Monday, September 25, 2017

မွတ်ဆလင်နိုင်ငံများရဲ့ နိုင်ငံတော်အာဏာ အကြမ်းဖက်အုပ်စုအလိုရှိခြင်း နှင့် စင်္ကာပူနိုင်ငံသဘောထား.....

မွတ်ဆလင်နိုင်ငံများရဲ့ နိုင်ငံတော်အာဏာ အကြမ်းဖက်အုပ်စုအလိုရှိခြင်း
ဟပ်စနာ ဆိုတဲ့ အမျိုးသမီးကြီးဟာ ယခု ရခိုင်-ဘင်္ဂလား အရေးအခင်းဖြစ်လာတဲ့အချိန် မြန်မာပြည်က ဒေါ်အောင်ဆန်းစုကြည်လိုပဲ အခက်အခဲကြီးနဲ့ ကြုံတွေ့နေပါပြီ။ ရခိုင်ပြည်နယ်က ရိုဟင်ဂျာလို့ အမည်ယူထားကြတဲ့ ဘင်္ဂလားဒေ့ခ်ျနိုင်ငံက မွတ်ဆလင်ဘာသာဝင် တစ်သန်းလောက် မြန်မာ-ဘင်္ဂလား မိုင်၁၇၀ နယ်စပ်ကနေ မြန်မာနိုင်ငံထဲ ၀င်ရောက်အခြေချနေတာ ရခိုင်ဘုရင်များလက်ထက်ကတည်းက ရှိခဲ့ပေမဲ့ အင်္ဂလိပ်ကိုလိုနီလက်အောက်မှာ အမြောက်အများ ရောက်လာကြပါတယ်။ ဒါလဲ မြန်မာ-ဘင်္ဂလားဒေ့-အိန္နိယ တို့ဟာ တချိန်က အင်္ဂလိပ်အင်ပါယာအောက်က အိန္နိယဘုရင်ခံက အုပ်စိုးခဲ့လို့ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာဘုရင်ခံ သီးသန့်ပေါ်လာပြီးနောက်၊ ဒုတိယကမ္ဘာစစ် ဂျပန်စစ်တပ်ကြီး မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးချိန် အိန္နိယလူမျိုး၊ ဘင်္ဂလားလူမျိုး အားလုံးနီးပါး မြန်မာနိုင်ငံက ထွက်ခွာခဲ့သွားကြပါတယ်။
.
ဒုတိယကမ္ဘာစစ် အင်္ဂလိပ်၊အမေရိကန်တို့ အနိုင်ရရှိပြီး ဂျပန်များ စစ်ရှုံးသွားချိန် ဘင်္ဂလားလူမျိုးများ ရခိုင်မောင်းတောဒေသ ပြန်ဝင်စပြုလာခဲ့ပါတယ်။ ၁၉၇၁ အိန္နိယနိုင်ငံမှာ မွတ်ဆလင်-ဟင်ဒီ အရေးအခင်းနဲ့အတူ အိန္နိယ-ပါကစ္စတန် စစ်ပွဲကြီး ဖြစ်ခဲ့ပြီး၊ အနိုင်ရရှိတဲ့ အိန္နိယအစိုးရက အရှေ့ပါကစ္စတန် ကို လွတ်လပ်သော ဘင်္ဂလားဒေ့ခ်ျနိုင်ငံဖြစ်ပေါ်လာစေပါတယ်။ ဒါပေမဲ့ ဆင်းရဲပြီး မွတ်ဆလင်အများစု ဖြစ်လို့ အိန္နိယအစိုးရက ဘင်္ဂလားဒေ့ခ်ျ နယ်စပ် ကီလိုမီတာ ၄၀၉၆ (၂၅၄၅မိုင်) ကို အထူးစောင့်ရှောက်ပါတယ်။ အလွန်ရှည်လျားတဲ့ နယ်စပ်တစ်ခုလုံးကို သံဆူးကြိုးခပ်ပြီး ဘင်္ဂလားမွတ်ဆလင်များ ၀င်မလာရေးအတွက် စစ်တပ်ရင်း၃၀၀ ချထားခဲ့ပါတယ်။ မြန်မာ-ဘင်္ဂလား နယ်စပ် မိုင်၁၇၀ နည်းနည်းလေးကို မြန်မာနိုင်ငံအစိုးရက အရေးမထားခဲ့ပါဘူး။ အခုမှ သံစူးကြိုးခပ်၊ အိန္နိယလို စစ်တပ်ချထားပြီး ကာကွယ်ဖို့ လုပ်နေပါတယ်။
.
မြန်မာနိုင်ငံအစိုးရအဆက်ဆက် လွတ်လပ်ရေးရပြီး နောက်ပိုင်း ပေါ့ပေါ့တန်တန် သဘောထားကြပါတယ်။ ၀န်ကြီးချုပ်ဦးနု လက်ထက်ကတည်းက မဲအနိုင်ရရှိရေးအတွက် မွတ်ဆလင်အမတ်များကို နေရာပေးခဲ့ပါတယ်။ စစ်အာဏာရှင် ဦးနေ၀င်း ရဲ့ မ.ဆ.လ အစိုးရ၊ စစ်အာဏာရှင် ဦးသန်းရွှေ န.အ.ဖ အစိုးရတွေလက်ထက်မှာလဲ ပေါ့ပေါ့တန်တန် ပဲ သဘောထားခဲ့ပါတယ်။ မွတ်ဆလင်များ အုံကြွလာရင် စစ်တပ်နဲ့ အင်အားသုံးဖိနှိပ်လို့ တဖက်နိုင်ငံထွက်ပြေး၊ ပြန်လက်ခံ နဲ့ သံသရာလည်နေပါတယ်။
သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ မြန်မာနိုင်ငံရေးအပြောင်းလဲ လက်မခံလိုသူအုပ်စုက နိုင်ငံဆူပူအောင် မွတ်ဆလင်အရေးအခင်းကို ဖန်တီးခဲ့ပြီး၊ ရခိုင်ပြည်နယ်၊ မောင်းတောဒေသမှာ ဘာသာရေးအဓိကရုန်းကတဆင့် မြန်မာပြည်မြို့ရွာများစွာ မွတ်ဆလင်နေအိမ်များ မီးရှို့ဖျက်ဆီးခံရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အင်အယ်ဒီအစိုးရလက်ထက် ၂၀၁၇ မှာ အကြမ်းဖက်သမားများရဲ့ စနစ်တကျ အကွက်ဆင်မှု အောင်မြင်ခဲ့ပြီး နယ်စပ်ဒေသက မွတ်ဆလင် ၂သိန်းမှာ ၄သိန်း လောက် ဘင်္ဂလားဒေ့ခ်ျ နိုင်ငံဖက် ထွက်ပြေးစေပြီး၊ ရိုဟင်ဂျာ လူမျိုးတုန်းအောင် မြန်မာစစ်တပ်က လုပ်နေတယ်လို့ မဟုတ်မမှန်သတင်းဖြန့်တယ်။ (မြန်မာအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်) ကို အကြပ်အတည်း ရောက်စေခဲ့ပါပြီ။
.
.
.
ရိုဟင်ဂျာ (ကမ္ဘာ့ အမြင်နဲ့ မြန်မာအမြင်)
.
အဆိုးဝါးဆုံးဖြစ်ရပ်ကတော့ ဘင်္ဂလားဒေ့ခ်ျရဲ့ လက်နက်ကိုင်တော်လှန်ရေးအုပ်စုဟာ ဘင်္ဂလားမြန်မာနယ်စပ်မှာ အခြေချပြီး၊ မြန်မာပြည်ဘက်ရောက်လာတဲ့ ဘင်္ဂလာလီမွတ်ဆလင်များနဲ့ ပေါင်းသွားပါတယ်။ အဲဒီအုပ်စုဟာ ကမ္ဘာ့ နိုင်ငံရေးဇတ်ခုံမှာ အဖိနှိပ်ခံ ရိုဟင်ဂျာ လူမျိုးစုလို့ အမည်ခံ၊ တိုးပွားလာကြတာ အခုဆို ဘူးသီးတောင်၊ မောင်တော နယ်စပ်ဒေသနဲ့ ရခိုင်ပြည်နယ်မှာ ဘင်္ဂလားမွတ်ဆလင် ၁သန်းလောက် ရှိနေကြပြီး၊ ယခု ၂၀၁၇ အရေးအခင်းမှာ ထွက်ပြေးအောင် လျှို့ဆော်မှုကြောင့် တစ်ဝက်လောက် ဘင်္ဂလားဒေ့ခ်ျ နိုင်ငံဘက် ရောက်နေပါပြီ။ ဒေါ်အောင်ဆန်းစုကြည် က ကမ္ဘာ မွတ်ဆလင်နိုင်ငံပေါင်း ၅၇နိုင်ငံရဲ့ O.I.C အဖွဲ့ကြီးရဲ့ ဖိအားပေးမှုကြောင့် ကုလသမဂ္ဂနဲ့ အင်္ဂလန်အစိုးရတို့ပါ မနေသာတော့ပဲ မြန်မာအစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကို ရှုံချခြင်း လုပ်နေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ၁၉၉၃ မြန်မာ-ဘင်္ဂလားဒေ့ခ်ျ သဘောတူစာချုပ်အတိုင်း ပြန်လက်ခံမယ်။ အကြမ်းဖက်သမားနဲ့ အုပ်စုကိုတော့ လက်မခံနိုင်ဘူး သဘောထားကို ကြေငြာခဲ့ပါတယ်။
.
မြန်မာအစိုးရရဲ့ သဘောထားကတော့ ရိုဟင်ဂျာ ဆိုတာ မြန်မာတိုင်းရင်းသား လူမျိုးမဟုတ်ဘူး။ မြန်မာနိုင်ငံကို တရားမ၀င် ၀င်ရောက်လာတဲ့ ဘင်္ဂလားမွတ်ဆလင်ဘာသာဝင်တွေ ဖြစ်တယ် လို့ပဲ ကြေငြာထားပေမဲ့၊ အဲဒီသဘောထားက မြန်မာတစ်နိုင်ငံပဲ လက်ခံထားပြီး ကမ္ဘာကြီးကတော့ ရိုဟင်ဂျာ ဆိုတာ ဖိနှိပ်ခံ လူမျိုးစု တစ်ခုအဖြစ် သတ်မှတ်ခံရပါတယ်။ ဘင်္ဂလားဒေ့ခ်ျ အစိုးရလဲ သူ့နိုင်ငံကို လက်နက်ကိုင်တော်လှန်ရေး အုပ်စုများ ပါဝင်နေလို့ အပယ်ခံဘင်္ဂါလီများ အဖြစ်သတ်မှတ်ထားပြီး၊ မြန်မာအစိုးရကတော့ တရားမ၀င်ကျူးကျော်ဝင်ရောက်လာသူ မွတ်ဆလင်အကြမ်းဖက်ဝါဒီများနဲ့ ဆက်စပ်နေတဲ့ အုပ်စုအဖြစ် သဘောထားပါတယ်။ ဘယ်လိုပဲဖြစ်စေ ငွေနဲ့အာဏာ ကြီးမားတဲ့ မွတ်ဆလင်များကြောင့် နာမည်ကျော် ၀ီကီပီဒီယာ Wikipedia မှာတော ဖိနှိပ်ခံ ရိုဟင်ဂျာ လူမျိုးအဖြစ် သတ်မှတ်ထားပါတယ်။ ဖတ်ကြည့်ပါ။ မြန်မာပြည်မှာ ၁သန်းကျော် (ယခု ၂၀၁၇ အရေးခင်းမှာ ဘင်္ဂလားနိုင်ငံကို ၂သိန်းကျော် ထွက်ပြေးသွားပြီ)။ ဘင်္ဂလားဒေ့ခ်ျနိုင်ငံမှာ ၉သိန်းကျော်၊ ပါကစ္စတန်နိုင်ငံမှာ ၂သိန်း၊ ထိုင်းနိုင်ငံမှာ ၁သိန်း၊ မလေးရှားနိုင်ငံမှာ ၄သောင်း၊ အိန္နိယနိုင်ငံမှာ ၄သောင်း၊ အမေရိကန်မှာ ဒုက္ခသည်အဖြစ် ၁သောင်း၂ထောင်၊ အင်ဒိုနီးရှားနိုင်ငံမှာ ၁သောင်း၂ထောင်..စသဖြင့်) စုစုပေါင်း ၂သန်းခွဲ လောက်ကို ဖိနှိပ်ခံ၊ သနားစရာ လူမျိုးအဖြစ် ကမ္ဘာက မြင်အောင် ၀ီကီပီဒိယာ ကမ္ဘာ့ စွယ်စုံကျမ်းမှာတောင် မှတ်တမ်းတင်အောင် လုပ်ထားခဲ့ပြီး ဖြစ်ပါတယ်။
https://en.wikipedia.org/wiki/Rohingya_people
.
.
.
ဘင်္ဂလားဒေ့ခ်ျအစိုးရခေါင်းဆောင် အမျိုးသမီးကြီး ဟပ်စနာ Sheikh Hasina
.
မြန်မာအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အကြောင်းတော့ သိကြပြီးဖြစ်ပါတယ်။ မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်ပြီး အသက်၄၂နှစ်အထိ စစ်အာဏာရှင်စနစ်ကြောင့် ပြည်ပမှာနေထိုင်ပြီး မိခင်ကြီးကို ပြုစုဖို့ မြန်မာပြည်ပြန်လာချိန် ၁၉၈၈အရေးအခင်း မှာပါဝင်ပတ်သက်လို့ သူမရဲ့ အင်အယ်ဒီပါတီ နဲ့ အတူ အနှစ်၂၀ကျော် အကျဉ်းချ ဖိနှိပ်ခံခဲ့ရတယ်။ ၂၀၁၁ မှာ ပြန်လွှတ်ပေးပြီး၊ မြန်မာဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ အတိုက်အခံပါတီအဖြစ် ပါဝင်ခွင့်ပေးခဲ့တယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ အပြက်အသတ် အနိုင်ရပြီးပြီး စစ်တပ် ၂၅% ပါတဲ့ အစိုးရအဖွဲ့ဖြစ်လာတယ်။ ဆင်းရဲမွဲတေတဲ့ မြန်မာနိုင်ငံ၊ စစ်ခေါင်းဆောင်များရဲ့ အာဏာ၊ တိုင်းရင်းသားလက်နက်ကိုင်အရေးအခင်း နဲ့အတူ အခု ၂၀၁၇ မှာ မွတ်ဆလင်အကြမ်းဖက်သမား များရဲ့ ထောင်ချောက်အောက် ရောက်နေသူ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။
.
ဟတ်စနာ ဆိုတဲ့ အမျိုးသမီး ဘ၀ရာဇ၀င်ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အတော်လေးဆင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ထက် ၂နှစ် ငယ်ပြီး အခု အသက်၇၀ ရှိပေမဲ့ သူမ ပါတီက ဒေါ်အောင်ဆန်းစုကြည်ထက် ၂နှစ်စောပြီး ၁၉၈၆ ကတည်းက အတိုက်အခံပါတီအဖြစ် နိုင်ငံရေးလှုပ်ရှားခဲ့ပါတယ်။ သူမ ရဲ့ ဖခင် မူဂျစ်ရာမန် Sheikh Mujibur Rahman ကလည်း ဘင်္ဂလားဒေ့ခ်ျ နိုင်ငံလွတ်လပ်ရေး ဖခင်ဖြစ်ပြီး ၁၉၇၁ မှာ ပထမဆုံး ၀န်ကြီးချုပ်ဖြစ်လာပါတယ်။ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံဖွဲ့စည်းပုံအရ သမ္မတ ဟာ နိုင်ငံအဓိပတိ ဖြစ်ပေမဲ့ အာဏာကတော့ ရွေးကောက်ပွဲနိုင်တဲ့ ပါတီက ရွေးချယ်တဲ့ ၀န်ကြီးချုပ် လက်ထဲမှာပဲ ရှိပါတယ်။ ၁၉၇၅ ခုနှစ်မှာ စစ်တပ်အာဏာသိမ်းမှုမှာ လုပ်ကြံသတ်ဖြတ်ခံရပါတယ်။ အဲဒီအချိန်မှာ အသက်၂၈နှစ် သမီးဖြစ်သူ ဟပ်စနာ ပြည်ပရောက်နေချိန် ဖခင်လုပ်ကြံခံရပြီး ပြန်လာခွင့်မပေးခဲ့ပါဘူး။ ၁၀နှစ်အကြာ ၁၉၈၁ ခုနှစ် မှာ ပြန်လာခွင့်ရရှိပြီး အကျယ်ချုပ်အဖြစ် ၄နှစ် နေထိုင်ရပါတယ်။
.
