 297
အင်ဒိုနီးရှား 32-37(၅မှတ်တက်) .............. 754 ............ 279
ဖိလစ်ပိုင် 34-35(၁မှတ်တက်) .................. 643 ............ 58
လာအို 21-30(၉မှတ်တက်) ..................... 555 ............. 15
မြန်မာ 15-26(၁၁မှတ်တက်။ best) ...... ... 193 .............. 71
ကမ္ဘောဒီးယား 22-21(၁မှတ်ကျဆင်း) ........ 256 ............ 29
* အဂတိရမှတ် : Transparency Intl,
 * လျှပ်စစ်သုံးစွဲမှု : Wiki,
 * FDI data: CIA. Facts /Myanmar http://www.dica.gov.mm
မြန်မာနိုင်ငံအစိုးရသစ်တက်လာချိန် အဂတိအညွန်း နည်းပါးလာတာ တွေ့ရပါတယ်။
.
.
လက်ရှိ ဗီယက်နမ်လျှပ်စစ် ပရိုဂျက်ကြီးတွေအတွက် ရင်းနှီးမြှတ်နှံမှုတွေ အမြောက်အများသုံးစွဲနေပါတယ်။ အဂတိလိုက်စားမှုတွေ အနည်းဆုံးနဲ့ အမြောက်အများ တည်ဆောက်နေပါတယ်။ ၂၀၂၀၊ ၂၀၂၆ တွေမှာပြီးစီးမဲ့ မဂ္ဂါဝပ်ထောင်၊ သောင်း ပရိုဂျက်အမြောက်အများရှိပါတယ်။ လူသားအရင်းအမြစ်အဖြစ် မန်နေဂျာများ၊ ပညာရှင်များကို ပညာတော်သင်များ၊ ပညာချွန်ဆုများစွာ EVN က လွတ်နေပါတယ်။ အနာဂါတ်အတွက် လျှပ်စစ်ဓါတ်အားစက်ရုံဟာ ညူကရီယာဓါတ်အားစက်ရုံပဲ ဖြစ်လို့ ညူကလီယာပညာတော်သင်ပေါင်း ၂၇၀ ကို ရုရှား၊ ပြင်သစ်၊ တောင်ကိုးရီးယားတွေကို ပို့ထားပါတယ်။
.
EVN ငွေစာရင်းရှင်းတမ်း ၂၀၁၄
အများပိုင်ကုမဏီ ဖြစ်တဲ့အတွက် ငွေစာရင်းကို ၀က်ဆိုဒ်ပေါ်မှာ တင်ထားပါတယ်။ ၂၀၁၃ ခုနှစ်မှာ ၀င်ငွေ 177,850,281 millions of VDN (US$ 7,839 million) ရရှိပြီး၊ ပြန်ဆပ်ရမဲ့ချေးငွေ 359,750,008 millions of VDN ရှိပေမဲ့ အမြတ်ငွေ 9,370,730 millions of VND (US$ 8739 million) ရပါတယ်။ ၂၀၁၄ ခုနှစ်မှာ ၀င်ငွေ 202,648,668 millions of VDN (US$8932 million) ရရှိပြီး၊ ပြန်ဆပ်ရမဲ့ချေးငွေ 407,119,886 millions of VDN ရှိပြီး အမြတ်ငွေက 4,245,493 millions of VND (US$ 187 million) ရှိပါတယ်။ ဒေါ်လာဘီလျှံများစွာ ချေးငွေနဲ့လည်ပတ်နေတဲ့ ဗီယက်နမ်အစိုးရ အများပိုင်လျှပ်စစ်ကုမဏီကြီး EVN က နှစ်စဉ် ဒေါ်လာသန်းပေါင်း ရာချီပြီး အမြတ်အစွန်းပြနေတဲ့အတွက်ေီယက်နမ်အစိုးရ မဆိုးဘူးလို့ပဲ ပြောရပါတယ်။ အစိုးရပိုင်ကို အများပိုင်အဖြစ် ဗီယက်နမ်စတော့ဈေးကွက်မှာ အောင်မြင်စွာပြောင်းလဲနိုင်ခြင်းက အဂတိနဲ့လာပ်စားမှုတွေကို တိုက်ဖြတ်ခြင်း တစ်လမ်းပါပဲ။ 2015 EVN report p36.
.
.
