Tuesday, December 13, 2016

စက်မှုဇုံ SEZ Special Economic Zone မြန်မာ သီလဝါ၊ ထားဝယ် နဲ့ ကျောက်ဖြူ


Myanmar State Counsellor Office added 4 new photos.
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မြန်မာအထူးစီးပွားရေးဇုန်ဗဟိုအဖွဲ့ဝင်များ နှင့်တွေ့ဆုံ
နေပြည်တော် နိုဝင်ဘာ ၁၅
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာအထူးစီးပွားရေးဇုန် ဗဟိုအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ဗဟိုလုပ်ငန်းအဖွဲ့ဝင်များ၊ စီမံခန့်ခွဲမှုကော်မတီဝင်များ နှင့် ယနေ့ နံနက် (၁၀) နာရီ နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံအတွင်းရှိ တိုင်းရင်းသား လူမျိုးပေါင်းစုံ၊ ပြည်သူပြည်သားများ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် နေထိုင်နိုင်ရန် အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် အဓိကဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်မှုမရှိဘဲ ရုပ်ပိုင်းဆိုင်ရာအရ ဖွံ့ဖြိုးတိုးတက်မှု မရှိနိုင်သလို အခြားစိတ်ပိုင်း ဆိုင်ရာ၊ ဉာဏ်ပိုင်းဆိုင်ရာ၊ အနုပညာပိုင်းဆိုင်ရာ တိုးတက်မှုလည်း မရှိနိုင်ပါကြောင်း၊ နိုင်ငံ တည်ငြိမ်အေးချမ်းရန် ပြည်သူများအနေဖြင့် ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု အလုံအလောက် ရှိရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် စီးပွားရေးဇုန်များကို တည်ဆောက်ရာတွင် ပြည်တွင်း တည်ငြိမ်အေးချမ်းမှုအတွက် ပံ့ပိုးပေးနိုင်ရေးကို ထည့်သွင်းစဉ်းစားရမည် ဖြစ်ပါကြောင်း။
ကမ္ဘာ့ကုလသမဂ္ဂ၏ ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များ အောင်မြင်မှုရရန် စီးပွားရေး ဇုန်များ ဖွံ့ဖြိုးတိုးတက်မှုသည် များစွာအရေးကြီးပါကြောင်း၊ ယခုရေတိုအတွင်း ဖြစ်မြောက် အောင် လုပ်ကိုင်ရမည့်ကိစ္စသည် အလုပ်အကိုင် အခွင့်အလမ်း ဖြစ်ပါကြောင်း၊ အလုပ်အကိုင် မရှိခြင်းသည် မိမိတို့နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသာမက လူသားများ၏ အကျင့် စာရိတ္တကို ပျက်စီးစေပါကြောင်း၊ အကျင့်စာရိတ္တမကောင်းပါက မည်သို့မျှ ဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံကိုထူထောင်နိုင်မည် မဟုတ်ပါကြောင်း၊ ပြည်သူလူထုအတွက် ပညာရေးနှင့် ကျန်းမာရေး စနစ်ကို ပြည့်ပြည့်စုံစုံ ပံ့ပိုးပေးနိုင်ရန် ငွေကြေးတောင့်တင်းရေးသည် အရေးကြီးပါကြောင်း၊ မိမိတို့ ပြည်သူများ ဖူဖူလုံလုံ ပြည့်ပြည်စုံစုံ ဖြစ်အောင် အချိန်တိုတွင်း ရောက်ရှိအောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
အထူးစီးပွားရေးဇုန်များတွင် လာရောက်ရင်းနှီးမြုပ်နှံထားသည့် နိုင်ငံတကာ စီးပွားရေး အဖွဲ့အစည်းများ၏ အောင်မြင်မှုဖြင့် မိမိတို့နိုင်ငံ၏ တည်ငြိမ်မှုနှင့်စီးပွားရေး ဖွံ့ဖြိုးမှုအပေါ် နိုင်ငံတကာမှ ယုံကြည်မှုရရှိရေးကိုလည်း တည်ဆောက်သွားရမည်ဖြစ်ပါကြောင်း၊ အထူး စီးပွားရေးဇုန်များသည် နိုင်ငံရေးနှင့် စီးပွားရေးအရ သိမ်မွေ့သည့်နေရာတွင် ရှိပါကြောင်း၊
မိမိတို့ အထူးစီးပွားရေးဇုန်များနှင့်စပ်လျဉ်း၍ သတိပြုရမည်မှာ လုပ်ရမည့်ကိစ္စ မလုပ်ခြင်း၊ အမုန်းမခံနိုင်ခြင်း၊ ကျွမ်းကျင်ပိုင်နိုင်မှု မရှိခြင်းနှင့် လုပ်ငန်းကို ဆုံးခန်းတိုင်အောင် ဆောင်ရွက်နိုင်မှုမရှိခြင်းတို့ကြောင့် နောက်ဆုံးတွင် မိမိတို့ပြည်သူများ နစ်နာမည်ကို စိုးရိမ်မိပါကြောင်း။
ယခုစီးပွားရေးဇုန်များသည် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ပြေး စီမံကိန်းများ ဖြစ်ပါကြောင်း၊ ရှေ့ပြေးကောင်းမှ အနာဂတ်ကောင်းမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် လုပ်ငန်းလက်တွေ့ အကောင်အထည်ဖော်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ ရှိပါက ပွင့်ပွင့်လင်းလင်းတင်ပြ ကြစေလိုပါကြောင်းဖြင့်ပြောကြားသည်။
ဆက်လက်၍ မြန်မာအထူးစီးပွားရေးဇုန် ဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ က အထူးစီးပွားရေးဇုန်များသည် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုနှင့် တိုက်ရိုက် ဆက်စပ်မှု ရှိပါကြောင်း၊ ထို့ကြောင့်မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် သီလ၀ါ၊ ထားဝယ်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဝင်များအနေဖြင့် စေတနာ ရှေ့ထားပြီးပေးဆပ်လိုမှုဖြင့် အစွမ်းကုန်ကြိုးစား ဆောင်ရွက်သွားကြရန် ပြောကြားသည်။
ထို့နောက် မြန်မာအထူးစီးပွားရေးဇုန် ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ သီလ၀ါ အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဆက်အောင်၊ ထားဝယ် အထူးစီးပွားရေး ဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာထွန်းနိုင်၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစိုးဝင်းနှင့် တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော် တို့က ဇုန်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်လက် ဆောင်ရွက်ရမည့် အစီအမံများကို ရှင်းလင်းတင်ပြ ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဦးဖေဇင်ထွန်း၊ ဦးသိန်းဆွေ၊ ဒေါက်တာသန်းမြင့်၊ ဦးဝင်းခိုင်နှင့် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး တို့က အထူး စီးပွားရေးဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အအုံဆိုင်ရာ ကိစ္စများနှင့် ဥပဒေပိုင်းဆိုင်ရာ ဆောင်ရွက်သင့်သည်များကို ဖြည့်စွက်အကြံပြုဆွေးနွေးတင်ပြကြသည်။
တင်ပြချက်များအပေါ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြန်လည်ဆွေးနွေးကာ ပေါင်းစပ် ညှိနှိုင်းပေးသည်။

