Friday, September 22, 2017

မြန်မာလျှပ်စစ်-၂၀၁၇၊ မြန်မာနိုင်ငံလျှပ်စစ်ချေးငွေရှာခြင်းနှင့်ဗီယက်နမ် (Electricity & FDI)


မြန်မာနိုင်ငံလျှပ်စစ်ချေးငွေရှာခြင်းနှင့်ဗီယက်နမ် (Electricity & FDI)
နိဒါန်း
ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတကာသွားလာပြီး ချေးငွေရရှိရန်ကြိုးစားနေရပါတယ်။ ဇွန်လ ၁၅ရက်၊ ၂၀၁၇ မှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် ၀န်ကြီးဒေါ်နီလာကျော်၊ စည်ပင်ကော်မတီမှ ဒေါ်လှိုင်မော်ဦး အဖွဲ့ ဥရောပ ၆နိုင်ငံ ဘယ်လဂျီယံ။ ဂျာမဏီ၊ အီတလီ၊ စပိန်၊ ဆွီဒင် နဲ့ ချက်နိုင်ငံများကို လမ်းပမ်းဆက်သွယ်ရေး၊ စက်မှု၊ လျှပ်စစ်ပရိုဂျက်များစွာအတွက် နည်းပညာလေ့လာဖို့။ ချေးငွေရနိုင်ဖို့ နှစ်ပါတ်ခရီးစဉ် သွားရောက်သွားပါတယ်။ ငွေကြေးအကြပ်တည်းဖြစ်နေတဲ့ ဥရောပနိုင်ငံများထံမှ ချေးငွေ နဲ့ ရင်းနှီးမြှတ်နှံငွေ FDI ရဖို့ဆိုတာ အလွန်မလွယ်ပါ။ ဖြစ်နိုင်တာကတော့ သူတို့စက်ပစ္စည်း၊ နည်းပညာတွေကို အကြွေးရောင်းဖို့ပဲ ဖြစ်မှာပါ။ ဂျာမဏီနဲ့ဆွီဒင်ကတော့ တကယ်ကူညီကြမယ်လို့ မျော်လင့်ပါတယ်။
.
မြန်မာနိုင်ငံ လျှပ်စစ်နဲ့စွမ်းအင်ကဏ္ဍမှာ ၂၀၁၆-၁၇ ဘတ်ဂျတ်ရဲ့ ၂၄% သုံးစွဲတယ်ဆိုတော့ အလွန်များပြားတဲ့ ပြည်သူ့ဘဏ္ဍာငွေတွေ ဖြစ်ပါတယ်။ ဗီယက်နမ်က မြန်မာထက် အရင်လုပ်သွားကြတယ်။ ဒါကြောင့် လျှပ်စစ်ဓါတ်အားစက်ရုံတွေ ၀ယ်ဖို့ဆိုရင် မြန်မာတွေ ဗီယက်နမ်နိုင်ငံကို အရင်လေ့လာနေကြပါတယ်။
.
.
၂၀၁၅ အတွက် ဗီယက်နမ်နိုင်ငံအတွက် အစီရင်ခံစာ Report နှစ်ခု
အင်တာနက်မှာ အလွယ်တကူဒေါင်းလုပ်နိုင်ပြီး လေ့လာသုံးသပ်ပါမယ်။ နိုင်ငံခြားရင်းနှီးမြှတ်နှံမှု FDI (Foreign Direct Investment) 2015 report by Switzerland IISD ချေးငွေမျာအခြေအနေနှင့် အစိုးရရှယ်ယာအများစုပိုင်တဲ့ အများပိုင်လျှပ်စစ်ကုမဏီကြီး Vietnam Electricity Corporation ရဲ့အစီရင်ခံစာတို့ကို မြန်မာနိုင်ငံသားတစ်ဦးအနေဖြင့် လေ့လာသုံးသပ်ပါမယ်။ မြန်မာနိုင်ငံက ဂျပန်၊ ဂျာမဏီ၊ အမေရိကန်၊ စင်္ကာပူနိုင်ငံများကို အားကျတယ်။ အဂတိအင်မတန် နည်းပါးတဲ့ ကမ္ဘာချမ်းသာတဲ့ နိုင်ငံတွေဖြစ်တယ်။ ဒီတော့ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ် (၃)နိုင်ငံကို ကြည့်တဲ့အခါ၊ ဗီယက်နမ်းကို ရွေးလိုက်ပါတယ်။ သမတဦးသိန်းစိန်အစိုးရကလဲ ဗီယက်နမ်ပဲ ရွေးခဲ့တယ်။ ဗီယက်နမ်ဆောက်တဲ့ မြန်မာပလာဇာကြီး ရန်ကုန်မြို့မှာ ၀ုန်းကနဲပေါ်လာတာ်။ မြန်မာနိုင်ငံထက် ၁၈နှစ်လောက် စောပြီး ပြုပြင်ပြောင်းလဲတဲ့ ကွန်မြူနစ်စနစ် ပြည်သူပိုင်ကနေ ပုဂလိကပိုင်ပြောင်းနေတဲ့ ဗီယက်နမ်ကို သုံးသပ်တာက ပိုပြီးသင့်လျှော်ပါတယ်။ ဒီတော့ ဗီယက်နမ်အစိုးရက နိုင်ငံခြားချေးငွေများနဲ့ လျှပ်စစ်ဓါတ်အားကို မြို့ပြ ၁၀၀% နဲ့ ကျေးလက်တောရွာ ၉၉%၊ တောင်တန်းတွေအပေါ်ထိ ပါဝါဂရစ်လိုင်းတွေ ရောက်နေတယ်။ လျှပ်စစ်ဈေးနှုန်းကလည်း တယူနစ် အမေရိကန်ဒေါ်လာ ၆-၁၂ ဆင့် (၇၀ကျပ် မှာ ၁၄၀ကျပ်) နဲ့ ဗို့အားအပြည့်ပေးနေပါတယ်။
.
ဗီယက်နမ်ဓါတ်အားပေးစက်ရုံများနဲ့ အချက်အလက်များကို စိတ်မ၀င်စားသူများ ကျော်ဖတ်ပါရန်။ အဆုံးသပ် FDI ရင်းနှီးမြှတ်နှံမှုကဏ္ဍ၊ အခန်းကို ဖတ်စေလိုပါတယ်။
.
.
မြန်မာနိုင်ငံလည်း ဗီယက်နမ်လိုပဲ
အမေရိကန်နဲ့ အဆင်ပြေအောင်လုပ်ရပါတယ်။ အမေရိကန် သမတကြီး ဗီယက်နမ်လာလည်တယ်၊ ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးလိုက်တယ်။ မြန်မာနိုင်ငံကိုလည်း အမေရိကန်သမတအိုဘားမားလာတယ်၊ ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးလိုက်ပါတယ်။ တကယ်တော့ မြန်မာနိုင်ငံထက် ၁၈နှစ် စောပြီး ပြုပြင်ပြောင်းလဲခဲ့ပေမဲ့ ထင်သလောက် မတိုးတက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဗီယက်နမ်ပြုပြင်ပြောင်းလဲရေးက ကျေးလက်ဒေသကို့ စိုက်ပျိုးမွေးမြူရေးကို ဦးစားပေးခြင်းကြောင့်ပါ။ မော်တော်ကားကို အလွန်ဈေးကြီးထားလို့ လူတွေ မော်တော်ဆိုင်ကယ်ပဲ စီးတာများပါတယ်။ ဒါကြောင့် ဗီယက်နမ်မှာ လစာနည်းပေမဲ့၊ ကုန်ဈေးနှုန်းမကြီးပါဘူး။ ကမ္ဘာ့ အပျော်ဆုံးနိုင်ငံသားဆု Happy Planet ဒုတိယရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံကတော့ ဆင်းရဲမွဲတေပေမဲ့ အလှုဒါန်းဆုံးနိုင်ငံဆိုကို ရရှိခဲ့ပါတယ်။ ၂၀၁၆ တစ်ဦးချင်းဝင်ငွေမှာတော့ တရုပ်၊ ထိုင်းနိုင်ငံထက် အတော်နဲပေမဲ့ မြန်မာနိုင်ငံထက် ၂ဆလောက် မြင့်မားနေပါတယ်။
.
GDP per Capital US$ (Nominal) 2016