နောက်ပိုင်းမှာ ဘင်္ဂလားဒေ့ခ်ျ စစ်အာဏာရှင်များကို အတိုက်အခံပါတီအဖြစ် နိုင်ငံရေးလှုပ်ရှားမှုများ ပြုလုပ်ပြီး၊ ရွေးကောက်ပွဲအနိုင်ရရှိလို့ ၁၉၉၁-၂၀၀၁ အထိ ၁၀နှစ်ကြာ အစိုးရခေါင်းဆောင် ၀န်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။ ၂၀၀၁ ခုနှစ် ရွေးကောက်ပွဲမှာ လူထုမနှစ်သက်လို့ ရှုံးနိုမ့်သွားပြီး အတိုက်အခံပါတီဖြစ်သွားရတယ်။ အတိုက်အခံ ဖြစ်စဉ် ဖမ်းဆည်းထိမ်းသိမ်းခြင်းလဲ ခံလိုက်ရပါသေးတယ်။ ၂၀၀၈ ခုနှစ်မှာ ရွေးကောက်ပွဲ ပြန်လည်အနိုင်ရရှိပြီး ၀န်ကြီးချုပ် ပြန်ဖြစ်လာပါတယ်။ ပါတီသန့်စင်ရေးပြုလုပ်ပြီး ၂၀၀၉ ရွေးကောက်ပွဲပြုလုပ် အနိုင်ရပြီး ဒုတိယသက်တမ်း ၀န်ကြီးချုပ် ဖြစ်လာခဲပါတယ်။ ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲမှာလဲ ရွေးကောက်ပွဲ အနိုင်ရရှိပြီး ၀န်ကြီးချုပ် တတိယသက်တမ်း ဆက်လက်ထမ်းဆောင်နေစဉ် မြန်မာ-ဘင်္ဂလား အရေးအခင်း (ရခိုင်-ဘင်္ဂါလီ) ပြသနာနဲ့ ရင်ဆိုင်နေရတဲ့ လက်ရှိ ဘင်္ဂလားဒေ့ခ်ျ ခေါင်းဆောင် အမျိုးသမီးကြီး ဖြစ်ပါတယ်။ သူမ သက်တမ်းအတွင်း ခြစားမှုများကို မတားဆီးနိုင်ပဲ နိုင်ငံလျှပ်စစ်မီးနဲ့ဖွံ့ဖြိုးရေး ကူညီပေးနေတဲ့ ကမ္ဘာ့ဘဏ် အဖွဲ့ကြီး စိတ်ပျက်ပြီး ဘင်္ဂလားဒေ့ခ်ျနိုင်ငံက ထွက်ခွာသွားပါတယ်။ ဒေါ်လာ ၁.၂ ဘီလျံ ဘင်္ဂလာဒေ့ခ်ျ အကြီးဆုံးတံတားဆောက်လုပ်ရေးမှာ ခြစားမှုများစွာ ပေါ်ပေါက်လာပြီး ကမ္ဘာ့ဘဏ် အကူညီ ချေးငွေများ ရပ်တံ့သွားလို့ စီးပွားအကြပ်အတည်း ဖြစ်နေပါတယ်။
.
အိမ်ထောင်ရှင်မ သားတစ်ယောက်၊ သမီးတစ်ယောက် ရှိပြီး ခင်ပွန်းဖြစ်သူ ၂၀၀၉ ခုနှစ်မှာ ကွယ်လွန်ပါတယ်။ သားဖြစ်သူက အမေရိကန်နိုင်ငံမှာ နေထိုင်ပြီး၊ သမီးဖြစ်သူက ကနေဒါမှာ နေထိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လိုပဲ တစ်ဦးတည်း မိသားစုနဲ့ ဝေးကွာ နေထိုင်ရပါတယ်။ သူမ အကြီးဆုံး ပြသနာက အဂတိလိုက်စားမှုဖြစ်ပြီး လူဦးရေ သန်း၁၆၀ (မြန်မာနိုင်ငံထက် ၃ဆကျော်) များပြားတဲ့ မြန်မာနိုင်ငံထက် ဆင်းရဲချမ်းသား ကွာခြားလွန်းတဲ့ မွတ်ဆလင်နိုင်ငံကို အုပ်ချုပ်နေရတဲ့ အာဂ အမျိုးသမီးကြီး ဖြစ်ပါတယ်။
.
.
.
အကြမ်းဖက်အုပ်စုရဲ့ ထောင်ချောက်နဲ့ အဖြေရှာခြင်း
I.S Islamic State of Iraq
.
ရုတ်တရက် ဘင်္ဂလီ ဒုက္ခသည် ၂သိန်းကနေ ၄သိန်းလောက် မြန်မာနိုင်ငံက ထွက်ပြေးလာခြင်းဟာ အကြမ်းဖက်သမားများရဲ့ ထောင်ခြောက် အစဖြစ်ပါတယ်။ သနားစရာ အဖိနှိပ်ခံ ရိုဟင်ဂျာ ဆိုပြီး ကမ္ဘာက စာနာအောင် မွတ်ဆလင် ၅၇နိုင်ငံနဲ့ ကုလသမဂ္ဂ၊ အင်္ဂလန်အစိုးရအထိ မွတ်ဆလင်ဖိအား ခံရပြီး၊ မြန်မာအစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရှုံချ၊ ခံရပါတယ်။ တရုပ်၊ အိန္နိယနဲ့ ရုရှား အင်အားကြီးနိုင်ငံများက မြန်မာဖက်က ရပ်တည်ပြီး၊ အမေရိကန်အစိုးရကတော့ သမ္မတသစ် ဒေါ်နယ်ထရန်က လစ်လျူရှုထားပါတယ်။
.
အကြမ်းဖက်သမားများရဲ့ ထောင်ခြောက်ကို သတိထားဖို့ စင်ကာပူနိုင်ငံခြားရေး ၀န်ကြီးက ကုလသမဂ္ဂမှာ သတိပေး၊ မိန့်ခွန်းပြောဆိုခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းနိုင်ငံများမှာ လူထုအုံကြွမှုများ ကြောင့် နိုင်ငံအတော်များများ အစိုးရတွေ ပြုတ်ကျသွားပြိး တက်လာတဲ့ ပြည်သူ့အစိုးရကလည်း မိမိ မွတ်ဆလင်ဘာသာဝင် နိုင်ငံသားများကို မထိမ်းနိုင်ဖြစ်ရပါတယ်။ ဒါကြောင့် အိရတ်နိုင်ငံ အူဖရက်မြစ်ဝှမ်းဖက်က အစပြုလာပြီး ဆီးရီးယားနိုင်ငံအထိ အစ္စလမ်နိုင်ငံတော် ထူထောင်လာပါတယ်။ မွတ်ဆလင်နိုင်ငံပေါင်း ၁၈နိုင်ငံမှာ အဖွဲ့တွေ လှုပ်ရှားနေပြီ ကြောက်လို့ဖြစ်စေ၊ သဘောတူလို့ဖြစ်စေ ငွေကြေးထောက်ပံ့ပေးနေကြပါတယ်။ ယခုနှစ် ၂၀၁၇ မှာ ရေနံသူဌေးနိုင်ငံလေး ကာတာနိုင်ငံ၊ ကမ္ဘာ့ဖလားဘောလုံးပွဲတောင် ကျင်းပခွင့်ရတဲ့ ကာတာနိုင်ငံကို ဆော်ဒိအာရေးဘီးယား အစိုးရက အကြမ်းဖက်ထောက်ခံလို့ အဆက်သွယ်ဖြတ်တောက်ခဲ့ပါတယ်။ ဒေါ်နယ်ထရန် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ဆော်ဒိအာရေးဘီယား နိုင်ငံကို အလည်လာပြီး ကာတာနိုင်ငံကို ဆော်ဒီအစိုးရက အကြမ်းဖက်ထောက်ခံတယ် စွပ်စွဲပေမဲ့ ကာတာနိုင်ငံက ငြင်းဆန်ပါတယ်။
.
အကြမ်းဖက်အဖွဲ့အစည်းရဲ့ အဓိကလုပ်ဆောင်နေတာတော့ မွတ်ဆလင်နိုင်ငံများမှာ သူတို့ကို ထောက်ခံတဲ့ အစိုးရဖြစ်လာရေး၊ တတ်နိုင်ရင် မွတ်ဆလင်နိုင်ငံများမှာ သူတို့ကို ထောက်ခံတဲ့ အတိုက်ခံပါတီများ အာဏာရရေး ၊ အာဏာသိမ်းရေး ဖြစ်ပါတယ်။ အကြမ်းဖက်အဖွဲ့အစည်းက ငွေကြေးလည်း တောင့်တင်းပါတယ်။ သူတို့ က အထူးသဖြင့် ဘင်္ဂလားဒေ့ခ်ျလို ဆင်းရဲမွဲတေပြီး၊ နိုင်ငံရေး မတည်ငြိမ်တဲ့ အစိုးရများထံမှာ ထောက်ခံမှုရအောင် ပြည်တွင်းဆူပူမှုများ ဖန်တီးပေးလေ့ ရှိပါတယ်။ အခုလည်း ရခိုင်-ဘင်္ဂါလီ အရေးအခင်းကို ကမ္ဘာ့ မွတ်ဆလင်နိုင်ငံများအကြား သာမက၊ ကုလသမဂ္ဂနဲ့ အင်္ဂလိပ်အစိုးရအထိ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။
https://en.wikipedia.org/…/Islamic_State_of_Iraq_and_the_Le…
.
.
.
မြန်မာအစိုးရ လက်ရှိအခြေအနေ
.
အခုအခြေအနေမှာ မြန်မာအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ အင်အယ်ဒီအစိုးရဟာ ၂၅% လွှတ်တော်နဲ့ အစိုးရမှာ တပ်မတော်ရဲ့ ဖိအားများ ခံနေရပါတယ်။ အလားတူ ဘင်္ဂလားဒေ့ခ်ျ အစိုးရနဲ့ ခေါင်းဆောင် ဟပ်စနာ ကလည်း သူနိုင်ငံကို ပြေးဝင်လာတဲ့ ဒုက္ခသည်အုပ်စုကြီးကို ကြွေးမွေးဖို့က ပထမဆုံး ဖိအားကြီးဖြစ်ပါတယ်။ မွတ်ဆလင်နိုင်ငံများကလည်း ရုတ်တရက်ဆိုတော့ အားလုံးတညီတညွတ်တည်း မြန်မာကို ရှုံချပါတယ်။ မွတ်ဆလင်နိုင်ငံရဲ့ ရင်းနှီးမြှတ်နှံမှုတွေ ထွက်သွားရင် စီးပွားကပ်ဖြစ်သွားနိုင်တဲ့ အင်္ဂလန်အစိုးရတောင် စစ်ပညာတော်သင် မြန်မာစစ်ဗိုလ်၅ဦးကို ပါလီမန်မှာ အဆိုတင်သွင်း၊ပြီး စစ်ပညာတော်သင်မှု ရပ်ဆိုင်းစေတာက အင်မတန်အရုပ်ဆိုးလှပါတယ်။
.
မြန်မာပြည်တွင်းမှာတော့ အသိပညာရှိလာပြီ ဖြစ်တဲ့ ရပ်ရွာ သြဇာရှိသူများနဲ့ အုပ်ချုပ်သူများက မွတ်ဆလင်များကို အရင်သမ္မတဦးသိန်းစိန်အစိုးရတုန်းကလို မီးရှို့သတ်ဖြတ်မှုများ မဖြစ်အောင် ထိမ်းသိမ်းနိုင်ခဲ့တာ အခက်အခဲများကြားက အမြတ်ထွက်ခဲ့တဲ့ စည်းလုံးညီညွတ်မှု ဖြစ်လာပါတယ်။ Every Crisis is Opportunity ဆိုသလို ဒီအရေးအခင်းကနေ တိုင်းရင်းသား ညီညွတ်ရေး ရလာဖို့ မျှော်လင့်မိပါတယ်။
.
အဖြေကတော့ ကြာလေ၊ ရှင်းလေ ဖြစ်လာပါပြီး အကြမ်းဖက်သမားများရဲ့ ထောင်ချောက်ထဲ မကျအောင် မြန်မာ နဲ့ ဘင်္ဂလားဒေ့ခ်ျ အစိုးရခေါင်းဆောင် အမျိုးသမီးကြီး နှစ်ယောက် မျက်နှာခြင်းဆိုင် ဆွေးနွေးနိုင်ဖို့ အထူးအရေးတကြီး လိုအပ်နေပါပြီ။ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်လာဖို့ အစီအစဉ်လဲ အကြမ်းဖက်အရေးအခင်း ပေါ်ပေါက်လာလို့ ဘင်္ဂလားဒေ့ခ်ျ အစိုးရဖက်က ရွှေ့ဆိုင်းလိုက်ပါတယ်။ မြန်မာအစိုးရက အရေးပေါ်အစည်းအဝေး ခေါ်ယူပြီး ၁၉၉၃ ခု ဥပဒေ သဘောတူညီချက်နဲ့အညီ ဒုက္ခသည်များကို ပြန်လက်ခံမယ်၊ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံခြားရေးဝန်ကြီး နဲ့ ဘင်္ဂလားဒေ့ခ်ျ ရဲတပ်ဖွဲ့အကြီးအကဲ တို့ကို ထပ်မံဖိတ်ခေါ်စာပို့မယ် ဆုံးဖြတ်ပြီးပါပြီ။
.
.
.
နိဂုံး (အဖြေ)
.
အဖြေကတော့ ကာယကံနိုင်ငံနှစ်ခုနဲ့ အဓိက သက်ဆိုင်ပါတယ်။ အသက်၇၀ အရွယ် ဘင်္ဂလားဒေ့ခ်ျ ခေါင်းဆောင် ဟပ်စနာ နဲ့ အသက်၇၂အရွယ မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ဘယ်တော့ မျက်နှာချင်းဆိုင်တွေ့ပြီး ဆွေးနွေးနိုင်မလဲ။ ချက်ခြင်း ပြေလည်မဲ့ ပြသနာမဟုတ်ဘူးဆိုတာ အားလုံးက လက်ခံပြီးဖြစ်ပါတယ်။ နှစ်နိုင်ငံစလုံး ဆင်းရဲ မွဲတေပြီး အဂတိလိုက်စားမှုများ ၊ စစ်အာဏာရှင်ဟောင်းများ၊ လက်ရှိစစ်အာဏာရှင်များ စသဖြင့် နိုင်ငံရေးလည်း မတည်ငြိမ်ကြပါဘူး။ ဒါကို အခွင့်ကောင်းယူပြိး အကြမ်းဖက်အုပ်စုရဲ့ ထောင်ခြောက်ဖြစ်တဲ့ ဆူဆူပူပူလုပ်နေခြင်းကို ရုန်းထွက်နိုင်ရပါတော့မယ်။
.
ရေရှည်မှာတော့ လူဦးရေအဆမတန် များပြားနေတဲ့ ဘင်္ဂလားဒေ့ခ်ျနိုင်ငံ စီးပွားရေးကောင်းမွန်လာဖို့ကို မြန်မာအစိုးရက အပြုသဘော ကူညီရပါမယ်။ မြန်မာနိုင်င့အနေနဲ့တော့ လက်ရှိ ဆင်းရဲမွဲတေလှပြီး ဘင်္ဂလားဒေ့ခ်ျလောက် ဒီမိုကရေစီ အခြေမခိုင်သေး၊ လူတစ်ဦးချင်းဝင်ငွေ DGP per capital မကောင်းသေးပေမဲ့ ဆင်းရဲချမ်းသာကွာခြားမှုကတော့ ဘင်္ဂလားဒေ့ခ်ျလောက် မဆိုးသေးဘူးလို့ မြင်ပါတယ်။ လူ့အခွင့်အရေးမှာလည်း မြန်မာနိုင်ငံမှာ တရားဥပဒေမစိုးမိုးလို့ အားမရပေမဲ့ ဘင်္ဂလားဒေ့ခ်ျထက်တော့ သာတယ်လို့ မြင်ပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ခ်ျ နှစ်နိုင်ငံ စလုံး အာရှတိုက်မှာ အဆင်းရဲမွဲတေဆုံး နိုင်ငံဖြစ်ပြီး၊ ဘင်္ဂလားဒေ့ခ်ျက မြန်မာထက်ဆိုးလို့ ဘင်္ဂလားလူမျိုးတွေ ရခိုင်ပြည်ထဲ ၀င်လာကြတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ် ဆိုတာလဲ မြန်မာနိုင်ငံမှာ ချင်းပြည်နယ်ပြီးရင် ဒုတိယအဆင်းရဲဆုံး ပြည်နယ်ဖြစ်ပါတယ်။ နှစ်နိုင်ငံစလုံး အပြန်အလှန် အပြစ်တင်ခြင်းကနေ အဖြေရှာပြီး၊ စီးပွားကောင်းလာအော် အလုပ်ကိုင်အခွင့်အလမ်းကောင်းလာအောင် အဂတိကင်းရှင်းအောင် လုပ်ဖို့ပါပဲ။ နိုင်ငံပြန်လည်ထူထောင်မှု အခက်အခဲကြားမှာ ဒီလို နယ်စပ်အရေးခင်း ဖြစ်လာတာ စိတ်ပျက်စရာပါ။ ရေရှည်မှာတော့ ဘင်္ဂလားဒေ့ခ်ျနိုင်ငံမလည်း အလုပ်ကိုင်ပေါများလာပါမှာ မွတ်ဆလင်များ ရခိုင်ပြည်နယ်ကို ခိုးဝင်လာမှု နည်းပါးသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံလဲ အလုပ်အကိုင် မကောင်းသေးပါဘူး။
.
မြန်မာနဲ့ဘင်္ဂလားဒေ့ခ်ျ အစိုးရ မျက်နှာချင်းဆိုင် တွေ့ဆုံး ဆွေးနွေးမှု အမြန်ဆုံးဖြစ်ပေါ်လာမယ်၊ ခေါင်းဆောင် အမျိုးသမီိးုင်ကြီး နှစ်ဦးလည်း တယ်လီဖုန်းဖြစ်စေ အမြန်ဆုံး စကားပြောနိုင်ပါစေလို့ မျှော်လင့်နေမိပါတယ်။
.
.
ဇာနီကြီး
၂၅.စက်တင်ဘာ-၂၀၁၇