(စကားချပ်။ မြန်မာနိုင်ငံမှာ ၂၀၁၄ လျှပ်စစ်ထုတ်နိုင်စွမ်း 4573 MW ကို ဓါတ်အားစက်ရုံပေါင်း ၃၀ကျော်နဲ့ ထုတ်လုပ်နေပါတယ်)။
.
image 3 မြန်မာနိုင်ငံလျှပ်စစ်ဓါတ်အားစက်ရုံများမြေပုံ
.
ဗီယက်နမ်နိုင်ငံကို ကူညိပေးတဲ့နိုင်ငံများ..။
၂၀၁၄-၁၅ ခုနှစ်မှာ FDI ကန်ဒေါ်လာ ၁.၆၇ ဘီလျှံ ၀င်လာပါတယ်။ ကမ္ဘာ့ ဘဏ် World Bank ဒေါ်လာ ၇၀၀ သန်း၊ အာရှဖွံ့ဖြိုးရေးဘဏ် ADB ဒေါ်လာ ၅၅၀ သန်း၊ ဂျပန် JICA နဲ့ ဂျာမဏီ KfW တွေပဲ အများဆုံး ပံ့ပိုးပေးကြပါတယ်။
၂၀၁၄-၂၀၁၆ ကူညီ၊ ချေးငွေပေးတဲ့ တိုးတက်တဲ့နိုင်ငံအစိုးရများကို International cooperation activities လို့ ရေးထားပါတယ်။ အဲဒီနိုင်ငံများထံက ချေးငွေ ကန်ဒေါ်လာဘီလျံပေါင်း များစွာ ရရှိခဲ့ပါတယ်။ ဂျပန် JICA သန်းပေါင်း ၄၅၄၇ (၄.၅ဘီလျံ)၊ အမေရိကန် World Bank ၃၉၁၆သန်း၊ ဂျပန်အာရှဘဏ် ADB ၃၄၃၁သန်း၊ တောင်ကိုးရီးယား ၅၁၀သန်း။ ဂျာမန် KFW ၅၁၆သန်း၊ ပြင်သစ် ၃၃၃သန်း၊ ဆွီဒင် ၁၃၀သန်း၊ တို့ဖြစ်ပါတယ်။ ကျန်တဲ့ ဥရောပနိုင်ငံ အစိုးရများက အကူညီချေးငွေ ဒေါ်လာသန်းဆယ်ဂဏန်းလောက်ပဲ ချေးပေးပါတယ်။ တရုပ်အစိုးရက ဒေါ်လာသန်း၈၀ ချေးပေးပါတယ်။ ဒီဇယားကို ကြည့်ရင် ဘယ်နိုင်ငံအစိုးရမှာ ငွေပိုငွေလျှံ ရှိသလဲဆိုတာ ခန့်မှန်းနိုင်ပါတယ်။ (EVN 2015 Report, p-33)
Image 4 ဗီယက်နမ်နိုင်ငံကို ပူးပေါင်းလုပ်ကိုင်နိုင်ငံများဇယား
.
.
.
နိုင်ငံခြားရင်းနှီးမြှတ်နှံမှု FDI report by Switzerland IISD ၂၀၁၅
ဗီယက်နမ်အစိုးရက ပြည်ပရင်းနှီးမြှတ်နှံမှု FDI ကို နိုင်ငံတကာရောက်နေတဲ့ ဗီယက်နမ်လူမျိုးများကို သုံးပါတယ်။ သူ့ထက်အရင် တိုးတက်သွားတဲ့ တောင်ကိုးရီးယား၊ စင်ကာပူ၊ တရုပ် နိုင်ငံများရဲ့ နည်းလမ်းကိုသုံးရတာပါပဲ။ ပထမဆုံး မိမိနိုင်ငံက ဆက်သွယ်ရေး (မိုဘိုင်းဖုန်း၊အင်တာနက်) ၊ လမ်းတံတားများ၊ လျှပ်စစ် စတဲ့ အခြေခံအဆောက်အဦများကို ကောင်းအောင် FDI ရင်းနှီးမြှတ်နှံငွေနဲ့ အရင်တည်ဆောက်ရပါတယ်။ အခြေခံအဆောက်အဦတွေ ခိုင်မာအောင် လုပ်ရင်း၊ နိုင်ငံကို အဂတိနည်းသထက် နည်းအောင်၊ အစိုးရ၀န်ထမ်းများကို ကိုင်တွယ်ရပါတယ်။
.
