အိန္ဒိယ မှ လိုအပ်လျင် မြန်မာအား လက်နက်များ ထောက်ပံ့မည်ဟု ဆို
"ရို" သမိုင်းကြောင်းကို ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့သော ဗြိတိသျှ ပညာရှင်
ဗြိတိသျှ တို့မှ အဘယ်ကြောင့် ရခိုင် မူဆလင်အရေးကို တက်ကြွစွာ ကန့်ကွက်ခဲ့ရသနည်း
=======================================
"ရို" သမိုင်းကြောင်းကို ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့သော ဗြိတိသျှ ပညာရှင်
ဗြိတိသျှ တို့မှ အဘယ်ကြောင့် ရခိုင် မူဆလင်အရေးကို တက်ကြွစွာ ကန့်ကွက်ခဲ့ရသနည်း
=======================================
အိန္ဒိယ မှ ၎င်းတို့၏ အိမ်နီးချင်း ဗုဒ္ဓဘာသာ မြန်မာနိုင်ငံ အား ယခုကဲ့သို့ မူဆလင် နိုင်ငံ များ နှင့် အနောက်တိုင်း ခရစ်ယာန် မီဒီယာ များမှ တဖက်စောင်းနင်း အနိုင်ကျင့် လာနေမှုများကြောင့် မူဆလင် အကြမ်းဖက်သမားများ အား နှိမ်နှင်းနိုင်ရေး တွင် လက်နက်များ ထောက်ပံ့မည်ဟု ဗြောင်ကျကျ ကမ်းလှမ်းလိုက်ပြီ ဖြစ်ပါတယ်။
အိန္ဒိာ သို့ ရောက်ရှိနေသော မြန်မာတပ်မတော် ရေတပ် စစ်ဦးစီးချုပ် ဗိုလ်ချုပ် တင်အောင်ဆန်း နဲ့ တွေ့ဆုံပြီးနောက် အိန္ဒိယ အရာရှိများက ပြောကြားလိုက်တာ ဖြစ်ပါတယ်။
ယခုကဲ့သို့ အိန္ဒိယ မှ မြန်မာ အား ကမ်းလှမ်းခဲ့ခြင်းသည် ပါကစ္စတန် ထောက်လှမ်းရေး မှ အာဆာ အကြမ်းဖက်သမားများကို နောက်ကွယ်မှ သွေးထိုး မြှောက်ပင့်ပေးနေပြီး အိန္ဒိယ အရှေ့ဖက်ခြမ်းတွင် မငြိမ်သက်မှုများ ပေါ်ပေါက်စေရန် လုပ်ဆောင်နေတာကို သတင်း အခိုင်အမာရရှိခဲ့လို့ ဖြစ်ပါတယ်။
ဒီသတင်းကို ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ် ဟာဆီနာရဲ့ နိုင်ငံရေး ဆိုင်ရာ အကြံပေး အရာရှိ ဟူစိန် တော်ဖစ် အီမန် က အတည်ပြု ပြောကြားခဲ့ပြီး အာဆာ သည် အိန္ဒိယ၊ မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ် တို့၏ ဘုံရန်သူ ဖြစ်တယ်လို့ ပြောဆိုခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထုတ် Dhaka Tribune သတင်းစာက ဖေါ်ပြခဲ့ပြန်ပါတယ်။
ဘင်္ဂလားဒေ့ရှ် အဖို့ အဆိုပါ ဒုက္ခသည်များ ကို အကြောင်းပြုပြီး နိုင်ငံ ပုံရိပ်ကို တောက်ပလာစေရေး နှင့် အကူအညီများ ရရှိရေး နှင့် ပြည်တွင်း စီးပွားရေး အနေအထား တလွဲတချော် ဖြစ်လာပါက လူထု အမြင်အား ကျားကန်ပေးနိုင်ရေး စသည့် ရည်ရွယ်ချက်များနှင့် ပြဿနာ ဖြစ်ကာစ က ဒုက္ခသည်များ ၀င်ရောက်မလာရေး ဟန့်တားခဲ့သေးသော်လည်း ယခုအခါ တံခါးမရှိ ဓါးမရှိ ၀င်ထွက်ခွင့် ပေးလိုက်ပြန်တဲ့ အတွက် ဘင်္ဂလားဒေ့ရှ် ဖက်ကို ပြန်လာလိုသူများ အဖို့ ဖိုးကျိုင်းတုတ် ဖြစ်ကာ ဒလဟော ၀င်ရောက်လာနေခြင်းသာ ဖြစ်ပါတယ်။
သို့သော် တဖက်တွင် စီးပွားရေး နှင့် နိုင်ငံရေး အရ မြန်မာကို အခိုင်အမာ ထောက်ခံနေကြတဲ့ အိန္ဒိယ နှင့် တရုတ်ကို လွန်ဆန်နိုင်ခြင်း မရှိတဲ့ အပြင် မြန်မာနှင့် ကုန်သွယ်ရေး ကိုပါ အတိမ်းအစောင်း မခံနိုင်သည်ကို သိသော ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်မှ သတင်းစာ တွေ့ဆုံမေးမြန်းခန်းတွင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ပါတ်သက်သော မေးခွန်းကို ဖြေကြားရာမှာ တိုက်ရိုက်ဝေဖန် ပြစ်တင်ခြင်း မပြုလုပ်ခဲ့တာ တွေ့ရပြီး ၊ သူမရဲ့ လုပ်ရကိုင်ရ ခက်ခဲသည့် အနေအထားကို နားလည်ကြောင်း သို့သော် အနည်းဆုံးတော့ ရိုဟင်ဂျာ ကို အသိအမှတ်ပြုသင့်တယ်လို့သာ ပြောဆိုသွားခဲ့ပါတယ်။ သူမ အနေဖြင့် မြန်မာ အစိုးရ အား ရုရှား၊ အိန္ဒိယ နှင့် တရုတ် တို့မှ အခိုင်အမာ ထောက်ခံနေသည့်အပြင် အမေရိကန် အစိုးရ ကလည်း ခေါင်းထဲတွင်ပင် ထည့်ထားပုံမရသည့် အဖြစ်ကို သဘောပေါက်သွားခဲ့၍လည်း ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ် မှ အခုလို မူဆလင် နိုင်ငံများရဲ့ ဖိအားပေးမှုကို မခံနိုင်၍သာ သူမနိုင်ငံရဲ့ တံခါးကို ဖွင့်လှစ်ပေးခဲ့ရသော်လည်း နဂိုကတည်းက အဆိုပါ လူမျိုးနွယ်များအား သစ္စာဖေါက်များ အဖြစ် သတ်မှတ်ထားခဲ့ပြီး ဖြစ်ပါတယ်။