ဘင်္ဂါလီအရေး အစွန်းရောက်များ၏ လှည့်ကွက်ထဲ မဝင်မိရန် နိုင်ငံတကာကို စင်ကာပူ သတိပေး (7Days News)
နယူးယောက်− ဘင်္ဂါလီအရေးကို ချဉ်းကပ်ရှုမြင်ရာတွင် အစွန်းရောက်ဝါဒီများ၏ လှည့်ကွက်ကို လျှော့မတွက်ရန် ကမ္ဘာ့နိုင်ငံခေါင်းဆောင်များ ကို စင်ကာပူက တိုက်တွန်းသတိပေးသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့်ပတ်သက်၍မြန်မာအစိုးရအပေါ် နိုင်ငံတကာဖိအားများ ကျရောက်နေချိန်၌ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာကရစ်ရှ်နန်က ကုလသမဂ္ဂ အထွေထွေညီလာခံမိန့်ခွန်းတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံအချင်းချင်း ရိုင်းပင်းရပ်တည်ပြီး ပြောဆိုခြင်းဖြစ်သည်။
စက်တင်ဘာ ၂၃ ရက် မိန့်ခွန်းတွင် ဘာလာကရစ်ရှ်နန်က ‘‘ဘယ်နေရာကြည့်ကြည့်ပါ၊ အစွန်းရောက်ဝါဒီတွေမှာ စာအုပ်ကြီးအတိုင်းသုံး နေတဲ့ နည်းလမ်းတွေရှိတယ်။ ပထမဆုံးအနေနဲ့ သူတို့ဟာ ကမ်းကုန်အောင် ဆိုးသွမ်းတဲ့ အကြမ်းဖက်မှုတွေ လုပ်ပြမယ်။ ဒုတိယအနေနဲ့ ဖြစ်ပေါ် လာတဲ့ နောက်ဆက်တွဲ အခြေအနေကို ဘာသာရေးတံဆိပ် ကပ်လိုက် မယ်။ ဒါဆိုရင် သူတို့နဲ့ ကျွန်တော် တို့နဲ့ကြား ချိန်ဆ စဉ်းစားရတဲ့ သဘောသဘာဝမျိုး ဖြစ်လာ တော့မယ်။ တတိယလုပ်မှာက ကြားဝင် စောင့်ကြည့်သူတွေအမြင်က သူတို့ဘက် ယိမ်းလာ အောင် အလွန်အကျွံ အမူပိုပြ တော့မယ်’’ဟု ထည့်သွင်းပြော ကြားသည်။
‘‘အဲဒီလို အစွန်းရောက်ဝါဒီ တွေရဲ့ ထောင်ချောက်ထဲ တည့်တည့်ကြီးဝင်မသွားမိဖို့ ကျွန် တော်တို့ အရမ်းဂရုစိုက်ရပါလိမ့် မယ်’’ဟု၎င်းကသတိပေးခဲ့သည်။
ထို့အပြင် ဩဂုတ်အတွင်းက ရခိုင်ပြည်နယ်ရှိ ရဲတပ်ဖွဲ့စခန်းများကို အကြမ်းဖက်သမားများက တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်က နယ်မြေရှင်းလင်းမှု စစ်ဆင်ရေး များ ဆောင်ရွက်နေခြင်းနှင့်ပတ် သက်၍ ဘာလာကရစ်ရှ်နန်က မည်သည့်အစိုးရမဆို တိုင်းရင်းသားမရွေး၊ လူမျိုးဘာသာမရွေး ဘဲ နိုင်ငံသားမှန်သမျှကို ကာကွယ် ပေးရန် တာဝန်ရှိကြောင်းလည်း ၎င်းကဆိုသည်။
ယခုလအတွင်း နေပြည်တော်တွင် မြန်မာအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံခဲ့ရာ၌ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံအတွင်း ဖြစ် ပျက်နေသည့် အခြေအနေများ ကြောင့် အကြီးအကျယ်အကျပ် ရိုက်နေသလို ရခိုင်ပြည်နယ်ပဋိ ပက္ခများကြောင့် နာကျင်သောက ရောက်နေကြောင်း ၎င်းကမှတ်ချက်ပေးသည်။
‘‘ကျွန်တော်တို့ နားလည် ထားရမှာက ရခိုင်ကိစ္စဟာ သမိုင်း ကြောင်းမှာပါ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပြီး သိပ်ကိုရှုပ် ထွေးတဲ့ ပြည်တွင်းလူမှုပြဿနာ တစ်ခုအဖြစ် ရပ်တည်နေတယ် ဆိုတာပါပဲ’’ဟုလည်း ဘာလာက ရစ်ရှ်နန်က ဆိုသည်။
ထို့အပြင် စင်ကာပူသည် အာဆီယံအသိုက်အဝန်း၊ မြန်မာအစိုးရတို့နှင့် ပူးပေါင်းကာ ရခိုင်ပြည်နယ်ပဋိပက္ခ၌ ထိခိုက်ခဲ့ သည့် လူ့အသိုက်အဝန်းအားလုံး အတွက် လူသားချင်းစာနာ ထောက်ပံ့မှု ပေးပို့ကူညီနိုင်ရန် ဆောင်ရွက်မည်ဟုလည်း ၎င်းက ကုလသမဂ္ဂ မိန့်ခွန်း၌ ထည့်သွင်း ပြောကြားသည်။
Byဇွဲရဲဝင့်On September 25, 2017
—Ref: CNA
http://7daydaily.com/story/108431
.
.
.
ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းကိုနားထောင်အပြီး တွေးမိတွေးရာစိတ်ကူးများ
သရ၀ဏ်(ပြည်)
မနက်ကိုးနာရီလောက်ကတည်းက တီဗီရှေ့ မှာထိုင်ကာအသင့်ပြင်ထားမိသည် ။ ယနေ့ ၁၉.၉.၂၀၁၇ မနက်ဆယ်နာရီတွင် နေပြည်တော်၌ပြောသောဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းကို ရုပ်မြင်သံကြားမှတိုက်ရိုက်ထုတ်လွှင့်မည်ဆို၍ အသင့်စောင့်နေမိခြင်းဖြစ်သည် ။ ကျွန်တော်နှင့်အတူ ကျွန်တော့်အျမိုးသမီးလည်းပါသည် ။ ကျွန်တော့်သားကြီနှင့် အိမ်ဘေးမှ အိမ်နီးချင်းအမျိုးသမီးတစ်ယောက်လည်းပါသည် ။ထိုအမျိုးသမီးမှာ အင်္ဂလိပ်လိုလုံးဝမတတ်ပါ ။ကျွန်တော်ကလည်းကိုယ့်ဘာသာနားစိုက်ထောင်နေသဖြင့် ဘာသာပြန်မပေးမိပါ ။ သို့သော်သူက ဒေါ်အောင်ဆန်းစုကြည်ကိုလေးစားစိတ်နှင့် ဘာမှနားမလည်သောမိန့်ခွန်းကို နာရီဝက်တိတိပြီးဆုံးအောင်နားထောင်လေသည် ။လမ်းထိပ်လက်ဘက်ရည်ဆိုင်တွင်လည်း အင်္ဂလိပ်လိုနားမလည်သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကိုလေးစားစိတ်နှင့်လာနားထောင်သောသူများဖြင့်ပြည့်ကျပ်နေသည် ။ ကျွန်တော်ကတော့အိမ်မှာပဲနားထောင်သည် ။ တီဗီအနီးတွင် ဖုန်းနှစ်လုံးကိုချကာ အသံဖမ်းဖို့အသင့်ပြင်ထားလိုက်သည် ။ အရေးထဲကျမှ မနက်ကိုးနာရီခွဲခန့် တွင် မီးကပျက်သွားသေးသည် ။ ကျွန်တော်၊တော်တော် စိတ်ဓာတ်ကျသွားသည် ။ မီးမလာလျှင်လမ်းထိပ်လက်ဘက်ရည်ဆိုင်သို့ ထွက်နားထောင်ရမည် ။လူတွေဆူသံ ၊ မီးစက်သံတို့ကြောင်း ကောင်းကောင်းနားထောင်၍ရမည်မဟုတ် ။ အသံဖမ်းယူထားချင်သောဆန္ဒလည်းဆူညံသံတို့ကြောင့်သိပ်မလွယ် ။ သို့သော်ကံကောင်းထောက်မကာ ဆယ်နာရီထိုးဖို့ငါးမိနစ်အလိုတွင်မီးကပြန်လာသည် ။ ကွက်တိပင်ဖြစ်သည် ။ မီးပြန်လာပြီးမကြာမီ ရုပ်သံတွင်ဒေါ်အောင်ဆန်းစုကြည်ပုံပေါ်လာသည် ။ နောက်ခံပိတ်ကားက အနီရောင်တောက်တောက်ကြီးဖြစ်နေတာ ပန်းချီသဘော ၊ ရုပ်ရှင်သဘောအရပြောရလျှင် မြင်ကွင်းကိုဖျက်နေသည် ။ နောက်ခံဘက်ဂရောင်းအရောင်ကတောက်ပလွန်းနေသည် ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အနီရောင်ဝတ်စုံကိုဝတ်ထားရာ အနီပေါ်တွင်အနီခံထားသဖြင့် အဝေးကြည့်တွင်သိပ်မပေါ်ပဲ ရောနေသည် ။ အနီရောင်မှာ ရဲရင့်ခြင်းသင်္ကေတကိုယူသည်လား တော့မသိ စစ်မက်လိုလားသောအရောင်လိုဖြစ်နေသည် ။ယခုလိုကမ္ဘာနှင့်ချီသောအခမ်းအနားတွင် ငြိမ်းချမ်းရေးသင်္ကေတ၏အရောင်ဖြစ်သော ကုလသမဂ္ဂ၏အရောင်ဖြစ်သည့် မိုးပြာရောင် နောက်ခံကားကို တပ်ဆင်ထားသင့်သည် ။ ထိုအခါအပြာနုရောင်နောက်ခံကားပေါ်တွင်အမေစု၏ အနီဝတ်စုံသည်ကြွားကြွားဝင့်ဝင့်ပေါ်ပေါက်လာမည်ဖြစ်သည် ။ ထားတော့ အရောင်ကအဓိကမဟုတ် ၊ အ၀တ်အစားကအဓိကမဟုတ် ၊ ဖက်ရှင်ဒီဇိုင်းဘက်ဂရောင်းကအဓိကမဟုတ်ဟုပြောနိုင်ပါသည် ။ ကမ္ဘာကကြည့်မည့်အခမ်းအနားတွင် နိုင်ငံတကာဆန်စေချင်သည့် စေတနာနှင့်ပြောမိခြင်းဖြစ်ပါသည် ။ ထားတော့ဒါကအဓိကပြောလိုရင်းမဟုတ်ပါ ။

