Monday, October 30, 2017

လူနေအိမ်ခြေအနီးတွင် တာဝါတိုင်ဆောက်ခြင်းအပေါ် အငြင်းပွားမှုများ


လူနေအိမ်ခြေအနီးတွင် တာဝါတိုင်ဆောက်ခြင်းအပေါ် အငြင်းပွားမှုများ
.
Eleven Media ဆောင်းပါးရေးသားချက်များ....
ဆက်သွယ်ရေးတာဝါတိုင်များမှ ထုတ်လွှင့်သည့် ရေဒီယိုလှိုင်းများသည် အလွန် အားနည်းသည့်အတွက် ပြည်သူများ၏ကျန်းမာရေးကို ထိခိုက်နိုင်ဖွယ်ရှိသည့် သက်သေ အထောက်အထားမရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အတိအလင်းထုတ်ပြန်  ထားပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် တာဝါတိုင်ကြောင့် မိုးကြိုးအန္တ ရာယ်ရှိနိုင်သည်ဟု ယူဆမှုများမှာလည်း မဟုတ်မှန်ဘဲ တာဝါတိုင်များတွင် အားကောင်းသော မိုးကြိုးလွှဲစနစ်များ တပ်ဆင်ထားပြီး သာမန်အဆောက်အအုံများတွင် တပ်ဆင်ထားသည့် မိုးကြိုးလွှဲများထက် ပိုမိုကောင်းမွန်ကြောင်း သိရသည်။

တယ်လီနောမြန်မာ၏ တရားဝင်ပြောကြားထားချက်အရ တာဝါတိုင်များ တည်ဆောက်ခြင်းအပေါ် ရပ်ကွက်နေပြည်သူများက ကန့်ကွက်မှုအများစုမှာ မြေနေရာငှားရမ်းလိုခြင်း အကျိုးစီးပွားပေါ်တွင် အဓိကမူတည်ပြီး အငြင်းပွားမှုများဖြစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ၎င်းတို့၏အဆိုအရ မြေငှားရမ်းခ ရရှိသူများအပေါ် အိမ်နီးချင်းများအနေဖြင့် မနာလိုဖြစ်ခြင်းများတွင် အခြေခံခဲ့သည်ဟု ဆိုသည်။

သို့သော် တာဝါတိုင်များက ကျန်းမာရေးအပေါ် တိုက်ရိုက်ဆိုးကျိုး ဖြစ်ပေါ်စေခြင်းများ မရှိသည့်တိုင်အောင် တာဝါတိုင်များ၏ စွမ်းအင်စနစ်အတွက် မီးစက်မောင်းရာမှဖြစ်ပေါ်လာသည့် မီးခိုးငွေ့များ၊ ဆူညံသံများမှာ အနီးဝန်းကျင်တွင် နေထိုင်သူများကို စိတ် အနှောင့်အယှက်ဖြစ်စေကြောင်း ကြုံတွေ့ရသူတို့က ဆိုသည်။
.
လက်ရှိတွင် မြန်မာနိုင်ငံတစ်ဝန်း၌ ဆက်သွယ်ရေး တာဝါတိုင်ပေါင်း သောင်းချီအထိ ရှိလာပြီး ဆက်သွယ်ရေး အော်ပရေတာတစ်ခုလျှင် တာဝါတိုင်ပေါင်း ၅၀၀၀ မှ တစ်သောင်းအကြားတွင် တည်ဆောက်ပြီးစီးထားကြောင်း သိရသည်။ ဆက်သွယ်ရေး အော်ပရေတာ တစ်ခုလျှင် တာဝါတိုင်တစ်သောင်း အထိ ရှိလာစေရန်တိုးချဲ့ တည်ဆောက်လျက်ရှိသည်။
.
.
.
မှတ်ချက်။
မည်သူမျှ (ငွေတပြားမှမရပဲ)  မိမိအိမ်ဘေးတွင် တယ်လီဖုန်းတာဝါတိုင် ပေါ်မလာစေလိုပါ။ ကိုယ်ချင်းစာတရား ရှိဖို့လိုပါသည်။ ကန်ထရိုက်ရရှိပြီး ဆောက်နေသူများလည်း တာဝါတိုင်ကောင်းကြောင်း အိမ်နီးနားခြင်းများအား ပြောပြနေစရာမလိုပါ။ ကန့်ကွက်သူများအားလည်း အမုန်းထား ရန်လိုစရာမရှိပါ။ ကန့်ကွက်သူများက အနိုင်ရရှိသွားပါက တာဝါတိုင်ကန်ထရိုက်တာများအဖို့ မိမိတို့လုပ်အားခ ရရှိရန်၊ မိန်းကွန်းမှာ အနိုင်ကျင့်ခြင်းမခံရရန်သာ လိုပါသည်။
.
အထက်ပါဆောင်းပါးမှာ အစိုးရနှင့်မိုဘိုင်းအော်ပရေတာများ ဖက်မှ ရေးထားခြင်းဖြစ်သည်။ မြေငှားရမ်းခကို ဘေးအိမ်များက မနာလိုဖြစ်ခြင်း ကြောင့်ဟု မရေးသားသင့်ပါ။ ငွေ၊ အာဏာ မရှိသူ အိမ်နီးချင်းများကို ပြေလည်အောင် အကျိုးမျှဝေပေးမှု မရှိသည့် စနစ်ကြောင့်၊ တနည်းအားဖြင့် ငါတစ်ယောက်ထဲ စားတဲ့အကျင့်ဆိုးကြောင့် ..တာဝါတိုင် ပြသနာများစွာ ဖြစ်ရသည်။ အများအားဖြင့် ဘေးအိမ်များသဘောမတူပါက စောစောကတည်းက မလုပ်သင့်ပါ။ အဘယ့်ကြောင့်ဆိုသော တာဝါတိုင်ထူခြင်းသည် ဘေးအိမ်များကို အနည်းနှင့်အများ ထိခိုက်စေပါသည်။ စစ်ဆေးရေး တတိယအဖွဲ့အစည်းလဲ မရှိခြင်းက ငွေ၊အာဏာသုံးပြီး အနိုင်ကျင့်မှု ပိုမိုများပြားစေပါသည်။
.
အခြားနိုင်ငံများကဲ့သို့ မြန်မာ့ဆက်သွယ်ရေးညွန်ကြားမှုဦးစီးဌာန ဆ.ည.န မှ တိုင်တစ်ခုကို အော်ပရေတာများ ရှယ်သုံးခွင့်ပေးခြင်း၊ အမိုးပေါ်တွင်ဆောက်ခြင်း ..စသည့်နည်းလမ်းများဖြင့် မြို့များတွင် အဆင်ပြေသော်လည်း ကျေးလက်များ၊ ရပ်ကွက်များတွင် ပြသနာများ ရှိနေဆဲ ဖြစ်သည်။
.
.
နိဂုံး (အဖြေ)
နိုင်ငံတကာတွင်  မိမိအိမ်နား တာဝါတိုင်လာဆောက်ပါက အိမ်ငှား၊ အိမ်ရောင်း ခက်ခဲသွား၊
အိမ်တန်ဖိုးကျဆင်းသွားသည်။ ဤတန်ဖိုးကျဆင်းမှု အကြောင်းပြပြီး ဖယ်ရှားပေးရန် ဒေသအုပ်ချုပ်သူများထံ တောင်းဆိုလေ့ရှိသည်။
.
ဇာနီကြီး
၃၀.အောက်တိုဘာ.၂၀၁၇
.
Ref:
http://news-eleven.com/news/17712

No comments:

Post a Comment