တကယ်တော့ ၁၉၇၁ ခုနှစ် မတ်လ ၂၆ ရက်နေ့မှာ စတင်ဖြစ်ပွားခဲ့တဲ့ အရှေ့ပါကစ္စတန် နိုင်ငံသားများက အနောက် ပါကစ္စတန် (လက်ရှိ ပါကစ္စတန်) မှ ခွဲထွက်ပြီး လွတ်လပ်ရေး ရယူရန် လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားလာခဲ့ပါတယ်။ ထို လက်နက်ကိုင်ရုန်းကန် လှုပ်ရှားမှုကြီးကြောင့် ဘင်္ဂါလီ စစ်ပြေး ဒုက္ခသည် တသန်းခွဲ မှ နှစ်သန်း အထိ မြန်မာ နယ်မြေထဲ ပြေးဝင်ခိုလှုံလာခဲ့ကြပါတယ်။ ခိုလှုံလာရသည့် အကြောင်းကလည်း ၎င်းတို့သည် အနောက် ပါကစ္စတန် အစိုးရ ဖက်မှ နေ၍ အကူအညီပေးခြင်း၊ ထောက်ခံခြင်း အပါအ၀င် သူလျို သတင်းပေးများ လုပ်ခဲ့ကြခြင်းကြောင့် ယခုကဲ့သို့ ထွက်ပြေးခိုလှုံလာရာက နောက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ် အစိုးရ မှ တရားဝင် ပြန်လည် လက်ခံခဲ့သော်လည်း အများစု က ပြန်မသွားရဲတော့ပဲ မြန်မာ မှာ နေကျန်ခဲ့ကြပါတယ်။ သို့သော် ဘင်္ဂလားဒေ့ရှ် အစိုးရမှ တရားဝင် လက်ခံ လိုက်ပြီး ပြန်သွားကြသူများ လည်း ရှိ၍ အဆိုပါ ဒုက္ခသည် ပြဿနာက ငြိမ်းအေးသွားသယောင် ရှိသော်လည်း ပြန်သွားသူများ အားလည်း သစ္စာဖေါက်များ အဖြစ် ဘင်္ဂလားဒေ့ရှ် အဖြစ် ပေါ်ထွန်းလာသော နိုင်ငံ သစ်က ရွံရှာ စွာ ခွဲခြား ဆက်ဆံ လာကြပြန်တဲ့ အတွက် မြန်မာ မြေ ပေါ်ကို ခြေဦးလှည့်လာကြပြန်ရင်း လူဦးရေ တစတစ တိုးပွားလာက ရိုဟင်ဂျာ ဆိုသည့် ယခင် ဦးနု လက်ထက် က အသိအမှတ် ပြုခဲ့တဲ့ နာမည်ကို ပြန်လည် ထုတ်သုန်းကာ သမိုင်းစဉ်အဆက် ရှိခဲ့သည့် နာမည် ပမာ သုံးစွဲလာကြကာ ၎င်းတို့အား နိုင်ငံသား အဖြစ် အသိအမှတ် ပြုရန် တောင်းဆိုလာကြပါတယ်။ သို့သော် ၁၉၇၁ ဘင်္ဂလားဒေ့ရှ် နိုင်ငံ မှ ထွက်ပြေး ခိုလှုံလာသူများ အကြောင်း မည်သူမျှ စကားတခွန်းတလေ မဟ ခဲ့တာ တွေ့ရပါတယ်။
ထို့အတွက် ဦးနေ၀င်းမှ အဆိုပါ လူအုပ်ကြီးအား နဂါးမင်း စီမံချက်ဖြင့် ၁၉၇၈ မှာ ပြန်လည် မောင်းထုတ်ရန် ကြိုးပမ်းခဲ့ပေမယ့် အောင်မြင်မှု မရရှိခဲ့ပဲ ပြန်လည် လက်ခံလာရခြင်း ဖြစ်ပါတယ်။ ဦးနေ၀င်း အနေနဲ့ ထိုစဉ်က တင်းတင်းမာမာ ဆက်ဆံ၍ ရသော်လည်း ၎င်း၏ ပြည်တွင်း အာဏာရှင် လုပ်ရပ်များကို နိုင်ငံတကာမှ လိုတာထက်ပိုပြီး အာရုံစိုက်လာမှာကို စိုးတဲ့ အတွက် ရမလားလို့ လုပ်ကြည့်တဲ့ အဆင်လောက်ပဲ ကြိုးစားခဲ့ရာက မရတော့ အမြန် ပြန်လက်ခံခဲ့ရတာ ဖြစ်ပါတယ်။
ထိုအချိန်က ဘင်္ဂလားဒေ့ရှ် အစိုးရမှ ၎င်းတို့နူိုင်ငံ မှ ထွက်ပြေး ခိုလှုံသွားသူများကိုပင် ပြန်လည် စီစစ်ပြီး သုံးသောင်းသာ လက်ခံခဲ့တာကိုလည်း ဦးနေ၀င်း အစိုးရ မှ ဒီတိုင်း ကြည့်နေခဲ့ရပါတယ်။
မြန်မာ တပ်မတော်မှ ၁၉၆၂ ခုနှစ်မှစ၍ အမျိုးမျိုး နာမည်ပျက်စရာ ဖြစ်လာနေခဲ့ရတာကို အခွင့်ကောင်းယူပြီး ၎င်းတို့ မျိုးနွယ်စုများ အား သတ်ဖြတ်နေပါပြီ ဟု ပုံဖေါ်လာနေခြင်းကို နိုင်ငံတကာမှ ယုံကြည်သူ များပြားလာနေရတာကလဲ တကြောင်း အပါအ၀င် ဖြစ်ပါတယ်။ သို့သော် အဆိုပါ ယုံကြည်သူများ မသိသည့် ကိစ္စတခုက ၁၉၄၂ ခုနှစ် မေလ ၁၃ ရက်နေ့တွင် ဗြိတိသျှ တို့ မျက်စိအောက်မှာပင် ဘင်္ဂါလီ V-Force ဟု အမည်ပေးထားသူများက မောင်းတောနှင့် ပါတ်ဝန်းကျင် ကျေးရွာ များရှိ ရခိုင်တိုင်းရင်းသား သုံးသောင်းခန့်ကို ရက်ရက်စက်စက် မျိုးတုန်းအောင် သတ်ဖြတ်ခဲ့မှု ကြီးပင် ဖြစ်ပါတယ်။
တကယ်တော့ ရိုဟင်ဂျာ ဆိုသည့် နာမည်အား ရခိုင် သမိုင်း နှင့် ပါတ်သက်၍ မြန်မာ၊ ဘင်္ဂါလီ၊ ရခိုင်၊ ဗြိတိသျှ၊ ဒပ်ခ်ျ နှင့် ပေါ်တူဂီ ဘာသာ စကား အမျိုးမျိုး ဖြင့် ရေးသားထားတဲ့ သမိုင်းဆိုင်ရာ အထောက်အထားများမှာ တလုံးတလေမျှ ရည်ညွှန်းဖေါ်ပြခဲ့ခြင်း မရှိတဲ့ အတွက် ဘယ်လို ဖြစ်လာရလဲ ဆိုတာ လေ့လာဆန်းစစ်သူများက ကောက်ချက်ချရာမှာ ဘင်္ဂါလီ ဘာသာ စကား ထဲမှာ စစ်တကောင်း ဘင်္ဂါလီများ ပြောသည့် စကားတွင် ရခိုင်မြေ အား Rohan ဟု အသံထွက်ဖြင့် ခေါ်ပြီး Gya သည် အဆိုပါစကား အရ လူ ဟု အဓိပ္ပါယ်ရတဲ့ အတွက် ရိုဟင်ဂျာသည် ရခိုင်မြေမှ နေသော သူတို့ လူမျိုးများကို ရည်ညွှန်းခဲ့ခြင်းသာ ဖြစ်ပါတယ်။
မြန်မာတို့ အနေဖြင့် ရှေး အစဉ်အဆက် မူဆလင်လူမျိုး များ လာရောက် အခြေချ နေထိုင်သည်ကို မည်သူမျှ မငြင်းဆိုသော်လည်း ယခုကဲ့သို့ ဘင်္ဂလားဒေ့ရှ် မှ နောက်ပိုင်းတွင် ခိုးဝင် အခြေချသူများက တအိုးတအိမ် ထူထောင်ကာ နိုင်ငံသား အဖြစ် ရောယောင် ပြီး တိုင်းရင်းသား လူမျိုး အဖြစ် အယောင်ဆောင်ကာအခွင့်အရေး ပေးရန်အထိ ရောင့်တက်လာမှုကို မည်သည့် မြန်မာ လူမျိုး ကမှ လက်ခံလိုစိတ် မရှိကြပေ။
