Wednesday, October 18, 2017

အစိုးရ၀န်ကြီးဌာနများ ဇီးသီးဗန်းမှောက်ခြင်း (ဇာနီကြီး ဆောင်းပါး)



ဇီးသီးဗန်းမှောက်ခြင်း (ဇာနီကြီး ဆောင်းပါး) မှောက်ခြင်း (၃)မျိုးရှိပါတယ်။ ပထမ အများသိတဲ့အတိုင်း နိုင်ငံတော် ပိုက်ဆံနဲ့အချိန်ကို မိမိအကျိုးအတွက် အလွဲသုံးစားခြင်းဖြစ်ပါတယ်။ ဒါကတော့ လူတိုင်းသိပြီးသားပါ။ ဒုတိယ ၀န်ဆောင်ခတောင်းခြင်းဖြစ်ပါတယ်။ အထူးသဖြင့် ပြည်သူလူထု (သို့မဟုတ်) လုပ်ငန်းရှင်များနဲ့ ဆက်သွယ်ရတဲ့ ဌာနဆိုင်ရာများက သတ်မှတ်ထားတဲ့ အခကြေးငွေကို နိုင်ငံတော်ကို ပေးသွင်းရာမှာ လွယ်ကွယ်ချောမွေ့စေရန် စပါယ်ရှယ်ဝန်ဆောင်ခ ပေးရခြင်း ဖြစ်ပါတယ်။ . တတိယ မသိလို့ လက်မှတ်ထိုးပေးလိုက်မိခြင်း (သို့မဟုတ်) မျက်နှာနာစရာ၊ အားနာစရာ၊ ကျေးဇူးရှိသူ ပုဂ္ဂိုလ်များက အကူညီတောင်းခြင်းကြောင့် လုပ်ပိုင်ခွင့်ချပေးလိုက်ရခြင်းဖြစ်ပါတယ်။ တနည်းအားဖြင့် အထက်က လုပ်ပေးလိုက်ပါ နှုတ်မိန့်ကြောင့် တစ်ပြားတစ်ချပ်မှ မရပဲ လုပ်ပေးလိုက်ရခြင်း ဖြစ်ပါတယ်။ . . ဇီးသီးဗန်းမှောက်တဲ့ အစိုးရနဲ့ အာဏာပိုင်အဖွဲ့အစည်းများအကြောင်း ဘယ်လို မှောက်နေကြကြောင်းကို အနည်းငယ် ရေးလိုက်ပါတယ်။ မိမိသိရသရွေ့ကတော့ (အတိအကျမဟုတ်ပေမဲ့) သိန်း၁ထောင်အောက် စီမံကိန်းတွေဆိုရင် ၅၀%အထိ ဇီးသီးဗန်းမှောက်လေ့ ရှိပါတယ်။ ဥပမာ စာသင်ကျောင်း တစ်ခုဆောက်မယ်ဆိုရင် တိုင်း၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာအဆင့်ကအစ ကျောင်းဆရာ၊ ဆရာမများကအဆုံး အဆင့်ဆင့် ဇီးသီးဝေငှပေးရပါတယ်။ ယခင်အစိုးရတုန်းက ၀န်ကြိးများရုံးကို အများဆုံးပေးရပေမဲ့ အခု အစိုးရလက်ထက်မှာ ခေါင်မိုးလုံအောင် တိုင်းအဆင့်အထိပဲ စီမံကိန်းများများကို ဆောက်လုပ်ရေးကော်ပိုရေးရှင်းက လွှဲယူလိုက်ခြင်းကလဲ ပုဂ္ဂလိက ကုမဏီများရဲ့ အရည်သွေးကျညံ့ဖျင်းလာလို့ ဖြစ်ပါတယ်။ ဇီးသီးဗန်း ဒါလောက် မှောက်နေမှတော့ မရှုံးအောင် အရည်သွေးနှိမ့်ချရတော့ ကန်ထရိုက်တာ ထွက်ပြေးတဲ့အထိ တောင်ဖြစ်တတ်ပါတယ်။ . အလွန်ကြီးမားတဲ့ သိန်းပေါင်းသောင်းချီတဲ့ ဒေါ်လာသန်းပေါင်းများစွာတန်ဖိုးရှိတဲ့ စီမံကိန်းကြီးများရဲ့ ဇီးသီးဗန်းမှောက်ပုံများကတော့ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်ကြီးများရဲ့ ဆုံးဖြတ်ချက်များဖြစ်ပါတယ်။ ဖြစ်လေ့ဖြစ်ထ ရှိတာကတော့ တတိယနည်းနဲ့ စီမံကိန်းကြီးများကို လက်မှတ်ရေးထိုးပေးရခြင်းတွေ အဖြစ်များပါတယ်။ အရင်အစိုးရလက်ထက်မှာတော့ သက်ဆိုင်ရာ အကြီးအကဲ (၀န်ကြီး သို့မဟုတ် ကော်မရှင်ဥက္ကဌက) လုပ်ပေးလိုက်ပါ ပြောရင် အားလုံးသဘောတူပြီး ဖြစ်လာတဲ့ အကျိုးဆက်တွေကို နိုင်ငံတော်ကပဲ ကုန်းရုန်း ခံရပါတော့တယ်။ . . . အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းများ . မြန်မာနိုင်ငံမှာ အစိုးရအဖွဲ့၊ ၀န်ကြီးဌာနပေါင်း များစွာမှာ ၀န်ထမ်းပေါင်း (တပ်မတော်သားအပါဝင်) စုစုပေါင်း သန်းနဲ့ချီ ရှိပါတယ်။ ထိပ်ဆုံးက စပြီးရေးရရင် . ၁။ နိုင်ငံတော်သမ္မတရုံး နဲ့ နိုင်ငံတော်၏အတိုင်ပင်ခံရုံး . ၂။ ပြည်တောင်စုအစိုးရအဖွဲ့ရုံး . ၃။ နေပြည်တော်ကောင်စီ . ၄။ လွှတ်တော်ရုံး . ၅။ လွှတ်တော်ရွေးကောက်ပွဲကော်မရှင်ရုံး . ၆။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး . ၇။ ပြည်ထောင်စုတရားလွှတ်တော်ချုပ် . ၈. ပြည်ထောင်စု ရှေ့နေချုပ်ရုံး . ၉။ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး . ၁၀။ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ . ၁၁။ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ..