Thursday, October 5, 2017

တောင်သူများ အသုံးပြုရလွယ်ကူစေရန် အရမ်းကောင်းတဲ့ အစိမ်းရောင်လမ်း ဖုန်းဆော့ဝဲ ဗားရှင်းအသစ်


အရမ်းကောင်းတဲ့ အစိမ်းရောင်လမ်း ဖုန်းဆော့ဝဲ ဗားရှင်းအသစ်
တောင်သူများ အသုံးပြုရလွယ်ကူစေရန် ရည်ရွယ်ပြီး အစိမ်းရောင်လမ်း အဖွဲ့သားများက ဆော့ဝဲရှိ လိုအပ်ချက်များကို ပြုပြင်ပြီး လုပ်ဆောင်ချက်အသစ်များကို၊ သတင်းအချက်အလက်များကို ထပ်မံဖြည့်စွက်ပြီး ပိုမိုကောင်းမွန်တဲ့ ဗားရှင်းအသစ်ကို ထုတ်လွင့်လိုက်ပါပြီ။ အဖွဲ့သားတွေကတော့ တောင်သူတွေအတွက် အကောင်းဆုံး လုပ်ဆောင်ထားလို့ ပျော်ရွှင်နေကြပါပြီ။
ဗားရှင်းအသစ်မရသေးရင် ဒီလင့်ကို နှိပ်လိုက်===>http://bit.ly/greenwaydl
🌿အခုဗားရှင်းအသစ်မှာ သီးနှံဈေးများကို မြို့နယ်အရေအတွက်ရော၊ သီးနှံအရေအတွက်ပါ ထပ်မံတိုးမြှင့်ထားတဲ့အတွက် ဗားရှင်းအသစ်သုံးတဲ့သူများသာ မြင်နိုင်မှာပါ။
🌿အကောင့်သစ်လုပ်ရတာ ပိုလွယ်သလို လျို့ဝှက်ကုဒ်ကိုလည်း မှတ်ထားစရာမလိုတော့ပါဘူး။ ဖုန်းက မှတ်ထားပေးပါလိမ့်မယ်။
🌿ဗီဒီယိုနဲ့ မှတ်တမ်းတင်ထားတဲ့ စိုက်ပျိုးနည်းပညာတွေကို ဖုန်းဆော့ဝဲကနေတစ်ဆင့် ကြည့်ရှုနိုင်အောင်လည်း ဆောင်ရွက်ထားပါတယ်။
🌿မှတ်ပုံတင်ရတာ အခက်အခဲရှိတယ်ဆိုရင်လည်း ဖုန်းခေါ်လိုက်ရုံပါပဲ။ အဖွဲ့သားတွေက ကူညီဖြေဆိုပေးဖို့ ဖုန်းနားမှာ အသင့်အနေအထားနဲ့ ရှိနေပါတယ်။
🌿ဦးတို့ရဲ့ အနယ်နယ်အရပ်ရပ်က ဖေ့ဘုတ်ဘော်ဒါတွေကိုလည်း အသိပေးလို့ရအောင် သူငယ်ချင်းများဖိတ်ခေါ်ရန် ဆိုပြီး လုပ်ဆောင်ချက်လေးကို အပေါ်ညာဖက်ထောင့်က ⓘ ဆိုတာလေးကို နှိပ်ပြီး ဘော်ဒါတွေ ခေတ်နောက်ကျ မကျန်ခဲ့အောင် ဖိတ်ခေါ်ပေးပါဦးနော်။
အစိမ်းရောင်လမ်း တစ်ဖွဲ့သားလုံးက တောင်သူဦးကြီးတို့အတွက် အသုံးတည့်တဲ့ စိုက်ပျိုးရေးဆော့ဝဲဖြစ်ဖို့ အမြဲကြိုးပမ်းအားထုတ်နေတာကြောင့် ဦးကြီးတို့ဆီက အကြံပြုချက်တွေ၊ အမြင်တွေကို ဝမ်းသားအားရနဲ့ အမြဲကြိုဆိုနေပါတယ်။
လယ်ယာသီးနှံများအထွက်တိုးပြီး ဈေးကောင်းများရရှိကြပါစေ။
အစဉ်အမြဲကြိုးစားလျက်
အစိမ်းရောင်လမ်း အဖွဲ့သားများ
Google Play Store- bit.ly/greenwaymyanmar






အောက်တိုဘာလ (၃)ရက်၊ ၂၀၁၇ ခုနှစ် သီးနှံဈေးနှူန်းများ
မြန်မာနိုင်ငံရှိ ကုန်စည်ဒိုင်အသီးသီးမှ သီးနှံအမျိုးအစား ၄၀၀ ကျော်ရဲ့ ဈေးနှူန်းတွေကို နေ့စဉ်တင်ပေးနေ့တဲ့ အစိမ်းရောင်လမ်း စိုက်ပျိုးရေး အခမဲ့ ဖုန်းဆော့ဝဲ။
AMIA မှ သီးနှံဈေးနှူန်းများ ဖတ်ရန်နှိပ်ပါ - 
http://greenwaymyanmar.org/market-price/AMIA
ZayNhone မှ သီးနှံဈေးနှူန်းများ ဖတ်ရန်နှိပ်ပါ -
http://greenwaymyanmar.org/market-price/ZayHnone
ရာဘာဈေးနှူန်းများကို စိတ်ဝင်စားသူများအတွက် ဖတ်ရန်နှိပ်ပါ -
http://greenwaymyanmar.org/market-price/GreenWay
အစိမ်းရောင်လမ်း အခမဲ့ စိုက်ပျိုးရေး ဖုန်းဆော့ဝဲလ် ဆော့ဝဲလ်ရယူရန်
Google Play Store- bit.ly/greenwaymyanmar
တိုက်ရိုက် ရယူရန်- http://bit.ly/greenwaydl




No comments:

Post a Comment