Tuesday, October 17, 2017

သက်မွေးပညာနဲ့ဝင်ငွေ THS GTI & TU

သက်မွေးပညာနဲ့ဝင်ငွေ
မိမိအတွေ့အကြုံအရ တက္ကသိုလ်ပညာ (ဘွဲ့ရသူ) နဲ့ သက်မွေးပညာ (ဒီပလိုမာ) ရရှိသူ လစာဝင်ငွေ အတူတူပဲလို့ပြောနိုင်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းလုပ်ရင်တော့ သက်မွေးပညာ တတ်မြောက်ထားသူတွေက ပိုပြိးအောင်မြင်ပါတယ်။ စီးပွားရေးလုပ်ရင် နှိမ့်ချသူတွေက ကိုယ်ပိုင်လုပ်ငန်း ပိုအောင်မြင်ပါတယ်။ ဘွဲ့ရသူတွေကတော့ အရာရှိကြီးတွေ ဖြစ်လာတယ်။ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံမှာတော့ သက်မွေးပညာက ပိုအောင်မြင်တယ် ပြောရပါတယ်။ မိမိ အမြင်ပါ။
.
မိမိ မြန်မာလူမျိုး မိတ်ဆွေများစွာ ဘွဲ့ရနဲ့ ဒီပလိုမာ နိုင်ငံခြားမှာအလုပ်သွားလုပ်ကြတယ်။ သင်္ဘောသားအလုပ်လုပ်ကြတယ်။ သက်မွေးပညာသမားတွေပဲ လစာပိုကောင်းကြတယ်။ ပိုကြိုးစားကြတာကိုတွေ့ရတယ်။ အခု မြန်မာနိုင်ငံကို နိုင်ငံခြားကုမဏီများစွာ ရောက်လာကြတယ်။ အင်္ဂလိပ်စာ၊ စကား တတ်သူဆိုရင် လစာ၂ဆ မကအောင် ပေးပြီး ခန့်သလို ၊ ဘွဲ့ရထက်၊ သက်မွေးပညာတတ်မြောက်သူများကို ပိုပြီး အလုပ်ခန့်ကြမှာပါ။ မြန်မာ တက္ကသိုလ် ရိုးရိုးဘွဲ့ရများကတော့ လစာ ၁သိန်းခွဲပဲ ပေးမှာပဲ။ ဒါပေမဲ့ သက်မွေးပညာ GIT ၃နှစ်ပြီးသူတွေကတော့ လစာ၃ဆမကအောင် ရကြမယ်ဖြစ်ပါတယ်။
.
ဘွဲ့ ယူမလား၊ သက်မွေးပညာ ယူမလား။
အဖြေ။ သက်မွေးပညာပေါ့
.
.
ဒေါ်အောင်ဆန်းစုကြည် အမြင်
နမူနာ ဆွဒ်ဇာလန်ပညာရေးဝန်ကြီးရဲ့ သားသမီး၆ယောက်မှာ ၄ယောက်က သက်မွေးပညာသင်ပြီ၊ ၂ယောက်က တက္ကသိုလ်ပညာသင်တယ်။ အလုပ်လုပ်ကိုင်တော့ အားလုံးတန်းတူ ၀င်ငွေ ရရှိကြတယ်။ သက်မွေးပညာက အလုပ်ကိုင်ပိုပြီးလွယ်တယ်။ တိုးတက်တဲ့နိုင်ငံကြီးများတောင် ဘွဲ့ရတွေ အလုပ်ကိုင်ခက်ခဲနေကြလို့ သက်မွေးပညာကို အစိုးရကဦးစားပေးနေတာ ပြည်သူလူထုကလဲ အားပေး၊ သားသမီးများကို တက်ရောက်ကြဖို့ ပြောသွားပါတယ်။ (၂၀၁၇ ၀မ်းတွင်းမြို့နယ်၊ ရွာသားများနှင့်တွေ့ဆုံပွဲ)။
.
လွဲမှာတဲ့ပညာဂုဏ်
မိဘတွေနဲ့ သားသမီးတွေ စိတ်ထားတွေက တက္ကသိုလ်ကျောင်းသား၊ တက္ကသိုလ်ကျောင်းသူ ဆိုရင် ဂုဏ်ရှိလှပြီ ဆိုတဲ့ လွဲမှားတဲ့ စိတ်ထားကြီးတွေ ရှိနေပါတယ်။ နောက်ဆုံးတော့ မိဘမတတ်နိုင်တဲ့ သားသမီးတွေပဲ သက်မွေးပညာ သင်ရတယ် ဆိုတဲ့ သဘောရောက်သွားတာလဲ ၀မ်းနည်းစရာပါပဲ။
.
ဘာပဲဖြစ်ပစေ၊ အခုတော့ GTI ၀င်ခွင့်သင်တန်းတွေ ခေတ်စားလာပြန်ပြီ၊ စင်ကာပူ (နတ်မောက်) ၊ ဂျမန် (နေပြည်တော်) ၊ ဂျပန် သက်မွေးပညာသင်တန်းတွေကတော့ ၀င်ခွင့်ရဖို့ ခက်ခဲပါတယ်။ အထူးသဖြင့် ၁၀တန်းအောင်အမှတ်ကောင်းဖို့ လိုပါတယ်။ အရေးကြီးဆုံးကတော့ ၀င်ခွင့်စာမေးပွဲ အောင်မြင်ဖို့ဖြစ်ပါတယ်။ ၀င်ခွင့် စီစစ်ရေးကော်မတီအဖို့ နိုင်ငံအကျိုးအတွက် အဂတိကင်းကြမယ်မျှော်လင့်ပါတယ်။
.
GTI သင်တန်းကို ဘွဲ့ရများလည်း တတ်နိုင်ပါတတယ်။ သက်မွေးပညာဌာနက ကျောင်းသားတွေ ခေါ်နေပါပြီ။
.
Credit: Kyaw Myint shared Aye Myint's post.


No comments:

Post a Comment