ထိုအကြောင်းကို ထိုင်း၊ ဗီယက်နမ် နှင့် လာအိုတွင် သံအမတ်ကြီး အဖြစ် တာဝန်ထမ်းဆောင်သွားခဲ့သူ Derek Tonkin က (ပုံတွင် တွေ့ရစဉ်) ၂၀၁၄ ဧပြီလ တွင် ၎င်းရေးသားခဲ့သော "The 'Rohingya' Identity: The British Experience in Arakan 1826 – 1948" စာတမ်း တွင် ၎င်းအနေဖြင့် ၁၈၂၆ ခုနှစ် ရခိုင် အား ဗြိတိသျှ တို့ သိမ်းပိုက်ခဲ့ပြီးချိန်မှစ၍ ၁၉၃၇ ခုနှစ် အိန္ဒိယ မှ တရားဝင်ခွဲ ထွက်ခွင့်ပြုခဲ့သည့် အချိန်အထိ ဗြိတိသျှ အစိုးရ အစီရင်ခံစာများ၊ ထုတ်ပြန်ခဲ့သည့် ဂေဇက်များ၊ ဥပဒေများ၊ သန်းကောင်စာရင်း မှတ်တမ်းများ အပြင် ထိုဒေသတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဗြိတိသျှ အရာရှိများ၏ ကိုယ်ရေး ကိုယ်တာ ပေးစာများမကျန် သမိုင်း မှတ်တမ်းများကို လှန်လှော ရှာဖွေကြည့်ခဲ့ပြီး ဖြစ်သော်လည်း ရိုဟင်ဂျာ ဆိုသည့် အသုံးအနှုံး တလုံးတလေမျှ ပင် မတွေ့ခဲံရပဲ ထိုစဉ်က မူဆလင်များကို ၁၉၃၁ သန်းခေါင်စာရင်းတွင် Arakan Mohamedans များ အဖြစ်သာ စာရင်းသွင်းခဲ့၍ ၎င်းတို့ အနေဖြင့် လူမျိုးအမည်ကို သုံးရမှ ဖြစ်မည်ဆိုက အဆိုပါ အမည်သာ တရားဝင် သုံးစွဲခွင့် ရှိကြောင်း နှင့် ၁၉၄၈ မတိုင်မီ မည်သို့မျှ ရိုဟင်ဂျာ ဆိုသည်မှာ သမိုင်းအထောက်အထား မရှိကြောင်း ပြတ်သားစွာ ရေးသားခဲ့ပါတယ်။ (ထိုစာတမ်း အား နောက်ပိုင်းတွင် ဘာသာ ပြန်ဖေါ်ပြပါမယ်)။ ထိုကဲ့သို့ ရဲရဲဝန့်ဝန့် ပြောဆိုခဲ့မှု အတွက် ၎င်းအနေဖြင့် ရို အဖွဲ့များ၏ အပြင်းအထန် ရှုတ်ချ တိုက်ခိုက်ခြင်း ကို ခံနေရဆဲ ဖြစ်ပါတယ်။
ယခု ရခိုင်ပြည်နယ်ရှိ မူဆလင်များ အရေးတွင် အဘယ်ကြောင့် ဗြိတိန်မှ တက်တက်ကြွကြွ ဦးဆောင် လှုပ်ရှားလာခဲ့သည့်အပြင် မြန်မာ တပ်မတော်အား စစ်ရေး ဆိုင်ရာ သင်ခန်းစာ များ ပို့ချသည့် အစီအစဉ်ကို ရပ်ဆိုင်းခဲ့ရသည့်အထိ အရေးယူ ဆောင်ရွက်လာခဲ့ရသနည်း ဆိုတဲ့ မေးခွန်းကို အတော်များများက ပဟေဠိ ဖြစ်နေခဲ့ကြတဲ့ တာကို ဒီနေရာမှာ ကြုင်္၍ တခု ရှင်းပြချင်ပါတယ်။
ဗြိတိသျှ အာဏာရ ကွန်ဆာဗေးတစ် ပါတီ သည် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် မရှုမလှ အရေးနိမ့်ခဲ့ရပြီး လူနည်းစု အစိုးရ အသွင်ကို ကူးပြောင်းသွားခဲ့ရပြီး အချိန်မရွေး အယုံအကြည်မရှိ အဆို နဲ့ ပြုတ်ကျသွားနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။
ဒီအခြေအနေမှာ ပါလီမာန် အမတ် အများစုက ပါကစ္စတန် နွယ်ဖွားတွေ ဖြစ်နေကြပြန်တဲ့ အတွက် ၎င်းတို့ ၏ မျက်မာန်တော် အရှ မခံနိုင် ဖြစ်ခဲ့ကာ ပါလီမာန်တွင် မြန်မာ အရေး အား တခုခု လုပ်ပေးရန် ကန့်ကွက် ပြောဆိုလာမှုများကို ဗြိတိသျှ ၀န်ကြီးချုပ် ထရီစာ မေ အဖို့ ဘယ်လိုမှ တင်းမခံနိုင် ဖြစ်ခဲ့ရပါတယ်။ သူ့မ ပါတီ အား ဆက်လက် ထောက်ခံမှု ရရှိရေး အတွက် မဖြစ်မနေ ၎င်းတို့ကို စည်းရုံးရဖို့ ရှိနေတဲ့ အတွက် ယခုလို မြန်မာ အပေါ် သဘောထား တင်းမာစွာ ဆက်ဆံပေးခဲ့ရခြင်း ဖြစ်ပါတယ်။
ပြီးခဲ့သည့် ရွေးကောက်ပွဲ အပြီး ဗြိတိသျှ ပါလီမာန် တွင် စာရင်းဇယား များအရ ပါကစ္စတန်တွင် မွေးဖွားသူ အမတ် ၁၂ ဦး၊ ဘင်္ဂလားဒေ့ရှ် တွင် မွေးဖွားသူ သုံးဦး နှင့် ပါလက်စတိုင်း တဦး စုစုပေါင်း ၁၆ ဦး ရှိပါတယ်။ ဒါကလည်း အိန္ဒိယ မှ မွေးဖွားသူ တွေ ထည့်မထားသေးပါဖူး၊
ယခု မြန်မာ အရေး အား ဗြိတိသျှ ပါလီမာန်တွင် တက်ကြွစွာ ဦးဆောင်လှုပ်ရှားခဲ့သာ က လေဘာပါတီမှ ဘင်္ဂလားဒေ့ရှ် တွင် မွေးဖွားသူ Rushanara Ali ဆိုသူ အမျိုးသမီး အမတ်တဦး ဖြစ်ပြီး (ပုံတွင် ရှု့ပါ) ကံဆိုးသည်ဟု ဆိုရမည်လား မသိ သူမသည် မြန်မာ ဒီမိုကရေစီအရေး ပါလီမာန် အဖွဲ့ငယ်ရဲ့ ခေါင်းဆောင်လည်း ဖြစ်နေပြန်ပါတယ်။
သို့အတွက် ဗြိတိန် သည် ဥရောပတွင် ပါကစ္စတန် လူမျိုး အများဆုံး နေထိုင်နေကြသော တိုင်းပြည် ဖြစ်လာပြီး အခြား အာရှ နွယ်ဖွားများ ပြီးလျင် ဒုတိယ အကြီးမားဆုံး လူမျိုးခြား အုပ်စုကြီး ဖြစ်လာခဲ့ပါတယ်။ သို့အတွက် ၎င်းတို့ နိုင်ငံ တွင်းရှိ ပါကစ္စတန် လူမျိုး ၁.၁၇ သန်း အတွက် ဗြိတိသျှ တို့ မျက်နှာလွှဲ ခဲပြစ်မလုပ်ရဲ ရှာသည်မှာ လည်း အဆန်းတော့မဟုတ်၊ ပါတီ နိုင်ငံရေးမျှသာ ဖြစ်ပါတော့တယ်။