စင်ကာပူ $52888 US
မလေးရှား $9501
ထိုင်း $5742
အင်ဒိုနီးရှား $3362
ဖိလစ်ပိုင် $3002
ဗီယက်နမ် $2088
လာအို $1787
မြန်မာ $1212
ကမ္ဘောဒီယား $1114
တရုပ် $8141
အိန္နိယ $1604
.
ယခင်သမတဦးသိန်းစိန်လက်ထက်က ပြည်သူ့ဘဏ္ဍာငွေတွေသုံးပြီး၊ ဆီးဂိမ်းကြီးနဲ့ ပျော်ရွှင်ခဲ့ကြတယ်။ နောက်ဆုံး ပြည်တွင်းချေးငွေ ၂၀.၁% (ငွေစက္ကူများစွာရိုက်ထုတ်ခြင်း)၊ ပြည်ပချေးငွေ ၁၈% = ၃၈.၁% (စုစုပေါင်း ကျပ်ငွေ ၂၇၉၃၇၀ ဘီလျံ) ဖြင့် အာဏာလွှဲပေးသွားခဲ့ပါသည်။ ချေးငွေရာနှုန်းက ဂျီဒီပီရဲ့ ၃၈% ထက်ကျော်လျှင် ဒုက္ခရောက်နိုင်တယ် ဆိုတော့ ၃၈.၁% ဆိုတော့ အခြေအနေဆိုးနေပါပြီ။
.
.
၂၀၁၅ Vietnam Electricity Corporation ရဲ့အစီရင်ခံစာ
အစိုးရရှယ်ယာအများစုပိုင်တဲ့ (အစိုးရပိုင်) ဗီယက်နမ်လျှပ်စစ်ကော်ပိုရေးရှင်း EVN ရဲ့ ၀က်ဆိုဒ် www.ven.com.vn မှာ အင်္ဂလိပ်၊ ဗီယက်နမ် ၂ဘာသာနဲက ပွင့်လင်းမြင်သာစွာ တင်ပြထားပါတယ်။
.
မာတိကာ Index
၁။ လေအားလျှပ်စစစ် ….P-1
၂။ နေရောင်ခြည်လျှပ်စစ် … P-6
၃။ ကျောက်မီးသွေးလျှပ်စစ်...P-14
၎။ မီနီဂရစ် Mini-Grid .. P-21
၅။ မဟာဓါတ်အားလိုင်း .. P-25
၆။ ဒေါ်အောင်ဆန်းစုကြည်နှင့် လျှပ်စစ် .. P-32
၇။ ဧရာဝတီတိုင်း ဓါတ်ငွေ (မိုက်ကယ်မိုးမြင့်) . P-37
၈။ လွှတ်တော် လျှပ်စစ်ဆွေးနွေးမှု .. P-40
၉။ ရန်ကုန်တိုင်းလျှပ်စစ် LNG အကြံပေးခြင်း P-41
၁၀။ ခေတ်ပေါ်ငွေကြေးစီမံခန့်ခွဲခြင်း (ကျော်မျိုးထွန်း) P-43
၁၁။ ဒီဇယ်၊ ဓါတ်ငွေ ရန်ကုန်တိုင်းလျှပ်စစ် . P-44
၁၂။ အိမ်နီးခြင်းနိုင်ငံများမှ လျှပ်စစ်ဝယ်သုံးခြင်း P-45
၁၃။ ကျေးလက်မီးလင်းရေး DDR . P-46
၁၄။ ဒီဇယ်ဂျင်နရေတာ အသုံးပြုခြင်း၊ အချက်လက်များ P-47
၁၅။ မြန်မာနိုင်ငံလျှပ်စစ်ချေးငွေရှာခြင်းနှင့်ဗီယက်နမ် (Electricity & FDI) .. P-50
၁၆။ အမေရိကန်ကုမဏီများနဲ့အိန္နိယအစိုးရရဲ့ နိုင်ငံရေးအဂတိအရှုပ်တော်ပုံ .P-63
၁၇။ လျှပ်စစ်ဓါတ်နဲ့ချက်ပြုတ်နေ ကြလို့ (ချွေတာခြင်း Cost Saving) . P-71
၁၈။ စွမ်းအင်၊ လျှပ်စစ် ယူနစ်များ Conversion Table P-75
Date: Sept-2017


File size 4.95MB.
Download Link


No comments:

Post a Comment