အမေရိကန်သမ္မတများ နိုင်ငံတော်သို့ မိန့်ခွန်းပြောရာတွင် အစချီသည့်အာလုပ်စကားမှာ My Fellow Americans ( ကျွန်ုပ်၏အမေရိကန်ပြည်သူလူခင်ဗျား) ဟူ၍ဖြစ်သည် ။ သမ္မတကြီးဦးသိန်းစိန်မိန့်ခွန်းပြောသောအခါ မိဘပြည်သူများခင်ဗျား နှင့်စတင်သည် ။ ဒေါ်အောင်ဆန်းစုကြည်ပြောသောအခါ ဘယ်လိုနှုတ်ဆက်စကားနှင့်စတင်မလဲဟု မပြောခင်ကပင်အမျိုးမျိုးတွေးတောနေကြသည် ။ ပြောတော့ခပ်ရိုးရိုးပင်ဖြစ်သည် Excellencies and Distinguished Guests ( ဂုဏ်သရေရှိဧည့်သယ်တော်အပေါင်းတို့ ) ဟုသာသူမိန့်ခွန်းပြောရာအခန်းထဲသို့တက်ရောက်လာသည့်ပရိသတ်ကိုသာ ရည်ညွှန်းသည် ။ ရှည်ရှည်ဝေးဝေး မန္တလေးတို့ရန်ကုန်တို့က LED ဘုတ်တွေထောင်၍ကြည့်နေသူတွေကို မရည်ညွှန်းပေ ။ အဓိကရည်ရွယ်သည်က နိုင်ငံတကာကိုပေါက်ရောက်သွားဖို့ လိုရင်းမဟုတ်ပါလား ။ထို့ကြောင့်ပင် နိုင်ငံတကာကနားလည်သော အင်္ဂလိပ်ဘာသာဖြင့် စကားပြောခြင်းဖြစ်ပေမည် ။ ဒေါ်အောင်ဆန်းစုကြည်သည် သိပ်ပြီးစိတ်ဖိစီးပုံမရပဲ ခပ်လေးလေးနှင့်မှန်မှန်ပင်သူ့ မိန့်ခွန်းကိုပြောလေသည် ။ မိန့်ခွန်းမှာမိနစ် ၃၀ အတိသာကြာမြင့်လေသည် ။ကုလသမဂ္ဂတွင်စကားပြောရာတွင်လည်း မြန်မာပြည်စာပေဟောပြောပွဲကတချို့ စာရေးဆရာ တွေလို တနာရီခွဲလဲမပြီး၊နှစ်နာရီလဲမပြီး လေရှည်ချင်တိုင်းလေရှည်နေ၍မရ သတ်မှတ်ထာသောအချိန်အတိုင်းအတာအတွင်းဝင်အောင်တိုတိုနှင့်ထိထိမိမပြောတတ်ရသည် ။ မိနစ်သုံးဆယ်အတွင်းမှာ အရေးကြီးအချက်များအားလုံးပါအောင်ပြောရသည်က လွယ်သည်တော့မဟုတ် ။ ဒေါ အောင်ဆန်းစုကြည်မိန့်ခွန်းကိုနားထောင်ကြည့်သောအခါအကြမ်းဖျင်းအားဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အာဏာမရယူမီရွေးကောက်ပွဲတွင်ကတိ သုံးခုနိုင်ငံသားတို့ ကိုပေးခဲ့ပုံ ၊ထိုကတိများမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ၊ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေး ၊ ဖွံဖြိုးတိုးတက်ရေး ဆိုသည့်အချက်သုံးချက်ဖြစ်ကြောင်း စပြောသည် ။ မြန်မာနိုင်ငံသည် နိုင်ငံတကာနှင့်ဆက်ဆံပါတ်သက်ရမည်ကိုစိုးရွံ့ မှုမရှိကြောင်းပြောသည် ။ အစိုးရက ဆယ့်ရှစ်လပဲသက်တမ်းရှိသေးသဖြင့်ကြိုးစားရုန်းကန်နေရပုံများ၊ ဒီမိုကရေစီရှင်သန်အောင် အားထုတ်ကြိုးပန်းနေရပုံများကိုပထမပိုင်းတင်ပြသည် ။ထို့နောက် ရခိုင်ကိစ္စကိုဆက်ပြော၏။ မိန့်ခွန်း၏ဒုတိယပိုင်းဖြစ်သည့် ခုနစ်မိနစ်မှဆယ့်ရှစ်မိနစ်အတွင်းသည် အကောင်းဆုံးဖြစ်သည်ဟုကျွန်တော်ထင်၏ ။နိုင်ငံတကာမှသိချင်တာတွေလည်းပါသည် ။ မြန်မာဘက်ကပြန်ပြောချင်နေတာတွေလည်းပါသည် ။