.
.
.
This Hlasoe Wai (Mech 1992)'s story is recent history of Bengali issue since 1971. Burmese occupation from 1784 to 1826, British rule from 1826 to 1948 and as a part of independent Burma from 1948. Now, British is still military powerful but their economic power is no longer powerful, may be in economic crisis, and some more, depend on Muslim countries' investments.
Very good article and I enjoy reading this.
"ရခိုင်အရေး နိုင်ငံတကာဖိအားကို ထိပ်တိုက်ရင်ဆိုင်ခြင်းထက် ထိတွေ့ဆက်ဆံညှိနှိုင်းခြင်းဖြင့် အဖြေရှာမည်"
ကိုသားညွန့်ဦး
ရခိုင်ပြည်မြောက်ပိုင်း ပဋိပက္ခနဲ့ပတ်သက်တဲ့ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ ဖိအားတွေကို ထိပ်တိုက် ရင်ဆိုင်တာထက်၊ ထိတွေ့ဆက်ဆံညှိနှိုင်းဖြေရှင်း သွားမှာဖြစ်တယ်လို့ မြန်မာ ဒု နိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်က ပြောပါတယ်။ ရခိုင်ပြဿနာနဲ့ပတ်သက်လို့ အစိုးရမှာ ပြည်ပဖိအားတွေအပြင် ပြည်တွင်းဖိအားတွေပါ ရှိနေတာကြောင့် တိုင်းပြည်တည်ငြိမ်ရေးကို အလေးထားကိုင်တွယ်ရမှာဖြစ်တယ်လို့လည်း ဗွီအိုအေမြန်မာပိုင်းနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဒုနိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်လာတဲ့ မြန်မာ ဒုတိယနိုင်ငံခြားရေး ၀န်ကြီး ဦးကျော်တင်ကို ဗွီအိုအေ က ကိုသားညွန့်ဦး နယူးယောက်မှာ တွေ့ဆုံမေးမြန်း ထားတာကို နားဆင်ပါ။
ကိုသားညွန့်ဦး။ ။ အခုဆိုလို့ရှိရင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီးတော့ နိုင်ငံတကာ ဖိအားတွေ နိုင်ငံတကာဝေဖန်ပြောဆိုမှုတွေ EU ၊ ကုလသမဂ္ဂ၊ OIC စသဖြင့် ဝေဖန်ပြောဆိုမှုတွေ တော်တော်ကို ကျယ်ကျယ်လောင်လောင်မြင့်တက်နေပါတယ်။ နောက် UNSC အထိပါ ဆွေးနွေးမယ်ဆိုတဲ့အခါကျတော့ အခုအနေအထားမျိုးဟာ သံတမန်ရေးအရ အကျပ်အတည်း ရောက်နေပြီလို့ ဆိုနိုင်ပါလားခင်ဗျ။
ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်။ ။ ကျနော် နိုင်ငံခြားရေးမှာ တာဝန် ထမ်းဆောင်လာတာ နှစ်ပေါင်း ၄၀နီးပါးရှိပါပြီ။ အဲ့တော့ ဒီကာလအတွင်းမှာ ကျနော့်အနေနဲ့ သံတမန်ရေးအရ ဒီအပိုင်းမှာ ဖိအားအမြင့်ဆုံးအချိန်လို့ ကျနော်တို့ ပြောရမှာဖြစ်ပါတယ်။ ဒီပြသနာကို ဖြေရှင်းတဲ့နေရာမှာ ပြည်ပက နယူးယောက် ကုလသမဂ္ဂဘက်က ပြည်ပက ကြည့်နေတဲ့ရှု့ထောင့် သတင်းမီဒီယာက ကြည့်ပြီးတော့ အရမ်းမဆုံးဖြတ်ဖို့လိုပါတယ်။ အဲ့တာကို ပြည်တွင်းမှာ လက်တွေ့ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ၊ ပြည်သူတွေ ခံစားနေရတဲ့ ခံစားချက်တွေ နောက် အကြမ်းဖက် တိုက်ခိုက်မှုတွေ အန္တရာယ်တွေ နောက်ပြည်သူတွေရဲ့ သဘောထားဆန္ဒတွေ နောက် အခု ကျနော်တို့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်နေတဲ့ အနေအထားတွေကို ဓမ္မဓိဌာန်ကျကျ လေ့လာသိရှိပြီးမှ အဲ့ဒီ့အချက်လက်ကို အခြေခံပြီးမှ ဆုံးဖြတ်ဖို့သင့်တယ် လို့ ကျနော်တို့က ယူဆပါတယ် အဲ့ဒီ့တော့ ကျနော်တို့ မြန်မာကိုယ်စားလှယ် အဖွဲ့အနေနဲ့ ၁၉ရက်နေ့က ကျနော်တို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က မိန့်ခွန်းပြောကြားခဲ့တာအပြင် ဒုသမ္မတကြီးကလည်း ကျနော်တို့ရဲ့ရပ်တည်ချက်တွေကို ရှေ့ကို ဘယ်လိုဆောင်ရွက် ရှေဆက်သွားမလဲဆိုတာ အသေးစိတ်ရှင်းလင်းခဲ့ပါတယ်။
နောက်ပြီးတော့ စက်တင်ဘာ ၁၈ရက်နေ့က ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်ပြီးတော့ အလွတ်သဘောနေ့လည်စာစားပွဲ ကျင်းပပြီးတော့ ဒီကိစ္စမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အားပေးခဲ့ကြတဲ့ အနောက်နိုင်ငံတွေလည်းပါတယ် နောက်ပြီးတော့ လုံခြုံရေးကောင်စီက အဖွဲ့ဝင်နိုင်ငံတွေလည်းပါတယ် နောက် တခြား ဒီကိစ္စမှာ OIC ထဲက နိုင်ငံတချို့ အိမ်နီးချင်း ဘင်္ဂလားတို့ အင်ဒိုနီးရှားတို့ မလေးရှားတို့တွေလည်းပါပါတယ်။ အဲ့တော့ ကျနော်တို့ကိုယ်စားလှယ်အဖွဲ့တွေနဲ့ ခုနက ကျနော်ပြောခဲ့တဲ့ အစည်းအဝေးမှာ ကျနော်တို့ရဲ့သဘောထားတွေကို ရှင်းပြခဲ့ပါတယ်။