ဗီယက်နမ် FDI ဥပဒေက ၁၉၈၈ ကတည်းက ပြဌာန်းပေမဲ့ ၊ ၂၀၀၅ ခုနှစ်ဥပဒေနောက်ပိုင်းမှာ နိုင်ငံခြားရင်းနှီးမြှတ်နှံမှုတွေ အမြောက်အများ ရောက်လာပါတယ်။ ၂၀၁၄ ခုနှစ်အထို စုစုပေါင်း ကန်ဒေါ်လာ ၂၅၃ ဘီလျံဒေါ်လာ ရရှိထားပြီ ဖြစ်ပါတယ်။ ဥပဒေအရ ရင်းနှီးမြှတ်နှံငွေ၊ လုပ်ငန်းများက စိတ်ချရပါတယ်။ လျှပ်စစ်ဈေးနှုန်း၊ မြေငှားခဈေးနှုန်းများ သင့်တင့်ရပါမယ်။ ရင်းနှီးမြှတ်နှံသူတွေ စိတ်မပျက်၊ လုပ်ငန်းနှောက်နှေးမှုမရှိ ရအောင် အဂတိနည်းပါးရပါမယ်။ အခြေခံ အဆောက်အဦများဖြစ်တဲ့ ဆက်သွယ်ရေးမိုဘိုင်း၊ တယ်လီဖုန်းစနစ်၊ လမ်းတံတား၊ လျှပ်စစ်မီး တို့ တည်ငြိမ်၊ ကောင်းမွန်ဖို့ လိုပါတယ်။ ဗီယက်နမ်က ရေနံ၊ ဓါတ်ငွေ ထွက်လို့ စွမ်းအင်ဈေးချိုခြင်းက နိုင်ငံခြားရင်းနှီးမြှတ်နှံသူတွေကို မဆွဲဆောင်ပါဘူး။
.
.
Skill Workers ကျွမ်းကျင်လုပ်သား
အဓိက အလိုအပ်ဆုံး အရာကတော့ ကျွမ်းကျင်လုပ်သား Skill Workers ဖြစ်ပါတယ်။ ဗီယက်နမ်မှာ ရင်းနှီးမြှတ်နှံသူများရဲ့ အခက်ခဲကြီးကတော့ ကျွမ်းကျင်လုပ်သား နည်းပါးခြင်းဖြစ်ပါတယ်။ သက်မွေးပညာ၊ စက်မှုလက်မှု ကျောင်းကောင်းများစွာ လိုအပ်နေဆဲ ဖြစ်ပါတယ်။
.
ဒီ ကျွမ်းကျင်လုပ်သား Skill Workers အခက်ခဲကို ဖြေရှင်းဖို့ သက်မွေးပညာသင်ကျောင်းများကို အစိုးရက ရင်းနှီးမြှတ်နှံရပါမယ်။ မြန်မာနိုင်ငံ၊ ဗီယက်နမ်နိုင်ငံက သက်မွေးတက္ကသိုလ် ဘွဲရ၊ ရိုးရိုးဘွဲ့ရ၊ သက်မွေးဒီပလိုမာ၊ ဆာတီဖီကိတ် လက်မှတ်ရသူများဟာ အရည်အချင်း၊ မမှီဘူးလို့ပဲ ပြောရပါမယ်။ ၄နှစ်သင်ပြီး ပေါ့ပေါ့ပါးပါး နဲ့ ဘွဲ့ရလာပြီး၊ တော်တတ်သူအများစုဟာ လစာကောင်းတဲ့ နိုင်ငံခြားဈေးကွက်ကို ရောက်သွားပါတယ်။
.
ကုန်ကြမ်းပစ္စည်း၊ စက်အပိုပစ္စည်း ရနိုင်မှု၊ ဈေးနှုန်းအလွန်မကြီးခြင်း ဖြစ်ဖို့ အသေးစားနဲ့အလတ်စား SME Small & Median Enterprices တွေများများ၊ ပံ့ပိုးပေးဖို့လိုပါတယ်။ Supply Issue နဲ့ Price Issue တွေကို ဖြေရှင်းပေးရပါမယ်။
.
Image 5, Image 6 ဗိယက်နမ်နိုင်ငံ FDI နိုင်ငံ၊ လုပ်ငန်းအမျိုးအစား ဇယား
.
နိဂုံး သုံးသပ်ချက်။
ဒါကြောင့် ဗီယက်နမ်ကို လာရောက်ရင်းနှီးသူတဲ့ ကုမဏီများမှာ ၅၄% အများစုဟာ ကုန်ထုတ်လုပ်ငန်း Manufacturing စက်ရုံအလုပ်ရုံတွေ လုပ်ကိုင်ကြပါတယ်။ ဒုတိယ ၂၀% ကတော့ အိမ်ခြံမြေဖြစ်ပါတယ်။ တတိယကတော့ ဟိုတယ်ခရီးသွား၊ ဆောက်လုပ်ရေးလုပ်ငန်း နဲ့ လျှပ်စစ်ကဏ္ဍ တို့မှာ ၄% စီနဲ့ရင်းနှီးမြှတ်နှံကြပါတယ်။ See Table 2.
.
လာရောက်ရင်းနှီးမြှတ်နှံသူတွေကို ကြည့်ရင် ဂျပန်ကုမဏီပေါင်း ၂၃၈၁ ခုက ရင်းနှီးမြှုတ်နှံမှုအားလုံးရဲ့ ၁၄.၉%၊ US$36.20 billions, တောင်ကိုးရီးယား၊ စင်ကာပူ၊ တိုင်ဝမ် ဒီ ၄နိုင်ငံက ကုမဏီပေါင်း ၁သောင်းလောက်က ရင်းနှီးမြှတ်နှံငွေအားလုံးရဲ့ ၅၃% လာရောက်ရင်းနှီးကြပါတယ်။ ဥရောပ ကုမဏီများကို မတွေ့ရပါဘူး။ ထိတ်တန်း ၁၀နိုင်ငံမှာ အမေရိကန်နဲ့ဗြိတိလျှဘာဂျင်အိုင်းလင်း ၂နိုင်ငံကလွဲလို့ ကျန်တဲ့၈နိုင်ငံက အာရှနိုင်ငံချည်း ဖြစ်ပါတယ်။ See Table 3.