စတဲ့ ပြည်ထောင်စုအဆင့် အာဏာပိုင်ရုံးများရှိပါတယ်။ အဲဒီနေရာများမှာ ဆီးသီးဗန်းမှောက်နည်း (၂)နည်းကိုတော့ မိမိနဲ့ အလွန်အလှမ်းဝေးတဲ့အတွက် မရှိဘူးလို့ပဲ သတ်မှတ်လိုက်ပါတော့မယ်။ နိုင်ငံတော် အမြင့်ဆုံးအဖွဲ့အစည်းက လက်မှတ်ထိုးရမယ် ဆိုတဲ့ စီမံကိန်းကြီးတွေ၊ လုပ်ငန်းကြီးတွေကတော့ ငွေဘယ်လောက်ကုန်ပါစေ၊ လုပ်ရမှာပဲ ဖြစ်ပါတယ်။ . . . ၀န်ကြီးဌာန ဇီးသီးဗန်းမှောက်မှုများ . ရေးရမဲ့ ဖြစ်ပျက်နေတဲ့ ဖြစ်ရပ်များတော့ ၀န်ကြီးဌာနများက လုပ်ပိုင်ခွင့်ရှိတဲ့ ၀န်ထမ်းများရဲ့ အကျင့်ပျက် ခြစားမှုများ ဖြစ်ပါတယ်။ ဒီနေရာမှာ မဖြစ်စလောက် အသေးစား ၀န်ဆောင်မှုများကို လစ်လျူရှုရမှာ ဖြစ်ပါတယ်။ ဘဏ်ငွေထုတ်ခြင်း၊ ပင်စင်ထုတ်ခြင်း များကို ဘဏ်ဝန်ထမ်းများက တန်းစီစရာမလိုပဲ ၀န်ဆောင်မှုပေးခြင်း၊ လ.၀.က၊ လျှပ်စစ်၊ တယ်လီဖုန်း၊ ကားလိုင်စင်၊ သဘော်လိုင်စင်၊ စည်ပင်အခကြေးငွေ၊ ဌာနဆိုင်ရာများကထုတ်ပေးတဲ့ လုပ်ငန်းလိုင်စင်များ စတဲ့ အစိုးရဌာန အားလုံးနီးပါး မှာ ၀န်ဆောင်မှုပေးတဲ့အတွက် အခကြေးငွေ ရရှိကြပါတယ်။ တနည်းအားဖြင့် တန်းစီ လူကိုယ်တိုင်လာရောက်စရာ မလိုတဲ့ ၀န်ဆောင်မှုအတွက် အခကြေးငွေ ပေးကြပါတယ်။ ပေးသူများလဲ ပေးချင်ကြတယ်။ ယူသူများကလည်း တစ်ဥိးချင်းအတွက် အများကြီးမကုန်ကျပေမဲ့ လူဦးရေများလာတော့ ၀န်ထမ်းအတွက် လစာအပြင် အပိုငွေလေး ရပါတယ်။ ဒါကတော့ လက်ရှိ မြန်မာနိုင်ငံ ၀န်ထမ်းဌာနတိုင်းရဲ့ လုပ်နေကျ အသေးမွှား လို့ပဲ သတ်မှတ်ရပါတယ်။ မပေးချင်တဲ့လူ တန်းစီရမယ်ပေါ့။ . . တချို့ စပါယ်ရှယ် ကိစ္စမျိုးမှာတော့ အများကြီး ၀န်ဆောင်ခ ပေးရပါတော့တယ်။ ဥပမာ အက်ဖ်အာစီ တစ်ယောက် သက်တမ်းတိုးရမယ်ဆိုရင် ညစ်ပြီပဲ။ နိုင်ငံခြားသားတစ်ယောက် အမှုဖြစ်ပြီဆိုရင် အညီယင်အုံသလို ၀ိုင်းးတောင်းကြတယ်။ ကားအင်ဂျင်အသစ် လဲထားတယ်ဆိုရင် လိုင်စင်သက်တမ်းတိုးဖို့ စပါယ်ရှယ်ဝန်ဆောင်မှု လိုအပ်လာတယ်။ အဆောက်အဦများ ဆောက်လုပ်ရမှာ ဒီဇိုင်းနဲ့မကိုက်တာမျိုးတွေ ဆိုရင်လဲ စပါယ်ရှယ်ကိစ္စ ဖြစ်လာပါတယ်။ အိမ်ခြံမြေပြသနာများ၊ အခွန်ဆောင်တဲ့ ပြသနာများ၊ မော်တော်ယာဉ်ပြသနာများ ဖြစ်လာရင်တော့ အုပ်ချုပ်ရေးမှုး၊ ပြည်သူ့ရဲ၊ နဲ့ တရားရုံးများပါ အလွန်ရှုပ်ထွေးစွာ ပါဝင်လာရရင်တော့ မိမိအသက်သေတဲ့အထိ အမှုမပြိးပဲ တွဲလောင်းနဲ့ အချိန်ကုန်၊ ငွေကုန် ဖြစ်သွားတတ်ပါတယ်။ စပါယ်ရှယ် ကိစ္စများမှာ အမြင်ကပ်မှုပုဒ်မ ကြောင့် ဖြစ်ရတာတွေ များပါတယ်။ . .. . ၀န်ကြီးဌာနများမှာ အရေးပါတဲ့ ဌာန နဲ့ သိပ်အရေးမပါတဲ့ ဌာနများဆိုပြီး ခွဲခြားနိုင်ပါတယ်။ တနည်းအားဖြင့် ငွေကြေးတန်ဖိုး ဘယ်လောက်ကြီးမားသလဲ ဆိုတဲ့အချက်ပေါ် မူတည်ပါတယ်။ နိုင်ငံတော် ဘတ်ဂျတ် ဘယ်လောက်များသလဲ ဆိုတဲ့အချက်ပေါ်မူတည်ပါတယ်။ ဒါကြောင့် ဘတ်ဂျတ်များတဲ့ လျှပ်စစ် (၂၄%) ၊ ကာကွယ်ရေး (၁၄%)၊ စီမံဘဏ္ဍာ ၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ နိုင်ငံတော်ပိုင်စီးပွားအဖွဲ့စည်းများ စတဲ့ ၀န်ကြီးဌာနတွေက ဇီးသီးဗန်းမှောက်ဖို့ ယင်ကောင်တွေ များပြားလေ့ရှိပါတယ်။ . . ၀န်ကြီးဌာနများနဲ့ သူတို့လက်အောက်က ဌာနများကတော့ အရေးပါမှုအလိုက် သမ္မတရုံးဝက်ဆိုက်မှာ အစဉ်လိုက်ဖော်ပြထားတာကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ . ၁။ နိုင်ငံခြားရေးဝန်ကြီးဌာန ၂။ သမ္မတရုံးဝန်ကြီးဌာန ၃။ ပြည်တဲရေးဝန်ကြီးဌာန ၄။ ကာကွယ်ရေးဝန်ကြီးဌာန ၅။ နယ်စပ်ရေးရာ ၀န်ကြီးဌာန ၆။ နိုင်ငံတော်၏အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ၇။ ပြန်ကြားရေးဝန်ကြီးဌာန ၈။ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ၉။ လယ်ဆည်၊မွေးရေ၊ကျေး ၀န်ကြီးဌာန ၁၀။ ဆက်သွယ်ရေး၊ သတင်းအချက်လက်၊ ပို့ဆောင်ရေးဝန်ကြီးဌာန ၁၁။ ပတ်ဝန်းကျင်၊ သစ်တောနှင့် သထ္တုတွင်း ၀န်ကြီးဌာန ၁၂။ စွမ်းအင်နှင့်လျှပ်စစ်ဝန်ကြီးဌာန ၁၃။ လူဝင်မှုကြီးကြပ်ရေးနှင့်အလုပ်သမားဝန်ကြီးဌာန ၁၄။ စက်မှုဝန်ကြီးဌာန ၁၅။ စီးပွားကူးသန်းဝန်ကြီးဌာန ၁၆။ ပညာရေးဝန်ကြီးဌာန ၁၇။ ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာန ၁၈။ စီမံ ဘဏ္ဍာရေးဝန်ကြီးဌာန ၁၉။ ဆောက်လုပ်ရေးဝန်ကြီးဌာန ၂၀။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၂၁။ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဝန်ကြီးဌာန ၂၂။ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ၂၃။ စည်ပင်ဝန်ကြီးဌာနများ (ပြည်နယ်တိုင်းအားလုံး) . . . အဂတိလိုက်စားမှုဟာ အချက်နှစ်ချက်နဲ့ အကြမ်းဖြင်း နံပါတ်ပေးနိုင်ပါတယ်။ ဘတ်ဂျတ်ငွေ များများရလေလေ အဂတိများလေလေ ဖြစ်ပါတယ်။့  ပြည်သူလူထု၊ လုပ်ငန်းတွေနဲ့ထိတွေ့မှု များလေလေ အဂတိများလေလေ ဖြစ်ပါတယ်။ ဘတ်ဂျတ် ၂၀၁၇ အတွက် လျှပ်စစ် ၂၄.၃၂% စီမံဘဏ္ဍာ ၂၀.၈၂% ကာကွယ်ရေး ၁၄.၃၁% ပညာရေး ၈.၀၅% စိုက်ပျိုးမွေးမြူဆည်မြောင်း ၅.၇၉% ပို့ဆက် ၄.၂၉% နိုင်ငံတော်ပိုင်စီးပွားအဖွဲ့စည်းများ(ပြင်ပ) ၅.၆၃% ပြည်ထဲရေး ၁.၄၉% စက်မှု ၂.၇၈% ဆောက်လုပ်ရေး ၂.၄၈% ၊ ပြည်တဲရေး ၁.၄၉%၊ သယံဇာတ ၁.၄% ..စသဖြင့်ပါ။ ကျန်တဲ့ ၀န်ကြိးဌာနတွေကတော့ ဘတ်ဂျတ် ၁% အောက်ပဲ ဖြစ်ပါတယ်။ .. ဒေါင်းလုပ်လင့်..www.mof.gov.mm (၂၀၁၆-၁၇ ၀န်ကြီးဌာနများ ဘတ်ဂျတ် ၂၀၂၆၆ ဘီလျံကျပ်၊ တိုင်းဒေသကြီးများဘတ်ဂျတ် x ၂၂၄၉ ဘီလျံကျပ်၊ မြန်မာဂျီဒီပီ us$70 Billion = ၉၁၀၀၀ ဘီလျံကျပ် ဖြစ်တဲ့အတွက် ၁% ဘတ်ဂျတ် ဆိုတာ ကျပ်ဘီလံ၂၀၂ ဖြစ်ပါတယ်။ . အဂတိ အများဆုံး (ဇီးသီးဗန်းအမှောက်ဆုံး ၀န်ကြီးဌာနများကို အမှတ်စဉ်ချကြည့်ရင် အောက်ပါအတိုင်း (ခန့်မှန်းခြေ) အဆင့်သတ်မှတ် လိုက်ပါတယ်။ . . ဇီးသီးဗန်း အများဆုံးမှောက်ခြင်း (၁၃ ဌာန) . ၁။ စည်ပင်ဝန်ကြီးဌာနများ (ပြည်နယ်တိုင်းအားလုံး) တစ်တိုင်းပြည်လုံး တိုက်တာ၊ အဆောက်ဦး ဆောက်လုပ်မှုအားလုံးဟာ စည်ပင်လက်အောက်မှာ ရှိနေပါတယ်။ မြန်မာနိုင်ငံက ငွေရှိသူအားလုံး စည်ပင်ပါမစ်အောက်မှာ ဆောက်လုပ်နေရတဲ့အတွက် စည်ပင်ဝန်ကြီးဌာနကို အဆင့်-၁ အဖြစ် သတ်မှတ်ပါတယ်။ ဘတ်ဂျတ်ကတော့ သိပ်ချထားခြင်းမရှိပေမဲ့ ၀င်ငွေအများဆုံးလို့ သတ်မှတ်ရမှာပါ။ . . ၂။ စွမ်းအင်နှင့်လျှပ်စစ်ဝန်ကြီးဌာန (၂၄.၃၂% ဘတ်ဂျတ်) ရန်ကုန်တိုင်းလျှပ်စစ် မန္တလေးတိုင်းလျှပ်စစ် မြန်မာ့လျှပ်စစ်ဓါတ်အားလုပ်ငန်း လျှပ်စစ်စီမံကိန်းဦးစီးဌာန ရေအားလျှပ်စစ်အကောင်ထည်ဖော်ရေးဦးစီးဌာန ရေအားလျှပ်စစ်စီမံရေးဦးစီးဌာန လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း ရေအားလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန့်း မြန်မာ့ရေနံနှင့်သဘာဝလုပ်ငန်း မြန်မာ့ရေနံဓါတုဗေဒလုပ်ငန်း မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း ..................................... (မှတ်ချက်။ .... ဘတ်ဂျတ်အများဆုံး ၀န်ကြီးဌာန ဖြစ်တဲ့အတွက် ဇီးသီးဗန်း မှောက်လို့အကောင်းဆုံးဖြစ်ပါတယ်။ စီမံကိန်းကြီးတွေကို စားနေကျများက