အဲ့တော့ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ ခုနက ဒီပြသနာကို အပြစ်တင်ရှုတ်ချ အရေးယူဖို့ထက်ကို နိုင်ငံတော်အစိုးရ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ အစိုးရအနေနဲ့ ဒီပြသနာရေရှည်ပြေလည်အောင် ဖြေရှင်းရေးအတွက်ကို ကြိုးပမ်းဆောင်ရွက်နေတဲ့နေရာမှာ ဝိုင်းဝန်းကူညီပံ့ပိုးကြဖို့ နောက် ဒေါက်တာ ကိုဖီအာနန်ကော်မရှင် အကြံပြုထားတဲ့ အကြံပြုချက်တွေကို ဖြေရှင်းခြင်းအားဖြင့် အဓိကပြသနာတွေကို ပြေလည်အောင်ဖြေရှင်းသွားမယ်။ နောက် အသိုင်းအဝိုင်းနှစ်ခုကြားမှာ သဟဇာတဖြစ်ဖြစ်နဲ့ နေထိုင်နိုင်တဲ့အနေအထားမျိုးရအောင် ကျနော်တို့အနေနဲ့ ကြိုးပမ်းဖြေရှင်းသွားမယ်ဆိုတဲ့ အဲ့လို သန္နိဌာန်ချထားတဲ့လုပ်ငန်းတွေမှာ နိုင်ငံတကာအနေနဲ့ ဝိုင်းဝန်းကူညီဖြေရှင်းခြင်းအာြး့ဖင့်သာ ပြေလည်အောင်ဖြေရှင်းနိုင် လိမ့်မယ်လို့ ကျနော်တို့ ယုံကြည်တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။ အထူးသဖြင့် ဆုံးဖြတ်တဲ့အခါမှာပေါ့နော် တကယ့်ပကတိအခြေအနေတွေကို သတင်းတွေက မူတည်ပြီးတော့ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချဖို့လိုတဲ့အကြောင်း ကျနော်တို့တွေလည်း ရှင်းပြခဲ့ပါတယ်။
ကိုသားညွန့်ဦး။ ။ အဲ့တော့ ဝန်ကြီးတို့အနေနဲ့ ဒီပြသနာနဲ့ပတ်သက်ပြီးတော့ အစိုးရတွေပေါ့နော် နိုင်ငံတကာအသိုင်းအဝိုင်းကို ရှင်းပြတယ် ပြောဆိုတယ် တချိန်တည်းမှာပဲ လူ့အခွင့်အရေးအဖွဲ့အစည်းတွေ နောက်တခုက နိုဘယ်ဆုရှင်လို ဟာမျိုးတွေ သူတို့ရဲ့စိုးရိမ်ချက်တွေ ပြောဆိုတာတွေရှိတယ် အဓိကကတော့ လူ့အခွင့်အရေး ရှု့ထောင့်ကနေ ပြောကြာတာပေါ့ ဒီအဖွဲ့အစည်းတွေ ဒီလိုလူတွေကိုရော ဆွေးနွေးရှင်းပြဖို့ရှိပါသလား။ ဘာဖြစ်လို့လဲဆိုတော့ တလောကပဲ ဒေါ်အောင်ဆန်းစုကြည်က သံတမန်တွေကို ဖိတ်ခေါ်တဲ့အခါမှာ ရခိုင်ဒေသကို ဆင်းပြီးတော့ကြည့်ပါ လေ့လာပါဆိုတဲ့အခါကျတော့ ဒီအဖွဲ့အစည်းတွေနဲ့ပတ်သက်ပြီး ရှင်းပြဖို့ တစုံတရာတုန့်ပြန်ဖို့ရှိပါလား။
ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်။ ။ ကျနော်တို့ ဒီအဖွဲ့အစည်းတွေကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က သူ့ရဲ့သဘောထားကို အားလုံး ကမ္ဘာက သိအောင်ပြောကြားခဲ့တယ်။ ဒုသမ္မတမိန့်ခွန်းမှာလည်း ထပ်ပြီးတော့ အသေးစိတ်ပြောကြား ခဲ့တယ်။ နောက်ပြီးတော့ ကျနော်တို့က ဒီဟာနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ကတော့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ အခုချိန်အထိ ထိတွေ့မှု မရှိသေးသော်လည်း အဓိက ဘင်္ဂလားဒေ့ရှ်နိုင်ငံကပြောနေတဲ့ မြန်မာနိုင်ငံက နှစ်နိုင်ငံခြင်း ဖြေရှင်းလို့မရလို့ နိုင်ငံတကာနည်းလမ်းနဲ့ဖြေရှင်းတဲ့ပုံစံမျိုး ပြောတယ်။ မြန်မာနိုင်ငံဘက်က ထိတွေ့ဆွေးနွေးလိုတဲ့ သဘောထားမရှိဘူးလို့ပြောကြားနေတာရှိတယ်။ မဟုတ်ဘူး ကျနော်တို့က အချိန်မရွေး ရယ်ဒီပါပဲလို့။ ကျနော်တို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို Special Envoy အဖြစ် ကျနော်ကိုယ်တိုင်လည်း ပြီးခဲ့တဲ့ဇန်နဝါရီက သွားခဲ့တယ်။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်လည်း သွားခဲ့တယ်။ ကျနော်တို့ကတော့ ဒီကိံစ္စကို နှစ်နိုင်ငံခြင်း ဖြေရှင်းဖို့ အသင့်ပါပဲ။ အခုဘင်္ဂလားဒေ့ရှ်နဲ့ လည်း ဒီနေ့ညနေပဲ နှစ်နိုင်ငံချင်း ဆွေးနွေးဖို့ရှိတယ်။ နောက် အိမ်နီးချင်းနိုင်ငံတွေနဲ့လည်း ဆွေးနွေးဖို့ရှိတယ် အင်ဒိုနီးရှားတို့ ဘာတို့ဆိုလည်း မကြာခဏဆိုသလိုတွေ့ပါတယ်။ နောက် အာဆီယံနိုင်ငံတွေနဲ့ဆိုလည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ အဲ့ဒီ့မှာလည်း ကျနော်တို့ အာဆီယံရဲ့ မူအရ ပြည်တွင်းရေးကိစ္စကို တရားဝင်ဆွေးနွေးတာမျိုးတော့မရှိဘူး ဒါပေမဲ့ ကျနော်တို့ကတော့ informal meeting သဘောမျိုးတွေ့ပြီး သူတို့တွေကို ကျနော်တို့ရဲ့ သဘောထားတွေ ရှင်းပြဖို့လည်းရှိတယ် နောက် သူတို့အနေနဲ့ ဘယ်လိုနည်းနဲ့ ဒီပြသနာပြေလည်ရေးမှာ ဘယ်လိုပံ့ပိုးနိုင်မလဲဆိုတာ ကျနော်တို့ပြောဖို့ရှိပါတယ်။ လောလောဆယ်မှာတော့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ကတော့ သူတို့က ကမ်းလှမ်းထားတာလည်းမရှိပါဘူး။ ကျနော်တို့က တွေ့ဆုံဖို့လည်း မရှိပါဘူး။