.
ဗီယက်နမ် FDI အချက်အလက်ကို ကြည့်ခြင်းအားဖြင့် ဂျပန်ကုမဏီတွေပဲ အများဆုံး လာရောက်ရင်းနှီးနိုင်တယ်ဆိုတာ သေချာပေါက်ဖြစ်ပါတယ်။ စီမံကိန်းကြီးတွေ သူတို့ပဲဆောက်၊ သူတို့ပဲ နှစ်၃၀ ထိန်းသိမ်းတာပဲ အကောင်းဆုံးပါ။ မြန်မာအစိုးရအဖို့ ရင်းနှီးမြှတ်နှံမှု ရုံးခွဲတွေကို ဂျပန်နဲ့ အဲဒီနိုင်ငံတွေမှာ ရုံးဖွင့်ပြီူး၊ မြန်မာလူငယ်တွေကို အလုပ်ခန့်ထား၊ ရုံးထိုင်ထားရပါတယ်။ ပညာသင်ရင်း၊ အလုပ်လုပ်ရင်း မြန်မာနိုင်ငံကို လာရောက်ရင်းနှီးမဲ့ ကုမဏီတွေကို ဆွဲဆောင်ရမယ် ဖြစ်ပါတယ်။ နိုင်ငံကြီးတွေကို သွားရောက်လေ့လာခြင်းကတော့ အစိုးရဆီက ချေးငွေရမှာဖြစ်ပါတယ်။ ဥရောပ နိုင်ငံကြီးတွေဆီက ရတဲ့ ချေးငွေတွေက International cooperation activities အရဆိုရင် World Bank, ADB, JICA, KfW တွေက အဆများစွာ ပိုပြီးရတာကို တွေ့ရပါတယ်။ ဗီယက်နမ် နဲ့ အဲဒီနိုင်ငံကြီးက စက်ရုံကြီးတွေကို ဈေးကြီးကြီးနဲ့ရောင်းတာတွေကို အားနာနာနဲ့ လက်မှတ်ထိုး၊ ၀ယ်မလာမိဖို့လဲ အလွန်အရေးကြီးပါတယ်။
.
နောက်ဆုံး ဂုဏ်ယူစရာကတော့ မြန်မာ FDI ကို CIA Facts မှာ ထည့်မထားသေးပါဘူး။ မြန်မာအစိုးရက ကျေငြာမှာ သိရမှာဖြစ်လို့ အင်တာနက်မှာ ရှာကြည့်တယ်။ DIRECTORATE OF INVESTMANT AND COMPANY ADMINISTRATION ၀က်ဆိုဒ် http://www.dica.gov.mm/en/topic/foreign-investment-country လင့်မှာ မြန်မာ FDI May-2017 ကိုတွေ့ပါတယ်။ မြန်မာလျှပ်စစ်စွမ်းအင် ၀က်ဆိုဒ် http://www.moep.gov.mm ကတော့ အချက်လက်တွေ မရှိသေးပါဘူး။ DICA အချက်အလက်အရ စုစုပေါင်း ကန်ဒေါ်လာ ၇၁ဘီလျှံ ရှိပြီး ၂၀၁၅-၁၆ မှာ ၆.၆ဘီလျံရှိပါတယ်။ အလုပ်ကိုင်ပေးနိုင်တဲ့ ကုန်ထုတ်လုပ်ငန်း Manufacturing ကဏ္ဍကို ဒေါ်လာဘီလျံနဲ့ချီပြီး ရင်းနှီးမြှတ်နှံနေကြပြီဖြစ်ပါတယ်။ မကြာခင်၊ နိုင်ငံသားတွေအတွက် အလုပ်အကိုင်ပေါလာပါစေ ပဲ ဆုတောင်းနေရပါတယ်။
.
ဇော်အောင်(မုံရွာ)
၁၇.ဇွန်.၂၀၁၇
.
Image 7 မြန်မာနိုင်ငံ FDI ရင်းနှီးမြှတ်နှံသောနိုင်ငံများ ဇယား
.
ကိုးကားချက်။
 ၁။ ၂၀၁၅ Vietnam Electricity Corporation ရဲ့အစီရင်ခံစာ
 http://en.evn.com.vn/d6/news/Annual-Report-2015-6-13-81.aspx

