Saturday, June 3, 2017

မြန်မာနိုင်ငံသားတောင်တက်သမားနှစ်ယောက်ဖြစ်တဲ့ ကိုဝင်းကိုကို နဲ့ ကိုပြည့်ဖြိုးအောင် ဧရဝတ်တောင်ထိပ်မှာ မြန်မာနိုင်ငံအလံ လွှင့်ထူ


ကိုဝင်းကိုကို ..
ပြီးခဲ့တဲ့ ၂၀၁၆ မေ ၁၉ ရက်က မြန်မာနိုင်ငံသားတောင်တက်သမားနှစ်ယောက်ဖြစ်တဲ့ ကိုဝင်းကိုကို နဲ့ ကိုပြည့်ဖြိုးအောင်တို့ဟာ ကမ္ဘာ့အမြင့်ဆုံး ဧရဝတ်တောင်ထိပ်မှာ မြန်မာနိုင်ငံအလံ လွှင့်ထူနိုင်ခဲ့ပါတယ်။ 
ဧဝရတ်တောင်ထိပ်မှာ မြန်မာနိုင်ငံအလံကို အခြားနိုင်ငံအလံတွေနည်းတူ ဂုဏ်ယူစွာ လွှင့်ထူနိုင်ခဲ့တဲ့ အဲဒီတောင်တက်သမားနှစ်ဦး၊
.
၂၀၁၀ တက္ကသိုလ်များ ခြေလျှင်တောင်တက်အသင်းမှာ စတင်လေ့ကျင့်၊ တောင်တွေတက်ခဲ့ပြီး ၆နှစ်အကြာမှာ ဧ၀ရက်တောင်ထိပ်ကို ရောက်ခဲ့ပါတယ်။ လေ့ကျင့်တဲ့အနေနဲ့ ချင်းပြည်၊ ရှမ်းပြည်၊ ကချင်ပြည်နယ်တွေက ရေခဲတောင်တွေ စတင်တက်ခဲ့ပြီး၊ ၂၀၁၃ မှာ အိန္နိယနိုင်ငံက ရက်၄၀ တောင်တက် ဒီပလိုမာသင်တန်းကို အောင်မြင်ခဲ့ပါတယ်။ တရုပ်၊ အိန္နိယ နိုင်ငံများက တောင်များလည်း တက်ခဲ့ပြီး ဟိမ၀န္တာတောင်တက်ခရီး၊ ရန်ကုန်ကထွက်၊ ရန်ကုန်ပြန်ရောက် ၆၁ရက် ကြာခဲ့ပါတယ်။ စုစုပေါင်း ၃ဦး၊ အစားအသောက်နဲ့ တောင်တက်ပစ္စည်းတွေကို ခြေမွှေးရှည်တဲ့ နွားတွေနဲ့သယ်ရပါတယ်။
.
Base Camp ကနေ Camp 1, 2, 3, 4 တွေအထိ အဆင့်ဆင့် လေ့ကျင့်တက်ဆင်း လုပ်ရပါတယ်။ Base Camp - Camp1 တက်ဆင်း ၂ခေါက်လုပ်ပြီး နောက်တဆင့် တက်ရပါတယ်။ လေဖိအားနည်းတဲ့ ပတ်ဝန်းကျင်နဲ့ မိမိတို့ခန္တာကိုယ် အသားကျသွားအောင် လေ့ကျင့်ရသလို တက်လိုက်၊ ဆင်းလိုက်နဲ့ ရက်ပေါင်း ၄၁ရက် ကြာအောင် တက်ခဲ့ပါတယ်။ တက်တဲ့အချိန်က မနက်၁နာရီဆို ကင့်တခုက စတက်ရင် မနက်၉နာရိလောက် ရောက်ပါတယ်။  ရေခဲတောင်ပြိုကျတာတွေလဲ ၂ကြိမ်တွေ့ရပြီး ဆက်မတက်ပဲ ကင့်ပ် ဆီပြန်လာရတာတွေ ရှိပါတယ်။ အနှုတ် ၃၅ ဒီဂရီ ရေခဲအမှတ်အောက် အေးခဲတဲ့ တောင်တက်ခရီးမှာ အောက်စီဂျင်ရှုရင်း နှင်းကိုက်ခံရတာတွေ ဖြစ်ပါတယ်။ ရပ်နားချိန်မှာ ခြေလက်တွေ အမြဲလှုပ်နေရပါတယ်။ အဆင်းကတော့ ပိုပြိး ခက်တယ်လို့ပြောရပါတယ်။
.
.
ဒီခရီးစဉ်ဟာ စွန့်စားသွားလာသူ Adventurer အတွက် ပထမအဆင့်ပဲ ရှိပါသေးတယ်။ Seven Summits ဆိုတဲ့ တိုက်ကြီး ၇တိုက်က တောင်တွေကို တက်ဖို့ ပထမ အာရှတိုက်က တောင်တွေ တက်ပြီးသွားပါပြီး။ နောက် တိုက်ကြီးတွေက ထောင်တွေတက်ရဦးမယ်။ တောင်ဝန်ရိုးစွန်း၊ မြောက်ဝန်ရိုးစွန်း တွေကိုလည်း သွားဖို့ မျှော်လင့်ပါတယ်။  


No comments:

Post a Comment