ကိုသားညွန့်ဦး။ ။ နောက်တခုက ကုလသမဂ္ဂရဲ့ Fact-Finding Mission ပေါ့နော် လူ့အခွင့်အရေးကောင်စီကနေပြီးတော့ အချက်အလက် စုဆောင်းရေးအဖွဲ့ကို လွှတ်ဖို့ကိစ္စမှာ မြန်မာနိုင်ငံရပ်တည်ချက်က ဒါဟာ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်တယ်ဆိုပြီးတော့ လက်မခံခဲ့ပါဘူး အခုဒီအနေအထားမျိုးမှာရော သဘောထားပြောင်းလဲဖို့ရှိပါသလား။
ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်။ ။ ကျနော်တို့ ပြည်တွင်းရေး ဝင်ရောက် စွက်ဖက်တယ်လို့တော့ ကျနော်တို့ မသုံးပါဘူး အမှန်ကျနော်တို့ပြောတာက ကျနော်တို့ ဒီအစိုးရတက်လာပြီးနောက်မှာ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီးတော့ ထိပ်တိုက် ရင်ဆိုင်တွေ့တဲ့ Confrontation မဟုတ်ပဲနဲ့ Cooperation-Engagement approve နဲ့ သွားနေတာပေါ့နော်။ ထိတွေ့တဲ့ဟာမျိုးနဲ့သွားနေတာဆိုတော့ သူတို့ရဲ့စိုးရိမ်ပူပင်မှု ကိုလည်း သိတယ် အဲ့တော့ သူတို့ဘက်က Fact-Finding Mission ကို အဲ့ဒီ့ကဖွဲ့ဖို့ အဆိုပြုကတည်းက ကျနော်တို့အနေနဲ့ Fact-Finding Mission ကိုစေလွှတ်မယ် ဆိုလို့ရှိရင် ကျနော်တို့နိုင်ငံမှာ ဥပမာ ရခိုင်ပြည်နယ်မှာဆိုရင် အဲ့အဖွဲ့ လာမှာကို ဆန့်ကျင်တဲ့ အင်အားစုတွေ အများကြီးရှိတယ်။ အစွန်းရောက်အဖွဲ့တွေ နောက် ရခိုင်ဒေသခံတွေရော နောက် ဆန့်ကျင်မယ့်ပါတီတွေရော တကယ်ကို ဆန့်ကျင်မယ့် အင်အားစုတွေ အများကြီးရှိပါတယ်။ ကျနော်တို့ နိုင်ငံခေါင်းဆောင်တွေနဲ့ ခေါင်းဆောင်ဖြစ် လာတဲ့အခါမှာ လူ့အခွင့်အရေးရှု့ထောင့်တခုတည်းကပဲ ကြည့်လို့မရပါဘူး။ နိုင်ငံရဲ့တည်ငြိမ်မှု ကိုလည်း ကြည့်ရပါတယ်။ လူ့အခွင့်အရေးဆိုတဲ့အခါမှာလည်း တဖက်အဖွဲ့အစည်း အားလုံးရဲ့ လူ့အခွင့်အရေးကိုလည်း ကြည့်ရပါတယ်။ အဲ့တော့ ဒါကြောင့်မို့လို့ ကျနော်တို့က အထူးသဖြင့် နိုင်ငံရဲ့ တည်ငြိမ်မှု ပျက်ပြားသွားမှာစိုးတယ်။ အဲ့တော့ ဒီအဖွဲ့အစည်း လှုပ်ရှားမှုတွေ ကို ဆန့်ကျင်မှုတွေဖြစ်လာပြီး မတည်မငြိမ်မှုတွေဖြစ်သွားလို့ရှိရင် ကျနော်တို့တွေရဲ့ ဒီမိုကရေစီတည်ဆောက်ရေး လမ်းကြောင်းတွေ တိမ်းစောင်းသွားတာမျိုးတွေ စိုးရိမ်ပူပင်မှုရှိပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က မြေပြင်ပဂတိအခြေအနေနဲ့ အဲ့အဖွဲ့ကို လက်ခံဖို့ဆိုတာ မကိုက်ညီဘူးလို့ ပြောတာပါ။
ကိုသားညွန့်ဦး။ ။ ဟုတ်ကဲ့ ဒါပေမဲ့ ဒီအဖွဲ့အစည်းသွားခြင်းအားဖြင့် ဘာပဲပြောပြော ကမ္ဘာက တစုံတရာ အချက်အလက်အခြေအနေမှန်တွေ ရမသွားနိုင်ဘူးလား။
ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်။ ။ သူတို့သွားခြင်းအားဖြင့် နောက်တခုရှိတာက သူတို့လာလို့ရှိရင်လည်း သူတို့လာခြင်းအားဖြင့် သူတို့တွေ အချက်အလက်အခြေအနေမှန်တွေကို သိအောင်လို့ လူ့အခွင့်အရေးကောင်စီ ဥက္ကဋ္ဌဆီကို ကျနော်တို့ရဲ့ကြိုးပမ်းဆောင်ရွက်မှု ကျနော်တို့ရဲ့အမြင်သဘောထားတွေကို ပံ့ပိုးပေးပါတယ်။ အဲ့တော့ ကျနော်တို့က သူတို့ကို မြန်မာနိုင်ငံကို တိုက်ရိုက် ဖိတ်ကြားခြင်း မရှိသော်လည်းပဲ လူ့အခွင့်အရေးကောင်စီဥက္ကဋ္ဌဆီကို ကျနော်တို့က စာရေးပေးခြင်း အားဖြင့် သူတို့က မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဖြစ်ရပ်မှန်အခြေအနေတွေကို ပံ့ပိုးပေးထားပါတယ်။ အဲ့ဒီ့တော့ ကျနော်တို့အနေနဲ့ ကျနော်တို့ရဲ့သဘောထားတွေ ပြောကြားခွင့်တော့ မဆုံးရှုံးပါဘူး။ ပြည်တွင်းကို ကိုယ်တိုင်လာရောက်ခြင်းအားဖြင့် ခုနက မတည်ငြိမ်မှုတွေ ဒီအုပ်စုနှစ်ခုအကြား ကွဲပြားမှုတွေ အဲ့တာမျိုးတွေဖြစ်လာနိုင်တဲ့ အနေအထားမျိုးတွေ ရှိလာနိုင်တယ်။ အဲ့တာကို စိုးရိမ်လို့ဖြစ်ပါတယ်။
ကိုသားညွန့်ဦး။ ။ ဝန်ကြီး အခုလိုဖြေကြားပေးတာ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ။
ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်။ ။ ဟုတ်ကဲ့ ကျနော်တို့ကလည်း ကျနော်တို့ရဲ့သဘောထားလေးတွေ ပြောကြားခွင့်ရတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်။
ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်လာတဲ့ မြန်မာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်ကို ဗွီအိုအေ က အယ်ဒီတာကိုသားညွန့်ဦး နယူးယောက်မှာ တွေ့ဆုံမေးမြန်းခဲ့တာဖြစ်ပါတယ်။
● နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီဝင်များအား တွေ့ဆုံလမ်းညွှန်
____________________________________________________
နေပြည်တော် စက်တင်ဘာ ၂၂
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီဝင်များအား တွေ့ဆုံလမ်းညွှန်
____________________________________________________
နေပြည်တော် စက်တင်ဘာ ၂၂
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီဝင်များအား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌တွေ့ဆုံ၍ လမ်းညွှန်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးကျော်တင့်ဆွေ၊ ဒေါက်တာဖေမြင့်၊ သူရဦးအောင်ကို၊ ဒေါက်တာအောင်သူ၊ ဦးသန့်စင်မောင်၊ ဦးသိန်းဆွေ၊ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာ မြင့်ထွေး၊ ဦးဝင်းခိုင်၊ ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယ ၀န်ကြီးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ရခိုင်ပြည်နယ် ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီဝင် များတက်ရောက်ကြသည်။
ပထမဦးစွာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး ရောက်ရှိနေသူများနှင့် စပ်လျဉ်း၍ ၁၉၉၃ ခုနှစ် မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘော တူညီချက်နှင့်အညီ ပြန်လည်စိစစ်လက်ခံရန် ပြောကြားထားပြီး ဖြစ်ကြောင်း၊ ထိုသို့ လက်ခံရာတွင် စိစစ်မှုများလုပ်ဆောင်မည့် လုပ်ငန်းစဉ်၊ လက်ခံမည့် နေရာသတ်မှတ်ချက်၊ စိစစ်လက်ခံရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရေး၊ စိစစ် လက်ခံပြီးနောက် ယာယီနေရာချထားရေးအစီအစဉ်နှင့် ပြန်လည်နေရာချထားမည့် အစီအစဉ်၊ တစ်ချိန်တည်းမှာပင် ARSA အကြမ်းဖက်တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွါ ထွက်ပြေး တိမ်းရှောင်နေရသည့် ရခိုင်တိုင်းရင်းသားများနှင့် မြို၊ ဒိုင်းနက်၊ မရမာကြီး စသည့် ဌာနေတိုင်းရင်းသားများအား ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များ၊ လူနည်းစု ဟိန္ဒူ ဘာသာဝင်များအား ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်များ စသည်တို့ကို စနစ်တကျ အမြန်ဆုံးဆောင်ရွက်နိုင်ရန် အရေးကြီးကြောင်း၊ ယာယီနေရာချထားရေး၊ ပြန်လည် နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနှင့် ရေရှည်ဖွံ့ဖြိုးရေးကို ထည့်သွင်းစီမံ ဆောင်ရွက်သွားရန် လိုအပ်ကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်ထောင်စု ၀န်ကြီးများနှင့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီဝင်များက အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်များကို ဖြည့်စွက်တင်ပြကြရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပေါင်းစပ် ညှိနှိုင်းပေးသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အစည်းအဝေးသဘောတူ ဆုံးဖြတ်ချက်များကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရန်မှာကြားပြီး အစည်းအဝေးကို မွန်းလွဲပိုင်းတွင် ရုပ်သိမ်းလိုက်သည်။
ယနေ့ကျင်းပပြုလုပ်သော အစည်းအဝေးတွင် -
● နေရပ်စွန့်ခွါ တိမ်းရှောင်နေရသည့် ဒေသခံတိုင်းရင်းသားများအား ပြန်လည်နေရာချထားရေးတွင် မြို၊ ဒိုင်းနက် စသည့် ဌာနေတိုင်းရင်းသားများလည်း ပါဝင်လျက်ရှိရာ တိုင်းရင်းသားများ၏ ဓလေ့၊ ထုံးတမ်း၊ ယဉ်ကျေးမှုဆိုင်ရာများကိုပါ မပျောက်ပျက်အောင် ထိန်းသိမ်းထားနိုင်ရေးအတွက်ပါ ရည်ရွယ်၍ UN-Habitat - United Nations Human Settlements Programme ထံမှ အကြံဥာဏ်များ ရယူနိုင်ရေးဆောင်ရွက်သွားရန်၊