“ ၂၀၁၇ သြဂုတ်လ ၂၅ ရက်ညမှာ နယ်ခြားစောင့်ရဲကင်းစခန်း ၃၀ နှင့်နယ်မြေခံတပ်ဌာနချုပ်တခုကိုအကြမ်းဖက်တိုက်ခိုက်ခံရပါတယ် ၊ အဲဒိအကျိုးဆက်အနေနဲ့ ARSA လိ့ ခေါ်တဲ့အဖွဲ့ကိုအကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆ ၊ပုဒ်မခွဲ (င) အရအကြမ်းဖက်အဖွဲ့လို့အစိုးရကသတ်မှတ်ကြေညာခဲ့ပါတယ် ၊ရခိုင်ကိစ္စနဲ့ပတ်သက်လို့တကမ္ဘာလုံစိုးရိမ်နေကြတာသိပါတယ်။လူ့အခွင့်အရေးချိုးဖောက်မှုအားလုံးနဲ့ ဥပဒေမဲ့အကြမ်းဖက်မှုအားလုံးကိုရှုတ်ချပါတယ်။ဒီအကြမ်းဖက်မှုဖြစ်ရပ်ကိုတွေ့ကြုံခံစားရတဲ့သူအပေါင်းအတွက်အထူးပဲဝမ်းနည်းမိပါတယ် ။ အိုးမဲ့အိမ်မဲ့ထွက်ပြေးရတဲ့သူတွေများစွာရှိပါတယ် ။ ဒီလူတွေဟာ မူဆလင်တွေ ၊ရခိုင်တွေသာမက လူမျိုးစုငယ်များဖြစ်တဲ့ မြို ၊ ဒိုင်းနက် ၊ သက်၊မရမာကြီး ၊ နဲ့ ဟန္ဒူဘာသာဝင်တွေပါ ။ သူတို့ တွေရှိနေတယ်ဆိုတာတောင်ကမ္ဘာ့အများစုက သိတောင်သိကြမယ်မထင်ပါဘူး “ ဟုထည့်သွင်းပြောကြားခဲ့၏ ။ ထွက်ပြေးရသူမှာ မူဆလင်များသာမဟုတ် ၊ ရခိုင်နှင့်လူနည်းစုတိုင်းရင်းသားတွေလဲရှိနေတာကိုကမ္ဘာကမေ့နေသည်ဟု ဒေါ်အောင်ဆန်းစုကြည်က သာသာနှင့်နာနာနှက်လိုက်ခြင်းဖြစ်သည် ။ တဖန် မူဆလင်တွေရွာကိုပစ်ပြီး ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ အိုးအိမ်စွန့်ခွာပြီးရွာလံးကျွတ်ထွက်ပြေးနေကြပါသည်ဆိုသောဖြစ်ရပ်နှင့်ပတ်သက်၍ဒေါ်အောင်ဆန်းစုကြည်က
“ထွက်ပြေးတဲ့မူဆလင်ရွာတွေရှိသလို ၊လုံးဝထွက်မပြေးတဲ့မူဆလင်ရွာတွေလဲရှိတယ် ။ပြောရရင် ရွာအများစုဟာ အိုးအိမ်စွန့်ခွာပြီးမပြေးကြပါဘူး ။ ခြောက်ဆယ်ရာခိုင်နှုန်းလောက်ရှိမယ့် မူဆလင်ရွာတွေဟာမပြေးကြပါဘူး ၊ အဲဒိတော့ ပြေးတဲ့သူတွေကို ဘာကြောင့်ပြေးသလဲဆိုတာ လေ့လာဆန်းစစ်ရမှာဖြစ်သလို မပြေးတဲ့သူတွေကိုဘာကြောင့် မပြေးသလဲဆိုတာလဲမေးဖို့လိုပါတယ် ။ ကျွန်မတို့ဟာ ပြသနာရှိတဲ့နေရာတွေကိုပဲလိုက်ကြည့် ပြီးအဖြရှာလို့မရဘူး ၊ ပြသနာမဖြစ်တဲ့နေရာတွေကိုလည်း ဘာ့ကြောင့်ပြသနာမဖြစ်သလဲ ၊ဒီလို ကာလပျက်သလိုဖြစ်နေတဲ့ ပတ်ခြာလည်ရွာတွေကြားမှာဘာ့ကြောင့်ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်သလဲ ဆိုတာအဖြေရှာရမယ် “