အသင့်နေရာယူထားပြီး တင်ဒါ၊ ကန်ထရိုက်တွေနဲ့ နိုင်ငံတကာချေးငွေ ဒေါ်လာသန်းပေါင်းများစွာကို ဇီးသီးဗန်းမှောက်နေတာ မကြာခင် ထိန်းသိမ်းနိုင်မယ် မျော်လင့်ပါတယ်။ တစ်ယူနစ်သုံးတိုင်း နိုင်ငံတော်က ၂၆ကျပ် ရှုံးနေလို့၊ မိမိအိမ်မှာ မီတာခ တစ်သောင်း ကျသင့်ရင်၊ မိမိက နိုင်ငံတော်ပိုက်ဆံ ၈ထောင် အခမဲ့သုံးနေပါတယ်။ လျှပ်စစ်များများသုံးသူက နိုင်ငံတော်ငွေတွေ ပိုပြီးအခမဲ့ ယူသုံးနေသလိုပါပဲ။ ဒါကတော့ မကြာခင် လျှပ်စစ်ဈေးနှုန်းတိုးမြင့်သတ်မှတ်ပါမယ်။ . . ၃။ စီမံ ဘဏ္ဍာရေးဝန်ကြီးဌာန (၂၀.၈၂% ဘတ်ဂျတ်) အကောက်ခွန်ဦးစီးဌာန ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် မြန်မာ့ရင်းနှီးမြှတ်နှံမှုနှင့်ကူးသန်းရောင်းဝယ်မှုဘဏ် မြန်မာ့အာမခံလုပ်ငန်း ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန မြန်မာ့စီးပွားရေးဘဏ် ပင်စင်ဦးစီးဌာန အခွန်အယူခံခံအဖွဲ့ရုံး ငွေတိုက်ဦးစီးဌာန ဗဟိုစက်ပစ္စည်းစရင်းအင်းနှင့်စစ်ဆေးရေးဦးစီးဌာန ဗဟိုစာရင်းအင်းအဖွဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန စီမံကိန်းရေးဆွဲရေးဦးစီးဌာန စီမံကိန်းစီစစ်ရေးနှင့်တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန ..................................... (မှတ်ချက်။ .... အခွန်ကောက် ဌာနကတော့ နာမည်အကြီးဆုံး ဖြစ်ပါတယ်။ အထူးသဖြင့် နယ်စပ်ကုန်ပစ္စည်း သွင်းကုန်၊ ထွက်ကုန် အခွန်မှာ မြန်မာနိုင်ငံဘက်က တန်ဘိုးရှော့ပြခြင်းနဲ့ အခွန်ငွေများစွာ နစ်နာသလို၊ တရားမ၀င်ကုန်များကို ဖမ်းဆီးပြီး ၃ပုံတစ်ပုံ ဆုကြေးယူတဲ့ စနစ်လဲ ရှိနေဆဲပါ)။ . . ၄။ ကာကွယ်ရေးဝန်ကြီးဌာန (၁၄.၃၁% ဘတ်ဂျတ်) ငွေစာရင်းရုံး ပစ္စည်းဝယ်ယူမှုညွန်ကြားရေးမှုးရုံး စစ်ဒေသတိုင်းမှုများ တပ်မတော်လေ တပ်မတော်ရေ စစ်တက္ကသိုလ်နှင့်လေ့ကျင့်ရေး (မှတ်ချက်။ နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ ၅.၆၃% ဘတ်ဂျတ်မှာ ဦးပိုင်လစ်မစ်တက် ရဲ့ ပိုင်ဆိုင်၊ အကျိုးမြတ်များက အလွန်ကြီးမားပါခြင်းကြောင့် အဆင့်-၄ သတ်မှတ်ပါတယ်။ ပြည်သူလူထု မမြင်နိုင်တဲ့၊ ပြည်သူ့လွှတ်တော် ရသုံးမှန်းခြေစာရင်းမှာလဲ မဖော်ပြပါ)။ . . ၅။ ပြည်တဲရေးဝန်ကြီးဌာန (၁.၄၉% ဘတ်ဂျတ်) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မီးသတ်ဦးစီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ ...နိုင်ငံဖြတ်ကျော်မှုခင်းဌာန ...မှုခင်းရဲတပ်ဖွဲ့ ...သတင်းတပ်ဖွဲ့ ...ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ ...ယာဉ်ထိန်းရဲအဖွဲ့ ...စည်ပင်သာယာရဲတပ်ဖွဲ့ ....နေပြည်တော်စည်ပင်ရထားရဲတပ်ဖွဲ့ ....နေပြည်တော်ဘူတာကြီးမူးယစ်တပ်ဖွဲ့ ....အကျဉ်းဦးစီးဌာန အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ..................................... (မှတ်ချက်။ ပြည်သူ့ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲများနဲ့ ထွေအုပ်များကြောင့် အဆင့်-၅ သတ်မှတ်ပါတယ်။ တကယ်တော့ အမှတ်စဉ်-၁ တောင်ဖြစ်နိုင်ပါတယ်။ အလားတူ ထွေအုပ် အဆင့်ဆင့်ရဲ့ အဂတိလိုက်စားမှုများ အထူးသဖြင့် အိမ်ခြံမြေ၊ လယ်ယာမြေ ကိစ္စများမှာ တွေ့နိုင်ပါတယ်။ ကရင်ပြည်နယ်အဆင့် ထွေအုပ်ကို ၂၀၁၇ မှာ ဖမ်းဆိးအရေးယူနိုင်ခဲ့ပါတယ်)။ )။ . . ၆။ နယ်စပ်ရေးရာ ၀န်ကြီးဌာန (အဆင့်-၆) ပညာရေးနဲ့လေ့ကျင့်ရေး ဦးစီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (မှတ်ချက်။ ဘတ်ဂျတ်ကတော့ မရှိသလောက်ဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးမှာ အ၀င်နဲ့အထွက် import & export စုစုပေါင်းတန်ဖိုးသတ်မှတ်မှုမှာ တရုပ်၊ ထိုင်း၊ အိန္နိယ သတ်မှတ်မှုထက် အများကြီးနည်းပါးနေတာကို တွေ့ရပါတယ်။ ဒါကြောင့် အခွန်ကောက်မှုမှာ နယ်စပ်စစ်တပ်များနဲ့ နယ်စပ်တိုင်းရင်းသား လက်နက်ကိုင်တပ်များ ထံကို ဇီးသီးဗန်း များစွာမှောက်မယ်လို့ ခန့်မှန်းပါတယ်။ ဒါကြောင့် အဆင့်-၆ ထိပ်ပိုင်း သတ်မှတ်ပါတယ်)။ . . ၇။ လယ်ဆည်၊မွေးရေ၊ကျေး ၀န်ကြီးဌာန (၅.၇၉% နံပါတ်-၅) စက်မှုလယ်ယာဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန စီမံကိန်းဦးစီးဌာန စိက်ပျိုးရေးသုတေသနဦးစီးဌာန ဆည်မြောင်နှင့်ရေအသုံးချစီမံခန့်ခွဲရေးဦးစီးဌာန ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် (သက်မွေးပညာ) ငါးလုပ်ငန်းဥိးစီးဌာန မေါးမြူရေးနှင့်ကုသရေးဥိးစီးဌာန မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် (သက်မွေးပညာ) ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ကျေးလက်ဖွံ့ဖြိုးရေးဘဏ် ..................................... (မှတ်ချက်။ .... နိုင်ငံတကာချေးငွေများစွာ ဆည်မြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများမှာ ရရှိပါတယ်။ ကျေးလက်ဖွံ့ဖြိုးရေး ချေးငွေအမြောက်အများနဲ့ ဘတ်ဂျတ်ရဲ့ ၅.၇၉% ကို ဇီသီးဗန်းမှောက်မှုများစွာ ရှိနေပါတယ်)။ . . ၈။ ဆက်သွယ်ရေး၊ သတင်းအချက်လက်၊ ပို့ဆောင်ရေးဝန်ကြီးဌာန (၄.၂၉% နံပါတ်-၆) ဆက်သွယ်ရေးနှင့်ညွန်ကြားမှုဦးစီးဌာန သတင်းအချက်လက်နည်းပညာ၊ ဆိုင်ဘာလုံခြုံရေးဦးစီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မြန်မာ့ စာတိုက်လုပ်ငန်း လေကြောင်းပို့ဆောင်ရေးဦးစီးဌာန ရေကြောင်းပို့ဆောင်ရေးဦးစီးဌာန မိုးလေ၀သနှင့်ဇလဗေဒဦးစီးဌာန ရေအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဦးစိးဌာန ပြည်တွင်းရေကြောင်းပို့ဆောင်ရေး မြန်မာ့ဆိပ်ကမ်းအာဏာပိုင် မြန်မာအမျိုးသားလေကြောင်း ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း (သက်မွေးပညာ) မြန်မာ့မီးရထား ကုန်လမ်းပို့ဆောင်ရေးလုပ်ငန်း ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစိးဌာန ..................................... (မှတ်ချက်။ ...စီးပွားရေးလုပ်ငန်းအားလုံး လေကြောင်း၊ ရေကြောင်း၊ ကုန်ကြောင်းလုပ်ငန်းများ အရှုံးပေါ်နေပါတယ်။ ဇီးသီးဗန်းမှောက်ခြင်းများကြောင့် ဖြစ်ပါတယ်။ ယာဉ်မှတ်ပုံတင် ဌာနများပဲ အမြတ်အစွန်းရပေမဲ့ လိုင်စင်ပြုလုပ်ခြင်းများမှာ လုပ်ပိုင်ခွင့်အလွဲသုံးခြင်းများ ရှိနေပါတယ်)။ . . ၉။ ပတ်ဝန်းကျင်၊ သစ်တောနှင့် သထ္တုတွင်း ၀န်ကြီးဌာန (၁.၉၂% ဘတ်ဂျတ်) မြေတိုင်းဦးစီးဌာန နယ်နမိတ်တိုင်းတာရေးနှင့်မြို့ပြဆောက်လုပ်ရေးအဖွဲ့ ဘူဘိပမာဏနှင့် အမှတ်၂ မြေတိုင်းဌာနခွဲ သစ်တောဦးစီးဌာန .....စီမံကိန်းဌာနခွဲ .....စီမံကိန်းနှင့်စာရင်းအင်းဌာန .....သဘာဝတောနှင့်စိုက်ခင်းလုပ်ငန်း .....ဘဏ္ဍာရေးဌာန .....စစ်ဆေးရေးဌာန .....ရေဝေရေလဲဒေသအုပ်ချုပ်ရေးဌာန .....တိုးချဲ့ပညာပေးရေးဌာန .....လေ့ကျင့်ရေးနှင့်သုတေသန .....တိရိစ္ဆာန်ဥယျာဉ်များဌာန .....သစ်တောတက္ကသိုလ် (သက်မွေးပညာ) .....