● ပြန်လည်လက်ခံမည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရောက်ရှိနေသူများအား ၁၉၉၃ ခုနှစ် သဘောတူညီချက်ကိုအခြေခံ၍ စိစစ်မှုများ စနစ်တကျ ဆောင်ရွက်ရန်နှင့်
● ပြန်လည်စိစစ်လက်ခံရေး အဖွဲ့တစ်ဖွဲ့ အမြန်ဆုံး ဖွဲ့စည်းဆောင်ရွက်ရန်၊
● ယာယီနေရာချထားပြီးနောက် ပြန်လည်နေရာ ချထားရာတွင် မူလကထက် ပိုမိုအဆင်ပြေနိုင်ရေး၊ ရေရှည်ဖွံ့ဖြိုးရေးကိုပါ ခြုံငုံ ပါဝင်စေမည့် အစီအစဉ်အား UN-Habitat ထံမှ အကြံဥာဏ်များ ရယူဆောင်ရွက်ရန်၊
● မောင်တောဒေသအတွင်း လမ်းကွန်ရက်များစနစ်တကျ ရေးဆွဲဆောင်ရွက်ရာတွင် လျှပ်စစ်ဓါတ်အားလိုင်းများ၊ ရေမြောင်းစနစ်များ၊ စာသင်ကျောင်း၊ ဆေးရုံနှင့် ရဲကင်းစခန်းများ စသည်တို့ကိုပါ ထည့်သွင်း၍ ဒေသဖွံ့ဖြိုးရေးနှင့် ယှဉ်တွဲ ဆောင်ရွက်ရန်၊
● ARSA အကြမ်းဖက်သမားများ၏ တိုက်ခိုက်ခြင်းခံရသည့် တမန်းသားကျေးရွာမှ ပျောက်ဆုံးနေသာ ဟိန္ဒူဘာသာဝင် ၉၃ ဦး အခြေအနေ အမြန်ဆုံး သိရှိနိုင်ရန်အတွက် ရှာဖွေမှုတိုးမြှင့်ဆောင်ရွက်ရန်၊
● မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ရှိ ဒုက္ခသည် စခန်းတွင် အသက်မသေဘဲရောက်ရှိနေသည် ဟု သတင်း ထွက်ပေါ်နေရသော ဟိန္ဒူဘာသာဝင်အမျိုးသမီး ၆ ဦးနှင့် ကလေးငယ် ၃ ဦးတို့အား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ရေး နယ်ခြားစောင့်တပ်များ အချင်းချင်း တောင်းခံထားပြီး ဖြစ်သော်လည်း သံတမန်လမ်းကြောင်းမှတစ်ဆင့်လည်း ထပ်မံ တောင်းခံသွားရန်၊
● အကြမ်းဖက်မှုတွင် ပါဝင်သူများအား အရေးယူနိုင်ရေးဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် ညှိနှိုင်းရန်၊
● အကြမ်းဖက်မှုတွင် ပါဝင်ခဲ့သူများ၏ အမည်စာရင်းအား ဘင်္ဂလားဒေ့ရှ်အစိုးရ၊ နိုင်ငံတကာရဲတပ်ဖွဲ့နှင့် ကုလသမဂ္ဂသို့ ပေးပို့သွားရန် တို့ကို ဆုံးဖြတ်ခဲ့သည်။
ထို့အပြင် -
● နယ်ခြားဒေသလုံခြုံရေးဆိုင်ရာ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်နိုင်ရေး ဆွေးနွေးနိုင်ရန်အတွက် ဖိတ်ကြားထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြည်ထဲရေး ဝန်ကြီး၏ မြန်မာနိုင်ငံခရီးစဉ်မှာ ဘင်္ဂလားဒေ့ရှ်ဘက်မှ အဆင်မပြေသဖြင့် ခရီးစဉ်မတိုင်မီ ရွေ့ဆိုင်းထားခဲ့ရသောကြောင့် ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး ဝန်ကြီးအား ထပ်မံဖိတ်ကြားရန်၊
● ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြည်ထဲရေးဝန်ကြီး၏ မြန်မာနိုင်ငံ ခရီးစဉ်တွင် ဘင်္ဂလားဒေ့ရှ် ရဲချုပ် အတူလိုက်ပါနိုင်ရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ကလည်း သီးခြားဖိတ်ကြားထားခဲ့သဖြင့် ထပ်မံ ဖိတ်ကြားရန်နှင့်
● လာမည့် သီတင်းပတ်အတွင်း မြန်မာနိုင်ငံရှိ သံတမန်များအား မောင်တောဒေသသို့ ပို့ဆောင်ပေးနိုင်ရေး အစီအမံများ ဆက်လက် ဆောင်ရွက်ရန်
စသည်တို့ကိုလည်း သဘောတူဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
Zawgyi Version
Thursday, September 21, 2017
Britain Sent Burmese Army Officer Trainees Back Home
(Staff articles direct from The INDEPENDENT UK on 20 September 2017.)
Without publicly acknowledging the UK government has unilaterally terminated the training agreement with Burmese Army and sent all five trainee officers from Burmese army back to Burma. All five Burmese army officers currently receiving British training are now waiting at Burmese embassy in London for further instructions from the Army.
The Tatmadaw (Burmese Army) True News Information Committee has issued a statement today (20 September 2017) saying that it is making constant efforts to ensure amity and cooperation with armed forces of neighbouring countries, regional countries and international countries at a time when the country is exercising the multiparty democracy system.
No comments:
Post a Comment