ဟုထည့်ပြောသွားသည် ။ မှန်ပေ၏ ။ သံရေးတမန်ရေးမို့  ဒေါ်အောင်ဆန်းစုကြည်ကအကုန်လုံးထုတ်ဖော်မပြောလူးထင်သည် ။ ဒေါ်အောင်ဆန်းစုကြည်ပြောသောထိုပညာရှိစကား၏နောက်ကွယ်မှာ စကားတို့ရှိသည်။ထိုစကားတို့ကားအခြားမဟုတ် အချို့ မူဆလင်ရွာတွေသည် ထွက်မပြေးပဲငြိမ်းငြိမ်းချမ်းချမ်းနေနိုင်သည် ။ ထိုရွာများမှာအကြမ်းဖက်မှုကိုအားမပေးသော အကြမ်းဖက်ဝါဒနှင့်မပတ်သက်သောရွာများဖြစ်သည် ။ အချို့ သော မူဆလင်ရွာသားများမှာရွာလုံးကြွတ်ထွက်ပြေးကြ၏ ။ အဘယ့်ကြောင့်ဆိုသော် ထိုရွာများသည်အကြမ်းဖက်သမားများ၏အမာခံရွာများဖြစ်သည် ။ အကြမ်းဖက်မှုကို ကိုယ်တိုင်လူအုပ်နှင့်သော်လည်းကောင်း ၊ နောက်ကွယ်မှအားပေးကူညီ၍သော်လည်းကောင်း ပါဝင်ကူညီခဲ့ကြသူအများစုဖြစ်သည် ။ဒေါ်အောင်ဆန်းစုကြည်က ထိုသို့မပြောချင်၍ အဖြေရှာကြပါ ၊ ထိုနေရာများသို့ သွားဖို့ သံတမန်များကို အစိုးရကစီစဉ်ပေးပါမည်ဟုပြောနေခြင်းဖြစ်သည် ။ ယခုအခါကမ္ဘာက ဘင်္ဂလားဒေ့ရှ်သို့ထွက်ပြေးသော ဘင်္ဂလီများကိုသာရိုဟင်ဂျာဟုဆိုကာသွားကြည့်နေကြသည် ။ ထွက်မပြေးပဲ အေးအေးလူလူနေနေကြသော မူဆလင်များကိုတယောက်မှသတိမရကြ။ ထို့ ကြောင့်အကြမ်းမဖက်ပဲအေးအေးလူလနေသောမူဆလင်များဘေးမသီရန်မခနေနိုင်ကြောင်းလာကြည့်လှည့်ပါဟုသံတမန်တွေကိုဒေါ်အောင်ဆန်းစုကြည်ကဖိတ်ခေါ်ခြင်းဖြစ်သည် ။ ထို့နောက်ဒေါ်အောင်ဆန်းစုကြည်က လူ့အခွင့်အရေးနှင့်ပတ်သက်၍ မှတ်လောက်သားလောက်စကားတခွန်းကိုထပ်ပြောသည် ။