သစ်တောသုတေသနဥိးစီးဌာန အပူပိုင်းဒေသစိမ်းလမ်းစိုပြေရေးဦးစိးဌာန ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဦးစီးဌာန မူဝါဒ၊ အပြည်ပြည်ဆိုင်ရာဆက်ဆံရေးနှင့်လေ့ကျင့်သုတေသနဌာန ပတ်ဝန်းကျင်ညစ်ညမ်းမှုကာကွယ်ရေးဌာန သယံဇာတထိန်သိမ်းရေးနှင့်ပတ်ဝန်းကျင်စစ်ဆေးမှုဌာန သတ္တုတွင်းဦးစီးဌာန ဘူမိ၊ ဓါတ်သထ္တုရှာဖွေရေးဌာန အမှတ်(၁)သတ္ထုတွင်း အမှတ်(၂)သတ္ထုတွင်း မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ..................................... (မှတ်ချက်။ ..သစ်တောများလည်း မကုန်သေးပါဘူး။ သတ္ထုတွင်းများ၊ ကျောက်စိမ်း၊ ကျောက်မြက်ရတနာများလည်း ထုတ်လို့ကောင်းနေဆဲ ဖြစ်ပါတယ်။ ဘတ်ဂျတ်ငွေများလည်း ချပေးဆဲ ဆိုတော့ ဇီးသီးဗန်း မှောက်လို့ ကောင်းနေဆဲပါ)။ . . ၁၀။ လူဝင်မှုကြီးကြပ်ရေးနှင့်အလုပ်သမားဝန်ကြီးဌာန ပြည်သူ့အင်အားဦးစီးဌာန လူဝင်မှုကြီးကြပ်ရေးနှင့်နိုင်ငံသားပြုဌာနခွဲ လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ဦးစီးဌာန အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသားဌာနခွဲ အလုပ်သမားညွန်ကြားရေးဦးစီးဌာန အလုပ်ရုံနှင့်အလုပ်သမားဥပဒေဦးစီးဌာန လူမှုဖူလှုံရေးအဖွဲ့ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန ..................................... (မှတ်ချက်။ နိုင်ငံသားတိုင်း မှတ်ပုံတင်လိုအပ်ပါတယ်။ မှတ်ပုံတင်ပျောက်သွားလို့ အသစ်လုပ်ရပါတယ်။ အဲဒီနေရာမှာ ၀န်ဆောင်မှုအဖြစ် ဘယ်လောက်မှန်းမသိရတဲ့ ငွေကိုပေးနေရပါတယ်။ လာပ်ပေးရန်မလိုပါ ဆိုတဲ့ ဆိုင်းဘုတ်ကြီး တပ်ဆင်ထားပြီး ပွင့်လင်းစွာ ရံပုံငွေ တောင်းခံတာရှိသလို၊ ခက်ခဲ၊ ကြံ့ကြာအောင်လုပ်ပြီး ငွေညစ်သလိုလုပ်တာမျိုးတွေကြောင့်၊ လွှတ်တော်မှာ ကိုယ်စားလှယ်များ မေးခွန်းမကြာခဏ မေးမြန်း၊ တင်ပြကြလေ့ရှိပါတယ်။ ၂၀၁၇ မှာတော့ အရင်ထက် အဆင်ပြေလာပါတယ်)။ . . ၁၁။ ဆောက်လုပ်ရေးဝန်ကြီးဌာန (၂.၄၈% ဘတ်ဂျတ်) ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း မြို့ရွာ၊ အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာန ..................................... (မှတ်ချက်။ အများဆုံး ဇီးသီးဗန်းမှောက်ခြင်းကတော့ လမ်း၊ တံတား များစွာ နိုင်ငံခြားအကူအညီ၊ ဘီအိုတီ စနစ်များနဲ့ ဆောက်လုပ်နေခြင်း ဖြစ်ပါတယ်။ ၂၀၁၇ နောက်ပိုင်းမှာ အစိုးရ၀န်ကြီးဌာန အဆောက်အဦများကို ဆောက်လုပ်ရေးက လွှဲပြောင်းယူမှာ ဖြစ်တဲ့အတွက် ဇီးသီးဗန်း မှောက်မှု အများဆုံးဖြစ်မလာဖို့ ဘယ်လိုကိုင်တွယ်မလဲ ဆိုတာ စောင့်ကြည့်ရပါမယ်)။ . . ၁၂။ ပညာရေးဝန်ကြီးဌာန (၈.၀၅% ဘတ်ဂျတ်) အဏုမြူစွမ်းအင်ဦးစီးဌာန နည်းပညာနှင့်သက်မွေးဦးစီးဌာန စက်မှုနည်းပညာမြှင့်တင်ရေးဦးစီးဌာန ဇီဝနည်းပညာနှင့်ဒြပ်ပစ္စည်းသုတေသနဦးစီးဌာန ဗဟိုသုတေသန၊ စံနှုန်း DRI အခြေခံပညာဦးစီးဌာန အဆင့်မြင့်ပညာဦးစိးဌာန ဆရာအတတ်ပညာနှင့်လေးကျင့်ရေးဦးစီးဌာန မြန်မာနိုင်ငံပညာရေးသုတေသနဦးစီးဌာန မြန်မာစာနှင့်ဘာသာစကားပညာရေးဦးစီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာန လူ့စွမ်းအားအရင်းအမြစ်နှင့်ပညာရေးစီမံကိန်းဦးစီးဌာန ..................................... (မှတ်ချက်။ ... ဘတ်ဂျတ်တိုးပြီး ချပေးနေပါတယ်။ ကျောင်း၊ အဆောက်အဦတွေ တပြည်လုံးဆောက်လုပ်နေခြင်းက အများဆုံး ဇီးသီးဗန်း မှောက်ခြင်း ဖြစ်ပါတယ်။ ကျောင်းသားများအတွက် အခမဲ့ စာအုပ်နဲ့စာရေးကရိယာများ၊ ၀တ်စုံများ ပေးနေခြင်းကလဲ ဇီးသီးဗန်းမှောက်ပါတယ်။ ဆရာပေါင်း၃သိန်းကျော် ရှိရာမှာ အများစုက လစာပဲ ရပေမဲ့၊ ကျူရှင်ပြတတ်သူများက ၀င်ငွေကောင်းနေခြင်းကတော့ ဇီးသီးဗန်းမှာက်ခြင်းလို့ ပြောမရပါ။ မုဒိတာ ထားရကြပါတယ်။ စနစ်သစ် ပညာရေးကြောင့် မိဘများ ပေးစရာမလိုတော့ခြင်းက ထူးခြားစွာ တိုးတက်ခြင်းဖြစ်ပါတယ်)။ . . ၁၃။ ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာန (၄.