မဂ်လာပါခင်ဗျား
ကမ္ဘာတလွှားSEZ(Special Economic Zone) အထူးစီးပွားရေးဇုန်များနဲ့
ပတ်သက်လို့ထူးထူးခြားခြားသတိပြုမိတာသုံးချက်လောက်မှတ်သား
ဘူးပါတယ်။ မထမအချက်-အမေရိကန်ဟာSEZရဲ့ရှေ့ဆောင်ဖြစ်ပြီး၊ ၁၉၄၂
ထဲက FTZ (Foreign Trade Zone) စတင်ခဲ့ပါတယ်။ဒုတိယအချက်-တရုတ်
ပြည် Shenzhen-SEZဟာအအောင်မြင်ဆုံးSEZ model ဖြစ်ကြောင်းနဲ့တတိယ
အချက်ကတော့အန္ဒိယမှာSEZ တွေအများဆုံးတည်ရှိပြီးကမ္ဘာ့အကြီးဆုံးSEZဖြစ်
ကြောင်းပါ။ ဒေသတည်နေရာ၊မူဝါဒကွဲပြာမှု့တွေကြောင့်SEZ တွေတခုနဲ့အခြေခံ
အချက်အလက်တွေအနည်းနဲ့အများကွဲပြားလေ့ရှိပါတယ်။
အဓိကအားဖြင့်တော့SEZမှာFTZ (Foreign Trade Zone), EPZ(Export ProcessionZone), FZ(Free Zone), IE(Industrial Estates),Free Port နဲ့ Urban Enterprise Zone and Others စသည်ဖြင့်ပါဝင်ကြောင်းသိရပါတယ်။