 ၂။ ၂၀၁၅ နိုင်ငံခြားရင်းနှီးမြှတ်နှံမှု FDI report by Switzerland IISD
 https://www.iisd.org/GSI/sites/default/files/ffs_vietnam_fdi.pdf

.
၃။ မြန်မာနိုင်ငံ FDI
http://www.dica.gov.mm/

   image 1


   Image 2


   Image 3


    Image 4


    Image 5


   Image 6



   Image 7
.
.

မြန်မာနိုင်ငံ ရင်းနှီးမြှတ်နှံမှု ၀က်ဆိုဒ် www.dica.gov.mm June2017 အချက်အလက်များအရ ရင်းနှီးမြှတ်နှံမှုအခြေအနေမှာ (USD Millions Dollar)
2004-05 .. 7751
2005-06 .. 6065  (Thai 6034)
2006-07 ..   719  (China 281)
2007-08 ..   205  (India 139)
2008-09 ..   984  (China 855)
2009-10 ..   329  (Malay 237)
2010-11 ..19998 (China 8269, HK 5798, ROK 2676, Thai 2146)
2011-12 ... 4644  (China 4345)
2012-13 ..  1419
2013-14 ..  4100 (China 1091, Malay 616, Sg 230, Thai 529, UK 156, Viet 142)
2014-15 ..  9482 (China 511, HK 625, India 208, ROK 299, Sg 4297, Thai 156, Viet 142)
2015-16 ..  6649 (China257, HK224,  India 224, Jpn 219, Malay 257, ROK 128, sg 4246,
                         Thai 236, Viet 432)
2016-17 ..   923 (Natherland 518)  for two months....
Total (1988 - 2017) ... 71,274 Millions

No comments:

Post a Comment