၂% ဘတ်ဂျတ်) အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ကျန်းမာရေးဦးစီးဌာန ပြည်သူ့ကျန်းမာရေးဥိးစီးဌာန ဆေးသုတေသနဦးစီးဌာန (မြန်မာအလယ်ပိုင်း) ဆေးသုတေသနဦးစီးဌာန (မြန်မာအထက်ပိုင်း) ဆေးပညာဦးစီးဌာန (သက်မွေးပညာ) တိုင်းရင်းဆေးပညာဦးစီးဌာန (သက်မွေးပညာ) အားကစားနှင့်ကာယပညာဦးစီးဌာန ....စီမံဘဏာဌာန ....ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာန(၁) (၂) ....လူထုပညာဌာန ....အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ ....အားကစားကွင့်နှင့်အားကစားရုံဌာနခွဲ ....အားကစားဆေးဘက်ဌာနခွဲ ....အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ ..................................... (မှတ်ချက်။ ဘတ်ဂျတ်များစွာ ချပေးခြင်းက နိုင်ငံခြားအကူညီများ၊ ချေးငွေများနဲ့ ဆေးရုံ၊ ဆေးခန်းများစွာ ဆောက်လုပ်နေခြင်း၊ ဆေးဝါးများစွာ အခမဲ့ပံ့ပိုးပေးခြင်းများကြောင့် ဖြစ်ပါတယ်။ ဒါကြောင့်လဲ ဇီးသီးဗန်း မှောက်ခြင်းများစွာ ဖြစ်ပေါ်ရပေမဲ့၊ အများစု ကျန်းမာရေးဝန်ထမ်းများက လခပဲရကြပါတယ်။ သူတို့ရဲ့ သက်မွေးပညာနဲ့ အပြင်ဆေးခန်းများမှာ အချိန်ပိုင် လုပ်ကိုင်စားခြင်းကလဲ မုဒိတာ ထားကြပါတယ်)။ . . . ဇီးသီးဗန်း အနည်းဆုံးမှောက်ခြင်း အောက်ဖေါ်ပြပါ အဆင့်-၁၄ ကစတင်တဲ့ ၀န်ကြီးဌာနတွေကတော့ ဇီးသီးဗန်း အနည်းဆုံးမှောက်တဲ့ ၀န်ကြီးဌာနတွေ လို့ သတ်မှတ်ပါတယ်။ . ၁၄။ စက်မှုဝန်ကြီးဌာန (၂.၇၈% ဘတ်ဂျတ်) စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန စက်မှုပူသးပေါင်းဆောင်ရွက်ရေးဦးစီးဌာန အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်း အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်း မြန်မာ့ဆေးဝါးလုပ်ငန်း အထည်အလိပ်လုပ်ငန်း အသေးစားစက်မှုလက်မှု ဦးစီးဌာန ..................................... (မှတ်ချက်။ .ဇီးသီးဇန်းအမှောက်ဆုံးကတော့ သိန်းနဲ့ချီရှိနေတဲ့ ၀န်ထမ်းများ ဖြစ်ပါတယ်။ စီမံကိန်းများအတွက် ချပေးတဲ့ ဘတ်ဂျတ်ငွေကလဲ ထုံးစံအတိုင်း ဇီးသီးဗန်း မှောက်ပေမဲ့ နည်းပါတယ်)။ . . ၁၅။ နိုင်ငံခြားရေးဝန်ကြီးဌာန အာစီယံရေးရာဦးစီးဌာန ကောင်စစ်ရေးရာနှင့်ဥပဒေရေးရာဦးစီးဌာန နိုင်ငံရေးရာဦးစီးဌာန အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့်စီးပွားရေးဦးစီးဌာန စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန သံတမန်ရေးရာဥိးစီးဌာန ..................................... (မှတ်ချက်။ နိုင်ငံတကာအဆင့်မီ နေထိုင်၊ စားသောက်၊ လစာ ပေးပြီး အဆောင်အယောင်၊ အခမ်းအနားများကြောင့် ကုန်ကျစရိတ်များတဲ့ ဌာနဖြစ်ပေမဲ့ မုဒိတာ ထားရမှာ ဖြစ်ပါတယ်)။ . . ၁၆။ ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား သတင်းစာနှင့်စာနယ်ဇင်းလုပ်ငန်း ပုံနှိပ်၊ စာအုပ်ထုတ်ဝေရေးလုပ်ငန်း နေပြည်တော်သတင်းစာတိုက် . . ၁၇။ စီးပွားကူးသန်းဝန်ကြီးဌာန . . ၁၈။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစိးဌာန လူမှုဝန်ထမ်းဦးစီးဌာန . . ၁၉။ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဝန်ကြီးဌာန ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှုဦးစီးဌာန ဟိုတယ်နှင့်ခရီးသွားဖွံ့ဖြိုးမှုတိုးတက်ရေးဦးစီးဌာန . . ၂၀။ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာထွန်းကားပြန့်ပွားရေးဦးစီးဌာန အပြည်ပြည်ဆိုင်ရာထေရ၀ါဒဗုဒ္ဒသာသနာပြုတက္ကသိုလ် သာသနာရေးဦးစီးဌာန ရှေးဟောင်းသုတေသနအမျိုးသားပြတိုက်ဦးစီးဌာန အနုပညာဦးစီးဌာန သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန . . ၂၁။ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန . . ၂၂။ သမ္မတရုံးဝန်ကြီးဌာန . . ၂၃။ နိုင်ငံတော်၏အတိုင်ပင်ခံရုံး ၀န်ကြီးဌာန . . . နိဂုံးချုပ် (သုံးသပ်ချက်) . အစိုးရ၀န်ကြီးဌာနများ အောက်မှာရှိတဲ့ ဌာနများကို လေ့လာကြည့်နိုင်ဖို့ ရေးပြခြင်းဖြစ်ပါတယ်။ ဌာနအကြီးအကဲဖြစ်တဲ့ ညွန်ကြားရေးမှုး၊ ညွန်ကြားရေမှုးချုပ် MD, DG များစွာ ရှိနေပေမဲ့ အရေးကြီးတဲ့ ဌာနများ တနည်း ဇီးသီးဗန်း အကြီးအကျယ် မှောက်တဲ့ ဌာနများကတော့ ၁၀% လောက်ပဲ ရှိပါတယ်။ အများစု ၀န်ထမ်းများက ဇီးသီးဗန်းအနား မကပ်နိုင်ကြပဲ အလုပ်အချိန်ကိုပဲ အလွဲသုံးစားလုပ်တာကို တွေ့ရပါတယ်။ . ဇီးသီးဗန်း မှောက်ခြင်းနည်းရန် လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်ပြီး ခေါင်မိုးလုံခြင်း နည်းလမ်းနဲ့ စတင်နေပါတယ်။ သတင်းစာနယ်ဇင်း နဲ့ လူမှုကွန်ယက်များမှာ ပွင့်လင်းမြင်သာမှု ရှိအောင် လူတွေပြောရဲဆိုရဲတဲ့ စနစ်ဖြစ်ပါတယ်။ အရေးယူမှု နည်းပါးခြင်း၊ တရားဥပဒေစိုးမိုးမှု နည်းပါးခြင်းရှိနေပါတယ်။ . နိုင်ငံတကာ အဂတိစံနှုန်းမှာ ၂၁၁၀ ခုနှစ်က ရမှတ် ၇% နဲ့ ဘိတ်ဆုံးအဆင့်ကနေ ယခု ၂၀၁၆ ခုနှစ်မှာ ရမှတ် ၂၆ နဲ့ အဆင့်များစွာ တိုးတက်လာတာကို တွေ့ရပါတယ်။ ၂၀၁၆ တစ်နှစ်ထဲ ၄မှတ် တိုးတက်ခဲ့ပါတယ်။ စင်ကာပူ 84 (ဂုဏ်ထူးမှတ် top 10)၊ မလေးရှား 49 ၊ အင်ဒိုနီးရှား 37 ၊ ဖိလစ်ပိုင် 35၊ ထိုင်း 35 ၊ ဗီယက်နမ် 33 ၊ လာအို 30 ၊ မြန်မာ26 ၊ ကမ္ဘောဒီယား 25 တို့ဖြစ်ပါတယ်။ လာအိုကို မှီဖို့ အထူးကြိုးစားရပါမယ်။ https://en.wikipedia.org/wiki/Corruption_Perceptions_Index . နိုင်ငံတော်က ၀န်ထမ်းများကို လစာတိုးပေးခြင်းထက် အခွင့်အရေး၊ အိမ်ယာ၊ ပညာရေး၊ ကျန်းမာရေး စတဲ့ လူမှုဖူလုံရေးများကို တိုးမြှင့်ပေးဖို့ လုပ်ဆောင်နေပါတယ်။ ဘောနပ်စ် ဆိုတဲ့ ဆုကြေးငွေ၊ ပင်စင် ဂရက်တြူတီငွေများနဲ့ ဆွဲဆောင်ပြီး အဂတိနည်းပါးရေး လုပ်ဆောင်နေပါတယ်။ လုပ်ပိုင်ခွင့် ရှိတဲ့ ၀န်ထမ်းအရာရှိကြီးများကိုတော့ ဒိနည်းနဲ့မရပါဘူး။ အရေးယူ ဖမ်းဆီးမှုပြုလုပ်ဖို့ အဂတိတိုက်ဖြတ်ရေးဥပဒေ ပြဌာန်းပြီးဖြစ်ပါတယ်။ . အရေးကြီးဆုံးကတော့ တရားဥပဒေ စိုးမိုးမှု ရှိလာရေးဖြစ်ပါတယ်။ တရားလွှတ်တော်ချုပ် အောက်က တရားသူကြီးများ လာပ်စားခြင်း ဇတ်လမ်းများ၊ အုပ်ချုပ်ရေးမှုများ လာပ်စားခြင်း မြေယာကော်မတီ ဇတ်လမ်များလည်း နည်းပါးလာတာ ၀မ်းသာစရာပါပဲ။ . နိုင်ငံခြားအကူညီ ချေးငွေများကို ဇီးသီးဗန်းမှောက်မှု အနည်းဆုံး၊ ဥပမာ လျှပ်စစ်ဝန်ကြီးဌာနက လုပ်ငန်းများအားလုံးကို အများပိုင်လုပ်ငန်းဖြစ်အောင်လုပ်နိုင်ဖို့၊ အမြတ်အစွန်းရှိအောင် လုပ်နိုင်လာရင် ၀န်ထမ်းတွေလည်း အစိုးရ၀န်ထမ်းဘ၀က ငွေထုတ်ပိုက်လို့ အငြိမ်းစားယူပြီး၊ ပုဂလိကကို ပျော်ရွှင်စွာ ကူးပြောင်းသွားမှာ ဖြစ်ပါတယ်။ ပြည်သူ့ဝန်ထမ်းများ အလွန်အကျူး ဇီးသီးဗန်းမှောက်နေမှုများကို အချိန်တိုအတွင်း တားဆီးနိုင်မယ် မျှော်လင့်ပါတယ်။ . မြန်မာပြည် သာယာဝပြောသော နိုင်ငံဖြစ်ပါစေ။ . . ဇာနီကြီး ၁၈ အောက်တိုဘာ ၂၀၁၇
.

No comments:

Post a Comment