မြန်မာပြည်မှာလည်းSEZ စီမံကိန်းသုံးခုဖြစ်တဲ့၊ 

သီလဝါ၊ 
ထားဝယ် နဲ
ကျောက်ဖြူ   စတဲ့

စီးပွားရေးအထူးဇုန်တွေအကောင်အတည်ဖေါ်နေကြောင်းသိရပါတယ်။ SEZ နဲ့ပတ်
သက်တဲ့ဥပဒေ (SEZ Law- ပြည်ထောင်စုလွတ်တော်ဥပဒေအမှတ် ၁/၂၀၁၄) ကို
၂၃ ဇန္နဝါရိလ ၂၀၁၄)မှာပြဒန်းပြီးဖြစ်ပါတယ်။
အန္ဒိယမှာSEZ ကို EPZ (Export Procession Zone) အဖြစ် ၁၉၆၅ မှာ Gujarat
ပြည်နယ် Kandla မြို့မှာတည်ထောင်ခဲ့ကြောင်းသိရပါတယ်။ အန္ဒိယရဲ့SEZအကြောင်းတစေ့တစောင်းကိုသိရဘို့slide ၂၁ ပါတဲ့ Presentation ကိုမျှဝေပါရစေ။ စိတ်ဝင်စားရင်အလွယ်တကူကြည့်နိုင်ဘို့ပါ။ ကျေးဇူးတင်ပါတယ်။ TK, ၃၁ ဖူလိုင်လ ၂၀၁၅



သီလဝါ အထူးစီးပွားရေးဇုန် ထူထောင်ရန် ဂျပန်စီးပွားရေးလုပ်ငန်းစုကြီးနှင့် မြန်မာအစိုးရ သဘောတူညီမှုရရှိ
ရန်ကုန်၊ သြဂုတ် - ၂၈
စီးပွားရေးအရ အချက်အချာကျသည့် မြို့တော်ဟောင်း ရန်ကုန်နှင့်ကပ်လျက်ရှိသည့်သီလဝါဆိပ်ကမ်းတွင် အထူးစီးပွားရေးဇုန်(Special Economic Zone) တည်ထောင်ရန် မြန်မာနိုင်ငံအစိုးရနှင့် ဂျပန်စက်မှုစီးပွားရေးလုပ်ငန်းအုပ်စုကြီးတို့ သဘောတူညီမှုရယူနိုင်လိုက်ပြီဖြစ်ကြောင်း Reuters သတင်းဌာနက မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်ကြီးများအသင်းချုပ်(UMFCCI) မှ အကြီးအကဲတစ်ဦး၏ ပြောကြားချက်ကို ကိုးကားရေးသားဖော်ပြသည်။
ယင်းသဘောတူညီချက်အရ ဂျပန်မှ နာမည်ကျော် မစ်ဆူဘစ်ရှီ Mitsubishi Corp၊ မာရူဘီနီ Marubeni Corp နှင့် ဆူမီတိုမို Sumitomo Corp တို့သည် သီလဝါဆိပ်ကမ်းရှိ ၂၄၀၀ ဟက်တာကျယ်ဝန်းသည့် မြေနေရာတွင် အစုရှယ်ယာ ၄၉ ရာခိုင်နှုန်းရယူပြီး မြန်မာအစိုးရနှင့်အကျိုးတူပူးပေါင်းကာ အထူးစီးပွားရေးဇုန်တည်ဆောက်သွားမည်ဖြစ်သည်။ အဆိုပါ အစီအစဉ်သည် မြန်မာအစိုးရ၏ စက်မှုလုပ်ငန်းများတိုးချဲ့ရေးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများရရှိရေးဟူသည့် လုပ်ဆောင်ချက်တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အထူးစီးပွားရေးဇုန်စီမံကိန်း၌ ပြည်တွင်းမှပုဂ္ဂလိကလုပ်ငန်းကြီးများ ပါဝင်လုပ်ကိုင်လာအောင်လည်း ဖိတ်ကြားသွားရန် စီစဉ်ထားသည်။
"မြန်မာနိုင်ငံဘက်ကတော့ အများပြည်သူ အစုစပ်လုပ်ငန်းကြီးတစ်ခုတည်ထောင်သွားမှာပါ၊ အဲဒါမှ အများပြည်သူအနေနဲ့ အဲဒီမှာ ဝင်ရောက်ရင်းနှီးမြှုပ်နှံနိုင်မှာပါ" ဟု Reuters သတင်းဌာနနှင့် ပြုလုပ်သော အင်တာဗျူးတွင် UMFCCI ဥက္ကဌ ဦးဝင်းအောင်က ပြောကြားသည်။
စက်ရုံများ၊ အလုပ်ရုံများ နှင့် သဘာဝဓာတ်ငွေ့စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်စက်ရုံတစ်ခုပါဝင်မည့် ယင်းသီလဝါ အထူးစီးပွားရေးဇုန်၏ အခြေခံအဆောက်အဦဖွံ့ဖြိုးရေးအတွက် ဂျပန်အစိုးရက ဘဏ္ဍာရေးဆိုင်ရာ ကူညီထောက်ပံ့မှုများပြုလုပ်သွားလိမ့်မည်ဖြစ်ကြောင်း ဦးဝင်းအောင်က ဆိုသည်။




သီလဝါတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာသန်း ၇၆၀ အထိ ရောက်ရှိ



သီလဝါအထူးစီးပွားရေးဇုန် စတင်တည်ဆောက်သည့် အခမ်းအနား ကျင်းပနေစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ
 17 Jul 2016
ရန်ကုန်မြို့၊ အရှေ့တောင်ဘက်ရှိ သီလဝါ အထူးစီးပွားရေးဇုန်မှ မြေကွက်များအား ၂၀၁၄ ခုနှစ်၊ မတ်လတွင် စတင် ရောင်းချချိန်မှ စတင်ကာ လာရောက် ရင်းနှီးမြှုပ်နှံမှုများမှာ အမေရိကန်ဒေါ်လာ သန်း ၇၆၀ အထိ ရှိသွားပြီဖြစ်သည်ဟု Nikkei Asian Review က ဇူလိုင် ၁၄ ရက်နေ့က ရေးသားထားသည်။
အဆိုပါပမာဏမှာ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် နိုင်ငံတွင်းရှိ အထူးစီးပွားရေးဇုန် သုံးခု၏ ပြင်ပတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ လာရောက် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းဖြစ်သည်ဟု ဖော်ပြထားသည်။ 
သီလဝါဇုန်တွင် ရင်းနှီးမြှုပ်နှံမှုပမာဏအား ၂၀၂၀ ပြည်နှစ် ဘဏ္ဍာနှစ် အရောက်တွင် ဒေါ်လာ တစ်ဘီလျံအထိ ရှိလာစေရန် မျှော်မှန်းထားသည်။
နိုင်ငံနှင့် ဒေသပေါင်း ၁၆ ခုမှ ကုမ္ဗဏီ ၇၃ ခုက သီလဝါတွင် လုပ်ငန်းများ တည်ထောင်ထားပြီး ဖြစ်သည်။ အများစုမှာ ကုန်ထုတ်လုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေကြပြီး တစ်ဝက်ကျော်မှာ ဂျပန်များ ဖြစ်ကြသည်။
အထူးစီးပွားရေးဇုန်၏ ပထမအဆင့်ဖြစ်သည့် မြေဟတ်တာ ၄၀၀ ၏ ၈၀ ရာခိုင်နှုန်းခန့်အား ရောင်းချပြီး ဖြစ်သည်။ ဟတ်တာ ၂,၄၀၀ ကျယ်ဝန်းမည့် ဒုတိယအဆင့် စက်မှုဇုန်ဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း ယခုနှစ်အတွင်း စတင်ဆောင်ရွက်မည်ဟု ရေးသားထားသည်။
သီလဝါအထူးစီးပွားရေးဇုန်အား ဂျပန်နိုင်ငံမှ ဆူမီတိုမိုကော်ပိုရေးရှင်း၊ မစ်ဆူဘီရှီကော်ပိုရေးရှင်းနှင့် မာရူဘီနီတို့ ဦးဆောင်သည့် စီးပွားရေးလုပ်ငန်းစုက တည်ဆောက်လုပ်ကိုင်ခြင်းဖြစ်ကာ မြန်မာအစိုးရနှင့် ဒေသခံ စီးပွားရေးသမားများလည်း ပါဝင်သည်။
ပြီးခဲ့သည့် စက်တင်ဘာက ဖွင့်လှစ်ခဲ့သည့် ဇုန်၏ ပထမအဆင့်က အလုပ်အကိုင် ၄၀,၀၀၀ ဖန်တီးပေးနိုင်မည်ဟု မျှော်လင့်ထားသည်။
မြန်မာနိုင်ငံတွင် တည်ထောင်နေသည့် အခြားစီးပွားရေးဇုန်များမှာ ထားဝယ်နှင့် ကျောက်ဖြူတို့ ဖြစ်ကြသည်။
မြန်မာ-ဂျပန် စက်မှုဇုံ Official Website
http://www.myanmarthilawa.gov.mm/

No comments:

Post a Comment