” We defend of Human Right not of particular community but the right of all human beings within the border of our country . ကျွန်မတို့ဟာလူ့အခွင့်အရေးကိုကာကွယ်ပါမယ် ။ ဒါပေမယ့် လူမျိုးတမျိုး လူတစုရဲ့ အခွင့်အရေးကိုတင်ကာကွယ်မှာမဟုတ်ဘူး ၊ ကိုယ့်နိုင်ငံနယ်နိမိတ်စည်းမျဉ်းထဲမှာရှိနေတဲ့လူသားအားလုံးရဲ့ အခွင့်အရေးကို ကာကွယ်ပေးရမှာပါ “

ဟုပြောကြားခဲ့၏ ။ ထိုသဘောမှာ ရိုဟင်ဂျာဆိုသူများ၏လူ့အခွင့်အရေးကိုသာတစာစာတောင်းဆိုနေသူများကို ပြန်ကြားလိုက်ခြင်းဖြစ်သည် ။ အစိုးရသည် လူတစုအတွက်သာ လူ့အခွင့်အရေးဆောင်ကျဉ်းပေးရန်တာဝန်ရှိသည်မဟုတ် ၊မိမိနိုင်င့နယ်နိမိတ်ထဲတွင်ရှိသမျှ နိုင်ငံသားအားလုံး၏အခွင့်အရေးများကိုကာကွယ်ပေးရမည်ဖြစ်ကြောင်းတုန့်ပြန်ပြောကြားခြင်းဖြစ်သည် ။ ထိုစကားအတွက်အာရကြေနပ်ပါ၏ ။

မြန်မာနိုင်ငံ၏ဒီမိုကရေစီကိုကား နှစ်ကြိမ်တိုင်တိုင် စကားလုံးနှစ်လုံးပြောင်း၍ပြောဆိုသွား၏ ။ ပထမအကြိမ်ပြောဆိုစဉ် Young and Fragile Democracy ( နုနယ်သေးပြီးကွဲရှလွယ်သည့်ဒီမိုကရေစီ ) ဟု ရည်ညွှန်းကာမိန့်ခွန်းထဲတွင်ခေါ်ဝေါ်ခဲ့သည် ။ နောက်တကြိမ်တွင်မူ Imperfect Democracy (တပိုင်းတစဒီမိုကရေစီ )ဟုခေါ်တွင်ခဲ့သည် ။ထိုအခေါ်အဝေါ်နှစ်ခုလုံးမှာ မြန်မာ့ဒီမိုကရေစီ၏ပကတိအရှိသဘောနှင့်တထပ်တည်း ကျသောစကားအသုံအနှုံးဖြစ်သည် ။အာလုံးသိကြသည့်အတိုင်း မြန်မာ့နိုင်ငံရေးမှာဒီမိုကရေစီဒင်ပြည့်ကြပ်ပြည့်ရသေးသည်မဟုတ်ချေ ။ အရေးပါသောဝန်ကြီးနေရာသုံးနေရာကို တပ်မတော်မှကိုင်ထားသည် ။ လွှတ်တော်ထဲတွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရွေးကောက်ပွဲဝင်စရာမလိုပဲယူထားသည် ။ ဒုသမ္မတလောင်းတယောက်ကိုတပ်ကခန့်သည် ။ မတည်ငြိမ်မှု အဓိကရုဏ်းများကြောင့်အချိန်မရွေး ဒီမိုကရေစီခေတ်မှ စစ်အစိုးရလက်အောက်သို့ ပြန်ရောက်သွားနိုင်သည် ။ ထို့ကြောင့်ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏လက်ရှိအနေအထားကို နုနယ်ပြီးကွဲရှလွယ်သည့်ဒီမိုကရေစီဟူ၍လည်းကောင်း၊ တပိုင်းတစဒီမိုကရေစီဟူ၍လည်းကောင်းကမ္ဘာသိကြေညာခြင်းဖြစ်နိုင်သည် ။

ဒေါ်အောင်ဆန်းစုကြည်၏မိန့်ခွန်းကိုနားထောင်ပြီးသောအခါတွေးစရာများစွာရသည် ။ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉ ရက်နေ့ မနက်၁၀ နာရီတွင်မိန့်ခွန်းပြောရာထိုအချိန်သည် ကုလသမဂ္ဂရှိရာ နယူးယောက်တွင် ၁၈ ရက်နေ့ ည(၁၁:၃၀)နာရီခန့်ရှိမည်ဖြစ်သည် ။ နယူးယောက်စံတော်ချိန် ၂၀ ရက်နေ့တွင်တော့ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးဟင်နရီဗန်ထီးယူ က ကုလသမဂ္ဂအထွေထွေညီလာခံ တွင် မြန်မာနိုင်ငံကိုယ်စားမိန့် ခွန်းပြောပေတော့မည် ။ ဒေါ်အောင်ဆန်းစုကြည်၏မိန့်ခွန်းသည် ဦးဟင်နရီဗန်ထီးယူကမ္ဘာ့အလည်၌ အနေချောင်အောင် ရှေ့ပြေးသဘောနှင့် လုပ်ပေးသော မိန့်ခွန်းဖြစ်ပေသည် ။ ဖိအားများစွာကျရောက်နေသောမြန်မာကိုယ်စားလှယ်အဖွဲ့ ၂၀ ရက်နေ့မိန့်ခွန်းပြောသောာအခါ ဖိအားများစွာလျော့ပါးသွားအောင်ဒေါ်အောင်ဆန်းစုကြည်ကကြိုတင်လုပ်ဆောင်သောရည်ရွယ်ချက်ဖြစ်ပုံရသည် ။ ထို့ကြောင့်ကျွန်တော်တို့က ဒေါ်အောင်ဆန်းစုကြည်ပြောသောစကားကို မိန့်ခွန်း (Speech ) ဟုထင်သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က Diplomatic Briefing (သံတမန်ရှင်းလင်းပွဲ ) ဟုသာအမည်တပ်သည်ကိုတွေ့ ရသည် ။စကားဆုံးကာနီး၌ သံတမန်ရှင်းလင်းပွဲဟုခေါ်သော်လည်းတကယ်တမ်းတွင် မိတ်ရင်းဆွေရင်းချင်း ခင်ခင်မင်မင်နဲ့ တောင်းဆိုတဲ့ တောင်းခံလွှာ (Friendly Appeal ) ပါဟုပင်ဒေါ်အောင်ဆန်းစုကြည်ကဆိုလိုက်သေးသည် ။ ဘာကိုတောင်းခံနေသနည်း ။ သူ့ ကိုယ်ကျိုးအတွက်ရွှေတွေငွေတွေ ၊ ကျောက်စိမ်းပတ္တမြားလုပ်ကွက်တွေ ၊ ကားတွေ ၊ လေယာဉ်တွေ ၊ဒေါ်လာတွေ တောင်းခံနေခြင်းကားမဟုတ်ပေ ။မြန်မာနိုင်ငံကိုဝိုင်းဝန်းပစ်တင်ဝေဖန်ကြမည့်အရေးမှရှောင်လွှဲဖို့တောင်းဆိုနေခြင်းဖြစ်သည် ။ တဆက်တည်းမှာပင် သန္စေတည်စ မြန်မာ့ဒီမိုကရေစီလေး ကွဲပျက်ကြေမွသွားမှာကိုဝိုင်းဝန်းကူညီဖို့ နိုင်ငံအားလုံးကိုတောင်းဆိုနေခြင်းဖြစ်သည် ။ 

ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း (သံတမန်ရှင်းလင်းပွဲ)တွင် သတိထားမိသောအချက်တချက်ရှိသည် ။ထိုအချက်မှာ ဘင်္ဂလီများကို ရိုဟင်ဂျာဟုလုံးဝမခေါ်ခြင်း ( ရိုဟင်ဂျာကယ်တင်ခြင်းအကြမ်းဖက်အဖွဲ့အစည်းဟူသောမသုံးမဖြစ်စကားလုံးမှအပ) ဖြစ်သည် ။နောက်ထပ်သတိထားမိသောအချက်မှာ တပ်မတော်နှင့် ပြည်တွင်းမှတိုင်းရင်းသားအားလုံးကျယ်ပြန့်စွာသုံးစွဲခေါ်ဝေါ်နေသည့် ဘင်္ဂလီဆိုသည့်စကားလုံးကိုရှောင်ပြီး မူဆလင်များဟုသာသုံးသွားခြင်းဖြစ်သည် ။ ဘင်္ဂလီဟုမခေါ်ခြင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကန့်ကွက်မှာကိုစိုးရိမ်၍လားမသိပေ ။ဒေါ်အောင်ဆန်းစုကြည်၏မိန့်ခွန်းမှာ အားလုံးကောင်းပါ၏။ မိကျောင်းမင်းရေကင်းပြသလိုဖြစ်မှာစိုးသော်လည်း စေတနာဖြင့် ထောက်ပြရလျှင်ဒေါ်အောင်ဆန်းစုကြည်၏မိန့်ခွန်းတွင်လိုအပ်ချက်တခုသာရှိပေသည် ။ထိုအချက်မှာ ယခုရခိုင်တွင်ဖြစ်ပွားနေသော ပြသနာအားလုံး၏အခြေခံမှာ မေယုတောင်တန်းကိုခြေကုတ်ယူ၍ မြန်မာနိုင်ငံမှခွဲထွက်ကာ အစ္စလာမ္မာစ်နိုင်ငံထူထောင်လိုသော အကြံဆိုးရှိသည့် စစ်သွေးကြွဘင်္ဂလီတစုကြောင့်ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း၊ထိုအကြံဆိုးမရှိလျှင် ငြိမ်းချမ်းစွာအတူလက်တွဲနေထိုင်နိုင်ပြီး ထိုအကြံဆိုးရှိနေသမျှ မည်သည့်တိုင်းရင်းသားမှ ထိုဘင်္ဂလီ (မူဆလင်)များနှင့် အတူလက်တွဲ နေထိုင်ဖို့မဖြစ်နိုင်ကြောင်း ကမ္ဘာသိအောင်ပြောကြားဖို့ဖြစ်သည် ။ မူဆလင်နိုင်ငံများမှဖိအားကို လျော့ပါးစေချင်သဖြင့် ထိုစကားများကိုဒေါ်အောင်ဆန်းစုကြည်မပြောခဲ့ခြင်းလည်းဖြစ်နိုင်ပါသည် ။သို့သော်ထိုအချက်သည် နားမခံသာ ခါးသီးသော်လည်း လက်ရှိအမှန်တရားဖြစ်သည် ။

ဒုက္ခသည်တွေပြန်လာဖို့ ၊နိုင်ငံသားအဖြစ်ကိုက်ညီမှရှိမရှိစိစစ်ဖို့ ၊ လူသားချင်းစာနာသော အထောက်အကူများဖြန့်ဝေပေးဖို့  ၊စာသင်ကျောင်းတွေဆောက်ပေးဖို့  ၊ စီးပွားရေးဇုန်တွေထူထောင်ပြီး အလုပ်အကိုင်တွေရှာဖွေပေးဖို့  ၊ မေယုတောင်တန်းကိုပတ်၍လမ်းတွေဖောက်ဖို့ စသောအချက်များကိုပြောသွားတာကောင်းပါသည် ။ သို့သော်ထိုအချက်များသည် အထက်ကပြောခဲ့သော ဘင်္ဂလီတို့၏အကြံဆိုးကြောင့်သာ နောက်ဆက်တွဲကိစ္စအဖြစ်လိုက်လုပ်နေရခြင်းဖြစ်သည် ။တကယ့်ပင်ရင်းပြသနာကား ဘင်္ဂလီတို့၏ ခွဲထွက်လိုသော ဆန္ဒဆိုးဖြစ်သည် ။ ပညာမတတ်ချင်း၊ ဥပဒေစိုးမိုးမှုနည်းချင်း ၊ စီးပွားရေးမဖွံဖြိုးမတိုးတက်ခြင်း၊လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း ၊ အမြင်မကျယ်ချင်းတို့ကြောင့် နှစ်ဖက်အသိုင်းအ၀ိုင်းပဋိပက္ခများဖြစ်ပွားသည်ဆိုသည်မှာလည်းမှန်သင့်သလောက်မှန်ပါသည် ။သို့ သော် ထိုလူများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရှေးကဖြစ်စေ ၊ယခုဖြစ်စေ ရောက်လာကြသော လူမျိုးများဖြစ်သဖြင့် ဘင်္ဂလီများဖြစ်သည်ဆိုတာလည်း ဖုန်းကွယ်ထားကောင်းသောကိစ္စမဟုတ်ပါ ။ ရိုဟင်ဂျာဟုသူတို့ကကမ္ဘာမှာဖော်နေသမျှ ကျွန်တော်တို့ကလည်း သူတို့ကို ဘင်္ဂလီဟုဖော်နေရမည်ဖြစ်သည် ။ FM ရေဒီယိုလွှင့်ပေးမည် ။ထိုအထဲတွင် ဘင်္ဂလီဘာသာနှင့်လည်းလွှင့်ပေးမည်ဟုပြောရာ ဘင်္ဂလီဘာသာကိုနားလည်သည်ဆိုကတည်းက ထိုသူများသည် ဘင်္ဂါလီမဟုတ်လို့ဘာလူမျိုးဖြစ်မည်နည်း ။ ရခိုင်ရှိမူဆလင်အများစုမှာ ကမန်အနည်းစုကလွဲ၍ ဘင်္ဂလီများသာဖြစ်လေသည် ။ ကုန်ကုန်ပြောရလျှင်ဘင်္ဂလားဒေ့ရှ်နှင့်စစ်ဖြစ်ရသည်ပဲဖြစ်စေ ဘင်္ဂလီကတော့ ဘင်္ဂလီပဲခေါ်သင့်ပါသည် ။ ဘင်္ဂလားဒေ့ရှ်ကမကြေနပ်၍သံတမန်အဆက်အသွယ်ဖြတ်တော့လည်းလွမ်းလောက်စရာမရှိပါ ။

ဒေါ်အောင်ဆန်းစုကြည်ကတော့တိုင်းပြည်ကိုလက်ရှိခံစားနေရသော ဖိအားများစွာ၊ကမ္ဘအနှံ့ဆန္ဒပြမှုများစွာ၊ ဆန့်ကျင်ရှုတ်ချခံရမှုပေါင်းများစွာမှညင်သာစွာဆွဲထုတ်ရန်အတတ်နိုင်ဆုံးကြိုးစားနေပါသည် ။ထိုအားထုတ်မှုသည် အရိုးကိုစည်းရိုးထိုးမည်ဟူသော သူများထက်တော့အများကြီးတာသွားပါသည် ။ သို့ သော် တချက်ပဲပြောစရာရှိသည်မှာ ဘင်္ဂလီတို့၏ ဇစ်မြစ်နှင့် အကြံဆိုးရည်မှန်းချက်ကို အမြဲတမ်းမျက်ခြေမပြတ်ပဲ ဖော်ထုတ်နေဖို့တော့ (အစ္စရေးအစိုးရလို) ဘယ်သူကြိုက်ကြိုက်မကြိုက် ပြတ်သားဖို့လိုမည်ဖြစ်ကြောင်း မိန့်ခွန်းစကားကိုနားထောင်ပြီး တောင်တွေးမြောက်တွေး ၊ တွေးမိပါသတည်း။

သရ၀ဏ်(ပြည်)
စောင့်ကြည့်ဂျာနယ်
၂၂.၉.၂၀၁၇

သရ၀ဏ်(ပြည်) သို့ ဆွေးနွေးခြင်း၊ သိပ်ပြက်သားရင်၊ သိပ်မှန်လွန်းရင်လဲ အိမ်နီးချင်းနဲ့ငြိမ်းချမ်းစွာနေဖို့ ခက်ပါမယ်။ သရ)ဏ်(ပြည်) ကတော့ အစ္စရေးလို ကျင့်သုံးဖို့ ရေးထားပေမဲ့ ..အနော်တို့မြန်မာနိုင်ငံသားတွေက အစ္စရေးလို စိတ်ဓါတ်မရှိပါ။ ပြိးတော့ အစ္စရေးလူမျိုးတွေလို အမေရိကန်နဲ့ကမ္ဘာအနှံ့ရောက်နေတဲ့ ပေါက်ရောက်သူ အစ္စရေး (၃)သန်းမရှိတာ သတိထားပြီး အစ္စရေးလို ပြက်သားလို့မရပါ။  ဘင်္ဂလားဒေ့ခ်ျ နဲ့ မိုင်၁၇၀ ခြံစည်းရိုးကောင်းကောင်း၊ အစောင့်စစ်တပ်ကောင်းကောင်း ထားရုံသာမက၊ ဘင်္ဂလားဒေ့ခ်ျနိုင်ငံကို ဒီမိုကရေစီအစစ်အမှန်ဖြစ်အောင် (နှစ်နိုင်ငံစလုံး တစ်ဦးချင်းဝင်ငွေတိုးတက်အောင်) မြန်မာဘက်က လုပ်ပေးရပါမယ်။ လောလောဆယ်တော့ ၂နိုင်ငံ ခေါင်းဆောင်အမျိုးသမီးကြီး ၂ဦး ဖြစ်နေတဲ့အချိန် ဖြေရှင်းနိုင်တာ အကောင်းဆုံးအခြေအနေပါ။ ကြာသွားရင်၊ နောက် ခေါင်းမာတဲ့ စစ်တိုက်ချင်သူတွေ ခေါင်းဆောင်ဖြစ်မလာခင် .ရေတို၊ ရေရှည် အဖြေရှာသွားရပါတယ်။ ဘင်္ဂလားဒေ့ခ်ျ ခေါင်းဆောင်အမျိုးသမီးကြီး ဟာစနာ (၇၀နှစ်) ခံရတဲ့ ဖိအားက ပိုများလှပါတယ်။ 

No comments:

Post a Comment