Saturday, September 2, 2017

စတုတ္ထမြောက်အော်ပရေတာအဖြစ် လုပ်ကိုင်ခွင့်ရရှိတဲ့ Myanmar National Tele & Communications Co.,Ltd

မြန်မာနိုင်ငံ  ဆက်သွယ်ရေးလောက ထဲသို့
စတုတ္တအော်ပရေတာ ဝင်ပြီ။
စတုတ္ထမြောက်အော်ပရေတာအဖြစ် လုပ်ကိုင်ခွင့်ရရှိတဲ့ Myanmar National Tele & Communications Co.,Ltd ကို Myanmar National Telecom Holding Public Limited က ၂၃ ရာခိုင်နှုန်း၊ Star High Co.,Ltd က ၂၈ ရာခိုင်နှုန်းတို့ ပူးပေါင်းပြီး ပြည်တွင်းအစုရှယ်ယာအနေနဲ့ ၅၁ ရာခိုင်နှုန်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုအနေနဲ့ ဗီယက်နမ်က Viettel Company က ၄၉ ရာခိုင်နှုန်းနဲ့ ပူးပေါင်းဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ( တစ်နှစ်ခန့်ကြာ မှ စတင်သုံးလို့ရပါ့မယ် )
➖➖➖➖➖➖➖➖➖➖➖➖➖➖
( 12-January 2017)

မြန်မာနိုင်ငံရဲ့ စတုတ္ထမြောက် ဆက်သွယ်ရေးအော်ပရေတာအဖြစ် လုပ်ကိုင်ခွင့်ရရှိတဲ့ Myanmar National Tele & Communications Co.,Ltd နဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနတို့ ဒီကနေ့ နေပြည်တော်မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။

လိုင်စင်ကြေးအဖြစ် Myanmar National Tele & Communications Co.,Ltd အနေနဲ့ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ပေးသွင်းရတယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက ပြောပါတယ်။ လိုင်စင်သက်တမ်းအနေနဲ့ ၁၅ နှစ် ဖြစ်တယ်လို့ ဆိုပါတယ်။

“အခုစတုတ္ထမြောက်အော်ပရေတာက သူတို့ထက် နောက်ကျပြီးမှ ဝင်တဲ့အတွက် ဈေးကွက် ရှယ်ယာကလည်း သူတို့ထက်စာရင် နည်းသွားတဲ့အတွက် နိုင်ငံတော်က သန်း ၃၀၀ လို့ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်” လို့ ဦးမျိုးဆွေက ဆိုပါတယ်။

ဒါဟာ ၂၀၁၃ ခုနှစ်က ချမှတ်ခဲ့တဲ့ မူဝါဒဖြစ်တဲ့ မိုလ်ဘိုင်းအော်ပရေတာ ၄ ဦး (ပြည်တွင်း အော်ပရေတာ ၂ ဦး)၊ ပြည်ပအော်ပရေတာ ၂ ဦးအရ ဒုတိယမြောက် ပြည်တွင်း(မြန်မာ) အော်ပရေတာလည်း ဖြစ်ပါတယ်။

ပြည်ပအော်ပရေတာတွေဖြစ်တဲ့ Telenor အနေနဲ့ လိုင်စင်ကြေး အမေရိကန်ဒေါ်လာ သန်း ၅၀၀၊ Ooredoo က သန်း ၁၀၅၀ နဲ့ ပေးသွင်းခဲ့ရပါတယ်။

စတုတ္ထမြောက်အော်ပရေတာအဖြစ် လုပ်ကိုင်ခွင့်ရရှိတဲ့ Myanmar National Tele & Communications Co.,Ltd ကို Myanmar National Telecom Holding Public Limited က ၂၃ ရာခိုင်နှုန်း၊ Star High Co.,Ltd က ၂၈ ရာခိုင်နှုန်းတို့ ပူးပေါင်းပြီး ပြည်တွင်းအစုရှယ်ယာအနေနဲ့ ၅၁ ရာခိုင်နှုန်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုအနေနဲ့ ဗီယက်နမ်က Viettel Company က ၄၉ ရာခိုင်နှုန်းနဲ့ ပူးပေါင်းဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

Myanmar National Tele & Communications Co.,Ltd ရဲ့ ပြင်ပဆက်သွယ်ရေးအမှုဆောင်အရာရှိချုပ် ဦးဇော်မင်းဦးက “ကျနော်တို့မှန်းထားတာက လူဦးရေရဲ့ ၉၅ ရာခိုင်နှုန်းကို Network လွှမ်းမိုးမှုရှိအောင် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ Network ကွန်ရက်ကို အကောင်းဆုံး ဖြစ်အောင် တည်ထောင်သွားပြီး အဲဒီအပေါ်ကနေပြီးတော့ပဲ ဝန်ဆောင်မှုကို အကောင်းဆုံး ပေးသွားမှာ ဖြစ်ပါတယ်။ အကျိုးအမြတ်တွေကိုလည်း ပထမသက်တမ်း ၁၅ နှစ်အတွင်းမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၈၀ ကို CSR အနေနဲ့ သုံးစွဲပေးသွားမှာပါ။ အဲဒါမှာ ဘာတွေပါမလဲဆိုတော့ Public Location ပေါင်း ၅၀၀၀ မှာ ပညာရေးနဲ့ပတ်သက်တဲ့ ကျောင်းတွေမှာ Internet Access တွေရအောင် အဓိကထားပြီး အင်တာနက်အခမဲ့ပေးနိုင်အောင် ဆောင်ရွက်သွားမှာပါ” လို့ ပြောပါတယ်။

ဆင်းကဒ် နာမည်ကိုတော့ ရွေးချယ်နေဆဲဖြစ်ပြီး ဖုန်းနံပါတ်တွေကိုတော့ 096 တွေနဲ့ ထုတ်ဝေသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဆင်းကတ်တန်ဖိုးနဲ့ ဖုန်းခေါ်ဆိုခတွေကတော့ လက်ရှိ အော်ပရေတာတွေနဲ့ ဈေးနှုန်းအတူတူပဲလို့ ပြောပါတယ်။ လုပ်ငန်းစတင်လည်ပတ်ဖို့ ၁ နှစ်ခန့်ကြာဦးမယ်လို့ သိရပါတယ်။

Credit DVB


MNTH Co.ltd ရှိပါတယ်​ MICT part Building 4 မှာပါ သူတို့က MYTel အတွက်​ Tower Co လုပ်​မှာပါ တဆိတ်​တ​ဒေသအ​နေနဲ့ အရင်​ Apollo တို့ Pan Asia တို့လိုပါ

No comments:

Post a Comment